Truyen3h.Co

နှောင်ကြိုး

Part-29 (💞 Happy 6th Monthsary 💞)

Fi_Lay


<Unicode>

ညက မှောင်မိုက်နေသည်။ ကြယ်ရောင်စုံကလည်း စုံလင်စွာ ရှိမနေ။ လမင်းကြီးကပင် မသာနိုင်သည့် လမိုက်ညတစ်ည။ ညဉ့်ဦးယံ၊ သန်းခေါင်ယံ၊ မိုးသောက်ယံဟူ၍ ညဉ့်သုံးယံရှိသည့်အနက် အခုလိုသန်းခေါင်ယံအချိန်ကို ဇေယျာ အနှစ်သက်ဆုံးဖြစ်သည်။ အသံဗလံရယ်လို့ ဆူညံမနေ။ နားပူမည့်သူမရှိ။ အလုပ်တာဝန်တွေမရှီ။ ကောင်းကင်ကိုကြည့်ကာ ခံစားချက်တွေ လွတ်လပ်ပေါ့ပါးနိုင်သည့်အချိန်တည်း။

ဒါမို့ သန်းခေါင်ယံအချိန်ဆိုလျှင် ခြံထဲဆင်းပြီး တစိမ့်စိမ့်တွေးနေရတာကို သူ သဘောကျတာဖြစ်၏။ ခုံတန်းလျားပေါ်တွင် အရှည်လိုက်ကျောဆန့်ကာ လဲလျောင်းနေသောသူ့အဖို့ မျက်နှာမူရာက မဟူရာကောင်းကင်ကြီးသာ ရှိသည်။ မှောင်မိုက်ချိန်မို့ သူ့အား ဆိတ်ငြိမ်ခြင်းများကသာ အဖော်ပြုလျက်။

သည်အချိန်ဆို ကလေးတစ်ယောက်တော့ အိပ်နေလောက်ပြီပေါ့။ တမ်းတရသည့်ညများကို သူ မုန်းမိပြန်သည်။ တားဆီးထားသည့်အရာများကို သူ မနှစ်မြို့။ မိဘဖြစ်နေစေဦးတော့ပေါ့။

သူတို့လိုလူသားတွေ ဝမ်းနည်း၊ ဝမ်းသာဘယ်လိုပင် ခံစားနေရပါစေ ... အချိန်ကတော့ ပုံမှန်လိုရွေ့လျားလည်ပတ်နေသည်။ မနက်ဖြန်ဆိုရင်တောင် ကလေး သူ့ကိုအဖြေပေးခဲ့တာ ခြောက်လတင်းတင်း ပြည့်လေပြီ။ အချိန်တွေ သည်လောက်တောင် ရှိသွားခဲ့ချေပြီ။ သို့ပေမဲ့ ထိုခြောက်လတွင် သူတို့ချင်းကြည်နူးခဲ့ရချိန်က သိပ်မကြာရှည်ခဲ့။ ကိုယ့်အိမ်ကသိ၊ သူ့အိမ်ကသိနှင့် ... မရာမရာအနာဂတ်ကလည်း စောင့်ကြိုနေပြန်သည်။ တွေးလေ၊ တွေးလေ ရင်မောရလေ။

"ကိုကို မအိပ်သေးဘူးလား"

ခြံထဲဆင်းသံကြားလိုက်၍ အစ်ကိုဖြစ်သူအား ရွယ်ရွယ် လိုက်ခေါ်ရပြန်ခြင်းဖြစ်သည်။

"အင်း နည်းနည်းမအိပ်ချင်သေးလို့"

ဇေယျာ တစ်ဖက်ကျောက်ပြားတွင် လဲလျောင်းနေတော့ ရွယ်ရွယ် စားပွဲတစ်ဖက်က ခုံတန်းပေါ်သို့ ဝင်ထိုင်လေသည်။

"ဘာတွေတွေးနေတာလဲ။ ခန့်ခန့်လေး အကြောင်းပဲလား"

"အင်း"
ရွယ်ရွယ်က ပြုံးစစနှင့် မေးလိုက်တော့ ဇေယျာ ရှို့တိုးရှန်းတန်းနှင့်။ သို့ပေမဲ့ သူ မညာဖြစ်ပါ၊ အိမ်တွင်တော့ ညီမဖြစ်သူက သူ့အပေါ် နားအလည်နိုင်ဆုံးဖြစ်သည်။ ဒါကြောင့်လည်း ရွယ်ရွယ့်ကို ခန့်ခန့်နှင့်ပတ်သက်သမျှ အကြောင်းတွေ တစ်ခါတရံ ရင်ဖွင့်ဖြစ်သည်။ တိုင်ပင်ဖြစ်သည်။ ညီမဖြစ်သူကလည်း ဖြေသိမ့်ပေးရှာပါသည်။ သည်မိဘတွေအကြောင်း သည်မောင်နှမနှစ်ယောက်ကသာ အသိဆုံးမို့။

"သူရော အဆင်ပြေရဲ့လား"

"အိမ်ထဲမှာပဲပေါ့၊ တော်တော်စိတ်ညစ်နေရှာတယ်"

"အင်းနော် ... ကိုကိုကလည်း သွားတွေ့လို့မရဘူး"

ဇေယျာ သက်ပြင်းရှည်တစ်ချက် ချလိုက်သည်။

"ဟုတ်တယ်၊ မနက်ဖြန်ဆိုရင်တောင် ချစ်သူဖြစ်တာ ခြောက်လပြည့်ပြီလေ။ မတွေ့ရတာလည်း တစ်လရှိတော့မယ်။ အနည်းဆုံးတော့ လူချင်းတွေ့ချင်သေးတာ။ ဒါပေမဲ့ သူ့အိမ်ကလည်းထွက်မရ၊ ကိုယ့်အိမ်ကလည်း ထွက်မရနဲ့"

စိတ်ညစ်ညစ်နှင့် ပြောနေသည့် အစ်ကိုဖြစ်သူကိုကြည့်ကာ ရွယ်ရွယ်ကတော့ ဂရုဏာသက်မိတာ အမှန်ပင်။ ဖြစ်နိုင်လျှင်တော့ အစ်ကိုဖြစ်သူ စိတ်ချမ်းသာအောင် သူလည်း ကူညီချင်မိသည်မလား။ မိဘတွေက သဘောတူမည့်ပုံရှိမနေတော့ အစ်ကိုမပြောနှင့်၊ သူတောင် ကြားကစိတ်ဓာတ်ကျရသည်။

"ဒီလိုလုပ်မလား ကိုကို။ ဖေဖေက ကိုကိုတစ်ယောက်တည်းဆို သီးသန့်မထွက်ခိုင်းပေမဲ့ ရွယ်ပါရင်တော့ ပေးထွက်မှာပါ"

"ဘယ်လို"

ရွယ်ရွယ် အားတတ်သရောနှင့်ပြောတော့ ဇေယျာလည်း လှဲနေရာမှပြန်ထပြီးမေးလာတာ ရုတ်ချည်းပင်။

"ဒီလိုလေ ရွယ်က မနက်ဖြန်ညကျရင် ညဈေးသွားချင်တယ်။ ကိုကို့ကို လိုက်ပို့ခိုင်းဦးမယ်ဆိုပြီး ဖေဖေတို့ကို ခွင့်တောင်းလိုက်ရင် လွှတ်မှာသေချာတယ်။ ပြီးမှ ရွယ်တို့ ခန့်ခန့်ခြံရှေ့ သွားကြတာပေါ့"

ကောင်းလိုက်သည့်အကြံ။ အနည်းဆုံးတော့ ကလေးမျက်နှာလေးအား သူ မြင်ခွင့်ရဦးမည်။ အထိမ်းအမှတ်နေ့လေးအား အသိအမှတ်ပြုပေးနိုင်တော့မည်။ သည်လိုဆိုတော့လည်း အတွေးနှင့်ပင် စိတ်လှုပ်ရှားကာ ပြုံးရယ်မိပြန်တာ ဟိန်းဇေယျာ။ ရင်ခုန်သံများပင် ပြန်လတ်ဆတ်လာသည့်နှယ်။

"ကောင်းသားပဲ။ ငါ့ညီမကမှ ဒီလိုအကြံကောင်းတွေ ထွက်သေးတယ်"

"ဒီလိုဖြစ်နေရမှာပေါ့။ ဒါနဲ့ ချစ်သူသက်တမ်း ခြောက်လပြည့်ဆိုတော့ ကိုကို ဘာတွေပြင်ထားလဲ"

ရွယ်ရွယ်မေးမှ ဇေယျာ ကြောင်သွားသည်။ သူ့စိတ်ထဲမှာ တွေ့ချင်တာသာရှိသည်။ အထိမ်းအမှတ်နေ့အဖို့ ဘာမှထွေထွေထူးထူး မစဉ်းစားမိ။ တန်ဖိုးကြီးလက်ဆောင်လည်း လက်ခံရတာမကြိုက်သည့်ကလေးမို့ ဘာပေးရမည်ကိုလည်း သူအကြံမထွက်လာ။

"ကဲဗျာ ... ဘာမှမပြင်ထားမိဘူး။ လက်ဆောင်ပြင်လိုက်ရမလား။ အရမ်းဈေးကြီးတာဆိုလည်း သူကလက်ခံမှာမဟုတ်ဘူး၊ သိသားနဲ့"

"ခန့်ခန့်အကြောင်း သိပါတယ်။ ပြီးတော့ ကိုကိုတို့က အပေါ်နဲ့အောက်တွေ့ရမယ့်ဟာ လက်ဆောင်ဘယ်လိုပေးမလဲ။ ဒီလိုလုပ် ... ရွယ် စီစဉ်ပေးမယ်၊ ခန့်ခန့်ကို သူအိပ်တဲ့ချိန်မှ Surprise သွားလုပ်ရအောင်"

"ဘယ်လိုလဲမျိုး"

ခပ်မှိန်မှိန်မီးရောင်က စဉ်းစားနေဟန်ရှိသော ရွယ်ရွယ့်မျက်နှာတစ်ခြမ်းဆီ ကျရောက်နေ၏။ အစ်ကိုဖြစ်သူကို ကူညီနိုင်မည့်အကြံမို့ ပြုံးပျော်ပြီး တွေးနေတာပင်။

"ရပြီ၊ ရပြီ။ လူအင်အားတောင့်ဖို့တော့ လိုမယ်။ ရွယ်နဲ့ကိုကို နှစ်ယောက်ထဲဆို မလုပ်နိုင်လောက်ဘူး။ လူများရင်ပိုကောင်းမယ်"

ဇေယျာ ညီမဖြစ်သူ၏အတွေးတွေကို လိုက်မမှီတော့ချေ။ သို့ပေမဲ့ လူအင်အားဆိုလျှင်တော့ သူတို့နှစ်ယောက်အကြောင်းကိုသိသည့် သူငယ်ချင်းတွေရှိတာပဲမလား။ ထက်မြက်နှင့် ကလေး၏သူငယ်ချင်း ခန့်ကိုဆိုသောကောင်လေးကိုတော့ အကူအညီတောင်းရမည်။ ဤသို့ဖြင့် မောင်နှမနှစ်ယောက် ကြိတ်ကြံစည်သောအထိိမ်းအမှတ်နေ့လေးက တဖြည်းဖြည်းပုံပေါ်လာတော့မည်ပင်။

...........................

