Truyen3h.Co

နှောင်ကြိုး

Part-17

Fi_Lay


<Unicode>

နွေဦး၏အာရုဏ်နံနက်ခင်းကား ၅နာရီကျော်လျှင်ပင် လင်းဟန်ပြင်လေပြီ။ လုံးဝန်းသော လမင်း၏အလင်းလည်း ကျန်ရှိနေသေးသလို၊ အရှေ့ဖက်ဆီကလည်း ပုဇွန်ဆီရောင်သန်းစ ပြုလာနေ၏။ ငှက်မောင်နှံတို့လည်း အစာရှာထွက်ကြသလို ဆိုင်ကယ်နှင့် လူတချို့ကိုလည်း မြင်နေရလေပြီ။

အတွေးစတချို့နှင့် စောစောနိုးနေသော ခန့်ခန့်တစ်ယောက် တောင်တောင်အီအီ လျှောက်ကြည့်နေမိတာပင်။ သူထိုင်နေရာ၏ ညာဖက်ခြမ်းကို တစ်ချက်ပြန်ကြည့်လေတော့ ခမ်းနားသည့်ဟိုတယ်တချို့ကို စတွေ့ရလေသည်။ ရန်ကုန်တွင်တွေ့ရခဲသော အုန်းပင်၊ တရုတ်စကားပင်နှင့် အခြားအမျိုးအမည်မသိသော အပင်တချို့မှာ ထိုးထိုးထောင်ထောင်နှင့် စိမ်းစိုလှပနေသည်။

ကားကအရှိန်ဖြင့် ဖြတ်သန်းသွားလာလေတိုင်း ထိုအပင်များနှင့် ဟိုတယ်အဆောက်အဦးများကြားမှ ပင်လယ်ရေပြင်ကို တစ်စွန်းတစဆီ လှမ်း,လှမ်းမြင်နေရချေပြီ။ ချောင်းသာရောက်ဖူးသော်လည်း ငပလီကမ်းခြေက ပိုလှကာသန့်ရှင်းသည်၊ ကမ်းရိုးတစ်လျှောက် မိုင်ပိုရှည်သည်ဟုလည်း ကြားဖူးသည်။ ဒါမို့ ဖင်တကြွကြွနှင့် ကမ်းစပ်ကိုသေချာမြင်ရလေအောင် အားစိုက်ကြည့်နေတာပင်။

ခဏကြာတော့ ရေပြင်ကိုမြင်ချင်သောခန့်ခန့်ဆန္ဒလေး ပြည့်ဝသွားလေ၏။ အဆောက်အဦးများရှိသည့် ခြံဝင်းတစ်ခုထဲ ကားချိုးဝင်လိုက်သည်နှင့် သူတို့တည်းရမည့်ဟိုတယ်သို့ရောက်ပြီမှန်း သိလိုက်လေပြီ။ ကားရပ်ပြီဆိုသည်နှင့် အပေါ်တင်ထားသည့် အိတ်ကိုဆွဲယူကာ ပထမဆုံးဆင်းသည်က ခန့်ခန့်တစ်ယောက်ပါပဲ။ ကျန်သူများကတော့ အခုမှနိုးကြတာဖြစ်သည်။

ကမ်းစပ်ဆီ တရွေ့ရွေ့ ပုတ်ခတ်နေသောလှိုင်းသံတို့ကို ကြားရသည့်အခါ အိပ်ရေးမဝလို့မကြည်လင်သည့်စိတ်တွေ ပြေလျော့သွားသည်။ လတ်ဆတ်သည့်လေထုကို ခံစားမိသောအခါ ခန္ဓာကိုယ်ကပါ အားအင်ပြည့်လာသလို။ ကားပေါ်ကလူတွေ တဖွဲဖွဲဆင်းလာတော့မှ စာရွက်ကိုင်ထားသည့် တီချယ်လေးကို အာရုံစိုက်ကြည့်မိလေ၏။

"အခု တည်းရမဲ့ဟိုတယ် ရောက်ပါပြီ။ ကိုယ်နဲ့တစ်ပါတည်းရှိတဲ့ အိတ်လေးတွေပဲ သယ်သွားပေးကြပါနော်။ ခရီးဆောင်အိတ်တွေက Name tag တွေ တပ်ပြီးသားမို့ အခန်းတွေမှာ လာပို့ပေးပါမယ်၊ အခန်းသော့တွေကိုလည်း Reception မှာပေးပါမယ်ရှင့်"

အခန်းသော့အကြောင်းပြောပါမှ ခန့်ခန့် မယောင်မလည်နှင့် ရှေ့ကားကိုရှာရသည်။

"Breakfast က မနက်ခြောက်နာရီကနေ ကိုးနာရီထိ သုံးဆောင်လို့ ရပါတယ်။ ကားအကြာကြီးစီးလာရတော့ Breakfast စားပြီး အနားယူလိုက်ကြပါဦး။ နေ့လယ်စာစားပြီးမှပဲ တီချယ်တို့ လုပ်ငန်းနှစ်ခုကို သွားလေ့လာပါမယ်။ အခုတော့ အခန်းသော့တွေယူဖို့ Reception သွားကြရအောင်"

အဖွဲ့လိုက်ကြီး ချီတက်နေကြသော်လည်း ပုသေးသေးခန့်ခန့်လေးမှာ ရှေ့ကားစီမှရှာနေသည့် လူကိုမတွေ့။ အဲ့လူကြီးမှမဟုတ်၊ ရှေ့ကားကလူတော်တော်များများကို မတွေ့ရခြင်းဖြစ်သည်။ အရင်ရောက်တာမို့ အရင်များဝင်သွားလေပြီလားဆိုတော့လည်း မဟုတ်။ သူ့အခန်းသော့က အခုမှရတာပင်။ တစ်ခန်းကိုသော့နှစ်ချောင်းတော့ ပေးမည့်ဟန်မရှိပါပေ။ သူများအခန်းများ ဝင်နေလေသလားမပြောတတ်။

အမေးပေါင်းများစွာနှင့် ဖြေမည့်သူမရှိသောခန့်ခန့်ခမျာ အခန်းဆီသို့ အဖော်မပါဘဲ ရောက်ချလာသည်။ ထင်သည့်အတိုင်း အခန်းတွင်ရှိမနေပါ။ ဒါနှင့် ရောက်ရောက်ချင်းပဲ လန်းဆန်းသွားအောင် ရေချိုးပစ်လိုက်၏။ ပြီးပါမှ ပြန်ထွက်လာချိန်တွင် ဝန်ထမ်းတွေ ခရီးဆောင်အိတ်လာထားပေးလေသည်။ ကားမတူသော်လည်း အခန်းတူမို့ အဲ့လူကြီး၏ခရီးဆောင်အိတ်ပါ လာချပေးသွားတာပင်။

လူကတော့ ဘယ်ဆီမသိဘဲ ပျောက်ချက်သားကောင်းလှသည်။ တကယ်ဆို နေမကောင်းတာမို့ သေချာလာနားရမည်ကို ဘယ်ချိန်ထိရှောင်နေဖို့ စဉ်းစားထားလဲမသိပါချေ။ ခန့်ခန့် မနက်စာထွက်စားရင်း ဟိုဟိုသည်သည် တွေ့လို့တွေ့ငြား ဝေ့ဝဲရှာမိသေးသည်။ တွေ့လျှင်စခေါ်မှာလားဆိုလျှင်တော့လည်း မဟုတ်။ လာတောင်းပန်ဖို့ အခွင့်အရေးပေးရုံသာ ရှိမည်ဟုတွေးထားသည်။

သို့သော် မျက်နှာစိမ်းတို့ကလွဲလျှင် အဲ့လူကြီးကို လုံးဝမှမတွေ့ခဲ့ပါချေ။

.......................

ဇေယျာ့အတွက် Express ကားကြီးတွေ စီးရသည်ကား ပင်ပန်းဆင်းရဲလှသည်။ ဒါတွေသိလို့ ဆေးကြိုထိုးခဲ့ပါသော်လည်း မခံနိုင်၊ တစ်လမ်းလုံးအန်ခဲ့ရပြီး ကောင်းကောင်းမအိပ်ခဲ့ရ၍ လူကနွမ်းလျနေလေပြီ။ သို့သော် တီချယ်လေးချပေးထားသည့် ခုံရော၊ အခန်းကပါ ချာတိတ်ကလေးနှင့်အတူ တွဲပေးထား၍ သူ့အတွက် အခက်ကြီးခက်ရသည်။

လိုက်လာစဉ်ကတည်းက တတ်နိုင်သမျှ မတွေ့အောင် ရှောင်ဖို့တွေးထားပြီးသားမို့ သူ နောက်တစ်ကားက ထိုင်ခုံအပိုတွင် ပြောင်းရွှေ့စီးခဲ့ရသည်။ တီချယ်လေး မေးသည်ကိုတော့ ကြည့်ကောင်းအောင် ပတ်ရှောင်ပြောရ၏။ ကားစီအစောဆုံးသွားကာ အနောက်ဆုံးထောင့်တွင် သွားထိုင်နေခဲ့တာ ထိုကလေးမြင်လျှင် စိတ်အနှောင့်အယှက်ဖြစ်မည်စိုး၍ပင်။ အခန်းကိစ္စကိုတော့ သူ့အဖို့ မတတ်နိုင်။ သူ့အတွက် တစ်ခန်းထပ်ယူဖို့သာရှိသည်။

သည်အခြေအနေအထိ သူ ခရီးမှာပါလာတာကို ချာတိတ်ကလေး မသိနိုင်သော်ငြား ခရီးဆောင်အိတ်က အခန်းအလိုက်ပို့သည်မို့ နေ့ခင်းတိုင်အောင် သူ့ဆီရောက်မလာခဲ့ပါချေ။ မနက်ကလည်း ရောက်ရောက်ချင်း အခန်းယူပြီး မအိပ်ခဲ့ရသမျှ မှေးမှိတ်နားလိုက်တော့ နေမွန်းတည့်မှပင် နိုးတော့၏။

ချာတိတ်ကလေးကတော့ သူ့ခရီးဆောင်အိတ်ကိုမြင်ပြီး လာတော့မည်အထင်နှင့် တွေးစိတ်ရှုပ်နေလောက်ပြီပင်။ သို့သော် လေ့လာရေးသွားဖို့အချိန် နီးနေပြီမို့ ညမှပဲ ဝန်ထမ်းတစ်ယောက်ယောက် အကူအညီတောင်းပြီး သွားယူခိုင်းရမည်။ ဇေယျာ ချက်ချင်းပဲထကာ ရေချိုးပြင်ဆင်ရသည်။

ခဏကြာတော့ ချောင်အကျဆုံး သူ့အခန်းလေးမှထွက်ကာ နေ့လယ်စာစားဖို့ ဟိုကြည့်သည်ကြည့် သွားမိသည်။ သုံးနာရီနီးပါး ကောင်းကောင်းအိပ်လိုက်ရတာတစ်ကြောင်း၊ ရေချိုးလို့ လန်းဆန်းသွားတာတစ်ကြောင်းကြောင့် လူကနေလို့တော့ ကောင်းလာလေပြီ။ Hand carry အဖြစ်သယ်လာသော သားရေအိတ်ထဲတွင် အဝတ်အစားတစ်စုံ အပိုထည့်ခဲ့လို့ ကမ်းခြေနှင့်လိုက်ဖက်စွာလည်း ဝတ်နိုင်သွား၏။

သည်လိုဆိုတော့လည်း တစ်ညနှင့်တစ်မနက်လုံး ကလေးတစ်ယောက်က်ို မတွေ့အောင်ရှောင်နေနိုင်ခဲ့တာမို့ ခက်ခက်ခဲခဲ ပြုံးလိုက်မိသေးတာ ဟိန်းဇေယျာတစ်ယောက်ပင်။

သူ ထမင်းစားပြီး ခဏအကြာတွင် နေ့လယ်တစ်နာရီ ထိုးလုလေပြီ။ ကားနားစုရပ်တွင် ကားနှစ်စီးလုံးက အတန်းသားတွေလည်း ဆုံနေကြပြီဖြစ်၏။ ရှောင်ချင်သော်ငြား လုပ်ငန်းတွေလေ့လာချိန်တွင်တော့ မရနိုင်တော့။ သူ့ကားနားရောက်သွားတာနှင့် အကြည့်စူးစူးတစ်ချက်ကို ရင်ဆိုင်လိုက်ရသည်။ သို့သော် တောင်းပန်တိုးလျှိုးသည့်အကြည့်နှင့် သူ ခဏမျှသာကြည့်မိပြီး မျက်နှာလွှဲပေးထားလိုက်တော့၏။

"အကုန်လူစုံကြပြီလား"

တီချယ်လေး၏လူစုသံကြောင့် ကိုယ်စီတွဲဖက်တွေကို စစ်ကြရသည်။ မရောက်လာသေးသူရှိလျှင် တွဲဖက်က အသိပေးထားရ၏။ ထိုအခိုက် လေ့လာရေးသွားရမည့် ငါးလုပ်ငန်း၊ ရေထွက်လုပ်ငန်းများအကြောင်းကို မသွားခင် အကြမ်းရှင်းပြလေသည်။

သည်တွင် ကလေးတစ်ယောက်အား မနေနိုင်၊ မထိုင်နိုင် ခိုးကြည့်မိသူကလည်း ရှိသေး၏။ မတွေ့ရသည့်အတောအတွင်း ဆံပင်ပုံစံပြောင်းထား၍ တစ်မျိုးကြည့်လို့ ကောင်းနေသည်။ အရင်လို ရှေ့ချထားတာမျိုးမဟုတ်တော့ဘဲ ဆံပင်ကို ခုံးခုံးလေးနှင့် အလယ်ခွဲသယောင် တစ်ဖက်တစ်ချက် ချထားသည်။ ဒါမို့မျက်ခုံးကို ပိုပေါ်လွင်ပြီး ကြည့်ကောင်းနေစေတာပင်။ ဟင်း ... ကလေးရုပ်ကလေးအား လူပျိုပေါက်စတိုင်လ် ပြောင်းချင်သည့်နှယ်။

ထုံးစံအတိုင်း ရှပ်လက်ရှည်အဖြူရောင် ဝတ်ထားပုံထောက်လျှင် သည်ကလေး နေပူကြောက်လို့ပင် ဖြစ်လိမ့်မည်။ သင်တန်းလာလို့ ဘတ်စ်စီးပြီး လမ်းလျှောက်ရမည့်နေ့ဆိုရင် လက်ရှည်နှင့်ဦးထုပ် ဆောင်းနေကျပုံစံကလေးအား ဇေယျာ မှတ်မိမြဲဖြစ်ပါ၏။ နေကာမျက်မှန်ကိုကိုင်ကာ တပ်လိုက်၊ ဆံပင်ပေါ်သပ်တင်လိုက်နှင့် အလုပ်ရှုပ်နေသောကလေးအား ခိုး,ခိုးကြည့်ရသည်မှာ အသည်းယားစရာပါပဲ။

ကြည့်နေရင်းက ဇေယျာသတိထားမိသွားသည်။ သူတို့နှစ်ယောက်စလုံး ဝတ်ထားသည်က အရောင်ချင်းတောင်ဆင်နေသယောင်။ အမှန်ပါပဲ။ ဇေယျာမှာ လိမ္မော်အပွင့်နှင့် အစိမ်းဖျော့ရောင် ဟာဝိုင်အီရှပ်ကို အောက်ကအစိမ်းဖျော့ဘောင်းဘီရှည်နှင့် တွဲဝတ်ဆင်ထားသည်။ ထိုကလေးကမူ ရှပ်လက်ရှည်အဖြူပြောင်နှင့် အစိမ်းဖျော့ဘောင်းဘီတိုကို ဝတ်ထားတာဖြစ်သည်။ ခြေသလုံးသေးသေးလေးတွေ မြင်ဖူးနေကျမို့ အဆန်းမဟုတ်ပေမဲ့ ကလေးအသွင် ပိုပေါ်လွင်နေသည်။ ဘာမဟုတ်သည့် တိုက်ဆိုင်မှုလေးတစ်ခုပေမဲ့ ဇေယျာ တစ်ချက်ပြုံးလိုက်မိသေးသည်။

သည်ကလေးသာသာလေးက ထိုမျှလောက်ပင် စွမ်းပါ၏။

.........................

