Truyen3h.Co

နှောင်ကြိုး

Part - 23

Fi_Lay



<Unicode>

[တောက်!]

ကားပါကင်နံရံဘေးက တောက်ခေါက်သံကျယ်ကျယ်မှာ ဘေးနားတဝိုက်ရှိလေထုကို တဖြည်းဖြည်း တုန်ခါသွားစေသည်။ အသက်ရှူသံပြင်းပြင်းကြောင့်လည်း စန္ဒီ့ခန္ဓာကိုယ်မှာ တဆတ်ဆတ် ခါရမ်းနေတာပင်။ သူ့အဖို့ လက်ကိုင်အိတ်၏သားရေကြိုးကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်း ဒေါသစိတ်တွေကို ဖြေလျှော့နေရတာဖြစ်၏။

စန္ဒီ စိတ်ထဲမသင်္ကာလို့ လိုက်ချောင်းကြည့်ကာမှ ထင်သည့်အတိုင်းပဲ ကားထဲတွင် ဖြစ်ပျက်နေကြတာ မြင်လို့မှမကောင်း။ ဒါဆို သူ့ရည်းစားဟောင်းက သည်ကလေးနှင့် တွဲနေကြတာပေါ့။ နမ်းရှိုက်နေကြပုံက သူ့အတွက် ဒေါသဖြစ်လာစေသည်။ ဒါမို့ စိတ်ပေါက်ပေါက်နှင့် ဖုန်းထုတ်ကာ သက်သေတစ်ခုအဖြစ် ယူထားလိုက်သည်။

ပြီးမှသာ စန္ဒီတစ်ယောက် ဒေါက်ဖိနပ်ကို အသာထိန်းလျှောက်ရင်း စင်တာထဲပြန်ဝင်လာခဲ့သည်။ နိုင်ငံခြားမှာလည်းနေသူမို့ LGBT ကို မစိမ်းသော်လည်း သူ့ရည်းစားဟောင်းလို မိန်းမတွေဝိုင်းဝိုင်းလည်ပြီး တည်ကြည်သည့်လူအဖို့တော့ သိပ်အံ့ဩဖွယ်ရာ ဖြစ်နေသည်။ ကောင်လေးဆိုတာတောင် ဆယ့်ရှစ်၊ ဆယ့်ကိုးအရွယ် ငယ်ငယ်ကလေး။ ဒါဟာ ထူးဆန်းမနေပေဘူးလား။ ယုံနိုင်စရာတောင်မရှိသော်လည်း မျက်မြင်ကိုယ်တွေ့မို့သာပါပဲ။

ငွေကြေးအဆင်မပြေ၍ မြန်မာပြည်ပြန်လာမှပဲ ရပေါက်လမ်းတွေက အလျှိုလျှိုပိတ်ကုန်သည်။ အမျိုးသားပါပြန်မလာခင် ငွေရဖို့ သူ တစ်ခုခုကြံမှပဲ ဖြစ်မည်။ မဟုတ်လျှင် အကြွေးတသီတတန်းနှင့်အနာဂတ်က ရတတ်မအေးစရာပါပဲ။

ရည်းစားဟောင်းက သူ့ကိုသိပ်ချစ်ခဲ့တာ သေချာသော်လည်း နောက်တစ်ယောက်ရှိနေလျှင်တော့ သည်အခြေအနေအရဆို ဘယ်လိုမျှ စိတ်လည်လာမှာ မဟုတ်တော့ချေ။ အရင်ကိစ္စတွေကို မျက်နှာပူလှသော်လည်း ငွေရပေါက်ဆိုတာ လွယ်မှမလွယ်လေပဲ။ သည်တစ်ယောက်ကိုပဲ ပြန်အသုံးချဖို့ရှိသည်။

အကြံအိုက်အိုက်နှင့် လျှောက်လှမ်းနေသော စန္ဒီမှာ လက်ကိုင်အိတ်ကို ဟိုသည်ရမ်းရင်း ဘယ်သွားရမည်မသိဖြစ်နေသည်။ ထိုအခိုက် တစ်မျိုးအကြံရလိုက်၍ သူ့မျက်ဝန်းတွင် လက်ခနဲ။

ပိုက်ဆံရဖို့ကသာ အဓိကမို့ ရည်းစားဟောင်း ဘယ်သူနှင့်တွဲတွဲ ဂရုစိုက်စရာမလိုချေ။ သည်ကလေးကပင် အားနည်းချက် ဖြစ်လိမ့်မည်မလား။  ဇီဇာကြောင်တတ်သော ရည်းစားဟောင်းအဖေသာ ထိုကိစ္စကိုသိကြည့်ပါလား။

ဟင်း။

စန္ဒီ အလှဆုံးပြုံးရင်း အင်္ကျီဆိုင်တစ်ဆိုင်ထဲသို့ ဝင်ခဲ့လေတော့၏။

............................

"ဟိတ်ကောင် မင်းလူကြီး မလာသေးဘူးလား"

ခြံထဲတွင် မွေးနေ့ပွဲအတွက် အသီးသီးပြင်ဆင်းကြရင်း ခန့်ကိုက ခန့်ခန့်အနား ကပ်မေးလာတာဖြစ်သည်။ ကျောင်းကသူငယ်ချင်းတွေ ခေါ်ထားတာမို့ လူငယ်လေး၊ ငါးယောက်အားနှင့် လုပ်ကိုင်နေကြတာ အတော်တော့ခရီးရောက်သည်။

"ထွက်လာနေပြီတဲ့၊ လမ်းမှာလိုတာတွေ ဝင်ဝယ်နေတာ။ မင်း တိုးတိုးပြောပါကွ၊ ဟိုကောင်တွေ ကြားသွားဦးမယ်"

ခုံတွေစီချရင်းက အလိုက်မသိသည့် ခန့်ကိုကို သူမာန်လိုက်ရသေး၏။ လူကြီးနှင့်ကိစ္စအား ဘယ်သူမှမသိစေသေးချင်။ အိမ်ကလည်းသိ၍ မဖြစ်သေး။ သေချာနားဝင်အောင် ကြိုးစားပြောရမည့်ကိစ္စမို့ အချိန်ယူရဦးမည်။

"အေးပါ၊ ဒါနဲ့ မင်းတို့ကိစ္စ မင်းမေတို့သိရင် လက်ခံပါ့မလား"

စားပွဲခင်းရင်း ခပ်တိုးတိုးမေးပြန်သူက ထုံးစံအတိုင်း သိပ်စပ်စုတာပါပဲ။

"သေချာပေါက် လက်မခံလောက်ဘူးပေါ့ကွာ။ ငါလည်း အဲကိစ္စတွေကြောင့် အများကြီးစဉ်းစားပြီး ပြန်မချစ်ဘဲ တင်းခံခဲ့တာအကြာကြီး။ ဒါပေမဲ့လည်း အဲ့လူကြီးခံစားနေရတာ မြင်ရရင် မနေနိုင်ဘူး။ သနားတယ်၊ စိတ်လည်းမချမ်းသာဘူး။ ပြီးတော့ ငါကိုယ်တိုင်လည်း သူ့ကို ဆုံးရှုံးရမှာကြောက်တယ်၊ သူမရှိရင် ငါနေလို့မဖြစ်လောက်တော့ဘူး။ ကဲ ... ထပ်မမေးနဲ့တော့၊ ဟိုဖက်က စားပွဲရှေ့တိုးခဲ့"

"ငါ့သူငယ်ချင်း ခန့်ခန့်ကြီးတောင် ချစ်တတ်လာပြီပဲ၊ ခုတော့ မင်း ငါ့ကိုနားလည်ပြီမလား"

"နားမလည်ပါဘူး။ မင်းက တစ်ယောက်နဲ့အားမရတဲ့ကောင်လေ။ ငါနဲ့တူမနေဘူး၊ မနှိုင်းစမ်းနဲ့ ခွေးကောင်"

စားပွဲခင်းအဖြူကို လွှားခင်းနေရင်း ခွေးကောင်ဆဲတော့လည်း မနာနိုင်ဘဲ ပြုံးဖြဲဖြဲလုပ်သူက ခန့်ကိုပါပဲ။ ဘေးကကောင်တွေကတော့ သူ့အာရုံနဲ့သူရှိကြတာမို့ တော်သေးသည်။

"ငါက ပန်းလေးသာ အဓိကပါကွာ၊ ကျန်တာက အမှုန်အမွှားလေးတွေ ဟဲဟဲ"

"အေး ငါလည်း ပန်းလေးပဲသနားတာ။ မင်းလိုကောင်ကို ဘုမသိ၊ ဘမသိနဲ့ ချစ်နေရှာတာ"

သည်လိုနှင့် သူတို့အဖွဲ့ကြောင့် ခြံဝင်းလေး၏ညနေခင်းက ဆူဆူညံညံဖြစ်နေလေသည်။ တစ်ကျောင်းထဲတက်ကြသူတွေမို့ သူ့စလည်းမနာတတ်သလို၊ ကိုယ့်စလည်း အမှတ်ထားခြင်းမရှိတတ်ချေ။ ထိုအခိုက် ခြံထဲသို့ ဟိန်းဇေယျာ၏ကား ဝင်လာလေသည်။ ခန့်ခန့်ကတော့ ကျောပေးအနေအထားမို့ မမြင်သေးချေ။ ခန့်ကိုတို့အဖွဲ့ကတော့ ပထမဆုံးအကြိမ် မြင်ဖူးခြင်းမို့ အငေးသားနှင့်။

"ဟိတ်ကောင် မင်းလူကြီးလာပြီထင်တယ်၊ သွားကြိုလိုက်ဦး"

"အေးအေး၊ မင်းတို့အသားတွေ သွားထုတ်ထားတော့"

ခန့်ခန့်မှာ ခြံထဲကအပင်တွေကို ခုန်ပျံကျော်လွှားရင်း ချစ်သူကိုအပြေးကြိုလေသည်။ လူကြီးတွေလည်း အထဲမှာမို့ သူ့ကိုမမြင်နိုင်ကြပေ။ သူငယ်ချင်းတွေကို ထင်သလောက်လည်း ဂရုမစိုက်ချေ။ သိသွားလည်းစိတ်ချရသူတွေမို့သာ။

"ခန့်ကို အဲဒါဘယ်သူလဲ၊ သူ့အစ်ကိုလား"

မီးကြိုးတွေတက်ချိတ်နေသည့် လင်းလင်းက မနေမထိုင်နိုင် လှမ်းမေးတာဖြစ်၏။

"သူတက်နေတဲ့သင်တန်းက အသိပါ"

ခန့်ကိုပါ ရောလိမ်ပေးထား၍ ခန့်ခန့် အထူးတလည်ဖြေရှင်းပေးနေစရာမလိုပေ။ သင်တန်းကအသိအဖြစ်သာ အားလုံးကိုမိတ်ဆက်ပေးလိုက်သည်။ အဲ့လူကြီးက အလိုက်တသိ ဆင်ခြင်နေပေးတာမို့ သိပ်ပူပူပင်ပင် မရှိရပါချေ။

မွေးနေ့ပွဲလေးက ခြံထဲသာဆိုသော်ငြား ပူပေါင်းတွေ၊ HBD စာတန်းလေးတွေနှင့် သူငယ်ချင်းတွေက အလှဆင်ပေးကြတာပင်။ မွေးနေ့ကိတ်ကိုတော့ ချစ်သူကပဲ လက်ဆောင်ယူလာပေးသည်။

"သား ငါးကင်တွေတူးမယ်နော်၊ ကြည့်ဦး"

"ဟုတ်"

အစားအသောက်ကိစ္စများကို တာဝန်ယူပေးကြသည်ကတော့ မေမေနှင့်ကြီးကြီးတို့ပင် ဖြစ်သည်။ ယောက်ျားလေးလူငယ်တွေဖြစ်သည့်အလျောက် အသားကတော့ လက်မလည်အောင် ကင်ကြရသည်။ ဒါတင်မက ငုံးဥ၊ ကြာစွယ်၊ ရုံးပတီသီးနှ်င့ အခြားအသီးအရွက်များကိုလည်း ခြံရံပေထားသေးတာပင်။ အဖေကြီးမှာတော့ အဖျော်ဆရာကြီးတစ်ပိုင်း ဖြစ်လို့နေ၏။ ကြိုက်တဲ့အသီးပြော ... Blender နှင့်ဖျော်ပေးဖို့အသင့် ရှိလှ၏။

