Truyen3h.Co

နှောင်ကြိုး

Part - 24

Fi_Lay



<Unicode>

အိမ်ဆောက်ပစ္စည်းဆိုင်အတွင်းက ဟိန်းဇေယျာတစ်ယောက် ပစ္စည်းအခင်းအကျင်းတွေ လှည့်စစ်ရင်း အလုပ်ရှုပ်နေသည်။ နှစ်ထပ်ရှိသော အဆောက်အအုံသည် အရှေ့အနောက် ကျယ်ပြောလို့သာပဲ ပစ္စည်းတွေများများ ခင်းလို့ရတာဖြစ်၏။ ဒါတောင် ပစ္စည်းအသစ်တွေရောက်လာလျှင် ဂိုထောင်အရင်ခဏထားပြီး ပစ္စည်းထားဖို့နေရာပြန်စစ်ရတာ သူ့အလုပ်တစ်ခုလို။

မင်းမင်းလည်း အားကိုးရတာမှန်ပေမဲ့ ဆိုင်ခွဲတွေများတော့ သူပါဝင်လုပ်ရသည်။ သူ့အလုပ်၊ ကိုယ့်အလုပ် ခွဲနေတာမျိုးမဟုတ်ဘဲ လုပ်စရာရှိလျှင် ရာထူးမရှိ၊ ကိုယ်တိုင်ဝင်လုပ်ရတာမျိုးပင်။ ထိုအခိုက် ဘောင်းဘီအိတ်ကပ်အတွင်းမှ တုန်ခါလာသည်။ ညီမဖြစ်သူထံမှ ဖုန်းဝင်လာခြင်းပါပဲ။

"အေး ရွယ်၊ ပြော"

"ကိုကို ... ဖေဖေက ရွယ်တို့အားလုံးကို အိမ်ပြန်လာခိုင်းနေတယ်၊ ကိုကိုကို့လည်း ပြောလိုက် ... အရေးကြီးတယ်တဲ့"

သည်လိုဆို မေမေရော၊ ရွယ်ပါ ဗိုလ်ချုပ်စျေးက ရွှေဆိုင်တွင်ပင် ရှိနေကြဆဲဖြစ်မည်။ အိမ်ကနေ ချက်ချင်းဖုန်းဆက်ခေါ်ရလောက်သည်အထိ ဘာကများအရေးကြီးနေသည်မသိ။

"ဟုတ်လား ဘာလို့လဲ"

"မသိဘူး ကိုကိုရယ်၊ ဖေဖေ စိတ်တိုနေသလိုပဲ။ အဲဒါမို့ ရွယ်နဲ့ မေမေ ခုပြန်တော့မလို့၊ ကိုကိုလည်း ထွက်ခဲ့တော့နော်"

"အေးအေး ကားဂရုစိုက်မောင်းဦး၊ အရမ်းလောမနေနဲ့"

ဖေဖေ သည်လိုတစ်ခါမှ ဖုန်းဆက်မခေါ်ဖူးတာမို့ ဇေယျာ ကြောင်နေသည်။ ဘာတွေများဖြစ်လို့ အကုန်အရေးတကြီး အိမ်ပြန်လာခိုင်းနေတာပါလိမ့်။ ဇေယျာ ရုံးခန်းသို့ပြန်တက်ကာ ယူစရာရှိတာယူပြီး အိမ်ပြန်ခဲ့ရတော့၏။

အိမ်ရောက်တော့ မေမေနှင့်ညီမလေးကားက ပြန်ရောက်နှင့်နေလေပြီ။ ရှူးဖိနပ်ကိုသေချာချွတ်ပြီး အိမ်ထဲဝင်ချိန်တွင် အားလုံးကဧည့်ခန်း၌ စုဝေးထိုင်နေကြသည်။ မျက်နှာလည်းမကောင်းကြ။ ဖေဖေ့ပုံစံမှာ ကြည့်ရုံနှင့် ဒေါသထွက်နေမှန်း သိသာသည်၊ ညီမလေးကတော့ မေမေ့ကို ရေခပ်တိုက်နေပြီး ယောက်လုံး အံ့ဩထိတ်လန့်နေကြသည့်ပုံပင်။

"ဖေဖေ ဘာလို့ပြန်ခေါ်တာလဲ"

ဇေယျာ ဝင်ထိုင်ရင်း မထိတ်သာ၊ မလန့်သာ မေးရလေသည်။ ကချင်ပုဆိုးအကွက်ကျဲအစိမ်းရောင်ကို ဝတ်ဆင်ထားသော အဖေဖြစ်သူကဖြင့် ခြေထောက်ကိုချိတ်ထိုင်ကာ သူ့ကိုခပ်စိုက်စိုက် ကြည့်နေသည်။

"မင်း ဒီပုံတွေကြည့်!"

ကျွန်းစားပွဲကြီးပေါ်သို့ ပစ်ချလိုက်သော ဓာတ်ပုံများက မညီမညာပျံ့ကျဲသွားသည်။ ဇေယျာ နားမလည်နိုင်သေး၊ ဘာတွေမို့လို့ သည်လောက်ဒေါသထွက်နေရသည် သူမသိသေးတာပင်။ ပုံတွေအနီးကပ် အကုန်ယူကြည့်လိုက်မှ သူ့ရင်တွေတုန်ပြီး ကျောထဲကပါ စိမ့်အေးလာသလို။

စန္ဒီမျိုးမြတ် ... အတော်ယုတ်မာသည့်မိန်းမ!

ချစ်သူကလေးနှင့်ပုံတွေ ရိုက်ထားမှန်းသိသော်လည်း ဖေဖေ့ဆီပို့ရလောက်အောင်ထိ အောက်တန်းကျမယ် လုံးဝမထင်ထားပါချေ။ ဇေယျာ အဖေ၊ အမေနှင့် ညီမဖြစ်သူကိုပါ လှည့်ကြည့်တော့ စိမ်းစိမ်းစားစားကြည့်နေကြလေတာ သူ့ကိုရွံရှာသွားကြတာလား။ ချက်ချင်းပဲ ဖေဖေ့အသံထွက်လာသည်။

"မင်း ရှင်းစမ်း၊ ဒါဘာပုံတွေလဲ။ ဒီမမြင်ဝံ့တဲ့ပုံတွေက ငါ့ဆီ ဘယ်လိုရောက်လာရတာလဲ ... ဟမ်"

ဇေယျာ စွံ့အနေတော့သည်၊ ဖေဖေ ကျေနပ်အောင် ပြန်ပြောနိုင်မည့် စကားလုံးတို့ ရှာမတွေ့။

"ငါတို့ကတော့ သားကြီးက အလုပ်ထဲပဲ နစ်နေတာ။ စိတ်ဒဏ်ရာကြောင့် ဘယ်မိန်းကလေးနဲ့မှတောင် မပတ်သက်တော့ဘူး။ လူကြီးတွေ နေရာချထားပေးမှပဲ အိမ်ထောင်ရက်သား ကျတော့မယ်လို့ထင်နေတာ။ ဘယ်နှယ့်ကွာ ... ယောကျ်ားချင်းကြိုက်ရတယ်လို့။ မင်း မရှက်ဘူးလား ... ဟေ့ကောင်"

ဒေါသစွက်နေသည့်ဖေဖေ့အသံမှာ နဂိုထက် ဆယ်ဆမက ကျယ်လောင်နေသည်။ ဇေယျာလည်း ခေါင်းပင်မော့မထားဝံ့၊ သူ မရည်ရွယ်ပါဘဲ မိဘတွေအပေါ် အမှားလုပ်မိခဲ့သလိုချည်း။ ပထမတစ်ခါတော့ မသိဘဲမှားခဲ့သလို၊ အခုတစ်ခါမှာတော့ သူ သိသိရက်နှင့် ဇွတ်တိုးဝင်ခဲ့မိတာဖြစ်သည်။

"ပထမတစ်ခါ မင်္ဂလာပွဲပျက်တော့ မင်းကိုယ်တိုင်ရော၊ ငါတို့မိသားစု၊ ဆွေမျိုးအသိုင်းအဝိုင်းတွေပါအကုန် သူများအပြောအဆိုခံခဲ့ရပြီးပြီ။ အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့ရပြီ။ ဒါထားတော့ မင်းကိုယ်တိုင်လည်း မသိခဲ့တဲ့ကိစ္စမို့ ရှိစေတော့။ ခုဟာကွာ ဘယ်နှယ့် ... မင်း ဦးနှောက်မပါတော့ဘူးလား"

ဧည့်ခန်းမကျဉ်းမကျယ်တွင် ဆူဆူညံညံအသံတွေက ဟိန်းထနေလေသည်။ ဦးမြတ်သူ ဒေါသတွေလည်းလွန်လာပြီမို့ ထပြောလာလေတော့ ဒေါ်ကြည်ပြာ မနေသာတော့ပေ။

"အစ်ကိုရယ် စိတ်ကိုလျှော့ပါ၊ ဖြည်းဖြည်းပြောကြတာပေါ့။ ပတ်ဝန်းကျင်ကြားလို့လည်း ကောင်းတာမဟုတ်ပါဘူး"

"ပတ်ဝန်းကျင် ကြားမကောင်းရအောင် မင်းရဲ့သားလုပ်တာလေ"

"အင်းပါ အစ်ကိုရယ်၊ အရင်ထိုင်ပါ"

ဒေါ်ကြည်ပြာ ယောကျ်ားဖြစ်သူကို ဖြေသိမ့်အပြီး သားဖြစ်သူဖက် လှည့်ရပြန်သည်။ မိခင်ဖြစ်သူပါထလာတော့ ဇေယျာလည်း မနေသာတော့။ အကြောင်းပြချက်အမျိုးမျိုးကို စီကာစဉ်ကာ ရှာနေရသည်။ ရွယ်ရွယ်တစ်ယောက်သာ ထိုင်လျက်ဆွံ့အနေကာ ပွဲကြည့်သူသက်သက် ဖြစ်နေ၏။

"သားရယ် ဘယ်လိုစိတ်မျိုးနဲ့ ဒီလိုတွေဖြစ်သွားရတာလဲ၊ မေမေဖြင့် နားကိုမလည်နိုင်ဘူး။ ပုံထဲကကောင်လေးက အိမ်ခေါ်ခေါ်လာတဲ့ ခန့်ခန့်ဆိုတဲ့ ကလေးမလား"

"ဟုတ်ပါတယ်"

"ဟိုကလေးကလည်း ငယ်ငယ်ပဲ ရှိသေးတယ်လေကွယ်၊ သားတို့ဆင်ခြင်ရမှာပေါ့"

ခန့်ခန့်ကိုပါ ပြောလာပြီမို့ ဇေယျာ သည်ထက်ငြိမ်မနေသာတော့။ သည်မိသားစုအတွင်း သူအမှားလုပ်မိတာ ဖြစ်ကောင်းဖြစ်လိမ့်မည်။ သို့သော် ခန့်ခန့် ဘာအမှားမှမလုပ်၊ သူကချစ်လွန်းလို့သာ သည်ကလေးခမျာ လက်ခဲ့ခဲ့ရခြင်းမလား။

"ဒီကိစ္စက ကျွန်တော်ကစတာပါ မေမေ။ သူလည်း အစကသားကို လက်မခံနိုင်လို့ ရှောင်သွားပါသေးတယ်၊ ပြီးမှသာ..."

ဇေယျာ အသံတိမ်ဝင်သွားတော့ ဦးမြတ်သူ ဝင်ပြောပြန်သည်။

"မင်း ဒီကိစ္စကို ဘယ်လိုရှင်းမှာလဲပြော၊ ငါတို့ကတော့ လုံးဝသဘောမတူနိုင်ဘူး။ တစ်ရှက်ကနေ နှစ်ရှက်လည်း အဖြစ်မခံနိုင်တော့ဘူး"

ဦးမြတ်သူပြောသည်ကို ဇေယျာက သေချာစိုက်ကြည့်ပြီး နားထောင်သည်။ ဘာမျှပြန်မပြောသော်ငြား သည်အကြည့်ဟာ သူပြောသည့် စကားများကို နာခံမည့်အကြည့်မဟုတ်မှန်းလည်း ဦးမြတ်သူလည်း သဘောပေါက်တာပင်။ လိမ်မာရေးခြားရှိပါသည်ဆိုသော်လည်း မှန်တယ်ထင်လျှင် လက်မလျှော့နိုင်လောက်ချေ။

"ပြောထားတဲ့ကြားက ရှေ့ဆက်တိုးပြီး မင်းလုပ်ချင်ရာလုပ်မယ်ဆိုရင်တော့ ငါတို့မိသားစုနဲ့ မင်း ရှင်ခန်းပြတ်ပဲ၊ အဲဒါ မင်း မြဲမြဲမှတ်ထား"

"အမလေး အစ်ကိုရယ်၊ ဒီသားနဲ့ဒီသမီးရှိတာကို"

ဦးမြတ်သူမှာပြောအပြီး အခန်းထဲ ဝင်သွားတော့သည်။ ဒေါ်ကြည်ပြာကတော့ သူ့ယောကျ်ား စိတ်ကြီးပုံကိုသိတာမို့ သားဖြစ်သူ လက်မလျှော့မှာကို တွေးစိတ်ပူပြီး ငိုနေလေတော့သည်။

ဇေယျာလည်း ထွေထွေကြီးဖြစ်နေပြီး အတန်ကြာမှ ဆိုဖာနောက်မှီပေါ် ခေါင်းချလိုက်မိ၏။ ခေါင်းထဲမှာတော့ အကုန်ဗြောင်းဆန်နေပြီး ပြဿနာက မိသားစုနှင့်ကလေးကြား တစ်ခုခုကို ရွေးရမည့်ပုံဖြစ်နေသည်။ သူ ဘယ်တစ်ခုကိုမှ ပြတ်ပြတ်သားသား မရွေးချင်၊ အားလုံးအဆင်ပြေပြေသာ ဖြစ်ချင်သည်။ စလျှောက်ကတည်းက မလွယ်မှန်းသိတာမို့ ခက်ခက်ခဲခဲတော့ ကြိုးစားရမှာပင်။

ဇေယျာပူထူနေပြီး ရုတ်တရက် တွေးမိသွားသည်က ဟိုမိန်းမ! ပြီးနောက် ကလေး!

