Truyen3h.Co

နှောင်ကြိုး

Part-9

Fi_Lay



<Unicode>

အတန်းပြီးလို့ ဆရာထွက်သွားတာနှင့် အားလုံးက Business plan လုပ်ဖို့အရေး စုရုံးစုရုံးဖြစ်ကုန်ကြသည်။ သင်တန်းအခန််းက နောက်လူတွေလူမည်မို့ ကြာကြာသုံးမရချေ။ ဒါမို့အားလုံးက စုသွားဖို့တိုင်ပင်နေကြတာပင်။ ခန့်ခန့်လည်း စာအုပ်တွေအိတ်ထဲထည့်ရင်း အဲလူကြီးနှင့် ရှေ့ကအစ်ကို၊ အစ်မတွေ အခြေအနေကြည့်နေရသည်။ ဘယ်သွားမည်အကြမ်းဖျင်း သိထားသော်လည်း သူကအငယ်ဆုံးပဲမလား။

"ညီတို့၊ ညီမတို့ ဘယ်ဝင်ကြဦးမလဲ။ ကိုယ့်အိမ်ပဲ တန်းသွားကြမလား"

"ကိုဇေယျာအိမ်ပဲ တန်းသွားလိုက်မယ်လေ၊ ဟိုတစ်ခါပြောထားတဲ့အိမ်မလား နောက်ကလိုက်ခဲ့မယ်ဗျ"

အစ်ကိုတွေချင်း ပြောနေကြချိန် မမမေသက်တို့နှစ်ယောက်ပါ အိတ်တွေလွယ်ပြီး အနားရောက်လာလေပြီ။

"မေသက်တို့လည်း အစ်ကို့ကားနဲ့ပဲ တစ်ခါတည်းလိုက်ခဲ့လေ၊ အိမ်သက်သက်ရှာမနေရတာပေါ့"

"ကောင်းသားပဲ အစ်ကို။ ညီမတို့လည်း အိမ်မရှာတတ်လောက်ဘူး"

"ဒါဆို ခန့်ခန့်ကရော"

အတိုင်အဖောက်ညီနေကြသော အစ်မနှစ်ယောက်က ခန့်ခန့်ကို အမေးထုတ်လာချေသည်။ သူကဖြင့် ကြောင်စီစီ။ ဘာနေနေအဆင်ပြေသော်လည်း ဘတ်စ်နှင့်ခွဲသွားလျှင် နောက်ကျမည်လားမသိ။ အစ်မတွေနှင့်အတူပဲ ကားလိုက်စီးရမည်လား။

"ခန့်ခန့်ကို ကိုယ်ခေါ်သွားနှင့်မယ်၊ နောက်ကလိုက်ခဲ့ကြနော်"

ထိုလူကြီး၏ပြောစကားကြောင့် ခန့်ခန့် မျက်လုံးပင့်ကြည့်လိုက်မိ၏။ သူ့ကိုဘာမှတောင်မမေးဘဲ ကိုယ်ခေါ်သွားလိုက်မယ်တဲ့ ပိုင်စိုးပိုင်နင်းနှင့်။ သည်တော့လည်း ပြုံးပြလိုက်တာ သူနှင့်အတော်ရင်းနှီးသူတစ်ယောက်လို။ ဘာပါလဲ ... သည်လူကြီးနှင့်သူ ရင်းနှီးသွားတာလား။

စာအုပ်ငှားပေးတာ၊ ဖေဖေမအားလို့ အိမ်လိုက်ပို့တာ၊ မေမေတို့နှင့်သိသွားတာ၊ သူရန်ဖြစ်ချိန် ဝင်ကူထိုးပေးတာ ... ဒါတွေက သူတို့နှစ်ဦးခင်ဖို့ လုံလောက်သည့်အကြောင်းပြချက်တွေလား။ ဒါမို့ ထိုလူကြီးက တရင်းတနှီးတွေပြောပြီး ရယ်ပြနေတာလား။ အသက်ကြီးသည့်လူကြီးတွေ မှတ်ယူတတ်သည့်ခင်မင်မှုအကြောင်းတို့ကို ခန့်ခန့် မသိတတ်ပါလေ။ သည်အရွယ်နှင့် သည်အရွယ် ... ရှစ်နှစ်လောက်ကွာနေသည်ပဲမလား။

ဘာပဲဖြစ်ဖြစ် ခန့်ခန့် ထိုလူကြီးကားနှင့်ပဲလိုက်ဖို့ နောက်ကထွက်လာခဲ့သည်။

"ကဲ တက်"

တွေးရင်းငေးရင်း နောက်ကျကျန်ခဲ့သည့်သူ့အား ထိုလူကြီးက ကားတံခါးဖွင့်ပေးပြန်သည်။ မျက်နှာကလည်း ကြည်စင်လို့နေ၏။ ခန့်ခန့်လို အိပ်ချင်တဲ့ပုံမျိုးမရှိ၊ ဂျစ်ကန်ကန်လုပ်တတ်သည့်ပုံလည်းမပေါ်။ လူကြီးပေမို့ပဲလား ... စည်းစနစ်နှင့်နေတတ်ပြီး စိတ်ရှည်ပုံတော့ရသည်။

ဒါသည် အပိုပြောခြင်းမဟုတ်၊ ဆရာစာသင်လျှင်လည်း သူတို့ကျောင်းသားတွေလို စနစ်တကျမှတ်တတ်တာ ခန့်ခန့် မြင်တွေ့နေရသည်။ ပထမဆုံးနေ့က ကော်ဖီမှောက်ကြလို့ စာအုပ်လှယ်ဖို့ပြောတာကို လက်မခံခြင်းက သူ့စိတ်တိုင်းကျတွေ မှတ်ထားတာကြောင့်လည်း ပါမည်ထင်ပါ၏။ ထိုနည်းတူ ကားပေါ်တက်တော့လည်း နေရာတကျရှိနေသော အသုံးအဆောင်တွေက ထိုလူကြီးကို ပိုအထင်ကြီးစရာဖြစ်စေသည်။ ဖုန်တစ်စက်ပင်မရှိတတ်ပုံ၊ ကားမောင်းပုံ၊ အကိုင်အတွယ်သပ်ရပ်ပုံတို့က တတိယအကြိမ်မြောက် ကားလိုက်စီးချိန်တွင်တော့ ခန့်ခန့် စိတ်ထဲမနေနိုင်စွာ ချီးကျူးမိသည့်အချက်တို့ပင်။

"လမ်းမှာ ဘာဝယ်ချင်သေးလဲ။ စားစရာကတော့ မေမေတို့တစ်ခုခု စီစဉ်ပေးထားမယ်ထင်တယ်"

"လူကြီးတွေကို အားနားစရာကြီး၊ အိမ်မှာစာလုပ်တာနဲ့တင် မျက်စိနောက်နေကြမှာကို"

ခန့်ခန့် တကယ်အားနာမိ၍ ငြင်းခြင်းပင်။ ထိုလူကြီးကတော့ ကားကိုတငြိမ့်ငြိမ့်မောင်းရင်းသာ ခပ်ပြုံးပြုံး။ ပထမဆုံးနေ့ကလို ဒေါသထွက်ခြင်းမျိုးက တစ်ခါပဲတွေ့ဖူးသေးသည်။ စိတ်ကြည်နေလျှင် သဘောကောင်းတတ်သူမျိုးလားမသိ။

"အားနာစရာမလိုပါဘူးဗျာ၊ ကိုယ်က ဧည့်သည်သိပ်ခေါ်မလာတတ်တော့ မေမေက တက်ကြွနေတာ။ အားမနာဘဲ စားစရာတွေသာ အားရပါးရစားပေးလိုက်"

ဒါဆို သည်လူကြီးမှာ သူငယ်ချင်းအပေါင်းအသင်း သိပ်မရှိလေတာလား။ ပေါင်းသင်းဆက်ဆံရေး မကောင်းတာတော့လည်း မဖြစ်နိုင်၊ သူ့ရှေ့တော့ ကောင်းနေတာပဲလေ။ အေးအေးဆေးဆေး နေတတ်လွန်းတာလား၊ တမင်တကာ လူတွေကြားက ခွဲထွက်နေတတ်တာလား။ တစ်ခုခုတော့ တစ်ခုခုပင်။

ကဲ ရောက်ပြီ၊ ဆင်းတော့"

"အင်း"

ခြံအကျယ်ကြီးထဲရောက်တော့ ခန့်ခန့် ဝေ့ဝဲကြည့်မိတာပင်။ သူတို့အိမ်ထက် ပိုကျယ်ဝန်းပြီး နှစ်ထပ်တိုက်ကြီးက တိုင်လုံးတုပ်ကြီးတွေနှင့် ခမ်းနားသည်။ ရှေ့မျက်နှာသာက မြက်ခင်းပြင်ကျယ်တွင် စားပွဲနှင့်ထိုင်စရာဒန်းလေး ရှိနေသည်။ လှည့်ကြည့်လိုက်ရင်း အဆုံးသတ်မိသည်က Basketball ဆော့စရာနေရာ၌ပင်။ သူတောင် အိမ်မှာလုပ်ထားချင်တာ၊ နေရာကျယ်ကျယ်မရှိ၍သာ။ ခြံအနေအထားကျယ်ကျယ်ကို ခန့်ခန့် အတော်သဘောကျမိသွားသည်။ သူ့ရှေ့တွင် ဖုန်းပြောနေသည့်အဲလူကြီးက ထင်ထားတာထက် ချမ်းသာသည့်မိသားစုကပါပဲ။

"လာ ဝင်ကြမယ်"

"နေဦးလေ၊ ကိုမိုးထက်တို့ မရောက်သေးဘူး"

"အခုပဲ ဖုန်းဆက်တယ်။ သူတို့ city mart ခဏဝင်နေလို့ ကြာဦးမယ်တဲ့၊ အရင်ဝင်နှင့်မယ် ... လာ"

"အင်..."

ခန့်ခန့် တွန့်ဆုတ်နေမိသည်၊ ရှပ်ပျာပျာနိုင်သည့်သူ့အဖို့ သူစိမ်းအိမ်တွင် အမှားမလုပ်မိဟုလည်း အာမ,မခံနိုင်။ ပြီးလျှင် သူကအိမ်မှာလည်းဆိုးနေကျမို့ လူကြီးတွေနှင့် စကားကိုအဆီအငေါ်တည့်အောင် သိပ်မပြောတတ်ချေ။

"လာလေ၊ ကြောက်နေတာတော့ မဟုတ်ပါဘူးနော်"

"ဘာလို့ကြောက်ရမှာလဲ၊ ယောက်ျားပါ"

"ကဲ ယောကျာ်းဆိုလည်း ဝင်မယ် ... လာ"

ဇေယျာ၏ ဖိတ်ခေါ်မှုကြောင့် ခန့်ခန့် အဖြူရောင်တိုက်ကြီးထဲဝင်လျှင် ဧည့်ခန်းကျယ်ကို အရင်စမြင်ရသည်။ သည်တွင် ထိုင်ရင်းဖုန်ပြောနေသော အန်တီတစ်ယောက်ကို‌ တွေ့ရ၏။ ပုံစံအရ အဲ့လူကြီး၏အမေပင် ဖြစ်လိမ့်မည်။

"အေးအေး ဒါပဲနော်"

ဖုန်းကိုအမြန်လတ်စသတ်နေပုံက သူတို့ဝင်လာတာမို့ ပျာပျာသလဲနှင့်။ အဲ့လူကြီးကတော့ ဆိုဖာကိုလက်ညှိုးညွှန်ရင်း သူ့ကိုထိုင်စေသည်။

"သားကြီးတို့ပြန်လာပြီ၊ နောက်ကျသားပဲနော်"

"ထုံးစံအတိုင်း လမ်းပိတ်တယ်လေ။ ဒီမယ်ဧည့်သည်တစ်ယောက်တော့ ခေါ်လာပြီ။ ကျန်တဲ့သူတွေ နောက်ကလိုက်လာမယ်တဲ့"

"အယ် ... ဒါမနက်ပြောတဲ့ ဂျစ်... မဟုတ်ပါဘူးလေ၊ သားပြောတဲ့ဟိုကောင်လေးမလား"

"ဟင်"

ခန့်ခန့်ခမျာ အကြောင်သား။ သူမလာခင် သားအမိနှစ်ယောက်က ဘာတွေပြောထားကြသနည်း။ ဘေးကအဲ့လူကြီး ကော်ဖီမှောက်တဲ့ကိစ္စကို ပြောပြထားသေးတာလားမသိ။ ခပ်မော့မော့နှင့် ဘုတောတောကြည့်လိုက်တော့ ... ၊

"ကြည့် မေမေ ... အဲဒီပုံစံပဲ။ နာမည်က စိုင်းမင်းခန့်တဲ့၊ ဦးမင်းဟန်ရဲ့သား"

ဆိုပြီး ပြောနေသတဲ့လေ။ ခန့်ခန့် ဇဝေဇဝါနှင့် မျက်နှာမထားတတ်သည်ကို အန်တီကရိပ်မိပြီး၊

"ဘာမှမဟုတ်ပါဘူး သားရယ်။ သားကြီးက သူခေါ်လာမယ့်ကောင်လေးကို မေမေမြင်ရင်ချစ်မှာတဲ့၊ ချစ်စရာလေးလို့ပြောလို့"

"အာ"

မျက်နှာပူထူသွားသော ခန့်ခန့်ခမျာ အဲ့လူကြီးကို မျက်လွှာလေးပင့်ကြည့်မိသေးသည်။ ခပ်ပြုံးပြုံးကြည့်နေပုံက ကြင်နာတတ်သလိုလို၊ ဖော်ရွှေတတ်သလိုလိုနှင့်။

"သားကြီးပြောတုန်းကတောင် အဲလောက်ထင်မထားဘူး။ ခုကြည့်ပါဦး၊ ယောကျ်ားလေးပေမဲ့ အသားအရည် တော်တော်ကောင်းတာပဲ။ ခဏလေး ... အန်တီ့သမီးနဲ့ပါ မိတ်ဆက်ပေးမယ်၊ သူ ခုနကပဲပြန်ရောက်တာ"

