Part-26
<Unicode>
ဇေယျာ ကျောင်းရှေ့တွင်စောင့်နေစဉ် တင်လိုက်သောပုံက ကွန်ပျူတာတက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများကြားတွင် အတန်အသင့် ပျံ့နှံ့သွားခဲ့သည်။ ကျောင်းပင်ကောင်းကောင်း မဆင်းသေးသောအချိန်မို့ သူငယ်ချင်းအချင်းချင်း စနောက်ရင်းပြဖြစ်ကြရာက ပိုသိကြတာလည်းပါမည်။ သို့သော် ထိုထဲတွင် ဟိန်းဇေယျာကို မြင်ဖူးသောသူတချို့လည်း ရှိနေခဲ့၏။
"ဇွဲပြည့် ... ဒါမင်းကို ဟိုတစ်ခါထိုးသွားတဲ့လူမလား"
မျက်မုန်းကျိုးသူများက ငKingဟုခေါ်တတ်သည့် ဇွဲပြည့်ဟန်မှာ ဝရန်တာတွင် ဟန်ပါပါရပ်ရင်းက နောက်လှည့်ကြည့်လာသည်။ မိဘမျိုးရိုးမှာလည်း အသိုင်းအဝိုင်းကြီးကဖြစ်၍ အနေအထိုင် ဟော့ဟော့ရမ်းရမ်းရှိတတ်သူပင်။ အသားလတ်၍ ရုပ်ရည်ရှိသည့်အလျောက် မိန်းကလေးများ အထည်လဲတွဲသူလည်း ဖြစ်သည်။ ဒါမို့လည်း ခန့်ခန့်လိုလူနှင့် ငြိခဲ့ကြတာလည်း မဆန်းပါပေ။
"ပြစမ်း"
မိန်းကလေးအုပ်စုက တင်ထားသောပုံအား ဇွဲပြည့် သေချာယူကြည့်တော့ ဟုတ်နေသည်။ မှောင်ရိပ်သန်းစ ညနေအချိန်တွင် ဆုံခဲ့ကြသော်လည်း ကိုယ့်ကိုထိုးသွားသည့်မျက်နှာကိုတော့ သေချာမှတ်မိနေ၏။ ထိုနေ့က အချင်းချင်းရန်ဖြစ်ကြသော်လည်း မသိတဲ့သူစိမ်းတစ်ယောက်ကပါ သူ့ကို လာထိုးသည်ကိုတော့ အတော်ခံပြင်းခဲ့သည်မလား။ ရရင်ရသလို လက်စားချေဖို့ပင် ဇွဲပြည့် စုံစမ်းခဲ့သေး၏။ သို့သော် ကျောင်းကလူမဟုတ်၍ ဘာမှမသိခဲ့ရ၊ အခုတော့ တွေ့ကြပြီပင်။
"သူကဘယ်လိုလုပ် ကျောင်းရှေ့ရောက်နေရတာလဲ"
"မသိဘူးလေ"
ထိုစဉ် စိုင်းမင်းခန့်တစ်ယောက် လှေကားမှအပြေးတစ်ပိုင်းနှင့် ဆင်းသွားသည်ကို ဇွဲပြည့် မြင်လိုက်သည်။ ပုံကိုတစ်ချက်၊ စိုင်းမင်းခန့် အပြေးဆင်းသွားပုံကိုတစ်ချက် ပြန်ကြည့်လိုက်တော့ သူ သဘောပေါက်သွားလေပြီ။ သည်နှစ်ယောက် တစ်နည်းနည်းနှင့် ပက်သတ်နေမှာ သေချာသည်မလား။
မဟုတ်လျှင်တောင် ထိုလူအား ကျောင်းရှေ့သွားရှာရမည်ပင်။ အနည်းဆုံးတော့ အိမ်လောက်သိမှ ဘယ်သူ၊ ဘယ်ဝါ အစဆွဲထုတ်ကြည့်လို့ရမည်။ ဇွဲပြည့်စိတ်ထဲ ဘယ်သူမှန်းပင်မသိသည့် ဇေယျာ့အား လက်စားချေချင်နေသည်။ ထို့ကြောင့်လည်း ခန့်ခန့်နောက် ထပ်ကြပ်မခွာလိုက်တော့ အတိအကျပင် ထိုလူနှင့်သွားတွေ့တာဖြစ်သည်။ ဇွဲပြည့်ဟန် ကားချက်ချင်းယူပြီး ဇေယျာ့ကားနောက်မှ မသိမသာ လိုက်သွားလေ၏။
သို့သော် ကားကမြို့ထဲတန်းမပြန်ဘဲ ရိပ်မြိုင်ခြံကြီးထဲ ဝင်သွားတာမို့ လိုက်ဝင်လာခဲ့ရသည်။ သူတို့နှစ်ယောက် ခဏထိုင်နေတာမို့ မလှမ်းမကမ်းတဲကနေသာ စောင့်ကြည့်နေရသည်။ အတန်းပြီးချိန် နေပူပူဖြစ်တာကြောင့် ဆိုင်ကလူအတော်ရှင်းလှတာပင်။ ပုံမှန်ဆို သူလည်းအတန်းပြီး မြို့ထဲပြန်မည့်အရေး သည်ကောင်တွေက ဆိုင်ဝင်ထိုင်နေကြတာမို့ သိပ်တော့စိတ်မရှည်ချင်။ အခြေအနေသိချင်လို့သာ နောက်ကလိုက်ချောင်းနေရတာဖြစ်သည်။
ဇွဲပြည့် ဖျော်ရည်တစ်ခွက်မှာကာ အခြေအနေကြည့်နေရင်းက အတူထိုင်နေသည့် စိုင်းမင်းခန့်နှင့်ထိုလူက တဖြည်းဖြည်း ပူးကပ်လာသည်။ ညီအစ်ကိုတစ်ဝမ်းကွဲလောက် ထင်ထားသော်ငြား ဇွဲပြည့်စိတ်ထဲ သင်္ကာမကင်းဖြစ်လာသည်။ သူတို့ပုံစံက သမီးရည်းစားအတွဲတွေလို ကလူကျီစယ်နေကြသည်မလား။ ဇွဲပြည့်ဟန် မျက်မှောင်ကြုတ်ကာ ခေါင်းတငုံ့ငုံ့နှင့်ကြည့်နေရာက ... ။
"ဟာ!"
မထင်မှတ်ထားသော နှစ်ဦးသားဂဟေစပ်သွားမှုကြောင့် ဇွဲပြည့်ဟန် ပါးစပ်အဟောင်းသားဖြစ်သွားတော့သည်။
...........................
ဦးမြတ်သူတစ်ယောက် သားဖြစ်သူ ဟိန်းဇေယျာ၏အခြေအနေကိုကြည့်ကာ စိတ်ပျက်နေမိသည်။ အလုပ်လုပ်လျှင် ပေါ့ဆမှုမရှိ၊ တိကျတတ်သူက အမှားအယွင်းများ ရှိလာသည်။ အဖေကိုလည်း အလုပ်ကိစ္စမှလွဲ၍ ကျန်သည့်အချိန်များတွင် စကားကောင်းကောင်းမပြောတော့ပေ။ မိသားစု ထမင်းလက်ဆုံစားချိန်တွင်လည်း ဆင်းမလာတာ ကြာပြီဖြစ်သည်။
အမေနှင့် ညီမအပေါ်တောင် ယခင်လို ရင်းရင်းနှီးနှီးမနေတော့ပဲ အခန်းထဲမှာသာ နေ,နေလေတော့ အဖေတစ်ယောက်အနေနှင့်လည်း ဘယ်လိုမှစိတ်မကောင်းမိပါပေ။ တစ်ခါတလေတော့လည်း ညကြီးသန်းခေါင်ကြီးထိ ခြံထဲထိုင်ပြီး အတွေးများနေတတ်သည့် သားကိုကြည့်ကာ စိတ်ပျက်သလို၊ သနားလည်းသနားမိပြန်သည်။ ဘယ်လိုကြောင့်ရယ် သည်လောက်အဓိပ္ပါယ်သည့်ကိစ္စအတွက် အချိန်ကုန်လူပမ်းခံနေသလဲဆိုတာ စဉ်းစားလို့ပင်မရပါချေ။
"မိန်းမ ... မင်းရဲ့သားကြီး ခုတလောဘာပြောသေးလဲ"
"ဘာမှမပြောပါဘူး။ ကျွန်မသွားနားချရင်လည်း သူ့ရဲ့စိတ်က ဆုံးဖြတ်ထားပြီးပြီတဲ့။ အဲကလေးကို ချစ်တဲ့စိတ်လည်း လာမပိတ်ပင်ကြပါနဲ့တဲ့လေ။ ကျွန်မတော့ ဆက်မပြောရက်တော့ဘူး။ ကိုယ့်သား ခံစားနေရတာကို မြင်ရတာလည်း ရင်ထဲမချိဘူး၊ သနားမိတယ်။ ရှင် ဆက်မတားပါနဲ့တော့လား"
အထီးကျန်ဆန်လှသော ညဧည့်ခန်းတွင် လင်မယားနှစ်ယောက် တိုးတိုးတိတ်တိတ် ညည်းညူနေကြတာပင်။ မိသားစုရယ်လို့ စည်းစည်းလုံးလုံးရှိလာကြပြီးကာမှ အခုတော့လည်း အပြတ်အပြတ်နှင့် နှာခေါင်းသွေးထွက်တော့သလို။
"ငါလည်း တားချင်လို့တားနေတာမှ မဟုတ်တာကွာ၊ ဒါကြီးက သဘာဝမှမကျတာ။ ဒီသတင်းသာပြန့်လို့ကတော့ သူ့သိက္ခာ၊ ငါတို့သိက္ခာ ရစရာတစ်ပြားမှကို ရှိမှမဟုတ်ဘူး။ သူ့ကိုလည်း ဘယ်သူမှလေးစားတော့မှာ မဟုတ်ဘူးကွ"
စုတ်တစ်ချက်သပ်ရင်း ဦးမြတ်သူက ဆက်ပြောလေ၏။ မျက်ဝန်းအကြည့်တို့ကတော့ ပြတင်းကတဆင့် မြင်နေရသည့်ကောင်းကင်ပြင်ဆီသာ ရှိနေလေသည်။
"ခု မင်းသား ဒီလိုခံစားနေရလည်း ခဏပါ။ နောက်ကျ ပြန်နေသားကျသွားမှာ။ သူကောင်းစားဖို့အတွက် ခုချိန်တော့ ငါလူဆိုးကြီးလုပ်ပြီး ထိန်းစရာရှိတာထိန်းထားရမှာပဲ"
ဒေါ်ကြည်ပြာတစ်ယောက်လည်း ယောကျ်ားကို ဖျောင်းဖျပါသည်ဆိုမှ ပိုစိတ်ညစ်သွားသည်။ သားဖြစ်သူကလည်း ဆုံးဖြတ်ထားပြီးသား၊ အဖေဖြစ်သူကလည်း မရမကလုပ်တတ်သည့် တဇွတ်ထိုးလူစားမျိုး။
