Truyen3h.Co

နှောင်ကြိုး

Part-18

Fi_Lay



<Unicode>

တိုးတိတ်စွာ ရှူရှိုက်နေသော အသက်ရှူသံညင်းညင်းသည် လူတစ်ယောက်ကို စွဲလမ်းစေနိုင်ပါသလား။

အခြားသူများတော့မသိ၊ ဇေယျာကတော့ သည်ကလေးနှင့်ပတ်သက်လျှင် အသက်ရှူသံလေးကအစ မြတ်နိုးလာသည်။ စိတ်လှုပ်ရှားပြီး ပျော်နေလွန်းတော့ ညကလည်းအိပ်မက်လှသည်။ မနက်အစောကြီးလည်း နိုးနေပြန်သည်။ ထက်မြက်ပြောသလို အချစ်ရဲ့ စွမ်းအင်တွေပင် ဖြစ်လိမ့်မည်ထင်၏။

သူ့မျက်လုံးဖွင့်သည်နှင့် ဘေးဖက်ကုတင်ပေါ်တွင် တစောင်းအိပ်နေသော ကလေးမျက်နှာလေးကို မြင်ရသည်။ အိပ်မက်အလား မယုံကြည်နိုင်ဖွယ်ဖြစ်နေသေးပေမဲ့ ဒါသည်တကယ်ပင်ဖြစ်သည်။ သည်ကလေးအချစ်ကို ပြန်မရသော်ငြား အနည်းဆုံးတော့ အမုန်းမခံရတော့သည်မို့ ပျော်ရွှင်မိသည်။ အရင်လိုအခြေအနေ ပြန်ဖြစ်ခွင့်ပေးတာမို့ ကျေးဇူးတင်မိသည်။ ယခုလို အိပ်ရာထပါမြင်နေရတော့ ပိုလို့ကြည်နူးမိတာပင်။

မရင်းနှီးသော ဟိုတယ်အခန်းတွင်းမှ သူ ထပ်ရင်းနှီးချင်သော ထိုကလေး။ ဘေးတစောင်းအိပ်နေ၍ မို့ဖောင်းနေသောပါးပြင်ကား တစ်ဖက်သာအပြည့်အဝ မြင်ရသည်။ ဖူးဖူးပြည့်ပြည့်နှုတ်ခမ်းလေးမှာလည်း အနည်းငယ် ဆူနေသယောင်။ ဆံစများမှာတော့ ဘယ်ညာယိုင်ကာ ဟိုတစ်စ၊ သည်တစ်စ။ မမြင်တာကြာပြီဖြစ်သော အစိတ်အပိုင်းတိုင်းကို သူ အကြာကြီးကြည့်နေမိတာ ဆွေးတသသနှင့်။

ကလေးရေ ... သည်အတောအတွင်း ကိုယ် မင်းကို ဘယ်လောက်တောင် လွမ်းနေခဲ့ရသလဲ။ မင်းကကိုယ့်ကို အစ်ကိုတစ်ယောက်လိုသတ်မှတ်ရင် မင်းရဲ့ဘေးမှာ တစ်သက်လုံး အစ်ကိုတစ်ယောက်လို စောင့်ရှောက်ပေးသွားမယ်။ ကံကောင်းလို့ ချစ်သူတစ်ယောက်လိုများ ပြန်ချစ်ခဲ့ရင်လည်း သေတစ်ပန်၊ သက်တစ်ဆုံး ရိုးမြေကျ ပေါင်းသင်းသွားချင်မိတယ်။

အနားမှာအမြဲမရှိနိုင်သည့်တိုင် သွားတွေ့လို့ရနိုင်တဲ့အကွာအဝေးတိုင်းကို ကိုယ် အပြေးလာတွေ့မယ်။ မင်းမရှိဘဲ ဘဝကို အထီးကျန်ဆန်ဆန် ဖြတ်သန်းရမှာထက်စာရင် ကိုယ့်မှာရှိသမျှ အချစ်တွေ၊ မေတ္တာတွေ၊ ဖေးမမှုတွေပုံပေးပြီးပဲ စိတ်ချမ်းသာအောင် ကိုယ်ထားပါမယ်။

ဘာလို့လဲဆိုတော့ မင်းက ကိုယ့်ရဲ့တစ်ခုတည်းသော Happy pill (ပျော်ရွှင်စေတဲ့ဆေး) လေးမို့ပဲ ... ကလေးရယ်။

တစ်ကိုယ်တည်း ကြည့်ရင်းတွေးရင်းရှိနေခိုက် အသည်းယားစရာ မျက်နှာကလေးက လှုပ်ရှားလာသည်။ နိုးတစ်ဝက်၊ မနိုးတစ်ဝက်နှင့် လက်ကလေးသာ အနေအထားပြောင်းပြီး မျက်ဝန်းအိမ်တို့က ပွင့်မလာ။ ဇေယျာ မနေနိုင်သည့်အဆုံး ထိုကလေးကုတင်ဘေးသို့ အသာကပ်ကာ ကြည့်မိပြန်၏။ မျက်နှာမသစ်ထားရသေးသည့် မျက်နှာလေးကပင် ချစ်စဖွယ်အတိ။ အနီးကပ်မှမြင်ရသည့် မျက်တောင်လေးများကလည်း ကော့ညွတ်နေကြသည်။

"ဟေး"

အနောက်ကိုခြေတစ်လှမ်းဆုတ်ပြီးမှ အသံဖျော့ဖျော့နှင့် နှိုးလိုက်ခြင်းဖြစ်သည်။ နိုးတစ်ဝက်ဖြစ်နေသော ကောင်လေးမှာ ချက်ချင်းဆိုသလို မျက်လုံးပွင့်လာပါ၏။

"ထလို့ရပြီ"

"စောပါသေးတယ်။ အိပ်ဦးမယ်"

တစ်ခါမှမမြင်ဖူးသည့် အိပ်ချင်မူးတူးပြောနေသော ပုံစံလေးအား သူ နေ့တိုင်းမြင်ချင်လိုက်ပါဘိ။

"ပြောတော့ ကိုယ်နိုးရင်နှိုးဆို"

"စောသေးတယ်။ အဲ့လူကြီး ရေသွားချိုးလိုက်၊ ပြီးမှလာနှိုး"

မျက်လုံးမဖွင့်ဘဲ ပြောနေပုံက သူ့ကိုဆက်နှိုးစေချင်ပုံမပေါ်။ ဇေယျာ လက်လျှော့ကာ မျက်နှာသစ်၊ ရေချိုးဖို့ပြင်လိုက်သည်။ နှစ်ယောက်တစ်ခန်း နေရသောသူတို့အဖို့ ရေချိုးခန်းက တစ်ယောက်ပြီးမှ တစ်ယောက်သုံးရတာပင်။ မနေ့ညက ခပ်လန့်လန့်နှင့်ဝင်လာရပြီး ရေတန်းချိုးခိုင်းသည့်အဖြစ်ကို သတိရပြန်တော့ ရယ်ချင်မိပြန်သည်။

တဘက်တစ်ထည်ပတ်ကာ ဝင်သွားတော့ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ခေါင်းလျှော်ရည်ကအစ အိမ်ကယူလာတာ သေချာတွေ့ရသည်။ ညကအမြန်ဝင်ရတာမို့ မရှင်းပေမိပေမဲ့ အခုတော့ အစီအရီထားပေးလိုက်သည်။ အပြာနုရောင်သွားတိုက်တံလေးတွင် သုံးလက်စသွားတိုက်ဆေးလေးကိုပါ ထည့်ပေးမိတော့ စည်းကျော်တယ်ဆိုပြီး စိတ်ဆိုးမှာလည်း ခပ်ကြောက်ကြောက်ရယ်ပါ။

သည်လိုနှင့် ဇေယျာ ရေချိုးပြီးပြန်ထွက်လာချိန်၌ ကလေးကို တကယ်နှိုးစရာမလိုခဲ့ပါ။ အိပ်ရာပေါ်တွင် ငူငူလေးထိုင်ကာ ငေးငိုင်နေသည့်အဖြစ်။

"အိပ်ရေးဝပြီလား"

"အင်း"

'အင်း' ဆိုပေမဲ့ လူကကြောင်ကြောင်ကလေး ရှိနေဆဲပင်။ မနက်ခင်းအိပ်ရာထလျှင် ချက်ချင်းကောက်ထတတ်သူနှင့် ခဏတာငေးငိုင်ပြီးမှ ထတတ်သူထဲတွင် သည်ကလေးက ဒုတိယအမျိုးအစားထဲကပင် ဖြစ်လိမ့်မည်။ ဇေယျာကိုယ်တိုင်ကတော့ ပထမအမျိုးအစားဖြစ်၏။ တိကျသည့်အချိန်နှိုးစက်မြည်တာနှင့် ခြေညောင်းလက်ဆန့်လုပ်ပြီး ထတတ်တာပင်။

သည်မနက်သာ ကလေးတစ်ယောက်ကို ငေးကြည့်နေမိလေလို့။

"ကိုယ်ဘာဝတ်ရမလဲ ကြည့်ပေးမလား။ မတွေးတတ်လို့ အစုံထည့်လာတာ"

အရင်လို ရင်းရင်းနှီးနှီးပြောလိုက်သော ဇေယျာ့အမေးကို ခေါင်းလေးတစ်ချက်ညိတ်ကာ လက်ခံသည်။ အခြေအနေသည် ထင်သလောက်မဆိုးလှ။ ဖြစ်ခဲ့သည့်ပြဿနာအပေါ် သည်ကလေးက စိတ်ဆိုး၊ စိတ်ကောက်တာထက် ရုတ်တရက် ကြောက်လန့်ခဲ့တာဖြစ်မည်ဟု သူ ယေဘုယျကောက်ချက်ချမိလိုက်၏။

........................

စိတ်လက်ပေါ့ပါးသော ကမ်းခြေနံနက်ခင်းတစ်ခုကို ခန့်ခန့် နှစ်ခြိုက်နေမိသည်။ စိတ်လက်ပေါ့ပါးသည်ဆိုခြင်းက မိမိနှင့်အဆင်မပြေသောသူ မရှိတော့ခြင်း၊ လေ့လာစရာတာဝန်တွေ မနေ့ကပင် အပြီးသတ်သွားခြင်းတို့ကြောင့်ပင်။

ဒါမို့ ဟိုတယ်လျှောက်လမ်းတွင် လျှောက်လှမ်းနေမိတာက တက်ကြွဟန်အပြည့်နှင့်ဖြစ်သည်။ ကျောက်ပြားခင်းထားသော မီးခိုးရောင်အကွက်တို့ကို တစ်ကွက်စီကျော်နင်းရင်းလျှောက်တော့ သူ့ရှူးဖိနပ်အဖြူလေးက အတော်ထင်းနေသည်။ ဘောင်းဘီအညိုရင့်ရောင်ကလည်း ဒူးထိသာရှည်တာမို့ ခြေသလုံးသေးသေးသည်လည်း အထင်းသား။ လည်ပင်းတွင်လည်း ကင်မရာလေးတစ်လုံးကို ပေါ့ပေါ့ပါးပါး ဆွဲလာသေးသည်။

ဆော့လျှောက်နေရာက နောက်လှည့်ကြည့်တော့ အဲ့လူကြီးက သူ့ကိုပြုံးပြုံးကြီး ကြည့်နေတာဖြစ်သည်။ ကမ်းခြေရောက်တုန်းမို့ ပေါ့ပေါ့ပါးပါး ဖြစ်မည့် ဘောင်းဘီအတိုကို တမင်ဝတ်စေလိုက်သည်။ လူငယ်ဆန်သည့် လိမ္မော်နီရောင်ဘောင်းဘီတိုနှင့် အပေါ်ကအဖြူခံရှပ်မှာ လိုက်ဖက်မှုရှိလှတာပင်။ အရောင်လွင်လွင်ကို တမင်ရွေးပေးထားတာမို့ လူငယ်ဆန်သွားသည့် အဲ့လူကြီးအသွင်မှာ တစ်မျိုးထူးခြားနေ၏။

"ဘာဖြစ်လို့လဲ"

"ဘာမှမဟုတ်ပါဘူး။ လာ ... ဗိုက်ဆာနေပြီ"

မနက်စာကို အကျန်တွေချည်း မစားချင်တာမို့ အလျင်ထွက်စားကြရန် ဆုံးဖြတ်သည်မှာ ခန့်ခန့်ပင်ဖြစ်သည်။ သို့ပေမဲ့ ဘယ်လောက်စောသည်ပြောပြော ထိုနေရာရောက်တော့ သူလိုကိုယ်လို စောထွက်လာကြသည့် ခရီးသည်တွေကအများသားပင်။

ဘူဖေးစနစ် မနက်စာများတွင် စားဖွယ်တွေက အစုံအလင်။ မြန်မာစာ၊ မြန်မာမုန့်၊ နိုင်ငံခြားစတိုင်လ် အသားပြား၊ ပေါင်မုန့်မီးကင်တွေ စားသောက်လို့ရနိုင်သော်လည်း ခန့်ခန့်က အိမ်မှာစားလေ့မရှိသည့် မုန့်ဟင်းခါးပူပူလေး ရွေးယူလိုက်သည်။ ငါးဖယ်တချို့နှင့် ဘဲဥကလေးပါအောင် ယူနေချိန် အဲ့လူကြီးမှာတော့ မနက်တိုင်းစားနေကျဖြစ်သော ကြက်ဥနှင့် ထမင်းကြော်ကိုသာ မက်မက်မောမော ယူနေတာတွေ့ရသည်။ လူပုံတင်ရိုးတာမဟုတ်၊ စားတာသောက်တာကအစ တသမတ်တည်းလို ခံစားရသည်။ တကယ့်စာအုပ်လိုလူကြီး။

ပူပူစပ်စပ် မုန့်ဟင်းခါးကို စားပွဲရောက်သည်နှင့် သူ မြိန်ရည်ယှက်ရည် စားသောက်သော်လည်း အဲ့လူကြီးကတော့ အချိုပွဲအတွက် သပ်သပ်တစ်ခေါက် သွားယူပေးပြန်သည်။ ဖရဲသီး၊ ပန်းသီးနှင့် ငှက်ပျောသီးအပြင် လိမ္မော်ဖျော်ရည်ကိုလည်း ယူလာသေးသည်။ သူ့အတွက်လည်း ဖန်ခွက်အကြည်နှင့်ရေတစ်ခွက်က မမေ့မလျော့။

သည်လို မစားမသောက်သေးဘဲ လိုသမျှဂရုစိုက်ပေးတော့လည်း ခန့်ခန့်စိတ်ထဲ ကြည်နူးလာသယောင်နှင့်။ ဒါမျိုးဆိုတာ အိမ်ကအမေတောင် လုပ်ပေးတာမှမဟုတ်ဘဲ။ 'မင်းမှာလည်း လက်ပါတယ်၊ ကိုယ့်အားကိုယ်ကိုး' ဟူ၍သာ ပြောတတ်တာအမြဲ။

"ဇေယျာ အစောကြီးစားနေပြီလား"

ဇွန်းတစ်ချောင်းနှင့် ဟိုသည်မွှေရင်း ကြည်နူးနေခိုက် ရောက်လာသည်က မနေ့ညနေကမိန်းမကြီးပင်။ အသားလတ်ပြီး ဖြောင့်ဆင်းနေသည့် ဆံပင်တွေအား ကျောလည်လောက်ထိချထားတာတော့ လှလှပပပါပဲ။ ခန္ဓာကိုယ်မှာ ပြည့်ပြည့်ဖြိုးဖြိုး ရှိလှသည်။ အင်္ကျီအကပ်နှင့် ဂျင်းဘောင်းဘီကို လည်း လိုက်ဖက်စွာ ဝတ်ဆင်ထား၏။ ခြုံငုံသုံးသပ်ရလျှင် ပြင်ပြင်ဆင်ဆင်နေတတ်ပြီး အရွယ်တင်သော အပျိုကြီးတစ်ဦးပါပဲ။

"ဟုတ်တယ် မမနွေး၊ ကျွန်တော်တို့ စောစောနိုးနေကြလို့"

"ဟုတ်လား၊ သူလေးက..."