"ဧည့်သည့်ကို အရင်ထိုင်ခိုင်းပါဦး‌ မေမေရာ၊ ဇွတ်တွေပြောနေတော့တာ"

ဒေါ်ကြည်ပြာပြုံးဖြီးဖြီးလုပ်ရင်း အပေါ်ထပ်ကသမီးဆိုသူကိုပါ လှမ်းခေါ်နေသေးသည်။ ပြီးနောက် စားစရာအသီးတွေ ယူရဦးမည်ဆို ဝင်သွားလိုက်တာ သွက်သွက်လက်လက်။

"ကဲ ချာတိတ်၊ ကိုယ်အဝတ်အစား ခဏသွားလဲမလို့။ ကိုယ့်အခန်းလိုက်ခဲ့မလား၊ ဒီကပဲစောင့်ချင်လား"

"မလိုက်ပါဘူး၊ ဒီကပဲစောင့်မယ်"

ခန့်ခန့် ခပ်သွက်သွက်သာ ငြင်းလိုက်၏။ ဘယ့်နှယ်လို့ သူ့အခန်းထဲခေါ်နေရပါသနည်း။ သူငယ်ချင်းလည်းမဟုတ်၊ ရင်းနှီးတဲ့မိတ်ဆက်တွေလည်း မဟုတ်။ အဲ့လူကြီးဘက်ကတော့ ဘယ်လိုတွေးသည်လဲမသိပေ။

"Okay! အဲ့ဒါဆို ကိုယ်ခဏပဲကြာမယ်၊ ခြံထဲကစောင့်ချင်ရင်လည်း ရတယ်။ ဘတ်စကတ်ဘောကစားချင်တယ်မလား"

ခုနကအကြာကြီးငေးနေတာကို မြင်သွားလေသလား။ သူ့ကိုပြောပြီး ခပ်သုတ်သုတ်အပေါ်တက်သွားချေပြီ။ ခဏအကြာတွင် ဆင်းလာသည်က အဲ့လူကြီး၏ညီမဖြစ်မည်ထင်၏။ မျက်လုံး၊ မျက်ခုံးဆင်ပုံက မောင်နှမနှစ်ယောက်အတော်ဆင်ပါသည်။ အန်တီလည်း ချက်ချင်းဆိုသလို ထွက်လာတော့ သူအပြင်ထွက်လိုက်ဖို့ အခွင့်မသာလိုက်တော့။

"မေမေရေ့ ... ကိုကို့အပြောမမှားဘူးပဲ၊ မောင်လေးက အချောပဲ။ မင်းသားလုပ်မလား၊ မမမိတ်ဆက်ပေးလို့ရတယ်"

"အာ ... မဟုတ်တာ။ ကျွန်တော် အဲလောက်လည်းမဟုတ်ပါဘူး၊ ဝါသနာလည်းမပါပါဘူး"

"အေး မိတ်ဆက်ပေးလိုက်ပါလား"

သားအမိနှစ်ယောက်ပေါင်း မြှောက်ပင့်ပြောနေကြသော် ခန့်ခန့် တကယ်မနေတတ်တော့ပေ။ ယောက်ျားဖြစ်ပါလျက် ချောသည်၊ လှသည်ပြောခံနေရတာကိုက မဟုတ်သေး။ ခန့်သည်၊ တည်ကြည်သည်ဆို တော်သေးမလား။ အသားအရည်ကောင်းတယ်၊ လှတယ်တို့ဆိုတာ မိန်းကလေးတွေနှင့် ပိုအပ်စပ်ပါသည်။

ခန့်ခန့် အန်တီချကျွေးသောအသီးဗန်းယူပြီး ခြံထဲသွားထိုင်စောင့်မည်ဟု ခွင့်တောင်းထွက်လာခဲ့သည်။ တကယ်တော့ အစားကနည်းနည်း၊ ဘတ်စကတ်ဘောကစားချင်စိတ်ကသာ များနေသည်။ သူများအိမ်မို့ အားနာသလိုရှိလှသော်လည်း အဲ့လူကြီးက ဆော့လည်းဘာမှပြောနေမယ်မထင်။ နီညို့ရောင်ဘတ်စကတ်ဘောကို မြေကြီးနှင့်ပုတ်ခတ်ရင်း စတင်ကစားဖြစ်သည်။ ကျောင်းမှာလည်း ဘတ်စကတ်ဘောအသင်းဝင်ထားပေမဲ့ သူကအတော်ကြီးမဟုတ်ပေ။ အရပ်ပုနေတော့ ပိုဆိုးသေးသည်။ လက်စကိုချိန်၍သာ အပေါက်ဆီသို့ လှမ်းပစ်ထည့်နေမိတာပင်။

"ဟေး ... ဆော့မလား"

"စိန်ခေါ်တတ်လိုက်တာ၊ အဲ့လူကြီး အရပ်နဲ့ခန္ဓာကိုယ်လည်း အားနာဦး"

တကယ်လည်း နှစ်ယောက်သားက ခေါင်းတစ်လုံးနီးပါး ကွာတာမို့ ခန့်ခန့် ရှုံးမှာသေချာသည်။ ပြီးလျှင် သူက သိပ်လည်းအကျွမ်းကြီးမဟုတ်သေး။ သုံးလုံးမှာနှစ်လုံးက လွဲချင်လွဲနေတတ်သည်။

"ဒါဆိုလည်း တစ်ယောက်ချင်းကစားမယ်လေ။ နိုင်တဲ့သူ နာမည်အမှန်ခေါ်ကြေး၊ ဘယ်လိုလဲ"

"နာမည်အမှန်!"

သူနိုင်ရင် ချာတိတ်ဆိုသော ပေါချာချာအခေါ်ပျောက်ပြီး 'စိုင်းမင်းခန့်' လို့ ခေါ်ခံရမည်ပေါ့။ မဆိုးပါလေ ... ကျန်တဲ့ကိစ္စက သူညစ်လို့ရသည်ပဲမလား။ အရှုံးမရှိသောကစားပွဲဟုသာ တစ်ဖက်သတ်တွေးလိုက်သည်။

"အိုခေလေ၊ Deal!"

"ဒါဆိုကိုယ်အရင် ကစားလိုက်မယ်နော်"

ဘတ်စကတ်ဘောလုံးကို သူ့ထံမှယူပြီး အသာအယာရိုက်ပုတ်နေပုံက အတော်အထာကျနေတာ ခန့်ခန့်မငြင်းနိုင်။ သူဟာ ကျွမ်းကျင်သူလေပဲလား။ သိပ်မကြာခင် အချိန်တွင်းမှာပင် အဲ့လူကြီးမှာ ပထမဆုံးအလုံးကို အေးဆေးသွင်းလိုက်သည်။ ပြန်ကန်ထွက်နိုင်သည့် အထောင်သံပြားကို မထိဘဲ ပိုက်တွင်းသို့ လွတ်လွတ်ကင်းကင်း ဝင်သွားပုံကို ခန့်ခန့်ကြည့်နေမိတာ အငေးသား။

ဒုတိယအလုံး၊

တတိယအလုံး၊

အားလုံးကို အဲ့လူကြီးက လှလှပပ ပစ်လိုက်နိုင်တာဖြစ်၏။ ပြီးနောက် အောင်နိုင်သူအပြုံးနှင့် လှည့်ကြည့်လာလေတာ အမြင်ကတ်စရာ။ ခန့်ခန့်ကဖြင့် မျက်ခုံးပင့်ရုံသာ၊ သူ့တွင်လည်း အခွင့်အရေးကျန်သေးသည်မလား။

"အကုန်မဝင်ရင်တော့ ကိုဟိန်းဇေယျာလို့ ခေါ်ဖို့ပြင်ထားနော်"

နှာခေါင်းရှုံ့လိုက်သောခန့်ခန့်က ဘောလုံးကိုသာ ဆွဲယူလိုက်သည်၊ နှုတ်ကဖြင့် ဘာမှပြန်မချေပမိသေး။ စိတ်ထဲတွင်သာ မရှူံးဖို့အရေး မဲတင်းနေရတာဖြစ်၏။

သို့သော် ခန့်ခန့် ကံမကောင်းပါ၊ နောက်ဆုံးအလုံးမှ ဝင်မလိုနှင့်သံပြားမှန်ပြီးမှ ပြန်ထွက်လာသည်။

"ဟာကွာ!"

စုတ်တစ်ချက်သပ်ရင်း ညည်းညူပုံအား အဲ့လူကြီးက သဘောတကျနှင့် တဟားဟားရယ်နေသည်။ မထိတထိသာ ပြုံးတတ်သူက သူရှုံးမှပဲ အဆက်မပြတ်ရယ်နေလိုက်တာ မြင်မကောင်းလောက်အောင်ပင်။

"ကဲ 3-2 ဆိုတော့ ကိုယ့်နာမည်ခေါ်တော့ဗျာ။ ဪ ... နေဦး နေဦး၊ ရှားရှားပါးပါးကြားရမှာဆိုတော့ Record ယူထားလိုက်ဦးမယ်"

ဟန်ပါပါနှင့် ဘောင်းဘီအိတ်ထဲမှ ဖုန်းကိုထုတ်လာလေတော့ ခန့်ခန့်မျက်မှောင်ကြုတ်လိုက်မိတာပါပဲ။ ဘယ်လိုတောင် အမြင်ကတ်စရာကောင်းတဲ့လူပါပဲ။ သူကဖြင့် ခေါ်ပါမယ်လည်း သေချာကတိမပေးထားဘဲနှင့်။ ကိုယ့်နာမည်မကြားရတဲ့အပြင် သူ့နာမည်ပါ ခေါ်ရဦးမည်တဲ့၊ ဝေးပါသေးဗျာ။

"ရပြီနော် ... ခေါ်တော့"

ဖုန်းကိုင်ကာ အနည်းကပ်လာသူအား ခန့််ခန့် ညစ်ကျယ်ကျယ်လေသံဖြင့်၊

"အိုခေလေ။ ကြားချင်မှတော့လည်း ခေါ်ပေးရမှာပေါ့၊ အဟမ်း..."

လည်ချောင်းရှင်းဟန်ပြုပြီးမှ အဲ့လူကြီးလက်ကောက်ဝတ်ကိုကိုင်ကာ ဖုန်းနားတေ့ကပ်လိုက်သည်။ ခန့်ခန့်မော့ကြည့်တော့ ထိုလူကဖြင့် မျှော်လင့်တကြီးနှင့်၊

"အဲ့ လူ ကြီး"

"ဟာ ချာတိတ် မင်းမညစ်ပတ်နဲ့လေ။ ခုနကတော့ Deal ဆို၊ မရဘူး ပြန်ခေါ်"

"ခေါ်စရာလား။ အဲ့လူကြီး ... အဲ့လူကြီး"

ခန့်ခန့် ခေါ်ချင်ရာညစ်ခေါ်ပြီး အသီးဗန်းရှိရာ စားပွဲဆီပြန်လာတော့သည်။

"ပြန်ခေါ်လို့ဆို ... မင်း"

သို့သော် အနောက်ကဖုန်းကိုင်ရင်း ထပ်ချပ်မခွာ လိုက်ပါလာသူကြောင့် ခန့်ခန့်မထိုင်နိုင်ဘဲ ထွက်ပြေးရလေ၏။ ခြံကကျယ်လွင့်လှတာမို့ ပြေးလို့တော့အကောင်းသား၊ လူကောင်သေးတာက သည်နေရာမျိုးကျ ပေါ့ပါးသွက်လက်ပြီး အားသာချက်ကိုဖြစ်ပေါ်စေလေ၏။ ထိုအချိန် အန်တီထွက်လာလေတော့၊

"ဟဲ့ သားကြီး၊ မကြီးမငယ်နဲ့ ကလေးကို ဘာလို့လိုက်ဖမ်းနေတာလဲ။ မတော်လဲပြုသွားလို့ရှိရင် ဘယ်ကောင်းမလဲ"

"ဘတ်စကတ်ဘော ကစားတာလေ၊ သူရှုံးတာကိုညစ်နေလို့ မေမေရ"

"မဟုတ်ပါဘူး အန်တီ"

ခန့်ခန့်မှ အိန္ဒြေရစွာ ခုံတွင်ပြန်ဝင်ထိုင်ရင်း မျက်နှာချိုသွေးကာ ပြန်ပြောလိုက်သည်။ အန်တီကတော့ သူကိုယုံစားဟန်ဖြင့် တစ်စုံတရာ ဆူပူခြင်းမရှိ။ အဲ့လူကြီးကိုသာ အော်ငေါက်တာဖြစ်၏။ ဘာတတ်နိုင်သေးလဲ လူစုတ်ကြီးရဲ့။

ဇေယျာ မခံချင်စိတ်နဲ့ ကလေးနှင့် တုရန်ဖြစ်နေသည်ကို ဒေါ်ကြည်ပြာ သဘောကျလှသည်။ ဤသို့ သူ့သားကြီး ပေါ့ပေါ့ပါးပါးရှိတာမျိုး မြင်ရခဲသည်ကိုး။
"ကဲပါ ကလေးနဲ့တုပြီး ရန်ဖြစ်မနေပါနဲ၊ အိမ်လာတဲ့ဧည့်သည်ဟာကို"

အောင်နိုင်သူအပြုံးနှင့် ပန်းသီးကို တရွှမ်းရွှမ်းကိုက်စားနေသောခန့်ခန့်က အားကိုးရှိတော့မိန့်မိန့်ကြီးပင်။ ထိုအခိုက်ပင် ကိုမိုးထက်ကားက ခြံထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက် ဝင်လာချေပြီ။ အစ်မနှစ်ယောက်ပါ ဆင်းလာလေတာ လက်ထဲလည်း အသီးခြင်းတောင်းကြီးနှင့်။ အားနာလို့များ အိမ်ရှင်အတွက် လက်ဆောင်တွေဝင်ဝယ်နေကြသည်လား။ ခန့်ခန့်တောင် မသိလိုက်ရပါပေ။

"ဟော ကိုမိုးထက်တို့လည်း လာပြီ"

အဲ့လူကြီးက ဖုန်းကိုလက်ကချရင်း ကားရပ်သည့်နေရာထိ သွားကြိုသည်။

"အတော်ရှာလိုက်ရသေးလား ငါ့ညီတို့"

