Truyen3h.Co

နှောင်ကြိုး

Part - 25

Fi_Lay



<Unicode>

"မေမေ မနက်စာ စားရအောင်လေ"

အပေါ်ထပ်ကို လှမ်းမျှော်ကြည့်နေသည့် ဒေါ်ကြည်ပြာကို ရွယ်ရွယ်က လှမ်းခေါ်လိုက်ခြင်း ဖြစ်သည်။ မိသားစုထမင်းဝိုင်းရယ်လို့ သတ်သတ်မှတ်မှတ် မရှိတော့ဘဲ တကွဲတပြား စားသောက်နေကြရသည်က ဒေါ်ကြည်ပြာ၏ရင်တွင်းခံစားချက်ကို ပိုလို့နွမ်းနယ်စေတာပင်။ လင်ယောက်ျားဖြစ်သူကိုလည်း စိတ်လျှော့ဖို့ပြောနေရသလို၊ သားဖြစ်သူကိုလည်း လမ်းမှန်ပြန်ရောက်ဖို့အရေး ဖျောင်းဖျနေရလေတာ နေ့ရှိသ၍။

"သားကြီး ဆင်းမလာသေးလို့ သမီးရဲ့။ သွားခေါ်ချည်ပါလား၊ သူ့ဖေလည်း သွားပြီပဲဟာ"

"ကိုကို မနိုးလောက်သေးဘူး မေမေ။ ညကခြံထဲမှာ ထိုင်နေတာအတော်ကြာတယ်၊ ဆင်းသံကြားလိုက်လို့ ပြန်တက်လာနိုးနိုးနဲ့ သမီးနားစွံ့နေတာ သန်းခေါင်သာကျော်သွားတယ် ... ပြန်တက်မလာဘူး။ အဲဒါနဲ့ သမီးပဲသွားခေါ်ပြီး အိပ်ခိုင်းရသေးတယ်"

ထမင်းဆီဆမ်းပြင်ရင်း ပြောနေသောသမီးဖြစ်သူစကားကြောင့် ဒေါ်ကြည်ပြာ စိတ်ပူသွားသည်။ သည်လိုခြံထဲထိုင်ပြီး ညမအိပ်သည့်အဖြစ်မျိုး အရင်ကလည်းကြုံဖူးသည်မလား။ ယခုသားတော်မောင်၏ စိတ်ဓာတ်ကျနေသည့်ပုံစံမှာ အရင်မင်္ဂလာပွဲပျက်စဉ်ကကဲ့သို့ ဖြစ်နေပြီမို့ ရင်ထဲလည်းမကောင်း ဖြစ်လှသည်။

အိမ်ရှိလူတွေလည်း စကားမပြော၊ မေးမှသာဖြေသည်။ အစားအသောက်လည်း အခန်းထဲထိ သွားပို့ရင်တောင် အရာမယွင်းသည်ကများသည်။ သားဖြစ်သူ အစွဲလမ်းကြီးတာကို ဒေါ်ကြည်ပြာ အသိဆုံးပင်ဖြစ်၏။ ယခုမူလည်း အအိပ်ပျက်၊ အစားပျက်နှင့် မိသားစုကိုလည်း စကားရယ်လို့ ဟက်ဟက်ပက်ပက်မပြော။ အဖေဖြစ်သူ၏ ချုပ်တည်းမှုတွေကြားတွင် စိုးရိမ်ကြောင့်ကြနေတာ အသိသာပင်။

"သမီးရယ် ... မေမေတော့ စိတ်ဆင်းရဲတော့တာပဲ။ သားကြီးဟာ ပညာရှိလျက်နဲ့ ဘာလို့သဘာဝနဲ့ဆန့်ကျင်တာတွေ လုပ်နေရတာလဲ၊ နားမလည်နိုင်တော့ဘူး"

ရွယ်ရွယ်ကမူ ထမင်းစားပွဲဆီ ပြန်ထိုင်လာသည့်မိခင်ကို ဖျောင်းဖျရတော့သည်။

"မေမေ ဒါကပညာရှိတာ၊ မရှိတာနဲ့ ဆိုင်တာတော့လည်း မဟုတ်ပါဘူး။ သဘာဝကိုလွန်ဆန်မိတာဆိုပေမဲ့ တကယ်ခံစားချက်ဖြစ်လာရင် ရှောင်လွဲလို့ရမှာမဟုတ်ဘူး။ ကိုကိုလည်း ဒါကိုခက်ခက်ခဲခဲ လက်ခံခဲ့ရမယ်လို့ သမီးယုံတယ်"

ရွယ်ရွယ် ဖြစ်နိုင်ချေရှိသည်ကို စိတ်ရှည်လက်ရှည် ဆက်ရှင်းပြတော့ ဒေါ်ကြည်ပြာမှာ ထမင်းဆီဆမ်းပန်းကန်ကို အကြောင်းမဲ့ငေးမောလျက်။

"မေမေ စဉ်းစားကြည့်။ ကိုကိုက သူ့စိတ်ဒဏ်ရာကြောင့် အနားကပ်လာတဲ့ မိန်းကလေးတွေဆို အပေါ်ယံဟန်ဆောင်နေကြတယ်လို့ပဲ မြင်တယ်။ ပိုက်ဆံမက်တယ်ထင်ရင် တမင်ကိုရှောင်ခဲ့တယ်။ သမီးတို့ကိုယ်တွေ့ပဲလေ၊ အိမ်ထောင်ပြုစေချင်လို့ မေမေ မိတ်ဆက်ပေးသမျှ ကိုကိုကယုံမှမယုံဘဲ"

ဒေါ်ကြည်ပြာ နားလည်ဟန်ရှိလာတော့ ရွယ်ရွယ်ကို တဖန်မော့ကြည့်လာပြန်သည်။ ပြီးနောက် ဆံပင်စုစည်းထားသော သမီးချော၏အပြောကို သေချာအာရုံစိုက် နားထောင်နေ၏။

"အခု ဒီကောင်လေးကျတော့ ကလေးတစ်ယောက်လို ဖြူစင်တယ်၊ ချစ်စရာကောင်းတယ်ဆိုတာ မေမေရော၊ သမီးရော အမြင်ပဲလေ။ ပြီးတော့ သမီးကြားသလောက်တော့ ဟိုကမာနခဲလေးတဲ့နော်။ သူ့အိမ်ကလည်း အနေအထားတစ်ခုထိရှိတော့ ငွေရေးကြေးရေးကိစ္စဆို သူ့အကန့်နဲ့သူနေတာမျိုးတဲ့။ အနေလည်းနီးတော့ ကိုကိုက တဖြေးဖြေးနဲ့ သဘောကျလာမယ်၊ တခြားမိန်းကလေးတွေထက်စာရင် သူ့အပေါ်မှာ စစ်မှန်တယ်လို့ ခံစားလာလိမ့်မယ်။ အဲဒီကနေတစ်ဆင့် ဒီကောင်လေးပေါ်မှာ ချစ်တဲ့စိတ်ဖြစ်လာတယ်လို့ သမီးကတော့မြင်တာပဲ"

"အင်း"

သံရှည်ဆွဲကာပြောနေပုံက နားလည်ပုံရမှန်းတော့ ရွယ်ရွယ် သဘောပေါက်လိုက်သည်။ သို့သော် အဖေဖြစ်သူကို သည်လိုလေသံအေးအေးနှင့် ဘယ်လိုရှင်းပြနိုင်ပါမည်လဲ။ ထိုကောင်လေးနှင့်အကြောင်းပြောလျှင် ဒေါသကအရင်ရှေ့ကြိုရောက်နေတော့ ရွယ်ရွယ်အဖို့ နှုတ်ကိုမဟရဲပါလေ။

"သမီးကတော့ သဘောတူတယ်၊ မတူဘူးဆိုတာထက် ကိုကို့ကို သနားမိတာပဲ မေမေရာ။ သူ့ခမျာ ပထမတစ်ခါလည်း မင်္ဂလာပွဲပျက်ခဲ့ရပြီးပြီ၊ ခုလည်း မိသားစုနဲ့ ချစ်တဲ့သူကြား ဘယ်ဟာမှလက်မလွှတ်နိုင်ဘူး ဖြစ်နေတာ။ အလုပ်ကတစ်ဖက်၊ ဒီကိစ္စကတစ်ဖက်နဲ့ ဖိအားတွေများ၊ စိတ်ဆင်းရဲလွန်ပြီး ကိိုကို လဲသွားမှာကြောက်တယ် ... မေမေရယ်။ ဖေဖေ့ကိုလည်း အေးဆေးနားချပါဦး"

"သားကြီးကိုတော့ စိတ်ချမ်းသာစေချင်ပါတယ်ဟယ်။ ဒါပေမဲ့ သိတဲ့အတိုင်း နင်တို့အဖေ ဒေါသဂုဏ်မာနအိုးကြီးနဲ့တော့ ခက်တော့တာပဲ"

ဒေါ်ကြည်ပြာ ဆက်မပြောနိုင်တော့ဘဲ သက်ပြင်းရှည်ကြီးသာ ချမိတော့သည်။ သူမကတော့ သားနှင့်ပတ်သက်၍ အသည်းမမာနိုင်လှချေ။ ဆယ်ကျော်သက်ကောင်လေးကိုမှ မရလျှင် သေလုမတတ် ဝမ်းနည်းကြေကွဲမည်ဆိုပါက သဘောတူပေးလိုက်ချင်သည်။ ပတ်ဝန်းကျင်ထက် သား၏စိတ်ချမ်းသာမှုက ပိုအရေးပါသည်မလား။ သို့သော် ဖခင်ဖြစ်သူက အပြင်းအထန် ကန့်ကွက်နေတော့လည်း အခက်သား။ သူသည်လည်း ဖခင်တစ်ယောက်အနေနှင့် တားဆီးတယ်ဆိုတာ သဘာဝကျနေပြန်ပေသည်။

..........................

စိတ်ဆင်းရဲမှုတွေ ပင်လယ်ဝေနေသည့် ဇေယျာမှာတော့ ခါတိုင်းထက်ပင် အလုပ်တွေ ပုံကျလာသည်။ ပုံမှန်ဆိုမင်းမင်းနှင့်သူက ဆိုင်ခွဲတွေ မျှပြီးကြီးကြပ်ဖြစ်သော်လည်း အခုတော့ ဖခင်ဖြစ်သူ၏ညွှန်ကြားချက်အရ မင်းမင်းက သူနှင့်ထပ်ကြပ်မကွာ လိုက်နေရသည်။

ဒါမို့ အလုပ်ဆိုတာကလည်း ထင်သလောက် ခရီးမရောက်ကြပေ။ တစ်ချို့ဆိုင်ခွဲတွေ ပစ်ထားပြီး ဖုန်းနှင့်သာ ညွှန်ကြားနိုင်သည်။ အချိန်ရလျှင်ရသလို အရှေ့၊ အနောက်လားရာမတူသည့် ဆိုင်တွေကို ကူးလူးနေရသည်။ အားမရသော်ငြား အခြေအနေအရ သည်အတိုင်းသာလုပ်ဖို့သာရှိ၏။ အဖေဖြစ်သူဆိုတာလည်း သူတို့ကိုကူဖို့ နေနေသာသာ မစသေးသည့်ပရောဂျက်အတွက်ပဲ လိုက်နေရတာအမောပင်။

"မင်းမင်း အင်တာဗျူးခေါ်ထားတာတွေက ဘယ်နေ့လဲ"

"သဘက်ခါမှ အစ်ကို။ အားလုံးကို ကြည့်မြင်တိုင်ရုံးမှာပဲ ခေါ်ထားတယ်။ ပြီးမှ ဆိုင်ခွဲတွေဖြန့််ချမယ်။ နယ်ဆိုင်တွေကိုရော ဘယ်လိုလုပ်ချင်လဲ အစ်ကို"

"မန်နေဂျာတွေကိုပဲ သေချာမှာရုံပေါ့ကွာ"

လုပ်ငန်းလိုအပ်ချက်အရ အလုပ်သမားဦးရေ တိုးဖို့ကိစ္စတွေက အလျဉ်းသင့်သလို လုပ်နေရသည်မို့ ဇေယျာနှင့်မင်းမင်းမှာ ခေါင်းချင်းဆိုင်နေကြလျက်ပါပဲ။ နေ့လယ်ခင်းအချိန်မို့ ညအိပ်ပျော်မထားသည့်ဒဏ်တွေက လူကိုနွမ်းနယ်စေလာသည်။ အခုတလောတွင် ဇေယျာ မျက်ကြောတွေ ကိုက်တတ်လာလေပြီ။ မင်းမင်းကတော့ အစ်ကို မျက်မှန်ပုံမှန်တပ်သင့်သတဲ့။

"ငါ့ကောင်ကြီး"

ဇေယျာ မျက်ရိုးကိုက်၍ လက်ညှိုး၊ လက်မနှင့်အသာဖိနေခိုက် ကြားလိုက်ရသော ရဲတင်းသည့်ထိုအသံ။ သူ့သူငယ်ချင်းထက်မြက်အသံမှန်း မော့မကြည့်ဘဲ သိလိုက်ပါသည်။

"လာကွာ ... ဘယ်ကလှည့်လာတာလဲ။ ငါလည်း မင်းလာမှပဲတွေ့ရတော့တယ်"

"သိတယ်လေ။ Gym လည်းမလာ၊ ညလည်းမထွက်နဲ့ အလုပ်တွေကြိုးစားနေတော့ လွမ်းလွန်းလို့ လာတွေ့ရတာ"

ထက်မြက်က ပြောပြောဆိုဆိုနှင့် စားပွဲရှေ့က မင်းမင်းခုံဘေးတွင် ဝင်ထိုင်လေသည်။ ဆောက်လုပ်ရေးပစ္စည်းဆိုင်က ရုံးခန်းမို့ သိပ်အကျယ်ကြီးတော့ မဟုတ်ပါပေ။ အပေါ်ထပ်က ဝန်ထမ်းတွေနေရာမှာ ပစ္စည်းထားစရာတွေထက် ပိုကျဉ်းကောင်းကျဉ်းနေလိမ့်မည်ပင်။

