Truyen3h.Co

နှောင်ကြိုး

Part-14

Fi_Lay



<Unicode>

ခေါင်းအုံးအိပ်ရလောက်အောင်ထိ ထူထဲစာအုပ်ကြီးတွေနှင့် ခန့်ခန့်တစ်ယောက် လုံးပမ်းနေရသည်မှာ တစ်လလောက်ပင်ရှိလေပြီ။ စာမေးပွဲမဖြေခင် ရက်နှစ်ဆယ်ကျော်ပဲ အချိန်ရသည်မို့ ခုနှစ်ဘာသာအတွက် နှစ်ရက်ကျော်သာ အချိန်ရသည်။ အပြီးအပြတ်ကျက်ရသည်။ ဒါတောင် စာမေးပွဲဖြေခါနီးလို့ ပြန်နွှေးလျှင် တချို့စာတွေ အသစ်ဖြစ်နေတတ်သေး၏။

ဒါမို့ စာကျက်ရုံနှင့်မပြီး၊ အခေါက်ခေါက်အခါခါချရေးရသည်။ မမြင်နိုင်သော ကွန်ပျူတာ၏လုပ်ဆောင်ချက်များ ကျက်မှတ်ရာတွင် ရောထွေးမသွားဖို့အတွက်လည်း ဦးနှောက်ထဲတွင် တစ်ကန့်စီနှင့် သိမ်းရသေး၏။

သည်လိုနှင့် အပြင်လည်းသိပ်မထွက်နိုင်။ ညအိပ်ချိန် ခုနှစ်နာရီယူပြီး ကျန်အချိန်တွေတွင်တော့ အခန်းထဲတွင် တကုတ်ကုတ်။ သီချင်းဖွင့်ကာ programများ ရေးဖြစ်သည့်အချိန်တွေလည်းရှိသည်။ ငြီးငွေ့သလိုရှိလျှင် ခြံထဲဆင်းကာ ဟိုလျှောက်၊ သည်လျှောက်နှင့်။ တစ်ခါတရံ ခန့်ကိုစာလာမေးလျှင်တော့လည်း အပျင်းပြေပါ၏။

စာကျက်ပျက်မှာစိုး၍ Facebook လည်း မသုံးတာကြာလေပြီ။ အဲ့လူကြီးနှင့်တောင် မတွေ့ဖြစ်သလို၊ စကားလည်းမပြောဖြစ်တော့။ ဖုန်းမဆက်တော့ပုံထောက် အလုပ်တွေများ ရှုပ်နေလေသလားမသိ။ စာမေးပွဲခုနှစ်ဘာသာလုံးပြီးမှပဲ အဲ့လူကြီးခေါ်ကာ စျေးဝယ်ထွက်ပြီး မုန့်တွေတဝကြီးစားပစ်လိုက်မည်။

မနက်ဖြန်ဖြေရမည့် နောက်ဆုံးဘာသာကို ရေကုန်ရေခမ်းနွှေးရင်းအတွေးတွေက ဟိုရောက်သည်ရောက်။ မုန့်အကြောင်းတွေးလိုက်တော့ ဗိုက်ဆာလာသယောင်ယောင်။ အချိန်ကြည့်တော့ ညဆယ်နာရီကျော်နေလေပြီ။ သည်အချိန်ရောက်မှတာ့ အိပ်ချင်ပြေ အချိုအချဉ်လေးစားဖို့သာ ရှိလိမ့်မည်။

အတွေးဖြင့် ခန့်ခန့် အောက်ထပ်ဆင်းလာခဲ့၏။ တစ်အိမ်လုံးဆိတ်ငြိမ်နေလေပြီ။ မီးလုံးတွေလည်း ပိတ်ထားပြီမို့ ခြေသံဖော့ကာ ဆင်းရသေး၏။ မီးဖိုခန်းသို့ဝင်ကာ မီးဖွင့်ပြီး စားစရာရှာသော် ဘာမှကိုရှိမနေပါ။ မေမေတို့၊ ဘွားတို့များ စာမေးပွဲဖြေနေတဲ့သူကို ဂရုမစိုက်ကြဟု စိတ်ထဲအပြစ်တင်မိသေးသည်။ အပျင်းပြေစားစရာ မုန့်လေးလောက်တော့ ဝယ်ပေးထားသင့်သည်မလား။

စားချင်စိတ်ကလည်း တွေးပြီးမှတော့ထိန်းမရ။ နီးနီးနားနားရှိသော လမ်းထိပ်က city express တွင်သွားဝယ်ရန်သာ စိတ်ကူးလိုက်သည်။

ခန့်ခန့် အခန်းပြန်တက်ပြီး ဖုန်းနှင့်ပိုက်ဆံအိတ် တဖန်သွားပြန်ယူရသည်။ အကုန်လုံးလည်း အိပ်နေကြပြီမို့ ဘယ်သူ့မှပြောမသွားတော့ဘဲ တစ်ယောက်တည်း ခြံသော့ယူကာ ထွက်လာခဲ့သည်။

ညလေညင်းက တဖြူးဖြူး တိုက်ခတ်နေသည်။ နွေဦးမို့ မအေးသော်ငြား နေရှိန်ရှိမနေ၍ ပူလောင်ခြင်းလည်းမရှိလှ။ ဆောင်းအငွေ့အသက်ကိုတော့ နည်းနည်းမျှမခံစားရတော့ချေ။ မတ်လလယ်ရောက်ပြီမို့ နွေအသွင်ထင်းလင်းလာချေပြီ။

ဝန်းကျင်က လေတိုက်လို့သစ်ရွက်တို့၏ ပွတ်တိုက်သံတချွတ်ချွတ်ကလွဲလျှင် ဘာသံမျှမရှိလှပေ။ ကတ္တရာလမ်းတွင် တရှပ်ရှပ်သွားနေသော သူ့ခြေသံက အကျယ်လောင်ဆုံးဖြစ်နေသည်။ လမ်းထိပ်ဆိုသော်လည်း ခုနှစ်တိုက်၊ ရှစ်တိုက်လောက်ကို ဖြတ်လျှောက်ရသေး၏။

အိပ်ချင်ပြေစားမည်သာ တွေးဝယ်သော်လည်း လက်ထဲတွင်တော့ပါလာတာ အများသား။ ဟိုဟာရွေး၊ သည်ဟာရွေးနှင့် ဆယ်မိနစ်လောက်ပင် ဆိုင်ထဲကြာလိုက်သေးသည်။ အများကြီးဝယ်လာမိတဲ့အတူတူ မုန့်စားပြီး နှစ်နာရီလောက်တော့ ဆက်ကျက်ရဦးမည် တွေးလိုက်၏။ ရှေ့ရက်တွေ ဖြေနိုင်ထားတာမို့ နောက်ဆုံးဘာသာအတွက်လည်း ရေကုန်ရေခမ်းလုပ်ရမည်မလား။

ထိုအချိန် အိမ်နားရောက်ခါနီးမှ ရပ်ထားသည့်ကားကြောင့် အံ့အားသင့်သွားရတာ ခန့်ခန့်ပင်။ ညမှောင်မှောင်တွင် မြင်နေရသည့်ကားက အဲ့လူကြီးကားနှင့်တူသယောင်ယောင်။ အနီးကိုတိုးလျှောက်ရင်း တဖြည်းဖြည်းမှ ကိုးလေးလုံးပါသော ကားနံပါတ်ကို သေချာမြင်လိုက်ရသည်။

ဟုတ်တာပေါ့၊ အဲ့လူကြီးကားအစစ်ပေါ့။ သည်အချိန်ကြီး လမ်းထဲဘာလာလုပ်လေသလဲ ခန့်ခန့် သိချင်သွားသည်။

