Part-12
<Unicode>
နွေဦးရာသီဖြစ်သည့်အလျောက် ရော်ရွက်ဝါတို့က လမ်းပေါ်တွင် အဖွေးသား။ တက်သစ်စ ရွက်သစ်တို့မှာလည်း အစီအရီနှင့် တိုးလုစွာ။ မိန်ရာသီ၏ မြင်ကွင်းတို့ကား နှစ်သက်ဖွယ်ပင်။
သို့သော် သည်ရာသီရောက်ပြီဆိုသည်နှင့် နောက်မှတစ်ခါတည်း ကပ်ပါလာသော စာမေးပွဲများကိုတော့ ခန့်ခန့် သဘောမကျမိ။ ဆယ်တန်းအရွယ်ထဲကပင် ဒီရာသီဆို လွမ်းသလို၊ ဆွေးသလိုနှင့် စာကျက်ရသည်မှာ ယခုထိ မပြီးနိုင်သေး။ ဤသို့နှင့် ပထမနှစ်ဝက်စာမေးပွဲ (midterm exam) နီးလာပြန်၍ သူ စာကို ရက်ဆက်ပြန်ကြည့်နေရလေပြီ။ သို့သော် ဇေယျာ့အိမ်သို့လည်း PowerPoint ပြင်ဖို့ သွားရသေး၏၊ အဝတ်အစား၊ အပြင်အဆင်တွေလည်း ကြည့်ပေးရင်းပေါ့။
နဂိုဂျစ်သည့် တစ်ဦးတည်းသောသား ခန့်ခန့်မှာ သည်းခံတတ်သည့် ဇေယျာ့ပေါ်တွင် ပိုလို့ဆိုးတတ်သည်။ သူတစ်ခွန်းဆို ကိုယ်နှစ်ခွန်းပြန်ပြောရမှ ကျေနပ်သူ။ တွေ့စကလို သူစိမ်းဆန်နေခြင်းမျိုး မရှိတော့ဘဲ ပြောချင်ရာပြော၊ လုပ်ချင်ရာလုပ်လို့ရသည့် ဆက်ဆံရေးမျိုး ဖြစ်လာပြီပင်။
သို့သော် ခန့်ခန့် ဘယ်လောက်ဂျစ်ဂျစ် ဇေယျာ သည်းခံရှာတော့ သူ့အတွက် အစ်ကိုတစ်ယောက်ရသလို ခံစားလာရသည်။ တစ်ဦးတည်းသောသားမို့ ကိုယ့်ထက်ကြီးသည့် အစ်ကိုရှိလျှင်လည်း ဇေယျာလို အလိုလိုက်လိမ့်မည်ဟု သူ တွေးမိ၏။ ဒါပေသိ ခန့်ခန့် အစ်ကိုတစ်ယောက်သဖွယ် ခံစားရသည်ကိုတော့ ထုတ်မပြောဖြစ်ပါပေ။
သည်လိုနှင့် ဖေဖော်ဝါရီလ၏ တတိယအပတ် Business plan presentation လုပ်ရမည့်နေ့သို့ ရောက်လာလေပြီ။ ပြိုင်ပွဲနေ့ဆိုသည့်စိတ်ကြောင့် အားလုံးမှာ တတွတ်တွတ်နှင့် စိတ်လှုပ်ရှားမဆုံးကြ။ ထိုင်ခုံနေရာကအစ ပုံမှန်လိုမဟုတ်။ ကိုယ့်အဖွဲ့နှင့်ကိုယ် စုထိုင်ကြသည်။ ဘာမှမစသေးခင် Presentation လုပ်ရမည့်သူကို မှာချင်ရာမှာနေကြသည့်အချိန်ပင်။
"အဲ့လူကြီး စိတ်လှုပ်ရှားနေပြီလား"
"အင်း နည်းနည်း"
ကျန်သုံးယောက်က ရှေ့တန်းတွင်စကားပြောနေကြတာမို့ အဲ့လူကြီးနှင့်သူကတော့ လေပေါလို့ကောင်းနေသေးသည်။ ရှေ့ထွက်ပြောရမည့်သူကလည်း နည်းနည်းစိတ်လှုပ်ရှားတယ်သာပြောသည်။ ပုံစံကြည့်တော့ အေးဆေးနေတာမှ အကဲဖြတ်မည့်ဆရာ့ထက်တောင် ပိုတည်ငြိမ်နေသလို။ ပြိုင်ပွဲနေ့အတွက် အဝတ်အစား၊ အသုံးအဆောင်ကအစ သုံးမျိုးလောက်ရှိသည့် ရေမွှေးအဆုံး ခန့်ခန့်က အားလုံးပြင်ဆင်ပေးတာပင်။ အားလုံးရှေ့ထွက်ရမည့်သူ၏ ပုံပန်းသည် တည်ကြည်ခန့််ညားနေမှ ဖြစ်မည်မလား။
"စိတ်မပူပါနဲ့။ အသေးစိတ်နဲ့ အကောင်းဆုံးလုပ်ထားတာပဲဟာ။ ပြီးတော့ PowerPoint လည်း ပုံတွေ၊ စာတွေနဲ့ ရှင်းရှင်းလင်းလင်းဖြစ်အောင် ရှယ်ပြင်ပေးထားတယ်လေ။ စိတ်ချ ... ကျွန်တော်တို့ ပထမရမှာ"
"ဟုတ်ပါပြီ ချာတိတ်လေးရယ်"
၁၉နှစ်အရွယ်ကောင်လေးက အားပေးသည်ကို ၂၇နှစ်အရွယ်ဇေယျာက ကျေနပ်စွာ လက်ခံယူနေသည့်အဖြစ်။ တစ်ယောက်ကိုတစ်ယောက် ဘယ်လိုနာမ်စားခေါ်ခေါ် အသားကျသွားကြပြီပင်။ နာမည်မခေါ်ချင်လည်း အဆင်ပြေတယ်ဆိုတာမျိုး သူတို့အတွေးထဲ ရှိသွားကြ၏။ တစ်ယောက်ကလည်း အဲ့လူကြီးပဲ နေရာမရွေးခေါ်သလို၊ တစ်ယောက်ကမူ ချာတိတ်ပါပဲ။
ပိုရင်းနှီးလာသည်နှင့်အမျှ စကားပြောရတာလည်း ပိုအဆင်ပြေလာသည်။ အထူးသဖြင့် ခန့်ခန့်ပေါ့။ သူ စိတ်မကြည်ခဲ့တုန်းက ဂျစ်တစ်တစ်ပြောတတ်ပေမဲ့ အခုဆို လည်ပင်းပေါင်းဖက် သူငယ်ချင်းလို ပြောချင်ရာထုတ်ပြောလာသည်။ ရှစ်နှစ်ကြီးလို့လည်း ရှိန်မနေတော့သလို သဘောကောင်းသူကလည်း ဘာပြောပြော လုပ်ပေးရှာသည်ကိုး။
"ဪ ... မေ့တော့မလို့၊ ခုနက အဲ့လူကြီးအနောက်သွားနေတုန်း တီချယ်လေးပြောသွားတာရှိတယ်။ နောက်လကျရင် ငပလီဖက်က ကိုယ်ပိုင်လုပ်ငန်းတွေ လေ့လာရင်း အပန်းဖြေခရီးထွက်ကြမှာတဲ့၊ လိုက်မှာဆို စာရင်းကြိုပေးတဲ့။ အဲ့လူကြီးလိုက်မှာလား"
"ချာတိတ် လိုက်မှာလား။ လိုက်မှာဆို ကိုယ့်ဖို့ပါစာရင်းပေးခဲ့နော်"
အဲ့လူကြီး၏စကားကြောင့် ခန့်ခန့် စိတ်နှလုံးအေးချမ်းရပြန်သည်။ ကိုယ်လိုက်မှလိုက်မည်ဆိုတာမျိုးက ကိုယ့်ကအလေးထားခြင်း၊ ခင်မင်ခြင်းကို ရည်ညွှန်းသည့်အဓိပ္ပါယ်လေပဲမလား။ စာကြည့်နေသောအဲ့လူကြီးကို သဘောကျစိတ်ဖြင့် ကြည့်မိတာ ပြုံးတုံ့တုံ့။ ဘယ်သူမှတော့ မမြင်ပါလေ။