ဒီတိုင်း ထိုင်နေလို့ မဖြစ်သည်ကို ချက်ချင်းသဘောပေါက်လိုက်၏။ သူ့အိမ်ကိုပို့သလို သည်မိန်းမ ကလေးအိမ်ကို မပို့ဟုမပြောနိုင်။ ဇေယျာ ချက်ချင်းထပြီး အပြင်ပြန်ထွက်ဖို့လုပ်သည်။

"ဟဲ့ သား ... ဘယ်လဲ"

"မေမေ သားခဏပဲ၊ ပြန်လာခဲ့မယ်"

မိခင်ဖြစ်သူ၏ အားမရှိသောငိုရှိုက်သံကို လစ်လျူရှူကာ ထွက်လာရသည်က အသည်းပေါက်မတတ် နာကျင်ရတာဖြစ်သည်။ မိဘကို မျက်ရည်ကျစေသော သားမိုက်တစ်ယောက် ဖြစ်သွားသလို ခံစားရစေသည်။ သို့သော် ထိုဒေါသကိုစန္ဒီ့အပေါ် ပိုပုံကျတော့တာပင်။

ကားပေါ်ရောက်သည်နှင့် ဇေယျာ ချက်ချင်းခန့်ခန့်ဆီ မသိမသာ ဖုန်းဆက်ကြည့်ရသည်။ ကောင်လေးကအေးဆေးပင် ဖုန်းဖြေသည်မို့ စိတ်ပူတာ အနည်းငယ်လျော့ရ၏။ သည်ပုံအတိုင်းဆို ထိုမိန်းမ သူ့တစ်အိမ်တည်းကိုပဲ ပို့တာဖြစ်မည်။ ဒါမို့ ချစ်သူလေးကို မသိမသာပြောပြီးပဲ ဖုန်းချလိုက်သည်။ သူ့အိမ်တွင် ဖြစ်သွားသည့်အကြောင်းကိုတော့ ချက်ချင်းမပြောချင်သေးပါပေ။ ဒုတိယနှစ်ဝက်စာမေးပွဲ နီးလာသည့်ကလေးအား စိတ်မရှုပ်စေလိုခြင်းပါ။

သို့ပေမဲ့ စန္ဒီမျိုးမြတ်ကိုတော့ ချက်ချင်းဖုန်းဆက်ကာ ချိန်းဆိုလိုက်တော့၏။

.......................

"ကို"

ချိန်းထားသည့်နေရာအား ဇေယျာက အရင်ရောက်နှင့်သည်။ စိတ်ရှုပ်ရှုပ်နှင့် အတွေးတွေနက်နေခိုက် စန္ဒီ မချိပြုံးနှင့်နှုတ်ဆက်သံကြားမှ အသိစိတ်တို့ ပြန်ဝင်လာလေ၏။ ထိုမိန်းမကတော့ အဝါနုရောင်ဝတ်စုံကို အလှပဆုံးဝတ်ဆင်ကာ ပျော်ရွှင်နေသည့်ပုံရသည်။ သူတစ်ပါးစိတ်ဆင်းရဲပြီးမှ ဖြစ်ပေါ်လာသော ထိုအပြုံးက ဘယ်လောက်ထိအပြစ်ကင်းနိုင်မှာမို့လေလဲ။

"ကဲ ... ဆိုပါဦး၊ စန္ဒီကို ခေါ်ရတဲ့ကိစ္စ။ ပြန်လာခဲ့လို့ပြောဖို့ Date တာတော့မဟုတ်ပါဘူးနော်"

"မင်း ခုမှ ရူးချင်ယောင်ဆောင်မနေနဲ့။ ငါ့ဖေဆီကို ပုံတွေပို့ပြီးမှ မျက်နှာပြောင်တိုက်ပြီး မေးရဲသေးတယ်"

ဇေယျာ ဒေါသစွက်သည့်အသံမှာ ခပ်အုပ်အုပ်ပင်။ ဆိုင်ထဲလူရှင်းနေသော်လည်း သိက္ခာရှိရှိသာ ပြောချင်သည်။ သို့သော် စူးရှနေသည့် မျက်ဝန်းအရောင်တို့ကကား စန္ဒီ ပြာကျသွားနိုင်သည့်သဖွယ်။

"ဒါ စန္ဒီ့သဘောကို ပြလိုက်တာလေ။ မနေ့ကပဲ စန္ဒီ့ဆီ တရားရုံးက ဆင့်ခေါ်စာရောက်လာတယ်။ ကိုက တကယ်လုပ်ရက်ရင် စန္ဒီကလည်း လုပ်ရတော့မှာပေါ့။ ဟင်း .. .ဒါတောင်သနားလို့ တစ်ယောက်ပဲ ပို့ထားသေးတာနော်"

အသင့်ချပေးထားသော ရေတစ်ခွက်ကို ဟန်ပါပါသောက်ရင်း ပြောနေပုံက သိပ်ကိုအမြင်ကတ်ဖွယ် ကောင်းနေတာပင်။ သို့သော် ဇေယျာ လက်တွေ့ဖြစ်ရပ်ကိုသာ အာရုံစိုက်ထားရသည်။ ပြဿနာကို သည်ထက်ပိုမကြီးခင် တားဆီးဖို့သာရှိ၏။ သူ တရားစွဲထားသည့်အမှု၏ လုပ်ရိုးလုပ်စဉ်ထက် စန္ဒီ့ယုတ်ညံ့မှုက ပိုလျင်နိုင်တာ အသိသာကြီးဖြစ်သည်။

ဇေယျာ အသက်ရှူသံတွေ မြန်နေသည့်ကြားက မတတ်သာဘဲ ဆုံးဖြတ်လိုက်၏။ ချစ်သူလေးအတွက်တော့ ရသမျှ ကာကွယ်ပေးရမည်မလား။

"မင်း ဘာဖြစ်ချင်တာလဲ၊ ငါ့ကိုတည့်ပြော"

"စန္ဒီ ဘာဖြစ်ချင်လဲဆိုတော့ ကို တရားစွဲထားတာကို ပြန်ရုပ်သိမ်းစေချင်တယ်။ ပြီးတော့ ကို့ကိုပြန်လိုချင်တယ်။ မဟုတ်ရင်တော့ နောက်ဆုံးလက်နက်ကို စန္ဒီ ထုတ်သုံးမှာနော်"

သူ့အပေးအယူကို ဇေယျာ အကုန်လက်မခံနိုင်ပါ။ သို့သော် ခန့်ခန့်အိမ်ကို ဒီပုံတွေ ရောက်သွားလို့လည်းမဖြစ်။ ကလေးရင်ဆိုင်ရမည့် အရာတွေအတွက် သူစိတ်ပူသည်။ သူတို့အနာဂတ်အတွက်လည်း စိတ်ပူရသည်။

"ဟုတ်ပြီ၊ မင်းကို တရားစွဲထားတဲ့ကိစ္စကို ပြန်ရုတ်သိမ်းပေးမယ်။ "ဒါပေမဲ့ ငါ့မှာ ပိုင်ရှင်ရှိပြီးသား၊ မင်းလိုမိန်းမနဲ့လည်း ဒီတစ်သက် ပြန်ပတ်သက်ဖို့ စိတ်ကူးတောင်မရှိဘူး"

စန္ဒီ့မျက်နှာ ရုတ်ချည်းရှုံ့မဲ့သွားသည်။ ပုံမှန်ဆိုလျှင် မိန်းမတစ်ယောက်နှင့် စကားနိုင်လုပြောတာမျိုး ဝါသနာမပါပေမဲ့ အခုတော့ ခပ်ရှင်းရှင်းပြောမှကို ရတော့မည်။ မဟုတ်လျှင် မျှော်လင့်ချက်အမျှင်တန်းပြီး ဆက်လိုက်နေမည့်အဖြစ်။

"မင်း ငါ့ကိုတကယ်မချစ်ပါဘူး။ အဓိကလိုချင်နေတာ ငွေမလား၊ ငါ မဟုတ်ပါဘူး။ အဲတော့ မင်းပြောကြည့်။ ငါ့ကလေးကိုတော့ ထိမယ်မကြံနဲ့"

စန္ဒီ တစ်ချက်တွေဝေသွားတာ ဇေယျာ သေချာပေါက်မြင်လိုက်သည်။ နှုတ်ခမ်းကို ခပ်တင်းတင်းစေ့ကာ စဉ်းစားနေပုံလည်းရ၏။ အရင်ကတည်းက ထက်မြက်နှင့်ပတ်သက်လို့ သိရတာဖြစ်သည့်အတွက် စန္ဒီ ပြန်ရောက်လာကတည်းက သူငယ်ချင်းကို အကျိုးအကြောင်း မေးထားပြီးဖြစ်သည်။ သူ့မှာရှိသည့်အကြွေးတွေက နည်းလှတာမဟုတ်၊ အားလုံးပေါင်းလျှင် ရာဂဏန်းရှိသည်ဟု သတင်းကြားထားသည်။

အရင်လို သူ့ကိုအရပြန်ပိုင်နိုင်လျှင် အကြွေးဆပ်နိုင်မည်ဟုများ ယုံကြည်နေသလားမသိ။ ငွေနှင့်ပတ်သက်လျှင် တောကောင်ရှာသည့်မုဆိုးလို ဆင်ခြင်ဉာဏ်မဲ့သည့်ပုံစံအား ဇေယျာ ဘယ်လိုမှမမြင်ချင်တော့ပါပေ။ ဒါမို့ သူတောင်းသလောက် တတ်နိုင်လျှင် ပေးလိုက်ဖို့သာ ရှိတော့သည်။ သူ့မိသားစု၊ တစ်ဖက်ကချစ်သူ့မိသားစု ပြဿနာတွေဖြစ်ဖို့အရေးကို မလိုလားတော့ပါပေ။

"ဟုတ်ပြီလေ၊ ကိုကတည့်ပြောတော့ စန္ဒီလည်း တည့်တောင်းဆိုရတာပေါ့။ စန္ဒီ ဟိုမှာအကြွေးတွေ နစ်နေတယ်၊ အဲဒါမို့ မြန်မာပြည်မှာ ပိုက်ဆံရှာရင်း ခဏလာရှောင်နေတာ"

"ဘယ်လောက်လိုတာလဲပြော။ ပြီးရင်ချက်ချင်းပြန်၊ မြန်မာပြည်ကို တစ်သက်လုံး ခြေတောင်ပြန်မချနဲ့"

တစ်ချိန်က ချစ်လှပါချည်ရဲ့ဆိုသူ၏ ခြေတောင်မချနှင့်ဆိုသောစကားကြောင့် စန္ဒီမျိုးမြတ်လည်း တစ်ချက်တော့ သိမ့်ခနဲဖြစ်သွားသည်။

"ဟုတ်ပါပြီလေ၊ စန္ဒီလိုသလောက်တော့ပေးပေါ့"

ခပ်စိုက်စိုက်ကြည့်နေသော ဇေယျာ့ကို ထိုမိန်းမမှ သိန်းရာဂဏန်းရှိသော ငွေပမာတစ်ခုတောင်းသည်။ ကြားကြားချင်း ဒေါသထွက်လောက်အောင်ထိ လွယ်လွယ်ပြောတောင်းလိုက်သော ထိုစကားကြောင့် စန္ဒီ့အား အရင်ကထက် ပိုမုန်းသွားတာ အမှန်ပါပဲ။ ဒေါသများ အလိပ်လိပ်ထွက်လာသည်မှာလည်း ရေကာတာကျိုးသလို၊ အထိန်းအကွပ်မရှိ။

ဇေယျာ ထိုငွေပမာဏကို မပေးနိုင်လို့မဟုတ်၊ ပေးနိုင်သည်။ သို့သော် အခွင့်အရေးရတုန်းညစ်ကာ တောင်းဆိုနေသည့်စန္ဒီ့အား အတော်ရွံရှာမိ၍ မပေးချင်။ သူလိုလူလက်ထဲ ကိုယ်ရှာထားရသည့်ငွေတွေ ပေးရမှာကိုလည်း နှမြောတသဖြစ်၍မဆုံး။ ဇေယျာ အတတ်နိုင်ဆုံး စိတ်ကိုလျှော့ချရသည်။ သူ့ချစ်သူခန့်ခန့်မှာ အရာအားလုံးထက် အရေးကြီးသည်မို့ ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာချလိုက်ရ၏။

"မင်းလိုချင်တဲ့ပိုက်ဆံ သဘက်ခါရစေရမယ်။ မင်းမှာရှိသမျှ ပုံနဲ့ပတ်သက်တဲ့ fileတွေအကုန်ဖျက်ပစ်ရမယ်၊ နောက်ပြီး မင်းအတွက် ငါကိုယ်တိုင် လေယာဉ်လက်မှတ် စီစဉ်ပေးမယ်။ အဲဒီနေ့ငွေရတာနဲ့ မင်း ချက်ချင်းတန်းပြန်ရမယ်မှတ်"

"အမလေး ... ကိုရယ် "

"မင်း လက်ခံမှာလား၊ လက်မခံဘူးလား"

ဇေယျာ လိုရင်းသာသိချင်သည်၊ သူနဲ့ပတ်သက်သမျှ အသံပင်မကြားချင်တော့။

"အင်းပါ လက်ခံပါတယ်"

ဘယ်သူမပြု၊ မိမိမှုဆိုသလို ထိုမိန်းမနှင့် ပတ်သက်ခဲ့မိသည့် သူ့ကိုယ်သူ အပြစ်တင်မိရင်း ဆိုင်ထဲမှထွက်လာခဲ့တော့၏။ ပြဿနာတွေဆိုတာ ကိုယ်က မဖြစ်ချင်လို့ ရှောင်ဖယ်နေလျှင်တောင် ကိုယ့်ကိုတမင်တကာ လာရှာတတ်တာမျိုးပါပဲ။

.........................

