Part-3
<Unicode>
သင်တန်းတက်ရမည့် ဒုတိယနေ့တွင်တော့ ခန့်ခန့် နောက်မကျဖြစ်တော့။ နှစ်ရက်လုံးနောက်ကျလျှင် ဆရာရော၊ အတန်းသားတွေကိုပါ သိပ်အားနာဖို့ကောင်းသည်။ သူ အရွယ်ငယ်ပေမဲ့ ကလေကချေတော့လည်း မဟုတ်ပါချေ။
ခန့်ခန့် စာသင်ခန်းထဲဝင်မည်လုပ်တော့ အတော်အများ စုံလင်နေလေပြီ။ ဟိုလူကြီးလည်း ရောက်နေပြီဖြစ်ကြောင်း မနေ့ကထိုင်ခဲ့သည့်နေရာက ကျောပြင်ကျယ်ကျယ်ကိုမြင်တာနှင့် သူသိလိုက်ပြီးသားပင်။ တခြားနေရာထိုင်ဖို့ကလည်း မနေ့ကကြည့်သလောက်တော့ နေရာလွတ်ရယ်သိပ်မရှိ။ မထူးဇာတ်ခင်း၍သာ ထိုလူဘေးဝင်ထိုင်တော့ ခေါင်းတစ်ခြမ်းစောင်းကြည့်လာသည်။
အပြုံးအရယ်မရှိ၊ အေးစက်စက်လှည့်ကြည့်လာပုံက လူအမြင်ကတ်စရာ။
ခဏအကြာတွင် ဆရာမအငယ်လေးတစ်ယောက် အတန်းထဲဝင်လာလေ၏။ သင်မည့်ဆရာမလာခင် ကျောင်းနှင့်ပတ်သက်သည့် အကြောင်းအရာတွေသိဖို့အတွက်ဆိုပြီး သီးသန့်ဖွဲ့ထားသော Facebook group တွင် ပါဝင်ထားဖို့ပြောသည်။ ဒါတင်မကသေး အဖွဲ့အလိုက် assignment များနှင့် activity များ လုပ်နိုင်ရန်အတွက် ငါးယောက်တစ်ဖွဲ့ ဖွဲ့ထားကြဖို့လည်း မှာသွားသေး၏။
ဖုန်းကိုင်ကာ Facebook ဖွင့်လိုက်၊ ပြောထားသည်များကိုရှာလိုက်နှင့် ခန့်ခန့် စိတ်ကရှုပ်လာလေပြီ။ လူကြီးတွေကြား အပေါင်းအသင်းမရှိပါဘူးဆိုကာမှ အဖွဲ့ပါဖွဲ့ခိုင်းနေတော့ အတော်စိတ်ညစ်သွားလေ၏။ အတန်းလာ၊ စာသင်တာနားထောင်၊ အိမ်မှာစာပြန်ကြည့်၍နှင့် လွယ်လွယ်ပြီးသွားနိုင်သော သင်တန်းမျိုးမဟုတ်မှန်း ခန့်ခန့် သဘောပေါက်လာသည်။
"မောင်လေး စိုင်မင်းခန့် အဖွဲ့ဖွဲ့ပြီးပြီလားဟင်"
ဖုန်းတစ်လုံးနှင့် ခေါင်းမဖော်တန်းရှိနေသောသူ့ကို မေးလာသူမှာ မနေ့က မခင်မေသက်ဆိုသူပင်။
"မဖွဲ့ရသေးဘူးဗျ"
ခန့်ခန့်ဖြေလိုက်တော့ သူမမျက်ဝန်းညိုညိုများ တောက်ပသွားလိုက်တာ ရေခဲမုန့်ရသည့် ကလေးတစ်ယောက်နှယ်။
"ဒါဆို အတော်ပဲပေါ့။ ဒီကအစ်ကိုတွေနဲ့ မမတို့လည်းဖွဲ့နေတာ တစ်ယောက်လိုသေးတယ်။ မောင်လေးစိုင်းမင်းခန့်လည်း ပါလိုက်လေနော်"
အစ်ကိုတွေဆိုလို့ လှည့်ကြည့်တော့ ရှေ့တန်းကအစ်ကိုတစ်ယောက်နှင့် ဟိုလူကြီးပင်။ မမမေသက်ကလည်း သူ့သူငယ်ချင်းနှင့် အင်း ... လိုက်ဖက်တော့ညီကြသား။ ခန့်ခန့် တွေးရင်းမော့ကြည့်နေတာတောင် သုံးယောက်ကသာ အရေးတယူရှိပုံပေါ်သည်။ ဟိုလူကြီးကဖြင့် ခန့်ခန့်ကြည့်တာတောင် အရေးမစိုက်သည့်ပုံနှင့်။ သူလိုအငယ်မျိုးကို အဖွဲ့ထဲရော ပါစေချင်ရဲ့လားမသိ။ သို့ပေမဲ့လည်း ဝင်စရာအဖွဲ့မရှိသေးတာမို့ လာခေါ်တုန်းဝင်ဖို့သာ ခန့်ခန့် ဆုံးဖြတ်လိုက်သည်။
"ဟုတ်ကဲ့ ကျွန်တော်ပါမယ်ခင်ဗျ။ မောင်လေးစိုင်းမင်းခန့်ဆိုတာကြီးက ထောက်နေရင် ခန့်ခန့်လို့ပဲ ရင်းရင်းနှီးနှီးခေါ်ပါ"
အတန်းထဲတွင် တစ်ယောက်ထဲသောအသိဖြစ်ပြီး သဘောလည်းကောင်းသည့် မမမေသက်ကို သူ ပြုံးဖြီးဖြီးလေး ပြန်ပြောလိုက်သည်။
"ဟုတ်ပါပြီရှင်၊ ဒါဆို တို့အဖွဲ့က ယောကျ်ားလေး ၃ယောက်၊ မိန်းကလေး ၂ယောက်ပေါ့နော်"
"ဒါဆို မေလေးတို့ အချင်းချင်းရင်းနှီးသွားအောင် Facebook မှာ သူငယ်ချင်းလုပ်ထားကြမယ်လေ၊ ပြီးရင် လိုင်းပေါ်မှာပါ စကားပြောဖို့အဖွဲ့ပါ ဖွဲ့ထားကြတာပေါ့"
