Part - 28
<Unicode>
"သား ကြီးကြီးက ကြက်သားစွပ်ပြုတ်လေး လုပ်ပေးထားတယ်။ ဆင်းသောက်ရအောင် ... လာ"
အခန်းကို တံခါးမရှိ၊ ဓားမရှိဝင်လာတတ်ကာ အမေဖြစ်သူ၏ခေါ်သံပင်။ စာကြည့်နေချိန် သည်လိုတဒီးဒီးလာခေါ်သည်ကို ခန့်ခန့် လုံးဝမကြိုက်ပါပေ။ အသက်နှစ်ဆယ်ပင် ပြည့်တော့မည်မလား။ တစ်ကိုယ်ရည်ကိစ္စများအတွက် ကောင်းကောင်းနားလည်ကာ စီမံနိုင်သောအရွယ်ပင်။ စာကျက်နေချိန် ရေချိုး၊ အစားစားဖို့ကိစ္စတွေထိ ဝင်ပါနေရန်လည်းမသင့်ဟု သူ ထင်သည်။
"သား ဒီအခန်းအပြတ်ဖြတ်ရဦးမယ်၊ ပြီးရင်လာစားလိုက်ပါမယ်"
ခန့်ခန့် ခပ်အေးအေးသာ ပြောလိုက်ပါသည်။ ပြီးနောက် ချက်ချင်းပဲ စာကိုအာရုံပြန်စိုက်လိုက်သည်။ ခုံနံပါတ်ရှေ့ရောက်ချင်စိတ်နှင့် နေ့မနား၊ ညမနား ကြိုးစားခဲ့သမျှ နောက်ဆုံးနှစ်ဘာသာကျန်ချိန်မှ ဖျားနာလာတော့တာ ဖြစ်၏။ ပုံမှန်ဆိုလျှင်တော့ အကြောမာသည့် သားအမိနှစ်ယောက်အဖို့ စကားမပြောဖြစ်ကြသည်က များသည်။ အခုလို ဖျားနေချိန်မို့ ဂရုစိုက်တာလည်း ဖြစ်နိုင်ကောင်းသည်။
အမေဖြစ်သူ အခန်းအပြင်ထွက်ပြီး တံခါးပိတ်သံကြားလိုက်ရမှ ခန့်ခန့် စားပွဲပေါ်ခေါင်းမှောက်ချလိုက်မိ၏။ ခန္ဓာကိုယ်ကအားနည်းပြီး ဖျားနေသည့်အပြင် မျက်ရည်ပူတွေကပါ စီးကျချင်သည်။ ငွေ့ငွေ့ရှိနေသော အဖျားသွေးမှာလည်း တရိပ်ရိပ်နှင့် မကျနိုင်သေး။ စိတ်ရှိတိုင်းဆိုလျှင် စောင်ထဲကွေးကာ ခွေနေလိုက်ချင်ပါသည်။ သို့သော် သေချာပေါက် ခုံနံပါတ်တက်မှဖြစ်မှာမို့ ရည်မှန်းထားသည့်အတိုင်း စာကျက်တော့မပျက်ချင်။
ဒါမို့ ခေါင်းကိုတစ်ဖန်ပြန်ထူရင်း စာနွှေးရပြန်သည်။ နှစ်ရက်ပိတ်ထားတုန်းလေး ကြိုးစားရမည်။ စာကျက်သံလေးတတွတ်တွတ်က အခန်းကျဉ်းလေးထဲတွင် ပျံ့လွင့်နေခဲ့လေ၏။
......................
"ဆင်းမလာဘူးလား"
စိတ်ပျက်လက်ပျက်နှင့် ပြန်ဆင်းလာသော ဒေါ်မိမိနိုင်အား ဦးမင်းဟန်က လှေကားထိပ်တွင် ဆီးကြိုမေးလိုက်ခြင်းဖြစ်သည်။ ကိုယ်တိုင်သာ စကားမပြောဖြစ်ရှိမည်။ စာမေးပွဲငါးဘာသာဖြေထားရသော သားက ဖျားနေပြီဆိုတော့ သူ့ခမျာ ထိုင်မရ၊ ထမရပါပဲ။
"ခေါ်မရပါဘူး ဖေကြီးရယ်။ စာပြန်နွှေးနေတာ၊ တစ်ခန်းပြတ်မှ ဆင်းမယ်တဲ့"
ဦးမင်းဟန် သက်ပြင်းတစ်ချက်ချမိရင်း ထမင်းစားခန်းထဲ ဝင်ရသည်။ ဒေါ်မိမိနိုင်သည်လည်း နောက်ကထပ်ကြပ်မခွာ ပါလျက်သား။
"ငါ့သားနဲ့တော့ ခက်တော့တာပဲ။ ခုဖျားတာလည်း လူပင်ပန်း၊ စိတ်ပင်ပန်းလို့ဟ"
"သိတယ်လေ။ ဟိုကိစ္စလည်း နားချလို့မရ၊ ခုလည်းဖျားနေတာကို စာပဲဇွတ်လုပ်နေတယ်။ ဘာလို့များ ဒီလောက်ခေါင်းမာနေရတယ် မသိဘူး"
ဒေါ်မိမိနိုင်ကပြောရင်း ပြင်ပြီးသားထမင်းစားပွဲတွင် နေရာယူလေသည်။ နဂိုကမှ မိသားစုမများရသည့်ထဲ ခုတွင်တော့ ထမင်းဝိုင်းမှာ လူမစုံတော့။ အဘွားဖြစ်သူမှာလည်း သူ့မြေးကြောင့် စိတ်မကောင်းဖြစ်ကာ အစားအသောက်ပျက်ရှာသည်။ နာမည်တပ်တာတော့ ဥပုသ်ယူထားလို့ ညနေစာမစားတာပါတဲ့လေ။ သည်တော့လည်း ဦးမင်းဟန်နှင့်ဒေါ်မိမိနိုင်တို့သာ နှစ်ယောက်သား ထမင်းလက်ဆုံစားရဖို့ ရှိတော့၏။ အိမ်ကူပေးသည့်ကြီးကြီးကလည်း သူ့ဟာနှင့်သူသာ စားတတ်သည်။
"ခေါင်းမာတယ်ဆိုပြီးတော့ အပြစ်တင်မစောလေနဲ့၊ အဲဒါမင်းနဲ့တူတာလေ။ ဒီပုံစံရောက်အောင်လည်း မင်းပဲကျင့်ပေးထားခဲ့တာ"
ဒေါ်မိမိနိုင် ဘာမှမပြောနိုင်ဘဲ ဟင်းမပါသည့် ထမင်းဖြူတစ်ဆုပ်ကိုသာ အဓိပ္ပါယ်မဲ့ စားနေမိသည်။ ယောကျ်ားဖြစ်သူအပြောအား မငြင်းသာပါ။ တက္ကသိုလ်ကျောင်းသားများအား နေ့တစ်ဒူဝမြင်နေရသော ဆရာမတစ်ယောက်အဖို့ သားဖြစ်သူအား စိတ်ကြိုက်ပုံသွင်းပေးခဲ့သည်။ အတော်ဆုံး၊ အလိမ္မာဆုံးဆိုသည့် ဂုဏ်ပုဒ်များနှင့် ထုံမွှန်းစေခဲ့သည်။ မြင်နေကျကဲ့သို့ ခပ်ဆိုးဆိုးကျောင်းသားတော့ မဖြစ်စေရ။ တစ်ခုခုလိုချင်လျှင် ကြိုးစားလုပ်မှဖြစ်မယ်ဆိုတာမျိုးအတွေးကို ဦးနှောက်ထဲ သေရာပါအောင် ရိုက််သွင်းပေးထားမိသည်။
အတွေးလွန်နေသောမိန်းမကိုကြည့်ကာ ဦးမင်းဟန်ကပင် ကြက်သားဟင်းတစ်တုံး ထည့်ပေးရင်း ဆက်ပြောရှာ၏။
"မင်းကသားကို ငယ်ငယ်ကတည်းက ထက်မြက်အောင် အမြဲသင်တယ်။ သားကလည်း ကြိုးစားချင်စိတ်ရှိတယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်တယ်။ မှန်တယ်ထင်ရင် လွယ်လွယ်နဲ့ အလျှော့မပေးတတ်ဘူး။ ဒါကို ငါလည်းသဘောကျပါတယ်။ ဒါပေမဲ့ ခုကိစ္စမှာတော့ သူမှန်တယ်ထင်ပြီး ခေါင်းမာနေတာ သူ့အတွက်မကောင်းနိုင်ဘူး။ ပြင်ပေးဖို့လမ်းစရှာရတာလည်း ခက်တယ်။ မေကြီးရေ ... ဗီဇတွေကတော့ မင်းနဲ့အတော်တူလွန်းတော့ ခက်တာပဲ"
ဒေါ်မိမိနိုင် ထမင်းပန်းကန်ကိုသာ ငိုက်စိုက်ကြည့်နေမိသည်။ သားကလည်း သူလို စိတ်ထက်သည်၊ ခေါင်းမာသည်၊ မခံချင်စိတ်လည်းရှိသည့် ကလေး။ သူ့အလိုကျ သူ ပုံစံသွင်းခဲ့သည့်ကလေး။ ဒါကိုပင် အမှားတစ်ခုလို နောင်တတော့ ရမနေချင်ပေ။ ငယ်တုန်းကတည်းက သည်လိုပြဿနာတွေ ဖြစ်လိမ့်မှန်းလည်း ကြိုမှမသိခဲ့ဘဲ။
"ကျွန်မလည်း ကောင်းစေချင်လို့ပါ"
"အင်း ... မင်းက သူလိုချင်တာရှိရင် တစ်ခုခုကို မရ,ရအောင် ကြိုးစားခိုင်းပြီးမှပေးတယ်။ အဲကတည်းက မင်းရဲ့သားက လိုချင်တာရှိတိုင်း စာကြိုးစားလိုက်၊ ပြိုင်ပွဲတွေဝင်ပြိုင်လိုက်နဲ့ တောင်းနေတော့တာပဲ"
သည်တစ်ခါတော့ ဒေါ်မိမိနိုင် မနေသာတော့။ သူ လုပ်ခဲ့သည့်လမ်းစဉ်က မှားယွင်းနေခြင်း အလျဉ်းမရှိ။ နှစ်ဦးသားပုံမှန်စကားပြောရာက ငြင်းခုံရတော့မလို။
"အဲတော့ တခြားကလေးတွေလို ပေါ့ပေါ့နေ၊ ပေါ့ပေါ့စား မဟုတ်တာပေါ့။ ရှင်ကလည်း ကျွန်မအဆိုးပဲဆိုနေတယ်"
"ငါလည်း ဒီအကျင့်လေးတွေရှိတာ သဘောကျပါတယ်။ ဒါပေမဲ့ ခုစာမေးပွဲမှာ မအိပ်မစားနဲ့ တအားလုပ်နေပုံကြီးက လူပါထိလာပြီ။ ဘာတွေများတောင်းချင်လို့ ဒီလောက်ဇွတ်တွေကြိုးစားနေပြန်တာလဲ"
ဒေါ်မိမိနိုင် ခဏစဉ်းစားကြည့်ပြီး၊
"သူ့ဖုန်း ပြန်ပေးဖို့ တောင်းမှာနေမှာပေါ့"
"အေး ငါလည်းအဲဒါထင်တာပါပဲ။ ဒါပေမဲ့ ဖုန်းပြန်ပေးဖို့၊ မပေးဖို့ဆိုတာက ဒီလောက်ကြိုးစားနေစရာတောင်မလိုပါဘူး။ 'သား သူ့ကိုအဆက်ဖြတ်ပါ့မယ်'လို့ တစ်ခွန်းပြောရင် ပြီးနေပြီ"
ဦးမင်းဟန်က ချဉ်ပေါင်းဟင်းရည်အား ဖြည်းဖြည်းမှုတ်သောက်ရင်း သူ့သဘောကိုဆိုပြန်၏။ တစ်လကျော်ကြာ ဖုန်းမရှိဘဲ စာချည်းထိုင်ကျက်နေရသောသားကိုလည်း သနားသည်မလား။
"သူကလည်း အဲဒါကိုပဲ မပြောချင်တာလေ"
သည်တွင် ထမင်းစားရင်းပြောသည့် စကားဝိုင်းက တိတ်ဆိတ်လိုက်၊ ငြင်းခုန်လိုက်ပင်။ အမိရော၊ အဖပါမနိုင်သည့် ထိုသားလေးမှာ ကြမ်းတမ်းရိုင်းစိုင်းနေခြင်းမျိုးလည်းမဟုတ်။ မိဘတွေနှင့် သဘောထားမတိုက်ဆိုင်သည့်ကြားမှ ရအောင်ရုန်းထွက်နိုင်ရန် ကြိုးစားနေသူတစ်ဦးမျှသာ။
.........................
