Part-19
<Unicode>
ညနေစောင်း နေကျချိန်တွင် သဲသောင်ပြင်၌ လူအများစည်ကားနေလေပြီ။ လှိုင်းစီးသူများ၊ ရေဆော့သူများ၊ သဲသောင်တွင် စက်ဘီးစီးကြသူများ၊ ဘောလုံးကစားကြသူများနှင့် စုံလင်စွာ။
ကားကြီးနှစ်စီးနှင့်လာကြသည့် သူတို့အဖွဲ့တွေမှာတော့ မပြန်ခင် တစ်တန်းနှင့်တစ်တန်း အပြန်အလှန်မိတ်ဆက်ကြရ၏။ ရင်းနှီးမှုရစေရန် ရည်ရွယ်ပြီး အဖွဲ့လိုက်ဂိမ်းများ ဆော့ကြရသည်ကလည်း တစ်ညနေလုံးနီးပါး။ ညစာအတူစားကြချိန်တွင်တော့ တချို့တွေပိုရင်းနှီးလာကြလေပြီ။ မိတ်ဖွဲ့ပြီး ရန်ကုန်မှာပြန်ဆုံရင် ချိန်းသူကချိန်း၊ စာမေးပွဲဖြေဖို့ တိုင်ပင်သူကတိုင်ပင်နှင့် ပျော်စရာအတိပါပဲ။
ခန့်ခန့်လည်း သည်သို့ပင်။ အတန်းထဲတွင် မျက်မှန်းတန်းမိနေကျ ကိုမြတ်သော်ဇင်ဆိုသူက မိတ်လာဖွဲ့သည်။ ကျောင်းပြီးစ အသက်နှစ်ဆယ်ကျော်အရွယ်မို့ သူနှင့်သိပ်မကွာလှ။ အတန်းပြန်မပြောင်းရသေးသည့် အဲ့လူကြီးမှာ တစ်ညနေလုံး ညတန်းအဖွဲ့နှင့်ပဲ ရှိနေတာမို့ ကိုမြတ်သော်ဇင်နှင့်သာ ထမင်းစားချိန်ထိ အတူရှိနေဖြစ်သည်။
သို့သော် မူပျက်နေသည့်အဲ့လူကြီးကို ညစာစားပြီးချိန် မီးပုံပွဲစုလုပ်ကြလေတော့မှ သတိထားမိတော့တာပါပဲ။ သီချင်းဆိုသူဆို၊ မီးရှူးပန်းဖောက်သူဖောက်နေသော်လည်း အဲ့လူကြီးက သူ့ကိုပဲ ခဏခဏစိုက်ကြည့်နေသည်။ တကယ်ဆို ညနေကမ်းစပ်မှာကတည်းက တစ်ချက်တစ်ချက်ကြည့်နေတာ မြင်တတ်ပေမဲ့ ညပိုင်းမှာပိုသတိထားမိလာသည်။ အရယ်အပြုံးမရှိ လှမ်း,လှမ်းကြည့်နေပုံက သူ မကြိုက်သည့်အရာကို ကိုယ်ကကျူးလွန်ထားသည့်နှယ်။
ခဏကြာတော့ မီးပုံပွဲကနေ ထထွက်သွားလေ၏။
ဘာဖြစ်လို့ရယ် စိတ်ထဲတွင် ကိုယ့်အပြစ်မကင်းသလို ခံစားနေမိရတာပါပဲ။ ဘေးမှာ သူနှင့်အနီးကပ်နေနေသည့် ကိုမြတ်သော်ဇင်ကြောင့်ပဲလား။ ယောကျ်ားချင်း ခပ်ပါးပါးပဲလေ။ အဲ့လူကြီး မကျေနပ်စရာ ဘာမှမရှိနိုင်ဟု သူ တွေးထင်မိသည်။ တကယ်လို့ မကျေနပ်တော့ရော သူနှင့်ကိုယ်က ဘာပတ်သက်မှုမှမရှိပါဘဲ။
ဒါဆို သူကရော ဘာလို့သည်လောက်အာရုံစိုက်မိနေတာပါလဲ။ စိတ်လေးလံနေမှုက အဲ့လူကြီးစိတ်ဆိုးမှာ ကြောက်မိနေသည့်နှယ်။
"ကိုမြတ် ... ကျွန်တော် ဝင်တော့မယ်"
"စောပါသေးတယ်ဟ၊ မီးပန်းတွေဖောက်ဖို့ အများကြီးကျန်သေးတာကို"
အရပ်မနိမ့်မမြင့်၊ မျက်နှာလုံးလုံး၊ နှင့် ကိုမြတ်သော်ဇင်က သူ့ကိုတော့တစ်ညနေတည်းနှင့် အတော်ခင်ရှာပါသည်။ ဝယ်ထားသမျှ မီးပန်းတွေဖောက်ခိုင်းသည်။ အထူးအဆန်းမြင်သမျှလည်း ပခုံးပုတ်ခါ ပြချင်ပြနေသေး၏။ ယုတ်စွအဆုံး ပါလာသည့်ဆေးလိပ်ကအစ သူနှင့်အတူ သောက်စေချင်ပုံပင်။ 'မသောက်တတ်လို့' ဟု ငြင်းမှပဲ 'ဟုတ်သားပဲ၊ မင်းကငယ်ပါသေးတယ်' တဲ့လေ။
သည်လိုနှင့် အခန်းရှိရာဆီ လေးတွဲ့စွာ ပြန််လာခဲ့သည်။ ကမ်းခြေ၏ လှိုင်းပုတ်သံတို့က တဖြည်းဖြည်းဝေးလာခဲ့သည်။ လေအဟုန်ကတော့ ကြိမ်နှုန်းညီစွာ တိုက်ခတ်နေဆဲ။ နွေရာသီအတွက် ကောင်းမွန်သော ရာသီဥတုအနေအထားလေးကို ရန်ကုန်ပင် သယ်သွားလိုက်ချင်မိသည်။
လော့ခ်မချထားသော တံခါးကိုဖွင့်တော့ တစ်ခန်းလုံးမီးထိန်ထိန်လင်းနေသည်။ အဲ့လူကြီးမှာလည်း သူ့မွေ့ရာပေါ်တွင် MacBook တစ်လုံးနှင့်။ ဆယ့်ငါးမိနစ်နီးပါးကြာမှ လိုက်ဝင်လာတာမို့ သူပြန်လို့ကိုယ်လိုက်ပြန်လာတယ်လို့တော့ မထင်လောက်ဘူးမလား။
"အဲ့လူကြီး အစောကြီးဝင်သွားတာလား၊ သိတောင်မသိလိုက်ဘူး"
"ကိုယ်ပြန်တာတောင် မမြင်ဘူးမလား"
မရယ်မပြုံးပြောပုံကြီးက ခန့်ခန့်အဖို့ သိပ်အမြင်ကတ်စရာကောင်းနေသည်။ မြင်လျက်နှင့် တမင်မမြင်ချင်ယောင်ဆောင်ပြောပါသည်ဆိုမှ အရွဲ့ခံနေရသည့်အဖြစ်။
"မမြင်ပါဘူး၊ အဲ့လူကြီး ကြည့်နေတာမှမဟုတ်တာ"
ရေခဲသေတ္တာထဲမှ ရေသန့်တစ်ဗူးထုတ်သောက်ရင်း တစ်ချက်လှည့်ကြည့်လိုက်သေးသည်။ ခေါင်းငိုက်စိုက်ကာ အလုပ်လုပ်နေပုံက သူ့အားဂရုမစိုက်ပုံနှင့်။ သည်လူကတော့ သူများတစ်ခုခုဖြစ်နေသလားဆိုသည့်စိတ်နှင့် လိုက်ဝင်လာရတာဖြစ်သည်။ စိတ်ဆိုးနေတယ်၊ တစ်ခုခုပြောချင်တယ်ဆိုလည်း လူကြီးပီပီ တည့်တိုးပြောစေချင်တာ ခန့်ခန့်ဆန္ဒပင်။ အခုတော့ အဲ့လူကြီးက အုံ့ပုန်းခံစားချက်ကြီးနှင့်။
"ဘာဖြစ်နေတာလဲ အဲ့လူကြီး"
"မဖြစ်ပါဘူး၊ အလုပ်လုပ်နေတာ"
တစ်ချက်လေးပင် မော့ကြည့်မလာဘဲ ပြီးစလွယ်ပြောဆိုမှုကြောင့် ခန့်ခန့်၏နဂိုရှိသည့် အရွဲ့တိုက်ချင်စိတ်တို့မှာ တဖွားဖွား။
"မဖြစ်လည်းပြီးတာပဲ။ ကျွန်တော် ရေလာသောက်တာ၊ ကိုမြတ်ကို ပြန်လာခဲ့မယ်ပြောထားလို့ သွားလိုက်ဦးမယ်"
ပြောကာ ချာခနဲလှည့်ထွက်ပြီး တံခါးဖွင့်မည်အပြု၊
"စိုင်းမင်းခန့်!"