ကမ်းစပ်တွင် လေတဖြူးဖြူး တိုက်ခတ်နေသည်။ ကားသံ၊ ဟွန်းသံကင်းစင်ကာ လှိုင်းပုတ်သံချည်း ကြားနေရခြင်းက စိတ်ကိုအတော်ငြိမ်းအေးစေတာပင်။ ညနေစောင်း၏ ဝင်တော့မည့်ဆဲဆဲ နေမင်းကြီးကမူ ကမ်းခြေရှိလူသူများအား နှုတ်ဆက်နေသယောင်။ ကမ်းစပ်ရေပြင်သည် လှိုင်းကြက်ခွပ်များမှာ ရွှေရောင်တဖိတ်ဖိတ်လဲ့နေသည်။ ပတ်ဝန်းကျင်သည် လွမ်းဆွေးခြင်းအပြည့်ရှိသည့် နီညို့ရောင်တို့သာ ဖုံးလွှမ်းနေသည်။ နေဝင်ချိန်ခြယ်သထားသော ကောင်းကင်၏ရောင်စင်တို့ကား လှပသည့်ပန်းချီကားတစ်ချပ်ပမာ။

ဟိုတယ်၏ပင်လယ်ဘက်အခြမ်းတွင် ညစာစောစောစားရင်း ခန့်ခန့် ငေးမောနေတာဖြစ်၏။ လုပ်ငန်းနှစ်ခုလေ့လာအပြီး ဘုရားတစ်ဆူပါ ဝင်ဖူးကြသေးတာမို့ နေဝင်မှသာ ဟိုတယ်ပြန်ရောက်ကြသည်။ တချို့ကမူ ပျော်ပျော်ရွှင်ရွှင် ရေထဲဆင်းကြသေးသည်။ ခန့်ခန့်မှာမူ နေဝင်တော့မှာမို့တစ်ကြောင်း၊ အဖော်မရှိတာတစ်ကြောင်းနှင့် ရေထဲဆင်းချင်သော်လည်း မဆင်းဖြစ်တော့။ အခန်းတွင်သာ ရေချိုးလိုက်ပြီး ညစာထွက်စားတာဖြစ်၏။

အစ်မတွေနှင့်လည်း အတူတူထိုင်မနေချင်တော့ တစ်ယောက်တည်းသာ ဖြစ်နေသည်။ လုပ်ငန်းလေ့လာရာတွင် အဲ့လူကြီးနှင့်တွေ့တော့လည်း သူ့ကိုစကားလာပြောမည့်ဟန်မရှိ။ ရန်ကုန်တုန်းက မလာပါနှင့်ပြောသည်ကို ငပလီထိ မှတ်ယူလာပုံပေါ်သည်။ တစ်နေကုန် အခန်းဆီမလာဘဲ ဘယ်သူ့အခန်းကပ်နေသည် မသိပါချေ။ သည်လိုချိန် ကြိုစာရင်းပေးမထားလျှင် အခန်းသစ်ရဖို့လည်း အကြောင်းသိပ်မရှိလေဘူးမလား။

လုပ်ငန်းလေ့လာသည့်နေရာတွေလည်း မတွေ့အောင်ရှောင်နေသလိုပေမဲ့ သူ့ကိုခိုး,ခိုးကြည့်နေသည့် မျက်ဝန်းတချို့ကို ဖမ်းယူမိသည်။ သို့သော် အနားတော့ကပ်မလာခဲ့။ အဖွဲ့ချင်းမတူတာကြောင့်လည်း ပါလိမ့်မည်။

တစ်ယောက်တည်း ညစာစားရင်း ပျင်းပျင်းရှိလှသဖြင့် အိမ်ကမေမေတို့အား ကမ်းခြေဆည်းဆာပြရန် Video call ခေါ်ဖို့ စိတ်ကူးလိုက်၏။ မနက်ရောက်ကတည်းက ဖုန်းတစ်ခါသာဆက်ထားတာမို့ အဆင်မပြေမှာ စိတ်ပူနေကြပေဦးမည်။ သူသည် ကလေးလည်းမဟုတ်ပါပဲ။

"မေမေ"

"အေး သား၊ စားနေပြီလား"

ရေခွက်ကိုဖုန်းမှီပြီးခေါ်တာမို့ ထမင်းပန်းကန်က ကင်မရာနှင့်တည့်တည့်ဖြစ်သည်။ ဒါ့အပြင် ပလုတ်ပလောင်းစားနေသောသူ့ကို မြင်လိုက်တာကြောင့်လည်း မေးတာဖြစ်လိမ့်မည်။

"ဟုတ်တယ်၊ ပင်လယ်ပြချင်လို့ ခေါ်လိုက်တာ။ ခဏလေး၊ သား ပြမယ်။ မြင်လား မြင်လား၊ ဆည်းဆာချိန်ဆိုတော့ အရမ်းလှတာနော်။ အဘွားကိုရော ခေါ်ပြလိုက်ဦး"

"မင်းအဘွားက ဘုရားရှိခိုးနေတာ သားရဲ့။ နေဦး ... ဖေကြီးရှိတယ်၊ သွားပြလိုက်မယ်"

ခြံထဲထိ ဖုန်းယူပြီးသွားပြနေသော မေမေက သိပ်တက်ကြွနေပုံပေါ်သည်။ နှုတ်ကလည်း 'ဖေကြီးရေ' တကျော်ကျော်နှင့်။

"ဒီမယ် ရှင့်သားဆီက ဖုန်းလာနေတာ။ ညနေစာစားနေပြီတဲ့"

"ဟုတ်လား၊ ပြစမ်းပါဦးဟ"

မိသားစုခရီးပဲထွက်ဖူးပြီး အဖေ၊ အမေမပါဘဲ ခရီးထွက်လေတာ ဒါပထမဆုံးမို့ သူတို့အတွက် ထူးဆန်းနေကြသည်။ ပုံမှန်မိသားစုတွေဆိုလျှင်တော့ ခရီးသွားလျှင် သည်လိုခေါ်ပြတာတွေ ရှိမည်လားမပြောတတ်ပါချေ။

"အေး Sea view ကလှသားဟ။ ငါတို့လည်း အချိန်ရမှတစ်ခေါက်လောက် သွားကြဦးစို့။ ချောင်းသာကြီးက ရိုးနေပြီ"

"လမ်းကြမ်းတယ်ဗျ၊ ရောက်ခါနီး‌တော့ သားအိပ်တောင်မရဘူး"

အသက်ကြီးနေပြီဖြစ်သော ဖခင်ကို လမ်းခရီးအရှည်ကြီး မမောင်းစေလိုတာဖြစ်သည်။ လမ်းကြမ်းလျှင် မောင်းသူကပိုမသက်သာချေ။ ခါးနာတတ်သလို၊ ကားစက်ပိုင်းဆိုင်ရာ တစ်ခုခုချို့ယွင်းသွားလျှင်လည်း မသက်သာဘူးမလား။

"ဟုတ်ပါပြီဗျာ၊ တစ်ယောက်တည်းစားတာလား မောင်ဇေယျာရော"

တစ်ယောက်တည်း အထီးကျန်လို့ မိသားစုကိုခေါ်ပြသော်လည်း အိမ်ကအဖေမှာ တစ်ဇေယျာထဲ ဇေယျာနေသည်။ မခေါ်သည့်ကြားက အဲ့လူကြီးကို ဘယ်ကဘယ်လို ခေါ်ပြရပါမည်နည်း။

"သူရေချိုးနေတာ ဖေကြီးရဲ့၊ သားကဗိုက်ဆာလို့ အရင်လာစားတာ"

ပိပိရိရိလိမ်ပြီး ခဏအကြာ ဖုန်းချလိုက်ရသည်။ ဆက်မေးနေလျှင် အလိမ်ကပေါ်ဦးမည်မလား။ အဲ့လူကြီးမှာ ညနေထိတိုင်အောင်လည်း အခန်းသို့ ဝင်မလာပေ။ သူများအခန်း သွားကပ်နေမည်ဆိုလျှင်လည်း ခရီးဆောင်အိတ်တော့ လာယူဖို့ကောင်းသည်။ တစ်နေကုန်၊ တစ်ခရီးလုံး သူများစိတ်ရှုပ်အောင် လုပ်နိုင်သူကြီးပါပေ။

ဤသို့ တွေးရင်းစားရင်းလုပ်နေခိုက်မှာပဲ ညစာစားဆောင်သို့ ဝင်လာသည်မှာ အဲ့လူကြီး။ ခန့်ခန့် ကိုယ်လေးမတ်သွားရသလို နှုတ်ခမ်းလည်းမဲ့မိသွားလေတာ ဦးနှောက်ကစီမံထားသည့် အလိုအလျောက်စနစ်တစ်ခုအတိုင်း။ အကြောင်းက ဘေးတွင်ပါလာသော မိန်းမတစ်ယောက်ကြောင့်ပင်။

ထိုမိန်းမကြီးကို သူ မမြင်ဖူးပါ။ မိန်းမကြီးလို့ပြောရလောက်အောင်လည်း သူ့ထက်အသက်အများကြီး ကြီးလိမ့်မည်။ အဲ့လူကြီးထက်ပင် ကြီးပုံပေါ်နေ၏။ စကတ်နီညိုရောင်ဒူးဖုံးနှင့် အပေါ်ကအပွင့်ပါ အဝတ်စက လေယူရာတလွင့်လွင့်။

အဲ့လူကြီးကတော့ မနက်က အဝတ်အစားအတိုင်းပင်ဖြစ်သည်။ စကားတပြောပြောနှင့် ရယ်မောရင်းဝင်လာကြသည်မှာ သူ့ကိုပင်မြင်ပုံမပေါ်။ အတန်းပြောင်းသွားရသည်ဆိုသော်လည်း အထီးကျန်နေခဲ့သူမှာ သူ တစ်ယောက်သာဖြစ်ပြီး အဲ့လူကြီးကတော့ အဖော်နှင့်အပေါင်းနှင့်။ ဒါကြောင့်မို့လည်း သူနှင့်တွဲလျက်ရထားသည့်အခန်းဆီ မလာနိုင်တာဖြစ်မည်။ ဤသို့အပြောင်းအလဲမြန်သူကများ ထိုညက 'ကိုယ်က မင်းမျက်နှာလေးကို အမြဲတွေ့ချင်နေတာပါ' ဆိုသည့်စကားကို လျှာအရိုးမရှိတိုင်း လျှောက်ပြောခဲ့တာပါပဲ။

ခန့်ခန့် လာနေသည့်အတွဲအား စူးစူးစိုက်စိုက်ကြည့်ပြီး ဒေါသတွေ အလိပ်လိပ်တက်လာသည်မှာ ထမင်းပင်ဆက်စားချင်စိတ် မရှိလောက်အောင်ထိ။ သူနှင့်မျက်စောင်းထိုးတစ်နေရာတွင် ဝင်ထိုင်သွားကြသည့် ထိုနှစ်ယောက်ကိုကြည့်ပြီး ခန့်ခန့် ခနဲ့ပြုံးတစ်ချက် ပြုံးလိုက်၏။

အဲသလောက်တောင်ဖြစ်နေလျှင် အခန်းထဲက ခရီးဆောင်အိတ်အား အပြင်ကန်ထုတ်ပစ်ဦးမည်။ အခန်းထဲ ခြေတစ်လှမ်းတောင် အချမခံဆိုသည့်စိတ်နှင့် ဒေါကြီးမောကြီး ထထွက်လာခဲ့လိုက်တော့၏။

ထိုအမျိုးအမည်မသိသောဒေါသမှာ အခန်းရောက်သည်ထိ မပြီးပျောက်နိုင်။ အနက်ရောင်လွင်လွင် ခရီးဆောင်အိတ်ကို အခန်းရှေ့ ထုတ်ပစ်လိုက်ပြီးမှသာ နည်းနည်းသက်သာသွားသည်။ ပြီးမှ အခန်းပြန်ဝင်ပြီး ခန့်ကိုကိုဖုန်းဆက်ပြီး ဂိမ်းဆော့ရတော့တာဖြစ်၏။

ပတ်ဝန်းကျင်မှာ တဖြည်းဖြည်းမှောင်ရိပ်ကျလာသည်။ ခန်းဆီးများကာရံထားသော အခန်းတွင်းတွင် မီးအစုံလင်းလက်အောင် ဖွင့်ထားလိုက်သည်။ ဂိမ်းဆော့နေရင်းကို ဘေးဖက်အိပ်ရာမြင်ကာ စိတ်ကတိုပြန်သေး၏။ သုံးပွဲဆက်တိုက်ရှုံးနေလေတော့ ခန့်ခန့် စိတ်တို့ကြည်လင်နေခြင်း မရှိတော့ပေ။