သို့နှင့် ခြေလှမ်းတို့ကို သုတ်ခြေတင်ပြေးရသည်။ လက်ထဲကိုင်ထားသည့် မုန့်ထုပ်ကလေးကဖြင့် တရမ်းရမ်း။ သိချင်စိတ်နှင့်အတူ ကားနားရောက်လေတော့ ဘေးမှန်ကတဆင့် ငုံ့ကြည့်မိလေသည်။

အလို! ကားစတီယာရင်ပေါ်တွင် ခေါင်းမှောက်လျက်သားနှင့် အဲ့လူကြီး။ စိုးရိမ်သည့်စိတ်ကြောင့် လူကပူထူသွားသည်။ ပြီးနောက် မှန်ကိုတဗုန်းဗုန်းပုတ်ရင်း ခေါ်မိသည်က-

"အဲ့လူကြီး၊ အဲ့လူကြီးလို့"

နှစ်ချက်၊ သုံးချက် ဆက်တိုက်ပုတ်လေတော့ ကားထဲမှနေ ခေါင်းထောင်လာသည်။ သူ့ကိုမြင်တော့ အိပ်ချင်မူးတူပုံစံနှင့် တံခါးလော့ခ်ဖွင့်ပေးလေ၏။ ခန့်ခန့် ဝင်ထိုင်လိုက်တာ ချက်ချင်းဆိုသလိုပင်။ ဝင်ဝင်ချင်းရလိုက်သည့် အစိမ်းသက်သက် အနံ့ကြောင့် နှာခေါင်းရှုံ့မိသွားသည်။ မျက်လုံးတွေကလည်း ရီဝေဝေနှင့် သူ့ကိုကြည့်နေလေတာ အဲ့လူကြီး မူးလာသလား။

"ဘာလုပ်နေတာလဲ ဒီချိန်ကြီး"

ခပ်ငေးငေးဖြင့် မိန်းမောနေသောအဲ့လူကြီးက လုံးလုံးပြန်မဖြေ။ သိချင်စိတ်ကြောင့် သည်လူက စိတ်မရှည်ဖြစ်လေလှသည်။

"ဘာကြည့်နေတာလဲ။ မေးနေတာဖြေဦးလေ ... ဘာလုပ်နေတာလဲလို့"

ခပ်ဆတ်ဆတ်အပြောဖြင့် အဲ့လူကြီးလက်ကောက်ဝတ်ကို လှုပ်ကိုင်လိုက်သော် ခေါင်းငိုက်စိုက်ကျသွားတော့၏။

......................

စိတ်ညစ်ညစ်နှင့် အမူးအမှောက်သောက်လိုက်မိပြီးမှ ဇေယျာ မထူနိုင်၊ မထောင်နိုင်ဖြစ်နေသည်။ ချာတိတ်ကလေးကို မေ့မလားဟု တွေးကာ သူသောက်သည်၊ သို့သော် ပိုဆိုးကာသတိရလာ၏။ အရက်သည် သူ့၏လွမ်းစိတ်ကို ဆိုးဝါးစွာ လောင်စာဖြည့်ပေးလိုက်တာပင်။ အကျိုးဆက်မှာတော့ ချာတိတ်၏အိမ်ရှေ့သို့ ရောက်လာမိစေသည်ထိ။ မမြင်ရတောင် အနီးဆုံးခဏတော့ ရှိချင်မိသည့်စိတ်ကို ဇေယျာ ဘယ်လိုမှထိန်းမရနိုင်ခဲ့ပါပေ။

အိမ်ရှေ့နားထိ ရောက်လာခဲ့သော်လည်း သူ့ခမျာ အရှက်ရှိန်တက်နေတာမို့ ခေါင်းကသေချာမထောင်နိုင်။ ချာတိတ်အခန်းဆီ ခေတ္တမော့ကြည့်ပြီး စတီယာရင်ပေါ်မှောက်၍သာ မှိန်းနေရသည်။ ထိုအခိုက်မှ မထင်မှတ်ထားသော အသံတစ်သံက သူ့အချစ်ဝိညာဉ်ကို လှုပ်နိုးလိုက်သလို။

မမြင်တာကြာပြီဖြစ်သည့် ချာတိတ်ကလေး။

သူ့အသက်တမျှ ချစ်ရသူလေး။

စိတ်ပဲထင်လေသလားနှင့် မျက်လုံးကိုစူးစိုက်ကြည့်ပြီးမှ တံခါးလော့ခ်ဖွင့်ပေးလိုက်ရသည်။ ချက်ချင်းဝင်ထိုင်လာလေမှ တကယ်ကို သူ ချစ်ရသည့်ချာတိတ်လေး ဖြစ်နေတာပါပဲ။

"ဘာလုပ်နေတာလဲ ဒီချိန်ကြီး"

ကားပေါ်ဝင်ထိုင်,ထိုင်ချင်း သိချင်တာကို တန်းမေးသူပါပဲ။ ဇေယျာမှာတော့ ထိုအမေးကို အာရုံမရောက်၊ မုန့်ထုပ်လေးကိုင်ကာ ညအိပ်ဝတ်စုံနှင့် အနှီလူသားလေးအား ကြည့်မဝသေးပေ။ အိပ်ချင်မူးတူးပုံစံလေးကတောင် သူ့အမြင်တွင် ကလေးတစ်ယောက်သဖွယ် ချစ်စရာကောင်းနေသေး၏။ ဟင်း ... သည်ကလေး နည်းနည်းပိန်သွားသည်၊ ပါးမို့မို့လေးနှစ်ဖက်ကလည်း ကျသွားသယောင်။ ပုံမှန်သိပ်မမြင်ရတတ်သည့် မျက်မှန်ဝိုင်းလေးက သူ့ကိုမချစ်,ချစ်အောင် ဆွဲဆောင်နေသယောင်။ မျက်မှန်ကိုင်းအောက်မှ ချိုင့်ဝင်နေသည့် အိပ်ပျက်ခြင်းတချို့ကိုတော့ သူ့မေတ္တာတွေဖြင့် အပြည့်ဖြည့်ပေးလိုက်ချင်တာပင်။ စာတွေဘယ်လောက်များ ပင်ပန်းအောင်ကြည့်နေလို့ သည်လိုလေးဖြစ်နေရပါသလဲ ကလေးရေ။

"ဘာကြည့်နေတာလဲ မေးနေတာဖြေဦးလေ၊ ဘာလုပ်နေတာလဲလို့"

မေးရင်း သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လာတော့ ဇေယျာ့ခံနိုင်ရည်စွမ်းတို့ ကမ္ဘာမြေ၏အောက်ဆုံးသို့ ထိုးကျသွားလုမတတ်။ ခေါင်းငိုက်စိုက်ရင်း သူ့စိတ်သူထိန်းရသည်။ ဘယ်လောက်ပဲမြတ်နိုးစေဦးတော့ လုံးဝချစ်ဟန်ပြ၍မဖြစ်။

"အရက်နံ့ရတယ်၊ သောက်လာတာလား"

ရင်ခုန်တာလား၊ ရန်တုန်တာလား မသိသော်ငြား ဇေယျာ နောက်ကျိပြီးမောဟိုက်လာသည်။ အတွေးထဲတွင်သာ စကားတွေရှိပြီး လက်တွေ့တွင် ဘာပြောရမည်မသိ။ ခေါင်းထဲတွင် စီရီနေမိသော အလွမ်းမည်သည့် စကားလုံးတို့မှာလည်း ပွင့်အန်ကျမတတ်။
"အင်း ကိုယ်သောက်လာတာ"

ရီဝေဝေနှင့်ပေမဲ့ သူ အလိုက်သင့်ဖြေနိုင်လိုက်သည်။

"ဒီလမ်းထိပ်ရောက်နေတာကရော"

