Truyen3h.Co

နှောင်ကြိုး

Part-13

Fi_Lay

<Unicode>

မနက်စောစော လှမ်းဖူးမျှော်ခွင့်ရသော မြစိမ်းတောင်ဘုရားက အဝေးအမြင်နှင့်ပင် သပ္ပါယ်နေသည်။ ဟိုတယ်၏မနက်စာကို စိတ်မဝင်စားသော ဟိန်းဇေယျာတစ်ယောက် ကော်ဖီတစ်ခွက်နှင့် အသီးတချို့ကို အခန်းပို့ခိုင်းဖြစ်သည်။ အခန်းဆိုသော်လည်း အခန်းအပြင် လေသာဆောင်ကနေရာကလေးပင်။ အေးဆေးသည်၊ အားလုံးကို အပေါ်စီးကမြင်ရသည်၊ အဝေးက စိမ်းညို့ညို့တောင်တန်းတွေကိုပါ မြင်ရလေတော့ မနက်ရှူခင်းက လွမ်းမောဖွယ်ကောင်းနေလေ၏။

ဇေယျာအလုပ်ကိစ္စကြောင့် အဖေဖြစ်သူနှင့် တောင်ကြီးရောက်နေသည်မှာ သုံးရက်ပင်ရှိလေပြီ။ ဆိုင်ခွဲကိုလာစစ်ဆေးတာမို့ နှစ်ရက်နှင့်ပြီးပါသော်လည်း အေးဆေးနားချင်သော အဖေက မပြန်နိုင်သေး။ ရန်ကုန်တွင်လည်း မင်းမင်းနှင့် စိတ်ချရသည်မို့ ဇေယျာလည်း ရောက်လက်စမို့ စိတ်ပြေလက်ပျောက်နားချင်သည်။

တကယ်ဆို သူ တောင်ကြီးကို မလာချင်ပါ။ အတိတ်တွေကြောင့် အဟောင်းတွေ အသစ်ပြန်မချင်တာလည်းပါသည်။ အရင်ကတော့ တောင်ကြီးသူကိုချစ်မိပြီး မကြာမကြာရောက်ဖြစ်သေးသည်။ ချစ်သူချင်းအနေဝေးတာမို့ ရန်ကုန်ဆိုင်ခွဲထိ တာဝန်ပြောင်းစေခဲ့သော်လည်း အကြံပက်စက်သူကြောင့် သူအရှက်ကြီးရှက်ခဲ့ရသည့်အဖြစ်။ ထိုအချိန်ကတည်းက တောင်ကြီးဆို ခြေဦးပင်မလှည့်ချင်ခဲ့။ အခုတစ်ခေါက်တော့ အဖေ ခေါ်လွန်းလို့သာ။

စိတ်ပြေလက်ပျောက် ဖြစ်ချင်သည်ဆိုတာလည်း အကြောင်းရှိသည်။ သည်သုံးပတ်နီးပါးအတွင်း သူ လုံးဝလန်းဆန်းမနေ၊ အလုပ်လုပ်ရာတွင်လည်းး ကိုယ့်ကိုယ်ကိုယ် အားမရလှ။ သေချာပြန်ဆန်းစစ်သော် အချိန်ပြည့် ငူငူငိုင်ငိုင်သာရှိခဲ့သည်။ အလုပ်အတွက် တက်ကြွစေသည့်အရာမရှိ။ ထိုနည်းတူ သင်တန်းသွားဖို့လည်း တက်ကြွစေသောအရာမရှိပေ။

အကြောင်းမဲ့မဟုတ်သော၊ ခိုင်လုံသောအကြောင်းပြချက်ကို သိပါသော်လည်း ကိုယ်တိုင်ဝင်မခံနိုင်ခြင်းက သူ့စိတ်ကို ပိုလို့နွမ်းလျစေသည်၊ ပင်ပန်းစေသည်၊ နေ့သစ်တိုင်းအတွက် အားအင်တွေ ယုတ်လျော့လာသည်။ ဖြစ်သင့်ရဲ့လားဆိုသော အကြောင်းကို ကိုယ်တိုင်ပြန်မေးနေသည်က အကြိမ်ကြိမ်။ သဘာဝကျ၏၊ မကျ၏ ဆင်ခြင်သုံးသပ်နိုင်သောအရွယ်မို့ ပိုစိတ်ညစ်၊ အားပျက်နေမိတာဖြစ်သည်။

ဇေယျာ အချိန်တိုင်းနီးပါး ချာတိတ်အကြောင်း တွေးနေမိ၏။

ဘာများလုပ်နေမလဲ၊ အဆင်ရောပြေပါ့မလား။ စာမေးပွဲရော ကောင်းကောင်းဖြေနိုင်ရဲ့လား။ ဖြစ်နိုင်လျှင် တစ်နေ့ဘာတွေဖြေနေလဲ၊ ဘယ်လိုဘာသာမျိုးတွေ ဖြေရသလဲ။ တွက်စာလား၊ ကျက်စာလား၊ ကွန်ပျူတာနှင့် တွဲရေးရသည့် ပရိုဂရမ်တွေကို ဘယ်လိုများရေးဖြေလေသလဲ စသဖြင့် တစ်ခုချင်းစီတိုင်းကို လိုက်၍စိတ်ဝင်စားမိသည်။

နှိုင်းလို့သင့်ရဲ့လားမသိပေမဲ့ ချစ်ရသည့်မိန်းကလေးကို လွမ်းနေသလို အမြဲဆွေးတသသဖြစ်နေတာမျိုး၊ ချာတိတ်လုပ်သမျှတိုင်းကို မတွေးဘဲမနေနိုင်တာမျိုးပင်။ တကယ်ဆို လူကြီးတစ်ယောက်ဖြစ်သည့် သူ့အနေဖြင့် ချာတိတ်အရွယ်၊ ညီအရွယ်ဖြစ်သော ကောင်ကလေးကို သည်လိုလက်လွှတ်စပယ် မိန်းကလေးတစ်ယောက်လို ခိုင်နှိုင်းကာ မလွမ်းသင့်မှန်းသိပ်သိသည်။

သည်ကလေးက ယောကျ်ားလေး၊ သူသည်လည်း ယောကျ်ားပင်။ ယောကျ်ားချင်းလွမ်းဆွေးသည့်စိတ်နှင့် ဆွေးတသသဖြစ်နေရအောင် သူကဂေးတစ်ယောက်လည်း ဟုတ်မနေပါ။

သို့သော် ... သို့သော်ငြား။

ဇေယျာ လက်မှကိုင်ထားသော ကော်ဖီခွက်ကို အနီးရှိမှန်စားပွဲပေါ် ပြန်တင်လိုက်သည်။ လက်တွင်သယ်ဆောင်ထားရသော ခွက်၏အလေးချိန် လျော့ကျသွားသော်လည်း သူကိုယ်တိုင်ကတော့ ထိုဝန်လေးနေသည့်အတွေးတို့မှ ကောင်းကောင်းမလွတ်မြောက်နိုင်။ မစဉ်းစားမိအောင် ကြိုးစားနေသော်လည်း မသိစိတ်မှ သူ့အလိုလိုတွေးမိနေခြင်းဟာ အလုပ်ကိုပါ ထိခိုက်လာခဲ့၏။

သည်ချာတိတ်အပေါ် စွဲလမ်းမိသည့်စိတ်က ဘယ်အချိန်ကပင် စအမြစ်တွယ်နေခဲ့လို့ ခဏတာခွဲခွာရချိန်မှာတောင် သိပ်ခံစားရတာပါလဲ။

ပျော်ရွှင်ခြင်းမရှိ၊ အထီးကျန်မှုများနှင့်သာ ပြည့်နှက်နေသည့် အရင်နှစ်နှစ်ကဘဝကို သူပြန်မရောက်လို။ ပျော်ရွှင်ခြင်းကို ရှာတွေ့သွားသည်။ လွတ်လပ်မှုကို ခံစားရသည်။ ပေါ့ပေါ့ပါးပါး ရယ်နိုင်လာသည်။ ဒါတွေကိုဖြစ်တည်စေသော ချာတိတ်လေးကို လွမ်းဆွတ်လာမိသည်။

သူတို့က ယောက်ျားချင်း ... ဖြစ်နိုင်ပါရဲ့လား။

ရက်နှစ်ဆယ်ကျော်အကြာ အဆက်အသွယ်ဖြတ်ပြီး စမ်းသပ်ပြီးနောက် သူ့ဘက်ကချစ်မိနေတာ ဝန်မခံချင်ဘဲ ဝန်ခံလိုက်ရသည်။ ဒါဆို သူကဖြစ်နိုင်တယ်ပဲထား ... ချာတိတ်လို မာနခဲလေးက လက်ခံနိုင်မှာတဲ့လား။ သက်ပြင်းရှည်တစ်ချက်ကိုချရင်း ရှေ့ဆက်ဖြစ်လာနိုင်မည့် ဝေးဝါးဝါး အနာဂတ်ကိုပါ ဇေယျာ မရဲတရဲ တွေးကြည့်မိသည်။

ခုလည်း မချစ်သင်တဲ့သူကို ချစ်မိပြန်ပြီ။ မတွယ်တာသင့်သည့် ကလေးအပေါ်တွင် စိတ်တွေယိမ်းယိုင်နေမိပြီ။

မိန်းကလေးတစ်ယောက်အား ဖွင့်ပြောလျှင်တောင် ပြန်ကြိုက်၊ မကြိုက်ဆိုသည့် ဖြစ်နိုင်ချေက အတိအကျမရှိ။ အခုသူချစ်နေမိသူက ယောကျ်ားလေး၊ ယောကျ်ားလေးတောင် ၈နှစ်ငယ်သည့်မာနခဲလေး။ မဝံ့မရဲ အတွေးတွင်ဖွင့်ပြောမလား တွေးကြည့်ဖို့တောင် မရဲပါပေ။ သည်ကလေးက သူ့ကိုအထင်သေးပြီး အဆက်အဆံမလုပ်မည့် ဖြစ်နိုင်ချေကပိုများသည်မလား။

တွေးသာကြည့်ရသည်၊ တကယ့်တကယ် လက်တွေ့မှာ နှစ်ဦးသဘောတူလို့ ချစ်ကြိုက်နေကြသည့် ယောကျ်ားချင်းအတွဲတွေပင် ပတ်ဝန်းကျင်၏ ရှုံ့ချခံရသည်။ မိဘအသိုင်းအဝိုင်းတွေကလည်း နှိမ့်ချပြီး ပြဿနာတွေအများကြီး ရင်ဆိုင်ရသည်။ သူသာ ရူးရူးနှမ်းနှမ်း ရှေ့ဆက်တိုးမိခဲ့လျှင် ဘာတွေကြုံတွေ့ပြီး ဘာတွေရင်ဆိုင်ရမည်လဲ။

မင်္ဂလာပွဲပျက်၍ ပတ်ဝန်းကျင်တွင် အရှက်ရခဲ့သည့် ဖေဖေ၊ မေမေတို့မျက်နှာတွေ သူ ပြန်မြင်ယောင်လာသည်။

မဖြစ်နိုင်သည့်စိတ်ကူးယဉ်မှုတို့ကို သူ တောင်ကြီးမှာပဲ သိမ်းထားခဲ့ဖို့ သင့်ပါပြီ။ သည်ထက်မဆိုးခင် ကိုယ့်စိတ်ကိုယ်ထိန်းပြီး ရေငုံနှုတ်ပိတ်နေဖို့ပဲ သင့်ပါပြီ။

ဇေယျာ ငေးကြည့်နေမိသည့်တောင်တန်းတချို့မှာ တဖြည်းဖြည်း ဝေဝါးလာသည်။ ရင်တွင်းတစ်နေရာမှ ဝမ်းနည်းမှုသည် မျက်ရည်ကြည်တို့အသွင် ပြောင်းလဲဖြစ်တည်ပြီး ပါးပြင်ပေါ်တွင် တစ်စွန်းတစ်စ ကျရောက်လာသည်။ ငိုခြင်းသည် ပျော့ညံ့သူတို့အတွက်ဟု မှတ်ယူထားသော သူ့အဖို့ဒါကိုလက်မခံချင်၊ ရင်နာနာနှင့်သာ လက်ခုံဖြင့် ပွတ်သပ်ပစ်လိုက်၏။

ခွန်အားတို့လည်း ကုန်ခမ်းနေသလို၊ စိတ်ဓာတ်တွေလည်း ကျဆင်းနေပြီမို့ ခေါင်းလည်း တွင်တွင်စိုက်ကျသွားလေတော့သည်။

.....................