ခန့်ခန့်ချစ်သူကတော့ နည်းနည်းမှမထိုင်ဘဲ အကင်မီးဖိုရှေ့က မခွာသူဖြစ်သည်။ ကလေးတွေ အေးအေးဆေးဆေးစားပါဆိုတာက လက်သုံးစကားလို ပြောနေလေတော့ ခန့်ခန့်လည်းမနေသာ။ သူငယ်ချင်းတွေဆီ ခဏသွားထိုင်လိုက်၊ အကင်မီးဖိုဆီ ပြေးလိုက်နှင့် ပျာယာခတ်နေရသည်။

တဖြည်းဖြည်း ညဦးပိုင်းရောက်လာလေပြီ။ ကြယ်တချို့လက်နေတာမြင်ရသော်လည်း ခြံထဲကအလှမီးတွေကြားတော့ တိုးမပေါက်လှ။ သူတို့ကတော့ တစ်ညနေလုံး ခြံထဲမှာပဲ အသားကင်ကြ၊ စားကြသောက်ကြနှင့် ပျော်ဖွယ်ရာအချိန်တွေကို ပိုင်ဆိုင်ကြရ၏။ မွေးနေ့ရှင်အဖို့ကတော့ အပျော်ဆုံးလူသားပင် ဖြစ်လို့နေသည်။ ချစ်သူက ကိုယ့်ဖေဖေ၊ မေမေတို့နှင့် စကားသေချာပြောသလို အဘွားကိုပါမကျန် ချစ်ခင်အောင်ပြောတတ်သူမို့ စိတ်ချမ်းသာရတာပင်။

တကယ်လို့များ သူတို့အခြေအနေတွေ သိသွားခဲ့လျှင်ရော သည်လိုပျော်ရွှင်နိုင်ကြဦးမလားဆိုသည့် မချင့်မရဲအတွေးကတော့ ခန့်ခန့်ကို တုန်လှုပ်စေသည်။ ဖေဖေတို့ လူကြီးကို ဂရုစိုက်ပေးကြလေ၊ သူ့အဖို့ မလုံမလဲဖြစ်လှလေပါပဲ။ သို့သော် ပျော်နေရသည့်အချိန်လေးတော့ ဒါတွေတွေးမနေချင်တော့ပေ။

"ကလေး အထဲသွားနားတော့လေ။ ဒါပဲကျန်တော့တာ၊ ကိုယ်လက်စသတ်ပြီး သိမ်းခဲ့မယ်"

"ရပါတယ် လူကြီးရ။ ထားခဲ့တော့၊ မေမေတို့လည်း သိမ်းနေကြပါပြီ။ ဘာမှသိပ်မကျန်တော့ဘူး"

ခန့်ခန့် ပြောသာပြောနေရသည်။ ဇေယျာက သိမ်းဆည်းနေတာက မပြီးပြတ်နိုင်။ သူငယ်ချင်းတွေ ပြန်သွားကြပြီမို့ ဝိုင်းကူသိမ်းနေကြသည်မှာ မိန်းမသားတွေချည်းသာ ဖြစ်သည်။ ဒါမို့ စားပွဲနှင့် အလေးအပင် ပစ္စည်းတွေကိုတော့ မ,ပေးရသေးတာပင်။

"လာပါဆိုဗျာ။ အခန်းလိုက်ပြမလို့၊ မကြည့်ဘူးလားပြော"

ပစ္စည်းတွေ သိမ်းဆည်းနေရင်းက ဇေယျာ့မျက်လုံးတို့ အရောင်လက်သွား၏။ ခန့်ခန့်ကသာ တစ်ဖက်အိမ်ထိ ခဏခဏလိုက်လည်ဖူးပြီး ဇေယျာကတော့ ဧည့်ခန်းထိသာ တစ်ခါနှစ်ခါရောက်ဖူးတာဖြစ်သည်။ လာကြိုလည်း လူကြီးတွေအားနာတော့ အိမ်ရှေ့ကသာစောင့်တာမျိုး။ ဒါမို့ ခန့်ခန့်ကသူ့အခန်းလိုက်ပြမည်ဆိုတော့ ငေးမောနေကျ အပေါ်ထပ်အခန်းကို ရောက်ဖူးချင်စိတ်နှင့် ဆန္ဒစောလျက်ရှိသည်။

"ကြည့်ချင်တာပေါ့၊ ကိုယ့်ချစ်သူလေးအခန်းပဲကို။ ဒါနဲ့ ကိုယ် လိုက်ကြည့်လို့ ဖြစ်ပါ့မလား"

"ဘာလို့မရရမှာလဲ၊ ဒီလောက်တော့ မေမေတို့မရိပ်မိပါဘူး။ ခန့်ကိုတို့လည်း ဝင်နေကျ"

"အင်း ပြီးရော၊ ကလေး ဝင်နှင့်လေ။ ကိုယ် ကားထဲထားစရာတွေရှိသေးလို့"

"မြန်မြန်နော်၊ အထဲကစောင့်မယ်"

ခပ်တိုးတိုးပြောအပြီး ခန့်ခန့် ဧည့်ခန်းကဝင်စောင့်နေလိုက်သည်။ သည်နေ့အဖို့ ချစ်သူကိုအခန်းခေါ်ပြချင်လွန်း၍ အိမ်အကူကြီးကြီးကိုပါ အကူအညီတောင်းပြီး သန့်ရှင်းထားရသေးသည်။ အဲ့လူကြီးအခန်းလောက် မကျယ်ပေမဲ့ သူ့အခန်းကကျဉ်းသည်တော့လည်းမဟုတ်။ ဘာပဲဖြစ်ဖြစ် ပထမဆုံးအကြိမ် သူ့အခန်းကိုလိုက်လည်စေချင်တာမို့ ဧည့်ခန်းထဲတွင် ထိုင်မရ၊ ထမရနှင့် စိတ်လှုပ်ရှားနေရတော့သည်။

..........................

"လူကြီး ... လာ"

လှေကားမှသည် လက်ဆွဲခေါ်နေလေတော့ ဇေယျာမှာ ဟိုကြည့်သည်ကြည့်နှင့်။ မီးဖိုခန်းထဲတွင် အားလုံးအလုပ်ရှုပ်နေကြတာ သေချာမှသာ ကလေးလက်ကို ရဲရဲကိုင်နိုင်တာဖြစ်၏။ နှစ်ဆစ်ချိုးလှေကားမှတဆင့် အိမ်အပေါ်ထပ်ရောက်လေတော့ ဇေယျာ သေချာစူးစမ်းနေမိသည်။ ပါးကေးခင်းထားသော ကြမ်းပြင်မှာ ပြောင်လက်နေ၏။ မီးရောင်သိပ်မသုံးဘဲ ခပ်ပြပြသာမြင်နိုင်သည့် ပုံစံမျိုးပင်။ ညဘက်လူမရှိသေးလို့လည်း ဖြစ်နိုင်သလို အပေါ်ထပ်တွင် ကလေးတစ်ယောက်တည်းနေတာဆိုတော့ သည်လိုပုံဖြစ်နေတာထင်သည်။

ထို့နောက် ဝဲဘက်ကပ်လျက်ခန်းအတွင်းသို့ ခန့်ခန့်က ဦးဆောင်ဝင်လေ၏။

"ဒါ ကလေးအခန်းပေါ့"

"ဟုတ်"

ဝင်ဝင်ချင်း မြင်လိုက်ရသည်က ခရမ်းပြာရောင်မီးအလင်းပင်။ ဇေယျာ ပထမဆုံးအကြိမ်ရောက်ဖူးတာဖြစ်သည့် အခန်းလေးကို စေ့စေ့စပ်စပ်ကြည့်မိတာပင်။ အကျယ်အသင့်အတင့်ရှိသော အခန်းလေးက အိပ်ရာနှင့် အဝတ်ဘီရိုက တစ်ခြမ်းကပ်ထားသည်။ နံရံတွင် သူကြိုက်သည့်ပိုစတာတချို့ ကပ်ထားတာထင်ပါရဲ့။ ရုပ်မြင်ရုံနှင့် နာမည်သိရလောက်အောင် ဇေယျာ နိုင်ငံခြားအဆိုတော်အကုန် မသိပါချေ။

တစ်ဖက်ကို လှည့်ကြည့်လေတော့ ကွန်ပျူတာကျောင်းသားကြီးကို ရင်ခွင်ထဲထည့်ကာ ဆံစတွေဖွဖွနမ်းမိတာပင်။ ဂိမ်းဆော့ရတာကို ခုံမင်ရုံလောက်သာထင်ခဲ့ပေမဲ့ Desktop အကြီးကြီးမြင်ရတော့ မဟုတ်မှန်းရိပ်မိလိုက်သည်။ စားပွဲကြီးတွင် အပြည့်ဖြစ်နေသော စက်ပစ္စည်းတွေက Coding တွေရေးရုံတင်တော့မဖြစ်နိုင်၊ ဂိမ်းဆော့ဖို့လည်း အကျအနပြင်ထားခြင်း ဖြစ်လိမ့်မည်။

"ကလေးအခန်းက ချစ်စရာလေးပဲ။ သူ့နေရာလေးနဲ့သူ ကြည့်ရုံနဲ့ ကိုယ့်ချစ်သူအငွေ့အသက်တွေ အပြည့်အဝရတယ်"

ပါးလေးတစ်ဖက်ကိုပါ ဖျစ်ညှစ်ရင်းပြောတော့ ချစ်ရသူမှာ ခပ်ဖြီးဖြီးလေးဖြစ်နေသည်။

"ဟဲ ... ဒါရှင်းထားလို့၊ မရှင်းထားရင်တော့ အင်္ကျီတွေ တိုးလိုးတွဲလဲ၊ စားစရာမုန့်တွေနဲ့ ရှုပ်ပွနေရောပဲ"

"အဲလိုမညစ်ပတ်ရဘူးလေ။ သပ်သပ်ရပ်ရပ်နေရင် သန့်ရှင်းရုံတင်မကဘူး၊ စိတ်လည်းရှင်းတာပေါ့"

"အဲလိုတွေပြောရင် အဘိုးကြီးနဲ့တူတယ်"

ချစ်စရာကောင်းအောင် လိုက်ပြောနေသည့် ကလေးဆံပင်လေးတွေကို ရှုပ်ပွသွားအောင် ဇေယျာ ထပ်ပွတ်သပ်မိသည်။ အကြည့်တွေကတော့ အခန်းထဲဘယ်နေရာ၊ ဘာရှိသည်ကို အလွတ်မှတ်မိအောင် ကြည့်နေမိဆဲဖြစ်၏။ ကြုံတောင့်ကြုံခဲဝင်ရချိန်မို့ သိပ်ကြည်နူးနေမိတာပင်။

"Game ဆော့ဖို့နေရာကလည်း အကျအနနော်။ ကိုယ်မသိအောင် အိပ်ချိန်တွေ ခိုးဆော့သေးလား"

"ဟင့်အင်း မဆော့ပါဘူး၊ ကတိပေးရင် ပေးထားသလိုနေတယ်"

ရုပ်တည်နဲ့ပြောနေတာမို့ ဖြစ်နိုင်သည်ဟု ဇေယျာ ယူဆလိုက်သည်။ စာကြိုးစားသည့်ကလေးအပေါ် ယုံကြည်တာလည်း ပါတာမို့ပင်။ ပြောလျှင်င်ပြောသည့်အတိုင်း လုပ်တတ်သည့် အကျင့်ကလေးကလည်း ရှိသေးသည်။ ဒါသည်ကောင်းသောကိစ္စတွေအတွက် အဆင်ပြေသော်ငြား မှန်တယ်ထင်လျှင် ခေါင်းမာမာနှင့် ဇွတ်လုပ်တတ်သေးတာကိုတော့ သူ ဘဝင်မကျလှသေးပေ။ တဖြည်းဖြည်းချင်း အချိန်ယူပြီး နားချပြင်ပေးဖို့သာရှိသည်။

ဟိန်းဇေယျာဆိုသည်မှာ ချစ်သူအရိပ်အကဲကို အမြဲသုံးသပ်နေတတ်ပြီး ကောင်းသည်၊ ဆိုးသည် ခွဲခြားလုပ်တတ်ဖို့၊ အကျင့်ကောင်းတွေသာရှိစေဖို့ ချော့တစ်ခါ၊ ခြောက်တစ်လှည့်ပြောနေရသော ကလေးထိန်းကြီးနှင့် တစ်ခါတရံ အလားသဏ္ဌာန်တူနေတတ်သေးသည်။

အခန်းကို ထောင့်စိအောင်ကြည့်ပြီးလေတော့ ဇေယျာ အိပ်ယာပေါ်ထိုင်ကြည့်သည်။ ခန့်ခန့်ကတော့ နံဘေးရှိထိုင်ခုံပေါ် ပစ်ဝင်ထိုင်ရင်း ပေါ့ပေါ့ပါးပါးရှိလှ၏။

"ဒါနဲ့ အိပ်ရာမှာ ခေါင်းအုံးနှစ်လုံးက ဘာလို့စီချထားတာလဲ။ ဧကန္တ ကိုယ်လာမှာ မို့ လို့ များ..."