"ကဲ လေးပွဲမြောက် ဆက်ဆော့ဦးမှာလား"

တစ်ဖက်မှထွက်လာသောခန့်ကိုအသံက စိတ်ရှည်ခြင်း အလျဉ်းမရှိသလို ပျင်းရိနေပုံလည်းရသည်။

"အားနေတာပဲဟာ ဆော့မှာ။ မနိုင်မချင်းကို မနားဘူး"

"အဲဒါဆိုလည်း မင်းလူကြီးအကြောင်း ပွစိပွစိပြောနေတာရပ်ပြီး အာရုံစိုက်ဆော့။ မဟုတ်ရင် ပွဲတိုင်းရှုံးနေတော့မှာ"

"ဘာမင်းလူကြီးလဲ"

မဆီမဆိုင် ဘေးကအိပ်ရာကို မျက်စောင်းခဲရင်း ပြန်အော်မိတာဖြစ်၏။ တကယ်လည်း သူ့လူကြီးမှမဟုတ်ပါပဲ။

"မင်းလူမဟုတ်လို့ ငါ့လူဖြစ်ရမှာလားကွ။ ဒီမှာ ပူမနေနဲ့၊ အချိန်တန်ရင် အခန်းထဲဝင်လာလိမ့်မယ်။ ခရီးဆောင်အိတ်က မင်းဆီမှာမလား"

"ခုနကစပြီး မဟုတ်တော့ဘူး။ ခွေးစားစား၊ ကျီးထိုးထိုး ပစ်ထည့်လိုက်ပြီ"

ခန့်ခန့်မှ တမင်လက်လွတ်စပယ် ပြောလိုက်တာဖြစ်သည်။ တကယ်လည်း မပစ်တာမှမဟုတ်ဘဲ။ အခန်းရှေ့ ဘယ်သူလာကောက်ကောက် ဂရုစိုက်နေစရာမလို။ သို့သော် အသံကိုနားစွင့်နေမိတာတော့ ကိုယ့်ကိုယ်ကိုယ် လိမ်ညာမရပေ။

"ငခန့် ... ခရီးဆောင်အိတ်ကြီးတော့ ခွေးလည်းမစားဘူး၊ ကျီးလည်းမထိုးဘူး။ သူခိုးပဲခိုးမှာ ... ပြန်သွင်းထားလိုက်စမ်းပါကွာ၊ လာရင်သာ ကောင်းကောင်းထည့်ပေးလိုက်။ မင်းက လက်သီးနဲ့ထိုးထားတဲ့သူနော် "

"သိပါတယ် ငါ့ကိုဆရာမလုပ်ပါနဲ့။ ဂိမ်းကိုအာရုံစိုက်"

ဒေါက် ... ဒေါက်!

သူများကို အာရုံစိုက်ခိုင်းရင်းက အခန််းတံခါးခေါက်သံကြားတော့ ခန့်ခန့်် ဖုန်းကိုလွတ်ချလိုက်မိသည်။ ဝမ်းလျားမှောက်လျက်ရှိသော အိပ်ရာပေါ်မှ သူ့ခေါင်းလေးလည်း ထောင်သွားလေ၏။ ဘယ်သူပါလဲ ... အိတ်ကိုပစ်ထားလို့ အကြောင်းအရင်းမေးချင်တာလား။ အခုမှ လာတော့တာလား။ အချိန်ပင် ရှစ်နာရီထိုးလုလု ရှိနေလေပြီ။

"အခန်းလာခေါက်နေတာ၊ လာပြီထင်တယ်။ ငါထွက်လိုက်ပြီ ဟိတ်ကောင်"

"ဟာ ... ဟေ့ တန်းလန်းကြီး"

ခန့်ကို အသံအားဆုံးအောင် နားမထောင်မိ။ ဖုန်းကိုအမြန်ပိတ်ပြီး တံခါးဆီ အပြေးဆင်းသွားမိတာ အသံပင် တဒုန်းဒုန်းမြည်သွားသည်။ ဒါမို့ တံခါးနားရောက်ခါနီးမှသာ ကိုယ်ရှိန်သတ်ရသေးသည်။ ပြီးမှသာ မှင်သေသေမျက်နှာထားဖြင့် တံခါးလက်ကိုင်ဘုကို လှည့်ဖွင့်လိုက်၏။ အပြတ်ကောရမည်ပင်။

"ဒီခရီးဆောင်အိတ်လေးက အစ်ကိုတို့အခန််းကလားဗျ၊ ရှေ့မှာဆို ပျောက်သွားမှာစိုးလို့ ကျွန်တော် ပြန်သွင်းပေးထားမလို့ပါ"

ဖွင့်ဖွင့်ချင်း တန်းမြင်လိုက်ရသည်က စတစ်အဖြူနှင့် ဟိုတယ်ဝန်ထမ်းပင်။ ခန့်ခန့် စိတ်ပျက်သွားသလို၊ ဒေါသထွက်သွားသလို ... ဟိုတယ်ဝန်ထမ်းကိုတော့မဟုတ်။ ဘာမဟုတ်တာကို မျှော်လင့်မိသည့် သူ့ကိုယ်သူလား၊ အခုချိန်ထိ ပေါ်မလာသေးသည့် အဲ့လူကြီးကိုဆိုတာလား ကောင်းကောင်းဝေခွဲမရချေ။

"ထားခဲ့ပါ၊ ရတယ်။ ကျွန်တော့်ဘာသာ သွင်းလိုက်ပါမယ်"

"ဟုတ်ကဲ့ခင်ဗျ"

စိတ်ထဲဝမ်းသာသယောင် ဖြစ်ပြီးခါမှ စိတ်ပျက်ပျက်နှင့် ခရီးအိတ်ကြီးအား တဖန်အထဲပြန်သွင်းရပြန်သည်။ ဘာလုပ်ရမယ်မှန်းလည်း မသိသလို၊ ဂိမ်းလည်းဆက်မဆော့ချင်တော့။ တစ်ယောက်တည်းနေရသည့် အခန်းကြီးကို ပတ်ပတ်လည် ပြန်ကြည့်မိတော့ အထီးကျန်တာလိုလို၊ ကျောချမ်းလာတာလိုလို။

အဲ့လူကြီးသာမလာခဲ့လျှင် သည်ည သူတစ်ယောက်တည်းပဲ အိပ်ရတော့မည်လား။

......................

ဇေယျာတစ်ယောက် ကမ်းခြေဘေးရောက်နေတာ ကြာနေလေပြီ။ ဟိုတယ်ကချထားသည့် ထန်းလက်တဲအောက်မှ ကျောမှီခုံလေးပေါ် လှဲလျောင်းရင်း ကြယ်တွေကိုကြည့်နေမိသည်။ တအုန်းအုန်း ကြားနေရသော လှိုင်းသံတို့က လှပသည့်ကောင်းကင်မြင်ကွင်းအတွက် ဟာမိုနီလိုက်ပေးနေသယောင်။ အခန်းလည်း မပြန်ချင်သေးတာမို့ သဘာဝတရားကိုခံစားရင်း ကလေးအကြောင်းတွေးနေရတာ ခံစားမှုတစ်မျိုးကောင်းသည်။

ညနေက ထမင်းစားနေရင်း ဆတ်ခနဲထသွားသည့် ကလေးပုံရိပ်ပြန်မြင်ယောင်တော့ လွန်စွာအားနာမိပြန်၏။ မမြင်ချင်မှန်းသိသည်၊ မတွေ့ချင်မှန်းလည်း သိသည်။ ဒါမို့ အတန်တန်ရှောင်ပေးနေရင်းက ညနေကတော့ မလွှဲသာ၊ မရှောင်သာပါပဲ။

လာခေါ်သည့်အစ်မက ညအတန်းလည်းတူ၊ သူတို့လုပ်ငန်းအတွက်လည်း အရေးပါသည့် Supplier တစ်ဦးဖြစ်နေတော့ ငြင်းလို့မကောင်း။ ပုံမှန်ဆို အားလုံးစားသောက်ပြီးချိန်လောက်မှ ထွက်လာချင်ပေမဲ့ အရဲစွန့်ကာပါလာခဲ့ရသည်။ သို့သော် ကံဆိုးစွာပဲ တည့်တည့်ကိုတိုးတာ ဖြစ်၏။

ဟူး။

ပင်လယ်မှလာသော အေးစက်စက်ညလေညင်းတွင် သူ့ထုတ်လွှတ်လိုက်သည့် လေပူလေးက တိုးမပေါက်ပါ။ နဖူးပေါ် လက်တစ်ဖက်တင်မိရင်း မျက်လုံးကို အသာမှေးမှိတ်ထားမိသည်။ ခရီးဆောင်အိတ် သွားယူခိုင်းထားသည့် ဝန်ထမ်းလေးလာခေါ်မှပဲ သူ အခန်းထဲဝင်တော့မည်။ အခုခဏတော့ စိတ်ငြိမ်းအေးရလေအောင် လှိုင်းသံနှင့် နားလိုက်ချင်သေး၏။

"အဲ့လူကြီး"

လောကကြီးနှင့် အဆက်အသွယ်ပြတ်သည်ထိ ဇေယျာ ခဏအိပ်ပျော်သွားခဲ့သည်။ ဆယ်ကမ္ဘာမမေ့နိုင််သော ထိုအသံစာစာကို ကြားပါမှ သူ့မျက်ဝန်းများ ရုတ်ချည်းပွင့်ရလေတော့၏။

"ဟင်!"

"ဘာလဲ၊ ဒီမှာပဲတစ်ညလုံးအိပ်ပြီး ကျွန်တော့်ကို လူဆိုးဖြစ်အောင် ထပ်လုပ်မလို့လား"

ဒေါသသံဖြင့်ပြောလာတာမို့ ဇေယျာ လဲလျောင်းနေရာက မတ်ခနဲထရသည်။ ခပ်မဲ့မဲ့ဖြစ်နေသောကလေးမှာ သူ့ကိုမာန်အပြည့်နှင့် အပြစ်တင်နေတာဖြစ်၏။

"ကိုယ်က မင်းနေရခက်မှာစိုးလို့ပါ။ ပြီးတော့ အခန်း..."

"နေရခက်တာနဲ့ပဲ ဒီလိုနေရရောလား။ နေလည်းကောင်းတာမဟုတ်ဘဲနဲ့ လေတိုက်တဲ့နေရာကြီး လာအိပ်နေတာ။ ချပေးထားတဲ့အခန်း လာအိပ်လေ။ လူကြီးဖြစ်ပြီး ဒါတောင်မတွေးတတ်ဘူးလား"

ဇေယျာ့ရင်ထဲ နွေးခနဲ ခံစားလိုက်ရသည်။ ဒီကလေးက သူ့ကိုမမုန်းသည့်အပြင် နေမကောင်းမှာစိုး၍ပါ စိတ်ပူပေးနေသည်တဲ့လား။ သူ အခန်းသပ်သပ်ငှားထားတာကိုလည်း သိပုံမပေါ်ချေ။

"အင်းပါကွာ၊ ကိုယ်တောင်းပန်ပါတယ်"

"တောင်းပန်မနေနဲ့။ နေ့လယ်ကတည်းက ဒီအဝတ်အစားနဲ့၊ ရေလည်းမချိုးရသေးဘူးမလား။ အခန်းထဲက လက်ဆွဲအိတ်လွှင့်ပစ်မခံချင်ရင် လိုက်ခဲ့"

ဇေယျာ့ရင်ထဲ ဒိန်းခနဲ။ ကလေးစကားကြောင့် အပျော်အားကြီးပြီး ခုန်လာလေသည်မှာ ပေါက်ထွက်မလားပင် စိုးရိမ်ရသည်။ သိပ်မာနကြီးသည့်ကလေးက သူ့အားအခန်းလိုက်ဖို့ ကိုယ်တိုင်လာခေါ်သတဲ့လား။ အကြီးအကျယ်စိတ်ဆိုးနေပြီ ထင်ခဲ့တာ အခုတော့ စိတ်ပြေစပြုနေပြီထင်သည်။

"အင်း ကိုယ်လိုက်ခဲ့မယ်နော်။ အိတ်ခဏသွားယူဦးမယ်"

ခေါင်းတစ်ချက်ညိတ်ကာ မမြင်တာကြာပြီဖြစ်သည့် ခပ်ထေ့ထေ့မျက်စောင်းကလေးက ပေးသွားသေးသည်။ အရှေ့ကထွက်သွားလေတော့ ကျန်ရစ်ခဲ့သည့်ကိုယ်သင်းရနံ့လေးကအစ သူ လွမ်းနေမိခဲ့ခြင်း။

သည်လိုနှင့် ဇေယျာ အိတ်ပြန်ယူပြီး အခန်းတံခါးသွားခေါက်ရသည်။ ထိုအချိန် လာဖွင့်ပေးသည်ထိ သူ့ကိုလုံးလုံးမကြည်လင်သေး။ မျက်ဝန်းအကြည့်တွေကို တမင်ရှောင်သည်။ ဒေါသလွှမ်းနေသယောင် ထင်ရသော်လည်း တဆက်တည်းမှာပင် ကြောက်စိတ်တချို့ရှိနေတာကို ဇေယျာ ဖတ်မိလိုက််သည်။

'ထပ်အမှားမလုပ်တော့ပါဘူး ကလေးရယ်' ဟုသာ စိတ်ထဲကအထပ်ထပ် ကတိပေးမိပြန်သည်။ ပြီးနောက် သူ့အိတ်ချကာ ရေချိုးခန်း ဝင်ရသည်။ အိပ်ရာပေါ်တွင် ဖုန်းသုံးနေသောကလေးက သူ့အားဂရုမစိုက်ဟန်ပြုသည်။ ပြန်ထွက်လာတော့လည်း ထိုနည်းတူပါပဲ။ ဇေယျာကသာ အရိပ်အကဲကြည့်နေရတာပင်။ ကလေးကဖြင့် သူ့ကိုမျက်ခွံလေးတစ်ချက်တောင် လှန်ကြည့်ပုံမရ။

