Part-16
<Unicode>
ဘတ်စ်ပေါ်မှ ဆင်းလာပြီးကတည်းက ခန့်ခန့် ပျင်းတိပျင်းလျော့ လျှောက်လှမ်းနေမိသည်။ အတန်းတက်ရမည်ကို တွေးစိတ်ပူနေမိတာ ရင်တလှုပ်လှုပ်။ အဲ့လူကြီးနှင့် ဘယ်လိုများ မျက်နှာချင်းဆိုင်ရပါမည်နည်း။ ဖုန်းဆက်သည်များကိုလည်း သူနည်းနည်းမျှ မတုံ့ပြန်ခဲ့။ တွေ့ရမှာစိုးတာကြောင့်လည်း လာခေါ်နေကျအချိန်ထက် နာရီဝက်စောထွက်လာခဲ့သည်။
အခုတော့ အတန်းဝင်ဖို့ပင် အစောကြီးရှိသေး၏။ ဘေးချင်းကပ်လျက်ထိုင်ရမှာမို့ တွေ့ရမှာဝန်လေးနေမိသည်။ သို့သော် အမှားကြီးလုပ်သူက သူပါလေ။ ကိုယ်ကဘာလို့များ ပူပန်ကြောင့်ကြစိတ် ရှိနေစရာလိုပါမည်နည်း။ ဆင်ဖြူမျက်နှာ ဆင်မဲမကြည့်ဝံ့ကြေးဆို အဲ့လူကြီးကသာ လန့်ရမည်သူဖြစ်သည်။
ခန့်ခန့် အတန်းထဲဝင်တော့ လူရှင်းနေသေးသည်။ အဲ့လူကြီးလည်း မရောက်သေး။ လာလျှင်အတူမထိုင်ချင်တာမို့ တစ်ဖက်ခြမ်းက နေရာလွတ်ဆီသာ ဝင်ထိုင်ခဲ့သည်။ ကျွီခနဲ တံခါးတစ်ခါဆွဲဖွင့်တိုင်း ရင်တုန်ရသူမှာ ခန့်ခန့်တစ်ယောက်ပါပဲ။ ဝင်ဝင်လာချင်း နောက်လှည့်မကြည့်ရဲသည့်တိုင် ဘေးယှဉ်လျက်ခုံဆီသို့တော့ ခိုးကာကြည့်မိစမြဲပင်။
သို့သော် တကယ့်တကယ်မှာတော့ ဆရာဝင်လာသည်ထိ အဲ့လူကြီး မရောက်လာခဲ့ပါပေ။ အတန်းပျက်တာပင် ဖြစ်မည်ထင်၏။ အပြစ်လုပ်ထားသူမို့ ဘယ်မျက်နှာချင်းဆိုင်ဝံ့ပါ့မလဲလေ။
နောက်တစ်နေ့တွင်တော့ ခန့်ခန့်နောက်ကျမှ အတန်းဝင်သွားသည်။ အဲ့လူကြီးကတော့ အတန်းထဲရှိမနေပြန်ပါ။ ဒါနှင့်ပဲ နေရာဝင်ထိုင်ပြီး စာသင်ရန်ပြင်ရသည်။
"ဟော ကိုဇေယျာညတန်းပြောင်းထားတော့ ခန့်ခန့် ငိုင်နေရပြီ။ ပျင်းရင်ရှေ့တက်ထိုင်လေ"
တီချယ်လေးစကားကြောင့် တစ်ယောက်ထဲအတွေးလွန်နေသူ ခန့်ခန့်တစ်ယောက် အံ့ဩတကြီးဖြစ်ရသည်။ တစ်ဘာသာတည်းကို နှစ်တန်းပြိုင်တူဖွင့်ထားရာ သူတို့က ပိတ်ရက်နေ့ခင်းတက်ကြသည်။ တခြားအတန်းကတော့ Weekdays ညတွေတွင် ဖွင့်တာဖြစ်၏။ ဒါကို သူ့ကြောင့်နှင့် အဲ့လူကြီးက အတန်းပြောင်းသတဲ့လား။ ဝမ်းနည်း၊ ဝမ်းသာခံစားချက်ကြီး သူ့စိတ်တွင် တပြိုင်တည်းဖြစ်ပေါ်လာလေတာ သိပ်မုန်းဖို့ကောင်းတာပါပဲ။
တကယ်ဆိုပြောင်းတက်တော့လည်း ကောင်းသည့်ကိစ္စပဲမလား။ မတွေ့ရတော့ ထိုးခဲ့မိသည်အတွက်လည်း မျက်နှာပူစရာမလို။ ကိုယ့်ကိုချစ်နေတယ်ဆိုသည့် အကြည့်တွေကိုလည်း ထူးထွေရင်ဆိုင်နေစရာ မလိုတော့ပေ။ ရှောင်ထွက်သွားသည်မှာ ကောင်းသည်။
သို့သော် စိတ်ထဲက အမျိုးအမည်မသိသည့် ခံစားချက်တစ်ခု ကိန်းအောင်းနေလေတာလည်း အောင့်သက်သက်နှင့်။
"ကဲ နောက်အပတ်ဆို လေ့လာရေးသွားရတော့မယ်နော်၊ အားလုံးအတွက် အစီအစဉ်အသေးစိတ်လေး ဆရာ မလာခင်ပြောပြမလို့"
တီချယ်လေး၏ ငပလီ tripအတွက် သတိပေးသံကြားမှ အတွေးစတို့ ပြတ်တောက်သွားသည်။ စာမေးပွဲမဖြေခင်က ပင်လယ်သွားဖို့ တက်ကြွသလောက် အခုတော့ သူ သွားချင်စိတ်ရှိမနေပြန်ပါ။ အတန်းထဲတွင် အဲ့လူကြီးမှလွဲ၍ ရင်းရင်းနှီးနှီးခင်ရသည့်သူက သိပ်မရှိလှ။ ပြဿနာတွေသာ မရှိခဲ့ပါလျှင် သူတို့ပျော်ပျော်ရွှင်ရွှင် သွားရပေလိမ့်မည်။ အလိုလိုက်တတ်လွန်းသည့် အဲ့လူကြီးနှင့်သာဆို သူ ဘယ်လောက်ပျော်လိုက်ရပါမည်နည်း။
အခုတော့ အရာအားလုံးမှာ အတွေးသက်သက်သာ။ ပိုက်ဆံကလည်း ကြိုသွင်းပြီးသားမို့ မလိုက်လို့မဖြစ်တော့။ ဒါထက် အတန်းပြောင်းသွားသည့် အဲ့လူကြီးရော လိုက်ဖြစ်မလားဆိုသည့် အတွေးကပါ တစ်ဆက်တည်း ဝင်လာပြန်သည်။ မေ့ထားသော်ငြား သူ့အာရုံတွင် နေရာတကာပါတတ်လွန်းသည့်လူကြီး။ ထိုညကစလို့ မသိစိတ်ကို လွှမ်းမိုးထားလေတာ အိပ်မက်ထဲတွင်ပင် အလွတ်မပေးပါချေ။
"သောကြာည ၇နာရီ ထွက်မှာတော့ အားလုံးသိပြီးသားပဲ။ OBM နှစ်တန်းလုံး တူတူစုသွားမှာမို့ ဘတ်စ်နှစ်စီး စီစဉ်ထားပါတယ်။ တစ််တန်းနဲ့တစ်တန်းက လူတွေလည်း ခင်သွားကြတာပေါ့။ လူကတော့ ခန့်မှန်းခြေ ၅၀လောက်ရှိမယ်ရှင့်။ နှစ်ညအိပ်၊ သုံးရက်ခရီးလေးမို့ ပစ္စည်းတွေ လုံလုံလောက်လောက် ထည့်ခဲ့ကြပါ။ ပြီးတော့ နှစ်ယောက်တွဲထိုင်ရမဲ့ ကားခုံနံပါတ်နဲ့ ဟိုတယ်အခန်းနံပါတ်တွေလည်း စီစဉ်ပြီးပါပြီ။ အဲနေ့မထွက်ခင် Group မှာ အသေးစိတ်တင်ပေးထားပါမယ်၊ လိုအပ်တာရှိရင်လည်း လာပြောပေးနော်"
နှစ်ယောက်တွဲခုံနှင့် အခန်းတဲ့။ အဲ့လူကြီး ရှောင်ပြေးလျှင်တော့ သူ တစ်ယောက်တည်းထိုင်ရမှာဖြစ်သည်။ မတွေ့ချင်ဟု အတွင်တွင်ငြင်းနေသည့်စိတ်၏ အခြားတစ်ဖက်၌ လာတွေ့စေချင်သည့်စိတ်မှာလည်း အတင်းကာရော တိုးလုနေခဲ့လေတာ လွန်ဆွဲနေကြသည့်အတိုင်းပါပဲ။
သည်အကြောင်း ခန့်ကိုနှင့် ဂိမ်းဆော့ရင်းပြောဖြစ်ကြသည်။ သူကတော့ 'မင်းပြောဆိုလွှတ်လိုက်လို့ ရှောင်ပေးသွားတာ နေမှာပေါ့' တဲ့။ ဆိုင်လို့လားဟူသည့်အမေးက ခေါင်းထဲပေါ်လာပြန်၏။ စိတ်တိုလို့ မျက်စိရှေ့ပေါ်မလာနဲ့လို့ပဲ ပြောလိုက်ခြင်းပါလေ။ အဲ့ဒါနဲ့ပဲ သည်လိုရှောင်ပေးသွားတာတဲ့လား။ သူ့အမှားမှ ကိုယ့်အမှားဖြစ်ကာ နောက်ဆုံးတော့လူဆိုးကြီး ဖြစ်သွားသူမှာ မိမိသာ။
စာမေးပွဲပြီးသွားတာတောင် ခန့်ခန့် စိတ်တွေပေါ့ပါးမနေပါ၊ သည်ကိစ္စကြီးကိုပဲ တွေးမိပြီး တမှိုင်မှိုင်၊ တတွေတွေ။ မေမေ မုန့်ဖိုးပေး၍ ဈေးဝယ်ထွက်ရတော့လည်း မပျော်ပြန်၊ အတူသွားနေကျသူကိုသာ သတိရလာပြန်သည်။
အစကတော့ အဲ့လူကြီးကို မတွေ့ရလျှင် ပိုအဆင်ပြေမည်၊ နေရသက်သာသွားမည် ထင်ခဲ့သည်။ သို့သော် အတွေးနှင့်လက်တွေ့မှာ တက်တက်စင်ကွဲလွဲလျက်။ တကယ့်တကယ် အဲ့လူကြီး အတန်းပြောင်းသွားတော့မှ ဝမ်းနည်းသလိုလို၊ အားငယ်သလိုလိုနှင့် ပြဿနာကို ထိပ်တိိုက်တွေ့ကာ ရင်ဆိုင်ဖြေရှင်းလိုက်စေချင်ပြန်သည်။
..............................