နှစ်ဦးသားကို အကဲခတ်နေသည့်ခန့်ခန့်အား သိချင်စိတ်ဖြင့် ထိုအမျိုးသမီးက မေးလာပုံရသည်။ သို့သော် သူ ဘာမှမပြောဖြစ်သလို၊ ပြုံးလည်းမပြဖြစ်။ အကြောင်းပြချက် မယ်မယ်ရရမရှိသော်လည်း ခင်ချင်စိတ်က ဖြစ်ပေါ်မလာသောကြောင့် ဖြစ်သည်။ ဒါမို့ အဆင်သင့်ရွေးထားပြီးသား ငါးဖယ်ကိုပဲ ဂရုမစိုက်ဟန်ဖြင့် စားလိုက်သည်။

"ဟုတ်သားပဲ မိတ်ဆက်ပေးရဦးမယ်၊ သူက စိုင်းမင်းခန့်တဲ့။ ကျွန်တော်နဲ့ Weekend အတန်းတုန်းက တူတူတက်ခဲ့တဲ့ကလေးလေ"

ထိုသို့မိတ်ဆက်ပေးပြီးပြီးချင်း သူ ငုံ့နေတာကို အောက်ကပင့်ကြည့်ကာ တိုးတိုးခေါ်လာသည်က 'ကလေး' တဲ့။ သူ့မျက်နှာ နွေးခနဲ ပူရှိန်းသွားလေတာ သိသိသာသာပင်။

"ဒါ မနွေးနွေးဟန်တဲ့၊ ကိုယ့်အလုပ်က Supplier တစ်ဦးပေါ့။ မနွေးကလည်း OBM တက်နေတာပဲ။ ခု ကိုယ်ပြောင်းထားတဲ့ ညတန်းမှာပဲ"

"ဟုတ်"

ပြောမဲ့ပြောရတော့လည်း လက်တစ်ဖက်မှ သံပရာခြမ်းကို အားစိုက်ညှစ်ရင်းဖြစ်၏။

"တွေ့ရတာဝမ်းသာပါတယ်နော်။ အရင်က တူတူတက်ကြတာကို ဇေယျာ အတန်းပြောင်းလာတော့ ဒီကလေး ပျင်းနေတော့မှာပဲ"

တစ်ခွန်းဆိုတစ်ခွန်း ထွက်လာသောစကားကို ခန့်ခန့် အလိုမကျဖြစ်မိသည်။ အဲ့လူကြီးက ဘယ်လိုပဲအတန်းပြောင်းပြောင်း ပျင်းနေမှာပေါ့ဆိုသော စကားက ဘာကိစ္စထည့်ပြောရသနည်း။ လူကို ခနဲ့နေသည့်ဟန်။ တကယ်လည်း ပျင်းနေ၊ အထီးကျန်နေမိတော့ ထိုစကားမှာ ခန့်ခန့် အရှိုက်ကိုထိစေသည်။

"အရင်ကပျင်းပေမဲ့ နောက်တော့မပျင်းရတော့ပါဘူး။ အဲ့လူကြီးက Weekend အတန်း ပြန်ပြောင်းလာတော့မှာတဲ့"

အမှတ်မထင် ပြောလိုက်သောခန့်ခန့်စကားကြောင့် အဲ့လူကြီးက ငေးကြောင်ကြောင်ဖြစ်သွားသည်။ အဲ့လူကြီးအား ကြိတ်ကြံနေသော မနွေးဆိုသူမှာလည်း မျက်နှာညိုသွားလေ၏။ အတန်းပြောင်းမှာလား၊ မပြောင်းမှာလား သေချာမသိသေးပေမဲ့ သည်လိုအနိုင်ပိုင်းပြောရလေတော့လည်း ကျေနပ်ဖွယ်အတိ။

"ဟုတ်လား ဇေယျာ၊ မမနွေးက ဇေယျာလာတက်တော့ အဖော်ရပြီထင်နေတာ"

"အာ ... ဟုတ်တယ် မမနွေး။ ညပိုင်းတွေတက်ရတာကျ ရုံးကနေ တစ်ခါတည်းလာတက်ရတာဆိုတော့ အချိန်မမှီလွန်းလို့။  အရင်လိုပိတ်ရက်ပဲ ကောင်းပါတယ်"

ကြည့်ကောင်းအောင် ပြောနေသောအဲ့လူကြီးမှာ ထိန်းနေရမှန်းတော့ သိသာလှသည်။ အရင်လို အဆင်ပြေပြေပြန်နေဖို့ဆိုတာလည်း သူတို့အတန်းတူတူတက်မှပဲ ဖြစ်မည်မလား။ ငါးလခွဲတက်ရမည့်အတန်းမှာ တစ်ဝက်ကျော်လုလို့ များမကြာမီပင် စာမေးပွဲဖြေကြရတော့မည်။ ဆက်တက်တက်၊ မတက်တက် အဲ့လူကြီးသဘောပါပဲ။

ဒါကြောင့် မနွေးဆိုသူ နှုတ်ဆက်ပြီးထွက်သွားမှ မယောင်မလည် မေးကြည့်ရသည်။

"အဲ့လူကြီးက တကယ်တက်မှာမို့လို့လား၊ ကျွန်တော်က ဒီတိုင်းလျှောက်ပြောလိုက်တာ"

"ကလေးတစ်ယောက်က တက်စေချင်နေတော့ တက်မှာပေါ့"

"လာပြန်ပြီ ဒီကလေးဆိုတာကြီး"

အပြောနှင့်အတူ လက်မောင်းကို ခပ်ဖွဖွထိုးတော့ ကြိတ်ခံပြန်၏။ ပြီးလျှင် ရယ်နေလိုက်တာလည်း သဘောတကျနှင့်။ သူလည်း သဘောမကျတာတော့ မဟုတ်။ ခေါ်လိုက်လျှင်တော့ စင်စစ် နွေးထွေးသွားသလို ခံစားရသည်။ ဒါပေသိ သူ တကယ််ကလေးအရွယ်မှမဟုတ်ဘဲ။ ခန့်ကိုများကြားလျှင် ကြီးကောင်ကြီးမားကို ကလေးခေါ်တယ်ဆိုပြီး ခုနှစ်ကမ္ဘာကြားအောင် ရယ်ပေလိမ့်မည်။

သူတို့စားသောက်ပြီးစီးတော့ အခန်းထဲ ပြန်မဝင်ဖြစ်ကြသေး။ ပင်လယ်၏ နံနက်ခင်းအလှကို လျှောက်ပတ်ကြည့်ရန် ဆင်းခဲ့ကြသည်။ နေခြည်နွေးနွေး၊ လှိုင်းတဖွေးဖွေးနှင့် ကမ်းစပ်မှာ ဂန္တဝင်ဆန်ဆန်လှပနေသည်။ ကတ္တရာလမ်းမတွေပေါ်တွင် လျှောက်ရတာအကျင့်ဖြစ်နေပေမဲ့ ခပ်အိအိသဲသောင်ပြင်ပေါ် ခြေလှမ်းရသည်မှာ များစွာခံစားမှုကောင်းနေစေသည်။ ထောင်သောင်းမကသော သဲပွင့်လေးတွေဆီ ခြေအစုံတို့ နစ်ဝင်လေတိုင်း လူကတလှပ်လှပ် လှိုက်ဖိုသည်။ သိုသော် နံဘေးက သူ့အရိပ်အကဲကို ခိုး,ခိုးကြည့်နေသော လူတစ်ဦးကြောင့်ပါ ပိုလှိုက်ဖိုလေသလား မပြောတတ်။

ဘယ်လောက်ပဲ ပြီးခဲ့သည့်ကိစ္စကို နှစ်ယောက်လုံးမေ့ထားကြဖို့ပြောပြော ဘေးမှာကိုယ့်ကိုချစ်တဲ့သူ ရှိနေသည်ဆိုသောစိတ်က လူကိုရှိန်းတမြမြဖြစ်နေစေသည်။ ခါတိုင်းဆို လွတ်လွတ်လပ်လပ်နေလို့၊ ပြောလို့ဖြစ်သော်လည်း အခုဆို ကိုယ့်ကိုကြည့်နေမလားဆိုသည့်စိတ်နှင့် တစ်မနက်လုံး သတိထားလုပ်ဆောင်နေမိတာမျိုး။ လှည့်ကြည့်လိုက်လျှင်လည်း တကယ်ကြည့်နေတာပါပဲ။

သို့သော် ခန့်ခန့်ဆိုသည့် သူ့ကိုကြောက်လို့ထင်ပါရဲ့။ လှည့်ကြည့်လျှင် မသိချင်ယောင်ဆောင်ကာ မျက်နှာလွှဲသွားတတ်သည်။ အခုပင်လျှင် လမ်းလျှောက်ရင်းက ခေါင်းငုံ့ကာ ရယ်နေလေသည်။

"ဘာတွေပြုံးနေတာလဲ အဲ့လူကြီး"

"ပျော်လို့"

တဖန် ခေါင်းမော့ကာပြောလာသည်။ အဲ့လူကြီးမျက်နှာမှာ နေအလင်းရောင်ကြောင့် တောက်ပနေသည့်ဟန်။ နဖူးပေါ် တစ်စွန်းတစ ဝဲကျနေသည့်ဆံပင်တို့က တလွင့်လွင့်နှင့်။ မျက်ဝန်းတွေကဆို အရင်ကနှင့်အတူ၊ ရွှန်းရွှန်းစားစားရှိလှသည်။

"အခုလို ချစ်တဲ့သူနဲ့အတူတူ လမ်းလျှောက်ရတာကိုပျော်လို့"

မေ့ထားကြပါမယ်ဆိုကာမှ တည့်တိုးပြောလိုက်မှုကြောင့် ခန့်ခန့် မျက်နှာမထားတတ်စွာ ရှေ့လှည့်လိုက်ရသည်။ ထိုအကြည့်တွေနှင့် မဆုံချင်သလို၊ ရင်လည်းရင်မဆိုင်ဝံ့။ စိတ်ထဲမှာလည်း ရှက်သယောင်ဖြစ်နေသည်မို့ လေတိုက်နေသည့် ကမ်းစပ်တွင် လူကအိုက်စပ်စပ်ဖြစ်လာသည်။

"အကောင်းမေးမလို့၊ အဲ့လိုတွေမပြောနဲ့မှာထားတာကို"

"ဟုတ်ပါပြီ၊ သီချင်းထဲကလို နူးညံ့တဲ့အမိန့်တော်အတိုင်းပါပဲခင်ဗျာ"

သည်တော့မှ မျက်နှာကိုတည်ရင်း ပြန်ကြည့်နိုင်လာသည့် သူ့အဖြစ်။ ရည်းစားစကားပြောခံရသူတိုင်း သူလိုမနေတတ်၊ မထိုင်တတ်ဖြစ်ကြသည်လားမသိ။ ခန့်ခန့်မှာတော့ မကြုံစဖူးမို့ ထူးနေတော့သည်။

"ဒီကိုလာတုန်းက ကားမူးတာလား၊ ကားနားတော့ ဆေးဆိုင်မှာတွေ့လိုက်လို့"

"ဪ ... တွေ့လိုက်သေးတာလာ။ ဟုတ်တယ်၊ ကိုယ် Express တွေစီးရင် မခံနိုင်ဘူး။ မူးတယ်၊ အန်လည်းအန်တယ်"

"အဲဒါဆို မနေ့ကပင်ပန်းနေမှာပေါ့၊ အခန်းလာမနားဘဲ တစ်နေကုန် ဘယ်သွားနေတာလဲ"

"အခန်းအတူချပေးထားတော့ အဆင်မပြေမှာစိုးလို့ မလာခဲ့တာပါ။ မတွေ့ချင်လောက်ဘူးထင်လို့။ တကယ်ဆို ကိုယ် ဒီခရီးကိုလိုက်ဖို့ သင့်၊ မသင့် အတော်ဆုံးဖြတ်လိုက်ရသေးတယ်"

တမင်ရှောင်ပေးသည့်လုပ်ရပ်နှင့် ချက်ချင်းညှိုးငယ်သွားသော သည်အသွင်က ခန့်ခန့် မှာထားသည့်စကားကို သိပ်အလေးအနက်ထားမှန်း ပေါ်လွင်နေသည်။ လူကြီးပေမို့ပဲလား၊ လုပ်ထားသည့်အပြစ်အတွက်တော့ အပြည့်အဝ တာဝန်ယူတတ်သူပင်။

"ဒါဆို အပြန်လမ်းလည်း အဲလိုကြီးခံစားရဦးမှာပေါ့"

"ဟုတ်တယ်၊ အဲ့ဒါမို့ Flight နဲ့ ပြန်ရမလားလို့ တွေးနေတာ။ အိပ်ရေးပျက်တာတွေနဲ့ဆို နောက်တစ်ခေါက် ကိုယ်မခံနိုင်လောက်ဘူး။ ဒါပေမဲ့လည်း အစောဆုံး Flight ကိုက နောက်နှစ်ရက်လောက်နေမှရှိမှာ။ ဒီမှာတစ်ယောက်တည်း ကျန်ခဲ့ရမှာ ပျင်းစရာကြီး"

"ဪ"

အပြန်ကျရင်တော့ အဖော်ရပြီတွေးထားသည့် စိတ်ကူးကလည်း တစ်ခဏအတွင်းမှာပင် ပျက်ပြယ်လေ၏။ ဒါနှင့် မဆီမဆိုင် လည်ပင်းတွင် ကြိုးဆွဲလာသည့်ကင်မရာကိုပဲ စဖွင့်ရတော့၏။ မျက်စိတစ်ဆုံးရှိလှသည့် ပင်လယ်ပြင်ကို ရိုက်ချင်သေးသည်။ ပြီးလျှင် သူကိုယ်တိုင်လည်း ရိုက်ဦးမည်။

"ဟို ဖြစ်နိုင်ရင်လေ..."