ဘေးက မမမေလေးဆိုသူက ဝင်ပြောတော့ အားလုံးထောက်ခံကြသည်။ တစ်ယောက်နှင့်တစ်ယောက် account တွေ ဖလှယ်ကြတ၊ အပြန်အလှန်လက်ခံကြနှင့် အစုလိုက်အလုပ်တွေရှုပ်ကြရသေး၏။
"ခန့်ခန့်ရေ မမလက်ခံလိုက်ပြီနော်။ ဒါနဲ့ ကိုဟိန်းဇေယျာရဲ့ account နာမည်လေး ညီမတို့ကိုပြောပါဦး"
"Hein Zayar ပါပဲဗျ။ ကျွန်တော့်ကို ကိုဇေယျာလို့ပဲ ခေါ်ရင်ရပါတယ်"
ထိုလူကြီးက မမမေသက်ကိုပြောနေပုံကျတော့ မနေ့ကသူ့ကိုဆူသည့်ပုံစံနှင့် ဘာမှမဆိုင်။ တစ်ယောက်ထဲတောင် ဟုတ်ရဲ့လားဆိုတာ ယုံရခက်လိမ့်မည်။ ဒါမို့လည်း မနေ့ကတည်းက သူမတည့်နေမိတာ။ သို့သော်လည်း ခန့်ခန့် ထိုလူကြီးနာမည်ကို ရှာရပါဦးမည်။ ပုံမှန်ဆို စိုင်းမင်းခန့်ဆိုတာ ယောကျ်ားလေးချင်းမပြောနှင့်၊ မိန်းကလေးတောင် အပြင်မှာခင်တဲ့သူလောက်သာ စ Add တတ်သည့် ခပ်ချေချေလူမျိုးပင်။ အခုတော့ အခြေအနေအရ အကြီးတွေသဘောကျ၊ ဆရာမ သဘောကျ ပြုမူနေရခြင်း။
"Hein Zayar တွေက အများကြီးပဲ၊ ဘယ်ဟာလဲ။ ဟိုလူပုံကြီး လွမ်းလွမ်းဆွေးဆွေးနဲ့ ကျောခိုင်းရပ်နေတဲ့ဟာလား"
ထိုလူကြီးမှန်းသိပါလျက်နှင့် ခန့်ခန့် တမင်ရွဲ့ပြောလိုက်ခြင်းဖြစ်သည်။ ဒါကို လှည့်ကြည့်လာသူကလည်း နဖူးကြောတွေတင်းကာ၊ နှုတ်ခမ်းသားတွေကလည်း ခပ်စေ့စေ့နှင့်။ ခန့်ခန့် မထိတထိနှင့် မျက်ခုံးလေး နည်းနည်းပင့်ပြလိုက်သည်။ ဟက်! ကိုယ်ကစ Add ရတာမို့ ဒီလောက်တော့ စိတ်ဒုက္ခပေးကာ ပြောပေးရဦးမှာ သူ့တာဝန်ပါပဲလေ။
"ဟုတ်တယ်"
ဇေယျာ့စိတ်ထဲတွင်လည်း ထိုချာတိတ်အား ပိုမကြည်မလင်ဖြစ်သွားရသည်။ တောင်စောင်းမှာ ရှူခင်းအသားပေးနှင့် ရိုက်ထားသောပုံအား လွမ်းလွမ်းဆွေးဆွေးတဲ့လေ။ တကယ်ပါပဲ၊ သည်ချာတိတ်ဟာ အချိန်မလေးစားရုံတင်မက၊ အကြီးကိုပါ မထိလေးစားနှင့်။
သို့သော် တစ်ဖက်တွင်လည်း တကယ်ပဲသူ့ပုံက လွမ်းဆွေးတဲ့ပေါက်နေသလားဟု သံသယဖြစ်သွားရချေသည်။ မဖြစ်သေး၊ အိမ်ပြန်ရောက်မှ ရွယ်ရွယ်ကို သေချာကြည့်ခိုင်းဦးမည်ဟု တေးမှတ်ထားလိုက်၏။
ဘာကိစ္စဖြစ်ဖြစ် ယတိပြတ်ဆုံးဖြတ်နိုင်သူ ဟိန်းဇေယျာမှာ သည်သေးသေးကွေးကွေးချာတိတ်ပြောပါမှ သူ့ကိုယ်သူ ဒွိဟတွေ များသွားရချေတော့၏။
................
ပုံမှန်အလုပ်မရှိသေးသော ကျောင်းသားတစ်ယောက်အဖို့ ကျောင်းတက်မည်၊ စာသင်မည်၊ စာကျက်မည်ကလွဲလျှင် ကျန်တာတွေကတော့ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် ကြိုက်တာလုပ်မည်ဟု ခန့်ခန့်က ယူဆထားသူဖြစ်သည်။ ကျောင်းသားတာဝန်ကျေပွန်ဖို့ အတတ်နိုင်ဆုံးကြိုးစားသလို ကိုယ်ပိုင်ချိန်တွင်တော့ ဂိမ်းဆော့ရတာကို အရူးအမူးစွဲလမ်းသူဖြစ်၏။
အိမ်တွင်လည်း မိခင်ဖြစ်သူ ပွစိပွစိပြောတတ်ကလွဲလို့ ဖခင်နှင့်အဘွားကတော့ သူ့ကိုအပြစ်ပြောလှသူတွေမဟုတ်။ ဒါမို့ ဂိမ်းဆိုလျှင် အသစ်ထွက်သမျှလိုက်ဆော့တတ်ပြီး ဖုန်းနှင့်အားမရသည့်အချိန် PC နှင့်ပါ နေ့နေ့ညညထဆော့တတ်သည်။ သူ့ဘဝသည် ဂိမ်းဆော့နေရလျှင် ချစ်သူရည်းစားမရှိတောင်ဖြစ်တာမျိုး။
သို့သော် အဘွားပြောသလို ကလေးစိတ်မကုန်သေးတာမဟုတ်၊ သူ့ကိုရစ်မည့် မိန်းကလေးတွေကို မထိန်းချင်ရုံမျှသာ။
