Truyen3h.Co

နှောင်ကြိုး

Part-21

Fi_Lay


<Unicode>

ဖုန်းပြောမည်ကြံကာမှ ဇေယျာတစ်ယောက် ဦးနှောက်ခြောက်သွားသည်။ ခန့်ခန့် Profile ကို ရှာမရတော့သလို ခေါ်ဆို၍လည်း မဖြစ်နိုင်တော့။ Block ထားတာတော့ မဖြစ်နိုင်လောက်ပါ။ သည်ကလေး Deactivate လုပ်ထားသလားမသိ။ ဇေယျာ အတွေးများနေရင်းက သေချာအောင်ဖုန်းဆက်ကြည့်လိုက်သည်။

တစ်ခဏတွင်းမှာပင် ဖုန်းဝင်သွားသည် တတူတူနှင့်။ သို့သော် ချက်ချင်းဆိုသလို 'ဖုန်းမအားသေးပါရှင်' ဟူသောမိန်းကလေးအသံကြားရသည်။ သုံးခါခေါ်သည်အထိ ချပစ်လေတော့ ဇေယျာ စိတ်ပူလာသည်။ ခန့်ခန့်တစ်ယောက် ကောက်နေသည်မှာ သေချာသလောက်ရှိ၏။ သူမသိသည်က ကောက်ရခြင်းအကြောင်းအရင်း။

သို့နှင့် အိပ်ရာပေါ် လှဲမနေနိုင်တော့ဘဲ 'ငါ ဘာအမှားများလုပ်မိလို့ပါလိမ့်' ဟုတွေးကာ လမ်းလျှောက်မိပြန်သည်။ မနေ့ကမှ ကောင်းကောင်းမွန်မွန် ပြောဖြစ်ကြသေးတာကို အခုဘာဖြစ်ရပါသနည်း။

ဖုန်းမကိုင်၍ စိတ်ပူနေရင်းက ဇေယျာ အတွေးများလာရသည်။ ခြေထောက်မှာလည်း အငြိမ်မနေနိုင်၊ အခန်းထဲရှေ့နောက် ခေါက်တုံ့ခေါက်ပြန်လျှောက်နေမိ၏။

ထို့နောက် သူ အကြံရသည်။ ဖုန်းမကိုင်လျှင် SMS ပို့ရသေးသည်။ ဒါမို့ အိပ်ရာပေါ်ကဖုန်းကိုပြန်ယူကာ အပူတပြင်းနှင့် စာရိုက်မိသည်မှာ။

'ဘာတွေကောက်နေတာလဲ ကလေးရဲ့။ ကိုယ့်ဖုန်းကိုတော့ ကိုင်ဦးလေ၊ ဒါမှ ကိုယ်သိပြီး ဖြေရှင်းပေးလို့ရမှာပေါ့'

ပို့သာပို့လိုက်ရသည်၊ အကြောင်းပြန်မပြန်က မသိရ။ တစ်ခါမှ သည်လောက်ထိမကောက်ဖူးတော့ လန့်လည်းလန့်ရသည်။ ဇေယျာ SMS ပို့ပြီး သိပ်မကြာ၊ စာတစ်စောင် ချက်ချင်းဆိုသလို ပြန်ဝင်လာသည်။ ဒါမို့ ကောက်ဖတ်ရတာ အစောတလျင်နှင့်၊

'ဘာမှကောက်စရာမရှိဘူး။ အချိန်တွေ သိပ်ပိုနေရင် ညနေက ခင်ဗျားရဲ့ရည်းစားနဲ့သာ ဖုန်းပြောနေလိုက်'

သွားလေပြီ။ စာကိုဖတ်မိပြီး ဇေယျာ ခေါင်းကြီးသွားရ၏။ တိုက်တိုက်ဆိုင်ဆိုင် သူတို့ကို ကလေးက ဘယ်လိုမြင်သွားပါလိမ့်။ ညနေကဆိုတော့ ကျောင်းပြန်တုန်းကများ မြင်သွားတာလား။ အမှန်ပါပဲ။

'ကျောင်းကပြန်ရင် အဲ့လူကြီးတို့ဆိုင်ကို လမ်းတစ်ဖက်ကနေ လှမ်းကြည့်ဖြစ်တယ်' ဟူသောကလေးစကားကို နားထဲပြန်ကြားယောင်လာသည်။

ဇေယျာ ရှင်းပြဖို့ ဖုန်းထပ်ဆက်တော့ စက်ပိတ်သွားလေပြီ။ ဒါမျိုးတော့မဖြစ်သေး၊ ရှင်းပြရမည်။ သည်တစ်ကြိမ် စိတ်ကောက်သည်က ပုံမှန်ထက် အဆပေါင်းများစွာ ဆိုးဝါးလိမ့်မည်၊ တစ်ညနေလုံးတောင် သူ့ကိုဘယ်လောက်စိတ်တိုနေမည်လဲမသိ။

ဇေယျာ သူချစ်ရသည့် ခန့်ခန့်အကြောင်း နောကျေအောင် သိပါ၏။ ခန့်ခန့်ဆိုသည့်ကလေးမှာ သူ့မာနကြောင့်သာ ထုတ်မပြောတာရှိမည်။ သူ့အပေါ်တော့ သံယောဇဉ်အလွန်ရှိတာပင်။ အလေးပေးဆက်ဆံစေချင်ပြီး အချစ်ခံရသည်အား သဘောကျနေတတ်သည့် ကလေးမျိုးပင်။

ဇေယျာ စိတ်မြန်လက်မြန်နှင့် ညတွင်းချင်း ခန့်ခန့်အိမ်ရှေ့ လိုက်သွားခဲ့သည်။ ညကိုးနာရီရှိပြီဖြစ်၍ အော်ခေါ်မေးလို့က မကောင်းတော့။ အိမ်ရှေ့ရောက်နေကြောင်း ဖုန်းဆက်ပြောဖို့ကလည်း ဖုန်းပိတ်သွားလေပြီ။ စာတိုတစ်ကြောင်းပို့၍ အိမ်ရှေ့ခဏထွက်လာဖို့ပြောသော်လည်း တုံ့ပြန်မှုနည်းနည်းမှမရှိတော့ချေ။

ကားအပြင်ထွက်ရပ်ကာ တဖွဖွရွတ်နေမိသည်က 'အထင်မလွဲလိုက်ပါနဲ့ ကလေးရယ်...' ဟူ၍သာ။

............................

မနက်ခင်းချိန်ခါတွင် မရောက်ဖူးသော အိမ်ရှေ့လမ်းကလေးက သာယာနေသည်။ ပေလေးဆယ်သာသာရှိသောလမ်းလေးအား ကတ္တရာပြေပြေ ခင်းထား၏။ ခုနှစ်နာရီကျော်ပြီဖြစ်၍ မနက်ခင်းနေရောင်က တဖြည်းဖြည်းတက်လာလေသည်။ သစ်ရိပ်ကြားမှ ထိုးဖောက်လာသော နေပျောက်တို့မှာလည်း မတ်တပ်ရပ်နေသော သူ့ကိုယ်ပေါ်သို့ သက်ရောက်စပြုနေလေပြီ။

ဇေယျာ ညကနာရီဝက်ခန့်လောက်သာ စောင့်ကြည့်နိုင်ခဲ့၏။ အခန်းမီးပိတ်သွား၍ မျှော်လင့်ချက်မရှိခဲ့။ ဒါမို့ မနက်အစော ကျောင်းသွားခါနီးအချိန်မှသာ ပြန်လာစောင့်ရတာဖြစ်သည်။ မလွဲမသွေကျောင်းသွားရမှာမို့ ရှောင်ချင်လျှင်တောင် ရှောင်ရမှာမဟုတ်ပါပေ။ သို့သော် လူကြီးတွေနှင့်တွေ့လျှင် မေးနေမှာစိုး၍ အိမ်နှင့်သုံးအိမ်အကွာလောက်ကသာ စောင့်ရဲသည့်သူ့အဖြစ်။

မိနစ်နှစ်ဆယ်ခန့်ကြာတော့ မျှော်နေရသည့် ကလေးတစ်ယောက် ထွက်လာချေပြီ။ ခြံတံခါးဖွင့်ကာ ခပ်စိုက်စိုက်လေးလျှောက်လာသည်မှာ ရှပ်လက်ရှည်အဖြူနှင့် စိမ်းပြာရောင်ပုဆိုးအကွက်ကို ဝတ်ဆင်ထားသော ကွန်ပျူတာကျောင်းသားလေးပင် ဖြစ်သည်။ စာသင်မှတပ်သည့် မျက်မှန်လေးပါ တပ်ထားသေးတာ ထူးထူးဆန်းဆန်း။

"ကလေး"