မရဲတရဲပြောလသည့် အဲ့လူကြီးကို ကင်မရာနှင့်ချိန်ရင်း မျက်ခုံးပင့်ပြလိုက်၏။ ဖျတ်ခနဲ ရိုက်လိုက်လေတော့ အဆင်သင့်မဖြစ်သေးသည့် မျက်နှာချွန်းချွန်းက ကင်မရာမျက်နှာပြင်တွင် အပြည့်ပေါ်လာလေသည်။

"ကိုယ်နဲ့အတူတူ ပြန်ပေးချင်မလား၊ ဒီမှာတစ်ရက်လောက် နေခဲ့ပြီးတော့လေ။ အန်ကယ်တို့ကို ခွင့်တောင်းဖို့နဲ့ ကျန်တဲ့နေဖို့ထိုင်ဖို့ကိစ္စတွေ ကိုယ့်တာဝန်ထားလို့ ရတယ်"

"ကလေးလို့ ဆက်မခေါ်ရင် နေခဲ့ပေးမယ်"

"ဟမ်!"

ပြောချင်သလိုပြောပြီးမှ ဟိုတယ်က အလှဆင်ပေးထားသည့် ကြိုးဒန်းလေးဆီ ပြေးသွားတော့သည်။ အံ့အားသင့်ပြီးကျန်ခဲ့သည့် အဲ့လူကြီးမှာတော့ နောက်ကမပြေးရုံတမယ် လိုက်လာလေပြီ။ သူ့အတွက် ငပလီလိုကမ်းခြေတွင် စရိတ်ငြိမ်းနှင့် ကျန်နေပေးရမည်မှာ ဘာမှအပန်းမကြီးပေ။ Flight နှင့်ပါပြန်ရမည်ဆို ရန်ကန်ပြန်ဖို့ တစ်ညလုံးကားစီးနေစရာမလိုတော့။

သည်တွင် ပြေးရင်းလွှားရင်း တွေးတောရင်းက‌ ဒန်းပေါ်ပြေးအတက် ခြေချော်ပြီး ဖင်ထိုင်ရက်ပြန်ကျသည်။ သူ့ကင်မရာလေးလည်း သဲတောထဲကျရလေ၏။ အမြင့်ကျတာမျိုးမဟုတ်သော်လည်း ဟန်ချက်ပျက်ပြီးချော်တာမို့ လူကတော့အီစိမ့်သွားသည်။

"အားလားလား"

"နမော်နမဲ့ ပြေးပြန်ပြီကွာ။ ထနိုင်ရဲ့လား။ လာ ... ကိုယ့်ကိုတွဲ"

ဆူငေါက်သလို အပြောလေးနှင့် သူ့ခန္ဓာကိုယ်သေးသေးအား ပွေ့တွဲပေးလိုက်ချိန် ရေမွေးနံ့တစ်ချက်ကို သင်းခနဲရလိုက်သည်။ မရတာကြာပြီဖြစ်သော အငွေ့အသက်တချို့ပင်။ ကားအတူစီးတိုင်း၊ စာသင်ခုံမှာအတူထိုင်တိုင်း ထိုအနံ့သင်းသင်းကို ရနေကျပင်ဖြစ်သည်။

ပြီးနောက် သူ့ကိုယ်လေးကို ရုတ်တရက်ပွေ့ချီရင်း ဒန်းပေါ်အကျအန တင်ပေးလိုက်တာများ ဆွေ့ခနဲ။ 'ဓာတ်ပုံရိုက်ပေးရမယ်မလား' ဆိုပြီး လက်ထဲကကင်မရာကို ဆွဲယူကာ ကိုယ်နေဟန်ထားကအစ ပြောပေးနေသေးသည်။ ခပ်တွေတွေငေးကြည့်နေပြီးမှ ပြောသလိုလိုက်လုပ်ရသူမှာ ခန့်ခန့်တစ်ယောက်သာ။

...........................

ပင်လယ်ကမ်းခြေ၏ နေ့ခင်းအပူချိန်မှာ‌ လေတဖြူးဖြူးရှိလှသော်လည်း ပူစပ်ပူလောင်ဖြစ်နေတတ်သည်။ နေပူထဲထွက်နေလို့ မကောင်းသလို၊ သွားစရာလည်း မရှိလှတာမို့ အမိုးအကာရှိသည့် အခန်းထဲတွင်သာ နေဖြစ်ကြသည်။ ဇေယျာမှာ အလုပ်တွေသယ်လာတာဖြစ်၍ ဖုန်းပြောလိုက်၊ Mail စစ်လိုက်နှင့် အမှာစာစာရင်းတွေ အပြန်ပြန်အလှန်လှန် စိစစ်ရသည်။ ရန်ကုန်ဆိုင်ခွဲတွေအတွက်သာ မဟုတ်ဘဲ တခြားမြို့ကြီးတွေအတွက်ပါ တာဝန်ယူထားသူမို့ ခရီးဆိုပြီးလည်း စိတ်လွတ်လက်လွတ် ထွက်ရတာမျိုးမဟုတ်။

အပြင်အလင်းရောင်ရအောင် ခန်းဆီးစကို ဆွဲဖွင့်ထားတာမို့ ခုံတွင်ထိုင်ရင်း အလုပ်လုပ်နေသူအဖို့ ကမ်းခြေငေးလိုက်၊ ဖုန်းပြောလိုက်သာ။ တစ်ခါတရံ အိပ်ရာပေါ်တွင် ပုံစံမျိုးစုံနှင့် လူးလှိမ့်နေသောကလေးတစ်ယောက်ကို ခိုး,ခိုးငေးရတာကလည်း သိပ်အရေးပါသည့် အလုပ်တစ်ခုနှယ်။ ပေါ်တင်ကြည့်လျှင် စိတ်ဆိုးသလိုဟန်ရှိတာမို့ သူ့ခမျာမရဲလှ။ ညကမှ အဆင်စပြေထားတာမို့ မသိမသာနှင့်သာ အရိပ်တကြည့်ကြည့် ရှိရသည်။

အစကတော့ ခေါင်းအုံးပေါ်အိပ်ရင်း ဂိမ်းဆော့နေတာ အသည်းအသန်။ Airpods ကိုတကူးတကတပ်ပြီး ဆော့နေတာမို့ သူ အလုပ်လုပ်နေတာကို တမင်မနှောင့်ယှက်ချင်ခြင်း ဖြစ်လိမ့်မည်။ သို့သော် တစ်နာရီနီးပါးရှိလုတော့ ခေါင်းကိုနောက်ဦးတည်ကာ လူကဝမ်းလျာမှောက်ပြီး ခြေထောက်နှစ်ချောင်းကို ဟိုရမ်းသည်ရမ်း လှုပ်လာချေပြီ။ ရိုက်ပေးထားသည့်ပုံတွေကို ကင်မရာထဲကကူးကာ ပြင်နေပုံရသည်။

"အဲ့လူကြီး"

ဒါသည် ဘာဖြစ်ရသည်မသိ။ အလုပ်လုပ်နေခိုက် ဆောင့်ကြီးအောင့်ကြီးခေါ်ရင်း အနားရောက်လာတာမို့ ဇေယျာ မျက်ခုံးလေးပင့်ပြရသည်။

"ကျွန်တော် ပျင်းလာပြီ။ အဲအလုပ်တွေ မပြီးသေးဘူးလား"

"နောက်မှအပြီးသတ်လည်း ရပါတယ်။ ပျင်းလာပြီဆိုတော့ ဘာလုပ်ချင်တာလဲ"

နဖူးပေါ်ကျနေသည့် ဆံစတွေကိုထိုးဖွရင်း သူ့မွေ့ရာပေါ်ထိုင်ပြန်၏။ အငြိမ်မနေတတ်သူမို့ အခန်းထဲတင် လမ်းပျောက်နေသည့်နှယ်။ ဒါတောင် မနက်ကပဲ ပိုပိုလိုလို မုန့်ထွက်ဝယ်ပေးထားသေးသည်။ အပျင်းပြေ တစ်ထုပ်လောက်ဖောက်ပြီး ဆက်မစားတော့။

"ဂိမ်းဆော့ရအောင်လေ၊ အဲ့လူကြီး ဘာဂိမ်းတွေဆော့လဲ"

"ဂိမ်းဆိုသိပ်မဆော့တတ်တော့ ဖုန်းထဲတောင် ဘာမှမရှိဘူး။ သူငယ်ချင်းနဲ့ဆော့လေ"

"အဲ့ကောင်ကလည်း ခဏဆော့ပြီး စော်နဲ့ပါသွားပြီ။ ပျင်းပါတယ်ဆို"

"ဂိမ်းမဟုတ်ဘဲ ဒီတိုင်းဆော့လို့ရတာမျိုးရှိရင် ဆော့မယ်လေ"

"Game မဟုတ်ပဲဆိုတော့..."

လက်နှစ်ဖက်ကို မွေ့ရာပေါ်နောက်ပြန်ထောက်ရင်း တွေးတောနေပုံကို ဇေယျာ အသည်းမယားဘဲမနေနိိုင်။ လုပ်လက်စအလုပ်တွေကို ပိတ်ချလိုက်ပြီး ကလေးတစ်ယောက်လို ချစ်စရာကောင်းသူလေးထံပဲ လှည့်ကြည့်နေမိသည်။ မျက်လုံးဝိုင်းဝိုင်း၊ နှုတ်ခမ်းဖူးဖူးနှင့် ပါးမို့မို့ကလေးက ဘယ်ချိန်ကြည့်ကြည့် ဖျစ်ညှစ်ချင်စရာကောင်းနေ၏။

"အာ သိပြီ။ Truth or Dare ဆော့မလား"

"Truth or Dare ဆိုတာ ဘယ်လိုဆော့ရတာလဲ။ ငယ်ငယ်ကလို အမှန်ပြောကြေးလား"

"အဲလိုမျိုးပဲ။ အမှန်ပြောမလား၊ ခိုင်းတာလုပ်မလား။ အကြွေစေ့နဲ့‌ ခေါင်း၊ ပန်းလှန်ရွေးကြမယ်"

"ဆော့မယ်လေ၊ ဒီလောက်ကတော့အေးဆေးပါ။ ကိုယ့်မှာ အကြွေစေ့ပါတယ် ... ဘာယူမလဲ ဂျစ်တူးလေး"

ပိုက်ဆံအိတ်ထဲက အကြွေစေ့ထယူချိန် မထိတထိလေး စလိုက်မိသည်။ ကလေးခေါ်ခွင့်မရ၍ သူနောက်တစ်မျိုး စမ်းခေါ်ကြည့်လိုက်တာပင်။ လမ်းလျှောက်ရင်းမှ ကြည့်လိုက်တော့ သူ့ကိုဂျစ်တူးခေါ်လို့ ရုတ်တရက် တွန့်သွားလိုက်သည့်နှုတ်ခမ်းလေး။

"လူကိုနာမည်ဖျက်နေလိုက်"

ဆက်မစရဲတော့သောဇေယျာမှာ အကြွေစေ့ယူပြီး မွေ့ရာပေါ်တက်ရသည်။ ကလေးအရွယ်လေးကို ချစ်မိတော့လည်း ကလေးကစားနည်းတွေ လိုက်ဆော့ပေးရတော့၏။ သူကပန်းဆို၊ ကိုယ်ကခေါင်းရွေးလိုက်သည်။ အတွန့်တက်နေတာမျိုးတွေ မလုပ်ဖြစ်၊ အလိုလိုက်ရသမျှ အလိုလိုက်မည်။ သည်ကလေးစိတ်ချမ်းသာမှုက သူ့စိတ်ချမ်းသာမှုကို ဖြစ်စေပြီး သည်ကလေး၏ပျော်ရွှင်မှုက သူ့ကိုစိတ်လက်ချမ်းသာမှု ဖြစ်စေသည်အထိပင်။

အချစ်ဆိုတာ တိုက်ရိုက်အချိုးကျသည့် ပုံသေနည်းတစ်ခုလေပဲလား။

"ကဲ ... ပန်းကျတယ်နော်"

အကြွေစေ့ကို လက်မပေါ်တင်ပြီး မြှောက်တင်လိုက်ကတည်းက သေချာကြည့်သည့်ကောင်လေးမှာ မကျေနပ်ချင်။ ဘာတွေမေးချင်မှန်းမသိပေမဲ့ သူချည်းခဏခဏကျနေလို့ ရုပ်ကတော့ ရှုပ်မဲ့လို့ပါပဲ။ မွေ့ရာတစ်ခုတည်းပေါ် မျက်နှာချင်းဆိုင် ထိုင်နေကြတာမို့ ပါးမို့ပေါ်က မွှေးညှင်းလေးတစ်ချက် လှုပ်ခတ်လျှင်တောင် ဇေယျာမြင်နိုင်သည့် အနေအထားပင်ဖြစ်၏။

"ကျွန်တော်ချည်း ကျနေတာ။ ဒီတစ်ခါတော့ True ပဲ။ Dare ဆိုပေါက်တတ်ကရတွေ လျှောက်လုပ်ခိုင်းတာ"

သူ့ကိုချစ်စကောင်းတဲ့ပုံလေး လုပ်ပြပါပဲ တောင်းဆိုမိတာ ရှက်သတဲ့လေ။ အခုတော့ မေးခွန်းအလှည့်ပင်ဖြစ်၏။ အခွင့်ကောင်းရခိုက် သူ မေးချင်နေသည်က-

"အခုလောလောဆယ် ဂျစ်တူးလေးမှာ ချစ်ရတဲ့သူရှိလား"

ဇေယျာ အရဲစွန့်သာမေးရသည်။ စိတ်ဆိုးမှာလည်း ကြောက်ရလေတော့ အဖြေကိုစိုးထိတ်စွာ နားစွန့်ရသည်။ တကယ်လို့များ မရှိသေးလျှင် မျှော်လင့်ခွင့်များရှိလေမလား။ ပြီးခဲ့သည့်ကိစ္စကို ဘယ်လိုပင်မေ့ကြစေဦးတော့ ခံစားချက်ဆိုတာ လွယ်လွယ်ပျောက်ရိုးရှိလေလို့လား။

"ဘယ်သူ့မှမချစ်ဘူး။ ပေး ... ဒီတစ်ခါ ကျွန်တော်လုပ်ကြည့်မယ်"

လက်ထဲက အကြွေစေ့ကိုလုယူလေတော့ လက်ချောင်းသေးသေးတို့၏ အထိအတွေ့ကို ခဏတာတော့ ခံစားလိုက်ရသည်။ ထို့နောက် နှုတ်ကပွစိပွစိတချို့ကို ရေရွတ်လျက် အကြွေစေ့ကိုပစ်မြှောက်လိုက်ပုံက ချစ်စဖွယ်ကောင်းပြန်သေးသည်။

"မြင်လား၊ မြင်လား။ ခေါင်းနော်၊ ဒီတစ်ခါတော့ တွေ့ပြီပဲ။ True or Dare ... အဲ့လူကြီးရွေး"

"Dare ပါဗျာ"

သူ့အချစ်နှင့်ပတ်သက်သည့် အကြောင်းတချို့များမေးရင် သိပ်ကောင်းလိုက်မည့်အဖြစ်။ အခုတော့ နှုတ်ဖြင့်တရားဝင်ပြောပြလို့မရသည့် ချစ်ခြင်းတို့အား အနားမှာရှိနေပေးရင်း ကြင်နာယုယပေးနိုင်ရုံသာရှိသည်။ တားထားသည့်စည်းကို သူ ကျော်၍မဖြစ်။

"သီချင်းဆိုပြလိုက်တော့။ ကျွန်တော်ကအငယ်ပေမဲ့‌ ပေါက်တတ်ကရ မလုပ်ခိုင်းဘူးနော်။ ကောင်းကောင်းတော့ဆို"

"ကိုယ်သိပ်မဆိုတတ်ဘူးကွ"

"မဆိုတတ်ရင်တော့ မျောက်က,ကပြရမှာ"

သည်အချိန်တွင် ဇေယျာ ညစ်တွေး,တွေးမိသွားသည်က အခွင့်အရေးအား ရလျှင်ရသလို အသုံးချရမည်ကိုသာ။ အသံနှင့် အဆိုကောင်းခြင်း၊ မကောင်းခြင်းထက် ခံစားသက်ဝင်မှုနှင့် သီချင်းရွေးချယ်မှုကသာ အရေးကြီးသည်မလား။

"သီချင်းပဲဆိုမယ် အဟင်း"

မျက်နှာကိုတည်ကာ စဆိုမိလိုက်သည်က ထပ်တလဲလဲ နားထောင်ဖြစ်နေသော Rဇာနည်၏သီချင်းပင်။

🎵 ပြောင်းလဲခြင်းရဲ့ အိပ်မက်များထဲ ရောက်နေ
မင်းနဲ့ဝေးတဲ့ ခရီးများ ရှေ့ကိုဆက်..
ကိုယ်ဟာ အမှောင်ဆုံးလမ်းတွေ
တစ်ယောက်တည်း လျှောက်နေရ..
ဘယ်လို ကံကြမ္မာအဆိုး နှိပ်စက်
တို့နှစ်ယောက် အဝေးဆုံး လွင့်ထွက်ခွဲခွါခဲ့ရ..