"ခန့်ခန့်ရေ ... မေမေသွားတော့မှာ၊ မုန့်ဖိုးကရှိသေးလား"
မနက်စောစော ဂိမ်းဆော့နေရင်း အောက်ထပ်က မေမေအော်လာတာဖြစ်၏။ ကျောင်းမတူကြသည့် သားအမိနှစ်ယောက် မနက်ခင်းဆို သည်လိုအော်ခေါ်ရင်းသာ မုန့်ဖိုးပေး၊ မှာစရာရှိတာမှာရသည်။
"မရှိတော့ဘူး မေမေ၊ ခဏ သားဆင်းလာပြီ"
မုန့်ဖိုးပေးတုန်းပေးခိုက် ဂိမ်းဆော့တာကိုထားခဲ့ပြီး အောက်ထပ်ထိ အပြေးအလွှားဆင်းယူရ၏။ တကယ်ဆို အရင်တစ်ခါပေးထားသည့်မုန့်ဖိုးက ရှိသေးသည်။ သို့သော်ငြား ဂိမ်းအသစ်တွေဝယ်နိုင်ဖို့အတွက် iTunes ထဲ ပိုက်ဆံထည့်ဖို့ ပေးတုန်းအသာတကြည် ယူထားရမည်ပင်။
"မေမေ"
"ပြော"
"သားကို ကလေးမဟုတ်တော့ဘူးသာပြောတာ မုန့်ဖိုးကျ ကလေး ပေးသလိုပေးနေတယ်။ ဟိုကောင် ခန့်ကိုဆို သူ့မေက တစ်လစာတစ်ခါတည်းပေးထားတာတဲ့။ သားလည်း အဲလိုပေးပါလား"
လှေကားရင်းတွေ့သည့် မိခင်ကို ပုခုံးမှလက်နှစ်ဖက်တင်ရင်း မုန့်ဖိုးများပိုရမလားအထင်နှင့် ကပ်ကာချွဲရသေး၏။
"အမလေး မဖြစ်ဘူး။ မင်းက ရှိရင်ရှိသလို တစ်ခါတည်းသုံးပစ်မှာ၊ မသိဘူးများထင်နေလား။ ကြားထဲပိုက်ဆံပြတ်လို့ အမေကမပေးရင် အဘွားဆီတောင်း၊ အဖေဆီတောင်းနဲ့။ ရော့ ... ပေးတာပဲယူထား"
"ဟုတ်"
တစ်သောင်းတန်သုံးရွက်ထုတ်ပေးရင်း နှုတ်မှလည်းပြောနေလိုက်တာ ကရားရေလွှတ်ပင်။ သည်တော့လည်း ထပ်နားပူခံမနေဘဲ ပေးသည့်ပိုက်ဆံလေးသာ အသာတကြည်ယူပြီး ငြိမ်နေလိုက်ရသည်။
"မော့စမ်း၊ မျက်ကွင်းတွေ ကျနေတာလား။ ညရောအိပ်ရဲ့လား ခန့်ခန့်ရယ်၊ ဂိမ်းတွေသိပ်ဆော့မနေနဲ့"
"ထင်လို့ပါ၊ ပုံမှန်ပါပဲ"
အသံလေးနှိမ့်ကာပြောရင်း လက်ထဲပါသည့်ဖုန်းတွင် ကိုယ့်မျက်လုံးကို ခိုးကာကြည့်ရသေး၏။ မျက်ဝန်းဝိုင်းဝိုင်းအောက်တွင် မသိမသာ ချိုင့်နေရုံမျှသာ။ ကျောင်းစာနှင့်ဂိမ်းဆော့တာပေါင်းတော့ အိပ်ရေးပျက်တာများပြီး ကျသွားပုံရသည်။
"ကျောင်းသွားဖို့မပြင်သေးဘူးလား"
"ဪ ... ဆယ့်တစ်နာရီမှ tutorial သွားဖြေရမှာ"
"ပြီးရော၊ အပြန်မိုးမချုပ်စေနဲ့"
"ဟုတ်"
မနက်ခင်းဆုံးမဩဝါဒလေး ပေးပြီးပါမှ ကျောင်းသွားသည့်ဆရာမကြီးပင်။ မေမေ့တပည့်တွေတော့ ဘယ်လိုနေသည်မသိ။ သူကတော့ တစ်ခုခုမှားတာနှင့် နားပူခံရပြီပင်။
သည်လိုနှင့် ခန့်ခန့်တစ်ယောက် မုန့်ဖိုးလေးအိတ်ကပ်ထဲထည့်ရင်း ဂိမ်းတစ်ပွဲလက်စသတ်ဖို့သာ ရှိသည်။ ပြီးလျှင် ကျောင်းတော်ကြီးကို သွားဖို့ပြင်ရဦးမည်။
သည်တစ်ပတ်က tutorial week (အစမ်းစာမေးပွဲဖြေရသည့်အပတ်) မို့ သူ့မှာ စာကျက်ရ၊ ကျောင်းတက်ရနှင့် ဂိမ်းလေးပါ ပေါင်းဖက်ဆော့တော့ ပန်ဒါမျက်ဝန်းဖြစ်လာတာလည်း မဆန်းချေ။ ဒါသာမက ကျောင်းပိတ်ရက်လည်းမနားရ။ စနေ၊ တနင်္ဂနွေလည်း မတက်ချင်သည့်သင်တန်းကြီးကို သွားတက်ရဦးမည်။
လူကြီးတန်းမို့ ပေါင်းစရာ၊ သင်းစရာကလည်းမရှိရသည့်ထဲ ဘေးကပ်လျက်ထိုင်ရတဲ့ ဟိုလူကြီးနဲ့ကလည်း အဆင်သိပ်မပြေလှ။ စာသင်ရင်းပျင်းလို့ ဂိမ်းဆော့လျှင်လည်း မျက်နှာတည်ကြီးနဲ့ လှည့်ကြည့်၊ ဖုန်းအသံမြည်လာရင်လည်း လှည့်ကြည့်နှင့် ဆရာ့မကြောက်ရပါဘဲ သူ့ချည်းကြောက်နေရသည်။
တကယ့်လူ့ဂွစာကြီး။
...................