"လူကြီးဖြစ်ပြီး မဟုတ်တာတွေ တွေးမနေနဲ့။ အဲဒါကြီးကြီးရှင်းပေးသွားပြီး စီချထားခဲ့တာ။ ကိုယ့်ဘာသာဆို တစ်လုံးကိုခေါင်းအုံးပြီး တစ်လုံးကိုခွအိပ်တာ"

ပြောရင်းဆိုရင်းက ခေါင်းအုံးတစ်လုံးကို ခန့်ခန့် ဆွဲယူသွားသည်။ သူ ဘယ်လိုခွအိပ်သလဲဆိုတာ ပုံစံပြသတဲ့လေ။

"နောက်ဆို အဲဒါအစား ကိုယ့်ကိုဖက်အိပ်လို့လည်းရတယ်၊ ခွအိပ်လို့လည်းရတယ်"

"ဟားဟား မအိပ်ချင်ပါဘူး"

တစ်ဖက်လှည့်ကာ ရယ်ရင်းဟားရင်း ရှက်နေသည့်ကလေးအား ဇေယျာ ခုံပေါ်ကဆင်းစေပြီး ရင်ခွင်ထဲ ဆွဲသွင်းဖက်ထားလိုက်သည်။ အပေါ်ထပ်မှာ ဘယ်သူမှမနေဘူးဆိုတော့လည်း အခွင့်လေးရှိခိုက် စိတ်ချလက်ချဖက်ထားချင်မိတာ ဖြစ်၏။

"ရှက်မနေပါနဲ့ ကလေးရ။ ကိုယ်နဲ့အတူရှိမဲ့ အနာဂတ်လေးကို တွေးမကြည့်ဖူးဘူးလား။ ကလေးနဲ့ကိုယ် အိမ်ကြီးတစ်အိမ်တည်းမှာ မနက်ကနေည၊ ညကနေမနက် ၂၄နာရီလုံးလုံး အတူတူရှိနေကြမဲ့အဖြစ်ကိုလေ"

"တွေးတော့တွေးဖူးပါတယ်။ ဒါပေမဲ့ ဟို အဲ့လောက်ထိတော့ မစဉ်းစားမိဘူး။ ပြီးတော့ ၂၄နာရီကတော့ မလွန်ဘူးလား။ အလုပ်သွားဖို့၊ ကျောင်းသွားဖို့အချိန်တွေ နှုတ်ဦးလေ။ ထမင်းစားဖို့၊ ရေချိုးဖို့တွေရှိသေးတယ်"

ဟင်း ... သည်လိုဂျစ်ကတ်ကတ်မှ မပြောတတ်လျှင် ဇေယျာ့ကလေး မဟုတ်ပါတကား။ တကယ်ဆို ကလေးဟုခေါ်ရလောက်အောင် သူ့ချစ်သူလေးက ဖြူစင်လွန်းသည်။ ဖိုဓာတ်ချင်းတူသည့် ယောက်ျားနှစ်ယောက်ချစ်ကြလို့ အနေအထိုင် မဆင်မခြင်ဖြစ်မှာမပူရ။ ဟိုကိစ္စ၊ သည်ကိစ္စအကြောင်းတွေ စကားစပ်ရင်း ရောက်ဖြစ်သွားလျှင် မသိမသာနှင့် အပြောမခံဘဲ လမ်းကြောင်းလွှဲတတ်သည်။ အနမ်းခံရတာကိုပင် အခုထိ ရှက်နေတတ်သည့်ကလေးပါပဲ။

"စိတ်ကူးလေးထဲမှာတော့ ကိုယ့်ကိုမင်းအနားလေး အချိန်ပြည့်ကပ်ခွင့် ပေးပါလားကွာ။ အခုလိုလက်တွေ့ဘဝဆို တွေ့ဖို့က နှစ်ယောက်လုံး အားတဲ့ချိန်ကို စောင့်တွေ့ရတယ်။ ပြီးလို့တွေ့ရင်လည်း လူမြင်ကွင်းဆို ဟိုလူတွေ့မှာကြောက်ရ၊ သည်လူတွေ့မှာကြောက်ရနဲ့။ ဒီလောက်ခက်ခက်ခဲခဲတွေ့တာတောင် ဟောဒီကိုယ့်ကလေးကလည်း ရင်ခွင်ထဲပဲ ငြိမ်ငြိမ်နေတာမဟုတ်ဘူး။ ဂေါ်လီလုံးလေးလို ဟိုလျှောက်လိမ့်၊ ဒီလျှောက်လိမ့်နဲ့။ ကိုယ့်မှာ တွေ့တိုင်းလည်း လွမ်းမပြေဘူးသိရဲ့လား"

"ထားပါတော့၊ ခုနကတည်းက မေးမလို့။ လက်ထဲက ဘာအထုပ်ကြီးလဲ"

ကြည့်! ချစ်ကြောင်းများ စိတ်ပါလက်ပါပြောနေပြီဆိုလျှင် သည်ကလေးက တခြားလမ်းကြောင်းလွှဲတော့သည်။ ချစ်တယ်ဆိုတာမျိုးကိုတောင် သူစိတ်ပါတဲ့အခါမှသာ ထုတ်ပြောလို့ ကြားချင်ကြားရလိမ့်မည်။ ခဏခဏမေးနေလို့ကတော့ သူသာ အသက်ထွက်သွားနိုင်သည်၊ အလည်လေးက ရအောင်ရှောင်ပတ်တတ်သည်။ အခုလည်း မွေးနေ့လက်ဆောင်အဖြစ် ယူလာသည့်အထုပ်ကို စိတ်ဝင်တစားနှင့်။

"နောက်ထပ်မွေးနေ့လက်ဆောင်"

"ဟာ ... ထပ်ပါသေးတာလား။ ခုနကကိတ်ကို လက်ဆောင်ထင်နေတာ"

"အဲဒါလည်း လက်ဆောင်ပါပဲ။ ဒီဟာကဝယ်ထားတာ တော်တော်ကြာပြီ။ မပေးရဲလို့ မပေးဖြစ်ခဲ့တာ"

ခန့်ခန့်က ခပ်စိုက်စိုက်ကြည့်လာသည်။ တကယ်လည်း မာနခဲလေးကို ဇေယျာမပေးရဲခဲ့ပါပေ။ အထင်လွဲမှာစိုးမည့်စိတ်နှင့် တိတ်တိတ်လေးဝယ်ခဲ့ပြီးသာ သိမ်းထားရသည်။ မွေးနေ့ကတော့ သည်လက်ဆောင်ကိုထုတ်ပေးဖို့ အကောင်းဆုံးအချိန်ပဲမလား။

"ဘာမို့လို့လဲ၊ အရမ်းတန်ဖိုးကြီးတာဆို မယူဘူး"

"အဲလိုမဟုတ်ပါဘူး ကလေးရ။ ဒါကိုကြိုက်သေးရဲ့လားသာ ဖွင့်ကြည့်ပါဦး"

ခန့်ခန့် ထိုအထုပ်ကို စိတ်လှုပ်ရှားစွာ ဖွင့်ဖောက်နေတော့တာပင်။ အလွယ်တကူမမြင်နိုင်အောင် ကာတွန်းအိတ်နှင့်ထုတ်ပိုးလာတာမို့ ဘာပစ္စည်းရယ် သေချာမြင်ရတာမျိုးမဟုတ်။ တဖြည်းဖြည်းဖွင့်ကြည့်ရမှာ ခန့်ခန့် မျက်နှာကလေး ဝင်းပသွားတာဖြစ်သည်။

"ဟာ ... Pangaia Shirt လား။ ဒီဟာကြိုက်မှန်း ဘယ်လိုသိရတာလဲ"

"သိတာပေါ့၊ ကိုယ့်ကလေးကို အရိပ်တကြည့်ကြည့် ရှိနေခဲ့တာပဲဟာ"

ဇေယျာ မျက်ခုံးလေးပင့်ကာ စကားဆိုပေမဲ့ ခန့်ခန့်မှာတော့ အိစက်ညက်ညောသော ရှပ်လက်ရှည်အဖြူလေးကို လှည့်ပတ်ကြည့်လို့ မဝသေးပေ။ ဈေးဝယ်အတူထွက်ကြတုန်းကလည်း သည်မျက်ဝန်းတွေနှင့်ပဲ ကိုင်ကြည့်နေခဲ့သည်မလား။ ဒါမို့ သူ့အဘွားအတွက် မုန့်သွားဝယ်နေခိုက် မသိအောင်ဝယ်ထားခဲ့မိတာပင်။ တကယ့်တကယ်တမ်း လက်ဆောင်ပေးမည်ဆိုတော့ မာနခဲလေး အထင်လွဲမှာကို သူ ကြောက်လှပြန်သည်။

"ဈေးကြီးလို့မယူချင်ပေမဲ့ ဒီရှပ်လေးကိုတော့ တကယ်သဘောကျတယ်။ အဲတုန်းကကြိုက်လွန်းလို့ နောက်နေ့ဖေဖေနဲ့ ပြန်သွားဝယ်သေးတယ်။  ဒါပေမဲ့ အဖြူလေးက သူများဝယ်သွားပြီဆိုလို့ လက်လျှော့ခဲ့ရတာ"

ရှပ်လက်ရှည်လေးကို ကိုယ်မှာကပ်ရင်း မှန်ရှေ့သွားကာ ကြည့်လိုက်သေးသည်။ ဇေယျာလည်း မနေနိုင်စွာ လိုက်ရပ်လေတော့ မှန်ထဲကချစ်သူ၏ဝင်းဝင်းပပ အပြုံးကိုသေချာမြင်ရလေသည်။ သည်လိုပျော်မယ်မှန်းသိလျှင် စောစောပေးမှာပေါ့လေ။ ထိုအခိုက် သေးသေးကွေးကွေး သူ့ချစ်သူလေးမှာ နောက်ပြန်လှည့်လာပြီး ဇေယျာနှင့်မျက်နှာချင်းဆိုင်သည်။ ပြီးမှ မမှီတမှီအရပ်လေးကို ခြေဖျားထောက်ကာ ဇေယျာ့လည်ပင်းကို သိုင်းဖက်ရင်းငုံ့စေသည်။ တစ်ဆက်တည်း နား,နားလေးသို့ တိုးတိုးကပ်ပြောသည်က၊

"ချစ်တယ်နော် လူကြီး"

ရွှတ်!

မထင်မှတ်ဘဲ ဇေယျာ့ပါးပေါ်ကိုပါ အနမ်းတစ်ပွင့် ရုတ်ချည်းပေးလာလေသည်။ ဇေယျာ အံ့အားသင့်ပြီး မျက်လုံးများပင် ဝိုင်းစက်သွားရလေ၏။ ဒါသည် ချစ်သူလေးဖက်မှ သူ့ကိုလိုလိုလားလား စနမ်းသည့်ပထမဦးဆုံးအနမ်း ဖြစ်သောကြောင့်ပင်။

ရှက်တတ်သည့်ကောင်ကလေးကတော့ သူ့ခေါင်းကိုမော့မလာတော့ချေ။ ဘယ်လိုဖြစ်ဖြစ် သူ သိပ်ချစ်တာပါပဲ။

.........................