"မင်းမင်း ... ထက်မြက်အတွက် တစ်ခုခုလေးလုပ်ပါဦးကွာ"

"ဟုတ် အစ်ကို"

ဇေယျာ မင်းမင်းကို တမင်ပထုတ်လိုက်တာဖြစ်သည်။ ဖခင်ဖြစ်သူကို ပြန်မပြောမှာ ယုံကြည်ရသော်လည်း ခံစားရသမျှ သူငယ်ချင်းကို လွတ်လွတ်လပ်လပ် ပြောချင်မိတာမို့ပင်။ မင်းမင်းထွက်သွားတော့မှ ထက်မြက်က အရိပ်အကဲသိစွာ တိုးတိုးမေးလာလေပြီ။

"မင်း အခြေအနေ ဘယ်လိုလဲ၊ လှုပ်မရဘူးလား"

"Gym တောင် မလာနိုင်တာကြည့်ကွာ။ အခြေအနေ ဘယ်လိုလဲဆိုတာကတော့ ခုချိန်မှာ ဘာမှမဆုံးဖြတ်နိုင်သေးဘူး။ မင်းသိပါတယ် ... ငါ နှစ်ဖက်လုံးကို လက်မလွှတ်နိုင်ဘူး။ အဲဒါမို့ လူကြီးတွေ လက်ခံလာအောင်လုပ်ဖို့ပဲ စဉ်းစားနေတယ်"

"အေးပေါ့ ... ဒါပဲရှိတာ။ ခုအကြောင်းရော မင်းကလေးသိသွားပြီလား"

စိတ်မောစရာအကြောင်းတွေမို့ ဇေယျာတစ်ယောက် ထိုင်ခုံနောက်မှီပေါ်လှန်ချရင်း မျက်နှာကိုပွတ်သပ်လိုက်မိသည်။

"သူ့ကိုပါ စိတ်မဆင်းရဲစေချင်ဘူးကွာ။ ပြီးတော့ နောက်လထဲဆို သူကစာမေးပွဲဖြေရတော့မှာ၊ ငါပြောဖြစ်မယ်ဆိုရင်တောင် အဲဒါပြီးမှပဲ ပြောတော့မယ်၊ သူ စာကောင်းကောင်းကျက်ပါစေ"

တက္ကသိုလ်ကျောင်းသားငယ်ငယ်ကို ရည်းစားတော်ထားရသည့် သူငယ်ချင်းအဖြစ်ကိုကြည့်၍ ထက်မြက်သည်လည်း စိတ်မကောင်းလှပေ။ နဂိုကနှင့်မတူဘဲ သုန်မှုန်နေပုံက စိတ်ဆင်းရဲမှုကို အထင်းသားမြင်နေရစေသည်။

"အဲကလေးက မင်းအခြေအနေကြည့်ပြီး မရိပ်မိဘူးလား။ ခုတောင် ရုပ်ကသုန်မှုန်ပြီး ငါ့ထက်အတော်အိုစာနေတာ"

"ခွေးကောင်! လူကညစ်နေတာနော်။ သူနဲ့မတွေ့ရတာ ၂ပတ်ကျော်နေပြီဟ။ အဖေက မင်းမင်းကိုငါ့နားထားပြီး ထောက်လှမ်းနေလို့ ကြာကြာထွက်ကိုမရဘူး"

ဇေယျာ စုတ်တစ်ချက်သပ်ရင်း ပြောလိုက်၏။

"‌မင်းမင်းက နားလည်မှာပါကွ"

"သူကတော့ ငါမပြောနဲ့ဆို မပြောလောက်ပါဘူး။ ဒါပေမဲ့ အဖေကလည်း ရောက်ရောက်လာတတ်တော့ သူ့ကို ကြားမညပ်စေချင်လို့"

ထိုစဉ် မင်းမင်းက ကော်ဖီခွက်နှင့်မုန့်ကိုင်ကာ ပြန်ဝင်လာပြီမို့ ဇေယျာနှင့်ထက်မြက်လည်း ပြောလက်စပြတ်ကာ အနည်းငယ်စကားရှဲသွားသည်။

"ကော်ဖီယူလာတာပဲ၊ မင်းသောက်ဦး။ ငါတော့ ခုနကမှ တစ်ခွက်ကုန်ထားတာ"

"အေးပါ"

ထက်မြက်က ကော်ဖီခွက်ဆီ လက်လှမ်းနေခိုက် မထင်မှတ်ဘဲ မင်းမင်းဆီက အသံထွက်လာလေသည်။ ပြောလိုက်သည့်စကားကြောင့် ဇေယျာရော၊ ထက်မြက်ပါ အံ့အားသင့်နေကြတာပင်။

"ဟို အစ်ကိုတို့ပြောနေကြတာ တမင်နားထောင်တာတော့ မဟုတ်ပါဘူး။ ကျွန်တော် ဒီတိုင်းဝင်လာမယ်လုပ်ရင်း ကြားလိုက်လို့၊ တကယ်လို့ အစ်ကို သွားစရာရှိရင် သွားလို့ရပါတယ်။ အန်ကယ်က ညနေဂေါ့ဖ်သွားရိုက်မယ်လို့ ခုနကပဲဖုန်းဆက်ရင်း ပြောတယ်ဗျ။ ထပ်ဖုန်းဆက်ရင်လည်း ကျွန်တော် ကြည့်ဖြေထားလို့ရပါတယ်။ ညနေအိမ်ပြန်ရောက်ချိန်ပဲ အဓိကဆိုတော့.."

မရဲတရဲရပ်ပြောနေသည့် မင်းမင်းစကားတို့ကြောင့် ဇေယျာ့မျက်လုံးအစုံတို့ အရောင်လက်သွားချေပြီ။ ဒါအံ့အားသင့်တာထက် ပိုစရာပဲမလား။

"ဟင်း ... ရုပ်ကချက်ချင်းနော်"

ထက်မြက် သူ့ကိုစလည်းစချင်စရာ။ ပြန်လည်းဆဲမနေတော့သလို အချိန်ရှိခိုက် အသင့်ရှိသောဖုန်းနှင့် ကားသော့ကိုယူကာ အပြင်ပြေးဖို့ပြင်တော့၏။

"အဲဒါဆိုငါသွားနှင့်ပြီ ထက်မြက်။ မင်းမင်း ကျေးဇူးကွာ"

"ဟ ... ဧည့်သည်ကိုထားပြီး ဘယ်တုန်း"

"ကလေးကျောင်းကြို"

ကော်ဖီငုံပြီးခါစ ထက်မြက်ခမျာ မသီးအောင်ပင် ထိန်းသိမ်းရယ်လိုက်ရတော့သည်။ မင်းမင်းသည်လည်း သူ့အစ်ကိုကို သည်လိုနည်းနှင့် ကူညီခွင့်ရသည်မို့ ကျေနပ်စွာပြုံးရင်း ကျန်နေခဲ့၏။

အချိန်ရတာနှင့် အလောတကြီးထွက်လာခဲ့သော ဇေယျာမှာ ကွန်ပျူတာတက္ကသိုလ်သွားရာ လမ်းတစ်လျှောက်လုံး ခန့််ခန့်ကို ဖုန်းခေါ်နေခဲ့သည်။ သို့သော် ကြိုမပြောထား၍ထင်သည်၊ ဖုန်းမကိုင်ပါပေ။ အချိန်မှာလည် နေ့လယ်သုံးနာရီပင် မထိုးသေးတာမို့ စာသင်နေလောက်မည်ပင်။ ဒါမို့ ကျောင်းရှေ့ထိသာ ရောက်အောင်အပြေးမောင်းခဲ့ပြီး သစ်ပင်ရိပ်တွင်သာ ကားရပ်ပြီးစောင့်နေလိုက်သည်။

ကွန်ပျူတာတက္ကသိုလ်ဝန်းကျင်မှာ အပင်ကြီးနည်းပါးတာမို့ လင်းထင်းလျက်ရှိသည်။ ကျောင်းတော်ကြီးမှာ နေရောင်အောက်တွင် ဝါတလွင့်လွင့်။ သည်လိုနေပူပြင်းချိန်ဆို အထဲကကျောင်းသားတွေ အတော်များပူအိုက်နေကြမလားမသိ။ ကျောင်းသားအားလုံးကို စိုးရိမ်တာထက် ခန့်ခန့်အတွက် စိုးရိမ်တာဖြစ်သည်ဆိုလျှင် ပိုမှန်လိမ့်မည်ပင်။

ဇေယျာရောက်ပြီး သိပ်မကြာလိုက်၊ ကျောင်းသားများ တစ်စတစ်စနှင့် ထွက်လာကြသည်။ အတန်းချိန်တွေမတူတာမို့ ငယ်ငယ်က ကလေးတွေကျောင်းဆင်းသလို တအုန်းအုန်းရယ်လည်း မဟုတ်။ သူ့အုပ်စုနှင့်သူ စကားတပြောပြော၊ ထီးလေးတွေနှင့် ထွက်လာကြတာမျိုးဖြစ်သည်။

သို့သော် အဖြူနှင့်စိမ်းပြာရောင် ဆင်တူကျောင်းဝတ်စုံတွေ ရောထွေးနေတာမို့ ခန့်ခန့်ပါလာလျှင်တောင် ဇေယျာတစ်ယောက် သဲသဲကွဲကွဲမမြင်နိုင်ပါပေ။ ချစ်သူကို တွေ့ကလည်းတွေ့ချင်လှပြီမို့ ကားထဲက စောင့်မနေနိုင်တော့ဘဲ အောက်ဆင်းပြီးသာ ရပ်စောင့်နေမိတော့သည်။ သူ့ကလေးများ ပါလာမလားဆိုသည့်စိတ်နှင့် ဇေယျာ့ခမျာ ခေါင်းတမျှော်မျှော်နှင့်။ သူ့အဖြစ်က မူလတန်းကလေးကို စိတ်မချ၍ လာကြိုသည့် ကလေးအဖေတစ်ယောက်နှယ်။

သို့သော် အတော်ကြာသည်အထိ ထွက်လာသည့်ကျောင်းသားတွေကြား ခန့်ခန့်ကို မတွေ့ရသေးပါပေ။ တချို့ကောင်မလေးတွေကသာ သူ့ကို ပြုံးစိစိနှင့် ကြည့်သွားတတ်ကြသည်။ ကျောင်းရှေ့တွင်လည်း အပြင်လူဆို၍ နည်းတာမို့လားမပြောတတ်။ ချောတယ်နော်ဆိုပြီး တိုးတိုးပြောနေသံတွေ ကြားရပြန်တော့ ဇေယျာ သိပ်မနေတတ်တော့ပေ။

သူကိုယ်တိုင်လည်း ကျောင်းဆင်းလာသည့် ဆယ်ကျော်သက်လေးတွေကြား အတော်ထင်းလင်းနေမှန်း မသိရိုးအမှန်ပါချေ။

...................

တက္ကသိုလ်ရောက်သည်ထိ မပါမဖြစ်သော သချာ်ဘာသာရပ်က တဖြည်းဖြည်း အဆင်မြင့်လို့လာသည်။ ငယ်ငယ်က ပေါင်းနှုတ်မြှောက်စားကို အခြေတည်၍ သင်ခဲ့ရသောမရိုးနိုင်သော ပုစ္ဆာများသည် အခုထိလည်း မကုန်နိုင်သေးပေ။ ခန့်ခန့်တစ်ယောက် တီချယ်ကြီး Tutorial အဖြစ်မေးထားသော ပုစ္ဆာသုံးပုဒ်ကို တွက်မဆုံးရှိလှသည်။

တစ်ပုဒ်နှစ်မျက်နှာရှိ၍ နောက်ဆုံးအပုဒ် ခြောက်ရွက်မြောက်တွင် လူကအတော်ဗိုက်ဆာနေချေပြီ။ နေရှိန်ကလည်း ပြင်းလေတော့ လူကလည်း အိုက်စပ်စပ်နှင့်။ အပေါ်တွင် တဝီးဝီးလည်နေသော ဒလက်သုံးလက်ပါ ပန်ကာနှစ်ခုမှာ တစ်တန်းလုံးအေးမြဖို့အရေး မစွမ်းဆောင်နိုင်ချေ။ ထိုအခိုက် အတန်းရှေ့မှ ဖြတ်လျှောက်ကာ ကိုးရိုးကားယားလုပ်နေလေသော ခန့်ကိုတစ်ယောက်။

လက်ကိုလှုပ်လှုပ်ခတ်က ခေါ်နေပုံက သူ့ကိုအတန်းပြင်ထွက်စေချင်ပုံ ရသည်။ ခန့်ခန့်အဖို့ ပုစ္ဆာလည်းအဖြေထွက်နေပြီမို့ တီချယ်ကြီးဆီ စာရွက်ထပ်ခဲ့ရ၏။ ပြီးနောက် ခုံတန်းထောင့်တွင်ပုံထားရသော လွယ်အိတ်ကိုယူရင်း ခန့်ကိုကို မျက်စောင်းခဲကြည့်လိုက်သေးသည်။ အခန််းတစ်ခန်းခြားတာကို ပျာယာခတ်ပြီး လာခေါ်နေသည့်ကောင်။

"ဘာလဲကွာ။ မင်းခေါ်တာနဲ့ ငါသေချာတောင် မစစ်လိုက်ရဘူး။ မှားရင် ဒေါ်ခင်လေးမြင့်က အော်တတ်ပါဘိနဲ့"

အခန်းပြင်ရောက်သည်နှင့် ခန့်ခန့်က ငြူစူကာဆဲတော့ သူ့လည်ဂုတ်ကိုကိုင်ပြီး B ခန်းရှေ့ထိရောက်အောင် ဆွဲခေါ်သည်။ B ခန်းကား ဆင်းပြီလေပြီ၊ ဒါမို့ဒေါ်ခင်လေးမြင့် အဆူမခံရအောင် ဆွဲခေါ်ခြင်းဖြစ်မည်ထင်၏။ ရှေ့ဆက်သွားလျှင်တော့ လှေကားနှင့် C ခန်း၊ D ခန်းသာရှိတော့သည်။ ဝရန်တာတွင်တော့ ကျောင်းသားတွေ အစုအရုန်းလိုက် ရှိနေကြဆဲပါပဲ။

"ဘာလဲမနေနဲ့ ဒီမှာကြည့်ဦး။ Girls group ကတင်ထားတာ မင်းလူကြီးမလား"

ခန့်ကိုက ကပျာကယာနှင့် ဖုန်းထိုးပေးတော့ အမှန်တကယ်ပဲ သူ့ချစ်သူဟုတ်နေသည်။ အတော်ဆိုးသည့် ကျောင်းကကောင်မလေးတွေ။ ယောကျ်ားချောချောမြင်တာနှင့် ဓာတ်ပုံရိုက်ကာ တင်ပစ်လိုက်ကြသည်ချည်း။ အခုလည်း ကြည့်လိုက်လေတော့ ကျောင်းရှေ့ကလမ်းဘေးတွင် Mercedes-Benz အဖြူနှင့် ရပ်စောင့်နေသည့် သူ့လူကြီး။

"ဟာကွာ!"