"ဒါဆို အပြန်ကျ တီချယ်လေးကို သွားပေးလိုက်မယ်"
"အင်း"
ပွဲစဖို့က ဆယ်မိနစ်လောက်သာ ကျန်တော့တာမို့ ဇေယျာမှာ ခန့်ခန့်ကိုအာရုံသိပ်မရလှတော့။ မှတ်စုထုတ်ထားသည့် စာရွက်ကိုသာ အကြည့်မလွှဲဘဲ ရှိလှသည်။ ဒါကို ခန့်ခန့်ဆိုသည်မှာလည်း ပြောစရာတွေမကုန်နိုင်သေး။ ခင်သွားတော့လည်း မာနမရှိ၊ ဘေးကနေ တတွတ်တွတ်ပြောချင်လာတာ သူငယ်ချင်းလို ခံစားလာရ၍သာဖြစ်မည်။
"အဲ့လူကြီး ... အဲ့လူကြီး"
"အင်းအင်း ပြော၊ ဘာဖြစ်ရတာလဲ"
သူစကားပြောချင်လျှင် ဇေယျာ့တံတောင်နားကို ဆွဲပြီးပြောတတ်တာ အကျင့်တစ်ခုသဖွယ် ဖြစ်လာလေပြီ။ စာကြည့်နေသူကလည်း သည်တော့မှ ဂရုတစိုက်လှည့်ကြည့်တာဖြစ်၏။
"နောက်အပတ်ကစပြီး ကျွန်တော်သုံးပတ်လောက် အတန်းတွေပျက်ရမယ်ထင်တယ်။ တီချယ်လေးကို ခွင့်ပါတစ်ခါတည်း တင်ခဲ့ရင်ကောင်းမလား"
"ဟမ် ... ၃ပတ်ကြီးတောင်၊ ဘာလို့လဲ"
"ကျွန်တော်တို့ နှစ်ဝက်စာမေးပွဲဖြေတော့မှာ၊ စာကျက်ချိန်ယူရတော့မယ်"
အတန်းပျက်မည်ဆိုတာနှင့် နှစ်ယောက်သား မျက်နှာညှိုးစွာ စကားပြောနေမိကြသည်ကိုပင် သတိမထားမိ။ အကျိုးအကြောင်းသာ ပြောဖြစ်နေကြသည်။
"စာကျက်ဖို့က အဲလောက်တောင်လိုလို့လား ချာတိတ်ရ။ သင်တန်းက ပိတ်ရက်လေးတက်ရတာကို။ ကိုယ်တို့တုန်းကဆို One subject, One night ချတာ"
"အဲလိုမရဘူး။ Private study မပေးမချင်း ကျောင်းကသွားနေရဦးမှာလေ။ အဲတော့စာကျက်ချိန်ဆိုလို့ ပိတ်ရက်လေးပဲရှိတာ။ သင်တန်းလာရင် တစ်နေကုန်နီးပါး အချိန်အလဟဿဖြစ်တယ်။ ကျွန်တော်ဒီနှစ် Roll ထပ်လျှောလို့မဖြစ်ဘူး၊ လိုချင်တာတွေရှိတယ်"
Roll တက်မှ တောင်းချင်တာတွေ တောင်းရမည်ဟုတေးထားသောစိတ်ကြောင့် ခန့်ခန့်အပြတ်ကြိုးစားနေတာပင်။ ခုတလောဆို ဂိမ်းတောင်ဖြတ်ထားရသည်။
"ခု Rollက ဘယ်လောက်မို့လဲ။ လူတွေကရော အများကြီးလား"
"လူက 400 ဝန်းကျင်လောက်ပါပဲ။ ဒီနှစ် Rollက 3CS-16"
သူပြောသည်ကို အံ့ဩခြင်းကြီးစွာဖြစ်သွားသော အဲ့လူကြီးပါပေ။ ဟိုတစ်ခါ ကျောင်းမှာပထမရတယ်ပြောတုန်းကလို မျက်ဝန်းမျိုး။ တောက်ပသွားအရိပ်အယောင်နှင့် အံ့ဩခြင်းတို့ကို တွဲလျက်တွေ့ရတာပင်။
"ဘုရားရေ! လူအယောက် ၄၀၀ မှာ ၁၆ ရတာကို မင်းက စိတ်ညစ်တဲ့လေသံနဲ့ ပြောနေတာလား။ အမှန်တိုင်းပြောရရင် စာတော်တယ်ဆိုပေမဲ့ အဲလောက်ထင်မထားမိဘူး"
"လူကိုများ အထင်သေးလို့။ ဂိမ်းဆော့တော့ မထင်ထားတာလို့ ထည့်ပြောလိုက်ပါဦး အဲ့လူကြီး"
"ဟုတ်ပါပြီကွာ၊ အထင်မသေးရဲတော့ပါဘူး။ ဒါဆို ငပလီလိုက်ဖို့က မှီပါ့မလား"
"မှီတယ်၊ နောက်လမှဆိုတော့ စာမေးပွဲအပြီးလောက်ပဲ၊ ကွက်တိ!"
တစ်လကျော်နီးပါး ပင်ပန်းရမှာကြိုတွေးပြီး ပျင်းမိသော်လည်း သင်တန်းကလူတွေနှင့်၊ အထူးသဖြင့် အဲ့လူကြီးနှင့် ခရီးသွားရမည်ဆိုတော့ တော်တော်ပျော်ဖို့ကောင်းမှာပဲလို့ တွေးပျော်ရသေးသည်။ အဖွဲ့လိုက်ထွက်သည့်ခရီးအပြင် သူပြောသမျှ လုပ်တတ်သောအဲ့လူကြီးပါ လိုက်မယ်ဆိုတော့ သိပ်ပျော်ဖို့ကောင်းတာပင်။
"မင်းမရှိရင်တော့ ကိုယ်အတန်းတက်ရမှာ ပျင်းစရာကြီး"
တကယ့်တကယ် ရင်းနှီးပြီ၊ ခင်စရာလည်း ကောင်းနေပြီဆိုသည့်အချိန်မှ အတန်းပျက်ရမည်ဆိုတာမျိုး သူလည်းမဖြစ်ချင်ပါပေ။ သိို့သော် ကျက်ရမဲ့စာတွေ၊ တွက်ရမဲ့စာတွေက သိပ်များသည်။ သင်တန်းကလည်း ကျောင်းပိတ်ရက်နာရီပိုင်းသာ တက်ရတာပေမဲ့ သွားတာလာတာနှင့် အချိန်အတော်ကုန်သည့်အဖြစ်။ စာများကျက်လိုက်လျှင် တစ်ခန်းဆိုတစ်ခန်း အပြီးဖြတ်နိုင်လိမ့်မည်ပင်။
အဲ့လူကြီး၏ဝမ်းနည်းနေမှုကိုတော့ ခန့်ခန့် လူကြီးလေးလုပ်ကာ ကျောအသာပုတ်ပေးလိုက်၏။ တစ်ခါတလေ ဖုန်းပြောတာပေါ့ဟူသော နှစ်သိမ့်စကားကိုလည်း ကတိအသွင် ပေးလိုက်လေပြီ။ စာမေးပွဲပြီးမှသာ ငပလီသွားဖို့ အဝတ်အစားနှင့်လိုတာတွေ တစ်ခေါက်ဝယ်ကြဦးမည်ဟုလည်း စိတ်ထဲတေးထားလိုက်သည်။
ခဏအကြာတွင် ပြိုင်ပွဲစလေတော့ သူတို့တစ်တန်းလုံး ငြိမ်သက်သွားကြလေတာ ဟိန်းဇေယျာ၏ခံစားချက်တချို့အတိုင်း။
.......................