ဟူသော လေသံအက်အက်ကြီးနှင့် နာမည်အပြည့်အစုံ ခေါ်ချလာသည်။ ဒေါသသံမပါသော်လည်း တစ်ခါမှမခေါ်ဖူးသည့် နာမည်အပြည့်အစုံကို ခပ်စိုက်စိုက်ကြည့်ပြီးခေါ်လိုက်တာမို့ ခန့်ခန့် ကြောင်ပြီးလန့်သွားရ၏။
"ဘာလဲ"
"မသွားနဲ့တော့၊ ညမိုးချုပ်နေပြီ"
"အခန်းထဲနေလည်း အဲ့လူကြီးက အလုပ်ပဲလုပ်နေတာလေ၊ ပျင်းစရာကြီး။ အပြင်မှာမှ အဖော်တွေအများကြီးရှိသေးတယ်"
"ကိုယ်..."
"အား"
အချိန်ကောင်းမှ ထပျက်သောမီးကြောင့် တံခါးဖွင့်လျက်တန်းလန်းကြီးဖြစ်နေသော ခန့်ခန့်က တအားအော်တော့တာပင်။ အမှောင်ကြောက်သည့်ကောင်မို့ မီးပျက်တာနှင့်ထအော်တာ ငပလီအထိ အကျင့်ကပါလာသည်။ အိမ်မှာလိုဆို အကြောင်းမဟုတ်၊ ဖုန်းမီးဖွင့်ပြီး မေမေတို့ မီးလင်းအောင်လုပ်မှာကို စောင့်လိုက်ရုံပင်။ အခုမူကား ဖုန်းကလည်း အားသွင်းထားသည့်စားပွဲပေါ် ကျန်နေသည်။ လူကမှ သရဲခပ်ကြောက်ကြောက်မို့ အော်ခေါ်မိသည်က၊
"အဲ့လူကြီး လာခေါ်ဦးလေ၊ ဘာမှလည်း မမြင်ရတော့ဘူး"
"ခဏလေး ... ကိုယ်လာပြီ"
တစ်ခန်းလုံးတွင် Laptop screenက အလင်းရောင်မှိန်မှိန်သာရှိတော့၏။ လေတဟူးဟူးနှင့်အတူ ကမ်းစပ်ကမီးပျက်လို့ အော်ဟစ်နေကြသံတွေကိုလည်း အတိုင်းသားကြားနေရသည်။ ဒါမို့ အခန်းတံခါးကို တစ်ခါတည်းပြန်ပိတ်လိုက်၏။ သည်ပုံအတိုင်းဆို အဲ့လူကြီးကို အရွဲ့တိုက်ပြီး အပြင်ပြန်ထွက်ဖို့ မဖြစ်တော့ချေ။
"ဟေး ကိုယ်ရောက်ပြီ"
အပြောနှင့်အတူ ပုခုံးနားဆီ မှန်းကိုင်လာသော အဲ့လူကြီး၏လက်ကြောင့် လူကတုန်ခနဲဖြစ်သွားသည်။ အမှောင်ကြောက်တာတစ်မျိုး၊ အဲ့လူကြီးကြောင့် ရင်ဖိုရတာတစ်ဖုံနှင့်။
"မြင်လား၊ ကိုယ့်စကားနားမထောင်ဘဲ အပြင်ထွက်ရင် အမှောင်ထဲမှာ လာခေါ်မဲ့သူမရှိနဲ့၊ ဒီထက်တောင် ပိုကြောက်စရာကောင်းဦးမယ်"
ပြောရင်းဆိုရင်း မဆီမဆိုင် ရင်ခွင်ထဲဆွဲသွင်းသွားမှုကြောင့် ခန့်ခန့် ကြောင်သွားသည်။ ငြင်းဆန်ချိန်မရလိုက်သလို ငြင်းဆန်လိုက်ဖို့လည်း ဦးနှောက်ကမစေခိုင်းမိ။ ရင်တဖိုဖိုနှင့် သိမ့်နွေးသောခံစားမှုကြောင့် အလိုက်အသင့်ပင် ပါသွားလေသည်။ မွှေးပျံ့သော ကိုယ်သင်းရနံ့က သူ့နှာဖျားဆီ အလုံးအရင်း ဝင်ရောက်လာလေပြီ။ သွေးတို့တဒိတ်ဒိတ်တိုးနေမှုကြောင့် ကြားရသော နှလုံးခုန်သံသည် သူ့ဆီကလား၊ ကိုယ့်ဆီကလား ... လုံးလုံးလျားလျား ကွဲပြားမှုမရှိတော့ချေ။
"အဲ့လူကြီးကို အမြင်ကတ်လို့ တမင်ပြန်ထွက်မယ်ပြောတာ"
"ကိုယ် သဝန်တိုနေမိတာမသိဘူးလား ကလေးရယ်"
နှစ်ကိုယ်ကြား,ကြားရုံပြောသောအသံက တိုးညင်းလို့ရယ်သာ။ တဖြည်းဖြည်းနစ်သိမ့်အောင်ထိ အနောက်ကျောပြင်ကို သိုင်းဖက်လာမှုက ညင်သာလွန်းသည်၊ ယုယမှုအပြည့်ပါမှန်း ခန့်ခန့် ခံစားမိနေသည်။ သို့သော် ရုန်းထွက်ဖို့ကို လုံးဝမပြုနိုင်သောသူကလည်း ချောက်နက်နက်ထဲခုန်ဆင်းချင်နေသည့် အမိုက်အမဲလေးတစ်ယောက်နှယ်။
"သိတယ်"
"ဒါဆိုသိလျက်နဲ့ ကိုယ့်ကိုညှဉ်းဆဲရက်တယ်ပေါ့"
အပြောနှင့်အတူ ရင်ခွင်ထဲရောက်နေသော သူ့ဦးခေါင်းဆီတိုးလာလေတာ တရွေ့ရွေ့။ သူ့၏တလှိုက်လှိုက်ရင်ဖိုနေမှုကလည်း လှိုင်းသံတို့ထက် ပိုကျယ်လောင်လာသယောင် ထင်လာသည်။ အဲ့လူကြီး ဘာလုပ်တော့မလို့လဲ။ သိချင်စိတ်နှင့်အတူ မျက်လုံးကိုစုံမှိတ်မိလေတော့ သူ့နား၏အထက်ဆီ ထိုးခွင်းလာသည်က ခပ်ဖွဖွအနမ်းတစ်ခုဖြစ်နေသည်။
"အဲ့လူကြီး ဖယ်"
သူ့ကိုနမ်းလိုက်သည်ဆိုသော အသိရမှာသာ ရင်ခွင်ထဲက တအားရုန််းထွက်မိတာဖြစ်သည်။ ရင်ဝကိုလက်ဖြင့် ဆောင့်တွန်းလိုက်ပေမဲ့ နာနာကျင်ကျင်တော့မဟုတ်။ နှစ်ဦးသားသည်လည်း သိပ်ဝေးသွားကြသေးတာ မဟုတ်ပေ။
"အဲလိုမလုပ်နဲ့ဗျာ၊ နေရခက်တယ်"
အချိန်တစ်ခဏတွင်းပင် မီးပြန်လာတာမို့ ခန့်ခန့် ရေချိုးခန်းဆီ ပြေးဝင်မိသည်။ အဲ့လူကြီးကိုတော့ တစ်ချက်သာမော့ကြည့်ဖြစ်ခဲ့၏။ လည်ဂုတ်ကိုပွတ်သပ်လျက် သူ စိတ်ဆိုးသွားသလားဆိုတာကို သေချာသုံးသပ်နေဟန်ရှိသည်။
ခန့်ခန့်ခမျာတော့ ရေချိုးခန်းထဲရောက်သည်ထိ ရင်ခုန်သံတွေမှာ ထိန်းချုပ်မရအောင် ဗရမ်းဗတာခုန်နေဆဲပင်။ ဤသည်မှာ သူ့ဘဝအတွက် အနမ်းသေချာမမည်သော သူစိမ်းတစ်ယောက်၏ ပထမဦးဆုံးအနမ်းဖြစ်သည်။ ဒါကို အဲ့လူကြီးက နမ်းလိုက်သည်တဲ့လေ။
မှန်ပြင်တွင်ပေါ်နေသော ကိုယ့်ပုံရိပ်ကိုယ်ကြည့်ရင်း ခန့်ခန့် ရှက်နေသယောင်ဖြစ်မိသည်။ စိတ်ဆိုးသင့်သည်အရာကို စိတ်မဆိုးဘဲ ရင်ခုန်နေရသတဲ့လား။ မျက်နှာတွင် နီမြန်းနေမှုက ရေချိုးခန်းမီးအလင်းရောင်ကြောင့်တော့ မဖြစ်နိုင်။ ပထမဆုံးအကြိမ်မို့ပဲလား၊ နှလုံးသွေးတို့၏ လှိုက်ဆူနေမှုက အခုချိန်ထိပင် ရပ်တန့်ခြင်းမရှိသေးပါလေ။
သီချင်းထဲကလိုဆို ရင်ခုန်မိတာ အချစ်ပဲလား။
............................