ကလေးရေ.. မင်းနဲ့နောက်ထပ် ဆုံချင်ပြီ
ဘဝမှာ ငါအလိုအပ်ဆုံး မင်းရဲ့မေတ္တာတရား..
မင်းရဲ့ ဂရုဏာမျက်ဝန်းလေးတွေ ပြန်မြင်ချင်ပြီ
အရင်လို ချစ်တုန်းပဲ ကလေးရေ.. 🎵

ဇေယျာ့မျက်လုံးကို ခန့်ခန့်မျက်ဝန်းအိမ်တွေဆီ သေချာလိုက်ကြည့်ပြီး ဆိုနေမိ၏။ ကလေးတစ်ယောက်လို ဖြူစင်သူလေးကတော့ မနေတတ်၊ မထိုင်တတ် ဖြစ်၍ထင်သည်၊ ခဏခဏ အကြည့်လွှဲသွားတတ်တာပင်။ အချစ်ကို စိတ်မဝင်စားတာလား၊ တမင်ပဲ ဖယ်ရှောင်နေသလား။ အဓိပ္ပါယ်ကို မျက်နှာတွင်အဖြေရှာရင်း ဆိုနေမိသည်က တမြေ့မြေ့။ နှစ်ဦးသား၏ရင်ခုန်သံတွေမှာလည်း လှိုက်နွေးပြီး တဒိတ်ဒိတ်။

"ပြီးပြီမလား၊ တစ်ခါထပ်လှည့်မယ်"

သီချင်းကိုပင် နောက်တစ်ပိုဒ်အကူးမခံအောင်ထိ ရှက်တတ်သည့်ကလေးဖြစ်သည်။ သိို့သော် ဝန်ခံနေတာမျိုးလည်းမဟုတ်။ မာနခဲလေးက ခပ်တည်တည်ဖြင့်သာ အကြွေစေ့ကို တစ်ခါလှည့်လိုက်သည်။

"ကိုယ်ဆိုတာကို နည်းနည်းလေးတောင် ကောင်းတယ်၊ မကောင်းဘူး မပြောတော့ဘူးလား"

"ကောင်းပါတယ်၊ ကောင်းပါတယ်။ ဒီမှာနော် ခေါင်းပဲပြန်ကျတယ်"

လက်ဖဝါးကို ရှေ့တိုးဖြန့်ပြရင်း ပြောလာပုံက ချစ်စရာအတိ။ သူဖြစ်ချင်ရာဖြစ်နေရလို့ ပြောနေသည့်ကလေးပါပဲ။

"ကဲ အမှန်ပြောမလား၊ ခိုင်းတာလုပ်မလား။ ဘာရွေးမလဲ အဲ့လူကြီး"

"Dare ပဲ"

"ဪ တော်တော်သတ္တိရှိနေတယ်ပေါ့။ ဒါဆို အဲ့လူကြီးဖုန်းထဲက ပုံတွေပြရမယ်။ အဟမ်း ... ဘာဘာညာညာတွေ သိမ်းထားရင်တော့လား"

"အာ ... အဲ့လိုတွေမရှိပါဘူး။ ဒါပေမဲ့ အဲဒါအစား တခြားဟာလုပ်ခိုင်းပါလား"

ချစ်လွန်းလို့ ခိုးရိုက်ထားသည့် ပုံရိပ်တွေကို မြင်မှာစိုး၍ ဇေယျာ အသည်းအသန် ငြင်းနေရသည်။ အတန်းထဲတွင် အိပ်ချင်မူးတူးဖြစ်နေပုံ၊ ဈေးဝယ်ထွက်လျှင် အငမ်းမရစားသောက်တတ်ပုံ၊ သူ့အိမ်မှာ PowerPoint ကလာလုပ်စဉ်က ဂျစ်ကပ်ကပ်ပုံစံကလေး ... သည်လိုချစ်စဖွယ်အမှတ်တရတိုင်းကို မှတ်တမ်းတင်ထားဖြစ်သော သူ့ဖုန်းထဲကပုံတွေကိုမြင်လျှင် ဘယ်လိုအပြစ်ဆိုပါမည်နည်း။

"မရဘူးလေ၊ စည်းကမ်းအရ ခိုင်းတဲ့အတိုင်းပဲ လုပ်ရမှာ။ ယူလိုက်မယ်နော်"

ပြောနေရင်းက အိတ်ကပ်ထဲကဖုန်းအား လာလုတဲ့ကလေးရယ်ပါ။ သို့ပေမဲ့ အမြန်သိမ်းနိုင်လိုက်တာမို့ ခန့်ခန့် လုံးဝမမှီလိုက်ပေ။

"မကြည့်ချင်ပါနဲ့ဆိုကွာ"

"မရဘူး၊ ပေးဆိုပေး"

ဖုန်းလိုချင်ဇောနှင့် အတင်းဇွတ် လာလုသည့်ကလေးကြောင့် ဇေယျာ အနောက်ရှိခေါင်းအုံးပေါ် မှီကျသွားလေ၏။ တပြိုင်တည်းဆိုသလို အပေါ်ကအုပ်မိုးကာ လက်ထဲကဖုန်းကို လာလုသောကလေးကပါ အရှိန်လွန်ပြီး သူ့ရင်ခွင်ထဲ ပြုတ်ကျတော့၏။ မနီးကပ်ဖူးသည့် ခန္ဓာကိုယ်ချင်း ဖိကပ်လိုက်ရုံနှင့် ရင်တွေတလှပ်လှပ် ခုန်လာသည်။

"ရေး ... ရပြီကွ၊ ဒီဖက်မျက်နှာလှည့်"

ဇေယျာ ယောင်နနနှင့် ရင်ခုန်နေခိုက် သွက်လက်သည့်ကောင်လေးကတော့ Face ID ကို သူ့မျက်နှာရှေ့လာဖွင့်သွားသည်။ ပြီးလျှင် ကုတင်ပေါ်မှ ပြေးဆင်းသွားတော့၏။ တားလည်းမမှီတော့သည့် အတူတူမို့ မွေ့ရာပေါ်တွင် မျက်နှာမကောင်းစွာ ကျန်ရစ်သူမှာ ဇေယျာတစ်ယောက်သာ။

"ဘာတွေပါမလဲဆိုတော့ကာ ... ဟင်"

လက်ညှိုးလေးတစ်ချောင်းကို အထက်၊ အောက်ရွှေ့ရင်း အံ့ဩနေပုံက ခိုးရိုက်ထားသည့်သူ့ပုံတွေ မြင်လို့ပဲဖြစ်ပေလိမ့်မည်။

"ဘာလို့ ကျွန်တော့်ပုံတွေ ဒီလောက်အများကြီး။ ပြီးတော့ ဒီအတွင်းမျက်နှာပြင်က Wallpaper ကလည်း ကျွန်တော်ပဲ။ အဲ့လူကြီး ..."

ဆောင့်ကြီးအောင့်ကြီးနှင့် သူ့နာမည်ကိုရေရွတ်ရင်း မွေ့ရာပေါ်လာထိုင်လေသည်။ နှုတ်ခမ်းဖူးဖူးမှာလည်း ပန်းသွေးရောင်သန်းနေသည်ထိ ဆူပုတ်ထားတာဖြစ်သည်။

"ကိုယ် တောင်းပန်တယ်နော်။ ဒီတိုင်း ... ဒီတိုင်းချစ်ဖို့ကောင်းလို့ ရိုက်ထားမိတာတွေ"

"အကုန်ပြန်ဖျက်ပေး"

"တကယ်ဖျက်ရမှာလား၊ ကိုယ် သေချာသိမ်းထားတာကို"

အရှိန်နဲ့လုထားမှုကြောင့် ပုံပျက်နေသည့် ကလေး၏ဆံစများအား မသိမသာပြန်ညှိပေးရင်း ဇေယျာ မေးလိုက်လေခြင်း။ သို့ပေမဲ့ မကြာလိုက်၊ သူ့လက်ကိုဖယ်ချကာ ငုံ့ထားရာက မော့ကြည့်လာ၏။ အရင်ထဲက ဆံပင်သပ်ပေးတိုင်း အမြဲဖယ်ချပုံထောက် မကြိုက်လေလို့များလား၊ မနေတတ်လေလို့ပဲလား။

"အဲလောက်ချစ်တာလား"

"ဂျစ်တူးလေး ထင်နေတာထက် အများကြီးပိုတယ်"

မပြုံးမရယ်သလို၊ မဲ့ရှုံ့ခြင်းလည်းမရှိသော သည်ကလေးမျက်နှာမှာ ခန့်မှန်းရခက်လိုက်လေခြင်း။ သူပြောတာကို စိတ်ဆိုးပုံတော့မရပေမဲ့ စိတ်မကောင်းဟန်တော့ ရှိသည်။ တကယ်ပဲ ညီအစ်ကိုလိုရှိသင့်သည့်စည်းကို သူ ကျော်မိသွားတာထင်၏။

"အပြင်ခဏထွက်လိုက်ဦးမယ်"

ကောက်ခနဲ ကပျာကယာထွက်သွားသူအား သည်တစ်ခါတော့ မတားဖြစ်ပါပေ။ သူလည်း လက်ခံနိုင်ဖို့ အချိန်တစ်ခုလိုအပ်လိမ့်မည်။ အချစ်နှင့်ပတ်သက်လျှင် အတွေ့အကြုံနည်းသေးသော ကလေးသာသာအရွယ်မို့ စိတ်ရှုပ်ထွေးနေမှာတော့ အမှန်ပါပဲ။

သို့ပေမဲ့လည်း ငပလီကမ်းခြေက အဖြစ်အပျက်တွေမှာ ဇေယျာအတွက် မယုံနိုင်စရာပဲမလား။ အခန်းထဲတစ်ယောက်ထဲရှိခိုက် ထက်မြက်ကိုပင် ဖုန်းဆက်ပြောရဦးမည်။ နောက်ဆုံးနှုတ်ဆက်ရမည်ဟု ထင်ထားသည့်ခရီးမှာ ကြည်နူးဖွယ်ရာအတိ၊ မြတ်နိုးဖွယ်အတိနှင့်။

ကံကြမ္မာသည် သူ့အား မျက်နှာသာပေးပါပြီလား။

(26/9/2020)
••••••••••••••••••••••••••••••••••••••••••

<Zawgyi>

တိုးတိတ္စြာ ရွူရွိုက္ေနေသာ အသက္ရွူသံညင္းညင္းသည္ လူတစ္ေယာက္ကို စြဲလမ္းေစနိုင္ပါသလား။

အျခားသူမ်ားေတာ့မသိ၊ ေဇယ်ာကေတာ့ သည္ကေလးႏွင့္ပတ္သက္လၽွင္ အသက္ရွူသံေလးကအစ ျမတ္နိုးလာသည္။ စိတ္လွုပ္ရွားၿပီး ေပ်ာ္ေနလြန္းေတာ့ ညကလည္းအိပ္မက္လွသည္။ မနက္အေစာႀကီးလည္း နိုးေနျပန္သည္။ ထက္ျမက္ေျပာသလို အခ်စ္ရဲ့ စြမ္းအင္ေတြပင္ ျဖစ္လိမ့္မည္ထင္၏။

သူ႔မ်က္လုံးဖြင့္သည္ႏွင့္ ေဘးဖက္ကုတင္ေပၚတြင္ တေစာင္းအိပ္ေနေသာ ကေလးမ်က္ႏွာေလးကို ျမင္ရသည္။ အိပ္မက္အလား မယုံၾကည္နိုင္ဖြယ္ျဖစ္ေနေသးေပမဲ့ ဒါသည္တကယ္ပင္ျဖစ္သည္။ သည္ကေလးအခ်စ္ကို ျပန္မရေသာ္ျငား အနည္းဆုံးေတာ့ အမုန္းမခံရေတာ့သည္မို႔ ေပ်ာ္ရႊင္မိသည္။ အရင္လိုအေျခအေန ျပန္ျဖစ္ခြင့္ေပးတာမို႔ ေက်းဇူးတင္မိသည္။ ယခုလို အိပ္ရာထပါျမင္ေနရေတာ့ ပိုလို႔ၾကည္ႏူးမိတာပင္။

မရင္းႏွီးေသာ ဟိုတယ္အခန္းတြင္းမွ သူ ထပ္ရင္းႏွီးခ်င္ေသာ ထိုကေလး။ ေဘးတေစာင္းအိပ္ေန၍ မို႔ေဖာင္းေနေသာပါးျပင္ကား တစ္ဖက္သာအျပည့္အဝ ျမင္ရသည္။ ဖူးဖူးျပည့္ျပည့္ႏွုတ္ခမ္းေလးမွာလည္း အနည္းငယ္ ဆူေနသေယာင္။ ဆံစမ်ားမွာေတာ့ ဘယ္ညာယိုင္ကာ ဟိုတစ္စ၊ သည္တစ္စ။ မျမင္တာၾကာၿပီျဖစ္ေသာ အစိတ္အပိုင္းတိုင္းကို သူ အၾကာႀကီးၾကည့္ေနမိတာ ေဆြးတသသႏွင့္။