"ဒါပေမဲ့ သားကရှေ့ဆက်တိုးရင် ရှင်ဘယ်နှယ့်လုပ်မလဲ။ သားကို ရှင်ခန်းပြတ်မယ်တော့ မပြောနဲ့နော်၊ ကျွန်မပါ အိမ်ပေါ်ကဆင်းမှာ"
"ဟာ ... ဒီမိန်းမနဲ့၊ ဒါ မင်းသားကို ခြောက်ထားရတာကွ။ ဒီလိုပြောထားတာတောင် ခေါင်းမာနေတာ ကြည့်ပါလား။ ဆန္ဒမစောစမ်းပါနဲ့ဦး။ သူရှေ့ဆက်တိုးလာရင်တော့ ငါ စဉ်းစားထားတာ နှစ်မျိုးရှိတယ်"
ဒေါ်ကြည်ပြာမျက်လုံးတို့ ညမီးရောင်အောက်တွင် ပိုမိုလက်သွားချေပြီ။ သားဖြစ်သူအတွက် မိခင်တစ်ယောက်အနေနှင့် သူလည်းအများကြီးမျှော်လင့်ထားသည်မလား။ အဖြေဆိုတာ ရှာမတွေ့သေးလို့သာ နှစ်ဖက်စလုံးကို လက်လျော့ထားရခြင်း။
"ပြောစမ်းပါဦး"
"ပထမတစ်မျိုးကတော့ ကိစ္စပြတ်၊ မိန်းမပေးစားလိုက်မယ်လေ။ ကိုမျိုးမြင့်ကလည်း သူ့သမီးရှိကြောင်း ရိပ်ဖမ်းသံဖမ်း ပြော,ပြောနေတာ၊ ကလေးမလေးကလည်း ထက်တယ်"
"ရှင်ကဘယ်ခေတ်ရောက်နေတယ် ထင်လို့တုန်း။ သားကဖြင့် ခု ဒီကောင်လေးကိုတောင် မဖြတ်ချင်တာ၊ ရှင်ပြောသလို မိန်းမ ယူမတဲ့လား။ စဉ်းစားကြည့်ပါဦး .. ရှင့်နှယ်"
အားတက်သရောရှိပြီးကာမှ ဒေါ်ကြည်ပြာက စိတ်ပျက်သည့်ဟန်နှင့် ခေါင်းတရမ်းရမ်းလုပ်တော့သည်။
"အဲ့ဒါဆိုလည်း နောက်တစ်မျိုးရှိတယ်ကွာ။ အခု ငါတို့နဲ့ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုက ဟိုတယ်တစ်ခု အကျိုးတူပူးပေါင်းဆောက်ဖို့ ကမ်းလှမ်းထားတာရှိတယ်။ ငါတို့ဖက်က လိုအပ်တဲ့ဆောက်လုပ်ရေးပစ္စည်းတွေအကုန်စိုက်၊ သူတို့က လူအား၊ နည်းပညာအား စိုက်မယ်ပေါ့။ အကျိုးအမြတ်ကတော့ သေချာမညှိရသေးပါဘူး၊ ခုမှအကြမ်းပြောထားတုန်း"
"အင်း အဲဒါနဲ့ သားကောင်လေးကို ဖြတ်ခိုင်းဖို့နဲ့ ဘာဆိုင်လို့တုန်း"
"ဪ ဆက်ပြောမလို့လေ ငါ့မိန်းမရယ်။ ဟိုတစ်ပတ်က သူတို့ဖက်က နိုင်ငံခြားသားတွေနဲ့တွေ့တော့ သားလည်းပါတယ်။ အဲဒါသားကို Hospitality Management အထူးပြုတဲ့ဘွဲ့လေး ယူခိုင်းပါလားတဲ့။ သူတို့နိုင်ငံမှာ Rating ကောင်းတဲ့ ကျောင်းတွေရှိတော့ တက်မယ်ဆိုရင် အစစအရာရာကူညီးပေးမယ်တဲ့လေ။ ကဲ ... ဘယ့်နှယ်သဘောရလဲ"
ဒေါ်ကြည်ပြာ ယောကျ်ားဖြစ်သူ၏အပြောကို တစ်ချက်စဉ်းစားရပြန်သည်။ ပထမပြောတာနှင့်စာလျှင်တော့ သည်နည်းကသိပ်မဆိုးနိုင်။ သို့သော် သားတို့က ပြတ်ပါ့မလား၊ ဒါ့ထက် သားကရော သွားပါ့မလား။ သူမ စိတ်ပူပန်ရတာတွေ များလွန်းလှသည်။
"အဲတော့ ရှင်ကသားကို ကျောင်းတက်ခိုင်းပြီး သူတို့နှစ်ယောက်ကို ခွဲမယ်ပေါ့ ... ဒီလိုလား"
"အေးလေ၊ အချိန်နှစ်နှစ်လောက်ကြာတော့ သူလည်းမေ့သွားမှာပေါ့၊ အခြေအနေတွေလည်း ပြောင်းကုန်လောက်ပြီ။ သူဘွဲ့ရလို့ ပြန်လာရင်လည်း ဒီဖက်ကငါတို့ဆောက်တဲ့အပိုင်းကလည်း ပြီးသလောက်အဖြစ်နဲ့ အံကိုက်ပဲ"
သူ့အစီအစဉ်နှင့်သူ ချိန်ကိုက်ပြီး ပြောနေသည့်ယောကျ်ားကိုကြည့်၍ ဒေါ်ကြည်ပြာ ပိုစိတ်ရှုပ်သွား၏။ သည်အစီအစဉ်အတွက် သူကသာပူနေရပေမဲ့ သူ့ယောကျ်ားက သိပ်ပူပူပန်ပန် သိပ်မရှိလှ။ လုပ်ဖြစ်ပါပြီဆိုလျှင်လည်း မိခင်တစ်ယောက်အနေနှင့် အတွေးကများရပြန်သည်။ သားတစ်ယောက် ဘယ်အရွယ်ပဲရောက်ရောက် မျက်စိအောက်က ကြာကြာတော့ အပျောက်မခံချင်ဘူးမလား။
"ကိုမြတ်သူ ... ရှင်က ကလေးနှစ်ယောက်ကို ခွဲရုံတင်မကဘူး၊ ကျွန်မတို့နဲ့ပါ ခွဲနေတော့တာ။ ကျွန်မကတော့ သားကြီးမရှိဘဲ နှစ်နှစ်ကြီးခွဲမနေနိုင်ပါဘူး၊ ဒါ ရှင်းရှင်းပြောတာ"
"ငါက ဒီလိုတွေးထားတယ် ပြောတာပါ။ စိတ်ချ ... မင်းရဲ့သားကြီးလိမ္မာရင် ငါဘာမှမစီစဉ်ဘူး"
ဦးမြတ်သူနှင့်ဒေါ်ကြည်ပြာတို့နှစ်ယောက်၏ တိုင်ပင်စကားပြောခန်းက သည်တွင်ပြီးဆုံးသွားခဲ့၏။
သို့သော် စိတ်ပူကျန်ရစ်ခဲ့သူက ခိုးနားထောင်သူ ရွယ်ရွယ်တစ်ယောက်ပင်။ မဖြစ်ဖြစ်သည့်နည်းနှင့် ခွဲဦးမတဲ့။ အစ်ကိုဖြစ်သူအစား သိပ်ဝမ်းနည်းမိသည်မို့ ရွယ်ရွယ်တစ်ယောက် လှေကားအကွယ်တွင် ခေါင်းငိုက်စိုက်နေမိသည်။ ဘာပဲဖြစ်ဖြစ် သည်ကိစ္စတွေအား အစ်ကိုဖြစ်သူ သိသင့်သည်။ အချိန်ရတုန်းလေးလည်း ပြောပြရမည်ဟူ၍ ရွယ်ရွယ် ချက်ချင်းတေးထားလိုက်သည်။
အချစ်စစ်မှန်လျှင် ဘယ်လိုအခြေအနေတွေမှာပဲဖြစ်ဖြစ် သူတို့ပေါင်းစည်းကြရပါစေသား။
.....................
ခန့်ခန့်အတွက် ဒုတိယနှစ်ဝက်စာမေးပွဲက နီးလာချေပြီ။ နောက်ဆုံး Tutorial ဖြေပြီးသွားပြီဖြစ်၍ စာမေးပွဲမဖြေခင် စာကြည့်နိုင်ရန် Private study တစ်လပေးထားချိန်လည်း ဖြစ်၏။ နေ့နေ့ညည စာကျက်၊ စာတွက်ရသည့် ငြီးငွေ့ဖွယ်အချိန်တွေက တဖန််ပြန်ရောက်လာပြန်သည်။ သို့သော် ခန့်ခန့် ထုံးစံအတိုင်း ကြိုးစားမြဲကြိုးစားသည်။ သည်နှစ် Roll တက်လျှင် တောင်းချင်သည့်ဆုကိုတော့ သူ စဉ်းစားမရသေးပေ။
"ငါ့မြေး ထမင်းထပ်ထည့်ဦးလေ။ စားရင်းသောက်ရင်း အဲဒီဖုန်းကြီးချထားစမ်း။ ဒီမယ် မင်းကြိုက်တာတွေချည်း ချက်ပေးထားတဲ့ဟာ"
"ဝပါပြီ ဘွားရာ။ သားကြိုက်တာတွေ အဲလိုချက်ကျွေးလွန်းလို့ စားသမျှလည်း ပါးထဲရောက်ကုန်ပြီ ... ကြည့်ဦး။ သားရဲ့ပါးနှစ်ဖက်က ဇီဖြူသီးငုံထားသလိုပဲ ဖောင်းကားလို့"
ပေါင်းထားသည့် ပဲကြာဇံအမျှင်လေးများအား တစ်ခါထပ်ထည့်စားရင်း ခန့်ခန့် ဟန်လုပ်ကာပြောလေ၏။ ဘယ်လိုပဲဖောင်းဖောင်း သူ စားချင်တာများဆိုလျှင် ခန္ဓာကိုယ်လည်း ဂရုမစိုက်တတ်၊ ကြိုက်သလောက်စားတတ်သူပါပဲလေ။ ဟင်းချက်ကောင်းသည့်အဖွားကို ပိုင်ဆိုင်ထားရခြင်းမှာ သူ့အတွက် ကံကောင်းခြင်းများထဲတစ်ခုပါပဲ။
"ဘာဖြစ်သလဲတော်။ ပါးဖောင်းလေးနဲ့ ချစ်စရာတောင်ကောင်းသေး"
နေ့လယ်နေ့ခင်း မြေးအဘွားနှစ်ယောက် ထမင်းစားသောက်နေကြရင်းက ပြောစရာစကားတွေရယ် မကုန်နိုင်ပေ။ အဖေ၊ အမေအလုပ်သွားလို့မရှိချိန်ဆို အဘွားဖြစ်သူနှင့် အိမ်အကူကြီးကြီးက ခန့်ခန့်ကို ဂရုစိုက်ပေးကြသည့် အရွယ်မတူ၊ အဖော်ကောင်းတွေပါပဲ။ ထိုစဉ် တတွီတွီမြည်လာသောဖုန်းက သူ့၏ငယ်သူငယ်ချင်း ခန့်ကို ဆက်ခြင်းပင်။ သည်ကောင် စာမေးပွဲဖြေခါနီးကို ဂိမ်းဆော့ဖို့ခေါ်ချင်နေတာလား။