နေ့ရက်တွေက ပုံမှန်ပင် ရွေ့လျားနေသည်။ မိုးရာသီ၏နေ့ရက်တွေမှာလည်း ပူတစ်လှည့်၊ အုံ့မှိုင်းမှိုင်းတစ်လှည့်နှင့်။ သဘာဝတရားက ပုံမှန်လည်ပတ်နေသလို ‌ဇေယျာတို့ချစ်သူနှစ်ဦးသည်လည်း ထိုကဲ့သို့သာ။ အလုပ်သွားသူကသွား၊ ကျောင်းသွားသူကသွား၊ နှစ်ယောက်သားအချိန်ရလျှင် မိဘတွေမရိပ်မိအောင် ခိုးတွေ့ကြရင်းနှင့် ချစ်စဖွယ်နေ့ရက်တို့ ကုန်ဆုံးနေတာပင်။

သို့သော် အချစ်လေပြေ၏နောက်တွင် ခိုးကြောင်ခိုးဝှက်ကပ်ပါလာတတ်သော အနှောင့်အယှက်မုန်တိုင်းကိုတော့ သူတို့နှစ်ဦး သတိမထားခဲ့မိကြချေ။ အကြောင်းက ဇေယျာ ရုံးတွင်အလုပ်ရှုပ်နေချိန် စာတစ်စောင်ဝင်လာရာမှ ဖန်ခဲ့လေသည်။

'ကို ... စန္ဒီပြောစရာရှိလို့ ကို့ရုံးရှေ့ရောက်နေတယ်။ ကို ထွက်တွေ့မလား၊ စန္ဒီ ဝင်လာခဲ့ရမလား'

ရွေးချယ်စရာ နှစ်ခုပေးသောစာတိုကို တစ်ခုမှမရွေးချယ်ချင်လေတာ ဟိန်းဇေယျာပင်။ သူလည်းထွက်မတွေ့ချင်သလို၊ ထိုမိန်းမကိုလည်း ဝင်မလာစေချင်။ ရှင်းရှင်းပြောရလျှင် သူ့အငွေ့အသက်မြင်တာနှင့် ကိုယ်ပါပူလောင်စေရတာမျိုးဖြစ်သည်။ သို့သော် သည်လောက်အတန်တန်ပြောထားသည့်ကြားက ရုံးရှေ့ရောက်လာပြန်ပါပြီ။

ဇေယျာ လစ်လျူရှုထားလိုက်ချင်သော်လည်း အရင်တစ်ခါလို သောင်းကျန်းနေမှာ စိုးရပြန်သည်။ သည်တစ်ခေါက်တော့ အပြတ်ရှင်းမှ ဖြစ်တော့မည်ဟုတွေးကာ သူ ထွက်လာခဲ့၏။

ရုံးရှေ့ကစန္ဒီမှာတော့ ဇေယျာ အထဲကထွက်လာသည့် ဇေယျာ့ကိုမြင်ရုံနှင့် ကျေနပ်သွားပုံရသည်။ သူရွေးစေသည့်နှစ်ခုထဲက တစ်ခုကိုရွေးပေးလိုက်လို့ ကျေနပ်သည့်အပြုံးမျိုးဖြစ်သည်။ ဟိန်းဇေယျာသည်လည်း အညံ့ခံမည့်လူမျိုးတော့မဟုတ်၊ ရုံးရှေ့ကိုထွက်လာလေတာ ဒေါသအရှိန်နှင့် အန္တရာယ်ပြုမည့် တောရိုင်းအကောင်တစ်ကောင်နှယ်။

"မင်း အတော်အတင့်ရဲလှပါလား။ ရှေ့နေ့ဆီက ဆင့်ခေါ်စာရောက်လာမှ ငါ့အဆိုးမဆိုနဲ့နော်"

"ကိုရယ် ... ဒေါသတွေ ရှေ့မထားပါနဲ့၊ မသိတဲ့သူတွေလည်း မဟုတ်ဘူး။ ခုကလည်း ပုံလေးတစ်ပုံပြချင်လို့ စန္ဒီ လမ်းကြုံဝင်လာတာပါ။ ဒီမှာကြည့်ပါဦး၊ ဘယ်သူတွေလဲလို့"

လမ်းမနှင့်နီးနေသောကြောင့် ကားသံ၊ လူသံတွေ ဆူနေသည့်ကြားက စန္ဒီ့အသံကို သူ သေချာနားထောင်နေရတာဖြစ်သည်။ ကားပါကင်အရိပ်အောက်တွင် တမင်ခွာရပ်နေသော သူ့အနားသို့ တလှမ်းချင်းတိုးကပ်လာသည်။ ပြီးနောက် ဖုန်းကိုသူ့မြင်ကွင်းရှေ့ မရောက်,ရောက်အောင် တွန်းပို့ပြလေ၏။ 

အလင်းစူးတာကြောင့် ဖုန်းမျက်နှာပြင်ကို မျက်မှောင်ကြုတ်ကြည့်လေတော့ ဇေယျာမှာ နားထင်မှတစ်ဆင့် သွေးများဆောင့်တိုးသွားသည့်နှယ် ခံစားလိုက်ရသည်။ ပုံက သူနှင့်ကလေးတို့ ကားထဲမှာ နမ်းနေကြသည့်ပုံပင်။

မဖြစ်ချေ၊ သည်မိန်းမသိလို့ကို မဖြစ်သည့်ကိစ္စပဲမလား။ စန္ဒီ့ကိုမော့ကြည့်လေတော့ အမြင်ကတ်စရာကောင်းလောက်အောင် ပြုံးနေခဲ့တာပင်။

ဒေါသကိုမထိန်းနိုင်သည့်အဆုံး ဇေယျာ စိတ်တိုတိုနှင့်ဖုန်းယူပြီး ရိုက်ခွဲပစ်လိုက်မိတာပင်။ ဘေးကအစောင့်တချို့ လန့်သွားလောက်ပေမဲ့ ဇေယျာ အားနာမနေနိုင်တော့။ ဖုန်းတန်ကြေး လျော်ပါဆို ဇေယျာ လျော်လိုက်မည်ဖြစ်သည်။ အဓိကက ထိုပုံကိုသူ့လက်ထဲ

"စိတ်လျှော့ပါ ကိုရာ။ ဖုန်းလေးပျက်စီးလိုက်ရုံနဲ့ အဲပုံကမရှိနိုင်တော့ဘူးတဲ့လား"

"မင်း ဘာဖြစ်ချင်တာလဲ၊ ဘာလိုချင်တာလဲ ... ပြော"

ဇေယျာ ဒေါသကိုမျိုသိပ်ကာ အံကြိတ်ရင်း ခပ်တိုးတိုးမေးလိုက်သည်။

"ကို့ကို"

ဒါနှင့်တင်ပြောမပြီး၊ စန္ဒီ ဇေယျာနားပိုတိုး၍ ညှို့သယောင် ထပ်ပြောပြန်သည်။

"အဲကောင်လေးကို အပျော်တွဲနေတာမလား။ အခု စန္ဒီ ပြန်လာပြီပဲ၊ တော်လိုက်တော့ပေါ့"

စန္ဒီ့စကားက မီးလောင်ရာလေပင့်သလို ဇေယျာ့ဒေါသအား ပိုဆွပေးရာရောက်နေ၏။ မိန်းမသာမဟုတ်လျှင် တစ်ခါတည်းဆွဲထိုးမိမည်ဖြစ်သည်။ သို့သော် ရှေ့နောက်တွေချိန်ဆရင်းနှင့် မျက်နှာသည်လည်း မုန်းမာန်အပြည့်ရှိသည့် ကျားရိုင်းတစ်ကောင်အသွင် ဆောင်လာလေပြီ။

"ဒီမှာ မင်းသေလောက်အောင်ကြိုးစား၊ ငါ့ကိုဘယ်နည်းနဲ့မှ မရစေရဘူး။ နောက်ပြီး ဒီကလေးက မင်းလိုမိန်းမနဲ့ ယှဉ်ပြောစရာ မလိုလောက်အောင် ဖြူစင်လွန်းတယ်၊ အဲတော့ မင်းစကားထဲတောင် ထည့်မပြောနဲ့။ နောက်ပြီး မင်းမြဲမြဲမှတ်ထား။ ဒီကလေးကိုထိရင် မင်းကိုကမ္ဘာမကြေဘူးမှတ်"

ထိုသို့မာန်ပါပါပြောပြီး ဇေယျာ အထဲပြန်ဝင်လာခဲ့သည်။

ကျန်ခဲ့သည့် စန္ဒီမျိုးမြတ်မှာတော့ အရုပ်ကြိုးပျက်သည့်နှယ်။ ကြေမွနေသောဖုန်းကို ကောက်ယူရင်း ဒေါသတစ်ပိုင်းနှင့် ကျန်ရစ်ခဲ့တာဖြစ်သည်။  အစကတော့ သည်ပုံကိုပြလိုက်လျှင် ကြောက်လန့်ပြီး သူ့ဆီပြန်ပြေးလာမယ်ထင်ခဲ့တာမလား။ အခုတော့ တက်တက်စင်လွဲပြီမို့ အနုနည်းက သူ့အတွက် အဆင်မပြေလှတော့ပေ။ ဒါဆိုတခြားနည်းရော။

ဟင်း။

စန္ဒီမျိုးမြတ်တစ်ယောက် မချိပြုံး,ပြုံးရင်း ဆိုင်ရှေ့မှလှည့်ထွက်ခဲ့တော့၏။

(2/10/2020)
••••••••••••••••••••••••••••••••••••••••

<Zawgyi>

[ေတာက္!]

ကားပါကင္နံရံေဘးက ေတာက္ေခါက္သံက်ယ္က်ယ္မွာ ေဘးနားတဝိုက္ရွိေလထုကို တျဖည္းျဖည္း တုန္ခါသြားေစသည္။ အသက္ရွူသံျပင္းျပင္းေၾကာင့္လည္း စႏၵီ့ခႏၶာကိုယ္မွာ တဆတ္ဆတ္ ခါရမ္းေနတာပင္။ သူ႔အဖို႔ လက္ကိုင္အိတ္၏သားေရႀကိဳးကို က်စ္က်စ္ပါေအာင္ဆုပ္ကိုင္ရင္း ေဒါသစိတ္ေတြကို ေျဖေလၽွာ့ေနရတာျဖစ္၏။

စႏၵီ စိတ္ထဲမသကၤာလို႔ လိုက္ေခ်ာင္းၾကည့္ကာမွ ထင္သည့္အတိုင္းပဲ ကားထဲတြင္ ျဖစ္ပ်က္ေနၾကတာ ျမင္လို႔မွမေကာင္း။ ဒါဆို သူ႔ရည္းစားေဟာင္းက သည္ကေလးႏွင့္ တြဲေနၾကတာေပါ့။ နမ္းရွိုက္ေနၾကပုံက သူ႔အတြက္ ေဒါသျဖစ္လာေစသည္။ ဒါမို႔ စိတ္ေပါက္ေပါက္ႏွင့္ ဖုန္းထုတ္ကာ သက္ေသတစ္ခုအျဖစ္ ယူထားလိုက္သည္။

ၿပီးမွသာ စႏၵီတစ္ေယာက္ ေဒါက္ဖိနပ္ကို အသာထိန္းေလၽွာက္ရင္း စင္တာထဲျပန္ဝင္လာခဲ့သည္။ နိုင္ငံျခားမွာလည္းေနသူမို႔ LGBT ကို မစိမ္းေသာ္လည္း သူ႔ရည္းစားေဟာင္းလို မိန္းမေတြဝိုင္းဝိုင္းလည္ၿပီး တည္ၾကည္သည့္လူအဖို႔ေတာ့ သိပ္အံ့ဩဖြယ္ရာ ျဖစ္ေနသည္။ ေကာင္ေလးဆိုတာေတာင္ ဆယ့္ရွစ္၊ ဆယ့္ကိုးအရြယ္ ငယ္ငယ္ကေလး။ ဒါဟာ ထူးဆန္းမေနေပဘူးလား။ ယုံနိုင္စရာေတာင္မရွိေသာ္လည္း မ်က္ျမင္ကိုယ္ေတြ႕မို႔သာပါပဲ။