နိုဝင်ဘာလ၏နောက်တစ်နေ့ ညဉ့်ဦးယံအချိန်တွင်တော့ ဇေယျာဦးဆောင်သော ရွယ်ရွယ်၊ ထက်မြက်နှင့် ခန့်ကိုတို့အဖွဲ့မှာ စုရုံးကာရှိနေလေပြီ။

ဇေယျာ ဦးဆောင်သည်ဆိုပေမဲ့ တကယ်တော့ ညီမဖြစ်သူ၏ညွှန်ကြားချက်အတိုင်း လိုက်လုပ်ရတာမျိုးပင်။ တစ်နေကုန် ချစ်သူလေးကို အဆက်အသွယ်မလုပ်ဘဲ ထားလိုက်ပါ၊ ဒါမှ ပိုအံ့အားသင့်မယ်တဲ့လေ။ အကြံကောင်းဆိုလို့သာ ကလေးကိုပစ်ထားရသည်၊ သူ့ခမျာတော့ စိတ်တနုံ့နုံ့။ ဒါတောင် မနေနိုင်မထိုင်နိုင် မနက်ခင်းလေးကိုတော့ ဖုန်းဆက်ပြီးနှိုးလိုက်သေးသည်။ ထို့နောက် တစ်နေ့လုံး မဆက်သွယ်ဖြစ်တော့ ကလေးက စာတွေပါထပ်ပို့ထားသည်။ အထိမ်းအမှတ်နေ့ကို မေ့နေလို့ဆိုပြီး တစ်နေကုန် ဘယ်လောက်များ စိတ်ကောက်နေလိုက်မလဲမသိ။

ရွယ်ရွယ်ကတော့ တစ်နေကုန် လိုတာတွေသူ့ဘာသာ စီစဉ်ပေးသည်။ ညဆယ်နာရီ သူတို့အားလုံးစုမိချိန်တွင်တော့ ခန့်ခန့်် အိမ်သွားဖို့ အဆင်သင့်ဖြစ်လေပြီ။ ပစ္စည်းတွေကလည်း အများသားမို့ ထက်မြတ်၊ ခန့်ကိုတို့ကားတွေပေါ်ပါ လိုသည့်ပစ္စည်းများ ခွဲတင်ရသည်။ အားလုံးပြီးစီး၍ ခန့်ခန့်တို့လမ်းထိပ်ရောက်ချိန်တွင် အချိန်က မှန်းထားသည့်အတိုင်း ညဆယ့်တစ်နာရီကျော်နေပြီဖြစ်၏။

ညဉ့်ဦးယံအချိန် ရောက်နေပြီမို့ ပတ်ဝန်းကျင်က တိတ်ဆိတ်နေလေပြီ။ လမ်းထဲ၌ လူသွားလူလာလည်း မရှိတော့။ သူတို့ကားသုံးစီးကသာ ရှေ့ဆင့်နောက်ဆင့် နေရာယူထားပြီး လေးယောက်သားစုရုံးနေကြ၏။

"ကိုကို ဒီချိန်သူ့အိမ်ကလူကြီးတွေ အိပ်လောက်တာ သေချာရဲ့လား"

"အင်း သေချာပါတယ်။ သူတို့အိမ်က ညဆိုစောစောအိပ်တတ်ကြတယ်တဲ့"

"ဒါဆို ဖုန်းခေါ်လိုက်တော့"

"အင်း"

ဇေယျာက ဖုန်းထုတ်ကာ ခန့်ခန့်ကိုခေါ်ဖို့ ပြင်သည်။ အိမ်များအိပ်နေလေပြီလားမသိ။

"Surprise လုပ်ခံရမဲ့ဟိုကောင်ငခန့်တော့ မသိဘူး။ ကျွန်တော်ကတော့ အခုထဲက သူ့အစားရင်ခုန်နေပြီ"

ခန္ဓာကိုယ်မထွားသော်လည်း အရပ်ရှည်သည့်ခန့်ကိုက လက်ဖဝါးနှစ်ဖက်ကို တဖျဉ်းဖျဉ်းပွတ်သပ်ရင်း စိတ်လှုပ်ရှားနေတာပင်။ တကယ်ရင်ခုန်နေသလို လူကြီးတွေသိသွားမှာကြောက်၍လည်း ရင်တုန်နေရသည်။

"ညီရေ အတွေ့အကြုံ ယူထားဟ။ မင်းကောင်မလေးကျလည်း ဒါမျိုးလုပ်ပေးပေါ့"

ကိုယ်လုံးကိုယ်ထည်တောင့်တောင့်နှင့် ထက်မြတ်ကပါ အကြီးပီပီ ခန့်ကိုကို ဝင်‌စနောက်တော့သည်။ ရွယ်ရွယ်ကတော့ ပြုံးတုံ့တုံ့နှင့် သည်အကြံအောင်မြင််ဖို့အရေးသာ တွေးတောလျက်။

"ဟုတ်တယ်၊ နောက်ကျွန်တော့်အလှည့်ကျရင်လည်း ဒီအတွဲကို ပြန်ကူခိုင်းရမယ်"

"ကူပါမယ်ဗျာ။ ရှူး ... ဖုန်းဝင်သွားပြီ"

ဇေယျာ လက်ညှိုးကို နှုတ်ခမ်းဆီကပ်ပိတ်ပြရင်း အားလုံးကိုတိတ်ဆိတ်စေလိုက်၏။ ပတ်ဝန်းကျင်ကတော့ ပြောစရာမလိုအောင် ဆိတ်ငြိမ်နေပြီးသားပင်။

.....................

ခန့်ခန့်အဖို့ကတော့ သည်နေ့တစ်နေကုန် စိတ်မကြည်ပါ။ ချစ်သူလူကြီးတစ်ယောက်မှာ လတိုင်းတော့ အထိန်းအမှတ်နေ့ကို သတိရတတ်ပေမဲ့ သည်နေ့ နည်းနည်းမှထုတ်မပြောသည့်အပြင် အဆက်အသွယ်ပါ လုံးဝမရတော့။ မေ့များမေ့နေလေပြီလား။

မနက်က 'အိပ်ယာထတော့လေ ကလေး' ဆိုပြီး ခဏဖုန်းပြောကာချသွားသည်မှာ ညနေစောင်းသည်ထိ ဖုန်းလည်းမဆက်၊ ခါတိုင်းလိုစာလည်း မပို့။ ပုံမှန်ဆိုလျှင် တစ်နာရီ၊ နှစ်နာရီထက်ပိုကာ အဆက်အသွယ်ပြတ်ခြင်းမရှိ။ အခုတော့ တစ်နေကုန်ပစ်ထားလိုက်သည်မှာ ညဆယ်နာရီကျော်သည်ထိ။ ခန့်ခန့် 'ဘာလုပ်နေလဲ' ဟု ပို့ထားတာကိုပင် ပြန်မပြောတော့။ အတွေးမျိုးစုံတို့နှင့် စိတ်ကမကြည်တော့ပေ။

ပစ်ထားရက်လိုက်လေခြင်း။ အိမ်ထဲတင်နေရသော သည်လူအဖို့ ပျော်စရာဆိုတာ ချစ်သူနှင့်စကားပြောရတာလေးသာ ရှိသည်။ မိဘတွေနှင့် အဆင်မပြေသမျှ ယိုင်လဲနေသည့်စိတ်ကို တည့်မတ်ပေးထားသည်မှာ လူကြီးတစ်ယောက်ပင်။ ထိုလူသာ သူ့ကိုအလေးမထားတော့လျှင် သူ့အတွက် ပျော်စရာကိစ္စများက နိဂုံးချုပ်ရလိမ့်မည်။ ခန့်ခန့်တစ်ယောက်တည်း လျှောက်တွေးရင်း ဝမ်းနည်းစိတ်က ပိုလာလေပြီ။

ပြတင်းပေါက်လေးဆီ အိပ်ရာပေါ်က လှမ်းငေးတော့ လူကြီးပို့ပေးထားသည့် ရောင်စုံပန်းအိုးပေါက်စလေးတွေက သူ့အားလှောင်ပြောင်နေသယောင်။ အခန်းထဲတွင် အထီးမကျန်အောင် အပင်ကိုယ်ပွားလေးတွေ ပို့ထားမယ်ဆိုပြီး စကားတက်တိုင်းပြောခဲ့ပေမဲ့ သည်နေ့ဖြင့် သူ့ကိုပစ်ထားရက်လိုက်တာ။ ခန့်ခန့်တစ်ယောက် စိတ်မကြည်လင်မှုကြောင့် နှုတ်ခမ်းဖူးဖူးမှာ ဆူလိုက်ချိတ်လိုက်နှင့် နောက်ဆုံးတော့ အိပ်ပျော်သွားခဲ့လေသည်။



အတန်ကြာသော် လက်ထဲကိုင်ထားမိသောဖုန်းမှ ရုတ်တရက် တုန်ခါလာသည်။ အိပ်မက်ယောင်ယောင်၊ တကယ်ယောင်ယောင် သူ တွေးထင်နေရင်းက မျက်လုံးကိုအားယူကာ ဖွင့်ကြည့်ရသည်။ အိပ်ပျော်ကာစအချိန်မြင်လိုက်ရသော 'My Man' ဆိုသည့် နာမည်လေးက သူ့အားစိတ်ဆိုးပြေအောင် ချော့နေသယောင်။

ခန့်ခန့် ဝမ်းနည်း၊ဝမ်းသာဖြစ်နေသည့် စိတ်နှင့် ဖုန်းအမြန်ကိုင်လိုက်သည်။ ယုတ်စွအဆုံး သန်းခေါင်းယံ ဆယ့်နှစ်နာရီတော့ မကျော်သေးဘူးမလား။ သို့သော် ဝမ်းနည်းစိတ်က ဖျောက်မရစွာ။ ခန့်ခန့် ဖုန်းကိုင်ပြီးနောက် ဘာသံမှတော့မပေးမိ။

"ဟဲလို"

"...."

"ဟဲလို ကလေး"

"...."

"ဟဲလို"

"...."

ဇေယျာသည်လည်း ခန့်ခန့်ဆီမှ ဘာသံမှမကြားရဘဲ လေတိုးသံသဲ့သဲ့ကိုသာ ကြားနေရသည်မို့ စိတ်ကောက်နေပြီမှန်း အတပ်သိလိုက်ပြီပင်။ ဘေးကသူ့ကို စိုက်ကြည့်နေသည့် ရွယ်ရွယ်၊ ထက်မြတ်နှင့် ခန့်ကိုအား ဇေယျာပြုံးကာ လက်ညှိုးလေး ကွေးပြလိုက်သည်။ စိတ်ကောက်နေပြီဟု အချက်ပေးလိုက်ခြင်း။

"ကလေး ကိုယ့်ကိုစိတ်ကောက်နေတာလား"

"...."

"ကိုယ် မမေ့ဘူးနော်၊ ဒီနေ့ဘာနေ့လဲဆိုတာ ကိုယ်မမေ့ဘူး"

"မမေ့ရင် ဘာလို့တစ်နေကုန် ပစ်ထားရတာလဲဗျ"

ခန့်ခန့်၏စိတ်တိုနေသည့်အသံလေး ထွက်လာပါသည်။ ဒေါသသံစွက်နေသည့် ခပ်စူးစူးအသံလေး။

"ကိုယ် ပစ်မထားပါဘူး။ ကလေးမယုံရင် ကိုယ် သက်သေပြမယ်လေ"

"ဆင်ခြေတွေပေးမနေနဲ့ လူကြီး။ ပစ်ထားတာက ပစ်ထားတာပဲ။ ဒီနေ့ တော်တော်စိတ်မကြည်နေတာနော်"

ခန့်ခန့် တစ်နေကုန်တေးထားသည့် မကျေနပ်ချက်များကို ဖွင့်ချပစ်ချင်တော့သည်။ ချော့လျှင်စိတ်ကောက်ပြေမည်ဟု တွေးထားသော်လည်း တကယ်တမ်းတော့ တစ်နေကုန် စိတ်တိုထားရတာမလား။

"မမေ့ပါဘူးဆို ကိုယ့်ကလေးရယ်။ မယုံရင်ခဏထပြီး ပြတင်းပေါက်ကနေ ကောင်းကင်ကိုကြည့်နေ"

"ဘာဆိုင်လို့လဲ"

ချစ်သူများ အိမ်ရှေ့ရောက်နေတာလားဟုသည့်စိတ်နှင့် ခန့်ခန့် တွေဝေသွားသည်။ သို့သော် ရောက်နေလျှင်လည်း အိမ်ရှေ့ကြည့်ကြည့်လို့ ပြောရမည်။ ခုဟာက ကောင်းကင်ကို ကြည့်နေတဲ့။ ဘယ်လိုကြီးလဲမသိပါလေ။

"ကဲပါ ထကြည့်"

ဇေယျာ ထက်မြက်နှင့်ခန့်ကိုအား ခေါင်းတစ်ချက်ငြိမ့်၍ အချက်ပြလိမ့်သည်။ ကြိုစီစဉ်ထားသော ရွယ်ရွယ်က အချက်ပြသည်နှင့် ကျန်နှစ်ယောက်ကို ပစ္စည်းတွေအဆင်သင့်ပေးပြီးသားပင်။

ခန့်ခန့်ခများတော့ ပြောသည့်အတိုင်း အိပ်ချင်မူးတူးနှင့် ပြတင်းပေါက်ကခန်းဆီးကို ဖယ်ကြည့်လိုက်သည်။ ကောင်းကင်တွင် ဘာမှမရှိချေ။ လမင်းမပြောနှင့်၊ ကြယ်တောင် ကောင်းကောင်းမထွန်းလင်းသည့်ညမို့ ခန့်ခန့် ပိုစိတ်တိုလာသည်။ ဒါမို့ ပြန်အော်လိုက်ဖို့ ရည်ရွယ်နေခိုက် ကြားလိုက်ရသည်က လမ်းထိပ်မှ ကျယ်လောင်သည့် မီးရှုးမီးပန်းဖောက်သံပင်။

"ဟာ!"