"အစ်ကို ... ဒီလအော်ဒါစာရင်းရပြီ"
ဟိန်းဇေယျာ ရုံးခန်းထဲသို့ဝင်လာသော မင်းမင်းပင်။ သူနှင့်ဘက်ညီအောင် လုပ်နိုင်သော၊ အားကိုးရသော သွေးမတော်သားမစပ်သည့် ညီတစ်ယောက်ဆိုလည်း မမှားပါပေ။
"ဒါဆို ဒီဆိုင်ကအကုန်အဆင်ပြေပြီနော်။ ကြည့်မြင်တိုင်ဆိုင်ခွဲအတွက် တစ်ခုပဲလိုတော့တယ်၊ မန်နေဂျာကို သတိပေးထားတော့"
"ဟုတ် ကျွန်တော်ပြောထားတယ်။ ရုံးဆင်းတော့မှာလား အစ်ကို"
"အေး ၅နာရီရှိတော့မယ်၊ Gym သွားဦးမှာနဲ့ ရုံးဆင်းမှပဲ"
မင်းမင်းပြောပြီး ညနေတိုင်းလုပ်နေကျဖြစ်သော ကိုယ်ကာယအတွက် အချိန်ပေးဖို့ ထွက်ခဲ့တော့၏။
သည်လိုပါပဲ ... ဟိန်းဇေယျာအတွက် နေ့ရက်တွေဆိုသည်မှာ အလုပ်သွားမည်၊ Gym တွင် သူငယ်ချင်းထက်မြက်နှင့် အချိန်ကုန်မည်၊ အားလပ်ချိန်တွေဆိုရင်တော့ အိမ်မှာရယ်သာ အချိန်ကုန်နေတတ်တာများသည်။
အခုတလောမှ စနေ၊ တနင်္ဂနွေ သင်တန်းတက်နေ၍ သွားစရာတစ်ခုပိုလာခဲ့သည်။ ပြီးခဲ့သည့်နှစ်အတွင်းတော့ အလုပ်ကိုသာ စိတ်နှစ်လုပ်ကိုင်နေခဲ့ရင်း စိတ်ဒဏ်ရာတချို့ကို ကုစားရင်းအချိန်ကုန်ဆုံးစေရသည်။ ပျော်စရာအထူးမရှိပုံများ ကန်ရေပြင်ထက် တည်ငြိမ်သောရေအလျင်ကဲ့သို့သာ စိတ်အစဉ်မှာ လှုပ်ရှားခြင်းမရှိဘဲ ရှင်သန်နေထိုင်ခဲ့၏။
အင်း ... ပြီးခဲ့သော၂နှစ်။
ဟိန်းဇေယျာအဖို့ မိန်းမတစ်ယောက်ကြောင့် အတိတ်တို့ မလှပခဲ့သောနှစ်အပိုင်းအခြားပင် ဖြစ်သည်။ သူ့၏သနားတတ်သည့်စိတ်ကို အကွက်ကျကျ အသုံးချကာ ပိပိရိရိလိမ်ခဲ့သော မိန်းမတစ်ယောက်ကြောင့်ပင်။
ငွေတစ်မျက်နှာကြောင့် ကိုယ့်ကိုချစ်ဟန်ဆောင်ပြီး နောက်ကွယ်မှာ ဖောက်ပြန်ခဲ့သည့်ထိုမိန်းမ၊ ဖိတ်စာတွေဝေအပြီး မင်္ဂလာရက်နီးမှ ရှောင်ပြေးခဲ့သည့်ထိုမိန်းမ၊ ကိုယ်သာမက မိဘတွေကိုပါ ပတ်ဝန်းကျင်မှာ မျက်နှာမပြရဲအောင် အရှက်ခွဲခဲ့သည့်ထိုမိန်းမ....မုန်းပါသည်၊ မုန်းသည်ဆိုတာထက် အင်မတန်မှ စပ်ဆုပ်ရွံရှာခဲ့သည်ပင်။
မေမေကြိုဆင်ပေးခဲ့သည့် လက်ဝတ်ရတနာတွေသာမက အတူနေဖို့ရည်ရွယ်ထားတဲ့ ခြံဝန်းတွေကိုပါ အလွဲသုံးစားလုပ်သွားပြီး နိုင်ငံခြားကို ထွက်ပြေးသွားလေသတဲ့။ ထို့နောက် ဘာမှဆက်၍ဘာသတင်းအစအနမှ မသိရတော့။ ဟိန်းဇေယျာတို့မိသားစုကိုယ်တိုင်ကလည်း ရှက်လွန်းလို့ ဆက်မစုံစမ်းတော့တာဆို ပိုမှန်လိမ့်မည်။
သည်ကိစ္စဖြစ်ပြီးကတည်းက သူ အရယ်အပြုံးနည်းလာခဲ့သလို၊ အပေါင်းအသင်းတွေလည်း အများကြီးမပေါင်းဖြစ်တော့။ သူ့ကို သနားသလိုကြည့်လာကြသည့် ပတ်ဝန်းကျင်နှင့်လည်း သိပ်အဆက်အဆံမလုပ်ဖြစ်တော့။ လူတွေနှင့်တွေ့ရမှာ အထူးသဖြင့် မိန်းမတွေနှင့်တွေ့ရမှာ ပိုကြောက်နေခဲ့သည်က မသိစိတ်၏ညွှန်ကြားချက်တစ်ခုလို။
ဒါကြောင့်ပဲ ဒီနှစ်တွေအတွင်း သူ့ကြောင့် အရှက်ရခဲ့သည့်မိသားစုကိုသာ ပထမဦးစားပေးထား အချိန်ပေးဖြစ်ခဲ့သည်။ မိသားစု၄ယောက်ရှိသည့် သူတို့အိမ်တွင် ဖခင်အလုပ်ကို သူကကူဦးစီးပေးသလို မိခင်၏ရွှေဆိုင်ကိုလည်း ညီမလေးရွယ်ရွယ်ကပင် လိုက်ကူပေးသည်။ ရက်ရှည်လေးအားမှသာ စိတ်အပန်းဖြေဖို့ မိသားစုနဲ့ဖြစ်ဖြစ်၊ သူငယ်ချင်းထက်မြက်နှင့် ဖြစ်ဖြစ် ခရီးထွက်ဖြစ်တာများ၏။