ပင်လယ်နံနက်ခင်းကား ပကာသနမရှိသော်ငြား ခမ်းနားဆဲပင်။
ရေရှိသည်၊
လှိုင်းရှိသည်၊
တိုက်စားခံနိုင်သည့် ကျောင်ဆောင်တို့ရှိသည်၊
ဖွေးဖြူနေသော သဲသောင်ပြင်ကျယ်ရှိလေသည်၊
ဒါသည်ပင်လျှင် ပင်လယ်၏ရိုးစင်းသောခမ်းနားမှုတို့ မဟုတ်ပါတကား။
မနက်စာစားဆောင်တွင် သင်တန်းကအဖွဲ့တွေ ရန်ကုန်ပြန်ကြဖို့အရေး တာဆူနေကြသည်။ အခန်းအပ်သူကအပ်၊ စားသူကစားနှင့်၊ တချို့ကတော့ အထုပ်ကိုယ်စီနှင့် ကားနားသွားစောင့်နေကြလေပြီ။ ရန်ကုန်ပြန်လိုက်ရန်မလိုသော ဇေယျာတို့နှစ်ယောက်မှာသာ အေးဆေးနေကြတာဖြစ်သည်။
ရာသီဥတုမှာ အုံ့မှိုင်းမှိုင်းနှင့် နေပျောက်လျက်ရှိသည်။ ကောင်းကင်တစ်ခွင် ခဲဖြူရောင်တိမ်တိုက်တွေ ပတ်လည်ဝိုင်းနေလေတော့ သဲဖြူကျွန်းသွားလည်ဖို့ ကြံရွယ်ထားသည့်သူတို့အတွက်လည်း အနေတော်ဖြစ်သွား၏။ နေများထပ်မထွက်လာခဲ့လျှင် အနီးအနားကကျွန်းတွေပါ အလည်အပတ်သွားရမည်ဟု တွေးထားလိုက်သည်။
ထိုအခိုက် အနောက်မှရောက်လာလေသော သီချင်းတညည်းညည်းနှင့် ကောင်ကလေး။ AirPods ကိုနားမှာတပ်ပြီး လွယ်အိတ်လေးလွယ်ထွက်လာတာ ပေါ့ပေါ့ပါးပါးပင်။ သည်ကလေးမှာ လူငယ်ဟန်ပီပီ စွယ်စုံရလွန်းသည့် အကောင်ပေါက်လေးနှယ်။ ဇေယျာ ငယ်ငယ်ကနှင့်လည်း မတူပါချေ။
သူဆိုသည်မှာ တက္ကသိုလ်ကျောင်းသားဘဝတုန်းကလည်း မလှုပ်တလှုပ်နှင့်သာ နေတတ်၏။ ထက်မြက်တို့နှင့်သာ အမြဲတတွဲတွဲ၊ သူတို့ခေါ်ရာဆို ပါတတ်သည်။ သည်လိုဆိုလို့ စာကိုတိတိပပ ကြိုးစားခဲ့သည်လည်းမဟုတ်။ ကိုယ့်အတွေးနဲ့ကိုယ် သီးသီးသန့်သန့် နေတတ်ခဲ့သည့် ကျောင်းသားတစ်ဦးသာ။
သူ့ရှေ့တွင်မြင်နေရသည့် ကလေးကတော့ ထိုသို့မဟုတ်။ စာလည်းထူးချွန်အောင် ကြိုးစားသလို ခေတ်လူငယ်လေးတစ်ယောက်လိုလည်း နေတတ်သူဖြစ်လေသည်။ အခုပဲ ဝတ်လာလေတာ ရှပ်အဖြူလက်တိုနှင့် အပွင့်ဒီဇိုင်းပါသော ကမ်းခြေဝတ်ဘောင်းဘီတိုတစ်ထည်နှင့်၊ နေမထွက်တာကိုသိတော့ ဝတ်ချင်တိုင်းဝတ်လာသည်။ အတိုဆိုတာလည်း တော်ရုံမဟုတ်၊ ဒူးအထက်ရောက်ကာ တိုလေလွန်းလို့ ပေါင်တံသွယ်သွယ်ပင် မြင်နေရလေပြီ။
"ဘောင်းဘီက မတိုလွန်းဘူးလား၊ ဒူးအထက်တောင် ရောက်နေပြီ"
"မတိုပါဘူး၊ ကမ်းခြေဆို ဒီလိုဝတ်နေကြတဲ့ဟာ"
လူကိုမျက်လုံးစိမ်းကြီးနှင့် ကြည့်ပြောပြီး ရှေ့ကကျော့ကျော့လေး ထွက်သွားလေသည်။ ညက စိတ်မထိန်းနိုင်ဘဲ ဆံစလေးခိုးနမ်းမိထားတော့ သည်ကလေးက သူ့ကိုသိပ်မကြည်လှ။ စကားကိုလည်း ဘုဆတ်ဆတ်ပြန်ပြောချင်သည်။ ရင်ခွင်ထဲငြိမ်နေခဲ့သူမို့ သူလည်းအရဲစွန့်မိခဲ့တာပင်။ ဘဝမှာ မီးပျက်လို့ကျေးဇူးတင်မိတာ ညကပထမဆုံးဖြစ်လေ၏။
သည်လိုနှင့် စက်လှေငှားသည့်နေရာ လျှောက်လာခဲ့တော့ ဘောင်းဘီတို၊ မျက်မှန်အမည်းနှင့် သေးသေးကွေးကွေး အထာကျကျ သူ့ကလေးအား အများကြည့်စရာဖြစ်လာသည်။ သူကသာ မတိုဘူးပြောသည်၊ တကယ်က ပေါင်တံဖွေးဖွေးနှင့် ရဲနေသောဒူးခေါင်းကလေးပင် မြင်နေရတော့ ဘေးလူတွေ သတိထားကြည့်စရာ ဖြစ်နေလေတော့၏။
ဇေယျာတစ်ယောက် ဘယ်နားက ဘယ်လိုကာပေးရမည်ပင် မသိအောင်လမ်းပျောက်နေရသည်။ ချစ်တော့လည်း ယောကျ်ားလေးပင်ဖြစ်လင့်ကစား အူတိုရသည်။ ဘယ်သူမှ မကြည့်စေချင်သလို၊ မနေ့ကလို တခြားတစ်ကောင်နှင့် ဖက်လဲတကင်းနေတာမျိုးလည်း မကြိုက်ပါပေ။ သည်ကလေးကို အိတ်ထောင်ထဲထည့်ပြီး ဝှက်ထားလို့ရလျှင်လည်း အကောင်းသား။
"ကိုယ်ပေးထားတဲ့ဆေးက သောက်ခဲ့ရဲ့လား"
"အာ ဟုတ်သားပဲ"
"ကြည့် ... စားချင်တာက ဂဏန်းချဉ်စပ်တွေ၊ ရခိုင်မုန့်တီတွေ။ ဆေးသောက်ဖို့ကျ မေ့တယ်၊ ဗိုက်ထပ်နာလာလိမ့်မယ်။ ကိုယ်သွားယူမယ်၊ ခဏစောင့်နေခဲ့"
ဒေါသသံမပါဘဲ ဆူပြန်တော့လည်း ခေါင်းလေးတစ်ချက်ညိတ်ရှာသည်။ မနေ့ကပဲ ဗိုက်နည်းနည်းနာတယ်ဆိုလို့ အဖြေရှာမိမှ ရခိုင်စာအစပ်တွေကို ရောက်တဲ့နေကတည်းက မှာစားတာဖြစ်သည်။ ဒါကို မနက်ဖြန်ကျ မင်းလမ်းသွားချင်တယ်၊ အပြန်ကျသွားရအောင်ဆိုတာမျိုးက ပူဆာထားသေးသည်။ ချစ်တော့လည်း ဆေးဆောင်ကာအလိုလိုက်ရတော့တာပင်။