သီတင်းကျွတ်လည်း ပြီးသွားပြီကို မြင်လိုက်ရသော မီးရှူးမီးပန်းတွေက တဖွားဖွားနှင့်။ ထွက်ချက်တိုင်းတွင် မီးပန်းများဖြာကျနေသည်မှာ ရင်သက်ရှူမောဖွယ်အတိ။ တစ်ခုထဲဖောက်နေခြင်းတောင်မဟုတ်၊ နှစ်ခုပြိုင်ဖောက်နေပြီး အပြိုင်ဖွာကျနေသည့်ပုံမျိုး။

"Happy 6th Monthsary ပါ ... ကလေးလေး။ နောက်ထပ်နှစ်ခြောက်ဆယ်မကအောင် အတူတူရှိနေမယ်နော်။ မီးပန်းတွေ သဘောကျရဲ့လား"

ဒါဆိုလျှင် လူကြီး၏စီစဉ်မှုပေါ့။ ခန့်ခန့်တစ်ယောက်ပျော်လွန်း၍ ဘာစကားမှပင် မပြောနိုင်တော့။ အထိမ်းအမှတ်နေ့ကို မေ့နေပြီထင်သည့်ချစ်သူက ညကြီးမှမီးရှုးမီးပန်းတွေ လာဖောက်ပြနေသည်။ တစ်နေကုန်ကြားချင်နေသည့် ချစ်စကားတို့အား တီတီတာတာ ပြောပြနေသည်။ သည်လောက်ချစ်တတ်သည့်သူ ရထားရသည်မှာ သူ ဘယ်လောက်တောင် ကံကောင်းလိုက်ပါသလဲ။

အပျော်လွန်၍ မျက်ရည်တွေပါကျမိလာသော ခန့်ခန့်အဖို့ ရှိုက်သံမထွက်မိရန်ပင် လက်နှင့်အုပ်ကာထားမိသည်။ ငိုခဲ့ရသည့်အကြိမ်တွေများခဲ့ပေမဲ့ သည်တစ်ခါကတော့ ပျော်လွန်းလို့ကျရသည့် မျက်ရည်များပင်။

"လူကြီး"

"ပြောဗျာ"

တဖွားဖွားဖြာကျနေသော မီးပန်းတို့က သူ့မျက်ဝန်းတွင် အဝါတစ်လှည့်၊ အနီတစ်လှည့် လင်းလက်လို့နေသည်။ ခန့်ခန့်အဖို့ ချစ်စကားကလွဲ၍ ဘာမျှပြောဖို့ သတိမရသည်အထိ အပျော်လွန်နေတော့၏။ ရင်တွင်းအနက်ရှိုင်းဆုံးနေရာမှ ပေါ်ထွက်လာသည့်စကားမျိုးမို့လည်း ဆိုင်သူကြားမှဖြစ်မည်။

"ချစ်တယ်၊ အရမ်းချစ်တယ်"

"ကိုယ်လည်းချစ်ပါတယ်ဗျာ"

နှစ်ယောက်သား တိတ်ဆိတ်၍ မီးပန်းများကိုသာ ကြည့်မိနေကြသည်။ ထက်မြက်ရော၊ ခန့်ကိုပါ နှစ်ယောက်ပြိုင်ဖောက်နေကြ၍ ရောင်စုံမီးပန်းများ အပြိုင်ဖွာကျနေသည်မှာ လှရက်နိုင်လွန်းသည်။ ရွယ်ရွယ်ကတော့ ဖုန်းဖြင့်မှတ်တမ်းတင်ကာ ရိုက်ကူးနေလေရဲ့။

"ကလေး အိပ်ရာပေါ် ပြန်မသွားနဲ့ဦးနော်"

မီးပန်းများ အားလုံးကုန်သွားပြီးမှ ဇေယျာ စကားထပ်ပြောရသည်။ ချစ်သူ၏အိပ်ခန်း အနေအထားကို အကျအနသိသူဇေယျာက ထပ်မံတောင်းဆိုလိုက်ပြန်သည်။

"ထပ်ဖောက်ဦးမလို့လား"

"မဟုတ်ပါဘူး ကလေးရဲ့။ အိမ်ရှေ့ ခဏလာမလို့၊ ပြတင်းဝကနေပဲ ခဏရပ်ပြီး ရှုစားပေးပါဦးဗျာ"

"ဟုတ်"

ခန့်ခန့် အိမ်ရှေ့က လမ်းကျယ်ဆီသို့ မျှော်ကြည့်နေလိုက်သည်။ မေမေတို့က အစောကြီးထဲက အိပ်သွားကြပြီမို့ တော်သေးသည်။ ချစ်သူကလည်း ဒါကိုသတိထားပြီး နောက်ကျမှလာသည်ထင်ပါရဲ့။ ခန့်ခန့်တို့အိမ်၏ မျက်နှာချင်းဆိုင်အိမ်ကလည်း လူမနေတာကြာပြီမို့ လူကြီးလာတာကို ဘယ်သူမှမသိနိုင်ပါ။

ခန့်ခန့် ရင်အစုံဝယ် တဒိန်းဒိန်းနှင့် ခုန်လို့မဆုံးသေးချေ။ ခဏနေလျှင် တစ်လလောက်မတွေ့ရသည့်ချစ်သူကို မြင်ရတော့မည်မလား။ ရင်ခုန်လွန်း၍ စည်းချက်များပင် ထွက်နေသည်က ရထားတစ်စင်းခုတ်မောင်းနေသည့်နှယ်။

သည်လိုနှင့် ခန့်ခန့် အိမ်လမ်းရှေ့ကိုငေးကြည့်နေခိုက် ဝင်လာသည့်ကားက လူကြီးကားမဟုတ်ဘဲ Crown အနက်ရောင်နှင့် ခန့်ကိုကား။ သည်ကောင်ကဘယ်လိုပါလာသလဲ။ တွေးနေခိုက်ပင် ခန့်ကိုကားနောက်မှဆက်၍ အနီရောင်ကားလေးတစ်စီး။ မှန်းတာမမှားလျှင် Hyundai ကထုတ်သည့် Sonata လေး ဖြစ်လိမ့်မည်။

ဘာတွေလဲ။ လူကြီးတစ်ယောက်ထဲ မဟုတ်ဘူးပေါ့။ ခန့်ခန့် ခေါင်းရှုပ်သွားသည်။ နောက်မှထပ်၍ ဝင်လာသည်က လူကြီးကားအဖြူရောင်လေး။
ခန့်ခန့် သိချင်ဇောနှင့် မစောင့်နိုင်စွာ ဇေယျာကို ဖုန်းပြန်ခေါ်လိုက်သည်။ သို့သော် ဖုန်းမကိုင်သေးခင် ကားပေါ်ကလူတွေကသာ အရင်ဆင်းလာကြသည်။

ပထမကားပေါ်က ခန့်ကို။

နောက်တစ်စီးပေါ်က ဆင်းလာသူကား ကိုယ်ထည်တောင့်တောင့်နှင့် ကိုထက်မြက်။

ထိုသူတို့ အလျှိုလျှိုဆင်းလာပြီးမှ ချစ်ရသူကလည်း နောက်ကားပေါ်က ဆင်းလာသည်။ သို့ပေမဲ့ ချက်ချင်းဆိုသလို ကားအဖြူလေး၏ တစ်ဖက်ခြမ်းမှ တံခါး ထပ်ပွင့်လာသည်။

ဖုန်းခေါ်သံတတူတူကြားနေရသည့်ကြားက ဘယ်သူ့ကို တင်လာရပြန်ပြီလဲတွေးကာ ခန့်ခန့် စိတ်ခြောက်ခြားလာသည်။ ချစ်သူ၏ဘေးခုံမှာ သူ တစ်ယောက်တည်းအတွက်သာ ဖြစ်ရမည်။ သည်လောက်လောဘကြီးကြီးနှင့် ချစ်လိမ့်မည်ဟုပင် သူ့ကိုယ်သူထင်မထားမိပါပေ။

ကြည့်နေရင်းက ဒူးလောက်ရှိသည့် ဂါဝန်အကပ်လေးနှင့် ဆင်းလာသည့်မိန်းကလေးတစ်ယောက်။ ငုံ့နေဟန်ရှိသောမျက်နှာကို အပေါ်မော့လိုက်မှ လမ်းမီးရောင်ကြောင့် မြင်လိုက်ရသည်က မမရွယ်။

"ဟာ!"

"ဟဲလို ကလေး"

တစ်ပြိုင်နက်တည်း ဖုန်းကိုင်လာသော ချစ်သူအား ခန့်ခန့် တရစပ်မေးမိတော့သည်။

"လူကြီး ... လူကြီးက ခန့်ကိုတို့၊ မမရွယ်တို့၊ ကိုထက်မြက်တို့ပါ အကုန်ခေါ်လာတာလား"

"ဖြေးဖြေးမေးပါ ကလေးရယ်။ လျှာတွေလည်း ခလုတ်တိုက်ကုန်ပါမယ်"

"ဖြေဦးလို့"

ကားကိုမှီကာ သူ့လှမ်းကြည့်နေသည့်ချစ်သူအား စိတ်မရှည်စွာ မေးရသည်။ သည်အချိန်မှာ သိချင်စိတ်များနေသည်ကား သူ မလွန်ပါပေ။ အိမ်ရှေ့ရောက်လာသည့် ကားသုံးစီးနှင့် ထိုသူများအကြောင်း ဂဃနဏ စပ်စုချင်လှသည်။

"ဟုတ်တယ်၊ သူတို့ကလည်း ကိုယ်တို့ကို ဂုဏ်ပြုပေးကြမလို့တဲ့"

"ဟုတ်လား၊ အားနာစရာကြီး မိုးချုပ်နေပြီကို။ ဒါနဲ့ သူတို့က ကိုထက်မြက်ကားနားစုပြီး ဘာလုပ်နေကြတာလဲ"

"ကလေး ကိုယ် Speaker ဖွင့်ထားမယ်နော်၊ သူတို့ရောကြားရအောင်"

"ဘာလုပ်မလို့လဲ"

ခန့်ခန့်ပြန်အပြောကို ဇေယျာက ဂရုမစိုက်လေဘဲ ထက်မြက်တို့နား လျှောက်သွားသည်။

ရှည်မောင်းသောအရပ်နှင့် လျှောက်လှမ်းနေသော ချစ်သူ၏ပုံရိပ်မှာ ခန့်ခန့် အပြစ်မြင်စရာ တစ်ကွက်မျှမရှိ။ မျက်လုံးလေးကလယ်ကလယ်နှင့် ဘာလုပ်နေကြမှန်းမသိသည့် ထိုအစုလေးအား ဟိုဖက်စောင်းလိုက်၊ သည်ဖက်စောင်းလိုက်နှင့် လိုက်ကြည့်နေမိသည်မှာ ပြတင်းဝက ခန့်ခန့်တစ်ယောက်သာ။

တကယ်အံ့ဩစရာ။ သည်လိုလူစုံတက်စုံနှင့် ညဖက်ကြီးအိမ်ရှေ့မှာ သူ့ကို လာတွေ့ကြလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ထားမိ။ အထူးသဖြင့် ခုလိုမိဘတွေ ကျပ်တည်းထားသည့်အချိန်မျိုးက ပိုအံ့ဩစရာပင်။

ရင်ခုန်ရသည်။

စိတ်လှုပ်ရှားရသည်။

ကြည်နူးပျော်ရွှင်စရာအတိ။

တွေးနေခိုက် သူ့အား လက်ညှိုးနှင့်လက်မထောင်ကာ သေနတ်သဖွယ် လှမ်းပစ်ပြနေသည့် ခန့်ကို။ သူ့သူငယ်ချင်း ထိုကောင်ကလည်း ပါးစပ်လုံလွန်းသည်။ နေ့လယ်က ဂိမ်းဆော့ရင်းတောင် သူ စိတ်တိုသည့်အကြောင်း ပြောမိသေးသည်။ ဒါကိုပင် ထိုကောင်က မစာမနာနှင့် ဘာမှကိုတစ်ခွန်းမဟပါပေ။

ခန့်ခန့်ကြည့်နေရင်း ရွယ်ရွယ်က ဖယောင်းတိုင်မီးများ ထွန်းထားသည့် ကိတ်တစ်လုံးကိုင်ကာ လမ်းအလယ်နား လျှောက်လာသည်။ နောက်မှလည်း ဇေယျာ၊ ခန့်ကိုနှင့် ထက်မြက်က ကပ်လျက်သား။

"Happy 6th Monthsary ပါ ခန့်ခန့်ရေ"

သည်တစ်ခါတော့ ခန့်ခန့်ရှိသည့်အပေါ်ထပ်သို့ကြည့်ပြီး လေးယောက်လုံး ပြိုင်တူပြောကြတာဖြစ်သည်။ ထို့နောက် သူ့ချစ်သူကဆုတောင်းပြီး ဖယောင်းတိုင် မီးမှုတ်လိုက်သည်။ အပျော်လွန်နေသော ခန့်ခန့်ခမျာတော့ ဘာပြောရမှန်းမသိအောင် ဆွံ့အနေမိတော့တာပင်။

"ကျေးဇူးပါဗျာ။ ညကြီးမိုးချုပ်လိုက်လာပေးကြတာ အားတောင်နာတယ်"

"ဟိတ်ကောင် ... မင်းအပြင်ထွက်ရရင်တော့ တို့တွေအကုန်တစ်ဝိုင်းပဲနော်"

"အေးပါဟ ကျွေးမှာပေါ့။ ခုတော့ တော်တော်လေးပျော်ပြီး ဘာပြောရမှန်းတောင်မသိဘူး"

"အပျော်တွေ မရပ်လိုက်နဲ့ဦး မောင်လေးရေ။ ဒီမှာ Surprise တွေက ကျန်နေသေးတယ်"

"ဗျာ"