တစ်ခုသော သောကြာနေ့လယ်ဝယ် ဇေယျာတစ်ယောက် အခန်းထဲဟိုသည်လျှောက်လှမ်းနေမိသည်။ အတွေးများလျှင် လုပ်နေကျအတိုင်း ခေါင်းပူပူနှင့် လမ်းလျှောက်နေတတ်တာ သူ့အကျင့်။ အဖက်ဖက်ကတွေးရင်း စိတ်အိုက်လာတော့ မွေ့ရာပေါ်တစ်ခါ ပြန်ထိုင်မိပြန်သည်။ အောက်ခြေရှိ အမွှေးပွအခင်း၏နူးညံ့မှုက သူ့ခြေဖဝါးတွင် ထိတွေ့လာ၏။ သူ့စိတ်၏ငြိမ်းအေးရာကို ရှာမတွေ့နိုင်သေး။
ဇေယျာ သည်ရက်တွေကို ခက်ခက်ခဲခဲ ကျော်ဖြတ်နေရတာဖြစ်သည်။ နောင်တကင်းပါသည်ဆိုသော ဆုံးဖြတ်ချက်ကိုချပြီးနောက် ညတန်းတွင် ပြောင်းတက်လိုက်သည်။ သတိရသည့်စိတ်ကို ချိုးနှိမ်ပစ်နိုင်ရန် နေ့တွင်အလုပ်ထဲ စိတ်နှစ်ထားပြီး ညဆို အတန်းပြေးတက်ရသည်။ အားလုံးပြီးလို့ အိမ်ပြန်ရောက်လျှင် အိပ်ယာပေါ် ခွေကျသွားတော့တာပင်။
ခရီးထွက်ဖို့ နှစ်ပတ်နောက်ရွှေ့သွားတာမို့ သူ့အဖို့ ချာတိတ်ကလေးနှင့် ဆုံဖို့အခွင့်မရှိသေးချေ။ အရင်အပတ်ကတော့ စနေ၊ တနင်္ဂနွေ အတန်းတက်နေသည့်ကလေးအား မနေနိုင်၊ မထိုင်နိုင်ပါပဲ အဝေးကသွားငေးလိုက်သေးသည်။ ခဏလှမ်းမြင်ရသည့် သည်ကလေးမျက်နှာက ဘဝအမောတွေ ပြေစေတယ်လို့ပြောလျှင် မည်သူယုံပါမည်နည်း။
သို့ပေမဲ့ ချာတိတ်ကလေး အနှောင့်အယှက်မဖြစ်အောင် ရှောင်ပေးမည်တွေးထားရာက ငပလီလေ့လာရေးခရီးအား လိုက်သင့်၊ မလိုက်သင့် သူ ဆုံးဖြတ်ရခက်နေသည်။ ကလေးအတွက်တွေးပေးလိုက်၊ သူ့အတွက်တွေးပေးလိုက်နှင့် ယတိပြတ် ဆုံးဖြတ်ချက်မချနိုင်။ သူ့သဘောအရသာဆို သေချာပေါက် လိုက်ချင်မိတာပါပဲ။ ထိုကလေးကိုမြင်နိုင်မည်၊ မျက်လုံးဝိုင်းဝိုင်းလေးအား ငေးနေနိုင်မည်၊ နှုတ်ခမ်းဖူးဖူးလေးအား ခိုးကြည့်နိုင်ပေလိမ့်မည်။
သို့သော် မာနခဲလေးအတွက် တွေးပေးပြန်လျှင် သူလုံးဝမလိုက်ချင်တော့။ ဖုန်းအဆက်အသွယ်ပင် လက်မခံလေတာ ခရီးထွက်ချိန်မှာ သူ့ကိုမြင်လျှင် သေချာပေါက် အနှောင့်အယှက်ဖြစ်လိမ့်မည်၊ စိတ်ဆိုးပေလိမ့်မည်။ ပုံမတော်လျှင် ထပ်မုန်းသွားနိုင်မည့်အဖြစ်ပဲမလား။
စိတ်ထွေပြားမှုကြောင့် ခြေဖဝါးပြင်မှာ အမွှေးဖွအခင်းပေါ်တွင် တလှုပ်လှုပ်။ ညနေဆိုလျှင်ပဲ ခရီးကထွက်ရတော့မည်။ သူ အခုထိ အဖြေမထွက်သေး။ နောက်ဆုံးတော့ ဒွိဟဖြစ်နေသည့်ကိစ္စအား ထက်မြက်ကိုပဲ တိုင်ပင်ကြည့်ဖို့ ဆုံးဖြတ်လိုက်ရတော့သည်။ သူက ကိုယ်အတွေးနှင့်မတူလျှင် အဖြေတစ်ခုထွက်လာနိုင်မည်မလား။
ဖုန်းခေါ်သံ တတူတူမြည်နေသည်အထိ သူ့ခမျာ ခြေဖဝါးတလှုပ်လှုပ်က မပြတ်နိုင်သေး။ 'ဟဲလို' ဟူသော တစ်ဖက်ကသူငယ်ချင်းအသံ ကြားရတော့မှ၊
"အေး ဖုန်းပြောလို့ရလား"
သူငယ်ချင်းပေမယ့် မအားမှာစိုးရသေးလို့ စကားခံရ၏။
"အေး ရတယ်ပြော၊ အားတယ်"
"ငါ ကျောင်းကသွားမဲ့ ငပလီလေ့လာရေးခရီးကို လိုက်သင့်၊ မလိုက်သင့် စဉ်းစားနေတာကွာ ... ဝေခွဲမရဘူး။ ငါလိုက်ရင် ဟိုကလေး နေရခက်နေမလားလို့။ စာရင်းပေးတာ၊ ပိုက်ဆံသွင်းတာကလည်း ပြီးခဲ့တဲ့လတည်းက လုပ်ထားပြီးသား"
ဇေယျာမှာ ချီတုံချတုံဖြင့်ပြောလေတော့ တစ်ဖက်က ထက်မြက်သည်လည်း စိတ်မသက်မသာ။ အရက်သောက်ပြီး ပြန်သွားသည့်ညက ပြဿနာဖြစ်သည့်အကြောင်းကို ချက်ချင်းဖုန်းဆက်ပြောရှာသည်။ ထိုပုံစံနှင့် အိမ်လည်းမပြန်စေချင်တာမို့ သူ့အိမ်သာခေါ်သွားရခဲ့သည်။ အခုတော့ ခရီးကိစ္စဆုံးဖြတ်ရခက်ပြန်ပြီထင်၏။ ယောကျ်ားလေးတစ်ယောက်ကို ကြိုက်မိမှ သူ့သူငယ်ချင်းလည်း သနားစရာပင်ကောင်းလာသည့်အဖြစ်။
"စိတ်ပြေလက်ပျောက် လိုက်သွားလေကွာ၊ ဟိုကလေးနဲ့လည်း အတန်းမတူတော့ဘူးမလား"
"အတန်းကမတူတော့ပေမဲ့ ခုဟာက OBM နှစ်တန်းလုံး၊ ကားနှစ်စီးနဲ့ တူတူသွားမှာတဲ့။ အဲဒါမို့ ငါဆုံးဖြတ်ရခက်နေတာ"
"မင်းစိတ်ကဘယ်လိုလဲ၊ လိုက်ချင်တာလား"
"ငါ့စိတ်အတိုင်းဆို လိုက်ချင်တာပေါ့ကွာ၊ ကလေးမျက်နှာလေး မြင်ရမဲ့အခွင့်အရေးပဲ။ ဒါပေမဲ့ သူ ငါ့ကိုမြင်ရင် နေရခက်နေမှာစိုးတာ"
ဟိုတစ်နေ့ကတော့ ချာတိတ်ကလေးတဲ့၊ 'အခုတော့ ကလေးပါဖြစ်သွားပြီလား' ဟု ထက်မြက် ပြောင်နောက်ချင်သော်လည်း သူငယ်ချင်းအခြေအနေက မကောင်းတာမို့ မပြောဖြစ်တော့။
"အင်း လူက ဘယ်နှယောက်လောက် သွားမှာမို့လို့လဲ"
"နှစ်တန်းပေါင်း၊ ၅၀လောက်တဲ့။ ကားနှစ်စီးနဲ့သွားရမယ်ပြောတယ်"
"အဲ့ဒါဆို များပါတယ်ကွ။ သေချာမရှာရင် မြင်မှာတောင်မဟုတ်ဘူး။ သူ စိတ်အနှောင့်အယှက်ဖြစ်မှာစိုးရင် မင်းက နည်းနည်းရှောင်နေပေးလိုက်ကွာ။ ကားတစ်စီးထဲ တူတူမစီးနဲ့။ အိပ်တာ၊ စားတာလည်း သူနဲ့အချိန်မတူအောင် လုပ်လိုက်ပေါ့"
"အေး အဲ့လိုဆိုတော့လည်း အဆင်ပြေသားပဲနော်"
ဇေယျာ မျက်နှာမှာ သိသိသာသာ ရွှင်လန်းလာ၏။ ထက်မြက်ပြောသည့်အကြံမှာ မဆိုးလှ၊ သူ ကလေးကိုကြည့်ချင်လျှင်ပင် မသိမသာ ကြည့်ရသေးသည်။
"တကယ်ဆို ဒါမင်းရဲ့ရွေးချယ်ပိုင်ခွင့်ကွ။ မင်းအမှားအတွက် အတန်းပြောင်းပေးခဲ့ပြီးပြီလေ။ ဒီခရီးကတော့ ပိုက်ဆံတောင် သွင်းထားတဲ့ဟာ၊ မင်းလိုက်သင့်ပါတယ်။ ပင်ပန်းတာများနေပြီ၊ စိတ်အပန်းဖြေခဲ့ကွာ။ ဒါနဲ့ Express စီးရင် ဂျွန်းထိုအောင်မူးတဲ့ကောင်က ကားစီးရတာ အဆင်ပြေပါ့မလား"
ထက်မြက်ပြောတာကို ဇေယျာ တွေးမိပြီးသားဖြစ်သည်။ သူငယ်ချင်းတွေအဖွဲ့လိုက် ဘယ်ခရီးသွားသွား ကိုယ့်ကားနှင့်ကိုယ် ဟုတ်ချင်ဟုတ်၊ မဟုတ်လျှင် flight စီစဉ်ရသည်ချည်း။ ကြီးကောင်ကြီးမားနှင့် Express မစီးနိုင်သည့်သူ့အဖြစ်မှာ ထင်ရက်စရာလည်းမရှိပေ။
"အဆင်ပြေမှာပါကွာ"
တကယ်လည်း အဆင်ပြေချင်တာ သူ့ဆန္ဒပါပဲ။ နောက်တွေ့ဖို့ အကြောင်းသိပ်မရှိတော့သည့် ကလေးကို သည်ခရီးမှာပဲ အပြီးနှုတ်ဆက်ရတော့မည်။ မချစ်သင့်သူကို ချစ်မိသည်က ဝဋ်ကြွေးဆိုလျှင်၊ အရက်သောက်ကာ ရမ်းရမ်းကားကားပြုမိသည်က သူ့အပြစ်ကြွေးပင် ဖြစ်လိမ့်မည်။
......................