သည်လို အရှုပ်အရှင်းကင်းကင်းနှင့် ပျော်စရာမရှိ အမြဲမှုန်ကုပ်နေတတ်သည့်သူ့အား စည်းကမ်းကြီးပြီး ဇီဇာကြောင်သည်ဟုတော့ နီးစပ်ရာပတ်ဝန်းကျင်က ထင်တတ်ကြစမြဲဖြစ်သည်။
တကယ်ဆို သူ့ဘဝက ရေမရှိသည့်ကန္တာရကဲ့သို့ သဲမှုန်အတိဖုံးလွှမ်းရင်း ခြောက်ကပ်ကပ်နှင့်သာ။
(6/9/2020)
••••••••••••••••••••••••••••••••••••••
<Zawgyi>
သင္တန္းတက္ရမည့္ ဒုတိယေန႔တြင္ေတာ့ ခန႔္ခန႔္ ေနာက္မက်ျဖစ္ေတာ့။ ႏွစ္ရက္လုံးေနာက္က်လၽွင္ ဆရာေရာ၊ အတန္းသားေတြကိုပါ သိပ္အားနာဖို႔ေကာင္းသည္။ သူ အရြယ္ငယ္ေပမဲ့ ကေလကေခ်ေတာ့လည္း မဟုတ္ပါေခ်။
ခန႔္ခန႔္ စာသင္ခန္းထဲဝင္မည္လုပ္ေတာ့ အေတာ္အမ်ား စုံလင္ေနေလၿပီ။ ဟိုလူႀကီးလည္း ေရာက္ေနၿပီျဖစ္ေၾကာင္း မေန႔ကထိုင္ခဲ့သည့္ေနရာက ေက်ာျပင္က်ယ္က်ယ္ကိုျမင္တာႏွင့္ သူသိလိုက္ၿပီးသားပင္။ တျခားေနရာထိုင္ဖို႔ကလည္း မေန႔ကၾကည့္သေလာက္ေတာ့ ေနရာလြတ္ရယ္သိပ္မရွိ။ မထူးဇာတ္ခင္း၍သာ ထိုလူေဘးဝင္ထိုင္ေတာ့ ေခါင္းတစ္ျခမ္းေစာင္းၾကည့္လာသည္။
အျပဳံးအရယ္မရွိ၊ ေအးစက္စက္လွည့္ၾကည့္လာပုံက လူအျမင္ကတ္စရာ။
ခဏအၾကာတြင္ ဆရာမအငယ္ေလးတစ္ေယာက္ အတန္းထဲဝင္လာေလ၏။ သင္မည့္ဆရာမလာခင္ ေက်ာင္းႏွင့္ပတ္သက္သည့္ အေၾကာင္းအရာေတြသိဖို႔အတြက္ဆိုၿပီး သီးသန႔္ဖြဲ႕ထားေသာ Facebook group တြင္ ပါဝင္ထားဖို႔ေျပာသည္။ ဒါတင္မကေသး အဖြဲ႕အလိုက္ assignment မ်ားႏွင့္ activity မ်ား လုပ္နိုင္ရန္အတြက္ ငါးေယာက္တစ္ဖြဲ႕ ဖြဲ႕ထားၾကဖို႔လည္း မွာသြားေသး၏။
ဖုန္းကိုင္ကာ Facebook ဖြင့္လိုက္၊ ေျပာထားသည္မ်ားကိုရွာလိုက္ႏွင့္ ခန႔္ခန႔္ စိတ္ကရွုပ္လာေလၿပီ။ လူႀကီးေတြၾကား အေပါင္းအသင္းမရွိပါဘူးဆိုကာမွ အဖြဲ႕ပါဖြဲ႕ခိုင္းေနေတာ့ အေတာ္စိတ္ညစ္သြားေလ၏။ အတန္းလာ၊ စာသင္တာနားေထာင္၊ အိမ္မွာစာျပန္ၾကည့္၍ႏွင့္ လြယ္လြယ္ၿပီးသြားနိုင္ေသာ သင္တန္းမ်ိဳးမဟုတ္မွန္း ခန႔္ခန႔္ သေဘာေပါက္လာသည္။
"ေမာင္ေလး စိုင္မင္းခန့္ အဖြဲ႕ဖြဲ႕ၿပီးၿပီလားဟင္"
ဖုန္းတစ္လုံးႏွင့္ ေခါင္းမေဖာ္တန္းရွိေနေသာသူ႔ကို ေမးလာသူမွာ မေန႔က မခင္ေမသက္ဆိုသူပင္။
"မဖြဲ႕ရေသးဘူးဗ်"
ခန့္ခန့္ေျဖလိုက္ေတာ့ သူမမ်က္ဝန္းညိဳညိဳမ်ား ေတာက္ပသြားလိုက္တာ ေရခဲမုန႔္ရသည့္ ကေလးတစ္ေယာက္ႏွယ္။
"ဒါဆို အေတာ္ပဲေပါ့။ ဒီကအစ္ကိုေတြနဲ႔ မမတို႔လည္းဖြဲ႕ေနတာ တစ္ေယာက္လိုေသးတယ္။ ေမာင္ေလးစိုင္းမင္းခန့္လည္း ပါလိုက္ေလေနာ္"
အစ္ကိုေတြဆိုလို႔ လွည့္ၾကည့္ေတာ့ ေရွ႕တန္းကအစ္ကိုတစ္ေယာက္ႏွင့္ ဟိုလူႀကီးပင္။ မမေမသက္ကလည္း သူ႔သူငယ္ခ်င္းႏွင့္ အင္း ... လိုက္ဖက္ေတာ့ညီၾကသား။ ခန႔္ခန႔္ ေတြးရင္းေမာ့ၾကည့္ေနတာေတာင္ သုံးေယာက္ကသာ အေရးတယူရွိပုံေပၚသည္။ ဟိုလူႀကီးကျဖင့္ ခန့္ခန့္ၾကည့္တာေတာင္ အေရးမစိုက္သည့္ပုံႏွင့္။ သူလိုအငယ္မ်ိဳးကို အဖြဲ႕ထဲေရာ ပါေစခ်င္ရဲ့လားမသိ။ သို႔ေပမဲ့လည္း ဝင္စရာအဖြဲ႕မရွိေသးတာမို႔ လာေခၚတုန္းဝင္ဖို႔သာ ခန႔္ခန႔္ ဆုံးျဖတ္လိုက္သည္။
"ဟုတ္ကဲ့ ကၽြန္ေတာ္ပါမယ္ခင္ဗ်။ ေမာင္ေလးစိုင္းမင္းခန့္ဆိုတာႀကီးက ေထာက္ေနရင္ ခန့္ခန့္လို႔ပဲ ရင္းရင္းႏွီးႏွီးေခၚပါ"
အတန္းထဲတြင္ တစ္ေယာက္ထဲေသာအသိျဖစ္ၿပီး သေဘာလည္းေကာင္းသည့္ မမေမသက္ကို သူ ျပဳံးၿဖီးၿဖီးေလး ျပန္ေျပာလိုက္သည္။
"ဟုတ္ပါၿပီရွင္၊ ဒါဆို တို႔အဖြဲ႕က ေယာက်္ားေလး ၃ေယာက္၊ မိန္းကေလး ၂ေယာက္ေပါ့ေနာ္"