မိုးနှောင်းကာလတို့က အလျင်အမြန်ပင် ရောက်ရှိလာလေပြီ။ ညနေဘက်လေး မိုးနည်းနည်းရွာပြီးလျှင် ညပိုင်းနေလို့ကောင်းသည်ထိ အေးစိမ့်မှုက ပျံ့နှံ့လျက်ရှိသည်။ ခြံထဲဆင်းပြီး ကျောက်ပြားလေးပေါ် ထိုင်လျှင်ဖြင့် လေတဖြူဖြူးနှင့် နေလို့ကောင်းနေတတ်၏။ မိုးကျထားသည့် မြေသင်းရနံ့ကို ဆွတ်ပျံ့ဖွယ်ရလိုက်တော့ ဇေယျာ ခက်ခက်ခဲခဲပင် ပြုံးလိုက်မိပြန်ပါသည်။

သည်ကာလကြီးက သူ့အတွက် ခက်ခဲလွန်းလေတော့ ပြုံးဖို့ပင်အနိုင်နိုင်။ ခပ်စိုက်စိုက်နှင့် မြင်သမျှ မျက်မှောင်ကြုတ်မကြည့်ဖြစ်အောင်ပင် ကိုယ့်ပူပင်မှုကို အပြင်လူမရိပ်မိဖို့အရေး ကြိုးပမ်းဟန်ဆောင်ရင်း နေထိုင်ရတာ အတော်စိတ်ကျဉ်းကျပ်စရာပင်။ စန္ဒီ့ကို ပိုက်ဆံပေးပြီးပြီးချင်း ပြန်ခိုင်းလိုက်၍ ပြဿနာတစ်ခု ငြိမ်းသွားခဲ့သော်လည်း သူ့ဘဝက လွယ်ကူခဲ့ခြင်းတော့ အလျဉ်းမရှိသေးပေ။

အကြောင်းက အိမ်တွင်ရော၊ အလုပ်တွင်ပါ အဖေဖြစ်သူနှင့် ဇေယျာတို့ စကားမပြောကြခြင်းပါပဲ။ ညနေတိုင်း လက်ဆုံစားနေကျ မိသားစုထမင်းဝိုင်းကိုလည်း ဆင်းမစားဖြစ်။ တစ်နေ့တစ်နေ့ အပြစ်တင် ခနဲ့သလိုလို၊ နားချသလိုလို အပြောစကားတွေက သူ့အတွက် သိပ်ခါးလွန်းတာပင်။ ဒါမို့လည်း အဖေဖြစ်သူနှင့် မျက်နှာချင်းမဆိုင်မိအောင်ပဲ နေဖြစ်တာများသည်။

သည်လိုနှင့် လေးယောက်သာရှိသည့် သူတို့မိသားစု၏ဆက်ဆံရေးသည်လည်း တဖြည်းဖြည်း ပျက်ယွင်းလာလေတော့၏။ မိခင်ကတော့ ယောကျ်ားဖြစ်သူနှင့် သားအကြား စိတ်ညစ်လွန်းတာမို့ မျက်ရည်တစ်စမ်းစမ်း ရှိတတ်သည်။ တစ်နေ့ တစ်ခါ၊ နှစ်ခါမကလည်း ဇေယျာ့ကို အချိုသတ်ပြီး နားချတတ်သေးသည်။ သူ့အဖို့ မဖြတ်နိုင်သည့် ချစ်ခြင်းသံယောဇဉ်မို့ မိခင်ကိုလည်း ဘာကတိမှ မပေးနိုင်ပါချေ။ စိတ်ချမ်းသာအောင် နားထောင်ပေးလိုက်တာမျိုးသာရှိ၏။

တစ်ဦးတည်းသော ညီမဖြစ်သူ ရွယ်ရွယ်ကတော့ သဘောတူသည်လည်းမဟုတ်၊ ကန့်ကွက်သည်လည်းမဟုတ်။ 'ကိုကို လိုတာရှိရင်ပြော' ဟုသာ ဆိုတတ်သည်။ အလုပ်မနိုင်လျှင် ကူတတ်သလို၊ အရိပ်အကဲကြည့်ပြီးလည်း မိဘတွေနှင့် အဆင်ပြေအောင် ကြားခံဖျောင်းဖျပေးသော ညီမလည်းဖြစ်တာမို့ ဇေယျာ အသက်ရှူချောင်ရသည်ပါပဲ။

သို့ပေမဲ့ အိမ်မှာစိတ်ညစ်လို့ ချစ်သူနှင့်သွားတွေ့ကာ စိတ်ဖြေရဖို့လည်း မတတ်သာ။ သားအဖနှစ်ယောက် စကားမပြောကြသော်ငြား ဦးမြတ်သူမှာ ဇေယျာ့ကို သည်အတိုင်းလွှတ်ထားခြင်းတော့မဟုတ်။ ခါတိုင်း ဇေယျာနှင့်လက်ထောက်မင်းမင်းက ဆိုင်တွေမတူအောင်ပတ်ပြီး ရုံးထိုင်ကြရသည်။ သို့သော် ယခုတော့ ဦးမြတ်သူ၏စေခိုင်းချက်အရ မင်းမင်းက ဇေယျာဘယ်သွားသွား ပါနေရသည်။

မင်းမင်းလည်း ဦးမြတ်သူက အမြဲထောက်လှမ်းနေတာမို့ အစ်ကိုလိုဖြစ်နေသည့် ဇေယျာ့ကို အားနာသော်လည်း မလိမ်မညာတမ်း အစီရင်ခံနေရလေ၏။ မင်းမင်းတစ်ယောက် သူ့အတွက် စိတ်မကောင်းဖြစ်ကြောင်းကို မျက်နှာဖတ်ကြည့်ရုံနှင့် သိနိုင်သော်လည်း ဇေယျာ နားလည်သည်မို့ ဘာမှသိပ်မပြောတော့ပါချေ။

ဟူး။

ပတ်ဝန်းကျင်လေထုက မိုးရေဓာတ်ကြောင့် စိုထိုင်းသယောင်ရှိသော်လည်း ဇေယျာကတော့ ရင်တွင်းအပူတွေကို နှာခေါင်းနှင့်နှုတ်ခမ်းကတဆင့် ထုတ်လွှတ်မိသည်။ ခြံထဲကိုလှမ်းကြည့်လေတော့ ရပ်ထားသည့်သူ့ကားလေးက မီးအဝါရောင်အောက်တွင် အငြိမ်သားတည်ရှိနေသည်။ အရင်ကားမဟုတ်တော့သော အဖြူရောင်မာစီးဒီးပင်။

အချစ်နှင့်ပတ်သက်လျှင် မိမိ၏ရူးကြောင်ကြောင်နိုင်မှုကို ပြန်တွေးတောမိတော့ ဇေယျာ ခက်ခက်ခဲခဲရယ်မိပြန်၏။ အစတည်းက ကားလဲဖို့စိတ်ကူးရှိသော်ငြား တွေဝေလွန်းခဲ့သည်။ သို့သော် ချစ်သူပင်မဖြစ်သေးသည့် ကလေးတစ်ယောက်က စိတ်ကောက်နေချိန် သည်ကားတော့လိုက်မစီးနိုင်ဘူးပြောတာကို နောက်တစ်စီးအမြန်လဲမိသည်ထိ အပြောင်းအလဲတွေ မြန်ခဲ့တာပင်။ စိုင်းမင်းခန့်ဆိုသည့် ဂျစ်ဆိုးကလေးက သူ့၏ဆုံးဖြတ်ချက်တွေကို သည်လောက်ပင် လွှမ်းမို့နိုင်တာဖြစ်၏။

အတွေးတွေက တစ်စတစ်စနှင့် စာကျက်နေမည့်ချစ်သူလေးထံ ရောက်မိပြန်သည်။ ဇေယျာ စောင့်ကြည့်ခံနေရသည်မို့ ခန့်ခန့်နှင့် မတွေ့ရတာပင် ၂ပတ်ရှိတော့မည်မလား။ အိမ်တွင်ဖြစ်ပျက်နေသည့် ပြဿနာကိုလည်း ကလေး စိတ်ညစ်မှာစိုး၍ မပြောပြဖြစ်၊  နောက်လဖြေရတော့မည့် စာမေးပွဲပြီးမှသာ ပြောရန်ကြံရွယ်ထားသည်။

ဒါမို့ လောလောဆယ် မတွေ့နိုင်သေးသည်ကိုတော့ သူ အမျိုးမျိုးပတ်လိမ်နေရတာပင်။ ခန့်ခန့် တခြားအတွေးဝင်မှာစိုး၍လည်း နေ့ဆိုဖုန်းဆက်ရပြီး ညဆိုလည်း Video call ပါ ပြောပေးဖြစ်သည်။ အတွေးနှင့် နာရီကိုကြည့်တော့ ညကိုးနာရီထိုးလုလု။ ခုနှစ်နာရီကျော်လျှင် စာကြည့်စားပွဲထိုင်တတ်သော ကလေးတစ်ယောက် သည်အချိန်ဆို စာကျက်ရတာ ငြီးငွေ့နေလောက်ပြီဖြစ်သည်။ ဒါမို့ ခြံထဲဆက်မနေဖြစ်တော့ဘဲ အခန်းဆီပြန်တက်ကာ ချစ်သူနှင့်ပဲ ဖုန်းပြောဖို့ကြံရွယ်လိုက်တော့သည်။

"လူကြီး"

"ဗျ"

ထင်သည့်အတိုင်း စာကြည့်စားပွဲတွင် လှမ်းမြင်နေရသော မျက်မှန်ဝိုင်းနှင့်ကလေး။ ပုံမှန်မျက်မှန်မပါဘဲ မျက်နှာအရှင်းအတိုင်းဆို လူပျိုပေါက်လေးလို ဖြစ်နေတတ်သော်လည်း ထိုမျက်မှန်ဝိုင်းလေးတပ်ထားလျှင် ဇေယျာ ဘယ်လိုအသည်းယားသည်မသိ။ ပါးမို့မို့နှင့်လိုက်ဖက်ညီလွန်းတာမို့ ကလေးတစ်ယောက်သဖွယ် ချစ်စရာကောင်းသည်။ နှုတ်ခမ်းဖူးဖူးလေးတွေကပါ အနီးကပ်လှုပ်ရှားနေသယောင်ရှိတော့ ဇေယျာ ဖုန်းကိုကြည့်ရင်း မျက်တောင်ခတ်ဖို့ မေ့နေသည်အထိပါပဲ။

"မျက်နှာချောင်ကျနေပြီနော်၊ ညတွေမအိပ်ဘူးလား။ အလုပ်တွေ အရမ်းလုပ်နေတာလား။ လူကိုလည်း လာမတွေ့ဘူး"

ချစ်လို့အမြတ်တနိုးကြည့်နေရင်းက စိတ်ပူပြီးပြောနေပြန်တာမို့ ဇေယျာ ရင်ထဲနွေးသွားရပြန်၏။ သည်ကလေးနှင့်ဆို သူ့ပြဿနာတွေအားလုံး မေ့ထားလို့ရသည်အထိ ပျော်မွေ့ကြည်နူးရတာပါပဲ။

"ကိုယ် ခုတလော Diet ပြန်လုပ်နေလို့ပါ ကလေးရ။ဒါပေမဲ့ ကလေးပြောသလို ညဖက်စောစောအိပ်မယ်နော်၊ အလုပ်တွေလည်း လျှော့လုပ်မယ်"