"သိပ်မရှာရဘူးဗျာ၊ အသီးလေးတွေစားရအောင် ဝင်ကြည့်နေတာနဲ့ ကြာသွားတယ်"

"မဟုတ်တာဗျာ။ စာလာလုပ်တာ ဒါတွေမလိုပါဘူး။ မေမေကတောင် မုန့်ဟင်းခါးချက်ထားသေးတာ၊ စာလုပ်ရင်းမှ အဆာပြေစားကြတာပေါ့။ ဒါကျွန်တော့်မေမေ ဒေါ်ကြည်ပြာတဲ့"

"အန်တီကအချောနော်"

သုံးယောက်ကိုခေါ်လာရုံမက ခန့်ခန့်နားမှာ ရပ်နေသည့်အန်တီနှင့်ပါ မိတ်ဆက်ပေးသည်။ စကားမပြောနိုင်ဘဲ ပန်းသီးနင်နေသူမှာ သူတစ်ယောက်တည်းသာ။ အန်တီကတော့ သဘောကောင်းသူမို့ထင်သည်၊ သူ့ကိုကြိုဆိုသည့်အတိုင်း တရင်းတနှီးနှင့်။

"မမြှောက်လည်း အန်တီကမုန့်တွေ ကြိုပြင်ထားပြီးသားပါနော်။ ဒီသားလေးတောင် ဆော့လို့ဝလို့စားနေပြီ"

"ကုန်ပြီးလားဟေ့ ခန့်ခန့်ရေ"

ဒီတော့မှ ခန့်ခန့်က အသံထွက်ဖို့ အားထုတ်လိုက်ရသည်။

"ငါးစိတ်ကျန်ပါသေးတယ် မမရ၊ လာ ... လာ"

သူ ခပ်ဖြီးဖြီးလေးပြောတော့ အဲ့လူကြီးက စိုက်ကြည့်နေသည်။ နာမည်အမှန်လည်း မခေါ်ချင်တာမို့ တမင်မမြင်ချင်ယောင်ဆောင်လိုက်တော့၏။ စာလုပ်တော့လည်း အနားကပ်မထိုင်၊ အကြည့်ချင်းလည်း မဆုံစေရ၊ လာကြည့်လျှင်လည်း တခြားသူတွေကိုသာ ငေးနေလိုက်သည်။

သူ့အိမ်လာပြီး သူ့ကိုမမြင်ချင်ယောင်ဆောင်ရသည့်အဖြစ်က အတော်မလွယ်လေမှန်း၊ ရယ်ချင်စရာကောင်းလေမှန်း ခန့်ခန့် ထိုညနေကမှ အသေအချာသိတော့တာပင်။

....................

Business Plan တစ်ခုကို အသေးစိတ်ချခြင်းက ထင်သလောက်တော့မလွယ်ချေ။ ဈေးကွက်အခြေအနေ၊ ကုန်ဈေးနှုန်းအခြေအနေ၊ နေရာငှားရမ်းခ၊ အလုပ်သမားငှားရမ်းခအပြင် အမြတ်ပြန်ရနိုင်မှုကိုပါ လအလိုက်ကိန်းဂဏန်းထွက်အောင် တွက်ချက်ရတာမျိုးဖြစ်သည်။ အတွေးနှင့်တင် ရင်းနှီးလိုက်သော ကိန်းဂဏန်းတွေက ဘယ်နှလကြာလျှင် အရင်းကြေပါမည်နည်း။

သူတို့ငါးယောက်အားနှင့် တစ်ပိုင်းစီခွဲကာ အကြမ်းဖျင်းသတ်မှတ်ကြရလေသည်။

"နေတောင်ဝင်သွားပြီနော်၊ ဆောင်းရာသီက အချိန်ကုန်လွယ်လိုက်တာ"

မေသက်၏စကားကြောင့် ခြံထဲတွင်ပင် စုထိုင်နေကြသောသူတို့လည်း ဟိုသည်မော့ကြည့်ကြသည်။ စာရွက်အကြမ်း၊ ဘောပင်၊ ခဲတံ၊ လပ်တော့တို့နှင့် ပြည့်နှက်နေသောစားပွဲကလည်း အတန်အသင့် ရှုပ်ပွနေချေပြီ။ ဇေယျာ ချာတိတ်ကိုပါ သတိထားကြည့်လိုက်တော့ မျက်လုံးတွေက ခပ်စင်းစင်း။ ကြာကြာထိုင်နေရတော့ ပျင်းနေပုံလည်းရသည်။ အားလုံးလက်စသတ်ဖို့သာပြောပြီး နှုတ်ဆက်ရလေ၏။

"ဒီနေ့တော့ နားရအောင်လေ၊ ပြန်ကြရဦးမှာနဲ့ဆိုတော့"

"အစားအသောက်တွေ အများကြီးချကျွေးလို့ ကျေးဇူးပါ ကိုဇေယျာရေ"

"ရပါ့ဗျာ၊ အေးဆေးသာပြန်ကြပါ"

သည်လိုနှင့် မိန်းကလေးနှစ်ယောက်က အိမ်ရှေ့တွင်ပင် Taxi ခေါ်ပြီးပြန်ကြသည်။ ကိုမိုးထက်ကလည်း သွားစရာရှိသေးတာမို့ ကားပေါ်အသော့နှင်နေလေ၏။ ချာတိတ်တစ်ယောက်လည်း သူ့ပစ္စည်းတွေသိမ်းပြီး ပြန်တော့မှာပင်။

နာမည်ခေါ်ခိုင်းသည်ကစလို့ ဘာမှပြန်မပြောတော့သည့်တိုင် တစ်ချိန်လုံးလည်း အကြည့်ပဲလွှဲနေသည်။ မျက်လုံးချင်းဆုံလို့လည်းမရသလို၊ စကားလည်းသိပ်မပြောပေ။ ရှုံးတဲ့သူကညစ်တာကို ပြန်ပဲစိတ််ဆိုးနေတာလားမသိ။ ဇေယျာ စိုက်ကြည့်နေသေးတာကိုပင် ဂရုစိုက်ဟန်မပြဘဲ ပြန်ဖို့လှည့်ထွက်သွားလေသည်။

"ဟေး ပြန်တော့မလို့လား"

"မပြန်လို့ ဒီမှာအိပ်ရမှာလား"

"အိပ်မလား ကိုယ်..."

"အိပ်မနေဘူး၊ ရွဲ့ပြောတာ"

အဟုတ်ထင်လို့ စီစဉ်ပေးမည်ပြောမဆုံးသေး လူကြီးကို ရွဲ့သတဲ့လေ။ သူအိပ်မည်ဆိုလည်း အိမ်မှာအခန်းလွတ်ရှိတာမို့ ဇေယျာ့အတွက် မခက်ခဲပေ။ ဒါမို့ အလျင်အမြန်ဖြေလိုက်တာကို နှုတ်ခမ်းမဲ့ကပြောပုံက လူကိုကျေနပ်နေသည့်ပုံမပေါ်။

"မှောင်တော့မှာနော်၊ ဒီတိုင်းပြန်မလို့လား။ မှတ်တိုင်ရောက်ဖို့ တော်တော်လျှောက်ရဦးမယ်"

"ကားငှားပြန်မှာပေါ့ ဘာခက်လို့လဲ"

"ဒီနားနဲ့ဒီနားကို လေး၊ ငါးထောင်ပေးစီးမလို့လား။ လိုက်ပို့မယ်လေ"

"တော်ပါပြီ၊ ကျေးဇူးကြွေးတင်တာ များနေပြီ"

ပြန်လှည့်ထွက်ကာ စိုက်စိုက်,စိုက်စိုက်နှင့် တကယ်ကြီးပြန်တော့မည့်ပုံ။ ဇေယျာ့အဖို့ လိုက်ပို့လည်းအပမ်းမကြီးပါပေ။ ညနေကားကြပ်တာနှင့်ဆို မိနစ်နှစ်ဆယ်လောက်တော့ ကြာနိုင်လိမ့်မည်ထင်၏။

"ဒါဆို ကျေးဇူးကြွေးတွေကြေအောင် မုန့်ကျွေးလေ၊ ဟိုတစ်ခါလို သင်တန်းကချိုချဉ်တော့ မလုပ်နဲ့ပေါ့။ ကိုယ် ကလေးမှမဟုတ်တာ"

ချာတိတ် ဟက်ခနဲရယ်လိုက်တာ အထင်းသား။ 'ဒါဆိုလိုက်ပို့' ဟု ပြန်ပြောလေတော့ အိမ်ထဲဝင်ပြီး ကားသော့နှင့်ပိုက်ဆံအိတ် အမြန်သွားယူရလေသည်။ မေမေကတော့ ကလေးဆီက အနိုင်ကျင့်ပြီး မုန့်မစားချင်စမ်းပါနဲ့တဲ့လေ ... ဘယ်သူကအတည်ကြီးစားမယ် ပြောနေလို့လဲဟုသာ ပြန်ပြောလိုက်ချင်သည်။ တကယ်ဆို အဲလိုမှမုန့်မကျွေးခိုင်းရင် ဟိုကလေးက လိုက်ပို့ခံတော့မှာမဟုတ်။ အကြောတင်းလေးအကြောင်း ဇေယျာ နည်းနည်းတော့သိလာချေပြီလေ။

အိမ်ထဲကပြန်ထွက်ခဲ့တော့ ဝန်းကျင်က အမှောင်အတိ။ တိုင်မီးသီးဝါကျင့်ကျင့်တို့၏ အရောင်က ကားကိုမှီကာရပ်စောင့်နေသော ချာတိတ်ပေါ်သို့ ဖြာကျလျက်ရှိသည်။ အုတ်ခင်းထားသည့်အပေါ် ခြေထောက်တထိုးထိုးနှင့် စောင့်နေပုံက ကြာလို့များစိတ်မရှည်လေလျော့သလား။ လော့ခ်ချထားသည့်ဖွင့်လိုက်၍ ကားဆီကအသံထွက်လာတော့မှ ဇေယျာ့ကို မော့ကြည့်တော့သည်။

ကားတံခါးအနီးမှာ ရှိပါလျက် တကူးတကဖွင့်ပေးမိသူမှာလည်း သူပါပဲ။ အနားရှိတိုင်း ဂရုစိုက်ပေးနေမိသည်က ကလေးမဟုတ်ပေမဲ့ ကလေးတစ်ယောက်လို ခံစားနေရတာမို့ပင်။ သူ့ထက်လည်း ရှစ်နှစ်တောင်ငယ်သည်မလား။ ကားတံခါးဖွင့်ပေးလိုက်မှ ခပ်တည်တည်မျက်နှာထားလေး ပြေလျော့သွားတတ်သောကြောင့်လည်း ပါ,ပါသည်။

အိမ်လမ်းကြားကအထွက် လမ်းမပေါ်ရောက်သည်နှင့် ကားမီးရောင်ပေါင်းစုံကို စတွေ့ရလေပြီ။ သူတို့နှစ်ယောက်မှာဖြင့် တိတ်ဆိတ်နေဆဲ။ ဇေယျာသည်လည်း လိုက်ပို့ချင်လို့ မုန့်စားဖို့လက်ခံလိုက်တာဖြစ်ပေမဲ့ ကလေးဆီက တကယ်မစားချင်ပါပေ။

"အဲ့လူကြီး ဘာစားချင်တာလဲ"

"ကိုယ့်ကို တကယ်ပဲ အဲ့လူကြီးလို့ ခေါ်နေတော့မှာလား၊ ကြားရတာ တစ်မျိုးကြီး"

မေးသည်ကတခြား၊ ဖြေလာသည်ကတခြားမို့ စိတ်ကမရှည်ချင်တာလားမသိ။ နဖူးကြောတွေတင်းကာ စိုက်ကြည့်လာလေသည်။ ဒါကို ကားမောင်းနေရင်းက မြင်ဖြစ်အောင်မြင်လိုက်သေးတာပင်။

"ဘာဖြစ်လဲ။ ကျွန်တော့်ထက် အသက်အများကြီး ကြီးတာပဲကို၊ အဲ့လူကြီးခေါ်တာ မဆန်းဘူး"

"၈နှစ်လေးပါ ချာတိတ်ရာ"

"၈နှစ်ကနည်းလား။ အဲ့လူကြီး ၃တန်း၊ ၄တန်းလောက်မှာ အရမ်းဆော့၊ စော်တွေဝိုင်းနေတဲ့အချိန်မှာ ကျွန်တော်ကအူဝဲတောင် အော်နိုင်သေးရဲ့လား မသိဘူး"

အသက်ကွာပုံကို ချာတိတ် ကပ်သီးကပ်ဖဲ့ပြောတော့ ဇေယျာ မရယ်ဘဲမနေနိုင်တော့ပြီ။

"ဟား ဟား ကောင်မလေးတွေတော့ ဝိုင်းမနေပါဘူးကွာ၊ ခုထိတောင် မစွံသေးတာ"

"မဖြစ်နိုင်တာ"

"တကယ်ရည်းစားတောင် မရှိပါဘူးဆို"

ချာတိတ် မျက်လုံးပြူးသွားလေတာ အထင်းသား။ ပုခုံးတစ်ချက်တွန့်သွားပုံကလည်း ယုံတာလိုလို၊ မယုံတာလိုလိုနှင့်။ သူ့အရွယ်ကိုကြည့်ပြီး ရည်းစားမရှိတာကို အံ့ဩနေပုံရသည်။

ဇေယျာ့အတွက်တော့ အနာဟောင်းရှိပြီးသားသူမို့ ခုခေတ်ကလေးတွေလို ရည်းစားထားရန် လွယ်ကူမနေတော့ပေ။ လူတစ်ယောက်ကို အစကစလေ့လာ၊ အကဲဖြတ်ပြီး ချစ်ကြည့်ရအောင်ကလည်း ဝလုံးရေးတာက ပြန်စရမလိုဖြစ်နေသည်။ စစ်မှန်သောလူတစ်ယောက် တွေ့ရဖို့ ဘယ်လောက်တောင်ခက်ခဲလိုက်သလဲ။

"မင်းမှာရော ရည်းစားရှိလို့လား ချာတိတ်"

"မထားဖြစ်ပါဘူး၊ အချိန်ပေးရမှာ ရှုပ်လွန်းလို့။ ကဲပါ ... ခုကဘာမုန့်စားမှာလဲ"

စိတ်မရှည်သည့်လေသံက စလာလေပြန်သည်။ ဇေယျာ လှည့်ကြည့်လေတော့ ဖြတ်သွားနေရသည့် လမ်းမီးတိုင်အလင်းတို့က ချာတိတ်ပေါ် ကျလိုက်မကျလိုက်နှင့်။ သို့သော် မျက်နှာဟန်ပန်ကို သေချာမြင်နေရသေးသည်။ သူ့အပေါ် မကြည်လင်စရာ ဘာများရှိနေသေးသလဲမသိ။ သူ မာမာထန်ထန်ပြောဖူးတာတောင် ပထမဆုံးနေ့က ကော်ဖီမှောက်သည့်တစ်ခါပဲ ရှိခဲ့ဖူးသည်။ မဟုတ်မှ အဲသည်ကိစ္စကို ခုထိအခဲမကြေသေးတာများလား။

"ကိုယ့်ကို မကြည်လင်တာ၊ စိတ်ခုနေတာများရှိလား"

"ဘာလို့လဲ"

"စိတ်ထင်လို့ပါ။ ပထမဆုံးနေ့က ကော်ဖီမှောက်ကြတဲ့ကိစ္စဆိုရင်တော့ ကိုယ်ပဲပြန်တောင်းပန်ပါတယ်။ အဲဒီနေ့က စာအုပ်ကလည်း အသစ်ကြီးဆိုတော့..."