စိတ်မရှည်စွာ မေးမြန်းနေသည့်ကလေးပုံမှာ လူ့ကိုပိုရစ်မူးစေသလို၊ မျက်မှန်ကိုင်းအောက်မှ ထိုးထိုးထွင်းထွင်း အကြည့်တို့ကလည်း လှိုင်းလုံးများကဲ့သို့ သူ့ထံအကြိမ်ကြိမ် တိုက်စားနေသည်။ အခုဆိုလျှင် သူတို့ကြား၌ နှစ်ပေလောက်သာ အကွာအဝေးရှိတော့သည်။ ချာတိတ်ဆီက ရနေကျကိုယ်ပိုင်အနံ့လေးကလည်း သူ့ထံသင်းပျံ့လာချေပြီ။ အနီးကပ်ရှိရမှ ပိုပိုင်ဆိုင်ချင်သည်၊ မဖြစ်နိုင်မှန်း ဦးနှောက်ကအသိပေးပြန်တော့ ပိုမက်မောစိတ်ဖြစ်လာပြန်၏။

"ဘာလို့ရောက်နေတာလဲလို့"

ဆေးမကူပါဘဲလှပနေသည့် နှုတ်ခမ်းဖူးဖူးမှ ထွက်ကျလာသည့် ခပ်ဆတ်ဆတ်စကားသံ။ ဇေယျာ ထိုနှုတ်ခမ်းပေါ်တွင် အကြည့်မခွာနိုင်ဖြစ်ရ၏။ သည်လောက်အနီးဆုံးမှာရှိနေတာတောင် သူ့နှလုံးသားက ဘာလို့ဝေးကွာနေသလို ခံစားရဘိသနည်း။ သူ မြတ်နိုးရသည့်ကလေးကို ဘာကြောင့်သူကချစ်လို့မရဘိသနည်း။ ခံပြင်းစိတ်နှင့်အတူ ထွက်ကျလာမိသော သူ့စကားသံက-

"လွမ်းလို့"

ဟူ၍ပင်။ ပြောမိသွားပါပြီ၊ ချက်ချင်းပင် သိစိတ်ကမပြောလိုက်ဖို့ အတန်တန်သတိပေးနေသည့်ကြားက ပြောဖြစ်အောင်ပြောထွက်သွားပါသည်။ ယမကာကြောင့် သိစိတ်ကိုမသိစိတ်မှ ဖုံးလွှမ်းသွားခိုက် အရာအားလုံးမှာ အထိန်းအချုပ်မဲ့စွာ။

"ဟမ်"

"ကိုယ့်ကိုစိတ်မဆိုးနဲ့နော်။ မင်းကိုလွမ်းလွန်းလို့ ဒီကိုရောက်လာတာ"

ချာတိတ်ကလေး မျက်စိ၊ မျက်နှာပျက်သွားသည်မှာ အထင်သား။ သူနှင့်အနည်းငယ် ဝေးကွာအောင် အနောက်ပင်တိုးဆုတ်သွားသယောင်။

"ဘာတွေပြောနေတာလဲ၊ အဲ့လူကြီး မူးနေပြီ .. ပြန်တော့။ ကျွန်တော်လည်း စာပြန်ကျက်တော့မယ်"

အနည်းငယ်ခွာလိုက်ရုံတင်မဟုတ်၊ စကားတွေကို ကမန်းကတန်းပြောပြီး သူ့အနားက ထွက်ပြေးဖို့အထိ ပြင်ဆင်လိုက်တာပင်။ မျက်စိရှေ့တွင်မြင်နေရပြီးမှ ပြန်လှည့်ထွက်မည့်အဖြစ်မျိုး သူ လက်မခံချင်ပါပေ။ ပြောမိသွားပြီဖြစ်သော ကိစ္စအတွက် သူသေချာဖွင့်ဟရတော့မည်မလား။ ဒါမို့ထွက်ရန်ပြင်သည့်ကလေး၏ လက်တစ်ဖက်ကို အမိအရလှမ်းဆွဲလိုက်ရသည်။

"နေပါဦး"

"ဘာလဲ ... လွှတ်"

"နေပါဦးကွာ၊ ကိုယ်မင်းကို ပြောစရာတွေ အများကြီးရှိသေးတယ်။ ဝန်ခံစရာတွေလည်း အများကြီး။ အကုန်လုံးနားထောင်ပြီးမှ ပြန်ပါကွာနော်။ ကိုယ် မင်းကိုမမြင်ရတာကြာလို့ ဘယ်လောက်တောင် ခံစားနေရလဲသိရဲ့လား။ မင်းအကြောင်းတွေ မတွေးမိဖို့၊ ခေါင်းထဲကထုတ်ပစ်လိုက်ဖို့ ကြိုးစားရတာ ဘယ်လောက်တောင် ခက်ခဲတယ်ထင်လဲသိရဲ့လားဟင်။ အဲဒါမို့ ကိုယ့်ရှေ့ကနေ လွယ်လွယ်နဲ့ပျောက်မသွားပါနဲ့လား"

ဝိုင်းစက်နေသည့်မျက်ဝန်းတွေက အံ့အားသင့်မှုအရိပ်အယောင်တွေကို ဖော်ကျူးပေးနေလေသည်။ နှုတ်ခမ်းဖူးဖူးလေးမှာလည်း ပြုံးဟန်အတိမရှိ။ မဲ့တော့မယောင်၊ ခနဲ့တော့မယောင်။ မုန်းများမုန်းလေပြီလား ကလေးရယ်။

"အဲ့လူကြီးမူးပြီး ဘာတွေလျှောက်ပြောနေတာလဲ။ လက်လွှတ်ပေးတော့၊ မူးရင်လည်း ပြန်အိပ်ပါတော့ဗျာ"

ဇေယျာ ဘယ်လိုပင်အသနားခံနေပါသော်လည်း ချာတိတ်ကလေးမှာ ကားတံခါးကိုကိုင်ကာ ထွက်ပြေးချင်နေသည်။ အားမလိုအားမရဖြစ်သည့်အဆုံး ပုခုံးစွန်းနှစ်ဖက်ကို အားသုံးပြီးဆွဲလှည့်လိုက်မိတာပင်။ သူ့အတွက် ထိန်းချုပ်နိုင်စွမ်းတွေလည်း မရှိတော့သလို စိတ်ထဲရှိရှိသမျှလည်း အကုန်ပြောထွက်ချင်နေတော့၏။

"ဒီမှာ ကိုယ်မူးလို့ လျှောက်ပြောနေတာမဟုတ်ဘူး။ ကိုယ် မင်းကိုချစ်လွန်းလို့ ... သိပ်ချစ်လွန်းလို့ အချိန်တိုင်းလည်း မင်းအကြောင်းပဲ တွေးနေမိတာ၊ ဟောဒီမျက်နှာလေးကိုပဲ အပြေးလာတွေ့ချင်နေခဲ့တာ တစ်လလုံးလုံး။ အဲဒါတွေမင်းသိရဲ့လား ... ကလေးရဲ့"

အပြောနှင့်ဆန့်ကျင်စွာ ခေါင်းတဆတ်ဆတ်ခါရမ်းတော့ ဝမ်းနည်းစိတ်က နှလုံးသားကိုဖျစ်ညှစ်သည့်နှယ် အသက်ရှုမရအောင် နာကျင်လာသည်။ ထိုဖြစ်ခြင်း၏သက်ရောက်မှုက ချာတိတ်လေးအပေါ် နာကျင်စေမိတာကို ဇေယျာလုံးဝသတိမထားမိရိုးအမှန်ပါပေ။

သို့ပေမဲ့ ခန့်ခန့်အဖို့မှာတော့ မထင်ထားသည့်ကိစ္စကြီးကို ကြားလိုက်ရ၍ မယုံနိုင်ဖြစ်နေရသည်။ အကိုင်အတွယ် ကြမ်းတမ်းလာမှုကြောင့် ကြောက်စိတ်ဝင်လာသည်။ အစ်ကိုတစ်ယောက် ရပါပြီလို့ သူ့စိတ်တွင်မှတ်ယူလိုက်သည်မှ မကြာသေး၊ အခုတော့ သူ့ကိုချစ်ကြောင်းတွေ ပြောနေလေသတဲ့။ သည်လိုအချစ်မျိုးနှင့် ဘယ်လိုဖြစ်နိုင်ပါမည်လဲ။