ခပ်စိုက်စိုက်လေးလျှောက်နေတော့ ဇေယျာစောင့်နေတာကို မြင်ပုံမရ။ အသံကြားမှသာ မျက်မှန်အနက်လေးအား ပင့်ကြည့်လာသည်။ ခပ်မဲ့မဲ့မျက်နှာလေးနှင့် တအံ့တဩငြူစူကြည့်ပုံမှာ စိတ်ဆိုးနေသည့် ဘဲပေါက်လေးတစ်ကောင်နှယ်။

"ဘာလာလုပ်တာလဲ"

"မနေ့ကကိစ္စက ကလေးထင်သလို မဟုတ်ဘူး၊ ကိုယ်သေချာရှင်းပြချင်လို့ လာစောင့်နေတာ။ မနေ့ညကလည်း လာသေးတယ်"

"မရှင်းပါနဲ့၊ ရှင်းရအောင်လည်း ကျွန်တော်နဲ့ ဘာမှပတ်သက်နေတာ မဟုတ်ဘူး"

"ကိုယ်က ပတ်သက်ချင်တယ်လေကွာ"

ခန့်ခန့်၏ ခပ်စူးစူးအကြည့်တစ်ချက်ကို ဇေယျာ ရလိုက်လေ၏။ အရွယ်ချင်းခြားနားလှသော နှစ်ယောက်မှ အရပ်ကလည်း မတူညီကြပါပဲ။ ပုဆိုးနှင့် ခေတ်ဆန်ဆန်ရာဘာဖိနပ်စီးပြီး ဘောက်ဆတ်ဆတ်လျှောက်နေသော ကလေးတစ်ယောက်အား စတိုင်လ်ပန့်နှင့် ရှူးဖိနပ်ဟန်ပါပါစီးထားသော လူကြီးတစ်ယောက်က အကြိတ်အနယ် လိုက်ချော့နေရသည့်အဖြစ်။

"ကလေး ... ကိုယ်နဲ့ခဏလိုက်ခဲ့ပေးလို့ရမလား။ ပြီးရင် ကျောင်းကိုလိုက်ပို့ပါ့မယ်၊ ကိုယ်ရှင်းပြတာလေး လိုက်နားထောင်ပေးနော်"

"မအားဘူး၊ ကျောင်းသွားရမှာ"

"ဒါဆိုကျောင်းလိုက်ပို့မယ်၊ ကားပေါ်မှာတင် ရှင်းပြမယ်လေ"

ထိုအခါ မျက်မှန်လေးပင့်ကာ သူ့ကားအနက်ရောင်ကို လှည့်ကြည့်သည်။ ပြီးနောက်ပြောသည်က 'ဒီကားလည်းလိုက်မစီးချင်တော့ဘူး' တဲ့လေ။ ရေကုန်ရေခန်းကို ကောက်နေလေတာ သိသာပါသည်။ ထက်မြက်တောင် တင်မစီးပါဘူး၊ သူတစ်ယောက်တည်း အထူးသီးသန့်လို့ပြောပြီးကာမှ မနေ့က စန္ဒီ့ကိုခေါ်တင်တာ မြင်သွားသည်ကိုး။

"ဒါဆို ကားထားခဲ့မယ်၊ ကိုယ် ဘတ်စ်လိုက်စီးပြီး ကျောင်းပို့မယ်"

"သဘော"

ပြောချင်ရာပြောပြီး ကောက်ထွက်သွားသောကိုယ်တော်ချောနောက် ကားလော့ခ်ချကာ အပြေးလိုက်ရလေသည်။ အခုချိန်မှာ ရှင်းပြရဖို့ဆို ဘတ်စ်မပြောနှင့်၊ ငရဲရထားပင် စီးရပါစေ၊ ကလေးပါလျှင် သူ လိုက်မှာဖြစ်သည်။

လမ်းထိပ်မှတ်တိုင်အရောက် ကားလာလေတော့ ဇေယျာ ခန့်ခန့်နောက်က ကပ်ပြီးတက်လိုက်ရသည်။ ရှေ့ကတက်သွားပြီး ပိုက်ဆံနှစ်ရာတန်ကို နှစ်ရွက်ထည့်လိုက်တာမို့ ဇေယျာ့စိတ်ထဲ ကြည်နူးသွားရပါ၏။ ပစ်ပစ်ခါခါ မရှိသေးဘူးပဲမလား။

ဘတ်စ်သည် မနက်ခင်းမို့ပဲလားမသိ လူကြပ်နေ၍ တိုးကြရသည်။ ထိုင်စရာမရှိသည့်အပြင် တန်းကိုင်ဖို့နေရာပင် ရွေးနေလို့မရ။ သူကအရပ်ရှည်ပြီး ကိုးလိုးကန့်လန့်ဖြစ်နေသော်လည်း သေးသေးကွေးကွေး ကွန်ပျူတာကျောင်းသားလေးကတော့ ရအောင်ကိုတိုးဝှေ့သည်။ မှီအောင်မနည်းတိုးနေရသော ဇေယျာမှာ ကားဆရာ တစ်ခါဘရိတ်အုပ်လိုက်လျှင် လျှောက်နေရင်းက ဟန်ချက်ပျက်ပျက်ရသေး၏။ ဂျစ်ကန်ကန်ကလေးကတော့ သေချာကိုင်ထားလေဆိုသော မျက်နှာဘေးနှင့် လှည့်ကြည့်သေးတာပင်။

တဖြည်းဖြည်းဝေးလာ၍ လူတွေဆင်းကြမှ ဇေယျာနှင့်ခန့်ခန့် နောက်နားမှာ ခုံချင်းကပ်လျက်ထိုင်ရသည်။ ကွန်ပျူတာတက္ကသိုလ်ထိသွားတာမို့ထင်သည်၊ လူသိပ်ပါမလာတော့ချေ။ သည်တွင် အကွက်ကိုချောင်းနေသော ဇေယျာက စကားပြောဖို့ပြင်ရတော့၏။

"ကလေး"

ဇေယျာဖက် လှည့်ကြည့်လာသော မျက်မှန်လေးနှင့်ခန့်ခန့်။ ဇေယျာ အနီးကပ်မြင်ရမှ သတိထားမိတာက မျက်မှန်အောက်က မို့အစ်အစ်မျက်လုံးတွေကိုပင်။

ငိုများထားလေသလား။

"ဟို မနေ့က ကလေးတွေ့လိုက်တာ ကိုယ့်ရည်းစားမဟုတ်ဘူး။ ကိုယ့်မှာဘာရည်းစားမှ မရှိတော့တာ ကြာပြီ။ အတိအကျပြောရရင် ၂နှစ်နဲ့ ၇လ ရှိပြီ၊ ယုံနော်"

"အဲဒါဆို လက်ဆွဲလာတဲ့သူက..."

"ကိုယ့် အရင်ရည်းစားပါ"

ခန့်ခန့် မျက်နှာလွှဲသွားပါသည်။ ကားမှန်ကတဆင့် အပြင်ဘက်ကိုသာ ငေးကြည့်နေတော့သည်။

"ကိုယ် သူနဲ့ လက်ထပ်ဖို့ထိ စီစဉ်ခဲ့ဖူးပါတယ်၊ ဖိတ်စာတွေဝေပြီးမှ သူ့ပုံစံအမှန်ပေါ်လာခဲ့လို့ လက်မထပ်ဖြစ်ခဲ့ဘူး။ ကိုယ်နဲ့ ကိုယ့်မိသားစုဆီက ငွေတွေအလွဲသုံးစားလုပ်ပြီး တခြားတစ်ယောက်နဲ့ စင်္ကာပူကို ထွက်ပြေးသွားတာ"

သည်တစ်ကြိမ်မှ ခန့်ခန့် ပြန်လှည့်ကြည့်လာတာဖြစ်သည်။

"အဲကတည်းက သူ့ကို မုန်းတာထက်ပိုခဲ့တာပါ၊ ဒါပေမဲ့ မနေ့က ပြန်ပေါ်လာပြီး ကိုယ့်ရုံးမှာ ကိုယ်နဲ့တွေ့ချင်တယ်ဆိုပြီး ရောက်လာတယ်။ သူ့ကို သိတဲ့ဝန်ထမ်းတွေက အဝင်မခံတော့ သူက အော်ကြီးဟစ်ကျယ်တွေ ပြောကုန်ရော။ စျေးဝယ်တွေပါ အကုန်ကြည့်နေတဲ့အခြေအနေမို့ ကိုယ်မတတ်သာတဲ့အဆုံး သူ့ကိုဆွဲပြီး အပြင်ခေါ်ထုတ်လာခဲ့တာ။ ပြီးတော့ ကားပေါ်မှာတင် သူ့ကိုနောက်ထပ်မလာဖို့ အပြတ်ပြောပြီး လမ်းမှာတင်ချထားခဲ့တာ။ အဲဒါပါပဲ ကလေးရယ်၊ ကိုယ့်ကို အထင်မလွဲစေချင်ဘူး"