"ညည်းအစ်ကိုက ဘာဖြစ်နေတာတုန်း၊ တီဗွီကို တစ်လိုင်းပြီးတစ်လိုင်းပြောင်းနေတာ ငါကဘာလိုက်ကြည့်ရမှာလဲ"

"သားကြားတယ်နော်"

ဒေါ်ကြည်ပြာတစ်ယောက် သားဖြစ်သူ ဇေယျာဘေးမှာရှိနေပါလျက် သမီးငယ်အား တမင်တကာ လှမ်းပြောခြင်းပင်။ မိခင်ဆိုသည်မှာ သားသမီး ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ အစစဂရုစိုက်တတ်သည့်အမျိုးမို့ သားအကြီးတွင် တစ်ခုခုဖြစ်နေလေတာ ရိပ်မိသည်။ တစ်ပတ်မဟုတ်၊ နှစ်ပတ်မဟုတ် မှိုင်တွေနေတာ ကြာနေပြီဖြစ်၏။ ဒါမို့ အဖေဖြစ်သူနှင့် တောင်ကြီးကို ဇွတ်ထည့်လွှတ်လိုက်တာတောင် ပြန်လာတော့လည်း မသွားခင်ကပုံစံအတိုင်း ဖြစ်နေပြန်သည်။

သားကြီး ပြုံးတတ်ရယ်တတ်လာပြီ၊ ပေါ့ပေါ့ပါးပါးနှင့် ပေါင်းသင်းဆက်ဆံရေး ကောင်းလာလေပြီဟု တွေးတာမှမကြာသေး၊ နဂိုပုံစံပြန်ပေါ်လာ၏။ အနေတည်တာထက် စိတ်ရှုပ်လွယ်လာတာမျိုး၊ တစ်ယောက်တည်း မှိုင်တွေနေတတ်တာမျိုး၊ တချို့အလုပ်ကိစ္စတွေတွင် အမှားအယွင်းရှိလာတာမျိုး။ သေချာဆန်းစစ်ရင်းကြားက ဘာဖြစ်နေသည်ကိုမသိရ။

"ကြားရင်လည်း တစ်လိုင်းကိုရွေးလိုက်တော့။ တကတဲ ... ဘာဖြစ်နေမှန်းကိုမသိဘူး၊ စိတ်ကိုက မတည်မငြိမ်၊ ဂယောင်ခြောက်ခြားနဲ့"

"မေမေ့သား အဲဒါအသည်းကွဲနေတာနေမှာ"

ရွယ်ရွယ်ကပါ လက်ဖက်သုပ်စားရင်း ဝင်ပြောတော့ ဧည့်ခန်းဆိုဖာတွင် လှဲရင်းကြည့်နေသော ဇေယျာက ထထိုင်လေပြီ။ ပြီးနောက် ကိုယ်ကိုမတ်ရင်း ညီမကိုတစ်ချက်၊ အမေဖြစ်သူကိုတစ်ချက် မလုံမလဲစစ်ကြည့်လိုက်သေး၏။

"ဘာကိစ္စအသည်းကွဲရမှာလဲ။ အပေါ်တက်တော့မယ် ... ဟိုကောင်မလေး ညအိပ်ခါနီး လက်ဖက်သုပ်တွေ စွတ်စားမနေနဲ့၊ အန်ကုန်မယ်"

"မှန်တာပြောတော့ သမီးကို ရမ်းသွားပြီမြင်လား"

ဒေါ်ကြည်ပြာ သက်ပြင်းတစ်ချက်ချရင်း တကယ်ပဲ အသည်းကွဲသည့်ပုံစံဖြစ်နေသလား လိုက်ကြည့်နေမိသေးသည်။ ရည်းစားရှိတယ်ဆိုသည့် သတင်းအစအနတောင် မကြားမိတာကိုလေ။ တစ်ခါအရွေးမှားဖူးသော သားဖြစ်သူအတွက် ဒေါ်ကြည်ပြာစိတ်မပူဘဲ မနေနိုင်တော့။

ဇေယျာမှာတော့ သားအမိနှစ်ယောက် ပြောကျန်ရစ်သည်များကို မကြားချင်ယောင်ဆောင်ကာ အခန်းထဲဝင်ခဲ့သည်။ သူ ရန်ကုန်ပြန်ရောက်တာပင် တစ်ပတ်ကျော်နေချေပြီ။ သုံးပတ်လောက်ပဲ ပျက်မည်ဆိုသောကလေးက အတန်းလာမတက်တာ တစ်လပြည့်လုနေပြီ။

ဇေယျာ ပထမတော့ အကြောင်းမရှိ၊ အကြောင်းရှာ ဖုန်းဆက်ကြည့်ဖြစ်သေးသည်။ ထိုအချိန်က ချာတိတ် စာမေးပွဲမဖြေရသေး။ အထွေးအထူးမရှိဘဲ ဖုန်းဆက်ရတာမို့ ကြာကြာတော့လည်း ပြောမရပါ။ အနှောင့်အယှက်ဖြစ်မည်စိုး၍လည်း ခဏခဏ ဖုန်းမခေါ်ဖြစ်ခဲ့။ သို့သော် တောင်ကြီးမှပြန်လာပြီးနောက်တော့ သည်ကလေးကို စိတ်ထဲကထုတ်ကြည့်ဖို့သာ ကြိုးစားနေမိတော့သည်။ ရောဂါမကျွမ်းခင် အရင်ကုထားမှ နောက်ဆုံးအဆင့်ကို ရောက်မလာမှာမလား။ ဒါမို့လည်း ဘာလို့အတန်းမလာသေးလဲဆိုတာမျိုး ဖုန်းဆက်ကာမမေးဖြစ်တော့။

တစ်နေကုန် အလုပ်မှာပင်ပန်းထားပြီးသော ဇေယျာက အခန်းထဲပြန်ရောက်သည်နှင့် လှဲချလိုက်တာ ဗိုင်းခနဲ။ စိတ်ပင်ပန်းတော့ လူပါပိုပင်ပန်းသည်။

'မင်းလေးကိုတွေ့ရရင်တော့ အမောတွေပြေကောင်းရဲ့ကွာ'

ခပ်တိုးတိုးညည်းညူသံက သူနှင့်သူ့ကိုယ်စောင့်နတ်ကလွဲလျှင် မည်သူမျှသိမည်မဟုတ်၊ ကြားလည်းကြားလိုက်မည်မဟုတ်။ ချာတိတ်လေးကိုပဲ သတိရနေမိသည့် သူ့စိတ်သူကိုပင် အပြစ်မတင်ရက်တော့ပါပေ။ လူရော၊ စိတ်ရော ပင်ပန်းနေသည်မို့ လွမ်းလည်းလွမ်းပါစေ၊ ဆွေးလည်းဆွေးပါစေ ... သူ့ကိုယ်သူ ခဏလွှတ်ထားလိုက်ချင်သည်။

မြင်ချင်သည်၊ တွေ့ချင်သည်၊ အသံလေးဖြစ်ဖြစ်ကြားချင်သည်။ အတောမသတ်နိုင်သော အချစ်၏ခေါင်းစဉ်အောက်တွင်ရှိနေသာ လောဘတချို့ပေါ့။ သိစိတ်ကထိန်းချုပ်ရင်း မသိစိတ်က ပုန်ကန်သည်။ လူတစ်ကိုယ်ထဲတွင် စိတ်ကနှစ်မျိုး။ ဦးနှောက်ထက် နှလုံးသားက အရေးသာသွားလို့မဖြစ်ပါချေ။

နောက်ဆုံးတော့ ချာတိတ်လေး၏ Facebook account သွားကြည့်ဖို့သာ ဆုံးဖြတ်လိုက်သည်။ ဖုန်းဆက်တာထက်စာရင်တော့ တစ်ဖက်ကို အနှောင့်အယှက်ကင်းစေသည့် ကိစ္စပဲလေမလား။ သိပ်ကြာကြာတွေးမနေတော့ဘဲ ချက်ချင်းပင် ဘေးမှဖုန်းကို ကောက်ယူပြီး ကြည့်လိုက်သည်။

ဝင်မကြည့်ဖြစ်သည့် နှစ်ရက်အတွင်း ဘာတွေများအသစ်တင်ထားမည်လဲ။ နှစ်ရက်ဆိုတာလည်း အတော်အောင့်အီးသည်းခံလိုက်ရသည့် နှစ်ရက်ပါပဲ။ သွား,သွားကြည့်ပြီး ရောဂါတိုးနေသော ကိုယ့်ကိုယ်ကို စည်းမျဉ်းသတ်မှတ်ထားရုံ သက်သက်သာ။

ဝင်ဝင်ချင်းပဲ တွေ့ပါပြီ၊ မမြင်တာကြာပြီဖြစ်သည့် ကောင်လေးပုံတွေ။ ယူနီဖောင်းအဖြူ၊ အပြာနှင့် ရိုက်ထားသည့်ပုံတွေမို့ သူ့အတွက် အမြင်အနည်းငယ်ဆန်းနေလေ၏။ ချာတိတ်ဆံပင်တွေ ရှည်နေလေပြီ၊ ပုံသေးသေးဖြစ်သော်ငြား မျက်နှာမြင်တာနှင့် ပင်ပန်းထားမှန်းသိသာသည့် ရုပ်ကလေး။

သည်လိုမြင်ရတော့လည်း ချာတိတ်ကို Tag တွဲပြီးတင်ပေးသည့် သူငယ်ချင်းကို ကျေးဇူးတင်ရပြန်သည်။ ချာတိတ်ကတော့ စာမေးပွဲတွင်းမို့ ပုံတင်အားပုံလည်း မပေါ်ပါပေ။ သိုသော် ပုံတင်သည့်စာသားကိုဖြင့် နည်းနည်းမှမကြိုက်။ "စာမေးပွဲဖြေနေကြသူများ အမောပြေ" တဲ့လေ။ ထိုပို့စ်တွင် အသည်းချည်းပေးထားသူကိုက လူပေါင်းသုံးထောင်ကျော်။ Comment တွေ ကြည့်မိတော့လည်း ချောကြောင်း၊ ခန့်ကြောင်းတွေပဲ ပြောနေကြတော့ သူ သဝန်တိုမိတာ အမှန်။