ေငြေၾကးအဆင္မေျပ၍ ျမန္မာျပည္ျပန္လာမွပဲ ရေပါက္လမ္းေတြက အလၽွိုလၽွိုပိတ္ကုန္သည္။ အမ်ိဳးသားပါျပန္မလာခင္ ေငြရဖို႔ သူ တစ္ခုခုႀကံမွပဲ ျဖစ္မည္။ မဟုတ္လၽွင္ အေႂကြးတသီတတန္းႏွင့္အနာဂတ္က ရတတ္မေအးစရာပါပဲ။

ရည္းစားေဟာင္းက သူ႔ကိုသိပ္ခ်စ္ခဲ့တာ ေသခ်ာေသာ္လည္း ေနာက္တစ္ေယာက္ရွိေနလၽွင္ေတာ့ သည္အေျခအေနအရဆို ဘယ္လိုမၽွ စိတ္လည္လာမွာ မဟုတ္ေတာ့ေခ်။ အရင္ကိစၥေတြကို မ်က္ႏွာပူလွေသာ္လည္း ေငြရေပါက္ဆိုတာ လြယ္မွမလြယ္ေလပဲ။ သည္တစ္ေယာက္ကိုပဲ ျပန္အသုံးခ်ဖို႔ရွိသည္။

အႀကံအိုက္အိုက္ႏွင့္ ေလၽွာက္လွမ္းေနေသာ စႏၵီမွာ လက္ကိုင္အိတ္ကို ဟိုသည္ရမ္းရင္း ဘယ္သြားရမည္မသိျဖစ္ေနသည္။ ထိုအခိုက္ တစ္မ်ိဳးအႀကံရလိုက္၍ သူ႔မ်က္ဝန္းတြင္ လက္ခနဲ။

ပိုက္ဆံရဖို႔ကသာ အဓိကမို႔ ရည္းစားေဟာင္း ဘယ္သူႏွင့္တြဲတြဲ ဂ႐ုစိုက္စရာမလိုေခ်။ သည္ကေလးကပင္ အားနည္းခ်က္ ျဖစ္လိမ့္မည္မလား။  ဇီဇာေၾကာင္တတ္ေသာ ရည္းစားေဟာင္းအေဖသာ ထိုကိစၥကိုသိၾကည့္ပါလား။

ဟင္း။

စႏၵီ အလွဆုံးျပဳံးရင္း အကၤ်ီဆိုင္တစ္ဆိုင္ထဲသို႔ ဝင္ခဲ့ေလေတာ့၏။

............................

"ဟိတ္ေကာင္ မင္းလူႀကီး မလာေသးဘူးလား"

ၿခံထဲတြင္ ေမြးေန႔ပြဲအတြက္ အသီးသီးျပင္ဆင္းၾကရင္း ခန့္ကိုက ခန့္ခန့္အနား ကပ္ေမးလာတာျဖစ္သည္။ ေက်ာင္းကသူငယ္ခ်င္းေတြ ေခၚထားတာမို႔ လူငယ္ေလး၊ ငါးေယာက္အားႏွင့္ လုပ္ကိုင္ေနၾကတာ အေတာ္ေတာ့ခရီးေရာက္သည္။

"ထြက္လာေနၿပီတဲ့၊ လမ္းမွာလိုတာေတြ ဝင္ဝယ္ေနတာ။ မင္း တိုးတိုးေျပာပါကြ၊ ဟိုေကာင္ေတြ ၾကားသြားဦးမယ္"

ခုံေတြစီခ်ရင္းက အလိုက္မသိသည့္ ခန့္ကိုကို သူမာန္လိုက္ရေသး၏။ လူႀကီးႏွင့္ကိစၥအား ဘယ္သူမွမသိေစေသးခ်င္။ အိမ္ကလည္းသိ၍ မျဖစ္ေသး။ ေသခ်ာနားဝင္ေအာင္ ႀကိဳးစားေျပာရမည့္ကိစၥမို႔ အခ်ိန္ယူရဦးမည္။

"ေအးပါ၊ ဒါနဲ႔ မင္းတို႔ကိစၥ မင္းေမတို႔သိရင္ လက္ခံပါ့မလား"

စားပြဲခင္းရင္း ခပ္တိုးတိုးေမးျပန္သူက ထုံးစံအတိုင္း သိပ္စပ္စုတာပါပဲ။

"ေသခ်ာေပါက္ လက္မခံေလာက္ဘူးေပါ့ကြာ။ ငါလည္း အဲကိစၥေတြေၾကာင့္ အမ်ားႀကီးစဥ္းစားၿပီး ျပန္မခ်စ္ဘဲ တင္းခံခဲ့တာအၾကာႀကီး။ ဒါေပမဲ့လည္း အဲ့လူႀကီးခံစားေနရတာ ျမင္ရရင္ မေနနိုင္ဘူး။ သနားတယ္၊ စိတ္လည္းမခ်မ္းသာဘူး။ ၿပီးေတာ့ ငါကိုယ္တိုင္လည္း သူ႔ကို ဆုံးရွုံးရမွာေၾကာက္တယ္၊ သူမရွိရင္ ငါေနလို႔မျဖစ္ေလာက္ေတာ့ဘူး။ ကဲ ... ထပ္မေမးနဲ႔ေတာ့၊ ဟိုဖက္က စားပြဲေရွ႕တိုးခဲ့"

"ငါ့သူငယ္ခ်င္း ခန့္ခန့္ႀကီးေတာင္ ခ်စ္တတ္လာၿပီပဲ၊ ခုေတာ့ မင္း ငါ့ကိုနားလည္ၿပီမလား"

"နားမလည္ပါဘူး။ မင္းက တစ္ေယာက္နဲ႔အားမရတဲ့ေကာင္ေလ။ ငါနဲ႔တူမေနဘူး၊ မႏွိုင္းစမ္းနဲ႔ ေခြးေကာင္"

စားပြဲခင္းအျဖဴကို လႊားခင္းေနရင္း ေခြးေကာင္ဆဲေတာ့လည္း မနာနိုင္ဘဲ ျပဳံးျဖဲျဖဲလုပ္သူက ခန့္ကိုပါပဲ။ ေဘးကေကာင္ေတြကေတာ့ သူ႔အာ႐ုံနဲ႔သူရွိၾကတာမို႔ ေတာ္ေသးသည္။

"ငါက ပန္းေလးသာ အဓိကပါကြာ၊ က်န္တာက အမွုန္အမႊားေလးေတြ ဟဲဟဲ"

"ေအး ငါလည္း ပန္းေလးပဲသနားတာ။ မင္းလိုေကာင္ကို ဘုမသိ၊ ဘမသိနဲ႔ ခ်စ္ေနရွာတာ"

သည္လိုႏွင့္ သူတို႔အဖြဲ႕ေၾကာင့္ ၿခံဝင္းေလး၏ညေနခင္းက ဆူဆူညံညံျဖစ္ေနေလသည္။ တစ္ေက်ာင္းထဲတက္ၾကသူေတြမို႔ သူ႔စလည္းမနာတတ္သလို၊ ကိုယ့္စလည္း အမွတ္ထားျခင္းမရွိတတ္ေခ်။ ထိုအခိုက္ ၿခံထဲသို႔ ဟိန္းေဇယ်ာ၏ကား ဝင္လာေလသည္။ ခန့္ခန့္ကေတာ့ ေက်ာေပးအေနအထားမို႔ မျမင္ေသးေခ်။ ခန႔္ကိုတို႔အဖြဲ႕ကေတာ့ ပထမဆုံးအႀကိမ္ ျမင္ဖူးျခင္းမို႔ အေငးသားႏွင့္။

"ဟိတ္ေကာင္ မင္းလူႀကီးလာၿပီထင္တယ္၊ သြားႀကိဳလိုက္ဦး"

"ေအးေအး၊ မင္းတို႔အသားေတြ သြားထုတ္ထားေတာ့"

ခန႔္ခန႔္မွာ ၿခံထဲကအပင္ေတြကို ခုန္ပ်ံေက်ာ္လႊားရင္း ခ်စ္သူကိုအေျပးႀကိဳေလသည္။ လူႀကီးေတြလည္း အထဲမွာမို႔ သူ႔ကိုမျမင္နိုင္ၾကေပ။ သူငယ္ခ်င္းေတြကို ထင္သေလာက္လည္း ဂ႐ုမစိုက္ေခ်။ သိသြားလည္းစိတ္ခ်ရသူေတြမို႔သာ။

"ခန႔္ကို အဲဒါဘယ္သူလဲ၊ သူ႔အစ္ကိုလား"

မီးႀကိဳးေတြတက္ခ်ိတ္ေနသည့္ လင္းလင္းက မေနမထိုင္နိုင္ လွမ္းေမးတာျဖစ္၏။

"သူတက္ေနတဲ့သင္တန္းက အသိပါ"

ခန႔္ကိုပါ ေရာလိမ္ေပးထား၍ ခန႔္ခန႔္ အထူးတလည္ေျဖရွင္းေပးေနစရာမလိုေပ။ သင္တန္းကအသိအျဖစ္သာ အားလုံးကိုမိတ္ဆက္ေပးလိုက္သည္။ အဲ့လူႀကီးက အလိုက္တသိ ဆင္ျခင္ေနေပးတာမို႔ သိပ္ပူပူပင္ပင္ မရွိရပါေခ်။

ေမြးေန႔ပြဲေလးက ၿခံထဲသာဆိုေသာ္ျငား ပူေပါင္းေတြ၊ HBD စာတန္းေလးေတြႏွင့္ သူငယ္ခ်င္းေတြက အလွဆင္ေပးၾကတာပင္။ ေမြးေန႔ကိတ္ကိုေတာ့ ခ်စ္သူကပဲ လက္ေဆာင္ယူလာေပးသည္။

"သား ငါးကင္ေတြတူးမယ္ေနာ္၊ ၾကည့္ဦး"

"ဟုတ္"

အစားအေသာက္ကိစၥမ်ားကို တာဝန္ယူေပးၾကသည္ကေတာ့ ေမေမႏွင့္ႀကီးႀကီးတို႔ပင္ ျဖစ္သည္။ ေယာက္်ားေလးလူငယ္ေတြျဖစ္သည့္အေလ်ာက္ အသားကေတာ့ လက္မလည္ေအာင္ ကင္ၾကရသည္။ ဒါတင္မက ငုံးဥ၊ ၾကာစြယ္၊ ႐ုံးပတီသီးႏွ္င့ အျခားအသီးအရြက္မ်ားကိုလည္း ၿခံရံေပထားေသးတာပင္။ အေဖႀကီးမွာေတာ့ အေဖ်ာ္ဆရာႀကီးတစ္ပိုင္း ျဖစ္လို႔ေန၏။ ႀကိဳက္တဲ့အသီးေျပာ ... Blender ႏွင့္ေဖ်ာ္ေပးဖို႔အသင့္ ရွိလွ၏။

ခန႔္ခန႔္ခ်စ္သူကေတာ့ နည္းနည္းမွမထိုင္ဘဲ အကင္မီးဖိုေရွ႕က မခြာသူျဖစ္သည္။ ကေလးေတြ ေအးေအးေဆးေဆးစားပါဆိုတာက လက္သုံးစကားလို ေျပာေနေလေတာ့ ခန႔္ခန႔္လည္းမေနသာ။ သူငယ္ခ်င္းေတြဆီ ခဏသြားထိုင္လိုက္၊ အကင္မီးဖိုဆီ ေျပးလိုက္ႏွင့္ ပ်ာယာခတ္ေနရသည္။