...................
အုံ့မှိုင်းနေသောကောင်းကင်ကြီးက ပတ်ပတ်လည်မည်းမှောင်နေသည်။ ကားတွင်းမှလှမ်းကြည့်ရင်းတောင် မိုးပြိုတော့လေမလား ထင်ရလောက်သည့် တိမ်စိုင်မည်းကြီးတွေက ဘယ်ဆီကြည့်ကြည့်။ နွေဦးကိုကြိုသိမိုးပေပဲလား၊ ဒါမှမဟုတ် ခဏနှင့်ပျောက်ကွယ်သွားမည်လား။ ရွာမယောင်ရှိတော့သည့်မိုးကြောင့် လမ်းပေါ်တွင်လည်း ကလေးတချို့ သုတ်ချေတင်ပြေးတဲ့သူက ပြေးနေကြသည်။
ပြေးနေကြတယ်ဆိုမှ မိုးရေထဲပြေးခဲ့ဖူးသည့် မာနခဲလေးအား မဆီမဆိုင် သတိရမိပြန်သည်။ မတွေ့ရတာ ဆယ်ရက်နီးပါး ရှိလေလို့ပဲလားမသိ၊ အကြောင်းတိုက်ဆိုင်တိုင်း သတိရနေတတ််တာပင်။
တစ်ခုခုဆို လွယ်လွယ်လက်မခံတတ်သည့် ချာတိတ်၊ နမော်နမဲ့ ပျာယာခတ်နေလျှင်တောင် ချစ်ဖို့ကောင်းသည့်ချာတိတ်၊ သူ့ကိုချစ်တဲ့သူတွေဆိုလည်း နှစ်လိုဖွယ်အပြုံးနှင့် ဂျစ်တိုက်တတ်သည့် ချာတိတ်လေး ... အခုချိန် ဘာတွေများလုပ်နေပါမည်လဲ။ တွေးသာတွေးလိုက်ရသည်၊ သေချာပေါက် စာကျက်နေဖို့ကများသည်။
အရင်ရက်တွေက လိုင်းများသုံးလေမလား ရှာကြည့်တော့ ဆိုရှယ်မီဒီယာနားထားသည်တဲ့လေ။ ဂိမ်းတောင်ဖြတ်ပြီး စာလုပ်နေလေသတဲ့။ အပြင်မှာမတွေ့ဖြစ်ပေမဲ့ ပုံမှန်ဆို လိုင်းပေါ်စကားပြောဖြစ်ကြသေးသည်။ အခုတော့ သတိရသလိုရှိလျှင် ဖုန်းဆက်ကြည့်မိတာချည်း။ ဆက်မိတိုင်းလည်း စာတွက်နေတယ်၊ စာကျက်နေတယ်ဆိုတာချည်း သိရတော့ အနှောင့်အယှက်မဖြစ်ဖို့အရေး သူဖုန်းဆက်မခေါ်ဖြစ်တော့ပေ။
ကားမောင်းရင်း လမ်းဆုံက ဟော့ပေါ့ဆိုင်ရောက်တော့ နောက်ဆုံးတွေ့ခဲ့ကြသည့်နေ့ကို ပြန်ပြောင်းသတိရပြန်သည်။
နောက်ဆုံးနေ့ ... သူတို့ Presentation လုပ်ကြသည့်နေ့ ... ပထမဆုလည်း ဆွတ်ခူးခဲ့ကြသည့်နေ့ပေါ့။
ဆရာက သူတို့အဖွဲ့၏တင်ပြမှုတွေကို သဘောကျသည်ဟု အသေအချာ ချီးကျူးခဲ့သည်။ လက်တွေ့ကျသလို အကျိုးအမြတ်လည်း များများပြန်ရနိုင်တာ ထင်ပေါ်သည်ဆိုတော့ အားလုံးပျော်ခဲ့ရတာပင်။ ချာတိတ်၏ PowerPoint မှာလည်း ရှင်းလင်းပြီး ပုံအထောက်အထားနှင့်တကွဖြစ်တာမို့ ကြည့်ရတဲ့သူတွေကို မငြီးငွေ့စေဘူးဆိုတာကို သေချာပေါက်ပြောသွားခဲ့သေးသည်။ ကွန်ပျူတာကျောင်းသား ချာတိတ်ကလေး အဖွဲ့ထဲပါခြင်း၏ အကျိုးကျေးဇူးတွေပဲပေါ့။
ထိုနေ့က ဆုရသည့်အထိမ်းအမှတ် သူတို့ဟော့ပေါ့သွားစားဖြစ်ကြသည်။ ထုံးစံအတိုင်း ကိုမိုးထက်နှင့် မိန်းကလေးနှစ်ယောက်က တစ်စီး၊ သူနှင့်ချာတိတ်က တစ်စီးပေါ့လေ။ ဆောင်းလက်ကျန်ရက်တွင် စားရသည့်ဟော့ပေါ့မို့ သိပ်လည်းပူပူလောင်လောင် မဖြစ်လှ။ ပင်လယ်စာ၊ အသားစုံ၊ အသီးအရွက်တို့ကို ဘူဖေးရသည့်ဆိုင်မို့ ချာတိတ်ကတော့ စားရတာသိပ်ကြိုက်သတဲ့လေ။
ငါးယောက်သား စကားတွေပြောမကုန်၊ ဟာသတွေလုပ်ပြောကြရင်းက ငပလီခရီးစဉ်အတွက်ပါ ကြိုပြောကြနှင့် အဆူညံဆုံးစားပွဲဝိုင်း ဖြစ်ခဲ့သည်။ ပထမဆုရကြောင်းလည်း ဓာတ်ပုံတွေရိုက်၊ ပြီးလျှင် Facebook ပေါ်တင်ကြရင်း ကိုယ်စီအလုပ်ရှုပ်ခဲ့ကြသော နေ့တစ်နေ့ပဲမလား။
ထိုနေ့က ပုံမှန်ထက်ပိုတိတ်ဆိတ်နေခဲ့သူမှာ ဟိန်းဇေယျာတစ်ယောက်သာ။ ဒါပြီးလျှင် ချာတိတ်အတန်းနားမှာမို့ စိတ်ထဲပျင်းရိသလိုလို၊ ခံစားချက်မကောင်းသလိုလို။ ကိုယ့်ကိုယ်ကိုယ်လည်း နားမလည်နိုင်၊ ခင်မင်သွားလျှင် စွဲလန်းတတ်သည့်စိတ်ကြီးက အတော်ဖျောက်ရခက်သည့်အမျိုး။