ခန္ဓာကိုယ်ကို သေချာသုတ်၊ အဝတ်အစား သေချာဝတ်ပြီးလေတော့ ဇေယျာ အိပ်ရာပေါ်တက်ရသည်။ အခြေအနေကြည့်ကာ တောင်းပန်စကားဆိုချင်သော်လည်း ချက်ချင်းဆိုသလို အခန်းမီးတွေ ပိတ်ချသွားသည်။ နံရံကပ်မီးဝါလေးတွေကလွဲလျှင် တခြားဘာမီးမျှ မလင်းတော့။ ကိုယ်လုံးသေးသေးလေးကလည်း သူ့ကိုကျောပေးကာ စောင်ခြုံကလေးထဲ ဝင်သွားသည်။ အိပ်တော့မည့်ဟန်ထင်၏။

ဒါကို အစအဆုံးထိုင်ကြည့်နေရသော ဇေယျာမှာ ဘာမျှရှေ့မဆက်ရဲတော့။ သည်ကလေး ခရီးလည်းပမ်းထားလေတော့ အိပ်တော့မည်ထင်သည်။ သူနှင့်စကားမပြောချင်သေးတာလည်း ဖြစ်ကောင်းဖြစ်နိုင်လိမ့်မည်။ အခန်းထဲ ခေါ်ပေးထားသူအား အနှောင့်အယှက်မပေးချင်တာမို့ ဇေယျာလည်း အိပ်ရန်ပြင်ရလေပြီ။

ညကား တိတ်ဆိတ်လှ၏။ တစ်ချက်တစ်ချက် ပုတ်ခတ်လာသော လှိုင်းသံမှတစ်ပါး အခြားအသံမကြားရ။ အခန်းတွင်းရှိ လူသားနှစ်ဦးသည်လည်း လူးလွန့်သံပင်မကြားသာ၊ အတွေးကိုယ်စီနှင့် တိတ်ဆိတ်ငြိမ်သက်စွာပါပဲ။

ဇေယျာလည်း အတွေးနက်လာရာက တဖြည်းဖြည်းအိပ်ဖို့ အားယူရသည်။ ကလေးနှင့် တစ်ခန်းတည်းအတူ အိပ်နေရသည်ဆိုသော အတွေးက ပီတိလေးတစ်ခုပင် ဖြစ်လာစေသည်။ သူသာအမှားမလုပ်ခဲ့မိလျှင် သည်အခြေအနေတွင် တစ်ဖက်သတ်ငေးကြည့်ရင်း ကြည်နူးခွင့်ရနေလေဦးမည်။

အတွေးမှသည် အိပ်မက်ကမ္ဘာဆီသို့ ကူးလူးနေခိုက် မထင်မှတ်ထားစွာဘဲ အခန်းမီးတွေ အကုန်ပြန်လင်းလာသည်။ အိပ်ပျော်ခါစဖြစ်သော ဇေယျာ့မျက်လုံးများတွင် အလင်းရောင်တွေဝင်လာလေတာ စူးခနဲ။ ထို့နောက် တစ်ဆက်တည်းပင် ကြားလိုက်ရသည်က၊

'အဲ့လူကြီး ထဦး' တဲ့လေ။

စောင်ခြုံထဲမှ ကုန်းရုန်းထလာသော ချာတိတ်ကလေးမှာ ဆံပင်တွေလည်း ထိုးထောင်လို့ပါပဲ။

"ဘာဖြစ်လို့လဲ၊ အိပ်မပျော်လို့လား"

"ဟုတ်တယ်၊ ဒီလိုအနေရခက်နေတာကြီးနဲ့ ဘယ်လိုမှအိပ်မပျော်ဘူး။ အဲ့လူကြီးကရော ဘယ်လိုများ အိပ်ပျော်နေနိုင်တာလဲ"

အရိပ်အခြေကြည့်နေရင်းက သူ့ခမျာ အပြစ်ဖြစ်ရပြန်ပါ၏။ ဒါမို့ အိပ်ရာပေါ်မှ ခြေထောက်ချဆင်းရင်း တစ်ဖက်ကို သေချာစကားပြောဖို့ ပြင်ရသည်။ အနားကပ် မတ်တပ်ရပ်လိုက်ဖို့လည်း သူ အရဲမကိုးရဲပါချေ။

"ဟို ကိုယ်.."

"နေဦး၊ ကျွန်တော် အရင်ပြောမယ်"

ဇေယျာ ခေါင်းတစ်ချက်သာညိတ်ပြီး သူ့ရှေ့က သေးသေးကွေးကွေး ကလေးအား ဦးစားပေးလိုက်သည်။

"ဟိုးတစ်ခါညက အဲ့လူကြီးပြောခဲ့တဲ့ကိစ္စကို မရှိခဲ့ဘူးလို့ပဲ သဘောထားလိုက်မယ်။ ဒီလိုမခေါ်မပြောကြီးက ကျွန်တော် နေရခက်တယ်။ အဲဒါမို့အရင်လို ပုံမှန်ပဲဆက်ဆံ"

ခေါင်းငုံ့ကာ စကားတွေတရစပ်ပြောနေပုံက သူ့ကိုရင်ဆိုင်ရမှာ ကြောက်နေသည့်အလား။ ဇေယျာ စိတ်ရှည်ရှည်နှင့် စကားဆုံးအောင် နားထောင်ဖို့သာရှိသည်။ ပြီးမှပဲ သေချာတောင်းပန်ရမည်ဖြစ်၏။

"ပြီးတော့ ကျွန်တော် အဲ့လူကြီးကို ထိုးခဲ့မိတာအတွက်လည်း တောင်းပန်တယ်။ တကယ်မရည်ရွယ်ဘူး။ ပြောချင်တာကဗျာ ... အဲကိစ္စတွေမရှိခဲ့ဘူးလို့ သဘောထားပြီး အရင်လိုအတန်းပြန်လာတက်၊ ကျွန်တော့်ကိုလည်း ဝင်ခေါ်ပေး။ စိတ်တိုလို့ပြောခဲ့မိတဲ့ စကားအတွက်နဲ့တော့ ရှောင်နေစရာမလိုပါဘူး"

သူ့အားမော့ကြည့်လာသော ချာတိတ်ကလေး မျက်ဝန်းအိမ်တွင် မျက်ရည်ကြည်တို့ မသိမသာ ရစ်သိုင်းနေလေပြီ။ မီးရောင်၏ထင်ဟပ်မှုကြောင့် အရောင်ပြန်နေလေတာ အထင်းသား။ ဖြူစင်မှုကို အရောင်ဆိုးမိသည့် မိမိအမှားကြောင့် သည်ကလေးသည် များစွာခံစားရသည်ထင်ပါ၏။

"အစတည်းက စိတ်ထဲမှာ အစ်ကိုအရင်းတစ်ယောက်လို သတ်မှတ်ထားတာ။ အဲဒါမို့ဒီလိုကြီး မခေါ်မပြောဖြစ်နေတာကို တကယ်ဝမ်းနည်းတယ်။ ပြောချင်တာ အဲဒါပဲ"

ကောက်ခနဲ စောင်ခြုံထဲပြန်ဝင်တော့မည့်ကလေးကို ဇေယျာ့ခြေတစ်လှမ်းကြူးရင်း တားလိုက်ရသည်။

"နေပါဦး၊ နေပါဦးနော်။ ကိုယ်လည်း ပြောစရာရှိတာ ပြောချင်သေးတယ်။ ကိုယ်မှားခဲ့တယ် ... အဲဒီအတွက်လည်း ဘယ်လိုပဲ တောင်းပန်ရ၊ တောင်းပန်ရဆိုပြီး အနူးအညွတ် တောင်းပန်ချင်နေခဲ့တာ။ ဖြစ်လာတဲ့ခံစားချက်ကို ဖယ်လိုက်လို့မရပေမဲ့ ဖွင့်ပြောဖို့ထိတော့ ကိုယ် တမင်မရည်ရွယ်ခဲ့တာကိုတော့ ယုံပါ။ နောက်ပြီး အခုလိုရှောင်နေတယ်ဆိုတာလည်း မင်း စိတ်ချမ်းသာဖို့က အဓိကလို့ တွေးမိလို့ ကလေး"

"ဘယ်က ကလေးလဲ"

"ဒီရှေ့က ကလေး"

မရဲတရဲလေးစတော့ ကောင်လေးမျက်နှာတွင် ရှက်ပြုံးကလေး ပေါ်လွင်လာသည်။ သည်လို ရင်းနှီးသည့်ဆက်ဆံရေးမျိုးလေးကို သူ ဘယ်လောက်လွမ်းနေရပါသနည်း။ အချစ်ဆိုတာ ဖြစ်တည်လာမှန်းမသိခင်ကတည်းက သဘောကျရသည့် ထိုအပြုံးလေးတွေမှာ သူ့တစ်သက် မမေ့နိုင်ဖွယ်ရာပါပဲ။

"ကလေးခေါ်မနေနဲ့၊ ၁၉နှစ်တောင်ရှိပြီ"

"အဲဒါဆို လူကြီးလား"

"လူကြီးက အဲ့လူကြီးတို့အရွယ်လေ"

ဘုဆတ်ဆတ် ပြန်ပြောသည်ကိုက တကယ့်ကလေးလေးအတိုင်း။

"အင်းလေ၊ အဲဒါမို့ ကလေးခေါ်တာ"

"ကဲ တော်ပြီဗျာ ... အိပ်တော့။ ထပ်ခေါ်ရင်နော် ခန့်ခန့်လက်သီးစ ဘယ်လောက်ပြင်းတာ သိတယ်မလား"

"ထပ်ထိုးရက်မယ်ပေါ့၊ ကိုယ် တကယ်နာတာနော်"

ဇေယျာ့အပြောကြောင့် ကလေးမျက်နှာမှာ ညှိုးသွားသယောင်။ သူ စနောက်လိုက်တာ လွန်သွားပြန်ပြီလား။

"ထိုးခဲ့မိတာအတွက် တကယ်နောင်တရပါတယ်။ ငရဲကြီးမှာလည်းကြောက်တယ်"

"ကဲပါ ကိုယ်လည်း မပြောသင့်တာကို ပြောခဲ့တာပဲ၊ စိတ်ရှင်းရှင်းနဲ့ အိပ်တော့။ မနက် ဘယ်ချိန်ထမလဲ ... ကိုယ်နှိုးပေးရဦးမလား"

"အဲ့လူကြီးနိုးတဲ့ချိန်ပဲ နှိုးလိုက်ပါ၊ ကိုယ့်အစီအစဉ်နဲ့ကိုယ် နေလို့ရပြီဆိုတော့ ဘယ်ချိန်ထထ အေးဆေးပါပဲ"

အရင်အခြေအနေအတိုင်း ပေါ့ပေါ့ပါးပါးပြောနေသည်မို့ ဇေယျာ စိတ်အေးသွားရသည်။
"ဟုတ်ပါပြီဗျာ..Good night နော်"
"အင်း"
မီးတွေပိတ်ကာ တစ်ယောက်တစ်ဖက်စီ လှည့်အိပ်ခဲ့ကြသည်။ သူ့အတွက်တော့ ပျော်ရွှင်စရာ ညချမ်း လေးပါပေးတည်း။ သို့သော် ကလေးကို ချစ်သည့်အချစ်ကိုတော့ ထပ်မဖုံးကွယ်လိုတော့ပါ။ ပုံမှန်အတိုင်းပဲ ဆက်ဆံဆိုသည့်စကားအား သူအနည်းငယ်တော့ ချိုးဖောက်ရမည်ပင်။

(26/9/2020)

••••••••••••••••••••••••••••••••••••••••••

<Zawgyi>

ေႏြဦး၏အာ႐ုဏ္နံနက္ခင္းကား ၅နာရီေက်ာ္လၽွင္ပင္ လင္းဟန္ျပင္ေလၿပီ။ လုံးဝန္းေသာ လမင္း၏အလင္းလည္း က်န္ရွိေနေသးသလို၊ အေရွ႕ဖက္ဆီကလည္း ပုဇြန္ဆီေရာင္သန္းစ ျပဳလာေန၏။ ငွက္ေမာင္ႏွံတို႔လည္း အစာရွာထြက္ၾကသလို ဆိုင္ကယ္ႏွင့္ လူတခ်ိဳ႕ကိုလည္း ျမင္ေနရေလၿပီ။

အေတြးစတခ်ိဳ႕ႏွင့္ ေစာေစာနိုးေနေသာ ခန႔္ခန႔္တစ္ေယာက္ ေတာင္ေတာင္အီအီ ေလၽွာက္ၾကည့္ေနမိတာပင္။ သူထိုင္ေနရာ၏ ညာဖက္ျခမ္းကို တစ္ခ်က္ျပန္ၾကည့္ေလေတာ့ ခမ္းနားသည့္ဟိုတယ္တခ်ိဳ႕ကို စေတြ႕ရေလသည္။ ရန္ကုန္တြင္ေတြ႕ရခဲေသာ အုန္းပင္၊ တ႐ုတ္စကားပင္ႏွင့္ အျခားအမ်ိဳးအမည္မသိေသာ အပင္တခ်ိဳ႕မွာ ထိုးထိုးေထာင္ေထာင္ႏွင့္ စိမ္းစိုလွပေနသည္။

ကားကအရွိန္ျဖင့္ ျဖတ္သန္းသြားလာေလတိုင္း ထိုအပင္မ်ားႏွင့္ ဟိုတယ္အေဆာက္အဦးမ်ားၾကားမွ ပင္လယ္ေရျပင္ကို တစ္စြန္းတစဆီ လွမ္း,လွမ္းျမင္ေနရေခ်ၿပီ။ ေခ်ာင္းသာေရာက္ဖူးေသာ္လည္း ငပလီကမ္းေျခက ပိုလွကာသန႔္ရွင္းသည္၊ ကမ္းရိုးတစ္ေလၽွာက္ မိုင္ပိုရွည္သည္ဟုလည္း ၾကားဖူးသည္။ ဒါမို႔ ဖင္တႂကြႂကြႏွင့္ ကမ္းစပ္ကိုေသခ်ာျမင္ရေလေအာင္ အားစိုက္ၾကည့္ေနတာပင္။