"အဲလိုမရှိပါဘူး၊ စိတ်ဆိုးနေရအောင် ကလေးလည်းမဟုတ်ဘူး။ မုန့်စားမှာဆိုလည်း နေရာရွေးပါ၊ စကားပြောနေတာနဲ့ အိမ်ပြန်ရောက်တော့မယ်"

တကယ်စိတ်ကြည်သွားပြီ ထင်ပါ၏။ သူ့ကိုလှည့်ကြည့်ကာ စကားကို ပေါ့ပေါ့ပါးပါးပြောလာလေပြီ။ ထိုင်ပုံထိုင်ဟန်ကလည်း အရင်ကလို တောင့်တောင့်ကြီးမဟုတ််တော့။ သူ့ကားပေါ်တွင် သက်တောင့်သက်သာနှင့် နေသားကျနေပုံရှိ၏။ သည်လိုမှပဲ ဇေယျာလည်း နှုတ်ခမ်းလေးကွေးကာ ပြုံးနိုင်တော့သည်။

"အိမ်ပြန်ပို့နေတာပဲလေ၊ ခုနကမုန့်စားမယ်ဆိုတာ ကိုယ်စတာပါ။ မင်းလမ်းလျှောက်နေမှာ စိတ်မချလို့လိုက်ပို့ပေးတာ ... ဒါ"

"ဟာ"

"ကဲ ... စကားဆုံးအောင် နားထောင်ပါဦး။ မင်းကျေးဇူးကြွေးမတင်ချင်တာ ကိုယ်သိတယ်။ အကြွေးကို မုန့်မဟုတ်ဘဲ တခြားနည်းနဲ့ဆိုရင်တော့ ကိုယ် အကူအညီတောင်းချင်တဲ့ဟာ ရှိတယ်။ ပြောရကောင်းလား၊ မကောင်းလားတွေးနေတာ"

ပွိုင့်လည်းမိသွားတာမို့ ညာခြေဖဝါးဖြင့် ဘရိတ်ကိုဖြည်းဖြည်းချင်း ဖိနင်းလိုက်သည်။ ကားရပ်သွားပြီဆိုမှ ချာတိတ်ကိုငဲ့ကြည့်တော့ အကြည့်ချင်းဆုံမိသွားလေပြီ။ တစ်ညနေလုံး ရှောင်ဖယ်နေခဲ့သမျှ သည်တစ်ကြိမ်က အကြာဆုံးစက္ကန့်တချို့ပဲ ဖြစ်လိမ့်မည်။

"ဘယ်လိုမျိုးကြီးလဲ၊ ကျွန်တော် မကူညီနိုင်တာမျိုးဖြစ်နေရင် ဘယ်လိုလုပ်မလဲ"

"မင်း အေးဆေးလုပ်နိုင်ပါတယ်၊ ဘာမှအပမ်းမကြီးလောက်ဘူးထင်တယ်"

တစ်မိနစ်မကကျန်သေးသည့် ပွိုင့်ကိုနည်းနည်းမှပြန်လှည့်မကြည့်ဘဲ ချာတိတ်ကိုသာ တည့်တည့်ကြည့်ရင်း ပြောနေမိတာ ဟိန်းဇေယျာတစ်ယောက်ပင်။ ကောင်လေးသည်လည်း သိချင်စိတ်တို့ကြောင့် အကြည့်နည်းနည်းမှမလွှဲ။ သူ့ပြောလာမည့်စကားကို အဖြေရှာနေပုံရသည့် အကြည့်တွေက ဇေယျာ့မျက်နှာပေါ် လူးလားခေါက်တုံ့နေသယောင်။

"ဟို ... ပြောရင်တော့ မင်းရယ်ချင်မလားမသိဘူး။ ကိုယ် အဝတ်အစားဝတ်ရင် မင်းတို့လိုအမြင်မရှိဘူး။ တစ်မျိုးဆိုတစ်မျိုးပဲ ဝတ်တတ်ပြီး အဲပုံစံကလည်း ကိုယ့်ကိုအသက်သုံးဆယ်ကျော်ပုံ ပေါက်နေစေတယ်ထင်တယ်"

"အဟင်း"

"ကြည့် ... ရယ်နေပြီ"

သည်တစ်ခါတော့ ဇေယျာ အကြည့်လွှဲရင်း ညာခြေဖဝါးကို လီဗာဆီအသာတင်လိုက်ရသည်။ ပွိုင့်လွတ်သွားပြီဖြစ်သလို အကွေ့မို့ သတိကြီးကြီးထားကာ ဖြတ်နေရတာပင်။

"အဲ့လူကြီးက ကိုယ့်ကိုယ်ကိုယ်‌တော့ သိသားပဲ။ ဝတ်စမ်းပါ ... လန်းတာလေးတွေ။ အသက်ကဖြင့် သိပ်လည်းမကြီးသေးဘဲနဲ့"

"အဲဒါမို့ အကူအညီတောင်းမလို့ပေါ့၊ ကိုယ့်မှာ ဖက်ရှင်အမြင်မှမရှိတာ။ မင်းကိုယ့်ကို ဘယ်လိုတွေဝတ်ရမယ်၊ ဘာတွေဝယ်ထားရမယ် ပြောပေးမလား။ လိုအပ်ရင် ကိုယ့်အဝတ်အစားတွေ လိုက်ကြည့်လို့ရတယ်။ လိုတာတွေဆို အတူသွားဝယ်လို့ရတယ်။ အဲဒါလေးပဲ ကူညီနိုင်မလား"

"ဟမ် ... ကျွန်တော်လည်း အဲလောက်ကြီးမသိနေပါဘူး။ အဲလူကြီးကိုလည်း ဆရာမလုပ်ချင်ပါဘူး"

"ကျွမ်းကျင်တဲ့အပိုင်းတွေမှာ မသိရင်သင်ရမှာပဲ။ ကြီးတယ်၊ ငယ်တယ်မရှိပါဘူး၊ ဒါမို့ တပည့်ခံနေတာ။ ကိုယ်အရှက်ပြေအောင် ကူညီလိုက်ပါ။ မင်းကို သင်တန်းသွားတိုင်း ဝင်ခေါ်ပေးမယ်လေ"

ပြောလိုက်မှ ခေါင်းရှုပ်သွားဟန်နှင့် နောက်ကျောမှီကို ချာတိတ်မှီချလိုက်တာ ဗိုင်းခနဲ။ သူ့အပေါ် တာဝန်ကြီးတစ်ခု ပိုးပေးသလို ဖြစ်စေမိပြီလား။ မုန့်ကျွေးလိုက်တာမှ ပိုအလုပ်ရှုပ်သက်သာလိမ့်ဦးမည်ဟု တွေးနေပြီလားမသိ။

"ကိုယ်က ဒီတိုင်းပြောကြည့်တာပါ။ အဆင်မပြေရင် ရတယ်နော်။ ပြီးတော့ ဝင်ခေါ်ပေးမယ်ဆိုတာက ကိုယ်လည်းအတန်းသွားရင် မင်းအိမ်ကိုလမ်းကြုံနေတာပဲမို့။ နေပူ၊ မိုးရွာထဲလည်း လမ်းမလျှောက်စေချင်လို့"

"ဟို ... ကျွန်တော် စဉ်းစားကြည့်ပါဦးမယ်"

"စဉ်းစားမယ်"

အမေးသဘောနှင့် ဇေယျာ ခွန်းတုံ့ပြန်တော့ ချာတိတ်က ခါးပတ်ကြိုးဖြုတ်လိုက်ရင်း သေချာမော့ကြည့်လာသည်။

"အဝတ်အစားကိစ္စနဲ့ သင်တန်းအသွားအပြန်ကိစ္စ"

ဇေယျာ့မျက်ဝန်းတို့ လက်ခနဲဖြစ်သွားလေးတာ ထင်ထင်ရှားရှား။ စဉ်းစားမယ်ဆိုတာနှင့် သည်လောက်ပျော်စရာအရေးလား ဟူ၍ပင် သူ့ကိုယ်သူ စမ်းသပ်ချိန်မရလိုက်ပေ။ အဘယ့်ကြောင့်ဆိုသော် မနက်ဖြန်အတွက်အတွေးက အရင်ဆုံးဝင်ရောက်လာ၍ဖြစ်၏။

"ဒါဆို ကိုယ့်ကို မင်းဖုန်းနံပါတ်ပေးထား"

ဖုန်းထိုးပေးလိုက်သည်နှင့် ထိုချာတိတ်ကလွယ်အိတ်လွယ်ရင်း အမေးရှိသည်က-

"ဘာကိစ္စ!" တဲ့လေ။

"မနက်ဖြန် လာကြိုရ၊ မကြိုရသိဖို့ ဖုန်းဆက်ရမယ်လေ"

"ပြီးရော"

ဖုန်းကို Missed call ပေးခေါ်ရင်း ချာတိတ်က သူ့လက်ထဲပြန်ထည့်ပေးသည်။ ပြီးနောက် မျက်လုံးကိုစူးစူးစိုက်စိုက်ကြည့်ကာ ဒါပဲမလားတဲ့။ သူတို့သည်နေ့လောက် အကြည့်ချင်းဆုံဖြစ်ကြတဲ့နေ့ရယ်လို့ မရှိဖူးလို့ပဲမသိ၊ စိတ်ထဲပိုရင်းနှီးလာသလို ခံစားကြရတာအမှန်ပင်။ ကောင်လေးလည်း မျက်နှာကြောမတင်းတော့သလို ဇေယျာလည်း ပြုံးတတ်စပြုလာချေပြီ။

အခုတော့လည်း တွေ့စက ကတောက်ကဆဖြစ်ခဲ့ကြသည်မှာ သူတို့နှစ်ယောက်မဟုတ်သည့်နှယ် .. ။

(16/9/2020)

•••••••••••••••••••••••••••••••••••••••••••••

<Zawgyi>

အတန္းၿပီးလို႔ ဆရာထြက္သြားတာႏွင့္ အားလုံးက Business plan လုပ္ဖို႔အေရး စု႐ုံးစု႐ုံးျဖစ္ကုန္ၾကသည္။ သင္တန္းအခန္္းက ေနာက္လူေတြလူမည္မို႔ ၾကာၾကာသုံးမရေခ်။ ဒါမို႔အားလုံးက စုသြားဖို႔တိုင္ပင္ေနၾကတာပင္။ ခန႔္ခန႔္လည္း စာအုပ္ေတြအိတ္ထဲထည့္ရင္း အဲလူႀကီးႏွင့္ ေရွ႕ကအစ္ကို၊ အစ္မေတြ အေျခအေနၾကည့္ေနရသည္။ ဘယ္သြားမည္အၾကမ္းဖ်င္း သိထားေသာ္လည္း သူကအငယ္ဆုံးပဲမလား။

"ညီတို႔၊ ညီမတို႔ ဘယ္ဝင္ၾကဦးမလဲ။ ကိုယ့္အိမ္ပဲ တန္းသြားၾကမလား"

"ကိုေဇယ်ာအိမ္ပဲ တန္းသြားလိုက္မယ္ေလ၊ ဟိုတစ္ခါေျပာထားတဲ့အိမ္မလား ေနာက္ကလိုက္ခဲ့မယ္ဗ်"

အစ္ကိုေတြခ်င္း ေျပာေနၾကခ်ိန္ မမေမသက္တို႔ႏွစ္ေယာက္ပါ အိတ္ေတြလြယ္ၿပီး အနားေရာက္လာေလၿပီ။

"ေမသက္တို႔လည္း အစ္ကို႔ကားနဲ႔ပဲ တစ္ခါတည္းလိုက္ခဲ့ေလ၊ အိမ္သက္သက္ရွာမေနရတာေပါ့"

"ေကာင္းသားပဲ အစ္ကို။ ညီမတို႔လည္း အိမ္မရွာတတ္ေလာက္ဘူး"

"ဒါဆို ခန့္ခန့္ကေရာ"

အတိုင္အေဖာက္ညီေနၾကေသာ အစ္မႏွစ္ေယာက္က ခန့္ခန့္ကို အေမးထုတ္လာေခ်သည္။ သူကျဖင့္ ေၾကာင္စီစီ။ ဘာေနေနအဆင္ေျပေသာ္လည္း ဘတ္စ္ႏွင့္ခြဲသြားလၽွင္ ေနာက္က်မည္လားမသိ။ အစ္မေတြႏွင့္အတူပဲ ကားလိုက္စီးရမည္လား။