အားလုံးစားသောက်ပြီးလို့ ချာတိတ်ကိုအိမ်ပြန်ပို့တော့ သူတို့နှစ်ယောက်သား စကားခဏပြောဖြစ်ကြသေးသည်။ အိမ်ရှေ့ရောက်ပေမဲ့ အိမ်ထဲမဝင်စေချင်သေးသူနှင့် မဝင်သေးလည်း ရပါတယ်ဆိုကာ ဆက်ထိုင်နေခဲ့သူ။ ဘာရယ်မဟုတ်၊ ထိုင်ပြောဖြစ်ကြသည့်စကားတွေက သူ့ကျက်မှတ်ရမည့် ကျောင်းစာအကြောင်းဖြစ်သလို၊ ဇေယျာ့ဝတ်ရမည့် အဝတ်အစားပုံစံတွေအကြောင်းပင်။ အထူးတလည်မဟုတ်၊ မသိလည်းဖြစ်သောအကြောင်းတွေက အရေးကြီးပြောစရာတွေလို ခြံရှေ့အမှောင်ရိပ်အောက်ရှိ ကားပေါ်မှာပင် ပြောဖြစ်ခဲ့ကြတာ နာရီဝက်နီးပါးကြာသည်အထိ။
ပြီးမှသာ စာမေးပွဲရှိသူကို အားပေးစကားပြောရင်း အိမ်ထဲလွှတ်လိုက်ရလေသည်။ အပြုံးနှင့်နှုတ်ဆက်သွားသောချာတိတ်အား အိမ်ထဲဝင်သွားသည်အထိ ကြည့်နေမိသောဇေယျာမှာ ထိုနေ့ကတည်းက အမျိုးအမည်အတိအကျ မခေါ်ဝေါ်နိုင်သောခံစားချက်တချို့ ဖြစ်ပေါ်လာသည်။ အခုနေပြန်တွေးကြည့်တော့လည်း စိတ်ထဲဟာတာတာဖြစ်သလိုလို၊ ဝမ်းနည်းသယောင်ရှိသလိုလို။
သည်ဝေဒနာသည် အချိန်ကြာလာလေ အမြစ်မြန်မြန်တွယ်လာလေ ဖြစ်မှန်းကို သူ ထိုနေ့ကမရိပ်မိခဲ့တာအမှန်ပါပဲ။
မတွေ့ဖြစ်သည့် ဆယ်ရက်နီးပါးအတွင်း အတန်းတက်လျှင် ဘေးမှာစကားလှည့်ပြောစရာလူမရှိ၊ ဆရာရေးပြသည့် စာလုံးသေးသေးကလေးတွေကို ပြန်ပြပေးစရာ လူမရှိ၊ မှတ်ရန်မမှီလိုက်သည့် ဥပမာတချို့ကို ပြန်တိုက်စစ်စရာလူမရှိ၊ နားချိန်ပေးလျှင် ကော်ဖီအတူတူသောက်စရာ လူမရှိ။ အကျင့်သဖွယ်ဖြစ်လာသော လုပ်ထုံးတချို့မှာ ကိုယ်တစ်ယောက်တည်းဆိုတော့ ယောင်ချာချာနှင့်။
ကားတွေကပိတ်၊ အတွေးတွေကများနှင့် စိတ်ထဲတွင် ဟာလာဟင်းလင်းဖြစ်လာတော့ အထီးကျန်တာလိုလို၊ အဖော်မဲ့နေတာလိုလို။ အလုပ်မှာလည်း ပင်ပန်းလာပြီးသားမို့ ကားပိတ်ရင်းအပျင်းပြေ FM ဖွင့်ကြည့်လိုက်သည်။ လာနေသည့်သီချင်းကစ သူ့ကိုအခြေအနေမပေးပါ။ ဦးထီး၏ "ရေဒီယို ကမာရွတ်" သီချင်းက ချာတိတ်ကိုပိုသတိရသွားစေသယောင်။
🎵 ဟိုဖက်အိမ်က ညတိုင်း၊ ညတိုင်း စာအကျယ်ကြီး ကျက်တတ်တဲ့ ၁၀တန်းကျောင်းသူကို..
ကျွန်တော်တို့အဖွဲ့က ချစ်စနိုးလေးနဲ့
ရေဒီယို ကမာရွတ်လို့ မှည့်ထားတယ်..
အိုး..ရေဒီယို ကမာရွတ်ရေ့
ကြိုးစားလိုက်စမ်းကွယ်..
Dတွေနဲ့ အောင်ဖို့ ဆုတောင်းပေးမယ့်သူတွေရှိတယ်
အိုး..ရေဒီယို ကမာရွတ်ရေ့
စိတ်မဆိုးလိုက်နဲ့ကွယ်
စာတွေမကျက်နိုင်ရင် ဝမ်းနည်းရမယ့်သူတွေရှိတယ် 🎵
သီချင်းကပင် တိုက်တိုက်ဆိုင်ဆိုင်။ ဘယ်လိုပဲဖြစ်ဖြစ် သူလည်းချာတိတ်လိုချင်သည့် Roll ရဖို့၊ ဂုဏ်ထူးများစွာနှင့်အောင်ဖို့ ဆုတောင်းပေးနေမိပါ၏။ ကောင်းကင်ကို တဖန်မော့ကြည့်တော့ မိုးသားတွေဘယ်ပြေးပြီမသိ၊ ခပ်ကျဲကျဲသာ ရှိလေတော့သည်။
••••••••••••••••••••••••••••••••••••••••
<Zawgyi>
ေႏြဦးရာသီျဖစ္သည့္အေလ်ာက္ ေရာ္ရြက္ဝါတို႔က လမ္းေပၚတြင္ အေဖြးသား။ တက္သစ္စ ရြက္သစ္တို႔မွာလည္း အစီအရီႏွင့္ တိုးလုစြာ။ မိန္ရာသီ၏ ျမင္ကြင္းတို႔ကား ႏွစ္သက္ဖြယ္ပင္။
သို႔ေသာ္ သည္ရာသီေရာက္ၿပီဆိုသည္ႏွင့္ ေနာက္မွတစ္ခါတည္း ကပ္ပါလာေသာ စာေမးပြဲမ်ားကိုေတာ့ ခန့္ခန့္ သေဘာမက်မိ။ ဆယ္တန္းအရြယ္ထဲကပင္ ဒီရာသီဆို လြမ္းသလို၊ ေဆြးသလိုႏွင့္ စာက်က္ရသည္မွာ ယခုထိ မၿပီးနိုင္ေသး။ ဤသို႔ႏွင့္ ပထမႏွစ္ဝက္စာေမးပြဲ (midterm exam) နီးလာျပန္၍ သူ စာကို ရက္ဆက္ျပန္ၾကည့္ေနရေလၿပီ။ သို႔ေသာ္ ေဇယ်ာ့အိမ္သို႔လည္း PowerPoint ျပင္ဖို႔ သြားရေသး၏၊ အဝတ္အစား၊ အျပင္အဆင္ေတြလည္း ၾကည့္ေပးရင္းေပါ့။
နဂိုဂ်စ္သည့္ တစ္ဦးတည္းေသာသား ခန့္ခန့္မွာ သည္းခံတတ္သည့္ ေဇယ်ာ့ေပၚတြင္ ပိုလို႔ဆိုးတတ္သည္။ သူတစ္ခြန္းဆို ကိုယ္ႏွစ္ခြန္းျပန္ေျပာရမွ ေက်နပ္သူ။ ေတြ႕စကလို သူစိမ္းဆန္ေနျခင္းမ်ိဳး မရွိေတာ့ဘဲ ေျပာခ်င္ရာေျပာ၊ လုပ္ခ်င္ရာလုပ္လို႔ရသည့္ ဆက္ဆံေရးမ်ိဳး ျဖစ္လာၿပီပင္။