"အေး ပြော"
"ငခန့် ... မင်း လိုင်းပေါ်မြန်မြန်တက်ကြည့်စမ်းကွာ။ ငါပို့ထားတယ်"
"ဘာပို့တာလဲ .. ငါ ထမင်းစားနေတယ်ကွာ"
အဆုံးအစမရှိ အလောကြီးနေသော သူငယ်ချင်းအား သူက ပြန်ဟောက်လိုက်၏။ ထိုကောင်က အရေးမပါတွေ ပို့နေကျပဲမလား။
"မင်းတို့ကိစ္စ အရေးကြီးတယ်လို့၊ အခု တက်ခဲ့စမ်းပါ"
'မင်းတို့ကိစ္စ' ဟုပြောပြီး ချက်ချင်းချသွားသည်မို့ ခန့်ခန့် နားမလည်စွာ လိုင်းပေါ်တက်ကြည့်ရသည်။ ခန့်ကိုပို့ထားသည်က ကျောင်း၏ Memes group မှ တင်ထားသည့်ပုံနှစ်ပုံပင်။
'သွားပြီ'
ခန့်ခန့်လက်ထဲ ကိုင်ထားသည့်ဇွန်းမှာ ရုတ်ချည်းဆိုသလို ပန်းကန်ထဲ ပြုတ်ကျသွားလေသည်။
"ဟဲ့ ဘာဖြစ်လို့လဲ"
"ဘွား ... သား ဝပြီနော်။ အရေးကြီးလို့ အခန်းထဲဝင်တော့မယ်"
"မကုန်သေးဘူးလေ ငါ့မြေးနှယ်"
အဘွားဖြစ်သူစကားလည်း နားထဲမှာ မကြားနိုင်တော့။ ခန့်ခန့်အဖို့ ရိပ်မြိုင်ခြံထဲက သူတို့ပုံနှစ်ပုံကြောင့် ဘာအရင်စလုပ်ရမှန်းမသိ၊ တုန်ရင်လာလေသည်။ အခန်းထဲရောက်ချိန်၌ ခန့်ကိုထံမှ ဖုန်းတစ်ဖန်ပြန်ဝင်လာသည်။ သူ ချက်ချင်းကိုင်လိုက်ရတာ အလျင်အမြန်ပါပဲ။
"ငခန့် ... မင်းနဲ့ကိုဇေယျာပုံက ဘယ်သူရိုက်သွားရတာလဲ။ ဖက်ထားတဲ့ပုံက မင်းမှန်းမသိသာပေမဲ့ ဟို ... ကိုဇေယျာနမ်းလိုက်တဲ့ပုံကတော့ မင်းမှန်းသိသာနေတယ်ဟ"
ခန့်ခန့် ဖုန်းထဲကအသံကိုနားထောင်းရင်း မနေ့ကအကြောင်းတွေကို ပြန်စဉ်းစားနေမိသည်။ သူတို့ထိုင်ခဲ့သည်က အစွန်းအကျဆုံးတဲ၊ နောက်တွင်လည်း ဘယ်သူမှမရှိ၊ လူတော်တော်ရှင်းတာမို့တောင် အတူထိုင်ခဲ့ကြခြင်းဖြစ်သည်။ ဖက်တာ၊ နမ်းတာမျိုးကို မြင်ရဦးတောင် တဲ၏ဘေးဖက်နံရံကမြင့်တာမို့ သိပ်မမြင်သာသည့် အခြေအနေပင်။
"မနေ့ကဆိုင်ထဲမှာ လူတော်တော်ရှင်းနေလို့ ငါအတူထိုင်လိုက်တာကွာ"
"မင်းဘယ်လိုလုပ်မလဲ။ တင်ထားတာက တစ်နာရီတောင် မပြည့်သေးဘူး။ Like က 1K ကျော်နေပြီ။ ကိုဇေယျာပုံကလည်း မနေ့ကတည်းကပျံ့ထားတော့ သူတို့အတွက် ပွဲတွေ့သွားတာပဲ"
ခန့်ခန့်ကိုယ်တိုင်လည်း ဘာလုပ်ရမည်မသိအောင် ခေါင်းတွေပူထူလာသည်။ ယောကျ်ားချင်းကြိုက်နေ၍ ရှက်ကြောက်နေခြင်းမျိုးမဟုတ်၊ သိသွားလျှင်တောင် သူမရှက်ပါပေ။ လူကြီးက သူ့အတွက် ဂုဏ်ယူစရာတစ်ခုပင်။ သို့သော် ခန့်ခန့်ကြောက်သည်က အိမ်ကလူကြီးတွေ သိသွားမည့်အဖြစ်ကိုပါပဲ။
"ငါကြောက်တာတစ်ခုပဲ။ ပုံကအရမ်းပျံ့သွားလို့ ဌာနမှူးသိသွားရင် အိမ်ကအမေပါသိမှာ။ အဲဒါဆိုရင် ငါတော့သွားပြီ"
"အေးကွာ၊ ခု တော်တော်လည်း Share နေကြပြီ။ Comment တွေလည်း ရာချီနေပြီ"
ဟုတ်ပါသည်။ ခန့်ခန့် ဖုန်းပြောရင်းပင် Desktop နှင့် Comment တွေကို လိုက်ဖတ်ကြည့်နေမိသည်။ ကျောင်းတွင် Prince ရထားသူတစ်ဦးဖြစ်၍ ခန့်ခန့်ကို တော်တော်များများ သိနေကြသည်။ ဒါမို့ သည်ပုံတွေနှင့်သည်သတင်းက သူတို့အတွက် ဆူစရာပွဲတစ်ခုလိုဖြစ်နေသည်။
'မထင်ရဘူးနော်'၊ 'Princeက Gayကြီးလား'၊ 'ကုန်ပါပြီ'၊ 'အခြောက်တွေ မမြင်ချင်ဘူး'။
မျိုးစုံပြောဆိုထားကြသည့် Comment များမှာ ရစရာမရှိလှချေ။ သူ့ဖက်ရပ်တည်ပေးသူထက် အမုန်းစကားပြောသည့်သူက အတော်များနေသည်။ ခန့်ခန့် တဖြည်းဖြည်းနှင့် မေမေသိသွားမှာကို ပိုစိုးရိမ်လာသည်။
"ငါ Pageကိုဖျက်ပေးဖို့ သွားပြောမယ်ကွာ"
"ငါကြားတာတော့ Page က ငKingတို့အုပ်စု ကိုင်တာဆိုလားနော်၊ မင်းဖြစ်ပါ့မလား"
"ပြောရမှာပဲပေါ့ကွာ"
ဤသို့ဖြင့် ဖုန်းချပြီး အမြန်ဆက်သွယ်ရတော့သည်။ ခန့်ခန့်အဖို့ ထိုကောင်အား အောက်ကျို့မပြောချင်သော်လည်း ပုံတွေဖျက်ပေးဖို့ တောင်းပန်ရသည်။ ညှိနှိုင်းရသည်။ သို့သော် Page က ဖျက်မပေးနိုင်ကြောင်းပြောသည့်အပြင် သူ့ကိုပင် ရိုင်းရိုင်းစိုင်းစိုင်းသာ ပြန်ပြောလိုက်သည့်အဖြစ်နှင့်သာ အဆုံးသတ်လေ၏။ ရန်ငြှိုးရှိပြီးသားသူတွေမို့ သူ့ကောင်းကျိုးကို သယ်ပိုးနေမှာမဟုတ်ပါလေ။ အစတည်းက ကြိုတွေးပေးလျှင် သည်လိုပုံရကတည်းက တင်မှာမဟုတ်ချေ။
ယောကျ်ားချင်းကြိုက်မိတာ အပြစ်လားကွာ။
ခန့်ခန့် စုတ်တစ်ချက်သပ်ရင်း အိပ်ရာပေါ်လှဲချမိလေတော့တာ ဗိုင်းခနဲ။ စာမေးပွဲနီးလို့ စိတ်ရှင်းချင်ကာမှပဲ ပြဿနာက အစပျိုးလာလေပြီ။ သူငယ်ချင်းတွေ အခုဆိုသူ့ကိုရွံသွားလောက်ကြပြီလားမသိ။ စာတွေအများကြီးဝင်နေသော်လည်း မမြင်ချင်ယောင်ဆောင်နေမိသည်။ သို့ပေမဲ့ စိတ်တွေဘယ်လိုပဲထွေနေပါစေ၊ အကောင်းဆုံးဖြစ်မည့်နည်းကို စဉ်းစားရသည်။ ပုံတွေလည်း မြင်သွားကြပြီမို့ မဟုတ်ကြောင်း ငြင်း၍မရတော့။
ပြောင်လိမ်တာထက်စာလျှင် ဝန်ခံပြီးမေတ္တာရပ်ခံ၊ တောင်းပန်လိုက်သည့်နည်းက ပိုအဆင်ပြေမည်မလား။ ခန့်ခန့် ကြာကြာတွေးတောမနေတော့ဘဲ စာတချို့ရေးကာ ကောက်တင်လိုက်သည်။ အတတ်နိုင်ဆုံး ဝန်ချတောင်းပန်လေတော့ လူတို့၏စိတ်က ပျော့ပျောင်းလာသည်။ နားလည်ပေးကြပါရန် တောင်းဆိုတော့ သူ့အပေါ် ကိုယ်ချင်းစာပါသည်ဆိုသော စကားလုံးတချို့ကို မိနစ်အနည်းငယ်အတွင်းမှာပင် ပြန်ရလိုက်သည်။
Page ကိုမေတ္တာရပ်ခံသော်လည်း ဖျက်မပေးဟုပြောသည့် Screenshot များကိုပါ တစ်ပါတည်းတင်တော့ ဒေါသထွက်သည့် လူတချို့က Page ကိုဆဲဆိုကြပြန်၏။ လက်ရှိပုံတွေကို ထပ်မဖြန့်ကြရန် မေတ္တာရပ်ခံလိုက်တော့ ကိစ္စကအနည်းငယ်တော့ ငြိမ်းအေးလာလေသည်။ လူတွေဆိုတာလည်း အားနည်းသည့်ဘက်က ရပ်တည်တတ်သေးသည့်အမျိုးမို့ ခန့်ခန့်အဖို့ တော်သေးတာပြောရမည်။ သူတို့လို လိင်တူချစ်ကြိုက်မိသော သည်လူတန်းစားတစ်ရပ်ကို မရှုံ့ချဘဲ နားလည်ပေးကြလျှင် ဘယ်လောက်တောင် ပျော်ရွှင်စရာကောင်းလိုက်ပါမည်နည်း။