ရွယ်ရွယ်က အရွှန်းဖောက်ပြီး ဝင်နောက်တော့ထပ်အံ့ဩရသူက ခန့်ခန့်ပါပဲ။

"ကဲ ကလေး ... သေချာကြည့်နော်"

"ဖုန်းချပြီး ဗီဒီယိုရိုက်ထားခိုင်းလိုက်ပါလား။ နောက်လည်း အမှတ်တရ ပြန်ကြည့်ရတာပေါ့"

ရွယ်ရွယ်က အစ်ကိုဖြစ်သူဇေယျာ့ကို အကြံပေးပြန်သည်။ နားမလည်နိုင်တော့သည်က ခန့်ခန့်ပင်။ သူတို့ဘာလုပ်ကြမည်ကို အခုချိန်ထိ မခန့်မှန်းနိုင်သေး။ မီးပန်းတွေနှင့်ကိတ်အပြင် တခြားတစ်ခုက ပါသေးသည်တဲ့လား။

"ကလေး ဖုန်းခဏချလိုက်မယ်နော်။ ဗီဒီယို ရိုက်ချင်ရင်ရိုက်ထားလိုက်"

"ဟမ် ... ဟုတ်"

ခန့်ခန့်လည်း ယောင်မှားမှားတွေဖြစ်ပြီး ကင်မရာလေး ဖွင့်ထားရသည်။ ထိုသူလေးယောက်က ဘာလုပ်ကြမည်နည်း။ ဗီဒီယိုရိုက်ရလောက်သည်ထိဆိုတော့ သူ အနည်းငယ် ကြောင်စီစီဖြစ်သွားသည်။ ခုနကလို မီးရှူးမီးပန်းတွေတော့ ထပ်မဖောက်ကောင်းပါရဲ့။ အရမ်းနီးနေလျှင် မိဘတွေ နိုးလာမှာကြောက်ရသည်။ ခန့်ခန့် ကြည့်နေရင်းက ထိုလေးယောက်မှာ ကိုယ်စီးလာသည့် ကားများဆီသို့ ပြန်ကပ်သွားကြပြန်၏။

ပြီးနောက် ရှေ့ဆုံးက ခန့်ကို၏ကားနောက်ဖုံးမှာ ရုတ်တရက်ပွင့်သွားသည်။ ထိုပွင့်လာသည့် နောက်ဖုံးကြားမှ အပြာရောင်မီးလဲ့လဲ့လေးများနှင့် အရမ်းလှသည့် ပူဖောင်းများက အပြိုင်အဆိုင် လုယက်ကာ တိုးထွက်လာကြလေ၏။ မှောင်ရိပ်ကျနေသည့်လမ်းမို့ မီးရောင်လေးများက ပိုလက်နေကြတာပင်။

အလုံးနှစ်ဆယ်ခန့်ရှိမည့်ထင်ရသော ထိုပူဖောင်းအစည်းကြီးလိုက် အပေါ်သို့လွတ်လွတ်ကျွတ်ကျွတ်ထွက်လာပြီးနောက် အောက်မှ အပြာရောင်မီးလေးတွေနှင့် အလှဆင်ထားသည့် စာတန်းလေးတစ်ခုက အစီအရီ ပါလာသည်။ မီးရောင်များကြား တဖြည်းဖြည်းနှင့် ပုံပေါ်လာသည်က၊

'Happy 6th Monthsary' ဆိုသောစာတန်းလေး။

ခန့်ခန့် သဘောကျသည့်စိတ်နှင့် လက်ဖဝါးတစ်ဖက်ကို အသံမထွက်စေရန် နှုတ်ခမ်းဆီ အုပ်လိုက်မိတာပင်။ ဗီဒီယိုရိုက်နေသည်မို့ သူ့အသံကို မပါစေလိုပါ။ တစ်ခါတရံ YouTube တွင်သာမြင်ဖူးသော ထိုကဲ့သို့ကဗျာဆန်ဆန် ပုံရိပ်များက အခုတော့မျက်စိရှေ့တွင် သူ့အတွက် လုပ်ပြနေခြင်း။ ဖုန်းကိုင်ထားသည့်လက်ပင် မတုန်နေအောင် ထိန်းထားရလေ၏။

ခန့်ခန့် အံ့ဩနေရင်း မကြာပါချေ။ ကိုထက်မြက်ကားနောက်ဖုံးကပါ ပွင့်လာ၍ ပူဖောင်းအစည်းလိုက်ကြီး ထွက်လာပြန်သည်။ အလုအယက်ထွက်လာသည့် ပူဖောင်းတို့အောက်တွင်ပါသည်က အစိမ်းလဲ့လဲ့မီးလေးတွေနှင့် အလှဆင်ထားသည့် စာတန်းကလေး။

'Z & K'

ဇေယျာနှင့်ခန့်ခန့်ပေါ့။

လက်နှင့်အုပ်ထားမိသော နှုတ်ခမ်းလေးက အစွမ်းကုန်ပြုံးမိနေလေတော့၏။ ပြီးနောက် နောက်ဆုံးသော ချစ်သူ့ကားနောက်ဖုံးပါ ထပ်ပွင့်သွားသည်။ ထိုကဲ့သို့ပင် ပန်းရောင်မီးလဲ့လဲ့လေးများစီရီထားသော ပူဖောင်းများစွာနှင့် စာတန်းလေးတစ်ခု။

'I Love You, Baby'

တိုးထွက်လာခဲ့ကြသော ပူဖောင်းစည်းသုံးခုမှာ ရှေ့ဆင့်နောက်ဆင့်နှင့် ကောင်းကင်ပေါ်သို့ အပြိုင်တက်နေကြသည်။ မဲမှောင်နေသည့်ကောင်းကင်တွင် စာတန်းလေးတွေမှာလည်း ပြာ၊ စိမ်း၊ ပန်း စသောရောင်စုံတို့က တလက်လက်။

လှပလွန်းကြသည်။

ကြည့်မဝဖြစ်ရသည်။

လေယူရာပါနေကြသည်ကပင်
နှမြောဖို့အလွန်ကောင်းနေသည့်နှယ်။

ဖမ်းဆုပ်ထားချင်သည့်စိတ်၊ ထွေးပွေးထားချင်သည့်စိတ်၊ ထာဝရသိမ်းထားလိုက်ချင်သည့်စိတ်တို့နှင့် ထုံမွှန်းနေလျက်။

ခန့်ခန့် ပျော်လွန်း၍ ဟန်မဆောင်နိုင်စွာ မျက်ရည်များကျလာသည်။ ပြီးနောက် စိတ်မထိန်းနိုင်တော့ဘဲ ဖုန်းချကာ အောက်ထပ်သို့အရဲစွန့် အပြေးဆင်းတော့၏။ အစကဝင်နေပါသော ကြောက်စိတ်များမှာလည်း ခုတော့ ကြက်ပျောက်ငှါက်ပျောက်သည့်နှယ်။ ခြံသော့မှာ မေမေသိမ်းထား၍ အပြင်တော့ထွက်၍မရပေမဲ့ တံခါးအတွင်းကနေတော့ သူ တွေ့လို့ရဦးမည်မလား။

သည်လောက်ဆိုလည်း သူကျေနပ်ပါသည်။ ရင်ခွင်လေးနှစ်ခု နီးကပ်ချင်ရုံ။ ကိုယ်ငွေ့လေးနှစ်ခု ယှက်သိုင်းချင်ရုံမို့။

ဇေယျာ့အဖို့တော့ ရုတ်တရက် ပြတင်းမှပျောက်သွားသည့် ခန့်ခန့်အား လိုက်ရှာနေမိသည်။ ဖုန်းပင်ဆက်ရမလားဟူသည့်စိတ်နှင့် လှည့်ရှာကြည့်ခိုက် ခြံထဲသို့ အပြေးတစ်ပိုင်းဆင်းလာသည့် ခန့်ခန့်ကို တွေ့လိုက်ရသည်။ ဖိနပ်ပင်မပါသည့်ချစ်သူအား ဇေယျာ တံခါးနားတွင် အမြန်သွားတွေ့ရတော့တာပင်။

"ကလေး ဖိနပ်လည်းမပါဘူး၊ နာကုန်တော့မယ်"

"လူကြီး .. လူကြီး အခုလေ အရမ်းပျော်တာပဲသိလား။ ဒီနေ့တစ်နေကုန် လူကြီးကို အထင်လွဲနေမိတာအတွက်လည်း တောင်းပန်တယ်နော်။ ပူဖောင်းတွေ လွင့်တက်သွားတာကြည့်ပါဦး တကယ်ကိုလှတယ်"

အမောတကောပြောနေသည့် ခန့်ခန့်၏မျက်ဝန်းများတွင် အရည်ကြည်တို့က ရစ်သိုင်းလာပြန်သည်။ ပျော်လို့ကျတဲ့မျက်ရည်ဖြစ်စေဦးတော့ ဇေယျာက ခန့်ခန့်ကိုဆို ဝမ်းနည်းစိတ်တစ်စုံတစ်ရာနှင့်မှ မအပ်စပ်စေချင်တာ သူ့ဆန္ဒပင်လျှင်။

"ကလေးရယ် ဘာငိုစရာပါလို့လဲ။ တိတ် ... တိတ်၊ ဟိုမှာကြည့်။ အဲသုံးယောက် ရယ်နေကြပြီ။ စခံနေရမယ် ... မငိုနဲ့"

ခန့်ခန့် အနောက်ကို ခေါင်းလေးစောင်းကြည့်တော့ သူတို့အားလုံး တကယ်ပင်ရယ်နေကြလေသည်။ ပျော်လွန်း၍ကျသည့်မျက်ရည်တွေမို့ စလည်းဘာမှမဖြစ်ပါလေ။ သည်လူတွေကိုတော့ဖြင့် သူ မရှက်တော့ပါပဲ။

"မရှက်ပါဘူး။ ပျော်လွန်းလို့ မျက်ရည်ကျမိတာပဲဟာ"

"ပေပွကုန်ပြီ၊ လာ ... ကိုယ်သုတ်ပေးမယ်"

ခြံတံခါး သံတိုင်ကြားမှ ဇေယျာက လက်ဝင်ကာ မျက်ရည်များသုတ်ပေးလေ၏။ ပါးနုနုတွင် လက်တစ်ဖက်ဖြင့် မျက်ရည်သုတ်ပေးနေပုံက ဘေးကကြည့်နေသူများအဖို့တော့ ပန်းချီတစ်ချက်အသွင် လှပနေလေ၏။ အချစ်တို့နှင့်ပြည့်နှက်နေသော ပန်းချီကားတစ်ချပ်ပေတည်း။

ထိုအခိုက် မျက်ရည်တွေသုတ်ပေးနေသော ချစ်သူ၏လက်ကိုယူကာ ခန့်ခန့်က နှုတ်ခမ်းဖျားနှင့် စူးစူးရှိုက်ရှိုက် နမ်းလိုက်လေသည်။

'ဟာ!'

အနားထိလာကြည့်နေသော အဖော်သုံးယောက်၏ အံ့အားသင့်သွားကြသံက မဆိုသလောက်တော့ ကျယ်လောင်သွားသေးသည်။ ဇေယျာမှာလည်း မျက်လုံးများပြူးကျယ်လျက်၊

"ကလေး!"