ဖြစ်နိုင်ရင် ဘယ်သူမှမမြင်အောင် သိမ်းထားချင်သည်။ ခုတွင်တော့မြင်နေရသည့် ပုံလေးတွေကြည့်ပြီး အလွမ်းဆိပ်တတ်ရုံအပြင် ဘာမှမတတ်နိုင်လေခဲ့။ ဇေယျာ့အဖြစ်က တစ်ယောက်တည်း ကြိတ်ခံစားနေရပြီး နာမည်ပင်တပ်လို့မရသည့်ရောဂါကို ခံစားနေရတာဖြစ်သည်။ အသဲကွဲတာလားဆို မဟုတ်၊ ဟိုကသူချစ်နေမှန်းတောင် သိတာမှမဟုတ်ဘဲ။ သို့သော် သူ့ ဇာတ်လမ်းကမစခင်ထဲက ဆုံးနေပြီသားဖြစ်သည်။

ထိုအချိန် တဂျွီဂျွီတုန်လာသော ဖုန်းကြောင့် မျှော်လင့်ခြင်းတချို့ အမျှင်တန်းရသေးသည်။ ချာတိတ်များ ဆက်လေသလားဆိုသည့်စိတ်က ဆက်လေ့ဆက်ထမရှိတာတောင် တမ်းတမိဆဲ။ ဖုန်းမျက်နှာပြင်ပေါ်က သူငယ်ချင်းနာမည်မြင်မှ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်မိတော့သည်။ စာမေးပွဲဖြေနေရသည့်ကလေးက ဘယ်ဖုန်းဆက်အားပါ့မလဲ။

"အေး ထက်မြက်"

"အိမ်တွင်းအောင်းလှချည်လား ငါ့ကောင်၊ Gym မလာဖြစ်လည်း ဘားတော့လာတွေ့ဦး"

"တော်ပြီကွာ၊ ရှုပ်ရှုပ်ရှက်ရှက်နဲ့"

"လူရှင်းတယ်ဟ၊ မင်းအသံကြားနေရတယ်မလား။ ဒီဘားက အေးဆေးတယ်"

ဇေယျာသွားလိုက်လျှင် ကောင်းမည်လား။ အပြင်ထွက်ပြီး အာရုံတစ်မျိုးပြောင်းကြည့်ရဦးမည်။ မွန်းကျပ်နေသမျှလည်း ထက်မြက်ကို ရင်ဖွင့်ချင်လာသည်။

"အေးကွာ လာခဲ့မယ်"

အိတ်ယူကာ ကောက်ခနဲ ထထွက်မည်အပြု ဘားတို့၊ ကလပ်တို့သွားဖြစ်လျှင် ပေါ့ပေါ့ပါးပါ့းနှင့် လန်းနေအောင် ဒါတွေဝတ်ရမှာနော်ဆိုသည့် စကားသံစူးစူးလေးတွေ ကြားယောင်လာပြန်သည်။

ချာတိတ်ရာ ... မင်းသိပ်လွှမ်းမိုးလွန်းတယ်။

....................

ထက်မြက်ပြောသည့်ဆိုင်မှာ မီးအဝါရောင်တွေသာ လွှမ်းခြုံထားသော နေရာတစ်ခုပင်။ သီချင်းအေးအေးတစ်ပုဒ် ပျံ့လွင့်နေပြီး လူတွေတော့ ဟိုတစ်စု၊ သည်တစ်စုနှင့်။ ထက်မြက်ကိုတော့ သူ ရှာမတွေ့သေးချေ။ တက္ကသိုလ်ထဲကပေါင်းသည့် သူငယ်ချင်းမို့ သူ့အကြောင်းတော့ ကောင်းကောင်းသိသူပင်။

လူရိုး၊ လူအေးကြီးမဟုတ်သော်လည်း စင်တင်ပါသည့် စားသောက်ဆိုင်၊ နားညီးလွယ်သော လူရှုပ်သည့်ဘားတို့၊ ကလပ်တို့ဆို ရှောင်တာများသည်။ ဒါမို့နောက်ပိုင်းဆို ထက်မြက်မခေါ်တာက များသည်။ သူလိုစာအုပ်ကြီးသမားနှင့်ပေါင်းသောကောင်ပေမဲ့ သူကကိုယ့်ထက်အများကြီးလန်းသည့်ကောင်ပင်။

"ဇေယျာ ငါဒီမှာ"

ခပ်စိုက်စိုက်ဝင်လာသောသူ့အား ဘားရှေ့တည့်တည့်က ကောင်တာထောင့်ကနေ လှမ်းခေါ်တာပင်။ တစ်ယောက်တည်းမို့ပဲလား၊ ချောင်ကပ်သောက်နေသည့်ကောင်။

"သီဟကျော်တို့နဲ့ မထိုင်ဘူးလား။ မင်း ခါတိုင်းတော့ သူတို့နဲ့အဖွဲ့ကျနေပြီး"

"ခရီးထွက်နေကြတယ်။ ငါမအားလို့မလိုက်နိုင်တာ။ ကဲ ထိုင်ပါ၊ ငါ့သူငယ်ချင်းကြီး ရှားရှားပါးပါးလာတာဆိုတော့ ငါဒကာခံမယ် ဘာသောက်မလဲ"

"မင်းကြိုက်သလိုမှာတော့၊ ငါဒီညသောက်ချင်တယ်"

ဇေယျာက ဂရုမစိုက်ဟန်ဖြင့် ညစ်ထေးထေးဆိုသည်။ ထက်မြက်ကတော့ အထူးတလည် ကြည့်နေသေး၏။ သူ့ပုံစံက အိမ်ကညီမပြောသလို အသည်းကွဲသည့်ဟန်များ ပေါက်နေသည်လား။

"ဘာအဆင်မပြေလို့လဲ၊ နေဦး ငါအရင်မှာပေးမယ်။ Black Russian အရင်ပေး ... ငါ့ညီ"

ဇေယျာကတော့ ဘေးဘီအကဲခတ်လိုက်၊ အနောက်ဝေ့ဝဲကြည့်လိုက်နှင့် မျက်စိအလုပ်ပေးလိုက်သည်။ မီးဝါရောင်လဲ့လဲ့တွေကြားတွင် ကိုယ်စီစကားပြော၊ သောက်စားနေကြသည့် လူတချို့သာရှိတာမို့ အေးဆေးနေကြတာပါပဲ။ သည်ကြားထဲ ခပ်အေးအေး သီချင်းသံလွင်လွင်ကလည်း ပျံ့လွင့်နေသည်။ သူအမှတ်မမှားလျှင် ဒါသည် Can't help falling in love with you ပင်။

🎵 Wise men say,
Only fools rush in..
But I can't help falling in love with you...
Shall I stay would it be a sin
Oh if I can't help falling in love with you...🎵

အသံရှရှနှင့်မိန်းကလေး ပြန်ဆိုထားသည့် သီချင်းတစ်ပုဒ်။ စာသားတွေအရ သူကရော အရူးတစ်ယောက် ဖြစ်နေပြီလားမသိ။ သို့ပေမဲ့လည်း သီချင်းထဲကအတိုင်း ဒီကလေးကိုမှ မချစ်ဘဲမနေနိုင်သည့် အချစ်ရူးလိုမျိုး ဖြစ်မည်ပင်။ သက်ပြင်းအတွင်တွင်ချမိပြန်တော့ ထက်မြက်ဆီက အမေးရောက်လာခဲ့သည်။

"ရပြီ၊ သောက်လိုက်ဦး၊ ဘာဖြစ်လာတာလဲ။ မျက်နှာက သုန်မှုန်လို့"

ဇေယျာ တစ်ကြိုက်မော့လိုက်ပြီး ရင်ဖွင့်ဖို့ရာ အရှိန်ယူသည်။ သည်ညတော့ ထက်မြက်ကိုပြောပြပြီး သူပေါက်ကွဲထွက်သင့်ထွက်ရမည်။ ဘယ်သူမှမသိဘဲ၊ မပြောနိုင်ဘဲ တစ်ယောက်တည်းကြိတ်ခံစားနေရတာ တစ်လတင်းတင်းပင် ပြည့်ပြီမလား။

"ဒီလိုကွာ ... ငါချစ်မိနေလို့၊ ခပ်ငယ်ငယ် ကလေးတစ်ယောက်ကို ချစ်မိနေလို့"

"ဟာ ... ဟုတ်လှချည်လား။ ဒါကောင်းတဲ့ကိစ္စပေါ့၊ နောက်ဆုံးတော့ မင်းချစ်ရတဲ့သူ ထပ်ပေါ်လာပြီပေါ့။ ဆိုပါဦး၊ ဘယ်လောက်ငယ်တဲ့ ကောင်မလေးမို့လဲ"

အကြောင်းမသိဘဲ စွတ်ကောင်းတာပေါ့ပြောနေသူအား အကြည့်တစ်ချက်ပေးဖြစ်လိုက်သေးသည်။ ယောကျ်ားလေးဆိုတာများသိလျှင် ဘယ်လိုပြောမည်မသိ။

"၁၉နှစ် ... ငါတို့ထက် ၈နှစ်ငယ်တယ်။ ပြီးတော့ ကောင်မလေးမဟုတ်ဘူး၊ ကောင်လေး ... ချာတိတ်လေး"

"အဟွတ်!"