ကေလးေရ ... သည္အေတာအတြင္း ကိုယ္ မင္းကို ဘယ္ေလာက္ေတာင္ လြမ္းေနခဲ့ရသလဲ။ မင္းကကိုယ့္ကို အစ္ကိုတစ္ေယာက္လိုသတ္မွတ္ရင္ မင္းရဲ့ေဘးမွာ တစ္သက္လုံး အစ္ကိုတစ္ေယာက္လို ေစာင့္ေရွာက္ေပးသြားမယ္။ ကံေကာင္းလို႔ ခ်စ္သူတစ္ေယာက္လိုမ်ား ျပန္ခ်စ္ခဲ့ရင္လည္း ေသတစ္ပန္၊ သက္တစ္ဆုံး ရိုးေျမက် ေပါင္းသင္းသြားခ်င္မိတယ္။

အနားမွာအျမဲမရွိနိုင္သည့္တိုင္ သြားေတြ႕လို႔ရနိုင္တဲ့အကြာအေဝးတိုင္းကို ကိုယ္ အေျပးလာေတြ႕မယ္။ မင္းမရွိဘဲ ဘဝကို အထီးက်န္ဆန္ဆန္ ျဖတ္သန္းရမွာထက္စာရင္ ကိုယ့္မွာရွိသမၽွ အခ်စ္ေတြ၊ ေမတၱာေတြ၊ ေဖးမမွုေတြပုံေပးၿပီးပဲ စိတ္ခ်မ္းသာေအာင္ ကိုယ္ထားပါမယ္။

ဘာလို႔လဲဆိုေတာ့ မင္းက ကိုယ့္ရဲ့တစ္ခုတည္းေသာ Happy pill (ေပ်ာ္ရႊင္ေစတဲ့ေဆး) ေလးမို႔ပဲ ... ကေလးရယ္။

တစ္ကိုယ္တည္း ၾကည့္ရင္းေတြးရင္းရွိေနခိုက္ အသည္းယားစရာ မ်က္ႏွာကေလးက လွုပ္ရွားလာသည္။ နိုးတစ္ဝက္၊ မနိုးတစ္ဝက္ႏွင့္ လက္ကေလးသာ အေနအထားေျပာင္းၿပီး မ်က္ဝန္းအိမ္တို႔က ပြင့္မလာ။ ေဇယ်ာ မေနနိုင္သည့္အဆုံး ထိုကေလးကုတင္ေဘးသို႔ အသာကပ္ကာ ၾကည့္မိျပန္၏။ မ်က္ႏွာမသစ္ထားရေသးသည့္ မ်က္ႏွာေလးကပင္ ခ်စ္စဖြယ္အတိ။ အနီးကပ္မွျမင္ရသည့္ မ်က္ေတာင္ေလးမ်ားကလည္း ေကာ့ညြတ္ေနၾကသည္။

"ေဟး"

အေနာက္ကိုေျခတစ္လွမ္းဆုတ္ၿပီးမွ အသံေဖ်ာ့ေဖ်ာ့ႏွင့္ ႏွိုးလိုက္ျခင္းျဖစ္သည္။ နိုးတစ္ဝက္ျဖစ္ေနေသာ ေကာင္ေလးမွာ ခ်က္ခ်င္းဆိုသလို မ်က္လုံးပြင့္လာပါ၏။

"ထလို႔ရၿပီ"

"ေစာပါေသးတယ္။ အိပ္ဦးမယ္"

တစ္ခါမွမျမင္ဖူးသည့္ အိပ္ခ်င္မူးတူးေျပာေနေသာ ပုံစံေလးအား သူ ေန႔တိုင္းျမင္ခ်င္လိုက္ပါဘိ။

"ေျပာေတာ့ ကိုယ္နိုးရင္ႏွိုးဆို"

"ေစာေသးတယ္။ အဲ့လူႀကီး ေရသြားခ်ိဳးလိုက္၊ ၿပီးမွလာႏွိုး"

မ်က္လုံးမဖြင့္ဘဲ ေျပာေနပုံက သူ႔ကိုဆက္ႏွိုးေစခ်င္ပုံမေပၚ။ ေဇယ်ာ လက္ေလၽွာ့ကာ မ်က္ႏွာသစ္၊ ေရခ်ိဳးဖို႔ျပင္လိုက္သည္။ ႏွစ္ေယာက္တစ္ခန္း ေနရေသာသူတို႔အဖို႔ ေရခ်ိဳးခန္းက တစ္ေယာက္ၿပီးမွ တစ္ေယာက္သုံးရတာပင္။ မေန႔ညက ခပ္လန႔္လန႔္ႏွင့္ဝင္လာရၿပီး ေရတန္းခ်ိဳးခိုင္းသည့္အျဖစ္ကို သတိရျပန္ေတာ့ ရယ္ခ်င္မိျပန္သည္။

တဘက္တစ္ထည္ပတ္ကာ ဝင္သြားေတာ့ သြားတိုက္ေဆး၊ သြားတိုက္တံ၊ ေခါင္းေလၽွာ္ရည္ကအစ အိမ္ကယူလာတာ ေသခ်ာေတြ႕ရသည္။ ညကအျမန္ဝင္ရတာမို႔ မရွင္းေပမိေပမဲ့ အခုေတာ့ အစီအရီထားေပးလိုက္သည္။ အျပာႏုေရာင္သြားတိုက္တံေလးတြင္ သုံးလက္စသြားတိုက္ေဆးေလးကိုပါ ထည့္ေပးမိေတာ့ စည္းေက်ာ္တယ္ဆိုၿပီး စိတ္ဆိုးမွာလည္း ခပ္ေၾကာက္ေၾကာက္ရယ္ပါ။

သည္လိုႏွင့္ ေဇယ်ာ ေရခ်ိဳးၿပီးျပန္ထြက္လာခ်ိန္၌ ကေလးကို တကယ္ႏွိုးစရာမလိုခဲ့ပါ။ အိပ္ရာေပၚတြင္ ငူငူေလးထိုင္ကာ ေငးငိုင္ေနသည့္အျဖစ္။

"အိပ္ေရးဝၿပီလား"

"အင္း"

'အင္း' ဆိုေပမဲ့ လူကေၾကာင္ေၾကာင္ကေလး ရွိေနဆဲပင္။ မနက္ခင္းအိပ္ရာထလၽွင္ ခ်က္ခ်င္းေကာက္ထတတ္သူႏွင့္ ခဏတာေငးငိုင္ၿပီးမွ ထတတ္သူထဲတြင္ သည္ကေလးက ဒုတိယအမ်ိဳးအစားထဲကပင္ ျဖစ္လိမ့္မည္။ ေဇယ်ာကိုယ္တိုင္ကေတာ့ ပထမအမ်ိဳးအစားျဖစ္၏။ တိက်သည့္အခ်ိန္ႏွိုးစက္ျမည္တာႏွင့္ ေျခေညာင္းလက္ဆန႔္လုပ္ၿပီး ထတတ္တာပင္။

သည္မနက္သာ ကေလးတစ္ေယာက္ကို ေငးၾကည့္ေနမိေလလို႔။

"ကိုယ္ဘာဝတ္ရမလဲ ၾကည့္ေပးမလား။ မေတြးတတ္လို႔ အစုံထည့္လာတာ"

အရင္လို ရင္းရင္းႏွီးႏွီးေျပာလိုက္ေသာ ေဇယ်ာ့အေမးကို ေခါင္းေလးတစ္ခ်က္ညိတ္ကာ လက္ခံသည္။ အေျခအေနသည္ ထင္သေလာက္မဆိုးလွ။ ျဖစ္ခဲ့သည့္ျပႆနာအေပၚ သည္ကေလးက စိတ္ဆိုး၊ စိတ္ေကာက္တာထက္ ႐ုတ္တရက္ ေၾကာက္လန႔္ခဲ့တာျဖစ္မည္ဟု သူ ေယဘုယ်ေကာက္ခ်က္ခ်မိလိုက္၏။

........................

စိတ္လက္ေပါ့ပါးေသာ ကမ္းေျခနံနက္ခင္းတစ္ခုကို ခန႔္ခန႔္ ႏွစ္ၿခိဳက္ေနမိသည္။ စိတ္လက္ေပါ့ပါးသည္ဆိုျခင္းက မိမိႏွင့္အဆင္မေျပေသာသူ မရွိေတာ့ျခင္း၊ ေလ့လာစရာတာဝန္ေတြ မေန႔ကပင္ အၿပီးသတ္သြားျခင္းတို႔ေၾကာင့္ပင္။

ဒါမို႔ ဟိုတယ္ေလၽွာက္လမ္းတြင္ ေလၽွာက္လွမ္းေနမိတာက တက္ႂကြဟန္အျပည့္ႏွင့္ျဖစ္သည္။ ေက်ာက္ျပားခင္းထားေသာ မီးခိုးေရာင္အကြက္တို႔ကို တစ္ကြက္စီေက်ာ္နင္းရင္းေလၽွာက္ေတာ့ သူ႔ရွူးဖိနပ္အျဖဴေလးက အေတာ္ထင္းေနသည္။ ေဘာင္းဘီအညိဳရင့္ေရာင္ကလည္း ဒူးထိသာရွည္တာမို႔ ေျခသလုံးေသးေသးသည္လည္း အထင္းသား။ လည္ပင္းတြင္လည္း ကင္မရာေလးတစ္လုံးကို ေပါ့ေပါ့ပါးပါး ဆြဲလာေသးသည္။

ေဆာ့ေလၽွာက္ေနရာက ေနာက္လွည့္ၾကည့္ေတာ့ အဲ့လူႀကီးက သူ႔ကိုျပဳံးျပဳံးႀကီး ၾကည့္ေနတာျဖစ္သည္။ ကမ္းေျခေရာက္တုန္းမို႔ ေပါ့ေပါ့ပါးပါး ျဖစ္မည့္ ေဘာင္းဘီအတိုကို တမင္ဝတ္ေစလိုက္သည္။ လူငယ္ဆန္သည့္ လိေမၼာ္နီေရာင္ေဘာင္းဘီတိုႏွင့္ အေပၚကအျဖဴခံရွပ္မွာ လိုက္ဖက္မွုရွိလွတာပင္။ အေရာင္လြင္လြင္ကို တမင္ေရြးေပးထားတာမို႔ လူငယ္ဆန္သြားသည့္ အဲ့လူႀကီးအသြင္မွာ တစ္မ်ိဳးထူးျခားေန၏။

"ဘာျဖစ္လို႔လဲ"

"ဘာမွမဟုတ္ပါဘူး။ လာ ... ဗိုက္ဆာေနၿပီ"

မနက္စာကို အက်န္ေတြခ်ည္း မစားခ်င္တာမို႔ အလ်င္ထြက္စားၾကရန္ ဆုံးျဖတ္သည္မွာ ခန႔္ခန႔္ပင္ျဖစ္သည္။ သို႔ေပမဲ့ ဘယ္ေလာက္ေစာသည္ေျပာေျပာ ထိုေနရာေရာက္ေတာ့ သူလိုကိုယ္လို ေစာထြက္လာၾကသည့္ ခရီးသည္ေတြကအမ်ားသားပင္။

ဘူေဖးစနစ္ မနက္စာမ်ားတြင္ စားဖြယ္ေတြက အစုံအလင္။ ျမန္မာစာ၊ ျမန္မာမုန႔္၊ နိုင္ငံျခားစတိုင္လ္ အသားျပား၊ ေပါင္မုန႔္မီးကင္ေတြ စားေသာက္လို႔ရနိုင္ေသာ္လည္း ခန႔္ခန႔္က အိမ္မွာစားေလ့မရွိသည့္ မုန႔္ဟင္းခါးပူပူေလး ေရြးယူလိုက္သည္။ ငါးဖယ္တခ်ိဳ႕ႏွင့္ ဘဲဥကေလးပါေအာင္ ယူေနခ်ိန္ အဲ့လူႀကီးမွာေတာ့ မနက္တိုင္းစားေနက်ျဖစ္ေသာ ၾကက္ဥႏွင့္ ထမင္းေၾကာ္ကိုသာ မက္မက္ေမာေမာ ယူေနတာေတြ႕ရသည္။ လူပုံတင္ရိုးတာမဟုတ္၊ စားတာေသာက္တာကအစ တသမတ္တည္းလို ခံစားရသည္။ တကယ့္စာအုပ္လိုလူႀကီး။

ပူပူစပ္စပ္ မုန႔္ဟင္းခါးကို စားပြဲေရာက္သည္ႏွင့္ သူ ၿမိန္ရည္ယွက္ရည္ စားေသာက္ေသာ္လည္း အဲ့လူႀကီးကေတာ့ အခ်ိဳပြဲအတြက္ သပ္သပ္တစ္ေခါက္ သြားယူေပးျပန္သည္။ ဖရဲသီး၊ ပန္းသီးႏွင့္ ငွက္ေပ်ာသီးအျပင္ လိေမၼာ္ေဖ်ာ္ရည္ကိုလည္း ယူလာေသးသည္။ သူ႔အတြက္လည္း ဖန္ခြက္အၾကည္ႏွင့္ေရတစ္ခြက္က မေမ့မေလ်ာ့။

သည္လို မစားမေသာက္ေသးဘဲ လိုသမၽွဂ႐ုစိုက္ေပးေတာ့လည္း ခန႔္ခန႔္စိတ္ထဲ ၾကည္ႏူးလာသေယာင္ႏွင့္။ ဒါမ်ိဳးဆိုတာ အိမ္ကအေမေတာင္ လုပ္ေပးတာမွမဟုတ္ဘဲ။ 'မင္းမွာလည္း လက္ပါတယ္၊ ကိုယ့္အားကိုယ္ကိုး' ဟူ၍သာ ေျပာတတ္တာအျမဲ။

"ေဇယ်ာ အေစာႀကီးစားေနၿပီလား"

ဇြန္းတစ္ေခ်ာင္းႏွင့္ ဟိုသည္ေမႊရင္း ၾကည္ႏူးေနခိုက္ ေရာက္လာသည္က မေန႔ညေနကမိန္းမႀကီးပင္။ အသားလတ္ၿပီး ေျဖာင့္ဆင္းေနသည့္ ဆံပင္ေတြအား ေက်ာလည္ေလာက္ထိခ်ထားတာေတာ့ လွလွပပပါပဲ။ ခႏၶာကိုယ္မွာ ျပည့္ျပည့္ၿဖိဳးၿဖိဳး ရွိလွသည္။ အကၤ်ီအကပ္ႏွင့္ ဂ်င္းေဘာင္းဘီကို လည္း လိုက္ဖက္စြာ ဝတ္ဆင္ထား၏။ ျခဳံငုံသုံးသပ္ရလၽွင္ ျပင္ျပင္ဆင္ဆင္ေနတတ္ၿပီး အရြယ္တင္ေသာ အပ်ိဳႀကီးတစ္ဦးပါပဲ။

"ဟုတ္တယ္ မမေႏြး၊ ကၽြန္ေတာ္တို႔ ေစာေစာနိုးေနၾကလို႔"

"ဟုတ္လား၊ သူေလးက..."