ညက တဖြည်းဖြည်းနက်လာသည်။ ပတ်ဝန်းကျင်တွင် ကားသံတစ်ချက်တစ်ချက်မှလွဲ၍ ဘာသံမျှမကြားချေတော့။ အပြင်လှမ်းကြည့်လေတော့ ခြံထဲကမီးရောင်ဝင်းဝင်းရှိလှသည်။ မှန်ပြတင်းတွင်တော့ အပင်မြင့်ဆီမှ သစ်ခက်အရိပ်တို့ ဟိုတစ်စ၊ သည်တစ်စ ကျရောက်နေလေ၏။ အဖျားမကျသေးသော ခန့်ခန့်အဖို့ ခြံပြင်ကြည့်ရင်း စာတတွတ်တွတ် ရွတ်နေရသည်။ တငွေ့ငွေ့တက်နေသော အဖျားရိပ်ကြောင့် အသက်ရှူတာတောင် လေပူတွေအရှူ၊ အသွင်းထုတ်နေရသည့်နှယ်။
မဖုံးမကွယ်တမ်းဆိုရလျှင် သည်ရက်များတွင် ခန့်ခန့် ပိုပင်ပန်းလာခဲ့သည်။ ဇေယျာနှင့် ဖုန်းအဆက်အသွယ်ရှိနေသော်လည်း ဖျားနေ၍လားမသိ၊ စိတ်မှာသည်ထက်တင်းမခံနိုင်တော့ဘဲ ပိုဝမ်းနည်းမိလာသည်။ အနားတွင်နေမပေးနိုင်သည့် ချစ်သူကိုသာ တမ်းတမိသည်၊ လွမ်းမိသည်။ စိတ်ကိုခိုင်ခိုင်ထားသော်လည်း နေ့စဉ်ရက်ဆက် ငိုနေမိသည့်အဖြစ်။ ကျခဲ့ရသည့် မျက်ရည်ပူတို့မှာ ရုပ်ပိုင်းဆိုင်ရာ အားနည်း၍လား၊ စိတ်ပိုင်းဆိုင်ရာ အားဖျော့၍လားဟု သူခွဲခြားမသိနိုင်ခဲ့ပါချေ။
ကိုယ်ပူမကျနိုင်သော ခန့်ခန့်တစ်ယောက် စာကြည့်စားပွဲကထကာ အိပ်ယာပေါ်အသာလှဲချလိုက်မိသည်။ ကြီးကြီးပြင်ပေးသော ကြက်စွပ်ပြုတ်နှင့် ဆေးသောက်လိုက်တာပင် တစ်နာရီကျော်နေလေပြီ။ သူ့ခန္ဓာကိုယ်ကတော့ အားအင်တွေ နည်းနေသေးသယောင်။ မလှုပ်ချင်လောက်အောင် ညောင်းကိုက်နေပြီး လူကနွမ်းလျလျနှင့်။
စာကြောင့်ပင်ပန်းသည့်ဒဏ်၊ အနာဂတ်ဝေဝါးနေသော ချစ်သူနှင့်အကြောင်းတို့တွေးမိလေတော့ မျက်ရည်ပူတွေဆိုတာ အတားအဆီးမရှိ ပိုးပိုးပေါက်ပေါက်ကျလာမိ၏။ ပင်ပန်းလိုက်တာ၊ အထီးကျန်လိုက်တာ၊ ရက်စက်လိုက်တာရယ်လို့ သူ့ခမျာ ညီးညူခွင့်မရှိ။ တစ်ယောက်တည်း အိပ်ရာထက်မယ် ခပ်ခွေခွေကလေး ငိုကြွေးရသည်။
ထိုအခိုက် ဘောင်းဘီအိတ်ကပ်အတွင်း ထည့်ထားသည့်ဖုန်းမှ တုန်ခါလာသည်။ သည်ဖုန်းနံပါတ်ကိုသိတာ ချစ်သူနှင့်ခန့်ကိုသာရှိသည်။ ဒါမို့ မျက်ရည်တို့ကို အသာသုတ်ရင်း ဖုန်းထုတ်ကြည့်တော့ မျက်နှာပြင်တွင်ပေါ်နေလေတာ 'My Man' တဲ့။
"ဟုတ်"
"ဟဲလို ... ကလေး သက်သာရဲ့လား"
ပင့်သက်ရှိုက်ရင်းပြောလိုက်သည့်အသံအား မရိပ်မိသွား၍ တော်ပါသေးသည်။ သူ ငိုနေသည့်အဖြစ်အား ချစ်သူကို လုံးဝမှအသိမပေးချင်။ ကြံ့ခိုင်အောင်နေပါမည် ကတိပေးထားသမျှ သူ့ဘက်က ပျက်နေမိသည်မလား။ သည်ထက်တော့ ပိုမသိစေချင်တော့။
"အင်း သက်သာပါတယ်။ နေ့လယ်က လူကြီးနဲ့ပြောပြီး ဆေးတစ်လုံးထပ်ထိုးထားတယ်။ ခုနကလည်း ကြက်စွပ်ပြုတ်နဲ့ဆေးထပ်သောက်တယ်၊ အဖျားကျသွားပါပြီ"
"တော်သေးတာပေါ့။ စာမေးပွဲကလည်း ကြားပိတ်ရက်ခံသွားတော့ ကိုယ့်ကလေး နားချိန်လေးရသွားတာ"
"အင်း။ လူကြီး အိမ်မရောက်သေးဘူးလား"
ခန့်ခန့် အသံကိုနားစွင့်၍ပင် လူကြီးဘယ်ရောက်နေသည်ကို မှန်းတတ်နေပြီ။ ခုလည်း ကားသံ၊ ဟွန်းသံတချို့ကြားနေရသည်မို့ မှန်းတာမမှားလျှင် ကားမောင်းနေတာ ဖြစ်လိမ့်မည်ပင်။
"အင်း ဟုတ်တယ်၊ ကိုယ် ဧည့်သည်တွေကို ညစာလိုက်ကျွေးနေလို့ ခုမှအိမ်ပြန်နေရတာ"
"ဪ.."
ချစ်သူကားမောင်းသည့်ဘေးတွင် ထိုင်လိုက်ခဲ့ရသည့် အဖြစ်အပျက်တို့ကို ပြန်တွေးမိတော့ ဝမ်းနည်းမှုကပိုတိုးလာ၏။ တသိမ့်သိမ့်တုန်တက်လာသော ရှိုက်သံတချို့ကို မသိသာအောင်ထိန်းရင်း ဝမ်းနည်းမှုကို မျိုသိပ်ရသည်။ ဖုံးကွယ်ရသည်။
"ကလေး နှာပါစေးနေတာလား၊ အသံကတစ်မျိုးပဲ"
"မစေးပါဘူး၊ ပုံမှန်ပါပဲ"
သတိထားနေသည့်ကြားက ရိပ်မိနေသူမှာ သူ့အသံလေးကစ ဂရုစိုက်တတ်သူတစ်ဦး။
"နှာမစေးတာသေချာလား"
"အင်း"
"ဒါဆို ဒီအသံက ငိုထားတာပဲဖြစ်မယ်၊ ဟုတ်တယ်မလား"
လှဲနေရာက ခေါင်းထောင်မိသည်အထိ လန့်သွားမိတာပင်။ တကယ်ပါပဲ ... ဘယ်လိုဂရုစိုက်တတ်သူမို့ သူ ပိပိရိရိ မလိမ်နိုင်ရတာပါလဲ။
"မငိုပါဘူးဗျ၊ ယောကျ်ားပါ"
"မလိမ်နဲ့နော်၊ ကိုယ် FaceTime ခေါ်ကြည့်မှာ"
ဖုန်းပြန်သုံးသော်လည်း ဖေ့ဘွတ်ခ်သုံး၍ မဖြစ်သေးသောကြောင့် အချင်းချင်းတွေ့ချင်ကြလျှင် FaceTime ပြောရသည်။ ဒါကို အခွင့်ကောင်းယူကာ သူ့ကိုစစ်ဆေးလေမည်တဲ့။ သည်ပုံတိုင်းဆိုလျှင် ခေါ်၍မဖြစ်။ မို့အစ်နေသော သူ့မျက်လုံးများအား ဘာနှင့်မျှ ဖုံးဖိမရနိုင်ချေ။
"မခေါ်ပါနဲ့"
ခန့်ခန့် သေချာထိုင်ပြောပြီး အသံကို အတတ်နိုင်ဆုံး ကြည်လင်စေသည်။ ရှိုက်သံမပါစေရ၊ အားနွဲ့သံမပေါက်စေရ။ တစ်ဖက်တွင်လည်း ကားမောင်းနေရင်းက ခဏရပ်လိုက်သည်လား၊ အိမ်ပြန်ရောက်သည်လားမသိ။ ဂီယာထိုးသံသဲ့သဲ့ကို ခန့်ခန့် ကြားလိုက်ရတာဖြစ်၏။
"ကိုယ့်ကလေးလေး ... ဘာတွေအဆင်မပြေလို့လဲ။ ဖျားတာနေရခက်လို့လား။ စာတွေကျက်စရာ ကျန်နေသေးလို့လား။ ဒါမှမဟုတ် အိမ်ကထပ်ဆူလို့လား ... ဟင်"
မေးခွန်းပေါင်းများစွာနှင့်ချစ်သူ ဂရုတစိုက်မေးမှ ခန့်ခန့် ပိုလို့ငိုချင်လာသည်။ တွေ့လည်းတွေ့ချင်သလို ချစ်သူ၏ရင်ခွင်နွေးနွေးတစ်စုံကိုလည်း ခိုလှုံချင်လှသည်။ ဘယ်လောက်ခက်ခဲနေကြောင်း၊ အထီးကျန်နေကြောင်းလည်း အားပါးတရ ပြောငိုချလိုက်ချင်သည်။ သို့သော် ထိုစကားတို့ကို တစ်ခွန်းမှပြောမထွက်။ ထိန်းချုပ်ထားသည့်ကြားက ရှိုက်သံတစ်စွန်းတစသာ ထွက်သွားတော့၏။
သူ ဘာလို့များ သည်လောက်အဖြစ်သည်းနေမိရသလဲ။
"ကလေးရယ် မငိုပါနဲ့။ ငိုသံကြားရုံနဲ့ ကိုယ်ပါ ရင်တွေနာလာတယ်။ ကလေးမငိုအောင် ကိုယ်ဘာလုပ်ပေးရမလဲ၊ ကိုယ်ဘာလုပ်ပေးနိုင်မလဲဟင်။ ကိုယ့်ကိုပြောပါ"
"တွေ့ချင်တယ်"
ခန့်ခန့်၏မရဲတရဲ ပြောသံတိုးတိုးက တစ်ဖက်ဖုန်းဆီသို့ တိုးဖောက်ဝင်ရောက်သည်။
"တွေ့ချင်တယ်။ အိုခေ! ဒါဆို ကိုယ်ကလေးတို့ အိမ်ရှေ့ ခုလာခဲ့မယ်။ ကလေးက အခန်းကနေလှမ်းကြည့်နော်"
အိမ်ရှေ့တဲ့! မဖြစ်ချေပါ။ ဖေဖေနှင့်မေမေက သိပ်မျက်စိလျင်တတ်ပါဘိနှင့်။
"ဟင့်အင်း၊ အိမ်ရှေ့လာလို့မဖြစ်ဘူး။ လူကြီး လမ်းထိပ်မှာပဲစောင့်နေ။ ဟို ... မုန့်ဝယ်ဆိုပြီး ခဏထွက်လာကြည့်မယ်"
"အင်း ကိုယ်စောင့်နေမယ်၊ ခဏဆိုရောက်ပြီ"
ချစ်သူနှင့်သေချာပြောပြီးလေတော့ ခန့်ခန့် မုန့်ဝယ်သွားရန် ပိုက်ဆံအိတ်ကို ကောက်ယူလိုက်သည်။ အချိန်အားဖြင့် ညရှစ်နာရီကျော်စ ဖြစ်သည်။ သည်အချိန် ခါတိုင်းတော့ မုန့်ဝယ်ထွက်နေကျပါပဲ။ ပြဿနာဖြစ်ပြီးနောက်ပိုင်း သူ့ကိုအထွက်ခံပါ့မလားမသိ။ ကြိုးစားတော့ကြည့်ရမှာပင်၊ သူ တွေ့ချင်သည်မလား။