အိပ်ရာပေါ် လှဲလိုက်မှောက်လိုက်နှင့် ပြဿနာကိုဖြေရှင်းပြီး သိပ်မကြာလိုက် ခန့်ခန့်တောင်းဆိုသည်ကို အတော်များများက လက်ခံပေးလာကြသည်။ တချို့ကလည်း နားလည်ပါသည်ဆိုပြီး Comment များ ပြန်ရေးကြတာပင်။ မနေ့က လူကြီးပုံကိုတင်သော Girls Group ကတော့ သူတို့နှစ်ယောက်အား သဘောတူကြောင်း ဦးဆောင်ပြောဆိုလာကြလို့ ခန့်ခန့် စိတ်တစ်မျိုးသက်သာရတာပင်။ အားနည်းသည့်မိမိဖက်မှ ရပ်တည်ပေးကြသောသူငယ်ချင်းများကို သူ ကျေးဇူးတင်မဆုံး ဖြစ်ရပြန်၏။
အခြေအနေငြိမ်သွားသည့် နေ့လယ်ခင်းအချိန်ရောက်မှသာ ခန့်ခန့် ဇေယျာ့ဆီ ဖုန်းဆက်အသိပေးရတော့သည်။ ချစ်သူဆိုသည်မှာ ဆိုးတိုင်ပင်၊ ကောင်းတိုင်ပင် အတူတူရှိရမည့်သူများသာ။ ပြီးလျှင် သူတို့နှစ်ဦးပုံတွေမို့ ဆက်ဆက်ပြောပြရမှာပင်။ အကြံပေးလျှင်လည်း လက်ခံမည်။ ဝမ်းနည်းလျှင်လည်း နှစ်သိမ့်မည်ဖြစ်၏။
"ကိုယ်မှားတာပါ ကလေးရာ။ တကယ်ဆို ကျောင်းလာမကြိုသင့်ဘူး။ ပြီးတော့ ကလေးရဲ့ပတ်ဝန်းကျင်မှာ ကိုယ်ဆင်ခြင်သင့်တာကို"
ပြောပြလိုက်မှ အတော်စိတ်မကောင်းဖြစ်သွားသော ချစ်သူက အထပ်ထပ်အခါခါ တောင်းပန်ပြန်သည်။ တကယ်ဆို သူ ဆင်ခြင်ခဲ့သင်သည်ဆိုတာချည်း။
"လူကြီးမှားတယ်လို့ ဘယ်သူကပြောလဲ၊ ဒီကိစ္စမှာ မှားတဲ့သူပြောကြေးဆိုရင် ပုံတင်တဲ့ကောင်တွေပဲ။ ကိုယ်တွေဘာသာချစ်တာ၊ ကြိုက်တာက အပြစ်မဟုတ်သလို၊ မနေ့ကတွေ့ခဲ့မိလို့လည်း နောင်တရစရာမလိုဘူး"
ငယ်သော်ငြား ပြတ်သားသူက ခန့်ခန့်ပင်။ ရှက်ရွံ့ခြင်းမရှိ ချစ်သူအားအကြွင်းမဲ့ချစ်ကြောင်း ယတိပြတ်ပြောနေ၍ ဇေယျာ အချစ်ပိုရပြန်သည်။
"ဒါဆို နောက်နေ့ကျောင်းသွားရင် အဆင်ပြေပါ့မလား။ ထူးဆန်းသလိုတွေ ကြည့်နေကြတော့မှာပဲ"
"စိတ်မပူပါနဲ့၊ ကျောင်းက Tutorial တွေ ဖြေပြီးသွားပြီ။ Private study ချိန်မို့ အိမ်မှာပဲစာကျက်ကြတော့မှာ"
"တော်သေးတာပေါ့၊ စာမေးပွဲက ဘယ်နေ့စမှာလဲ"
"နောက်လ ၁၈ရက်နေ့"
စာမေးပွဲဖြေရန် သုံးပတ်လောက်လိုသေးသည့် အချိန်အတွင်း ကျောင်းကသူငယ်ချင်းတွေ သည်အကြောင်းကို မေ့မေ့ပျောက်ပျောက်ဖြစ်သွားကြလျှင် ကောင်းမည်ပင်။ ချစ်သူကိုသာ စိတ်မပူဖို့ တတွတ်တွတ်ပြန်ပြောနေရပေမဲ့ တကယ်လို့များ ကျောင်းသွားလျှင် သူ့ကိုကြည့်မည့်အကြည့်ဆိုတာတွေကိုတော့ အနည်းငယ် လန့်နေမိ၏။
"ကဲ ဒါဆိုလည်း ဒီတလောတော့ အိမ်မှာပဲစာကျက်နေဦးနော်။ ကိုယ်လာမတွေ့နိုင်သေးရင်လည်း စိတ်မညစ်နဲ့။ နောက်ပြီး မှာရဦးမယ်။ ခုတလော မိုးပြန်ရွာနေတယ်နော်။ ဒီကြားထဲ အပြင်သွားစရာရှိရင် ကားငှားသွား။ ဘတ်စ်နဲ့ဆို စာမေးပွဲဖြေခါနီးမှ မိုးမိနေမယ်။ အိမ်ကကားလည်း ယူမသွားနဲ့၊ လမ်းမကျွမ်းသေးရင် ကိုယ် စိတ်မချဘူး"
"အိမ်ကကားတော့ မမောင်းပါဘူး၊ ဒါပေမဲ့ Bus တော့စီးမယ်။ ပိုက်ဆံဆိုတာ အလကားရတာမဟုတ်ဘူးဗျ၊ အိမ်ကအမေဆီကရဖို့ စောင့်ယူရတယ်"
ခန့်ခန့်ဆိုတာ သည်လိုပါပဲ။ သူ့စိတ်ထဲဆုံးဖြတ်ထားလျှင် ဘယ်သူပြောတာမှ လက်မခံချင်သူပါပေ။
"ခုကမိုးရာသီနော်။ အရင်တစ်ခါလို ဖျားရင်ဘယ်လိုလုပ်မလဲ။ ကိုယ်လည်း လာဂရုမစိုက်နိုင်သေးဘူး။ အဲတော့ပြောသလိုပဲ အပြင်သွားရင် ကားငှားသွား။ ပိုက်ဆံကုန်မှာစိုးရင် ကိုယ်ပေးထားတဲ့ ATM card ကို ထုတ်သုံး၊ ကလေးအတွက်ပဲ သီးသန့်လုပ်ပေးထားတာ။ ဖုန်တက်ခံမနေနဲ့၊ ထုတ်သုံးနော် ... ကြားလား"
ဖုန်းထဲကနေ သံရှည်နှောပြောနေတော့မှ အတင်းကာရော ထည့်ပေးထားသည့် ATM Card ကို ခန့်ခန့် သတိရသွားသည်။ သူ့မာနကိုလည်း သိသားနှင့် တမင်တကာ ခိုးထည့်ပေးလိုက်ပြီးမှ ပြန်ပေးမယ်ဆိုပြန်လျှင်လည်း စကားအရှည်ကြီးတွေနှင့် နားချလို့မဆုံးတော့။ ဒါမို့ ချစ်သူဖက်မှ အစစအရာရာ အလိုက်သိမှုကို လက်ခံထားသော်လည်း သူ အိတ်ထဲပင်ထည့်မထားဖြစ်ပါချေ။
"မသုံးချင်ပါဘူး။ ဘာလဲ ... Sugar Daddy ကြီး လုပ်ချင်တာလား"
"Sugar Daddy လုပ်ရအောင် ကလေးက ကိုယ်မုန့်ဖိုးပေးတာတောင် ယူလို့လား။ ဒီကလိုချင်တာရှိရင် အလွယ်တကူသုံးလို့ရအောင် လုပ်ပေးထားတာကျလည်း မသုံးဘူး။ ဒီဘတ်စ်ကိုပဲ တန်းတန်းစွဲ စီးချင်နေတော့တာ"
စကားကောင်းနေရင်းက ဇေယျာ့ပြောသံက စောင်းချိတ်လာ၍ ခန့်ခန့် ရယ်ချင်လာသည်။ ဖြစ်နေသည့်ပြဿနာကြောင့် စိတ်ညစ်နေသော်လည်း ချစ်သူကြောင့် ရယ်နိုင်ပြုံးနိုင်ပါသေး၏။
"အဲလောက်ဂရုစိုက်ပေးချင်နေရင်လည်း စာမေးပွဲဖြေပြီးလို့ Roll ကောင်းခဲ့ရင် ဆုချနော်။ ခုတော့ စာကျက်တော့မယ်"
"ပြီးတာပါပဲဗျာ။ ညနေအိမ်ပြန်ရင် ကိုယ် စာပို့ထားလိုက်မယ်"
အလုပ်မအားလပ်သူမို့ ဖုန်းအမြဲတစ္ဆေ မခေါ်တတ်သော်ငြား ကြို့ကြားကြို့ကြား ရောက်လာတတ်သော စာတိုလေးတွေကြောင့် တစ်ဖက်လူ၏ချစ်ခြင်းကို ခံစားမိရသည်။ ဘယ်လိုပဲ သူတို့ခက်ခဲပါစေ၊ နှစ်ယောက်သားချစ်နေကြလျှင်၊ အချင်းချင်းဖေးမနေကြလျှင် ပြဿနာတွေအားလုံးကိုတော့ ကျော်လွှားနိုင်ကောင်းပါရဲ့။
နှုတ်ခမ်းလေး လှစ်ဟပြုံးလိုက်သော စိုင်းမင်းခန့်တစ်ယောက် ဖုန်းကိုချပြီး အိပ်ဖို့ကြိုးစားလိုက်သည်။ စိတ်ညစ်နေသည့်အတူတူမို့ စာလုပ်လည်း စိတ်ကမပါချေ။ အိပ်ရေးဝအောင် အိပ်ပြီးမှပဲ စာပြန်ကြည့်တော့မည်ဟုတွေးကာ ဘေးရှိခေါင်းအုံးကို ခွအိပ်လိုက်တော့သည်။
နေ့လယ်ခင်းနေရောင်မှာတော့ အရှိန်အဝါကောင်းကာ တောက်ပနေဆဲပင်။
........................
"စိုင်းမင်းခန့် .. စိုင်းမင်းခန့် .. "
ဒေါ်မိမိနိုင် အိမ်ပြန်ရောက်ရောက်ချင်း တစ်အိမ်လုံးဆူညံသွားအောင် သားဖြစ်သူအား အော်ခေါ်နေ၏။ ခဏဆိုပြီးမှေးနေသော ခန့်ခန့်မှာဖြင့် ထိုအသံကို နားထဲတွင်ကြားတစ်ချက်၊ မကြားတစ်ချက်။ ညနေစောင်းအချိန်ရောက်လာပြီကိုလည်း သတိမထားမိသည်အထိ အိပ်မောကျနေတာပင်။
"ဟဲ့ ... မိမိနိုင်၊ ကလေးက အပေါ်မှာ။ အော်ကြီးဟစ်ကျယ်နဲ့ ဘာလုပ်မလို့လဲ"
"စိုင်းမင်းခန့်! အပေါ်ကဆင်းခဲ့စမ်း"
လှေကားရင်းဆီမှ ခပ်စူးစူးအော်သံမှာ ပိုကျယ်လောင်လာတာမို့ ခန့်ခန့်တစ်ယောက် လန့်နိုးသွားရတော့သည်။ ဘာကြောင့်များ သည်လောက်ထိအော်နေဘိသနည်း။