ခဏၾကာေတာ့ ေရျပင္ကိုျမင္ခ်င္ေသာခန႔္ခန႔္ဆႏၵေလး ျပည့္ဝသြားေလ၏။ အေဆာက္အဦးမ်ားရွိသည့္ ၿခံဝင္းတစ္ခုထဲ ကားခ်ိဳးဝင္လိုက္သည္ႏွင့္ သူတို႔တည္းရမည့္ဟိုတယ္သို႔ေရာက္ၿပီမွန္း သိလိုက္ေလၿပီ။ ကားရပ္ၿပီဆိုသည္ႏွင့္ အေပၚတင္ထားသည့္ အိတ္ကိုဆြဲယူကာ ပထမဆုံးဆင္းသည္က ခန႔္ခန႔္တစ္ေယာက္ပါပဲ။ က်န္သူမ်ားကေတာ့ အခုမွနိုးၾကတာျဖစ္သည္။

ကမ္းစပ္ဆီ တေရြ႕ေရြ႕ ပုတ္ခတ္ေနေသာလွိုင္းသံတို႔ကို ၾကားရသည့္အခါ အိပ္ေရးမဝလို႔မၾကည္လင္သည့္စိတ္ေတြ ေျပေလ်ာ့သြားသည္။ လတ္ဆတ္သည့္ေလထုကို ခံစားမိေသာအခါ ခႏၶာကိုယ္ကပါ အားအင္ျပည့္လာသလို။ ကားေပၚကလူေတြ တဖြဲဖြဲဆင္းလာေတာ့မွ စာရြက္ကိုင္ထားသည့္ တီခ်ယ္ေလးကို အာ႐ုံစိုက္ၾကည့္မိေလ၏။

"အခု တည္းရမဲ့ဟိုတယ္ ေရာက္ပါၿပီ။ ကိုယ္နဲ႔တစ္ပါတည္းရွိတဲ့ အိတ္ေလးေတြပဲ သယ္သြားေပးၾကပါေနာ္။ ခရီးေဆာင္အိတ္ေတြက Name tag ေတြ တပ္ၿပီးသားမို႔ အခန္းေတြမွာ လာပို႔ေပးပါမယ္၊ အခန္းေသာ့ေတြကိုလည္း Reception မွာေပးပါမယ္ရွင့္"

အခန္းေသာ့အေၾကာင္းေျပာပါမွ ခန႔္ခန႔္ မေယာင္မလည္ႏွင့္ ေရွ႕ကားကိုရွာရသည္။

"Breakfast က မနက္ေျခာက္နာရီကေန ကိုးနာရီထိ သုံးေဆာင္လို႔ ရပါတယ္။ ကားအၾကာႀကီးစီးလာရေတာ့ Breakfast စားၿပီး အနားယူလိုက္ၾကပါဦး။ ေန႔လယ္စာစားၿပီးမွပဲ တီခ်ယ္တို႔ လုပ္ငန္းႏွစ္ခုကို သြားေလ့လာပါမယ္။ အခုေတာ့ အခန္းေသာ့ေတြယူဖို႔ Reception သြားၾကရေအာင္"

အဖြဲ႕လိုက္ႀကီး ခ်ီတက္ေနၾကေသာ္လည္း ပုေသးေသးခန႔္ခန႔္ေလးမွာ ေရွ႕ကားစီမွရွာေနသည့္ လူကိုမေတြ႕။ အဲ့လူႀကီးမွမဟုတ္၊ ေရွ႕ကားကလူေတာ္ေတာ္မ်ားမ်ားကို မေတြ႕ရျခင္းျဖစ္သည္။ အရင္ေရာက္တာမို႔ အရင္မ်ားဝင္သြားေလၿပီလားဆိုေတာ့လည္း မဟုတ္။ သူ႔အခန္းေသာ့က အခုမွရတာပင္။ တစ္ခန္းကိုေသာ့ႏွစ္ေခ်ာင္းေတာ့ ေပးမည့္ဟန္မရွိပါေပ။ သူမ်ားအခန္းမ်ား ဝင္ေနေလသလားမေျပာတတ္။

အေမးေပါင္းမ်ားစြာႏွင့္ ေျဖမည့္သူမရွိေသာခန႔္ခန႔္ခမ်ာ အခန္းဆီသို႔ အေဖာ္မပါဘဲ ေရာက္ခ်လာသည္။ ထင္သည့္အတိုင္း အခန္းတြင္ရွိမေနပါ။ ဒါႏွင့္ ေရာက္ေရာက္ခ်င္းပဲ လန္းဆန္းသြားေအာင္ ေရခ်ိဳးပစ္လိုက္၏။ ၿပီးပါမွ ျပန္ထြက္လာခ်ိန္တြင္ ဝန္ထမ္းေတြ ခရီးေဆာင္အိတ္လာထားေပးေလသည္။ ကားမတူေသာ္လည္း အခန္းတူမို႔ အဲ့လူႀကီး၏ခရီးေဆာင္အိတ္ပါ လာခ်ေပးသြားတာပင္။

လူကေတာ့ ဘယ္ဆီမသိဘဲ ေပ်ာက္ခ်က္သားေကာင္းလွသည္။ တကယ္ဆို ေနမေကာင္းတာမို႔ ေသခ်ာလာနားရမည္ကို ဘယ္ခ်ိန္ထိေရွာင္ေနဖို႔ စဥ္းစားထားလဲမသိပါေခ်။ ခန႔္ခန႔္ မနက္စာထြက္စားရင္း ဟိုဟိုသည္သည္ ေတြ႕လို႔ေတြ႕ျငား ေဝ့ဝဲရွာမိေသးသည္။ ေတြ႕လၽွင္စေခၚမွာလားဆိုလၽွင္ေတာ့လည္း မဟုတ္။ လာေတာင္းပန္ဖို႔ အခြင့္အေရးေပး႐ုံသာ ရွိမည္ဟုေတြးထားသည္။

သို႔ေသာ္ မ်က္ႏွာစိမ္းတို႔ကလြဲလၽွင္ အဲ့လူႀကီးကို လုံးဝမွမေတြ႕ခဲ့ပါေခ်။

.......................

ေဇယ်ာ့အတြက္ Express ကားႀကီးေတြ စီးရသည္ကား ပင္ပန္းဆင္းရဲလွသည္။ ဒါေတြသိလို႔ ေဆးႀကိဳထိုးခဲ့ပါေသာ္လည္း မခံနိုင္၊ တစ္လမ္းလုံးအန္ခဲ့ရၿပီး ေကာင္းေကာင္းမအိပ္ခဲ့ရ၍ လူကႏြမ္းလ်ေနေလၿပီ။ သို႔ေသာ္ တီခ်ယ္ေလးခ်ေပးထားသည့္ ခုံေရာ၊ အခန္းကပါ ခ်ာတိတ္ကေလးႏွင့္အတူ တြဲေပးထား၍ သူ႔အတြက္ အခက္ႀကီးခက္ရသည္။

လိုက္လာစဥ္ကတည္းက တတ္နိုင္သမၽွ မေတြ႕ေအာင္ ေရွာင္ဖို႔ေတြးထားၿပီးသားမို႔ သူ ေနာက္တစ္ကားက ထိုင္ခုံအပိုတြင္ ေျပာင္းေရႊ႕စီးခဲ့ရသည္။ တီခ်ယ္ေလး ေမးသည္ကိုေတာ့ ၾကည့္ေကာင္းေအာင္ ပတ္ေရွာင္ေျပာရ၏။ ကားစီအေစာဆုံးသြားကာ အေနာက္ဆုံးေထာင့္တြင္ သြားထိုင္ေနခဲ့တာ ထိုကေလးျမင္လၽွင္ စိတ္အေႏွာင့္အယွက္ျဖစ္မည္စိုး၍ပင္။ အခန္းကိစၥကိုေတာ့ သူ႔အဖို႔ မတတ္နိုင္။ သူ႔အတြက္ တစ္ခန္းထပ္ယူဖို႔သာရွိသည္။

သည္အေျခအေနအထိ သူ ခရီးမွာပါလာတာကို ခ်ာတိတ္ကေလး မသိနိုင္ေသာ္ျငား ခရီးေဆာင္အိတ္က အခန္းအလိုက္ပို႔သည္မို႔ ေန႔ခင္းတိုင္ေအာင္ သူ႔ဆီေရာက္မလာခဲ့ပါေခ်။ မနက္ကလည္း ေရာက္ေရာက္ခ်င္း အခန္းယူၿပီး မအိပ္ခဲ့ရသမၽွ ေမွးမွိတ္နားလိုက္ေတာ့ ေနမြန္းတည့္မွပင္ နိုးေတာ့၏။

ခ်ာတိတ္ကေလးကေတာ့ သူ႔ခရီးေဆာင္အိတ္ကိုျမင္ၿပီး လာေတာ့မည္အထင္ႏွင့္ ေတြးစိတ္ရွုပ္ေနေလာက္ၿပီပင္။ သို႔ေသာ္ ေလ့လာေရးသြားဖို႔အခ်ိန္ နီးေနၿပီမို႔ ညမွပဲ ဝန္ထမ္းတစ္ေယာက္ေယာက္ အကူအညီေတာင္းၿပီး သြားယူခိုင္းရမည္။ ေဇယ်ာ ခ်က္ခ်င္းပဲထကာ ေရခ်ိဳးျပင္ဆင္ရသည္။

ခဏၾကာေတာ့ ေခ်ာင္အက်ဆုံး သူ႔အခန္းေလးမွထြက္ကာ ေန႔လယ္စာစားဖို႔ ဟိုၾကည့္သည္ၾကည့္ သြားမိသည္။ သုံးနာရီနီးပါး ေကာင္းေကာင္းအိပ္လိုက္ရတာတစ္ေၾကာင္း၊ ေရခ်ိဳးလို႔ လန္းဆန္းသြားတာတစ္ေၾကာင္းေၾကာင့္ လူကေနလို႔ေတာ့ ေကာင္းလာေလၿပီ။ Hand carry အျဖစ္သယ္လာေသာ သားေရအိတ္ထဲတြင္ အဝတ္အစားတစ္စုံ အပိုထည့္ခဲ့လို႔ ကမ္းေျခႏွင့္လိုက္ဖက္စြာလည္း ဝတ္နိုင္သြား၏။

သည္လိုဆိုေတာ့လည္း တစ္ညႏွင့္တစ္မနက္လုံး ကေလးတစ္ေယာက္က္ို မေတြ႕ေအာင္ေရွာင္ေနနိုင္ခဲ့တာမို႔ ခက္ခက္ခဲခဲ ျပဳံးလိုက္မိေသးတာ ဟိန္းေဇယ်ာတစ္ေယာက္ပင္။

သူ ထမင္းစားၿပီး ခဏအၾကာတြင္ ေန႔လယ္တစ္နာရီ ထိုးလုေလၿပီ။ ကားနားစုရပ္တြင္ ကားႏွစ္စီးလုံးက အတန္းသားေတြလည္း ဆုံေနၾကၿပီျဖစ္၏။ ေရွာင္ခ်င္ေသာ္ျငား လုပ္ငန္းေတြေလ့လာခ်ိန္တြင္ေတာ့ မရနိုင္ေတာ့။ သူ႔ကားနားေရာက္သြားတာႏွင့္ အၾကည့္စူးစူးတစ္ခ်က္ကို ရင္ဆိုင္လိုက္ရသည္။ သို႔ေသာ္ ေတာင္းပန္တိုးလၽွိုးသည့္အၾကည့္ႏွင့္ သူ ခဏမၽွသာၾကည့္မိၿပီး မ်က္ႏွာလႊဲေပးထားလိုက္ေတာ့၏။

"အကုန္လူစုံၾကၿပီလား"

တီခ်ယ္ေလး၏လူစုသံေၾကာင့္ ကိုယ္စီတြဲဖက္ေတြကို စစ္ၾကရသည္။ မေရာက္လာေသးသူရွိလၽွင္ တြဲဖက္က အသိေပးထားရ၏။ ထိုအခိုက္ ေလ့လာေရးသြားရမည့္ ငါးလုပ္ငန္း၊ ေရထြက္လုပ္ငန္းမ်ားအေၾကာင္းကို မသြားခင္ အၾကမ္းရွင္းျပေလသည္။

သည္တြင္ ကေလးတစ္ေယာက္အား မေနနိုင္၊ မထိုင္နိုင္ ခိုးၾကည့္မိသူကလည္း ရွိေသး၏။ မေတြ႕ရသည့္အေတာအတြင္း ဆံပင္ပုံစံေျပာင္းထား၍ တစ္မ်ိဳးၾကည့္လို႔ ေကာင္းေနသည္။ အရင္လို ေရွ႕ခ်ထားတာမ်ိဳးမဟုတ္ေတာ့ဘဲ ဆံပင္ကို ခုံးခုံးေလးႏွင့္ အလယ္ခြဲသေယာင္ တစ္ဖက္တစ္ခ်က္ ခ်ထားသည္။ ဒါမို႔မ်က္ခုံးကို ပိုေပၚလြင္ၿပီး ၾကည့္ေကာင္းေနေစတာပင္။ ဟင္း ... ကေလး႐ုပ္ကေလးအား လူပ်ိဳေပါက္စတိုင္လ္ ေျပာင္းခ်င္သည့္ႏွယ္။

ထုံးစံအတိုင္း ရွပ္လက္ရွည္အျဖဴေရာင္ ဝတ္ထားပုံေထာက္လၽွင္ သည္ကေလး ေနပူေၾကာက္လို႔ပင္ ျဖစ္လိမ့္မည္။ သင္တန္းလာလို႔ ဘတ္စ္စီးၿပီး လမ္းေလၽွာက္ရမည့္ေန႔ဆိုရင္ လက္ရွည္ႏွင့္ဦးထုပ္ ေဆာင္းေနက်ပုံစံကေလးအား ေဇယ်ာ မွတ္မိျမဲျဖစ္ပါ၏။ ေနကာမ်က္မွန္ကိုကိုင္ကာ တပ္လိုက္၊ ဆံပင္ေပၚသပ္တင္လိုက္ႏွင့္ အလုပ္ရွုပ္ေနေသာကေလးအား ခိုး,ခိုးၾကည့္ရသည္မွာ အသည္းယားစရာပါပဲ။

ၾကည့္ေနရင္းက ေဇယ်ာသတိထားမိသြားသည္။ သူတို႔ႏွစ္ေယာက္စလုံး ဝတ္ထားသည္က အေရာင္ခ်င္းေတာင္ဆင္ေနသေယာင္။ အမွန္ပါပဲ။ ေဇယ်ာမွာ လိေမၼာ္အပြင့္ႏွင့္ အစိမ္းေဖ်ာ့ေရာင္ ဟာဝိုင္အီရွပ္ကို ေအာက္ကအစိမ္းေဖ်ာ့ေဘာင္းဘီရွည္ႏွင့္ တြဲဝတ္ဆင္ထားသည္။ ထိုကေလးကမူ ရွပ္လက္ရွည္အျဖဴေျပာင္ႏွင့္ အစိမ္းေဖ်ာ့ေဘာင္းဘီတိုကို ဝတ္ထားတာျဖစ္သည္။ ေျခသလုံးေသးေသးေလးေတြ ျမင္ဖူးေနက်မို႔ အဆန္းမဟုတ္ေပမဲ့ ကေလးအသြင္ ပိုေပၚလြင္ေနသည္။ ဘာမဟုတ္သည့္ တိုက္ဆိုင္မွုေလးတစ္ခုေပမဲ့ ေဇယ်ာ တစ္ခ်က္ျပဳံးလိုက္မိေသးသည္။

သည္ကေလးသာသာေလးက ထိုမၽွေလာက္ပင္ စြမ္းပါ၏။

.........................