ခန့်ခန့်အဖို့ သည်ညတွင် အရှက်မသည်းနိုင်တော့။ အနမ်းတစ်ပွင့်ဖြင့် ချစ်သူလူကြီးအပေါ်ထားသည့် သူ့ချစ်ခြင်းတွေကို ဖော်ကြူးစေမည်။

"ချစ်လို့ပေးတာ။ ဒီည ဒီထက်မကပိုပြီး အနမ်းတွေနဲ့ဂုဏ်ပြုချင်ပေမဲ့ အကြွေးမှတ်ထားပေးနော်"

နောက်ကသုံးယောက်မကြားနိုင်အောင် အနားတိုးကာ နှစ်ကိုယ်ကြား ခပ်တိုးတိုးပြောလိုက်ပြီးနောက် ဆုပ်ကိုင်ထားကြသည့် လက်အစုံတို့ ပိုမိုတင်းကြပ်လာသည်။ အကြည့်တို့က ချစ်ရည်ရွှန်းလဲ့သည်။ ကြားတွင်ခြားထားသော ခြံတံခါးသာမရှိပါက ဇေယျာလည်း ငုံထားမတတ် နမ်းလိုက်မိသည်မှာ အသေအချာ။

သူတို့တွေ့ဆုံပြီးလို့ ခဏအကြာမှသာ ခန့်ခန့် အားလုံးကိုလက်ပြပြီး အမြန်ပြန်ဝင်သွားတော့၏။

ဇေယျာသည်လည်း နောက်ကျောပြင်လေးအား လွမ်းဆွေးစွာ ကြည့်နေရင်းသာ ကျန်ရစ်ခဲ့သည်။ ရလိုက်သည့်အနမ်းတွေကြောင့် သည်ညအဖို့တော့ ဇေယျာ၏အရှက်ကြီးလွန်းသည့် ကလေးပင်ဟုတ်ရဲ့လားဟု အတော်တွေးယူရမည်။ ဘယ်လိုပဲဖြစ်ဖြစ် ညီမဖြစ်သူ ရွယ်ရွယ်အကူအညီကြောင့် ချစ်သူလေးကတော့ ခြောက်လပြည့်အထိမ်းအမှတ်နေ့တွင် အတိုင်းမသိပျော်သွားသည်မှာ အနမ်းတစ်ပွင့်က သက်သေပဲမလား။

အချစ်ရပ်ဝန်းတွင်ရှိနေမိခြင်းကြောင့်လားမသိ၊ ညက မှောင်မိုက်သော်လည်း လှပနေပြန်ပါသည်။

••••••••••••••••••••••••••••••••

<Zawgyi>

ညက ေမွာင္မိုက္ေနသည္။ ၾကယ္ေရာင္စုံကလည္း စုံလင္စြာ ရွိမေန။ လမင္းႀကီးကပင္ မသာနိုင္သည့္ လမိုက္ညတစ္ည။ ညဉ့္ဦးယံ၊ သန္းေခါင္ယံ၊ မိုးေသာက္ယံဟူ၍ ညဉ့္သုံးယံရွိသည့္အနက္ အခုလိုသန္းေခါင္ယံအခ်ိန္ကို ေဇယ်ာ အႏွစ္သက္ဆုံးျဖစ္သည္။ အသံဗလံရယ္လို႔ ဆူညံမေန။ နားပူမည့္သူမရွိ။ အလုပ္တာဝန္ေတြမရွီ။ ေကာင္းကင္ကိုၾကည့္ကာ ခံစားခ်က္ေတြ လြတ္လပ္ေပါ့ပါးနိုင္သည့္အခ်ိန္တည္း။

ဒါမို႔ သန္းေခါင္ယံအခ်ိန္ဆိုလၽွင္ ၿခံထဲဆင္းၿပီး တစိမ့္စိမ့္ေတြးေနရတာကို သူ သေဘာက်တာျဖစ္၏။ ခုံတန္းလ်ားေပၚတြင္ အရွည္လိုက္ေက်ာဆန့္ကာ လဲေလ်ာင္းေနေသာသူ႔အဖို႔ မ်က္ႏွာမူရာက မဟူရာေကာင္းကင္ႀကီးသာ ရွိသည္။ ေမွာင္မိုက္ခ်ိန္မို႔ သူ႔အား ဆိတ္ၿငိမ္ျခင္းမ်ားကသာ အေဖာ္ျပဳလ်က္။

သည္အခ်ိန္ဆို ကေလးတစ္ေယာက္ေတာ့ အိပ္ေနေလာက္ၿပီေပါ့။ တမ္းတရသည့္ညမ်ားကို သူ မုန္းမိျပန္သည္။ တားဆီးထားသည့္အရာမ်ားကို သူ မႏွစ္ၿမိဳ႕။ မိဘျဖစ္ေနေစဦးေတာ့ေပါ့။

သူတို႔လိုလူသားေတြ ဝမ္းနည္း၊ ဝမ္းသာဘယ္လိုပင္ ခံစားေနရပါေစ ... အခ်ိန္ကေတာ့ ပုံမွန္လိုေရြ႕လ်ားလည္ပတ္ေနသည္။ မနက္ျဖန္ဆိုရင္ေတာင္ ကေလး သူ႔ကိုအေျဖေပးခဲ့တာ ေျခာက္လတင္းတင္း ျပည့္ေလၿပီ။ အခ်ိန္ေတြ သည္ေလာက္ေတာင္ ရွိသြားခဲ့ေခ်ၿပီ။ သို႔ေပမဲ့ ထိုေျခာက္လတြင္ သူတို႔ခ်င္းၾကည္ႏူးခဲ့ရခ်ိန္က သိပ္မၾကာရွည္ခဲ့။ ကိုယ့္အိမ္ကသိ၊ သူ႔အိမ္ကသိႏွင့္ ... မရာမရာအနာဂတ္ကလည္း ေစာင့္ႀကိဳေနျပန္သည္။ ေတြးေလ၊ ေတြးေလ ရင္ေမာရေလ။

"ကိုကို မအိပ္ေသးဘူးလား"

ၿခံထဲဆင္းသံၾကားလိုက္၍ အစ္ကိုျဖစ္သူအား ရြယ္ရြယ္ လိုက္ေခၚရျပန္ျခင္းျဖစ္သည္။

"အင္း နည္းနည္းမအိပ္ခ်င္ေသးလို႔"

ေဇယ်ာ တစ္ဖက္ေက်ာက္ျပားတြင္ လဲေလ်ာင္းေနေတာ့ ရြယ္ရြယ္ စားပြဲတစ္ဖက္က ခုံတန္းေပၚသို႔ ဝင္ထိုင္ေလသည္။

"ဘာေတြေတြးေနတာလဲ။ ခန့္ခန့္ေလး အေၾကာင္းပဲလား"

"အင္း"
ရြယ္ရြယ္က ျပဳံးစစႏွင့္ ေမးလိုက္ေတာ့ ေဇယ်ာ ရွို႔တိုးရွန္းတန္းႏွင့္။ သို႔ေပမဲ့ သူ မညာျဖစ္ပါ၊ အိမ္တြင္ေတာ့ ညီမျဖစ္သူက သူ႔အေပၚ နားအလည္နိုင္ဆုံးျဖစ္သည္။ ဒါေၾကာင့္လည္း ရြယ္ရြယ့္ကို ခန့္ခန့္ႏွင့္ပတ္သက္သမၽွ အေၾကာင္းေတြ တစ္ခါတရံ ရင္ဖြင့္ျဖစ္သည္။ တိုင္ပင္ျဖစ္သည္။ ညီမျဖစ္သူကလည္း ေျဖသိမ့္ေပးရွာပါသည္။ သည္မိဘေတြအေၾကာင္း သည္ေမာင္ႏွမႏွစ္ေယာက္ကသာ အသိဆုံးမို႔။

"သူေရာ အဆင္ေျပရဲ့လား"

"အိမ္ထဲမွာပဲေပါ့၊ ေတာ္ေတာ္စိတ္ညစ္ေနရွာတယ္"

"အင္းေနာ္ ... ကိုကိုကလည္း သြားေတြ႕လို႔မရဘူး"

ေဇယ်ာ သက္ျပင္းရွည္တစ္ခ်က္ ခ်လိုက္သည္။

"ဟုတ္တယ္၊ မနက္ျဖန္ဆိုရင္ေတာင္ ခ်စ္သူျဖစ္တာ ေျခာက္လျပည့္ၿပီေလ။ မေတြ႕ရတာလည္း တစ္လရွိေတာ့မယ္။ အနည္းဆုံးေတာ့ လူခ်င္းေတြ႕ခ်င္ေသးတာ။ ဒါေပမဲ့ သူ႔အိမ္ကလည္းထြက္မရ၊ ကိုယ့္အိမ္ကလည္း ထြက္မရနဲ႔"

စိတ္ညစ္ညစ္ႏွင့္ ေျပာေနသည့္ အစ္ကိုျဖစ္သူကိုၾကည့္ကာ ရြယ္ရြယ္ကေတာ့ ဂ႐ုဏာသက္မိတာ အမွန္ပင္။ ျဖစ္နိုင္လၽွင္ေတာ့ အစ္ကိုျဖစ္သူ စိတ္ခ်မ္းသာေအာင္ သူလည္း ကူညီခ်င္မိသည္မလား။ မိဘေတြက သေဘာတူမည့္ပုံရွိမေနေတာ့ အစ္ကိုမေျပာႏွင့္၊ သူေတာင္ ၾကားကစိတ္ဓာတ္က်ရသည္။

"ဒီလိုလုပ္မလား ကိုကို။ ေဖေဖက ကိုကိုတစ္ေယာက္တည္းဆို သီးသန႔္မထြက္ခိုင္းေပမဲ့ ရြယ္ပါရင္ေတာ့ ေပးထြက္မွာပါ"

"ဘယ္လို"

ရြယ္ရြယ္ အားတတ္သေရာႏွင့္ေျပာေတာ့ ေဇယ်ာလည္း လွဲေနရာမွျပန္ထၿပီးေမးလာတာ ႐ုတ္ခ်ည္းပင္။

"ဒီလိုေလ ရြယ္က မနက္ျဖန္ညက်ရင္ ညေဈးသြားခ်င္တယ္။ ကိုကို႔ကို လိုက္ပို႔ခိုင္းဦးမယ္ဆိုၿပီး ေဖေဖတို႔ကို ခြင့္ေတာင္းလိုက္ရင္ လႊတ္မွာေသခ်ာတယ္။ ၿပီးမွ ရြယ္တို႔ ခန့္ခန့္ၿခံေရွ႕ သြားၾကတာေပါ့"

ေကာင္းလိုက္သည့္အႀကံ။ အနည္းဆုံးေတာ့ ကေလးမ်က္ႏွာေလးအား သူ ျမင္ခြင့္ရဦးမည္။ အထိမ္းအမွတ္ေန႔ေလးအား အသိအမွတ္ျပဳေပးနိုင္ေတာ့မည္။ သည္လိုဆိုေတာ့လည္း အေတြးႏွင့္ပင္ စိတ္လွုပ္ရွားကာ ျပဳံးရယ္မိျပန္တာ ဟိန္းေဇယ်ာ။ ရင္ခုန္သံမ်ားပင္ ျပန္လတ္ဆတ္လာသည့္ႏွယ္။

"ေကာင္းသားပဲ။ ငါ့ညီမကမွ ဒီလိုအႀကံေကာင္းေတြ ထြက္ေသးတယ္"

"ဒီလိုျဖစ္ေနရမွာေပါ့။ ဒါနဲ႔ ခ်စ္သူသက္တမ္း ေျခာက္လျပည့္ဆိုေတာ့ ကိုကို ဘာေတြျပင္ထားလဲ"

ရြယ္ရြယ္ေမးမွ ေဇယ်ာ ေၾကာင္သြားသည္။ သူ႔စိတ္ထဲမွာ ေတြ႕ခ်င္တာသာရွိသည္။ အထိမ္းအမွတ္ေန႔အဖို႔ ဘာမွေထြေထြထူးထူး မစဥ္းစားမိ။ တန္ဖိုးႀကီးလက္ေဆာင္လည္း လက္ခံရတာမႀကိဳက္သည့္ကေလးမို႔ ဘာေပးရမည္ကိုလည္း သူအႀကံမထြက္လာ။

"ကဲဗ်ာ ... ဘာမွမျပင္ထားမိဘူး။ လက္ေဆာင္ျပင္လိုက္ရမလား။ အရမ္းေဈးႀကီးတာဆိုလည္း သူကလက္ခံမွာမဟုတ္ဘူး၊ သိသားနဲ႔"

"ခန႔္ခန႔္အေၾကာင္း သိပါတယ္။ ၿပီးေတာ့ ကိုကိုတို႔က အေပၚနဲ႔ေအာက္ေတြ႕ရမယ့္ဟာ လက္ေဆာင္ဘယ္လိုေပးမလဲ။ ဒီလိုလုပ္ ... ရြယ္ စီစဥ္ေပးမယ္၊ ခန့္ခန့္ကို သူအိပ္တဲ့ခ်ိန္မွ Surprise သြားလုပ္ရေအာင္"

"ဘယ္လိုလဲမ်ိဳး"

ခပ္မွိန္မွိန္မီးေရာင္က စဥ္းစားေနဟန္ရွိေသာ ရြယ္ရြယ့္မ်က္ႏွာတစ္ျခမ္းဆီ က်ေရာက္ေန၏။ အစ္ကိုျဖစ္သူကို ကူညီနိုင္မည့္အႀကံမို႔ ျပဳံးေပ်ာ္ၿပီး ေတြးေနတာပင္။

"ရၿပီ၊ ရၿပီ။ လူအင္အားေတာင့္ဖို႔ေတာ့ လိုမယ္။ ရြယ္နဲ႔ကိုကို ႏွစ္ေယာက္ထဲဆို မလုပ္နိုင္ေလာက္ဘူး။ လူမ်ားရင္ပိုေကာင္းမယ္"

ေဇယ်ာ ညီမျဖစ္သူ၏အေတြးေတြကို လိုက္မမွီေတာ့ေခ်။ သို႔ေပမဲ့ လူအင္အားဆိုလၽွင္ေတာ့ သူတို႔ႏွစ္ေယာက္အေၾကာင္းကိုသိသည့္ သူငယ္ခ်င္းေတြရွိတာပဲမလား။ ထက္ျမက္ႏွင့္ ကေလး၏သူငယ္ခ်င္း ခန႔္ကိုဆိုေသာေကာင္ေလးကိုေတာ့ အကူအညီေတာင္းရမည္။ ဤသို႔ျဖင့္ ေမာင္ႏွမႏွစ္ေယာက္ ႀကိတ္ႀကံစည္ေသာအထိိမ္းအမွတ္ေန႔ေလးက တျဖည္းျဖည္းပုံေပၚလာေတာ့မည္ပင္။

...........................