ထက်မြက် သောက်လက်စအရက်ပင် သီးသွားသည်။ ခွက်အမြန်ချပြီး သူ့ဆီကြည့်လာတာ အလျင်အမြန်။ ထူးဆန်းသည့် အကြည့်တွေများလားမသိ။

"ကောင်လေး၊ ၁၉နှစ်"

"အင်း"

"အသက်ကထားပါဦး ငါ့ကောင်ရ၊ မင်းဂေးလည်း မဟုတ်ပါဘူး။ ဘယ်လိုလုပ် ကောင်လေးတစ်ယောက်ကို ကြိုက်သွားရတာလဲ ... ဟမ်"

အံ့ဩသည့်မျက်လုံးအစုံတို့ဖြင့် မေးခွန်းထုတ်လာသည့် ထက်မြက်။ သူလည်း ဆန်းကြယ်သည့်အဖြစ်ကို တွေးတောမဆုံးနိုင်။ ချာတိတ်လိုမာနခဲလေးကို ဘယ်လိုများချစ်မိသွားရတာပါလိမ့်။ ချစ်စရာကောင်းတာ တစ်ခုထဲကြောင့်မဟုတ်တာတော့ သေချာသည်။ အတူရှိနေလျှင် ပျော်ရွှင်ရတာ၊ ကြည်နူးရတာ၊ စကားတွေအများကြီးပြောရင်း အချိန်တိုင်းရှိချင်မိတာ ... ဒါတွေအားလုံးကတော့ ချစ်မိနေသည့်လက္ခဏာတွေဆိုတာ သူသိပ်သိသည်။

"မင်း ငါ့ကို ဘယ်လိုမြင်သွားလဲ၊ အဲဒါ ငါသိချင်တယ်"

"မင်းကို ဘယ်လိုမြင်သွားလဲဆိုတာထက် အံ့ဩသွားတာပါ၊ ယောကျ်ားလေးချင်း ကြိုက်မိလို့တော့ မင်းကိုအထင်မသေးဘူးနော်။ ပြီးတော့ ဒီအချစ်က မင်းလိုလူအတွက် ခက်ခက်ခဲခဲဖြစ်လာတာလို့လည်း ယုံလို့ပါ။ ငါကတော့ ငါ့သူငယ်ချင်း ဘာပဲဖြစ်နေနေ ရပ်တည်ပေးနေမှာပဲ"

"အေးပါကွာ၊ ကျေးဇူးတင်တယ်"

ဇေယျာ ရောက်လာသည့်နောက်တစ်ခွက်အား ထပ်မော့လိုက်ပြန်သည်။ ပြင်းရှရှအရည်တချို့ လည်ချောင်းထဲ ပူဆင်းသွား၏။ ထက်မြက်ကတော့ ဆက်မသောက်ဖြစ်၊ သူ့ကိုငေးလို့မပြီးသေးတာပင်။ မေးခွန်းတွေမကုန်သေးတာလည်း ဖြစ်မည်။

"နေပါဦး၊ အနားမှာလာဝဲတဲ့ မိန်းမတွေကိုတောင်ရှောင်ခဲ့တဲ့မင်းက ကောင်လေးတစ်ယောက်ကို ဘယ်လိုချစ်မိသွားရတာလဲ။ ဘယ်သူလဲ၊ ဘယ်ကလဲ"

"မင်း ဟိုတစ်ခါ JS parking မှာ တွေ့လိုက်တဲ့ကောင်လေး"

ထက်မြက် မျက်ဝန်းတွေတောက်ပသွားလိုက်တာ အံ့ဩတကြီးနှင့်၊ သည်ကောင်‌ နည်းနည်းတောင်မရိပ်မိလေဘူးလားမသိ။

"ဘုရား၊ ဘုရား ... အဲကလေးဆို ငယ်ငယ်သေးသေးလေးဟ။ မင်းကားတံခါးဖွင့်ပေးတုန်းကတောင် ဂျစ်ကန်ကန်ရုပ်လေးနဲ့။ ဟာကွာ ... မင်းကားကို စတိုင်လ်အပြည့်နဲ့ ရပ်စောင့်နေကတည်းက ရိပ်မိလိုက်သင့်တာ"

"ဘယ်လိုလဲ၊ ချစ်စရာလေးမလား"

ဖန်ခွက်လေးကို ဟိုလှုပ်သည်လှုပ်ရင်း ဇေယျာမေးလိုက်ပုံက ပြုံးရယ်ရယ်နှင့်ပါ။ သည်နေ့အဖို့ ပထမဆုံးအပြုံးလို့ ဆိုရလောက်အောင် ရှားရှားပါးပါးပဲ။ သူ့ချာတိတ်ကလေး သိပ်ချစ်စရာကောင်းတာကို ကြားကဂုဏ်ယူနေမိသည့်အဖြစ်။

"ရုပ်ကိုက မပြောချင်ဘူး။ အဲတုန်းက အဝေးကလှမ်းမြင်ရတာတောင် ကောင်လေးပုံစံက အသားဖွေးဖွေး၊ စတိုင်လ်မိုက်မိုက်နဲ့ ကောင်မလေးတွေ ဝိုင်းဝိုင်းလည်မဲ့ပုံပဲ။ အင်းလေ ... မင်းကသင်တန်းမှာ အနီးကပ်နေရတာဆိုတော့ ချစ်မယ်ဆိုလည်း ချစ်တာဖြစ်နိုင်ပါတယ်။ အဲတော့ စိတ်ညစ်နေတာဘာလဲ၊ အဲကလေးမှာ ရည်းစားရှိတယ်တဲ့လား"

"မရှိပါဘူး"

"မရှိရင်ဖွင့်ပြောလိုက်လေ"

ခပ်ပေါ့ပေါ့ပြောလိုက်သည့် ထက်မြက်က သူတကယ်ချစ်မိလျှင် ထိုသို့ပြောမည်မဟုတ်ချေ။ ထည့်တွက်စရာ အခြေအနေတွေ အများကြီးရှိသည်မလား။ သူ့ဘက်၊ ကိုယ့်ဘက်၊ ပတ်ဝန်းကျင် အများမှအများကြီးပင်။ တွေးလိုက်တိုင်း အားလုံးကစိုးထိတ်စရာကြီး။

"အဲလောက်လွယ်နေရင် ငါစိတ်ညစ်မနေဘူး။ ချာတိတ်ကလည်း ရည်းစားမထားဖြစ်ဘူးတဲ့၊ သူ့ပုံစံကကွာ ... နည်းနည်းကလေးဆန်ပြီး ဆိုးချင်တယ်။ အဲတော့ တခြားမိန်းကလေးတစ်ယောက်ကို ချော့ရ၊ လိုက်ရတာမျိုး သူလုပ်ချင်တဲ့ပုံ မပေါ်ဘူး။ တစ်နေ့တစ်နေ့ သူငယ်ချင်းတွေနဲ့ ဂိမ်းဆော့လိုက်၊ စာကျက်လိုက်နဲ့ အလုပ်ရှုပ်နေတတ်တာ"

ပြောပြီး နောက်တစ်ခွက်အား အကုန်မော့ချလိုက်သည့်ဇေယျာ။ သူငယ်ချင်းဖြစ်သူ ထက်မြက်ကတော့ သူ့ကိုကြည့်ပြီး သနားမိတာအမှန်။ ဒဏ်ရာရှိပြီးသားလူက ထပ်ချစ်မိတော့လည်း မလွယ်ကူသည့်အချစ်မျိုးဖြစ်နေသည်။ ထိုဒဏ်ရာကြောင့်ပဲ တော်ရုံအချစ်ကလည်း တိုးမဝင်ခဲ့တာဖြစ်မည်။

"အဲတော့ အခုဘယ်လိုလုပ်မလဲ၊ သူက မင်းချစ်နေတာရော ရိပ်မိသလား။ မနေနိုင်ရင်လည်း ဖွင့်ပြောလိုက်လေကွာ"

"သူမသိပါဘူး။ အခုစာမေးပွဲဖြေနေရလို့ သင်တန်းမလာတာ တစ်လလောက်ရှိပြီ၊ ငါလည်းညစ်နေတာ အဲတစ်လလုံးလုံးပဲ။ ဖွင့်ပြောလိုက်မှ အခုခင်နေတဲ့အနေအထားလေးလည်း ပျက်သွားမှာစိုးတယ်ကွာ။ ဂေးဆိုရင်၊ သူ့ကိုကြိုက်နေတာမှန်းသိရင် ငါ့ကိုရွံသွားလောက်တယ်။ ပြီးတော့ ငါ့အိမ် ... တစ်ခါအရှက်ရပြီးပြီဆိုတော့ ငါထပ်ဒုက္ခမပေးချင်ဘူးကွာ"

"အေးပါ ဇေယျာရာ၊ မင်းခံစားနေရတာ ငါနားလည်ပါတယ်။ ရော့ကွာ ... ဒီညတော့မေ့သွားအောင် အမူးသောက်လိုက်၊ မှောက်ရင် ငါပြန်လိုက်ပို့ပေးမယ်"

ထက်မြက်မြှောက်ပေးသည့်အတိုင်း တစ်ခွက်ပြီးတစ်ခွက် ဆက်တိုက်သောက်သည်။ အချိန်လင့်အောင်ထိ သောက်နေသော်လည်း သည်ကလေးသေးသေးလေးကို ဘယ်လိုမှမေ့မသွား။ တစ်ခဏလေးတောင် သူ့မှတ်ဉာဏ်ကနေ ပျောက်မသွားပေ။ မျက်နှာဝိုင်းကလေး၊ နောက် ပါးမို့မို့လေး၊ နှုတ်ခမ်းဖူးဖူးလေး၊ အနီးကပ်ရှိချင်တွေဆို မြင်နေရတတ်သည့် မွှေးညှင်းနုလေးတွေကစ မေ့ဖျောက်မရနိုင်အောင် မှတ်မိနေသေးသည်။

သည်လိုနှင့် မေ့လို့မေ့ငြား ထပ်,ထပ်သောက်လိုက်မိတာ တစ်ခွက်ပြီးတစ်ခွက်။ သူသည် အရက်၏ကျေးကျွန်လား၊ အချစ်၏ကျေးကျွန်လေပဲလား။

(21/9/2020)
•••••••••••••••••••••••••••••••••••••••••••••

<Zawgyi>

မနက္ေစာေစာ လွမ္းဖူးေမၽွာ္ခြင့္ရေသာ ျမစိမ္းေတာင္ဘုရားက အေဝးအျမင္ႏွင့္ပင္ သပၸါယ္ေနသည္။ ဟိုတယ္၏မနက္စာကို စိတ္မဝင္စားေသာ ဟိန္းေဇယ်ာတစ္ေယာက္ ေကာ္ဖီတစ္ခြက္ႏွင့္ အသီးတခ်ိဳ႕ကို အခန္းပို႔ခိုင္းျဖစ္သည္။ အခန္းဆိုေသာ္လည္း အခန္းအျပင္ ေလသာေဆာင္ကေနရာကေလးပင္။ ေအးေဆးသည္၊ အားလုံးကို အေပၚစီးကျမင္ရသည္၊ အေဝးက စိမ္းညိဳ႕ညိဳ႕ေတာင္တန္းေတြကိုပါ ျမင္ရေလေတာ့ မနက္ရွူခင္းက လြမ္းေမာဖြယ္ေကာင္းေနေလ၏။

ေဇယ်ာအလုပ္ကိစၥေၾကာင့္ အေဖျဖစ္သူႏွင့္ ေတာင္ႀကီးေရာက္ေနသည္မွာ သုံးရက္ပင္ရွိေလၿပီ။ ဆိုင္ခြဲကိုလာစစ္ေဆးတာမို႔ ႏွစ္ရက္ႏွင့္ၿပီးပါေသာ္လည္း ေအးေဆးနားခ်င္ေသာ အေဖက မျပန္နိုင္ေသး။ ရန္ကုန္တြင္လည္း မင္းမင္းႏွင့္ စိတ္ခ်ရသည္မို႔ ေဇယ်ာလည္း ေရာက္လက္စမို႔ စိတ္ေျပလက္ေပ်ာက္နားခ်င္သည္။