"ဒါဆို ေမေလးတို႔ အခ်င္းခ်င္းရင္းႏွီးသြားေအာင္ Facebook မွာ သူငယ္ခ်င္းလုပ္ထားၾကမယ္ေလ၊ ၿပီးရင္ လိုင္းေပၚမွာပါ စကားေျပာဖို႔အဖြဲ႕ပါ ဖြဲ႕ထားၾကတာေပါ့"
ေဘးက မမေမေလးဆိုသူက ဝင္ေျပာေတာ့ အားလုံးေထာက္ခံၾကသည္။ တစ္ေယာက္ႏွင့္တစ္ေယာက္ account ေတြ ဖလွယ္ၾကတ၊ အျပန္အလွန္လက္ခံၾကႏွင့္ အစုလိုက္အလုပ္ေတြရွုပ္ၾကရေသး၏။
"ခန့္ခန့္ေရ မမလက္ခံလိုက္ၿပီေနာ္။ ဒါနဲ႔ ကိုဟိန္းေဇယ်ာရဲ့ account နာမည္ေလး ညီမတို႔ကိုေျပာပါဦး"
"Hein Zayar ပါပဲဗ်။ ကၽြန္ေတာ့္ကို ကိုေဇယ်ာလို႔ပဲ ေခၚရင္ရပါတယ္"
ထိုလူႀကီးက မမေမသက္ကိုေျပာေနပုံက်ေတာ့ မေန႔ကသူ႔ကိုဆူသည့္ပုံစံႏွင့္ ဘာမွမဆိုင္။ တစ္ေယာက္ထဲေတာင္ ဟုတ္ရဲ့လားဆိုတာ ယုံရခက္လိမ့္မည္။ ဒါမို႔လည္း မေန႔ကတည္းက သူမတည့္ေနမိတာ။ သို႔ေသာ္လည္း ခန့္ခန့္ ထိုလူႀကီးနာမည္ကို ရွာရပါဦးမည္။ ပုံမွန္ဆို စိုင္းမင္းခန႔္ဆိုတာ ေယာက်္ားေလးခ်င္းမေျပာႏွင့္၊ မိန္းကေလးေတာင္ အျပင္မွာခင္တဲ့သူေလာက္သာ စ Add တတ္သည့္ ခပ္ေခ်ေခ်လူမ်ိဳးပင္။ အခုေတာ့ အေျခအေနအရ အႀကီးေတြသေဘာက်၊ ဆရာမ သေဘာက် ျပဳမူေနရျခင္း။
"Hein Zayar ေတြက အမ်ားႀကီးပဲ၊ ဘယ္ဟာလဲ။ ဟိုလူပုံႀကီး လြမ္းလြမ္းေဆြးေဆြးနဲ႔ ေက်ာခိုင္းရပ္ေနတဲ့ဟာလား"
ထိုလူႀကီးမွန္းသိပါလ်က္ႏွင့္ ခန့္ခန့္ တမင္ရြဲ႕ေျပာလိုက္ျခင္းျဖစ္သည္။ ဒါကို လွည့္ၾကည့္လာသူကလည္း နဖူးေၾကာေတြတင္းကာ၊ ႏွုတ္ခမ္းသားေတြကလည္း ခပ္ေစ့ေစ့ႏွင့္။ ခန႔္ခန႔္ မထိတထိႏွင့္ မ်က္ခုံးေလး နည္းနည္းပင့္ျပလိုက္သည္။ ဟက္! ကိုယ္ကစ Add ရတာမို႔ ဒီေလာက္ေတာ့ စိတ္ဒုကၡေပးကာ ေျပာေပးရဦးမွာ သူ႔တာဝန္ပါပဲေလ။
"ဟုတ္တယ္"
ေဇယ်ာ့စိတ္ထဲတြင္လည္း ထိုခ်ာတိတ္အား ပိုမၾကည္မလင္ျဖစ္သြားရသည္။ ေတာင္ေစာင္းမွာ ရွူခင္းအသားေပးႏွင့္ ရိုက္ထားေသာပုံအား လြမ္းလြမ္းေဆြးေဆြးတဲ့ေလ။ တကယ္ပါပဲ၊ သည္ခ်ာတိတ္ဟာ အခ်ိန္မေလးစား႐ုံတင္မက၊ အႀကီးကိုပါ မထိေလးစားႏွင့္။
သို႔ေသာ္ တစ္ဖက္တြင္လည္း တကယ္ပဲသူ႔ပုံက လြမ္းေဆြးတဲ့ေပါက္ေနသလားဟု သံသယျဖစ္သြားရေခ်သည္။ မျဖစ္ေသး၊ အိမ္ျပန္ေရာက္မွ ရြယ္ရြယ္ကို ေသခ်ာၾကည့္ခိုင္းဦးမည္ဟု ေတးမွတ္ထားလိုက္၏။
ဘာကိစၥျဖစ္ျဖစ္ ယတိျပတ္ဆုံးျဖတ္နိုင္သူ ဟိန္းေဇယ်ာမွာ သည္ေသးေသးေကြးေကြးခ်ာတိတ္ေျပာပါမွ သူ႔ကိုယ္သူ ဒြိဟေတြ မ်ားသြားရေခ်ေတာ့၏။
................
ပုံမွန္အလုပ္မရွိေသးေသာ ေက်ာင္းသားတစ္ေယာက္အဖို႔ ေက်ာင္းတက္မည္၊ စာသင္မည္၊ စာက်က္မည္ကလြဲလၽွင္ က်န္တာေတြကေတာ့ ကိုယ္ပိုင္လြတ္လပ္ခြင့္ႏွင့္ ႀကိဳက္တာလုပ္မည္ဟု ခန႔္ခန႔္က ယူဆထားသူျဖစ္သည္။ ေက်ာင္းသားတာဝန္ေက်ပြန္ဖို႔ အတတ္နိုင္ဆုံးႀကိဳးစားသလို ကိုယ္ပိုင္ခ်ိန္တြင္ေတာ့ ဂိမ္းေဆာ့ရတာကို အ႐ူးအမူးစြဲလမ္းသူျဖစ္၏။
အိမ္တြင္လည္း မိခင္ျဖစ္သူ ပြစိပြစိေျပာတတ္ကလြဲလို႔ ဖခင္ႏွင့္အဘြားကေတာ့ သူ႔ကိုအျပစ္ေျပာလွသူေတြမဟုတ္။ ဒါမို႔ ဂိမ္းဆိုလၽွင္ အသစ္ထြက္သမၽွလိုက္ေဆာ့တတ္ၿပီး ဖုန္းႏွင့္အားမရသည့္အခ်ိန္ PC ႏွင့္ပါ ေန႔ေန႔ညညထေဆာ့တတ္သည္။ သူ႔ဘဝသည္ ဂိမ္းေဆာ့ေနရလၽွင္ ခ်စ္သူရည္းစားမရွိေတာင္ျဖစ္တာမ်ိဳး။