နိုဝင္ဘာလ၏ေနာက္တစ္ေန႔ ညဉ့္ဦးယံအခ်ိန္တြင္ေတာ့ ေဇယ်ာဦးေဆာင္ေသာ ရြယ္ရြယ္၊ ထက္ျမက္ႏွင့္ ခန႔္ကိုတို႔အဖြဲ႕မွာ စု႐ုံးကာရွိေနေလၿပီ။

ေဇယ်ာ ဦးေဆာင္သည္ဆိုေပမဲ့ တကယ္ေတာ့ ညီမျဖစ္သူ၏ညႊန္ၾကားခ်က္အတိုင္း လိုက္လုပ္ရတာမ်ိဳးပင္။ တစ္ေနကုန္ ခ်စ္သူေလးကို အဆက္အသြယ္မလုပ္ဘဲ ထားလိုက္ပါ၊ ဒါမွ ပိုအံ့အားသင့္မယ္တဲ့ေလ။ အႀကံေကာင္းဆိုလို႔သာ ကေလးကိုပစ္ထားရသည္၊ သူ႔ခမ်ာေတာ့ စိတ္တႏုံ႔ႏုံ႔။ ဒါေတာင္ မေနနိုင္မထိုင္နိုင္ မနက္ခင္းေလးကိုေတာ့ ဖုန္းဆက္ၿပီးႏွိုးလိုက္ေသးသည္။ ထို႔ေနာက္ တစ္ေန႔လုံး မဆက္သြယ္ျဖစ္ေတာ့ ကေလးက စာေတြပါထပ္ပို႔ထားသည္။ အထိမ္းအမွတ္ေန႔ကို ေမ့ေနလို႔ဆိုၿပီး တစ္ေနကုန္ ဘယ္ေလာက္မ်ား စိတ္ေကာက္ေနလိုက္မလဲမသိ။

ရြယ္ရြယ္ကေတာ့ တစ္ေနကုန္ လိုတာေတြသူ႔ဘာသာ စီစဥ္ေပးသည္။ ညဆယ္နာရီ သူတို႔အားလုံးစုမိခ်ိန္တြင္ေတာ့ ခန႔္ခန့္္ အိမ္သြားဖို႔ အဆင္သင့္ျဖစ္ေလၿပီ။ ပစၥည္းေတြကလည္း အမ်ားသားမို႔ ထက္ျမတ္၊ ခန့္ကိုတို႔ကားေတြေပၚပါ လိုသည့္ပစၥည္းမ်ား ခြဲတင္ရသည္။ အားလုံးၿပီးစီး၍ ခန့္ခန့္တို႔လမ္းထိပ္ေရာက္ခ်ိန္တြင္ အခ်ိန္က မွန္းထားသည့္အတိုင္း ညဆယ့္တစ္နာရီေက်ာ္ေနၿပီျဖစ္၏။

ညဥ့္ဦးယံအခ်ိန္ ေရာက္ေနၿပီမို႔ ပတ္ဝန္းက်င္က တိတ္ဆိတ္ေနေလၿပီ။ လမ္းထဲ၌ လူသြားလူလာလည္း မရွိေတာ့။ သူတို႔ကားသုံးစီးကသာ ေရွ႕ဆင့္ေနာက္ဆင့္ ေနရာယူထားၿပီး ေလးေယာက္သားစု႐ုံးေနၾက၏။

"ကိုကို ဒီခ်ိန္သူ႔အိမ္ကလူႀကီးေတြ အိပ္ေလာက္တာ ေသခ်ာရဲ့လား"

"အင္း ေသခ်ာပါတယ္။ သူတို႔အိမ္က ညဆိုေစာေစာအိပ္တတ္ၾကတယ္တဲ့"

"ဒါဆို ဖုန္းေခၚလိုက္ေတာ့"

"အင္း"

ေဇယ်ာက ဖုန္းထုတ္ကာ ခန့္ခန့္ကိုေခၚဖို႔ ျပင္သည္။ အိမ္မ်ားအိပ္ေနေလၿပီလားမသိ။

"Surprise လုပ္ခံရမဲ့ဟိုေကာင္ငခန့္ေတာ့ မသိဘူး။ ကၽြန္ေတာ္ကေတာ့ အခုထဲက သူ႔အစားရင္ခုန္ေနၿပီ"

ခႏၶာကိုယ္မထြားေသာ္လည္း အရပ္ရွည္သည့္ခန့္ကိုက လက္ဖဝါးႏွစ္ဖက္ကို တဖ်ဥ္းဖ်ဥ္းပြတ္သပ္ရင္း စိတ္လွုပ္ရွားေနတာပင္။ တကယ္ရင္ခုန္ေနသလို လူႀကီးေတြသိသြားမွာေၾကာက္၍လည္း ရင္တုန္ေနရသည္။

"ညီေရ အေတြ႕အၾကဳံ ယူထားဟ။ မင္းေကာင္မေလးက်လည္း ဒါမ်ိဳးလုပ္ေပးေပါ့"

ကိုယ္လုံးကိုယ္ထည္ေတာင့္ေတာင့္ႏွင့္ ထက္ျမတ္ကပါ အႀကီးပီပီ ခန့္ကိုကို ဝင္‌စေနာက္ေတာ့သည္။ ရြယ္ရြယ္ကေတာ့ ျပဳံးတုံ႔တုံ႔ႏွင့္ သည္အႀကံေအာင္ျမင္္ဖို႔အေရးသာ ေတြးေတာလ်က္။

"ဟုတ္တယ္၊ ေနာက္ကၽြန္ေတာ့္အလွည့္က်ရင္လည္း ဒီအတြဲကို ျပန္ကူခိုင္းရမယ္"

"ကူပါမယ္ဗ်ာ။ ရွူး ... ဖုန္းဝင္သြားၿပီ"

ေဇယ်ာ လက္ညႇိုးကို ႏွုတ္ခမ္းဆီကပ္ပိတ္ျပရင္း အားလုံးကိုတိတ္ဆိတ္ေစလိုက္၏။ ပတ္ဝန္းက်င္ကေတာ့ ေျပာစရာမလိုေအာင္ ဆိတ္ၿငိမ္ေနၿပီးသားပင္။

.....................

ခန့္ခန့္အဖို႔ကေတာ့ သည္ေန႔တစ္ေနကုန္ စိတ္မၾကည္ပါ။ ခ်စ္သူလူႀကီးတစ္ေယာက္မွာ လတိုင္းေတာ့ အထိန္းအမွတ္ေန႔ကို သတိရတတ္ေပမဲ့ သည္ေန႔ နည္းနည္းမွထုတ္မေျပာသည့္အျပင္ အဆက္အသြယ္ပါ လုံးဝမရေတာ့။ ေမ့မ်ားေမ့ေနေလၿပီလား။

မနက္က 'အိပ္ယာထေတာ့ေလ ကေလး' ဆိုၿပီး ခဏဖုန္းေျပာကာခ်သြားသည္မွာ ညေနေစာင္းသည္ထိ ဖုန္းလည္းမဆက္၊ ခါတိုင္းလိုစာလည္း မပို႔။ ပုံမွန္ဆိုလၽွင္ တစ္နာရီ၊ ႏွစ္နာရီထက္ပိုကာ အဆက္အသြယ္ျပတ္ျခင္းမရွိ။ အခုေတာ့ တစ္ေနကုန္ပစ္ထားလိုက္သည္မွာ ညဆယ္နာရီေက်ာ္သည္ထိ။ ခန့္ခန့္ 'ဘာလုပ္ေနလဲ' ဟု ပို႔ထားတာကိုပင္ ျပန္မေျပာေတာ့။ အေတြးမ်ိဳးစုံတို႔ႏွင့္ စိတ္ကမၾကည္ေတာ့ေပ။

ပစ္ထားရက္လိုက္ေလျခင္း။ အိမ္ထဲတင္ေနရေသာ သည္လူအဖို႔ ေပ်ာ္စရာဆိုတာ ခ်စ္သူႏွင့္စကားေျပာရတာေလးသာ ရွိသည္။ မိဘေတြႏွင့္ အဆင္မေျပသမၽွ ယိုင္လဲေနသည့္စိတ္ကို တည့္မတ္ေပးထားသည္မွာ လူႀကီးတစ္ေယာက္ပင္။ ထိုလူသာ သူ႔ကိုအေလးမထားေတာ့လၽွင္ သူ႔အတြက္ ေပ်ာ္စရာကိစၥမ်ားက နိဂုံးခ်ဳပ္ရလိမ့္မည္။ ခန႔္ခန႔္တစ္ေယာက္တည္း ေလၽွာက္ေတြးရင္း ဝမ္းနည္းစိတ္က ပိုလာေလၿပီ။

ျပတင္းေပါက္ေလးဆီ အိပ္ရာေပၚက လွမ္းေငးေတာ့ လူႀကီးပို႔ေပးထားသည့္ ေရာင္စုံပန္းအိုးေပါက္စေလးေတြက သူ႔အားေလွာင္ေျပာင္ေနသေယာင္။ အခန္းထဲတြင္ အထီးမက်န္ေအာင္ အပင္ကိုယ္ပြားေလးေတြ ပို႔ထားမယ္ဆိုၿပီး စကားတက္တိုင္းေျပာခဲ့ေပမဲ့ သည္ေန႔ျဖင့္ သူ႔ကိုပစ္ထားရက္လိုက္တာ။ ခန႔္ခန႔္တစ္ေယာက္ စိတ္မၾကည္လင္မွုေၾကာင့္ ႏွုတ္ခမ္းဖူးဖူးမွာ ဆူလိုက္ခ်ိတ္လိုက္ႏွင့္ ေနာက္ဆုံးေတာ့ အိပ္ေပ်ာ္သြားခဲ့ေလသည္။



အတန္ၾကာေသာ္ လက္ထဲကိုင္ထားမိေသာဖုန္းမွ ႐ုတ္တရက္ တုန္ခါလာသည္။ အိပ္မက္ေယာင္ေယာင္၊ တကယ္ေယာင္ေယာင္ သူ ေတြးထင္ေနရင္းက မ်က္လုံးကိုအားယူကာ ဖြင့္ၾကည့္ရသည္။ အိပ္ေပ်ာ္ကာစအခ်ိန္ျမင္လိုက္ရေသာ 'My Man' ဆိုသည့္ နာမည္ေလးက သူ႔အားစိတ္ဆိုးေျပေအာင္ ေခ်ာ့ေနသေယာင္။

ခန့္ခန့္ ဝမ္းနည္း၊ဝမ္းသာျဖစ္ေနသည့္ စိတ္ႏွင့္ ဖုန္းအျမန္ကိုင္လိုက္သည္။ ယုတ္စြအဆုံး သန္းေခါင္းယံ ဆယ့္ႏွစ္နာရီေတာ့ မေက်ာ္ေသးဘူးမလား။ သို႔ေသာ္ ဝမ္းနည္းစိတ္က ေဖ်ာက္မရစြာ။ ခန့္ခန့္ ဖုန္းကိုင္ၿပီးေနာက္ ဘာသံမွေတာ့မေပးမိ။

"ဟဲလို"

"...."

"ဟဲလို ကေလး"

"...."

"ဟဲလို"

"...."

ေဇယ်ာသည္လည္း ခန့္ခန့္ဆီမွ ဘာသံမွမၾကားရဘဲ ေလတိုးသံသဲ့သဲ့ကိုသာ ၾကားေနရသည္မို႔ စိတ္ေကာက္ေနၿပီမွန္း အတပ္သိလိုက္ၿပီပင္။ ေဘးကသူ႔ကို စိုက္ၾကည့္ေနသည့္ ရြယ္ရြယ္၊ ထက္ျမတ္ႏွင့္ ခန့္ကိုအား ေဇယ်ာျပဳံးကာ လက္ညႇိုးေလး ေကြးျပလိုက္သည္။ စိတ္ေကာက္ေနၿပီဟု အခ်က္ေပးလိုက္ျခင္း။

"ကေလး ကိုယ့္ကိုစိတ္ေကာက္ေနတာလား"

"...."