တကယ္ဆို သူ ေတာင္ႀကီးကို မလာခ်င္ပါ။ အတိတ္ေတြေၾကာင့္ အေဟာင္းေတြ အသစ္ျပန္မခ်င္တာလည္းပါသည္။ အရင္ကေတာ့ ေတာင္ႀကီးသူကိုခ်စ္မိၿပီး မၾကာမၾကာေရာက္ျဖစ္ေသးသည္။ ခ်စ္သူခ်င္းအေနေဝးတာမို႔ ရန္ကုန္ဆိုင္ခြဲထိ တာဝန္ေျပာင္းေစခဲ့ေသာ္လည္း အႀကံပက္စက္သူေၾကာင့္ သူအရွက္ႀကီးရွက္ခဲ့ရသည့္အျဖစ္။ ထိုအခ်ိန္ကတည္းက ေတာင္ႀကီးဆို ေျခဦးပင္မလွည့္ခ်င္ခဲ့။ အခုတစ္ေခါက္ေတာ့ အေဖ ေခၚလြန္းလို႔သာ။

စိတ္ေျပလက္ေပ်ာက္ ျဖစ္ခ်င္သည္ဆိုတာလည္း အေၾကာင္းရွိသည္။ သည္သုံးပတ္နီးပါးအတြင္း သူ လုံးဝလန္းဆန္းမေန၊ အလုပ္လုပ္ရာတြင္လည္းး ကိုယ့္ကိုယ္ကိုယ္ အားမရလွ။ ေသခ်ာျပန္ဆန္းစစ္ေသာ္ အခ်ိန္ျပည့္ ငူငူငိုင္ငိုင္သာရွိခဲ့သည္။ အလုပ္အတြက္ တက္ႂကြေစသည့္အရာမရွိ။ ထိုနည္းတူ သင္တန္းသြားဖို႔လည္း တက္ႂကြေစေသာအရာမရွိေပ။

အေၾကာင္းမဲ့မဟုတ္ေသာ၊ ခိုင္လုံေသာအေၾကာင္းျပခ်က္ကို သိပါေသာ္လည္း ကိုယ္တိုင္ဝင္မခံနိုင္ျခင္းက သူ႔စိတ္ကို ပိုလို႔ႏြမ္းလ်ေစသည္၊ ပင္ပန္းေစသည္၊ ေန႔သစ္တိုင္းအတြက္ အားအင္ေတြ ယုတ္ေလ်ာ့လာသည္။ ျဖစ္သင့္ရဲ့လားဆိုေသာ အေၾကာင္းကို ကိုယ္တိုင္ျပန္ေမးေနသည္က အႀကိမ္ႀကိမ္။ သဘာဝက်၏၊ မက်၏ ဆင္ျခင္သုံးသပ္နိုင္ေသာအရြယ္မို႔ ပိုစိတ္ညစ္၊ အားပ်က္ေနမိတာျဖစ္သည္။

ေဇယ်ာ အခ်ိန္တိုင္းနီးပါး ခ်ာတိတ္အေၾကာင္း ေတြးေနမိ၏။

ဘာမ်ားလုပ္ေနမလဲ၊ အဆင္ေရာေျပပါ့မလား။ စာေမးပြဲေရာ ေကာင္းေကာင္းေျဖနိုင္ရဲ့လား။ ျဖစ္နိုင္လၽွင္ တစ္ေန႔ဘာေတြေျဖေနလဲ၊ ဘယ္လိုဘာသာမ်ိဳးေတြ ေျဖရသလဲ။ တြက္စာလား၊ က်က္စာလား၊ ကြန္ပ်ဴတာႏွင့္ တြဲေရးရသည့္ ပရိုဂရမ္ေတြကို ဘယ္လိုမ်ားေရးေျဖေလသလဲ စသျဖင့္ တစ္ခုခ်င္းစီတိုင္းကို လိုက္၍စိတ္ဝင္စားမိသည္။

ႏွိုင္းလို႔သင့္ရဲ့လားမသိေပမဲ့ ခ်စ္ရသည့္မိန္းကေလးကို လြမ္းေနသလို အျမဲေဆြးတသသျဖစ္ေနတာမ်ိဳး၊ ခ်ာတိတ္လုပ္သမၽွတိုင္းကို မေတြးဘဲမေနနိုင္တာမ်ိဳးပင္။ တကယ္ဆို လူႀကီးတစ္ေယာက္ျဖစ္သည့္ သူ႔အေနျဖင့္ ခ်ာတိတ္အရြယ္၊ ညီအရြယ္ျဖစ္ေသာ ေကာင္ကေလးကို သည္လိုလက္လႊတ္စပယ္ မိန္းကေလးတစ္ေယာက္လို ခိုင္ႏွိုင္းကာ မလြမ္းသင့္မွန္းသိပ္သိသည္။

သည္ကေလးက ေယာက်္ားေလး၊ သူသည္လည္း ေယာက်္ားပင္။ ေယာက်္ားခ်င္းလြမ္းေဆြးသည့္စိတ္ႏွင့္ ေဆြးတသသျဖစ္ေနရေအာင္ သူကေဂးတစ္ေယာက္လည္း ဟုတ္မေနပါ။

သို႔ေသာ္ ... သို႔ေသာ္ျငား။

ေဇယ်ာ လက္မွကိုင္ထားေသာ ေကာ္ဖီခြက္ကို အနီးရွိမွန္စားပြဲေပၚ ျပန္တင္လိုက္သည္။ လက္တြင္သယ္ေဆာင္ထားရေသာ ခြက္၏အေလးခ်ိန္ ေလ်ာ့က်သြားေသာ္လည္း သူကိုယ္တိုင္ကေတာ့ ထိုဝန္ေလးေနသည့္အေတြးတို႔မွ ေကာင္းေကာင္းမလြတ္ေျမာက္နိုင္။ မစဥ္းစားမိေအာင္ ႀကိဳးစားေနေသာ္လည္း မသိစိတ္မွ သူ႔အလိုလိုေတြးမိေနျခင္းဟာ အလုပ္ကိုပါ ထိခိုက္လာခဲ့၏။

သည္ခ်ာတိတ္အေပၚ စြဲလမ္းမိသည့္စိတ္က ဘယ္အခ်ိန္ကပင္ စအျမစ္တြယ္ေနခဲ့လို႔ ခဏတာခြဲခြာရခ်ိန္မွာေတာင္ သိပ္ခံစားရတာပါလဲ။

ေပ်ာ္ရႊင္ျခင္းမရွိ၊ အထီးက်န္မွုမ်ားႏွင့္သာ ျပည့္ႏွက္ေနသည့္ အရင္ႏွစ္ႏွစ္ကဘဝကို သူျပန္မေရာက္လို။ ေပ်ာ္ရႊင္ျခင္းကို ရွာေတြ႕သြားသည္။ လြတ္လပ္မွုကို ခံစားရသည္။ ေပါ့ေပါ့ပါးပါး ရယ္နိုင္လာသည္။ ဒါေတြကိုျဖစ္တည္ေစေသာ ခ်ာတိတ္ေလးကို လြမ္းဆြတ္လာမိသည္။

သူတို႔က ေယာက္်ားခ်င္း ... ျဖစ္နိုင္ပါရဲ့လား။

ရက္ႏွစ္ဆယ္ေက်ာ္အၾကာ အဆက္အသြယ္ျဖတ္ၿပီး စမ္းသပ္ၿပီးေနာက္ သူ႔ဘက္ကခ်စ္မိေနတာ ဝန္မခံခ်င္ဘဲ ဝန္ခံလိုက္ရသည္။ ဒါဆို သူကျဖစ္နိုင္တယ္ပဲထား ... ခ်ာတိတ္လို မာနခဲေလးက လက္ခံနိုင္မွာတဲ့လား။ သက္ျပင္းရွည္တစ္ခ်က္ကိုခ်ရင္း ေရွ႕ဆက္ျဖစ္လာနိုင္မည့္ ေဝးဝါးဝါး အနာဂတ္ကိုပါ ေဇယ်ာ မရဲတရဲ ေတြးၾကည့္မိသည္။

ခုလည္း မခ်စ္သင္တဲ့သူကို ခ်စ္မိျပန္ၿပီ။ မတြယ္တာသင့္သည့္ ကေလးအေပၚတြင္ စိတ္ေတြယိမ္းယိုင္ေနမိၿပီ။

မိန္းကေလးတစ္ေယာက္အား ဖြင့္ေျပာလၽွင္ေတာင္ ျပန္ႀကိဳက္၊ မႀကိဳက္ဆိုသည့္ ျဖစ္နိုင္ေခ်က အတိအက်မရွိ။ အခုသူခ်စ္ေနမိသူက ေယာက်္ားေလး၊ ေယာက်္ားေလးေတာင္ ၈ႏွစ္ငယ္သည့္မာနခဲေလး။ မဝံ့မရဲ အေတြးတြင္ဖြင့္ေျပာမလား ေတြးၾကည့္ဖို႔ေတာင္ မရဲပါေပ။ သည္ကေလးက သူ႔ကိုအထင္ေသးၿပီး အဆက္အဆံမလုပ္မည့္ ျဖစ္နိုင္ေခ်ကပိုမ်ားသည္မလား။

ေတြးသာၾကည့္ရသည္၊ တကယ့္တကယ္ လက္ေတြ႕မွာ ႏွစ္ဦးသေဘာတူလို႔ ခ်စ္ႀကိဳက္ေနၾကသည့္ ေယာက်္ားခ်င္းအတြဲေတြပင္ ပတ္ဝန္းက်င္၏ ရွုံ႔ခ်ခံရသည္။ မိဘအသိုင္းအဝိုင္းေတြကလည္း ႏွိမ့္ခ်ၿပီး ျပႆနာေတြအမ်ားႀကီး ရင္ဆိုင္ရသည္။ သူသာ ႐ူး႐ူးႏွမ္းႏွမ္း ေရွ႕ဆက္တိုးမိခဲ့လၽွင္ ဘာေတြၾကဳံေတြ႕ၿပီး ဘာေတြရင္ဆိုင္ရမည္လဲ။

မဂၤလာပြဲပ်က္၍ ပတ္ဝန္းက်င္တြင္ အရွက္ရခဲ့သည့္ ေဖေဖ၊ ေမေမတို႔မ်က္ႏွာေတြ သူ ျပန္ျမင္ေယာင္လာသည္။

မျဖစ္နိုင္သည့္စိတ္ကူးယဥ္မွုတို႔ကို သူ ေတာင္ႀကီးမွာပဲ သိမ္းထားခဲ့ဖို႔ သင့္ပါၿပီ။ သည္ထက္မဆိုးခင္ ကိုယ့္စိတ္ကိုယ္ထိန္းၿပီး ေရငုံႏွုတ္ပိတ္ေနဖို႔ပဲ သင့္ပါၿပီ။

ေဇယ်ာ ေငးၾကည့္ေနမိသည့္ေတာင္တန္းတခ်ိဳ႕မွာ တျဖည္းျဖည္း ေဝဝါးလာသည္။ ရင္တြင္းတစ္ေနရာမွ ဝမ္းနည္းမွုသည္ မ်က္ရည္ၾကည္တို႔အသြင္ ေျပာင္းလဲျဖစ္တည္ၿပီး ပါးျပင္ေပၚတြင္ တစ္စြန္းတစ္စ က်ေရာက္လာသည္။ ငိုျခင္းသည္ ေပ်ာ့ညံ့သူတို႔အတြက္ဟု မွတ္ယူထားေသာ သူ႔အဖို႔ဒါကိုလက္မခံခ်င္၊ ရင္နာနာႏွင့္သာ လက္ခုံျဖင့္ ပြတ္သပ္ပစ္လိုက္၏။

ခြန္အားတို႔လည္း ကုန္ခမ္းေနသလို၊ စိတ္ဓာတ္ေတြလည္း က်ဆင္းေနၿပီမို႔ ေခါင္းလည္း တြင္တြင္စိုက္က်သြားေလေတာ့သည္။

.....................