သောကြာနေ့ညနေ စုရပ်ရောက်ချိန်တွင် လူအတော်စုံနေကြလေပြီ။ Express ကားကြီးနှစ်စီးကို လမ်းမကြီးဘေး ချရပ်ထားပြီး တီချယ်လေးတို့က လူလိုက်စစ်ဆေးနေသည်။ နှစ်တန်းပေါင်းမို့ တချို့မျက်နှာတွေကို ခန့်ခန့် မရင်းနှီး။ သို့သော် တော်တော်ရင်နှီးဖူးသည့် မျက်နှာပိုင်ရှင်ကို ဟိုသည်ဝေ့ဝဲရှာတော့လည်း မတွေ့ပါချေ။
အဲ့လူကြီး မလိုက်ဘူးများလား။
ခန့်ခန့်အဖို့ သည်လို အဖွဲ့လိုက်စုသွားရသည့်ခရီးမျိုးကလည်း အခုမှသာပထမဆုံးဖြစ်သည်။ ငပလီတစ်ခါမှ မရောက်ဖူးသေး၍ စိတ်လှုပ်ရှားရတာတမျိုး၊ အဲ့လူကြီးနှင့် အတူထိုင်ရမည်လားမသိ၍ ရင်တုန်ရတာတစ်ဖုံနှင့်။ အရင်လကတည်းက စီစဉ်ထားတာမို့ ထင်သည်။ ထိုင်စရာ၊ အိပ်စရာ အတွဲတွေထွက်လာတော့ အတူစာရင်းပေးထားကြသည့် သူတို့နှစ်ဦးကတစ်တွဲ။ အဲ့လူကြီးက ဟိုဖက်အတန်း စာရင်းမှာပါမနေ၊ ဘယ်လိုလုပ်ရမလဲ သူမသိ။ တီချယ်လေးကို သွားပြောရင်လည်း ဘာလို့လဲမေးလျှင် ဖြေရမည်မှာခပ်ရှုပ်ရှုပ်။
ခန့်ခန့် ကားပေါ်ကခရီးဆောင်အိတ်ကိုချအပြီး စိတ်ကိုအကောင်းဆုံးပြင်ဆင်လိုက်သည်။ နေရခက်တော့လည်း ခဏပေါ့၊ အရင်က မခင်ခဲ့ဖူးသူတွေလည်းမဟုတ်။ ပြဿနာကို ထိပ်တိုက်ရင်ဆိုင်ပြီး နားလည်အောင်ပြောလျှင် ရလိမ့်မည်ထင်သည်။ အဲ့လူကြီးလည်း ရှောင်ပေးနေပုံထောက် ထပ်နှောင့်ယှက်မည်မထင်ပါ၊ သူ့ကိုလေးစားပြီး လူကြီးလူကောင်းဆန်လိမ့်မည်ကို ခန့်ခန့် ယုံကြည်မိသည်။
"သား မင်း လျှောက်မဆော့နဲ့နော်။ နမော်နမဲ့လည်း ဘာမှမလုပ်နဲ့၊ မိဘတွေမပါဘူး ကြားလား"
နေဝင်ရိုးရီမို့ မေမေ့မျက်နှာကို ကြည်ကြည်လင်လင် မမြင်ရပေမဲ့ အသံကတော့ ကောင်းကောင်းကိုကြားနေရသည်။ တစ်ခါမှအဖွဲ့လိုက်ခရီးမထွက်ဖူးတာမို့ ဖေဖေရော၊ မေမေပါလိုက်ပို့နေလိုက်တာ သူများမြင်လျှင်တော့ တစ်ကယ်ကလေး ထင်နေကြဦးမည်။
"အင်းပါ၊ အိမ်ကတည်းကမှာနေတာ တစ်ရာလေးဆယ့်ငါးခါလောက် ရှိနေပြီ။ စိတ်ချ .. စိတ်ချ၊ သား ကလေးမဟုတ်ဘူး"
"အေး မင်းအမေက ထည့်ချင်တာတောင် မဟုတ်ဘူးနော်။ အဘွားနဲ့အဖေ အာမခံပေးထားသလို သေချာနေခဲ့ဦး။ မောင်ဇေယျာ့ကိုလည်း မှာရဦးမယ်။ နေဦး ... ခုသူရောက်ပြီလား၊ တစ်ခါတည်းမှာခဲ့ရမယ်"
အဲဒါမှဒုက္ခ။ အရင်တုန်းကတော့ အတူသွားမှာဟု လွယ်လွယ်ပြောခဲ့လေတာ ခုလိုပြဿနာဖြစ်ကြမယ်မှ မထင်မိပဲ။ ခန့်ခန့် မလုံမလဲနှင့် အနီးအနားကိုဝေ့ဝဲကြည့်တော့ အဲ့လူကြီး၏အရိပ်အယောင် တစ်စွန်းတစ်စမျှ မတွေ့ရ၊ ဒါလည်းကောင်းပါသည်။ မဟုတ်လို့ တွေ့လျှင် မျက်နှာပူနေရဦးမည်။
"မရောက်လောက်သေးဘူး၊ ရပါတယ်ဖေကြီးရ။ သားက သူနဲ့ပဲထိုင်ရမှာ စိတ်ချ။ ဖေဖေတို့မှာတယ်လို့လည်း ပြောလိုက်မယ်။ ခုတော့ တီချယ်လေးခေါ်နေပြီ၊ သား ကားပေါ်တက်တော့မယ်"
"ပြီးရော ... ဟိုရောက်ရင် ဖုန်းဆက်နော်"
အမြန်လစ်ထွက်ပြီး ကားပေါ်အိတ်တွေတင်တော့ မမမေသက်တို့နှင့်တွေ့သည်။ နှစ်ယောက်သား ဆံပင်ကျစ်ဆံမြှီးလေးတွေနှင့် ခပ်လန်းလန်းဝတ်ထားကြ၏။ သူ့ကိုမြင်မှ တခြားသူတွေကို စကားစဖြတ်ပြီး 'ကိုဇေယျာကြီးရော' ဆိုကာ မေးလာသည်။ သူ ဘယ်လိုဖြေရမည်မသိ။ လိုက်မလား၊ မလိုက်မလားတောင် မသိတာမို့ ခေါင်းခါပြပြီးသာ ကားပေါ်အလျင်တက်ခဲ့လိုက်သည်။
ကိုယ့်ကိုတွေ့လျှင် သူ့ကိုပါတွဲမြင်နေကြတာ ဘာလို့ပါလဲ။ သုံး၊ လေးလလောက် အတူသွားလာမိလို့လား၊ အရပ်ခြောက်ပေကျော်အစ်ကိုကြီးနှင့် အမြဲတွဲသွားသူက သူလိုပုပုသေးသေးကောင်လေး ဖြစ်နေလေလို့ပဲလား။
ကားပေါ်ရောက်တော့ သူတို့ရထားသည့်နံပါတ်တွေက ၂၇၊ ၂၈ နှစ်ခုံတွဲဖြစ်သည်။ မိန်းကလေးတွေကို ရှေ့မှာချထားပြီး ယောက်ျားလေးအုပ်စုက နောက်ကထိုင်ရမည့်ပုံပင်။ ကားပေါ်တွင် လူနည်းနည်းသာရှိသေးသည်။ ခန့်ခန့် လက်ထဲပါလာသည့် လွယ်အိတ်ကို အပေါ်တင်ထားလိုက်ပြီး ဖုန်း၊ ပိုက်ဆံအိတ်နှင့် နားကြပ်သာယူထိုင်နေလိုက်သည်။ လာတာမလာတာ ထိုလူကြီးကိစ္စ၊ သူကပူပန်နေစရာမလို။ မျက်လုံးမှိတ်ပြီး နားကြပ်သာတပ်ထားလိုက်တော့၏။
ကားစက်နှိုးထားတာမို့ အပေါ်ကမိုးကျနေသည့် အဲကွန်းလေက တဖြူးဖြူး။ နွေဦးမို့ ရှပ်လက်ရှည်အပါးတစ်ထည်သာ ဝတ်လာသောသူ့အဖို့ ချမ်းစိမ့်စိမ့်ဖြစ်လာချင်သည်။ ဒါမို့ အပေါ်ကလေပေါက်ကို လှမ်းပိတ်လေတော့ ကားပေါ်အတန်းထဲလူတွေ တဖွဲဖွဲတက်လာကြလေပြီ။
မရှာပါဘူးဆိုသော်လည်း ရှာနေမိသည့်မျက်ဝန်းတွေကို ပြန်မှေးမှတ်လိုက်သည်။ အကြားအာရုံတွင်လည်း အသံတွေဝင်မလာစေရန် ဂျပ်စတင်၏သီချင်းသံကို ခပ်ကျယ်ကျယ်ထားလိုက်၏။ အမြင်နှင့်အကြားတို့ အာရုံလွှဲထားပြီးလျှင် သူ အာရုံစိုက်မိတော့မည်မဟုတ်။
သိုသော် ခဏအကြာတွင် ကားကစရွေ့လာသည်။ မျက်လုံးအမြန််ဖွင့်ကြည့်လေတော့ ထွက်တော့မှာမို့ ကားလှည့်နေသည်ထင်၏။ လူတွေသူ့နေရာသူ ဆုံနေလေပြီ။ သူကသာ နှစ်ယောက်ခုံတွင် တစ်ယောက်တည်း။ အဲ့လူကြီး ရောက်မလာခဲ့ပေ။ တီချယ်လေးကတော့ လူစုံပြီမို့ ထွက်ကြမယ်နော်ဟု ရှေ့ဆုံးကနေ မတ်တပ်ရပ်ပြောလာသည်။
လူစုံရဲ့လား။ အဲ့လူကြီး မရောက်သေးဘူးလေ။ ဒါမှမဟုတ် မလိုက်တော့ဘူး ကြိုပြောထားလေလို့ လူစုံပြီအော်နေတာများလား။
အပျက်ပျက်အယွင်းယွင်း ဖြစ်နေသောခန့်ခန့်မျက်နှာလေးမှာ စိတ်မချမ်းသာမှုတို့ အပြည့်အဝပေါ်လွင်နေသည်။ သည်ခရီးကိုလည်း ရှောင်သွားပြီထင်၏။ သူနှင့်အတူတူ ပိုက်ဆံပင်သွင်းထားတာမို့ လိုက်ချင်မည်မှာ အသေအချာ။ ပြောခဲ့မိသည့် စကားများ၊ ထိုးခဲ့မိသည့် လက်သီးချက်အတွက် ခန့်ခန့် အပြစ်ရှိသလို ခံစားလာရပြန်သည်။
ပြီးခဲ့သည့်အပတ်က ဈေးဝယ်ထွက်ရင်း အဲ့လူကြီး၏သူငယ်ချင်းဆိုသူ ကိုထက်မြတ်က သူ့ကိုလာနှုတ်ဆက်သည်။ မသိသောသူဖြစ်သည့်အပြင် အဲ့လူကြီးသူငယ်ချင်းမို့ ဘာမှနှုတ်မဆက်မိဘဲ ခပ်ကြောင်ကြောင် ရပ်နေခဲ့၏။ သို့သော် ထိုလူမှာ ပြောစရာလေးရှိလို့ ခဏအချိန်ပေးနိုင်မလားတဲ့လေ။
ခေါင်းတစ်ချက်ညိတ်ပြလိုက်တော့ ဖွင့်ပြောလာတာ သူ့ကိုအဲ့လူကြီးကားနားမှာ မြင်ဖူးခဲ့သည်ဆိုတာကအစ ထိုညက အဲ့လူကြီး စိတ်ညစ်နေတယ်ဆိုလို့ အမူးတိုက်လိုက်မိသည့်အကြောင်း၊ အိမ်ဖက်ထိလာတာလည်း ခဏဝင်ကြည့်ရင်းက သူမပြန်နိုင်သေးလို့ နားနေတာဖြစ်ကြောင်း၊ ပြောမိတာတွေအတွက်တောင် နောင်တရလွန်းလို့ ခန့်ခန့်နှင့်ဆုံနိုင်မည့်ကိစ္စတွေ မလုပ်တော့တဲ့အထိ ဖြစ်ကြောင်းကုန်စင်အားလုံးကို သေချာရှင်းပြလာခဲ့သည်။ ခံစားနေရသည့်သူငယ်ချင်း၏ လူနေမှုပုံစံ ရိုးအေးကြောင်းတွေ ပြောပြပြီး မမုန်းဖို့နှင့်ခွင့်လွှတ်ပေးဖို့ပါ ကြားကဝင်တောင်းပန်သွားသေးတာ ခခယယ။
ဘာတွေပါလဲ ... ခန့်ခန့် လူဆိုးကြီးဖြစ်နေလေပြီလား။
တကယ်ဆို ထိုညက ရုတ်တရက် ရှော့ရသွားလို့ လက်လွန်ခြေလွန်ဖြစ်သွားခြင်းသာ။ သူ့အား ချစ်ကြောင်း၊ ကြိုက်ကြောင်း ဖွင့်ပြောခြင်းအား စိတ်ဆိုးခြင်းမရှိခဲ့။ မထင်မှတ်ထားသည့် အပြုအမူတို့ကြောင့်သာ သူနေရခက်ခဲ့ခြင်းဖြစ်၏။
ရူးရူးမူးမူးတဲ့ ... ထိုနေ့က ကိုထက်မြက်ဆိုသူ သုံးသွားခဲ့သည့်စကားတွေထဲမှ သူ တွေးမိနေသောစကားတစ်လုံးပင်။
အဲ့လူကြီးက သူ့အား ရူးရူးမူးမူး ချစ်နေလေသတဲ့။ သူလိုဂျစ်တိုက်တတ်သည့် ကောင်လေးတစ်ယောက်ကိုမှတဲ့။ တကယ်သာဆိုလျှင် သူ့အဖို့ လူတစ်ယောက်၏ အရူးအမူးချစ်ခြင်းကိုခံရသည်မှာ ဒါပထမဆုံးပင်။
သို့သော် ... မဖြစ်သင့်သောအချစ်နှင့် မသင့်လျော်သောလူ ဖြစ်လို့နေသည်။ တွေးရင်းက တဖန်ကြိမ်းစပ်လာသည့် သူ့မျက်လုံးတို့အား အားကုန်မှိတ်ချလိုက်ရတော့သည်။ ဆက်မတွေးချင်တော့၊ သူ စောစောစီးစီးပဲ အိပ်ဖို့ကြိုးစားလိုက်လေ၏။
Express ကားကြီးမှာတော့ တအိအိနှင့် အဝေးပြေးလမ်းမကြီးပေါ် မောင်းနှင်လို့နေလေပြီ။
.......................