ဖုန်းမျက်နှာပြင်ပေါ်က ချစ်သူလေးအလိုကျ ဇေယျာက ပြုံးရွှင်စွာပြောပေးရသည်။ ရင်ထဲတွင်တော့ စိတ်မကောင်းခြင်းများစွာကို ဖုံးကွယ်ပေးထားလျက်။ အိပ်ပျက်ညတွေအကြောင်းလည်း ပြောမပြချင်ပါလေ။

"တစ်ခုကျန်သေးတယ်လေ။ လာမတွေ့တော့ဘူးလား"

ခန့်ခန့်က လည်ပါသည်။ သူ့ကိုစကားချန်ပြော၍မရ၊ သုံးခွန်းပြောလျှင် သုံးခွန်းစလုံးပြန်ဖြေမှ ကြိုက်သည့်ကောင်ကလေး။ ဒါမို့ ဇေယျာ သည်ရက်ပိုင်း ယုတ္တိရှိအောင်သာ ကြည့်လိမ်နေရတော့တာပါပဲ။ အရင်လို အချိန်တွေက ကိုယ်မပိုင်၊ တွေ့ဖြစ်လျှင်လည်း လမ်းကြုံခဏတွေ့ရတာမျိုးသာဆို သည်ကောင်လေးက အလည်လေးမို့ ရိပ်မိမှာပဲဖြစ်သည်။

ဒါတွေသိလို့ လာမတွေ့နိုင်သည်ကို ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုနှင့်ချိတ်ပြီး ပရောချက်တစ်ခု အသစ်စလုပ်နေတာမို့ဟု စကားအလှသုံးကာ မုသားဆိုရသည်။ နိုင်ငံခြားကုမ္ပဏီမို့ သူတို့တာဝန်ခံတွေ မြန်မာပြည်လာတုန်း အသည်းအသန် ဆွေးနွေးနေရသည်ဟု ပြောထားတော့ ကောင်ကလေးက သိပ်တော့မညည်းညူရှာပါပဲ။ ဇေယျာလည်း ထိုပရောဂျက်က တကယ်အစီအစဉ်ရှိပေမဲ့ အကောင်အထည်ဖော်ရန် လိုနေသေးသည်ကို ထည့်မပြောဖြစ်တော့ချေ။

"တွေ့မှာပေါ့ ကလေးရ။ သူတို့မပြန်သေးတော့ ကိုယ် တကယ်ထွက်လာလို့ မရသေးလို့ပါ၊ အစည်းအဝေးတွေက ညမှပြီးတော့ ကိုယ်ခဏခဏလာရင် အန်ကယ်တို့ရိပ်မိနေမှာစိုးလို့"

ခန့်ခန့် ဇေယျာပြောသည်ကို မယုံတော့မရှိပါ၊ ဇေယျာက သူ့ကိုချစ်တာ သူအသိဆုံးမို့ အားတာနှင့် ချက်ချင်းပြေးလာမည်ဟု အကြွင်းမဲ့ ယုံကြည်သူဖြစ်သည်။ သည်ရက်ပိုင်း အလာကျဲသွား၍သာ ကောင်လေးခမျာ လွမ်းနေရခြင်း။

"အင်းပါ၊ အလုပ်မအားတဲ့လူကြီးကို ဖိအားပေးသလို ဖြစ်နေပြီမလား။ ဒီတိုင်းတွေ့ချင်လို့ ပြောလိုက်တာမို့ စိတ်ထဲအရမ်းမထားနဲ့"

ကလေးလို့သာ သူကချစ်စနိုးနှင့် ခေါ်ရသည်။ နားလည်ပေးတတ်တာတွေ၊ သူကပဲ ကိုယ့်ကိုပြန်စိတ်ပူနေရတာတွေ ကြည့်ရုံနှင့် တကယ့်ဆယ်ကျော်သက် လူကြီးပေါက်စလေးအတိုင်း။ သို့ပေမဲ့လည်း ပြဿနာတွေ မပြောပြချင်မိတာပင်၊ စာကျက်ရမည့်ကလေးကို သောကအပူမီးတွေ လောင်မှာစိုးသည်။ စာတော်သည့်ကလေးအား အဆင့်ကောင်းတွေသာလျှင် ရစေလိုသည်။ အပူအပင် ပေးခြင်းမရှိစေရ၊ အထူးသဖြင့် သူနှင့်ပတ်သက်သော အပူဆို ပို၍ပင်မပေးချင်လှ။

"ဖိအားမဖြစ်တဲ့အပြင် ကိုယ်က ပျော်တောင်ပျော်နေသေးတယ်"

"ဘာလို့လဲ"

"ဟုတ်တယ်လေ .. ကလေးက ကိုယ့်ကိုတွေ့ချင်တယ်လို့ အရင်ကပြောဖူးလို့လား။ ကိုယ်ကပဲလာတွေ့နေကျ၊ အခုတော့ ကလေးကထုတ်ပြောလာတာဆိုတော့ ကိုယ့်ကိုပို,ပိုချစ်လာသလို ခံစားရတယ်။ ဟုတ်တယ်မလား၊ ပိုချစ်လာတယ်မလား"

အိပ်ရာပေါ် ပက်လက်လှဲရင်းက ရယ်ကျဲကျဲစကားဆိုတော့ ကောင်လေးက မျက်မှောင်ကြုတ်ချင်သည်။ စကားတတ်သည့်ခန့်ခန့်နှင့် ချစ်သူဖြစ်ရင်းက ဇေယျာပါ စကားတွေ တတ်လာတော့တာပါပဲ။

"လူညစ်ကြီး၊ တော်ပြီ ... စာကျက်တော့မယ်။ ဒီတစ်ပတ် တတိယနှစ်ရဲ့နောက်ဆုံး Tutorial ရှိတယ်။ ဒါပြီးရင် Private study ရပြီဆိုတော့ အိမ်မှာပဲ တစ်လလောက်စာကျက်ရုံပဲ"

"ဟုတ်ပါပြီဗျာ။ တစ်လကြီးတောင် လိုသေးတဲ့ဟာ၊ နားနားနေနေလည်း လုပ်ပါဦး။ အောင်စာရင်းခုံနံပါတ် ဘယ်လိုပဲထွက်လာလာ ကိုယ်ကလက်ခံမှာပဲနော်။ ကဲ ကောင်းသောညပါဗျာ၊ ချစ်တယ်နော်"

"ဟုတ် လူကြီး၊ Good night!"

ကောင်းသောညပြီးလျှင် ချစ်ကြောင်းပြောရသည့် ချစ်သူတို့၏ကတိစကားကို ခန့်ခန့်ကအမြဲညစ်ပတ်ပြီး ဆက်မပြောတတ်ပေ။ ဒါကိုကျော်လွှားပြီး ချမည့်ဟန်ပြင်တော့၊

"ဟေး ဆက်ပြောဦးလေ"

"မပြောဘူး၊ ကြားချင်ရင် လူကိုယ်တိုင်လာတွေ့ပြီး နားထောင်ဗျာ ... ဒါပဲ"

ညစ်ကျယ်ကျယ်ပြောသွားသည့် ကောင်လေးက ချစ်စရာအတိ။ တော်ရုံဖွင့်မပြောတတ်သည့်ကလေးက ခုလိုဖွင့်ပြောလာတော့ ဇေယျာ့အတွက် ပိုဆွေးစရာဖြစ်နေသည်။ သူမှတွေ့ချင်နေတာ အရူးတစ်ပိုင်းပဲမလား။ နောက်တစ်နေ့တော့ အပြင်ထွက်မလည်ဖြစ်တောင် အိမ်ခဏသွားတွေ့နိုင်အောင် ကြိုးစားရဦးမည်။ ဘယ်သွားသွားပါနေသည့် မင်းမင်းကို ပထုတ်ဖို့တော့ တွေးရဦးမည်ဖြစ်၏။ ဖခင်နှင့်သူ့ကြားလည်း မင်းမင်းကို အခက်မတွေ့စေလိုပေ။

ဇေယျာ ဖုန်းကိုလက်ကချရင်း မျက်လုံးကိုပိတ်ချမိသည်။ အတွေးကိုအာရုံစိုက်လေတော့ အချိန်နှစ်ပတ် ကြာလာပြီဖြစ်ကြောင်း ကိုယ့်ကိုယ်ကိုယ် သတိပေးရလေပြီ။ သည်အတောအတွင်း သူ ဆုံးဖြတ်ချက်ကို ပိုင်နိုင်စွာမချန်ိုင်သေး။ တစ်သက်လုံး စောင့်ရှောက်လာသည့် မိဘတွေအပေါ် ကျေးဇူးမဆပ်နိုင်သေးတောင် ကျေးဇူးတော့မကန်းချင်။ တစ်ဖန်ပြန်ပြီး ပြုစုစောင့်ရှောက်ချင်သေးတာမို့ မိသားစုကို ခွဲခွါဖို့လည်း အားရှိမနေလှ။

သည်လိုဆို ကလေးကို လက်လွှတ်မလားလို့ မေးလာလျှင်တော့ ပိုလို့ပင်မဖြစ်နိုင်ပါပဲ။ သူ့ဘဝအတွက် ပျော်ရွှင်ခြင်းဆိုတာ သည်ကလေးဆီက ဖြစ်တည်လာတာမျိုးမို့ လက်လွှတ်ဆုံးရှုံးရမည်ဆိုလျှင် ဘဝကရှင်လျက်နှင့် သေနေသည့်အတိုင်းသာ ဖြစ်ပေလိမ့်မည်။

ဒါဆို အကောင်းဆုံးဖြစ်အောင် ဘယ်လိုကြံဆရပါမည်နည်း။ သူ အယူအဆတစ်ခုကို ဖတ်ဖူးသည်။

လူ့တစ်ယောက်၏ ဘဝကံကြမ္မာသည် တစ်ဝက်က သူ့အလိုလို စီစဉ်ထားပြီးသားဖြစ်ပြီး ကျန်တစ်ဝက်မှာတော့ ထိုလူလုပ်ရပ်တွေပေါ်မှာ မူတည်ပြီး ဖြစ်ပေါ်လေသတဲ့။

ဤသို့ဆိုလျှင် ဇေယျာ့အတွက် ပျော်ရွှင်စေသည့် ကလေးနှင့်တွေ့ဆုံရခြင်းဟာ သူ့အလိုလိုဖန်လာသည့် ကံကြမ္မာတစ်ဝက်ဖြစ်ပြီး ရှေ့ဆက်ဖြစ်ပေါ်မည့် ကျန်ကံကြမ္မာတစ်ဝက်ကတော့ သူကိုယ်တိုင်ပဲ ဆုံးဖြတ်ရမည့် အပိုင်းပင် ဖြစ်လိမ့်မည်။

•••••••••••••••••••••••••••••••••••••••••••••••••

<Zawgyi>

အိမ္ေဆာက္ပစၥည္းဆိုင္အတြင္းက ဟိန္းေဇယ်ာတစ္ေယာက္ ပစၥည္းအခင္းအက်င္းေတြ လွည့္စစ္ရင္း အလုပ္ရွုပ္ေနသည္။ ႏွစ္ထပ္ရွိေသာ အေဆာက္အအုံသည္ အေရွ႕အေနာက္ က်ယ္ေျပာလို႔သာပဲ ပစၥည္းေတြမ်ားမ်ား ခင္းလို႔ရတာျဖစ္၏။ ဒါေတာင္ ပစၥည္းအသစ္ေတြေရာက္လာလၽွင္ ဂိုေထာင္အရင္ခဏထားၿပီး ပစၥည္းထားဖို႔ေနရာျပန္စစ္ရတာ သူ႔အလုပ္တစ္ခုလို။

မင္းမင္းလည္း အားကိုးရတာမွန္ေပမဲ့ ဆိုင္ခြဲေတြမ်ားေတာ့ သူပါဝင္လုပ္ရသည္။ သူ႔အလုပ္၊ ကိုယ့္အလုပ္ ခြဲေနတာမ်ိဳးမဟုတ္ဘဲ လုပ္စရာရွိလၽွင္ ရာထူးမရွိ၊ ကိုယ္တိုင္ဝင္လုပ္ရတာမ်ိဳးပင္။ ထိုအခိုက္ ေဘာင္းဘီအိတ္ကပ္အတြင္းမွ တုန္ခါလာသည္။ ညီမျဖစ္သူထံမွ ဖုန္းဝင္လာျခင္းပါပဲ။

"ေအး ရြယ္၊ ေျပာ"

"ကိုကို ... ေဖေဖက ရြယ္တို႔အားလုံးကို အိမ္ျပန္လာခိုင္းေနတယ္၊ ကိုကိုကို႔လည္း ေျပာလိုက္ ... အေရးႀကီးတယ္တဲ့"

သည္လိုဆို ေမေမေရာ၊ ရြယ္ပါ ဗိုလ္ခ်ဳပ္ေစ်းက ေရႊဆိုင္တြင္ပင္ ရွိေနၾကဆဲျဖစ္မည္။ အိမ္ကေန ခ်က္ခ်င္းဖုန္းဆက္ေခၚရေလာက္သည္အထိ ဘာကမ်ားအေရးႀကီးေနသည္မသိ။

"ဟုတ္လား ဘာလို႔လဲ"

"မသိဘူး ကိုကိုရယ္၊ ေဖေဖ စိတ္တိုေနသလိုပဲ။ အဲဒါမို႔ ရြယ္နဲ႔ ေမေမ ခုျပန္ေတာ့မလို႔၊ ကိုကိုလည္း ထြက္ခဲ့ေတာ့ေနာ္"