"သူက ဘာလို့တွေ့ချင်တာတဲ့လဲ"

"လာရှင်းပြတောင်းပန်တာတဲ့။ ဟိုဖက်ကတစ်ယောက်က သူ့ကိုခြိမ်းခြောက်လို့ ပါသွားတာပါ၊ ခုအဲတစ်ယောက်ကို အပြီးဖြတ်ခဲ့ပါပြီဆိုပြီး ကိုယ့်ကိုပြန်လက်ခံခိုင်းတာ။ ဒါပေမဲ့ ကိုယ်တစ်ခါတည်းအပြတ်ရှင်းခဲ့တယ်။ နောက်တစ်ခါထပ်လာရင် အရင်ကိစ္စတွေ ပြန်တရားစွဲမယ်လို့ပါ ပြောခဲ့တယ်"

ခန့်ခန့် သက်ပြင်းတစ်ချက်ချသွားပြန်သည်။ ဘာမှတော့ပြောမလာခဲ့။ ဇေယျာ ရင်တွေမောရပါသည်။

"ကလေး ဘယ်လိုခံစားရမလဲဆိုတာ ကိုယ်နားလည်ပါတယ်၊ ခု ကိုယ်ပြောတာတွေကို မယုံရင် ရွယ်ရွယ်တို့ ထက်မြက်တို့ကို ကိုယ် ဖုန်းဆက်ပေးလို့ ရတယ်နော်။ ကလေးမေးကြည့်"

"မလိုပါဘူး"

ခပ်မာန်မာန်ပြောသောစကားကြောင့် ဇေယျာ့မျက်နှာညှိုးလေတော့ ခန့်ခန့်လည်း မနေသာပြန်။

"ယုံတယ်"

သည်စကားကြားမှာ ဇေယျာ ပြုံးနိုင်တော့တာပင်။ တစ်ညလုံးပူလိုက်ရသည့်အပူ၊ ကောင်လေးစိတ်ဆိုးနေမှန်းသိတော့ သူသည်လည်း အိပ်မရလှပါပေ။

သို့နှင့် ဇေယျာသည် ဘတ်စ်နောက်ဆုံးအတန်းတွင် လူလစ်ခိုက် ခန့်ခန့်လက်သေးသေးလေးနှစ်ဖက်ကို အရဲကိုးဆွဲယူကိုင်လိုက်သည်။ မျက်လုံးချင်းဆုံလာလေတော့ နှုတ်မှလေးလေးနက်နက်စကားကို ဆိုပြန်သည်။

"ကလေး ကိုယ့်ကိုကြည့်! ကိုယ် ကလေးကို ဘယ်လောက်ချစ်တယ်ဆိုတာ အပြောနဲ့တင်မဟုတ်ဘူး၊ အလုပ်နဲ့ပါ သက်သေပြနေတယ်။ ပြန်ချစ်သည်ဖြစ်စေ၊ မချစ်နိုင်လို့ပဲဖြစ်စေ ကိုယ်ကတော့ နောက်လည်းသက်သေပြနေဦးမှာပဲ။ ပြီးတော့ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် ကလေးကို ကာကွယ်သွားမယ်၊ စောင့်ရှောက်သွားမယ်၊ အသက်ထက်ဆုံးချစ်သွားမယ်"

မျက်မှန်ကိုင်းလေးအောက်မှ စူးရှရှမျက်ဝန်းအကြည့်တွေသည် ဂရုဏာအရိပ်အယောင်လေး သန်းစပြုလာလေပြီ။ သည်တွင် ဇေယျာ့ရင်ထဲလည်း သိမ့်ခနဲ။

"ပြီးတော့ ပြန်မချစ်နိုင်ခဲ့ရင်လည်း ဝန်ထုပ်ဝန်ပိုးမဖြစ်နဲ့။ ကိုယ့်ကိုမနီးမဝေးမှာ ရှိခွင့်ပေးထားရုံနဲ့တင် ကိုယ်ကျေနပ်နေရပြီ။ အစ်ကိုလိုသတ်မှတ်ရင် အစ်ကိုတစ်ယောက်လို ကလေးဘေးနားမှာ အမြဲရပ်တည်ပေးနေမယ်။ တခြားချစ်ရသူဆိုပြီး မရှိနိုင်တော့တာမို့ ဘယ်သူနဲ့မှအထင်မလွဲနဲ့။ ကိုယ့်ကိုအကြွင်းမဲ့ ယုံပေးကွာနော်"

တဖြည်းဖြည်း လျှံတက်လာသည့်မျက်ရည်ဥတွေမှာ ခန့်ခန့်မျက်ဝန်းအိမ်တွင် ဒီရေအလားတိုးလာသည်။ ပြီးနောက် ကားသံ၊ ဟွန်းသံတွေကြား တိုးတိုးဖွဖွဆိုလာသည်က၊

"ကျွန်တော်ကယောကျ်ားလေးလေဗျာ။ အဲ့လူကြီး ဘာကြည့်ချစ်နေတာလဲ"

"မင်းကိုချစ်တာပါ ကလေးရ။ ယောကျ်ား၊ မိန်းမဆိုတဲ့ ပညတ်ချက်တွေကျော်လွန်ပြီး မင်းဖြစ်နေလို့ ချစ်မိသွားခဲ့တာ"

သူပေးလိုက်သောအဖြေကို အဆန်းတကြယ်ကြည့်နေသော မျက်ဝန်းတွေက သိပ်ကိုလှပနေတာပင်။ လက်သေးသေးလေးနှစ်ဖက်က သူ့ကိုပြန်ဖျစ်ညှစ်လာသည်ထိ ဘာတွေများအံ့ဩသွားလေသလဲမသိ။ ချက်ချင်းဆိုသလို ထပါရပ်တော့ ဇေယျာ အတော်ကြောင်သွားရသည်။

"အဲ့လူကြီး ဆင်းရအောင်"

မှတ်တိုင်အရောက် ကားဘရိတ်ပါအုပ်လိုက်တော့ ဇေယျာက ကိုယ်သေးသေးလေးကို လှမ်းထိန်းပေးရသေး၏။

"ကျောင်းမရောက်သေးဘူးမလား"

"လာပါ"

နှစ်ခါမခေါ်ရသော သူကလည်း ဆွဲခေါ်ရာနောက်ပါလာတာပင်။ ကျောင်းရောက်ဖို့လိုသေးတာကို ကားလမ်းမကြီးဘေးမှ ချိုးဝင်ခဲ့ပြီး သစ်ပင်တွေ အုံ့ဆိုင်းနေသောခြံကြီးတစ်ခြံထဲသို့ ဝင်ရလေ၏။ အထဲတွင် တဲအသေးလေးတွေနဲ့ စားပွဲ၊ ထိုင်စရာတွေမြင်တော့မှ တိတ်ဆိတ်သည့်စားသောက်ဆိုင်တစ်ခုဆိုတာ ဇေယျာ မှန်းဆလို့ရလိုက်သည်။ ခန့်ခန့်မှာတော့ ထောင့်ဆုံးကတဲလေးထိ ရှေ့မှဦးဆောင်ခေါ်တော့တာပင်။

"ကလေး ကျောင်းမတက်ဘူးလား"

"ဟင့်အင်း .. နေ့လယ်ချိန်မှတက်တော့မယ်။ ဒီဆိုင်ခဏထိုင်ချင်လို့"

အလို! မနက်ဦးပိုင်းကနှင့်မတူ သွက်လက်သောဟန်လေး ပြန်မြင်ရပြီမို့ စိတ်ကောက်ပြေသွားတာတော့ သေချာပါသည်။ စားစရာတွေကိုပါ စိတ်လိုလက်ရမှာချိန်တွင်တော့ ကျောင်းဝတ်စုံနှင့်ကောင်လေးမျက်နှာတွင် အပြုံးပန်းလေးတွေ ဖူးပွင့်လာချေပြီ။ သူကတော့ ဘာမှာမှာ၊ ဘာစားစား ပြုံးပျော်နေသည့်မျက်နှာလေးကို ငေးမောဖို့ပါပဲ။

အချစ်ဆိုတာ သူပျော်လျှင် ကိုယ်ပျော်ရသည်လေ။

"ဆိုင်လေးက အေးချမ်းတယ်နော်"

"ဟုတ်တယ်။ ကျောင်းလစ်ချင်ရင် ဒီလာပြီးဂိမ်းဆော့နေတာများတယ်"

စိတ်ဆိုးပြေသွားတာတော့လည်း ပုံမှန်လို သူ့အားဆက်ဆံလာသည်။ ရိုးရိုးရှင်းရှင်း ပွင့်ပွင့်လင်းလင်းနှင့် သူ့ပုံစံအတိုင်းပါပဲ။ မျက်လုံးတွေ အရောင်လက်သည်။ နှုတ်ခမ်းလေးပြုံးသည်။ ပါးမို့လေးတွင် အရာလေးတွေပေါ်သည်ထိ သဘောကျစရာတွေပြော၏။