အိပ်ရာပေါ်ကထပြီး မှန်ပြင်ပေါ်က သူ့မျက်နှာကိုကြည့်တော့ ငိုထားသည့်အရှိန်ကြောင့် ရဲသွေးနီနေသည်။ ခန့်ခန့် စားပွဲပေါ်က မျက်မှန်အဝိုင်းက ကောက်စွပ်လိုက်တာ အလျင်အမြန်။ ပြီးနောက် ဘီးယူပြီး ရှိသမျှဆံစအားလုံးကို အရှေ့နဖူးပြင်ဆီ ဖြန့်ချလိုက်သည်။ သေချာမကြည့်လျှင် သူငိုထားတာ မသိသာတော့ပါပေ။
သည်လိုနှင့် အောက်ထပ်ဆင်းခဲ့တော့ ဧည့်ခန်းတွင် အဖေ၊ အမေနှင့် အဘွားပါရှိနေသည်။ ကြီးကြီးကတော့ နောက်ဖေးတွင် တကုပ်ကုပ်နှင့်။ ခန့်ခန့် မျက်နှာတည်တည်ထားကာ မုန့်ဝယ်ထွက်ဖို့ ခွင့်တောင်းလိုက်သည်။ သူ့ကိုကြည့်နေသော လူကြီးတွေကြောင့် သားရေပိုက်ဆံအိတ်လေးအား ဆုတ်ခဲထားမိတာပင်။ ဘောင်းဘီအိတ်ကပ်ထဲတွင် မမြင်အောင်ထည့်လာသည့် ဖုန်းကတော့ အငြိမ်သားတည်ရှိနေ၏။
ထို့နောက် အမေဖြစ်သူက သူ့အားမုန့်ဝယ်ထွက်ဖို့ ခွင့်ပေးလိုက်သည်။ သို့ပေမဲ့ 'ကြီးကြီးပါ ခေါ်သွား' တဲ့လေ။
ဘယ်လိုဖြစ်ပါမည်နည်း။ ချစ်သူနှင့်ခိုးတွေ့မည့်အရေးတွင် ကြီးကြီးက ကန့်လန့်ကြီးပါနေဦးမည်။ သို့ပေမဲ့ သူ နေမကောင်းနေတာမို့ စိတ်ကြည်အောင်ပေးသည့် အခွင့်အရေးကို အတင်းငြင်းနေလို့မဖြစ်။ လူကြီးတွေလည်း ရိပ်မိမည်စိုး၍ ကြီးကြီးကိုခေါ်ကာ သူ ထွက်လာခဲ့ရသည်။
အပြင်ပင်ထွက်နိုင်ခဲ့ပြီမလား။ ကြီးကြီးကို လှည့်စားရမည်က သူ့တာဝန်သာ။ ခြံရှေ့ကတ္တရာလမ်းပေါ် စလျှောက်ရလေတော့ ရင်ကတဒိန်းဒိန်းနှင့်။ သူ့ဘေးရှိ ကြီးကြီးကတော့ အေးအေးလူလူရှိလှသည်။ လမ်းထိပ်နားအရောက်တွင် အသင့်စောင့်နေသော ချစ်သူ့ကားကို စတွေ့ရလေပြီ။ သို့ပေမဲ့ ဆင်းမလာသေးရန် ကြီးကြီးမမြင်အောင် အနောက်မှနေ၍ လက်ဖြင့်ကာလျက် အချက်လှမ်းပြရ၏။
သို့နှင့် City Express ရှေ့ရောက်ချိန်မှ ကြီးကြီးကို ဆိုင်ရှေ့တွင်သာ စောင့်နေရန်မှာခဲ့လိုက်သည်။ ကြီးကြီးမှာလည်း မရိပ်မိဘဲ သူပြောသည့်အတိုင်း ဆိုင်အပြင်ဘက်ထောင့်တစ်နေရာတွင် ကျောပေးစောင့်နေခဲ့၍သာ တော်တော့၏။
ထိုအခါမှ ဆိုင်ထဲရောက်ပြီးဖြစ်သော ခန့်ခန့်မှာ ဘောင်းဘီအိတ်ထဲတွင် ခိုးယူလာသောဖုန်းနှင့် ချစ်သူကိုဆိုင်ထဲ မသိမသာဝင်လာခဲ့ရန် လှမ်းပြောရလေသည်။ အိမ်လာဖူးတာမို့ ကြီးကြီး မှတ်မိသွား၍မဖြစ်။
အရိပ်အကဲနားလည်သော ဇေယျာလည်း လမ်းတစ်ဖက်ငေးနေသော ကြီးကြီးကို ပုန်းကွယ်လျှိုးရင်း ဆိုင်ထဲအမြန်ဝင်ရသည်။ တစ်ခါမှမလုပ်ဖူးသော ခိုးတွေ့ရသည့်ကိစ္စကြီးမှာ သူတို့အတွက်ရန်ခုန်ရသလို မိသွားမှာကြောက်၍လည်း ရင်တုန်ရသည့်အဖြစ်။
ဆိုင်ထဲတွင်တော့ အလွယ်မမြင်နိုင်သော အနောက်ခြမ်းအကျဆုံးနေရာတွင် ရပ်စောင့်နေသူမှာ ခန့်ခန့််ပင်။ ရင်ထိတ်နေရင်းက ချစ်သူဝင်လာတာတွေ့ရမှသာ သူ ပင့်သက်ချနိုင်တော့၏။
ဇေယျာကတော့ ဝင်ဝင်လာချင်း လျှောက်လှမ်းရင်းနှင့် သူ့ကလေးပုံစံကို စေ့စေ့စပ်စပ်ကြည့်နေသည်။ တီရှပ်အနက်ရောင်စင်းလေးအား ခဲရောင်ဘောင်းဘီရှည်နှင့် တွဲဖက်ဝတ်စားထားသူလေး။ ခပ်အုပ်အုပ်ဖြစ်နေသော ဆံစတို့မှာ အိမ်နေရင်းပုံစံလေးမှန်း သိသာစေသည်။ နီးကပ်လာသည်နှင့် မျက်မှန်ဝိုင်းလေးအောက်က မျက်ခွံတို့ အနည်းငယ်မို့အစ်နေတာ ချက်ချင်းသတိထားမိလိုက်သည်။ ပြီးလျှင် အောက်မျက်တွင်းတို့တောင် အနည်းငယ်ချိုင့်ကျနေသယောင်။ ဘယ်လောက်များ ပင်ပန်းနေလိုက်သလဲ။
"လူကြီး"
ဆိုင်ထဲသူတို့ကလွဲလျှင် ဝယ်သူရှိမနေတာမို့ ခန့်ခန့် ဟန်မဆောင်နိုင်စွာ ဇေယျာရင်ခွင်ထဲသို့ တိုးဝင်တော့သည်။
"ကိုယ့်ကလေးရယ်"
ဇေယျာကတော့ ရင်ခွင်ထဲသို့ တိုးဝင်လာသည့်ခန့်ခန့်အား တင်းတင်းကျပ်ကျပ် ပြန်ဖက်လိုက်၏။ ပြီးမှ ဒူးလေးကိုညွတ်၍ မျက်နှာနှစ်ခုကိုယှဉ်ကာ ပါးချင်းထိကပ်ကြည့်သည်။ ကလေးပါးပြင်မှာ နွေးသည်ထက်ပိုကာ အဖျားသွေးရှိနေသည်ကို ခံစားလိုက်မိသည်။ ပြီးမှသာ ပါးမို့မို့လေးအား ချိုင့်ဝင်လောက်သည်ထိ အားပါးတရ နမ်းလိုက်သေး၏။
"အဖျားရှိနေသေးတာပဲ ကလေးရ"
ခန့်ခန့်မှာ နမ်းခံရသည့်ပါးလေးကို လက်ဖြင့်ပွတ်၍၊
"ဆိုင်ထဲမှာနော်ဗျ"
"ကိုယ်အရမ်းလွမ်းနေလို့"
"တူတူပဲ ... အရမ်းလွမ်းတယ်"
ဇေယျာ့ထက် ခေါင်းတစ်လုံးစာလောက် နိမ့်နေသောခန့်ခန့်က ခေါင်းကိုမော့၍ ချစ်စဖွယ်ပြောနေတာပင်။ မတွေ့ရတာကြာနေပြီမို့ ခပ်ချွဲချွဲလေးဖြစ်နေမိတာ သူ့ကိုယ်သူပင် ရိပ်မိပုံမပေါ်ပါပေ။
"ချစ်လိုက်တာကွာ။ ကဲ ... လာ၊ မုန့်တွေရွေးထည့်ဦး။ တော်ကြာ ... ကြာနေလို့ ကြီးကြီးဝင်လာဦးမယ်"
"ဟုတ်"
ဇေယျာမှာ ပွေ့ထားသည့်အနေအထားမှ လွှတ်ပေးပြီး ခန့်ခန့်ပုခုံးကတဆင့် လက်မောင်းကိုပဲ အသာရစ်ပတ်ထားသည်။ သို့သော် အရှေ့ဘက်အခြမ်းသို့ မထွက်ရဲကြ။ ကြီးကြီး မမြင်နိုင်အောင် အတွင်းမှာပင် မုန့်တွေရွေးထည့်နေရသည်။ ဒါတင်မကသေး ဇေယျာက မှာစရာရှိသည်တွေလည်း မှာရသေးသည်။ နှစ်ဦးသားအဖို့ ရပ်တန့်ထားလိုက်ချင်သည့် မိနစ်ပိုင်းလေးပါပဲ။
"ကလေး ... ဒီညတော့ စာကိုဆယ်နာရီခွဲနောက်ဆုံးထားပြီး ကြည့်ရမယ်နော်။ အရင်ညတွေလို သန်းခေါင်ကျော်ထိ မလုပ်နဲ့တော့။ မျက်နှာမှာ အရမ်းပင်ပန်းတာတွေ ပေါ်နေပြီ။ စာတွေအဲလောက်မလုပ်နဲ့။ အောင်စာရင်း ဘယ်လိုထွက်လာပါစေ၊ ကိုယ်ကချစ်တယ် သိရဲ့လား"
"ဟုတ်ကဲ့ခင်ဗျ"
ငိုထားသည့်ခန့်ခန့်ခမျာ အခုမှပဲရွှင်ပြုံးလာနိုင်တော့သည်။ စိတ်မချဖြစ်နေရသော ဇေယျာသည်လည်း ထိုအပြုံးလေးမြင်မှ စိတ်သက်သာရာရသွားသည်။ လူကြီးတွေ ဘယ်လိုပင်သဘောမတူကြစေဦးတော့ သူတို့အချစ်ကတော့ လုံးဝပြိုလဲသွားလို့ မဖြစ်ပါချေ။
"လိမ္မာလိုက်တာ။ ဒါဆို ထပ်မငိုရတော့ဘူးနော်။ စိတ်အေးလက်အေး စာပြန်ကြည့်တော့"
"အင်းပါ၊ လူကြီးလည်း ဂရုစိုက်ပြန်နော်။ မိုးချုပ်နေပြီ"
"ဟုတ်ပါပြီဗျာ"
ပြောရင်းဆိုရင်း ဇေယျာက နှုတ်ခမ်းဖူးဖူးလေးအား နှုတ်ဆက်အနမ်းခြွေချလိုက်တော့ ခန့်ခန့် မလုံမလဲ အပြင်တစ်ချက်ကြည့်လိုက်သေးတာပင်။ ပြီးနောက် မုန့်ဖိုးရှင်းပြီး သူကအရင်ထွက်ရ၏။ ဇေယျာတစ်ယောက်ကတော့ ဆိုင်ထဲခဏကျန်နေတာပင်။
သည်လိုနှင့် သူတို့တစ်ခဏတာ ခွဲရပြန်သည်။ တစ်ဘဝစာအတွက်တော့ မခွဲချင်တာမို့ နီးစပ်ဖို့အရေး ကြိုးစားကြရဦးမည်မလား။
.......................