သို႔ေသာ္ အဘြားေျပာသလို ကေလးစိတ္မကုန္ေသးတာမဟုတ္၊ သူ႔ကိုရစ္မည့္ မိန္းကေလးေတြကို မထိန္းခ်င္႐ုံမၽွသာ။
"ခန့္ခန့္ေရ ... ေမေမသြားေတာ့မွာ၊ မုန့္ဖိုးကရွိေသးလား"
မနက္ေစာေစာ ဂိမ္းေဆာ့ေနရင္း ေအာက္ထပ္က ေမေမေအာ္လာတာျဖစ္၏။ ေက်ာင္းမတူၾကသည့္ သားအမိႏွစ္ေယာက္ မနက္ခင္းဆို သည္လိုေအာ္ေခၚရင္းသာ မုန႔္ဖိုးေပး၊ မွာစရာရွိတာမွာရသည္။
"မရွိေတာ့ဘူး ေမေမ၊ ခဏ သားဆင္းလာၿပီ"
မုန႔္ဖိုးေပးတုန္းေပးခိုက္ ဂိမ္းေဆာ့တာကိုထားခဲ့ၿပီး ေအာက္ထပ္ထိ အေျပးအလႊားဆင္းယူရ၏။ တကယ္ဆို အရင္တစ္ခါေပးထားသည့္မုန့္ဖိုးက ရွိေသးသည္။ သို႔ေသာ္ျငား ဂိမ္းအသစ္ေတြဝယ္နိုင္ဖို႔အတြက္ iTunes ထဲ ပိုက္ဆံထည့္ဖို႔ ေပးတုန္းအသာတၾကည္ ယူထားရမည္ပင္။
"ေမေမ"
"ေျပာ"
"သားကို ကေလးမဟုတ္ေတာ့ဘူးသာေျပာတာ မုန့္ဖိုးက် ကေလး ေပးသလိုေပးေနတယ္။ ဟိုေကာင္ ခန့္ကိုဆို သူ႔ေမက တစ္လစာတစ္ခါတည္းေပးထားတာတဲ့။ သားလည္း အဲလိုေပးပါလား"
ေလွကားရင္းေတြ႕သည့္ မိခင္ကို ပုခုံးမွလက္ႏွစ္ဖက္တင္ရင္း မုန႔္ဖိုးမ်ားပိုရမလားအထင္ႏွင့္ ကပ္ကာခၽြဲရေသး၏။
"အမေလး မျဖစ္ဘူး။ မင္းက ရွိရင္ရွိသလို တစ္ခါတည္းသုံးပစ္မွာ၊ မသိဘူးမ်ားထင္ေနလား။ ၾကားထဲပိုက္ဆံျပတ္လို႔ အေမကမေပးရင္ အဘြားဆီေတာင္း၊ အေဖဆီေတာင္းနဲ႔။ ေရာ့ ... ေပးတာပဲယူထား"
"ဟုတ္"
တစ္ေသာင္းတန္သုံးရြက္ထုတ္ေပးရင္း ႏွုတ္မွလည္းေျပာေနလိုက္တာ ကရားေရလႊတ္ပင္။ သည္ေတာ့လည္း ထပ္နားပူခံမေနဘဲ ေပးသည့္ပိုက္ဆံေလးသာ အသာတၾကည္ယူၿပီး ၿငိမ္ေနလိုက္ရသည္။
"ေမာ့စမ္း၊ မ်က္ကြင္းေတြ က်ေနတာလား။ ညေရာအိပ္ရဲ့လား ခန႔္ခန႔္ရယ္၊ ဂိမ္းေတြသိပ္ေဆာ့မေနနဲ႔"
"ထင္လို႔ပါ၊ ပုံမွန္ပါပဲ"
အသံေလးႏွိမ့္ကာေျပာရင္း လက္ထဲပါသည့္ဖုန္းတြင္ ကိုယ့္မ်က္လုံးကို ခိုးကာၾကည့္ရေသး၏။ မ်က္ဝန္းဝိုင္းဝိုင္းေအာက္တြင္ မသိမသာ ခ်ိဳင့္ေန႐ုံမၽွသာ။ ေက်ာင္းစာႏွင့္ဂိမ္းေဆာ့တာေပါင္းေတာ့ အိပ္ေရးပ်က္တာမ်ားၿပီး က်သြားပုံရသည္။
"ေက်ာင္းသြားဖို႔မျပင္ေသးဘူးလား"
"ဪ ... ဆယ့္တစ္နာရီမွ tutorial သြားေျဖရမွာ"
"ၿပီးေရာ၊ အျပန္မိုးမခ်ဳပ္ေစနဲ႔"
"ဟုတ္"
မနက္ခင္းဆုံးမဩဝါဒေလး ေပးၿပီးပါမွ ေက်ာင္းသြားသည့္ဆရာမႀကီးပင္။ ေမေမ့တပည့္ေတြေတာ့ ဘယ္လိုေနသည္မသိ။ သူကေတာ့ တစ္ခုခုမွားတာႏွင့္ နားပူခံရၿပီပင္။
သည္လိုႏွင့္ ခန႔္ခန႔္တစ္ေယာက္ မုန႔္ဖိုးေလးအိတ္ကပ္ထဲထည့္ရင္း ဂိမ္းတစ္ပြဲလက္စသတ္ဖို႔သာ ရွိသည္။ ၿပီးလၽွင္ ေက်ာင္းေတာ္ႀကီးကို သြားဖို႔ျပင္ရဦးမည္။
သည္တစ္ပတ္က tutorial week (အစမ္းစာေမးပြဲေျဖရသည့္အပတ္) မို႔ သူ႔မွာ စာက်က္ရ၊ ေက်ာင္းတက္ရႏွင့္ ဂိမ္းေလးပါ ေပါင္းဖက္ေဆာ့ေတာ့ ပန္ဒါမ်က္ဝန္းျဖစ္လာတာလည္း မဆန္းေခ်။ ဒါသာမက ေက်ာင္းပိတ္ရက္လည္းမနားရ။ စေန၊ တနဂၤေႏြလည္း မတက္ခ်င္သည့္သင္တန္းႀကီးကို သြားတက္ရဦးမည္။
လူႀကီးတန္းမို႔ ေပါင္းစရာ၊ သင္းစရာကလည္းမရွိရသည့္ထဲ ေဘးကပ္လ်က္ထိုင္ရတဲ့ ဟိုလူႀကီးနဲ႔ကလည္း အဆင္သိပ္မေျပလွ။ စာသင္ရင္းပ်င္းလို႔ ဂိမ္းေဆာ့လၽွင္လည္း မ်က္ႏွာတည္ႀကီးနဲ႔ လွည့္ၾကည့္၊ ဖုန္းအသံျမည္လာရင္လည္း လွည့္ၾကည့္ႏွင့္ ဆရာ့မေၾကာက္ရပါဘဲ သူ႔ခ်ည္းေၾကာက္ေနရသည္။
တကယ့္လူ႔ဂြစာႀကီး။
...................