ချစ်ရသူနှုတ်ကထွက်သမျှ အမိန့်တော်တစ်ခုလို မသွေဖယ်နိုင်ပါလေ။ သို့သော် သူ့၏အလိုလိုက်မှုက နာကျင်မှုအထိ ဖြစ်သွားနိုင်သည်ကို ထိုညတစ်နာရီကျော်ကမှ သိလိုက်ရတာပင်။
ထိုအချိန်တွင် အခန်းအပြင်မှဝင်လာသော လှိုင်းပုတ်သံသဲ့သဲ့သာ ရှိသည်။ အိပ်ပျော်နေရင်းက တသိမ့်သိမ့် ညည်းညူနေသံကိုတော့ နိုးတစ်ဝက်၊ မနိုးတစ်ဝက်ဖြင့်သာ ကြားရတာဖြစ်၏။
"အ ... အဲ့လူကြီး၊ အဲ့လူကြီး"
နာမည်ပါခေါ်လေမှ အိပ်မက်မဟုတ်ဘဲ တကယ်မှန်းသိတော့သည်။ မှောင်မှောင်မည်းမည်း အခန်းတွင်းတွင် ခေါ်လာတာမို့ ရုတ်တရက်ထထိုင်မိသည်ထိ စိတ်ပူသွားရတာပင်။
"ဘာဖြစ်တာလဲ၊ ဗိုက်ပြန်နာတာလား"
"မရတော့ဘူး အား"
အခန်းမီးထွန်း၍ တစ်ဖက်မွေ့ရာဆီ သွားကြည့်လေမှ အခြေအနေကို သိရလေတော့သည်။ မရတော့ဘူးဆိုတာ မခံနိုင်တော့တာကို ပြောလေမှန်း မျက်မြင်မှပဲသိတော့၏။ ဗိုက်ကိုလက်နှင့်ဖိထာပြီး ခပ်ကွေးကွေး အနေအထားနှင့်၊ ခြေထောက်တွေပင် ဆန့်မထားနိုင်အောင် နာနေပုံရသည်။ ဆံစတို့ဖြင့် ဖုံးလွှမ်းထားသော နဖူးပြင်တွင် ချွေးစေးတို့ဖြင့် စိုနစ်နေတာကပင်။ မျက်ဝန်းမှာလည်း သူ့ကိုအကူအညီတောင်းခံနေသည့် အရိပ်အငွေ့တွေနှင့်၊ မျက်ရည်ကြည်တို့ပင် ရစ်သိုင်းအောင်ထိ ဘယ်လောက်များခံရခက်နေလို့ပါလဲ။
"အရမ်းနာနေတာလား၊ ကိုယ်တို့ဆေးခန်းသွားကြမလား။ မငိုနဲ့ ... မငိုနဲ့၊ ကိုယ် Reception ကို အကူအညီတောင်းကြည့်မယ်"
သူ့လက်မောင်းအား အားကိုးတကြီးဆုပ်ကိုင်ပြီး အံကြိတ်ခံနေရရှာသော ကလေးကိုမြင်တော့ သူသာအစား ဖြစ်လိုက်ချင်သည်ဆိုသောစိတ် ဖြစ်ပေါ်မိသည်။
ဤသို့ဖြင့် ညတစ်နာရီကျော်မှ Reception ၏ အကူအညီဖြင့် ကလေးအား ဆေးခန်းပို့ရသည်။ လမ်းပင်မလျှောက်နိုင်တော့တာမို့ သူ ချီပွေ့လိုက်ရသည့်ကိုယ်ကလေးမှာ မျော့ခွေလို့နေသည်။ ညနေစာစားပြီးချိန်တွင် သူတိုက်လိုက်သောဆေးက တစ်နာရီထိ ခံနိုင်ရည်ရှိပုံမရ။ အလိုလိုက်ကာ ကျွေးမိသောအပူအစပ်တွေကပဲ သူချစ်ရသူကို ဒုက္ခပြန်ပေးသည့်အဖြစ်ပါပဲလား။
ဟိုတယ်ကကားဖြင့် ဆေးခန်းရောက်လေတော့ ဆရာဝန်က အစာအိမ်ရောင်သည့်လက္ခဏာဟုပြောသည်။ ပြီးနောက် သက်သာစေရန် ဆေးထိုးပေးထား၏။ ဆေးခန်းက သီးသန့်ခန်းလေးမှာပဲ ခဏစောင့်ကြည့်စေကာ မသက်သာလျှင် ဆေးရုံသွားရမည်တဲ့လေ။
ဒါမို့ ဟိုတယ်ကကားကိုလည်း တောင်းတောင်းပန်ပန််ဖြင့် ကူညီစေရသည်။ ဇေယျာ့စိတ်တွင်လည်း ခွဲဖို့စိတ်ဖို့အထိ ကလေးတွင် မဖြစ်စေချင်တာမို့ အမြန်သက်သာလာဖို့သာ စိတ်ပူစွာ ဆုတောင်းနေရတာပင်။
ဆေးထိုးအပြီး နာရီဝက်ခန့်ကြာမှသာ ကြိတ်မှိတ်ခံစားနေရသည့်ကလေးမှ နည်းနည်းခံသာလာသည်ဟုဆိုတော့မှ သူ့ရင်ထဲက အပူလုံးကြီး တစ်ဝက်လောက်လျော့ကျသွားရသည်။ သိုပေမဲ့ အခြေအနေ စိတ်မချရသေးတာရော၊ ကလေးမှာ ဆေးအရှိန်နှင့်မှိန်းနေတာရောကြောင့် မနှိုးတော့ဘဲ ဆေးခန်းတွင်သာ တစ်ညစောင့်အိပ်ဖို့ ဆုံးဖြတ်လိုက်တော့၏။ ဆရာဝန်ကလည်း ခွင့်ပြုလေတော့ ဇေယျာတစ်ယောက် ကုတင်ဘေးနားခုံလေးတွင်သာ ငူငူငိုင်ငိုင် ငေးမောနေမိတော့သည်။
မီးရောင်ပျပျအောက်တွင် ဖြူဖတ်နေသော ကလေးငယ်လေး၏အသွင်မှာ နွမ်းလျလျ။ သူ့အဖို့တော့ အမြန်သက်သာလာဖို့ ဆုတောင်းနေရုံမှတစ်ပါး အိပ်ဖို့ပင်မကြံရွယ်ဖြစ်ခဲ့။
(27/9/2020)
•••••••••••••••••••••••••••••••••••••••••••••
<Zawgyi>
ညေနေစာင္း ေနက်ခ်ိန္တြင္ သဲေသာင္ျပင္၌ လူအမ်ားစည္ကားေနေလၿပီ။ လွိုင္းစီးသူမ်ား၊ ေရေဆာ့သူမ်ား၊ သဲေသာင္တြင္ စက္ဘီးစီးၾကသူမ်ား၊ ေဘာလုံးကစားၾကသူမ်ားႏွင့္ စုံလင္စြာ။
ကားႀကီးႏွစ္စီးႏွင့္လာၾကသည့္ သူတို႔အဖြဲ႕ေတြမွာေတာ့ မျပန္ခင္ တစ္တန္းႏွင့္တစ္တန္း အျပန္အလွန္မိတ္ဆက္ၾကရ၏။ ရင္းႏွီးမွုရေစရန္ ရည္ရြယ္ၿပီး အဖြဲ႕လိုက္ဂိမ္းမ်ား ေဆာ့ၾကရသည္ကလည္း တစ္ညေနလုံးနီးပါး။ ညစာအတူစားၾကခ်ိန္တြင္ေတာ့ တခ်ိဳ႕ေတြပိုရင္းႏွီးလာၾကေလၿပီ။ မိတ္ဖြဲ႕ၿပီး ရန္ကုန္မွာျပန္ဆုံရင္ ခ်ိန္းသူကခ်ိန္း၊ စာေမးပြဲေျဖဖို႔ တိုင္ပင္သူကတိုင္ပင္ႏွင့္ ေပ်ာ္စရာအတိပါပဲ။