လာပြသည့်သူငယ်ချင်းပင် ဘာမှမပြောခဲ့နိုင်။ ခန့်ခန့် လှေကားမှဆင်းကာ ကျောင်းရှေ့ဆီသုတ်ခြေတင် ပြေးရတော့၏။ မတွေ့တာကြာ၍ တွေ့ချင်သည်ကတစ်ကြောင်း၊ သဝန်တိုလွန်း၍ ကျောင်းကကောင်မလေးတွေ မမြင်စေချင်သည်က တစ်ကြောင်းနှင့် ခလုတ်တိုက်မှာပင် ဂရုမစိုက်နိုင်တော့။

အတွေးထဲတွင်တော့ ကျောင်းလာကြိုမယ်ဆိုလည်း ဖုန်းကြိုဆက်ဖို့ကောင်းသည်မလားဟု ပြစ်တင်မဆုံးရှိလှသည်။ အခုတော့ ကျောင်းကကောင်မလေးတွေမြင်ပြီး pageတွင် တင်သည်ထိဖြစ်လာမှ သူ့ခမျာသိရသည့်ဘဝ။

ခန့်ခန့် ကျောင်းရှေ့ရောက်လျှင် ရပ်စောင့်နေသည့် သူ့အပိုင်လူကြီးအား တွေ့လိုက်ရလေပြီ။ 'ဒီကားတော့ လိုက်မစီးနိုင်ဘူး' ဟု ခန့်ခန့် ပြောခဲ့မိစဉ်က ပြောင်းလိုက်သည့် Mercedes-Benz အဖြူ၊ ပြီးလျှင် ကားဘေးကရပ်ပြီး ကျောင်းဖက်ဆီမျှော်ကြည့်နေသည့် လူကြီး။

အဝေးကကြည့်ရုံနှင့်တင် ချစ်သူ၏ယောကျ်ားပီသသည့် ခန္ဓာကိုယ် အသွင်အပြင်တို့မှာ ထင်းလင်းနေသည်။ ရှပ်အင်္ကျီလက်တို စိမ်းညို့ရောင်နှင့် ဘောင်းဘီအဖြူကို ရိုးရိုးရှင်းရှင်းဝတ်ထားသည်က ကျော့ရှင်းပြီး ချောမောနေသည်။ သူကိုယ်တိုင် ဘယ်လိုလိုက်ဖက်အောင်၊ ဘယ်လိုခန့်ညားအောင်ဝတ်ဖို့တွေ ပြောခဲ့သောငြား တခြားသူတွေအာရုံစိုက်မိသည်ထိ ချောမောနေတာမျိုးတော့ မဖြစ်စေချင်ပေ။ ဒါသည်ပဲ အတ္တကြီးသည်ခေါ်မလား။

"လူကြီး"

"ဖြည်းဖြည်းလာပါဗျာ။ ပြေးနေတာနဲ့ လဲပါဦးမယ်"

ချစ်သူပြောလည်း ပြောချင်စရာပင်။ ခန့်ခန့် အတန်းရှေ့ကနေ ကားဆီရောက်သည်ထိ မရပ်မနားဘဲ အမောတကောပြေးလာတော့ လူကဟောဟဲလိုက်နေတာများ အသက်ရှုသံပင် ပုံမမှန်တော့။ သို့သော် မတွေ့ရတာကြာပြီဖြစ်သည့် ချစ်သူကို ပိုလို့ဂရုတစိုက်ဖြစ်နေမိသည်။

"လူကြီးက ဘယ်လိုရောက်လာတာလဲ။ အဲဒါနေဦး အခု ကားထဲဝင်တော့၊ တက် ... တက်"

ဘေးမှာကျောင်းသားတချို့ ကြည့်နေကြသည်မို့ ခန့်ခန့် ဇေယျာ့ကို ကားထဲအတင်းထိုးထည့်သည်။ ပြီးမှသူလည်းတစ်ဖက်တွင် အပြေးဝင်ထိုင်ရလေ၏။ နှစ်ဦးသားနေရာကျသွားမှပဲ သက်ပြင်းချနိုင်တော့တာပင်။ ကားထဲရောက်မှ ထူးဆန်းနေလေတာ မတွေ့ရသည့်အတောအတွင်း ကားမှန်စတစ်ကာအမည်းတွေ တပ်ထားသေးသည်။

"ဟူး မောလိုက်တာ"

ရောက်ရောက်ချင်း အမောဖြေကာ သက်ပြင်းချလာသော ခန့်ခန့်အား ဇေယျာ အံ့ဩတကြီးကြည့်နေရသည်။ ဖုန်းလည်းပြန်မဆက်ဘဲ ပြေးလာလေခြင်းမလား။

ခန့်ခန့်၏နဖူးစပ် ဆံစတွေအောက်တွင် ချွေးစို့လျက်ရှိပြီး ခပ်ဖွေးဖွေးအသားအရည်က ရဲလာချေသည်။ ဒါမို့ ယူနီဖောင်းအင်္ကျီ လက်ရှည်အဖြူ၏ အပေါ်ကြယ်သီးနှစ်လုံးအား ချက်ချင်းဖြုတ်ချလိုက်လေသည်။ ပြီးမှသာ အဲကွန်းအပေါက်ကလာသည့် လေတဖြူးဖြူးအား ရအောင်ခံနေရလေ၏။ ခြေသလုံးတွေလည်း အိုက်စပ်လာတာမို့ စိမ်းပြာရောင်ပုဆိုးစကိုပါ ဒူးနားထိတင်လိုက်ရသေးတာပင်။

သူ့ထိုင်နေပုံကို ဇေယျာ ခေါင်းအစခြေအဆုံးကြည့်ကာ သဘောကျလျက်ရှိသည်။ ပြီးမှ ခန့်ခန့်ကို ရေတိုက်ဖို့ သတိရတော့တာဖြစ်၏။

"ရော့ ... ရေသောက်လိုက်ဦး"

"ဟုတ်"

ရေသီးလေးတွေ ထနေပြီဖြစ်သောရေဗူးက အအေးဓာတ်လက်ကျန်လေးတော့ ရှိသေးသည်။ ကြိုကြိုတင်တင် ဆောင်လာတတ်သော ချစ်သူကြောင့်လည်း ခန့်ခန့် သည်လိုအမောပြေရတာဖြစ်၏။ သူဆိုလျှင် အမြဲပျာယာခတ်နေတတ်တာမို့ ရေဆာလည်း အေးအေးသောက်ချင်မှ သောက်ရတတ်သည်။ 

"ဖြည်းဖြည်း ... ဖြည်းဖြည်း"

"အား .... ခုမှပဲ အမောပြေတော့တယ်"

နှုတ်ခမ်းစပ်မှ ပေပွသွားသည့်ရေစတို့အား လက်ခုံတစ်ဖက်ဖြင့်သပ်ရင်း ရေဗူးအားကမ်းပေးလိုက်သည်။ ရေဗူးအဖုံးကိုပါ ဖွင့်ပေးတတ်သောချစ်သူမို့ သူ ပြန်ပိတ်စရာလည်း မလိုပါပေ။

"ဖုန်းဆက်တာလည်း မကိုင်ဘဲနဲ့ ကိုယ်ရောက်နေမှန်း ဘယ်လိုသိလို့ပြေးလာရတာလဲ"

"ဖုန်းဆက်သေးတယ်လား။ ဒါဆိုခုနက Tutorial ဖြေနေတုန်းဖြစ်မယ်။ ဘယ်လိုသိသလဲဆိုတော့ Girls group က လူကြီးပုံကိုတင်လိုက်ကြတယ်လေ။ အဲဒါမြင်တော့ ခုလိုအမောတကော ပြေးလာရတော့တာပေါ့။ နေပါဦး ... ခင်ဗျားကြီးက ဒီလောက်ကိုယ့်ရှေ့ကနေ ဓာတ်ပုံရိုက်သွားတာကို မသိဘူးလား"

ပုဆိုးစကို ဒူးအထိဆွဲတင်ထားသော ခန့်ခန့်က သူ့လက်သီးဆုပ်လေးနှင့် ဇေယျာ့ဗိုက်ကို ခပ်ဖွဖွထိုးတော့သည်။

"အား ... ကိုယ်မသိဘူး ကလေးရ။ Uniform တွေနဲ့ အများကြီးဆိုတော့ ကလေးထွက်လာပြီလားပဲ ရှာနေတာလေ။ သေချာကြည့်ရတာ မျက်လုံးတောင်ဝါးတယ်"

"မပြောချင်ဘူးနော်၊ ကားဘေးထွက်ရပ်ပြီး စော်ရှိုးခံနေတာမလား"

ခန့်ခန့်က မကျေနပ်နိုင်သေးဘဲ အကြည့်တစ်ချက် ခဲလိုက်၏။

"မဟုတ်တာကွာ၊ ကိုယ်အဲလိုစိတ်မရှိတာ ကလေးသိသားနဲ့။ ဒါနဲ့ Girls group ဆိုတာဘာကြီးလဲ၊ ကိုယ့်ပုံကို ဘာလို့တင်ရတာလဲ"

"ကျောင်းက ကောင်မလေးတွေထောင်ထားတဲ့ page လေ။ အဲလိုပဲ ကျောင်းကချောတဲ့ကောင်တွေဆို လျှောက်ရိုက်ပြီးတင်ကြတဲ့အဖွဲ့"

"ဪ"

ဇေယျာတစ်ယောက် တကယ်လည်း ဓာတ်ပုံရိုက်သွားမှန်းမသိလိုက်ပေ။ သူ မျက်ချေမပြတ် ကြည့်နေခဲ့သည်က ကျောင်းပေါက်ပင်။ ဒါမို့ ဘေးဖြတ်သွားသည်များကို သိပ်အာရုံမထားလိုက်မိခြင်း။

"ပြန်ရအောင်၊ ဒီရှေ့မှာ ကြာကြာမနေနဲ့တော့"

"အိမ်တန်းပြန်ရတော့မှာလား။ တစ်နေရာရာ ခဏထိုင်ချင်သေးတယ်။ ကလေးနဲ့ဟိုတစ်ခါထိုင်တဲ့ဆိုင်မှာ အေးဆေးစကားပြောလို့ရလား"

ခန့်ခန့် ခဏစဉ်းစားလိုက်ပြီး၊

"အင်း ရပါတယ်။ ဒီချိန်က စကောစကအချိန်ဆိုတော့ လူလည်းရှင်းမှာပါ"

"အိုခေဗျာ၊ ခါးပတ််ပတ်တော့"

မမြင်တာကြာပြီဖြစ်သည့် သူ့ချစ်သူလူကြီးမှာ အပြုံးတို့ဖြင့် ထိုဆိုင်လေးဆီသို့ ဦးတည်မောင်းတော့သည်။ ဖုန်းမျက်နှာပြင်ပေါ်မှမဟုတ်ဘဲ တစ်ကားထဲထိုင်စီးရင်း အနီးကပ်ကြည့်တော့မှ ပိုပိန်သွားသည်ကို သတိထားမိလိုက်သည်။ မျက်တွင်းကျနေတာလည်း မသိမသာဆိုပေမဲ့ ခန့်ခန့်ကတော့ အတပ်သိနေသည်။ ခန္ဓာကိုယ်က သိပ်ပုံမပြောင်းသော်လည်း မျက်နှာကတော့ အတော်ချောင်သွားလေသည်။

"အလုပ်တွေ အရမ်းလုပ်နေရတာလား"

"လွမ်းနေပြီမို့လား၊ ကိုယ့်ဆီကနေ အကြည့်မလွှဲတော့ဘူး"

သူ့ပါးတစ်ဖက်ကို ဖျစ်ညှစ်ကာ ထိုစကားဆိုတော့ ခန့်ခန့် ရှက်ရှက်နှင့် 'ဝေးပါသေး' ဟုပြောကာ ရှေ့အတည့်ပြန်လှည့်ထိုင်လိုက်သည်။ ခဏကြာတော့ ထိုခြံကြီးနှင့်ဆိုင်သို့ ရောက်လေပြီ။ အထဲဝင်ပြီး ကားရပ်ပြီးချိန်တွင်တာ့ ပထမထိုင်ခဲ့ဖူးသည့် တဲလေးကိုပင် သွားထိုင်ကြဖို့ ဆုံးဖြတ်ဖြစ်ကြသည်။

ခြံကျယ်ကြီးထဲက တဲလေးတွေအဖို့ လူဝင်စရာ တစ်ဖက်ကပဲဖွင့်ထားပြီး ကျန်သုံးဖက်က အကာပါသည်။ ကဗျာဆန်ဆန်ရှိလှသော ဆိုင်လေးမို့ သူတို့လိုအတွဲတွေလည်း ထိုင်ကြသလို သူငယ်ချင်းတွေအဖွဲ့တွေလည်း စုံလင်တတ်ကြသည်။ တစ်တဲနှင့်တစ်တဲလည်း အလှမ်းဝေးတော့ ဆူသံညံသံဆိုတာ အတော်ကျယ်လောင်လွန်းမှ ကြားရတတ်သည်။ အခုဝင်လာလေတော့လည်း လူရှင်းနေ၏။ သူတို့နှစ်ယောက်အပြင် အဝင်ကတစ်ဖွဲ့သာ ရှိတာမို့ ထောင့်ဆုံးတဲဆီတွင် စိတ်ချလက်ချ ဘေးချင်ကပ်ထိုင်ဖြစ်ကြသည်။