"ခန့္ခန့္ကို ကိုယ္ေခၚသြားႏွင့္မယ္၊ ေနာက္ကလိုက္ခဲ့ၾကေနာ္"

ထိုလူႀကီး၏ေျပာစကားေၾကာင့္ ခန႔္ခန႔္ မ်က္လုံးပင့္ၾကည့္လိုက္မိ၏။ သူ႔ကိုဘာမွေတာင္မေမးဘဲ ကိုယ္ေခၚသြားလိုက္မယ္တဲ့ ပိုင္စိုးပိုင္နင္းႏွင့္။ သည္ေတာ့လည္း ျပဳံးျပလိုက္တာ သူႏွင့္အေတာ္ရင္းႏွီးသူတစ္ေယာက္လို။ ဘာပါလဲ ... သည္လူႀကီးႏွင့္သူ ရင္းႏွီးသြားတာလား။

စာအုပ္ငွားေပးတာ၊ ေဖေဖမအားလို႔ အိမ္လိုက္ပို႔တာ၊ ေမေမတို႔ႏွင့္သိသြားတာ၊ သူရန္ျဖစ္ခ်ိန္ ဝင္ကူထိုးေပးတာ ... ဒါေတြက သူတို႔ႏွစ္ဦးခင္ဖို႔ လုံေလာက္သည့္အေၾကာင္းျပခ်က္ေတြလား။ ဒါမို႔ ထိုလူႀကီးက တရင္းတႏွီးေတြေျပာၿပီး ရယ္ျပေနတာလား။ အသက္ႀကီးသည့္လူႀကီးေတြ မွတ္ယူတတ္သည့္ခင္မင္မွုအေၾကာင္းတို႔ကို ခန႔္ခန႔္ မသိတတ္ပါေလ။ သည္အရြယ္ႏွင့္ သည္အရြယ္ ... ရွစ္ႏွစ္ေလာက္ကြာေနသည္ပဲမလား။

ဘာပဲျဖစ္ျဖစ္ ခန႔္ခန႔္ ထိုလူႀကီးကားႏွင့္ပဲလိုက္ဖို႔ ေနာက္ကထြက္လာခဲ့သည္။

"ကဲ တက္"

ေတြးရင္းေငးရင္း ေနာက္က်က်န္ခဲ့သည့္သူ႔အား ထိုလူႀကီးက ကားတံခါးဖြင့္ေပးျပန္သည္။ မ်က္ႏွာကလည္း ၾကည္စင္လို႔ေန၏။ ခန႔္ခန႔္လို အိပ္ခ်င္တဲ့ပုံမ်ိဳးမရွိ၊ ဂ်စ္ကန္ကန္လုပ္တတ္သည့္ပုံလည္းမေပၚ။ လူႀကီးေပမို႔ပဲလား ... စည္းစနစ္ႏွင့္ေနတတ္ၿပီး စိတ္ရွည္ပုံေတာ့ရသည္။

ဒါသည္ အပိုေျပာျခင္းမဟုတ္၊ ဆရာစာသင္လၽွင္လည္း သူတို႔ေက်ာင္းသားေတြလို စနစ္တက်မွတ္တတ္တာ ခန႔္ခန႔္ ျမင္ေတြ႕ေနရသည္။ ပထမဆုံးေန႔က ေကာ္ဖီေမွာက္ၾကလို႔ စာအုပ္လွယ္ဖို႔ေျပာတာကို လက္မခံျခင္းက သူ႔စိတ္တိုင္းက်ေတြ မွတ္ထားတာေၾကာင့္လည္း ပါမည္ထင္ပါ၏။ ထိုနည္းတူ ကားေပၚတက္ေတာ့လည္း ေနရာတက်ရွိေနေသာ အသုံးအေဆာင္ေတြက ထိုလူႀကီးကို ပိုအထင္ႀကီးစရာျဖစ္ေစသည္။ ဖုန္တစ္စက္ပင္မရွိတတ္ပုံ၊ ကားေမာင္းပုံ၊ အကိုင္အတြယ္သပ္ရပ္ပုံတို႔က တတိယအႀကိမ္ေျမာက္ ကားလိုက္စီးခ်ိန္တြင္ေတာ့ ခန႔္ခန႔္ စိတ္ထဲမေနနိုင္စြာ ခ်ီးက်ဴးမိသည့္အခ်က္တို႔ပင္။

"လမ္းမွာ ဘာဝယ္ခ်င္ေသးလဲ။ စားစရာကေတာ့ ေမေမတို႔တစ္ခုခု စီစဥ္ေပးထားမယ္ထင္တယ္"

"လူႀကီးေတြကို အားနားစရာႀကီး၊ အိမ္မွာစာလုပ္တာနဲ႔တင္ မ်က္စိေနာက္ေနၾကမွာကို"

ခန့္ခန့္ တကယ္အားနာမိ၍ ျငင္းျခင္းပင္။ ထိုလူႀကီးကေတာ့ ကားကိုတၿငိမ့္ၿငိမ့္ေမာင္းရင္းသာ ခပ္ျပဳံးျပဳံး။ ပထမဆုံးေန႔ကလို ေဒါသထြက္ျခင္းမ်ိဳးက တစ္ခါပဲေတြ႕ဖူးေသးသည္။ စိတ္ၾကည္ေနလၽွင္ သေဘာေကာင္းတတ္သူမ်ိဳးလားမသိ။

"အားနာစရာမလိုပါဘူးဗ်ာ၊ ကိုယ္က ဧည့္သည္သိပ္ေခၚမလာတတ္ေတာ့ ေမေမက တက္ႂကြေနတာ။ အားမနာဘဲ စားစရာေတြသာ အားရပါးရစားေပးလိုက္"

ဒါဆို သည္လူႀကီးမွာ သူငယ္ခ်င္းအေပါင္းအသင္း သိပ္မရွိေလတာလား။ ေပါင္းသင္းဆက္ဆံေရး မေကာင္းတာေတာ့လည္း မျဖစ္နိုင္၊ သူ႔ေရွ႕ေတာ့ ေကာင္းေနတာပဲေလ။ ေအးေအးေဆးေဆး ေနတတ္လြန္းတာလား၊ တမင္တကာ လူေတြၾကားက ခြဲထြက္ေနတတ္တာလား။ တစ္ခုခုေတာ့ တစ္ခုခုပင္။

ကဲ ေရာက္ၿပီ၊ ဆင္းေတာ့"

"အင္း"

ၿခံအက်ယ္ႀကီးထဲေရာက္ေတာ့ ခန႔္ခန႔္ ေဝ့ဝဲၾကည့္မိတာပင္။ သူတို႔အိမ္ထက္ ပိုက်ယ္ဝန္းၿပီး ႏွစ္ထပ္တိုက္ႀကီးက တိုင္လုံးတုပ္ႀကီးေတြႏွင့္ ခမ္းနားသည္။ ေရွ႕မ်က္ႏွာသာက ျမက္ခင္းျပင္က်ယ္တြင္ စားပြဲႏွင့္ထိုင္စရာဒန္းေလး ရွိေနသည္။ လွည့္ၾကည့္လိုက္ရင္း အဆုံးသတ္မိသည္က Basketball ေဆာ့စရာေနရာ၌ပင္။ သူေတာင္ အိမ္မွာလုပ္ထားခ်င္တာ၊ ေနရာက်ယ္က်ယ္မရွိ၍သာ။ ၿခံအေနအထားက်ယ္က်ယ္ကို ခန႔္ခန႔္ အေတာ္သေဘာက်မိသြားသည္။ သူ႔ေရွ႕တြင္ ဖုန္းေျပာေနသည့္အဲလူႀကီးက ထင္ထားတာထက္ ခ်မ္းသာသည့္မိသားစုကပါပဲ။

"လာ ဝင္ၾကမယ္"

"ေနဦးေလ၊ ကိုမိုးထက္တို႔ မေရာက္ေသးဘူး"

"အခုပဲ ဖုန္းဆက္တယ္။ သူတို႔ city mart ခဏဝင္ေနလို႔ ၾကာဦးမယ္တဲ့၊ အရင္ဝင္ႏွင့္မယ္ ... လာ"

"အင္..."

ခန့္ခန့္ တြန့္ဆုတ္ေနမိသည္၊ ရွပ္ပ်ာပ်ာနိုင္သည့္သူ႔အဖို႔ သူစိမ္းအိမ္တြင္ အမွားမလုပ္မိဟုလည္း အာမ,မခံနိုင္။ ၿပီးလၽွင္ သူကအိမ္မွာလည္းဆိုးေနက်မို႔ လူႀကီးေတြႏွင့္ စကားကိုအဆီအေငၚတည့္ေအာင္ သိပ္မေျပာတတ္ေခ်။

"လာေလ၊ ေၾကာက္ေနတာေတာ့ မဟုတ္ပါဘူးေနာ္"

"ဘာလို႔ေၾကာက္ရမွာလဲ၊ ေယာက္်ားပါ"

"ကဲ ေယာက်ာ္းဆိုလည္း ဝင္မယ္ ... လာ"

ေဇယ်ာ၏ ဖိတ္ေခၚမွုေၾကာင့္ ခန့္ခန့္ အျဖဴေရာင္တိုက္ႀကီးထဲဝင္လၽွင္ ဧည့္ခန္းက်ယ္ကို အရင္စျမင္ရသည္။ သည္တြင္ ထိုင္ရင္းဖုန္ေျပာေနေသာ အန္တီတစ္ေယာက္ကို‌ ေတြ႕ရ၏။ ပုံစံအရ အဲ့လူႀကီး၏အေမပင္ ျဖစ္လိမ့္မည္။

"ေအးေအး ဒါပဲေနာ္"

ဖုန္းကိုအျမန္လတ္စသတ္ေနပုံက သူတို႔ဝင္လာတာမို႔ ပ်ာပ်ာသလဲႏွင့္။ အဲ့လူႀကီးကေတာ့ ဆိုဖာကိုလက္ညႇိုးညႊန္ရင္း သူ႔ကိုထိုင္ေစသည္။

"သားႀကီးတို႔ျပန္လာၿပီ၊ ေနာက္က်သားပဲေနာ္"

"ထုံးစံအတိုင္း လမ္းပိတ္တယ္ေလ။ ဒီမယ္ဧည့္သည္တစ္ေယာက္ေတာ့ ေခၚလာၿပီ။ က်န္တဲ့သူေတြ ေနာက္ကလိုက္လာမယ္တဲ့"

"အယ္ ... ဒါမနက္ေျပာတဲ့ ဂ်စ္... မဟုတ္ပါဘူးေလ၊ သားေျပာတဲ့ဟိုေကာင္ေလးမလား"

"ဟင္"

ခန့္ခန့္ခမ်ာ အေၾကာင္သား။ သူမလာခင္ သားအမိႏွစ္ေယာက္က ဘာေတြေျပာထားၾကသနည္း။ ေဘးကအဲ့လူႀကီး ေကာ္ဖီေမွာက္တဲ့ကိစၥကို ေျပာျပထားေသးတာလားမသိ။ ခပ္ေမာ့ေမာ့ႏွင့္ ဘုေတာေတာၾကည့္လိုက္ေတာ့ ... ၊

"ၾကည့္ ေမေမ ... အဲဒီပုံစံပဲ။ နာမည္က စိုင္းမင္းခန့္တဲ့၊ ဦးမင္းဟန္ရဲ့သား"

ဆိုၿပီး ေျပာေနသတဲ့ေလ။ ခန့္ခန့္ ဇေဝဇဝါႏွင့္ မ်က္ႏွာမထားတတ္သည္ကို အန္တီကရိပ္မိၿပီး၊

"ဘာမွမဟုတ္ပါဘူး သားရယ္။ သားႀကီးက သူေခၚလာမယ့္ေကာင္ေလးကို ေမေမျမင္ရင္ခ်စ္မွာတဲ့၊ ခ်စ္စရာေလးလို႔ေျပာလို႔"

"အာ"

မ်က္ႏွာပူထူသြားေသာ ခန႔္ခန႔္ခမ်ာ အဲ့လူႀကီးကို မ်က္လႊာေလးပင့္ၾကည့္မိေသးသည္။ ခပ္ျပဳံးျပဳံးၾကည့္ေနပုံက ၾကင္နာတတ္သလိုလို၊ ေဖာ္ေရႊတတ္သလိုလိုႏွင့္။

"သားႀကီးေျပာတုန္းကေတာင္ အဲေလာက္ထင္မထားဘူး။ ခုၾကည့္ပါဦး၊ ေယာက်္ားေလးေပမဲ့ အသားအရည္ ေတာ္ေတာ္ေကာင္းတာပဲ။ ခဏေလး ... အန္တီ့သမီးနဲ႔ပါ မိတ္ဆက္ေပးမယ္၊ သူ ခုနကပဲျပန္ေရာက္တာ"

"ဧည့္သည့္ကို အရင္ထိုင္ခိုင္းပါဦး‌ ေမေမရာ၊ ဇြတ္ေတြေျပာေနေတာ့တာ"

ေဒၚၾကည္ျပာျပဳံးၿဖီးၿဖီးလုပ္ရင္း အေပၚထပ္ကသမီးဆိုသူကိုပါ လွမ္းေခၚေနေသးသည္။ ၿပီးေနာက္ စားစရာအသီးေတြ ယူရဦးမည္ဆို ဝင္သြားလိုက္တာ သြက္သြက္လက္လက္။

"ကဲ ခ်ာတိတ္၊ ကိုယ္အဝတ္အစား ခဏသြားလဲမလို႔။ ကိုယ့္အခန္းလိုက္ခဲ့မလား၊ ဒီကပဲေစာင့္ခ်င္လား"

"မလိုက္ပါဘူး၊ ဒီကပဲေစာင့္မယ္"

ခန့္ခန့္ ခပ္သြက္သြက္သာ ျငင္းလိုက္၏။ ဘယ့္ႏွယ္လို႔ သူ႔အခန္းထဲေခၚေနရပါသနည္း။ သူငယ္ခ်င္းလည္းမဟုတ္၊ ရင္းႏွီးတဲ့မိတ္ဆက္ေတြလည္း မဟုတ္။ အဲ့လူႀကီးဘက္ကေတာ့ ဘယ္လိုေတြးသည္လဲမသိေပ။