"အားလုံးပဲ အပေါ့အပါးဆင်းဖို့နဲ့ အဆာပြေစားဖို့ အချိန်နာရီဝက် နားတာပါဗျ"
ကားပေါ်ကမီးတွေ လင်းလာပြီး ကြားလိုက်ရသောထိုအသံ။ တမှေးမှေးနှင့် အိပ်ပျော်သွားချိန်မှ ကွက်တိနှိုးရတယ်လို့ဟု စိတ်အနည်းငယ်တိုသွားသေးသည်။ သူ ဆက်အိပ်ချင်သေးသည်၊ သို့သော် ကားပေါ်တစ်ယောက်တည်း ကျန်ခဲ့လို့လည်း မဖြစ်ပါပဲ။ ပစ္စည်းတစ်ခုခုများပျောက်လျှင် ကျန်ခဲ့သူအခက်ဖြစ်ဦးမည်။
သို့နှင့် နားတွင်တပ်ထားသည့် Airpods ကိုမဖြုတ်တော့ဘဲ အောက်ဆင်းလာခဲ့သည်။ ခရီးသာတစ်ထောက်နားသည်၊ လူကဘယ်နေရာရောက်နေသည်မသိ။ ဆိုင်တချို့မြင်ရပေမဲ့ ဘာတွေရမယ်မှန်းလည်း မသိပါချေ။ ညအိပ်ချင်မူးတူးမို့ ကြာဇံချက် ချဉ်ချဉ်စပ်စပ်လေးတော့ စားရလျှင်ကောင်းမည်။
ကွင်းပြင်ကျယ်လိုဖြစ်နေသော ရပ်နားရာတွင် သူတို့သင်တန်းက ကားကြီးနှစ်စီးနှင့်အတူ အခြားကားတချို့လည်း ရပ်ထားကြသည်။ ရှေ့ကားမှ အရင်ရောက်နှင့်တော့ ဆိုင်ထဲတွင် လူအနည်းငယ်ကျနေ၏။ လူရှုပ်နေသည့်အတူတူ ခန့်ခန့် အပေါ့အရင်သွားဖို့ ဆိုင်နောက်ထဲလိုက်ဝင်ရသည်။ လျှောက်လမ်းအတိုင်းဝင်၊ လူစောင့်၊ အပေါ့သွားပြီးမှသာ လက်ဆေးရ၏။ စားသောက်ဆိုင်ဘက် ပြန်ထွက်လာခဲ့တောင် လူက အေးစိမ့်နေသယောင်။
နွေဦးလည်းဖြစ်ပါလျက်၊ ရှပ်လက်ရှည်လည်း ဝတ်ထားပါလျက်နှင့် ဘယ်လိုခံစားချက်ရယ်မသိ။ တစ်ခါတရံ အကြောင်းအကျိုးဆီလျော်မှုမရှိသော အရာများဖြစ်ပေါ်တတ်သည်က တစ်ခုခုဖြစ်တော့မည်ကို သတိပေးနေသယောင်ယောင်။
သို့နှင့် ချမ်းစီးစီးဖြစ်နေသည့်ကိုယ်ထည်ကို လက်နှစ်ဖက်ပိုက်ကာ ပြန်နွေးစေရင်း ဆိုင်ရှေ့အထွက် တွေ့လိုက်ရသည်က လုံးဝမထင်မှတ်ထားသောသူပင်။
'အဲ့လူကြီး!'
မြင်မြင်ချင်းနှုတ်က တီးတိုးရေရွတ်မိခြင်းဖြစ်သည်။ တစ်ဖက်ကဆေးဆိုင်တွင် ရပ်နေပုံက တစ်ခုခုကိုစောင့်နေသည့်နှယ်။ ခန့်ခန့်မှာ ဆိုင်နှစ်ဆိုင်ကြားရှိ အမှောင်ရိပ်ကျသည့်လျှောက်လှမ်းမှ လှမ်းကြည့်နေတာမို့ မြင်နိုင်မည်တော့မဟုတ်ချေ။
ပါလာတယ်ပေါ့ဆိုသည့်အတွေးက သူ့ကိုစိတ်သက်သာစေသည်။ ကိုယ့်ကိုရှောင်ချင်ရုံသက်သက်နှင့် ပိုက်ဆံသွင်းပြီးသားခရီးကို လိုက်မလာတာမျိုးမဖြစ်စေချင်။ သို့ပေမဲ့ ဝမ်းနည်းစိတ်က ကပ်လျက်တွဲပါလာသည်။ ပါလာလျက်နှင့် သူ့ဘေးမှာလာမထိုင်ခဲ့ခြင်းကြောင့်ပါပဲ။ အပြစ်လုပ်ထားသူမို့ သိမ်ငယ်၍ လာမထိုင်ခြင်းဟုသာ ခန့်ခန့် မှတ်ယူလိုက်သည်။ ပြီးနောက် မမြင်ချင်ယောင်ဆောင်ကာ တစ်ဖက်ဆိုင်ထဲဝင်လာခဲ့တော့၏။
"ခန့်ခန့် တစ်ယောက်တည်းလား"
"ဪ ဟုတ်"
တစ်ယောက်တည်းဝင်သူကို တစ်ယောက်တည်းလား မေးပြန်ပါပြီ။ ခန့်ခန့် ခပ်ကြောင်ကြောင်နှင့်သာ အစ်မကြီးတွေဝိုင်းဖက် ဝင်ထိုင်ရပါ၏။ မိန်းကလေးသုံးယောက်ကြားဆိုသော်လည်း အတန်းထဲတွင် မျက်မှန်းတန်းမိပြီးသားမို့ သိပ်တော့အနေရမခက်။ သူတို့ပြောတာ လိုက်နားထောင်လိုက်လျှင် အဆင်ပြေမည်ပင်။
"လာ ... တို့နဲ့ဒီမှာပဲထိုင်၊ ဘာစားမလဲ"
"ကြာဇံချက်ဗျ"
ခပ်သွက်သွက်ရှိကြတာမို့ သူ ပြောလိုက်တာနှင့် မှာပေးပြီးကြလေပြီ။ ကိုယ်စီကတော့ မှာထားပြီးသားတွေ စားသောက်ကြရင်း စကားတပြောပြောနှင့်။ အစ်မတစ်ယောက်ကတော့ ကားမူးလို့ မအီမသာဖြစ်နေဟန်ရှိသည်။ စည်းထားသည့်ဆံစတွေပင် ဖွာကျဲနေပြီမလား။
"ချိုမာ အစာမာလေးတစ်ခုခု စားဦးလေ၊ Shark ဗူးချည်းပဲ သောက်မနေနဲ့ဦး"
"တော်ပြီ အစ်မ၊ ညီမစားရင် ထပ်အန်မှာကြောက်တယ်"
"အေး ... အန်ဆို ခုနက ကိုဇေယျာကြီးတောင် တွေ့ခဲ့သေးတယ်။ ကားမူးပြီး လှိမ့်အန်နေလို့တဲ့ ဟိုဖက်ဆိုင်မှာ ဆေးဝယ်နေရှာတာ"
ကားမူးပြီးအန်သတဲ့လား။ ခေါင်းငိုက်စိုက်နေသော ခန့်ခန့်တစ်ယောက် ကိုယ်ကလေးမတ်ခနဲ ဖြစ်သွားသည်။ ပြီးနောက် ကျောပေးထားသည့် ဆေးဆိုင်သို့လှည့်ကြည့်မိတာ ချက်ချင်းပါပဲ။ သို့သော် အဲ့လူကြီး ခုနကရပ်နေသည့်နေရာမှာ မရှိတော့ပေ။ တစ်ဆက်တည်းမှာလည်း မနေနိုင်၊ မထိုင်နိုင် စိတ်ပူသွားသည့် သူ့ကိုယ်သူအား ရိုက်ပုတ်ပစ်ချင်မိသည်။ ဟိုကတောင် ရှောင်ထွက်နေစိမ့်တာ၊ သူကပူနေစရာလားလေ။
"အေးဟယ် သနားပါတယ်၊ အိပ်တောင် မအိပ်ရသေးဘူးတဲ့"
"မမရယ် ကားမူးတတ်တဲ့သူကတော့ ဆေးသောက်လည်း မူးတာပါပဲ၊ ညီမလည်း ဆေးသောက်လာတာကို မရပါဘူး"
"ဟုတ်မှာ၊ မမတို့က ကိုဇေယျာကို ခန့်ခန့်နဲ့ ထိုင်မယ်မှတ်နေတာ"
ထိုအချိန် ရောက်လာသောကြာဇံချက်ထဲသို့ စိတ်မပါ၊ လက်မပါထည့်နေမိသည်မှာ ငရုတ်သီးမှုန့်နီနီများ။ ရုတ်တရက် သူ့နာမည်တပ်ကာ မေးလာသောမမမေသက်ကြောင့် ဘာဖြေရမှန်းမသိပင် ဖြစ်သွားသည်။
"ဟို ... ကိုဇေယျာက အတန်းပြောင်းထားတော့ ဟိုဖက်ကားမှာပဲ ထိုင်လိုက်တာတဲ့၊ အဲ့ဒါမို့ပါ"
အဆီအငေါ်မတည့် ဖြေလိုက်မိသောစကားတွေပါပဲ။ လိမ်စရာလည်းမဟုတ်၊ ရှာကြံလိမ်နေရတာ သိပ်စိတ်ညစ်ဖို့ကောင်းသည်။ ကျွန်တော်တို့ ပြဿနာဖြစ်ထားလို့ပါ ပြောလည်းမကောင်း။
ဟူး ... ။
သက်ပြင်းတစ်ချက် မသိမသာခိုးချရင်း ကြာဇံချက်ဆီ ပြန်ငုံ့ကြည်တော့ ငရုတ်သီးမှုန့်တွေ ရဲပေါက်နေလေပြီ။ ဆက်သောက်ချင်စိတ်မရှိတော့တာမို့ လူကဇွန်းကိုင်ကာ ဟိုမွှေသည်မွှေနှင့်။ အကြည့်က ဘာရယ်မဟုတ်၊ အရင်ကြိုရောက်နှင့်သည့် Express ကားကြီးဆီ တဝေ့လည်လည်။ အိပ်တောင်မအိပ်ရဘဲ အန်နေသည့်ဆိုသော အဲ့လူကြီးတစ်ယောက် အဆင်ပြေရဲ့လား သိချင်နေသည်။
သူကိုယ်တိုင်ပဲ မျက်စိရှေ့ပေါ်မလာဖို့ ပြောခဲ့ပြီး ခုတော့ သူကိုယ်တိုင်ကပဲစိတ်ပူနေရ၏၊ သွားလည်းမမေးချင်ပါပေ။ စိတ်ကြည်ပြီလားဆိုလျှင်လည်း ကြည်တာမျိုးမဟုတ်၊ စိတ်ဆိုးသေးလားဆိုလျှင်တော့လည်း သူ မပြောတတ်ပါချေ။
ရောထွေးနေသည့်ခံစားချက်တို့မှာ ကားပေါ်ပြန်တက်သည်ထိ ဝေခွဲမရဖြစ်ဆဲပါပဲ။
လူကနေသော်ငြား
သံယောဇဉ်ကတော့ မနေစိမ့်။
သိစိတ်က ထိန်းချုပ်လို့ရသော်ငြား
မသိစိတ်ကတော့ သူ့အနားတွင်သာ
တဝဲလည်လည် နေစိမ့်သည်။
(25/9/2020)
••••••••••••••••••••••••••••••••••••••••••
<Zawgyi>
16.