ခွဲထိုင်ဖြစ်ဖို့ပင် မတွေးမိလောက်အောင်ထိ ခန့်ခန့် လွမ်းနေမိပြီမလား။

"ဘာစားချင်လဲ၊ အတန်းတက်ထားရတော့ ဆာနေရောပေါ့"

"လူကြီးတို့ အလိုက်သိသားပဲ၊ နေဦး ... မှာဖို့လှမ်းခေါ်လိုက်ဦးမယ်"

စားစရာများကိုလည်း ထုံးစံအတိုင်း ခန့်ခန့်ကပင် ဦးဆောင်၍မှာသည်။ ဇေယျာ့အကြိုက်တွေကို သူအလွတ်ရနေရုံသာမက ဘယ်ဆိုင်ရောက်လျှင် ဘာမှာတတ်မှန်းလည်း သိနေလေပြီ။ တစ်ခါတရံလည်း သူကပင်ဦးဆောင်မှာပြီး သူကပဲ အနိုင်ကျင့်တတ်သေးသည်မလား။ Menu ထဲမှ စားစရာများ မှာရန်ဝေခွဲမရလျှင် ချစ်သူခေါင်းစဉ်တပ်ကာ မှာစေသည်။ ပြီးမှသာ သူ့ဟာရော၊ ကိုယ့်ဟာပါ ကြိုက်သလိုနှိုက်စားတတ်တာ ခန့်ခန့်အကျင့်ဖြစ်၏။

"ဒီနေ့လာမှာကို မနက်ကလည်း ကြိုမပြောဘူးနော်"

"အစည်းအဝေးက နေ့လယ်မှ နောက်ရက်ရွှေ့သွားလို့ အချိန်ရတာနဲ့ ကလေးဆီတန်းပြေးလာတာ"

"ဪ"

"ကားပေါ်က စကားကိုဆက်ပါဦး။ မတွေ့တာကြာတော့ ကိုယ့်ကိုလွမ်းနေတာမလား"

ဇေယျာက ခန့်ခန့်ပြောတာ သေချာကြားချင်သည်မို့ ခါးကိုပွေ့ဖက်ရင်း မေးလေသည်။ မျက်လုံးချင်းပါဆုံစေလိုက်တော့ ခန့်ခန့်ဖြေမိသည်က၊

'နည်းနည်း' တဲ့လေ။

"နည်းနည်းကဘာလဲ။ နည်းနည်းဘာဖြစ်တာလဲ၊ သေချာပြောလေ"

စကားကိုဝေ့လည်ကြောင်ပတ်လုပ်ပြီး ဖြေနေသည်မို့ ဇေယျာက ခန့်ခန့်ခါးလေးကို ပို၍တင်းကြပ်စွာ ဖက်လာခဲ့၏။ သည်တော့မှ စိုးရိမ်ဟန်ရှိသော ခန့်ခန့်က လက်ကိုပြန်ဖြေစေရင်း ဖြေရသည်။

"အရမ်းမဖက်နဲ့လေ၊ လူတွေမြင်နေဦးမယ်"

"ကိုယ်တို့က ကျောပေးထားတာကို၊ ဖြေမှာသာဖြေပါ"

ဟုတ်တော့လည်းဟုတ်သည်။ နောက်ဆုံးတဲတွင်ထိုင်ပြီး အဝင်ကိုကျောပေးထားကြသည့် ချစ်သူနှစ်ဦးပင်။

"နည်းနည်းဆိုတာ နည်းနည်းလွမ်းတာ။ နည်းနည်းပဲ ... ဟောဒီလက်ညှိုးထိပ်လေးလောက် တကယ့်နည်းနည်းလေးပဲ"

ခန့်ခန့်က လက်ညှိုးတစ်ဆစ်လေးအား ဇေယျာ့မျက်လုံးရှေ့ ရောက်အောင်ပြရင်း ရယ်ကျဲကျဲနှင့် ဖြေလိုက်တာပင်။ ဘယ်တော့မှ အတည့်မပြောတတ်သည်က သူ့အကျင့်လိုကို ဖြစ်နေတော့တာပင်။

"သိပါတယ်လေ။ ဒါတကယ်တော့ ကလေးစိတ်ထဲမှာ များများလွမ်းနေတာကို ကိုယ်မသိစေချင်လို့ တမင်ဆန့်ကျင်ပြီးပြောတာ"

"Ha Ha! အလာကြီးပါလား။ ရှက်လည်းမရှက်ဘူး"

"မရှက်ပါဘူး၊ နောက်ပြီးတော့ ကျန်သေးတယ်။ လူကိုယ်တိုင်လာတွေ့ရင် ချစ်တယ်လို့ပြောမယ်ဆို၊ ကဲ ခုပြောလို့ရပြီ"

တစ်လမ်းလုံးက စဉ်းစားလာသည်တို့အား ဇေယျာက စီကာစဉ်ကာ အကြွေးတောင်းသလိုတောင်းတော့ ခန့်ခန့်ကလည်း ဈေးဆစ်ဖို့ကြံသည်။

"အခုလား"

"အခုပေါ့၊ ကိုယ့်မှာ မကြားရတာကြာလို့ ချစ်ရောချစ်သေးရဲ့လားလို့ သံသယဖြစ်နေပြီ"

"အာ ... ချစ်ပါတယ်"

ခန့်ခန့်မှာ အထင်မလွဲစေချင်သည့်စိတ်ဖြင့် အမြန်လှည့်ဖြေလိုက်မှ ချစ်သူ၏ခပ်ပြုံးပြုံးမျက်နှာကို မြင်ရလေသည်။ ပြီးနောက် ဝမ်းပမ်းတသာနှင့် ပြောလေသည်က 'ဒါမှဟိန်းဇေယျာကွ' တဲ့လေ။ လူကြီးအဖို့လည်း ချစ်တယ်တစ်ခွန်းကြားရရုံနှင့် ဘောလုံးကွင်းမှာ ခြေစွမ်းပြပြီး ဂိုးသွင်းလိုက်ရသည့်နှယ် ပျော်မြူးတက်ကြွနေတတ်တော့တာပါပဲ။ သူ့ကိုသည်လောက်တောင် ချစ်သတဲ့လား။ တွေးနေရင်းကပင် ရင်ခွင်ထဲဆွဲသွင်းခြင်း ခံလိုက်ရလေပြီ။

"လူညစ်ပတ်ကြီး"

"ကိုယ့်ကို မချစ်တာလည်းမဟုတ်ဘဲနဲ့ ကလေးရယ်။ ဘာလို့ထုတ်ပြောဖို့ ဒီလောက်ခက်ခဲနေရတာလဲ"

ခန့်ခန့်ခမျာ ဖက်ထားသည့်ဇေယျာ့လက်တစ်ဖက်ကို ဆုပ်ကိုင်ထားမိသည်။ ပထမဆုံးအကြိမ် ချိန်းတွေ့တာလည်း မဟုတ်ပါဘဲ သူဘာလို့ရင်တွေခုန်နေရပြန်သနည်း။ နှစ်ကိုယ်ကြား နီးနီးကပ်ကပ် ချစ်စကားပြောရလျှင် သူ့နှလုံးခုန်သံတွေဆိုတာ ပုံမှန်မဟုတ်တော့ချေ။

"လူကြီးက အဲစကားကို ခဏခဏကြားနေရရင် ရိုးသွားမှာပေါ့။ တစ်ခါတလေပဲ ကောင်းပါတယ်"

"အမလေးဗျာ ... မဟုတ်တာကိုတွေးပူပြီး တွန့်တိုနေရတယ်လို့။ မော့ပါဦး၊ ဒီမျက်နှာလေး ကိုယ်ကြည့်ပါရစေဦး"

ခန့်ခန့် ခေါင်းလေးမော့တော့ မေးစေ့ကလေးအား ဇေယျာက ဆွဲယူကြည့်သည်။

"ကလေးကို ကိုယ် နေ့တိုင်းချစ်တယ်လို့ပြောနေတာပဲ၊ ကြားရတာရိုးသွားလား ... ပြော"

"ဟင့်အင်း"

"အဲလိုပဲပေါ့။ ကိုယ်လည်းတစ်သက်လုံး ရိုးသွားမှာ မဟုတ်ဘူး။ အမြဲပဲကြားချင်နေတာ ... မှတ်ထားနော်"

ခန့်ခန့် ခေါင်းတစ်ချက်သာ ညိတ်ပြမိသည်။ သူလည်းပဲ ပိုချစ်ပြဖို့ ကြိုးစားရဦးမှာပါပဲ။ အချစ်ခံရသည်ကို ကိုယ်ကနှစ်သက်သလို၊ တစ်ဖက်ကလည်း အချစ်ခံရပါလားဆိုသည့် ခံစားချက်ကို တိတိပပသိဖို့ ဂရုတစိုက်ရှိပြရဦးမည််မလား။ နှစ်ဦးနှစ်ဖက် ချစ်ခြင်းတချို့ကို ခန့်ခန့် သဘောပေါက်လိုက်ချိန်တွင် ချစ်သူ့ထံမှ ချိုမြိန်သောစကားတစ်ခွန်း ကြားရပြန်ပါ၏။

"အရမ်းချစ်တယ်"

ခပ်တိုးတိုးပြောလာသော ထိုအသံနောက်တွင် သူ့ဆံပင်အကွေးလေးနှစ်ခုကြားက လစ်ဟာနေသည့်နဖူးပြင်ဆီကိုပါ အနမ်းတို့ ကြွေကျဟန်ပြုတော့မည်။ အလိုက်သိသော ခန့်ခန့်က မျက်လွှာကလေး ပိတ်ချလိုက်တာပင်။ ဇေယျာသည်လည်း ချစ်သူကလေး မရုန်းတော့မှန်း သေချာသွားသည့်နောက် ထိုဧရိယာရပ်ဝန်းလေးသို့ ထုံးမွှေးလွန်းလှသည့် အချစ်အနမ်းပန်းများ ဝေဝေဆာဆာ ဖြန့်ကျဲလိုက်တော့သည်။

အနည်းငယ်ရှိန်နေသည့် နေရောင်သည်လည်း သူတို့နှစ်ဦးကို စိတ်အနှောင့်အယှက် မပေးနိုင်တော့။ နှစ်ပတ်ကျော်မျှ တင်းခံနေခဲ့ရသည့် စိတ်ဒုက္ခများမှာလည်း နှစ်ဦးတွေ့သည့် အချိန်ခဏ၌ပင် အဝေးသို့ ကွယ်ပျောက်သွားကြရသည်။

သေချာပါသည်။ သူတို့တစ်ဦးအတွက် တစ်ဦးမရှိလျှင် ဘယ်လိုမှနေနိုင်ကြမည်မဟုတ်။ ဒါမို့ ဇေယျာသည်လည်း ပြဿနာတွေရှိစေဦးတော့ ခန့်ခန့်ကို လက်လွှတ်ဆုံးရှုံးမခံနိုင်တော့ပါချေ။

ညနေညိုလေးမှာဖြင့် အချစ်၏အရိပ်အငွေ့တွေကြောင့် သာယာလှပနေခဲ့လေသည်။

•••••••••••••••••••••••••••••••••••••••••

<Zawgyi>

"ေမေမ မနက္စာ စားရေအာင္ေလ"

အေပၚထပ္ကို လွမ္းေမၽွာ္ၾကည့္ေနသည့္ ေဒၚၾကည္ျပာကို ရြယ္ရြယ္က လွမ္းေခၚလိုက္ျခင္း ျဖစ္သည္။ မိသားစုထမင္းဝိုင္းရယ္လို႔ သတ္သတ္မွတ္မွတ္ မရွိေတာ့ဘဲ တကြဲတျပား စားေသာက္ေနၾကရသည္က ေဒၚၾကည္ျပာ၏ရင္တြင္းခံစားခ်က္ကို ပိုလို႔ႏြမ္းနယ္ေစတာပင္။ လင္ေယာက္်ားျဖစ္သူကိုလည္း စိတ္ေလၽွာ့ဖို႔ေျပာေနရသလို၊ သားျဖစ္သူကိုလည္း လမ္းမွန္ျပန္ေရာက္ဖို႔အေရး ေဖ်ာင္းဖ်ေနရေလတာ ေန႔ရွိသ၍။

"သားႀကီး ဆင္းမလာေသးလို႔ သမီးရဲ့။ သြားေခၚခ်ည္ပါလား၊ သူ႔ေဖလည္း သြားၿပီပဲဟာ"

"ကိုကို မနိုးေလာက္ေသးဘူး ေမေမ။ ညကၿခံထဲမွာ ထိုင္ေနတာအေတာ္ၾကာတယ္၊ ဆင္းသံၾကားလိုက္လို႔ ျပန္တက္လာနိုးနိုးနဲ႔ သမီးနားစြံ႕ေနတာ သန္းေခါင္သာေက်ာ္သြားတယ္ ... ျပန္တက္မလာဘူး။ အဲဒါနဲ႔ သမီးပဲသြားေခၚၿပီး အိပ္ခိုင္းရေသးတယ္"

ထမင္းဆီဆမ္းျပင္ရင္း ေျပာေနေသာသမီးျဖစ္သူစကားေၾကာင့္ ေဒၚၾကည္ျပာ စိတ္ပူသြားသည္။ သည္လိုၿခံထဲထိုင္ၿပီး ညမအိပ္သည့္အျဖစ္မ်ိဳး အရင္ကလည္းၾကဳံဖူးသည္မလား။ ယခုသားေတာ္ေမာင္၏ စိတ္ဓာတ္က်ေနသည့္ပုံစံမွာ အရင္မဂၤလာပြဲပ်က္စဥ္ကကဲ့သို႔ ျဖစ္ေနၿပီမို႔ ရင္ထဲလည္းမေကာင္း ျဖစ္လွသည္။