စက်တင်ဘာလ၏ စာမေးပွဲကြီးမှာ လုံးဝပြီးသွားခဲ့ချေပြီ။ အောင်စာရင်းထွက်ရန်အတွက် အောက်တိုဘာနှင့်နိုဝင်ဘာ နှစ်လလောက်တော့ စောင့်ရဦးမည်ဖြစ်၏။ မိုးကုန်လို့ ဆောင်းဝင်စအချိန်လောက်ဆိုလျှင် ခန့်ခန့်တို့အောင်စာရင်းတွေ သိရတတ်သည်။ ခုံနံပါတ်တွေ တစ်ခါတည်းထွက်လာပြီးသားမို့ ဒီဇင်ဘာလ အတန်းသစ်ပြန်ဖွင့်လျှင် အခန်းတွေ ပြန်ခွဲထိုင်ကြရဦးမည်ဖြစ်သည်။
ဟူး ... ပြတင်းတွင်လာစင်နေသော မိုးစက်တချို့ကိုကြည့်ရင်း ခန့်ခန့် ပျင်းပျင်းရိရိ လဲလျောင်းနေမိသည်။ လွမ်းဆွေးနေလှသည့်လူကို မိုးစက်တို့က ပိုအားဖြည့်နေသယောင်ပါပဲ။
နေ့နေ့ညည ကြိုးစားကျက်မှတ်ရသော စာမေးပွဲပြီးသွားလေတော့ ခန့်ခန့်ခမျာ ယောင်ချာချာနှင့် ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့သည်။ စာမေးပွဲဖြေသည့် တစ်လျှောက်လုံးအကြောင်း ပြန်တွေးတောလေတော့ လူကြီးတစ်ယောက်မှာဖြင့် အနားရှိမပေးနိုင်သော်ငြား အတော်တော့ ဂရုစိုက်ခဲ့ရှာသည်။ စိတ်အားလျော့ကျခြင်းတိုင်း ချစ်သူရှိနေသေး၍ အားအင်တို့ ပြန်လည်ပြည့်ခဲ့ရသည့် ကာလကြီးပင်။
မနက်ငါးနာရီဆိုလျှင် စာထနွှေးရန် ဖုန်းဆက်နှိုးပေးတတ်သည့်လူကြီး။ ကိုယ့်ဘာသာ နှိုးစက်ပေးထားမည်ဆိုလည်းမရ၊ သူပါလိုက်ထတတ်သည်။ အိပ်ရေးမဝဘဲ တစ်ယောက်တည်း စိတ်မကြည်မလင် ထရတာမျိုးမဖြစ်အောင် ငါးမိနစ်ခန့် စကားပြောပေးပြီးမှ စာကြည့်စေသည့်လူကြီး။
နေ့လယ်ဖက်တွင်လည်း စာပို့တာ မပြတ်တတ်သလို ဂရုစိုက်သည့်အကြောင်းအရာများမှာလည်း အပ်ကြောင်းထပ်မနေတတ်ပါ။ ညအိပ်ချိန်ထိ တတွတ်တွတ်မှာနေရင်းက ခန့်ခန့်ဖျားသွားသည်ကို သူပေါ့ဆပြီး ဂရုမစိုက်မိတာကြောင့်ဖြစ်သည်ဟု ပြောသေးတာအခါခါ။
'ကလေး' ဟု ခေါ်တတ်ပြီး တကယ်လည်း ကလေးတစ်ယောက်လို သဘောထားသည်။ ခန့်ခန့်အပေါ် အစ်ကိုအရင်းသဖွယ် ဂရုတစိုက် စောင့်ရှောက်ပေးပြီး နောက်မှနေ၍ အပြည့်အဝထောက်ပံ့ပေးရန် အသင့်ရှိနေတတ်သော ချစ်ရသူပင်။ အလုပ်တွေကြောင့် ခန့်ခန့်ဆီ လာမတွေ့နိုင်သည်ကလွဲလျှင် အမြဲအနားမှာရှိနေသလို ခံစားခဲ့ရပြီး စာမေးပွဲတစ်လျှောက်လုံးလည်း အခက်အခဲမရှိ ဖြေဆိုနိုင်ခဲ့သည်။
ချစ်သူနှင့်ပတ်သက်လို့ သည်လောက်အချစ်ခံရသည်ထိ ကံကောင်းသော်လည်း အိမ်တွင်တော့ အကျဉ်းကျနေဆဲဖြစ်သည်။ စာမေးပွဲဖြေပြီးသော်လည်း အရင်လို တစ်ယောက်တည်း လွတ်လွတ်လပ်လပ် သွားခွင့်မရသေး။ သွားချင်တာရှိလျှင်တော့ ဖေဖေက လိုက်ပို့ပေးသည်။ စားချင်တာရှိလျှင် မှာစားရသလို၊ တစ်ခါတရံလည်း ဝယ်လာပေးကြ၏။
ဖုန်းကိုလည်း ချစ်သူနှင့် အဆက်အသွယ်မလုပ်ဟု ကတိပေးလျှင် ပြန်ပေးမည်တဲ့။ သူ ဘယ်လိုမှမပြောနိုင်သည့် စကားပါပေ။ ဒါမို့ ခန့်ခန့် မလိုချင်ခဲ့ပါ။ မလုပ်နိုင်သည့်အရာတစ်ခုအတွက်လည်း ထပ်ပြီးလိမ်ညာမနေချင်တော့တာမို့ လူကြီးပေးထားသည့် ဖုန်းနှင့်သာ အဆင်ပြေအောင်နေသည်။ အင်တာနက်လည်း မသုံးဖြစ်။ ခန့်ကိုမှလွဲ၍ ကျန်သူငယ်ချင်းများနှင့်လည်း အဆက်အသွယ် ဖြတ်ထားလိုက်သည်။ စာမေးပွဲတွင်းတုန်းက သူ့ကိုကြည့်သည့်အကြည့်တချို့ကြောင့် ဘယ်သူကစစ်မှန်သည်ကို ခန့်ခန့် မသိနိုင်သေးပါပေ။
ဒါမို့လည်း အိမ်ထဲမှာပင် ရအောင်နေတတ်လေပြီ။ တစ်နေ့တစ်နေ့ ချစ်သူနှင့်ဆက်သွယ်သည်။ တစ်ခါတရံ ဂိမ်းဆော့သည်၊ သီချင်းနားထောင်သည်၊ ပျင်းလာလျှင်တော့လည်း ခြံထဲဆင်းကာ စာဖတ်ဖြစ်၏။ သူ စာဖတ်ဖို့အရေး ခန့်ကိုကတဆင့် လူကြီးက စာအုပ်များ ပို့ပေးတတ်သည်။ စာအုပ်တိုင်းတွင်လည်း သူ့ကို ဘယ်လောက်ချစ်ကြောင်း မေတ္တာစာလေးတစ်စောင်စီ ပါလာတတ်တာမို့ ခန့်ကိုယူလာမည့်စာအုပ်လေးတွေ မျှော်ရသည်မှာအမော။
အိပ်ရာပေါ်တွင် ဟိုသည်လှိမ့်ရင်း ပျင်းလာလေတော့ ခေါင်းအုံးအောက်ဖွက်ထားသည့် ဖုန်းကိုစမ်းယူလိုက်သည်။ မိုးရာသီနေ့ရက်တွေက လူကြီးတစ်ယောက်ကို လွမ်းစေရန် အားပေးအားမြှောက်ပြုနေသည့်နှယ်။ မိုးစက်များ တစ်ဖြောက်ဖြောက်ကျနေချိန် သီချင်းနားထောင်ပြီး Feel ရသည်မှာ ချစ်တတ်ပြီးမှ ဖြစ်လာသည့် နူးညံ့သောအရာတစ်ခုပင် ဖြစ်၏။
သူ အခုတလော အကြောင်းတိုက်ဆိုင်လွန်း၍ နားထောင်နေသည့် သီချင်းကိုပဲ ထပ်ဖွင့်မိပြန်သည်။ အဆိုတော်ကောင်မလေးတစ်ယောက် ပြန်ဆိုထားသော 'ချစ်ခြင်းကိုမခွဲပါနဲ့' တဲ့။ စစကြားလိုက်ရသော စူးရှရှအသံကြောင့် သူ့ခံစားချက်တို့က ပိုအသက်ဝင်လာသည်။
ဪ ... လွမ်းလိုက်ပါဘိ။
🎵 အရူးအမူး အချစ်နဲ့ တို့တစ်တွေ
ချစ်လာခဲ့ပြီးမှ၊ ကံတရားရယ်
ချစ်သူနှစ်ဦးကို ရှင်ခွဲခွဲထား...
ပညတ်ထားတဲ့ တို့မိဘရဲ့ သဘောထားတွေနဲ့
ဘယ်လိုရုန်းကန် ရှေ့ဆက်သွား...
....
....
ခေါင်းအုံးထက်ကမျက်ရည်
သက်သေမေပြချင်တယ်...
ကိုယ်ပိုင်အသည်းကို
တို့မှာမပိုင်ဖူး အချစ်ရယ်..
....
....
ချစ်ခြင်းကို မခွဲပါနဲ့...
ချစ်ခြင်းကို မခွဲပါနဲ့...
ချစ်ခြင်းနဲ့ အသက်ဆက်နေတဲ့
နှလုံသားလေး ကျွမ်းသွားမယ်...
ချစ်ခြင်းကိုမခွဲပါနဲ့...
ချစ်ခြင်းကို မခွဲကြပါနဲ့...
တကယ်နှလုံးသား စက်ရုပ်မဟုတ်ဖူး၊
သေရာပါအောင် မလုပ်နဲ့...
မလုပ်လိုက်နဲ့.....🎵
•••••••••••••••••••••••••••••••••••••••
<Zawgyi>
"သား ႀကီးႀကီးက ၾကက္သားစြပ္ျပဳတ္ေလး လုပ္ေပးထားတယ္။ ဆင္းေသာက္ရေအာင္ ... လာ"
အခန္းကို တံခါးမရွိ၊ ဓားမရွိဝင္လာတတ္ကာ အေမျဖစ္သူ၏ေခၚသံပင္။ စာၾကည့္ေနခ်ိန္ သည္လိုတဒီးဒီးလာေခၚသည္ကို ခန့္ခန့္ လုံးဝမႀကိဳက္ပါေပ။ အသက္ႏွစ္ဆယ္ပင္ ျပည့္ေတာ့မည္မလား။ တစ္ကိုယ္ရည္ကိစၥမ်ားအတြက္ ေကာင္းေကာင္းနားလည္ကာ စီမံနိုင္ေသာအရြယ္ပင္။ စာက်က္ေနခ်ိန္ ေရခ်ိဳး၊ အစားစားဖို႔ကိစၥေတြထိ ဝင္ပါေနရန္လည္းမသင့္ဟု သူ ထင္သည္။
" သား ဒီအခန္းအျပတ္ျဖတ္ရဦးမယ္၊ ၿပီးရင္လာစားလိုက္ပါမယ္"
ခန႔္ခန႔္ ခပ္ေအးေအးသာ ေျပာလိုက္ပါသည္။ ၿပီးေနာက္ ခ်က္ခ်င္းပဲ စာကိုအာ႐ုံျပန္စိုက္လိုက္သည္။ ခုံနံပါတ္ေရွ႕ေရာက္ခ်င္စိတ္ႏွင့္ ေန႔မနား၊ ညမနား ႀကိဳးစားခဲ့သမၽွ ေနာက္ဆုံးႏွစ္ဘာသာက်န္ခ်ိန္မွ ဖ်ားနာလာေတာ့တာပင္။ ပုံမွန္ဆိုလၽွင္ေတာ့ အေၾကာမာသည့္ သားအမိႏွစ္ေယာက္အဖို႔ စကားမေျပာျဖစ္ၾကသည္က မ်ားသည္။ အခုလို ဖ်ားေနခ်ိန္မို႔ ဂ႐ုစိုက္တာလည္း ျဖစ္နိုင္ေကာင္းသည္။
အေမျဖစ္သူ အခန္းအျပင္ထြက္ၿပီး တံခါးပိတ္သံၾကားလိုက္ရမွ ခန႔္ခန႔္ စားပြဲေပၚေခါင္းေမွာက္ခ်လိုက္မိ၏။ ခႏၶာကိုယ္ကအားနည္းၿပီး ဖ်ားေနသည့္အျပင္ မ်က္ရည္ပူေတြကပါ စီးက်ခ်င္သည္။ ေငြ႕ေငြ႕ရွိေနေသာ အဖ်ားေသြးမွာလည္း တရိပ္ရိပ္ႏွင့္ မက်နိုင္ေသး။ စိတ္ရွိတိုင္းဆိုလၽွင္ ေစာင္ထဲေကြးကာ ေခြေနလိုက္ခ်င္ပါသည္။ သို႔ေသာ္ ေသခ်ာေပါက္ ခုံနံပါတ္တက္မွျဖစ္မွာမို႔ ရည္မွန္းထားသည့္အတိုင္း စာက်က္ေတာ့မပ်က္ခ်င္။
ဒါမို႔ ေခါင္းကိုတစ္ဖန္ျပန္ထူရင္း စာေႏႊးရျပန္သည္။ ႏွစ္ရက္ပိတ္ထားတုန္းေလး ႀကိဳးစားရမည္။ စာက်က္သံေလးတတြတ္တြတ္က အခန္းက်ဥ္းေလးထဲတြင္ ပ်ံ႕လြင့္ေနခဲ့ေလ၏။
......................