"ကိုယ္ မေမ့ဘူးေနာ္၊ ဒီေန႔ဘာေန႔လဲဆိုတာ ကိုယ္မေမ့ဘူး"

"မေမ့ရင္ ဘာလို႔တစ္ေနကုန္ ပစ္ထားရတာလဲဗ်"

ခန႔္ခန႔္၏စိတ္တိုေနသည့္အသံေလး ထြက္လာပါသည္။ ေဒါသသံစြက္ေနသည့္ ခပ္စူးစူးအသံေလး။

"ကိုယ္ ပစ္မထားပါဘူး။ ကေလးမယုံရင္ ကိုယ္ သက္ေသျပမယ္ေလ"

"ဆင္ေျခေတြေပးမေနနဲ႔ လူႀကီး။ ပစ္ထားတာက ပစ္ထားတာပဲ။ ဒီေန႔ ေတာ္ေတာ္စိတ္မၾကည္ေနတာေနာ္"

ခန့္ခန့္ တစ္ေနကုန္ေတးထားသည့္ မေက်နပ္ခ်က္မ်ားကို ဖြင့္ခ်ပစ္ခ်င္ေတာ့သည္။ ေခ်ာ့လၽွင္စိတ္ေကာက္ေျပမည္ဟု ေတြးထားေသာ္လည္း တကယ္တမ္းေတာ့ တစ္ေနကုန္ စိတ္တိုထားရတာမလား။

"မေမ့ပါဘူးဆို ကိုယ့္ကေလးရယ္။ မယုံရင္ခဏထၿပီး ျပတင္းေပါက္ကေန ေကာင္းကင္ကိုၾကည့္ေန"

"ဘာဆိုင္လို႔လဲ"

ခ်စ္သူမ်ား အိမ္ေရွ႕ေရာက္ေနတာလားဟုသည့္စိတ္ႏွင့္ ခန့္ခန့္ ေတြေဝသြားသည္။ သို႔ေသာ္ ေရာက္ေနလၽွင္လည္း အိမ္ေရွ႕ၾကည့္ၾကည့္လို႔ ေျပာရမည္။ ခုဟာက ေကာင္းကင္ကို ၾကည့္ေနတဲ့။ ဘယ္လိုႀကီးလဲမသိပါေလ။

"ကဲပါ ထၾကည့္"

ေဇယ်ာ ထက္ျမက္ႏွင့္ခန့္ကိုအား ေခါင္းတစ္ခ်က္ၿငိမ့္၍ အခ်က္ျပလိမ့္သည္။ ႀကိဳစီစဥ္ထားေသာ ရြယ္ရြယ္က အခ်က္ျပသည္ႏွင့္ က်န္ႏွစ္ေယာက္ကို ပစၥည္းေတြအဆင္သင့္ေပးၿပီးသားပင္။

ခန့္ခန့္ခမ်ားေတာ့ ေျပာသည့္အတိုင္း အိပ္ခ်င္မူးတူးႏွင့္ ျပတင္းေပါက္ကခန္းဆီးကို ဖယ္ၾကည့္လိုက္သည္။ ေကာင္းကင္တြင္ ဘာမွမရွိေခ်။ လမင္းမေျပာႏွင့္၊ ၾကယ္ေတာင္ ေကာင္းေကာင္းမထြန္းလင္းသည့္ညမို႔ ခန႔္ခန႔္ ပိုစိတ္တိုလာသည္။ ဒါမို႔ ျပန္ေအာ္လိုက္ဖို႔ ရည္ရြယ္ေနခိုက္ ၾကားလိုက္ရသည္က လမ္းထိပ္မွ က်ယ္ေလာင္သည့္ မီးရွုးမီးပန္းေဖာက္သံပင္။

"ဟာ!"

သီတင္းကၽြတ္လည္း ၿပီးသြားၿပီကို ျမင္လိုက္ရေသာ မီးရွူးမီးပန္းေတြက တဖြားဖြားႏွင့္။ ထြက္ခ်က္တိုင္းတြင္ မီးပန္းမ်ားျဖာက်ေနသည္မွာ ရင္သက္ရွူေမာဖြယ္အတိ။ တစ္ခုထဲေဖာက္ေနျခင္းေတာင္မဟုတ္၊ ႏွစ္ခုၿပိဳင္ေဖာက္ေနၿပီး အၿပိဳင္ဖြာက်ေနသည့္ပုံမ်ိဳး။

"Happy 6th Monthsary ပါ ... ကေလးေလး။ ေနာက္ထပ္ႏွစ္ေျခာက္ဆယ္မကေအာင္ အတူတူရွိေနမယ္ေနာ္။ မီးပန္းေတြ သေဘာက်ရဲ့လား"

ဒါဆိုလၽွင္ လူႀကီး၏စီစဥ္မွုေပါ့။ ခန့္ခန့္တစ္ေယာက္ေပ်ာ္လြန္း၍ ဘာစကားမွပင္ မေျပာနိုင္ေတာ့။ အထိမ္းအမွတ္ေန႔ကို ေမ့ေနၿပီထင္သည့္ခ်စ္သူက ညႀကီးမွမီးရွုးမီးပန္းေတြ လာေဖာက္ျပေနသည္။ တစ္ေနကုန္ၾကားခ်င္ေနသည့္ ခ်စ္စကားတို႔အား တီတီတာတာ ေျပာျပေနသည္။ သည္ေလာက္ခ်စ္တတ္သည့္သူ ရထားရသည္မွာ သူ ဘယ္ေလာက္ေတာင္ ကံေကာင္းလိုက္ပါသလဲ။

အေပ်ာ္လြန္၍ မ်က္ရည္ေတြပါက်မိလာေသာ ခန႔္ခန႔္အဖို႔ ရွိုက္သံမထြက္မိရန္ပင္ လက္ႏွင့္အုပ္ကာထားမိသည္။ ငိုခဲ့ရသည့္အႀကိမ္ေတြမ်ားခဲ့ေပမဲ့ သည္တစ္ခါကေတာ့ ေပ်ာ္လြန္းလို႔က်ရသည့္ မ်က္ရည္မ်ားပင္။

"လူႀကီး"

"ေျပာဗ်ာ"

တဖြားဖြားျဖာက်ေနေသာ မီးပန္းတို႔က သူ႔မ်က္ဝန္းတြင္ အဝါတစ္လွည့္၊ အနီတစ္လွည့္ လင္းလက္လို႔ေနသည္။ ခန႔္ခန႔္အဖို႔ ခ်စ္စကားကလြဲ၍ ဘာမၽွေျပာဖို႔ သတိမရသည္အထိ အေပ်ာ္လြန္ေနေတာ့၏။ ရင္တြင္းအနက္ရွိုင္းဆုံးေနရာမွ ေပၚထြက္လာသည့္စကားမ်ိဳးမို႔လည္း ဆိုင္သူၾကားမွျဖစ္မည္။

"ခ်စ္တယ္၊ အရမ္းခ်စ္တယ္"

"ကိုယ္လည္းခ်စ္ပါတယ္ဗ်ာ"

ႏွစ္ေယာက္သား တိတ္ဆိတ္၍ မီးပန္းမ်ားကိုသာ ၾကည့္မိေနၾကသည္။ ထက္ျမက္ေရာ၊ ခန့္ကိုပါ ႏွစ္ေယာက္ၿပိဳင္ေဖာက္ေနၾက၍ ေရာင္စုံမီးပန္းမ်ား အၿပိဳင္ဖြာက်ေနသည္မွာ လွရက္နိုင္လြန္းသည္။ ရြယ္ရြယ္ကေတာ့ ဖုန္းျဖင့္မွတ္တမ္းတင္ကာ ရိုက္ကူးေနေလရဲ့။

"ကေလး အိပ္ရာေပၚ ျပန္မသြားနဲ႔ဦးေနာ္"

မီးပန္းမ်ား အားလုံးကုန္သြားၿပီးမွ ေဇယ်ာ စကားထပ္ေျပာရသည္။ ခ်စ္သူ၏အိပ္ခန္း အေနအထားကို အက်အနသိသူေဇယ်ာက ထပ္မံေတာင္းဆိုလိုက္ျပန္သည္။

"ထပ္ေဖာက္ဦးမလို႔လား"

"မဟုတ္ပါဘူး ကေလးရဲ့။ အိမ္ေရွ႕ ခဏလာမလို႔၊ ျပတင္းဝကေနပဲ ခဏရပ္ၿပီး ရွုစားေပးပါဦးဗ်ာ"

"ဟုတ္"

ခန့္ခန့္ အိမ္ေရွ႕က လမ္းက်ယ္ဆီသို႔ ေမၽွာ္ၾကည့္ေနလိုက္သည္။ ေမေမတို႔က အေစာႀကီးထဲက အိပ္သြားၾကၿပီမို႔ ေတာ္ေသးသည္။ ခ်စ္သူကလည္း ဒါကိုသတိထားၿပီး ေနာက္က်မွလာသည္ထင္ပါရဲ့။ ခန႔္ခန႔္တို႔အိမ္၏ မ်က္ႏွာခ်င္းဆိုင္အိမ္ကလည္း လူမေနတာၾကာၿပီမို႔ လူႀကီးလာတာကို ဘယ္သူမွမသိနိုင္ပါ။

ခန႔္ခန႔္ ရင္အစုံဝယ္ တဒိန္းဒိန္းႏွင့္ ခုန္လို႔မဆုံးေသးေခ်။ ခဏေနလၽွင္ တစ္လေလာက္မေတြ႕ရသည့္ခ်စ္သူကို ျမင္ရေတာ့မည္မလား။ ရင္ခုန္လြန္း၍ စည္းခ်က္မ်ားပင္ ထြက္ေနသည္က ရထားတစ္စင္းခုတ္ေမာင္းေနသည့္ႏွယ္။

သည္လိုႏွင့္ ခန့္ခန့္ အိမ္လမ္းေရွ႕ကိုေငးၾကည့္ေနခိုက္ ဝင္လာသည့္ကားက လူႀကီးကားမဟုတ္ဘဲ Crown အနက္ေရာင္ႏွင့္ ခန့္ကိုကား။ သည္ေကာင္ကဘယ္လိုပါလာသလဲ။ ေတြးေနခိုက္ပင္ ခန့္ကိုကားေနာက္မွဆက္၍ အနီေရာင္ကားေလးတစ္စီး။ မွန္းတာမမွားလၽွင္ Hyundai ကထုတ္သည့္ Sonata ေလး ျဖစ္လိမ့္မည္။

ဘာေတြလဲ။ လူႀကီးတစ္ေယာက္ထဲ မဟုတ္ဘူးေပါ့။ ခန့္ခန့္ ေခါင္းရွုပ္သြားသည္။ ေနာက္မွထပ္၍ ဝင္လာသည္က လူႀကီးကားအျဖဴေရာင္ေလး။
ခန့္ခန့္ သိခ်င္ေဇာႏွင့္ မေစာင့္နိုင္စြာ ေဇယ်ာကို ဖုန္းျပန္ေခၚလိုက္သည္။ သို႔ေသာ္ ဖုန္းမကိုင္ေသးခင္ ကားေပၚကလူေတြကသာ အရင္ဆင္းလာၾကသည္။

ပထမကားေပၚက ခန့္ကို။

ေနာက္တစ္စီးေပၚက ဆင္းလာသူကား ကိုယ္ထည္ေတာင့္ေတာင့္ႏွင့္ ကိုထက္ျမက္။

ထိုသူတို႔ အလၽွိုလၽွိုဆင္းလာၿပီးမွ ခ်စ္ရသူကလည္း ေနာက္ကားေပၚက ဆင္းလာသည္။ သို႔ေပမဲ့ ခ်က္ခ်င္းဆိုသလို ကားအျဖဴေလး၏ တစ္ဖက္ျခမ္းမွ တံခါး ထပ္ပြင့္လာသည္။

ဖုန္းေခၚသံတတူတူၾကားေနရသည့္ၾကားက ဘယ္သူ႔ကို တင္လာရျပန္ၿပီလဲေတြးကာ ခန့္ခန့္ စိတ္ေျခာက္ျခားလာသည္။ ခ်စ္သူ၏ေဘးခုံမွာ သူ တစ္ေယာက္တည္းအတြက္သာ ျဖစ္ရမည္။ သည္ေလာက္ေလာဘႀကီးႀကီးႏွင့္ ခ်စ္လိမ့္မည္ဟုပင္ သူ႔ကိုယ္သူထင္မထားမိပါေပ။

ၾကည့္ေနရင္းက ဒူးေလာက္ရွိသည့္ ဂါဝန္အကပ္ေလးႏွင့္ ဆင္းလာသည့္မိန္းကေလးတစ္ေယာက္။ ငုံ႔ေနဟန္ရွိေသာမ်က္ႏွာကို အေပၚေမာ့လိုက္မွ လမ္းမီးေရာင္ေၾကာင့္ ျမင္လိုက္ရသည္က မမရြယ္။

"ဟာ!"