အိမ္ရွိလူေတြလည္း စကားမေျပာ၊ ေမးမွသာေျဖသည္။ အစားအေသာက္လည္း အခန္းထဲထိ သြားပို႔ရင္ေတာင္ အရာမယြင္းသည္ကမ်ားသည္။ သားျဖစ္သူ အစြဲလမ္းႀကီးတာကို ေဒၚၾကည္ျပာ အသိဆုံးပင္ျဖစ္၏။ ယခုမူလည္း အအိပ္ပ်က္၊ အစားပ်က္ႏွင့္ မိသားစုကိုလည္း စကားရယ္လို႔ ဟက္ဟက္ပက္ပက္မေျပာ။ အေဖျဖစ္သူ၏ ခ်ဳပ္တည္းမွုေတြၾကားတြင္ စိုးရိမ္ေၾကာင့္ၾကေနတာ အသိသာပင္။

"သမီးရယ္ ... ေမေမေတာ့ စိတ္ဆင္းရဲေတာ့တာပဲ။ သားႀကီးဟာ ပညာရွိလ်က္နဲ႔ ဘာလို႔သဘာဝနဲ႔ဆန႔္က်င္တာေတြ လုပ္ေနရတာလဲ၊ နားမလည္နိုင္ေတာ့ဘူး"

ရြယ္ရြယ္ကမူ ထမင္းစားပြဲဆီ ျပန္ထိုင္လာသည့္မိခင္ကို ေဖ်ာင္းဖ်ရေတာ့သည္။

"ေမေမ ဒါကပညာရွိတာ၊ မရွိတာနဲ႔ ဆိုင္တာေတာ့လည္း မဟုတ္ပါဘူး။ သဘာဝကိုလြန္ဆန္မိတာဆိုေပမဲ့ တကယ္ခံစားခ်က္ျဖစ္လာရင္ ေရွာင္လြဲလို႔ရမွာမဟုတ္ဘူး။ ကိုကိုလည္း ဒါကိုခက္ခက္ခဲခဲ လက္ခံခဲ့ရမယ္လို႔ သမီးယုံတယ္"

ရြယ္ရြယ္ ျဖစ္နိုင္ေခ်ရွိသည္ကို စိတ္ရွည္လက္ရွည္ ဆက္ရွင္းျပေတာ့ ေဒၚၾကည္ျပာမွာ ထမင္းဆီဆမ္းပန္းကန္ကို အေၾကာင္းမဲ့ေငးေမာလ်က္။

"ေမေမ စဥ္းစားၾကည့္။ ကိုကိုက သူ႔စိတ္ဒဏ္ရာေၾကာင့္ အနားကပ္လာတဲ့ မိန္းကေလးေတြဆို အေပၚယံဟန္ေဆာင္ေနၾကတယ္လို႔ပဲ ျမင္တယ္။ ပိုက္ဆံမက္တယ္ထင္ရင္ တမင္ကိုေရွာင္ခဲ့တယ္။ သမီးတို႔ကိုယ္ေတြ႕ပဲေလ၊ အိမ္ေထာင္ျပဳေစခ်င္လို႔ ေမေမ မိတ္ဆက္ေပးသမၽွ ကိုကိုကယုံမွမယုံဘဲ"

ေဒၚၾကည္ျပာ နားလည္ဟန္ရွိလာေတာ့ ရြယ္ရြယ္ကို တဖန္ေမာ့ၾကည့္လာျပန္သည္။ ၿပီးေနာက္ ဆံပင္စုစည္းထားေသာ သမီးေခ်ာ၏အေျပာကို ေသခ်ာအာ႐ုံစိုက္ နားေထာင္ေန၏။

"အခု ဒီေကာင္ေလးက်ေတာ့ ကေလးတစ္ေယာက္လို ျဖဴစင္တယ္၊ ခ်စ္စရာေကာင္းတယ္ဆိုတာ ေမေမေရာ၊ သမီးေရာ အျမင္ပဲေလ။ ၿပီးေတာ့ သမီးၾကားသေလာက္ေတာ့ ဟိုကမာနခဲေလးတဲ့ေနာ္။ သူ႔အိမ္ကလည္း အေနအထားတစ္ခုထိရွိေတာ့ ေငြေရးေၾကးေရးကိစၥဆို သူ႔အကန႔္နဲ႔သူေနတာမ်ိဳးတဲ့။ အေနလည္းနီးေတာ့ ကိုကိုက တေျဖးေျဖးနဲ႔ သေဘာက်လာမယ္၊ တျခားမိန္းကေလးေတြထက္စာရင္ သူ႔အေပၚမွာ စစ္မွန္တယ္လို႔ ခံစားလာလိမ့္မယ္။ အဲဒီကေနတစ္ဆင့္ ဒီေကာင္ေလးေပၚမွာ ခ်စ္တဲ့စိတ္ျဖစ္လာတယ္လို႔ သမီးကေတာ့ျမင္တာပဲ"

"အင္း"

သံရွည္ဆြဲကာေျပာေနပုံက နားလည္ပုံရမွန္းေတာ့ ရြယ္ရြယ္ သေဘာေပါက္လိုက္သည္။ သို႔ေသာ္ အေဖျဖစ္သူကို သည္လိုေလသံေအးေအးႏွင့္ ဘယ္လိုရွင္းျပနိုင္ပါမည္လဲ။ ထိုေကာင္ေလးႏွင့္အေၾကာင္းေျပာလၽွင္ ေဒါသကအရင္ေရွ႕ႀကိဳေရာက္ေနေတာ့ ရြယ္ရြယ္အဖို႔ ႏွုတ္ကိုမဟရဲပါေလ။

"သမီးကေတာ့ သေဘာတူတယ္၊ မတူဘူးဆိုတာထက္ ကိုကို႔ကို သနားမိတာပဲ ေမေမရာ။ သူ႔ခမ်ာ ပထမတစ္ခါလည္း မဂၤလာပြဲပ်က္ခဲ့ရၿပီးၿပီ၊ ခုလည္း မိသားစုနဲ႔ ခ်စ္တဲ့သူၾကား ဘယ္ဟာမွလက္မလႊတ္နိုင္ဘူး ျဖစ္ေနတာ။ အလုပ္ကတစ္ဖက္၊ ဒီကိစၥကတစ္ဖက္နဲ႔ ဖိအားေတြမ်ား၊ စိတ္ဆင္းရဲလြန္ၿပီး ကိိုကို လဲသြားမွာေၾကာက္တယ္ ... ေမေမရယ္။ ေဖေဖ့ကိုလည္း ေအးေဆးနားခ်ပါဦး"

"သားႀကီးကိုေတာ့ စိတ္ခ်မ္းသာေစခ်င္ပါတယ္ဟယ္။ ဒါေပမဲ့ သိတဲ့အတိုင္း နင္တို႔အေဖ ေဒါသဂုဏ္မာနအိုးႀကီးနဲ႔ေတာ့ ခက္ေတာ့တာပဲ"

ေဒၚၾကည္ျပာ ဆက္မေျပာနိုင္ေတာ့ဘဲ သက္ျပင္းရွည္ႀကီးသာ ခ်မိေတာ့သည္။ သူမကေတာ့ သားႏွင့္ပတ္သက္၍ အသည္းမမာနိုင္လွေခ်။ ဆယ္ေက်ာ္သက္ေကာင္ေလးကိုမွ မရလၽွင္ ေသလုမတတ္ ဝမ္းနည္းေၾကကြဲမည္ဆိုပါက သေဘာတူေပးလိုက္ခ်င္သည္။ ပတ္ဝန္းက်င္ထက္ သား၏စိတ္ခ်မ္းသာမွုက ပိုအေရးပါသည္မလား။ သို႔ေသာ္ ဖခင္ျဖစ္သူက အျပင္းအထန္ ကန့္ကြက္ေနေတာ့လည္း အခက္သား။ သူသည္လည္း ဖခင္တစ္ေယာက္အေနႏွင့္ တားဆီးတယ္ဆိုတာ သဘာဝက်ေနျပန္ေပသည္။

..........................

စိတ္ဆင္းရဲမွုေတြ ပင္လယ္ေဝေနသည့္ ေဇယ်ာမွာေတာ့ ခါတိုင္းထက္ပင္ အလုပ္ေတြ ပုံက်လာသည္။ ပုံမွန္ဆိုမင္းမင္းႏွင့္သူက ဆိုင္ခြဲေတြ မၽွၿပီးႀကီးၾကပ္ျဖစ္ေသာ္လည္း အခုေတာ့ ဖခင္ျဖစ္သူ၏ညႊန္ၾကားခ်က္အရ မင္းမင္းက သူႏွင့္ထပ္ၾကပ္မကြာ လိုက္ေနရသည္။

ဒါမို႔ အလုပ္ဆိုတာကလည္း ထင္သေလာက္ ခရီးမေရာက္ၾကေပ။ တစ္ခ်ိဳ႕ဆိုင္ခြဲေတြ ပစ္ထားၿပီး ဖုန္းႏွင့္သာ ညႊန္ၾကားနိုင္သည္။ အခ်ိန္ရလၽွင္ရသလို အေရွ႕၊ အေနာက္လားရာမတူသည့္ ဆိုင္ေတြကို ကူးလူးေနရသည္။ အားမရေသာ္ျငား အေျခအေနအရ သည္အတိုင္းသာလုပ္ဖို႔သာရွိ၏။ အေဖျဖစ္သူဆိုတာလည္း သူတို႔ကိုကူဖို႔ ေနေနသာသာ မစေသးသည့္ပေရာဂ်က္အတြက္ပဲ လိုက္ေနရတာအေမာပင္။

"မင္းမင္း အင္တာဗ်ဴးေခၚထားတာေတြက ဘယ္ေန႔လဲ"

"သဘက္ခါမွ အစ္ကို။ အားလုံးကို ၾကည့္ျမင္တိုင္႐ုံးမွာပဲ ေခၚထားတယ္။ ၿပီးမွ ဆိုင္ခြဲေတြျဖန့္္ခ်မယ္။ နယ္ဆိုင္ေတြကိုေရာ ဘယ္လိုလုပ္ခ်င္လဲ အစ္ကို"

"မန္ေနဂ်ာေတြကိုပဲ ေသခ်ာမွာ႐ုံေပါ့ကြာ"

လုပ္ငန္းလိုအပ္ခ်က္အရ အလုပ္သမားဦးေရ တိုးဖို႔ကိစၥေတြက အလ်ဥ္းသင့္သလို လုပ္ေနရသည္မို႔ ေဇယ်ာႏွင့္မင္းမင္းမွာ ေခါင္းခ်င္းဆိုင္ေနၾကလ်က္ပါပဲ။ ေန႔လယ္ခင္းအခ်ိန္မို႔ ညအိပ္ေပ်ာ္မထားသည့္ဒဏ္ေတြက လူကိုႏြမ္းနယ္ေစလာသည္။ အခုတေလာတြင္ ေဇယ်ာ မ်က္ေၾကာေတြ ကိုက္တတ္လာေလၿပီ။ မင္းမင္းကေတာ့ အစ္ကို မ်က္မွန္ပုံမွန္တပ္သင့္သတဲ့။

"ငါ့ေကာင္ႀကီး"

ေဇယ်ာ မ်က္ရိုးကိုက္၍ လက္ညႇိုး၊ လက္မႏွင့္အသာဖိေနခိုက္ ၾကားလိုက္ရေသာ ရဲတင္းသည့္ထိုအသံ။ သူ႔သူငယ္ခ်င္းထက္ျမက္အသံမွန္း ေမာ့မၾကည့္ဘဲ သိလိုက္ပါသည္။

"လာကြာ ... ဘယ္ကလွည့္လာတာလဲ။ ငါလည္း မင္းလာမွပဲေတြ႕ရေတာ့တယ္"

"သိတယ္ေလ။ Gym လည္းမလာ၊ ညလည္းမထြက္နဲ႔ အလုပ္ေတြႀကိဳးစားေနေတာ့ လြမ္းလြန္းလို႔ လာေတြ႕ရတာ"

ထက္ျမက္က ေျပာေျပာဆိုဆိုႏွင့္ စားပြဲေရွ႕က မင္းမင္းခုံေဘးတြင္ ဝင္ထိုင္ေလသည္။ ေဆာက္လုပ္ေရးပစၥည္းဆိုင္က ႐ုံးခန္းမို႔ သိပ္အက်ယ္ႀကီးေတာ့ မဟုတ္ပါေပ။ အေပၚထပ္က ဝန္ထမ္းေတြေနရာမွာ ပစၥည္းထားစရာေတြထက္ ပိုက်ဥ္းေကာင္းက်ဥ္းေနလိမ့္မည္ပင္။

"မင္းမင္း ... ထက္ျမက္အတြက္ တစ္ခုခုေလးလုပ္ပါဦးကြာ"

"ဟုတ္ အစ္ကို"

ေဇယ်ာ မင္းမင္းကို တမင္ပထုတ္လိုက္တာျဖစ္သည္။ ဖခင္ျဖစ္သူကို ျပန္မေျပာမွာ ယုံၾကည္ရေသာ္လည္း ခံစားရသမၽွ သူငယ္ခ်င္းကို လြတ္လြတ္လပ္လပ္ ေျပာခ်င္မိတာမို႔ပင္။ မင္းမင္းထြက္သြားေတာ့မွ ထက္ျမက္က အရိပ္အကဲသိစြာ တိုးတိုးေမးလာေလၿပီ။

"မင္း အေျခအေန ဘယ္လိုလဲ၊ လွုပ္မရဘူးလား"

"Gym ေတာင္ မလာနိုင္တာၾကည့္ကြာ။ အေျခအေန ဘယ္လိုလဲဆိုတာကေတာ့ ခုခ်ိန္မွာ ဘာမွမဆုံးျဖတ္နိုင္ေသးဘူး။ မင္းသိပါတယ္ ... ငါ ႏွစ္ဖက္လုံးကို လက္မလႊတ္နိုင္ဘူး။ အဲဒါမို႔ လူႀကီးေတြ လက္ခံလာေအာင္လုပ္ဖို႔ပဲ စဥ္းစားေနတယ္"

"ေအးေပါ့ ... ဒါပဲရွိတာ။ ခုအေၾကာင္းေရာ မင္းကေလးသိသြားၿပီလား"