သို႔ေသာ္ ခန့္ခန့္ ဘယ္ေလာက္ဂ်စ္ဂ်စ္ ေဇယ်ာ သည္းခံရွာေတာ့ သူ႔အတြက္ အစ္ကိုတစ္ေယာက္ရသလို ခံစားလာရသည္။ တစ္ဦးတည္းေသာသားမို႔ ကိုယ့္ထက္ႀကီးသည့္ အစ္ကိုရွိလၽွင္လည္း ေဇယ်ာလို အလိုလိုက္လိမ့္မည္ဟု သူ ေတြးမိ၏။ ဒါေပသိ ခန့္ခန့္ အစ္ကိုတစ္ေယာက္သဖြယ္ ခံစားရသည္ကိုေတာ့ ထုတ္မေျပာျဖစ္ပါေပ။
သည္လိုႏွင့္ ေဖေဖာ္ဝါရီလ၏ တတိယအပတ္ Business plan presentation လုပ္ရမည့္ေန႔သို႔ ေရာက္လာေလၿပီ။ ၿပိဳင္ပြဲေန႔ဆိုသည့္စိတ္ေၾကာင့္ အားလုံးမွာ တတြတ္တြတ္ႏွင့္ စိတ္လွုပ္ရွားမဆုံးၾက။ ထိုင္ခုံေနရာကအစ ပုံမွန္လိုမဟုတ္။ ကိုယ့္အဖြဲ႕ႏွင့္ကိုယ္ စုထိုင္ၾကသည္။ ဘာမွမစေသးခင္ Presentation လုပ္ရမည့္သူကို မွာခ်င္ရာမွာေနၾကသည့္အခ်ိန္ပင္။
"အဲ့လူႀကီး စိတ္လွုပ္ရွားေနၿပီလား"
"အင္း နည္းနည္း"
က်န္သုံးေယာက္က ေရွ႕တန္းတြင္စကားေျပာေနၾကတာမို႔ အဲ့လူႀကီးႏွင့္သူကေတာ့ ေလေပါလို႔ေကာင္းေနေသးသည္။ ေရွ႕ထြက္ေျပာရမည့္သူကလည္း နည္းနည္းစိတ္လွုပ္ရွားတယ္သာေျပာသည္။ ပုံစံၾကည့္ေတာ့ ေအးေဆးေနတာမွ အကဲျဖတ္မည့္ဆရာ့ထက္ေတာင္ ပိုတည္ၿငိမ္ေနသလို။ ၿပိဳင္ပြဲေန႔အတြက္ အဝတ္အစား၊ အသုံးအေဆာင္ကအစ သုံးမ်ိဳးေလာက္ရွိသည့္ ေရေမႊးအဆုံး ခန႔္ခန႔္က အားလုံးျပင္ဆင္ေပးတာပင္။ အားလုံးေရွ႕ထြက္ရမည့္သူ၏ ပုံပန္းသည္ တည္ၾကည္ခန့္္ညားေနမွ ျဖစ္မည္မလား။
"စိတ္မပူပါနဲ႔။ အေသးစိတ္နဲ႔ အေကာင္းဆုံးလုပ္ထားတာပဲဟာ။ ၿပီးေတာ့ PowerPoint လည္း ပုံေတြ၊ စာေတြနဲ႔ ရွင္းရွင္းလင္းလင္းျဖစ္ေအာင္ ရွယ္ျပင္ေပးထားတယ္ေလ။ စိတ္ခ် ... ကၽြန္ေတာ္တို႔ ပထမရမွာ"
"ဟုတ္ပါၿပီ ခ်ာတိတ္ေလးရယ္"
၁၉ႏွစ္အရြယ္ေကာင္ေလးက အားေပးသည္ကို ၂၇ႏွစ္အရြယ္ေဇယ်ာက ေက်နပ္စြာ လက္ခံယူေနသည့္အျဖစ္။ တစ္ေယာက္ကိုတစ္ေယာက္ ဘယ္လိုနာမ္စားေခၚေခၚ အသားက်သြားၾကၿပီပင္။ နာမည္မေခၚခ်င္လည္း အဆင္ေျပတယ္ဆိုတာမ်ိဳး သူတို႔အေတြးထဲ ရွိသြားၾက၏။ တစ္ေယာက္ကလည္း အဲ့လူႀကီးပဲ ေနရာမေရြးေခၚသလို၊ တစ္ေယာက္ကမူ ခ်ာတိတ္ပါပဲ။
ပိုရင္းႏွီးလာသည္ႏွင့္အမၽွ စကားေျပာရတာလည္း ပိုအဆင္ေျပလာသည္။ အထူးသျဖင့္ ခန႔္ခန႔္ေပါ့။ သူ စိတ္မၾကည္ခဲ့တုန္းက ဂ်စ္တစ္တစ္ေျပာတတ္ေပမဲ့ အခုဆို လည္ပင္းေပါင္းဖက္ သူငယ္ခ်င္းလို ေျပာခ်င္ရာထုတ္ေျပာလာသည္။ ရွစ္ႏွစ္ႀကီးလို႔လည္း ရွိန္မေနေတာ့သလို သေဘာေကာင္းသူကလည္း ဘာေျပာေျပာ လုပ္ေပးရွာသည္ကိုး။
"ဪ ... ေမ့ေတာ့မလို႔၊ ခုနက အဲ့လူႀကီးအေနာက္သြားေနတုန္း တီခ်ယ္ေလးေျပာသြားတာရွိတယ္။ ေနာက္လက်ရင္ ငပလီဖက္က ကိုယ္ပိုင္လုပ္ငန္းေတြ ေလ့လာရင္း အပန္းေျဖခရီးထြက္ၾကမွာတဲ့၊ လိုက္မွာဆို စာရင္းႀကိဳေပးတဲ့။ အဲ့လူႀကီးလိုက္မွာလား"
"ခ်ာတိတ္ လိုက္မွာလား။ လိုက္မွာဆို ကိုယ့္ဖို႔ပါစာရင္းေပးခဲ့ေနာ္"
အဲ့လူႀကီး၏စကားေၾကာင့္ ခန႔္ခန႔္ စိတ္ႏွလုံးေအးခ်မ္းရျပန္သည္။ ကိုယ္လိုက္မွလိုက္မည္ဆိုတာမ်ိဳးက ကိုယ့္ကအေလးထားျခင္း၊ ခင္မင္ျခင္းကို ရည္ညႊန္းသည့္အဓိပၸါယ္ေလပဲမလား။ စာၾကည့္ေနေသာအဲ့လူႀကီးကို သေဘာက်စိတ္ျဖင့္ ၾကည့္မိတာ ျပဳံးတုံ႔တုံ႔။ ဘယ္သူမွေတာ့ မျမင္ပါေလ။
"ဒါဆို အျပန္က် တီခ်ယ္ေလးကို သြားေပးလိုက္မယ္"
"အင္း"
ပြဲစဖို႔က ဆယ္မိနစ္ေလာက္သာ က်န္ေတာ့တာမို႔ ေဇယ်ာမွာ ခန႔္ခန႔္ကိုအာ႐ုံသိပ္မရလွေတာ့။ မွတ္စုထုတ္ထားသည့္ စာရြက္ကိုသာ အၾကည့္မလႊဲဘဲ ရွိလွသည္။ ဒါကို ခန႔္ခန႔္ဆိုသည္မွာလည္း ေျပာစရာေတြမကုန္နိုင္ေသး။ ခင္သြားေတာ့လည္း မာနမရွိ၊ ေဘးကေန တတြတ္တြတ္ေျပာခ်င္လာတာ သူငယ္ခ်င္းလို ခံစားလာရ၍သာျဖစ္မည္။