"Okay! အဲ့ဒါဆို ကိုယ္ခဏပဲၾကာမယ္၊ ၿခံထဲကေစာင့္ခ်င္ရင္လည္း ရတယ္။ ဘတ္စကတ္ေဘာကစားခ်င္တယ္မလား"

ခုနကအၾကာႀကီးေငးေနတာကို ျမင္သြားေလသလား။ သူ႔ကိုေျပာၿပီး ခပ္သုတ္သုတ္အေပၚတက္သြားေခ်ၿပီ။ ခဏအၾကာတြင္ ဆင္းလာသည္က အဲ့လူႀကီး၏ညီမျဖစ္မည္ထင္၏။ မ်က္လုံး၊ မ်က္ခုံးဆင္ပုံက ေမာင္ႏွမႏွစ္ေယာက္အေတာ္ဆင္ပါသည္။ အန္တီလည္း ခ်က္ခ်င္းဆိုသလို ထြက္လာေတာ့ သူအျပင္ထြက္လိုက္ဖို႔ အခြင့္မသာလိုက္ေတာ့။

"ေမေမေရ့ ... ကိုကို႔အေျပာမမွားဘူးပဲ၊ ေမာင္ေလးက အေခ်ာပဲ။ မင္းသားလုပ္မလား၊ မမမိတ္ဆက္ေပးလို႔ရတယ္"

"အာ ... မဟုတ္တာ။ ကၽြန္ေတာ္ အဲေလာက္လည္းမဟုတ္ပါဘူး၊ ဝါသနာလည္းမပါပါဘူး"

"ေအး မိတ္ဆက္ေပးလိုက္ပါလား"

သားအမိႏွစ္ေယာက္ေပါင္း ေျမႇာက္ပင့္ေျပာေနၾကေသာ္ ခန႔္ခန႔္ တကယ္မေနတတ္ေတာ့ေပ။ ေယာက္်ားျဖစ္ပါလ်က္ ေခ်ာသည္၊ လွသည္ေျပာခံေနရတာကိုက မဟုတ္ေသး။ ခန႔္သည္၊ တည္ၾကည္သည္ဆို ေတာ္ေသးမလား။ အသားအရည္ေကာင္းတယ္၊ လွတယ္တို႔ဆိုတာ မိန္းကေလးေတြႏွင့္ ပိုအပ္စပ္ပါသည္။

ခန႔္ခန႔္ အန္တီခ်ေကၽြးေသာအသီးဗန္းယူၿပီး ၿခံထဲသြားထိုင္ေစာင့္မည္ဟု ခြင့္ေတာင္းထြက္လာခဲ့သည္။ တကယ္ေတာ့ အစားကနည္းနည္း၊ ဘတ္စကတ္ေဘာကစားခ်င္စိတ္ကသာ မ်ားေနသည္။ သူမ်ားအိမ္မို႔ အားနာသလိုရွိလွေသာ္လည္း အဲ့လူႀကီးက ေဆာ့လည္းဘာမွေျပာေနမယ္မထင္။ နီညိဳ႕ေရာင္ဘတ္စကတ္ေဘာကို ေျမႀကီးႏွင့္ပုတ္ခတ္ရင္း စတင္ကစားျဖစ္သည္။ ေက်ာင္းမွာလည္း ဘတ္စကတ္ေဘာအသင္းဝင္ထားေပမဲ့ သူကအေတာ္ႀကီးမဟုတ္ေပ။ အရပ္ပုေနေတာ့ ပိုဆိုးေသးသည္။ လက္စကိုခ်ိန္၍သာ အေပါက္ဆီသို႔ လွမ္းပစ္ထည့္ေနမိတာပင္။

"ေဟး ... ေဆာ့မလား"

"စိန္ေခၚတတ္လိုက္တာ၊ အဲ့လူႀကီး အရပ္နဲ႔ခႏၶာကိုယ္လည္း အားနာဦး"

တကယ္လည္း ႏွစ္ေယာက္သားက ေခါင္းတစ္လုံးနီးပါး ကြာတာမို႔ ခန့္ခန့္ ရွုံးမွာေသခ်ာသည္။ ၿပီးလၽွင္ သူက သိပ္လည္းအကၽြမ္းႀကီးမဟုတ္ေသး။ သုံးလုံးမွာႏွစ္လုံးက လြဲခ်င္လြဲေနတတ္သည္။

"ဒါဆိုလည္း တစ္ေယာက္ခ်င္းကစားမယ္ေလ။ နိုင္တဲ့သူ နာမည္အမွန္ေခၚေၾကး၊ ဘယ္လိုလဲ"

"နာမည္အမွန္!"

သူနိုင္ရင္ ခ်ာတိတ္ဆိုေသာ ေပါခ်ာခ်ာအေခၚေပ်ာက္ၿပီး 'စိုင္းမင္းခန႔္' လို႔ ေခၚခံရမည္ေပါ့။ မဆိုးပါေလ ... က်န္တဲ့ကိစၥက သူညစ္လို႔ရသည္ပဲမလား။ အရွုံးမရွိေသာကစားပြဲဟုသာ တစ္ဖက္သတ္ေတြးလိုက္သည္။

"အိုေခေလ၊ Deal!"

"ဒါဆိုကိုယ္အရင္ ကစားလိုက္မယ္ေနာ္"

ဘတ္စကတ္ေဘာလုံးကို သူ႔ထံမွယူၿပီး အသာအယာရိုက္ပုတ္ေနပုံက အေတာ္အထာက်ေနတာ ခန႔္ခန႔္မျငင္းနိုင္။ သူဟာ ကၽြမ္းက်င္သူေလပဲလား။ သိပ္မၾကာခင္ အခ်ိန္တြင္းမွာပင္ အဲ့လူႀကီးမွာ ပထမဆုံးအလုံးကို ေအးေဆးသြင္းလိုက္သည္။ ျပန္ကန္ထြက္နိုင္သည့္ အေထာင္သံျပားကို မထိဘဲ ပိုက္တြင္းသို႔ လြတ္လြတ္ကင္းကင္း ဝင္သြားပုံကို ခန႔္ခန႔္ၾကည့္ေနမိတာ အေငးသား။

ဒုတိယအလုံး၊

တတိယအလုံး၊

အားလုံးကို အဲ့လူႀကီးက လွလွပပ ပစ္လိုက္နိုင္တာျဖစ္၏။ ၿပီးေနာက္ ေအာင္နိုင္သူအျပဳံးႏွင့္ လွည့္ၾကည့္လာေလတာ အျမင္ကတ္စရာ။ ခန႔္ခန႔္ကျဖင့္ မ်က္ခုံးပင့္႐ုံသာ၊ သူ႔တြင္လည္း အခြင့္အေရးက်န္ေသးသည္မလား။

"အကုန္မဝင္ရင္ေတာ့ ကိုဟိန္းေဇယ်ာလို႔ ေခၚဖို႔ျပင္ထားေနာ္"

ႏွာေခါင္းရွုံ႔လိုက္ေသာခန႔္ခန႔္က ေဘာလုံးကိုသာ ဆြဲယူလိုက္သည္၊ ႏွုတ္ကျဖင့္ ဘာမွျပန္မေခ်ပမိေသး။ စိတ္ထဲတြင္သာ မရွူံးဖို႔အေရး မဲတင္းေနရတာျဖစ္၏။

သို႔ေသာ္ ခန့္ခန့္ ကံမေကာင္းပါ၊ ေနာက္ဆုံးအလုံးမွ ဝင္မလိုႏွင့္သံျပားမွန္ၿပီးမွ ျပန္ထြက္လာသည္။

"ဟာကြာ!"

စုတ္တစ္ခ်က္သပ္ရင္း ညည္းညဴပုံအား အဲ့လူႀကီးက သေဘာတက်ႏွင့္ တဟားဟားရယ္ေနသည္။ မထိတထိသာ ျပဳံးတတ္သူက သူရွုံးမွပဲ အဆက္မျပတ္ရယ္ေနလိုက္တာ ျမင္မေကာင္းေလာက္ေအာင္ပင္။

"ကဲ 3-2 ဆိုေတာ့ ကိုယ့္နာမည္ေခၚေတာ့ဗ်ာ။ ဪ ... ေနဦး ေနဦး၊ ရွားရွားပါးပါးၾကားရမွာဆိုေတာ့ Record ယူထားလိုက္ဦးမယ္"

ဟန္ပါပါႏွင့္ ေဘာင္းဘီအိတ္ထဲမွ ဖုန္းကိုထုတ္လာေလေတာ့ ခန့္ခန့္မ်က္ေမွာင္ၾကဳတ္လိုက္မိတာပါပဲ။ ဘယ္လိုေတာင္ အျမင္ကတ္စရာေကာင္းတဲ့လူပါပဲ။ သူကျဖင့္ ေခၚပါမယ္လည္း ေသခ်ာကတိမေပးထားဘဲႏွင့္။ ကိုယ့္နာမည္မၾကားရတဲ့အျပင္ သူ႔နာမည္ပါ ေခၚရဦးမည္တဲ့၊ ေဝးပါေသးဗ်ာ။

"ရၿပီေနာ္ ... ေခၚေတာ့"

ဖုန္းကိုင္ကာ အနည္းကပ္လာသူအား ခန့္္ခန႔္ ညစ္က်ယ္က်ယ္ေလသံျဖင့္၊

"အိုေခေလ။ ၾကားခ်င္မွေတာ့လည္း ေခၚေပးရမွာေပါ့၊ အဟမ္း..."

လည္ေခ်ာင္းရွင္းဟန္ျပဳၿပီးမွ အဲ့လူႀကီးလက္ေကာက္ဝတ္ကိုကိုင္ကာ ဖုန္းနားေတ့ကပ္လိုက္သည္။ ခန႔္ခန႔္ေမာ့ၾကည့္ေတာ့ ထိုလူကျဖင့္ ေမၽွာ္လင့္တႀကီးႏွင့္၊

"အဲ့ လူ ႀကီး"

"ဟာ ခ်ာတိတ္ မင္းမညစ္ပတ္နဲ႔ေလ။ ခုနကေတာ့ Deal ဆို၊ မရဘူး ျပန္ေခၚ"

"ေခၚစရာလား။ အဲ့လူႀကီး ... အဲ့လူႀကီး"

ခန့္ခန့္ ေခၚခ်င္ရာညစ္ေခၚၿပီး အသီးဗန္းရွိရာ စားပြဲဆီျပန္လာေတာ့သည္။

"ျပန္ေခၚလို႔ဆို ... မင္း"

သို႔ေသာ္ အေနာက္ကဖုန္းကိုင္ရင္း ထပ္ခ်ပ္မခြာ လိုက္ပါလာသူေၾကာင့္ ခန႔္ခန႔္မထိုင္နိုင္ဘဲ ထြက္ေျပးရေလ၏။ ၿခံကက်ယ္လြင့္လွတာမို႔ ေျပးလို႔ေတာ့အေကာင္းသား၊ လူေကာင္ေသးတာက သည္ေနရာမ်ိဳးက် ေပါ့ပါးသြက္လက္ၿပီး အားသာခ်က္ကိုျဖစ္ေပၚေစေလ၏။ ထိုအခ်ိန္ အန္တီထြက္လာေလေတာ့၊

"ဟဲ့ သားႀကီး၊ မႀကီးမငယ္နဲ႔ ကေလးကို ဘာလို႔လိုက္ဖမ္းေနတာလဲ။ မေတာ္လဲျပဳသြားလို႔ရွိရင္ ဘယ္ေကာင္းမလဲ"

"ဘတ္စကတ္ေဘာ ကစားတာေလ၊ သူရွုံးတာကိုညစ္ေနလို႔ ေမေမရ"

"မဟုတ္ပါဘူး အန္တီ"

ခန့္ခန့္မွ အိေျႏၵရစြာ ခုံတြင္ျပန္ဝင္ထိုင္ရင္း မ်က္ႏွာခ်ိဳေသြးကာ ျပန္ေျပာလိုက္သည္။ အန္တီကေတာ့ သူကိုယုံစားဟန္ျဖင့္ တစ္စုံတရာ ဆူပူျခင္းမရွိ။ အဲ့လူႀကီးကိုသာ ေအာ္ေငါက္တာျဖစ္၏။ ဘာတတ္နိုင္ေသးလဲ လူစုတ္ႀကီးရဲ့။

ေဇယ်ာ မခံခ်င္စိတ္နဲ႔ ကေလးႏွင့္ တုရန္ျဖစ္ေနသည္ကို ေဒၚၾကည္ျပာ သေဘာက်လွသည္။ ဤသို႔ သူ႔သားႀကီး ေပါ့ေပါ့ပါးပါးရွိတာမ်ိဳး ျမင္ရခဲသည္ကိုး။
"ကဲပါ ကေလးနဲ႔တုၿပီး ရန္ျဖစ္မေနပါနဲ၊ အိမ္လာတဲ့ဧည့္သည္ဟာကို"

ေအာင္နိုင္သူအျပဳံးႏွင့္ ပန္းသီးကို တရႊမ္းရႊမ္းကိုက္စားေနေသာခန႔္ခန႔္က အားကိုးရွိေတာ့မိန႔္မိန႔္ႀကီးပင္။ ထိုအခိုက္ပင္ ကိုမိုးထက္ကားက ၿခံထဲသို႔ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ ဝင္လာေခ်ၿပီ။ အစ္မႏွစ္ေယာက္ပါ ဆင္းလာေလတာ လက္ထဲလည္း အသီးျခင္းေတာင္းႀကီးႏွင့္။ အားနာလို႔မ်ား အိမ္ရွင္အတြက္ လက္ေဆာင္ေတြဝင္ဝယ္ေနၾကသည္လား။ ခန႔္ခန႔္ေတာင္ မသိလိုက္ရပါေပ။

"ေဟာ ကိုမိုးထက္တို႔လည္း လာၿပီ"

အဲ့လူႀကီးက ဖုန္းကိုလက္ကခ်ရင္း ကားရပ္သည့္ေနရာထိ သြားႀကိဳသည္။

"အေတာ္ရွာလိုက္ရေသးလား ငါ့ညီတို႔"