စိတ္ေမာစရာအေၾကာင္းေတြမို႔ ေဇယ်ာတစ္ေယာက္ ထိုင္ခုံေနာက္မွီေပၚလွန္ခ်ရင္း မ်က္ႏွာကိုပြတ္သပ္လိုက္မိသည္။

"သူ႔ကိုပါ စိတ္မဆင္းရဲေစခ်င္ဘူးကြာ။ ၿပီးေတာ့ ေနာက္လထဲဆို သူကစာေမးပြဲေျဖရေတာ့မွာ၊ ငါေျပာျဖစ္မယ္ဆိုရင္ေတာင္ အဲဒါၿပီးမွပဲ ေျပာေတာ့မယ္၊ သူ စာေကာင္းေကာင္းက်က္ပါေစ"

တကၠသိုလ္ေက်ာင္းသားငယ္ငယ္ကို ရည္းစားေတာ္ထားရသည့္ သူငယ္ခ်င္းအျဖစ္ကိုၾကည့္၍ ထက္ျမက္သည္လည္း စိတ္မေကာင္းလွေပ။ နဂိုကႏွင့္မတူဘဲ သုန္မွုန္ေနပုံက စိတ္ဆင္းရဲမွုကို အထင္းသားျမင္ေနရေစသည္။

"အဲကေလးက မင္းအေျခအေနၾကည့္ၿပီး မရိပ္မိဘူးလား။ ခုေတာင္ ႐ုပ္ကသုန္မွုန္ၿပီး ငါ့ထက္အေတာ္အိုစာေနတာ"

"ေခြးေကာင္! လူကညစ္ေနတာေနာ္။ သူနဲ႔မေတြ႕ရတာ ၂ပတ္ေက်ာ္ေနၿပီဟ။ အေဖက မင္းမင္းကိုငါ့နားထားၿပီး ေထာက္လွမ္းေနလို႔ ၾကာၾကာထြက္ကိုမရဘူး"

ေဇယ်ာ စုတ္တစ္ခ်က္သပ္ရင္း ေျပာလိုက္၏။

"‌မင္းမင္းက နားလည္မွာပါကြ"

"သူကေတာ့ ငါမေျပာနဲ႔ဆို မေျပာေလာက္ပါဘူး။ ဒါေပမဲ့ အေဖကလည္း ေရာက္ေရာက္လာတတ္ေတာ့ သူ႔ကို ၾကားမညပ္ေစခ်င္လို႔"

ထိုစဥ္ မင္းမင္းက ေကာ္ဖီခြက္ႏွင့္မုန႔္ကိုင္ကာ ျပန္ဝင္လာၿပီမို႔ ေဇယ်ာႏွင့္ထက္ျမက္လည္း ေျပာလက္စျပတ္ကာ အနည္းငယ္စကားရွဲသြားသည္။

"ေကာ္ဖီယူလာတာပဲ၊ မင္းေသာက္ဦး။ ငါေတာ့ ခုနကမွ တစ္ခြက္ကုန္ထားတာ"

"ေအးပါ"

ထက္ျမက္က ေကာ္ဖီခြက္ဆီ လက္လွမ္းေနခိုက္ မထင္မွတ္ဘဲ မင္းမင္းဆီက အသံထြက္လာေလသည္။ ေျပာလိုက္သည့္စကားေၾကာင့္ ေဇယ်ာေရာ၊ ထက္ျမက္ပါ အံ့အားသင့္ေနၾကတာပင္။

"ဟို အစ္ကိုတို႔ေျပာေနၾကတာ တမင္နားေထာင္တာေတာ့ မဟုတ္ပါဘူး။ ကၽြန္ေတာ္ ဒီတိုင္းဝင္လာမယ္လုပ္ရင္း ၾကားလိုက္လို႔၊ တကယ္လို႔ အစ္ကို သြားစရာရွိရင္ သြားလို႔ရပါတယ္။ အန္ကယ္က ညေနေဂါ့ဖ္သြားရိုက္မယ္လို႔ ခုနကပဲဖုန္းဆက္ရင္း ေျပာတယ္ဗ်။ ထပ္ဖုန္းဆက္ရင္လည္း ကၽြန္ေတာ္ ၾကည့္ေျဖထားလို႔ရပါတယ္။ ညေနအိမ္ျပန္ေရာက္ခ်ိန္ပဲ အဓိကဆိုေတာ့.."

မရဲတရဲရပ္ေျပာေနသည့္ မင္းမင္းစကားတို႔ေၾကာင့္ ေဇယ်ာ့မ်က္လုံးအစုံတို႔ အေရာင္လက္သြားေခ်ၿပီ။ ဒါအံ့အားသင့္တာထက္ ပိုစရာပဲမလား။

"ဟင္း ... ႐ုပ္ကခ်က္ခ်င္းေနာ္"

ထက္ျမက္ သူ႔ကိုစလည္းစခ်င္စရာ။ ျပန္လည္းဆဲမေနေတာ့သလို အခ်ိန္ရွိခိုက္ အသင့္ရွိေသာဖုန္းႏွင့္ ကားေသာ့ကိုယူကာ အျပင္ေျပးဖို႔ျပင္ေတာ့၏။

"အဲဒါဆိုငါသြားႏွင့္ၿပီ ထက္ျမက္။ မင္းမင္း ေက်းဇူးကြာ"

"ဟ ... ဧည့္သည္ကိုထားၿပီး ဘယ္တုန္း"

"ကေလးေက်ာင္းႀကိဳ"

ေကာ္ဖီငုံၿပီးခါစ ထက္ျမက္ခမ်ာ မသီးေအာင္ပင္ ထိန္းသိမ္းရယ္လိုက္ရေတာ့သည္။ မင္းမင္းသည္လည္း သူ႔အစ္ကိုကို သည္လိုနည္းႏွင့္ ကူညီခြင့္ရသည္မို႔ ေက်နပ္စြာျပဳံးရင္း က်န္ေနခဲ့၏။

အခ်ိန္ရတာႏွင့္ အေလာတႀကီးထြက္လာခဲ့ေသာ ေဇယ်ာမွာ ကြန္ပ်ဴတာတကၠသိုလ္သြားရာ လမ္းတစ္ေလၽွာက္လုံး ခန့္္ခန႔္ကို ဖုန္းေခၚေနခဲ့သည္။ သို႔ေသာ္ ႀကိဳမေျပာထား၍ထင္သည္၊ ဖုန္းမကိုင္ပါေပ။ အခ်ိန္မွာလည္ ေန႔လယ္သုံးနာရီပင္ မထိုးေသးတာမို႔ စာသင္ေနေလာက္မည္ပင္။ ဒါမို႔ ေက်ာင္းေရွ႕ထိသာ ေရာက္ေအာင္အေျပးေမာင္းခဲ့ၿပီး သစ္ပင္ရိပ္တြင္သာ ကားရပ္ၿပီးေစာင့္ေနလိုက္သည္။

ကြန္ပ်ဴတာတကၠသိုလ္ဝန္းက်င္မွာ အပင္ႀကီးနည္းပါးတာမို႔ လင္းထင္းလ်က္ရွိသည္။ ေက်ာင္းေတာ္ႀကီးမွာ ေနေရာင္ေအာက္တြင္ ဝါတလြင့္လြင့္။ သည္လိုေနပူျပင္းခ်ိန္ဆို အထဲကေက်ာင္းသားေတြ အေတာ္မ်ားပူအိုက္ေနၾကမလားမသိ။ ေက်ာင္းသားအားလုံးကို စိုးရိမ္တာထက္ ခန႔္ခန႔္အတြက္ စိုးရိမ္တာျဖစ္သည္ဆိုလၽွင္ ပိုမွန္လိမ့္မည္ပင္။

ေဇယ်ာေရာက္ၿပီး သိပ္မၾကာလိုက္၊ ေက်ာင္းသားမ်ား တစ္စတစ္စႏွင့္ ထြက္လာၾကသည္။ အတန္းခ်ိန္ေတြမတူတာမို႔ ငယ္ငယ္က ကေလးေတြေက်ာင္းဆင္းသလို တအုန္းအုန္းရယ္လည္း မဟုတ္။ သူ႔အုပ္စုႏွင့္သူ စကားတေျပာေျပာ၊ ထီးေလးေတြႏွင့္ ထြက္လာၾကတာမ်ိဳးျဖစ္သည္။

သို႔ေသာ္ အျဖဴႏွင့္စိမ္းျပာေရာင္ ဆင္တူေက်ာင္းဝတ္စုံေတြ ေရာေထြးေနတာမို႔ ခန႔္ခန႔္ပါလာလၽွင္ေတာင္ ေဇယ်ာတစ္ေယာက္ သဲသဲကြဲကြဲမျမင္နိုင္ပါေပ။ ခ်စ္သူကို ေတြ႕ကလည္းေတြ႕ခ်င္လွၿပီမို႔ ကားထဲက ေစာင့္မေနနိုင္ေတာ့ဘဲ ေအာက္ဆင္းၿပီးသာ ရပ္ေစာင့္ေနမိေတာ့သည္။ သူ႔ကေလးမ်ား ပါလာမလားဆိုသည့္စိတ္ႏွင့္ ေဇယ်ာ့ခမ်ာ ေခါင္းတေမၽွာ္ေမၽွာ္ႏွင့္။ သူ႔အျဖစ္က မူလတန္းကေလးကို စိတ္မခ်၍ လာႀကိဳသည့္ ကေလးအေဖတစ္ေယာက္ႏွယ္။

သို႔ေသာ္ အေတာ္ၾကာသည္အထိ ထြက္လာသည့္ေက်ာင္းသားေတြၾကား ခန႔္ခန႔္ကို မေတြ႕ရေသးပါေပ။ တခ်ိဳ႕ေကာင္မေလးေတြကသာ သူ႔ကို ျပဳံးစိစိႏွင့္ ၾကည့္သြားတတ္ၾကသည္။ ေက်ာင္းေရွ႕တြင္လည္း အျပင္လူဆို၍ နည္းတာမို႔လားမေျပာတတ္။ ေခ်ာတယ္ေနာ္ဆိုၿပီး တိုးတိုးေျပာေနသံေတြ ၾကားရျပန္ေတာ့ ေဇယ်ာ သိပ္မေနတတ္ေတာ့ေပ။

သူကိုယ္တိုင္လည္း ေက်ာင္းဆင္းလာသည့္ ဆယ္ေက်ာ္သက္ေလးေတြၾကား အေတာ္ထင္းလင္းေနမွန္း မသိရိုးအမွန္ပါေခ်။

...................

တကၠသိုလ္ေရာက္သည္ထိ မပါမျဖစ္ေသာ သခ်ာ္ဘာသာရပ္က တျဖည္းျဖည္း အဆင္ျမင့္လို႔လာသည္။ ငယ္ငယ္က ေပါင္းႏွုတ္ေျမႇာက္စားကို အေျခတည္၍ သင္ခဲ့ရေသာမရိုးနိုင္ေသာ ပုစၧာမ်ားသည္ အခုထိလည္း မကုန္နိုင္ေသးေပ။ ခန႔္ခန႔္တစ္ေယာက္ တီခ်ယ္ႀကီး Tutorial အျဖစ္ေမးထားေသာ ပုစၧာသုံးပုဒ္ကို တြက္မဆုံးရွိလွသည္။

တစ္ပုဒ္ႏွစ္မ်က္ႏွာရွိ၍ ေနာက္ဆုံးအပုဒ္ ေျခာက္ရြက္ေျမာက္တြင္ လူကအေတာ္ဗိုက္ဆာေနေခ်ၿပီ။ ေနရွိန္ကလည္း ျပင္းေလေတာ့ လူကလည္း အိုက္စပ္စပ္ႏွင့္။ အေပၚတြင္ တဝီးဝီးလည္ေနေသာ ဒလက္သုံးလက္ပါ ပန္ကာႏွစ္ခုမွာ တစ္တန္းလုံးေအးျမဖို႔အေရး မစြမ္းေဆာင္နိုင္ေခ်။ ထိုအခိုက္ အတန္းေရွ႕မွ ျဖတ္ေလၽွာက္ကာ ကိုးရိုးကားယားလုပ္ေနေလေသာ ခန႔္ကိုတစ္ေယာက္။

လက္ကိုလွုပ္လွုပ္ခတ္က ေခၚေနပုံက သူ႔ကိုအတန္းျပင္ထြက္ေစခ်င္ပုံ ရသည္။ ခန႔္ခန႔္အဖို႔ ပုစၧာလည္းအေျဖထြက္ေနၿပီမို႔ တီခ်ယ္ႀကီးဆီ စာရြက္ထပ္ခဲ့ရ၏။ ၿပီးေနာက္ ခုံတန္းေထာင့္တြင္ပုံထားရေသာ လြယ္အိတ္ကိုယူရင္း ခန႔္ကိုကို မ်က္ေစာင္းခဲၾကည့္လိုက္ေသးသည္။ အခန္္းတစ္ခန္းျခားတာကို ပ်ာယာခတ္ၿပီး လာေခၚေနသည့္ေကာင္။

"ဘာလဲကြာ။ မင္းေခၚတာနဲ႔ ငါေသခ်ာေတာင္ မစစ္လိုက္ရဘူး။ မွားရင္ ေဒၚခင္ေလးျမင့္က ေအာ္တတ္ပါဘိနဲ႔"

အခန္းျပင္ေရာက္သည္ႏွင့္ ခန့္ခန့္က ျငဴစူကာဆဲေတာ့ သူ႔လည္ဂုတ္ကိုကိုင္ၿပီး B ခန္းေရွ႕ထိေရာက္ေအာင္ ဆြဲေခၚသည္။ B ခန္းကား ဆင္းၿပီေလၿပီ၊ ဒါမို႔ေဒၚခင္ေလးျမင့္ အဆူမခံရေအာင္ ဆြဲေခၚျခင္းျဖစ္မည္ထင္၏။ ေရွ႕ဆက္သြားလၽွင္ေတာ့ ေလွကားႏွင့္ C ခန္း၊ D ခန္းသာရွိေတာ့သည္။ ဝရန္တာတြင္ေတာ့ ေက်ာင္းသားေတြ အစုအ႐ုန္းလိုက္ ရွိေနၾကဆဲပါပဲ။

"ဘာလဲမေနနဲ႔ ဒီမွာၾကည့္ဦး။ Girls group ကတင္ထားတာ မင္းလူႀကီးမလား"

ခန့္ကိုက ကပ်ာကယာႏွင့္ ဖုန္းထိုးေပးေတာ့ အမွန္တကယ္ပဲ သူ႔ခ်စ္သူဟုတ္ေနသည္။ အေတာ္ဆိုးသည့္ ေက်ာင္းကေကာင္မေလးေတြ။ ေယာက်္ားေခ်ာေခ်ာျမင္တာႏွင့္ ဓာတ္ပုံရိုက္ကာ တင္ပစ္လိုက္ၾကသည္ခ်ည္း။ အခုလည္း ၾကည့္လိုက္ေလေတာ့ ေက်ာင္းေရွ႕ကလမ္းေဘးတြင္ Mercedes-Benz အျဖဴႏွင့္ ရပ္ေစာင့္ေနသည့္ သူ႔လူႀကီး။

"ဟာကြာ!"