ကမ္းစပ္တြင္ ေလတျဖဴးျဖဴး တိုက္ခတ္ေနသည္။ ကားသံ၊ ဟြန္းသံကင္းစင္ကာ လွိုင္းပုတ္သံခ်ည္း ၾကားေနရျခင္းက စိတ္ကိုအေတာ္ၿငိမ္းေအးေစတာပင္။ ညေနေစာင္း၏ ဝင္ေတာ့မည့္ဆဲဆဲ ေနမင္းႀကီးကမူ ကမ္းေျခရွိလူသူမ်ားအား ႏွုတ္ဆက္ေနသေယာင္။ ကမ္းစပ္ေရျပင္သည္ လွိုင္းၾကက္ခြပ္မ်ားမွာ ေရႊေရာင္တဖိတ္ဖိတ္လဲ့ေနသည္။ ပတ္ဝန္းက်င္သည္ လြမ္းေဆြးျခင္းအျပည့္ရွိသည့္ နီညိဳ႕ေရာင္တို႔သာ ဖုံးလႊမ္းေနသည္။ ေနဝင္ခ်ိန္ျခယ္သထားေသာ ေကာင္းကင္၏ေရာင္စင္တို႔ကား လွပသည့္ပန္းခ်ီကားတစ္ခ်ပ္ပမာ။

ဟိုတယ္၏ပင္လယ္ဘက္အျခမ္းတြင္ ညစာေစာေစာစားရင္း ခန႔္ခန႔္ ေငးေမာေနတာျဖစ္၏။ လုပ္ငန္းႏွစ္ခုေလ့လာအၿပီး ဘုရားတစ္ဆူပါ ဝင္ဖူးၾကေသးတာမို႔ ေနဝင္မွသာ ဟိုတယ္ျပန္ေရာက္ၾကသည္။ တခ်ိဳ႕ကမူ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေရထဲဆင္းၾကေသးသည္။ ခန႔္ခန႔္မွာမူ ေနဝင္ေတာ့မွာမို႔တစ္ေၾကာင္း၊ အေဖာ္မရွိတာတစ္ေၾကာင္းႏွင့္ ေရထဲဆင္းခ်င္ေသာ္လည္း မဆင္းျဖစ္ေတာ့။ အခန္းတြင္သာ ေရခ်ိဳးလိုက္ၿပီး ညစာထြက္စားတာျဖစ္၏။

အစ္မေတြႏွင့္လည္း အတူတူထိုင္မေနခ်င္ေတာ့ တစ္ေယာက္တည္းသာ ျဖစ္ေနသည္။ လုပ္ငန္းေလ့လာရာတြင္ အဲ့လူႀကီးႏွင့္ေတြ႕ေတာ့လည္း သူ႔ကိုစကားလာေျပာမည့္ဟန္မရွိ။ ရန္ကုန္တုန္းက မလာပါႏွင့္ေျပာသည္ကို ငပလီထိ မွတ္ယူလာပုံေပၚသည္။ တစ္ေနကုန္ အခန္းဆီမလာဘဲ ဘယ္သူ႔အခန္းကပ္ေနသည္ မသိပါေခ်။ သည္လိုခ်ိန္ ႀကိဳစာရင္းေပးမထားလၽွင္ အခန္းသစ္ရဖို႔လည္း အေၾကာင္းသိပ္မရွိေလဘူးမလား။

လုပ္ငန္းေလ့လာသည့္ေနရာေတြလည္း မေတြ႕ေအာင္ေရွာင္ေနသလိုေပမဲ့ သူ႔ကိုခိုး,ခိုးၾကည့္ေနသည့္ မ်က္ဝန္းတခ်ိဳ႕ကို ဖမ္းယူမိသည္။ သို႔ေသာ္ အနားေတာ့ကပ္မလာခဲ့။ အဖြဲ႕ခ်င္းမတူတာေၾကာင့္လည္း ပါလိမ့္မည္။

တစ္ေယာက္တည္း ညစာစားရင္း ပ်င္းပ်င္းရွိလွသျဖင့္ အိမ္ကေမေမတို႔အား ကမ္းေျခဆည္းဆာျပရန္ Video call ေခၚဖို႔ စိတ္ကူးလိုက္၏။ မနက္ေရာက္ကတည္းက ဖုန္းတစ္ခါသာဆက္ထားတာမို႔ အဆင္မေျပမွာ စိတ္ပူေနၾကေပဦးမည္။ သူသည္ ကေလးလည္းမဟုတ္ပါပဲ။

"ေမေမ"

"ေအး သား၊ စားေနၿပီလား"

ေရခြက္ကိုဖုန္းမွီၿပီးေခၚတာမို႔ ထမင္းပန္းကန္က ကင္မရာႏွင့္တည့္တည့္ျဖစ္သည္။ ဒါ့အျပင္ ပလုတ္ပေလာင္းစားေနေသာသူ႔ကို ျမင္လိုက္တာေၾကာင့္လည္း ေမးတာျဖစ္လိမ့္မည္။

"ဟုတ္တယ္၊ ပင္လယ္ျပခ်င္လို႔ ေခၚလိုက္တာ။ ခဏေလး၊ သား ျပမယ္။ ျမင္လား ျမင္လား၊ ဆည္းဆာခ်ိန္ဆိုေတာ့ အရမ္းလွတာေနာ္။ အဘြားကိုေရာ ေခၚျပလိုက္ဦး"

"မင္းအဘြားက ဘုရားရွိခိုးေနတာ သားရဲ့။ ေနဦး ... ေဖႀကီးရွိတယ္၊ သြားျပလိုက္မယ္"

ၿခံထဲထိ ဖုန္းယူၿပီးသြားျပေနေသာ ေမေမက သိပ္တက္ႂကြေနပုံေပၚသည္။ ႏွုတ္ကလည္း 'ေဖႀကီးေရ' တေက်ာ္ေက်ာ္ႏွင့္။

"ဒီမယ္ ရွင့္သားဆီက ဖုန္းလာေနတာ။ ညေနစာစားေနၿပီတဲ့"

"ဟုတ္လား၊ ျပစမ္းပါဦးဟ"

မိသားစုခရီးပဲထြက္ဖူးၿပီး အေဖ၊ အေမမပါဘဲ ခရီးထြက္ေလတာ ဒါပထမဆုံးမို႔ သူတို႔အတြက္ ထူးဆန္းေနၾကသည္။ ပုံမွန္မိသားစုေတြဆိုလၽွင္ေတာ့ ခရီးသြားလၽွင္ သည္လိုေခၚျပတာေတြ ရွိမည္လားမေျပာတတ္ပါေခ်။

"ေအး Sea view ကလွသားဟ။ ငါတို႔လည္း အခ်ိန္ရမွတစ္ေခါက္ေလာက္ သြားၾကဦးစို႔။ ေခ်ာင္းသာႀကီးက ရိုးေနၿပီ"

"လမ္းၾကမ္းတယ္ဗ်၊ ေရာက္ခါနီး‌ေတာ့ သားအိပ္ေတာင္မရဘူး"

အသက္ႀကီးေနၿပီျဖစ္ေသာ ဖခင္ကို လမ္းခရီးအရွည္ႀကီး မေမာင္းေစလိုတာျဖစ္သည္။ လမ္းၾကမ္းလၽွင္ ေမာင္းသူကပိုမသက္သာေခ်။ ခါးနာတတ္သလို၊ ကားစက္ပိုင္းဆိုင္ရာ တစ္ခုခုခ်ိဳ႕ယြင္းသြားလၽွင္လည္း မသက္သာဘူးမလား။

"ဟုတ္ပါၿပီဗ်ာ၊ တစ္ေယာက္တည္းစားတာလား ေမာင္ေဇယ်ာေရာ"

တစ္ေယာက္တည္း အထီးက်န္လို႔ မိသားစုကိုေခၚျပေသာ္လည္း အိမ္ကအေဖမွာ တစ္ေဇယ်ာထဲ ေဇယ်ာေနသည္။ မေခၚသည့္ၾကားက အဲ့လူႀကီးကို ဘယ္ကဘယ္လို ေခၚျပရပါမည္နည္း။

"သူေရခ်ိဳးေနတာ ေဖႀကီးရဲ့၊ သားကဗိုက္ဆာလို႔ အရင္လာစားတာ"

ပိပိရိရိလိမ္ၿပီး ခဏအၾကာ ဖုန္းခ်လိုက္ရသည္။ ဆက္ေမးေနလၽွင္ အလိမ္ကေပၚဦးမည္မလား။ အဲ့လူႀကီးမွာ ညေနထိတိုင္ေအာင္လည္း အခန္းသို႔ ဝင္မလာေပ။ သူမ်ားအခန္း သြားကပ္ေနမည္ဆိုလၽွင္လည္း ခရီးေဆာင္အိတ္ေတာ့ လာယူဖို႔ေကာင္းသည္။ တစ္ေနကုန္၊ တစ္ခရီးလုံး သူမ်ားစိတ္ရွုပ္ေအာင္ လုပ္နိုင္သူႀကီးပါေပ။

ဤသို႔ ေတြးရင္းစားရင္းလုပ္ေနခိုက္မွာပဲ ညစာစားေဆာင္သို႔ ဝင္လာသည္မွာ အဲ့လူႀကီး။ ခန႔္ခန႔္ ကိုယ္ေလးမတ္သြားရသလို ႏွုတ္ခမ္းလည္းမဲ့မိသြားေလတာ ဦးေႏွာက္ကစီမံထားသည့္ အလိုအေလ်ာက္စနစ္တစ္ခုအတိုင္း။ အေၾကာင္းက ေဘးတြင္ပါလာေသာ မိန္းမတစ္ေယာက္ေၾကာင့္ပင္။

ထိုမိန္းမႀကီးကို သူ မျမင္ဖူးပါ။ မိန္းမႀကီးလို႔ေျပာရေလာက္ေအာင္လည္း သူ႔ထက္အသက္အမ်ားႀကီး ႀကီးလိမ့္မည္။ အဲ့လူႀကီးထက္ပင္ ႀကီးပုံေပၚေန၏။ စကတ္နီညိဳေရာင္ဒူးဖုံးႏွင့္ အေပၚကအပြင့္ပါ အဝတ္စက ေလယူရာတလြင့္လြင့္။

အဲ့လူႀကီးကေတာ့ မနက္က အဝတ္အစားအတိုင္းပင္ျဖစ္သည္။ စကားတေျပာေျပာႏွင့္ ရယ္ေမာရင္းဝင္လာၾကသည္မွာ သူ႔ကိုပင္ျမင္ပုံမေပၚ။ အတန္းေျပာင္းသြားရသည္ဆိုေသာ္လည္း အထီးက်န္ေနခဲ့သူမွာ သူ တစ္ေယာက္သာျဖစ္ၿပီး အဲ့လူႀကီးကေတာ့ အေဖာ္ႏွင့္အေပါင္းႏွင့္။ ဒါေၾကာင့္မို႔လည္း သူႏွင့္တြဲလ်က္ရထားသည့္အခန္းဆီ မလာနိုင္တာျဖစ္မည္။ ဤသို႔အေျပာင္းအလဲျမန္သူကမ်ား ထိုညက 'ကိုယ္က မင္းမ်က္ႏွာေလးကို အျမဲေတြ႕ခ်င္ေနတာပါ' ဆိုသည့္စကားကို လၽွာအရိုးမရွိတိုင္း ေလၽွာက္ေျပာခဲ့တာပါပဲ။

ခန့္ခန့္ လာေနသည့္အတြဲအား စူးစူးစိုက္စိုက္ၾကည့္ၿပီး ေဒါသေတြ အလိပ္လိပ္တက္လာသည္မွာ ထမင္းပင္ဆက္စားခ်င္စိတ္ မရွိေလာက္ေအာင္ထိ။ သူႏွင့္မ်က္ေစာင္းထိုးတစ္ေနရာတြင္ ဝင္ထိုင္သြားၾကသည့္ ထိုႏွစ္ေယာက္ကိုၾကည့္ၿပီး ခန႔္ခန႔္ ခနဲ႔ျပဳံးတစ္ခ်က္ ျပဳံးလိုက္၏။

အဲသေလာက္ေတာင္ျဖစ္ေနလၽွင္ အခန္းထဲက ခရီးေဆာင္အိတ္အား အျပင္ကန္ထုတ္ပစ္ဦးမည္။ အခန္းထဲ ေျခတစ္လွမ္းေတာင္ အခ်မခံဆိုသည့္စိတ္ႏွင့္ ေဒါႀကီးေမာႀကီး ထထြက္လာခဲ့လိုက္ေတာ့၏။

ထိုအမ်ိဳးအမည္မသိေသာေဒါသမွာ အခန္းေရာက္သည္ထိ မၿပီးေပ်ာက္နိုင္။ အနက္ေရာင္လြင္လြင္ ခရီးေဆာင္အိတ္ကို အခန္းေရွ႕ ထုတ္ပစ္လိုက္ၿပီးမွသာ နည္းနည္းသက္သာသြားသည္။ ၿပီးမွ အခန္းျပန္ဝင္ၿပီး ခန႔္ကိုကိုဖုန္းဆက္ၿပီး ဂိမ္းေဆာ့ရေတာ့တာျဖစ္၏။