ႏွစ္ဦးသားကို အကဲခတ္ေနသည့္ခန့္ခန့္အား သိခ်င္စိတ္ျဖင့္ ထိုအမ်ိဳးသမီးက ေမးလာပုံရသည္။ သို႔ေသာ္ သူ ဘာမွမေျပာျဖစ္သလို၊ ျပဳံးလည္းမျပျဖစ္။ အေၾကာင္းျပခ်က္ မယ္မယ္ရရမရွိေသာ္လည္း ခင္ခ်င္စိတ္က ျဖစ္ေပၚမလာေသာေၾကာင့္ ျဖစ္သည္။ ဒါမို႔ အဆင္သင့္ေရြးထားၿပီးသား ငါးဖယ္ကိုပဲ ဂ႐ုမစိုက္ဟန္ျဖင့္ စားလိုက္သည္။

"ဟုတ္သားပဲ မိတ္ဆက္ေပးရဦးမယ္၊ သူက စိုင္းမင္းခန႔္တဲ့။ ကၽြန္ေတာ္နဲ႔ Weekend အတန္းတုန္းက တူတူတက္ခဲ့တဲ့ကေလးေလ"

ထိုသို႔မိတ္ဆက္ေပးၿပီးၿပီးခ်င္း သူ ငုံ႔ေနတာကို ေအာက္ကပင့္ၾကည့္ကာ တိုးတိုးေခၚလာသည္က 'ကေလး' တဲ့။ သူ႔မ်က္ႏွာ ေႏြးခနဲ ပူရွိန္းသြားေလတာ သိသိသာသာပင္။

"ဒါ မေႏြးေႏြးဟန္တဲ့၊ ကိုယ့္အလုပ္က Supplier တစ္ဦးေပါ့။ မေႏြးကလည္း OBM တက္ေနတာပဲ။ ခု ကိုယ္ေျပာင္းထားတဲ့ ညတန္းမွာပဲ"

"ဟုတ္"

ေျပာမဲ့ေျပာရေတာ့လည္း လက္တစ္ဖက္မွ သံပရာျခမ္းကို အားစိုက္ညႇစ္ရင္းျဖစ္၏။

"ေတြ႕ရတာဝမ္းသာပါတယ္ေနာ္။ အရင္က တူတူတက္ၾကတာကို ေဇယ်ာ အတန္းေျပာင္းလာေတာ့ ဒီကေလး ပ်င္းေနေတာ့မွာပဲ"

တစ္ခြန္းဆိုတစ္ခြန္း ထြက္လာေသာစကားကို ခန႔္ခန႔္ အလိုမက်ျဖစ္မိသည္။ အဲ့လူႀကီးက ဘယ္လိုပဲအတန္းေျပာင္းေျပာင္း ပ်င္းေနမွာေပါ့ဆိုေသာ စကားက ဘာကိစၥထည့္ေျပာရသနည္း။ လူကို ခနဲ႔ေနသည့္ဟန္။ တကယ္လည္း ပ်င္းေန၊ အထီးက်န္ေနမိေတာ့ ထိုစကားမွာ ခန႔္ခန႔္ အရွိုက္ကိုထိေစသည္။

"အရင္ကပ်င္းေပမဲ့ ေနာက္ေတာ့မပ်င္းရေတာ့ပါဘူး။ အဲ့လူႀကီးက Weekend အတန္း ျပန္ေျပာင္းလာေတာ့မွာတဲ့"

အမွတ္မထင္ ေျပာလိုက္ေသာခန႔္ခန႔္စကားေၾကာင့္ အဲ့လူႀကီးက ေငးေၾကာင္ေၾကာင္ျဖစ္သြားသည္။ အဲ့လူႀကီးအား ႀကိတ္ႀကံေနေသာ မေႏြးဆိုသူမွာလည္း မ်က္ႏွာညိဳသြားေလ၏။ အတန္းေျပာင္းမွာလား၊ မေျပာင္းမွာလား ေသခ်ာမသိေသးေပမဲ့ သည္လိုအနိုင္ပိုင္းေျပာရေလေတာ့လည္း ေက်နပ္ဖြယ္အတိ။

"ဟုတ္လား ေဇယ်ာ၊ မမေႏြးက ေဇယ်ာလာတက္ေတာ့ အေဖာ္ရၿပီထင္ေနတာ"

"အာ ... ဟုတ္တယ္ မမေႏြး။ ညပိုင္းေတြတက္ရတာက် ႐ုံးကေန တစ္ခါတည္းလာတက္ရတာဆိုေတာ့ အခ်ိန္မမွီလြန္းလို႔။  အရင္လိုပိတ္ရက္ပဲ ေကာင္းပါတယ္"

ၾကည့္ေကာင္းေအာင္ ေျပာေနေသာအဲ့လူႀကီးမွာ ထိန္းေနရမွန္းေတာ့ သိသာလွသည္။ အရင္လို အဆင္ေျပေျပျပန္ေနဖို႔ဆိုတာလည္း သူတို႔အတန္းတူတူတက္မွပဲ ျဖစ္မည္မလား။ ငါးလခြဲတက္ရမည့္အတန္းမွာ တစ္ဝက္ေက်ာ္လုလို႔ မ်ားမၾကာမီပင္ စာေမးပြဲေျဖၾကရေတာ့မည္။ ဆက္တက္တက္၊ မတက္တက္ အဲ့လူႀကီးသေဘာပါပဲ။

ဒါေၾကာင့္ မေႏြးဆိုသူ ႏွုတ္ဆက္ၿပီးထြက္သြားမွ မေယာင္မလည္ ေမးၾကည့္ရသည္။

"အဲ့လူႀကီးက တကယ္တက္မွာမို႔လို႔လား၊ ကၽြန္ေတာ္က ဒီတိုင္းေလၽွာက္ေျပာလိုက္တာ"

"ကေလးတစ္ေယာက္က တက္ေစခ်င္ေနေတာ့ တက္မွာေပါ့"

"လာျပန္ၿပီ ဒီကေလးဆိုတာႀကီး"

အေျပာႏွင့္အတူ လက္ေမာင္းကို ခပ္ဖြဖြထိုးေတာ့ ႀကိတ္ခံျပန္၏။ ၿပီးလၽွင္ ရယ္ေနလိုက္တာလည္း သေဘာတက်ႏွင့္။ သူလည္း သေဘာမက်တာေတာ့ မဟုတ္။ ေခၚလိုက္လၽွင္ေတာ့ စင္စစ္ ေႏြးေထြးသြားသလို ခံစားရသည္။ ဒါေပသိ သူ တကယ္္ကေလးအရြယ္မွမဟုတ္ဘဲ။ ခန့္ကိုမ်ားၾကားလၽွင္ ႀကီးေကာင္ႀကီးမားကို ကေလးေခၚတယ္ဆိုၿပီး ခုႏွစ္ကမၻာၾကားေအာင္ ရယ္ေပလိမ့္မည္။

သူတို႔စားေသာက္ၿပီးစီးေတာ့ အခန္းထဲ ျပန္မဝင္ျဖစ္ၾကေသး။ ပင္လယ္၏ နံနက္ခင္းအလွကို ေလၽွာက္ပတ္ၾကည့္ရန္ ဆင္းခဲ့ၾကသည္။ ေနျခည္ေႏြးေႏြး၊ လွိုင္းတေဖြးေဖြးႏွင့္ ကမ္းစပ္မွာ ဂႏၲဝင္ဆန္ဆန္လွပေနသည္။ ကတၱရာလမ္းမေတြေပၚတြင္ ေလၽွာက္ရတာအက်င့္ျဖစ္ေနေပမဲ့ ခပ္အိအိသဲေသာင္ျပင္ေပၚ ေျခလွမ္းရသည္မွာ မ်ားစြာခံစားမွုေကာင္းေနေစသည္။ ေထာင္ေသာင္းမကေသာ သဲပြင့္ေလးေတြဆီ ေျခအစုံတို႔ နစ္ဝင္ေလတိုင္း လူကတလွပ္လွပ္ လွိုက္ဖိုသည္။ သိုေသာ္ နံေဘးက သူ႔အရိပ္အကဲကို ခိုး,ခိုးၾကည့္ေနေသာ လူတစ္ဦးေၾကာင့္ပါ ပိုလွိုက္ဖိုေလသလား မေျပာတတ္။

ဘယ္ေလာက္ပဲ ၿပီးခဲ့သည့္ကိစၥကို ႏွစ္ေယာက္လုံးေမ့ထားၾကဖို႔ေျပာေျပာ ေဘးမွာကိုယ့္ကိုခ်စ္တဲ့သူ ရွိေနသည္ဆိုေသာစိတ္က လူကိုရွိန္းတျမျမျဖစ္ေနေစသည္။ ခါတိုင္းဆို လြတ္လြတ္လပ္လပ္ေနလို႔၊ ေျပာလို႔ျဖစ္ေသာ္လည္း အခုဆို ကိုယ့္ကိုၾကည့္ေနမလားဆိုသည့္စိတ္ႏွင့္ တစ္မနက္လုံး သတိထားလုပ္ေဆာင္ေနမိတာမ်ိဳး။ လွည့္ၾကည့္လိုက္လၽွင္လည္း တကယ္ၾကည့္ေနတာပါပဲ။

သို႔ေသာ္ ခန႔္ခန႔္ဆိုသည့္ သူ႔ကိုေၾကာက္လို႔ထင္ပါရဲ့။ လွည့္ၾကည့္လၽွင္ မသိခ်င္ေယာင္ေဆာင္ကာ မ်က္ႏွာလႊဲသြားတတ္သည္။ အခုပင္လၽွင္ လမ္းေလၽွာက္ရင္းက ေခါင္းငုံ႔ကာ ရယ္ေနေလသည္။

"ဘာေတြျပဳံးေနတာလဲ အဲ့လူႀကီး"

"ေပ်ာ္လို႔"

တဖန္ ေခါင္းေမာ့ကာေျပာလာသည္။ အဲ့လူႀကီးမ်က္ႏွာမွာ ေနအလင္းေရာင္ေၾကာင့္ ေတာက္ပေနသည့္ဟန္။ နဖူးေပၚ တစ္စြန္းတစ ဝဲက်ေနသည့္ဆံပင္တို႔က တလြင့္လြင့္ႏွင့္။ မ်က္ဝန္းေတြကဆို အရင္ကႏွင့္အတူ၊ ရႊန္းရႊန္းစားစားရွိလွသည္။

"အခုလို ခ်စ္တဲ့သူနဲ႔အတူတူ လမ္းေလၽွာက္ရတာကိုေပ်ာ္လို႔"

ေမ့ထားၾကပါမယ္ဆိုကာမွ တည့္တိုးေျပာလိုက္မွုေၾကာင့္ ခန႔္ခန႔္ မ်က္ႏွာမထားတတ္စြာ ေရွ႕လွည့္လိုက္ရသည္။ ထိုအၾကည့္ေတြႏွင့္ မဆုံခ်င္သလို၊ ရင္လည္းရင္မဆိုင္ဝံ့။ စိတ္ထဲမွာလည္း ရွက္သေယာင္ျဖစ္ေနသည္မို႔ ေလတိုက္ေနသည့္ ကမ္းစပ္တြင္ လူကအိုက္စပ္စပ္ျဖစ္လာသည္။

"အေကာင္းေမးမလို႔၊ အဲ့လိုေတြမေျပာနဲ႔မွာထားတာကို"

"ဟုတ္ပါၿပီ၊ သီခ်င္းထဲကလို ႏူးညံ့တဲ့အမိန႔္ေတာ္အတိုင္းပါပဲခင္ဗ်ာ"

သည္ေတာ့မွ မ်က္ႏွာကိုတည္ရင္း ျပန္ၾကည့္နိုင္လာသည့္ သူ႔အျဖစ္။ ရည္းစားစကားေျပာခံရသူတိုင္း သူလိုမေနတတ္၊ မထိုင္တတ္ျဖစ္ၾကသည္လားမသိ။ ခန႔္ခန႔္မွာေတာ့ မၾကဳံစဖူးမို႔ ထူးေနေတာ့သည္။

"ဒီကိုလာတုန္းက ကားမူးတာလား၊ ကားနားေတာ့ ေဆးဆိုင္မွာေတြ႕လိုက္လို႔"

"ဪ ... ေတြ႕လိုက္ေသးတာလာ။ ဟုတ္တယ္၊ ကိုယ္ Express ေတြစီးရင္ မခံနိုင္ဘူး။ မူးတယ္၊ အန္လည္းအန္တယ္"

"အဲဒါဆို မေန႔ကပင္ပန္းေနမွာေပါ့၊ အခန္းလာမနားဘဲ တစ္ေနကုန္ ဘယ္သြားေနတာလဲ"

"အခန္းအတူခ်ေပးထားေတာ့ အဆင္မေျပမွာစိုးလို႔ မလာခဲ့တာပါ။ မေတြ႕ခ်င္ေလာက္ဘူးထင္လို႔။ တကယ္ဆို ကိုယ္ ဒီခရီးကိုလိုက္ဖို႔ သင့္၊ မသင့္ အေတာ္ဆုံးျဖတ္လိုက္ရေသးတယ္"

တမင္ေရွာင္ေပးသည့္လုပ္ရပ္ႏွင့္ ခ်က္ခ်င္းညႇိုးငယ္သြားေသာ သည္အသြင္က ခန႔္ခန႔္ မွာထားသည့္စကားကို သိပ္အေလးအနက္ထားမွန္း ေပၚလြင္ေနသည္။ လူႀကီးေပမို႔ပဲလား၊ လုပ္ထားသည့္အျပစ္အတြက္ေတာ့ အျပည့္အဝ တာဝန္ယူတတ္သူပင္။

"ဒါဆို အျပန္လမ္းလည္း အဲလိုႀကီးခံစားရဦးမွာေပါ့"

"ဟုတ္တယ္၊ အဲ့ဒါမို႔ Flight နဲ႔ ျပန္ရမလားလို႔ ေတြးေနတာ။ အိပ္ေရးပ်က္တာေတြနဲ႔ဆို ေနာက္တစ္ေခါက္ ကိုယ္မခံနိုင္ေလာက္ဘူး။ ဒါေပမဲ့လည္း အေစာဆုံး Flight ကိုက ေနာက္ႏွစ္ရက္ေလာက္ေနမွရွိမွာ။ ဒီမွာတစ္ေယာက္တည္း က်န္ခဲ့ရမွာ ပ်င္းစရာႀကီး"

"ဪ"

အျပန္က်ရင္ေတာ့ အေဖာ္ရၿပီေတြးထားသည့္ စိတ္ကူးကလည္း တစ္ခဏအတြင္းမွာပင္ ပ်က္ျပယ္ေလ၏။ ဒါႏွင့္ မဆီမဆိုင္ လည္ပင္းတြင္ ႀကိဳးဆြဲလာသည့္ကင္မရာကိုပဲ စဖြင့္ရေတာ့၏။ မ်က္စိတစ္ဆုံးရွိလွသည့္ ပင္လယ္ျပင္ကို ရိုက္ခ်င္ေသးသည္။ ၿပီးလၽွင္ သူကိုယ္တိုင္လည္း ရိုက္ဦးမည္။

"ဟို ျဖစ္နိုင္ရင္ေလ..."