"ေအးေအး ကားဂ႐ုစိုက္ေမာင္းဦး၊ အရမ္းေလာမေနနဲ႔"

ေဖေဖ သည္လိုတစ္ခါမွ ဖုန္းဆက္မေခၚဖူးတာမို႔ ေဇယ်ာ ေၾကာင္ေနသည္။ ဘာေတြမ်ားျဖစ္လို႔ အကုန္အေရးတႀကီး အိမ္ျပန္လာခိုင္းေနတာပါလိမ့္။ ေဇယ်ာ ႐ုံးခန္းသို႔ျပန္တက္ကာ ယူစရာရွိတာယူၿပီး အိမ္ျပန္ခဲ့ရေတာ့၏။

အိမ္ေရာက္ေတာ့ ေမေမႏွင့္ညီမေလးကားက ျပန္ေရာက္ႏွင့္ေနေလၿပီ။ ရွူးဖိနပ္ကိုေသခ်ာခၽြတ္ၿပီး အိမ္ထဲဝင္ခ်ိန္တြင္ အားလုံးကဧည့္ခန္း၌ စုေဝးထိုင္ေနၾကသည္။ မ်က္ႏွာလည္းမေကာင္းၾက။ ေဖေဖ့ပုံစံမွာ ၾကည့္႐ုံႏွင့္ ေဒါသထြက္ေနမွန္း သိသာသည္၊ ညီမေလးကေတာ့ ေမေမ့ကို ေရခပ္တိုက္ေနၿပီး ေယာက္လုံး အံ့ဩထိတ္လန့္ေနၾကသည့္ပုံပင္။

"ေဖေဖ ဘာလို႔ျပန္ေခၚတာလဲ"

ေဇယ်ာ ဝင္ထိုင္ရင္း မထိတ္သာ၊ မလန့္သာ ေမးရေလသည္။ ကခ်င္ပုဆိုးအကြက္က်ဲအစိမ္းေရာင္ကို ဝတ္ဆင္ထားေသာ အေဖျဖစ္သူကျဖင့္ ေျခေထာက္ကိုခ်ိတ္ထိုင္ကာ သူ႔ကိုခပ္စိုက္စိုက္ ၾကည့္ေနသည္။

"မင္း ဒီပုံေတြၾကည့္!"

ကၽြန္းစားပြဲႀကီးေပၚသို႔ ပစ္ခ်လိုက္ေသာ ဓာတ္ပုံမ်ားက မညီမညာပ်ံ႕က်ဲသြားသည္။ ေဇယ်ာ နားမလည္နိုင္ေသး၊ ဘာေတြမို႔လို႔ သည္ေလာက္ေဒါသထြက္ေနရသည္ သူမသိေသးတာပင္။ ပုံေတြအနီးကပ္ အကုန္ယူၾကည့္လိုက္မွ သူ႔ရင္ေတြတုန္ၿပီး ေက်ာထဲကပါ စိမ့္ေအးလာသလို။

စႏၵီမ်ိဳးျမတ္ ... အေတာ္ယုတ္မာသည့္မိန္းမ!

ခ်စ္သူကေလးႏွင့္ပုံေတြ ရိုက္ထားမွန္းသိေသာ္လည္း ေဖေဖ့ဆီပို႔ရေလာက္ေအာင္ထိ ေအာက္တန္းက်မယ္ လုံးဝမထင္ထားပါေခ်။ ေဇယ်ာ အေဖ၊ အေမႏွင့္ ညီမျဖစ္သူကိုပါ လွည့္ၾကည့္ေတာ့ စိမ္းစိမ္းစားစားၾကည့္ေနၾကေလတာ သူ႔ကိုရြံရွာသြားၾကတာလား။ ခ်က္ခ်င္းပဲ ေဖေဖ့အသံထြက္လာသည္။

"မင္း ရွင္းစမ္း၊ ဒါဘာပုံေတြလဲ။ ဒီမျမင္ဝံ့တဲ့ပုံေတြက ငါ့ဆီ ဘယ္လိုေရာက္လာရတာလဲ ... ဟမ္"

ေဇယ်ာ စြံ႕အေနေတာ့သည္၊ ေဖေဖ ေက်နပ္ေအာင္ ျပန္ေျပာနိုင္မည့္ စကားလုံးတို႔ ရွာမေတြ႕။

"ငါတို႔ကေတာ့ သားႀကီးက အလုပ္ထဲပဲ နစ္ေနတာ။ စိတ္ဒဏ္ရာေၾကာင့္ ဘယ္မိန္းကေလးနဲ႔မွေတာင္ မပတ္သက္ေတာ့ဘူး။ လူႀကီးေတြ ေနရာခ်ထားေပးမွပဲ အိမ္ေထာင္ရက္သား က်ေတာ့မယ္လို႔ထင္ေနတာ။ ဘယ္ႏွယ့္ကြာ ... ေယာက်္ားခ်င္းႀကိဳက္ရတယ္လို႔။ မင္း မရွက္ဘူးလား ... ေဟ့ေကာင္"

ေဒါသစြက္ေနသည့္ေဖေဖ့အသံမွာ နဂိုထက္ ဆယ္ဆမက က်ယ္ေလာင္ေနသည္။ ေဇယ်ာလည္း ေခါင္းပင္ေမာ့မထားဝံ့၊ သူ မရည္ရြယ္ပါဘဲ မိဘေတြအေပၚ အမွားလုပ္မိခဲ့သလိုခ်ည္း။ ပထမတစ္ခါေတာ့ မသိဘဲမွားခဲ့သလို၊ အခုတစ္ခါမွာေတာ့ သူ သိသိရက္ႏွင့္ ဇြတ္တိုးဝင္ခဲ့မိတာျဖစ္သည္။

"ပထမတစ္ခါ မဂၤလာပြဲပ်က္ေတာ့ မင္းကိုယ္တိုင္ေရာ၊ ငါတို႔မိသားစု၊ ေဆြမ်ိဳးအသိုင္းအဝိုင္းေတြပါအကုန္ သူမ်ားအေျပာအဆိုခံခဲ့ရၿပီးၿပီ။ အရွက္တကြဲ အက်ိဳးနည္း ျဖစ္ခဲ့ရၿပီ။ ဒါထားေတာ့ မင္းကိုယ္တိုင္လည္း မသိခဲ့တဲ့ကိစၥမို႔ ရွိေစေတာ့။ ခုဟာကြာ ဘယ္ႏွယ့္ ... မင္း ဦးေႏွာက္မပါေတာ့ဘူးလား"

ဧည့္ခန္းမက်ဥ္းမက်ယ္တြင္ ဆူဆူညံညံအသံေတြက ဟိန္းထေနေလသည္။ ဦးျမတ္သူ ေဒါသေတြလည္းလြန္လာၿပီမို႔ ထေျပာလာေလေတာ့ ေဒၚၾကည္ျပာ မေနသာေတာ့ေပ။

"အစ္ကိုရယ္ စိတ္ကိုေလၽွာ့ပါ၊ ျဖည္းျဖည္းေျပာၾကတာေပါ့။ ပတ္ဝန္းက်င္ၾကားလို႔လည္း ေကာင္းတာမဟုတ္ပါဘူး"

"ပတ္ဝန္းက်င္ ၾကားမေကာင္းရေအာင္ မင္းရဲ့သားလုပ္တာေလ"

"အင္းပါ အစ္ကိုရယ္၊ အရင္ထိုင္ပါ"

ေဒၚၾကည္ျပာ ေယာက်္ားျဖစ္သူကို ေျဖသိမ့္အၿပီး သားျဖစ္သူဖက္ လွည့္ရျပန္သည္။ မိခင္ျဖစ္သူပါထလာေတာ့ ေဇယ်ာလည္း မေနသာေတာ့။ အေၾကာင္းျပခ်က္အမ်ိဳးမ်ိဳးကို စီကာစဥ္ကာ ရွာေနရသည္။ ရြယ္ရြယ္တစ္ေယာက္သာ ထိုင္လ်က္ဆြံ႕အေနကာ ပြဲၾကည့္သူသက္သက္ ျဖစ္ေန၏။

"သားရယ္ ဘယ္လိုစိတ္မ်ိဳးနဲ႔ ဒီလိုေတြျဖစ္သြားရတာလဲ၊ ေမေမျဖင့္ နားကိုမလည္နိုင္ဘူး။ ပုံထဲကေကာင္ေလးက အိမ္ေခၚေခၚလာတဲ့ ခန့္ခန့္ဆိုတဲ့ ကေလးမလား"

"ဟုတ္ပါတယ္"

"ဟိုကေလးကလည္း ငယ္ငယ္ပဲ ရွိေသးတယ္ေလကြယ္၊ သားတို႔ဆင္ျခင္ရမွာေပါ့"

ခန့္ခန့္ကိုပါ ေျပာလာၿပီမို႔ ေဇယ်ာ သည္ထက္ၿငိမ္မေနသာေတာ့။ သည္မိသားစုအတြင္း သူအမွားလုပ္မိတာ ျဖစ္ေကာင္းျဖစ္လိမ့္မည္။ သို႔ေသာ္ ခန့္ခန့္ ဘာအမွားမွမလုပ္၊ သူကခ်စ္လြန္းလို႔သာ သည္ကေလးခမ်ာ လက္ခဲ့ခဲ့ရျခင္းမလား။

"ဒီကိစၥက ကၽြန္ေတာ္ကစတာပါ ေမေမ။ သူလည္း အစကသားကို လက္မခံနိုင္လို႔ ေရွာင္သြားပါေသးတယ္၊ ၿပီးမွသာ..."

ေဇယ်ာ အသံတိမ္ဝင္သြားေတာ့ ဦးျမတ္သူ ဝင္ေျပာျပန္သည္။

"မင္း ဒီကိစၥကို ဘယ္လိုရွင္းမွာလဲေျပာ၊ ငါတို႔ကေတာ့ လုံးဝသေဘာမတူနိုင္ဘူး။ တစ္ရွက္ကေန ႏွစ္ရွက္လည္း အျဖစ္မခံနိုင္ေတာ့ဘူး"

ဦးျမတ္သူေျပာသည္ကို ေဇယ်ာက ေသခ်ာစိုက္ၾကည့္ၿပီး နားေထာင္သည္။ ဘာမၽွျပန္မေျပာေသာ္ျငား သည္အၾကည့္ဟာ သူေျပာသည့္ စကားမ်ားကို နာခံမည့္အၾကည့္မဟုတ္မွန္းလည္း ဦးျမတ္သူလည္း သေဘာေပါက္တာပင္။ လိမ္မာေရးျခားရွိပါသည္ဆိုေသာ္လည္း မွန္တယ္ထင္လၽွင္ လက္မေလၽွာ့နိုင္ေလာက္ေခ်။

"ေျပာထားတဲ့ၾကားက ေရွ႕ဆက္တိုးၿပီး မင္းလုပ္ခ်င္ရာလုပ္မယ္ဆိုရင္ေတာ့ ငါတို႔မိသားစုနဲ႔ မင္း ရွင္ခန္းျပတ္ပဲ၊ အဲဒါ မင္း ျမဲျမဲမွတ္ထား"

"အမေလး အစ္ကိုရယ္၊ ဒီသားနဲ႔ဒီသမီးရွိတာကို"

ဦးျမတ္သူမွာေျပာအၿပီး အခန္းထဲ ဝင္သြားေတာ့သည္။ ေဒၚၾကည္ျပာကေတာ့ သူ႔ေယာက်္ား စိတ္ႀကီးပုံကိုသိတာမို႔ သားျဖစ္သူ လက္မေလၽွာ့မွာကို ေတြးစိတ္ပူၿပီး ငိုေနေလေတာ့သည္။

ေဇယ်ာလည္း ေထြေထြႀကီးျဖစ္ေနၿပီး အတန္ၾကာမွ ဆိုဖာေနာက္မွီေပၚ ေခါင္းခ်လိုက္မိ၏။ ေခါင္းထဲမွာေတာ့ အကုန္ေျဗာင္းဆန္ေနၿပီး ျပႆနာက မိသားစုႏွင့္ကေလးၾကား တစ္ခုခုကို ေရြးရမည့္ပုံျဖစ္ေနသည္။ သူ ဘယ္တစ္ခုကိုမွ ျပတ္ျပတ္သားသား မေရြးခ်င္၊ အားလုံးအဆင္ေျပေျပသာ ျဖစ္ခ်င္သည္။ စေလၽွာက္ကတည္းက မလြယ္မွန္းသိတာမို႔ ခက္ခက္ခဲခဲေတာ့ ႀကိဳးစားရမွာပင္။

ေဇယ်ာပူထူေနၿပီး ႐ုတ္တရက္ ေတြးမိသြားသည္က ဟိုမိန္းမ! ၿပီးေနာက္ ကေလး!