"ဆင္းမလာဘူးလား"
စိတ္ပ်က္လက္ပ်က္ႏွင့္ ျပန္ဆင္းလာေသာ ေဒၚမိမိနိုင္အား ဦးမင္းဟန္က ေလွကားထိပ္တြင္ ဆီးႀကိဳေမးလိုက္ျခင္းျဖစ္သည္။ ကိုယ္တိုင္သာ စကားမေျပာျဖစ္ရွိမည္။ စာေမးပြဲငါးဘာသာေျဖထားရေသာ သားက ဖ်ားေနၿပီဆိုေတာ့ သူ႔ခမ်ာ ထိုင္မရ၊ ထမရပါပဲ။
"ေခၚမရပါဘူး ေဖႀကီးရယ္။ စာျပန္ေႏႊးေနတာ၊ တစ္ခန္းျပတ္မွ ဆင္းမယ္တဲ့"
ဦးမင္းဟန္ သက္ျပင္းတစ္ခ်က္ခ်မိရင္း ထမင္းစားခန္းထဲ ဝင္ရသည္။ ေဒၚမိမိနိုင္သည္လည္း ေနာက္ကထပ္ၾကပ္မခြာ ပါလ်က္သား။
"ငါ့သားနဲ႔ေတာ့ ခက္ေတာ့တာပဲ။ ခုဖ်ားတာလည္း လူပင္ပန္း၊ စိတ္ပင္ပန္းလို႔ဟ"
"သိတယ္ေလ။ ဟိုကိစၥလည္း နားခ်လို႔မရ၊ ခုလည္းဖ်ားေနတာကို စာပဲဇြတ္လုပ္ေနတယ္။ ဘာလို႔မ်ား ဒီေလာက္ေခါင္းမာေနရတယ္ မသိဘူး"
ေဒၚမိမိနိုင္ကေျပာရင္း ျပင္ၿပီးသားထမင္းစားပြဲတြင္ ေနရာယူေလသည္။ နဂိုကမွ မိသားစုမမ်ားရသည့္ထဲ ခုတြင္ေတာ့ ထမင္းဝိုင္းမွာ လူမစုံေတာ့။ အဘြားျဖစ္သူမွာလည္း သူ႔ေျမးေၾကာင့္ စိတ္မေကာင္းျဖစ္ကာ အစားအေသာက္ပ်က္ရွာသည္။ နာမည္တပ္တာေတာ့ ဥပုသ္ယူထားလို႔ ညေနစာမစားတာပါတဲ့ေလ။ သည္ေတာ့လည္း ဦးမင္းဟန္ႏွင့္ေဒၚမိမိနိုင္တို႔သာ ႏွစ္ေယာက္သား ထမင္းလက္ဆုံစားရဖို႔ ရွိေတာ့၏။ အိမ္ကူေပးသည့္ႀကီးႀကီးကလည္း သူ႔ဟာႏွင့္သူသာ စားတတ္သည္။
"ေခါင္းမာတယ္ဆိုၿပီးေတာ့ အျပစ္တင္မေစာေလနဲ႔၊ အဲဒါမင္းနဲ႔တူတာေလ။ ဒီပုံစံေရာက္ေအာင္လည္း မင္းပဲက်င့္ေပးထားခဲ့တာ"
ေဒၚမိမိနိုင္ ဘာမွမေျပာနိုင္ဘဲ ဟင္းမပါသည့္ ထမင္းျဖဴတစ္ဆုပ္ကိုသာ အဓိပၸါယ္မဲ့ စားေနမိသည္။ ေယာက်္ားျဖစ္သူအေျပာအား မျငင္းသာပါ။ တကၠသိုလ္ေက်ာင္းသားမ်ားအား ေန႔တစ္ဒူဝျမင္ေနရေသာ ဆရာမတစ္ေယာက္အဖို႔ သားျဖစ္သူအား စိတ္ႀကိဳက္ပုံသြင္းေပးခဲ့သည္။ အေတာ္ဆုံး၊ အလိမၼာဆုံးဆိုသည့္ ဂုဏ္ပုဒ္မ်ားႏွင့္ ထုံမႊန္းေစခဲ့သည္။ ျမင္ေနက်ကဲ့သို႔ ခပ္ဆိုးဆိုးေက်ာင္းသားေတာ့ မျဖစ္ေစရ။ တစ္ခုခုလိုခ်င္လၽွင္ ႀကိဳးစားလုပ္မွျဖစ္မယ္ဆိုတာမ်ိဳးအေတြးကို ဦးေႏွာက္ထဲ ေသရာပါေအာင္ ရိုက္္သြင္းေပးထားမိသည္။
အေတြးလြန္ေနေသာမိန္းမကိုၾကည့္ကာ ဦးမင္းဟန္ကပင္ ၾကက္သားဟင္းတစ္တုံး ထည့္ေပးရင္း ဆက္ေျပာရွာ၏။
"မင္းကသားကို ငယ္ငယ္ကတည္းက ထက္ျမက္ေအာင္ အျမဲသင္တယ္။ သားကလည္း ႀကိဳးစားခ်င္စိတ္ရွိတယ္။ စိတ္ဓာတ္ပိုင္းဆိုင္ရာ ႀကံ့ခိုင္တယ္။ မွန္တယ္ထင္ရင္ လြယ္လြယ္နဲ႔ အေလၽွာ့မေပးတတ္ဘူး။ ဒါကို ငါလည္းသေဘာက်ပါတယ္။ ဒါေပမဲ့ ခုကိစၥမွာေတာ့ သူမွန္တယ္ထင္ၿပီး ေခါင္းမာေနတာ သူ႔အတြက္မေကာင္းနိုင္ဘူး။ ျပင္ေပးဖို႔လမ္းစရွာရတာလည္း ခက္တယ္။ ေမႀကီးေရ ... ဗီဇေတြကေတာ့ မင္းနဲ႔အေတာ္တူလြန္းေတာ့ ခက္တာပဲ"
ေဒၚမိမိနိုင္ ထမင္းပန္းကန္ကိုသာ ငိုက္စိုက္ၾကည့္ေနမိသည္။ သားကလည္း သူလို စိတ္ထက္သည္၊ ေခါင္းမာသည္၊ မခံခ်င္စိတ္လည္းရွိသည့္ ကေလး။ သူ႔အလိုက် သူ ပုံစံသြင္းခဲ့သည့္ကေလး။ ဒါကိုပင္ အမွားတစ္ခုလို ေနာင္တေတာ့ ရမေနခ်င္ေပ။ ငယ္တုန္းကတည္းက သည္လိုျပႆနာေတြ ျဖစ္လိမ့္မွန္းလည္း ႀကိဳမွမသိခဲ့ဘဲ။
"ကၽြန္မလည္း ေကာင္းေစခ်င္လို႔ပါ"
"အင္း ... မင္းက သူလိုခ်င္တာရွိရင္ တစ္ခုခုကို မရ,ရေအာင္ ႀကိဳးစားခိုင္းၿပီးမွေပးတယ္။ အဲကတည္းက မင္းရဲ့သားက လိုခ်င္တာရွိတိုင္း စာႀကိဳးစားလိုက္၊ ၿပိဳင္ပြဲေတြဝင္ၿပိဳင္လိုက္နဲ႔ ေတာင္းေနေတာ့တာပဲ"
သည္တစ္ခါေတာ့ ေဒၚမိမိနိုင္ မေနသာေတာ့။ သူ လုပ္ခဲ့သည့္လမ္းစဥ္က မွားယြင္းေနျခင္း အလ်ဥ္းမရွိ။ ႏွစ္ဦးသားပုံမွန္စကားေျပာရာက ျငင္းခုံရေတာ့မလို။
"အဲေတာ့ တျခားကေလးေတြလို ေပါ့ေပါ့ေန၊ ေပါ့ေပါ့စား မဟုတ္တာေပါ့။ ရွင္ကလည္း ကၽြန္မအဆိုးပဲဆိုေနတယ္"
"ငါလည္း ဒီအက်င့္ေလးေတြရွိတာ သေဘာက်ပါတယ္။ ဒါေပမဲ့ ခုစာေမးပြဲမွာ မအိပ္မစားနဲ႔ တအားလုပ္ေနပုံႀကီးက လူပါထိလာၿပီ။ ဘာေတြမ်ားေတာင္းခ်င္လို႔ ဒီေလာက္ဇြတ္ေတြႀကိဳးစားေနျပန္တာလဲ"
ေဒၚမိမိနိုင္ ခဏစဥ္းစားၾကည့္ၿပီး၊
"သူ႔ဖုန္း ျပန္ေပးဖို႔ ေတာင္းမွာေနမွာေပါ့"
"ေအး ငါလည္းအဲဒါထင္တာပါပဲ။ ဒါေပမဲ့ ဖုန္းျပန္ေပးဖို႔၊ မေပးဖို႔ဆိုတာက ဒီေလာက္ႀကိဳးစားေနစရာေတာင္မလိုပါဘူး။ 'သား သူ႔ကိုအဆက္ျဖတ္ပါ့မယ္'လို႔ တစ္ခြန္းေျပာရင္ ၿပီးေနၿပီ"
ဦးမင္းဟန္က ခ်ဥ္ေပါင္းဟင္းရည္အား ျဖည္းျဖည္းမွုတ္ေသာက္ရင္း သူ႔သေဘာကိုဆိုျပန္၏။ တစ္လေက်ာ္ၾကာ ဖုန္းမရွိဘဲ စာခ်ည္းထိုင္က်က္ေနရေသာသားကိုလည္း သနားသည္မလား။
"သူကလည္း အဲဒါကိုပဲ မေျပာခ်င္တာေလ"
သည္တြင္ ထမင္းစားရင္းေျပာသည့္ စကားဝိုင္းက တိတ္ဆိတ္လိုက္၊ ျငင္းခုန္လိုက္ပင္။ အမိေရာ၊ အဖပါမနိုင္သည့္ ထိုသားေလးမွာ ၾကမ္းတမ္းရိုင္းစိုင္းေနျခင္းမ်ိဳးလည္းမဟုတ္။ မိဘေတြႏွင့္ သေဘာထားမတိုက္ဆိုင္သည့္ၾကားမွ ရေအာင္႐ုန္းထြက္နိုင္ရန္ ႀကိဳးစားေနသူတစ္ဦးမၽွသာ။
.........................