"အစ္ကို ... ဒီလေအာ္ဒါစာရင္းရၿပီ"
ဟိန္းေဇယ်ာ ႐ုံးခန္းထဲသို႔ဝင္လာေသာ မင္းမင္းပင္။ သူႏွင့္ဘက္ညီေအာင္ လုပ္နိုင္ေသာ၊ အားကိုးရေသာ ေသြးမေတာ္သားမစပ္သည့္ ညီတစ္ေယာက္ဆိုလည္း မမွားပါေပ။
"ဒါဆို ဒီဆိုင္ကအကုန္အဆင္ေျပၿပီေနာ္။ ၾကည့္ျမင္တိုင္ဆိုင္ခြဲအတြက္ တစ္ခုပဲလိုေတာ့တယ္၊ မန္ေနဂ်ာကို သတိေပးထားေတာ့"
"ဟုတ္ ကၽြန္ေတာ္ေျပာထားတယ္။ ႐ုံးဆင္းေတာ့မွာလား အစ္ကို"
"ေအး ၅နာရီရွိေတာ့မယ္၊ Gym သြားဦးမွာနဲ႔ ႐ုံးဆင္းမွပဲ"
မင္းမင္းေျပာၿပီး ညေနတိုင္းလုပ္ေနက်ျဖစ္ေသာ ကိုယ္ကာယအတြက္ အခ်ိန္ေပးဖို႔ ထြက္ခဲ့ေတာ့၏။
သည္လိုပါပဲ ... ဟိန္းေဇယ်ာအတြက္ ေန႔ရက္ေတြဆိုသည္မွာ အလုပ္သြားမည္၊ Gym တြင္ သူငယ္ခ်င္းထက္ျမက္ႏွင့္ အခ်ိန္ကုန္မည္၊ အားလပ္ခ်ိန္ေတြဆိုရင္ေတာ့ အိမ္မွာရယ္သာ အခ်ိန္ကုန္ေနတတ္တာမ်ားသည္။
အခုတေလာမွ စေန၊ တနဂၤေႏြ သင္တန္းတက္ေန၍ သြားစရာတစ္ခုပိုလာခဲ့သည္။ ၿပီးခဲ့သည့္ႏွစ္အတြင္းေတာ့ အလုပ္ကိုသာ စိတ္ႏွစ္လုပ္ကိုင္ေနခဲ့ရင္း စိတ္ဒဏ္ရာတခ်ိဳ႕ကို ကုစားရင္းအခ်ိန္ကုန္ဆုံးေစရသည္။ ေပ်ာ္စရာအထူးမရွိပုံမ်ား ကန္ေရျပင္ထက္ တည္ၿငိမ္ေသာေရအလ်င္ကဲ့သို႔သာ စိတ္အစဥ္မွာ လွုပ္ရွားျခင္းမရွိဘဲ ရွင္သန္ေနထိုင္ခဲ့၏။
အင္း ... ၿပီးခဲ့ေသာ၂ႏွစ္။
ဟိန္းေဇယ်ာအဖို႔ မိန္းမတစ္ေယာက္ေၾကာင့္ အတိတ္တို႔ မလွပခဲ့ေသာႏွစ္အပိုင္းအျခားပင္ ျဖစ္သည္။ သူ႔၏သနားတတ္သည့္စိတ္ကို အကြက္က်က် အသုံးခ်ကာ ပိပိရိရိလိမ္ခဲ့ေသာ မိန္းမတစ္ေယာက္ေၾကာင့္ပင္။
ေငြတစ္မ်က္ႏွာေၾကာင့္ ကိုယ့္ကိုခ်စ္ဟန္ေဆာင္ၿပီး ေနာက္ကြယ္မွာ ေဖာက္ျပန္ခဲ့သည့္ထိုမိန္းမ၊ ဖိတ္စာေတြေဝအၿပီး မဂၤလာရက္နီးမွ ေရွာင္ေျပးခဲ့သည့္ထိုမိန္းမ၊ ကိုယ္သာမက မိဘေတြကိုပါ ပတ္ဝန္းက်င္မွာ မ်က္ႏွာမျပရဲေအာင္ အရွက္ခြဲခဲ့သည့္ထိုမိန္းမ....မုန္းပါသည္၊ မုန္းသည္ဆိုတာထက္ အင္မတန္မွ စပ္ဆုပ္ရြံရွာခဲ့သည္ပင္။
ေမေမႀကိဳဆင္ေပးခဲ့သည့္ လက္ဝတ္ရတနာေတြသာမက အတူေနဖို႔ရည္ရြယ္ထားတဲ့ ၿခံဝန္းေတြကိုပါ အလြဲသုံးစားလုပ္သြားၿပီး နိုင္ငံျခားကို ထြက္ေျပးသြားေလသတဲ့။ ထို႔ေနာက္ ဘာမွဆက္၍ဘာသတင္းအစအနမွ မသိရေတာ့။ ဟိန္းေဇယ်ာတို႔မိသားစုကိုယ္တိုင္ကလည္း ရွက္လြန္းလို႔ ဆက္မစုံစမ္းေတာ့တာဆို ပိုမွန္လိမ့္မည္။
သည္ကိစၥျဖစ္ၿပီးကတည္းက သူ အရယ္အျပဳံးနည္းလာခဲ့သလို၊ အေပါင္းအသင္းေတြလည္း အမ်ားႀကီးမေပါင္းျဖစ္ေတာ့။ သူ႔ကို သနားသလိုၾကည့္လာၾကသည့္ ပတ္ဝန္းက်င္ႏွင့္လည္း သိပ္အဆက္အဆံမလုပ္ျဖစ္ေတာ့။ လူေတြႏွင့္ေတြ႕ရမွာ အထူးသျဖင့္ မိန္းမေတြႏွင့္ေတြ႕ရမွာ ပိုေၾကာက္ေနခဲ့သည္က မသိစိတ္၏ညႊန္ၾကားခ်က္တစ္ခုလို။
ဒါေၾကာင့္ပဲ ဒီႏွစ္ေတြအတြင္း သူ႔ေၾကာင့္ အရွက္ရခဲ့သည့္မိသားစုကိုသာ ပထမဦးစားေပးထား အခ်ိန္ေပးျဖစ္ခဲ့သည္။ မိသားစု၄ေယာက္ရွိသည့္ သူတို႔အိမ္တြင္ ဖခင္အလုပ္ကို သူကကူဦးစီးေပးသလို မိခင္၏ေရႊဆိုင္ကိုလည္း ညီမေလးရြယ္ရြယ္ကပင္ လိုက္ကူေပးသည္။ ရက္ရွည္ေလးအားမွသာ စိတ္အပန္းေျဖဖို႔ မိသားစုနဲ႔ျဖစ္ျဖစ္၊ သူငယ္ခ်င္းထက္ျမက္ႏွင့္ ျဖစ္ျဖစ္ ခရီးထြက္ျဖစ္တာမ်ား၏။
သည္လို အရွုပ္အရွင္းကင္းကင္းႏွင့္ ေပ်ာ္စရာမရွိ အျမဲမွုန္ကုပ္ေနတတ္သည့္သူ႔အား စည္းကမ္းႀကီးၿပီး ဇီဇာေၾကာင္သည္ဟုေတာ့ နီးစပ္ရာပတ္ဝန္းက်င္က ထင္တတ္ၾကစျမဲျဖစ္သည္။
တကယ္ဆို သူ႔ဘဝက ေရမရွိသည့္ကႏၲာရကဲ့သို႔ သဲမွုန္အတိဖုံးလႊမ္းရင္း ေျခာက္ကပ္ကပ္ႏွင့္သာ။
(6/9/2020)
••••••••••••••••••••••••••••••••••••••
Bạn đang đọc truyện trên: Truyen3h.Co