"ညည္းအစ္ကိုက ဘာျဖစ္ေနတာတုန္း၊ တီဗြီကို တစ္လိုင္းၿပီးတစ္လိုင္းေျပာင္းေနတာ ငါကဘာလိုက္ၾကည့္ရမွာလဲ"

"သားၾကားတယ္ေနာ္"

ေဒၚၾကည္ျပာတစ္ေယာက္ သားျဖစ္သူ ေဇယ်ာေဘးမွာရွိေနပါလ်က္ သမီးငယ္အား တမင္တကာ လွမ္းေျပာျခင္းပင္။ မိခင္ဆိုသည္မွာ သားသမီး ငယ္သည္ျဖစ္ေစ၊ ႀကီးသည္ျဖစ္ေစ အစစဂ႐ုစိုက္တတ္သည့္အမ်ိဳးမို႔ သားအႀကီးတြင္ တစ္ခုခုျဖစ္ေနေလတာ ရိပ္မိသည္။ တစ္ပတ္မဟုတ္၊ ႏွစ္ပတ္မဟုတ္ မွိုင္ေတြေနတာ ၾကာေနၿပီျဖစ္၏။ ဒါမို႔ အေဖျဖစ္သူႏွင့္ ေတာင္ႀကီးကို ဇြတ္ထည့္လႊတ္လိုက္တာေတာင္ ျပန္လာေတာ့လည္း မသြားခင္ကပုံစံအတိုင္း ျဖစ္ေနျပန္သည္။

သားႀကီး ျပဳံးတတ္ရယ္တတ္လာၿပီ၊ ေပါ့ေပါ့ပါးပါးႏွင့္ ေပါင္းသင္းဆက္ဆံေရး ေကာင္းလာေလၿပီဟု ေတြးတာမွမၾကာေသး၊ နဂိုပုံစံျပန္ေပၚလာ၏။ အေနတည္တာထက္ စိတ္ရွုပ္လြယ္လာတာမ်ိဳး၊ တစ္ေယာက္တည္း မွိုင္ေတြေနတတ္တာမ်ိဳး၊ တခ်ိဳ႕အလုပ္ကိစၥေတြတြင္ အမွားအယြင္းရွိလာတာမ်ိဳး။ ေသခ်ာဆန္းစစ္ရင္းၾကားက ဘာျဖစ္ေနသည္ကိုမသိရ။

"ၾကားရင္လည္း တစ္လိုင္းကိုေရြးလိုက္ေတာ့။ တကတဲ ... ဘာျဖစ္ေနမွန္းကိုမသိဘူး၊ စိတ္ကိုက မတည္မၿငိမ္၊ ဂေယာင္ေျခာက္ျခားနဲ႔"

"ေမေမ့သား အဲဒါအသည္းကြဲေနတာေနမွာ"

ရြယ္ရြယ္ကပါ လက္ဖက္သုပ္စားရင္း ဝင္ေျပာေတာ့ ဧည့္ခန္းဆိုဖာတြင္ လွဲရင္းၾကည့္ေနေသာ ေဇယ်ာက ထထိုင္ေလၿပီ။ ၿပီးေနာက္ ကိုယ္ကိုမတ္ရင္း ညီမကိုတစ္ခ်က္၊ အေမျဖစ္သူကိုတစ္ခ်က္ မလုံမလဲစစ္ၾကည့္လိုက္ေသး၏။

"ဘာကိစၥအသည္းကြဲရမွာလဲ။ အေပၚတက္ေတာ့မယ္ ... ဟိုေကာင္မေလး ညအိပ္ခါနီး လက္ဖက္သုပ္ေတြ စြတ္စားမေနနဲ႔၊ အန္ကုန္မယ္"

"မွန္တာေျပာေတာ့ သမီးကို ရမ္းသြားၿပီျမင္လား"

ေဒၚၾကည္ျပာ သက္ျပင္းတစ္ခ်က္ခ်ရင္း တကယ္ပဲ အသည္းကြဲသည့္ပုံစံျဖစ္ေနသလား လိုက္ၾကည့္ေနမိေသးသည္။ ရည္းစားရွိတယ္ဆိုသည့္ သတင္းအစအနေတာင္ မၾကားမိတာကိုေလ။ တစ္ခါအေရြးမွားဖူးေသာ သားျဖစ္သူအတြက္ ေဒၚၾကည္ျပာစိတ္မပူဘဲ မေနနိုင္ေတာ့။

ေဇယ်ာမွာေတာ့ သားအမိႏွစ္ေယာက္ ေျပာက်န္ရစ္သည္မ်ားကို မၾကားခ်င္ေယာင္ေဆာင္ကာ အခန္းထဲဝင္ခဲ့သည္။ သူ ရန္ကုန္ျပန္ေရာက္တာပင္ တစ္ပတ္ေက်ာ္ေနေခ်ၿပီ။ သုံးပတ္ေလာက္ပဲ ပ်က္မည္ဆိုေသာကေလးက အတန္းလာမတက္တာ တစ္လျပည့္လုေနၿပီ။

ေဇယ်ာ ပထမေတာ့ အေၾကာင္းမရွိ၊ အေၾကာင္းရွာ ဖုန္းဆက္ၾကည့္ျဖစ္ေသးသည္။ ထိုအခ်ိန္က ခ်ာတိတ္ စာေမးပြဲမေျဖရေသး။ အေထြးအထူးမရွိဘဲ ဖုန္းဆက္ရတာမို႔ ၾကာၾကာေတာ့လည္း ေျပာမရပါ။ အေႏွာင့္အယွက္ျဖစ္မည္စိုး၍လည္း ခဏခဏ ဖုန္းမေခၚျဖစ္ခဲ့။ သို႔ေသာ္ ေတာင္ႀကီးမွျပန္လာၿပီးေနာက္ေတာ့ သည္ကေလးကို စိတ္ထဲကထုတ္ၾကည့္ဖို႔သာ ႀကိဳးစားေနမိေတာ့သည္။ ေရာဂါမကၽြမ္းခင္ အရင္ကုထားမွ ေနာက္ဆုံးအဆင့္ကို ေရာက္မလာမွာမလား။ ဒါမို႔လည္း ဘာလို႔အတန္းမလာေသးလဲဆိုတာမ်ိဳး ဖုန္းဆက္ကာမေမးျဖစ္ေတာ့။

တစ္ေနကုန္ အလုပ္မွာပင္ပန္းထားၿပီးေသာ ေဇယ်ာက အခန္းထဲျပန္ေရာက္သည္ႏွင့္ လွဲခ်လိုက္တာ ဗိုင္းခနဲ။ စိတ္ပင္ပန္းေတာ့ လူပါပိုပင္ပန္းသည္။

'မင္းေလးကိုေတြ႕ရရင္ေတာ့ အေမာေတြေျပေကာင္းရဲ့ကြာ'

ခပ္တိုးတိုးညည္းညဴသံက သူႏွင့္သူ႔ကိုယ္ေစာင့္နတ္ကလြဲလၽွင္ မည္သူမၽွသိမည္မဟုတ္၊ ၾကားလည္းၾကားလိုက္မည္မဟုတ္။ ခ်ာတိတ္ေလးကိုပဲ သတိရေနမိသည့္ သူ႔စိတ္သူကိုပင္ အျပစ္မတင္ရက္ေတာ့ပါေပ။ လူေရာ၊ စိတ္ေရာ ပင္ပန္းေနသည္မို႔ လြမ္းလည္းလြမ္းပါေစ၊ ေဆြးလည္းေဆြးပါေစ ... သူ႔ကိုယ္သူ ခဏလႊတ္ထားလိုက္ခ်င္သည္။

ျမင္ခ်င္သည္၊ ေတြ႕ခ်င္သည္၊ အသံေလးျဖစ္ျဖစ္ၾကားခ်င္သည္။ အေတာမသတ္နိုင္ေသာ အခ်စ္၏ေခါင္းစဥ္ေအာက္တြင္ရွိေနသာ ေလာဘတခ်ိဳ႕ေပါ့။ သိစိတ္ကထိန္းခ်ဳပ္ရင္း မသိစိတ္က ပုန္ကန္သည္။ လူတစ္ကိုယ္ထဲတြင္ စိတ္ကႏွစ္မ်ိဳး။ ဦးေႏွာက္ထက္ ႏွလုံးသားက အေရးသာသြားလို႔မျဖစ္ပါေခ်။

ေနာက္ဆုံးေတာ့ ခ်ာတိတ္ေလး၏ Facebook account သြားၾကည့္ဖို႔သာ ဆုံးျဖတ္လိုက္သည္။ ဖုန္းဆက္တာထက္စာရင္ေတာ့ တစ္ဖက္ကို အေႏွာင့္အယွက္ကင္းေစသည့္ ကိစၥပဲေလမလား။ သိပ္ၾကာၾကာေတြးမေနေတာ့ဘဲ ခ်က္ခ်င္းပင္ ေဘးမွဖုန္းကို ေကာက္ယူၿပီး ၾကည့္လိုက္သည္။

ဝင္မၾကည့္ျဖစ္သည့္ ႏွစ္ရက္အတြင္း ဘာေတြမ်ားအသစ္တင္ထားမည္လဲ။ ႏွစ္ရက္ဆိုတာလည္း အေတာ္ေအာင့္အီးသည္းခံလိုက္ရသည့္ ႏွစ္ရက္ပါပဲ။ သြား,သြားၾကည့္ၿပီး ေရာဂါတိုးေနေသာ ကိုယ့္ကိုယ္ကို စည္းမ်ဥ္းသတ္မွတ္ထား႐ုံ သက္သက္သာ။

ဝင္ဝင္ခ်င္းပဲ ေတြ႕ပါၿပီ၊ မျမင္တာၾကာၿပီျဖစ္သည့္ ေကာင္ေလးပုံေတြ။ ယူနီေဖာင္းအျဖဴ၊ အျပာႏွင့္ ရိုက္ထားသည့္ပုံေတြမို႔ သူ႔အတြက္ အျမင္အနည္းငယ္ဆန္းေနေလ၏။ ခ်ာတိတ္ဆံပင္ေတြ ရွည္ေနေလၿပီ၊ ပုံေသးေသးျဖစ္ေသာ္ျငား မ်က္ႏွာျမင္တာႏွင့္ ပင္ပန္းထားမွန္းသိသာသည့္ ႐ုပ္ကေလး။