လာျပသည့္သူငယ္ခ်င္းပင္ ဘာမွမေျပာခဲ့နိုင္။ ခန့္ခန့္ ေလွကားမွဆင္းကာ ေက်ာင္းေရွ႕ဆီသုတ္ေျခတင္ ေျပးရေတာ့၏။ မေတြ႕တာၾကာ၍ ေတြ႕ခ်င္သည္ကတစ္ေၾကာင္း၊ သဝန္တိုလြန္း၍ ေက်ာင္းကေကာင္မေလးေတြ မျမင္ေစခ်င္သည္က တစ္ေၾကာင္းႏွင့္ ခလုတ္တိုက္မွာပင္ ဂ႐ုမစိုက္နိုင္ေတာ့။

အေတြးထဲတြင္ေတာ့ ေက်ာင္းလာႀကိဳမယ္ဆိုလည္း ဖုန္းႀကိဳဆက္ဖို႔ေကာင္းသည္မလားဟု ျပစ္တင္မဆုံးရွိလွသည္။ အခုေတာ့ ေက်ာင္းကေကာင္မေလးေတြျမင္ၿပီး pageတြင္ တင္သည္ထိျဖစ္လာမွ သူ႔ခမ်ာသိရသည့္ဘဝ။

ခန့္ခန့္ ေက်ာင္းေရွ႕ေရာက္လၽွင္ ရပ္ေစာင့္ေနသည့္ သူ႔အပိုင္လူႀကီးအား ေတြ႕လိုက္ရေလၿပီ။ 'ဒီကားေတာ့ လိုက္မစီးနိုင္ဘူး' ဟု ခန့္ခန့္ ေျပာခဲ့မိစဥ္က ေျပာင္းလိုက္သည့္ Mercedes-Benz အျဖဴ၊ ၿပီးလၽွင္ ကားေဘးကရပ္ၿပီး ေက်ာင္းဖက္ဆီေမၽွာ္ၾကည့္ေနသည့္ လူႀကီး။

အေဝးကၾကည့္႐ုံႏွင့္တင္ ခ်စ္သူ၏ေယာက်္ားပီသသည့္ ခႏၶာကိုယ္ အသြင္အျပင္တို႔မွာ ထင္းလင္းေနသည္။ ရွပ္အကၤ်ီလက္တို စိမ္းညိဳ႕ေရာင္ႏွင့္ ေဘာင္းဘီအျဖဴကို ရိုးရိုးရွင္းရွင္းဝတ္ထားသည္က ေက်ာ့ရွင္းၿပီး ေခ်ာေမာေနသည္။ သူကိုယ္တိုင္ ဘယ္လိုလိုက္ဖက္ေအာင္၊ ဘယ္လိုခန႔္ညားေအာင္ဝတ္ဖို႔ေတြ ေျပာခဲ့ေသာျငား တျခားသူေတြအာ႐ုံစိုက္မိသည္ထိ ေခ်ာေမာေနတာမ်ိဳးေတာ့ မျဖစ္ေစခ်င္ေပ။ ဒါသည္ပဲ အတၱႀကီးသည္ေခၚမလား။

"လူႀကီး"

"ျဖည္းျဖည္းလာပါဗ်ာ။ ေျပးေနတာနဲ႔ လဲပါဦးမယ္"

ခ်စ္သူေျပာလည္း ေျပာခ်င္စရာပင္။ ခန့္ခန့္ အတန္းေရွ႕ကေန ကားဆီေရာက္သည္ထိ မရပ္မနားဘဲ အေမာတေကာေျပးလာေတာ့ လူကေဟာဟဲလိုက္ေနတာမ်ား အသက္ရွုသံပင္ ပုံမမွန္ေတာ့။ သို႔ေသာ္ မေတြ႕ရတာၾကာၿပီျဖစ္သည့္ ခ်စ္သူကို ပိုလို႔ဂ႐ုတစိုက္ျဖစ္ေနမိသည္။

"လူႀကီးက ဘယ္လိုေရာက္လာတာလဲ။ အဲဒါေနဦး အခု ကားထဲဝင္ေတာ့၊ တက္ ... တက္"

ေဘးမွာေက်ာင္းသားတခ်ိဳ႕ ၾကည့္ေနၾကသည္မို႔ ခန့္ခန့္ ေဇယ်ာ့ကို ကားထဲအတင္းထိုးထည့္သည္။ ၿပီးမွသူလည္းတစ္ဖက္တြင္ အေျပးဝင္ထိုင္ရေလ၏။ ႏွစ္ဦးသားေနရာက်သြားမွပဲ သက္ျပင္းခ်နိုင္ေတာ့တာပင္။ ကားထဲေရာက္မွ ထူးဆန္းေနေလတာ မေတြ႕ရသည့္အေတာအတြင္း ကားမွန္စတစ္ကာအမည္းေတြ တပ္ထားေသးသည္။

"ဟူး ေမာလိုက္တာ"

ေရာက္ေရာက္ခ်င္း အေမာေျဖကာ သက္ျပင္းခ်လာေသာ ခန့္ခန့္အား ေဇယ်ာ အံ့ဩတႀကီးၾကည့္ေနရသည္။ ဖုန္းလည္းျပန္မဆက္ဘဲ ေျပးလာေလျခင္းမလား။

ခန႔္ခန႔္၏နဖူးစပ္ ဆံစေတြေအာက္တြင္ ေခၽြးစို႔လ်က္ရွိၿပီး ခပ္ေဖြးေဖြးအသားအရည္က ရဲလာေခ်သည္။ ဒါမို႔ ယူနီေဖာင္းအကၤ်ီ လက္ရွည္အျဖဴ၏ အေပၚၾကယ္သီးႏွစ္လုံးအား ခ်က္ခ်င္းျဖဳတ္ခ်လိုက္ေလသည္။ ၿပီးမွသာ အဲကြန္းအေပါက္ကလာသည့္ ေလတျဖဴးျဖဴးအား ရေအာင္ခံေနရေလ၏။ ေျခသလုံးေတြလည္း အိုက္စပ္လာတာမို႔ စိမ္းျပာေရာင္ပုဆိုးစကိုပါ ဒူးနားထိတင္လိုက္ရေသးတာပင္။

သူ႔ထိုင္ေနပုံကို ေဇယ်ာ ေခါင္းအစေျခအဆုံးၾကည့္ကာ သေဘာက်လ်က္ရွိသည္။ ၿပီးမွ ခန့္ခန့္ကို ေရတိုက္ဖို႔ သတိရေတာ့တာျဖစ္၏။

"ေရာ့ ... ေရေသာက္လိုက္ဦး"

"ဟုတ္"

ေရသီးေလးေတြ ထေနၿပီျဖစ္ေသာေရဗူးက အေအးဓာတ္လက္က်န္ေလးေတာ့ ရွိေသးသည္။ ႀကိဳႀကိဳတင္တင္ ေဆာင္လာတတ္ေသာ ခ်စ္သူေၾကာင့္လည္း ခန႔္ခန႔္ သည္လိုအေမာေျပရတာျဖစ္၏။ သူဆိုလၽွင္ အျမဲပ်ာယာခတ္ေနတတ္တာမို႔ ေရဆာလည္း ေအးေအးေသာက္ခ်င္မွ ေသာက္ရတတ္သည္။ 

"ျဖည္းျဖည္း ... ျဖည္းျဖည္း"

"အား .... ခုမွပဲ အေမာေျပေတာ့တယ္"

ႏွုတ္ခမ္းစပ္မွ ေပပြသြားသည့္ေရစတို႔အား လက္ခုံတစ္ဖက္ျဖင့္သပ္ရင္း ေရဗူးအားကမ္းေပးလိုက္သည္။ ေရဗူးအဖုံးကိုပါ ဖြင့္ေပးတတ္ေသာခ်စ္သူမို႔ သူ ျပန္ပိတ္စရာလည္း မလိုပါေပ။

"ဖုန္းဆက္တာလည္း မကိုင္ဘဲနဲ႔ ကိုယ္ေရာက္ေနမွန္း ဘယ္လိုသိလို႔ေျပးလာရတာလဲ"

"ဖုန္းဆက္ေသးတယ္လား။ ဒါဆိုခုနက Tutorial ေျဖေနတုန္းျဖစ္မယ္။ ဘယ္လိုသိသလဲဆိုေတာ့ Girls group က လူႀကီးပုံကိုတင္လိုက္ၾကတယ္ေလ။ အဲဒါျမင္ေတာ့ ခုလိုအေမာတေကာ ေျပးလာရေတာ့တာေပါ့။ ေနပါဦး ... ခင္ဗ်ားႀကီးက ဒီေလာက္ကိုယ့္ေရွ႕ကေန ဓာတ္ပုံရိုက္သြားတာကို မသိဘူးလား"

ပုဆိုးစကို ဒူးအထိဆြဲတင္ထားေသာ ခန့္ခန့္က သူ႔လက္သီးဆုပ္ေလးႏွင့္ ေဇယ်ာ့ဗိုက္ကို ခပ္ဖြဖြထိုးေတာ့သည္။

"အား ... ကိုယ္မသိဘူး ကေလးရ။ Uniform ေတြနဲ႔ အမ်ားႀကီးဆိုေတာ့ ကေလးထြက္လာၿပီလားပဲ ရွာေနတာေလ။ ေသခ်ာၾကည့္ရတာ မ်က္လုံးေတာင္ဝါးတယ္"

"မေျပာခ်င္ဘူးေနာ္၊ ကားေဘးထြက္ရပ္ၿပီး ေစာ္ရွိုးခံေနတာမလား"

ခန့္ခန့္က မေက်နပ္နိုင္ေသးဘဲ အၾကည့္တစ္ခ်က္ ခဲလိုက္၏။

"မဟုတ္တာကြာ၊ ကိုယ္အဲလိုစိတ္မရွိတာ ကေလးသိသားနဲ႔။ ဒါနဲ႔ Girls group ဆိုတာဘာႀကီးလဲ၊ ကိုယ့္ပုံကို ဘာလို႔တင္ရတာလဲ"

"ေက်ာင္းက ေကာင္မေလးေတြေထာင္ထားတဲ့ page ေလ။ အဲလိုပဲ ေက်ာင္းကေခ်ာတဲ့ေကာင္ေတြဆို ေလၽွာက္ရိုက္ၿပီးတင္ၾကတဲ့အဖြဲ႕"

"ဪ"

ေဇယ်ာတစ္ေယာက္ တကယ္လည္း ဓာတ္ပုံရိုက္သြားမွန္းမသိလိုက္ေပ။ သူ မ်က္ေခ်မျပတ္ ၾကည့္ေနခဲ့သည္က ေက်ာင္းေပါက္ပင္။ ဒါမို႔ ေဘးျဖတ္သြားသည္မ်ားကို သိပ္အာ႐ုံမထားလိုက္မိျခင္း။

"ျပန္ရေအာင္၊ ဒီေရွ႕မွာ ၾကာၾကာမေနနဲ႔ေတာ့"

"အိမ္တန္းျပန္ရေတာ့မွာလား။ တစ္ေနရာရာ ခဏထိုင္ခ်င္ေသးတယ္။ ကေလးနဲ႔ဟိုတစ္ခါထိုင္တဲ့ဆိုင္မွာ ေအးေဆးစကားေျပာလို႔ရလား"

ခန့္ခန့္ ခဏစဥ္းစားလိုက္ၿပီး၊

"အင္း ရပါတယ္။ ဒီခ်ိန္က စေကာစကအခ်ိန္ဆိုေတာ့ လူလည္းရွင္းမွာပါ"

"အိုေခဗ်ာ၊ ခါးပတ္္ပတ္ေတာ့"

မျမင္တာၾကာၿပီျဖစ္သည့္ သူ႔ခ်စ္သူလူႀကီးမွာ အျပဳံးတို႔ျဖင့္ ထိုဆိုင္ေလးဆီသို႔ ဦးတည္ေမာင္းေတာ့သည္။ ဖုန္းမ်က္ႏွာျပင္ေပၚမွမဟုတ္ဘဲ တစ္ကားထဲထိုင္စီးရင္း အနီးကပ္ၾကည့္ေတာ့မွ ပိုပိန္သြားသည္ကို သတိထားမိလိုက္သည္။ မ်က္တြင္းက်ေနတာလည္း မသိမသာဆိုေပမဲ့ ခန႔္ခန႔္ကေတာ့ အတပ္သိေနသည္။ ခႏၶာကိုယ္က သိပ္ပုံမေျပာင္းေသာ္လည္း မ်က္ႏွာကေတာ့ အေတာ္ေခ်ာင္သြားေလသည္။

"အလုပ္ေတြ အရမ္းလုပ္ေနရတာလား"

"လြမ္းေနၿပီမို႔လား၊ ကိုယ့္ဆီကေန အၾကည့္မလႊဲေတာ့ဘူး"