"သိပ္မရွာရဘူးဗ်ာ၊ အသီးေလးေတြစားရေအာင္ ဝင္ၾကည့္ေနတာနဲ႔ ၾကာသြားတယ္"

"မဟုတ္တာဗ်ာ။ စာလာလုပ္တာ ဒါေတြမလိုပါဘူး။ ေမေမကေတာင္ မုန႔္ဟင္းခါးခ်က္ထားေသးတာ၊ စာလုပ္ရင္းမွ အဆာေျပစားၾကတာေပါ့။ ဒါကၽြန္ေတာ့္ေမေမ ေဒၚၾကည္ျပာတဲ့"

"အန္တီကအေခ်ာေနာ္"

သုံးေယာက္ကိုေခၚလာ႐ုံမက ခန႔္ခန႔္နားမွာ ရပ္ေနသည့္အန္တီႏွင့္ပါ မိတ္ဆက္ေပးသည္။ စကားမေျပာနိုင္ဘဲ ပန္းသီးနင္ေနသူမွာ သူတစ္ေယာက္တည္းသာ။ အန္တီကေတာ့ သေဘာေကာင္းသူမို႔ထင္သည္၊ သူ႔ကိုႀကိဳဆိုသည့္အတိုင္း တရင္းတႏွီးႏွင့္။

"မေျမႇာက္လည္း အန္တီကမုန႔္ေတြ ႀကိဳျပင္ထားၿပီးသားပါေနာ္။ ဒီသားေလးေတာင္ ေဆာ့လို႔ဝလို႔စားေနၿပီ"

"ကုန္ၿပီးလားေဟ့ ခန႔္ခန႔္ေရ"

ဒီေတာ့မွ ခန့္ခန့္က အသံထြက္ဖို႔ အားထုတ္လိုက္ရသည္။

"ငါးစိတ္က်န္ပါေသးတယ္ မမရ၊ လာ ... လာ"

သူ ခပ္ၿဖီးၿဖီးေလးေျပာေတာ့ အဲ့လူႀကီးက စိုက္ၾကည့္ေနသည္။ နာမည္အမွန္လည္း မေခၚခ်င္တာမို႔ တမင္မျမင္ခ်င္ေယာင္ေဆာင္လိုက္ေတာ့၏။ စာလုပ္ေတာ့လည္း အနားကပ္မထိုင္၊ အၾကည့္ခ်င္းလည္း မဆုံေစရ၊ လာၾကည့္လၽွင္လည္း တျခားသူေတြကိုသာ ေငးေနလိုက္သည္။

သူ႔အိမ္လာၿပီး သူ႔ကိုမျမင္ခ်င္ေယာင္ေဆာင္ရသည့္အျဖစ္က အေတာ္မလြယ္ေလမွန္း၊ ရယ္ခ်င္စရာေကာင္းေလမွန္း ခန႔္ခန႔္ ထိုညေနကမွ အေသအခ်ာသိေတာ့တာပင္။

....................

Business Plan တစ္ခုကို အေသးစိတ္ခ်ျခင္းက ထင္သေလာက္ေတာ့မလြယ္ေခ်။ ေဈးကြက္အေျခအေန၊ ကုန္ေဈးႏွုန္းအေျခအေန၊ ေနရာငွားရမ္းခ၊ အလုပ္သမားငွားရမ္းခအျပင္ အျမတ္ျပန္ရနိုင္မွုကိုပါ လအလိုက္ကိန္းဂဏန္းထြက္ေအာင္ တြက္ခ်က္ရတာမ်ိဳးျဖစ္သည္။ အေတြးႏွင့္တင္ ရင္းႏွီးလိုက္ေသာ ကိန္းဂဏန္းေတြက ဘယ္ႏွလၾကာလၽွင္ အရင္းေၾကပါမည္နည္း။

သူတို႔ငါးေယာက္အားႏွင့္ တစ္ပိုင္းစီခြဲကာ အၾကမ္းဖ်င္းသတ္မွတ္ၾကရေလသည္။

"ေနေတာင္ဝင္သြားၿပီေနာ္၊ ေဆာင္းရာသီက အခ်ိန္ကုန္လြယ္လိုက္တာ"

ေမသက္၏စကားေၾကာင့္ ၿခံထဲတြင္ပင္ စုထိုင္ေနၾကေသာသူတို႔လည္း ဟိုသည္ေမာ့ၾကည့္ၾကသည္။ စာရြက္အၾကမ္း၊ ေဘာပင္၊ ခဲတံ၊ လပ္ေတာ့တို႔ႏွင့္ ျပည့္ႏွက္ေနေသာစားပြဲကလည္း အတန္အသင့္ ရွုပ္ပြေနေခ်ၿပီ။ ေဇယ်ာ ခ်ာတိတ္ကိုပါ သတိထားၾကည့္လိုက္ေတာ့ မ်က္လုံးေတြက ခပ္စင္းစင္း။ ၾကာၾကာထိုင္ေနရေတာ့ ပ်င္းေနပုံလည္းရသည္။ အားလုံးလက္စသတ္ဖို႔သာေျပာၿပီး ႏွုတ္ဆက္ရေလ၏။

"ဒီေန႔ေတာ့ နားရေအာင္ေလ၊ ျပန္ၾကရဦးမွာနဲ႔ဆိုေတာ့"

"အစားအေသာက္ေတြ အမ်ားႀကီးခ်ေကၽြးလို႔ ေက်းဇူးပါ ကိုေဇယ်ာေရ"

"ရပါ့ဗ်ာ၊ ေအးေဆးသာျပန္ၾကပါ"

သည္လိုႏွင့္ မိန္းကေလးႏွစ္ေယာက္က အိမ္ေရွ႕တြင္ပင္ Taxi ေခၚၿပီးျပန္ၾကသည္။ ကိုမိုးထက္ကလည္း သြားစရာရွိေသးတာမို႔ ကားေပၚအေသာ့ႏွင္ေနေလ၏။ ခ်ာတိတ္တစ္ေယာက္လည္း သူ႔ပစၥည္းေတြသိမ္းၿပီး ျပန္ေတာ့မွာပင္။

နာမည္ေခၚခိုင္းသည္ကစလို႔ ဘာမွျပန္မေျပာေတာ့သည့္တိုင္ တစ္ခ်ိန္လုံးလည္း အၾကည့္ပဲလႊဲေနသည္။ မ်က္လုံးခ်င္းဆုံလို႔လည္းမရသလို၊ စကားလည္းသိပ္မေျပာေပ။ ရွုံးတဲ့သူကညစ္တာကို ျပန္ပဲစိတ္္ဆိုးေနတာလားမသိ။ ေဇယ်ာ စိုက္ၾကည့္ေနေသးတာကိုပင္ ဂ႐ုစိုက္ဟန္မျပဘဲ ျပန္ဖို႔လွည့္ထြက္သြားေလသည္။

"ေဟး ျပန္ေတာ့မလို႔လား"

"မျပန္လို႔ ဒီမွာအိပ္ရမွာလား"

"အိပ္မလား ကိုယ္..."

"အိပ္မေနဘူး၊ ရြဲ႕ေျပာတာ"

အဟုတ္ထင္လို႔ စီစဥ္ေပးမည္ေျပာမဆုံးေသး လူႀကီးကို ရြဲ႕သတဲ့ေလ။ သူအိပ္မည္ဆိုလည္း အိမ္မွာအခန္းလြတ္ရွိတာမို႔ ေဇယ်ာ့အတြက္ မခက္ခဲေပ။ ဒါမို႔ အလ်င္အျမန္ေျဖလိုက္တာကို ႏွုတ္ခမ္းမဲ့ကေျပာပုံက လူကိုေက်နပ္ေနသည့္ပုံမေပၚ။

"ေမွာင္ေတာ့မွာေနာ္၊ ဒီတိုင္းျပန္မလို႔လား။ မွတ္တိုင္ေရာက္ဖို႔ ေတာ္ေတာ္ေလၽွာက္ရဦးမယ္"

"ကားငွားျပန္မွာေပါ့ ဘာခက္လို႔လဲ"

"ဒီနားနဲ႔ဒီနားကို ေလး၊ ငါးေထာင္ေပးစီးမလို႔လား။ လိုက္ပို႔မယ္ေလ"

"ေတာ္ပါၿပီ၊ ေက်းဇူးေႂကြးတင္တာ မ်ားေနၿပီ"

ျပန္လွည့္ထြက္ကာ စိုက္စိုက္,စိုက္စိုက္ႏွင့္ တကယ္ႀကီးျပန္ေတာ့မည့္ပုံ။ ေဇယ်ာ့အဖို႔ လိုက္ပို႔လည္းအပမ္းမႀကီးပါေပ။ ညေနကားၾကပ္တာႏွင့္ဆို မိနစ္ႏွစ္ဆယ္ေလာက္ေတာ့ ၾကာနိုင္လိမ့္မည္ထင္၏။

"ဒါဆို ေက်းဇူးေႂကြးေတြေၾကေအာင္ မုန႔္ေကၽြးေလ၊ ဟိုတစ္ခါလို သင္တန္းကခ်ိဳခ်ဥ္ေတာ့ မလုပ္နဲ႔ေပါ့။ ကိုယ္ ကေလးမွမဟုတ္တာ"

ခ်ာတိတ္ ဟက္ခနဲရယ္လိုက္တာ အထင္းသား။ 'ဒါဆိုလိုက္ပို႔' ဟု ျပန္ေျပာေလေတာ့ အိမ္ထဲဝင္ၿပီး ကားေသာ့ႏွင့္ပိုက္ဆံအိတ္ အျမန္သြားယူရေလသည္။ ေမေမကေတာ့ ကေလးဆီက အနိုင္က်င့္ၿပီး မုန႔္မစားခ်င္စမ္းပါနဲ႔တဲ့ေလ ... ဘယ္သူကအတည္ႀကီးစားမယ္ ေျပာေနလို႔လဲဟုသာ ျပန္ေျပာလိုက္ခ်င္သည္။ တကယ္ဆို အဲလိုမွမုန႔္မေကၽြးခိုင္းရင္ ဟိုကေလးက လိုက္ပို႔ခံေတာ့မွာမဟုတ္။ အေၾကာတင္းေလးအေၾကာင္း ေဇယ်ာ နည္းနည္းေတာ့သိလာေခ်ၿပီေလ။

အိမ္ထဲကျပန္ထြက္ခဲ့ေတာ့ ဝန္းက်င္က အေမွာင္အတိ။ တိုင္မီးသီးဝါက်င့္က်င့္တို႔၏ အေရာင္က ကားကိုမွီကာရပ္ေစာင့္ေနေသာ ခ်ာတိတ္ေပၚသို႔ ျဖာက်လ်က္ရွိသည္။ အုတ္ခင္းထားသည့္အေပၚ ေျခေထာက္တထိုးထိုးႏွင့္ ေစာင့္ေနပုံက ၾကာလို႔မ်ားစိတ္မရွည္ေလေလ်ာ့သလား။ ေလာ့ခ္ခ်ထားသည့္ဖြင့္လိုက္၍ ကားဆီကအသံထြက္လာေတာ့မွ ေဇယ်ာ့ကို ေမာ့ၾကည့္ေတာ့သည္။

ကားတံခါးအနီးမွာ ရွိပါလ်က္ တကူးတကဖြင့္ေပးမိသူမွာလည္း သူပါပဲ။ အနားရွိတိုင္း ဂ႐ုစိုက္ေပးေနမိသည္က ကေလးမဟုတ္ေပမဲ့ ကေလးတစ္ေယာက္လို ခံစားေနရတာမို႔ပင္။ သူ႔ထက္လည္း ရွစ္ႏွစ္ေတာင္ငယ္သည္မလား။ ကားတံခါးဖြင့္ေပးလိုက္မွ ခပ္တည္တည္မ်က္ႏွာထားေလး ေျပေလ်ာ့သြားတတ္ေသာေၾကာင့္လည္း ပါ,ပါသည္။

အိမ္လမ္းၾကားကအထြက္ လမ္းမေပၚေရာက္သည္ႏွင့္ ကားမီးေရာင္ေပါင္းစုံကို စေတြ႕ရေလၿပီ။ သူတို႔ႏွစ္ေယာက္မွာျဖင့္ တိတ္ဆိတ္ေနဆဲ။ ေဇယ်ာသည္လည္း လိုက္ပို႔ခ်င္လို႔ မုန႔္စားဖို႔လက္ခံလိုက္တာျဖစ္ေပမဲ့ ကေလးဆီက တကယ္မစားခ်င္ပါေပ။

"အဲ့လူႀကီး ဘာစားခ်င္တာလဲ"

"ကိုယ့္ကို တကယ္ပဲ အဲ့လူႀကီးလို႔ ေခၚေနေတာ့မွာလား၊ ၾကားရတာ တစ္မ်ိဳးႀကီး"

ေမးသည္ကတျခား၊ ေျဖလာသည္ကတျခားမို႔ စိတ္ကမရွည္ခ်င္တာလားမသိ။ နဖူးေၾကာေတြတင္းကာ စိုက္ၾကည့္လာေလသည္။ ဒါကို ကားေမာင္းေနရင္းက ျမင္ျဖစ္ေအာင္ျမင္လိုက္ေသးတာပင္။

"ဘာျဖစ္လဲ။ ကၽြန္ေတာ့္ထက္ အသက္အမ်ားႀကီး ႀကီးတာပဲကို၊ အဲ့လူႀကီးေခၚတာ မဆန္းဘူး"

"၈ႏွစ္ေလးပါ ခ်ာတိတ္ရာ"

"၈ႏွစ္ကနည္းလား။ အဲ့လူႀကီး ၃တန္း၊ ၄တန္းေလာက္မွာ အရမ္းေဆာ့၊ ေစာ္ေတြဝိုင္းေနတဲ့အခ်ိန္မွာ ကၽြန္ေတာ္ကအူဝဲေတာင္ ေအာ္နိုင္ေသးရဲ့လား မသိဘူး"