<Unicode>
ဘတ္စ္ေပၚမွ ဆင္းလာၿပီးကတည္းက ခန့္ခန့္ ပ်င္းတိပ်င္းေလ်ာ့ ေလၽွာက္လွမ္းေနမိသည္။ အတန္းတက္ရမည္ကို ေတြးစိတ္ပူေနမိတာ ရင္တလွုပ္လွုပ္ႏွင့္။ အဲ့လူႀကီးႏွင့္ ဘယ္လိုမ်ား မ်က္ႏွာခ်င္းဆိုင္ရပါမည္နည္း။ ဝင္လာသည့္ ဖုန္းဆက္သည္မ်ားကိုလည္း သူနည္းနည္းမၽွ မတုန့္ျပန္ခဲ့။ ေတြ႕ရမွာစိုးတာေၾကာင့္လည္း လာေခၚေနက်အခ်ိန္ထက္ နာရီဝက္ေစာထြက္လာခဲ့သည္။
အခုေတာ့ အတန္းဝင္ဖို႔ပင္ အေစာႀကီးရွိေသး၏။ ေဘးခ်င္းကပ္လ်က္ထိုင္ရမွာမို႔ ေတြ႕ရမွာဝန္ေလးေနမိသည္။ သို႔ေသာ္ အမွားႀကီးလုပ္သူက သူပါေလ။ ကိုယ္ကဘာလို႔မ်ား ပူပန္ေၾကာင့္ၾကစိတ္ ရွိေနစရာလိုပါမည္နည္း။ ဆင္ျဖဴမ်က္ႏွာ ဆင္မဲမၾကည့္ဝံ့ေၾကးဆို အဲ့လူႀကီးကသာ လန့္ရမည္သူျဖစ္သည္။
ခန့္ခန့္ အတန္းထဲဝင္ေတာ့ လူရွင္းေနေသးသည္။ အဲ့လူႀကီးလည္း မေရာက္ေသး။ လာလၽွင္အတူမထိုင္ခ်င္တာမို႔ တစ္ဖက္ျခမ္းက ေနရာလြတ္ဆီသာ ဝင္ထိုင္ခဲ့သည္။ ကၽြီခနဲ တံခါးတစ္ခါဆြဲဖြင့္တိုင္း ရင္တုန္ရသူမွာ ခန့္ခန့္တစ္ေယာက္ပါပဲ။ ဝင္ဝင္လာခ်င္း ေနာက္လွည့္မၾကည့္ရဲသည့္တိုင္ ေဘးယွဥ္လ်က္ခုံဆီသို႔ေတာ့ ခိုးကာၾကည့္မိစျမဲပင္။
သို႔ေသာ္ တကယ့္တကယ္မွာေတာ့ ဆရာဝင္လာသည္ထိ အဲ့လူႀကီး မေရာက္လာခဲ့ပါေပ။ အတန္းပ်က္တာပင္ ျဖစ္မည္ထင္၏။ အျပစ္လုပ္ထားသူမို႔ ဘယ္မ်က္ႏွာခ်င္းဆိုင္ဝံ့ပါ့မလဲေလ။
ေနာက္တစ္ေန႔တြင္ေတာ့ ခန့္ခန့္ေနာက္က်မွ အတန္းဝင္သြားသည္။ အဲ့လူႀကီးကေတာ့ အတန္းထဲရွိမေနျပန္ပါ။ ဒါႏွင့္ပဲ ေနရာဝင္ထိုင္ၿပီး စာသင္ရန္ျပင္ရသည္။
"ေဟာ ကိုေဇယ်ာညတန္းေျပာင္းထားေတာ့ ခန့္ခန့္ ငိုင္ေနရၿပီ။ ပ်င္းရင္ေရွ႕တက္ထိုင္ေလ"
တီခ်ယ္ေလးစကားေၾကာင့္ တစ္ေယာက္ထဲအေတြးလြန္ေနသူ ခန့္ခန့္တစ္ေယာက္ အံ့ဩတႀကီးျဖစ္ရသည္။ တစ္ဘာသာတည္းကို ႏွစ္တန္းၿပိဳင္တူဖြင့္ထားရာ သူတို႔က ပိတ္ရက္ေန႔ခင္းတက္ၾကသည္။ တျခားအတန္းကေတာ့ Weekdays ညေတြတြင္ ဖြင့္တာျဖစ္၏။ ဒါကို သူ႔ေၾကာင့္ႏွင့္ အဲ့လူႀကီးက အတန္းေျပာင္းသတဲ့လား။ ဝမ္းနည္း၊ ဝမ္းသာခံစားခ်က္ႀကီး သူ႔စိတ္တြင္ တၿပိဳင္တည္းျဖစ္ေပၚလာေလတာ သိပ္မုန္းဖို႔ေကာင္းတာပါပဲ။
တကယ္ဆိုေျပာင္းတက္ေတာ့လည္း ေကာင္းသည့္ကိစၥပဲမလား။ မေတြ႕ရေတာ့ ထိုးခဲ့မိသည္အတြက္လည္း မ်က္ႏွာပူစရာမလို။ ကိုယ့္ကိုခ်စ္ေနတယ္ဆိုသည့္ အၾကည့္ေတြကိုလည္း ထူးေထြရင္ဆိုင္ေနစရာ မလိုေတာ့ေပ။ ေရွာင္ထြက္သြားသည္မွာ ေကာင္းသည္။
သို႔ေသာ္ စိတ္ထဲက အမ်ိဳးအမည္မသိသည့္ ခံစားခ်က္တစ္ခု ကိန္းေအာင္းေနေလတာလည္း ေအာင့္သက္သက္ႏွင့္။
"ကဲ ေနာက္အပတ္ဆို ေလ့လာေရးသြားရေတာ့မယ္ေနာ္၊ အားလုံးအတြက္ အစီအစဥ္အေသးစိတ္ေလး ဆရာ မလာခင္ေျပာျပမလို႔"
တီခ်ယ္ေလး၏ ငပလီ tripအတြက္ သတိေပးသံၾကားမွ အေတြးစတို႔ ျပတ္ေတာက္သြားသည္။ စာေမးပြဲမေျဖခင္က ပင္လယ္သြားဖို႔ တက္ႂကြသေလာက္ အခုေတာ့ သူ သြားခ်င္စိတ္ရွိမေနျပန္ပါ။ အတန္းထဲတြင္ အဲ့လူႀကီးမွလြဲ၍ ရင္းရင္းႏွီးႏွီးခင္ရသည့္သူက သိပ္မရွိလွ။ ျပႆနာေတြသာ မရွိခဲ့ပါလၽွင္ သူတို႔ေပ်ာ္ေပ်ာ္ရႊင္ရႊင္ သြားရေပလိမ့္မည္။ အလိုလိုက္တတ္လြန္းသည့္ အဲ့လူႀကီးႏွင့္သာဆို သူ ဘယ္ေလာက္ေပ်ာ္လိုက္ရပါမည္နည္း။
အခုေတာ့ အရာအားလုံးမွာ အေတြးသက္သက္သာ။ ပိုက္ဆံကလည္း ႀကိဳသြင္းၿပီးသားမို႔ မလိုက္လို႔မျဖစ္ေတာ့။ ဒါထက္ အတန္းေျပာင္းသြားသည့္ အဲ့လူႀကီးေရာ လိုက္ျဖစ္မလားဆိုသည့္ အေတြးကပါ တစ္ဆက္တည္း ဝင္လာျပန္သည္။ ေမ့ထားေသာ္ျငား သူ႔အာ႐ုံတြင္ ေနရာတကာပါတတ္လြန္းသည့္လူႀကီး။ ထိုညကစလို႔ မသိစိတ္ကို လႊမ္းမိုးထားေလတာ အိပ္မက္ထဲတြင္ပင္ အလြတ္မေပးပါေခ်။
"ေသာၾကာည ၇နာရီ ထြက္မွာေတာ့ အားလုံးသိၿပီးသားပဲ။ OBM ႏွစ္တန္းလုံး တူတူစုသြားမွာမို႔ ဘတ္စ္ႏွစ္စီး စီစဥ္ထားပါတယ္။ တစ္္တန္းနဲ႔တစ္တန္းက လူေတြလည္း ခင္သြားၾကတာေပါ့။ လူကေတာ့ ခန့္မွန္းေၿခ ၅၀ေလာက္ရွိမယ္ရွင့္။ ႏွစ္ညအိပ္၊ သုံးရက္ခရီးေလးမို႔ ပစၥည္းေတြ လုံလုံေလာက္ေလာက္ ထည့္ခဲ့ၾကပါ။ ၿပီးေတာ့ ႏွစ္ေယာက္တြဲထိုင္ရမဲ့ ကားခုံနံပါတ္နဲ႔ ဟိုတယ္အခန္းနံပါတ္ေတြလည္း စီစဥ္ၿပီးပါၿပီ။ အဲေန႔မထြက္ခင္ Group မွာ အေသးစိတ္တင္ေပးထားပါမယ္၊ လိုအပ္တာရွိရင္လည္း လာေျပာေပးေနာ္"
ႏွစ္ေယာက္တြဲခုံႏွင့္ အခန္းတဲ့။ အဲ့လူႀကီး ေရွာင္ေျပးလၽွင္ေတာ့ သူ တစ္ေယာက္တည္းထိုင္ရမွာျဖစ္သည္။ မေတြ႕ခ်င္ဟု အတြင္တြင္ျငင္းေနသည့္စိတ္၏ အျခားတစ္ဖက္၌ လာေတြ႕ေစခ်င္သည့္စိတ္မွာလည္း အတင္းကာေရာ တိုးလုေနခဲ့ေလတာ လြန္ဆြဲေနၾကသည့္အတိုင္းပါပဲ။
သည္အေၾကာင္း ခန့္ကိုႏွင့္ ဂိမ္းေဆာ့ရင္းေျပာျဖစ္ၾကသည္။ သူကေတာ့ 'မင္းေျပာဆိုလႊတ္လိုက္လို႔ ေရွာင္ေပးသြားတာ ေနမွာေပါ့' တဲ့။ ဆိုင္လို႔လားဟူသည့္အေမးက ေခါင္းထဲေပၚလာျပန္၏။ စိတ္တိုလို႔ မ်က္စိေရွ႕ေပၚမလာနဲ႔လို႔ပဲ ေျပာလိုက္ျခင္းပါေလ။ အဲ့ဒါနဲ႔ပဲ သည္လိုေရွာင္ေပးသြားတာတဲ့လား။ သူ႔အမွားမွ ကိုယ့္အမွားျဖစ္ကာ ေနာက္ဆုံးေတာ့လူဆိုးႀကီး ျဖစ္သြားသူမွာ မိမိသာ။
စာေမးပြဲၿပီးသြားတာေတာင္ ခန့္ခန့္ စိတ္ေတြေပါ့ပါးမေနပါ၊ သည္ကိစၥႀကီးကိုပဲ ေတြးမိၿပီး တမွိုင္မွိုင္၊ တေတြေတြ။ ေမေမ မုန့္ဖိုးေပး၍ ေဈးဝယ္ထြက္ရေတာ့လည္း မေပ်ာ္ျပန္၊ အတူသြားေနက်သူကိုသာ သတိရလာျပန္သည္။
အစကေတာ့ အဲ့လူႀကီးကို မေတြ႕ရလၽွင္ ပိုအဆင္ေျပမည္၊ ေနရသက္သာသြားမည္ ထင္ခဲ့သည္။ သို႔ေသာ္ အေတြးႏွင့္လက္ေတြ႕မွာ တက္တက္စင္ကြဲလြဲလ်က္။ တကယ့္တကယ္ အဲ့လူႀကီး အတန္းေျပာင္းသြားေတာ့မွ ဝမ္းနည္းသလိုလို၊ အားငယ္သလိုလိုႏွင့္ ျပႆနာကို ထိပ္တိိုက္ေတြ႕ကာ ရင္ဆိုင္ေျဖရွင္းလိုက္ေစခ်င္ျပန္သည္။
..............................