ဒီတိုင္း ထိုင္ေနလို႔ မျဖစ္သည္ကို ခ်က္ခ်င္းသေဘာေပါက္လိုက္၏။ သူ႔အိမ္ကိုပို႔သလို သည္မိန္းမ ကေလးအိမ္ကို မပို႔ဟုမေျပာနိုင္။ ေဇယ်ာ ခ်က္ခ်င္းထၿပီး အျပင္ျပန္ထြက္ဖို႔လုပ္သည္။

"ဟဲ့ သား ... ဘယ္လဲ"

"ေမေမ သားခဏပဲ၊ ျပန္လာခဲ့မယ္"

မိခင္ျဖစ္သူ၏ အားမရွိေသာငိုရွိုက္သံကို လစ္လ်ဴရွူကာ ထြက္လာရသည္က အသည္းေပါက္မတတ္ နာက်င္ရတာျဖစ္သည္။ မိဘကို မ်က္ရည္က်ေစေသာ သားမိုက္တစ္ေယာက္ ျဖစ္သြားသလို ခံစားရေစသည္။ သို႔ေသာ္ ထိုေဒါသကိုစႏၵီ့အေပၚ ပိုပုံက်ေတာ့တာပင္။

ကားေပၚေရာက္သည္ႏွင့္ ေဇယ်ာ ခ်က္ခ်င္းခန့္ခန့္ဆီ မသိမသာ ဖုန္းဆက္ၾကည့္ရသည္။ ေကာင္ေလးကေအးေဆးပင္ ဖုန္းေျဖသည္မို႔ စိတ္ပူတာ အနည္းငယ္ေလ်ာ့ရ၏။ သည္ပုံအတိုင္းဆို ထိုမိန္းမ သူ႔တစ္အိမ္တည္းကိုပဲ ပို႔တာျဖစ္မည္။ ဒါမို႔ ခ်စ္သူေလးကို မသိမသာေျပာၿပီးပဲ ဖုန္းခ်လိုက္သည္။ သူ႔အိမ္တြင္ ျဖစ္သြားသည့္အေၾကာင္းကိုေတာ့ ခ်က္ခ်င္းမေျပာခ်င္ေသးပါေပ။ ဒုတိယႏွစ္ဝက္စာေမးပြဲ နီးလာသည့္ကေလးအား စိတ္မရွုပ္ေစလိုျခင္းပါ။

သို႔ေပမဲ့ စႏၵီမ်ိဳးျမတ္ကိုေတာ့ ခ်က္ခ်င္းဖုန္းဆက္ကာ ခ်ိန္းဆိုလိုက္ေတာ့၏။

.......................

"ကို"

ခ်ိန္းထားသည့္ေနရာအား ေဇယ်ာက အရင္ေရာက္ႏွင့္သည္။ စိတ္ရွုပ္ရွုပ္ႏွင့္ အေတြးေတြနက္ေနခိုက္ စႏၵီ မခ်ိျပဳံးႏွင့္ႏွုတ္ဆက္သံၾကားမွ အသိစိတ္တို႔ ျပန္ဝင္လာေလ၏။ ထိုမိန္းမကေတာ့ အဝါႏုေရာင္ဝတ္စုံကို အလွပဆုံးဝတ္ဆင္ကာ ေပ်ာ္ရႊင္ေနသည့္ပုံရသည္။ သူတစ္ပါးစိတ္ဆင္းရဲၿပီးမွ ျဖစ္ေပၚလာေသာ ထိုအျပဳံးက ဘယ္ေလာက္ထိအျပစ္ကင္းနိုင္မွာမို႔ေလလဲ။

"ကဲ ... ဆိုပါဦး၊ စႏၵီကို ေခၚရတဲ့ကိစၥ။ ျပန္လာခဲ့လို႔ေျပာဖို႔ Date တာေတာ့မဟုတ္ပါဘူးေနာ္"

"မင္း ခုမွ ႐ူးခ်င္ေယာင္ေဆာင္မေနနဲ႔။ ငါ့ေဖဆီကို ပုံေတြပို႔ၿပီးမွ မ်က္ႏွာေျပာင္တိုက္ၿပီး ေမးရဲေသးတယ္"

ေဇယ်ာ ေဒါသစြက္သည့္အသံမွာ ခပ္အုပ္အုပ္ပင္။ ဆိုင္ထဲလူရွင္းေနေသာ္လည္း သိကၡာရွိရွိသာ ေျပာခ်င္သည္။ သို႔ေသာ္ စူးရွေနသည့္ မ်က္ဝန္းအေရာင္တို႔ကကား စႏၵီ ျပာက်သြားနိုင္သည့္သဖြယ္။

"ဒါ စႏၵီ့သေဘာကို ျပလိုက္တာေလ။ မေန႔ကပဲ စႏၵီ့ဆီ တရား႐ုံးက ဆင့္ေခၚစာေရာက္လာတယ္။ ကိုက တကယ္လုပ္ရက္ရင္ စႏၵီကလည္း လုပ္ရေတာ့မွာေပါ့။ ဟင္း .. .ဒါေတာင္သနားလို႔ တစ္ေယာက္ပဲ ပို႔ထားေသးတာေနာ္"

အသင့္ခ်ေပးထားေသာ ေရတစ္ခြက္ကို ဟန္ပါပါေသာက္ရင္း ေျပာေနပုံက သိပ္ကိုအျမင္ကတ္ဖြယ္ ေကာင္းေနတာပင္။ သို႔ေသာ္ ေဇယ်ာ လက္ေတြ႕ျဖစ္ရပ္ကိုသာ အာ႐ုံစိုက္ထားရသည္။ ျပႆနာကို သည္ထက္ပိုမႀကီးခင္ တားဆီးဖို႔သာရွိ၏။ သူ တရားစြဲထားသည့္အမွု၏ လုပ္ရိုးလုပ္စဥ္ထက္ စႏၵီ့ယုတ္ညံ့မွုက ပိုလ်င္နိုင္တာ အသိသာႀကီးျဖစ္သည္။

ေဇယ်ာ အသက္ရွူသံေတြ ျမန္ေနသည့္ၾကားက မတတ္သာဘဲ ဆုံးျဖတ္လိုက္၏။ ခ်စ္သူေလးအတြက္ေတာ့ ရသမၽွ ကာကြယ္ေပးရမည္မလား။

"မင္း ဘာျဖစ္ခ်င္တာလဲ၊ ငါ့ကိုတည့္ေျပာ"

"စႏၵီ ဘာျဖစ္ခ်င္လဲဆိုေတာ့ ကို တရားစြဲထားတာကို ျပန္႐ုပ္သိမ္းေစခ်င္တယ္။ ၿပီးေတာ့ ကို႔ကိုျပန္လိုခ်င္တယ္။ မဟုတ္ရင္ေတာ့ ေနာက္ဆုံးလက္နက္ကို စႏၵီ ထုတ္သုံးမွာေနာ္"

သူ႔အေပးအယူကို ေဇယ်ာ အကုန္လက္မခံနိုင္ပါ။ သို႔ေသာ္ ခန့္ခန့္အိမ္ကို ဒီပုံေတြ ေရာက္သြားလို႔လည္းမျဖစ္။ ကေလးရင္ဆိုင္ရမည့္ အရာေတြအတြက္ သူစိတ္ပူသည္။ သူတို႔အနာဂတ္အတြက္လည္း စိတ္ပူရသည္။

"ဟုတ္ၿပီ၊ မင္းကို တရားစြဲထားတဲ့ကိစၥကို ျပန္႐ုတ္သိမ္းေပးမယ္။ "ဒါေပမဲ့ ငါ့မွာ ပိုင္ရွင္ရွိၿပီးသား၊ မင္းလိုမိန္းမနဲ႔လည္း ဒီတစ္သက္ ျပန္ပတ္သက္ဖို႔ စိတ္ကူးေတာင္မရွိဘူး"

စႏၵီ့မ်က္ႏွာ ႐ုတ္ခ်ည္းရွုံ႔မဲ့သြားသည္။ ပုံမွန္ဆိုလၽွင္ မိန္းမတစ္ေယာက္ႏွင့္ စကားနိုင္လုေျပာတာမ်ိဳး ဝါသနာမပါေပမဲ့ အခုေတာ့ ခပ္ရွင္းရွင္းေျပာမွကို ရေတာ့မည္။ မဟုတ္လၽွင္ ေမၽွာ္လင့္ခ်က္အမၽွင္တန္းၿပီး ဆက္လိုက္ေနမည့္အျဖစ္။

"မင္း ငါ့ကိုတကယ္မခ်စ္ပါဘူး။ အဓိကလိုခ်င္ေနတာ ေငြမလား၊ ငါ မဟုတ္ပါဘူး။ အဲေတာ့ မင္းေျပာၾကည့္။ ငါ့ကေလးကိုေတာ့ ထိမယ္မႀကံနဲ႔"

စႏၵီ တစ္ခ်က္ေတြေဝသြားတာ ေဇယ်ာ ေသခ်ာေပါက္ျမင္လိုက္သည္။ ႏွုတ္ခမ္းကို ခပ္တင္းတင္းေစ့ကာ စဥ္းစားေနပုံလည္းရ၏။ အရင္ကတည္းက ထက္ျမက္ႏွင့္ပတ္သက္လို႔ သိရတာျဖစ္သည့္အတြက္ စႏၵီ ျပန္ေရာက္လာကတည္းက သူငယ္ခ်င္းကို အက်ိဳးအေၾကာင္း ေမးထားၿပီးျဖစ္သည္။ သူ႔မွာရွိသည့္အေႂကြးေတြက နည္းလွတာမဟုတ္၊ အားလုံးေပါင္းလၽွင္ ရာဂဏန္းရွိသည္ဟု သတင္းၾကားထားသည္။

အရင္လို သူ႔ကိုအရျပန္ပိုင္နိုင္လၽွင္ အေႂကြးဆပ္နိုင္မည္ဟုမ်ား ယုံၾကည္ေနသလားမသိ။ ေငြႏွင့္ပတ္သက္လၽွင္ ေတာေကာင္ရွာသည့္မုဆိုးလို ဆင္ျခင္ဉာဏ္မဲ့သည့္ပုံစံအား ေဇယ်ာ ဘယ္လိုမွမျမင္ခ်င္ေတာ့ပါေပ။ ဒါမို႔ သူေတာင္းသေလာက္ တတ္နိုင္လၽွင္ ေပးလိုက္ဖို႔သာ ရွိေတာ့သည္။ သူ႔မိသားစု၊ တစ္ဖက္ကခ်စ္သူ႔မိသားစု ျပႆနာေတြျဖစ္ဖို႔အေရးကို မလိုလားေတာ့ပါေပ။

"ဟုတ္ၿပီေလ၊ ကိုကတည့္ေျပာေတာ့ စႏၵီလည္း တည့္ေတာင္းဆိုရတာေပါ့။ စႏၵီ ဟိုမွာအေႂကြးေတြ နစ္ေနတယ္၊ အဲဒါမို႔ ျမန္မာျပည္မွာ ပိုက္ဆံရွာရင္း ခဏလာေရွာင္ေနတာ"

"ဘယ္ေလာက္လိုတာလဲေျပာ။ ၿပီးရင္ခ်က္ခ်င္းျပန္၊ ျမန္မာျပည္ကို တစ္သက္လုံး ေျခေတာင္ျပန္မခ်နဲ႔"

တစ္ခ်ိန္က ခ်စ္လွပါခ်ည္ရဲ့ဆိုသူ၏ ေျခေတာင္မခ်ႏွင့္ဆိုေသာစကားေၾကာင့္ စႏၵီမ်ိဳးျမတ္လည္း တစ္ခ်က္ေတာ့ သိမ့္ခနဲျဖစ္သြားသည္။

"ဟုတ္ပါၿပီေလ၊ စႏၵီလိုသေလာက္ေတာ့ေပးေပါ့"

ခပ္စိုက္စိုက္ၾကည့္ေနေသာ ေဇယ်ာ့ကို ထိုမိန္းမမွ သိန္းရာဂဏန္းရွိေသာ ေငြပမာတစ္ခုေတာင္းသည္။ ၾကားၾကားခ်င္း ေဒါသထြက္ေလာက္ေအာင္ထိ လြယ္လြယ္ေျပာေတာင္းလိုက္ေသာ ထိုစကားေၾကာင့္ စႏၵီ့အား အရင္ကထက္ ပိုမုန္းသြားတာ အမွန္ပါပဲ။ ေဒါသမ်ား အလိပ္လိပ္ထြက္လာသည္မွာလည္း ေရကာတာက်ိဳးသလို၊ အထိန္းအကြပ္မရွိ။

ေဇယ်ာ ထိုေငြပမာဏကို မေပးနိုင္လို႔မဟုတ္၊ ေပးနိုင္သည္။ သို႔ေသာ္ အခြင့္အေရးရတုန္းညစ္ကာ ေတာင္းဆိုေနသည့္စႏၵီ့အား အေတာ္ရြံရွာမိ၍ မေပးခ်င္။ သူလိုလူလက္ထဲ ကိုယ္ရွာထားရသည့္ေငြေတြ ေပးရမွာကိုလည္း ႏွေျမာတသျဖစ္၍မဆုံး။ ေဇယ်ာ အတတ္နိုင္ဆုံး စိတ္ကိုေလၽွာ့ခ်ရသည္။ သူ႔ခ်စ္သူခန့္ခန့္မွာ အရာအားလုံးထက္ အေရးႀကီးသည္မို႔ ဆုံးျဖတ္ခ်က္တစ္ခုကို ခိုင္ခိုင္မာမာခ်လိုက္ရ၏။

"မင္းလိုခ်င္တဲ့ပိုက္ဆံ သဘက္ခါရေစရမယ္။ မင္းမွာရွိသမၽွ ပုံနဲ႔ပတ္သက္တဲ့ fileေတြအကုန္ဖ်က္ပစ္ရမယ္၊ ေနာက္ၿပီး မင္းအတြက္ ငါကိုယ္တိုင္ ေလယာဥ္လက္မွတ္ စီစဥ္ေပးမယ္။ အဲဒီေန႔ေငြရတာနဲ႔ မင္း ခ်က္ခ်င္းတန္းျပန္ရမယ္မွတ္"

"အမေလး ... ကိုရယ္ "

"မင္း လက္ခံမွာလား၊ လက္မခံဘူးလား"

ေဇယ်ာ လိုရင္းသာသိခ်င္သည္၊ သူနဲ႔ပတ္သက္သမၽွ အသံပင္မၾကားခ်င္ေတာ့။

"အင္းပါ လက္ခံပါတယ္"

ဘယ္သူမျပဳ၊ မိမိမွုဆိုသလို ထိုမိန္းမႏွင့္ ပတ္သက္ခဲ့မိသည့္ သူ႔ကိုယ္သူ အျပစ္တင္မိရင္း ဆိုင္ထဲမွထြက္လာခဲ့ေတာ့၏။ ျပႆနာေတြဆိုတာ ကိုယ္က မျဖစ္ခ်င္လို႔ ေရွာင္ဖယ္ေနလၽွင္ေတာင္ ကိုယ့္ကိုတမင္တကာ လာရွာတတ္တာမ်ိဳးပါပဲ။

.........................