ခန႔္ခန႔္လည္း သည္သို႔ပင္။ အတန္းထဲတြင္ မ်က္မွန္းတန္းမိေနက် ကိုျမတ္ေသာ္ဇင္ဆိုသူက မိတ္လာဖြဲ႕သည္။ ေက်ာင္းၿပီးစ အသက္ႏွစ္ဆယ္ေက်ာ္အရြယ္မို႔ သူႏွင့္သိပ္မကြာလွ။ အတန္းျပန္မေျပာင္းရေသးသည့္ အဲ့လူႀကီးမွာ တစ္ညေနလုံး ညတန္းအဖြဲ႕ႏွင့္ပဲ ရွိေနတာမို႔ ကိုျမတ္ေသာ္ဇင္ႏွင့္သာ ထမင္းစားခ်ိန္ထိ အတူရွိေနျဖစ္သည္။
သို႔ေသာ္ မူပ်က္ေနသည့္အဲ့လူႀကီးကို ညစာစားၿပီးခ်ိန္ မီးပုံပြဲစုလုပ္ၾကေလေတာ့မွ သတိထားမိေတာ့တာပါပဲ။ သီခ်င္းဆိုသူဆို၊ မီးရွူးပန္းေဖာက္သူေဖာက္ေနေသာ္လည္း အဲ့လူႀကီးက သူ႔ကိုပဲ ခဏခဏစိုက္ၾကည့္ေနသည္။ တကယ္ဆို ညေနကမ္းစပ္မွာကတည္းက တစ္ခ်က္တစ္ခ်က္ၾကည့္ေနတာ ျမင္တတ္ေပမဲ့ ညပိုင္းမွာပိုသတိထားမိလာသည္။ အရယ္အျပဳံးမရွိ လွမ္း,လွမ္းၾကည့္ေနပုံက သူ မႀကိဳက္သည့္အရာကို ကိုယ္ကက်ဴးလြန္ထားသည့္ႏွယ္။
ခဏၾကာေတာ့ မီးပုံပြဲကေန ထထြက္သြားေလ၏။
ဘာျဖစ္လို႔ရယ္ စိတ္ထဲတြင္ ကိုယ့္အျပစ္မကင္းသလို ခံစားေနမိရတာပါပဲ။ ေဘးမွာ သူႏွင့္အနီးကပ္ေနေနသည့္ ကိုျမတ္ေသာ္ဇင္ေၾကာင့္ပဲလား။ ေယာက်္ားခ်င္း ခပ္ပါးပါးပဲေလ။ အဲ့လူႀကီး မေက်နပ္စရာ ဘာမွမရွိနိုင္ဟု သူ ေတြးထင္မိသည္။ တကယ္လို႔ မေက်နပ္ေတာ့ေရာ သူႏွင့္ကိုယ္က ဘာပတ္သက္မွုမွမရွိပါဘဲ။
ဒါဆို သူကေရာ ဘာလို႔သည္ေလာက္အာ႐ုံစိုက္မိေနတာပါလဲ။ စိတ္ေလးလံေနမွုက အဲ့လူႀကီးစိတ္ဆိုးမွာ ေၾကာက္မိေနသည့္ႏွယ္။
"ကိုျမတ္ ... ကၽြန္ေတာ္ ဝင္ေတာ့မယ္"
"ေစာပါေသးတယ္ဟ၊ မီးပန္းေတြေဖာက္ဖို႔ အမ်ားႀကီးက်န္ေသးတာကို"
အရပ္မနိမ့္မျမင့္၊ မ်က္ႏွာလုံးလုံး၊ ႏွင့္ ကိုျမတ္ေသာ္ဇင္က သူ႔ကိုေတာ့တစ္ညေနတည္းႏွင့္ အေတာ္ခင္ရွာပါသည္။ ဝယ္ထားသမၽွ မီးပန္းေတြေဖာက္ခိုင္းသည္။ အထူးအဆန္းျမင္သမၽွလည္း ပခုံးပုတ္ခါ ျပခ်င္ျပေနေသး၏။ ယုတ္စြအဆုံး ပါလာသည့္ေဆးလိပ္ကအစ သူႏွင့္အတူ ေသာက္ေစခ်င္ပုံပင္။ 'မေသာက္တတ္လို႔' ဟု ျငင္းမွပဲ 'ဟုတ္သားပဲ၊ မင္းကငယ္ပါေသးတယ္' တဲ့ေလ။
သည္လိုႏွင့္ အခန္းရွိရာဆီ ေလးတြဲ႕စြာ ျပန္္လာခဲ့သည္။ ကမ္းေျခ၏ လွိုင္းပုတ္သံတို႔က တျဖည္းျဖည္းေဝးလာခဲ့သည္။ ေလအဟုန္ကေတာ့ ႀကိမ္ႏွုန္းညီစြာ တိုက္ခတ္ေနဆဲ။ ေႏြရာသီအတြက္ ေကာင္းမြန္ေသာ ရာသီဥတုအေနအထားေလးကို ရန္ကုန္ပင္ သယ္သြားလိုက္ခ်င္မိသည္။
ေလာ့ခ္မခ်ထားေသာ တံခါးကိုဖြင့္ေတာ့ တစ္ခန္းလုံးမီးထိန္ထိန္လင္းေနသည္။ အဲ့လူႀကီးမွာလည္း သူ႔ေမြ႕ရာေပၚတြင္ MacBook တစ္လုံးႏွင့္။ ဆယ့္ငါးမိနစ္နီးပါးၾကာမွ လိုက္ဝင္လာတာမို႔ သူျပန္လို႔ကိုယ္လိုက္ျပန္လာတယ္လို႔ေတာ့ မထင္ေလာက္ဘူးမလား။
"အဲ့လူႀကီး အေစာႀကီးဝင္သြားတာလား၊ သိေတာင္မသိလိုက္ဘူး"
"ကိုယ္ျပန္တာေတာင္ မျမင္ဘူးမလား"
မရယ္မျပဳံးေျပာပုံႀကီးက ခန႔္ခန႔္အဖို႔ သိပ္အျမင္ကတ္စရာေကာင္းေနသည္။ ျမင္လ်က္ႏွင့္ တမင္မျမင္ခ်င္ေယာင္ေဆာင္ေျပာပါသည္ဆိုမွ အရြဲ႕ခံေနရသည့္အျဖစ္။
"မျမင္ပါဘူး၊ အဲ့လူႀကီး ၾကည့္ေနတာမွမဟုတ္တာ"
ေရခဲေသတၱာထဲမွ ေရသန႔္တစ္ဗူးထုတ္ေသာက္ရင္း တစ္ခ်က္လွည့္ၾကည့္လိုက္ေသးသည္။ ေခါင္းငိုက္စိုက္ကာ အလုပ္လုပ္ေနပုံက သူ႔အားဂ႐ုမစိုက္ပုံႏွင့္။ သည္လူကေတာ့ သူမ်ားတစ္ခုခုျဖစ္ေနသလားဆိုသည့္စိတ္ႏွင့္ လိုက္ဝင္လာရတာျဖစ္သည္။ စိတ္ဆိုးေနတယ္၊ တစ္ခုခုေျပာခ်င္တယ္ဆိုလည္း လူႀကီးပီပီ တည့္တိုးေျပာေစခ်င္တာ ခန႔္ခန႔္ဆႏၵပင္။ အခုေတာ့ အဲ့လူႀကီးက အုံ႔ပုန္းခံစားခ်က္ႀကီးႏွင့္။
"ဘာျဖစ္ေနတာလဲ အဲ့လူႀကီး"
"မျဖစ္ပါဘူး၊ အလုပ္လုပ္ေနတာ"
တစ္ခ်က္ေလးပင္ ေမာ့ၾကည့္မလာဘဲ ၿပီးစလြယ္ေျပာဆိုမွုေၾကာင့္ ခန႔္ခန႔္၏နဂိုရွိသည့္ အရြဲ႕တိုက္ခ်င္စိတ္တို႔မွာ တဖြားဖြား။
"မျဖစ္လည္းၿပီးတာပဲ။ ကၽြန္ေတာ္ ေရလာေသာက္တာ၊ ကိုျမတ္ကို ျပန္လာခဲ့မယ္ေျပာထားလို႔ သြားလိုက္ဦးမယ္"
ေျပာကာ ခ်ာခနဲလွည့္ထြက္ၿပီး တံခါးဖြင့္မည္အျပဳ၊
"စိုင္းမင္းခန႔္!"