တျဖည္းျဖည္း ညဦးပိုင္းေရာက္လာေလၿပီ။ ၾကယ္တခ်ိဳ႕လက္ေနတာျမင္ရေသာ္လည္း ၿခံထဲကအလွမီးေတြၾကားေတာ့ တိုးမေပါက္လွ။ သူတို႔ကေတာ့ တစ္ညေနလုံး ၿခံထဲမွာပဲ အသားကင္ၾက၊ စားၾကေသာက္ၾကႏွင့္ ေပ်ာ္ဖြယ္ရာအခ်ိန္ေတြကို ပိုင္ဆိုင္ၾကရ၏။ ေမြးေန႔ရွင္အဖို႔ကေတာ့ အေပ်ာ္ဆုံးလူသားပင္ ျဖစ္လို႔ေနသည္။ ခ်စ္သူက ကိုယ့္ေဖေဖ၊ ေမေမတို႔ႏွင့္ စကားေသခ်ာေျပာသလို အဘြားကိုပါမက်န္ ခ်စ္ခင္ေအာင္ေျပာတတ္သူမို႔ စိတ္ခ်မ္းသာရတာပင္။

တကယ္လို႔မ်ား သူတို႔အေျခအေနေတြ သိသြားခဲ့လၽွင္ေရာ သည္လိုေပ်ာ္ရႊင္နိုင္ၾကဦးမလားဆိုသည့္ မခ်င့္မရဲအေတြးကေတာ့ ခန့္ခန့္ကို တုန္လွုပ္ေစသည္။ ေဖေဖတို႔ လူႀကီးကို ဂ႐ုစိုက္ေပးၾကေလ၊ သူ႔အဖို႔ မလုံမလဲျဖစ္လွေလပါပဲ။ သို႔ေသာ္ ေပ်ာ္ေနရသည့္အခ်ိန္ေလးေတာ့ ဒါေတြေတြးမေနခ်င္ေတာ့ေပ။

"ကေလး အထဲသြားနားေတာ့ေလ။ ဒါပဲက်န္ေတာ့တာ၊ ကိုယ္လက္စသတ္ၿပီး သိမ္းခဲ့မယ္"

"ရပါတယ္ လူႀကီးရ။ ထားခဲ့ေတာ့၊ ေမေမတို႔လည္း သိမ္းေနၾကပါၿပီ။ ဘာမွသိပ္မက်န္ေတာ့ဘူး"

ခန့္ခန့္ ေျပာသာေျပာေနရသည္။ ေဇယ်ာက သိမ္းဆည္းေနတာက မၿပီးျပတ္နိုင္။ သူငယ္ခ်င္းေတြ ျပန္သြားၾကၿပီမို႔ ဝိုင္းကူသိမ္းေနၾကသည္မွာ မိန္းမသားေတြခ်ည္းသာ ျဖစ္သည္။ ဒါမို႔ စားပြဲႏွင့္ အေလးအပင္ ပစၥည္းေတြကိုေတာ့ မ,ေပးရေသးတာပင္။

"လာပါဆိုဗ်ာ။ အခန္းလိုက္ျပမလို႔၊ မၾကည့္ဘူးလားေျပာ"

ပစၥည္းေတြ သိမ္းဆည္းေနရင္းက ေဇယ်ာ့မ်က္လုံးတို႔ အေရာင္လက္သြား၏။ ခန႔္ခန႔္ကသာ တစ္ဖက္အိမ္ထိ ခဏခဏလိုက္လည္ဖူးၿပီး ေဇယ်ာကေတာ့ ဧည့္ခန္းထိသာ တစ္ခါႏွစ္ခါေရာက္ဖူးတာျဖစ္သည္။ လာႀကိဳလည္း လူႀကီးေတြအားနာေတာ့ အိမ္ေရွ႕ကသာေစာင့္တာမ်ိဳး။ ဒါမို႔ ခန႔္ခန႔္ကသူ႔အခန္းလိုက္ျပမည္ဆိုေတာ့ ေငးေမာေနက် အေပၚထပ္အခန္းကို ေရာက္ဖူးခ်င္စိတ္ႏွင့္ ဆႏၵေစာလ်က္ရွိသည္။

"ၾကည့္ခ်င္တာေပါ့၊ ကိုယ့္ခ်စ္သူေလးအခန္းပဲကို။ ဒါနဲ႔ ကိုယ္ လိုက္ၾကည့္လို႔ ျဖစ္ပါ့မလား"

"ဘာလို႔မရရမွာလဲ၊ ဒီေလာက္ေတာ့ ေမေမတို႔မရိပ္မိပါဘူး။ ခန့္ကိုတို႔လည္း ဝင္ေနက်"

"အင္း ၿပီးေရာ၊ ကေလး ဝင္ႏွင့္ေလ။ ကိုယ္ ကားထဲထားစရာေတြရွိေသးလို႔"

"ျမန္ျမန္ေနာ္၊ အထဲကေစာင့္မယ္"

ခပ္တိုးတိုးေျပာအၿပီး ခန႔္ခန႔္ ဧည့္ခန္းကဝင္ေစာင့္ေနလိုက္သည္။ သည္ေန႔အဖို႔ ခ်စ္သူကိုအခန္းေခၚျပခ်င္လြန္း၍ အိမ္အကူႀကီးႀကီးကိုပါ အကူအညီေတာင္းၿပီး သန႔္ရွင္းထားရေသးသည္။ အဲ့လူႀကီးအခန္းေလာက္ မက်ယ္ေပမဲ့ သူ႔အခန္းကက်ဥ္းသည္ေတာ့လည္းမဟုတ္။ ဘာပဲျဖစ္ျဖစ္ ပထမဆုံးအႀကိမ္ သူ႔အခန္းကိုလိုက္လည္ေစခ်င္တာမို႔ ဧည့္ခန္းထဲတြင္ ထိုင္မရ၊ ထမရႏွင့္ စိတ္လွုပ္ရွားေနရေတာ့သည္။

..........................

"လူႀကီး ... လာ"

ေလွကားမွသည္ လက္ဆြဲေခၚေနေလေတာ့ ေဇယ်ာမွာ ဟိုၾကည့္သည္ၾကည့္ႏွင့္။ မီးဖိုခန္းထဲတြင္ အားလုံးအလုပ္ရွုပ္ေနၾကတာ ေသခ်ာမွသာ ကေလးလက္ကို ရဲရဲကိုင္နိုင္တာျဖစ္၏။ ႏွစ္ဆစ္ခ်ိဳးေလွကားမွတဆင့္ အိမ္အေပၚထပ္ေရာက္ေလေတာ့ ေဇယ်ာ ေသခ်ာစူးစမ္းေနမိသည္။ ပါးေကးခင္းထားေသာ ၾကမ္းျပင္မွာ ေျပာင္လက္ေန၏။ မီးေရာင္သိပ္မသုံးဘဲ ခပ္ျပျပသာျမင္နိုင္သည့္ ပုံစံမ်ိဳးပင္။ ညဘက္လူမရွိေသးလို႔လည္း ျဖစ္နိုင္သလို အေပၚထပ္တြင္ ကေလးတစ္ေယာက္တည္းေနတာဆိုေတာ့ သည္လိုပုံျဖစ္ေနတာထင္သည္။

ထို႔ေနာက္ ဝဲဘက္ကပ္လ်က္ခန္းအတြင္းသို႔ ခန့္ခန့္က ဦးေဆာင္ဝင္ေလ၏။

"ဒါ ကေလးအခန္းေပါ့"

"ဟုတ္"

ဝင္ဝင္ခ်င္း ျမင္လိုက္ရသည္က ခရမ္းျပာေရာင္မီးအလင္းပင္။ ေဇယ်ာ ပထမဆုံးအႀကိမ္ေရာက္ဖူးတာျဖစ္သည့္ အခန္းေလးကို ေစ့ေစ့စပ္စပ္ၾကည့္မိတာပင္။ အက်ယ္အသင့္အတင့္ရွိေသာ အခန္းေလးက အိပ္ရာႏွင့္ အဝတ္ဘီရိုက တစ္ျခမ္းကပ္ထားသည္။ နံရံတြင္ သူႀကိဳက္သည့္ပိုစတာတခ်ိဳ႕ ကပ္ထားတာထင္ပါရဲ့။ ႐ုပ္ျမင္႐ုံႏွင့္ နာမည္သိရေလာက္ေအာင္ ေဇယ်ာ နိုင္ငံျခားအဆိုေတာ္အကုန္ မသိပါေခ်။

တစ္ဖက္ကို လွည့္ၾကည့္ေလေတာ့ ကြန္ပ်ဴတာေက်ာင္းသားႀကီးကို ရင္ခြင္ထဲထည့္ကာ ဆံစေတြဖြဖြနမ္းမိတာပင္။ ဂိမ္းေဆာ့ရတာကို ခုံမင္႐ုံေလာက္သာထင္ခဲ့ေပမဲ့ Desktop အႀကီးႀကီးျမင္ရေတာ့ မဟုတ္မွန္းရိပ္မိလိုက္သည္။ စားပြဲႀကီးတြင္ အျပည့္ျဖစ္ေနေသာ စက္ပစၥည္းေတြက Coding ေတြေရး႐ုံတင္ေတာ့မျဖစ္နိုင္၊ ဂိမ္းေဆာ့ဖို႔လည္း အက်အနျပင္ထားျခင္း ျဖစ္လိမ့္မည္။

"ကေလးအခန္းက ခ်စ္စရာေလးပဲ။ သူ႔ေနရာေလးနဲ႔သူ ၾကည့္႐ုံနဲ႔ ကိုယ့္ခ်စ္သူအေငြ႕အသက္ေတြ အျပည့္အဝရတယ္"

ပါးေလးတစ္ဖက္ကိုပါ ဖ်စ္ညႇစ္ရင္းေျပာေတာ့ ခ်စ္ရသူမွာ ခပ္ၿဖီးၿဖီးေလးျဖစ္ေနသည္။

"ဟဲ ... ဒါရွင္းထားလို႔၊ မရွင္းထားရင္ေတာ့ အကၤ်ီေတြ တိုးလိုးတြဲလဲ၊ စားစရာမုန့္ေတြနဲ႔ ရွုပ္ပြေနေရာပဲ"

"အဲလိုမညစ္ပတ္ရဘူးေလ။ သပ္သပ္ရပ္ရပ္ေနရင္ သန႔္ရွင္း႐ုံတင္မကဘူး၊ စိတ္လည္းရွင္းတာေပါ့"

"အဲလိုေတြေျပာရင္ အဘိုးႀကီးနဲ႔တူတယ္"

ခ်စ္စရာေကာင္းေအာင္ လိုက္ေျပာေနသည့္ ကေလးဆံပင္ေလးေတြကို ရွုပ္ပြသြားေအာင္ ေဇယ်ာ ထပ္ပြတ္သပ္မိသည္။ အၾကည့္ေတြကေတာ့ အခန္းထဲဘယ္ေနရာ၊ ဘာရွိသည္ကို အလြတ္မွတ္မိေအာင္ ၾကည့္ေနမိဆဲျဖစ္၏။ ၾကဳံေတာင့္ၾကဳံခဲဝင္ရခ်ိန္မို႔ သိပ္ၾကည္ႏူးေနမိတာပင္။

"Game ေဆာ့ဖို႔ေနရာကလည္း အက်အနေနာ္။ ကိုယ္မသိေအာင္ အိပ္ခ်ိန္ေတြ ခိုးေဆာ့ေသးလား"

"ဟင့္အင္း မေဆာ့ပါဘူး၊ ကတိေပးရင္ ေပးထားသလိုေနတယ္"

႐ုပ္တည္နဲ႔ေျပာေနတာမို႔ ျဖစ္နိုင္သည္ဟု ေဇယ်ာ ယူဆလိုက္သည္။ စာႀကိဳးစားသည့္ကေလးအေပၚ ယုံၾကည္တာလည္း ပါတာမို႔ပင္။ ေျပာလၽွင္င္ေျပာသည့္အတိုင္း လုပ္တတ္သည့္ အက်င့္ကေလးကလည္း ရွိေသးသည္။ ဒါသည္ေကာင္းေသာကိစၥေတြအတြက္ အဆင္ေျပေသာ္ျငား မွန္တယ္ထင္လၽွင္ ေခါင္းမာမာႏွင့္ ဇြတ္လုပ္တတ္ေသးတာကိုေတာ့ သူ ဘဝင္မက်လွေသးေပ။ တျဖည္းျဖည္းခ်င္း အခ်ိန္ယူၿပီး နားခ်ျပင္ေပးဖို႔သာရွိသည္။

ဟိန္းေဇယ်ာဆိုသည္မွာ ခ်စ္သူအရိပ္အကဲကို အျမဲသုံးသပ္ေနတတ္ၿပီး ေကာင္းသည္၊ ဆိုးသည္ ခြဲျခားလုပ္တတ္ဖို႔၊ အက်င့္ေကာင္းေတြသာရွိေစဖို႔ ေခ်ာ့တစ္ခါ၊ ေျခာက္တစ္လွည့္ေျပာေနရေသာ ကေလးထိန္းႀကီးႏွင့္ တစ္ခါတရံ အလားသဏၭာန္တူေနတတ္ေသးသည္။

အခန္းကို ေထာင့္စိေအာင္ၾကည့္ၿပီးေလေတာ့ ေဇယ်ာ အိပ္ယာေပၚထိုင္ၾကည့္သည္။ ခန႔္ခန႔္ကေတာ့ နံေဘးရွိထိုင္ခုံေပၚ ပစ္ဝင္ထိုင္ရင္း ေပါ့ေပါ့ပါးပါးရွိလွ၏။

"ဒါနဲ႔ အိပ္ရာမွာ ေခါင္းအုံးႏွစ္လုံးက ဘာလို႔စီခ်ထားတာလဲ။ ဧကႏၲ ကိုယ္လာမွာ မို႔ လို႔ မ်ား..."