တစ္ခုေသာ ေသာၾကာေန႔လယ္ဝယ္ ေဇယ်ာတစ္ေယာက္ အခန္းထဲဟိုသည္ေလၽွာက္လွမ္းေနမိသည္။ အေတြးမ်ားလၽွင္ လုပ္ေနက်အတိုင္း ေခါင္းပူပူႏွင့္ အေတြးမ်ားေနတာပင္ျဖစ္၏။ အဖက္ဖက္ကေတြးရင္း စိတ္အိုက္လာေတာ့ ေမြ႕ရာေပၚတစ္ခါ ျပန္ထိုင္မိျပန္သည္။ ေအာက္ေျခရွိ အေမႊးပြအခင္း၏ႏူးညံ့မွုက သူ႔ေျခဖဝါးတြင္ ထိေတြ႕လာ၏။ သူ႔စိတ္၏ၿငိမ္းေအးရာကို ရွာမေတြ႕နိုင္ေသး။
ေဇယ်ာ သည္ရက္ေတြကို ခက္ခက္ခဲခဲ ေက်ာ္ျဖတ္ေနရတာျဖစ္သည္။ ေနာင္တကင္းပါသည္ဆိုေသာ ဆုံးျဖတ္ခ်က္ကိုခ်ၿပီးေနာက္ ညတန္းတြင္ ေျပာင္းတက္လိုက္သည္။ သတိရသည့္စိတ္ကို ခ်ိဳးႏွိမ္ပစ္နိုင္ရန္ ေန႔တြင္အလုပ္ထဲ စိတ္ႏွစ္ထားၿပီး ညဆို အတန္းေျပးတက္ရသည္။ အားလုံးၿပီးလို႔ အိမ္ျပန္ေရာက္လၽွင္ အိပ္ယာေပၚ ေခြက်သြားေတာ့တာပင္။
ခရီးထြက္ဖို႔ ႏွစ္ပတ္ေနာက္ေရႊ႕သြားတာမို႔ သူ႔အဖို႔ ခ်ာတိတ္ကေလးႏွင့္ ဆုံဖို႔အခြင့္မရွိေသးေခ်။ အရင္အပတ္ကေတာ့ စေန၊ တနဂၤေႏြ အတန္းတက္ေနသည့္ကေလးအား မေနနိုင္၊ မထိုင္နိုင္ပါပဲ အေဝးကသြားေငးလိုက္ေသးသည္။ ခဏလွမ္းျမင္ရသည့္ သည္ကေလးမ်က္ႏွာက ဘဝအေမာေတြ ေျပေစတယ္လို႔ေျပာလၽွင္ မည္သူယုံပါမည္နည္း။
သို႔ေပမဲ့ ခ်ာတိတ္ကေလး အေႏွာင့္အယွက္မျဖစ္ေအာင္ ေရွာင္ေပးမည္ေတြးထားရာက ငပလီေလ့လာေရးခရီးအား လိုက္သင့္၊ မလိုက္သင့္ သူ ဆုံးျဖတ္ရခက္ေနသည္။ ကေလးအတြက္ေတြးေပးလိုက္၊ သူ႔အတြက္ေတြးေပးလိုက္ႏွင့္ ယတိျပတ္ ဆုံးျဖတ္ခ်က္မခ်နိုင္။ သူ႔သေဘာအရသာဆို ေသခ်ာေပါက္ လိုက္ခ်င္မိတာပါပဲ။ ထိုကေလးကိုျမင္နိုင္မည္၊ မ်က္လုံးဝိုင္းဝိုင္းေလးအား ေငးေနနိုင္မည္၊ ႏွုတ္ခမ္းဖူးဖူးေလးအား ခိုးၾကည့္နိုင္ေပလိမ့္မည္။
သို႔ေသာ္ မာနခဲေလးအတြက္ ေတြးေပးျပန္လၽွင္ သူလုံးဝမလိုက္ခ်င္ေတာ့။ ဖုန္းအဆက္အသြယ္ပင္ လက္မခံေလတာ ခရီးထြက္ခ်ိန္မွာ သူ႔ကိုျမင္လၽွင္ ေသခ်ာေပါက္ အေႏွာင့္အယွက္ျဖစ္လိမ့္မည္၊ စိတ္ဆိုးေပလိမ့္မည္။ ပုံမေတာ္လၽွင္ ထပ္မုန္းသြားနိုင္မည့္အျဖစ္ပဲမလား။
စိတ္ေထြျပားမွုေၾကာင့္ ေျခဖဝါးျပင္မွာ အေမႊးဖြအခင္းေပၚတြင္ တလွုပ္လွုပ္။ ညေနဆိုလၽွင္ပဲ ခရီးကထြက္ရေတာ့မည္။ သူ အခုထိ အေျဖမထြက္ေသး။ ေနာက္ဆုံးေတာ့ ဒြိဟျဖစ္ေနသည့္ကိစၥအား ထက္ျမက္ကိုပဲ တိုင္ပင္ၾကည့္ဖို႔ ဆုံးျဖတ္လိုက္ရေတာ့သည္။ သူက ကိုယ္အေတြးႏွင့္မတူလၽွင္ အေျဖတစ္ခုထြက္လာနိုင္မည္မလား။
ဖုန္းေခၚသံ တတူတူျမည္ေနသည္အထိ သူ႔ခမ်ာ ေျခဖဝါးတလွုပ္လွုပ္က မျပတ္နိုင္ေသး။ 'ဟဲလို' ဟူေသာ တစ္ဖက္ကသူငယ္ခ်င္းအသံ ၾကားရေတာ့မွ၊
"ေအး ဖုန္းေျပာလို႔ရလား"
သူငယ္ခ်င္းေပမယ့္ မအားမွာစိုးရေသးလို႔ စကားခံရ၏။
"ေအး ရတယ္ေျပာ၊ အားတယ္"
"ငါ ေက်ာင္းကသြားမဲ့ ငပလီေလ့လာေရးခရီးကို လိုက္သင့္၊ မလိုက္သင့္ စဥ္းစားေနတာကြာ ... ေဝခြဲမရဘူး။ ငါလိုက္ရင္ ဟိုကေလး ေနရခက္ေနမလားလို႔။ စာရင္းေပးတာ၊ ပိုက္ဆံသြင္းတာကလည္း ၿပီးခဲ့တဲ့လတည္းက လုပ္ထားၿပီးသား"
ေဇယ်ာမွာ ခ်ီတုံခ်တုံျဖင့္ေျပာေလေတာ့ တစ္ဖက္က ထက္ျမက္သည္လည္း စိတ္မသက္မသာ။ အရက္ေသာက္ၿပီး ျပန္သြားသည့္ညက ျပႆနာျဖစ္သည့္အေၾကာင္းကို ခ်က္ခ်င္းဖုန္းဆက္ေျပာရွာသည္။ ထိုပုံစံႏွင့္ အိမ္လည္းမျပန္ေစခ်င္တာမို႔ သူ႔အိမ္သာေခၚသြားရခဲ့သည္။ အခုေတာ့ ခရီးကိစၥဆုံးျဖတ္ရခက္ျပန္ၿပီထင္၏။ ေယာက်္ားေလးတစ္ေယာက္ကို ႀကိဳက္မိမွ သူ႔သူငယ္ခ်င္းလည္း သနားစရာပင္ေကာင္းလာသည့္အျဖစ္။
"စိတ္ေျပလက္ေပ်ာက္ လိုက္သြားေလကြာ၊ ဟိုကေလးနဲ႔လည္း အတန္းမတူေတာ့ဘူးမလား"
"အတန္းကမတူေတာ့ေပမဲ့ ခုဟာက OBM ႏွစ္တန္းလုံး၊ ကားႏွစ္စီးနဲ႔ တူတူသြားမွာတဲ့။ အဲဒါမို႔ ငါဆုံးျဖတ္ရခက္ေနတာ"
"မင္းစိတ္ကဘယ္လိုလဲ၊ လိုက္ခ်င္တာလား"
"ငါ့စိတ္အတိုင္းဆို လိုက္ခ်င္တာေပါ့ကြာ၊ ကေလးမ်က္ႏွာေလး ျမင္ရမဲ့အခြင့္အေရးပဲ။ ဒါေပမဲ့ သူ ငါ့ကိုျမင္ရင္ ေနရခက္ေနမွာစိုးတာ"
ဟိုတစ္ေန႔ကေတာ့ ခ်ာတိတ္ကေလးတဲ့၊ 'အခုေတာ့ ကေလးပါျဖစ္သြားၿပီလား' ဟု ထက္ျမက္ ေျပာင္ေနာက္ခ်င္ေသာ္လည္း သူငယ္ခ်င္းအေျခအေနက မေကာင္းတာမို႔ မေျပာျဖစ္ေတာ့။
"အင္း လူက ဘယ္ႏွေယာက္ေလာက္ သြားမွာမို႔လို႔လဲ"
"ႏွစ္တန္းေပါင္း၊ ၅၀ေလာက္တဲ့။ ကားႏွစ္စီးနဲ႔သြားရမယ္ေျပာတယ္"
"အဲ့ဒါဆို မ်ားပါတယ္ကြ။ ေသခ်ာမရွာရင္ ျမင္မွာေတာင္မဟုတ္ဘူး။ သူ စိတ္အေႏွာင့္အယွက္ျဖစ္မွာစိုးရင္ မင္းက နည္းနည္းေရွာင္ေနေပးလိုက္ကြာ။ ကားတစ္စီးထဲ တူတူမစီးနဲ႔။ အိပ္တာ၊ စားတာလည္း သူနဲ႔အခ်ိန္မတူေအာင္ လုပ္လိုက္ေပါ့"
"ေအး အဲ့လိုဆိုေတာ့လည္း အဆင္ေျပသားပဲေနာ္"
ေဇယ်ာ မ်က္ႏွာမွာ သိသိသာသာ ရႊင္လန္းလာ၏။ ထက္ျမက္ေျပာသည့္အႀကံမွာ မဆိုးလွ၊ သူ ကေလးကိုၾကည့္ခ်င္လၽွင္ပင္ မသိမသာ ၾကည့္ရေသးသည္။
"တကယ္ဆို ဒါမင္းရဲ့ေရြးခ်ယ္ပိုင္ခြင့္ကြ။ မင္းအမွားအတြက္ အတန္းေျပာင္းေပးခဲ့ၿပီးၿပီေလ။ ဒီခရီးကေတာ့ ပိုက္ဆံေတာင္ သြင္းထားတဲ့ဟာ၊ မင္းလိုက္သင့္ပါတယ္။ ပင္ပန္းတာမ်ားေနၿပီ၊ စိတ္အပန္းေျဖခဲ့ကြာ။ ဒါနဲ႔ Express စီးရင္ ဂၽြန္းထိုေအာင္မူးတဲ့ေကာင္က ကားစီးရတာ အဆင္ေျပပါ့မလား"
ထက္ျမက္ေျပာတာကို ေဇယ်ာ ေတြးမိၿပီးသားျဖစ္သည္။ သူငယ္ခ်င္းေတြအဖြဲ႕လိုက္ ဘယ္ခရီးသြားသြား ကိုယ့္ကားႏွင့္ကိုယ္ ဟုတ္ခ်င္ဟုတ္၊ မဟုတ္လၽွင္ flight စီစဥ္ရသည္ခ်ည္း။ ႀကီးေကာင္ႀကီးမားႏွင့္ Express မစီးနိုင္သည့္သူ႔အျဖစ္မွာ ထင္ရက္စရာလည္းမရွိေပ။
"အဆင္ေျပမွာပါကြာ"
တကယ္လည္း အဆင္ေျပခ်င္တာ သူ႔ဆႏၵပါပဲ။ ေနာက္ေတြ႕ဖို႔ အေၾကာင္းသိပ္မရွိေတာ့သည့္ ကေလးကို သည္ခရီးမွာပဲ အၿပီးႏွုတ္ဆက္ရေတာ့မည္။ မခ်စ္သင့္သူကို ခ်စ္မိသည္က ဝဋ္ေႂကြးဆိုလၽွင္၊ အရက္ေသာက္ကာ ရမ္းရမ္းကားကားျပဳမိသည္က သူ႔အျပစ္ေႂကြးပင္ ျဖစ္လိမ့္မည္။
......................