ညက တျဖည္းျဖည္းနက္လာသည္။ ပတ္ဝန္းက်င္တြင္ ကားသံတစ္ခ်က္တစ္ခ်က္မွလြဲ၍ ဘာသံမၽွမၾကားေခ်ေတာ့။ အျပင္လွမ္းၾကည့္ေလေတာ့ ၿခံထဲကမီးေရာင္ဝင္းဝင္းရွိလွသည္။ မွန္ျပတင္းတြင္ေတာ့ အပင္ျမင့္ဆီမွ သစ္ခက္အရိပ္တို႔ ဟိုတစ္စ၊ သည္တစ္စ က်ေရာက္ေနေလ၏။ အဖ်ားမက်ေသးေသာ ခန႔္ခန႔္အဖို႔ ၿခံျပင္ၾကည့္ရင္း စာတတြတ္တြတ္ ရြတ္ေနရသည္။ တေငြ႕ေငြ႕တက္ေနေသာ အဖ်ားရိပ္ေၾကာင့္ အသက္ရွူတာေတာင္ ေလပူေတြအရွူ၊ အသြင္းထုတ္ေနရသည့္ႏွယ္။
မဖုံးမကြယ္တမ္းဆိုရလၽွင္ သည္ရက္မ်ားတြင္ ခန႔္ခန႔္ ပိုပင္ပန္းလာခဲ့သည္။ ေဇယ်ာႏွင့္ ဖုန္းအဆက္အသြယ္ရွိေနေသာ္လည္း ဖ်ားေန၍လားမသိ၊ စိတ္မွာသည္ထက္တင္းမခံနိုင္ေတာ့ဘဲ ပိုဝမ္းနည္းမိလာသည္။ အနားတြင္ေနမေပးနိုင္သည့္ ခ်စ္သူကိုသာ တမ္းတမိသည္၊ လြမ္းမိသည္။ စိတ္ကိုခိုင္ခိုင္ထားေသာ္လည္း ေန႔စဥ္ရက္ဆက္ ငိုေနမိသည့္အျဖစ္။ က်ခဲ့ရသည့္ မ်က္ရည္ပူတို႔မွာ ႐ုပ္ပိုင္းဆိုင္ရာ အားနည္း၍လား၊ စိတ္ပိုင္းဆိုင္ရာ အားေဖ်ာ့၍လားဟု သူခြဲျခားမသိနိုင္ခဲ့ပါေခ်။
ကိုယ္ပူမက်နိုင္ေသာ ခန့္ခန့္တစ္ေယာက္ စာၾကည့္စားပြဲကထကာ အိပ္ယာေပၚအသာလွဲခ်လိုက္မိသည္။ ႀကီးႀကီးျပင္ေပးေသာ ၾကက္စြပ္ျပဳတ္ႏွင့္ ေဆးေသာက္လိုက္တာပင္ တစ္နာရီေက်ာ္ေနေလၿပီ။ သူ႔ခႏၶာကိုယ္ကေတာ့ အားအင္ေတြ နည္းေနေသးသေယာင္။ မလွုပ္ခ်င္ေလာက္ေအာင္ ေညာင္းကိုက္ေနၿပီး လူကႏြမ္းလ်လ်ႏွင့္။
စာေၾကာင့္ပင္ပန္းသည့္ဒဏ္၊ အနာဂတ္ေဝဝါးေနေသာ ခ်စ္သူႏွင့္အေၾကာင္းတို႔ေတြးမိေလေတာ့ မ်က္ရည္ပူေတြဆိုတာ အတားအဆီးမရွိ ပိုးပိုးေပါက္ေပါက္က်လာမိ၏။ ပင္ပန္းလိုက္တာ၊ အထီးက်န္လိုက္တာ၊ ရက္စက္လိုက္တာရယ္လို႔ သူ႔ခမ်ာ ညီးညဴခြင့္မရွိ။ တစ္ေယာက္တည္း အိပ္ရာထက္မယ္ ခပ္ေခြေခြကေလး ငိုေႂကြးရသည္။
ထိုအခိုက္ ေဘာင္းဘီအိတ္ကပ္အတြင္း ထည့္ထားသည့္ဖုန္းမွ တုန္ခါလာသည္။ သည္ဖုန္းနံပါတ္ကိုသိတာ ခ်စ္သူႏွင့္ခန႔္ကိုသာရွိသည္။ ဒါမို႔ မ်က္ရည္တို႔ကို အသာသုတ္ရင္း ဖုန္းထုတ္ၾကည့္ေတာ့ မ်က္ႏွာျပင္တြင္ေပၚေနေလတာ 'My Man' တဲ့။
"ဟုတ္"
"ဟဲလို ... ကေလး သက္သာရဲ့လား"
ပင့္သက္ရွိုက္ရင္းေျပာလိုက္သည့္အသံအား မရိပ္မိသြား၍ ေတာ္ပါေသးသည္။ သူ ငိုေနသည့္အျဖစ္အား ခ်စ္သူကို လုံးဝမွအသိမေပးခ်င္။ ႀကံ့ခိုင္ေအာင္ေနပါမည္ ကတိေပးထားသမၽွ သူ႔ဘက္က ပ်က္ေနမိသည္မလား။ သည္ထက္ေတာ့ ပိုမသိေစခ်င္ေတာ့။
"အင္း သက္သာပါတယ္။ ေန႔လယ္က လူႀကီးနဲ႔ေျပာၿပီး ေဆးတစ္လုံးထပ္ထိုးထားတယ္။ ခုနကလည္း ၾကက္စြပ္ျပဳတ္နဲ႔ေဆးထပ္ေသာက္တယ္၊ အဖ်ားက်သြားပါၿပီ"
"ေတာ္ေသးတာေပါ့။ စာေမးပြဲကလည္း ၾကားပိတ္ရက္ခံသြားေတာ့ ကိုယ့္ကေလး နားခ်ိန္ေလးရသြားတာ"
"အင္း။ လူႀကီး အိမ္မေရာက္ေသးဘူးလား"
ခန့္ခန့္ အသံကိုနားစြင့္၍ပင္ လူႀကီးဘယ္ေရာက္ေနသည္ကို မွန္းတတ္ေနၿပီ။ ခုလည္း ကားသံ၊ ဟြန္းသံတခ်ိဳ႕ၾကားေနရသည္မို႔ မွန္းတာမမွားလၽွင္ ကားေမာင္းေနတာ ျဖစ္လိမ့္မည္ပင္။
"အင္း ဟုတ္တယ္၊ ကိုယ္ ဧည့္သည္ေတြကို ညစာလိုက္ေကၽြးေနလို႔ ခုမွအိမ္ျပန္ေနရတာ"
"ဪ.."
ခ်စ္သူကားေမာင္းသည့္ေဘးတြင္ ထိုင္လိုက္ခဲ့ရသည့္ အျဖစ္အပ်က္တို႔ကို ျပန္ေတြးမိေတာ့ ဝမ္းနည္းမွုကပိုတိုးလာ၏။ တသိမ့္သိမ့္တုန္တက္လာေသာ ရွိုက္သံတခ်ိဳ႕ကို မသိသာေအာင္ထိန္းရင္း ဝမ္းနည္းမွုကို မ်ိဳသိပ္ရသည္။ ဖုံးကြယ္ရသည္။
"ကေလး ႏွာပါေစးေနတာလား၊ အသံကတစ္မ်ိဳးပဲ"
"မေစးပါဘူး၊ ပုံမွန္ပါပဲ"
သတိထားေနသည့္ၾကားက ရိပ္မိေနသူမွာ သူ႔အသံေလးကစ ဂ႐ုစိုက္တတ္သူတစ္ဦး။
"ႏွာမေစးတာေသခ်ာလား"
"အင္း"
"ဒါဆို ဒီအသံက ငိုထားတာပဲျဖစ္မယ္၊ ဟုတ္တယ္မလား"
လွဲေနရာက ေခါင္းေထာင္မိသည္အထိ လန႔္သြားမိတာပင္။ တကယ္ပါပဲ ... ဘယ္လိုဂ႐ုစိုက္တတ္သူမို႔ သူ ပိပိရိရိ မလိမ္နိုင္ရတာပါလဲ။
"မငိုပါဘူးဗ်၊ ေယာက်္ားပါ"
"မလိမ္နဲ႔ေနာ္၊ ကိုယ္ FaceTime ေခၚၾကည့္မွာ"
ဖုန္းျပန္သုံးေသာ္လည္း ေဖ့ဘြတ္ခ္သုံး၍ မျဖစ္ေသးေသာေၾကာင့္ အခ်င္းခ်င္းေတြ႕ခ်င္ၾကလၽွင္ FaceTime ေျပာရသည္။ ဒါကို အခြင့္ေကာင္းယူကာ သူ႔ကိုစစ္ေဆးေလမည္တဲ့။ သည္ပုံတိုင္းဆိုလၽွင္ ေခၚ၍မျဖစ္။ မို႔အစ္ေနေသာ သူ႔မ်က္လုံးမ်ားအား ဘာႏွင့္မၽွ ဖုံးဖိမရနိုင္ေခ်။
"မေခၚပါနဲ႔"
ခန႔္ခန႔္ ေသခ်ာထိုင္ေျပာၿပီး အသံကို အတတ္နိုင္ဆုံး ၾကည္လင္ေစသည္။ ရွိုက္သံမပါေစရ၊ အားႏြဲ႕သံမေပါက္ေစရ။ တစ္ဖက္တြင္လည္း ကားေမာင္းေနရင္းက ခဏရပ္လိုက္သည္လား၊ အိမ္ျပန္ေရာက္သည္လားမသိ။ ဂီယာထိုးသံသဲ့သဲ့ကို ခန႔္ခန႔္ ၾကားလိုက္ရတာျဖစ္၏။
"ကိုယ့္ကေလးေလး ... ဘာေတြအဆင္မေျပလို႔လဲ။ ဖ်ားတာေနရခက္လို႔လား။ စာေတြက်က္စရာ က်န္ေနေသးလို႔လား။ ဒါမွမဟုတ္ အိမ္ကထပ္ဆူလို႔လား ... ဟင္"
ေမးခြန္းေပါင္းမ်ားစြာႏွင့္ခ်စ္သူ ဂ႐ုတစိုက္ေမးမွ ခန့္ခန့္ ပိုလို႔ငိုခ်င္လာသည္။ ေတြ႕လည္းေတြ႕ခ်င္သလို ခ်စ္သူ၏ရင္ခြင္ေႏြးေႏြးတစ္စုံကိုလည္း ခိုလွုံခ်င္လွသည္။ ဘယ္ေလာက္ခက္ခဲေနေၾကာင္း၊ အထီးက်န္ေနေၾကာင္းလည္း အားပါးတရ ေျပာငိုခ်လိုက္ခ်င္သည္။ သို႔ေသာ္ ထိုစကားတို႔ကို တစ္ခြန္းမွေျပာမထြက္။ ထိန္းခ်ဳပ္ထားသည့္ၾကားက ရွိုက္သံတစ္စြန္းတစသာ ထြက္သြားေတာ့၏။
သူ ဘာလို႔မ်ား သည္ေလာက္အျဖစ္သည္းေနမိရသလဲ။
"ကေလးရယ္ မငိုပါနဲ႔။ ငိုသံၾကား႐ုံနဲ႔ ကိုယ္ပါ ရင္ေတြနာလာတယ္။ ကေလးမငိုေအာင္ ကိုယ္ဘာလုပ္ေပးရမလဲ၊ ကိုယ္ဘာလုပ္ေပးနိုင္မလဲဟင္။ ကိုယ့္ကိုေျပာပါ"
"ေတြ႕ခ်င္တယ္"
ခန့္ခန့္၏မရဲတရဲ ေျပာသံတိုးတိုးက တစ္ဖက္ဖုန္းဆီသို႔ တိုးေဖာက္ဝင္ေရာက္သည္။
"ေတြ႕ခ်င္တယ္။ အိုေခ! ဒါဆို ကိုယ္ကေလးတို႔ အိမ္ေရွ႕ ခုလာခဲ့မယ္။ ကေလးက အခန္းကေနလွမ္းၾကည့္ေနာ္"
အိမ္ေရွ႕တဲ့! မျဖစ္ေခ်ပါ။ ေဖေဖႏွင့္ေမေမက သိပ္မ်က္စိလ်င္တတ္ပါဘိႏွင့္။
"ဟင့္အင္း၊ အိမ္ေရွ႕လာလို႔မျဖစ္ဘူး။ လူႀကီး လမ္းထိပ္မွာပဲေစာင့္ေန။ ဟို ... မုန့္ဝယ္ဆိုၿပီး ခဏထြက္လာၾကည့္မယ္"
"အင္း ကိုယ္ေစာင့္ေနမယ္၊ ခဏဆိုေရာက္ၿပီ"
ခ်စ္သူႏွင့္ေသခ်ာေျပာၿပီးေလေတာ့ ခန့္ခန့္ မုန့္ဝယ္သြားရန္ ပိုက္ဆံအိတ္ကို ေကာက္ယူလိုက္သည္။ အခ်ိန္အားျဖင့္ ညရွစ္နာရီေက်ာ္စ ျဖစ္သည္။ သည္အခ်ိန္ ခါတိုင္းေတာ့ မုန႔္ဝယ္ထြက္ေနက်ပါပဲ။ ျပႆနာျဖစ္ၿပီးေနာက္ပိုင္း သူ႔ကိုအထြက္ခံပါ့မလားမသိ။ ႀကိဳးစားေတာ့ၾကည့္ရမွာပင္၊ သူ ေတြ႕ခ်င္သည္မလား။