တဖြည်းဖြည်း မွန်းကျပ်လာသည့်စိတ်၊

ခေါင်းပေါက်ထွက်မလို ရှုပ်ရှက်နေသည့်အတွေးများနှင့်၊

ဇေယျာ့၏ကြမ်းတမ်းလှသော အကိုင်အတွယ်တို့ကြောင့် ခန့်ခန့်တစ်ယောက် စိတ်မောလာတာအမှန်ပင်။ လက်ခံမရဖြစ်နေသည့် သူ့စိတ်ကို အနားပေးဖို့လိုအပ်လာသည်။ ဒါမို့ လွတ်မြောက်ချင်စိတ်နှင့် ရုန်းထွက်ပြေးဖို့ ကြိုးစားရှာတော့၏။

"ဖယ် ... အဲ့လူကြီး၊ ကျွန်တော့်ကိုမထိနဲ့"

အားကုန်သုံးကာ ခန့်ခန့် ရုန်းသည်။ သို့သော် သေးကွေးသောခန္ဓာကိုယ်က ဇေယျာ့၏လက်နှစ်ဖက်ကြားတွင် မရုန်းသာလှပေ။ ယမကာကြောင့် အသိစိတ်လွတ်လုနီးပါးဖြစ်နေသော ဇေယျာသည်လည်း ခန့်ခန့် ထွက်မသွားစေရေးသာ အတွေးထဲရှိလှသည်။ သူပြောချင်သည့် ချစ်စကားတွေ အဆုံးမသတ်သေးသလို၊ ချာတိတ်လေး တစ်မျိုးမြင်သွားမှာကို ကြောက်သည်စိတ်နှင့် တားနေမိတာ အသည်းအသန်။

"နေပါဦး၊ ကိုယ်ပြောချင်တာတွေ ဆက်နားထောင်ပေးပါဦး"

"ဖယ်ဆိုဗျာ"

"ခဏလေး ငြိမ်ငြိမ်ပဲထိုင်နေပေးပါကွာ"

"ဖယ်။ အား ... နာတယ်"

ခွပ်!

ခန့်ခန့်၏အော်သံအဆုံးတွင် တစ်ပါတည်းကပ်ပါလာသည်က အားကုန်ပြင်းသောလက်သီးချက်ပင်။ ရုန်းရင်းဆန်ခတ်ဖြစ်နေသည့် အခြေအနေအား ခန့်ခန့် သည်နည်းသုံးကာ ဖြေရှင်းလိုက်တာဖြစ်သည်။

"ချာတိတ်"

"မခေါ်နဲ့။ မုန်းတယ်၊ ခင်ဗျားကြီးကို မုန်းတယ်။ သွား ... မျက်စိရှေ့က အခုထွက်သွားဗျာ။ နောက်လည်း ကျွန်တော့်ရှေ့ ဘယ်တော့မှပေါ်မလာနဲ့၊ သွားပါတော့"

တုန်ရင်နေသောခန္ဓာကိုယ်နှင့် မောဟိုက်နေသောအသံက သည်ကလေး၏ကြောက်စိတ်ကို အပြည့်အဝဖော်ညွှန်းနေသည်။ သိုသော် ထိုအချင်းအရာကို ဇေယျာနားလည်မိချိန်၌ ချာတိတ်ကလေးမှာ ကားထဲကထွက်ပြေးသွားလေပြီ။

လက်သီးပြင်းပြင်းတစ်ချက်ကြောင့် အသိစိတ်ဝင်လာသူအတွက်တော့ အရာရာမှာ နောက်ကျသွားချေသည်။ ချာတိတ်က ငိုနေသည်။ သူ ချစ်လှပါသည်ဆိုသောကလေးက သူ့၏လုပ်ရပ်ကြောင့်ပင် ငိုယိုကာ ကြောက်စိတ်နှင့်ထွက်ပြေးခဲ့ချေသည်။ မုန်းတယ်ဟူသော နာကျည်းသံစွက်နေသည့်စကားက သူ့နားထဲတွင် ပဲ့တင်ထပ်နေသည်။

'အား! ဘာလို့ဒီလိုတွေ ပြောလိုက်မိတာလဲကွာ။ ငတုံးပဲ ဟိန်းဇေယျာ ... မင်း ငတုံးပဲ!'

အသိစိတ်ဝင်လာမှ သူ ငိုကြွေးလည်း အားလုံးကနောက်ကျသွားလေပြီ။ ကားအတွင်း၌ တစ်ယောက်တည်းအော်နေလို့လည်း ဘယ်သူမျှမကြားနိုင်ချေ။ ချစ်ရသည့်ကလေးပေးသွားသော ပါးပေါ်မှလက်သီးချက်ထက် နှလုံးသား၏နာကျင်မှုက ပြောမပြတတ်အောင် ပို၍အရှိုက်ထိသည်၊ နာကျင်သည်။

စင်စစ်အားဖြင့် ဇေယျာ ဘာလုပ်ရမည်မသိတော့၊ အိမ်ထဲဆက်လိုက်၍ ပြန်တောင်းပန်လည်း မရတော့ချေ။ သို့နှင့် ဖုန်းကိုကမန်းကတန်း ကောက်ကိုင်ပြီး အခါခါဆက်တော့ စက်ပိတ်ချလိုက်လေ၏။ 'သွားပါပြီ' ဟူသော ညည်းညူသံနှင့်အတူ မကျစဖူးကျလာမိသည့် မျက်ရည်စတို့က သူ့ပါးထက်ဆီ ခုန်လှိမ့်ဆင်းလို့။

သည်အချိန်၊ သည်နေရာတွင် ဇေယျာ သတိလက်လွတ်ပြောကာ ပြုမူမိခြင်း၏အကျိုးဆက်က အဘယ်မျှဆိုးဝါးသွားပါမည်နည်း။

ကလေးတစ်ယောက်၏ အမုန်းတွေလား။ ထို့ထက် ဆိုးတာများလား။

(22/9/2020)
•••••••••••••••••••••••••••••••••••••••••••••

<Zawgyi>

ေခါင္းအုံးအိပ္ရေလာက္ေအာင္ထိ ထူထဲစာအုပ္ႀကီးေတြႏွင့္ ခန့္ခန့္တစ္ေယာက္ လုံးပမ္းေနရသည္မွာ တစ္လေလာက္ပင္ရွိေလၿပီ။ စာေမးပြဲမေျဖခင္ ရက္ႏွစ္ဆယ္ေက်ာ္ပဲ အခ်ိန္ရသည္မို႔ ခုႏွစ္ဘာသာအတြက္ ႏွစ္ရက္ေက်ာ္သာ အခ်ိန္ရသည္။ အၿပီးအျပတ္က်က္ရသည္။ ဒါေတာင္ စာေမးပြဲေျဖခါနီးလို႔ ျပန္ေႏႊးလၽွင္ တခ်ိဳ႕စာေတြ အသစ္ျဖစ္ေနတတ္ေသး၏။

ဒါမို႔ စာက်က္႐ုံႏွင့္မၿပီး၊ အေခါက္ေခါက္အခါခါခ်ေရးရသည္။ မျမင္နိုင္ေသာ ကြန္ပ်ဴတာ၏လုပ္ေဆာင္ခ်က္မ်ား က်က္မွတ္ရာတြင္ ေရာေထြးမသြားဖို႔အတြက္လည္း ဦးေႏွာက္ထဲတြင္ တစ္ကန့္စီႏွင့္ သိမ္းရေသး၏။