သည္လိုျမင္ရေတာ့လည္း ခ်ာတိတ္ကို Tag တြဲၿပီးတင္ေပးသည့္ သူငယ္ခ်င္းကို ေက်းဇူးတင္ရျပန္သည္။ ခ်ာတိတ္ကေတာ့ စာေမးပြဲတြင္းမို႔ ပုံတင္အားပုံလည္း မေပၚပါေပ။ သိုေသာ္ ပုံတင္သည့္စာသားကိုျဖင့္ နည္းနည္းမွမႀကိဳက္။ "စာေမးပြဲေျဖေနၾကသူမ်ား အေမာေျပ" တဲ့ေလ။ ထိုပို႔စ္တြင္ အသည္းခ်ည္းေပးထားသူကိုက လူေပါင္းသုံးေထာင္ေက်ာ္။ Comment ေတြ ၾကည့္မိေတာ့လည္း ေခ်ာေၾကာင္း၊ ခန့္ေၾကာင္းေတြပဲ ေျပာေနၾကေတာ့ သူ သဝန္တိုမိတာ အမွန္။

ျဖစ္နိုင္ရင္ ဘယ္သူမွမျမင္ေအာင္ သိမ္းထားခ်င္သည္။ ခုတြင္ေတာ့ျမင္ေနရသည့္ ပုံေလးေတြၾကည့္ၿပီး အလြမ္းဆိပ္တတ္႐ုံအျပင္ ဘာမွမတတ္နိုင္ေလခဲ့။ ေဇယ်ာ့အျဖစ္က တစ္ေယာက္တည္း ႀကိတ္ခံစားေနရၿပီး နာမည္ပင္တပ္လို႔မရသည့္ေရာဂါကို ခံစားေနရတာျဖစ္သည္။ အသဲကြဲတာလားဆို မဟုတ္၊ ဟိုကသူခ်စ္ေနမွန္းေတာင္ သိတာမွမဟုတ္ဘဲ။ သို႔ေသာ္ သူ႔ ဇာတ္လမ္းကမစခင္ထဲက ဆုံးေနၿပီသားျဖစ္သည္။

ထိုအခ်ိန္ တဂၽြီဂၽြီတုန္လာေသာ ဖုန္းေၾကာင့္ ေမၽွာ္လင့္ျခင္းတခ်ိဳ႕ အမၽွင္တန္းရေသးသည္။ ခ်ာတိတ္မ်ား ဆက္ေလသလားဆိုသည့္စိတ္က ဆက္ေလ့ဆက္ထမရွိတာေတာင္ တမ္းတမိဆဲ။ ဖုန္းမ်က္ႏွာျပင္ေပၚက သူငယ္ခ်င္းနာမည္ျမင္မွ သက္ျပင္းရွည္ႀကီးတစ္ခ်က္ ခ်လိုက္မိေတာ့သည္။ စာေမးပြဲေျဖေနရသည့္ကေလးက ဘယ္ဖုန္းဆက္အားပါ့မလဲ။

"ေအး ထက္ျမက္"

"အိမ္တြင္းေအာင္းလွခ်ည္လား ငါ့ေကာင္၊ Gym မလာျဖစ္လည္း ဘားေတာ့လာေတြ႕ဦး"

"ေတာ္ၿပီကြာ၊ ရွုပ္ရွုပ္ရွက္ရွက္နဲ႔"

"လူရွင္းတယ္ဟ၊ မင္းအသံၾကားေနရတယ္မလား။ ဒီဘားက ေအးေဆးတယ္"

ေဇယ်ာသြားလိုက္လၽွင္ ေကာင္းမည္လား။ အျပင္ထြက္ၿပီး အာ႐ုံတစ္မ်ိဳးေျပာင္းၾကည့္ရဦးမည္။ မြန္းက်ပ္ေနသမၽွလည္း ထက္ျမက္ကို ရင္ဖြင့္ခ်င္လာသည္။

"ေအးကြာ လာခဲ့မယ္"

အိတ္ယူကာ ေကာက္ခနဲ ထထြက္မည္အျပဳ ဘားတို႔၊ ကလပ္တို႔သြားျဖစ္လၽွင္ ေပါ့ေပါ့ပါးပါ့းႏွင့္ လန္းေနေအာင္ ဒါေတြဝတ္ရမွာေနာ္ဆိုသည့္ စကားသံစူးစူးေလးေတြ ၾကားေယာင္လာျပန္သည္။

ခ်ာတိတ္ရာ ... မင္းသိပ္လႊမ္းမိုးလြန္းတယ္။

....................

ထက္ျမက္ေျပာသည့္ဆိုင္မွာ မီးအဝါေရာင္ေတြသာ လႊမ္းျခဳံထားေသာ ေနရာတစ္ခုပင္။ သီခ်င္းေအးေအးတစ္ပုဒ္ ပ်ံ႕လြင့္ေနၿပီး လူေတြေတာ့ ဟိုတစ္စု၊ သည္တစ္စုႏွင့္။ ထက္ျမက္ကိုေတာ့ သူ ရွာမေတြ႕ေသးေခ်။ တကၠသိုလ္ထဲကေပါင္းသည့္ သူငယ္ခ်င္းမို႔ သူ႔အေၾကာင္းေတာ့ ေကာင္းေကာင္းသိသူပင္။

လူရိုး၊ လူေအးႀကီးမဟုတ္ေသာ္လည္း စင္တင္ပါသည့္ စားေသာက္ဆိုင္၊ နားညီးလြယ္ေသာ လူရွုပ္သည့္ဘားတို႔၊ ကလပ္တို႔ဆို ေရွာင္တာမ်ားသည္။ ဒါမို႔ေနာက္ပိုင္းဆို ထက္ျမက္မေခၚတာက မ်ားသည္။ သူလိုစာအုပ္ႀကီးသမားႏွင့္ေပါင္းေသာေကာင္ေပမဲ့ သူကကိုယ့္ထက္အမ်ားႀကီးလန္းသည့္ေကာင္ပင္။

"ေဇယ်ာ ငါဒီမွာ"

ခပ္စိုက္စိုက္ဝင္လာေသာသူ႔အား ဘားေရွ႕တည့္တည့္က ေကာင္တာေထာင့္ကေန လွမ္းေခၚတာပင္။ တစ္ေယာက္တည္းမို႔ပဲလား၊ ေခ်ာင္ကပ္ေသာက္ေနသည့္ေကာင္။

"သီဟေက်ာ္တို႔နဲ႔ မထိုင္ဘူးလား။ မင္း ခါတိုင္းေတာ့ သူတို႔နဲ႔အဖြဲ႕က်ေနၿပီး"

"ခရီးထြက္ေနၾကတယ္။ ငါမအားလို႔မလိုက္နိုင္တာ။ ကဲ ထိုင္ပါ၊ ငါ့သူငယ္ခ်င္းႀကီး ရွားရွားပါးပါးလာတာဆိုေတာ့ ငါဒကာခံမယ္ ဘာေသာက္မလဲ"

"မင္းႀကိဳက္သလိုမွာေတာ့၊ ငါဒီညေသာက္ခ်င္တယ္"

ေဇယ်ာက ဂ႐ုမစိုက္ဟန္ျဖင့္ ညစ္ေထးေထးဆိုသည္။ ထက္ျမက္ကေတာ့ အထူးတလည္ ၾကည့္ေနေသး၏။ သူ႔ပုံစံက အိမ္ကညီမေျပာသလို အသည္းကြဲသည့္ဟန္မ်ား ေပါက္ေနသည္လား။

"ဘာအဆင္မေျပလို႔လဲ၊ ေနဦး ငါအရင္မွာေပးမယ္။ Black Russian အရင္ေပး ... ငါ့ညီ"

ေဇယ်ာကေတာ့ ေဘးဘီအကဲခတ္လိုက္၊ အေနာက္ေဝ့ဝဲၾကည့္လိုက္ႏွင့္ မ်က္စိအလုပ္ေပးလိုက္သည္။ မီးဝါေရာင္လဲ့လဲ့ေတြၾကားတြင္ ကိုယ္စီစကားေျပာ၊ ေသာက္စားေနၾကသည့္ လူတခ်ိဳ႕သာရွိတာမို႔ ေအးေဆးေနၾကတာပါပဲ။ သည္ၾကားထဲ ခပ္ေအးေအး သီခ်င္းသံလြင္လြင္ကလည္း ပ်ံ႕လြင့္ေနသည္။ သူအမွတ္မမွားလၽွင္ ဒါသည္ Can't help falling in love with you ပင္။

🎵 Wise men say,
Only fools rush in..
But I can't help falling in love with you...
Shall I stay would it be a sin
Oh if I can't help falling in love with you...🎵

အသံရွရွႏွင့္မိန္းကေလး ျပန္ဆိုထားသည့္ သီခ်င္းတစ္ပုဒ္။ စာသားေတြအရ သူကေရာ အ႐ူးတစ္ေယာက္ ျဖစ္ေနၿပီလားမသိ။ သို႔ေပမဲ့လည္း သီခ်င္းထဲကအတိုင္း ဒီကေလးကိုမွ မခ်စ္ဘဲမေနနိုင္သည့္ အခ်စ္႐ူးလိုမ်ိဳး ျဖစ္မည္ပင္။ သက္ျပင္းအတြင္တြင္ခ်မိျပန္ေတာ့ ထက္ျမက္ဆီက အေမးေရာက္လာခဲ့သည္။

"ရၿပီ၊ ေသာက္လိုက္ဦး၊ ဘာျဖစ္လာတာလဲ။ မ်က္ႏွာက သုန္မွုန္လို႔"

ေဇယ်ာ တစ္ႀကိဳက္ေမာ့လိုက္ၿပီး ရင္ဖြင့္ဖို႔ရာ အရွိန္ယူသည္။ သည္ညေတာ့ ထက္ျမက္ကိုေျပာျပၿပီး သူေပါက္ကြဲထြက္သင့္ထြက္ရမည္။ ဘယ္သူမွမသိဘဲ၊ မေျပာနိုင္ဘဲ တစ္ေယာက္တည္းႀကိတ္ခံစားေနရတာ တစ္လတင္းတင္းပင္ ျပည့္ၿပီမလား။

"ဒီလိုကြာ ... ငါခ်စ္မိေနလို႔၊ ခပ္ငယ္ငယ္ ကေလးတစ္ေယာက္ကို ခ်စ္မိေနလို႔"

"ဟာ ... ဟုတ္လွခ်ည္လား။ ဒါေကာင္းတဲ့ကိစၥေပါ့၊ ေနာက္ဆုံးေတာ့ မင္းခ်စ္ရတဲ့သူ ထပ္ေပၚလာၿပီေပါ့။ ဆိုပါဦး၊ ဘယ္ေလာက္ငယ္တဲ့ ေကာင္မေလးမို႔လဲ"

အေၾကာင္းမသိဘဲ စြတ္ေကာင္းတာေပါ့ေျပာေနသူအား အၾကည့္တစ္ခ်က္ေပးျဖစ္လိုက္ေသးသည္။ ေယာက်္ားေလးဆိုတာမ်ားသိလၽွင္ ဘယ္လိုေျပာမည္မသိ။

"၁၉ႏွစ္ ... ငါတို႔ထက္ ၈ႏွစ္ငယ္တယ္။ ၿပီးေတာ့ ေကာင္မေလးမဟုတ္ဘူး၊ ေကာင္ေလး ... ခ်ာတိတ္ေလး"

"အဟြတ္!"