ဇေယျာ့အဖို့တော့ သည်ကလေး၍အရိပ်အခြေကို လိုက်အကဲခတ်နေရတာကပင် အကျင့်တစ်ခုလို ဖြစ်လာသည်။ အချစ်က မရှိဖူးတဲ့အကျင့်တွေကိုရော ဖန်တီးပေးနိုင်တာမျိုးပဲလား။

"ပြောပါဦး၊ မျက်မှန်ကဘာလို့တပ်လာတာလဲ"

"ဘာမှမဖြစ်ဘူး။ စာသင်ဖို့ ကြိုတပ်ထားတာ"

ငိုထားသည့်အရှိန်ကြောင့် သိသိသာသာဖောင်းနေသော မျက်လုံးမို့လေးတွေက သူ့ကို ကြည့်မနေ။ လိမ်ပြောနေသည့်စကားတွေမို့ ရှောင်ဖယ်နေသည် ထင်ပါ၏။

"ဟုတ်လို့လား၊ ငိုထားလို့ မို့အစ်နေတဲ့မျက်လုံးတွေကို သူများတွေမမြင်စေချင်လို့မလား"

"အဲဒါဘယ်သူ့ကြောင့်လဲ"

ဒေါသထွက်လာသောကောင်လေးက သူ့လက်သီးဆုပ်လေးနှင့် စားပွဲခုံကလေးကို အသံမြည်အောင်ထိုးရင်းပြောသည်။ တကယ်စိတ်ဆတ်သည့်မာနခဲလေး။

"ကိုယ့်ကြောင့်ပါဗျာ၊ သဝန်တိုအောင် လုပ်မိတာ တောင်းပန်ပါတယ်နော်"

"ပြောလေဆိုးလေ ... ဘယ်သူကသဝန်တိုတယ်ပြောနေလို့လဲ"

"အဲဒါဆို ဘာလို့ငိုလဲ"

အကြိမ်များစွာ ပုတ်ခတ်သွားသောမျက်ဝန်းလေးက မလိမ်တတ်ဘဲ လိမ်ဖို့အကြောင်းအရာ ရှာနေတာ သိပ်သိသာသည်။ ဇေယျာ ဟက်ခနဲရယ်မိတော့ မျက်စောင်းခဲပြန်ပါ၏။ သုံးပေစာဝေးနေသည့် အကွာအဝေးကနေ အကြည့်ကြောင့်ပင် ပြာကျနိုင်ပါ၏။

"ဝမ်းနည်းလို့"

"ဝမ်းနည်းတာ သဝန်တိုလို့ပေါ့ ကလေးရယ်"

"အဲ့လူကြီး!"

မျက်နှာချင်းဆိုင်က လှမ်းလာတဲ့ ခန့်ခန့်ရဲ့လက်သီးချက်ကို ဇေယျာ ဖမ်းဆုပ်လိုက်သည်။ ပြီးနောက် တစ်ဖက်က ကောင်လေးဘေးသို့ ချက်ချင်း ပြောင်းထိုင်လိုက်လေ၏။ အံ့ဩစွာကြည့်နေသူ၏ လက်ကိုလည်း မလွှတ်ပေးပါချေ။

"နောက်တစ်ခါ အဲလိုဝမ်းနည်းလာရင် တစ်ယောက်တည်း ကြိတ်မငိုနဲ့။ ကိုယ့်ကိုဖုန်းဆက်နော် .. ချက်ချင်းလာပြီး နှစ်သိမ့်ပေးမယ်။ ပြဿနာရှိရင်လည်း ကိုယ် ဖြေရှင်းပေးမယ် ဟုတ်ပြီလား"

ခေါင်းလေးတစ်ချက်သာ ညိတ်ပြသောဂျစ်ကန်ကန်လေးအား ဇေယျာအလိုက်သင့် ရင်ခွင်ထဲထည့်မိတာပင်။ ဟန်ချက်ညီစွာ လိုက်ပါလာသောကိုယ်လုံးလေးက သဘောတူညီကြောင်းကို မသိမသာပြနေသယောင်။ ဇေယျာ ပုခုံးလေးကို ညင်သာစွာဖက်ထားရင်း ကျန်လက်တစ်ဖက်က လက်ဖမိုးဆီအုပ်မိုးထားလိုက်သည်။

"ဘာလို့ဒီလောက်ချစ်ဖို့ကောင်းရတာလဲ။ ကိုယ့်ကို မျက်နှာလေးမော့ပြပါဦး"

"အဲ့လူကြီး ထပ်ပြောရင်ထိုးမှာနော်"

အော်ရင်း ဇေယျာ့ကို လက်သီးဆုပ်လေး အပေါ်မြောက်ကာ ထိုးဟန်ပြုလာတာမို့၊

"ဟုတ်ပြီ ဟုတ်ပြီ၊ မကြည့်တော့ဘူး။ ဒီတိုင်းလေးပဲ ငြိမ်ငြိမ်လေးနေမယ်"

ရင်ခွင်ထဲရောက်နေသည့် ခန့်ခန့်၏ခေါင်းလေးအား ဇေယျာ အနမ်းဖွဖွတစ်ချက် ပေးလိုက်သည်။ သင်းပျံ့သောမွှေးရနံ့နှင့်အတူ အချစ်တွေပါ လက်ခံရရှိလိုက်သလို ခံစားရတာပင်။

ထို့နောက်မှ မနေနိုင်စွာ နှစ်ကိုယ်ကြားသာ ကြားလောက်မည့်လေသံလေးဖြင့် 'ချစ်တယ်နော်' ဟုပြောလိုက်တော့ မငြင်းပါဘဲ လက်တစ်ဖက်နှင့် ခါးကိုဖက်ပြီး ကိုယ်လေးကပိုတိုးဝင်လာသည်။ တွဲချိတ်လာသည့်လက်ကလေးကို ဇေယျာ ထပ်အုပ်မိုးကိုင်လိုက်ရင်း၊

"ကလေး ပြန်မပြောချင်သေးရင်လည်း အဆင်ပြေတယ်။ ဒီလိုလေးကိုယ့်ရင်ခွင်ထဲ ရှိနေပေးရင်ကို ကိုယ်ကကျေနပ်လှပြီ။ အဆင်သင့်ဖြစ်မှပြောနော်"

ဆတ်ခနဲ ခေါင်းတစ်ချက်ညိတ်သွားပုံလေးက အချစ်စကားပေါင်းများစွာထက် ပိုရင်ခုန်စရာကောင်းနေခဲ့တာပင်။ ရွှေရင်တသိမ့်သိမ့်ခုန်ရသလို ပိုတိုးဝှေ့လာသည့်ကိုယ်လေးကိုလည်း တစိိမ့်စိမ့် ဖက်မဝပါပဲ။

သေချာပါသည်၊ ဖွင့်မပြောတတ်သည့် သည်ကလေး၏ချစ်ခြင်းတွေကို ဇေယျာ စတင်လက်ခံရရှိနေပါပြီ။

(29/9/2020)
•••••••••••••••••••••••••••••••••••••••••••••••

<Zawgyi>

<Unicode>

ဖုန္းေျပာမည္ႀကံကာမွ ေဇယ်ာတစ္ေယာက္ ဦးေႏွာက္ေျခာက္သြားသည္။ ခန့္ခန့္ Profile ကို ရွာမရေတာ့သလို ေခၚဆို၍လည္း မျဖစ္နိုင္ေတာ့။ Block ထားတာေတာ့ မျဖစ္နိုင္ေလာက္ပါ။ သည္ကေလး Deactivate လုပ္ထားသလားမသိ။ ေဇယ်ာ အေတြးမ်ားေနရင္းက ေသခ်ာေအာင္ဖုန္းဆက္ၾကည့္လိုက္သည္။

တစ္ခဏတြင္းမွာပင္ ဖုန္းဝင္သြားသည္ တတူတူႏွင့္။ သို႔ေသာ္ ခ်က္ခ်င္းဆိုသလို 'ဖုန္းမအားေသးပါရွင္' ဟူေသာမိန္းကေလးအသံၾကားရသည္။ သုံးခါေခၚသည္အထိ ခ်ပစ္ေလေတာ့ ေဇယ်ာ စိတ္ပူလာသည္။ ခန့္ခန့္တစ္ေယာက္ ေကာက္ေနသည္မွာ ေသခ်ာသေလာက္ရွိ၏။ သူမသိသည္က ေကာက္ရျခင္းအေၾကာင္းအရင္း။

သို႔ႏွင့္ အိပ္ရာေပၚ လွဲမေနနိုင္ေတာ့ဘဲ 'ငါ ဘာအမွားမ်ားလုပ္မိလို႔ပါလိမ့္' ဟုေတြးကာ လမ္းေလၽွာက္မိျပန္သည္။ မေန႔ကမွ ေကာင္းေကာင္းမြန္မြန္ ေျပာျဖစ္ၾကေသးတာကို အခုဘာျဖစ္ရပါသနည္း။