ဟူေသာ ေလသံအက္အက္ႀကီးႏွင့္ နာမည္အျပည့္အစုံ ေခၚခ်လာသည္။ ေဒါသသံမပါေသာ္လည္း တစ္ခါမွမေခၚဖူးသည့္ နာမည္အျပည့္အစုံကို ခပ္စိုက္စိုက္ၾကည့္ၿပီးေခၚလိုက္တာမို႔ ခန့္ခန့္ ေၾကာင္ၿပီးလန႔္သြားရ၏။
"ဘာလဲ"
"မသြားနဲ႔ေတာ့၊ ညမိုးခ်ဳပ္ေနၿပီ"
"အခန္းထဲေနလည္း အဲ့လူႀကီးက အလုပ္ပဲလုပ္ေနတာေလ၊ ပ်င္းစရာႀကီး။ အျပင္မွာမွ အေဖာ္ေတြအမ်ားႀကီးရွိေသးတယ္"
"ကိုယ္..."
"အား"
အခ်ိန္ေကာင္းမွ ထပ်က္ေသာမီးေၾကာင့္ တံခါးဖြင့္လ်က္တန္းလန္းႀကီးျဖစ္ေနေသာ ခန႔္ခန႔္က တအားေအာ္ေတာ့တာပင္။ အေမွာင္ေၾကာက္သည့္ေကာင္မို႔ မီးပ်က္တာႏွင့္ထေအာ္တာ ငပလီအထိ အက်င့္ကပါလာသည္။ အိမ္မွာလိုဆို အေၾကာင္းမဟုတ္၊ ဖုန္းမီးဖြင့္ၿပီး ေမေမတို႔ မီးလင္းေအာင္လုပ္မွာကို ေစာင့္လိုက္႐ုံပင္။ အခုမူကား ဖုန္းကလည္း အားသြင္းထားသည့္စားပြဲေပၚ က်န္ေနသည္။ လူကမွ သရဲခပ္ေၾကာက္ေၾကာက္မို႔ ေအာ္ေခၚမိသည္က၊
"အဲ့လူႀကီး လာေခၚဦးေလ၊ ဘာမွလည္း မျမင္ရေတာ့ဘူး"
"ခဏေလး ... ကိုယ္လာၿပီ"
တစ္ခန္းလုံးတြင္ Laptop screenက အလင္းေရာင္မွိန္မွိန္သာရွိေတာ့၏။ ေလတဟူးဟူးႏွင့္အတူ ကမ္းစပ္ကမီးပ်က္လို႔ ေအာ္ဟစ္ေနၾကသံေတြကိုလည္း အတိုင္းသားၾကားေနရသည္။ ဒါမို႔ အခန္းတံခါးကို တစ္ခါတည္းျပန္ပိတ္လိုက္၏။ သည္ပုံအတိုင္းဆို အဲ့လူႀကီးကို အရြဲ႕တိုက္ၿပီး အျပင္ျပန္ထြက္ဖို႔ မျဖစ္ေတာ့ေခ်။
"ေဟး ကိုယ္ေရာက္ၿပီ"
အေျပာႏွင့္အတူ ပုခုံးနားဆီ မွန္းကိုင္လာေသာ အဲ့လူႀကီး၏လက္ေၾကာင့္ လူကတုန္ခနဲျဖစ္သြားသည္။ အေမွာင္ေၾကာက္တာတစ္မ်ိဳး၊ အဲ့လူႀကီးေၾကာင့္ ရင္ဖိုရတာတစ္ဖုံႏွင့္။
"ျမင္လား၊ ကိုယ့္စကားနားမေထာင္ဘဲ အျပင္ထြက္ရင္ အေမွာင္ထဲမွာ လာေခၚမဲ့သူမရွိနဲ႔၊ ဒီထက္ေတာင္ ပိုေၾကာက္စရာေကာင္းဦးမယ္"
ေျပာရင္းဆိုရင္း မဆီမဆိုင္ ရင္ခြင္ထဲဆြဲသြင္းသြားမွုေၾကာင့္ ခန့္ခန့္ ေၾကာင္သြားသည္။ ျငင္းဆန္ခ်ိန္မရလိုက္သလို ျငင္းဆန္လိုက္ဖို႔လည္း ဦးေႏွာက္ကမေစခိုင္းမိ။ ရင္တဖိုဖိုႏွင့္ သိမ့္ေႏြးေသာခံစားမွုေၾကာင့္ အလိုက္အသင့္ပင္ ပါသြားေလသည္။ ေမႊးပ်ံ႕ေသာ ကိုယ္သင္းရနံ႔က သူ႔ႏွာဖ်ားဆီ အလုံးအရင္း ဝင္ေရာက္လာေလၿပီ။ ေသြးတို႔တဒိတ္ဒိတ္တိုးေနမွုေၾကာင့္ ၾကားရေသာ ႏွလုံးခုန္သံသည္ သူ႔ဆီကလား၊ ကိုယ့္ဆီကလား ... လုံးလုံးလ်ားလ်ား ကြဲျပားမွုမရွိေတာ့ေခ်။
"အဲ့လူႀကီးကို အျမင္ကတ္လို႔ တမင္ျပန္ထြက္မယ္ေျပာတာ"
"ကိုယ္ သဝန္တိုေနမိတာမသိဘူးလား ကေလးရယ္"
ႏွစ္ကိုယ္ၾကား,ၾကား႐ုံေျပာေသာအသံက တိုးညင္းလို႔ရယ္သာ။ တျဖည္းျဖည္းနစ္သိမ့္ေအာင္ထိ အေနာက္ေက်ာျပင္ကို သိုင္းဖက္လာမွုက ညင္သာလြန္းသည္၊ ယုယမွုအျပည့္ပါမွန္း ခန႔္ခန႔္ ခံစားမိေနသည္။ သို႔ေသာ္ ႐ုန္းထြက္ဖို႔ကို လုံးဝမျပဳနိုင္ေသာသူကလည္း ေခ်ာက္နက္နက္ထဲခုန္ဆင္းခ်င္ေနသည့္ အမိုက္အမဲေလးတစ္ေယာက္ႏွယ္။
"သိတယ္"
"ဒါဆိုသိလ်က္နဲ႔ ကိုယ့္ကိုညႇဥ္းဆဲရက္တယ္ေပါ့"
အေျပာႏွင့္အတူ ရင္ခြင္ထဲေရာက္ေနေသာ သူ႔ဦးေခါင္းဆီတိုးလာေလတာ တေရြ႕ေရြ႕။ သူ႔၏တလွိုက္လွိုက္ရင္ဖိုေနမွုကလည္း လွိုင္းသံတို႔ထက္ ပိုက်ယ္ေလာင္လာသေယာင္ ထင္လာသည္။ အဲ့လူႀကီး ဘာလုပ္ေတာ့မလို႔လဲ။ သိခ်င္စိတ္ႏွင့္အတူ မ်က္လုံးကိုစုံမွိတ္မိေလေတာ့ သူ႔နား၏အထက္ဆီ ထိုးခြင္းလာသည္က ခပ္ဖြဖြအနမ္းတစ္ခုျဖစ္ေနသည္။
"အဲ့လူႀကီး ဖယ္"
သူ႔ကိုနမ္းလိုက္သည္ဆိုေသာ အသိရမွာသာ ရင္ခြင္ထဲက တအား႐ုန္္းထြက္မိတာျဖစ္သည္။ ရင္ဝကိုလက္ျဖင့္ ေဆာင့္တြန္းလိုက္ေပမဲ့ နာနာက်င္က်င္ေတာ့မဟုတ္။ ႏွစ္ဦးသားသည္လည္း သိပ္ေဝးသြားၾကေသးတာ မဟုတ္ေပ။
"အဲလိုမလုပ္နဲ႔ဗ်ာ၊ ေနရခက္တယ္"
အခ်ိန္တစ္ခဏတြင္းပင္ မီးျပန္လာတာမို႔ ခန႔္ခန႔္ ေရခ်ိဳးခန္းဆီ ေျပးဝင္မိသည္။ အဲ့လူႀကီးကိုေတာ့ တစ္ခ်က္သာေမာ့ၾကည့္ျဖစ္ခဲ့၏။ လည္ဂုတ္ကိုပြတ္သပ္လ်က္ သူ စိတ္ဆိုးသြားသလားဆိုတာကို ေသခ်ာသုံးသပ္ေနဟန္ရွိသည္။
ခန႔္ခန႔္ခမ်ာေတာ့ ေရခ်ိဳးခန္းထဲေရာက္သည္ထိ ရင္ခုန္သံေတြမွာ ထိန္းခ်ဳပ္မရေအာင္ ဗရမ္းဗတာခုန္ေနဆဲပင္။ ဤသည္မွာ သူ႔ဘဝအတြက္ အနမ္းေသခ်ာမမည္ေသာ သူစိမ္းတစ္ေယာက္၏ ပထမဦးဆုံးအနမ္းျဖစ္သည္။ ဒါကို အဲ့လူႀကီးက နမ္းလိုက္သည္တဲ့ေလ။
မွန္ျပင္တြင္ေပၚေနေသာ ကိုယ့္ပုံရိပ္ကိုယ္ၾကည့္ရင္း ခန႔္ခန႔္ ရွက္ေနသေယာင္ျဖစ္မိသည္။ စိတ္ဆိုးသင့္သည္အရာကို စိတ္မဆိုးဘဲ ရင္ခုန္ေနရသတဲ့လား။ မ်က္ႏွာတြင္ နီျမန္းေနမွုက ေရခ်ိဳးခန္းမီးအလင္းေရာင္ေၾကာင့္ေတာ့ မျဖစ္နိုင္။ ပထမဆုံးအႀကိမ္မို႔ပဲလား၊ ႏွလုံးေသြးတို႔၏ လွိုက္ဆူေနမွုက အခုခ်ိန္ထိပင္ ရပ္တန႔္ျခင္းမရွိေသးပါေလ။
သီခ်င္းထဲကလိုဆို ရင္ခုန္မိတာ အခ်စ္ပဲလား။
............................