အသက္ကြာပုံကို ခ်ာတိတ္ ကပ္သီးကပ္ဖဲ့ေျပာေတာ့ ေဇယ်ာ မရယ္ဘဲမေနနိုင္ေတာ့ၿပီ။

"ဟား ဟား ေကာင္မေလးေတြေတာ့ ဝိုင္းမေနပါဘူးကြာ၊ ခုထိေတာင္ မစြံေသးတာ"

"မျဖစ္နိုင္တာ"

"တကယ္ရည္းစားေတာင္ မရွိပါဘူးဆို"

ခ်ာတိတ္ မ်က္လုံးျပဴးသြားေလတာ အထင္းသား။ ပုခုံးတစ္ခ်က္တြန႔္သြားပုံကလည္း ယုံတာလိုလို၊ မယုံတာလိုလိုႏွင့္။ သူ႔အရြယ္ကိုၾကည့္ၿပီး ရည္းစားမရွိတာကို အံ့ဩေနပုံရသည္။

ေဇယ်ာ့အတြက္ေတာ့ အနာေဟာင္းရွိၿပီးသားသူမို႔ ခုေခတ္ကေလးေတြလို ရည္းစားထားရန္ လြယ္ကူမေနေတာ့ေပ။ လူတစ္ေယာက္ကို အစကစေလ့လာ၊ အကဲျဖတ္ၿပီး ခ်စ္ၾကည့္ရေအာင္ကလည္း ဝလုံးေရးတာက ျပန္စရမလိုျဖစ္ေနသည္။ စစ္မွန္ေသာလူတစ္ေယာက္ ေတြ႕ရဖို႔ ဘယ္ေလာက္ေတာင္ခက္ခဲလိုက္သလဲ။

"မင္းမွာေရာ ရည္းစားရွိလို႔လား ခ်ာတိတ္"

"မထားျဖစ္ပါဘူး၊ အခ်ိန္ေပးရမွာ ရွုပ္လြန္းလို႔။ ကဲပါ ... ခုကဘာမုန့္စားမွာလဲ"

စိတ္မရွည္သည့္ေလသံက စလာေလျပန္သည္။ ေဇယ်ာ လွည့္ၾကည့္ေလေတာ့ ျဖတ္သြားေနရသည့္ လမ္းမီးတိုင္အလင္းတို႔က ခ်ာတိတ္ေပၚ က်လိုက္မက်လိုက္ႏွင့္။ သို႔ေသာ္ မ်က္ႏွာဟန္ပန္ကို ေသခ်ာျမင္ေနရေသးသည္။ သူ႔အေပၚ မၾကည္လင္စရာ ဘာမ်ားရွိေနေသးသလဲမသိ။ သူ မာမာထန္ထန္ေျပာဖူးတာေတာင္ ပထမဆုံးေန႔က ေကာ္ဖီေမွာက္သည့္တစ္ခါပဲ ရွိခဲ့ဖူးသည္။ မဟုတ္မွ အဲသည္ကိစၥကို ခုထိအခဲမေၾကေသးတာမ်ားလား။

"ကိုယ့္ကို မၾကည္လင္တာ၊ စိတ္ခုေနတာမ်ားရွိလား"

"ဘာလို႔လဲ"

"စိတ္ထင္လို႔ပါ။ ပထမဆုံးေန႔က ေကာ္ဖီေမွာက္ၾကတဲ့ကိစၥဆိုရင္ေတာ့ ကိုယ္ပဲျပန္ေတာင္းပန္ပါတယ္။ အဲဒီေန႔က စာအုပ္ကလည္း အသစ္ႀကီးဆိုေတာ့..."

"အဲလိုမရွိပါဘူး၊ စိတ္ဆိုးေနရေအာင္ ကေလးလည္းမဟုတ္ဘူး။ မုန႔္စားမွာဆိုလည္း ေနရာေရြးပါ၊ စကားေျပာေနတာနဲ႔ အိမ္ျပန္ေရာက္ေတာ့မယ္"

တကယ္စိတ္ၾကည္သြားၿပီ ထင္ပါ၏။ သူ႔ကိုလွည့္ၾကည့္ကာ စကားကို ေပါ့ေပါ့ပါးပါးေျပာလာေလၿပီ။ ထိုင္ပုံထိုင္ဟန္ကလည္း အရင္ကလို ေတာင့္ေတာင့္ႀကီးမဟုတ္္ေတာ့။ သူ႔ကားေပၚတြင္ သက္ေတာင့္သက္သာႏွင့္ ေနသားက်ေနပုံရွိ၏။ သည္လိုမွပဲ ေဇယ်ာလည္း ႏွုတ္ခမ္းေလးေကြးကာ ျပဳံးနိုင္ေတာ့သည္။

"အိမ္ျပန္ပို႔ေနတာပဲေလ၊ ခုနကမုန႔္စားမယ္ဆိုတာ ကိုယ္စတာပါ။ မင္းလမ္းေလၽွာက္ေနမွာ စိတ္မခ်လို႔လိုက္ပို႔ေပးတာ ... ဒါ"

"ဟာ"

"ကဲ ... စကားဆုံးေအာင္ နားေထာင္ပါဦး။ မင္းေက်းဇူးေႂကြးမတင္ခ်င္တာ ကိုယ္သိတယ္။ အေႂကြးကို မုန့္မဟုတ္ဘဲ တျခားနည္းနဲ႔ဆိုရင္ေတာ့ ကိုယ္ အကူအညီေတာင္းခ်င္တဲ့ဟာ ရွိတယ္။ ေျပာရေကာင္းလား၊ မေကာင္းလားေတြးေနတာ"

ပြိဳင့္လည္းမိသြားတာမို႔ ညာေျခဖဝါးျဖင့္ ဘရိတ္ကိုျဖည္းျဖည္းခ်င္း ဖိနင္းလိုက္သည္။ ကားရပ္သြားၿပီဆိုမွ ခ်ာတိတ္ကိုငဲ့ၾကည့္ေတာ့ အၾကည့္ခ်င္းဆုံမိသြားေလၿပီ။ တစ္ညေနလုံး ေရွာင္ဖယ္ေနခဲ့သမၽွ သည္တစ္ႀကိမ္က အၾကာဆုံးစကၠန႔္တခ်ိဳ႕ပဲ ျဖစ္လိမ့္မည္။

"ဘယ္လိုမ်ိဳးႀကီးလဲ၊ ကၽြန္ေတာ္ မကူညီနိုင္တာမ်ိဳးျဖစ္ေနရင္ ဘယ္လိုလုပ္မလဲ"

"မင္း ေအးေဆးလုပ္နိုင္ပါတယ္၊ ဘာမွအပမ္းမႀကီးေလာက္ဘူးထင္တယ္"

တစ္မိနစ္မကက်န္ေသးသည့္ ပြိဳင့္ကိုနည္းနည္းမွျပန္လွည့္မၾကည့္ဘဲ ခ်ာတိတ္ကိုသာ တည့္တည့္ၾကည့္ရင္း ေျပာေနမိတာ ဟိန္းေဇယ်ာတစ္ေယာက္ပင္။ ေကာင္ေလးသည္လည္း သိခ်င္စိတ္တို႔ေၾကာင့္ အၾကည့္နည္းနည္းမွမလႊဲ။ သူ႔ေျပာလာမည့္စကားကို အေျဖရွာေနပုံရသည့္ အၾကည့္ေတြက ေဇယ်ာ့မ်က္ႏွာေပၚ လူးလားေခါက္တုံ႔ေနသေယာင္။

"ဟို ... ေျပာရင္ေတာ့ မင္းရယ္ခ်င္မလားမသိဘူး။ ကိုယ္ အဝတ္အစားဝတ္ရင္ မင္းတို႔လိုအျမင္မရွိဘူး။ တစ္မ်ိဳးဆိုတစ္မ်ိဳးပဲ ဝတ္တတ္ၿပီး အဲပုံစံကလည္း ကိုယ့္ကိုအသက္သုံးဆယ္ေက်ာ္ပုံ ေပါက္ေနေစတယ္ထင္တယ္"

"အဟင္း"

"ၾကည့္ ... ရယ္ေနၿပီ"

သည္တစ္ခါေတာ့ ေဇယ်ာ အၾကည့္လႊဲရင္း ညာေျခဖဝါးကို လီဗာဆီအသာတင္လိုက္ရသည္။ ပြိဳင့္လြတ္သြားၿပီျဖစ္သလို အေကြ႕မို႔ သတိႀကီးႀကီးထားကာ ျဖတ္ေနရတာပင္။

"အဲ့လူႀကီးက ကိုယ့္ကိုယ္ကိုယ္‌ေတာ့ သိသားပဲ။ ဝတ္စမ္းပါ ... လန္းတာေလးေတြ။ အသက္ကျဖင့္ သိပ္လည္းမႀကီးေသးဘဲနဲ႔"

"အဲဒါမို႔ အကူအညီေတာင္းမလို႔ေပါ့၊ ကိုယ့္မွာ ဖက္ရွင္အျမင္မွမရွိတာ။ မင္းကိုယ့္ကို ဘယ္လိုေတြဝတ္ရမယ္၊ ဘာေတြဝယ္ထားရမယ္ ေျပာေပးမလား။ လိုအပ္ရင္ ကိုယ့္အဝတ္အစားေတြ လိုက္ၾကည့္လို႔ရတယ္။ လိုတာေတြဆို အတူသြားဝယ္လို႔ရတယ္။ အဲဒါေလးပဲ ကူညီနိုင္မလား"

"ဟမ္ ... ကၽြန္ေတာ္လည္း အဲေလာက္ႀကီးမသိေနပါဘူး။ အဲလူႀကီးကိုလည္း ဆရာမလုပ္ခ်င္ပါဘူး"

"ကၽြမ္းက်င္တဲ့အပိုင္းေတြမွာ မသိရင္သင္ရမွာပဲ။ ႀကီးတယ္၊ ငယ္တယ္မရွိပါဘူး၊ ဒါမို႔ တပည့္ခံေနတာ။ ကိုယ္အရွက္ေျပေအာင္ ကူညီလိုက္ပါ။ မင္းကို သင္တန္းသြားတိုင္း ဝင္ေခၚေပးမယ္ေလ"

ေျပာလိုက္မွ ေခါင္းရွုပ္သြားဟန္ႏွင့္ ေနာက္ေက်ာမွီကို ခ်ာတိတ္မွီခ်လိုက္တာ ဗိုင္းခနဲ။ သူ႔အေပၚ တာဝန္ႀကီးတစ္ခု ပိုးေပးသလို ျဖစ္ေစမိၿပီလား။ မုန႔္ေကၽြးလိုက္တာမွ ပိုအလုပ္ရွုပ္သက္သာလိမ့္ဦးမည္ဟု ေတြးေနၿပီလားမသိ။

"ကိုယ္က ဒီတိုင္းေျပာၾကည့္တာပါ။ အဆင္မေျပရင္ ရတယ္ေနာ္။ ၿပီးေတာ့ ဝင္ေခၚေပးမယ္ဆိုတာက ကိုယ္လည္းအတန္းသြားရင္ မင္းအိမ္ကိုလမ္းၾကဳံေနတာပဲမို႔။ ေနပူ၊ မိုးရြာထဲလည္း လမ္းမေလၽွာက္ေစခ်င္လို႔"

"ဟို ... ကၽြန္ေတာ္ စဥ္းစားၾကည့္ပါဦးမယ္"

"စဥ္းစားမယ္"

အေမးသေဘာႏွင့္ ေဇယ်ာ ခြန္းတုံ႔ျပန္ေတာ့ ခ်ာတိတ္က ခါးပတ္ႀကိဳးျဖဳတ္လိုက္ရင္း ေသခ်ာေမာ့ၾကည့္လာသည္။

"အဝတ္အစားကိစၥနဲ႔ သင္တန္းအသြားအျပန္ကိစၥ"

ေဇယ်ာ့မ်က္ဝန္းတို႔ လက္ခနဲျဖစ္သြားေလးတာ ထင္ထင္ရွားရွား။ စဥ္းစားမယ္ဆိုတာႏွင့္ သည္ေလာက္ေပ်ာ္စရာအေရးလား ဟူ၍ပင္ သူ႔ကိုယ္သူ စမ္းသပ္ခ်ိန္မရလိုက္ေပ။ အဘယ့္ေၾကာင့္ဆိုေသာ္ မနက္ျဖန္အတြက္အေတြးက အရင္ဆုံးဝင္ေရာက္လာ၍ျဖစ္၏။

"ဒါဆို ကိုယ့္ကို မင္းဖုန္းနံပါတ္ေပးထား"

ဖုန္းထိုးေပးလိုက္သည္ႏွင့္ ထိုခ်ာတိတ္ကလြယ္အိတ္လြယ္ရင္း အေမးရွိသည္က-

"ဘာကိစၥ!" တဲ့ေလ။

"မနက္ျဖန္ လာႀကိဳရ၊ မႀကိဳရသိဖို႔ ဖုန္းဆက္ရမယ္ေလ"

"ၿပီးေရာ"

ဖုန္းကို Missed call ေပးေခၚရင္း ခ်ာတိတ္က သူ႔လက္ထဲျပန္ထည့္ေပးသည္။ ၿပီးေနာက္ မ်က္လုံးကိုစူးစူးစိုက္စိုက္ၾကည့္ကာ ဒါပဲမလားတဲ့။ သူတို႔သည္ေန႔ေလာက္ အၾကည့္ခ်င္းဆုံျဖစ္ၾကတဲ့ေန႔ရယ္လို႔ မရွိဖူးလို႔ပဲမသိ၊ စိတ္ထဲပိုရင္းႏွီးလာသလို ခံစားၾကရတာအမွန္ပင္။ ေကာင္ေလးလည္း မ်က္ႏွာေၾကာမတင္းေတာ့သလို ေဇယ်ာလည္း ျပဳံးတတ္စျပဳလာေခ်ၿပီ။

အခုေတာ့လည္း ေတြ႕စက ကေတာက္ကဆျဖစ္ခဲ့ၾကသည္မွာ သူတို႔ႏွစ္ေယာက္မဟုတ္သည့္ႏွယ္ .. ။

(16/9/2020)

•••••••••••••••••••••••••••••••••••••••••••••

Bạn đang đọc truyện trên: Truyen3h.Co