မရဲတရဲေျပာလသည့္ အဲ့လူႀကီးကို ကင္မရာႏွင့္ခ်ိန္ရင္း မ်က္ခုံးပင့္ျပလိုက္၏။ ဖ်တ္ခနဲ ရိုက္လိုက္ေလေတာ့ အဆင္သင့္မျဖစ္ေသးသည့္ မ်က္ႏွာခၽြန္းခၽြန္းက ကင္မရာမ်က္ႏွာျပင္တြင္ အျပည့္ေပၚလာေလသည္။

"ကိုယ္နဲ႔အတူတူ ျပန္ေပးခ်င္မလား၊ ဒီမွာတစ္ရက္ေလာက္ ေနခဲ့ၿပီးေတာ့ေလ။ အန္ကယ္တို႔ကို ခြင့္ေတာင္းဖို႔နဲ႔ က်န္တဲ့ေနဖို႔ထိုင္ဖို႔ကိစၥေတြ ကိုယ့္တာဝန္ထားလို႔ ရတယ္"

"ကေလးလို႔ ဆက္မေခၚရင္ ေနခဲ့ေပးမယ္"

"ဟမ္!"

ေျပာခ်င္သလိုေျပာၿပီးမွ ဟိုတယ္က အလွဆင္ေပးထားသည့္ ႀကိဳးဒန္းေလးဆီ ေျပးသြားေတာ့သည္။ အံ့အားသင့္ၿပီးက်န္ခဲ့သည့္ အဲ့လူႀကီးမွာေတာ့ ေနာက္ကမေျပး႐ုံတမယ္ လိုက္လာေလၿပီ။ သူ႔အတြက္ ငပလီလိုကမ္းေျခတြင္ စရိတ္ၿငိမ္းႏွင့္ က်န္ေနေပးရမည္မွာ ဘာမွအပန္းမႀကီးေပ။ Flight ႏွင့္ပါျပန္ရမည္ဆို ရန္ကန္ျပန္ဖို႔ တစ္ညလုံးကားစီးေနစရာမလိုေတာ့။

သည္တြင္ ေျပးရင္းလႊားရင္း ေတြးေတာရင္းက‌ ဒန္းေပၚေျပးအတက္ ေျခေခ်ာ္ၿပီး ဖင္ထိုင္ရက္ျပန္က်သည္။ သူ႔ကင္မရာေလးလည္း သဲေတာထဲက်ရေလ၏။ အျမင့္က်တာမ်ိဳးမဟုတ္ေသာ္လည္း ဟန္ခ်က္ပ်က္ၿပီးေခ်ာ္တာမို႔ လူကေတာ့အီစိမ့္သြားသည္။

"အားလားလား"

"နေမာ္နမဲ့ ေျပးျပန္ၿပီကြာ။ ထနိုင္ရဲ့လား။ လာ ... ကိုယ့္ကိုတြဲ"

ဆူေငါက္သလို အေျပာေလးႏွင့္ သူ႔ခႏၶာကိုယ္ေသးေသးအား ေပြ႕တြဲေပးလိုက္ခ်ိန္ ေရေမြးနံ႔တစ္ခ်က္ကို သင္းခနဲရလိုက္သည္။ မရတာၾကာၿပီျဖစ္ေသာ အေငြ႕အသက္တခ်ိဳ႕ပင္။ ကားအတူစီးတိုင္း၊ စာသင္ခုံမွာအတူထိုင္တိုင္း ထိုအနံ႔သင္းသင္းကို ရေနက်ပင္ျဖစ္သည္။

ၿပီးေနာက္ သူ႔ကိုယ္ေလးကို ႐ုတ္တရက္ေပြ႕ခ်ီရင္း ဒန္းေပၚအက်အန တင္ေပးလိုက္တာမ်ား ေဆြ႕ခနဲ။ 'ဓာတ္ပုံရိုက္ေပးရမယ္မလား' ဆိုၿပီး လက္ထဲကကင္မရာကို ဆြဲယူကာ ကိုယ္ေနဟန္ထားကအစ ေျပာေပးေနေသးသည္။ ခပ္ေတြေတြေငးၾကည့္ေနၿပီးမွ ေျပာသလိုလိုက္လုပ္ရသူမွာ ခန႔္ခန႔္တစ္ေယာက္သာ။

...........................

ပင္လယ္ကမ္းေျခ၏ ေန႔ခင္းအပူခ်ိန္မွာ‌ ေလတျဖဴးျဖဴးရွိလွေသာ္လည္း ပူစပ္ပူေလာင္ျဖစ္ေနတတ္သည္။ ေနပူထဲထြက္ေနလို႔ မေကာင္းသလို၊ သြားစရာလည္း မရွိလွတာမို႔ အမိုးအကာရွိသည့္ အခန္းထဲတြင္သာ ေနျဖစ္ၾကသည္။ ေဇယ်ာမွာ အလုပ္ေတြသယ္လာတာျဖစ္၍ ဖုန္းေျပာလိုက္၊ Mail စစ္လိုက္ႏွင့္ အမွာစာစာရင္းေတြ အျပန္ျပန္အလွန္လွန္ စိစစ္ရသည္။ ရန္ကုန္ဆိုင္ခြဲေတြအတြက္သာ မဟုတ္ဘဲ တျခားၿမိဳ႕ႀကီးေတြအတြက္ပါ တာဝန္ယူထားသူမို႔ ခရီးဆိုၿပီးလည္း စိတ္လြတ္လက္လြတ္ ထြက္ရတာမ်ိဳးမဟုတ္။

အျပင္အလင္းေရာင္ရေအာင္ ခန္းဆီးစကို ဆြဲဖြင့္ထားတာမို႔ ခုံတြင္ထိုင္ရင္း အလုပ္လုပ္ေနသူအဖို႔ ကမ္းေျခေငးလိုက္၊ ဖုန္းေျပာလိုက္သာ။ တစ္ခါတရံ အိပ္ရာေပၚတြင္ ပုံစံမ်ိဳးစုံႏွင့္ လူးလွိမ့္ေနေသာကေလးတစ္ေယာက္ကို ခိုး,ခိုးေငးရတာကလည္း သိပ္အေရးပါသည့္ အလုပ္တစ္ခုႏွယ္။ ေပၚတင္ၾကည့္လၽွင္ စိတ္ဆိုးသလိုဟန္ရွိတာမို႔ သူ႔ခမ်ာမရဲလွ။ ညကမွ အဆင္စေျပထားတာမို႔ မသိမသာႏွင့္သာ အရိပ္တၾကည့္ၾကည့္ ရွိရသည္။

အစကေတာ့ ေခါင္းအုံးေပၚအိပ္ရင္း ဂိမ္းေဆာ့ေနတာ အသည္းအသန္။ Airpods ကိုတကူးတကတပ္ၿပီး ေဆာ့ေနတာမို႔ သူ အလုပ္လုပ္ေနတာကို တမင္မေႏွာင့္ယွက္ခ်င္ျခင္း ျဖစ္လိမ့္မည္။ သို႔ေသာ္ တစ္နာရီနီးပါးရွိလုေတာ့ ေခါင္းကိုေနာက္ဦးတည္ကာ လူကဝမ္းလ်ာေမွာက္ၿပီး ေျခေထာက္ႏွစ္ေခ်ာင္းကို ဟိုရမ္းသည္ရမ္း လွုပ္လာေခ်ၿပီ။ ရိုက္ေပးထားသည့္ပုံေတြကို ကင္မရာထဲကကူးကာ ျပင္ေနပုံရသည္။

"အဲ့လူႀကီး"

ဒါသည္ ဘာျဖစ္ရသည္မသိ။ အလုပ္လုပ္ေနခိုက္ ေဆာင့္ႀကီးေအာင့္ႀကီးေခၚရင္း အနားေရာက္လာတာမို႔ ေဇယ်ာ မ်က္ခုံးေလးပင့္ျပရသည္။

"ကၽြန္ေတာ္ ပ်င္းလာၿပီ။ အဲအလုပ္ေတြ မၿပီးေသးဘူးလား"

"ေနာက္မွအၿပီးသတ္လည္း ရပါတယ္။ ပ်င္းလာၿပီဆိုေတာ့ ဘာလုပ္ခ်င္တာလဲ"

နဖူးေပၚက်ေနသည့္ ဆံစေတြကိုထိုးဖြရင္း သူ႔ေမြ႕ရာေပၚထိုင္ျပန္၏။ အၿငိမ္မေနတတ္သူမို႔ အခန္းထဲတင္ လမ္းေပ်ာက္ေနသည့္ႏွယ္။ ဒါေတာင္ မနက္ကပဲ ပိုပိုလိုလို မုန႔္ထြက္ဝယ္ေပးထားေသးသည္။ အပ်င္းေၿပ တစ္ထုပ္ေလာက္ေဖာက္ၿပီး ဆက္မစားေတာ့။

"ဂိမ္းေဆာ့ရေအာင္ေလ၊ အဲ့လူႀကီး ဘာဂိမ္းေတြေဆာ့လဲ"

"ဂိမ္းဆိုသိပ္မေဆာ့တတ္ေတာ့ ဖုန္းထဲေတာင္ ဘာမွမရွိဘူး။ သူငယ္ခ်င္းနဲ႔ေဆာ့ေလ"

"အဲ့ေကာင္ကလည္း ခဏေဆာ့ၿပီး ေစာ္နဲ႔ပါသြားၿပီ။ ပ်င္းပါတယ္ဆို"

"ဂိမ္းမဟုတ္ဘဲ ဒီတိုင္းေဆာ့လို႔ရတာမ်ိဳးရွိရင္ ေဆာ့မယ္ေလ"

"Game မဟုတ္ပဲဆိုေတာ့..."

လက္ႏွစ္ဖက္ကို ေမြ႕ရာေပၚေနာက္ျပန္ေထာက္ရင္း ေတြးေတာေနပုံကို ေဇယ်ာ အသည္းမယားဘဲမေနနိိုင္။ လုပ္လက္စအလုပ္ေတြကို ပိတ္ခ်လိုက္ၿပီး ကေလးတစ္ေယာက္လို ခ်စ္စရာေကာင္းသူေလးထံပဲ လွည့္ၾကည့္ေနမိသည္။ မ်က္လုံးဝိုင္းဝိုင္း၊ ႏွုတ္ခမ္းဖူးဖူးႏွင့္ ပါးမို႔မို႔ကေလးက ဘယ္ခ်ိန္ၾကည့္ၾကည့္ ဖ်စ္ညႇစ္ခ်င္စရာေကာင္းေန၏။

"အာ သိၿပီ။ Truth or Dare ေဆာ့မလား"

"Truth or Dare ဆိုတာ ဘယ္လိုေဆာ့ရတာလဲ။ ငယ္ငယ္ကလို အမွန္ေျပာေၾကးလား"

"အဲလိုမ်ိဳးပဲ။ အမွန္ေျပာမလား၊ ခိုင္းတာလုပ္မလား။ အေႂကြေစ့နဲ႔‌ ေခါင္း၊ ပန္းလွန္ေရြးၾကမယ္"

"ေဆာ့မယ္ေလ၊ ဒီေလာက္ကေတာ့ေအးေဆးပါ။ ကိုယ့္မွာ အေႂကြေစ့ပါတယ္ ... ဘာယူမလဲ ဂ်စ္တူးေလး"

ပိုက္ဆံအိတ္ထဲက အေႂကြေစ့ထယူခ်ိန္ မထိတထိေလး စလိုက္မိသည္။ ကေလးေခၚခြင့္မရ၍ သူေနာက္တစ္မ်ိဳး စမ္းေခၚၾကည့္လိုက္တာပင္။ လမ္းေလၽွာက္ရင္းမွ ၾကည့္လိုက္ေတာ့ သူ႔ကိုဂ်စ္တူးေခၚလို႔ ႐ုတ္တရက္ တြန့္သြားလိုက္သည့္ႏွုတ္ခမ္းေလး။

"လူကိုနာမည္ဖ်က္ေနလိုက္"

ဆက္မစရဲေတာ့ေသာေဇယ်ာမွာ အေႂကြေစ့ယူၿပီး ေမြ႕ရာေပၚတက္ရသည္။ ကေလးအရြယ္ေလးကို ခ်စ္မိေတာ့လည္း ကေလးကစားနည္းေတြ လိုက္ေဆာ့ေပးရေတာ့၏။ သူကပန္းဆို၊ ကိုယ္ကေခါင္းေရြးလိုက္သည္။ အတြန႔္တက္ေနတာမ်ိဳးေတြ မလုပ္ျဖစ္၊ အလိုလိုက္ရသမၽွ အလိုလိုက္မည္။ သည္ကေလးစိတ္ခ်မ္းသာမွုက သူ႔စိတ္ခ်မ္းသာမွုကို ျဖစ္ေစၿပီး သည္ကေလး၏ေပ်ာ္ရႊင္မွုက သူ႔ကိုစိတ္လက္ခ်မ္းသာမွု ျဖစ္ေစသည္အထိပင္။

အခ်စ္ဆိုတာ တိုက္ရိုက္အခ်ိဳးက်သည့္ ပုံေသနည္းတစ္ခုေလပဲလား။

"ကဲ ... ပန္းက်တယ္ေနာ္"

အေႂကြေစ့ကို လက္မေပၚတင္ၿပီး ေျမႇာက္တင္လိုက္ကတည္းက ေသခ်ာၾကည့္သည့္ေကာင္ေလးမွာ မေက်နပ္ခ်င္။ ဘာေတြေမးခ်င္မွန္းမသိေပမဲ့ သူခ်ည္းခဏခဏက်ေနလို႔ ႐ုပ္ကေတာ့ ရွုပ္မဲ့လို႔ပါပဲ။ ေမြ႕ရာတစ္ခုတည္းေပၚ မ်က္ႏွာခ်င္းဆိုင္ ထိုင္ေနၾကတာမို႔ ပါးမို႔ေပၚက ေမႊးညႇင္းေလးတစ္ခ်က္ လွုပ္ခတ္လၽွင္ေတာင္ ေဇယ်ာျမင္နိုင္သည့္ အေနအထားပင္ျဖစ္၏။

"ကၽြန္ေတာ္ခ်ည္း က်ေနတာ။ ဒီတစ္ခါေတာ့ True ပဲ။ Dare ဆိုေပါက္တတ္ကရေတြ ေလၽွာက္လုပ္ခိုင္းတာ"

သူ႔ကိုခ်စ္စေကာင္းတဲ့ပုံေလး လုပ္ျပပါပဲ ေတာင္းဆိုမိတာ ရွက္သတဲ့ေလ။ အခုေတာ့ ေမးခြန္းအလွည့္ပင္ျဖစ္၏။ အခြင့္ေကာင္းရခိုက္ သူ ေမးခ်င္ေနသည္က-

"အခုေလာေလာဆယ္ ဂ်စ္တူးေလးမွာ ခ်စ္ရတဲ့သူရွိလား"