"အဲ့လူႀကီး ... အဲ့လူႀကီး"
"အင္းအင္း ေျပာ၊ ဘာျဖစ္ရတာလဲ"
သူစကားေျပာခ်င္လၽွင္ ေဇယ်ာ့တံေတာင္နားကို ဆြဲၿပီးေျပာတတ္တာ အက်င့္တစ္ခုသဖြယ္ ျဖစ္လာေလၿပီ။ စာၾကည့္ေနသူကလည္း သည္ေတာ့မွ ဂ႐ုတစိုက္လွည့္ၾကည့္တာျဖစ္၏။
"ေနာက္အပတ္ကစၿပီး ကၽြန္ေတာ္သုံးပတ္ေလာက္ အတန္းေတြပ်က္ရမယ္ထင္တယ္။ တီခ်ယ္ေလးကို ခြင့္ပါတစ္ခါတည္း တင္ခဲ့ရင္ေကာင္းမလား"
"ဟမ္ ... ၃ပတ္ႀကီးေတာင္၊ ဘာလို႔လဲ"
"ကၽြန္ေတာ္တို႔ ႏွစ္ဝက္စာေမးပြဲေျဖေတာ့မွာ၊ စာက်က္ခ်ိန္ယူရေတာ့မယ္"
အတန္းပ်က္မည္ဆိုတာႏွင့္ ႏွစ္ေယာက္သား မ်က္ႏွာညႇိုးစြာ စကားေျပာေနမိၾကသည္ကိုပင္ သတိမထားမိ။ အက်ိဳးအေၾကာင္းသာ ေျပာျဖစ္ေနၾကသည္။
"စာက်က္ဖို႔က အဲေလာက္ေတာင္လိုလို႔လား ခ်ာတိတ္ရ။ သင္တန္းက ပိတ္ရက္ေလးတက္ရတာကို။ ကိုယ္တို႔တုန္းကဆို One subject, One night ခ်တာ"
"အဲလိုမရဘူး။ Private study မေပးမခ်င္း ေက်ာင္းကသြားေနရဦးမွာေလ။ အဲေတာ့စာက်က္ခ်ိန္ဆိုလို႔ ပိတ္ရက္ေလးပဲရွိတာ။ သင္တန္းလာရင္ တစ္ေနကုန္နီးပါး အခ်ိန္အလဟႆျဖစ္တယ္။ ကၽြန္ေတာ္ဒီႏွစ္ Roll ထပ္ေလၽွာလို႔မျဖစ္ဘူး၊ လိုခ်င္တာေတြရွိတယ္"
Roll တက္မွ ေတာင္းခ်င္တာေတြ ေတာင္းရမည္ဟုေတးထားေသာစိတ္ေၾကာင့္ ခန႔္ခန႔္အျပတ္ႀကိဳးစားေနတာပင္။ ခုတေလာဆို ဂိမ္းေတာင္ျဖတ္ထားရသည္။
"ခု Rollက ဘယ္ေလာက္မို႔လဲ။ လူေတြကေရာ အမ်ားႀကီးလား"
"လူက 400 ဝန္းက်င္ေလာက္ပါပဲ။ ဒီႏွစ္ Rollက 3CS-16"
သူေျပာသည္ကို အံ့ဩျခင္းႀကီးစြာျဖစ္သြားေသာ အဲ့လူႀကီးပါေပ။ ဟိုတစ္ခါ ေက်ာင္းမွာပထမရတယ္ေျပာတုန္းကလို မ်က္ဝန္းမ်ိဳး။ ေတာက္ပသြားအရိပ္အေယာင္ႏွင့္ အံ့ဩျခင္းတို႔ကို တြဲလ်က္ေတြ႕ရတာပင္။
"ဘုရားေရ! လူအေယာက္ ၄၀၀ မွာ ၁၆ ရတာကို မင္းက စိတ္ညစ္တဲ့ေလသံနဲ႔ ေျပာေနတာလား။ အမွန္တိုင္းေျပာရရင္ စာေတာ္တယ္ဆိုေပမဲ့ အဲေလာက္ထင္မထားမိဘူး"
"လူကိုမ်ား အထင္ေသးလို႔။ ဂိမ္းေဆာ့ေတာ့ မထင္ထားတာလို႔ ထည့္ေျပာလိုက္ပါဦး အဲ့လူႀကီး"
"ဟုတ္ပါၿပီကြာ၊ အထင္မေသးရဲေတာ့ပါဘူး။ ဒါဆို ငပလီလိုက္ဖို႔က မွီပါ့မလား"
"မွီတယ္၊ ေနာက္လမွဆိုေတာ့ စာေမးပြဲအၿပီးေလာက္ပဲ၊ ကြက္တိ!"
တစ္လေက်ာ္နီးပါး ပင္ပန္းရမွာႀကိဳေတြးၿပီး ပ်င္းမိေသာ္လည္း သင္တန္းကလူေတြႏွင့္၊ အထူးသျဖင့္ အဲ့လူႀကီးႏွင့္ ခရီးသြားရမည္ဆိုေတာ့ ေတာ္ေတာ္ေပ်ာ္ဖို႔ေကာင္းမွာပဲလို႔ ေတြးေပ်ာ္ရေသးသည္။ အဖြဲ႕လိုက္ထြက္သည့္ခရီးအျပင္ သူေျပာသမၽွ လုပ္တတ္ေသာအဲ့လူႀကီးပါ လိုက္မယ္ဆိုေတာ့ သိပ္ေပ်ာ္ဖို႔ေကာင္းတာပင္။
"မင္းမရွိရင္ေတာ့ ကိုယ္အတန္းတက္ရမွာ ပ်င္းစရာႀကီး"
တကယ့္တကယ္ ရင္းႏွီးၿပီ၊ ခင္စရာလည္း ေကာင္းေနၿပီဆိုသည့္အခ်ိန္မွ အတန္းပ်က္ရမည္ဆိုတာမ်ိဳး သူလည္းမျဖစ္ခ်င္ပါေပ။ သိို႔ေသာ္ က်က္ရမဲ့စာေတြ၊ တြက္ရမဲ့စာေတြက သိပ္မ်ားသည္။ သင္တန္းကလည္း ေက်ာင္းပိတ္ရက္နာရီပိုင္းသာ တက္ရတာေပမဲ့ သြားတာလာတာႏွင့္ အခ်ိန္အေတာ္ကုန္သည့္အျဖစ္။ စာမ်ားက်က္လိုက္လၽွင္ တစ္ခန္းဆိုတစ္ခန္း အၿပီးျဖတ္နိုင္လိမ့္မည္ပင္။
အဲ့လူႀကီး၏ဝမ္းနည္းေနမွုကိုေတာ့ ခန႔္ခန႔္ လူႀကီးေလးလုပ္ကာ ေက်ာအသာပုတ္ေပးလိုက္၏။ တစ္ခါတေလ ဖုန္းေျပာတာေပါ့ဟူေသာ ႏွစ္သိမ့္စကားကိုလည္း ကတိအသြင္ ေပးလိုက္ေလၿပီ။ စာေမးပြဲၿပီးမွသာ ငပလီသြားဖို႔ အဝတ္အစားႏွင့္လိုတာေတြ တစ္ေခါက္ဝယ္ၾကဦးမည္ဟုလည္း စိတ္ထဲေတးထားလိုက္သည္။
ခဏအၾကာတြင္ ၿပိဳင္ပြဲစေလေတာ့ သူတို႔တစ္တန္းလုံး ၿငိမ္သက္သြားၾကေလတာ ဟိန္းေဇယ်ာ၏ခံစားခ်က္တခ်ိဳ႕အတိုင္း။
.......................