••••••••••••••••••••••••••••••••••••••••••••••
<Zawgyi>
ေဇယ်ာ ေက်ာင္းေရွ႕တြင္ေစာင့္ေနစဥ္ တင္လိုက္ေသာပုံက ကြန္ပ်ဴတာတကၠသိုလ္ေက်ာင္းသူ၊ ေက်ာင္းသားမ်ားၾကားတြင္ အတန္အသင့္ ပ်ံ႕ႏွံ့သြားခဲ့သည္။ ေက်ာင္းပင္ေကာင္းေကာင္း မဆင္းေသးေသာအခ်ိန္မို႔ သူငယ္ခ်င္းအခ်င္းခ်င္း စေနာက္ရင္းျပျဖစ္ၾကရာက ပိုသိၾကတာလည္းပါမည္။ သို႔ေသာ္ ထိုထဲတြင္ ဟိန္းေဇယ်ာကို ျမင္ဖူးေသာသူတခ်ိဳ႕လည္း ရွိေနခဲ့တာပင္။
"ဇြဲျပည့္ ... ဒါမင္းကို ဟိုတစ္ခါထိုးသြားတဲ့လူမလား"
မ်က္မုန္းက်ိဳးသူမ်ားက ငKingဟုေခၚတတ္သည့္ ဇြဲျပည့္ဟန္မွာ ဝရန္တာတြင္ ဟန္ပါပါရပ္ရင္းက ေနာက္လွည့္ၾကည့္လာသည္။ မိဘမ်ိဳးရိုးမွာလည္း အသိုင္းအဝိုင္းႀကီးကျဖစ္၍ အေနအထိုင္ ေဟာ့ေဟာ့ရမ္းရမ္းရွိတတ္သူပင္။ အသားလတ္၍ ႐ုပ္ရည္ရွိသည့္အေလ်ာက္ မိန္းကေလးမ်ား အထည္လဲတြဲသူလည္း ျဖစ္သည္။ ဒါမို႔လည္း ခန႔္ခန႔္လိုလူႏွင့္ ၿငိခဲ့ၾကတာလည္း မဆန္းပါေပ။
"ျပစမ္း"
မိန္းကေလးအုပ္စုက တင္ထားေသာပုံအား ဇြဲျပည့္ ေသခ်ာယူၾကည့္ေတာ့ ဟုတ္ေနသည္။ ေမွာင္ရိပ္သန္းစ ညေနအခ်ိန္တြင္ ဆုံခဲ့ၾကေသာ္လည္း ကိုယ့္ကိုထိုးသြားသည့္မ်က္ႏွာကိုေတာ့ ေသခ်ာမွတ္မိေန၏။ ထိုေန႔က အခ်င္းခ်င္းရန္ျဖစ္ၾကေသာ္လည္း မသိတဲ့သူစိမ္းတစ္ေယာက္ကပါ သူ႔ကို လာထိုးသည္ကိုေတာ့ အေတာ္ခံျပင္းခဲ့သည္မလား။ ရရင္ရသလို လက္စားေခ်ဖို႔ပင္ ဇြဲျပည့္ စုံစမ္းခဲ့ေသး၏။ သို႔ေသာ္ ေက်ာင္းကလူမဟုတ္၍ ဘာမွမသိခဲ့ရ၊ အခုေတာ့ ေတြ႕ၾကၿပီပင္။
"သူကဘယ္လိုလုပ္ ေက်ာင္းေရွ႕ေရာက္ေနရတာလဲ"
"မသိဘူးေလ"
ထိုစဥ္ စိုင္းမင္းခန့္တစ္ေယာက္ ေလွကားမွအေျပးတစ္ပိုင္းႏွင့္ ဆင္းသြားသည္ကို ဇြဲျပည့္ ျမင္လိုက္သည္။ ပုံကိုတစ္ခ်က္၊ စိုင္းမင္းခန႔္ အေျပးဆင္းသြားပုံကိုတစ္ခ်က္ ျပန္ၾကည့္လိုက္ေတာ့ သူ သေဘာေပါက္သြားေလၿပီ။ သည္ႏွစ္ေယာက္ တစ္နည္းနည္းႏွင့္ ပက္သတ္ေနမွာ ေသခ်ာသည္မလား။
မဟုတ္လၽွင္ေတာင္ ထိုလူအား ေက်ာင္းေရွ႕သြားရွာရမည္ပင္။ အနည္းဆုံးေတာ့ အိမ္ေလာက္သိမွ ဘယ္သူ၊ ဘယ္ဝါ အစဆြဲထုတ္ၾကည့္လို႔ရမည္။ ဇြဲျပည့္စိတ္ထဲ ဘယ္သူမွန္းပင္မသိသည့္ ေဇယ်ာ့အား လက္စားေခ်ခ်င္ေနသည္။ ထို႔ေၾကာင့္လည္း ခန့္ခန့္ေနာက္ ထပ္ၾကပ္မခြာလိုက္ေတာ့ အတိအက်ပင္ ထိုလူႏွင့္သြားေတြ႕တာျဖစ္သည္။ ဇြဲျပည့္ဟန္ ကားခ်က္ခ်င္းယူၿပီး ေဇယ်ာ့ကားေနာက္မွ မသိမသာ လိုက္သြားေလ၏။
သို႔ေသာ္ ကားကၿမိဳ႕ထဲတန္းမျပန္ဘဲ ရိပ္ၿမိဳင္ၿခံႀကီးထဲ ဝင္သြားတာမို႔ လိုက္ဝင္လာခဲ့ရသည္။ သူတို႔ႏွစ္ေယာက္ ခဏထိုင္ေနတာမို႔ မလွမ္းမကမ္းတဲကေနသာ ေစာင့္ၾကည့္ေနရသည္။ အတန္းၿပီးခ်ိန္ ေနပူပူျဖစ္တာေၾကာင့္ ဆိုင္ကလူအေတာ္ရွင္းလွတာပင္။ ပုံမွန္ဆို သူလည္းအတန္းၿပီး ၿမိဳ႕ထဲျပန္မည့္အေရး သည္ေကာင္ေတြက ဆိုင္ဝင္ထိုင္ေနၾကတာမို႔ သိပ္ေတာ့စိတ္မရွည္ခ်င္။ အေျခအေနသိခ်င္လို႔သာ ေနာက္ကလိုက္ေခ်ာင္းေနရတာျဖစ္သည္။
ဇြဲျပည့္ ေဖ်ာ္ရည္တစ္ခြက္မွာကာ အေျခအေနၾကည့္ေနရင္းက အတူထိုင္ေနသည့္ စိုင္းမင္းခန့္ႏွင့္ထိုလူက တျဖည္းျဖည္း ပူးကပ္လာသည္။ ညီအစ္ကိုတစ္ဝမ္းကြဲေလာက္ ထင္ထားေသာ္ျငား ဇြဲျပည့္စိတ္ထဲ သကၤာမကင္းျဖစ္လာသည္။ သူတို႔ပုံစံက သမီးရည္းစားအတြဲေတြလို ကလူက်ီစယ္ေနၾကသည္မလား။ ဇြဲျပည့္ဟန္ မ်က္ေမွာင္ၾကဳတ္ကာ ေခါင္းတငုံ႔ငုံ႔ႏွင့္ၾကည့္ေနရာက ... ။
"ဟာ!"
မထင္မွတ္ထားေသာ ႏွစ္ဦးသားဂေဟစပ္သြားမွုေၾကာင့္ ဇြဲျပည့္ဟန္ ပါးစပ္အေဟာင္းသားျဖစ္သြားေတာ့သည္။
...........................
ဦးျမတ္သူတစ္ေယာက္ သားျဖစ္သူ ဟိန္းေဇယ်ာ၏အေျခအေနကိုၾကည့္ကာ စိတ္ပ်က္ေနမိသည္။ အလုပ္လုပ္လၽွင္ ေပါ့ဆမွုမရွိ၊ တိက်တတ္သူက အမွားအယြင္းမ်ား ရွိလာသည္။ အေဖကိုလည္း အလုပ္ကိစၥမွလြဲ၍ က်န္သည့္အခ်ိန္မ်ားတြင္ စကားေကာင္းေကာင္းမေျပာေတာ့ေပ။ မိသားစု ထမင္းလက္ဆုံစားခ်ိန္တြင္လည္း ဆင္းမလာတာ ၾကာၿပီျဖစ္သည္။
အေမႏွင့္ ညီမအေပၚေတာင္ ယခင္လို ရင္းရင္းႏွီးႏွီးမေနေတာ့ပဲ အခန္းထဲမွာသာ ေန,ေနေလေတာ့ အေဖတစ္ေယာက္အေနႏွင့္လည္း ဘယ္လိုမွစိတ္မေကာင္းမိပါေပ။ တစ္ခါတေလေတာ့လည္း ညႀကီးသန္းေခါင္ႀကီးထိ ၿခံထဲထိုင္ၿပီး အေတြးမ်ားေနတတ္သည့္ သားကိုၾကည့္ကာ စိတ္ပ်က္သလို၊ သနားလည္းသနားမိျပန္သည္။ ဘယ္လိုေၾကာင့္ရယ္ သည္ေလာက္အဓိပၸါယ္သည့္ကိစၥအတြက္ အခ်ိန္ကုန္လူပမ္းခံေနသလဲဆိုတာ စဥ္းစားလို႔ပင္မရပါေခ်။
"မိန္းမ ... မင္းရဲ့သားႀကီး ခုတေလာဘာေျပာေသးလဲ"
"ဘာမွမေျပာပါဘူး။ ကၽြန္မသြားနားခ်ရင္လည္း သူ႔ရဲ့စိတ္က ဆုံးျဖတ္ထားၿပီးၿပီတဲ့။ အဲကေလးကို ခ်စ္တဲ့စိတ္လည္း လာမပိတ္ပင္ၾကပါနဲ႔တဲ့ေလ။ ကၽြန္မေတာ့ ဆက္မေျပာရက္ေတာ့ဘူး။ ကိုယ့္သား ခံစားေနရတာကို ျမင္ရတာလည္း ရင္ထဲမခ်ိဘူး၊ သနားမိတယ္။ ရွင္ ဆက္မတားပါနဲ႔ေတာ့လား"
အထီးက်န္ဆန္လွေသာ ညဧည့္ခန္းတြင္ လင္မယားႏွစ္ေယာက္ တိုးတိုးတိတ္တိတ္ ညည္းညဴေနၾကတာပင္။ မိသားစုရယ္လို႔ စည္းစည္းလုံးလုံးရွိလာၾကၿပီးကာမွ အခုေတာ့လည္း အျပတ္အျပတ္ႏွင့္ ႏွာေခါင္းေသြးထြက္ေတာ့သလို။
"ငါလည္း တားခ်င္လို႔တားေနတာမွ မဟုတ္တာကြာ၊ ဒါႀကီးက သဘာဝမွမက်တာ။ ဒီသတင္းသာျပန့္လို႔ကေတာ့ သူ႔သိကၡာ၊ ငါတို႔သိကၡာ ရစရာတစ္ျပားမွကို ရွိမွမဟုတ္ဘူး။ သူ႔ကိုလည္း ဘယ္သူမွေလးစားေတာ့မွာ မဟုတ္ဘူးကြ"
စုတ္တစ္ခ်က္သပ္ရင္း ဦးျမတ္သူက ဆက္ေျပာေလ၏။ မ်က္ဝန္းအၾကည့္တို႔ကေတာ့ ျပတင္းကတဆင့္ ျမင္ေနရသည့္ေကာင္းကင္ျပင္ဆီသာ ရွိေနေလသည္။
"ခု မင္းသား ဒီလိုခံစားေနရလည္း ခဏပါ။ ေနာက္က် ျပန္ေနသားက်သြားမွာ။ သူေကာင္းစားဖို႔အတြက္ ခုခ်ိန္ေတာ့ ငါလူဆိုးႀကီးလုပ္ၿပီး ထိန္းစရာရွိတာထိန္းထားရမွာပဲ"
ေဒၚၾကည္ျပာတစ္ေယာက္လည္း ေယာက်္ားကို ေဖ်ာင္းဖ်ပါသည္ဆိုမွ ပိုစိတ္ညစ္သြားသည္။ သားျဖစ္သူကလည္း ဆုံးျဖတ္ထားၿပီးသား၊ အေဖျဖစ္သူကလည္း မရမကလုပ္တတ္သည့္ တဇြတ္ထိုးလူစားမ်ိဳး။