ပင္လယ္နံနက္ခင္းကား ပကာသနမရွိေသာ္ျငား ခမ္းနားဆဲပင္။
ေရရွိသည္၊
လွိုင္းရွိသည္၊
တိုက္စားခံနိုင္သည့္ ေက်ာင္ေဆာင္တို႔ရွိသည္၊
ေဖြးျဖဴေနေသာ သဲေသာင္ျပင္က်ယ္ရွိေလသည္၊
ဒါသည္ပင္လၽွင္ ပင္လယ္၏ရိုးစင္းေသာခမ္းနားမွုတို႔ မဟုတ္ပါတကား။
မနက္စာစားေဆာင္တြင္ သင္တန္းကအဖြဲ႕ေတြ ရန္ကုန္ျပန္ၾကဖို႔အေရး တာဆူေနၾကသည္။ အခန္းအပ္သူကအပ္၊ စားသူကစားႏွင့္၊ တခ်ိဳ႕ကေတာ့ အထုပ္ကိုယ္စီႏွင့္ ကားနားသြားေစာင့္ေနၾကေလၿပီ။ ရန္ကုန္ျပန္လိုက္ရန္မလိုေသာ ေဇယ်ာတို႔ႏွစ္ေယာက္မွာသာ ေအးေဆးေနၾကတာျဖစ္သည္။
ရာသီဥတုမွာ အုံ႔မွိုင္းမွိုင္းႏွင့္ ေနေပ်ာက္လ်က္ရွိသည္။ ေကာင္းကင္တစ္ခြင္ ခဲျဖဴေရာင္တိမ္တိုက္ေတြ ပတ္လည္ဝိုင္းေနေလေတာ့ သဲျဖဴကၽြန္းသြားလည္ဖို႔ ႀကံရြယ္ထားသည့္သူတို႔အတြက္လည္း အေနေတာ္ျဖစ္သြား၏။ ေနမ်ားထပ္မထြက္လာခဲ့လၽွင္ အနီးအနားကကၽြန္းေတြပါ အလည္အပတ္သြားရမည္ဟု ေတြးထားလိုက္သည္။
ထိုအခိုက္ အေနာက္မွေရာက္လာေလေသာ သီခ်င္းတညည္းညည္းႏွင့္ ေကာင္ကေလး။ AirPods ကိုနားမွာတပ္ၿပီး လြယ္အိတ္ေလးလြယ္ထြက္လာတာ ေပါ့ေပါ့ပါးပါးပင္။ သည္ကေလးမွာ လူငယ္ဟန္ပီပီ စြယ္စုံရလြန္းသည့္ အေကာင္ေပါက္ေလးႏွယ္။ ေဇယ်ာ ငယ္ငယ္ကႏွင့္လည္း မတူပါေခ်။
သူဆိုသည္မွာ တကၠသိုလ္ေက်ာင္းသားဘဝတုန္းကလည္း မလွုပ္တလွုပ္ႏွင့္သာ ေနတတ္၏။ ထက္ျမက္တို႔ႏွင့္သာ အျမဲတတြဲတြဲ၊ သူတို႔ေခၚရာဆို ပါတတ္သည္။ သည္လိုဆိုလို႔ စာကိုတိတိပပ ႀကိဳးစားခဲ့သည္လည္းမဟုတ္။ ကိုယ့္အေတြးနဲ႔ကိုယ္ သီးသီးသန့္သန့္ ေနတတ္ခဲ့သည့္ ေက်ာင္းသားတစ္ဦးသာ။
သူ႔ေရွ႕တြင္ျမင္ေနရသည့္ ကေလးကေတာ့ ထိုသို႔မဟုတ္။ စာလည္းထူးခၽြန္ေအာင္ ႀကိဳးစားသလို ေခတ္လူငယ္ေလးတစ္ေယာက္လိုလည္း ေနတတ္သူျဖစ္ေလသည္။ အခုပဲ ဝတ္လာေလတာ ရွပ္အျဖဴလက္တိုႏွင့္ အပြင့္ဒီဇိုင္းပါေသာ ကမ္းေျခဝတ္ေဘာင္းဘီတိုတစ္ထည္ႏွင့္၊ ေနမထြက္တာကိုသိေတာ့ ဝတ္ခ်င္တိုင္းဝတ္လာသည္။ အတိုဆိုတာလည္း ေတာ္႐ုံမဟုတ္၊ ဒူးအထက္ေရာက္ကာ တိုေလလြန္းလို႔ ေပါင္တံသြယ္သြယ္ပင္ ျမင္ေနရေလၿပီ။
"ေဘာင္းဘီက မတိုလြန္းဘူးလား၊ ဒူးအထက္ေတာင္ ေရာက္ေနၿပီ"
"မတိုပါဘူး၊ ကမ္းေျခဆို ဒီလိုဝတ္ေနၾကတဲ့ဟာ"
လူကိုမ်က္လုံးစိမ္းႀကီးႏွင့္ ၾကည့္ေျပာၿပီး ေရွ႕ကေက်ာ့ေက်ာ့ေလး ထြက္သြားေလသည္။ ညက စိတ္မထိန္းနိုင္ဘဲ ဆံစေလးခိုးနမ္းမိထားေတာ့ သည္ကေလးက သူ႔ကိုသိပ္မၾကည္လွ။ စကားကိုလည္း ဘုဆတ္ဆတ္ျပန္ေျပာခ်င္သည္။ ရင္ခြင္ထဲၿငိမ္ေနခဲ့သူမို႔ သူလည္းအရဲစြန႔္မိခဲ့တာပင္။ ဘဝမွာ မီးပ်က္လို႔ေက်းဇူးတင္မိတာ ညကပထမဆုံးျဖစ္ေလ၏။
သည္လိုႏွင့္ စက္ေလွငွားသည့္ေနရာ ေလၽွာက္လာခဲ့ေတာ့ ေဘာင္းဘီတို၊ မ်က္မွန္အမည္းႏွင့္ ေသးေသးေကြးေကြး အထာက်က် သူ႔ကေလးအား အမ်ားၾကည့္စရာျဖစ္လာသည္။ သူကသာ မတိုဘူးေျပာသည္၊ တကယ္က ေပါင္တံေဖြးေဖြးႏွင့္ ရဲေနေသာဒူးေခါင္းကေလးပင္ ျမင္ေနရေတာ့ ေဘးလူေတြ သတိထားၾကည့္စရာ ျဖစ္ေနေလေတာ့၏။
ေဇယ်ာတစ္ေယာက္ ဘယ္နားက ဘယ္လိုကာေပးရမည္ပင္ မသိေအာင္လမ္းေပ်ာက္ေနရသည္။ ခ်စ္ေတာ့လည္း ေယာက်္ားေလးပင္ျဖစ္လင့္ကစား အူတိုရသည္။ ဘယ္သူမွ မၾကည့္ေစခ်င္သလို၊ မေန႔ကလို တျခားတစ္ေကာင္ႏွင့္ ဖက္လဲတကင္းေနတာမ်ိဳးလည္း မႀကိဳက္ပါေပ။ သည္ကေလးကို အိတ္ေထာင္ထဲထည့္ၿပီး ဝွက္ထားလို႔ရလၽွင္လည္း အေကာင္းသား။
"ကိုယ္ေပးထားတဲ့ေဆးက ေသာက္ခဲ့ရဲ့လား"
"အာ ဟုတ္သားပဲ"
"ၾကည့္ ... စားခ်င္တာက ဂဏန္းခ်ဥ္စပ္ေတြ၊ ရခိုင္မုန့္တီေတြ။ ေဆးေသာက္ဖို႔က် ေမ့တယ္၊ ဗိုက္ထပ္နာလာလိမ့္မယ္။ ကိုယ္သြားယူမယ္၊ ခဏေစာင့္ေနခဲ့"