သည္လိုႏွင့္ အျပင္လည္းသိပ္မထြက္နိုင္။ ညအိပ္ခ်ိန္ ခုႏွစ္နာရီယူၿပီး က်န္အခ်ိန္ေတြတြင္ေတာ့ အခန္းထဲတြင္ တကုတ္ကုတ္။ သီခ်င္းဖြင့္ကာ programမ်ား ေရးျဖစ္သည့္အခ်ိန္ေတြလည္းရွိသည္။ ၿငီးေငြ႕သလိုရွိလၽွင္ ၿခံထဲဆင္းကာ ဟိုေလၽွာက္၊ သည္ေလၽွာက္ႏွင့္။ တစ္ခါတရံ ခန့္ကိုစာလာေမးလၽွင္ေတာ့လည္း အပ်င္းေျပပါ၏။

စာက်က္ပ်က္မွာစိုး၍ Facebook လည္း မသုံးတာၾကာေလၿပီ။ အဲ့လူႀကီးႏွင့္ေတာင္ မေတြ႕ျဖစ္သလို၊ စကားလည္းမေျပာျဖစ္ေတာ့။ ဖုန္းမဆက္ေတာ့ပုံေထာက္ အလုပ္ေတြမ်ား ရွုပ္ေနေလသလားမသိ။ စာေမးပြဲခုႏွစ္ဘာသာလုံးၿပီးမွပဲ အဲ့လူႀကီးေခၚကာ ေစ်းဝယ္ထြက္ၿပီး မုန႔္ေတြတဝႀကီးစားပစ္လိုက္မည္။

မနက္ျဖန္ေျဖရမည့္ ေနာက္ဆုံးဘာသာကို ေရကုန္ေရခမ္းေႏႊးရင္းအေတြးေတြက ဟိုေရာက္သည္ေရာက္။ မုန့္အေၾကာင္းေတြးလိုက္ေတာ့ ဗိုက္ဆာလာသေယာင္ေယာင္။ အခ်ိန္ၾကည့္ေတာ့ ညဆယ္နာရီေက်ာ္ေနေလၿပီ။ သည္အခ်ိန္ေရာက္မွတာ့ အိပ္ခ်င္ေၿပ အခ်ိဳအခ်ဥ္ေလးစားဖို႔သာ ရွိလိမ့္မည္။

အေတြးျဖင့္ ခန့္ခန့္ ေအာက္ထပ္ဆင္းလာခဲ့၏။ တစ္အိမ္လုံးဆိတ္ၿငိမ္ေနေလၿပီ။ မီးလုံးေတြလည္း ပိတ္ထားၿပီမို႔ ေျခသံေဖာ့ကာ ဆင္းရေသး၏။ မီးဖိုခန္းသို႔ဝင္ကာ မီးဖြင့္ၿပီး စားစရာရွာေသာ္ ဘာမွကိုရွိမေနပါ။ ေမေမတို႔၊ ဘြားတို႔မ်ား စာေမးပြဲေျဖေနတဲ့သူကို ဂ႐ုမစိုက္ၾကဟု စိတ္ထဲအျပစ္တင္မိေသးသည္။ အပ်င္းေျပစားစရာ မုန့္ေလးေလာက္ေတာ့ ဝယ္ေပးထားသင့္သည္မလား။

စားခ်င္စိတ္ကလည္း ေတြးၿပီးမွေတာ့ထိန္းမရ။ နီးနီးနားနားရွိေသာ လမ္းထိပ္က city express တြင္သြားဝယ္ရန္သာ စိတ္ကူးလိုက္သည္။

ခန့္ခန့္ အခန္းျပန္တက္ၿပီး ဖုန္းႏွင့္ပိုက္ဆံအိတ္ တဖန္သြားျပန္ယူရသည္။ အကုန္လုံးလည္း အိပ္ေနၾကၿပီမို႔ ဘယ္သူ႔မွေျပာမသြားေတာ့ဘဲ တစ္ေယာက္တည္း ၿခံေသာ့ယူကာ ထြက္လာခဲ့သည္။

ညေလညင္းက တျဖဴးျဖဴး တိုက္ခတ္ေနသည္။ ေႏြဦးမို႔ မေအးေသာ္ျငား ေနရွိန္ရွိမေန၍ ပူေလာင္ျခင္းလည္းမရွိလွ။ ေဆာင္းအေငြ႕အသက္ကိုေတာ့ နည္းနည္းမၽွမခံစားရေတာ့ေခ်။ မတ္လလယ္ေရာက္ၿပီမို႔ ေႏြအသြင္ထင္းလင္းလာေခ်ၿပီ။

ဝန္းက်င္က ေလတိုက္လို႔သစ္ရြက္တို႔၏ ပြတ္တိုက္သံတခၽြတ္ခၽြတ္ကလြဲလၽွင္ ဘာသံမၽွမရွိလွေပ။ ကတၱရာလမ္းတြင္ တရွပ္ရွပ္သြားေနေသာ သူ႔ေျခသံက အက်ယ္ေလာင္ဆုံးျဖစ္ေနသည္။ လမ္းထိပ္ဆိုေသာ္လည္း ခုႏွစ္တိုက္၊ ရွစ္တိုက္ေလာက္ကို ျဖတ္ေလၽွာက္ရေသး၏။

အိပ္ခ်င္ေျပစားမည္သာ ေတြးဝယ္ေသာ္လည္း လက္ထဲတြင္ေတာ့ပါလာတာ အမ်ားသား။ ဟိုဟာေရြး၊ သည္ဟာေရြးႏွင့္ ဆယ္မိနစ္ေလာက္ပင္ ဆိုင္ထဲၾကာလိုက္ေသးသည္။ အမ်ားႀကီးဝယ္လာမိတဲ့အတူတူ မုန့္စားၿပီး ႏွစ္နာရီေလာက္ေတာ့ ဆက္က်က္ရဦးမည္ ေတြးလိုက္၏။ ေရွ႕ရက္ေတြ ေျဖနိုင္ထားတာမို႔ ေနာက္ဆုံးဘာသာအတြက္လည္း ေရကုန္ေရခမ္းလုပ္ရမည္မလား။

ထိုအခ်ိန္ အိမ္နားေရာက္ခါနီးမွ ရပ္ထားသည့္ကားေၾကာင့္ အံ့အားသင့္သြားရတာ ခန႔္ခန႔္ပင္။ ညေမွာင္ေမွာင္တြင္ ျမင္ေနရသည့္ကားက အဲ့လူႀကီးကားႏွင့္တူသေယာင္ေယာင္။ အနီးကိုတိုးေလၽွာက္ရင္း တျဖည္းျဖည္းမွ ကိုးေလးလုံးပါေသာ ကားနံပါတ္ကို ေသခ်ာျမင္လိုက္ရသည္။

ဟုတ္တာေပါ့၊ အဲ့လူႀကီးကားအစစ္ေပါ့။ သည္အခ်ိန္ႀကီး လမ္းထဲဘာလာလုပ္ေလသလဲ ခန့္ခန့္ သိခ်င္သြားသည္။

သို႔ႏွင့္ ေျခလွမ္းတို႔ကို သုတ္ေျခတင္ေျပးရသည္။ လက္ထဲကိုင္ထားသည့္ မုန႔္ထုပ္ကေလးကျဖင့္ တရမ္းရမ္း။ သိခ်င္စိတ္ႏွင့္အတူ ကားနားေရာက္ေလေတာ့ ေဘးမွန္ကတဆင့္ ငုံ႔ၾကည့္မိေလသည္။

အလို! ကားစတီယာရင္ေပၚတြင္ ေခါင္းေမွာက္လ်က္သားႏွင့္ အဲ့လူႀကီး။ စိုးရိမ္သည့္စိတ္ေၾကာင့္ လူကပူထူသြားသည္။ ၿပီးေနာက္ မွန္ကိုတဗုန္းဗုန္းပုတ္ရင္း ေခၚမိသည္က-

"အဲ့လူႀကီး၊ အဲ့လူႀကီးလို႔"