"ဒါေပမဲ့ သားကေရွ႕ဆက္တိုးရင္ ရွင္ဘယ္ႏွယ့္လုပ္မလဲ။ သားကို ရွင္ခန္းျပတ္မယ္ေတာ့ မေျပာနဲ႔ေနာ္၊ ကၽြန္မပါ အိမ္ေပၚကဆင္းမွာ"
"ဟာ ... ဒီမိန္းမနဲ႔၊ ဒါ မင္းသားကို ေျခာက္ထားရတာကြ။ ဒီလိုေျပာထားတာေတာင္ ေခါင္းမာေနတာ ၾကည့္ပါလား။ ဆႏၵမေစာစမ္းပါနဲ႔ဦး။ သူေရွ႕ဆက္တိုးလာရင္ေတာ့ ငါ စဥ္းစားထားတာ ႏွစ္မ်ိဳးရွိတယ္"
ေဒၚၾကည္ျပာမ်က္လုံးတို႔ ညမီးေရာင္ေအာက္တြင္ ပိုမိုလက္သြားေခ်ၿပီ။ သားျဖစ္သူအတြက္ မိခင္တစ္ေယာက္အေနႏွင့္ သူလည္းအမ်ားႀကီးေမၽွာ္လင့္ထားသည္မလား။ အေျဖဆိုတာ ရွာမေတြ႕ေသးလို႔သာ ႏွစ္ဖက္စလုံးကို လက္ေလ်ာ့ထားရျခင္း။
"ေျပာစမ္းပါဦး"
"ပထမတစ္မ်ိဳးကေတာ့ ကိစၥျပတ္၊ မိန္းမေပးစားလိုက္မယ္ေလ။ ကိုမ်ိဳးျမင့္ကလည္း သူ႔သမီးရွိေၾကာင္း ရိပ္ဖမ္းသံဖမ္း ေျပာ,ေျပာေနတာ၊ ကေလးမေလးကလည္း ထက္တယ္"
"ရွင္ကဘယ္ေခတ္ေရာက္ေနတယ္ ထင္လို႔တုန္း။ သားကျဖင့္ ခု ဒီေကာင္ေလးကိုေတာင္ မျဖတ္ခ်င္တာ၊ ရွင္ေျပာသလို မိန္းမ ယူမတဲ့လား။ စဥ္းစားၾကည့္ပါဦး .. ရွင့္ႏွယ္"
အားတက္သေရာရွိၿပီးကာမွ ေဒၚၾကည္ျပာက စိတ္ပ်က္သည့္ဟန္ႏွင့္ ေခါင္းတရမ္းရမ္းလုပ္ေတာ့သည္။
"အဲ့ဒါဆိုလည္း ေနာက္တစ္မ်ိဳးရွိတယ္ကြာ။ အခု ငါတို႔နဲ႔ ေဆာက္လုပ္ေရးကုမၸဏီတစ္ခုက ဟိုတယ္တစ္ခု အက်ိဳးတူပူးေပါင္းေဆာက္ဖို႔ ကမ္းလွမ္းထားတာရွိတယ္။ ငါတို႔ဖက္က လိုအပ္တဲ့ေဆာက္လုပ္ေရးပစၥည္းေတြအကုန္စိုက္၊ သူတို႔က လူအား၊ နည္းပညာအား စိုက္မယ္ေပါ့။ အက်ိဳးအျမတ္ကေတာ့ ေသခ်ာမညႇိရေသးပါဘူး၊ ခုမွအၾကမ္းေျပာထားတုန္း"
"အင္း အဲဒါနဲ႔ သားေကာင္ေလးကို ျဖတ္ခိုင္းဖို႔နဲ႔ ဘာဆိုင္လို႔တုန္း"
"ဪ ဆက္ေျပာမလို႔ေလ ငါ့မိန္းမရယ္။ ဟိုတစ္ပတ္က သူတို႔ဖက္က နိုင္ငံျခားသားေတြနဲ႔ေတြ႕ေတာ့ သားလည္းပါတယ္။ အဲဒါသားကို Hospitality Management အထူးျပဳတဲ့ဘြဲ႕ေလး ယူခိုင္းပါလားတဲ့။ သူတို႔နိုင္ငံမွာ Rating ေကာင္းတဲ့ ေက်ာင္းေတြရွိေတာ့ တက္မယ္ဆိုရင္ အစစအရာရာကူညီးေပးမယ္တဲ့ေလ။ ကဲ ... ဘယ့္ႏွယ္သေဘာရလဲ"
ေဒၚၾကည္ျပာ ေယာက်္ားျဖစ္သူ၏အေျပာကို တစ္ခ်က္စဥ္းစားရျပန္သည္။ ပထမေျပာတာႏွင့္စာလၽွင္ေတာ့ သည္နည္းကသိပ္မဆိုးနိုင္။ သို႔ေသာ္ သားတို႔က ျပတ္ပါ့မလား၊ ဒါ့ထက္ သားကေရာ သြားပါ့မလား။ သူမ စိတ္ပူပန္ရတာေတြ မ်ားလြန္းလွသည္။
"အဲေတာ့ ရွင္ကသားကို ေက်ာင္းတက္ခိုင္းၿပီး သူတို႔ႏွစ္ေယာက္ကို ခြဲမယ္ေပါ့ ... ဒီလိုလား"
"ေအးေလ၊ အခ်ိန္ႏွစ္ႏွစ္ေလာက္ၾကာေတာ့ သူလည္းေမ့သြားမွာေပါ့၊ အေျခအေနေတြလည္း ေျပာင္းကုန္ေလာက္ၿပီ။ သူဘြဲ႕ရလို႔ ျပန္လာရင္လည္း ဒီဖက္ကငါတို႔ေဆာက္တဲ့အပိုင္းကလည္း ၿပီးသေလာက္အျဖစ္နဲ႔ အံကိုက္ပဲ"
သူ႔အစီအစဥ္ႏွင့္သူ ခ်ိန္ကိုက္ၿပီး ေျပာေနသည့္ေယာက်္ားကိုၾကည့္၍ ေဒၚၾကည္ျပာ ပိုစိတ္ရွုပ္သြား၏။ သည္အစီအစဥ္အတြက္ သူကသာပူေနရေပမဲ့ သူ႔ေယာက်္ားက သိပ္ပူပူပန္ပန္ သိပ္မရွိလွ။ လုပ္ျဖစ္ပါၿပီဆိုလၽွင္လည္း မိခင္တစ္ေယာက္အေနႏွင့္ အေတြးကမ်ားရျပန္သည္။ သားတစ္ေယာက္ ဘယ္အရြယ္ပဲေရာက္ေရာက္ မ်က္စိေအာက္က ၾကာၾကာေတာ့ အေပ်ာက္မခံခ်င္ဘူးမလား။
"ကိုျမတ္သူ ... ရွင္က ကေလးႏွစ္ေယာက္ကို ခြဲ႐ုံတင္မကဘူး၊ ကၽြန္မတို႔နဲ႔ပါ ခြဲေနေတာ့တာ။ ကၽြန္မကေတာ့ သားႀကီးမရွိဘဲ ႏွစ္ႏွစ္ႀကီးခြဲမေနနိုင္ပါဘူး၊ ဒါ ရွင္းရွင္းေျပာတာ"
"ငါက ဒီလိုေတြးထားတယ္ ေျပာတာပါ။ စိတ္ခ် ... မင္းရဲ့သားႀကီးလိမၼာရင္ ငါဘာမွမစီစဥ္ဘူး"
ဦးျမတ္သူႏွင့္ေဒၚၾကည္ျပာတို႔ႏွစ္ေယာက္၏ တိုင္ပင္စကားေျပာခန္းက သည္တြင္ၿပီးဆုံးသြားခဲ့၏။
သို႔ေသာ္ စိတ္ပူက်န္ရစ္ခဲ့သူက ခိုးနားေထာင္သူ ရြယ္ရြယ္တစ္ေယာက္ပင္။ မျဖစ္ျဖစ္သည့္နည္းႏွင့္ ခြဲဦးမတဲ့။ အစ္ကိုျဖစ္သူအစား သိပ္ဝမ္းနည္းမိသည္မို႔ ရြယ္ရြယ္တစ္ေယာက္ ေလွကားအကြယ္တြင္ ေခါင္းငိုက္စိုက္ေနမိသည္။ ဘာပဲျဖစ္ျဖစ္ သည္ကိစၥေတြအား အစ္ကိုျဖစ္သူ သိသင့္သည္။ အခ်ိန္ရတုန္းေလးလည္း ေျပာျပရမည္ဟူ၍ ရြယ္ရြယ္ ခ်က္ခ်င္းေတးထားလိုက္သည္။
အခ်စ္စစ္မွန္လၽွင္ ဘယ္လိုအေျခအေနေတြမွာပဲျဖစ္ျဖစ္ သူတို႔ေပါင္းစည္းၾကရပါေစသား။
.....................
ခန့္ခန့္အတြက္ ဒုတိယႏွစ္ဝက္စာေမးပြဲက နီးလာေခ်ၿပီ။ ေနာက္ဆုံး Tutorial ေျဖၿပီးသြားၿပီျဖစ္၍ စာေမးပြဲမေျဖခင္ စာၾကည့္နိုင္ရန္ Private study တစ္လေပးထားခ်ိန္လည္း ျဖစ္၏။ ေန႔ေန႔ညည စာက်က္၊ စာတြက္ရသည့္ ၿငီးေငြ႕ဖြယ္အခ်ိန္ေတြက တဖန္္ျပန္ေရာက္လာျပန္သည္။ သို႔ေသာ္ ခန့္ခန့္ ထုံးစံအတိုင္း ႀကိဳးစားျမဲႀကိဳးစားသည္။ သည္ႏွစ္ Roll တက္လၽွင္ ေတာင္းခ်င္သည့္ဆုကိုေတာ့ သူ စဥ္းစားမရေသးေပ။
"ငါ့ေျမး ထမင္းထပ္ထည့္ဦးေလ။ စားရင္းေသာက္ရင္း အဲဒီဖုန္းႀကီးခ်ထားစမ္း။ ဒီမယ္ မင္းႀကိဳက္တာေတြခ်ည္း ခ်က္ေပးထားတဲ့ဟာ"
"ဝပါၿပီ ဘြားရာ။ သားႀကိဳက္တာေတြ အဲလိုခ်က္ေကၽြးလြန္းလို႔ စားသမၽွလည္း ပါးထဲေရာက္ကုန္ၿပီ ... ၾကည့္ဦး။ သားရဲ့ပါးႏွစ္ဖက္က ဇီျဖဴသီးငုံထားသလိုပဲ ေဖာင္းကားလို႔"
ေပါင္းထားသည့္ ပဲၾကာဇံအမၽွင္ေလးမ်ားအား တစ္ခါထပ္ထည့္စားရင္း ခန့္ခန့္ ဟန္လုပ္ကာေျပာေလ၏။ ဘယ္လိုပဲေဖာင္းေဖာင္း သူ စားခ်င္တာမ်ားဆိုလၽွင္ ခႏၶာကိုယ္လည္း ဂ႐ုမစိုက္တတ္၊ ႀကိဳက္သေလာက္စားတတ္သူပါပဲေလ။ ဟင္းခ်က္ေကာင္းသည့္အဖြားကို ပိုင္ဆိုင္ထားရျခင္းမွာ သူ႔အတြက္ ကံေကာင္းျခင္းမ်ားထဲတစ္ခုပါပဲ။
"ဘာျဖစ္သလဲေတာ္။ ပါးေဖာင္းေလးနဲ႔ ခ်စ္စရာေတာင္ေကာင္းေသး"
ေန႔လယ္ေန႔ခင္း ေျမးအဘြားႏွစ္ေယာက္ ထမင္းစားေသာက္ေနၾကရင္းက ေျပာစရာစကားေတြရယ္ မကုန္နိုင္ေပ။ အေဖ၊ အေမအလုပ္သြားလို႔မရွိခ်ိန္ဆို အဘြားျဖစ္သူႏွင့္ အိမ္အကူႀကီးႀကီးက ခန႔္ခန႔္ကို ဂ႐ုစိုက္ေပးၾကသည့္ အရြယ္မတူ၊ အေဖာ္ေကာင္းေတြပါပဲ။ ထိုစဥ္ တတြီတြီျမည္လာေသာဖုန္းက သူ႔၏ငယ္သူငယ္ခ်င္း ခန့္ကို ဆက္ျခင္းပင္။ သည္ေကာင္ စာေမးပြဲေျဖခါနီးကို ဂိမ္းေဆာ့ဖို႔ေခၚခ်င္ေနတာလား။