မိုးေႏွာင္းကာလတို႔က အလ်င္အျမန္ပင္ ေရာက္ရွိလာေလၿပီ။ ညေနဘက္ေလး မိုးနည္းနည္းရြာၿပီးလၽွင္ ညပိုင္းေနလို႔ေကာင္းသည္ထိ ေအးစိမ့္မွုက ပ်ံ႕ႏွံ့လ်က္ရွိသည္။ ၿခံထဲဆင္းၿပီး ေက်ာက္ျပားေလးေပၚ ထိုင္လၽွင္ျဖင့္ ေလတျဖဴျဖဴးႏွင့္ ေနလို႔ေကာင္းေနတတ္၏။ မိုးက်ထားသည့္ ေျမသင္းရနံ႔ကို ဆြတ္ပ်ံ႕ဖြယ္ရလိုက္ေတာ့ ေဇယ်ာ ခက္ခက္ခဲခဲပင္ ျပဳံးလိုက္မိျပန္ပါသည္။

သည္ကာလႀကီးက သူ႔အတြက္ ခက္ခဲလြန္းေလေတာ့ ျပဳံးဖို႔ပင္အနိုင္နိုင္။ ခပ္စိုက္စိုက္ႏွင့္ ျမင္သမၽွ မ်က္ေမွာင္ၾကဳတ္မၾကည့္ျဖစ္ေအာင္ပင္ ကိုယ့္ပူပင္မွုကို အျပင္လူမရိပ္မိဖို႔အေရး ႀကိဳးပမ္းဟန္ေဆာင္ရင္း ေနထိုင္ရတာ အေတာ္စိတ္က်ဥ္းက်ပ္စရာပင္။ စႏၵီ့ကို ပိုက္ဆံေပးၿပီးၿပီးခ်င္း ျပန္ခိုင္းလိုက္၍ ျပႆနာတစ္ခု ၿငိမ္းသြားခဲ့ေသာ္လည္း သူ႔ဘဝက လြယ္ကူခဲ့ျခင္းေတာ့ အလ်ဥ္းမရွိေသးေပ။

အေၾကာင္းက အိမ္တြင္ေရာ၊ အလုပ္တြင္ပါ အေဖျဖစ္သူႏွင့္ ေဇယ်ာတို႔ စကားမေျပာၾကျခင္းပါပဲ။ ညေနတိုင္း လက္ဆုံစားေနက် မိသားစုထမင္းဝိုင္းကိုလည္း ဆင္းမစားျဖစ္။ တစ္ေန႔တစ္ေန႔ အျပစ္တင္ ခနဲ႔သလိုလို၊ နားခ်သလိုလို အေျပာစကားေတြက သူ႔အတြက္ သိပ္ခါးလြန္းတာပင္။ ဒါမို႔လည္း အေဖျဖစ္သူႏွင့္ မ်က္ႏွာခ်င္းမဆိုင္မိေအာင္ပဲ ေနျဖစ္တာမ်ားသည္။

သည္လိုႏွင့္ ေလးေယာက္သာရွိသည့္ သူတို႔မိသားစု၏ဆက္ဆံေရးသည္လည္း တျဖည္းျဖည္း ပ်က္ယြင္းလာေလေတာ့၏။ မိခင္ကေတာ့ ေယာက်္ားျဖစ္သူႏွင့္ သားအၾကား စိတ္ညစ္လြန္းတာမို႔ မ်က္ရည္တစ္စမ္းစမ္း ရွိတတ္သည္။ တစ္ေန႔ တစ္ခါ၊ ႏွစ္ခါမကလည္း ေဇယ်ာ့ကို အခ်ိဳသတ္ၿပီး နားခ်တတ္ေသးသည္။ သူ႔အဖို႔ မျဖတ္နိုင္သည့္ ခ်စ္ျခင္းသံေယာဇဥ္မို႔ မိခင္ကိုလည္း ဘာကတိမွ မေပးနိုင္ပါေခ်။ စိတ္ခ်မ္းသာေအာင္ နားေထာင္ေပးလိုက္တာမ်ိဳးသာရွိ၏။

တစ္ဦးတည္းေသာ ညီမျဖစ္သူ ရြယ္ရြယ္ကေတာ့ သေဘာတူသည္လည္းမဟုတ္၊ ကန့္ကြက္သည္လည္းမဟုတ္။ 'ကိုကို လိုတာရွိရင္ေျပာ' ဟုသာ ဆိုတတ္သည္။ အလုပ္မနိုင္လၽွင္ ကူတတ္သလို၊ အရိပ္အကဲၾကည့္ၿပီးလည္း မိဘေတြႏွင့္ အဆင္ေျပေအာင္ ၾကားခံေဖ်ာင္းဖ်ေပးေသာ ညီမလည္းျဖစ္တာမို႔ ေဇယ်ာ အသက္ရွူေခ်ာင္ရသည္ပါပဲ။

သို႔ေပမဲ့ အိမ္မွာစိတ္ညစ္လို႔ ခ်စ္သူႏွင့္သြားေတြ႕ကာ စိတ္ေျဖရဖို႔လည္း မတတ္သာ။ သားအဖႏွစ္ေယာက္ စကားမေျပာၾကေသာ္ျငား ဦးျမတ္သူမွာ ေဇယ်ာ့ကို သည္အတိုင္းလႊတ္ထားျခင္းေတာ့မဟုတ္။ ခါတိုင္း ေဇယ်ာႏွင့္လက္ေထာက္မင္းမင္းက ဆိုင္ေတြမတူေအာင္ပတ္ၿပီး ႐ုံးထိုင္ၾကရသည္။ သို႔ေသာ္ ယခုေတာ့ ဦးျမတ္သူ၏ေစခိုင္းခ်က္အရ မင္းမင္းက ေဇယ်ာဘယ္သြားသြား ပါေနရသည္။

မင္းမင္းလည္း ဦးျမတ္သူက အျမဲေထာက္လွမ္းေနတာမို႔ အစ္ကိုလိုျဖစ္ေနသည့္ ေဇယ်ာ့ကို အားနာေသာ္လည္း မလိမ္မညာတမ္း အစီရင္ခံေနရေလ၏။ မင္းမင္းတစ္ေယာက္ သူ႔အတြက္ စိတ္မေကာင္းျဖစ္ေၾကာင္းကို မ်က္ႏွာဖတ္ၾကည့္႐ုံႏွင့္ သိနိုင္ေသာ္လည္း ေဇယ်ာ နားလည္သည္မို႔ ဘာမွသိပ္မေျပာေတာ့ပါေခ်။

ဟူး။

ပတ္ဝန္းက်င္ေလထုက မိုးေရဓာတ္ေၾကာင့္ စိုထိုင္းသေယာင္ရွိေသာ္လည္း ေဇယ်ာကေတာ့ ရင္တြင္းအပူေတြကို ႏွာေခါင္းႏွင့္ႏွုတ္ခမ္းကတဆင့္ ထုတ္လႊတ္မိသည္။ ၿခံထဲကိုလွမ္းၾကည့္ေလေတာ့ ရပ္ထားသည့္သူ႔ကားေလးက မီးအဝါေရာင္ေအာက္တြင္ အၿငိမ္သားတည္ရွိေနသည္။ အရင္ကားမဟုတ္ေတာ့ေသာ အျဖဴေရာင္မာစီးဒီးပင္။

အခ်စ္ႏွင့္ပတ္သက္လၽွင္ မိမိ၏႐ူးေၾကာင္ေၾကာင္နိုင္မွုကို ျပန္ေတြးေတာမိေတာ့ ေဇယ်ာ ခက္ခက္ခဲခဲရယ္မိျပန္၏။ အစတည္းက ကားလဲဖို႔စိတ္ကူးရွိေသာ္ျငား ေတြေဝလြန္းခဲ့သည္။ သို႔ေသာ္ ခ်စ္သူပင္မျဖစ္ေသးသည့္ ကေလးတစ္ေယာက္က စိတ္ေကာက္ေနခ်ိန္ သည္ကားေတာ့လိုက္မစီးနိုင္ဘူးေျပာတာကို ေနာက္တစ္စီးအျမန္လဲမိသည္ထိ အေျပာင္းအလဲေတြ ျမန္ခဲ့တာပင္။ စိုင္းမင္းခန႔္ဆိုသည့္ ဂ်စ္ဆိုးကေလးက သူ႔၏ဆုံးျဖတ္ခ်က္ေတြကို သည္ေလာက္ပင္ လႊမ္းမို႔နိုင္တာျဖစ္၏။

အေတြးေတြက တစ္စတစ္စႏွင့္ စာက်က္ေနမည့္ခ်စ္သူေလးထံ ေရာက္မိျပန္သည္။ ေဇယ်ာ ေစာင့္ၾကည့္ခံေနရသည္မို႔ ခန့္ခန့္ႏွင့္ မေတြ႕ရတာပင္ ၂ပတ္ရွိေတာ့မည္မလား။ အိမ္တြင္ျဖစ္ပ်က္ေနသည့္ ျပႆနာကိုလည္း ကေလး စိတ္ညစ္မွာစိုး၍ မေျပာျပျဖစ္၊ ေနာက္လေျဖရေတာ့မည့္ စာေမးပြဲၿပီးမွသာ ေျပာရန္ႀကံရြယ္ထားသည္။

ဒါမို႔ ေလာေလာဆယ္ မေတြ႕နိုင္ေသးသည္ကိုေတာ့ သူ အမ်ိဳးမ်ိဳးပတ္လိမ္ေနရတာပင္။ ခန့္ခန့္ တျခားအေတြးဝင္မွာစိုး၍လည္း ေန႔ဆိုဖုန္းဆက္ရၿပီး ညဆိုလည္း Video call ပါ ေျပာေပးျဖစ္သည္။ အေတြးႏွင့္ နာရီကိုၾကည့္ေတာ့ ညကိုးနာရီထိုးလုလု။ ခုႏွစ္နာရီေက်ာ္လၽွင္ စာၾကည့္စားပြဲထိုင္တတ္ေသာ ကေလးတစ္ေယာက္ သည္အခ်ိန္ဆို စာက်က္ရတာ ၿငီးေငြ႕ေနေလာက္ၿပီျဖစ္သည္။ ဒါမို႔ ၿခံထဲဆက္မေနျဖစ္ေတာ့ဘဲ အခန္းဆီျပန္တက္ကာ ခ်စ္သူႏွင့္ပဲ ဖုန္းေျပာဖို႔ႀကံရြယ္လိုက္ေတာ့သည္။

"လူႀကီး"

"ဗ်"

ထင္သည့္အတိုင္း စာၾကည့္စားပြဲတြင္ လွမ္းျမင္ေနရေသာ မ်က္မွန္ဝိုင္းႏွင့္ကေလး။ ပုံမွန္မ်က္မွန္မပါဘဲ မ်က္ႏွာအရွင္းအတိုင္းဆို လူပ်ိဳေပါက္ေလးလို ျဖစ္ေနတတ္ေသာ္လည္း ထိုမ်က္မွန္ဝိုင္းေလးတပ္ထားလၽွင္ ေဇယ်ာ ဘယ္လိုအသည္းယားသည္မသိ။ ပါးမို႔မို႔ႏွင့္လိုက္ဖက္ညီလြန္းတာမို႔ ကေလးတစ္ေယာက္သဖြယ္ ခ်စ္စရာေကာင္းသည္။ ႏွုတ္ခမ္းဖူးဖူးေလးေတြကပါ အနီးကပ္လွုပ္ရွားေနသေယာင္ရွိေတာ့ ေဇယ်ာ ဖုန္းကိုၾကည့္ရင္း မ်က္ေတာင္ခတ္ဖို႔ ေမ့ေနသည္အထိပါပဲ။