ဖုန္းမကိုင္၍ စိတ္ပူေနရင္းက ေဇယ်ာ အေတြးမ်ားလာရသည္။ ေျခေထာက္မွာလည္း အၿငိမ္မေနနိုင္၊ အခန္းထဲေရွ႕ေနာက္ ေခါက္တုံ႔ေခါက္ျပန္ေလၽွာက္ေနမိ၏။

ထို႔ေနာက္ သူ အႀကံရသည္။ ဖုန္းမကိုင္လၽွင္ SMS ပို႔ရေသးသည္။ ဒါမို႔ အိပ္ရာေပၚကဖုန္းကိုျပန္ယူကာ အပူတျပင္းႏွင့္ စာရိုက္မိသည္မွာ။

'ဘာေတြေကာက္ေနတာလဲ ကေလးရဲ့။ ကိုယ့္ဖုန္းကိုေတာ့ ကိုင္ဦးေလ၊ ဒါမွ ကိုယ္သိၿပီး ေျဖရွင္းေပးလို႔ရမွာေပါ့'

ပို႔သာပို႔လိုက္ရသည္၊ အေၾကာင္းျပန္မျပန္က မသိရ။ တစ္ခါမွ သည္ေလာက္ထိမေကာက္ဖူးေတာ့ လန့္လည္းလန့္ရသည္။ ေဇယ်ာ SMS ပို႔ၿပီး သိပ္မၾကာ၊ စာတစ္ေစာင္ ခ်က္ခ်င္းဆိုသလို ျပန္ဝင္လာသည္။ ဒါမို႔ ေကာက္ဖတ္ရတာ အေစာတလ်င္ႏွင့္၊

'ဘာမွေကာက္စရာမရွိဘူး။ အခ်ိန္ေတြ သိပ္ပိုေနရင္ ညေနက ခင္ဗ်ားရဲ့ရည္းစားနဲ႔သာ ဖုန္းေျပာေနလိုက္'

သြားေလၿပီ။ စာကိုဖတ္မိၿပီး ေဇယ်ာ ေခါင္းႀကီးသြားရ၏။ တိုက္တိုက္ဆိုင္ဆိုင္ သူတို႔ကို ကေလးက ဘယ္လိုျမင္သြားပါလိမ့္။ ညေနကဆိုေတာ့ ေက်ာင္းျပန္တုန္းကမ်ား ျမင္သြားတာလား။ အမွန္ပါပဲ။

'ေက်ာင္းကျပန္ရင္ အဲ့လူႀကီးတို႔ဆိုင္ကို လမ္းတစ္ဖက္ကေန လွမ္းၾကည့္ျဖစ္တယ္' ဟူေသာကေလးစကားကို နားထဲျပန္ၾကားေယာင္လာသည္။

ေဇယ်ာ ရွင္းျပဖို႔ ဖုန္းထပ္ဆက္ေတာ့ စက္ပိတ္သြားေလၿပီ။ ဒါမ်ိဳးေတာ့မျဖစ္ေသး၊ ရွင္းျပရမည္။ သည္တစ္ႀကိမ္ စိတ္ေကာက္သည္က ပုံမွန္ထက္ အဆေပါင္းမ်ားစြာ ဆိုးဝါးလိမ့္မည္၊ တစ္ညေနလုံးေတာင္ သူ႔ကိုဘယ္ေလာက္စိတ္တိုေနမည္လဲမသိ။

ေဇယ်ာ သူခ်စ္ရသည့္ ခန့္ခန့္အေၾကာင္း ေနာေက်ေအာင္ သိပါ၏။ ခန့္ခန့္ဆိုသည့္ကေလးမွာ သူ႔မာနေၾကာင့္သာ ထုတ္မေျပာတာရွိမည္။ သူ႔အေပၚေတာ့ သံေယာဇဥ္အလြန္ရွိတာပင္။ အေလးေပးဆက္ဆံေစခ်င္ၿပီး အခ်စ္ခံရသည္အား သေဘာက်ေနတတ္သည့္ ကေလးမ်ိဳးပင္။

ေဇယ်ာ စိတ္ျမန္လက္ျမန္ႏွင့္ ညတြင္းခ်င္း ခန့္ခန့္အိမ္ေရွ႕ လိုက္သြားခဲ့သည္။ ညကိုးနာရီရွိၿပီျဖစ္၍ ေအာ္ေခၚေမးလို႔က မေကာင္းေတာ့။ အိမ္ေရွ႕ေရာက္ေနေၾကာင္း ဖုန္းဆက္ေျပာဖို႔ကလည္း ဖုန္းပိတ္သြားေလၿပီ။ စာတိုတစ္ေၾကာင္းပို႔၍ အိမ္ေရွ႕ခဏထြက္လာဖို႔ေျပာေသာ္လည္း တုံ႔ျပန္မွုနည္းနည္းမွမရွိေတာ့ေခ်။

ကားအျပင္ထြက္ရပ္ကာ တဖြဖြရြတ္ေနမိသည္က 'အထင္မလြဲလိုက္ပါနဲ႔ ကေလးရယ္...' ဟူ၍သာ။

............................

မနက္ခင္းခ်ိန္ခါတြင္ မေရာက္ဖူးေသာ အိမ္ေရွ႕လမ္းကေလးက သာယာေနသည္။ ေပေလးဆယ္သာသာရွိေသာလမ္းေလးအား ကတၱရာေျပေၿပ ခင္းထား၏။ ခုႏွစ္နာရီေက်ာ္ၿပီျဖစ္၍ မနက္ခင္းေနေရာင္က တျဖည္းျဖည္းတက္လာေလသည္။ သစ္ရိပ္ၾကားမွ ထိုးေဖာက္လာေသာ ေနေပ်ာက္တို႔မွာလည္း မတ္တပ္ရပ္ေနေသာ သူ႔ကိုယ္ေပၚသို႔ သက္ေရာက္စျပဳေနေလၿပီ။

ေဇယ်ာ ညကနာရီဝက္ခန့္ေလာက္သာ ေစာင့္ၾကည့္နိုင္ခဲ့၏။ အခန္းမီးပိတ္သြား၍ ေမၽွာ္လင့္ခ်က္မရွိခဲ့။ ဒါမို႔ မနက္အေစာ ေက်ာင္းသြားခါနီးအခ်ိန္မွသာ ျပန္လာေစာင့္ရတာျဖစ္သည္။ မလြဲမေသြေက်ာင္းသြားရမွာမို႔ ေရွာင္ခ်င္လၽွင္ေတာင္ ေရွာင္ရမွာမဟုတ္ပါေပ။ သို႔ေသာ္ လူႀကီးေတြႏွင့္ေတြ႕လၽွင္ ေမးေနမွာစိုး၍ အိမ္ႏွင့္သုံးအိမ္အကြာေလာက္ကသာ ေစာင့္ရဲသည့္သူ႔အျဖစ္။

မိနစ္ႏွစ္ဆယ္ခန့္ၾကာေတာ့ ေမၽွာ္ေနရသည့္ ကေလးတစ္ေယာက္ ထြက္လာေခ်ၿပီ။ ၿခံတံခါးဖြင့္ကာ ခပ္စိုက္စိုက္ေလးေလၽွာက္လာသည္မွာ ရွပ္လက္ရွည္အျဖဴႏွင့္ စိမ္းျပာေရာင္ပုဆိုးအကြက္ကို ဝတ္ဆင္ထားေသာ ကြန္ပ်ဴတာေက်ာင္းသားေလးပင္ ျဖစ္သည္။ စာသင္မွတပ္သည့္ မ်က္မွန္ေလးပါ တပ္ထားေသးတာ ထူးထူးဆန္းဆန္း။

"ကေလး"

ခပ္စိုက္စိုက္ေလးေလၽွာက္ေနေတာ့ ေဇယ်ာေစာင့္ေနတာကို ျမင္ပုံမရ။ အသံၾကားမွသာ မ်က္မွန္အနက္ေလးအား ပင့္ၾကည့္လာသည္။ ခပ္မဲ့မဲ့မ်က္ႏွာေလးႏွင့္ တအံ့တဩျငဴစူၾကည့္ပုံမွာ စိတ္ဆိုးေနသည့္ ဘဲေပါက္ေလးတစ္ေကာင္ႏွယ္။

"ဘာလာလုပ္တာလဲ"

"မေန႔ကကိစၥက ကေလးထင္သလို မဟုတ္ဘူး၊ ကိုယ္ေသခ်ာရွင္းျပခ်င္လို႔ လာေစာင့္ေနတာ။ မေန႔ညကလည္း လာေသးတယ္"

"မရွင္းပါနဲ႔၊ ရွင္းရေအာင္လည္း ကၽြန္ေတာ္နဲ႔ ဘာမွပတ္သက္ေနတာ မဟုတ္ဘူး"