ႏွစ္ခ်က္၊ သုံးခ်က္ ဆက္တိုက္ပုတ္ေလေတာ့ ကားထဲမွေန ေခါင္းေထာင္လာသည္။ သူ႔ကိုျမင္ေတာ့ အိပ္ခ်င္မူးတူပုံစံႏွင့္ တံခါးေလာ့ခ္ဖြင့္ေပးေလ၏။ ခန႔္ခန႔္ ဝင္ထိုင္လိုက္တာ ခ်က္ခ်င္းဆိုသလိုပင္။ ဝင္ဝင္ခ်င္းရလိုက္သည့္ အစိမ္းသက္သက္ အနံ႔ေၾကာင့္ ႏွာေခါင္းရွုံ႔မိသြားသည္။ မ်က္လုံးေတြကလည္း ရီေဝေဝႏွင့္ သူ႔ကိုၾကည့္ေနေလတာ အဲ့လူႀကီး မူးလာသလား။

"ဘာလုပ္ေနတာလဲ ဒီခ်ိန္ႀကီး"

ခပ္ေငးေငးျဖင့္ မိန္းေမာေနေသာအဲ့လူႀကီးက လုံးလုံးျပန္မေျဖ။ သိခ်င္စိတ္ေၾကာင့္ သည္လူက စိတ္မရွည္ျဖစ္ေလလွသည္။

"ဘာၾကည့္ေနတာလဲ။ ေမးေနတာေျဖဦးေလ ... ဘာလုပ္ေနတာလဲလို႔"

ခပ္ဆတ္ဆတ္အေျပာျဖင့္ အဲ့လူႀကီးလက္ေကာက္ဝတ္ကို လွုပ္ကိုင္လိုက္ေသာ္ ေခါင္းငိုက္စိုက္က်သြားေတာ့၏။

......................

စိတ္ညစ္ညစ္ႏွင့္ အမူးအေမွာက္ေသာက္လိုက္မိၿပီးမွ ေဇယ်ာ မထူနိုင္၊ မေထာင္နိုင္ျဖစ္ေနသည္။ ခ်ာတိတ္ကေလးကို ေမ့မလားဟု ေတြးကာ သူေသာက္သည္၊ သို႔ေသာ္ ပိုဆိုးကာသတိရလာ၏။ အရက္သည္ သူ႔၏လြမ္းစိတ္ကို ဆိုးဝါးစြာ ေလာင္စာျဖည့္ေပးလိုက္တာပင္။ အက်ိဳးဆက္မွာေတာ့ ခ်ာတိတ္၏အိမ္ေရွ႕သို႔ ေရာက္လာမိေစသည္ထိ။ မျမင္ရေတာင္ အနီးဆုံးခဏေတာ့ ရွိခ်င္မိသည့္စိတ္ကို ေဇယ်ာ ဘယ္လိုမွထိန္းမရနိုင္ခဲ့ပါေပ။

အိမ္ေရွ႕နားထိ ေရာက္လာခဲ့ေသာ္လည္း သူ႔ခမ်ာ အရွက္ရွိန္တက္ေနတာမို႔ ေခါင္းကေသခ်ာမေထာင္နိုင္။ ခ်ာတိတ္အခန္းဆီ ေခတၱေမာ့ၾကည့္ၿပီး စတီယာရင္ေပၚေမွာက္၍သာ မွိန္းေနရသည္။ ထိုအခိုက္မွ မထင္မွတ္ထားေသာ အသံတစ္သံက သူ႔အခ်စ္ဝိညာဥ္ကို လွုပ္နိုးလိုက္သလို။

မျမင္တာၾကာၿပီျဖစ္သည့္ ခ်ာတိတ္ကေလး။

သူ႔အသက္တမၽွ ခ်စ္ရသူေလး။

စိတ္ပဲထင္ေလသလားႏွင့္ မ်က္လုံးကိုစူးစိုက္ၾကည့္ၿပီးမွ တံခါးေလာ့ခ္ဖြင့္ေပးလိုက္ရသည္။ ခ်က္ခ်င္းဝင္ထိုင္လာေလမွ တကယ္ကို သူ ခ်စ္ရသည့္ခ်ာတိတ္ေလး ျဖစ္ေနတာပါပဲ။

"ဘာလုပ္ေနတာလဲ ဒီခ်ိန္ႀကီး"

ကားေပၚဝင္ထိုင္,ထိုင္ခ်င္း သိခ်င္တာကို တန္းေမးသူပါပဲ။ ေဇယ်ာမွာေတာ့ ထိုအေမးကို အာ႐ုံမေရာက္၊ မုန့္ထုပ္ေလးကိုင္ကာ ညအိပ္ဝတ္စုံႏွင့္ အႏွီလူသားေလးအား ၾကည့္မဝေသးေပ။ အိပ္ခ်င္မူးတူးပုံစံေလးကေတာင္ သူ႔အျမင္တြင္ ကေလးတစ္ေယာက္သဖြယ္ ခ်စ္စရာေကာင္းေနေသး၏။ ဟင္း ... သည္ကေလး နည္းနည္းပိန္သြားသည္၊ ပါးမို႔မို႔ေလးႏွစ္ဖက္ကလည္း က်သြားသေယာင္။ ပုံမွန္သိပ္မျမင္ရတတ္သည့္ မ်က္မွန္ဝိုင္းေလးက သူ႔ကိုမခ်စ္,ခ်စ္ေအာင္ ဆြဲေဆာင္ေနသေယာင္။ မ်က္မွန္ကိုင္းေအာက္မွ ခ်ိဳင့္ဝင္ေနသည့္ အိပ္ပ်က္ျခင္းတခ်ိဳ႕ကိုေတာ့ သူ႔ေမတၱာေတြျဖင့္ အျပည့္ျဖည့္ေပးလိုက္ခ်င္တာပင္။ စာေတြဘယ္ေလာက္မ်ား ပင္ပန္းေအာင္ၾကည့္ေနလို႔ သည္လိုေလးျဖစ္ေနရပါသလဲ ကေလးေရ။

"ဘာၾကည့္ေနတာလဲ ေမးေနတာေျဖဦးေလ၊ ဘာလုပ္ေနတာလဲလို႔"

ေမးရင္း သူ႔လက္ေကာက္ဝတ္ကို ဆုပ္ကိုင္လာေတာ့ ေဇယ်ာ့ခံနိုင္ရည္စြမ္းတို႔ ကမၻာေျမ၏ေအာက္ဆုံးသို႔ ထိုးက်သြားလုမတတ္။ ေခါင္းငိုက္စိုက္ရင္း သူ႔စိတ္သူထိန္းရသည္။ ဘယ္ေလာက္ပဲျမတ္နိုးေစဦးေတာ့ လုံးဝခ်စ္ဟန္ျပ၍မျဖစ္။

"အရက္နံ႔ရတယ္၊ ေသာက္လာတာလား"

ရင္ခုန္တာလား၊ ရန္တုန္တာလား မသိေသာ္ျငား ေဇယ်ာ ေနာက္က်ိၿပီးေမာဟိုက္လာသည္။ အေတြးထဲတြင္သာ စကားေတြရွိၿပီး လက္ေတြ႕တြင္ ဘာေျပာရမည္မသိ။ ေခါင္းထဲတြင္ စီရီေနမိေသာ အလြမ္းမည္သည့္ စကားလုံးတို႔မွာလည္း ပြင့္အန္က်မတတ္။
"အင္း ကိုယ္ေသာက္လာတာ"

ရီေဝေဝႏွင့္ေပမဲ့ သူ အလိုက္သင့္ေျဖနိုင္လိုက္သည္။

"ဒီလမ္းထိပ္ေရာက္ေနတာကေရာ"