ေဒါသသံမပါဘဲ ဆူျပန္ေတာ့လည္း ေခါင္းေလးတစ္ခ်က္ညိတ္ရွာသည္။ မေန႔ကပဲ ဗိုက္နည္းနည္းနာတယ္ဆိုလို႔ အေျဖရွာမိမွ ရခိုင္စာအစပ္ေတြကို ေရာက္တဲ့ေနကတည္းက မွာစားတာျဖစ္သည္။ ဒါကို မနက္ျဖန္က် မင္းလမ္းသြားခ်င္တယ္၊ အျပန္က်သြားရေအာင္ဆိုတာမ်ိဳးက ပူဆာထားေသးသည္။ ခ်စ္ေတာ့လည္း ေဆးေဆာင္ကာအလိုလိုက္ရေတာ့တာပင္။
ခ်စ္ရသူႏွုတ္ကထြက္သမၽွ အမိန႔္ေတာ္တစ္ခုလို မေသြဖယ္နိုင္ပါေလ။ သို႔ေသာ္ သူ႔၏အလိုလိုက္မွုက နာက်င္မွုအထိ ျဖစ္သြားနိုင္သည္ကို ထိုညတစ္နာရီေက်ာ္ကမွ သိလိုက္ရတာပင္။
ထိုအခ်ိန္တြင္ အခန္းအျပင္မွဝင္လာေသာ လွိုင္းပုတ္သံသဲ့သဲ့သာ ရွိသည္။ အိပ္ေပ်ာ္ေနရင္းက တသိမ့္သိမ့္ ညည္းညဴေနသံကိုေတာ့ နိုးတစ္ဝက္၊ မနိုးတစ္ဝက္ျဖင့္သာ ၾကားရတာျဖစ္၏။
"အ ... အဲ့လူႀကီး၊ အဲ့လူႀကီး"
နာမည္ပါေခၚေလမွ အိပ္မက္မဟုတ္ဘဲ တကယ္မွန္းသိေတာ့သည္။ ေမွာင္ေမွာင္မည္းမည္း အခန္းတြင္းတြင္ ေခၚလာတာမို႔ ႐ုတ္တရက္ထထိုင္မိသည္ထိ စိတ္ပူသြားရတာပင္။
"ဘာျဖစ္တာလဲ၊ ဗိုက္ျပန္နာတာလား"
"မရေတာ့ဘူး အား"
အခန္းမီးထြန္း၍ တစ္ဖက္ေမြ႕ရာဆီ သြားၾကည့္ေလမွ အေျခအေနကို သိရေလေတာ့သည္။ မရေတာ့ဘူးဆိုတာ မခံနိုင္ေတာ့တာကို ေျပာေလမွန္း မ်က္ျမင္မွပဲသိေတာ့၏။ ဗိုက္ကိုလက္ႏွင့္ဖိထာၿပီး ခပ္ေကြးေကြး အေနအထားႏွင့္၊ ေျခေထာက္ေတြပင္ ဆန့္မထားနိုင္ေအာင္ နာေနပုံရသည္။ ဆံစတို႔ျဖင့္ ဖုံးလႊမ္းထားေသာ နဖူးျပင္တြင္ ေခၽြးေစးတို႔ျဖင့္ စိုနစ္ေနတာကပင္။ မ်က္ဝန္းမွာလည္း သူ႔ကိုအကူအညီေတာင္းခံေနသည့္ အရိပ္အေငြ႕ေတြႏွင့္၊ မ်က္ရည္ၾကည္တို႔ပင္ ရစ္သိုင္းေအာင္ထိ ဘယ္ေလာက္မ်ားခံရခက္ေနလို႔ပါလဲ။
"အရမ္းနာေနတာလား၊ ကိုယ္တို႔ေဆးခန္းသြားၾကမလား။ မငိုနဲ႔ ... မငိုနဲ႔၊ ကိုယ္ Reception ကို အကူအညီေတာင္းၾကည့္မယ္"
သူ႔လက္ေမာင္းအား အားကိုးတႀကီးဆုပ္ကိုင္ၿပီး အံႀကိတ္ခံေနရရွာေသာ ကေလးကိုျမင္ေတာ့ သူသာအစား ျဖစ္လိုက္ခ်င္သည္ဆိုေသာစိတ္ ျဖစ္ေပၚမိသည္။
ဤသို႔ျဖင့္ ညတစ္နာရီေက်ာ္မွ Reception ၏ အကူအညီျဖင့္ ကေလးအား ေဆးခန္းပို႔ရသည္။ လမ္းပင္မေလၽွာက္နိုင္ေတာ့တာမို႔ သူ ခ်ီေပြ႕လိုက္ရသည့္ကိုယ္ကေလးမွာ ေမ်ာ့ေခြလို႔ေနသည္။ ညေနစာစားၿပီးခ်ိန္တြင္ သူတိုက္လိုက္ေသာေဆးက တစ္နာရီထိ ခံနိုင္ရည္ရွိပုံမရ။ အလိုလိုက္ကာ ေကၽြးမိေသာအပူအစပ္ေတြကပဲ သူခ်စ္ရသူကို ဒုကၡျပန္ေပးသည့္အျဖစ္ပါပဲလား။
ဟိုတယ္ကကားျဖင့္ ေဆးခန္းေရာက္ေလေတာ့ ဆရာဝန္က အစာအိမ္ေရာင္သည့္လကၡဏာဟုေျပာသည္။ ၿပီးေနာက္ သက္သာေစရန္ ေဆးထိုးေပးထား၏။ ေဆးခန္းက သီးသန့္ခန္းေလးမွာပဲ ခဏေစာင့္ၾကည့္ေစကာ မသက္သာလၽွင္ ေဆး႐ုံသြားရမည္တဲ့ေလ။
ဒါမို႔ ဟိုတယ္ကကားကိုလည္း ေတာင္းေတာင္းပန္ပန္္ျဖင့္ ကူညီေစရသည္။ ေဇယ်ာ့စိတ္တြင္လည္း ခြဲဖို႔စိတ္ဖို႔အထိ ကေလးတြင္ မျဖစ္ေစခ်င္တာမို႔ အျမန္သက္သာလာဖို႔သာ စိတ္ပူစြာ ဆုေတာင္းေနရတာပင္။
ေဆးထိုးအၿပီး နာရီဝက္ခန့္ၾကာမွသာ ႀကိတ္မွိတ္ခံစားေနရသည့္ကေလးမွ နည္းနည္းခံသာလာသည္ဟုဆိုေတာ့မွ သူ႔ရင္ထဲက အပူလုံးႀကီး တစ္ဝက္ေလာက္ေလ်ာ့က်သြားရသည္။ သိုေပမဲ့ အေျခအေန စိတ္မခ်ရေသးတာေရာ၊ ကေလးမွာ ေဆးအရွိန္ႏွင့္မွိန္းေနတာေရာေၾကာင့္ မႏွိုးေတာ့ဘဲ ေဆးခန္းတြင္သာ တစ္ညေစာင့္အိပ္ဖို႔ ဆုံးျဖတ္လိုက္ေတာ့၏။ ဆရာဝန္ကလည္း ခြင့္ျပဳေလေတာ့ ေဇယ်ာတစ္ေယာက္ ကုတင္ေဘးနားခုံေလးတြင္သာ ငူငူငိုင္ငိုင္ ေငးေမာေနမိေတာ့သည္။
မီးေရာင္ပ်ပ်ေအာက္တြင္ ျဖဴဖတ္ေနေသာ ကေလးငယ္ေလး၏အသြင္မွာ ႏြမ္းလ်လ်။ သူ႔အဖို႔ေတာ့ အျမန္သက္သာလာဖို႔ ဆုေတာင္းေန႐ုံမွတစ္ပါး အိပ္ဖို႔ပင္မႀကံရြယ္ျဖစ္ခဲ့။
(27/9/2020)
•••••••••••••••••••••••••••••••••••••••••••••
Bạn đang đọc truyện trên: Truyen3h.Co