ထက္ျမက္ ေသာက္လက္စအရက္ပင္ သီးသြားသည္။ ခြက္အျမန္ခ်ၿပီး သူ႔ဆီၾကည့္လာတာ အလ်င္အျမန္။ ထူးဆန္းသည့္ အၾကည့္ေတြမ်ားလားမသိ။

"ေကာင္ေလး၊ ၁၉ႏွစ္"

"အင္း"

"အသက္ကထားပါဦး ငါ့ေကာင္ရ၊ မင္းေဂးလည္း မဟုတ္ပါဘူး။ ဘယ္လိုလုပ္ ေကာင္ေလးတစ္ေယာက္ကို ႀကိဳက္သြားရတာလဲ ... ဟမ္"

အံ့ဩသည့္မ်က္လုံးအစုံတို႔ျဖင့္ ေမးခြန္းထုတ္လာသည့္ ထက္ျမက္။ သူလည္း ဆန္းၾကယ္သည့္အျဖစ္ကို ေတြးေတာမဆုံးနိုင္။ ခ်ာတိတ္လိုမာနခဲေလးကို ဘယ္လိုမ်ားခ်စ္မိသြားရတာပါလိမ့္။ ခ်စ္စရာေကာင္းတာ တစ္ခုထဲေၾကာင့္မဟုတ္တာေတာ့ ေသခ်ာသည္။ အတူရွိေနလၽွင္ ေပ်ာ္ရႊင္ရတာ၊ ၾကည္ႏူးရတာ၊ စကားေတြအမ်ားႀကီးေျပာရင္း အခ်ိန္တိုင္းရွိခ်င္မိတာ ... ဒါေတြအားလုံးကေတာ့ ခ်စ္မိေနသည့္လကၡဏာေတြဆိုတာ သူသိပ္သိသည္။

"မင္း ငါ့ကို ဘယ္လိုျမင္သြားလဲ၊ အဲဒါ ငါသိခ်င္တယ္"

"မင္းကို ဘယ္လိုျမင္သြားလဲဆိုတာထက္ အံ့ဩသြားတာပါ၊ ေယာက်္ားေလးခ်င္း ႀကိဳက္မိလို႔ေတာ့ မင္းကိုအထင္မေသးဘူးေနာ္။ ၿပီးေတာ့ ဒီအခ်စ္က မင္းလိုလူအတြက္ ခက္ခက္ခဲခဲျဖစ္လာတာလို႔လည္း ယုံလို႔ပါ။ ငါကေတာ့ ငါ့သူငယ္ခ်င္း ဘာပဲျဖစ္ေနေန ရပ္တည္ေပးေနမွာပဲ"

"ေအးပါကြာ၊ ေက်းဇူးတင္တယ္"

ေဇယ်ာ ေရာက္လာသည့္ေနာက္တစ္ခြက္အား ထပ္ေမာ့လိုက္ျပန္သည္။ ျပင္းရွရွအရည္တခ်ိဳ႕ လည္ေခ်ာင္းထဲ ပူဆင္းသြား၏။ ထက္ျမက္ကေတာ့ ဆက္မေသာက္ျဖစ္၊ သူ႔ကိုေငးလို႔မၿပီးေသးတာပင္။ ေမးခြန္းေတြမကုန္ေသးတာလည္း ျဖစ္မည္။

"ေနပါဦး၊ အနားမွာလာဝဲတဲ့ မိန္းမေတြကိုေတာင္ေရွာင္ခဲ့တဲ့မင္းက ေကာင္ေလးတစ္ေယာက္ကို ဘယ္လိုခ်စ္မိသြားရတာလဲ။ ဘယ္သူလဲ၊ ဘယ္ကလဲ"

"မင္း ဟိုတစ္ခါ JS parking မွာ ေတြ႕လိုက္တဲ့ေကာင္ေလး"

ထက္ျမက္ မ်က္ဝန္းေတြေတာက္ပသြားလိုက္တာ အံ့ဩတႀကီးႏွင့္၊ သည္ေကာင္‌ နည္းနည္းေတာင္မရိပ္မိေလဘူးလားမသိ။

"ဘုရား၊ ဘုရား ... အဲကေလးဆို ငယ္ငယ္ေသးေသးေလးဟ။ မင္းကားတံခါးဖြင့္ေပးတုန္းကေတာင္ ဂ်စ္ကန္ကန္႐ုပ္ေလးနဲ႔။ ဟာကြာ ... မင္းကားကို စတိုင္လ္အျပည့္နဲ႔ ရပ္ေစာင့္ေနကတည္းက ရိပ္မိလိုက္သင့္တာ"

"ဘယ္လိုလဲ၊ ခ်စ္စရာေလးမလား"

ဖန္ခြက္ေလးကို ဟိုလွုပ္သည္လွုပ္ရင္း ေဇယ်ာေမးလိုက္ပုံက ျပဳံးရယ္ရယ္ႏွင့္ပါ။ သည္ေန႔အဖို႔ ပထမဆုံးအျပဳံးလို႔ ဆိုရေလာက္ေအာင္ ရွားရွားပါးပါးပဲ။ သူ႔ခ်ာတိတ္ကေလး သိပ္ခ်စ္စရာေကာင္းတာကို ၾကားကဂုဏ္ယူေနမိသည့္အျဖစ္။

"႐ုပ္ကိုက မေျပာခ်င္ဘူး။ အဲတုန္းက အေဝးကလွမ္းျမင္ရတာေတာင္ ေကာင္ေလးပုံစံက အသားေဖြးေဖြး၊ စတိုင္လ္မိုက္မိုက္နဲ႔ ေကာင္မေလးေတြ ဝိုင္းဝိုင္းလည္မဲ့ပုံပဲ။ အင္းေလ ... မင္းကသင္တန္းမွာ အနီးကပ္ေနရတာဆိုေတာ့ ခ်စ္မယ္ဆိုလည္း ခ်စ္တာျဖစ္နိုင္ပါတယ္။ အဲေတာ့ စိတ္ညစ္ေနတာဘာလဲ၊ အဲကေလးမွာ ရည္းစားရွိတယ္တဲ့လား"

"မရွိပါဘူး"

"မရွိရင္ဖြင့္ေျပာလိုက္ေလ"

ခပ္ေပါ့ေပါ့ေျပာလိုက္သည့္ ထက္ျမက္က သူတကယ္ခ်စ္မိလၽွင္ ထိုသို႔ေျပာမည္မဟုတ္ေခ်။ ထည့္တြက္စရာ အေျခအေနေတြ အမ်ားႀကီးရွိသည္မလား။ သူ႔ဘက္၊ ကိုယ့္ဘက္၊ ပတ္ဝန္းက်င္ အမ်ားမွအမ်ားႀကီးပင္။ ေတြးလိုက္တိုင္း အားလုံးကစိုးထိတ္စရာႀကီး။

"အဲေလာက္လြယ္ေနရင္ ငါစိတ္ညစ္မေနဘူး။ ခ်ာတိတ္ကလည္း ရည္းစားမထားျဖစ္ဘူးတဲ့၊ သူ႔ပုံစံကကြာ ... နည္းနည္းကေလးဆန္ၿပီး ဆိုးခ်င္တယ္။ အဲေတာ့ တျခားမိန္းကေလးတစ္ေယာက္ကို ေခ်ာ့ရ၊ လိုက္ရတာမ်ိဳး သူလုပ္ခ်င္တဲ့ပုံ မေပၚဘူး။ တစ္ေန႔တစ္ေန႔ သူငယ္ခ်င္းေတြနဲ႔ ဂိမ္းေဆာ့လိုက္၊ စာက်က္လိုက္နဲ႔ အလုပ္ရွုပ္ေနတတ္တာ"

ေျပာၿပီး ေနာက္တစ္ခြက္အား အကုန္ေမာ့ခ်လိုက္သည့္ေဇယ်ာ။ သူငယ္ခ်င္းျဖစ္သူ ထက္ျမက္ကေတာ့ သူ႔ကိုၾကည့္ၿပီး သနားမိတာအမွန္။ ဒဏ္ရာရွိၿပီးသားလူက ထပ္ခ်စ္မိေတာ့လည္း မလြယ္ကူသည့္အခ်စ္မ်ိဳးျဖစ္ေနသည္။ ထိုဒဏ္ရာေၾကာင့္ပဲ ေတာ္႐ုံအခ်စ္ကလည္း တိုးမဝင္ခဲ့တာျဖစ္မည္။

"အဲေတာ့ အခုဘယ္လိုလုပ္မလဲ၊ သူက မင္းခ်စ္ေနတာေရာ ရိပ္မိသလား။ မေနနိုင္ရင္လည္း ဖြင့္ေျပာလိုက္ေလကြာ"

"သူမသိပါဘူး။ အခုစာေမးပြဲေျဖေနရလို႔ သင္တန္းမလာတာ တစ္လေလာက္ရွိၿပီ၊ ငါလည္းညစ္ေနတာ အဲတစ္လလုံးလုံးပဲ။ ဖြင့္ေျပာလိုက္မွ အခုခင္ေနတဲ့အေနအထားေလးလည္း ပ်က္သြားမွာစိုးတယ္ကြာ။ ေဂးဆိုရင္၊ သူ႔ကိုႀကိဳက္ေနတာမွန္းသိရင္ ငါ့ကိုရြံသြားေလာက္တယ္။ ၿပီးေတာ့ ငါ့အိမ္ ... တစ္ခါအရွက္ရၿပီးၿပီဆိုေတာ့ ငါထပ္ဒုကၡမေပးခ်င္ဘူးကြာ"

"ေအးပါ ေဇယ်ာရာ၊ မင္းခံစားေနရတာ ငါနားလည္ပါတယ္။ ေရာ့ကြာ ... ဒီညေတာ့ေမ့သြားေအာင္ အမူးေသာက္လိုက္၊ ေမွာက္ရင္ ငါျပန္လိုက္ပို႔ေပးမယ္"

ထက္ျမက္ေျမႇာက္ေပးသည့္အတိုင္း တစ္ခြက္ၿပီးတစ္ခြက္ ဆက္တိုက္ေသာက္သည္။ အခ်ိန္လင့္ေအာင္ထိ ေသာက္ေနေသာ္လည္း သည္ကေလးေသးေသးေလးကို ဘယ္လိုမွေမ့မသြား။ တစ္ခဏေလးေတာင္ သူ႔မွတ္ဉာဏ္ကေန ေပ်ာက္မသြားေပ။ မ်က္ႏွာဝိုင္းကေလး၊ ေနာက္ ပါးမို႔မို႔ေလး၊ ႏွုတ္ခမ္းဖူးဖူးေလး၊ အနီးကပ္ရွိခ်င္ေတြဆို ျမင္ေနရတတ္သည့္ ေမႊးညႇင္းႏုေလးေတြကစ ေမ့ေဖ်ာက္မရနိုင္ေအာင္ မွတ္မိေနေသးသည္။

သည္လိုႏွင့္ ေမ့လို႔ေမ့ျငား ထပ္,ထပ္ေသာက္လိုက္မိတာ တစ္ခြက္ၿပီးတစ္ခြက္။ သူသည္ အရက္၏ေက်းကၽြန္လား၊ အခ်စ္၏ေက်းကၽြန္ေလပဲလား။

(21/9/2020)
•••••••••••••••••••••••••••••••••••••••••••••

Bạn đang đọc truyện trên: Truyen3h.Co