"ေအး ေျပာ"
"ငခန့္ ... မင္း လိုင္းေပၚျမန္ျမန္တက္ၾကည့္စမ္းကြာ။ ငါပို႔ထားတယ္"
"ဘာပို႔တာလဲ .. ငါ ထမင္းစားေနတယ္ကြာ"
အဆုံးအစမရွိ အေလာႀကီးေနေသာ သူငယ္ခ်င္းအား သူက ျပန္ေဟာက္လိုက္၏။ ထိုေကာင္က အေရးမပါေတြ ပို႔ေနက်ပဲမလား။
"မင္းတို႔ကိစၥ အေရးႀကီးတယ္လို႔၊ အခု တက္ခဲ့စမ္းပါ"
'မင္းတို႔ကိစၥ' ဟုေျပာၿပီး ခ်က္ခ်င္းခ်သြားသည္မို႔ ခန့္ခန့္ နားမလည္စြာ လိုင္းေပၚတက္ၾကည့္ရသည္။ ခန႔္ကိုပို႔ထားသည္က ေက်ာင္း၏ Memes group မွ တင္ထားသည့္ပုံႏွစ္ပုံပင္။
'သြားၿပီ'
ခန့္ခန့္လက္ထဲ ကိုင္ထားသည့္ဇြန္းမွာ ႐ုတ္ခ်ည္းဆိုသလို ပန္းကန္ထဲ ျပဳတ္က်သြားေလသည္။
"ဟဲ့ ဘာျဖစ္လို႔လဲ"
"ဘြား ... သား ဝၿပီေနာ္။ အေရးႀကီးလို႔ အခန္းထဲဝင္ေတာ့မယ္"
"မကုန္ေသးဘူးေလ ငါ့ေျမးႏွယ္"
အဘြားျဖစ္သူစကားလည္း နားထဲမွာ မၾကားနိုင္ေတာ့။ ခန႔္ခန႔္အဖို႔ ရိပ္ၿမိဳင္ၿခံထဲက သူတို႔ပုံႏွစ္ပုံေၾကာင့္ ဘာအရင္စလုပ္ရမွန္းမသိ၊ တုန္ရင္လာေလသည္။ အခန္းထဲေရာက္ခ်ိန္၌ ခန့္ကိုထံမွ ဖုန္းတစ္ဖန္ျပန္ဝင္လာသည္။ သူ ခ်က္ခ်င္းကိုင္လိုက္ရတာ အလ်င္အျမန္ပါပဲ။
"ငခန႔္ ... မင္းနဲ႔ကိုေဇယ်ာပုံက ဘယ္သူရိုက္သြားရတာလဲ။ ဖက္ထားတဲ့ပုံက မင္းမွန္းမသိသာေပမဲ့ ဟို ... ကိုေဇယ်ာနမ္းလိုက္တဲ့ပုံကေတာ့ မင္းမွန္းသိသာေနတယ္ဟ"
ခန့္ခန့္ ဖုန္းထဲကအသံကိုနားေထာင္းရင္း မေန႔ကအေၾကာင္းေတြကို ျပန္စဥ္းစားေနမိသည္။ သူတို႔ထိုင္ခဲ့သည္က အစြန္းအက်ဆုံးတဲ၊ ေနာက္တြင္လည္း ဘယ္သူမွမရွိ၊ လူေတာ္ေတာ္ရွင္းတာမို႔ေတာင္ အတူထိုင္ခဲ့ၾကျခင္းျဖစ္သည္။ ဖက္တာ၊ နမ္းတာမ်ိဳးကို ျမင္ရဦးေတာင္ တဲ၏ေဘးဖက္နံရံကျမင့္တာမို႔ သိပ္မျမင္သာသည့္ အေျခအေနပင္။
"မေန႔ကဆိုင္ထဲမွာ လူေတာ္ေတာ္ရွင္းေနလို႔ ငါအတူထိုင္လိုက္တာကြာ"
"မင္းဘယ္လိုလုပ္မလဲ။ တင္ထားတာက တစ္နာရီေတာင္ မျပည့္ေသးဘူး။ Like က 1K ေက်ာ္ေနၿပီ။ ကိုေဇယ်ာပုံကလည္း မေန႔ကတည္းကပ်ံ႕ထားေတာ့ သူတို႔အတြက္ ပြဲေတြ႕သြားတာပဲ"
ခန့္ခန့္ကိုယ္တိုင္လည္း ဘာလုပ္ရမည္မသိေအာင္ ေခါင္းေတြပူထူလာသည္။ ေယာက်္ားခ်င္းႀကိဳက္ေန၍ ရွက္ေၾကာက္ေနျခင္းမ်ိဳးမဟုတ္၊ သိသြားလၽွင္ေတာင္ သူမရွက္ပါေပ။ လူႀကီးက သူ႔အတြက္ ဂုဏ္ယူစရာတစ္ခုပင္။ သို႔ေသာ္ ခန့္ခန့္ေၾကာက္သည္က အိမ္ကလူႀကီးေတြ သိသြားမည့္အျဖစ္ကိုပါပဲ။
"ငါေၾကာက္တာတစ္ခုပဲ။ ပုံကအရမ္းပ်ံ႕သြားလို႔ ဌာနမွူးသိသြားရင္ အိမ္ကအေမပါသိမွာ။ အဲဒါဆိုရင္ ငါေတာ့သြားၿပီ"
"ေအးကြာ၊ ခု ေတာ္ေတာ္လည္း Share ေနၾကၿပီ။ Comment ေတြလည္း ရာခ်ီေနၿပီ"
ဟုတ္ပါသည္။ ခန့္ခန့္ ဖုန္းေျပာရင္းပင္ Desktop ႏွင့္ Comment ေတြကို လိုက္ဖတ္ၾကည့္ေနမိသည္။ ေက်ာင္းတြင္ Prince ရထားသူတစ္ဦးျဖစ္၍ ခန႔္ခန႔္ကို ေတာ္ေတာ္မ်ားမ်ား သိေနၾကသည္။ ဒါမို႔ သည္ပုံေတြႏွင့္သည္သတင္းက သူတို႔အတြက္ ဆူစရာပြဲတစ္ခုလိုျဖစ္ေနသည္။
'မထင္ရဘူးေနာ္'၊ 'Princeက Gayႀကီးလား'၊ 'ကုန္ပါၿပီ'၊ 'အေျခာက္ေတြ မျမင္ခ်င္ဘူး'။
မ်ိဳးစုံေျပာဆိုထားၾကသည့္ Comment မ်ားမွာ ရစရာမရွိလွေခ်။ သူ႔ဖက္ရပ္တည္ေပးသူထက္ အမုန္းစကားေျပာသည့္သူက အေတာ္မ်ားေနသည္။ ခန့္ခန့္ တျဖည္းျဖည္းႏွင့္ ေမေမသိသြားမွာကို ပိုစိုးရိမ္လာသည္။
"ငါ Pageကိုဖ်က္ေပးဖို႔ သြားေျပာမယ္ကြာ"
"ငါၾကားတာေတာ့ Page က ငKingတို႔အုပ္စု ကိုင္တာဆိုလားေနာ္၊ မင္းျဖစ္ပါ့မလား"
"ေျပာရမွာပဲေပါ့ကြာ"
ဤသို႔ျဖင့္ ဖုန္းခ်ၿပီး အျမန္ဆက္သြယ္ရေတာ့သည္။ ခန့္ခန့္အဖို႔ ထိုေကာင္အား ေအာက္က်ိဳ႕မေျပာခ်င္ေသာ္လည္း ပုံေတြဖ်က္ေပးဖို႔ ေတာင္းပန္ရသည္။ ညႇိႏွိုင္းရသည္။ သို႔ေသာ္ Page က ဖ်က္မေပးနိုင္ေၾကာင္းေျပာသည့္အျပင္ သူ႔ကိုပင္ ရိုင္းရိုင္းစိုင္းစိုင္းသာ ျပန္ေျပာလိုက္သည့္အျဖစ္ႏွင့္သာ အဆုံးသတ္ေလ၏။ ရန္ျငႇိုးရွိၿပီးသားသူေတြမို႔ သူ႔ေကာင္းက်ိဳးကို သယ္ပိုးေနမွာမဟုတ္ပါေလ။ အစတည္းက ႀကိဳေတြးေပးလၽွင္ သည္လိုပုံရကတည္းက တင္မွာမဟုတ္ေခ်။
ေယာက်္ားခ်င္းႀကိဳက္မိတာ အျပစ္လားကြာ။
ခန႔္ခန႔္ စုတ္တစ္ခ်က္သပ္ရင္း အိပ္ရာေပၚလွဲခ်မိေလေတာ့တာ ဗိုင္းခနဲ။ စာေမးပြဲနီးလို႔ စိတ္ရွင္းခ်င္ကာမွပဲ ျပႆနာက အစပ်ိဳးလာေလၿပီ။ သူငယ္ခ်င္းေတြ အခုဆိုသူ႔ကိုရြံသြားေလာက္ၾကၿပီလားမသိ။ စာေတြအမ်ားႀကီးဝင္ေနေသာ္လည္း မျမင္ခ်င္ေယာင္ေဆာင္ေနမိသည္။ သို႔ေပမဲ့ စိတ္ေတြဘယ္လိုပဲေထြေနပါေစ၊ အေကာင္းဆုံးျဖစ္မည့္နည္းကို စဥ္းစားရသည္။ ပုံေတြလည္း ျမင္သြားၾကၿပီမို႔ မဟုတ္ေၾကာင္း ျငင္း၍မရေတာ့။
ေျပာင္လိမ္တာထက္စာလၽွင္ ဝန္ခံၿပီးေမတၱာရပ္ခံ၊ ေတာင္းပန္လိုက္သည့္နည္းက ပိုအဆင္ေျပမည္မလား။ ခန႔္ခန႔္ ၾကာၾကာေတြးေတာမေနေတာ့ဘဲ စာတခ်ိဳ႕ေရးကာ ေကာက္တင္လိုက္သည္။ အတတ္နိုင္ဆုံး ဝန္ခ်ေတာင္းပန္ေလေတာ့ လူတို႔၏စိတ္က ေပ်ာ့ေပ်ာင္းလာသည္။ နားလည္ေပးၾကပါရန္ ေတာင္းဆိုေတာ့ သူ႔အေပၚ ကိုယ္ခ်င္းစာပါသည္ဆိုေသာ စကားလုံးတခ်ိဳ႕ကို မိနစ္အနည္းငယ္အတြင္းမွာပင္ ျပန္ရလိုက္သည္။
Page ကိုေမတၱာရပ္ခံေသာ္လည္း ဖ်က္မေပးဟုေျပာသည့္ Screenshot မ်ားကိုပါ တစ္ပါတည္းတင္ေတာ့ ေဒါသထြက္သည့္ လူတခ်ိဳ႕က Page ကိုဆဲဆိုၾကျပန္၏။ လက္ရွိပုံေတြကို ထပ္မျဖန႔္ၾကရန္ ေမတၱာရပ္ခံလိုက္ေတာ့ ကိစၥကအနည္းငယ္ေတာ့ ၿငိမ္းေအးလာေလသည္။ လူေတြဆိုတာလည္း အားနည္းသည့္ဘက္က ရပ္တည္တတ္ေသးသည့္အမ်ိဳးမို႔ ခန႔္ခန႔္အဖို႔ ေတာ္ေသးတာေျပာရမည္။ သူတို႔လို လိင္တူခ်စ္ႀကိဳက္မိေသာ သည္လူတန္းစားတစ္ရပ္ကို မရွုံ႔ခ်ဘဲ နားလည္ေပးၾကလၽွင္ ဘယ္ေလာက္ေတာင္ ေပ်ာ္ရႊင္စရာေကာင္းလိုက္ပါမည္နည္း။
အိပ္ရာေပၚ လွဲလိုက္ေမွာက္လိုက္ႏွင့္ ျပႆနာကိုေျဖရွင္းၿပီး သိပ္မၾကာလိုက္ ခန့္ခန့္ေတာင္းဆိုသည္ကို အေတာ္မ်ားမ်ားက လက္ခံေပးလာၾကသည္။ တခ်ိဳ႕ကလည္း နားလည္ပါသည္ဆိုၿပီး Comment မ်ား ျပန္ေရးၾကတာပင္။ မေန႔က လူႀကီးပုံကိုတင္ေသာ Girls Group ကေတာ့ သူတို႔ႏွစ္ေယာက္အား သေဘာတူေၾကာင္း ဦးေဆာင္ေျပာဆိုလာၾကလို႔ ခန႔္ခန႔္ စိတ္တစ္မ်ိဳးသက္သာရတာပင္။ အားနည္းသည့္မိမိဖက္မွ ရပ္တည္ေပးၾကေသာသူငယ္ခ်င္းမ်ားကို သူ ေက်းဇူးတင္မဆုံး ျဖစ္ရျပန္၏။