"ကိုယ္က ပတ္သက္ခ်င္တယ္ေလကြာ"

ခန့္ခန့္၏ ခပ္စူးစူးအၾကည့္တစ္ခ်က္ကို ေဇယ်ာ ရလိုက္ေလ၏။ အရြယ္ခ်င္းျခားနားလွေသာ ႏွစ္ေယာက္မွ အရပ္ကလည္း မတူညီၾကပါပဲ။ ပုဆိုးႏွင့္ ေခတ္ဆန္ဆန္ရာဘာဖိနပ္စီးၿပီး ေဘာက္ဆတ္ဆတ္ေလၽွာက္ေနေသာ ကေလးတစ္ေယာက္အား စတိုင္လ္ပန့္ႏွင့္ ရွူးဖိနပ္ဟန္ပါပါစီးထားေသာ လူႀကီးတစ္ေယာက္က အႀကိတ္အနယ္ လိုက္ေခ်ာ့ေနရသည့္အျဖစ္။

"ကေလး ... ကိုယ္နဲ႔ခဏလိုက္ခဲ့ေပးလို႔ရမလား။ ၿပီးရင္ ေက်ာင္းကိုလိုက္ပို႔ပါ့မယ္၊ ကိုယ္ရွင္းျပတာေလး လိုက္နားေထာင္ေပးေနာ္"

"မအားဘူး၊ ေက်ာင္းသြားရမွာ"

"ဒါဆိုေက်ာင္းလိုက္ပို႔မယ္၊ ကားေပၚမွာတင္ ရွင္းျပမယ္ေလ"

ထိုအခါ မ်က္မွန္ေလးပင့္ကာ သူ႔ကားအနက္ေရာင္ကို လွည့္ၾကည့္သည္။ ၿပီးေနာက္ေျပာသည္က 'ဒီကားလည္းလိုက္မစီးခ်င္ေတာ့ဘူး' တဲ့ေလ။ ေရကုန္ေရခန္းကို ေကာက္ေနေလတာ သိသာပါသည္။ ထက္ျမက္ေတာင္ တင္မစီးပါဘူး၊ သူတစ္ေယာက္တည္း အထူးသီးသန့္လို႔ေျပာၿပီးကာမွ မေန႔က စႏၵီ့ကိုေခၚတင္တာ ျမင္သြားသည္ကိုး။

"ဒါဆို ကားထားခဲ့မယ္၊ ကိုယ္ ဘတ္စ္လိုက္စီးၿပီး ေက်ာင္းပို႔မယ္"

"သေဘာ"

ေျပာခ်င္ရာေျပာၿပီး ေကာက္ထြက္သြားေသာကိုယ္ေတာ္ေခ်ာေနာက္ ကားေလာ့ခ္ခ်ကာ အေျပးလိုက္ရေလသည္။ အခုခ်ိန္မွာ ရွင္းျပရဖို႔ဆို ဘတ္စ္မေျပာႏွင့္၊ ငရဲရထားပင္ စီးရပါေစ၊ ကေလးပါလၽွင္ သူ လိုက္မွာျဖစ္သည္။

လမ္းထိပ္မွတ္တိုင္အေရာက္ ကားလာေလေတာ့ ေဇယ်ာ ခန့္ခန့္ေနာက္က ကပ္ၿပီးတက္လိုက္ရသည္။ ေရွ႕ကတက္သြားၿပီး ပိုက္ဆံႏွစ္ရာတန္ကို ႏွစ္ရြက္ထည့္လိုက္တာမို႔ ေဇယ်ာ့စိတ္ထဲ ၾကည္ႏူးသြားရပါ၏။ ပစ္ပစ္ခါခါ မရွိေသးဘူးပဲမလား။

ဘတ္စ္သည္ မနက္ခင္းမို႔ပဲလားမသိ လူၾကပ္ေန၍ တိုးၾကရသည္။ ထိုင္စရာမရွိသည့္အျပင္ တန္းကိုင္ဖို႔ေနရာပင္ ေရြးေနလို႔မရ။ သူကအရပ္ရွည္ၿပီး ကိုးလိုးကန့္လန့္ျဖစ္ေနေသာ္လည္း ေသးေသးေကြးေကြး ကြန္ပ်ဴတာေက်ာင္းသားေလးကေတာ့ ရေအာင္ကိုတိုးေဝွ႕သည္။ မွီေအာင္မနည္းတိုးေနရေသာ ေဇယ်ာမွာ ကားဆရာ တစ္ခါဘရိတ္အုပ္လိုက္လၽွင္ ေလၽွာက္ေနရင္းက ဟန္ခ်က္ပ်က္ပ်က္ရေသး၏။ ဂ်စ္ကန္ကန္ကေလးကေတာ့ ေသခ်ာကိုင္ထားေလဆိုေသာ မ်က္ႏွာေဘးႏွင့္ လွည့္ၾကည့္ေသးတာပင္။

တျဖည္းျဖည္းေဝးလာ၍ လူေတြဆင္းၾကမွ ေဇယ်ာႏွင့္ခန့္ခန့္ ေနာက္နားမွာ ခုံခ်င္းကပ္လ်က္ထိုင္ရသည္။ ကြန္ပ်ဴတာတကၠသိုလ္ထိသြားတာမို႔ထင္သည္၊ လူသိပ္ပါမလာေတာ့ေခ်။ သည္တြင္ အကြက္ကိုေခ်ာင္းေနေသာ ေဇယ်ာက စကားေျပာဖို႔ျပင္ရေတာ့၏။

"ကေလး"

ေဇယ်ာဖက္ လွည့္ၾကည့္လာေသာ မ်က္မွန္ေလးႏွင့္ခန့္ခန့္။ ေဇယ်ာ အနီးကပ္ျမင္ရမွ သတိထားမိတာက မ်က္မွန္ေအာက္က မို႔အစ္အစ္မ်က္လုံးေတြကိုပင္။

ငိုမ်ားထားေလသလား။

"ဟို မေန႔က ကေလးေတြ႕လိုက္တာ ကိုယ့္ရည္းစားမဟုတ္ဘူး။ ကိုယ့္မွာဘာရည္းစားမွ မရွိေတာ့တာ ၾကာၿပီ။ အတိအက်ေျပာရရင္ ၂ႏွစ္နဲ႔ ၇လ ရွိၿပီ၊ ယုံေနာ္"

"အဲဒါဆို လက္ဆြဲလာတဲ့သူက..."

"ကိုယ့္ အရင္ရည္းစားပါ"

ခန့္ခန့္ မ်က္ႏွာလႊဲသြားပါသည္။ ကားမွန္ကတဆင့္ အျပင္ဘက္ကိုသာ ေငးၾကည့္ေနေတာ့သည္။

"ကိုယ္ သူနဲ႔ လက္ထပ္ဖို႔ထိ စီစဥ္ခဲ့ဖူးပါတယ္၊ ဖိတ္စာေတြေဝၿပီးမွ သူ႔ပုံစံအမွန္ေပၚလာခဲ့လို႔ လက္မထပ္ျဖစ္ခဲ့ဘူး။ ကိုယ္နဲ႔ ကိုယ့္မိသားစုဆီက ေငြေတြအလြဲသုံးစားလုပ္ၿပီး တျခားတစ္ေယာက္နဲ႔ စကၤာပူကို ထြက္ေျပးသြားတာ"

သည္တစ္ႀကိမ္မွ ခန့္ခန့္ ျပန္လွည့္ၾကည့္လာတာျဖစ္သည္။

"အဲကတည္းက သူ႔ကို မုန္းတာထက္ပိုခဲ့တာပါ၊ ဒါေပမဲ့ မေန႔က ျပန္ေပၚလာၿပီး ကိုယ့္႐ုံးမွာ ကိုယ္နဲ႔ေတြ႕ခ်င္တယ္ဆိုၿပီး ေရာက္လာတယ္။ သူ႔ကို သိတဲ့ဝန္ထမ္းေတြက အဝင္မခံေတာ့ သူက ေအာ္ႀကီးဟစ္က်ယ္ေတြ ေျပာကုန္ေရာ။ ေစ်းဝယ္ေတြပါ အကုန္ၾကည့္ေနတဲ့အေျခအေနမို႔ ကိုယ္မတတ္သာတဲ့အဆုံး သူ႔ကိုဆြဲၿပီး အျပင္ေခၚထုတ္လာခဲ့တာ။ ၿပီးေတာ့ ကားေပၚမွာတင္ သူ႔ကိုေနာက္ထပ္မလာဖို႔ အျပတ္ေျပာၿပီး လမ္းမွာတင္ခ်ထားခဲ့တာ။ အဲဒါပါပဲ ကေလးရယ္၊ ကိုယ့္ကို အထင္မလြဲေစခ်င္ဘူး"