အိပ္ရာေပၚကထၿပီး မွန္ျပင္ေပၚက သူ႔မ်က္ႏွာကိုၾကည့္ေတာ့ ငိုထားသည့္အရွိန္ေၾကာင့္ ရဲေသြးနီေနသည္။ ခန႔္ခန႔္ စားပြဲေပၚက မ်က္မွန္အဝိုင္းက ေကာက္စြပ္လိုက္တာ အလ်င္အျမန္။ ၿပီးေနာက္ ဘီးယူၿပီး ရွိသမၽွဆံစအားလုံးကို အေရွ႕နဖူးျပင္ဆီ ျဖန႔္ခ်လိုက္သည္။ ေသခ်ာမၾကည့္လၽွင္ သူငိုထားတာ မသိသာေတာ့ပါေပ။
သည္လိုႏွင့္ ေအာက္ထပ္ဆင္းခဲ့ေတာ့ ဧည့္ခန္းတြင္ အေဖ၊ အေမႏွင့္ အဘြားပါရွိေနသည္။ ႀကီးႀကီးကေတာ့ ေနာက္ေဖးတြင္ တကုပ္ကုပ္ႏွင့္။ ခန႔္ခန႔္ မ်က္ႏွာတည္တည္ထားကာ မုန့္ဝယ္ထြက္ဖို႔ ခြင့္ေတာင္းလိုက္သည္။ သူ႔ကိုၾကည့္ေနေသာ လူႀကီးေတြေၾကာင့္ သားေရပိုက္ဆံအိတ္ေလးအား ဆုတ္ခဲထားမိတာပင္။ ေဘာင္းဘီအိတ္ကပ္ထဲတြင္ မျမင္ေအာင္ထည့္လာသည့္ ဖုန္းကေတာ့ အၿငိမ္သားတည္ရွိေန၏။
ထို႔ေနာက္ အေမျဖစ္သူက သူ႔အားမုန႔္ဝယ္ထြက္ဖို႔ ခြင့္ေပးလိုက္သည္။ သို႔ေပမဲ့ 'ႀကီးႀကီးပါ ေခၚသြား' တဲ့ေလ။
ဘယ္လိုျဖစ္ပါမည္နည္း။ ခ်စ္သူႏွင့္ခိုးေတြ႕မည့္အေရးတြင္ ႀကီးႀကီးက ကန႔္လန႔္ႀကီးပါေနဦးမည္။ သို႔ေပမဲ့ သူ ေနမေကာင္းေနတာမို႔ စိတ္ၾကည္ေအာင္ေပးသည့္ အခြင့္အေရးကို အတင္းျငင္းေနလို႔မျဖစ္။ လူႀကီးေတြလည္း ရိပ္မိမည္စိုး၍ ႀကီးႀကီးကိုေခၚကာ သူ ထြက္လာခဲ့ရသည္။
အျပင္ပင္ထြက္နိုင္ခဲ့ၿပီမလား။ ႀကီးႀကီးကို လွည့္စားရမည္က သူ႔တာဝန္သာ။ ၿခံေရွ႕ကတၱရာလမ္းေပၚ စေလၽွာက္ရေလေတာ့ ရင္ကတဒိန္းဒိန္းႏွင့္။ သူ႔ေဘးရွိ ႀကီးႀကီးကေတာ့ ေအးေအးလူလူရွိလွသည္။ လမ္းထိပ္နားအေရာက္တြင္ အသင့္ေစာင့္ေနေသာ ခ်စ္သူ႔ကားကို စေတြ႕ရေလၿပီ။ သို႔ေပမဲ့ ဆင္းမလာေသးရန္ ႀကီးႀကီးမျမင္ေအာင္ အေနာက္မွေန၍ လက္ျဖင့္ကာလ်က္ အခ်က္လွမ္းျပရ၏။
သို႔ႏွင့္ City Express ေရွ႕ေရာက္ခ်ိန္မွ ႀကီးႀကီးကို ဆိုင္ေရွ႕တြင္သာ ေစာင့္ေနရန္မွာခဲ့လိုက္သည္။ ႀကီးႀကီးမွာလည္း မရိပ္မိဘဲ သူေျပာသည့္အတိုင္း ဆိုင္အျပင္ဘက္ေထာင့္တစ္ေနရာတြင္ ေက်ာေပးေစာင့္ေနခဲ့၍သာ ေတာ္ေတာ့၏။
ထိုအခါမွ ဆိုင္ထဲေရာက္ၿပီးျဖစ္ေသာ ခန႔္ခန႔္မွာ ေဘာင္းဘီအိတ္ထဲတြင္ ခိုးယူလာေသာဖုန္းႏွင့္ ခ်စ္သူကိုဆိုင္ထဲ မသိမသာဝင္လာခဲ့ရန္ လွမ္းေျပာရေလသည္။ အိမ္လာဖူးတာမို႔ ႀကီးႀကီး မွတ္မိသြား၍မျဖစ္။
အရိပ္အကဲနားလည္ေသာ ေဇယ်ာလည္း လမ္းတစ္ဖက္ေငးေနေသာ ႀကီးႀကီးကို ပုန္းကြယ္လၽွိုးရင္း ဆိုင္ထဲအျမန္ဝင္ရသည္။ တစ္ခါမွမလုပ္ဖူးေသာ ခိုးေတြ႕ရသည့္ကိစၥႀကီးမွာ သူတို႔အတြက္ရန္ခုန္ရသလို မိသြားမွာေၾကာက္၍လည္း ရင္တုန္ရသည့္အျဖစ္။
ဆိုင္ထဲတြင္ေတာ့ အလြယ္မျမင္နိုင္ေသာ အေနာက္ျခမ္းအက်ဆုံးေနရာတြင္ ရပ္ေစာင့္ေနသူမွာ ခန႔္ခန့္္ပင္။ ရင္ထိတ္ေနရင္းက ခ်စ္သူဝင္လာတာေတြ႕ရမွသာ သူ ပင့္သက္ခ်နိုင္ေတာ့၏။
ေဇယ်ာကေတာ့ ဝင္ဝင္လာခ်င္း ေလၽွာက္လွမ္းရင္းႏွင့္ သူ႔ကေလးပုံစံကို ေစ့ေစ့စပ္စပ္ၾကည့္ေနသည္။ တီရွပ္အနက္ေရာင္စင္းေလးအား ခဲေရာင္ေဘာင္းဘီရွည္ႏွင့္ တြဲဖက္ဝတ္စားထားသူေလး။ ခပ္အုပ္အုပ္ျဖစ္ေနေသာ ဆံစတို႔မွာ အိမ္ေနရင္းပုံစံေလးမွန္း သိသာေစသည္။ နီးကပ္လာသည္ႏွင့္ မ်က္မွန္ဝိုင္းေလးေအာက္က မ်က္ခြံတို႔ အနည္းငယ္မို႔အစ္ေနတာ ခ်က္ခ်င္းသတိထားမိလိုက္သည္။ ၿပီးလၽွင္ ေအာက္မ်က္တြင္းတို႔ေတာင္ အနည္းငယ္ခ်ိဳင့္က်ေနသေယာင္။ ဘယ္ေလာက္မ်ား ပင္ပန္းေနလိုက္သလဲ။
"လူႀကီး"
ဆိုင္ထဲသူတို႔ကလြဲလၽွင္ ဝယ္သူရွိမေနတာမို႔ ခန႔္ခန႔္ ဟန္မေဆာင္နိုင္စြာ ေဇယ်ာရင္ခြင္ထဲသို႔ တိုးဝင္ေတာ့သည္။
"ကိုယ့္ကေလးရယ္"
ေဇယ်ာကေတာ့ ရင္ခြင္ထဲသို႔ တိုးဝင္လာသည့္ခန့္ခန့္အား တင္းတင္းက်ပ္က်ပ္ ျပန္ဖက္လိုက္၏။ ၿပီးမွ ဒူးေလးကိုညြတ္၍ မ်က္ႏွာႏွစ္ခုကိုယွဥ္ကာ ပါးခ်င္းထိကပ္ၾကည့္သည္။ ကေလးပါးျပင္မွာ ေႏြးသည္ထက္ပိုကာ အဖ်ားေသြးရွိေနသည္ကို ခံစားလိုက္မိသည္။ ၿပီးမွသာ ပါးမို႔မို႔ေလးအား ခ်ိဳင့္ဝင္ေလာက္သည္ထိ အားပါးတရ နမ္းလိုက္ေသး၏။
"အဖ်ားရွိေနေသးတာပဲ ကေလးရ"
ခန့္ခန့္မွာ နမ္းခံရသည့္ပါးေလးကို လက္ျဖင့္ပြတ္၍၊
"ဆိုင္ထဲမွာေနာ္ဗ်"
"ကိုယ္အရမ္းလြမ္းေနလို႔"
"တူတူပဲ ... အရမ္းလြမ္းတယ္"
ေဇယ်ာ့ထက္ ေခါင္းတစ္လုံးစာေလာက္ နိမ့္ေနေသာခန႔္ခန႔္က ေခါင္းကိုေမာ့၍ ခ်စ္စဖြယ္ေျပာေနတာပင္။ မေတြ႕ရတာၾကာေနၿပီမို႔ ခပ္ခၽြဲခၽြဲေလးျဖစ္ေနမိတာ သူ႔ကိုယ္သူပင္ ရိပ္မိပုံမေပၚပါေပ။
"ခ်စ္လိုက္တာကြာ။ ကဲ ... လာ၊ မုန႔္ေတြေရြးထည့္ဦး။ ေတာ္ၾကာ ... ၾကာေနလို႔ ႀကီးႀကီးဝင္လာဦးမယ္"
"ဟုတ္"
ေဇယ်ာမွာ ေပြ႕ထားသည့္အေနအထားမွ လႊတ္ေပးၿပီး ခန့္ခန့္ပုခုံးကတဆင့္ လက္ေမာင္းကိုပဲ အသာရစ္ပတ္ထားသည္။ သို႔ေသာ္ အေရွ႕ဘက္အျခမ္းသို႔ မထြက္ရဲၾက။ ႀကီးႀကီး မျမင္နိုင္ေအာင္ အတြင္းမွာပင္ မုန႔္ေတြေရြးထည့္ေနရသည္။ ဒါတင္မကေသး ေဇယ်ာက မွာစရာရွိသည္ေတြလည္း မွာရေသးသည္။ ႏွစ္ဦးသားအဖို႔ ရပ္တန့္ထားလိုက္ခ်င္သည့္ မိနစ္ပိုင္းေလးပါပဲ။
"ကေလး ... ဒီညေတာ့ စာကိုဆယ္နာရီခြဲေနာက္ဆုံးထားၿပီး ၾကည့္ရမယ္ေနာ္။ အရင္ညေတြလို သန္းေခါင္ေက်ာ္ထိ မလုပ္နဲ႔ေတာ့။ မ်က္ႏွာမွာ အရမ္းပင္ပန္းတာေတြ ေပၚေနၿပီ။ စာေတြအဲေလာက္မလုပ္နဲ႔။ ေအာင္စာရင္း ဘယ္လိုထြက္လာပါေစ၊ ကိုယ္ကခ်စ္တယ္ သိရဲ့လား"
"ဟုတ္ကဲ့ခင္ဗ်"
ငိုထားသည့္ခန႔္ခန႔္ခမ်ာ အခုမွပဲရႊင္ျပဳံးလာနိုင္ေတာ့သည္။ စိတ္မခ်ျဖစ္ေနရေသာ ေဇယ်ာသည္လည္း ထိုအျပဳံးေလးျမင္မွ စိတ္သက္သာရာရသြားသည္။ လူႀကီးေတြ ဘယ္လိုပင္သေဘာမတူၾကေစဦးေတာ့ သူတို႔အခ်စ္ကေတာ့ လုံးဝၿပိဳလဲသြားလို႔ မျဖစ္ပါေခ်။
"လိမၼာလိုက္တာ။ ဒါဆို ထပ္မငိုရေတာ့ဘူးေနာ္။ စိတ္ေအးလက္ေအး စာျပန္ၾကည့္ေတာ့"
"အင္းပါ၊ လူႀကီးလည္း ဂ႐ုစိုက္ျပန္ေနာ္။ မိုးခ်ဳပ္ေနၿပီ"
"ဟုတ္ပါၿပီဗ်ာ"
ေျပာရင္းဆိုရင္း ေဇယ်ာက ႏွုတ္ခမ္းဖူးဖူးေလးအား ႏွုတ္ဆက္အနမ္းေႁခြခ်လိုက္ေတာ့ ခန႔္ခန႔္ မလုံမလဲ အျပင္တစ္ခ်က္ၾကည့္လိုက္ေသးတာပင္။ ၿပီးေနာက္ မုန႔္ဖိုးရွင္းၿပီး သူကအရင္ထြက္ရ၏။ ေဇယ်ာတစ္ေယာက္ကေတာ့ ဆိုင္ထဲခဏက်န္ေနတာပင္။
သည္လိုႏွင့္ သူတို႔တစ္ခဏတာ ခြဲရျပန္သည္။ တစ္ဘဝစာအတြက္ေတာ့ မခြဲခ်င္တာမို႔ နီးစပ္ဖို႔အေရး ႀကိဳးစားၾကရဦးမည္မလား။
.......................