ေသာၾကာေန႔ညေန စုရပ္ေရာက္ခ်ိန္တြင္ လူအေတာ္စုံေနၾကေလၿပီ။ Express ကားႀကီးႏွစ္စီးကို လမ္းမႀကီးေဘး ခ်ရပ္ထားၿပီး တီခ်ယ္ေလးတို႔က လူလိုက္စစ္ေဆးေနသည္။ ႏွစ္တန္းေပါင္းမို႔ တခ်ိဳ႕မ်က္ႏွာေတြကို ခန႔္ခန႔္ မရင္းႏွီး။ သို႔ေသာ္ ေတာ္ေတာ္ရင္ႏွီးဖူးသည့္ မ်က္ႏွာပိုင္ရွင္ကို ဟိုသည္ေဝ့ဝဲရွာေတာ့လည္း မေတြ႕ပါေခ်။
အဲ့လူႀကီး မလိုက္ဘူးမ်ားလား။
ခန႔္ခန႔္အဖို႔ သည္လို အဖြဲ႕လိုက္စုသြားရသည့္ခရီးမ်ိဳးကလည္း အခုမွသာပထမဆုံးျဖစ္သည္။ ငပလီတစ္ခါမွ မေရာက္ဖူးေသး၍ စိတ္လွုပ္ရွားရတာတမ်ိဳး၊ အဲ့လူႀကီးႏွင့္ အတူထိုင္ရမည္လားမသိ၍ ရင္တုန္ရတာတစ္ဖုံႏွင့္။ အရင္လကတည္းက စီစဥ္ထားတာမို႔ ထင္သည္။ ထိုင္စရာ၊ အိပ္စရာ အတြဲေတြထြက္လာေတာ့ အတူစာရင္းေပးထားၾကသည့္ သူတို႔ႏွစ္ဦးကတစ္တြဲ။ အဲ့လူႀကီးက ဟိုဖက္အတန္း စာရင္းမွာပါမေန၊ ဘယ္လိုလုပ္ရမလဲ သူမသိ။ တီခ်ယ္ေလးကို သြားေျပာရင္လည္း ဘာလို႔လဲေမးလၽွင္ ေျဖရမည္မွာခပ္ရွုပ္ရွုပ္။
ခန့္ခန့္ ကားေပၚကခရီးေဆာင္အိတ္ကိုခ်အၿပီး စိတ္ကိုအေကာင္းဆုံးျပင္ဆင္လိုက္သည္။ ေနရခက္ေတာ့လည္း ခဏေပါ့၊ အရင္က မခင္ခဲ့ဖူးသူေတြလည္းမဟုတ္။ ျပႆနာကို ထိပ္တိုက္ရင္ဆိုင္ၿပီး နားလည္ေအာင္ေျပာလၽွင္ ရလိမ့္မည္ထင္သည္။ အဲ့လူႀကီးလည္း ေရွာင္ေပးေနပုံေထာက္ ထပ္ေႏွာင့္ယွက္မည္မထင္ပါ၊ သူ႔ကိုေလးစားၿပီး လူႀကီးလူေကာင္းဆန္လိမ့္မည္ကို ခန့္ခန့္ ယုံၾကည္မိသည္။
"သား မင္း ေလၽွာက္မေဆာ့နဲ႔ေနာ္။ နေမာ္နမဲ့လည္း ဘာမွမလုပ္နဲ႔၊ မိဘေတြမပါဘူး ၾကားလား"
ေနဝင္ရိုးရီမို႔ ေမေမ့မ်က္ႏွာကို ၾကည္ၾကည္လင္လင္ မျမင္ရေပမဲ့ အသံကေတာ့ ေကာင္းေကာင္းကိုၾကားေနရသည္။ တစ္ခါမွအဖြဲ႕လိုက္ခရီးမထြက္ဖူးတာမို႔ ေဖေဖေရာ၊ ေမေမပါလိုက္ပို႔ေနလိုက္တာ သူမ်ားျမင္လၽွင္ေတာ့ တစ္ကယ္ကေလး ထင္ေနၾကဦးမည္။
"အင္းပါ၊ အိမ္ကတည္းကမွာေနတာ တစ္ရာေလးဆယ့္ငါးခါေလာက္ ရွိေနၿပီ။ စိတ္ခ် .. စိတ္ခ်၊ သား ကေလးမဟုတ္ဘူး"
"ေအး မင္းအေမက ထည့္ခ်င္တာေတာင္ မဟုတ္ဘူးေနာ္။ အဘြားနဲ႔အေဖ အာမခံေပးထားသလို ေသခ်ာေနခဲ့ဦး။ ေမာင္ေဇယ်ာ့ကိုလည္း မွာရဦးမယ္။ ေနဦး ... ခုသူေရာက္ၿပီလား၊ တစ္ခါတည္းမွာခဲ့ရမယ္"
အဲဒါမွဒုကၡ။ အရင္တုန္းကေတာ့ အတူသြားမွာဟု လြယ္လြယ္ေျပာခဲ့ေလတာ ခုလိုျပႆနာျဖစ္ၾကမယ္မွ မထင္မိပဲ။ ခန႔္ခန႔္ မလုံမလဲႏွင့္ အနီးအနားကိုေဝ့ဝဲၾကည့္ေတာ့ အဲ့လူႀကီး၏အရိပ္အေယာင္ တစ္စြန္းတစ္စမၽွ မေတြ႕ရ၊ ဒါလည္းေကာင္းပါသည္။ မဟုတ္လို႔ ေတြ႕လၽွင္ မ်က္ႏွာပူေနရဦးမည္။
"မေရာက္ေလာက္ေသးဘူး၊ ရပါတယ္ေဖႀကီးရ။ သားက သူနဲ႔ပဲထိုင္ရမွာ စိတ္ခ်။ ေဖေဖတို႔မွာတယ္လို႔လည္း ေျပာလိုက္မယ္။ ခုေတာ့ တီခ်ယ္ေလးေခၚေနၿပီ၊ သား ကားေပၚတက္ေတာ့မယ္"
"ၿပီးေရာ ... ဟိုေရာက္ရင္ ဖုန္းဆက္ေနာ္"
အျမန္လစ္ထြက္ၿပီး ကားေပၚအိတ္ေတြတင္ေတာ့ မမေမသက္တို႔ႏွင့္ေတြ႕သည္။ ႏွစ္ေယာက္သား ဆံပင္က်စ္ဆံျမႇီးေလးေတြႏွင့္ ခပ္လန္းလန္းဝတ္ထားၾက၏။ သူ႔ကိုျမင္မွ တျခားသူေတြကို စကားစျဖတ္ၿပီး 'ကိုေဇယ်ာႀကီးေရာ' ဆိုကာ ေမးလာသည္။ သူ ဘယ္လိုေျဖရမည္မသိ။ လိုက္မလား၊ မလိုက္မလားေတာင္ မသိတာမို႔ ေခါင္းခါျပၿပီးသာ ကားေပၚအလ်င္တက္ခဲ့လိုက္သည္။
ကိုယ့္ကိုေတြ႕လၽွင္ သူ႔ကိုပါတြဲျမင္ေနၾကတာ ဘာလို႔ပါလဲ။ သုံး၊ ေလးလေလာက္ အတူသြားလာမိလို႔လား၊ အရပ္ေျခာက္ေပေက်ာ္အစ္ကိုႀကီးႏွင့္ အျမဲတြဲသြားသူက သူလိုပုပုေသးေသးေကာင္ေလး ျဖစ္ေနေလလို႔ပဲလား။
ကားေပၚေရာက္ေတာ့ သူတို႔ရထားသည့္နံပါတ္ေတြက ၂၇၊ ၂၈ ႏွစ္ခုံတြဲျဖစ္သည္။ မိန္းကေလးေတြကို ေရွ႕မွာခ်ထားၿပီး ေယာက္်ားေလးအုပ္စုက ေနာက္ကထိုင္ရမည့္ပုံပင္။ ကားေပၚတြင္ လူနည္းနည္းသာရွိေသးသည္။ ခန႔္ခန႔္ လက္ထဲပါလာသည့္ လြယ္အိတ္ကို အေပၚတင္ထားလိုက္ၿပီး ဖုန္း၊ ပိုက္ဆံအိတ္ႏွင့္ နားၾကပ္သာယူထိုင္ေနလိုက္သည္။ လာတာမလာတာ ထိုလူႀကီးကိစၥ၊ သူကပူပန္ေနစရာမလို။ မ်က္လုံးမွိတ္ၿပီး နားၾကပ္သာတပ္ထားလိုက္ေတာ့၏။
ကားစက္ႏွိုးထားတာမို႔ အေပၚကမိုးက်ေနသည့္ အဲကြန္းေလက တျဖဴးျဖဴး။ ေႏြဦးမို႔ ရွပ္လက္ရွည္အပါးတစ္ထည္သာ ဝတ္လာေသာသူ႔အဖို႔ ခ်မ္းစိမ့္စိမ့္ျဖစ္လာခ်င္သည္။ ဒါမို႔ အေပၚကေလေပါက္ကို လွမ္းပိတ္ေလေတာ့ ကားေပၚအတန္းထဲလူေတြ တဖြဲဖြဲတက္လာၾကေလၿပီ။
မရွာပါဘူးဆိုေသာ္လည္း ရွာေနမိသည့္မ်က္ဝန္းေတြကို ျပန္ေမွးမွတ္လိုက္သည္။ အၾကားအာ႐ုံတြင္လည္း အသံေတြဝင္မလာေစရန္ ဂ်ပ္စတင္၏သီခ်င္းသံကို ခပ္က်ယ္က်ယ္ထားလိုက္၏။ အျမင္ႏွင့္အၾကားတို႔ အာ႐ုံလႊဲထားၿပီးလၽွင္ သူ အာ႐ုံစိုက္မိေတာ့မည္မဟုတ္။
သိုေသာ္ ခဏအၾကာတြင္ ကားကစေရြ႕လာသည္။ မ်က္လုံးအျမန္္ဖြင့္ၾကည့္ေလေတာ့ ထြက္ေတာ့မွာမို႔ ကားလွည့္ေနသည္ထင္၏။ လူေတြသူ႔ေနရာသူ ဆုံေနေလၿပီ။ သူကသာ ႏွစ္ေယာက္ခုံတြင္ တစ္ေယာက္တည္း။ အဲ့လူႀကီး ေရာက္မလာခဲ့ေပ။ တီခ်ယ္ေလးကေတာ့ လူစုံၿပီမို႔ ထြက္ၾကမယ္ေနာ္ဟု ေရွ႕ဆုံးကေန မတ္တပ္ရပ္ေျပာလာသည္။
လူစုံရဲ့လား။ အဲ့လူႀကီး မေရာက္ေသးဘူးေလ။ ဒါမွမဟုတ္ မလိုက္ေတာ့ဘူး ႀကိဳေျပာထားေလလို႔ လူစုံၿပီေအာ္ေနတာမ်ားလား။
အပ်က္ပ်က္အယြင္းယြင္း ျဖစ္ေနေသာခန႔္ခန႔္မ်က္ႏွာေလးမွာ စိတ္မခ်မ္းသာမွုတို႔ အျပည့္အဝေပၚလြင္ေနသည္။ သည္ခရီးကိုလည္း ေရွာင္သြားၿပီထင္၏။ သူႏွင့္အတူတူ ပိုက္ဆံပင္သြင္းထားတာမို႔ လိုက္ခ်င္မည္မွာ အေသအခ်ာ။ ေျပာခဲ့မိသည့္ စကားမ်ား၊ ထိုးခဲ့မိသည့္ လက္သီးခ်က္အတြက္ ခန႔္ခန႔္ အျပစ္ရွိသလို ခံစားလာရျပန္သည္။
ၿပီးခဲ့သည့္အပတ္က ေဈးဝယ္ထြက္ရင္း အဲ့လူႀကီး၏သူငယ္ခ်င္းဆိုသူ ကိုထက္ျမတ္က သူ႔ကိုလာႏွုတ္ဆက္သည္။ မသိေသာသူျဖစ္သည့္အျပင္ အဲ့လူႀကီးသူငယ္ခ်င္းမို႔ ဘာမွႏွုတ္မဆက္မိဘဲ ခပ္ေၾကာင္ေၾကာင္ ရပ္ေနခဲ့၏။ သို႔ေသာ္ ထိုလူမွာ ေျပာစရာေလးရွိလို႔ ခဏအခ်ိန္ေပးနိုင္မလားတဲ့ေလ။
ေခါင္းတစ္ခ်က္ညိတ္ျပလိုက္ေတာ့ ဖြင့္ေျပာလာတာ သူ႔ကိုအဲ့လူႀကီးကားနားမွာ ျမင္ဖူးခဲ့သည္ဆိုတာကအစ ထိုညက အဲ့လူႀကီး စိတ္ညစ္ေနတယ္ဆိုလို႔ အမူးတိုက္လိုက္မိသည့္အေၾကာင္း၊ အိမ္ဖက္ထိလာတာလည္း ခဏဝင္ၾကည့္ရင္းက သူမျပန္နိုင္ေသးလို႔ နားေနတာျဖစ္ေၾကာင္း၊ ေျပာမိတာေတြအတြက္ေတာင္ ေနာင္တရလြန္းလို႔ ခန့္ခန့္ႏွင့္ဆုံနိုင္မည့္ကိစၥေတြ မလုပ္ေတာ့တဲ့အထိ ျဖစ္ေၾကာင္းကုန္စင္အားလုံးကို ေသခ်ာရွင္းျပလာခဲ့သည္။ ခံစားေနရသည့္သူငယ္ခ်င္း၏ လူေနမွုပုံစံ ရိုးေအးေၾကာင္းေတြ ေျပာျပၿပီး မမုန္းဖို႔ႏွင့္ခြင့္လႊတ္ေပးဖို႔ပါ ၾကားကဝင္ေတာင္းပန္သြားေသးတာ ခခယယ။
ဘာေတြပါလဲ ... ခန႔္ခန႔္ လူဆိုးႀကီးျဖစ္ေနေလၿပီလား။
တကယ္ဆို ထိုညက ႐ုတ္တရက္ ေရွာ့ရသြားလို႔ လက္လြန္ေျခလြန္ျဖစ္သြားျခင္းသာ။ သူ႔အား ခ်စ္ေၾကာင္း၊ ႀကိဳက္ေၾကာင္း ဖြင့္ေျပာျခင္းအား စိတ္ဆိုးျခင္းမရွိခဲ့။ မထင္မွတ္ထားသည့္ အျပဳအမူတို႔ေၾကာင့္သာ သူေနရခက္ခဲ့ျခင္းျဖစ္၏။
႐ူး႐ူးမူးမူးတဲ့ ... ထိုေန႔က ကိုထက္ျမက္ဆိုသူ သုံးသြားခဲ့သည့္စကားေတြထဲမွ သူ ေတြးမိေနေသာစကားတစ္လုံးပင္။
အဲ့လူႀကီးက သူ႔အား ႐ူး႐ူးမူးမူး ခ်စ္ေနေလသတဲ့။ သူလိုဂ်စ္တိုက္တတ္သည့္ ေကာင္ေလးတစ္ေယာက္ကိုမွတဲ့။ တကယ္သာဆိုလၽွင္ သူ႔အဖို႔ လူတစ္ေယာက္၏ အ႐ူးအမူးခ်စ္ျခင္းကိုခံရသည္မွာ ဒါပထမဆုံးပင္။
သို႔ေသာ္ ... မျဖစ္သင့္ေသာအခ်စ္ႏွင့္ မသင့္ေလ်ာ္ေသာလူ ျဖစ္လို႔ေနသည္။ ေတြးရင္းက တဖန္ႀကိမ္းစပ္လာသည့္ သူ႔မ်က္လုံးတို႔အား အားကုန္မွိတ္ခ်လိုက္ရေတာ့သည္။ ဆက္မေတြးခ်င္ေတာ့၊ သူ ေစာေစာစီးစီးပဲ အိပ္ဖို႔ႀကိဳးစားလိုက္ေလ၏။
Express ကားႀကီးမွာေတာ့ တအိအိႏွင့္ အေဝးေျပးလမ္းမႀကီးေပၚ ေမာင္းႏွင္လို႔ေနေလၿပီ။
.......................