...................
အုံ႔မွိုင္းေနေသာေကာင္းကင္ႀကီးက ပတ္ပတ္လည္မည္းေမွာင္ေနသည္။ ကားတြင္းမွလွမ္းၾကည့္ရင္းေတာင္ မိုးၿပိဳေတာ့ေလမလား ထင္ရေလာက္သည့္ တိမ္စိုင္မည္းႀကီးေတြက ဘယ္ဆီၾကည့္ၾကည့္။ ေႏြဦးကိုႀကိဳသိမိုးေပပဲလား၊ ဒါမွမဟုတ္ ခဏႏွင့္ေပ်ာက္ကြယ္သြားမည္လား။ ရြာမေယာင္ရွိေတာ့သည့္မိုးေၾကာင့္ လမ္းေပၚတြင္လည္း ကေလးတခ်ိဳ႕ သုတ္ေခ်တင္ေျပးတဲ့သူက ေျပးေနၾကသည္။
ေျပးေနၾကတယ္ဆိုမွ မိုးေရထဲေျပးခဲ့ဖူးသည့္ မာနခဲေလးအား မဆီမဆိုင္ သတိရမိျပန္သည္။ မေတြ႕ရတာ ဆယ္ရက္နီးပါး ရွိေလလို႔ပဲလားမသိ၊ အေၾကာင္းတိုက္ဆိုင္တိုင္း သတိရေနတတ္္တာပင္။
တစ္ခုခုဆို လြယ္လြယ္လက္မခံတတ္သည့္ ခ်ာတိတ္၊ နေမာ္နမဲ့ ပ်ာယာခတ္ေနလၽွင္ေတာင္ ခ်စ္ဖို႔ေကာင္းသည့္ခ်ာတိတ္၊ သူ႔ကိုခ်စ္တဲ့သူေတြဆိုလည္း ႏွစ္လိုဖြယ္အျပဳံးႏွင့္ ဂ်စ္တိုက္တတ္သည့္ ခ်ာတိတ္ေလး ... အခုခ်ိန္ ဘာေတြမ်ားလုပ္ေနပါမည္လဲ။ ေတြးသာေတြးလိုက္ရသည္၊ ေသခ်ာေပါက္ စာက်က္ေနဖို႔ကမ်ားသည္။
အရင္ရက္ေတြက လိုင္းမ်ားသုံးေလမလား ရွာၾကည့္ေတာ့ ဆိုရွယ္မီဒီယာနားထားသည္တဲ့ေလ။ ဂိမ္းေတာင္ျဖတ္ၿပီး စာလုပ္ေနေလသတဲ့။ အျပင္မွာမေတြ႕ျဖစ္ေပမဲ့ ပုံမွန္ဆို လိုင္းေပၚစကားေျပာျဖစ္ၾကေသးသည္။ အခုေတာ့ သတိရသလိုရွိလၽွင္ ဖုန္းဆက္ၾကည့္မိတာခ်ည္း။ ဆက္မိတိုင္းလည္း စာတြက္ေနတယ္၊ စာက်က္ေနတယ္ဆိုတာခ်ည္း သိရေတာ့ အေႏွာင့္အယွက္မျဖစ္ဖို႔အေရး သူဖုန္းဆက္မေခၚျဖစ္ေတာ့ေပ။
ကားေမာင္းရင္း လမ္းဆုံက ေဟာ့ေပါ့ဆိုင္ေရာက္ေတာ့ ေနာက္ဆုံးေတြ႕ခဲ့ၾကသည့္ေန႔ကို ျပန္ေျပာင္းသတိရျပန္သည္။
ေနာက္ဆုံးေန႔ ... သူတို႔ Presentation လုပ္ၾကသည့္ေန႔ ... ပထမဆုလည္း ဆြတ္ခူးခဲ့ၾကသည့္ေန႔ေပါ့။
ဆရာက သူတို႔အဖြဲ႕၏တင္ျပမွုေတြကို သေဘာက်သည္ဟု အေသအခ်ာ ခ်ီးက်ဴးခဲ့သည္။ လက္ေတြ႕က်သလို အက်ိဳးအျမတ္လည္း မ်ားမ်ားျပန္ရနိုင္တာ ထင္ေပၚသည္ဆိုေတာ့ အားလုံးေပ်ာ္ခဲ့ရတာပင္။ ခ်ာတိတ္၏ PowerPoint မွာလည္း ရွင္းလင္းၿပီး ပုံအေထာက္အထားႏွင့္တကြျဖစ္တာမို႔ ၾကည့္ရတဲ့သူေတြကို မၿငီးေငြ႕ေစဘူးဆိုတာကို ေသခ်ာေပါက္ေျပာသြားခဲ့ေသးသည္။ ကြန္ပ်ဴတာေက်ာင္းသား ခ်ာတိတ္ကေလး အဖြဲ႕ထဲပါျခင္း၏ အက်ိဳးေက်းဇူးေတြပဲေပါ့။
ထိုေန႔က ဆုရသည့္အထိမ္းအမွတ္ သူတို႔ေဟာ့ေပါ့သြားစားျဖစ္ၾကသည္။ ထုံးစံအတိုင္း ကိုမိုးထက္ႏွင့္ မိန္းကေလးႏွစ္ေယာက္က တစ္စီး၊ သူႏွင့္ခ်ာတိတ္က တစ္စီးေပါ့ေလ။ ေဆာင္းလက္က်န္ရက္တြင္ စားရသည့္ေဟာ့ေပါ့မို႔ သိပ္လည္းပူပူေလာင္ေလာင္ မျဖစ္လွ။ ပင္လယ္စာ၊ အသားစုံ၊ အသီးအရြက္တို႔ကို ဘူေဖးရသည့္ဆိုင္မို႔ ခ်ာတိတ္ကေတာ့ စားရတာသိပ္ႀကိဳက္သတဲ့ေလ။
ငါးေယာက္သား စကားေတြေျပာမကုန္၊ ဟာသေတြလုပ္ေျပာၾကရင္းက ငပလီခရီးစဥ္အတြက္ပါ ႀကိဳေျပာၾကႏွင့္ အဆူညံဆုံးစားပြဲဝိုင္း ျဖစ္ခဲ့သည္။ ပထမဆုရေၾကာင္းလည္း ဓာတ္ပုံေတြရိုက္၊ ၿပီးလၽွင္ Facebook ေပၚတင္ၾကရင္း ကိုယ္စီအလုပ္ရွုပ္ခဲ့ၾကေသာ ေန႔တစ္ေန႔ပဲမလား။