"သူက ဘာလို႔ေတြ႕ခ်င္တာတဲ့လဲ"

"လာရွင္းျပေတာင္းပန္တာတဲ့။ ဟိုဖက္ကတစ္ေယာက္က သူ႔ကိုၿခိမ္းေျခာက္လို႔ ပါသြားတာပါ၊ ခုအဲတစ္ေယာက္ကို အၿပီးျဖတ္ခဲ့ပါၿပီဆိုၿပီး ကိုယ့္ကိုျပန္လက္ခံခိုင္းတာ။ ဒါေပမဲ့ ကိုယ္တစ္ခါတည္းအျပတ္ရွင္းခဲ့တယ္။ ေနာက္တစ္ခါထပ္လာရင္ အရင္ကိစၥေတြ ျပန္တရားစြဲမယ္လို႔ပါ ေျပာခဲ့တယ္"

ခန့္ခန့္ သက္ျပင္းတစ္ခ်က္ခ်သြားျပန္သည္။ ဘာမွေတာ့ေျပာမလာခဲ့။ ေဇယ်ာ ရင္ေတြေမာရပါသည္။

"ကေလး ဘယ္လိုခံစားရမလဲဆိုတာ ကိုယ္နားလည္ပါတယ္၊ ခု ကိုယ္ေျပာတာေတြကို မယုံရင္ ရြယ္ရြယ္တို႔ ထက္ျမက္တို႔ကို ကိုယ္ ဖုန္းဆက္ေပးလို႔ ရတယ္ေနာ္။ ကေလးေမးၾကည့္"

"မလိုပါဘူး"

ခပ္မာန္မာန္ေျပာေသာစကားေၾကာင့္ ေဇယ်ာ့မ်က္ႏွာညႇိုးေလေတာ့ ခန့္ခန့္လည္း မေနသာျပန္။

"ယုံတယ္"

သည္စကားၾကားမွာ ေဇယ်ာ ျပဳံးနိုင္ေတာ့တာပင္။ တစ္ညလုံးပူလိုက္ရသည့္အပူ၊ ေကာင္ေလးစိတ္ဆိုးေနမွန္းသိေတာ့ သူသည္လည္း အိပ္မရလွပါေပ။

သို႔ႏွင့္ ေဇယ်ာသည္ ဘတ္စ္ေနာက္ဆုံးအတန္းတြင္ လူလစ္ခိုက္ ခန့္ခန့္လက္ေသးေသးေလးႏွစ္ဖက္ကို အရဲကိုးဆြဲယူကိုင္လိုက္သည္။ မ်က္လုံးခ်င္းဆုံလာေလေတာ့ ႏွုတ္မွေလးေလးနက္နက္စကားကို ဆိုျပန္သည္။

"ကေလး ကိုယ့္ကိုၾကည့္! ကိုယ္ ကေလးကို ဘယ္ေလာက္ခ်စ္တယ္ဆိုတာ အေျပာနဲ႔တင္မဟုတ္ဘူး၊ အလုပ္နဲ႔ပါ သက္ေသျပေနတယ္။ ျပန္ခ်စ္သည္ျဖစ္ေစ၊ မခ်စ္နိုင္လို႔ပဲျဖစ္ေစ ကိုယ္ကေတာ့ ေနာက္လည္းသက္ေသျပေနဦးမွာပဲ။ ၿပီးေတာ့ ဘယ္အေျခအေနမွာပဲျဖစ္ျဖစ္ ကေလးကို ကာကြယ္သြားမယ္၊ ေစာင့္ေရွာက္သြားမယ္၊ အသက္ထက္ဆုံးခ်စ္သြားမယ္"

မ်က္မွန္ကိုင္းေလးေအာက္မွ စူးရွရွမ်က္ဝန္းအၾကည့္ေတြသည္ ဂ႐ုဏာအရိပ္အေယာင္ေလး သန္းစျပဳလာေလၿပီ။ သည္တြင္ ေဇယ်ာ့ရင္ထဲလည္း သိမ့္ခနဲ။

"ၿပီးေတာ့ ျပန္မခ်စ္နိုင္ခဲ့ရင္လည္း ဝန္ထုပ္ဝန္ပိုးမျဖစ္နဲ႔။ ကိုယ့္ကိုမနီးမေဝးမွာ ရွိခြင့္ေပးထား႐ုံနဲ႔တင္ ကိုယ္ေက်နပ္ေနရၿပီ။ အစ္ကိုလိုသတ္မွတ္ရင္ အစ္ကိုတစ္ေယာက္လို ကေလးေဘးနားမွာ အျမဲရပ္တည္ေပးေနမယ္။ တျခားခ်စ္ရသူဆိုၿပီး မရွိနိုင္ေတာ့တာမို႔ ဘယ္သူနဲ႔မွအထင္မလြဲနဲ႔။ ကိုယ့္ကိုအႂကြင္းမဲ့ ယုံေပးကြာေနာ္"

တျဖည္းျဖည္း လၽွံတက္လာသည့္မ်က္ရည္ဥေတြမွာ ခန့္ခန့္မ်က္ဝန္းအိမ္တြင္ ဒီေရအလားတိုးလာသည္။ ၿပီးေနာက္ ကားသံ၊ ဟြန္းသံေတြၾကား တိုးတိုးဖြဖြဆိုလာသည္က၊

"ကၽြန္ေတာ္ကေယာက်္ားေလးေလဗ်ာ။ အဲ့လူႀကီး ဘာၾကည့္ခ်စ္ေနတာလဲ"

"မင္းကိုခ်စ္တာပါ ကေလးရ။ ေယာက်္ား၊ မိန္းမဆိုတဲ့ ပညတ္ခ်က္ေတြေက်ာ္လြန္ၿပီး မင္းျဖစ္ေနလို႔ ခ်စ္မိသြားခဲ့တာ"

သူေပးလိုက္ေသာအေျဖကို အဆန္းတၾကယ္ၾကည့္ေနေသာ မ်က္ဝန္းေတြက သိပ္ကိုလွပေနတာပင္။ လက္ေသးေသးေလးႏွစ္ဖက္က သူ႔ကိုျပန္ဖ်စ္ညႇစ္လာသည္ထိ ဘာေတြမ်ားအံ့ဩသြားေလသလဲမသိ။ ခ်က္ခ်င္းဆိုသလို ထပါရပ္ေတာ့ ေဇယ်ာ အေတာ္ေၾကာင္သြားရသည္။

"အဲ့လူႀကီး ဆင္းရေအာင္"

မွတ္တိုင္အေရာက္ ကားဘရိတ္ပါအုပ္လိုက္ေတာ့ ေဇယ်ာက ကိုယ္ေသးေသးေလးကို လွမ္းထိန္းေပးရေသး၏။

"ေက်ာင္းမေရာက္ေသးဘူးမလား"

"လာပါ"

ႏွစ္ခါမေခၚရေသာ သူကလည္း ဆြဲေခၚရာေနာက္ပါလာတာပင္။ ေက်ာင္းေရာက္ဖို႔လိုေသးတာကို ကားလမ္းမႀကီးေဘးမွ ခ်ိဳးဝင္ခဲ့ၿပီး သစ္ပင္ေတြ အုံ႔ဆိုင္းေနေသာၿခံႀကီးတစ္ၿခံထဲသို႔ ဝင္ရေလ၏။ အထဲတြင္ တဲအေသးေလးေတြနဲ႔ စားပြဲ၊ ထိုင္စရာေတြျမင္ေတာ့မွ တိတ္ဆိတ္သည့္စားေသာက္ဆိုင္တစ္ခုဆိုတာ ေဇယ်ာ မွန္းဆလို႔ရလိုက္သည္။ ခန့္ခန့္မွာေတာ့ ေထာင့္ဆုံးကတဲေလးထိ ေရွ႕မွဦးေဆာင္ေခၚေတာ့တာပင္။

"ကေလး ေက်ာင္းမတက္ဘူးလား"

"ဟင့္အင္း .. ေန႔လယ္ခ်ိန္မွတက္ေတာ့မယ္။ ဒီဆိုင္ခဏထိုင္ခ်င္လို႔"

အလို! မနက္ဦးပိုင္းကႏွင့္မတူ သြက္လက္ေသာဟန္ေလး ျပန္ျမင္ရၿပီမို႔ စိတ္ေကာက္ေျပသြားတာေတာ့ ေသခ်ာပါသည္။ စားစရာေတြကိုပါ စိတ္လိုလက္ရမွာခ်ိန္တြင္ေတာ့ ေက်ာင္းဝတ္စုံႏွင့္ေကာင္ေလးမ်က္ႏွာတြင္ အျပဳံးပန္းေလးေတြ ဖူးပြင့္လာေခ်ၿပီ။ သူကေတာ့ ဘာမွာမွာ၊ ဘာစားစား ျပဳံးေပ်ာ္ေနသည့္မ်က္ႏွာေလးကို ေငးေမာဖို႔ပါပဲ။