"အားလုံးပဲ အေပါ့အပါးဆင္းဖို႔နဲ႔ အဆာေျပစားဖို႔ အခ်ိန္နာရီဝက္ နားတာပါဗ်"
ကားေပၚကမီးေတြ လင္းလာၿပီး ၾကားလိုက္ရေသာထိုအသံ။ တေမွးေမွးႏွင့္ အိပ္ေပ်ာ္သြားခ်ိန္မွ ကြက္တိႏွိုးရတယ္လို႔ဟု စိတ္အနည္းငယ္တိုသြားေသးသည္။ သူ ဆက္အိပ္ခ်င္ေသးသည္၊ သို႔ေသာ္ ကားေပၚတစ္ေယာက္တည္း က်န္ခဲ့လို႔လည္း မျဖစ္ပါပဲ။ ပစၥည္းတစ္ခုခုမ်ားေပ်ာက္လၽွင္ က်န္ခဲ့သူအခက္ျဖစ္ဦးမည္။
သို႔ႏွင့္ နားတြင္တပ္ထားသည့္ Airpods ကိုမျဖဳတ္ေတာ့ဘဲ ေအာက္ဆင္းလာခဲ့သည္။ ခရီးသာတစ္ေထာက္နားသည္၊ လူကဘယ္ေနရာေရာက္ေနသည္မသိ။ ဆိုင္တခ်ိဳ႕ျမင္ရေပမဲ့ ဘာေတြရမယ္မွန္းလည္း မသိပါေခ်။ ညအိပ္ခ်င္မူးတူးမို႔ ၾကာဇံခ်က္ ခ်ဥ္ခ်ဥ္စပ္စပ္ေလးေတာ့ စားရလၽွင္ေကာင္းမည္။
ကြင္းျပင္က်ယ္လိုျဖစ္ေနေသာ ရပ္နားရာတြင္ သူတို႔သင္တန္းက ကားႀကီးႏွစ္စီးႏွင့္အတူ အျခားကားတခ်ိဳ႕လည္း ရပ္ထားၾကသည္။ ေရွ႕ကားမွ အရင္ေရာက္ႏွင့္ေတာ့ ဆိုင္ထဲတြင္ လူအနည္းငယ္က်ေန၏။ လူရွုပ္ေနသည့္အတူတူ ခန႔္ခန႔္ အေပါ့အရင္သြားဖို႔ ဆိုင္ေနာက္ထဲလိုက္ဝင္ရသည္။ ေလၽွာက္လမ္းအတိုင္းဝင္၊ လူေစာင့္၊ အေပါ့သြားၿပီးမွသာ လက္ေဆးရ၏။ စားေသာက္ဆိုင္ဘက္ ျပန္ထြက္လာခဲ့ေတာင္ လူက ေအးစိမ့္ေနသေယာင္။
ေႏြဦးလည္းျဖစ္ပါလ်က္၊ ရွပ္လက္ရွည္လည္း ဝတ္ထားပါလ်က္ႏွင့္ ဘယ္လိုခံစားခ်က္ရယ္မသိ။ တစ္ခါတရံ အေၾကာင္းအက်ိဳးဆီေလ်ာ္မွုမရွိေသာ အရာမ်ားျဖစ္ေပၚတတ္သည္က တစ္ခုခုျဖစ္ေတာ့မည္ကို သတိေပးေနသေယာင္ေယာင္။
သို႔ႏွင့္ ခ်မ္းစီးစီးျဖစ္ေနသည့္ကိုယ္ထည္ကို လက္ႏွစ္ဖက္ပိုက္ကာ ျပန္ေႏြးေစရင္း ဆိုင္ေရွ႕အထြက္ ေတြ႕လိုက္ရသည္က လုံးဝမထင္မွတ္ထားေသာသူပင္။
'အဲ့လူႀကီး!'
ျမင္ျမင္ခ်င္းႏွုတ္က တီးတိုးေရရြတ္မိျခင္းျဖစ္သည္။ တစ္ဖက္ကေဆးဆိုင္တြင္ ရပ္ေနပုံက တစ္ခုခုကိုေစာင့္ေနသည့္ႏွယ္။ ခန႔္ခန႔္မွာ ဆိုင္ႏွစ္ဆိုင္ၾကားရွိ အေမွာင္ရိပ္က်သည့္ေလၽွာက္လွမ္းမွ လွမ္းၾကည့္ေနတာမို႔ ျမင္နိုင္မည္ေတာ့မဟုတ္ေခ်။
ပါလာတယ္ေပါ့ဆိုသည့္အေတြးက သူ႔ကိုစိတ္သက္သာေစသည္။ ကိုယ့္ကိုေရွာင္ခ်င္႐ုံသက္သက္ႏွင့္ ပိုက္ဆံသြင္းၿပီးသားခရီးကို လိုက္မလာတာမ်ိဳးမျဖစ္ေစခ်င္။ သို႔ေပမဲ့ ဝမ္းနည္းစိတ္က ကပ္လ်က္တြဲပါလာသည္။ ပါလာလ်က္ႏွင့္ သူ႔ေဘးမွာလာမထိုင္ခဲ့ျခင္းေၾကာင့္ပါပဲ။ အျပစ္လုပ္ထားသူမို႔ သိမ္ငယ္၍ လာမထိုင္ျခင္းဟုသာ ခန့္ခန့္ မွတ္ယူလိုက္သည္။ ၿပီးေနာက္ မျမင္ခ်င္ေယာင္ေဆာင္ကာ တစ္ဖက္ဆိုင္ထဲဝင္လာခဲ့ေတာ့၏။
"ခန့္ခန့္ တစ္ေယာက္တည္းလား"
"ဪ ဟုတ္"
တစ္ေယာက္တည္းဝင္သူကို တစ္ေယာက္တည္းလား ေမးျပန္ပါၿပီ။ ခန႔္ခန႔္ ခပ္ေၾကာင္ေၾကာင္ႏွင့္သာ အစ္မႀကီးေတြဝိုင္းဖက္ ဝင္ထိုင္ရပါ၏။ မိန္းကေလးသုံးေယာက္ၾကားဆိုေသာ္လည္း အတန္းထဲတြင္ မ်က္မွန္းတန္းမိၿပီးသားမို႔ သိပ္ေတာ့အေနရမခက္။ သူတို႔ေျပာတာ လိုက္နားေထာင္လိုက္လၽွင္ အဆင္ေျပမည္ပင္။
"လာ ... တို႔နဲ႔ဒီမွာပဲထိုင္၊ ဘာစားမလဲ"
"ၾကာဇံခ်က္ဗ်"
ခပ္သြက္သြက္ရွိၾကတာမို႔ သူ ေျပာလိုက္တာႏွင့္ မွာေပးၿပီးၾကေလၿပီ။ ကိုယ္စီကေတာ့ မွာထားၿပီးသားေတြ စားေသာက္ၾကရင္း စကားတေျပာေျပာႏွင့္။ အစ္မတစ္ေယာက္ကေတာ့ ကားမူးလို႔ မအီမသာျဖစ္ေနဟန္ရွိသည္။ စည္းထားသည့္ဆံစေတြပင္ ဖြာက်ဲေနၿပီမလား။
"ခ်ိဳမာ အစာမာေလးတစ္ခုခု စားဦးေလ၊ Shark ဗူးခ်ည္းပဲ ေသာက္မေနနဲ႔ဦး"
"ေတာ္ၿပီ အစ္မ၊ ညီမစားရင္ ထပ္အန္မွာေၾကာက္တယ္"
"ေအး ... အန္ဆို ခုနက ကိုေဇယ်ာႀကီးေတာင္ ေတြ႕ခဲ့ေသးတယ္။ ကားမူးၿပီး လွိမ့္အန္ေနလို႔တဲ့ ဟိုဖက္ဆိုင္မွာ ေဆးဝယ္ေနရွာတာ"
ကားမူးၿပီးအန္သတဲ့လား။ ေခါင္းငိုက္စိုက္ေနေသာ ခန႔္ခန႔္တစ္ေယာက္ ကိုယ္ကေလးမတ္ခနဲ ျဖစ္သြားသည္။ ၿပီးေနာက္ ေက်ာေပးထားသည့္ ေဆးဆိုင္သို႔လွည့္ၾကည့္မိတာ ခ်က္ခ်င္းပါပဲ။ သို႔ေသာ္ အဲ့လူႀကီး ခုနကရပ္ေနသည့္ေနရာမွာ မရွိေတာ့ေပ။ တစ္ဆက္တည္းမွာလည္း မေနနိုင္၊ မထိုင္နိုင္ စိတ္ပူသြားသည့္ သူ႔ကိုယ္သူအား ရိုက္ပုတ္ပစ္ခ်င္မိသည္။ ဟိုကေတာင္ ေရွာင္ထြက္ေနစိမ့္တာ၊ သူကပူေနစရာလားေလ။
"ေအးဟယ္ သနားပါတယ္၊ အိပ္ေတာင္ မအိပ္ရေသးဘူးတဲ့"
"မမရယ္ ကားမူးတတ္တဲ့သူကေတာ့ ေဆးေသာက္လည္း မူးတာပါပဲ၊ ညီမလည္း ေဆးေသာက္လာတာကို မရပါဘူး"
"ဟုတ္မွာ၊ မမတို႔က ကိုေဇယ်ာကို ခန့္ခန့္နဲ႔ ထိုင္မယ္မွတ္ေနတာ"
ထိုအခ်ိန္ ေရာက္လာေသာၾကာဇံခ်က္ထဲသို႔ စိတ္မပါ၊ လက္မပါထည့္ေနမိသည္မွာ င႐ုတ္သီးမွုန့္နီနီမ်ား။ ႐ုတ္တရက္ သူ႔နာမည္တပ္ကာ ေမးလာေသာမမေမသက္ေၾကာင့္ ဘာေျဖရမွန္းမသိပင္ ျဖစ္သြားသည္။
"ဟို ... ကိုေဇယ်ာက အတန္းေျပာင္းထားေတာ့ ဟိုဖက္ကားမွာပဲ ထိုင္လိုက္တာတဲ့၊ အဲ့ဒါမို႔ပါ"
အဆီအေငၚမတည့္ ေျဖလိုက္မိေသာစကားေတြပါပဲ။ လိမ္စရာလည္းမဟုတ္၊ ရွာႀကံလိမ္ေနရတာ သိပ္စိတ္ညစ္ဖို႔ေကာင္းသည္။ ကၽြန္ေတာ္တို႔ ျပႆနာျဖစ္ထားလို႔ပါ ေျပာလည္းမေကာင္း။
ဟူး ... ။
သက္ျပင္းတစ္ခ်က္ မသိမသာခိုးခ်ရင္း ၾကာဇံခ်က္ဆီ ျပန္ငုံ႔ၾကည္ေတာ့ င႐ုတ္သီးမွုန့္ေတြ ရဲေပါက္ေနေလၿပီ။ ဆက္ေသာက္ခ်င္စိတ္မရွိေတာ့တာမို႔ လူကဇြန္းကိုင္ကာ ဟိုေမႊသည္ေမႊႏွင့္။ အၾကည့္က ဘာရယ္မဟုတ္၊ အရင္ႀကိဳေရာက္ႏွင့္သည့္ Express ကားႀကီးဆီ တေဝ့လည္လည္။ အိပ္ေတာင္မအိပ္ရဘဲ အန္ေနသည့္ဆိုေသာ အဲ့လူႀကီးတစ္ေယာက္ အဆင္ေျပရဲ့လား သိခ်င္ေနသည္။
သူကိုယ္တိုင္ပဲ မ်က္စိေရွ႕ေပၚမလာဖို႔ ေျပာခဲ့ၿပီး ခုေတာ့ သူကိုယ္တိုင္ကပဲစိတ္ပူေနရ၏၊ သြားလည္းမေမးခ်င္ပါေပ။ စိတ္ၾကည္ၿပီလားဆိုလၽွင္လည္း ၾကည္တာမ်ိဳးမဟုတ္၊ စိတ္ဆိုးေသးလားဆိုလၽွင္ေတာ့လည္း သူ မေျပာတတ္ပါေခ်။
ေရာေထြးေနသည့္ခံစားခ်က္တို႔မွာ ကားေပၚျပန္တက္သည္ထိ ေဝခြဲမရျဖစ္ဆဲပါပဲ။
လူကေနေသာ္ျငား
သံေယာဇဥ္ကေတာ့ မေနစိမ့္။
သိစိတ္က ထိန္းခ်ဳပ္လို႔ရေသာ္ျငား
မသိစိတ္ကေတာ့ သူ႔အနားတြင္သာ
တဝဲလည္လည္ ေနစိမ့္သည္။
(25/9/2020)
••••••••••••••••••••••••••••••••••••••••••
Bạn đang đọc truyện trên: Truyen3h.Co