ပတ္ဝန္းက်င္မွာ တျဖည္းျဖည္းေမွာင္ရိပ္က်လာသည္။ ခန္းဆီးမ်ားကာရံထားေသာ အခန္းတြင္းတြင္ မီးအစုံလင္းလက္ေအာင္ ဖြင့္ထားလိုက္သည္။ ဂိမ္းေဆာ့ေနရင္းကို ေဘးဖက္အိပ္ရာျမင္ကာ စိတ္ကတိုျပန္ေသး၏။ သုံးပြဲဆက္တိုက္ရွုံးေနေလေတာ့ ခန႔္ခန႔္ စိတ္တို႔ၾကည္လင္ေနျခင္း မရွိေတာ့ေပ။

"ကဲ ေလးပြဲေျမာက္ ဆက္ေဆာ့ဦးမွာလား"

တစ္ဖက္မွထြက္လာေသာခန႔္ကိုအသံက စိတ္ရွည္ျခင္း အလ်ဥ္းမရွိသလို ပ်င္းရိေနပုံလည္းရသည္။

"အားေနတာပဲဟာ ေဆာ့မွာ။ မနိုင္မခ်င္းကို မနားဘူး"

"အဲဒါဆိုလည္း မင္းလူႀကီးအေၾကာင္း ပြစိပြစိေျပာေနတာရပ္ၿပီး အာ႐ုံစိုက္ေဆာ့။ မဟုတ္ရင္ ပြဲတိုင္းရွုံးေနေတာ့မွာ"

"ဘာမင္းလူႀကီးလဲ"

မဆီမဆိုင္ ေဘးကအိပ္ရာကို မ်က္ေစာင္းခဲရင္း ျပန္ေအာ္မိတာျဖစ္၏။ တကယ္လည္း သူ႔လူႀကီးမွမဟုတ္ပါပဲ။

"မင္းလူမဟုတ္လို႔ ငါ့လူျဖစ္ရမွာလားကြ။ ဒီမွာ ပူမေနနဲ႔၊ အခ်ိန္တန္ရင္ အခန္းထဲဝင္လာလိမ့္မယ္။ ခရီးေဆာင္အိတ္က မင္းဆီမွာမလား"

"ခုနကစၿပီး မဟုတ္ေတာ့ဘူး။ ေခြးစားစား၊ က်ီးထိုးထိုး ပစ္ထည့္လိုက္ၿပီ"

ခန့္ခန့္မွ တမင္လက္လြတ္စပယ္ ေျပာလိုက္တာျဖစ္သည္။ တကယ္လည္း မပစ္တာမွမဟုတ္ဘဲ။ အခန္းေရွ႕ ဘယ္သူလာေကာက္ေကာက္ ဂ႐ုစိုက္ေနစရာမလို။ သို႔ေသာ္ အသံကိုနားစြင့္ေနမိတာေတာ့ ကိုယ့္ကိုယ္ကိုယ္ လိမ္ညာမရေပ။

"ငခန႔္ ... ခရီးေဆာင္အိတ္ႀကီးေတာ့ ေခြးလည္းမစားဘူး၊ က်ီးလည္းမထိုးဘူး။ သူခိုးပဲခိုးမွာ ... ျပန္သြင္းထားလိုက္စမ္းပါကြာ၊ လာရင္သာ ေကာင္းေကာင္းထည့္ေပးလိုက္။ မင္းက လက္သီးနဲ႔ထိုးထားတဲ့သူေနာ္ "

"သိပါတယ္ ငါ့ကိုဆရာမလုပ္ပါနဲ႔။ ဂိမ္းကိုအာ႐ုံစိုက္"

ေဒါက္ ... ေဒါက္!

သူမ်ားကို အာ႐ုံစိုက္ခိုင္းရင္းက အခန္္းတံခါးေခါက္သံၾကားေတာ့ ခန႔္ခန့္္ ဖုန္းကိုလြတ္ခ်လိုက္မိသည္။ ဝမ္းလ်ားေမွာက္လ်က္ရွိေသာ အိပ္ရာေပၚမွ သူ႔ေခါင္းေလးလည္း ေထာင္သြားေလ၏။ ဘယ္သူပါလဲ ... အိတ္ကိုပစ္ထားလို႔ အေၾကာင္းအရင္းေမးခ်င္တာလား။ အခုမွ လာေတာ့တာလား။ အခ်ိန္ပင္ ရွစ္နာရီထိုးလုလု ရွိေနေလၿပီ။

"အခန္းလာေခါက္ေနတာ၊ လာၿပီထင္တယ္။ ငါထြက္လိုက္ၿပီ ဟိတ္ေကာင္"

"ဟာ ... ေဟ့ တန္းလန္းႀကီး"

ခန့္ကို အသံအားဆုံးေအာင္ နားမေထာင္မိ။ ဖုန္းကိုအျမန္ပိတ္ၿပီး တံခါးဆီ အေျပးဆင္းသြားမိတာ အသံပင္ တဒုန္းဒုန္းျမည္သြားသည္။ ဒါမို႔ တံခါးနားေရာက္ခါနီးမွသာ ကိုယ္ရွိန္သတ္ရေသးသည္။ ၿပီးမွသာ မွင္ေသေသမ်က္ႏွာထားျဖင့္ တံခါးလက္ကိုင္ဘုကို လွည့္ဖြင့္လိုက္၏။ အျပတ္ေကာရမည္ပင္။

"ဒီခရီးေဆာင္အိတ္ေလးက အစ္ကိုတို႔အခန္္းကလားဗ်၊ ေရွ႕မွာဆို ေပ်ာက္သြားမွာစိုးလို႔ ကၽြန္ေတာ္ ျပန္သြင္းေပးထားမလို႔ပါ"

ဖြင့္ဖြင့္ခ်င္း တန္းျမင္လိုက္ရသည္က စတစ္အျဖဴႏွင့္ ဟိုတယ္ဝန္ထမ္းပင္။ ခန႔္ခန႔္ စိတ္ပ်က္သြားသလို၊ ေဒါသထြက္သြားသလို ... ဟိုတယ္ဝန္ထမ္းကိုေတာ့မဟုတ္။ ဘာမဟုတ္တာကို ေမၽွာ္လင့္မိသည့္ သူ႔ကိုယ္သူလား၊ အခုခ်ိန္ထိ ေပၚမလာေသးသည့္ အဲ့လူႀကီးကိုဆိုတာလား ေကာင္းေကာင္းေဝခြဲမရေခ်။

"ထားခဲ့ပါ၊ ရတယ္။ ကၽြန္ေတာ့္ဘာသာ သြင္းလိုက္ပါမယ္"

"ဟုတ္ကဲ့ခင္ဗ်"

စိတ္ထဲဝမ္းသာသေယာင္ ျဖစ္ၿပီးခါမွ စိတ္ပ်က္ပ်က္ႏွင့္ ခရီးအိတ္ႀကီးအား တဖန္အထဲျပန္သြင္းရျပန္သည္။ ဘာလုပ္ရမယ္မွန္းလည္း မသိသလို၊ ဂိမ္းလည္းဆက္မေဆာ့ခ်င္ေတာ့။ တစ္ေယာက္တည္းေနရသည့္ အခန္းႀကီးကို ပတ္ပတ္လည္ ျပန္ၾကည့္မိေတာ့ အထီးက်န္တာလိုလို၊ ေက်ာခ်မ္းလာတာလိုလို။

အဲ့လူႀကီးသာမလာခဲ့လၽွင္ သည္ည သူတစ္ေယာက္တည္းပဲ အိပ္ရေတာ့မည္လား။

......................

ေဇယ်ာတစ္ေယာက္ ကမ္းေျခေဘးေရာက္ေနတာ ၾကာေနေလၿပီ။ ဟိုတယ္ကခ်ထားသည့္ ထန္းလက္တဲေအာက္မွ ေက်ာမွီခုံေလးေပၚ လွဲေလ်ာင္းရင္း ၾကယ္ေတြကိုၾကည့္ေနမိသည္။ တအုန္းအုန္း ၾကားေနရေသာ လွိုင္းသံတို႔က လွပသည့္ေကာင္းကင္ျမင္ကြင္းအတြက္ ဟာမိုနီလိုက္ေပးေနသေယာင္။ အခန္းလည္း မျပန္ခ်င္ေသးတာမို႔ သဘာဝတရားကိုခံစားရင္း ကေလးအေၾကာင္းေတြးေနရတာ ခံစားမွုတစ္မ်ိဳးေကာင္းသည္။

ညေနက ထမင္းစားေနရင္း ဆတ္ခနဲထသြားသည့္ ကေလးပုံရိပ္ျပန္ျမင္ေယာင္ေတာ့ လြန္စြာအားနာမိျပန္၏။ မျမင္ခ်င္မွန္းသိသည္၊ မေတြ႕ခ်င္မွန္းလည္း သိသည္။ ဒါမို႔ အတန္တန္ေရွာင္ေပးေနရင္းက ညေနကေတာ့ မလႊဲသာ၊ မေရွာင္သာပါပဲ။

လာေခၚသည့္အစ္မက ညအတန္းလည္းတူ၊ သူတို႔လုပ္ငန္းအတြက္လည္း အေရးပါသည့္ Supplier တစ္ဦးျဖစ္ေနေတာ့ ျငင္းလို႔မေကာင္း။ ပုံမွန္ဆို အားလုံးစားေသာက္ၿပီးခ်ိန္ေလာက္မွ ထြက္လာခ်င္ေပမဲ့ အရဲစြန့္ကာပါလာခဲ့ရသည္။ သို႔ေသာ္ ကံဆိုးစြာပဲ တည့္တည့္ကိုတိုးတာ ျဖစ္၏။

ဟူး။

ပင္လယ္မွလာေသာ ေအးစက္စက္ညေလညင္းတြင္ သူ႔ထုတ္လႊတ္လိုက္သည့္ ေလပူေလးက တိုးမေပါက္ပါ။ နဖူးေပၚ လက္တစ္ဖက္တင္မိရင္း မ်က္လုံးကို အသာေမွးမွိတ္ထားမိသည္။ ခရီးေဆာင္အိတ္ သြားယူခိုင္းထားသည့္ ဝန္ထမ္းေလးလာေခၚမွပဲ သူ အခန္းထဲဝင္ေတာ့မည္။ အခုခဏေတာ့ စိတ္ၿငိမ္းေအးရေလေအာင္ လွိုင္းသံႏွင့္ နားလိုက္ခ်င္ေသး၏။

"အဲ့လူႀကီး"

ေလာကႀကီးႏွင့္ အဆက္အသြယ္ျပတ္သည္ထိ ေဇယ်ာ ခဏအိပ္ေပ်ာ္သြားခဲ့သည္။ ဆယ္ကမၻာမေမ့နိုင္္ေသာ ထိုအသံစာစာကို ၾကားပါမွ သူ႔မ်က္ဝန္းမ်ား ႐ုတ္ခ်ည္းပြင့္ရေလေတာ့၏။

"ဟင္!"

"ဘာလဲ၊ ဒီမွာပဲတစ္ညလုံးအိပ္ၿပီး ကၽြန္ေတာ့္ကို လူဆိုးျဖစ္ေအာင္ ထပ္လုပ္မလို႔လား"

ေဒါသသံျဖင့္ေျပာလာတာမို႔ ေဇယ်ာ လဲေလ်ာင္းေနရာက မတ္ခနဲထရသည္။ ခပ္မဲ့မဲ့ျဖစ္ေနေသာကေလးမွာ သူ႔ကိုမာန္အျပည့္ႏွင့္ အျပစ္တင္ေနတာျဖစ္၏။

"ကိုယ္က မင္းေနရခက္မွာစိုးလို႔ပါ။ ၿပီးေတာ့ အခန္း..."

"ေနရခက္တာနဲ႔ပဲ ဒီလိုေနရေရာလား။ ေနလည္းေကာင္းတာမဟုတ္ဘဲနဲ႔ ေလတိုက္တဲ့ေနရာႀကီး လာအိပ္ေနတာ။ ခ်ေပးထားတဲ့အခန္း လာအိပ္ေလ။ လူႀကီးျဖစ္ၿပီး ဒါေတာင္မေတြးတတ္ဘူးလား"

ေဇယ်ာ့ရင္ထဲ ေႏြးခနဲ ခံစားလိုက္ရသည္။ ဒီကေလးက သူ႔ကိုမမုန္းသည့္အျပင္ ေနမေကာင္းမွာစိုး၍ပါ စိတ္ပူေပးေနသည္တဲ့လား။ သူ အခန္းသပ္သပ္ငွားထားတာကိုလည္း သိပုံမေပၚေခ်။

"အင္းပါကြာ၊ ကိုယ္ေတာင္းပန္ပါတယ္"

"ေတာင္းပန္မေနနဲ႔။ ေန႔လယ္ကတည္းက ဒီအဝတ္အစားနဲ႔၊ ေရလည္းမခ်ိဳးရေသးဘူးမလား။ အခန္းထဲက လက္ဆြဲအိတ္လႊင့္ပစ္မခံခ်င္ရင္ လိုက္ခဲ့"

ေဇယ်ာ့ရင္ထဲ ဒိန္းခနဲ။ ကေလးစကားေၾကာင့္ အေပ်ာ္အားႀကီးၿပီး ခုန္လာေလသည္မွာ ေပါက္ထြက္မလားပင္ စိုးရိမ္ရသည္။ သိပ္မာနႀကီးသည့္ကေလးက သူ႔အားအခန္းလိုက္ဖို႔ ကိုယ္တိုင္လာေခၚသတဲ့လား။ အႀကီးအက်ယ္စိတ္ဆိုးေနၿပီ ထင္ခဲ့တာ အခုေတာ့ စိတ္ေျပစျပဳေနၿပီထင္သည္။

"အင္း ကိုယ္လိုက္ခဲ့မယ္ေနာ္။ အိတ္ခဏသြားယူဦးမယ္"

ေခါင္းတစ္ခ်က္ညိတ္ကာ မျမင္တာၾကာၿပီျဖစ္သည့္ ခပ္ေထ့ေထ့မ်က္ေစာင္းကေလးက ေပးသြားေသးသည္။ အေရွ႕ကထြက္သြားေလေတာ့ က်န္ရစ္ခဲ့သည့္ကိုယ္သင္းရနံ႔ေလးကအစ သူ လြမ္းေနမိခဲ့ျခင္း။