"မ်က္ႏွာေခ်ာင္က်ေနၿပီေနာ္၊ ညေတြမအိပ္ဘူးလား။ အလုပ္ေတြ အရမ္းလုပ္ေနတာလား။ လူကိုလည္း လာမေတြ႕ဘူး"

ခ်စ္လို႔အျမတ္တနိုးၾကည့္ေနရင္းက စိတ္ပူၿပီးေျပာေနျပန္တာမို႔ ေဇယ်ာ ရင္ထဲေႏြးသြားရျပန္၏။ သည္ကေလးႏွင့္ဆို သူ႔ျပႆနာေတြအားလုံး ေမ့ထားလို႔ရသည္အထိ ေပ်ာ္ေမြ႕ၾကည္ႏူးရတာပါပဲ။

"ကိုယ္ ခုတေလာ Diet ျပန္လုပ္ေနလို႔ပါ ကေလးရ။ဒါေပမဲ့ ကေလးေျပာသလို ညဖက္ေစာေစာအိပ္မယ္ေနာ္၊ အလုပ္ေတြလည္း ေလၽွာ့လုပ္မယ္"

ဖုန္းမ်က္ႏွာျပင္ေပၚက ခ်စ္သူေလးအလိုက် ေဇယ်ာက ျပဳံးရႊင္စြာေျပာေပးရသည္။ ရင္ထဲတြင္ေတာ့ စိတ္မေကာင္းျခင္းမ်ားစြာကို ဖုံးကြယ္ေပးထားလ်က္။ အိပ္ပ်က္ညေတြအေၾကာင္းလည္း ေျပာမျပခ်င္ပါေလ။

"တစ္ခုက်န္ေသးတယ္ေလ။ လာမေတြ႕ေတာ့ဘူးလား"

ခန့္ခန့္က လည္ပါသည္။ သူ႔ကိုစကားခ်န္ေျပာ၍မရ၊ သုံးခြန္းေျပာလၽွင္ သုံးခြန္းစလုံးျပန္ေျဖမွ ႀကိဳက္သည့္ေကာင္ကေလး။ ဒါမို႔ ေဇယ်ာ သည္ရက္ပိုင္း ယုတၱိရွိေအာင္သာ ၾကည့္လိမ္ေနရေတာ့တာပါပဲ။ အရင္လို အခ်ိန္ေတြက ကိုယ္မပိုင္၊ ေတြ႕ျဖစ္လၽွင္လည္း လမ္းၾကဳံခဏေတြ႕ရတာမ်ိဳးသာဆို သည္ေကာင္ေလးက အလည္ေလးမို႔ ရိပ္မိမွာပဲျဖစ္သည္။

ဒါေတြသိလို႔ လာမေတြ႕နိုင္သည္ကို ေဆာက္လုပ္ေရးကုမၸဏီတစ္ခုႏွင့္ခ်ိတ္ၿပီး ပေရာခ်က္တစ္ခု အသစ္စလုပ္ေနတာမို႔ဟု စကားအလွသုံးကာ မုသားဆိုရသည္။ နိုင္ငံျခားကုမၸဏီမို႔ သူတို႔တာဝန္ခံေတြ ျမန္မာျပည္လာတုန္း အသည္းအသန္ ေဆြးေႏြးေနရသည္ဟု ေျပာထားေတာ့ ေကာင္ကေလးက သိပ္ေတာ့မညည္းညဴရွာပါပဲ။ ေဇယ်ာလည္း ထိုပေရာဂ်က္က တကယ္အစီအစဥ္ရွိေပမဲ့ အေကာင္အထည္ေဖာ္ရန္ လိုေနေသးသည္ကို ထည့္မေျပာျဖစ္ေတာ့ေခ်။

"ေတြ႕မွာေပါ့ ကေလးရ။ သူတို႔မျပန္ေသးေတာ့ ကိုယ္ တကယ္ထြက္လာလို႔ မရေသးလို႔ပါ၊ အစည္းအေဝးေတြက ညမွၿပီးေတာ့ ကိုယ္ခဏခဏလာရင္ အန္ကယ္တို႔ရိပ္မိေနမွာစိုးလို႔"

ခန့္ခန့္ ေဇယ်ာေျပာသည္ကို မယုံေတာ့မရွိပါ၊ ေဇယ်ာက သူ႔ကိုခ်စ္တာ သူအသိဆုံးမို႔ အားတာႏွင့္ ခ်က္ခ်င္းေျပးလာမည္ဟု အႂကြင္းမဲ့ ယုံၾကည္သူျဖစ္သည္။ သည္ရက္ပိုင္း အလာက်ဲသြား၍သာ ေကာင္ေလးခမ်ာ လြမ္းေနရျခင္း။

"အင္းပါ၊ အလုပ္မအားတဲ့လူႀကီးကို ဖိအားေပးသလို ျဖစ္ေနၿပီမလား။ ဒီတိုင္းေတြ႕ခ်င္လို႔ ေျပာလိုက္တာမို႔ စိတ္ထဲအရမ္းမထားနဲ႔"

ကေလးလို႔သာ သူကခ်စ္စနိုးႏွင့္ ေခၚရသည္။ နားလည္ေပးတတ္တာေတြ၊ သူကပဲ ကိုယ့္ကိုျပန္စိတ္ပူေနရတာေတြ ၾကည့္႐ုံႏွင့္ တကယ့္ဆယ္ေက်ာ္သက္ လူႀကီးေပါက္စေလးအတိုင္း။ သို႔ေပမဲ့လည္း ျပႆနာေတြ မေျပာျပခ်င္မိတာပင္၊ စာက်က္ရမည့္ကေလးကို ေသာကအပူမီးေတြ ေလာင္မွာစိုးသည္။ စာေတာ္သည့္ကေလးအား အဆင့္ေကာင္းေတြသာလၽွင္ ရေစလိုသည္။ အပူအပင္ ေပးျခင္းမရွိေစရ၊ အထူးသျဖင့္ သူႏွင့္ပတ္သက္ေသာ အပူဆို ပို၍ပင္မေပးခ်င္လွ။

"ဖိအားမျဖစ္တဲ့အျပင္ ကိုယ္က ေပ်ာ္ေတာင္ေပ်ာ္ေနေသးတယ္"

"ဘာလို႔လဲ"

"ဟုတ္တယ္ေလ .. ကေလးက ကိုယ့္ကိုေတြ႕ခ်င္တယ္လို႔ အရင္ကေျပာဖူးလို႔လား။ ကိုယ္ကပဲလာေတြ႕ေနက်၊ အခုေတာ့ ကေလးကထုတ္ေျပာလာတာဆိုေတာ့ ကိုယ့္ကိုပို,ပိုခ်စ္လာသလို ခံစားရတယ္။ ဟုတ္တယ္မလား၊ ပိုခ်စ္လာတယ္မလား"

အိပ္ရာေပၚ ပက္လက္လွဲရင္းက ရယ္က်ဲက်ဲစကားဆိုေတာ့ ေကာင္ေလးက မ်က္ေမွာင္ၾကဳတ္ခ်င္သည္။ စကားတတ္သည့္ခန့္ခန့္ႏွင့္ ခ်စ္သူျဖစ္ရင္းက ေဇယ်ာပါ စကားေတြ တတ္လာေတာ့တာပါပဲ။

"လူညစ္ႀကီး၊ ေတာ္ၿပီ ... စာက်က္ေတာ့မယ္။ ဒီတစ္ပတ္ တတိယႏွစ္ရဲ့ေနာက္ဆုံး Tutorial ရွိတယ္။ ဒါၿပီးရင္ Private study ရၿပီဆိုေတာ့ အိမ္မွာပဲ တစ္လေလာက္စာက်က္႐ုံပဲ"

"ဟုတ္ပါၿပီဗ်ာ။ တစ္လႀကီးေတာင္ လိုေသးတဲ့ဟာ၊ နားနားေနေနလည္း လုပ္ပါဦး။ ေအာင္စာရင္းခုံနံပါတ္ ဘယ္လိုပဲထြက္လာလာ ကိုယ္ကလက္ခံမွာပဲေနာ္။ ကဲ ေကာင္းေသာညပါဗ်ာ၊ ခ်စ္တယ္ေနာ္"

"ဟုတ္ လူႀကီး၊ Good night!"

ေကာင္းေသာညၿပီးလၽွင္ ခ်စ္ေၾကာင္းေျပာရသည့္ ခ်စ္သူတို႔၏ကတိစကားကို ခန႔္ခန႔္ကအျမဲညစ္ပတ္ၿပီး ဆက္မေျပာတတ္ေပ။ ဒါကိုေက်ာ္လႊားၿပီး ခ်မည့္ဟန္ျပင္ေတာ့၊

"ေဟး ဆက္ေျပာဦးေလ"

"မေျပာဘူး၊ ၾကားခ်င္ရင္ လူကိုယ္တိုင္လာေတြ႕ၿပီး နားေထာင္ဗ်ာ ... ဒါပဲ"

ညစ္က်ယ္က်ယ္ေျပာသြားသည့္ ေကာင္ေလးက ခ်စ္စရာအတိ။ ေတာ္႐ုံဖြင့္မေျပာတတ္သည့္ကေလးက ခုလိုဖြင့္ေျပာလာေတာ့ ေဇယ်ာ့အတြက္ ပိုေဆြးစရာျဖစ္ေနသည္။ သူမွေတြ႕ခ်င္ေနတာ အ႐ူးတစ္ပိုင္းပဲမလား။ ေနာက္တစ္ေန႔ေတာ့ အျပင္ထြက္မလည္ျဖစ္ေတာင္ အိမ္ခဏသြားေတြ႕နိုင္ေအာင္ ႀကိဳးစားရဦးမည္။ ဘယ္သြားသြားပါေနသည့္ မင္းမင္းကို ပထုတ္ဖို႔ေတာ့ ေတြးရဦးမည္ျဖစ္၏။ ဖခင္ႏွင့္သူ႔ၾကားလည္း မင္းမင္းကို အခက္မေတြ႕ေစလိုေပ။

ေဇယ်ာ ဖုန္းကိုလက္ကခ်ရင္း မ်က္လုံးကိုပိတ္ခ်မိသည္။ အေတြးကိုအာ႐ုံစိုက္ေလေတာ့ အခ်ိန္ႏွစ္ပတ္ ၾကာလာၿပီျဖစ္ေၾကာင္း ကိုယ့္ကိုယ္ကိုယ္ သတိေပးရေလၿပီ။ သည္အေတာအတြင္း သူ ဆုံးျဖတ္ခ်က္ကို ပိုင္နိုင္စြာမခ်န္ိုင္ေသး။ တစ္သက္လုံး ေစာင့္ေရွာက္လာသည့္ မိဘေတြအေပၚ ေက်းဇူးမဆပ္နိုင္ေသးေတာင္ ေက်းဇူးေတာ့မကန္းခ်င္။ တစ္ဖန္ျပန္ၿပီး ျပဳစုေစာင့္ေရွာက္ခ်င္ေသးတာမို႔ မိသားစုကို ခြဲခြါဖို႔လည္း အားရွိမေနလွ။

သည္လိုဆို ကေလးကို လက္လႊတ္မလားလို႔ ေမးလာလၽွင္ေတာ့ ပိုလို႔ပင္မျဖစ္နိုင္ပါပဲ။ သူ႔ဘဝအတြက္ ေပ်ာ္ရႊင္ျခင္းဆိုတာ သည္ကေလးဆီက ျဖစ္တည္လာတာမ်ိဳးမို႔ လက္လႊတ္ဆုံးရွုံးရမည္ဆိုလၽွင္ ဘဝကရွင္လ်က္ႏွင့္ ေသေနသည့္အတိုင္းသာ ျဖစ္ေပလိမ့္မည္။

ဒါဆို အေကာင္းဆုံးျဖစ္ေအာင္ ဘယ္လိုႀကံဆရပါမည္နည္း။ သူ အယူအဆတစ္ခုကို ဖတ္ဖူးသည္။

လူ႔တစ္ေယာက္၏ ဘဝကံၾကမၼာသည္ တစ္ဝက္က သူ႔အလိုလို စီစဥ္ထားၿပီးသားျဖစ္ၿပီး က်န္တစ္ဝက္မွာေတာ့ ထိုလူလုပ္ရပ္ေတြေပၚမွာ မူတည္ၿပီး ျဖစ္ေပၚေလသတဲ့။

ဤသို႔ဆိုလၽွင္ ေဇယ်ာ့အတြက္ ေပ်ာ္ရႊင္ေစသည့္ ကေလးႏွင့္ေတြ႕ဆုံရျခင္းဟာ သူ႔အလိုလိုဖန္လာသည့္ ကံၾကမၼာတစ္ဝက္ျဖစ္ၿပီး ေရွ႕ဆက္ျဖစ္ေပၚမည့္ က်န္ကံၾကမၼာတစ္ဝက္ကေတာ့ သူကိုယ္တိုင္ပဲ ဆုံးျဖတ္ရမည့္ အပိုင္းပင္ ျဖစ္လိမ့္မည္။

•••••••••••••••••••••••••••••••••••••••••••••••••

Bạn đang đọc truyện trên: Truyen3h.Co