ထိုေန႔က ပုံမွန္ထက္ပိုတိတ္ဆိတ္ေနခဲ့သူမွာ ဟိန္းေဇယ်ာတစ္ေယာက္သာ။ ဒါၿပီးလၽွင္ ခ်ာတိတ္အတန္းနားမွာမို႔ စိတ္ထဲပ်င္းရိသလိုလို၊ ခံစားခ်က္မေကာင္းသလိုလို။ ကိုယ့္ကိုယ္ကိုယ္လည္း နားမလည္နိုင္၊ ခင္မင္သြားလၽွင္ စြဲလန္းတတ္သည့္စိတ္ႀကီးက အေတာ္ေဖ်ာက္ရခက္သည့္အမ်ိဳး။
အားလုံးစားေသာက္ၿပီးလို႔ ခ်ာတိတ္ကိုအိမ္ျပန္ပို႔ေတာ့ သူတို႔ႏွစ္ေယာက္သား စကားခဏေျပာျဖစ္ၾကေသးသည္။ အိမ္ေရွ႕ေရာက္ေပမဲ့ အိမ္ထဲမဝင္ေစခ်င္ေသးသူႏွင့္ မဝင္ေသးလည္း ရပါတယ္ဆိုကာ ဆက္ထိုင္ေနခဲ့သူ။ ဘာရယ္မဟုတ္၊ ထိုင္ေျပာျဖစ္ၾကသည့္စကားေတြက သူ႔က်က္မွတ္ရမည့္ ေက်ာင္းစာအေၾကာင္းျဖစ္သလို၊ ေဇယ်ာ့ဝတ္ရမည့္ အဝတ္အစားပုံစံေတြအေၾကာင္းပင္။ အထူးတလည္မဟုတ္၊ မသိလည္းျဖစ္ေသာအေၾကာင္းေတြက အေရးႀကီးေျပာစရာေတြလို ၿခံေရွ႕အေမွာင္ရိပ္ေအာက္ရွိ ကားေပၚမွာပင္ ေျပာျဖစ္ခဲ့ၾကတာ နာရီဝက္နီးပါးၾကာသည္အထိ။
ၿပီးမွသာ စာေမးပြဲရွိသူကို အားေပးစကားေျပာရင္း အိမ္ထဲလႊတ္လိုက္ရေလသည္။ အျပဳံးႏွင့္ႏွုတ္ဆက္သြားေသာခ်ာတိတ္အား အိမ္ထဲဝင္သြားသည္အထိ ၾကည့္ေနမိေသာေဇယ်ာမွာ ထိုေန႔ကတည္းက အမ်ိဳးအမည္အတိအက် မေခၚေဝၚနိုင္ေသာခံစားခ်က္တခ်ိဳ႕ ျဖစ္ေပၚလာသည္။ အခုေနျပန္ေတြးၾကည့္ေတာ့လည္း စိတ္ထဲဟာတာတာျဖစ္သလိုလို၊ ဝမ္းနည္းသေယာင္ရွိသလိုလို။
သည္ေဝဒနာသည္ အခ်ိန္ၾကာလာေလ အျမစ္ျမန္ျမန္တြယ္လာေလ ျဖစ္မွန္းကို သူ ထိုေန႔ကမရိပ္မိခဲ့တာအမွန္ပါပဲ။
မေတြ႕ျဖစ္သည့္ ဆယ္ရက္နီးပါးအတြင္း အတန္းတက္လၽွင္ ေဘးမွာစကားလွည့္ေျပာစရာလူမရွိ၊ ဆရာေရးျပသည့္ စာလုံးေသးေသးကေလးေတြကို ျပန္ျပေပးစရာ လူမရွိ၊ မွတ္ရန္မမွီလိုက္သည့္ ဥပမာတခ်ိဳ႕ကို ျပန္တိုက္စစ္စရာလူမရွိ၊ နားခ်ိန္ေပးလၽွင္ ေကာ္ဖီအတူတူေသာက္စရာ လူမရွိ။ အက်င့္သဖြယ္ျဖစ္လာေသာ လုပ္ထုံးတခ်ိဳ႕မွာ ကိုယ္တစ္ေယာက္တည္းဆိုေတာ့ ေယာင္ခ်ာခ်ာႏွင့္။
ကားေတြကပိတ္၊ အေတြးေတြကမ်ားႏွင့္ စိတ္ထဲတြင္ ဟာလာဟင္းလင္းျဖစ္လာေတာ့ အထီးက်န္တာလိုလို၊ အေဖာ္မဲ့ေနတာလိုလို။ အလုပ္မွာလည္း ပင္ပန္းလာၿပီးသားမို႔ ကားပိတ္ရင္းအပ်င္းေၿပ FM ဖြင့္ၾကည့္လိုက္သည္။ လာေနသည့္သီခ်င္းကစ သူ႔ကိုအေျခအေနမေပးပါ။ ဦးထီး၏ "ေရဒီယို ကမာရြတ္" သီခ်င္းက ခ်ာတိတ္ကိုပိုသတိရသြားေစသေယာင္။
🎵 ဟိုဖက္အိမ္က ညတိုင္း၊ ညတိုင္း စာအက်ယ္ႀကီး က်က္တတ္တဲ့ ၁၀တန္းေက်ာင္းသူကို..
ကၽြန္ေတာ္တို႔အဖြဲ႕က ခ်စ္စနိုးေလးနဲ႔
ေရဒီယို ကမာရြတ္လို႔ မွည့္ထားတယ္..
အိုး..ေရဒီယို ကမာရြတ္ေရ့
ႀကိဳးစားလိုက္စမ္းကြယ္..
Dေတြနဲ႔ ေအာင္ဖို႔ ဆုေတာင္းေပးမယ့္သူေတြရွိတယ္
အိုး..ေရဒီယို ကမာရြတ္ေရ့
စိတ္မဆိုးလိုက္နဲ႔ကြယ္
စာေတြမက်က္နိုင္ရင္ ဝမ္းနည္းရမယ့္သူေတြရွိတယ္ 🎵
သီခ်င္းကပင္ တိုက္တိုက္ဆိုင္ဆိုင္။ ဘယ္လိုပဲျဖစ္ျဖစ္ သူလည္းခ်ာတိတ္လိုခ်င္သည့္ Roll ရဖို႔၊ ဂုဏ္ထူးမ်ားစြာႏွင့္ေအာင္ဖို႔ ဆုေတာင္းေပးေနမိပါ၏။ ေကာင္းကင္ကို တဖန္ေမာ့ၾကည့္ေတာ့ မိုးသားေတြဘယ္ေျပးၿပီမသိ၊ ခပ္က်ဲက်ဲသာ ရွိေလေတာ့သည္။
••••••••••••••••••••••••••••••••••••••••
Bạn đang đọc truyện trên: Truyen3h.Co