သူ႔ပါးတစ္ဖက္ကို ဖ်စ္ညႇစ္ကာ ထိုစကားဆိုေတာ့ ခန႔္ခန႔္ ရွက္ရွက္ႏွင့္ 'ေဝးပါေသး' ဟုေျပာကာ ေရွ႕အတည့္ျပန္လွည့္ထိုင္လိုက္သည္။ ခဏၾကာေတာ့ ထိုၿခံႀကီးႏွင့္ဆိုင္သို႔ ေရာက္ေလၿပီ။ အထဲဝင္ၿပီး ကားရပ္ၿပီးခ်ိန္တြင္တာ့ ပထမထိုင္ခဲ့ဖူးသည့္ တဲေလးကိုပင္ သြားထိုင္ၾကဖို႔ ဆုံးျဖတ္ျဖစ္ၾကသည္။

ၿခံက်ယ္ႀကီးထဲက တဲေလးေတြအဖို႔ လူဝင္စရာ တစ္ဖက္ကပဲဖြင့္ထားၿပီး က်န္သုံးဖက္က အကာပါသည္။ ကဗ်ာဆန္ဆန္ရွိလွေသာ ဆိုင္ေလးမို႔ သူတို႔လိုအတြဲေတြလည္း ထိုင္ၾကသလို သူငယ္ခ်င္းေတြအဖြဲ႕ေတြလည္း စုံလင္တတ္ၾကသည္။ တစ္တဲႏွင့္တစ္တဲလည္း အလွမ္းေဝးေတာ့ ဆူသံညံသံဆိုတာ အေတာ္က်ယ္ေလာင္လြန္းမွ ၾကားရတတ္သည္။ အခုဝင္လာေလေတာ့လည္း လူရွင္းေန၏။ သူတို႔ႏွစ္ေယာက္အျပင္ အဝင္ကတစ္ဖြဲ႕သာ ရွိတာမို႔ ေထာင့္ဆုံးတဲဆီတြင္ စိတ္ခ်လက္ခ် ေဘးခ်င္ကပ္ထိုင္ျဖစ္ၾကသည္။

ခြဲထိုင္ျဖစ္ဖို႔ပင္ မေတြးမိေလာက္ေအာင္ထိ ခန႔္ခန႔္ လြမ္းေနမိၿပီမလား။

"ဘာစားခ်င္လဲ၊ အတန္းတက္ထားရေတာ့ ဆာေနေရာေပါ့"

"လူႀကီးတို႔ အလိုက္သိသားပဲ၊ ေနဦး ... မွာဖို႔လွမ္းေခၚလိုက္ဦးမယ္"

စားစရာမ်ားကိုလည္း ထုံးစံအတိုင္း ခန့္ခန့္ကပင္ ဦးေဆာင္၍မွာသည္။ ေဇယ်ာ့အႀကိဳက္ေတြကို သူအလြတ္ရေန႐ုံသာမက ဘယ္ဆိုင္ေရာက္လၽွင္ ဘာမွာတတ္မွန္းလည္း သိေနေလၿပီ။ တစ္ခါတရံလည္း သူကပင္ဦးေဆာင္မွာၿပီး သူကပဲ အနိုင္က်င့္တတ္ေသးသည္မလား။ Menu ထဲမွ စားစရာမ်ား မွာရန္ေဝခြဲမရလၽွင္ ခ်စ္သူေခါင္းစဥ္တပ္ကာ မွာေစသည္။ ၿပီးမွသာ သူ႔ဟာေရာ၊ ကိုယ့္ဟာပါ ႀကိဳက္သလိုႏွိုက္စားတတ္တာ ခန႔္ခန႔္အက်င့္ျဖစ္၏။

"ဒီေန႔လာမွာကို မနက္ကလည္း ႀကိဳမေျပာဘူးေနာ္"

"အစည္းအေဝးက ေန႔လယ္မွ ေနာက္ရက္ေရႊ႕သြားလို႔ အခ်ိန္ရတာနဲ႔ ကေလးဆီတန္းေျပးလာတာ"

"ဪ"

"ကားေပၚက စကားကိုဆက္ပါဦး။ မေတြ႕တာၾကာေတာ့ ကိုယ့္ကိုလြမ္းေနတာမလား"

ေဇယ်ာက ခန့္ခန့္ေျပာတာ ေသခ်ာၾကားခ်င္သည္မို႔ ခါးကိုေပြ႕ဖက္ရင္း ေမးေလသည္။ မ်က္လုံးခ်င္းပါဆုံေစလိုက္ေတာ့ ခန႔္ခန႔္ေျဖမိသည္က၊

'နည္းနည္း' တဲ့ေလ။

"နည္းနည္းကဘာလဲ။ နည္းနည္းဘာျဖစ္တာလဲ၊ ေသခ်ာေျပာေလ"

စကားကိုေဝ့လည္ေၾကာင္ပတ္လုပ္ၿပီး ေျဖေနသည္မို႔ ေဇယ်ာက ခန့္ခန့္ခါးေလးကို ပို၍တင္းၾကပ္စြာ ဖက္လာခဲ့၏။ သည္ေတာ့မွ စိုးရိမ္ဟန္ရွိေသာ ခန႔္ခန႔္က လက္ကိုျပန္ေျဖေစရင္း ေျဖရသည္။

"အရမ္းမဖက္နဲ႔ေလ၊ လူေတြျမင္ေနဦးမယ္"

"ကိုယ္တို႔က ေက်ာေပးထားတာကို၊ ေျဖမွာသာေျဖပါ"

ဟုတ္ေတာ့လည္းဟုတ္သည္။ ေနာက္ဆုံးတဲတြင္ထိုင္ၿပီး အဝင္ကိုေက်ာေပးထားၾကသည့္ ခ်စ္သူႏွစ္ဦးပင္။

"နည္းနည္းဆိုတာ နည္းနည္းလြမ္းတာ။ နည္းနည္းပဲ ... ေဟာဒီလက္ညႇိုးထိပ္ေလးေလာက္ တကယ့္နည္းနည္းေလးပဲ"

ခန့္ခန့္က လက္ညႇိုးတစ္ဆစ္ေလးအား ေဇယ်ာ့မ်က္လုံးေရွ႕ ေရာက္ေအာင္ျပရင္း ရယ္က်ဲက်ဲႏွင့္ ေျဖလိုက္တာပင္။ ဘယ္ေတာ့မွ အတည့္မေျပာတတ္သည္က သူ႔အက်င့္လိုကို ျဖစ္ေနေတာ့တာပင္။

"သိပါတယ္ေလ။ ဒါတကယ္ေတာ့ ကေလးစိတ္ထဲမွာ မ်ားမ်ားလြမ္းေနတာကို ကိုယ္မသိေစခ်င္လို႔ တမင္ဆန႔္က်င္ၿပီးေျပာတာ"

"Ha Ha! အလာႀကီးပါလား။ ရွက္လည္းမရွက္ဘူး"

"မရွက္ပါဘူး၊ ေနာက္ၿပီးေတာ့ က်န္ေသးတယ္။ လူကိုယ္တိုင္လာေတြ႕ရင္ ခ်စ္တယ္လို႔ေျပာမယ္ဆို၊ ကဲ ခုေျပာလို႔ရၿပီ"

တစ္လမ္းလုံးက စဥ္းစားလာသည္တို႔အား ေဇယ်ာက စီကာစဥ္ကာ အေႂကြးေတာင္းသလိုေတာင္းေတာ့ ခန႔္ခန႔္ကလည္း ေဈးဆစ္ဖို႔ႀကံသည္။

"အခုလား"

"အခုေပါ့၊ ကိုယ့္မွာ မၾကားရတာၾကာလို႔ ခ်စ္ေရာခ်စ္ေသးရဲ့လားလို႔ သံသယျဖစ္ေနၿပီ"

"အာ ... ခ်စ္ပါတယ္"

ခန့္ခန့္မွာ အထင္မလြဲေစခ်င္သည့္စိတ္ျဖင့္ အျမန္လွည့္ေျဖလိုက္မွ ခ်စ္သူ၏ခပ္ျပဳံးျပဳံးမ်က္ႏွာကို ျမင္ရေလသည္။ ၿပီးေနာက္ ဝမ္းပမ္းတသာႏွင့္ ေျပာေလသည္က 'ဒါမွဟိန္းေဇယ်ာကြ' တဲ့ေလ။ လူႀကီးအဖို႔လည္း ခ်စ္တယ္တစ္ခြန္းၾကားရ႐ုံႏွင့္ ေဘာလုံးကြင္းမွာ ေျခစြမ္းျပၿပီး ဂိုးသြင္းလိုက္ရသည့္ႏွယ္ ေပ်ာ္ျမဴးတက္ႂကြေနတတ္ေတာ့တာပါပဲ။ သူ႔ကိုသည္ေလာက္ေတာင္ ခ်စ္သတဲ့လား။ ေတြးေနရင္းကပင္ ရင္ခြင္ထဲဆြဲသြင္းျခင္း ခံလိုက္ရေလၿပီ။

"လူညစ္ပတ္ႀကီး"

"ကိုယ့္ကို မခ်စ္တာလည္းမဟုတ္ဘဲနဲ႔ ကေလးရယ္။ ဘာလို႔ထုတ္ေျပာဖို႔ ဒီေလာက္ခက္ခဲေနရတာလဲ"

ခန့္ခန့္ခမ်ာ ဖက္ထားသည့္ေဇယ်ာ့လက္တစ္ဖက္ကို ဆုပ္ကိုင္ထားမိသည္။ ပထမဆုံးအႀကိမ္ ခ်ိန္းေတြ႕တာလည္း မဟုတ္ပါဘဲ သူဘာလို႔ရင္ေတြခုန္ေနရျပန္သနည္း။ ႏွစ္ကိုယ္ၾကား နီးနီးကပ္ကပ္ ခ်စ္စကားေျပာရလၽွင္ သူ႔ႏွလုံးခုန္သံေတြဆိုတာ ပုံမွန္မဟုတ္ေတာ့ေခ်။

"လူႀကီးက အဲစကားကို ခဏခဏၾကားေနရရင္ ရိုးသြားမွာေပါ့။ တစ္ခါတေလပဲ ေကာင္းပါတယ္"

"အမေလးဗ်ာ ... မဟုတ္တာကိုေတြးပူၿပီး တြန႔္တိုေနရတယ္လို႔။ ေမာ့ပါဦး၊ ဒီမ်က္ႏွာေလး ကိုယ္ၾကည့္ပါရေစဦး"

ခန့္ခန့္ ေခါင္းေလးေမာ့ေတာ့ ေမးေစ့ကေလးအား ေဇယ်ာက ဆြဲယူၾကည့္သည္။

"ကေလးကို ကိုယ္ ေန႔တိုင္းခ်စ္တယ္လို႔ေျပာေနတာပဲ၊ ၾကားရတာရိုးသြားလား ... ေျပာ"

"ဟင့္အင္း"

"အဲလိုပဲေပါ့။ ကိုယ္လည္းတစ္သက္လုံး ရိုးသြားမွာ မဟုတ္ဘူး။ အျမဲပဲၾကားခ်င္ေနတာ ... မွတ္ထားေနာ္"

ခန႔္ခန႔္ ေခါင္းတစ္ခ်က္သာ ညိတ္ျပမိသည္။ သူလည္းပဲ ပိုခ်စ္ျပဖို႔ ႀကိဳးစားရဦးမွာပါပဲ။ အခ်စ္ခံရသည္ကို ကိုယ္ကႏွစ္သက္သလို၊ တစ္ဖက္ကလည္း အခ်စ္ခံရပါလားဆိုသည့္ ခံစားခ်က္ကို တိတိပပသိဖို႔ ဂ႐ုတစိုက္ရွိျပရဦးမည္္မလား။ ႏွစ္ဦးႏွစ္ဖက္ ခ်စ္ျခင္းတခ်ိဳ႕ကို ခန႔္ခန႔္ သေဘာေပါက္လိုက္ခ်ိန္တြင္ ခ်စ္သူ႔ထံမွ ခ်ိဳၿမိန္ေသာစကားတစ္ခြန္း ၾကားရျပန္ပါ၏။

"အရမ္းခ်စ္တယ္"

ခပ္တိုးတိုးေျပာလာေသာ ထိုအသံေနာက္တြင္ သူ႔ဆံပင္အေကြးေလးႏွစ္ခုၾကားက လစ္ဟာေနသည့္နဖူးျပင္ဆီကိုပါ အနမ္းတို႔ ေႂကြက်ဟန္ျပဳေတာ့မည္။ အလိုက္သိေသာ ခန့္ခန့္က မ်က္လႊာကေလး ပိတ္ခ်လိုက္တာပင္။ ေဇယ်ာသည္လည္း ခ်စ္သူကေလး မ႐ုန္းေတာ့မွန္း ေသခ်ာသြားသည့္ေနာက္ ထိုဧရိယာရပ္ဝန္းေလးသို႔ ထုံးေမႊးလြန္းလွသည့္ အခ်စ္အနမ္းပန္းမ်ား ေဝေဝဆာဆာ ျဖန့္က်ဲလိုက္ေတာ့သည္။

အနည္းငယ္ရွိန္ေနသည့္ ေနေရာင္သည္လည္း သူတို႔ႏွစ္ဦးကို စိတ္အေႏွာင့္အယွက္ မေပးနိုင္ေတာ့။ ႏွစ္ပတ္ေက်ာ္မၽွ တင္းခံေနခဲ့ရသည့္ စိတ္ဒုကၡမ်ားမွာလည္း ႏွစ္ဦးေတြ႕သည့္ အခ်ိန္ခဏ၌ပင္ အေဝးသို႔ ကြယ္ေပ်ာက္သြားၾကရသည္။

ေသခ်ာပါသည္။ သူတို႔တစ္ဦးအတြက္ တစ္ဦးမရွိလၽွင္ ဘယ္လိုမွေနနိုင္ၾကမည္မဟုတ္။ ဒါမို႔ ေဇယ်ာသည္လည္း ျပႆနာေတြရွိေစဦးေတာ့ ခန႔္ခန႔္ကို လက္လႊတ္ဆုံးရွုံးမခံနိုင္ေတာ့ပါေခ်။

ညေနညိဳေလးမွာျဖင့္ အခ်စ္၏အရိပ္အေငြ႕ေတြေၾကာင့္ သာယာလွပေနခဲ့ေလသည္။

•••••••••••••••••••••••••••••••••••••••••

Bạn đang đọc truyện trên: Truyen3h.Co