"လူႀကီးျဖစ္ၿပီး မဟုတ္တာေတြ ေတြးမေနနဲ႔။ အဲဒါႀကီးႀကီးရွင္းေပးသြားၿပီး စီခ်ထားခဲ့တာ။ ကိုယ့္ဘာသာဆို တစ္လုံးကိုေခါင္းအုံးၿပီး တစ္လုံးကိုခြအိပ္တာ"

ေျပာရင္းဆိုရင္းက ေခါင္းအုံးတစ္လုံးကို ခန့္ခန့္ ဆြဲယူသြားသည္။ သူ ဘယ္လိုခြအိပ္သလဲဆိုတာ ပုံစံျပသတဲ့ေလ။

"ေနာက္ဆို အဲဒါအစား ကိုယ့္ကိုဖက္အိပ္လို႔လည္းရတယ္၊ ခြအိပ္လို႔လည္းရတယ္"

"ဟားဟား မအိပ္ခ်င္ပါဘူး"

တစ္ဖက္လွည့္ကာ ရယ္ရင္းဟားရင္း ရွက္ေနသည့္ကေလးအား ေဇယ်ာ ခုံေပၚကဆင္းေစၿပီး ရင္ခြင္ထဲ ဆြဲသြင္းဖက္ထားလိုက္သည္။ အေပၚထပ္မွာ ဘယ္သူမွမေနဘူးဆိုေတာ့လည္း အခြင့္ေလးရွိခိုက္ စိတ္ခ်လက္ခ်ဖက္ထားခ်င္မိတာ ျဖစ္၏။

"ရွက္မေနပါနဲ႔ ကေလးရ။ ကိုယ္နဲ႔အတူရွိမဲ့ အနာဂတ္ေလးကို ေတြးမၾကည့္ဖူးဘူးလား။ ကေလးနဲ႔ကိုယ္ အိမ္ႀကီးတစ္အိမ္တည္းမွာ မနက္ကေနည၊ ညကေနမနက္ ၂၄နာရီလုံးလုံး အတူတူရွိေနၾကမဲ့အျဖစ္ကိုေလ"

"ေတြးေတာ့ေတြးဖူးပါတယ္။ ဒါေပမဲ့ ဟို အဲ့ေလာက္ထိေတာ့ မစဥ္းစားမိဘူး။ ၿပီးေတာ့ ၂၄နာရီကေတာ့ မလြန္ဘူးလား။ အလုပ္သြားဖို႔၊ ေက်ာင္းသြားဖို႔အခ်ိန္ေတြ ႏွုတ္ဦးေလ။ ထမင္းစားဖို႔၊ ေရခ်ိဳးဖို႔ေတြရွိေသးတယ္"

ဟင္း ... သည္လိုဂ်စ္ကတ္ကတ္မွ မေျပာတတ္လၽွင္ ေဇယ်ာ့ကေလး မဟုတ္ပါတကား။ တကယ္ဆို ကေလးဟုေခၚရေလာက္ေအာင္ သူ႔ခ်စ္သူေလးက ျဖဴစင္လြန္းသည္။ ဖိုဓာတ္ခ်င္းတူသည့္ ေယာက္်ားႏွစ္ေယာက္ခ်စ္ၾကလို႔ အေနအထိုင္ မဆင္မျခင္ျဖစ္မွာမပူရ။ ဟိုကိစၥ၊ သည္ကိစၥအေၾကာင္းေတြ စကားစပ္ရင္း ေရာက္ျဖစ္သြားလၽွင္ မသိမသာႏွင့္ အေျပာမခံဘဲ လမ္းေၾကာင္းလႊဲတတ္သည္။ အနမ္းခံရတာကိုပင္ အခုထိ ရွက္ေနတတ္သည့္ကေလးပါပဲ။

"စိတ္ကူးေလးထဲမွာေတာ့ ကိုယ့္ကိုမင္းအနားေလး အခ်ိန္ျပည့္ကပ္ခြင့္ ေပးပါလားကြာ။ အခုလိုလက္ေတြ႕ဘဝဆို ေတြ႕ဖို႔က ႏွစ္ေယာက္လုံး အားတဲ့ခ်ိန္ကို ေစာင့္ေတြ႕ရတယ္။ ၿပီးလို႔ေတြ႕ရင္လည္း လူျမင္ကြင္းဆို ဟိုလူေတြ႕မွာေၾကာက္ရ၊ သည္လူေတြ႕မွာေၾကာက္ရနဲ႔။ ဒီေလာက္ခက္ခက္ခဲခဲေတြ႕တာေတာင္ ေဟာဒီကိုယ့္ကေလးကလည္း ရင္ခြင္ထဲပဲ ၿငိမ္ၿငိမ္ေနတာမဟုတ္ဘူး။ ေဂၚလီလုံးေလးလို ဟိုေလၽွာက္လိမ့္၊ ဒီေလၽွာက္လိမ့္နဲ႔။ ကိုယ့္မွာ ေတြ႕တိုင္းလည္း လြမ္းမေျပဘူးသိရဲ့လား"

"ထားပါေတာ့၊ ခုနကတည္းက ေမးမလို႔။ လက္ထဲက ဘာအထုပ္ႀကီးလဲ"

ၾကည့္! ခ်စ္ေၾကာင္းမ်ား စိတ္ပါလက္ပါေျပာေနၿပီဆိုလၽွင္ သည္ကေလးက တျခားလမ္းေၾကာင္းလႊဲေတာ့သည္။ ခ်စ္တယ္ဆိုတာမ်ိဳးကိုေတာင္ သူစိတ္ပါတဲ့အခါမွသာ ထုတ္ေျပာလို႔ ၾကားခ်င္ၾကားရလိမ့္မည္။ ခဏခဏေမးေနလို႔ကေတာ့ သူသာ အသက္ထြက္သြားနိုင္သည္၊ အလည္ေလးက ရေအာင္ေရွာင္ပတ္တတ္သည္။ အခုလည္း ေမြးေန႔လက္ေဆာင္အျဖစ္ ယူလာသည့္အထုပ္ကို စိတ္ဝင္တစားႏွင့္။

"ေနာက္ထပ္ေမြးေန႔လက္ေဆာင္"

"ဟာ ... ထပ္ပါေသးတာလား။ ခုနကကိတ္ကို လက္ေဆာင္ထင္ေနတာ"

"အဲဒါလည္း လက္ေဆာင္ပါပဲ။ ဒီဟာကဝယ္ထားတာ ေတာ္ေတာ္ၾကာၿပီ။ မေပးရဲလို႔ မေပးျဖစ္ခဲ့တာ"

ခန့္ခန့္က ခပ္စိုက္စိုက္ၾကည့္လာသည္။ တကယ္လည္း မာနခဲေလးကို ေဇယ်ာမေပးရဲခဲ့ပါေပ။ အထင္လြဲမွာစိုးမည့္စိတ္ႏွင့္ တိတ္တိတ္ေလးဝယ္ခဲ့ၿပီးသာ သိမ္းထားရသည္။ ေမြးေန႔ကေတာ့ သည္လက္ေဆာင္ကိုထုတ္ေပးဖို႔ အေကာင္းဆုံးအခ်ိန္ပဲမလား။

"ဘာမို႔လို႔လဲ၊ အရမ္းတန္ဖိုးႀကီးတာဆို မယူဘူး"

"အဲလိုမဟုတ္ပါဘူး ကေလးရ။ ဒါကိုႀကိဳက္ေသးရဲ့လားသာ ဖြင့္ၾကည့္ပါဦး"

ခန႔္ခန႔္ ထိုအထုပ္ကို စိတ္လွုပ္ရွားစြာ ဖြင့္ေဖာက္ေနေတာ့တာပင္။ အလြယ္တကူမျမင္နိုင္ေအာင္ ကာတြန္းအိတ္ႏွင့္ထုတ္ပိုးလာတာမို႔ ဘာပစၥည္းရယ္ ေသခ်ာျမင္ရတာမ်ိဳးမဟုတ္။ တျဖည္းျဖည္းဖြင့္ၾကည့္ရမွာ ခန႔္ခန႔္ မ်က္ႏွာကေလး ဝင္းပသြားတာျဖစ္သည္။

"ဟာ ... Pangaia Shirt လား။ ဒီဟာႀကိဳက္မွန္း ဘယ္လိုသိရတာလဲ"

"သိတာေပါ့၊ ကိုယ့္ကေလးကို အရိပ္တၾကည့္ၾကည့္ ရွိေနခဲ့တာပဲဟာ"

ေဇယ်ာ မ်က္ခုံးေလးပင့္ကာ စကားဆိုေပမဲ့ ခန႔္ခန႔္မွာေတာ့ အိစက္ညက္ေညာေသာ ရွပ္လက္ရွည္အျဖဴေလးကို လွည့္ပတ္ၾကည့္လို႔ မဝေသးေပ။ ေဈးဝယ္အတူထြက္ၾကတုန္းကလည္း သည္မ်က္ဝန္းေတြႏွင့္ပဲ ကိုင္ၾကည့္ေနခဲ့သည္မလား။ ဒါမို႔ သူ႔အဘြားအတြက္ မုန႔္သြားဝယ္ေနခိုက္ မသိေအာင္ဝယ္ထားခဲ့မိတာပင္။ တကယ့္တကယ္တမ္း လက္ေဆာင္ေပးမည္ဆိုေတာ့ မာနခဲေလး အထင္လြဲမွာကို သူ ေၾကာက္လွျပန္သည္။

"ေဈးႀကီးလို႔မယူခ်င္ေပမဲ့ ဒီရွပ္ေလးကိုေတာ့ တကယ္သေဘာက်တယ္။ အဲတုန္းကႀကိဳက္လြန္းလို႔ ေနာက္ေန႔ေဖေဖနဲ႔ ျပန္သြားဝယ္ေသးတယ္။  ဒါေပမဲ့ အျဖဴေလးက သူမ်ားဝယ္သြားၿပီဆိုလို႔ လက္ေလၽွာ့ခဲ့ရတာ"

ရွပ္လက္ရွည္ေလးကို ကိုယ္မွာကပ္ရင္း မွန္ေရွ႕သြားကာ ၾကည့္လိုက္ေသးသည္။ ေဇယ်ာလည္း မေနနိုင္စြာ လိုက္ရပ္ေလေတာ့ မွန္ထဲကခ်စ္သူ၏ဝင္းဝင္းပပ အျပဳံးကိုေသခ်ာျမင္ရေလသည္။ သည္လိုေပ်ာ္မယ္မွန္းသိလၽွင္ ေစာေစာေပးမွာေပါ့ေလ။ ထိုအခိုက္ ေသးေသးေကြးေကြး သူ႔ခ်စ္သူေလးမွာ ေနာက္ျပန္လွည့္လာၿပီး ေဇယ်ာႏွင့္မ်က္ႏွာခ်င္းဆိုင္သည္။ ၿပီးမွ မမွီတမွီအရပ္ေလးကို ေျခဖ်ားေထာက္ကာ ေဇယ်ာ့လည္ပင္းကို သိုင္းဖက္ရင္းငုံ႔ေစသည္။ တစ္ဆက္တည္း နား,နားေလးသို႔ တိုးတိုးကပ္ေျပာသည္က၊

"ခ်စ္တယ္ေနာ္ လူႀကီး"

ရႊတ္!