အေျခအေနၿငိမ္သြားသည့္ ေန႔လယ္ခင္းအခ်ိန္ေရာက္မွသာ ခန့္ခန့္ ေဇယ်ာ့ဆီ ဖုန္းဆက္အသိေပးရေတာ့သည္။ ခ်စ္သူဆိုသည္မွာ ဆိုးတိုင္ပင္၊ ေကာင္းတိုင္ပင္ အတူတူရွိရမည့္သူမ်ားသာ။ ၿပီးလၽွင္ သူတို႔ႏွစ္ဦးပုံေတြမို႔ ဆက္ဆက္ေျပာျပရမွာပင္။ အႀကံေပးလၽွင္လည္း လက္ခံမည္။ ဝမ္းနည္းလၽွင္လည္း ႏွစ္သိမ့္မည္ျဖစ္၏။
"ကိုယ္မွားတာပါ ကေလးရာ။ တကယ္ဆို ေက်ာင္းလာမႀကိဳသင့္ဘူး။ ၿပီးေတာ့ ကေလးရဲ့ပတ္ဝန္းက်င္မွာ ကိုယ္ဆင္ျခင္သင့္တာကို"
ေျပာျပလိုက္မွ အေတာ္စိတ္မေကာင္းျဖစ္သြားေသာ ခ်စ္သူက အထပ္ထပ္အခါခါ ေတာင္းပန္ျပန္သည္။ တကယ္ဆို သူ ဆင္ျခင္ခဲ့သင္သည္ဆိုတာခ်ည္း။
"လူႀကီးမွားတယ္လို႔ ဘယ္သူကေျပာလဲ၊ ဒီကိစၥမွာ မွားတဲ့သူေျပာေၾကးဆိုရင္ ပုံတင္တဲ့ေကာင္ေတြပဲ။ ကိုယ္ေတြဘာသာခ်စ္တာ၊ ႀကိဳက္တာက အျပစ္မဟုတ္သလို၊ မေန႔ကေတြ႕ခဲ့မိလို႔လည္း ေနာင္တရစရာမလိုဘူး"
ငယ္ေသာ္ျငား ျပတ္သားသူက ခန့္ခန့္ပင္။ ရွက္ရြံ႕ျခင္းမရွိ ခ်စ္သူအားအႂကြင္းမဲ့ခ်စ္ေၾကာင္း ယတိျပတ္ေျပာေန၍ ေဇယ်ာ အခ်စ္ပိုရျပန္သည္။
"ဒါဆို ေနာက္ေန႔ေက်ာင္းသြားရင္ အဆင္ေျပပါ့မလား။ ထူးဆန္းသလိုေတြ ၾကည့္ေနၾကေတာ့မွာပဲ"
"စိတ္မပူပါနဲ႔၊ ေက်ာင္းက Tutorial ေတြ ေျဖၿပီးသြားၿပီ။ Private study ခ်ိန္မို႔ အိမ္မွာပဲစာက်က္ၾကေတာ့မွာ"
"ေတာ္ေသးတာေပါ့၊ စာေမးပြဲက ဘယ္ေန႔စမွာလဲ"
"ေနာက္လ ၁၈ရက္ေန႔"
စာေမးပြဲေျဖရန္ သုံးပတ္ေလာက္လိုေသးသည့္ အခ်ိန္အတြင္း ေက်ာင္းကသူငယ္ခ်င္းေတြ သည္အေၾကာင္းကို ေမ့ေမ့ေပ်ာက္ေပ်ာက္ျဖစ္သြားၾကလၽွင္ ေကာင္းမည္ပင္။ ခ်စ္သူကိုသာ စိတ္မပူဖို႔ တတြတ္တြတ္ျပန္ေျပာေနရေပမဲ့ တကယ္လို႔မ်ား ေက်ာင္းသြားလၽွင္ သူ႔ကိုၾကည့္မည့္အၾကည့္ဆိုတာေတြကိုေတာ့ အနည္းငယ္ လန႔္ေနမိ၏။
"ကဲ ဒါဆိုလည္း ဒီတေလာေတာ့ အိမ္မွာပဲစာက်က္ေနဦးေနာ္။ ကိုယ္လာမေတြ႕နိုင္ေသးရင္လည္း စိတ္မညစ္နဲ႔။ ေနာက္ၿပီး မွာရဦးမယ္။ ခုတေလာ မိုးျပန္ရြာေနတယ္ေနာ္။ ဒီၾကားထဲ အျပင္သြားစရာရွိရင္ ကားငွားသြား။ ဘတ္စ္နဲ႔ဆို စာေမးပြဲေျဖခါနီးမွ မိုးမိေနမယ္။ အိမ္ကကားလည္း ယူမသြားနဲ႔၊ လမ္းမကၽြမ္းေသးရင္ ကိုယ္ စိတ္မခ်ဘူး"
"အိမ္ကကားေတာ့ မေမာင္းပါဘူး၊ ဒါေပမဲ့ Bus ေတာ့စီးမယ္။ ပိုက္ဆံဆိုတာ အလကားရတာမဟုတ္ဘူးဗ်၊ အိမ္ကအေမဆီကရဖို႔ ေစာင့္ယူရတယ္"
ခန့္ခန့္ဆိုတာ သည္လိုပါပဲ။ သူ႔စိတ္ထဲဆုံးျဖတ္ထားလၽွင္ ဘယ္သူေျပာတာမွ လက္မခံခ်င္သူပါေပ။
"ခုကမိုးရာသီေနာ္။ အရင္တစ္ခါလို ဖ်ားရင္ဘယ္လိုလုပ္မလဲ။ ကိုယ္လည္း လာဂ႐ုမစိုက္နိုင္ေသးဘူး။ အဲေတာ့ေျပာသလိုပဲ အျပင္သြားရင္ ကားငွားသြား။ ပိုက္ဆံကုန္မွာစိုးရင္ ကိုယ္ေပးထားတဲ့ ATM card ကို ထုတ္သုံး၊ ကေလးအတြက္ပဲ သီးသန့္လုပ္ေပးထားတာ။ ဖုန္တက္ခံမေနနဲ႔၊ ထုတ္သုံးေနာ္ ... ၾကားလား"
ဖုန္းထဲကေန သံရွည္ေႏွာေျပာေနေတာ့မွ အတင္းကာေရာ ထည့္ေပးထားသည့္ ATM Card ကို ခန႔္ခန႔္ သတိရသြားသည္။ သူ႔မာနကိုလည္း သိသားႏွင့္ တမင္တကာ ခိုးထည့္ေပးလိုက္ၿပီးမွ ျပန္ေပးမယ္ဆိုျပန္လၽွင္လည္း စကားအရွည္ႀကီးေတြႏွင့္ နားခ်လို႔မဆုံးေတာ့။ ဒါမို႔ ခ်စ္သူဖက္မွ အစစအရာရာ အလိုက္သိမွုကို လက္ခံထားေသာ္လည္း သူ အိတ္ထဲပင္ထည့္မထားျဖစ္ပါေခ်။
"မသုံးခ်င္ပါဘူး။ ဘာလဲ ... Sugar Daddy ႀကီး လုပ္ခ်င္တာလား"
"Sugar Daddy လုပ္ရေအာင္ ကေလးက ကိုယ္မုန့္ဖိုးေပးတာေတာင္ ယူလို႔လား။ ဒီကလိုခ်င္တာရွိရင္ အလြယ္တကူသုံးလို႔ရေအာင္ လုပ္ေပးထားတာက်လည္း မသုံးဘူး။ ဒီဘတ္စ္ကိုပဲ တန္းတန္းစြဲ စီးခ်င္ေနေတာ့တာ"
စကားေကာင္းေနရင္းက ေဇယ်ာ့ေျပာသံက ေစာင္းခ်ိတ္လာ၍ ခန့္ခန့္ ရယ္ခ်င္လာသည္။ ျဖစ္ေနသည့္ျပႆနာေၾကာင့္ စိတ္ညစ္ေနေသာ္လည္း ခ်စ္သူေၾကာင့္ ရယ္နိုင္ျပဳံးနိုင္ပါေသး၏။
"အဲေလာက္ဂ႐ုစိုက္ေပးခ်င္ေနရင္လည္း စာေမးပြဲေျဖၿပီးလို႔ Roll ေကာင္းခဲ့ရင္ ဆုခ်ေနာ္။ ခုေတာ့ စာက်က္ေတာ့မယ္"
"ၿပီးတာပါပဲဗ်ာ။ ညေနအိမ္ျပန္ရင္ ကိုယ္ စာပို႔ထားလိုက္မယ္"
အလုပ္မအားလပ္သူမို႔ ဖုန္းအျမဲတေစၧ မေခၚတတ္ေသာ္ျငား ႀကိဳ႕ၾကားႀကိဳ႕ၾကား ေရာက္လာတတ္ေသာ စာတိုေလးေတြေၾကာင့္ တစ္ဖက္လူ၏ခ်စ္ျခင္းကို ခံစားမိရသည္။ ဘယ္လိုပဲ သူတို႔ခက္ခဲပါေစ၊ ႏွစ္ေယာက္သားခ်စ္ေနၾကလၽွင္၊ အခ်င္းခ်င္းေဖးမေနၾကလၽွင္ ျပႆနာေတြအားလုံးကိုေတာ့ ေက်ာ္လႊားနိုင္ေကာင္းပါရဲ့။
ႏွုတ္ခမ္းေလး လွစ္ဟျပဳံးလိုက္ေသာ စိုင္းမင္းခန႔္တစ္ေယာက္ ဖုန္းကိုခ်ၿပီး အိပ္ဖို႔ႀကိဳးစားလိုက္သည္။ စိတ္ညစ္ေနသည့္အတူတူမို႔ စာလုပ္လည္း စိတ္ကမပါေခ်။ အိပ္ေရးဝေအာင္ အိပ္ၿပီးမွပဲ စာျပန္ၾကည့္ေတာ့မည္ဟုေတြးကာ ေဘးရွိေခါင္းအုံးကို ခြအိပ္လိုက္ေတာ့သည္။
ေန႔လယ္ခင္းေနေရာင္မွာေတာ့ အရွိန္အဝါေကာင္းကာ ေတာက္ပေနဆဲပင္။
........................
"စိုင္းမင္းခန့္ .. စိုင္းမင္းခန့္ .. "
ေဒၚမိမိနိုင္ အိမ္ျပန္ေရာက္ေရာက္ခ်င္း တစ္အိမ္လုံးဆူညံသြားေအာင္ သားျဖစ္သူအား ေအာ္ေခၚေန၏။ ခဏဆိုၿပီးေမွးေနေသာ ခန႔္ခန႔္မွာျဖင့္ ထိုအသံကို နားထဲတြင္ၾကားတစ္ခ်က္၊ မၾကားတစ္ခ်က္။ ညေနေစာင္းအခ်ိန္ေရာက္လာၿပီကိုလည္း သတိမထားမိသည္အထိ အိပ္ေမာက်ေနတာပင္။
"ဟဲ့ ... မိမိနိုင္၊ ကေလးက အေပၚမွာ။ ေအာ္ႀကီးဟစ္က်ယ္နဲ႔ ဘာလုပ္မလို႔လဲ"
"စိုင္းမင္းခန့္! အေပၚကဆင္းခဲ့စမ္း"
ေလွကားရင္းဆီမွ ခပ္စူးစူးေအာ္သံမွာ ပိုက်ယ္ေလာင္လာတာမို႔ ခန႔္ခန႔္တစ္ေယာက္ လန့္နိုးသြားရေတာ့သည္။ ဘာေၾကာင့္မ်ား သည္ေလာက္ထိေအာ္ေနဘိသနည္း။
••••••••••••••••••••••••••••••••••••••••••••••
Bạn đang đọc truyện trên: Truyen3h.Co