သည္လိုႏွင့္ ေဇယ်ာ အိတ္ျပန္ယူၿပီး အခန္းတံခါးသြားေခါက္ရသည္။ ထိုအခ်ိန္ လာဖြင့္ေပးသည္ထိ သူ႔ကိုလုံးလုံးမၾကည္လင္ေသး။ မ်က္ဝန္းအၾကည့္ေတြကို တမင္ေရွာင္သည္။ ေဒါသလႊမ္းေနသေယာင္ ထင္ရေသာ္လည္း တဆက္တည္းမွာပင္ ေၾကာက္စိတ္တခ်ိဳ႕ရွိေနတာကို ေဇယ်ာ ဖတ္မိလိုက္္သည္။

'ထပ္အမွားမလုပ္ေတာ့ပါဘူး ကေလးရယ္' ဟုသာ စိတ္ထဲကအထပ္ထပ္ ကတိေပးမိျပန္သည္။ ၿပီးေနာက္ သူ႔အိတ္ခ်ကာ ေရခ်ိဳးခန္း ဝင္ရသည္။ အိပ္ရာေပၚတြင္ ဖုန္းသုံးေနေသာကေလးက သူ႔အားဂ႐ုမစိုက္ဟန္ျပဳသည္။ ျပန္ထြက္လာေတာ့လည္း ထိုနည္းတူပါပဲ။ ေဇယ်ာကသာ အရိပ္အကဲၾကည့္ေနရတာပင္။ ကေလးကျဖင့္ သူ႔ကိုမ်က္ခြံေလးတစ္ခ်က္ေတာင္ လွန္ၾကည့္ပုံမရ။

ခႏၶာကိုယ္ကို ေသခ်ာသုတ္၊ အဝတ္အစား ေသခ်ာဝတ္ၿပီးေလေတာ့ ေဇယ်ာ အိပ္ရာေပၚတက္ရသည္။ အေျခအေနၾကည့္ကာ ေတာင္းပန္စကားဆိုခ်င္ေသာ္လည္း ခ်က္ခ်င္းဆိုသလို အခန္းမီးေတြ ပိတ္ခ်သြားသည္။ နံရံကပ္မီးဝါေလးေတြကလြဲလၽွင္ တျခားဘာမီးမၽွ မလင္းေတာ့။ ကိုယ္လုံးေသးေသးေလးကလည္း သူ႔ကိုေက်ာေပးကာ ေစာင္ျခဳံကေလးထဲ ဝင္သြားသည္။ အိပ္ေတာ့မည့္ဟန္ထင္၏။

ဒါကို အစအဆုံးထိုင္ၾကည့္ေနရေသာ ေဇယ်ာမွာ ဘာမၽွေရွ႕မဆက္ရဲေတာ့။ သည္ကေလး ခရီးလည္းပမ္းထားေလေတာ့ အိပ္ေတာ့မည္ထင္သည္။ သူႏွင့္စကားမေျပာခ်င္ေသးတာလည္း ျဖစ္ေကာင္းျဖစ္နိုင္လိမ့္မည္။ အခန္းထဲ ေခၚေပးထားသူအား အေႏွာင့္အယွက္မေပးခ်င္တာမို႔ ေဇယ်ာလည္း အိပ္ရန္ျပင္ရေလၿပီ။

ညကား တိတ္ဆိတ္လွ၏။ တစ္ခ်က္တစ္ခ်က္ ပုတ္ခတ္လာေသာ လွိုင္းသံမွတစ္ပါး အျခားအသံမၾကားရ။ အခန္းတြင္းရွိ လူသားႏွစ္ဦးသည္လည္း လူးလြန႔္သံပင္မၾကားသာ၊ အေတြးကိုယ္စီႏွင့္ တိတ္ဆိတ္ၿငိမ္သက္စြာပါပဲ။

ေဇယ်ာလည္း အေတြးနက္လာရာက တျဖည္းျဖည္းအိပ္ဖို႔ အားယူရသည္။ ကေလးႏွင့္ တစ္ခန္းတည္းအတူ အိပ္ေနရသည္ဆိုေသာ အေတြးက ပီတိေလးတစ္ခုပင္ ျဖစ္လာေစသည္။ သူသာအမွားမလုပ္ခဲ့မိလၽွင္ သည္အေျခအေနတြင္ တစ္ဖက္သတ္ေငးၾကည့္ရင္း ၾကည္ႏူးခြင့္ရေနေလဦးမည္။

အေတြးမွသည္ အိပ္မက္ကမၻာဆီသို႔ ကူးလူးေနခိုက္ မထင္မွတ္ထားစြာဘဲ အခန္းမီးေတြ အကုန္ျပန္လင္းလာသည္။ အိပ္ေပ်ာ္ခါစျဖစ္ေသာ ေဇယ်ာ့မ်က္လုံးမ်ားတြင္ အလင္းေရာင္ေတြဝင္လာေလတာ စူးခနဲ။ ထို႔ေနာက္ တစ္ဆက္တည္းပင္ ၾကားလိုက္ရသည္က၊

'အဲ့လူႀကီး ထဦး' တဲ့ေလ။

ေစာင္ျခဳံထဲမွ ကုန္း႐ုန္းထလာေသာ ခ်ာတိတ္ကေလးမွာ ဆံပင္ေတြလည္း ထိုးေထာင္လို႔ပါပဲ။

"ဘာျဖစ္လို႔လဲ၊ အိပ္မေပ်ာ္လို႔လား"

"ဟုတ္တယ္၊ ဒီလိုအေနရခက္ေနတာႀကီးနဲ႔ ဘယ္လိုမွအိပ္မေပ်ာ္ဘူး။ အဲ့လူႀကီးကေရာ ဘယ္လိုမ်ား အိပ္ေပ်ာ္ေနနိုင္တာလဲ"

အရိပ္အေျခၾကည့္ေနရင္းက သူ႔ခမ်ာ အျပစ္ျဖစ္ရျပန္ပါ၏။ ဒါမို႔ အိပ္ရာေပၚမွ ေျခေထာက္ခ်ဆင္းရင္း တစ္ဖက္ကို ေသခ်ာစကားေျပာဖို႔ ျပင္ရသည္။ အနားကပ္ မတ္တပ္ရပ္လိုက္ဖို႔လည္း သူ အရဲမကိုးရဲပါေခ်။

"ဟို ကိုယ္.."

"ေနဦး၊ ကၽြန္ေတာ္ အရင္ေျပာမယ္"

ေဇယ်ာ ေခါင္းတစ္ခ်က္သာညိတ္ၿပီး သူ႔ေရွ႕က ေသးေသးေကြးေကြး ကေလးအား ဦးစားေပးလိုက္သည္။

"ဟိုးတစ္ခါညက အဲ့လူႀကီးေျပာခဲ့တဲ့ကိစၥကို မရွိခဲ့ဘူးလို႔ပဲ သေဘာထားလိုက္မယ္။ ဒီလိုမေခၚမေျပာႀကီးက ကၽြန္ေတာ္ ေနရခက္တယ္။ အဲဒါမို႔အရင္လို ပုံမွန္ပဲဆက္ဆံ"

ေခါင္းငုံ႔ကာ စကားေတြတရစပ္ေျပာေနပုံက သူ႔ကိုရင္ဆိုင္ရမွာ ေၾကာက္ေနသည့္အလား။ ေဇယ်ာ စိတ္ရွည္ရွည္ႏွင့္ စကားဆုံးေအာင္ နားေထာင္ဖို႔သာရွိသည္။ ၿပီးမွပဲ ေသခ်ာေတာင္းပန္ရမည္ျဖစ္၏။

"ၿပီးေတာ့ ကၽြန္ေတာ္ အဲ့လူႀကီးကို ထိုးခဲ့မိတာအတြက္လည္း ေတာင္းပန္တယ္။ တကယ္မရည္ရြယ္ဘူး။ ေျပာခ်င္တာကဗ်ာ ... အဲကိစၥေတြမရွိခဲ့ဘူးလို႔ သေဘာထားၿပီး အရင္လိုအတန္းျပန္လာတက္၊ ကၽြန္ေတာ့္ကိုလည္း ဝင္ေခၚေပး။ စိတ္တိုလို႔ေျပာခဲ့မိတဲ့ စကားအတြက္နဲ႔ေတာ့ ေရွာင္ေနစရာမလိုပါဘူး"

သူ႔အားေမာ့ၾကည့္လာေသာ ခ်ာတိတ္ကေလး မ်က္ဝန္းအိမ္တြင္ မ်က္ရည္ၾကည္တို႔ မသိမသာ ရစ္သိုင္းေနေလၿပီ။ မီးေရာင္၏ထင္ဟပ္မွုေၾကာင့္ အေရာင္ျပန္ေနေလတာ အထင္းသား။ ျဖဴစင္မွုကို အေရာင္ဆိုးမိသည့္ မိမိအမွားေၾကာင့္ သည္ကေလးသည္ မ်ားစြာခံစားရသည္ထင္ပါ၏။

"အစတည္းက စိတ္ထဲမွာ အစ္ကိုအရင္းတစ္ေယာက္လို သတ္မွတ္ထားတာ။ အဲဒါမို႔ဒီလိုႀကီး မေခၚမေျပာျဖစ္ေနတာကို တကယ္ဝမ္းနည္းတယ္။ ေျပာခ်င္တာ အဲဒါပဲ"

ေကာက္ခနဲ ေစာင္ျခဳံထဲျပန္ဝင္ေတာ့မည့္ကေလးကို ေဇယ်ာ့ေျခတစ္လွမ္းၾကဴးရင္း တားလိုက္ရသည္။

"ေနပါဦး၊ ေနပါဦးေနာ္။ ကိုယ္လည္း ေျပာစရာရွိတာ ေျပာခ်င္ေသးတယ္။ ကိုယ္မွားခဲ့တယ္ ... အဲဒီအတြက္လည္း ဘယ္လိုပဲ ေတာင္းပန္ရ၊ ေတာင္းပန္ရဆိုၿပီး အႏူးအညြတ္ ေတာင္းပန္ခ်င္ေနခဲ့တာ။ ျဖစ္လာတဲ့ခံစားခ်က္ကို ဖယ္လိုက္လို႔မရေပမဲ့ ဖြင့္ေျပာဖို႔ထိေတာ့ ကိုယ္ တမင္မရည္ရြယ္ခဲ့တာကိုေတာ့ ယုံပါ။ ေနာက္ၿပီး အခုလိုေရွာင္ေနတယ္ဆိုတာလည္း မင္း စိတ္ခ်မ္းသာဖို႔က အဓိကလို႔ ေတြးမိလို႔ ကေလး"

"ဘယ္က ကေလးလဲ"

"ဒီေရွ႕က ကေလး"

မရဲတရဲေလးစေတာ့ ေကာင္ေလးမ်က္ႏွာတြင္ ရွက္ျပဳံးကေလး ေပၚလြင္လာသည္။ သည္လို ရင္းႏွီးသည့္ဆက္ဆံေရးမ်ိဳးေလးကို သူ ဘယ္ေလာက္လြမ္းေနရပါသနည္း။ အခ်စ္ဆိုတာ ျဖစ္တည္လာမွန္းမသိခင္ကတည္းက သေဘာက်ရသည့္ ထိုအျပဳံးေလးေတြမွာ သူ႔တစ္သက္ မေမ့နိုင္ဖြယ္ရာပါပဲ။

"ကေလးေခၚမေနနဲ႔၊ ၁၉ႏွစ္ေတာင္ရွိၿပီ"

"အဲဒါဆို လူႀကီးလား"

"လူႀကီးက အဲ့လူႀကီးတို႔အရြယ္ေလ"

ဘုဆတ္ဆတ္ ျပန္ေျပာသည္ကိုက တကယ့္ကေလးေလးအတိုင္း။

"အင္းေလ၊ အဲဒါမို႔ ကေလးေခၚတာ"

"ကဲ ေတာ္ၿပီဗ်ာ ... အိပ္ေတာ့။ ထပ္ေခၚရင္ေနာ္ ခန့္ခန့္လက္သီးစ ဘယ္ေလာက္ျပင္းတာ သိတယ္မလား"

"ထပ္ထိုးရက္မယ္ေပါ့၊ ကိုယ္ တကယ္နာတာေနာ္"

ေဇယ်ာ့အေျပာေၾကာင့္ ကေလးမ်က္ႏွာမွာ ညႇိုးသြားသေယာင္။ သူ စေနာက္လိုက္တာ လြန္သြားျပန္ၿပီလား။

"ထိုးခဲ့မိတာအတြက္ တကယ္ေနာင္တရပါတယ္။ ငရဲႀကီးမွာလည္းေၾကာက္တယ္"

"ကဲပါ ကိုယ္လည္း မေျပာသင့္တာကို ေျပာခဲ့တာပဲ၊ စိတ္ရွင္းရွင္းနဲ႔ အိပ္ေတာ့။ မနက္ ဘယ္ခ်ိန္ထမလဲ ... ကိုယ္ႏွိုးေပးရဦးမလား"

"အဲ့လူႀကီးနိုးတဲ့ခ်ိန္ပဲ ႏွိုးလိုက္ပါ၊ ကိုယ့္အစီအစဥ္နဲ႔ကိုယ္ ေနလို႔ရၿပီဆိုေတာ့ ဘယ္ခ်ိန္ထထ ေအးေဆးပါပဲ"

အရင္အေျခအေနအတိုင္း ေပါ့ေပါ့ပါးပါးေျပာေနသည္မို႔ ေဇယ်ာ စိတ္ေအးသြားရသည္။
"ဟုတ္ပါၿပီဗ်ာ..Good night ေနာ္"
"အင္း"
မီးေတြပိတ္ကာ တစ္ေယာက္တစ္ဖက္စီ လွည့္အိပ္ခဲ့ၾကသည္။ သူ႔အတြက္ေတာ့ ေပ်ာ္ရႊင္စရာ ညခ်မ္း ေလးပါေပးတည္း။ သို႔ေသာ္ ကေလးကို ခ်စ္သည့္အခ်စ္ကိုေတာ့ ထပ္မဖုံးကြယ္လိုေတာ့ပါ။ ပုံမွန္အတိုင္းပဲ ဆက္ဆံဆိုသည့္စကားအား သူအနည္းငယ္ေတာ့ ခ်ိဳးေဖာက္ရမည္ပင္။

(26/9/2020)

••••••••••••••••••••••••••••••••••••••••••

Bạn đang đọc truyện trên: Truyen3h.Co