စက္တင္ဘာလ၏ စာေမးပြဲႀကီးမွာ လုံးဝၿပီးသြားခဲ့ေခ်ၿပီ။ ေအာင္စာရင္းထြက္ရန္အတြက္ ေအာက္တိုဘာႏွင့္နိုဝင္ဘာ ႏွစ္လေလာက္ေတာ့ ေစာင့္ရဦးမည္ျဖစ္၏။ မိုးကုန္လို႔ ေဆာင္းဝင္စအခ်ိန္ေလာက္ဆိုလၽွင္ ခန႔္ခန႔္တို႔ေအာင္စာရင္းေတြ သိရတတ္သည္။ ခုံနံပါတ္ေတြ တစ္ခါတည္းထြက္လာၿပီးသားမို႔ ဒီဇင္ဘာလ အတန္းသစ္ျပန္ဖြင့္လၽွင္ အခန္းေတြ ျပန္ခြဲထိုင္ၾကရဦးမည္ျဖစ္သည္။
ဟူး ... ျပတင္းတြင္လာစင္ေနေသာ မိုးစက္တခ်ိဳ႕ကိုၾကည့္ရင္း ခန႔္ခန႔္ ပ်င္းပ်င္းရိရိ လဲေလ်ာင္းေနမိသည္။ လြမ္းေဆြးေနလွသည့္လူကို မိုးစက္တို႔က ပိုအားျဖည့္ေနသေယာင္ပါပဲ။
ေန႔ေန႔ညည ႀကိဳးစားက်က္မွတ္ရေသာ စာေမးပြဲၿပီးသြားေလေတာ့ ခန႔္ခန႔္ခမ်ာ ေယာင္ခ်ာခ်ာႏွင့္ ဘာလုပ္ရမွန္းမသိ ျဖစ္ေနခဲ့သည္။ စာေမးပြဲေျဖသည့္ တစ္ေလၽွာက္လုံးအေၾကာင္း ျပန္ေတြးေတာေလေတာ့ လူႀကီးတစ္ေယာက္မွာျဖင့္ အနားရွိမေပးနိုင္ေသာ္ျငား အေတာ္ေတာ့ ဂ႐ုစိုက္ခဲ့ရွာသည္။ စိတ္အားေလ်ာ့က်ျခင္းတိုင္း ခ်စ္သူရွိေနေသး၍ အားအင္တို႔ ျပန္လည္ျပည့္ခဲ့ရသည့္ ကာလႀကီးပင္။
မနက္ငါးနာရီဆိုလၽွင္ စာထေႏႊးရန္ ဖုန္းဆက္ႏွိုးေပးတတ္သည့္လူႀကီး။ ကိုယ့္ဘာသာ ႏွိုးစက္ေပးထားမည္ဆိုလည္းမရ၊ သူပါလိုက္ထတတ္သည္။ အိပ္ေရးမဝဘဲ တစ္ေယာက္တည္း စိတ္မၾကည္မလင္ ထရတာမ်ိဳးမျဖစ္ေအာင္ ငါးမိနစ္ခန့္ စကားေျပာေပးၿပီးမွ စာၾကည့္ေစသည့္လူႀကီး။
ေန႔လယ္ဖက္တြင္လည္း စာပို႔တာ မျပတ္တတ္သလို ဂ႐ုစိုက္သည့္အေၾကာင္းအရာမ်ားမွာလည္း အပ္ေၾကာင္းထပ္မေနတတ္ပါ။ ညအိပ္ခ်ိန္ထိ တတြတ္တြတ္မွာေနရင္းက ခန့္ခန့္ဖ်ားသြားသည္ကို သူေပါ့ဆၿပီး ဂ႐ုမစိုက္မိတာေၾကာင့္ျဖစ္သည္ဟု ေျပာေသးတာအခါခါ။
'ကေလး' ဟု ေခၚတတ္ၿပီး တကယ္လည္း ကေလးတစ္ေယာက္လို သေဘာထားသည္။ ခန့္ခန့္အေပၚ အစ္ကိုအရင္းသဖြယ္ ဂ႐ုတစိုက္ ေစာင့္ေရွာက္ေပးၿပီး ေနာက္မွေန၍ အျပည့္အဝေထာက္ပံ့ေပးရန္ အသင့္ရွိေနတတ္ေသာ ခ်စ္ရသူပင္။ အလုပ္ေတြေၾကာင့္ ခန့္ခန့္ဆီ လာမေတြ႕နိုင္သည္ကလြဲလၽွင္ အျမဲအနားမွာရွိေနသလို ခံစားခဲ့ရၿပီး စာေမးပြဲတစ္ေလၽွာက္လုံးလည္း အခက္အခဲမရွိ ေျဖဆိုနိုင္ခဲ့သည္။
ခ်စ္သူႏွင့္ပတ္သက္လို႔ သည္ေလာက္အခ်စ္ခံရသည္ထိ ကံေကာင္းေသာ္လည္း အိမ္တြင္ေတာ့ အက်ဥ္းက်ေနဆဲျဖစ္သည္။ စာေမးပြဲေျဖၿပီးေသာ္လည္း အရင္လို တစ္ေယာက္တည္း လြတ္လြတ္လပ္လပ္ သြားခြင့္မရေသး။ သြားခ်င္တာရွိလၽွင္ေတာ့ ေဖေဖက လိုက္ပို႔ေပးသည္။ စားခ်င္တာရွိလၽွင္ မွာစားရသလို၊ တစ္ခါတရံလည္း ဝယ္လာေပးၾက၏။
ဖုန္းကိုလည္း ခ်စ္သူႏွင့္ အဆက္အသြယ္မလုပ္ဟု ကတိေပးလၽွင္ ျပန္ေပးမည္တဲ့။ သူ ဘယ္လိုမွမေျပာနိုင္သည့္ စကားပါေပ။ ဒါမို႔ ခန့္ခန့္ မလိုခ်င္ခဲ့ပါ။ မလုပ္နိုင္သည့္အရာတစ္ခုအတြက္လည္း ထပ္ၿပီးလိမ္ညာမေနခ်င္ေတာ့တာမို႔ လူႀကီးေပးထားသည့္ ဖုန္းႏွင့္သာ အဆင္ေျပေအာင္ေနသည္။ အင္တာနက္လည္း မသုံးျဖစ္။ ခန့္ကိုမွလြဲ၍ က်န္သူငယ္ခ်င္းမ်ားႏွင့္လည္း အဆက္အသြယ္ ျဖတ္ထားလိုက္သည္။ စာေမးပြဲတြင္းတုန္းက သူ႔ကိုၾကည့္သည့္အၾကည့္တခ်ိဳ႕ေၾကာင့္ ဘယ္သူကစစ္မွန္သည္ကို ခန႔္ခန႔္ မသိနိုင္ေသးပါေပ။
ဒါမို႔လည္း အိမ္ထဲမွာပင္ ရေအာင္ေနတတ္ေလၿပီ။ တစ္ေန႔တစ္ေန႔ ခ်စ္သူႏွင့္ဆက္သြယ္သည္။ တစ္ခါတရံ ဂိမ္းေဆာ့သည္၊ သီခ်င္းနားေထာင္သည္၊ ပ်င္းလာလၽွင္ေတာ့လည္း ၿခံထဲဆင္းကာ စာဖတ္ျဖစ္၏။ သူ စာဖတ္ဖို႔အေရး ခန့္ကိုကတဆင့္ လူႀကီးက စာအုပ္မ်ား ပို႔ေပးတတ္သည္။ စာအုပ္တိုင္းတြင္လည္း သူ႔ကို ဘယ္ေလာက္ခ်စ္ေၾကာင္း ေမတၱာစာေလးတစ္ေစာင္စီ ပါလာတတ္တာမို႔ ခန႔္ကိုယူလာမည့္စာအုပ္ေလးေတြ ေမၽွာ္ရသည္မွာအေမာ။
အိပ္ရာေပၚတြင္ ဟိုသည္လွိမ့္ရင္း ပ်င္းလာေလေတာ့ ေခါင္းအုံးေအာက္ဖြက္ထားသည့္ ဖုန္းကိုစမ္းယူလိုက္သည္။ မိုးရာသီေန႔ရက္ေတြက လူႀကီးတစ္ေယာက္ကို လြမ္းေစရန္ အားေပးအားေျမႇာက္ျပဳေနသည့္ႏွယ္။ မိုးစက္မ်ား တစ္ေျဖာက္ေျဖာက္က်ေနခ်ိန္ သီခ်င္းနားေထာင္ၿပီး Feel ရသည္မွာ ခ်စ္တတ္ၿပီးမွ ျဖစ္လာသည့္ ႏူးညံ့ေသာအရာတစ္ခုပင္ ျဖစ္၏။
သူ အခုတေလာ အေၾကာင္းတိုက္ဆိုင္လြန္း၍ နားေထာင္ေနသည့္ သီခ်င္းကိုပဲ ထပ္ဖြင့္မိျပန္သည္။ အဆိုေတာ္ေကာင္မေလးတစ္ေယာက္ ျပန္ဆိုထားေသာ 'ခ်စ္ျခင္းကိုမခြဲပါနဲ႔' တဲ့။ စစၾကားလိုက္ရေသာ စူးရွရွအသံေၾကာင့္ သူ႔ခံစားခ်က္တို႔က ပိုအသက္ဝင္လာသည္။
ဪ ... လြမ္းလိုက္ပါဘိ။
🎵 အ႐ူးအမူး အခ်စ္နဲ႔ တို႔တစ္ေတြ
ခ်စ္လာခဲ့ၿပီးမွ၊ ကံတရားရယ္
ခ်စ္သူႏွစ္ဦးကို ရွင္ခြဲခြဲထား...
ပညတ္ထားတဲ့ တို႔မိဘရဲ့ သေဘာထားေတြနဲ႔
ဘယ္လို႐ုန္းကန္ ေရွ႕ဆက္သြား...
....
....
ေခါင္းအုံးထက္ကမ်က္ရည္
သက္ေသေမျပခ်င္တယ္...
ကိုယ္ပိုင္အသည္းကို
တို႔မွာမပိုင္ဖူး အခ်စ္ရယ္..
....
....
ခ်စ္ျခင္းကို မခြဲပါနဲ႔...
ခ်စ္ျခင္းကို မခြဲပါနဲ႔...
ခ်စ္ျခင္းနဲ႔ အသက္ဆက္ေနတဲ့
ႏွလုံသားေလး ကၽြမ္းသြားမယ္...
ခ်စ္ျခင္းကိုမခြဲပါနဲ႔...
ခ်စ္ျခင္းကို မခြဲၾကပါနဲ႔...
တကယ္ႏွလုံးသား စက္႐ုပ္မဟုတ္ဖူး၊
ေသရာပါေအာင္ မလုပ္နဲ႔...
မလုပ္လိုက္နဲ႔.....🎵
•••••••••••••••••••••••••••••••••••••••
Bạn đang đọc truyện trên: Truyen3h.Co