စိတ္မရွည္စြာ ေမးျမန္းေနသည့္ကေလးပုံမွာ လူ႔ကိုပိုရစ္မူးေစသလို၊ မ်က္မွန္ကိုင္းေအာက္မွ ထိုးထိုးထြင္းထြင္း အၾကည့္တို႔ကလည္း လွိုင္းလုံးမ်ားကဲ့သို႔ သူ႔ထံအႀကိမ္ႀကိမ္ တိုက္စားေနသည္။ အခုဆိုလၽွင္ သူတို႔ၾကား၌ ႏွစ္ေပေလာက္သာ အကြာအေဝးရွိေတာ့သည္။ ခ်ာတိတ္ဆီက ရေနက်ကိုယ္ပိုင္အနံ႔ေလးကလည္း သူ႔ထံသင္းပ်ံ႕လာေခ်ၿပီ။ အနီးကပ္ရွိရမွ ပိုပိုင္ဆိုင္ခ်င္သည္၊ မျဖစ္နိုင္မွန္း ဦးေႏွာက္ကအသိေပးျပန္ေတာ့ ပိုမက္ေမာစိတ္ျဖစ္လာျပန္၏။

"ဘာလို႔ေရာက္ေနတာလဲလို႔"

ေဆးမကူပါဘဲလွပေနသည့္ ႏွုတ္ခမ္းဖူးဖူးမွ ထြက္က်လာသည့္ ခပ္ဆတ္ဆတ္စကားသံ။ ေဇယ်ာ ထိုႏွုတ္ခမ္းေပၚတြင္ အၾကည့္မခြာနိုင္ျဖစ္ရ၏။ သည္ေလာက္အနီးဆုံးမွာရွိေနတာေတာင္ သူ႔ႏွလုံးသားက ဘာလို႔ေဝးကြာေနသလို ခံစားရဘိသနည္း။ သူ ျမတ္နိုးရသည့္ကေလးကို ဘာေၾကာင့္သူကခ်စ္လို႔မရဘိသနည္း။ ခံျပင္းစိတ္ႏွင့္အတူ ထြက္က်လာမိေသာ သူ႔စကားသံက-

"လြမ္းလို႔"

ဟူ၍ပင္။ ေျပာမိသြားပါၿပီ၊ ခ်က္ခ်င္းပင္ သိစိတ္ကမေျပာလိုက္ဖို႔ အတန္တန္သတိေပးေနသည့္ၾကားက ေျပာျဖစ္ေအာင္ေျပာထြက္သြားပါသည္။ ယမကာေၾကာင့္ သိစိတ္ကိုမသိစိတ္မွ ဖုံးလႊမ္းသြားခိုက္ အရာအားလုံးမွာ အထိန္းအခ်ဳပ္မဲ့စြာ။

"ဟမ္"

"ကိုယ့္ကိုစိတ္မဆိုးနဲ႔ေနာ္။ မင္းကိုလြမ္းလြန္းလို႔ ဒီကိုေရာက္လာတာ"

ခ်ာတိတ္ကေလး မ်က္စိ၊ မ်က္ႏွာပ်က္သြားသည္မွာ အထင္သား။ သူႏွင့္အနည္းငယ္ ေဝးကြာေအာင္ အေနာက္ပင္တိုးဆုတ္သြားသေယာင္။

"ဘာေတြေျပာေနတာလဲ၊ အဲ့လူႀကီး မူးေနၿပီ .. ျပန္ေတာ့။ ကၽြန္ေတာ္လည္း စာျပန္က်က္ေတာ့မယ္"

အနည္းငယ္ခြာလိုက္႐ုံတင္မဟုတ္၊ စကားေတြကို ကမန္းကတန္းေျပာၿပီး သူ႔အနားက ထြက္ေျပးဖို႔အထိ ျပင္ဆင္လိုက္တာပင္။ မ်က္စိေရွ႕တြင္ျမင္ေနရၿပီးမွ ျပန္လွည့္ထြက္မည့္အျဖစ္မ်ိဳး သူ လက္မခံခ်င္ပါေပ။ ေျပာမိသြားၿပီျဖစ္ေသာ ကိစၥအတြက္ သူေသခ်ာဖြင့္ဟရေတာ့မည္မလား။ ဒါမို႔ထြက္ရန္ျပင္သည့္ကေလး၏ လက္တစ္ဖက္ကို အမိအရလွမ္းဆြဲလိုက္ရသည္။

"ေနပါဦး"

"ဘာလဲ ... လႊတ္"

"ေနပါဦးကြာ၊ ကိုယ္မင္းကို ေျပာစရာေတြ အမ်ားႀကီးရွိေသးတယ္။ ဝန္ခံစရာေတြလည္း အမ်ားႀကီး။ အကုန္လုံးနားေထာင္ၿပီးမွ ျပန္ပါကြာေနာ္။ ကိုယ္ မင္းကိုမျမင္ရတာၾကာလို႔ ဘယ္ေလာက္ေတာင္ ခံစားေနရလဲသိရဲ့လား။ မင္းအေၾကာင္းေတြ မေတြးမိဖို႔၊ ေခါင္းထဲကထုတ္ပစ္လိုက္ဖို႔ ႀကိဳးစားရတာ ဘယ္ေလာက္ေတာင္ ခက္ခဲတယ္ထင္လဲသိရဲ့လားဟင္။ အဲဒါမို႔ ကိုယ့္ေရွ႕ကေန လြယ္လြယ္နဲ႔ေပ်ာက္မသြားပါနဲ႔လား"

ဝိုင္းစက္ေနသည့္မ်က္ဝန္းေတြက အံ့အားသင့္မွုအရိပ္အေယာင္ေတြကို ေဖာ္က်ဴးေပးေနေလသည္။ ႏွုတ္ခမ္းဖူးဖူးေလးမွာလည္း ျပဳံးဟန္အတိမရွိ။ မဲ့ေတာ့မေယာင္၊ ခနဲ႔ေတာ့မေယာင္။ မုန္းမ်ားမုန္းေလၿပီလား ကေလးရယ္။

"အဲ့လူႀကီးမူးၿပီး ဘာေတြေလၽွာက္ေျပာေနတာလဲ။ လက္လႊတ္ေပးေတာ့၊ မူးရင္လည္း ျပန္အိပ္ပါေတာ့ဗ်ာ"

ေဇယ်ာ ဘယ္လိုပင္အသနားခံေနပါေသာ္လည္း ခ်ာတိတ္ကေလးမွာ ကားတံခါးကိုကိုင္ကာ ထြက္ေျပးခ်င္ေနသည္။ အားမလိုအားမရျဖစ္သည့္အဆုံး ပုခုံးစြန္းႏွစ္ဖက္ကို အားသုံးၿပီးဆြဲလွည့္လိုက္မိတာပင္။ သူ႔အတြက္ ထိန္းခ်ဳပ္နိုင္စြမ္းေတြလည္း မရွိေတာ့သလို စိတ္ထဲရွိရွိသမၽွလည္း အကုန္ေျပာထြက္ခ်င္ေနေတာ့၏။

"ဒီမွာ ကိုယ္မူးလို႔ ေလၽွာက္ေျပာေနတာမဟုတ္ဘူး။ ကိုယ္ မင္းကိုခ်စ္လြန္းလို႔ ... သိပ္ခ်စ္လြန္းလို႔ အခ်ိန္တိုင္းလည္း မင္းအေၾကာင္းပဲ ေတြးေနမိတာ၊ ေဟာဒီမ်က္ႏွာေလးကိုပဲ အေျပးလာေတြ႕ခ်င္ေနခဲ့တာ တစ္လလုံးလုံး။ အဲဒါေတြမင္းသိရဲ့လား ... ကေလးရဲ့"

အေျပာႏွင့္ဆန႔္က်င္စြာ ေခါင္းတဆတ္ဆတ္ခါရမ္းေတာ့ ဝမ္းနည္းစိတ္က ႏွလုံးသားကိုဖ်စ္ညႇစ္သည့္ႏွယ္ အသက္ရွုမရေအာင္ နာက်င္လာသည္။ ထိုျဖစ္ျခင္း၏သက္ေရာက္မွုက ခ်ာတိတ္ေလးအေပၚ နာက်င္ေစမိတာကို ေဇယ်ာလုံးဝသတိမထားမိရိုးအမွန္ပါေပ။