အခ်စ္ဆိုတာ သူေပ်ာ္လၽွင္ ကိုယ္ေပ်ာ္ရသည္ေလ။

"ဆိုင္ေလးက ေအးခ်မ္းတယ္ေနာ္"

"ဟုတ္တယ္။ ေက်ာင္းလစ္ခ်င္ရင္ ဒီလာၿပီးဂိမ္းေဆာ့ေနတာမ်ားတယ္"

စိတ္ဆိုးေျပသြားတာေတာ့လည္း ပုံမွန္လို သူ႔အားဆက္ဆံလာသည္။ ရိုးရိုးရွင္းရွင္း ပြင့္ပြင့္လင္းလင္းႏွင့္ သူ႔ပုံစံအတိုင္းပါပဲ။ မ်က္လုံးေတြ အေရာင္လက္သည္။ ႏွုတ္ခမ္းေလးျပဳံးသည္။ ပါးမို႔ေလးတြင္ အရာေလးေတြေပၚသည္ထိ သေဘာက်စရာေတြေျပာ၏။

ေဇယ်ာ့အဖို႔ေတာ့ သည္ကေလး၍အရိပ္အေျခကို လိုက္အကဲခတ္ေနရတာကပင္ အက်င့္တစ္ခုလို ျဖစ္လာသည္။ အခ်စ္က မရွိဖူးတဲ့အက်င့္ေတြကိုေရာ ဖန္တီးေပးနိုင္တာမ်ိဳးပဲလား။

"ေျပာပါဦး၊ မ်က္မွန္ကဘာလို႔တပ္လာတာလဲ"

"ဘာမွမျဖစ္ဘူး။ စာသင္ဖို႔ ႀကိဳတပ္ထားတာ"

ငိုထားသည့္အရွိန္ေၾကာင့္ သိသိသာသာေဖာင္းေနေသာ မ်က္လုံးမို႔ေလးေတြက သူ႔ကို ၾကည့္မေန။ လိမ္ေျပာေနသည့္စကားေတြမို႔ ေရွာင္ဖယ္ေနသည္ ထင္ပါ၏။

"ဟုတ္လို႔လား၊ ငိုထားလို႔ မို႔အစ္ေနတဲ့မ်က္လုံးေတြကို သူမ်ားေတြမျမင္ေစခ်င္လို႔မလား"

"အဲဒါဘယ္သူ႔ေၾကာင့္လဲ"

ေဒါသထြက္လာေသာေကာင္ေလးက သူ႔လက္သီးဆုပ္ေလးႏွင့္ စားပြဲခုံကေလးကို အသံျမည္ေအာင္ထိုးရင္းေျပာသည္။ တကယ္စိတ္ဆတ္သည့္မာနခဲေလး။

"ကိုယ့္ေၾကာင့္ပါဗ်ာ၊ သဝန္တိုေအာင္ လုပ္မိတာ ေတာင္းပန္ပါတယ္ေနာ္"

"ေျပာေလဆိုးေလ ... ဘယ္သူကသဝန္တိုတယ္ေျပာေနလို႔လဲ"

"အဲဒါဆို ဘာလို႔ငိုလဲ"

အႀကိမ္မ်ားစြာ ပုတ္ခတ္သြားေသာမ်က္ဝန္းေလးက မလိမ္တတ္ဘဲ လိမ္ဖို႔အေၾကာင္းအရာ ရွာေနတာ သိပ္သိသာသည္။ ေဇယ်ာ ဟက္ခနဲရယ္မိေတာ့ မ်က္ေစာင္းခဲျပန္ပါ၏။ သုံးေပစာေဝးေနသည့္ အကြာအေဝးကေန အၾကည့္ေၾကာင့္ပင္ ျပာက်နိုင္ပါ၏။

"ဝမ္းနည္းလို႔"

"ဝမ္းနည္းတာ သဝန္တိုလို႔ေပါ့ ကေလးရယ္"

"အဲ့လူႀကီး!"

မ်က္ႏွာခ်င္းဆိုင္က လွမ္းလာတဲ့ ခန့္ခန့္ရဲ့လက္သီးခ်က္ကို ေဇယ်ာ ဖမ္းဆုပ္လိုက္သည္။ ၿပီးေနာက္ တစ္ဖက္က ေကာင္ေလးေဘးသို႔ ခ်က္ခ်င္း ေျပာင္းထိုင္လိုက္ေလ၏။ အံ့ဩစြာၾကည့္ေနသူ၏ လက္ကိုလည္း မလႊတ္ေပးပါေခ်။

"ေနာက္တစ္ခါ အဲလိုဝမ္းနည္းလာရင္ တစ္ေယာက္တည္း ႀကိတ္မငိုနဲ႔။ ကိုယ့္ကိုဖုန္းဆက္ေနာ္ .. ခ်က္ခ်င္းလာၿပီး ႏွစ္သိမ့္ေပးမယ္။ ျပႆနာရွိရင္လည္း ကိုယ္ ေျဖရွင္းေပးမယ္ ဟုတ္ၿပီလား"

ေခါင္းေလးတစ္ခ်က္သာ ညိတ္ျပေသာဂ်စ္ကန္ကန္ေလးအား ေဇယ်ာအလိုက္သင့္ ရင္ခြင္ထဲထည့္မိတာပင္။ ဟန္ခ်က္ညီစြာ လိုက္ပါလာေသာကိုယ္လုံးေလးက သေဘာတူညီေၾကာင္းကို မသိမသာျပေနသေယာင္။ ေဇယ်ာ ပုခုံးေလးကို ညင္သာစြာဖက္ထားရင္း က်န္လက္တစ္ဖက္က လက္ဖမိုးဆီအုပ္မိုးထားလိုက္သည္။

"ဘာလို႔ဒီေလာက္ခ်စ္ဖို႔ေကာင္းရတာလဲ။ ကိုယ့္ကို မ်က္ႏွာေလးေမာ့ျပပါဦး"

"အဲ့လူႀကီး ထပ္ေျပာရင္ထိုးမွာေနာ္"

ေအာ္ရင္း ေဇယ်ာ့ကို လက္သီးဆုပ္ေလး အေပၚေျမာက္ကာ ထိုးဟန္ျပဳလာတာမို႔၊

"ဟုတ္ၿပီ ဟုတ္ၿပီ၊ မၾကည့္ေတာ့ဘူး။ ဒီတိုင္းေလးပဲ ၿငိမ္ၿငိမ္ေလးေနမယ္"

ရင္ခြင္ထဲေရာက္ေနသည့္ ခန့္ခန့္၏ေခါင္းေလးအား ေဇယ်ာ အနမ္းဖြဖြတစ္ခ်က္ ေပးလိုက္သည္။ သင္းပ်ံ႕ေသာေမႊးရနံ႔ႏွင့္အတူ အခ်စ္ေတြပါ လက္ခံရရွိလိုက္သလို ခံစားရတာပင္။

ထို႔ေနာက္မွ မေနနိုင္စြာ ႏွစ္ကိုယ္ၾကားသာ ၾကားေလာက္မည့္ေလသံေလးျဖင့္ 'ခ်စ္တယ္ေနာ္' ဟုေျပာလိုက္ေတာ့ မျငင္းပါဘဲ လက္တစ္ဖက္ႏွင့္ ခါးကိုဖက္ၿပီး ကိုယ္ေလးကပိုတိုးဝင္လာသည္။ တြဲခ်ိတ္လာသည့္လက္ကေလးကို ေဇယ်ာ ထပ္အုပ္မိုးကိုင္လိုက္ရင္း၊

"ကေလး ျပန္မေျပာခ်င္ေသးရင္လည္း အဆင္ေျပတယ္။ ဒီလိုေလးကိုယ့္ရင္ခြင္ထဲ ရွိေနေပးရင္ကို ကိုယ္ကေက်နပ္လွၿပီ။ အဆင္သင့္ျဖစ္မွေျပာေနာ္"

ဆတ္ခနဲ ေခါင္းတစ္ခ်က္ညိတ္သြားပုံေလးက အခ်စ္စကားေပါင္းမ်ားစြာထက္ ပိုရင္ခုန္စရာေကာင္းေနခဲ့တာပင္။ ေရႊရင္တသိမ့္သိမ့္ခုန္ရသလို ပိုတိုးေဝွ႕လာသည့္ကိုယ္ေလးကိုလည္း တစိိမ့္စိမ့္ ဖက္မဝပါပဲ။

ေသခ်ာပါသည္၊ ဖြင့္မေျပာတတ္သည့္ သည္ကေလး၏ခ်စ္ျခင္းေတြကို ေဇယ်ာ စတင္လက္ခံရရွိေနပါၿပီ။

(29/9/2020)
•••••••••••••••••••••••••••••••••••••••••••••••

Bạn đang đọc truyện trên: Truyen3h.Co