ေဇယ်ာ အရဲစြန့္သာေမးရသည္။ စိတ္ဆိုးမွာလည္း ေၾကာက္ရေလေတာ့ အေျဖကိုစိုးထိတ္စြာ နားစြန႔္ရသည္။ တကယ္လို႔မ်ား မရွိေသးလၽွင္ ေမၽွာ္လင့္ခြင့္မ်ားရွိေလမလား။ ၿပီးခဲ့သည့္ကိစၥကို ဘယ္လိုပင္ေမ့ၾကေစဦးေတာ့ ခံစားခ်က္ဆိုတာ လြယ္လြယ္ေပ်ာက္ရိုးရွိေလလို႔လား။

"ဘယ္သူ႔မွမခ်စ္ဘူး။ ေပး ... ဒီတစ္ခါ ကၽြန္ေတာ္လုပ္ၾကည့္မယ္"

လက္ထဲက အေႂကြေစ့ကိုလုယူေလေတာ့ လက္ေခ်ာင္းေသးေသးတို႔၏ အထိအေတြ႕ကို ခဏတာေတာ့ ခံစားလိုက္ရသည္။ ထို႔ေနာက္ ႏွုတ္ကပြစိပြစိတခ်ိဳ႕ကို ေရရြတ္လ်က္ အေႂကြေစ့ကိုပစ္ေျမႇာက္လိုက္ပုံက ခ်စ္စဖြယ္ေကာင္းျပန္ေသးသည္။

"ျမင္လား၊ ျမင္လား။ ေခါင္းေနာ္၊ ဒီတစ္ခါေတာ့ ေတြ႕ၿပီပဲ။ True or Dare ... အဲ့လူႀကီးေရြး"

"Dare ပါဗ်ာ"

သူ႔အခ်စ္ႏွင့္ပတ္သက္သည့္ အေၾကာင္းတခ်ိဳ႕မ်ားေမးရင္ သိပ္ေကာင္းလိုက္မည့္အျဖစ္။ အခုေတာ့ ႏွုတ္ျဖင့္တရားဝင္ေျပာျပလို႔မရသည့္ ခ်စ္ျခင္းတို႔အား အနားမွာရွိေနေပးရင္း ၾကင္နာယုယေပးနိုင္႐ုံသာရွိသည္။ တားထားသည့္စည္းကို သူ ေက်ာ္၍မျဖစ္။

"သီခ်င္းဆိုျပလိုက္ေတာ့။ ကၽြန္ေတာ္ကအငယ္ေပမဲ့‌ ေပါက္တတ္ကရ မလုပ္ခိုင္းဘူးေနာ္။ ေကာင္းေကာင္းေတာ့ဆို"

"ကိုယ္သိပ္မဆိုတတ္ဘူးကြ"

"မဆိုတတ္ရင္ေတာ့ ေမ်ာက္က,ကျပရမွာ"

သည္အခ်ိန္တြင္ ေဇယ်ာ ညစ္ေတြး,ေတြးမိသြားသည္က အခြင့္အေရးအား ရလၽွင္ရသလို အသုံးခ်ရမည္ကိုသာ။ အသံႏွင့္ အဆိုေကာင္းျခင္း၊ မေကာင္းျခင္းထက္ ခံစားသက္ဝင္မွုႏွင့္ သီခ်င္းေရြးခ်ယ္မွုကသာ အေရးႀကီးသည္မလား။

"သီခ်င္းပဲဆိုမယ္ အဟင္း"

မ်က္ႏွာကိုတည္ကာ စဆိုမိလိုက္သည္က ထပ္တလဲလဲ နားေထာင္ျဖစ္ေနေသာ Rဇာနည္၏သီခ်င္းပင္။

🎵 ေျပာင္းလဲျခင္းရဲ့ အိပ္မက္မ်ားထဲ ေရာက္ေန
မင္းနဲ႔ေဝးတဲ့ ခရီးမ်ား ေရွ႕ကိုဆက္..
ကိုယ္ဟာ အေမွာင္ဆုံးလမ္းေတြ
တစ္ေယာက္တည္း ေလၽွာက္ေနရ..
ဘယ္လို ကံၾကမၼာအဆိုး ႏွိပ္စက္
တို႔ႏွစ္ေယာက္ အေဝးဆုံး လြင့္ထြက္ခြဲခြါခဲ့ရ..
ကေလးေရ.. မင္းနဲ႔ေနာက္ထပ္ ဆုံခ်င္ၿပီ
ဘဝမွာ ငါအလိုအပ္ဆုံး မင္းရဲ့ေမတၱာတရား..
မင္းရဲ့ ဂ႐ုဏာမ်က္ဝန္းေလးေတြ ျပန္ျမင္ခ်င္ၿပီ
အရင္လို ခ်စ္တုန္းပဲ ကေလးေရ.. 🎵

ေဇယ်ာ့မ်က္လုံးကို ခန႔္ခန႔္မ်က္ဝန္းအိမ္ေတြဆီ ေသခ်ာလိုက္ၾကည့္ၿပီး ဆိုေနမိ၏။ ကေလးတစ္ေယာက္လို ျဖဴစင္သူေလးကေတာ့ မေနတတ္၊ မထိုင္တတ္ ျဖစ္၍ထင္သည္၊ ခဏခဏ အၾကည့္လႊဲသြားတတ္တာပင္။ အခ်စ္ကို စိတ္မဝင္စားတာလား၊ တမင္ပဲ ဖယ္ေရွာင္ေနသလား။ အဓိပၸါယ္ကို မ်က္ႏွာတြင္အေျဖရွာရင္း ဆိုေနမိသည္က တေျမ့ေျမ့။ ႏွစ္ဦးသား၏ရင္ခုန္သံေတြမွာလည္း လွိုက္ေႏြးၿပီး တဒိတ္ဒိတ္။

"ၿပီးၿပီမလား၊ တစ္ခါထပ္လွည့္မယ္"

သီခ်င္းကိုပင္ ေနာက္တစ္ပိုဒ္အကူးမခံေအာင္ထိ ရွက္တတ္သည့္ကေလးျဖစ္သည္။ သိို႔ေသာ္ ဝန္ခံေနတာမ်ိဳးလည္းမဟုတ္။ မာနခဲေလးက ခပ္တည္တည္ျဖင့္သာ အေႂကြေစ့ကို တစ္ခါလွည့္လိုက္သည္။

"ကိုယ္ဆိုတာကို နည္းနည္းေလးေတာင္ ေကာင္းတယ္၊ မေကာင္းဘူး မေျပာေတာ့ဘူးလား"

"ေကာင္းပါတယ္၊ ေကာင္းပါတယ္။ ဒီမွာေနာ္ ေခါင္းပဲျပန္က်တယ္"

လက္ဖဝါးကို ေရွ႕တိုးျဖန႔္ျပရင္း ေျပာလာပုံက ခ်စ္စရာအတိ။ သူျဖစ္ခ်င္ရာျဖစ္ေနရလို႔ ေျပာေနသည့္ကေလးပါပဲ။

"ကဲ အမွန္ေျပာမလား၊ ခိုင္းတာလုပ္မလား။ ဘာေရြးမလဲ အဲ့လူႀကီး"

"Dare ပဲ"

"ဪ ေတာ္ေတာ္သတၱိရွိေနတယ္ေပါ့။ ဒါဆို အဲ့လူႀကီးဖုန္းထဲက ပုံေတြျပရမယ္။ အဟမ္း ... ဘာဘာညာညာေတြ သိမ္းထားရင္ေတာ့လား"

"အာ ... အဲ့လိုေတြမရွိပါဘူး။ ဒါေပမဲ့ အဲဒါအစား တျခားဟာလုပ္ခိုင္းပါလား"

ခ်စ္လြန္းလို႔ ခိုးရိုက္ထားသည့္ ပုံရိပ္ေတြကို ျမင္မွာစိုး၍ ေဇယ်ာ အသည္းအသန္ ျငင္းေနရသည္။ အတန္းထဲတြင္ အိပ္ခ်င္မူးတူးျဖစ္ေနပုံ၊ ေဈးဝယ္ထြက္လၽွင္ အငမ္းမရစားေသာက္တတ္ပုံ၊ သူ႔အိမ္မွာ PowerPoint ကလာလုပ္စဥ္က ဂ်စ္ကပ္ကပ္ပုံစံကေလး ... သည္လိုခ်စ္စဖြယ္အမွတ္တရတိုင္းကို မွတ္တမ္းတင္ထားျဖစ္ေသာ သူ႔ဖုန္းထဲကပုံေတြကိုျမင္လၽွင္ ဘယ္လိုအျပစ္ဆိုပါမည္နည္း။

"မရဘူးေလ၊ စည္းကမ္းအရ ခိုင္းတဲ့အတိုင္းပဲ လုပ္ရမွာ။ ယူလိုက္မယ္ေနာ္"

ေျပာေနရင္းက အိတ္ကပ္ထဲကဖုန္းအား လာလုတဲ့ကေလးရယ္ပါ။ သို႔ေပမဲ့ အျမန္သိမ္းနိုင္လိုက္တာမို႔ ခန႔္ခန႔္ လုံးဝမမွီလိုက္ေပ။

"မၾကည့္ခ်င္ပါနဲ႔ဆိုကြာ"

"မရဘူး ေပးဆိုေပး"

ဖုန္းလိုခ်င္ေဇာႏွင့္ အတင္းဇြတ္ လာလုသည့္ကေလးေၾကာင့္ ေဇယ်ာ အေနာက္ရွိေခါင္းအုံးေပၚ မွီက်သြားေလ၏။ တၿပိဳင္တည္းဆိုသလို အေပၚကအုပ္မိုးကာ လက္ထဲကဖုန္းကို လာလုေသာကေလးကပါ အရွိန္လြန္ၿပီး သူ႔ရင္ခြင္ထဲ ျပဳတ္က်ေတာ့၏။ မနီးကပ္ဖူးသည့္ ခႏၶာကိုယ္ခ်င္း ဖိကပ္လိုက္႐ုံႏွင့္ ရင္ေတြတလွပ္လွပ္ ခုန္လာသည္။

"ေရး ... ရၿပီကြ၊ ဒီဖက္မ်က္ႏွာလွည့္"

ေဇယ်ာ ေယာင္နနႏွင့္ ရင္ခုန္ေနခိုက္ သြက္လက္သည့္ေကာင္ေလးကေတာ့ Face ID ကို သူ႔မ်က္ႏွာေရွ႕လာဖြင့္သြားသည္။ ၿပီးလၽွင္ ကုတင္ေပၚမွ ေျပးဆင္းသြားေတာ့၏။ တားလည္းမမွီေတာ့သည့္ အတူတူမို႔ ေမြ႕ရာေပၚတြင္ မ်က္ႏွာမေကာင္းစြာ က်န္ရစ္သူမွာ ေဇယ်ာတစ္ေယာက္သာ။

"ဘာေတြပါမလဲဆိုေတာ့ကာ ... ဟင္"

လက္ညႇိုးေလးတစ္ေခ်ာင္းကို အထက္၊ ေအာက္ေရႊ႕ရင္း အံ့ဩေနပုံက ခိုးရိုက္ထားသည့္သူ႔ပုံေတြ ျမင္လို႔ပဲျဖစ္ေပလိမ့္မည္။

"ဘာလို႔ ကၽြန္ေတာ့္ပုံေတြ ဒီေလာက္အမ်ားႀကီး။ ၿပီးေတာ့ ဒီအတြင္းမ်က္ႏွာျပင္က Wallpaper ကလည္း ကၽြန္ေတာ္ပဲ။ အဲ့လူႀကီး ..."

ေဆာင့္ႀကီးေအာင့္ႀကီးႏွင့္ သူ႔နာမည္ကိုေရရြတ္ရင္း ေမြ႕ရာေပၚလာထိုင္ေလသည္။ ႏွုတ္ခမ္းဖူးဖူးမွာလည္း ပန္းေသြးေရာင္သန္းေနသည္ထိ ဆူပုတ္ထားတာျဖစ္သည္။

"ကိုယ္ ေတာင္းပန္တယ္ေနာ္။ ဒီတိုင္း ... ဒီတိုင္းခ်စ္ဖို႔ေကာင္းလို႔ ရိုက္ထားမိတာေတြ"

"အကုန္ျပန္ဖ်က္ေပး"

"တကယ္ဖ်က္ရမွာလား၊ ကိုယ္ ေသခ်ာသိမ္းထားတာကို"

အရွိန္နဲ႔လုထားမွုေၾကာင့္ ပုံပ်က္ေနသည့္ ကေလး၏ဆံစမ်ားအား မသိမသာျပန္ညႇိေပးရင္း ေဇယ်ာ ေမးလိုက္ေလျခင္း။ သို႔ေပမဲ့ မၾကာလိုက္၊ သူ႔လက္ကိုဖယ္ခ်ကာ ငုံ႔ထားရာက ေမာ့ၾကည့္လာ၏။ အရင္ထဲက ဆံပင္သပ္ေပးတိုင္း အျမဲဖယ္ခ်ပုံေထာက္ မႀကိဳက္ေလလို႔မ်ားလား၊ မေနတတ္ေလလို႔ပဲလား။

"အဲေလာက္ခ်စ္တာလား"

"ဂ်စ္တူးေလး ထင္ေနတာထက္ အမ်ားႀကီးပိုတယ္"

မျပဳံးမရယ္သလို၊ မဲ့ရွုံ႔ျခင္းလည္းမရွိေသာ သည္ကေလးမ်က္ႏွာမွာ ခန႔္မွန္းရခက္လိုက္ေလျခင္း။ သူေျပာတာကို စိတ္ဆိုးပုံေတာ့မရေပမဲ့ စိတ္မေကာင္းဟန္ေတာ့ ရွိသည္။ တကယ္ပဲ ညီအစ္ကိုလိုရွိသင့္သည့္စည္းကို သူ ေက်ာ္မိသြားတာထင္၏။

"အျပင္ခဏထြက္လိုက္ဦးမယ္"

ေကာက္ခနဲ ကပ်ာကယာထြက္သြားသူအား သည္တစ္ခါေတာ့ မတားျဖစ္ပါေပ။ သူလည္း လက္ခံနိုင္ဖို႔ အခ်ိန္တစ္ခုလိုအပ္လိမ့္မည္။ အခ်စ္ႏွင့္ပတ္သက္လၽွင္ အေတြ႕အၾကဳံနည္းေသးေသာ ကေလးသာသာအရြယ္မို႔ စိတ္ရွုပ္ေထြးေနမွာေတာ့ အမွန္ပါပဲ။

သို႔ေပမဲ့လည္း ငပလီကမ္းေျခက အျဖစ္အပ်က္ေတြမွာ ေဇယ်ာအတြက္ မယုံနိုင္စရာပဲမလား။ အခန္းထဲတစ္ေယာက္ထဲရွိခိုက္ ထက္ျမက္ကိုပင္ ဖုန္းဆက္ေျပာရဦးမည္။ ေနာက္ဆုံးႏွုတ္ဆက္ရမည္ဟု ထင္ထားသည့္ခရီးမွာ ၾကည္ႏူးဖြယ္ရာအတိ၊ ျမတ္နိုးဖြယ္အတိႏွင့္။

ကံၾကမၼာသည္ သူ႔အား မ်က္ႏွာသာေပးပါၿပီလား။

(26/9/2020)
••••••••••••••••••••••••••••••••••••••••••

Bạn đang đọc truyện trên: Truyen3h.Co