မထင္မွတ္ဘဲ ေဇယ်ာ့ပါးေပၚကိုပါ အနမ္းတစ္ပြင့္ ႐ုတ္ခ်ည္းေပးလာေလသည္။ ေဇယ်ာ အံ့အားသင့္ၿပီး မ်က္လုံးမ်ားပင္ ဝိုင္းစက္သြားရေလ၏။ ဒါသည္ ခ်စ္သူေလးဖက္မွ သူ႔ကိုလိုလိုလားလား စနမ္းသည့္ပထမဦးဆုံးအနမ္း ျဖစ္ေသာေၾကာင့္ပင္။

ရွက္တတ္သည့္ေကာင္ကေလးကေတာ့ သူ႔ေခါင္းကိုေမာ့မလာေတာ့ေခ်။ ဘယ္လိုျဖစ္ျဖစ္ သူ သိပ္ခ်စ္တာပါပဲ။

.........................

ေန႔ရက္ေတြက ပုံမွန္ပင္ ေရြ႕လ်ားေနသည္။ မိုးရာသီ၏ေန႔ရက္ေတြမွာလည္း ပူတစ္လွည့္၊ အုံ႔မွိုင္းမွိုင္းတစ္လွည့္ႏွင့္။ သဘာဝတရားက ပုံမွန္လည္ပတ္ေနသလို ‌ေဇယ်ာတို႔ခ်စ္သူႏွစ္ဦးသည္လည္း ထိုကဲ့သို႔သာ။ အလုပ္သြားသူကသြား၊ ေက်ာင္းသြားသူကသြား၊ ႏွစ္ေယာက္သားအခ်ိန္ရလၽွင္ မိဘေတြမရိပ္မိေအာင္ ခိုးေတြ႕ၾကရင္းႏွင့္ ခ်စ္စဖြယ္ေန႔ရက္တို႔ ကုန္ဆုံးေနတာပင္။

သို႔ေသာ္ အခ်စ္ေလေျပ၏ေနာက္တြင္ ခိုးေၾကာင္ခိုးဝွက္ကပ္ပါလာတတ္ေသာ အေႏွာင့္အယွက္မုန္တိုင္းကိုေတာ့ သူတို႔ႏွစ္ဦး သတိမထားခဲ့မိၾကေခ်။ အေၾကာင္းက ေဇယ်ာ ႐ုံးတြင္အလုပ္ရွုပ္ေနခ်ိန္ စာတစ္ေစာင္ဝင္လာရာမွ ဖန္ခဲ့ေလသည္။

'ကို ... စႏၵီေျပာစရာရွိလို႔ ကို႔႐ုံးေရွ႕ေရာက္ေနတယ္။ ကို ထြက္ေတြ႕မလား၊ စႏၵီ ဝင္လာခဲ့ရမလား'

ေရြးခ်ယ္စရာ ႏွစ္ခုေပးေသာစာတိုကို တစ္ခုမွမေရြးခ်ယ္ခ်င္ေလတာ ဟိန္းေဇယ်ာပင္။ သူလည္းထြက္မေတြ႕ခ်င္သလို၊ ထိုမိန္းမကိုလည္း ဝင္မလာေစခ်င္။ ရွင္းရွင္းေျပာရလၽွင္ သူ႔အေငြ႕အသက္ျမင္တာႏွင့္ ကိုယ္ပါပူေလာင္ေစရတာမ်ိဳးျဖစ္သည္။ သို႔ေသာ္ သည္ေလာက္အတန္တန္ေျပာထားသည့္ၾကားက ႐ုံးေရွ႕ေရာက္လာျပန္ပါၿပီ။

ေဇယ်ာ လစ္လ်ဴရွုထားလိုက္ခ်င္ေသာ္လည္း အရင္တစ္ခါလို ေသာင္းက်န္းေနမွာ စိုးရျပန္သည္။ သည္တစ္ေခါက္ေတာ့ အျပတ္ရွင္းမွ ျဖစ္ေတာ့မည္ဟုေတြးကာ သူ ထြက္လာခဲ့၏။

႐ုံးေရွ႕ကစႏၵီမွာေတာ့ ေဇယ်ာ အထဲကထြက္လာသည့္ ေဇယ်ာ့ကိုျမင္႐ုံႏွင့္ ေက်နပ္သြားပုံရသည္။ သူေရြးေစသည့္ႏွစ္ခုထဲက တစ္ခုကိုေရြးေပးလိုက္လို႔ ေက်နပ္သည့္အျပဳံးမ်ိဳးျဖစ္သည္။ ဟိန္းေဇယ်ာသည္လည္း အညံ့ခံမည့္လူမ်ိဳးေတာ့မဟုတ္၊ ႐ုံးေရွ႕ကိုထြက္လာေလတာ ေဒါသအရွိန္ႏွင့္ အႏၲရာယ္ျပဳမည့္ ေတာရိုင္းအေကာင္တစ္ေကာင္ႏွယ္။

"မင္း အေတာ္အတင့္ရဲလွပါလား။ ေရွ႕ေန႔ဆီက ဆင့္ေခၚစာေရာက္လာမွ ငါ့အဆိုးမဆိုနဲ႔ေနာ္"

"ကိုရယ္ ... ေဒါသေတြ ေရွ႕မထားပါနဲ႔၊ မသိတဲ့သူေတြလည္း မဟုတ္ဘူး။ ခုကလည္း ပုံေလးတစ္ပုံျပခ်င္လို႔ စႏၵီ လမ္းၾကဳံဝင္လာတာပါ။ ဒီမွာၾကည့္ပါဦး၊ ဘယ္သူေတြလဲလို႔"

လမ္းမႏွင့္နီးေနေသာေၾကာင့္ ကားသံ၊ လူသံေတြ ဆူေနသည့္ၾကားက စႏၵီ့အသံကို သူ ေသခ်ာနားေထာင္ေနရတာျဖစ္သည္။ ကားပါကင္အရိပ္ေအာက္တြင္ တမင္ခြာရပ္ေနေသာ သူ႔အနားသို႔ တလွမ္းခ်င္းတိုးကပ္လာသည္။ ၿပီးေနာက္ ဖုန္းကိုသူ႔ျမင္ကြင္းေရွ႕ မေရာက္,ေရာက္ေအာင္ တြန္းပို႔ျပေလ၏။ 

အလင္းစူးတာေၾကာင့္ ဖုန္းမ်က္ႏွာျပင္ကို မ်က္ေမွာင္ၾကဳတ္ၾကည့္ေလေတာ့ ေဇယ်ာမွာ နားထင္မွတစ္ဆင့္ ေသြးမ်ားေဆာင့္တိုးသြားသည့္ႏွယ္ ခံစားလိုက္ရသည္။ ပုံက သူႏွင့္ကေလးတို႔ ကားထဲမွာ နမ္းေနၾကသည့္ပုံပင္။

မျဖစ္ေခ်၊ သည္မိန္းမသိလို႔ကို မျဖစ္သည့္ကိစၥပဲမလား။ စႏၵီ့ကိုေမာ့ၾကည့္ေလေတာ့ အျမင္ကတ္စရာေကာင္းေလာက္ေအာင္ ျပဳံးေနခဲ့တာပင္။

ေဒါသကိုမထိန္းနိုင္သည့္အဆုံး ေဇယ်ာ စိတ္တိုတိုႏွင့္ဖုန္းယူၿပီး ရိုက္ခြဲပစ္လိုက္မိတာပင္။ ေဘးကအေစာင့္တခ်ိဳ႕ လန့္သြားေလာက္ေပမဲ့ ေဇယ်ာ အားနာမေနနိုင္ေတာ့။ ဖုန္းတန္ေၾကး ေလ်ာ္ပါဆို ေဇယ်ာ ေလ်ာ္လိုက္မည္ျဖစ္သည္။ အဓိကက ထိုပုံကိုသူ႔လက္ထဲ

"စိတ္ေလၽွာ့ပါ ကိုရာ။ ဖုန္းေလးပ်က္စီးလိုက္႐ုံနဲ႔ အဲပုံကမရွိနိုင္ေတာ့ဘူးတဲ့လား"

"မင္း ဘာျဖစ္ခ်င္တာလဲ၊ ဘာလိုခ်င္တာလဲ ... ေျပာ"

ေဇယ်ာ ေဒါသကိုမ်ိဳသိပ္ကာ အံႀကိတ္ရင္း ခပ္တိုးတိုးေမးလိုက္သည္။

"ကို႔ကို"

ဒါႏွင့္တင္ေျပာမၿပီး၊ စႏၵီ ေဇယ်ာနားပိုတိုး၍ ညႇို႔သေယာင္ ထပ္ေျပာျပန္သည္။

"အဲေကာင္ေလးကို အေပ်ာ္တြဲေနတာမလား။ အခု စႏၵီ ျပန္လာၿပီပဲ၊ ေတာ္လိုက္ေတာ့ေပါ့"

စႏၵီ့စကားက မီးေလာင္ရာေလပင့္သလို ေဇယ်ာ့ေဒါသအား ပိုဆြေပးရာေရာက္ေန၏။ မိန္းမသာမဟုတ္လၽွင္ တစ္ခါတည္းဆြဲထိုးမိမည္ျဖစ္သည္။ သို႔ေသာ္ ေရွ႕ေနာက္ေတြခ်ိန္ဆရင္းႏွင့္ မ်က္ႏွာသည္လည္း မုန္းမာန္အျပည့္ရွိသည့္ က်ားရိုင္းတစ္ေကာင္အသြင္ ေဆာင္လာေလၿပီ။

"ဒီမွာ မင္းေသေလာက္ေအာင္ႀကိဳးစား၊ ငါ့ကိုဘယ္နည္းနဲ႔မွ မရေစရဘူး။ ေနာက္ၿပီး ဒီကေလးက မင္းလိုမိန္းမနဲ႔ ယွဥ္ေျပာစရာ မလိုေလာက္ေအာင္ ျဖဴစင္လြန္းတယ္၊ အဲေတာ့ မင္းစကားထဲေတာင္ ထည့္မေျပာနဲ႔။ ေနာက္ၿပီး မင္းျမဲျမဲမွတ္ထား။ ဒီကေလးကိုထိရင္ မင္းကိုကမၻာမေၾကဘူးမွတ္"

ထိုသို႔မာန္ပါပါေျပာၿပီး ေဇယ်ာ အထဲျပန္ဝင္လာခဲ့သည္။

က်န္ခဲ့သည့္ စႏၵီမ်ိဳးျမတ္မွာေတာ့ အ႐ုပ္ႀကိဳးပ်က္သည့္ႏွယ္။ ေၾကမြေနေသာဖုန္းကို ေကာက္ယူရင္း ေဒါသတစ္ပိုင္းႏွင့္ က်န္ရစ္ခဲ့တာျဖစ္သည္။  အစကေတာ့ သည္ပုံကိုျပလိုက္လၽွင္ ေၾကာက္လန့္ၿပီး သူ႔ဆီျပန္ေျပးလာမယ္ထင္ခဲ့တာမလား။ အခုေတာ့ တက္တက္စင္လြဲၿပီမို႔ အႏုနည္းက သူ႔အတြက္ အဆင္မေျပလွေတာ့ေပ။ ဒါဆိုတျခားနည္းေရာ။

ဟင္း။

စႏၵီမ်ိဳးျမတ္တစ္ေယာက္ မခ်ိျပဳံး,ျပဳံးရင္း ဆိုင္ေရွ႕မွလွည့္ထြက္ခဲ့ေတာ့၏။

(2/10/2020)
••••••••••••••••••••••••••••••••••••••••

Bạn đang đọc truyện trên: Truyen3h.Co