သို႔ေပမဲ့ ခန့္ခန့္အဖို႔မွာေတာ့ မထင္ထားသည့္ကိစၥႀကီးကို ၾကားလိုက္ရ၍ မယုံနိုင္ျဖစ္ေနရသည္။ အကိုင္အတြယ္ ၾကမ္းတမ္းလာမွုေၾကာင့္ ေၾကာက္စိတ္ဝင္လာသည္။ အစ္ကိုတစ္ေယာက္ ရပါၿပီလို႔ သူ႔စိတ္တြင္မွတ္ယူလိုက္သည္မွ မၾကာေသး၊ အခုေတာ့ သူ႔ကိုခ်စ္ေၾကာင္းေတြ ေျပာေနေလသတဲ့။ သည္လိုအခ်စ္မ်ိဳးႏွင့္ ဘယ္လိုျဖစ္နိုင္ပါမည္လဲ။

တျဖည္းျဖည္း မြန္းက်ပ္လာသည့္စိတ္၊

ေခါင္းေပါက္ထြက္မလို ရွုပ္ရွက္ေနသည့္အေတြးမ်ားႏွင့္၊

ေဇယ်ာ့၏ၾကမ္းတမ္းလွေသာ အကိုင္အတြယ္တို႔ေၾကာင့္ ခန႔္ခန႔္တစ္ေယာက္ စိတ္ေမာလာတာအမွန္ပင္။ လက္ခံမရျဖစ္ေနသည့္ သူ႔စိတ္ကို အနားေပးဖို႔လိုအပ္လာသည္။ ဒါမို႔ လြတ္ေျမာက္ခ်င္စိတ္ႏွင့္ ႐ုန္းထြက္ေျပးဖို႔ ႀကိဳးစားရွာေတာ့၏။

"ဖယ္ ... အဲ့လူႀကီး၊ ကၽြန္ေတာ့္ကိုမထိနဲ႔"

အားကုန္သုံးကာ ခန့္ခန့္ ႐ုန္းသည္။ သို႔ေသာ္ ေသးေကြးေသာခႏၶာကိုယ္က ေဇယ်ာ့၏လက္ႏွစ္ဖက္ၾကားတြင္ မ႐ုန္းသာလွေပ။ ယမကာေၾကာင့္ အသိစိတ္လြတ္လုနီးပါးျဖစ္ေနေသာ ေဇယ်ာသည္လည္း ခန႔္ခန႔္ ထြက္မသြားေစေရးသာ အေတြးထဲရွိလွသည္။ သူေျပာခ်င္သည့္ ခ်စ္စကားေတြ အဆုံးမသတ္ေသးသလို၊ ခ်ာတိတ္ေလး တစ္မ်ိဳးျမင္သြားမွာကို ေၾကာက္သည္စိတ္ႏွင့္ တားေနမိတာ အသည္းအသန္။

"ေနပါဦး၊ ကိုယ္ေျပာခ်င္တာေတြ ဆက္နားေထာင္ေပးပါဦး"

"ဖယ္ဆိုဗ်ာ"

"ခဏေလး ၿငိမ္ၿငိမ္ပဲထိုင္ေနေပးပါကြာ"

"ဖယ္။ အား ... နာတယ္"

ခြပ္!

ခန႔္ခန႔္၏ေအာ္သံအဆုံးတြင္ တစ္ပါတည္းကပ္ပါလာသည္က အားကုန္ျပင္းေသာလက္သီးခ်က္ပင္။ ႐ုန္းရင္းဆန္ခတ္ျဖစ္ေနသည့္ အေျခအေနအား ခန႔္ခန႔္ သည္နည္းသုံးကာ ေျဖရွင္းလိုက္တာျဖစ္သည္။

"ခ်ာတိတ္"

"မေခၚနဲ႔။ မုန္းတယ္၊ ခင္ဗ်ားႀကီးကို မုန္းတယ္။ သြား ... မ်က္စိေရွ႕က အခုထြက္သြားဗ်ာ။ ေနာက္လည္း ကၽြန္ေတာ့္ေရွ႕ ဘယ္ေတာ့မွေပၚမလာနဲ႔၊ သြားပါေတာ့"

တုန္ရင္ေနေသာခႏၶာကိုယ္ႏွင့္ ေမာဟိုက္ေနေသာအသံက သည္ကေလး၏ေၾကာက္စိတ္ကို အျပည့္အဝေဖာ္ညႊန္းေနသည္။ သိုေသာ္ ထိုအခ်င္းအရာကို ေဇယ်ာနားလည္မိခ်ိန္၌ ခ်ာတိတ္ကေလးမွာ ကားထဲကထြက္ေျပးသြားေလၿပီ။

လက္သီးျပင္းျပင္းတစ္ခ်က္ေၾကာင့္ အသိစိတ္ဝင္လာသူအတြက္ေတာ့ အရာရာမွာ ေနာက္က်သြားေခ်သည္။ ခ်ာတိတ္က ငိုေနသည္။ သူ ခ်စ္လွပါသည္ဆိုေသာကေလးက သူ႔၏လုပ္ရပ္ေၾကာင့္ပင္ ငိုယိုကာ ေၾကာက္စိတ္ႏွင့္ထြက္ေျပးခဲ့ေခ်သည္။ မုန္းတယ္ဟူေသာ နာက်ည္းသံစြက္ေနသည့္စကားက သူ႔နားထဲတြင္ ပဲ့တင္ထပ္ေနသည္။

'အား! ဘာလို႔ဒီလိုေတြ ေျပာလိုက္မိတာလဲကြာ။ ငတုံးပဲ ဟိန္းေဇယ်ာ ... မင္း ငတုံးပဲ!'

အသိစိတ္ဝင္လာမွ သူ ငိုေႂကြးလည္း အားလုံးကေနာက္က်သြားေလၿပီ။ ကားအတြင္း၌ တစ္ေယာက္တည္းေအာ္ေနလို႔လည္း ဘယ္သူမၽွမၾကားနိုင္ေခ်။ ခ်စ္ရသည့္ကေလးေပးသြားေသာ ပါးေပၚမွလက္သီးခ်က္ထက္ ႏွလုံးသား၏နာက်င္မွုက ေျပာမျပတတ္ေအာင္ ပို၍အရွိုက္ထိသည္၊ နာက်င္သည္။

စင္စစ္အားျဖင့္ ေဇယ်ာ ဘာလုပ္ရမည္မသိေတာ့၊ အိမ္ထဲဆက္လိုက္၍ ျပန္ေတာင္းပန္လည္း မရေတာ့ေခ်။ သို႔ႏွင့္ ဖုန္းကိုကမန္းကတန္း ေကာက္ကိုင္ၿပီး အခါခါဆက္ေတာ့ စက္ပိတ္ခ်လိုက္ေလ၏။ 'သြားပါၿပီ' ဟူေသာ ညည္းညဴသံႏွင့္အတူ မက်စဖူးက်လာမိသည့္ မ်က္ရည္စတို႔က သူ႔ပါးထက္ဆီ ခုန္လွိမ့္ဆင္းလို႔။

သည္အခ်ိန္၊ သည္ေနရာတြင္ ေဇယ်ာ သတိလက္လြတ္ေျပာကာ ျပဳမူမိျခင္း၏အက်ိဳးဆက္က အဘယ္မၽွဆိုးဝါးသြားပါမည္နည္း။

ကေလးတစ္ေယာက္၏ အမုန္းေတြလား။ ထို႔ထက္ ဆိုးတာမ်ားလား။

(22/9/2020)
•••••••••••••••••••••••••••••••••••••••••••••

Bạn đang đọc truyện trên: Truyen3h.Co