"ဟဲလို ကေလး"

တစ္ၿပိဳင္နက္တည္း ဖုန္းကိုင္လာေသာ ခ်စ္သူအား ခန႔္ခန႔္ တရစပ္ေမးမိေတာ့သည္။

"လူႀကီး ... လူႀကီးက ခန့္ကိုတို႔၊ မမရြယ္တို႔၊ ကိုထက္ျမက္တို႔ပါ အကုန္ေခၚလာတာလား"

"ေျဖးေျဖးေမးပါ ကေလးရယ္။ လၽွာေတြလည္း ခလုတ္တိုက္ကုန္ပါမယ္"

"ေျဖဦးလို႔"

ကားကိုမွီကာ သူ႔လွမ္းၾကည့္ေနသည့္ခ်စ္သူအား စိတ္မရွည္စြာ ေမးရသည္။ သည္အခ်ိန္မွာ သိခ်င္စိတ္မ်ားေနသည္ကား သူ မလြန္ပါေပ။ အိမ္ေရွ႕ေရာက္လာသည့္ ကားသုံးစီးႏွင့္ ထိုသူမ်ားအေၾကာင္း ဂဃနဏ စပ္စုခ်င္လွသည္။

"ဟုတ္တယ္၊ သူတို႔ကလည္း ကိုယ္တို႔ကို ဂုဏ္ျပဳေပးၾကမလို႔တဲ့"

"ဟုတ္လား၊ အားနာစရာႀကီး မိုးခ်ဳပ္ေနၿပီကို။ ဒါနဲ႔ သူတို႔က ကိုထက္ျမက္ကားနားစုၿပီး ဘာလုပ္ေနၾကတာလဲ"

"ကေလး ကိုယ္ Speaker ဖြင့္ထားမယ္ေနာ္၊ သူတို႔ေရာၾကားရေအာင္"

"ဘာလုပ္မလို႔လဲ"

ခန႔္ခန႔္ျပန္အေျပာကို ေဇယ်ာက ဂ႐ုမစိုက္ေလဘဲ ထက္ျမက္တို႔နား ေလၽွာက္သြားသည္။

ရွည္ေမာင္းေသာအရပ္ႏွင့္ ေလၽွာက္လွမ္းေနေသာ ခ်စ္သူ၏ပုံရိပ္မွာ ခန့္ခန့္ အျပစ္ျမင္စရာ တစ္ကြက္မၽွမရွိ။ မ်က္လုံးေလးကလယ္ကလယ္ႏွင့္ ဘာလုပ္ေနၾကမွန္းမသိသည့္ ထိုအစုေလးအား ဟိုဖက္ေစာင္းလိုက္၊ သည္ဖက္ေစာင္းလိုက္ႏွင့္ လိုက္ၾကည့္ေနမိသည္မွာ ျပတင္းဝက ခန့္ခန့္တစ္ေယာက္သာ။

တကယ္အံ့ဩစရာ။ သည္လိုလူစုံတက္စုံႏွင့္ ညဖက္ႀကီးအိမ္ေရွ႕မွာ သူ႔ကို လာေတြ႕ၾကလိမ့္မည္ဟု ဘယ္တုန္းကမွ မထင္ထားမိ။ အထူးသျဖင့္ ခုလိုမိဘေတြ က်ပ္တည္းထားသည့္အခ်ိန္မ်ိဳးက ပိုအံ့ဩစရာပင္။

ရင္ခုန္ရသည္။

စိတ္လွုပ္ရွားရသည္။

ၾကည္ႏူးေပ်ာ္ရႊင္စရာအတိ။

ေတြးေနခိုက္ သူ႔အား လက္ညႇိုးႏွင့္လက္မေထာင္ကာ ေသနတ္သဖြယ္ လွမ္းပစ္ျပေနသည့္ ခန့္ကို။ သူ႔သူငယ္ခ်င္း ထိုေကာင္ကလည္း ပါးစပ္လုံလြန္းသည္။ ေန႔လယ္က ဂိမ္းေဆာ့ရင္းေတာင္ သူ စိတ္တိုသည့္အေၾကာင္း ေျပာမိေသးသည္။ ဒါကိုပင္ ထိုေကာင္က မစာမနာႏွင့္ ဘာမွကိုတစ္ခြန္းမဟပါေပ။

ခန့္ခန့္ၾကည့္ေနရင္း ရြယ္ရြယ္က ဖေယာင္းတိုင္မီးမ်ား ထြန္းထားသည့္ ကိတ္တစ္လုံးကိုင္ကာ လမ္းအလယ္နား ေလၽွာက္လာသည္။ ေနာက္မွလည္း ေဇယ်ာ၊ ခန့္ကိုႏွင့္ ထက္ျမက္က ကပ္လ်က္သား။

"Happy 6th Monthsary ပါ ခန့္ခန့္ေရ"

သည္တစ္ခါေတာ့ ခန့္ခန့္ရွိသည့္အေပၚထပ္သို႔ၾကည့္ၿပီး ေလးေယာက္လုံး ၿပိဳင္တူေျပာၾကတာျဖစ္သည္။ ထို႔ေနာက္ သူ႔ခ်စ္သူကဆုေတာင္းၿပီး ဖေယာင္းတိုင္ မီးမွုတ္လိုက္သည္။ အေပ်ာ္လြန္ေနေသာ ခန႔္ခန႔္ခမ်ာေတာ့ ဘာေျပာရမွန္းမသိေအာင္ ဆြံ႕အေနမိေတာ့တာပင္။

"ေက်းဇူးပါဗ်ာ။ ညႀကီးမိုးခ်ဳပ္လိုက္လာေပးၾကတာ အားေတာင္နာတယ္"

"ဟိတ္ေကာင္ ... မင္းအျပင္ထြက္ရရင္ေတာ့ တို႔ေတြအကုန္တစ္ဝိုင္းပဲေနာ္"

"ေအးပါဟ ေကၽြးမွာေပါ့။ ခုေတာ့ ေတာ္ေတာ္ေလးေပ်ာ္ၿပီး ဘာေျပာရမွန္းေတာင္မသိဘူး"

"အေပ်ာ္ေတြ မရပ္လိုက္နဲ႔ဦး ေမာင္ေလးေရ။ ဒီမွာ Surprise ေတြက က်န္ေနေသးတယ္"

"ဗ်ာ"

ရြယ္ရြယ္က အရႊန္းေဖာက္ၿပီး ဝင္ေနာက္ေတာ့ထပ္အံ့ဩရသူက ခန့္ခန့္ပါပဲ။

"ကဲ ကေလး ... ေသခ်ာၾကည့္ေနာ္"

"ဖုန္းခ်ၿပီး ဗီဒီယိုရိုက္ထားခိုင္းလိုက္ပါလား။ ေနာက္လည္း အမွတ္တရ ျပန္ၾကည့္ရတာေပါ့"

ရြယ္ရြယ္က အစ္ကိုျဖစ္သူေဇယ်ာ့ကို အႀကံေပးျပန္သည္။ နားမလည္နိုင္ေတာ့သည္က ခန့္ခန့္ပင္။ သူတို႔ဘာလုပ္ၾကမည္ကို အခုခ်ိန္ထိ မခန႔္မွန္းနိုင္ေသး။ မီးပန္းေတြႏွင့္ကိတ္အျပင္ တျခားတစ္ခုက ပါေသးသည္တဲ့လား။

"ကေလး ဖုန္းခဏခ်လိုက္မယ္ေနာ္။ ဗီဒီယို ရိုက္ခ်င္ရင္ရိုက္ထားလိုက္"

"ဟမ္ ... ဟုတ္"

ခန့္ခန့္လည္း ေယာင္မွားမွားေတြျဖစ္ၿပီး ကင္မရာေလး ဖြင့္ထားရသည္။ ထိုသူေလးေယာက္က ဘာလုပ္ၾကမည္နည္း။ ဗီဒီယိုရိုက္ရေလာက္သည္ထိဆိုေတာ့ သူ အနည္းငယ္ ေၾကာင္စီစီျဖစ္သြားသည္။ ခုနကလို မီးရွူးမီးပန္းေတြေတာ့ ထပ္မေဖာက္ေကာင္းပါရဲ့။ အရမ္းနီးေနလၽွင္ မိဘေတြ နိုးလာမွာေၾကာက္ရသည္။ ခန့္ခန့္ ၾကည့္ေနရင္းက ထိုေလးေယာက္မွာ ကိုယ္စီးလာသည့္ ကားမ်ားဆီသို႔ ျပန္ကပ္သြားၾကျပန္၏။

ၿပီးေနာက္ ေရွ႕ဆုံးက ခန့္ကို၏ကားေနာက္ဖုံးမွာ ႐ုတ္တရက္ပြင့္သြားသည္။ ထိုပြင့္လာသည့္ ေနာက္ဖုံးၾကားမွ အျပာေရာင္မီးလဲ့လဲ့ေလးမ်ားႏွင့္ အရမ္းလွသည့္ ပူေဖာင္းမ်ားက အၿပိဳင္အဆိုင္ လုယက္ကာ တိုးထြက္လာၾကေလ၏။ ေမွာင္ရိပ္က်ေနသည့္လမ္းမို႔ မီးေရာင္ေလးမ်ားက ပိုလက္ေနၾကတာပင္။

အလုံးႏွစ္ဆယ္ခန့္ရွိမည့္ထင္ရေသာ ထိုပူေဖာင္းအစည္းႀကီးလိုက္ အေပၚသို႔လြတ္လြတ္ကၽြတ္ကၽြတ္ထြက္လာၿပီးေနာက္ ေအာက္မွ အျပာေရာင္မီးေလးေတြႏွင့္ အလွဆင္ထားသည့္ စာတန္းေလးတစ္ခုက အစီအရီ ပါလာသည္။ မီးေရာင္မ်ားၾကား တျဖည္းျဖည္းႏွင့္ ပုံေပၚလာသည္က၊

'Happy 6th Monthsary' ဆိုေသာစာတန္းေလး။

ခန့္ခန့္ သေဘာက်သည့္စိတ္ႏွင့္ လက္ဖဝါးတစ္ဖက္ကို အသံမထြက္ေစရန္ ႏွုတ္ခမ္းဆီ အုပ္လိုက္မိတာပင္။ ဗီဒီယိုရိုက္ေနသည္မို႔ သူ႔အသံကို မပါေစလိုပါ။ တစ္ခါတရံ YouTube တြင္သာျမင္ဖူးေသာ ထိုကဲ့သို႔ကဗ်ာဆန္ဆန္ ပုံရိပ္မ်ားက အခုေတာ့မ်က္စိေရွ႕တြင္ သူ႔အတြက္ လုပ္ျပေနျခင္း။ ဖုန္းကိုင္ထားသည့္လက္ပင္ မတုန္ေနေအာင္ ထိန္းထားရေလ၏။

ခန႔္ခန႔္ အံ့ဩေနရင္း မၾကာပါေခ်။ ကိုထက္ျမက္ကားေနာက္ဖုံးကပါ ပြင့္လာ၍ ပူေဖာင္းအစည္းလိုက္ႀကီး ထြက္လာျပန္သည္။ အလုအယက္ထြက္လာသည့္ ပူေဖာင္းတို႔ေအာက္တြင္ပါသည္က အစိမ္းလဲ့လဲ့မီးေလးေတြႏွင့္ အလွဆင္ထားသည့္ စာတန္းကေလး။

'Z & K'

ေဇယ်ာႏွင့္ခန့္ခန့္ေပါ့။

လက္ႏွင့္အုပ္ထားမိေသာ ႏွုတ္ခမ္းေလးက အစြမ္းကုန္ျပဳံးမိေနေလေတာ့၏။ ၿပီးေနာက္ ေနာက္ဆုံးေသာ ခ်စ္သူ႔ကားေနာက္ဖုံးပါ ထပ္ပြင့္သြားသည္။ ထိုကဲ့သို႔ပင္ ပန္းေရာင္မီးလဲ့လဲ့ေလးမ်ားစီရီထားေသာ ပူေဖာင္းမ်ားစြာႏွင့္ စာတန္းေလးတစ္ခု။

'I Love You, Baby'

တိုးထြက္လာခဲ့ၾကေသာ ပူေဖာင္းစည္းသုံးခုမွာ ေရွ႕ဆင့္ေနာက္ဆင့္ႏွင့္ ေကာင္းကင္ေပၚသို႔ အၿပိဳင္တက္ေနၾကသည္။ မဲေမွာင္ေနသည့္ေကာင္းကင္တြင္ စာတန္းေလးေတြမွာလည္း ျပာ၊ စိမ္း၊ ပန္း စေသာေရာင္စုံတို႔က တလက္လက္။

လွပလြန္းၾကသည္။

ၾကည့္မဝျဖစ္ရသည္။

ေလယူရာပါေနၾကသည္ကပင္
ႏွေျမာဖို႔အလြန္ေကာင္းေနသည့္ႏွယ္။

ဖမ္းဆုပ္ထားခ်င္သည့္စိတ္၊ ေထြးေပြးထားခ်င္သည့္စိတ္၊ ထာဝရသိမ္းထားလိုက္ခ်င္သည့္စိတ္တို႔ႏွင့္ ထုံမႊန္းေနလ်က္။

ခန့္ခန့္ ေပ်ာ္လြန္း၍ ဟန္မေဆာင္နိုင္စြာ မ်က္ရည္မ်ားက်လာသည္။ ၿပီးေနာက္ စိတ္မထိန္းနိုင္ေတာ့ဘဲ ဖုန္းခ်ကာ ေအာက္ထပ္သို႔အရဲစြန့္ အေျပးဆင္းေတာ့၏။ အစကဝင္ေနပါေသာ ေၾကာက္စိတ္မ်ားမွာလည္း ခုေတာ့ ၾကက္ေပ်ာက္ငွါက္ေပ်ာက္သည့္ႏွယ္။ ၿခံေသာ့မွာ ေမေမသိမ္းထား၍ အျပင္ေတာ့ထြက္၍မရေပမဲ့ တံခါးအတြင္းကေနေတာ့ သူ ေတြ႕လို႔ရဦးမည္မလား။

သည္ေလာက္ဆိုလည္း သူေက်နပ္ပါသည္။ ရင္ခြင္ေလးႏွစ္ခု နီးကပ္ခ်င္႐ုံ။ ကိုယ္ေငြ႕ေလးႏွစ္ခု ယွက္သိုင္းခ်င္႐ုံမို႔။

ေဇယ်ာ့အဖို႔ေတာ့ ႐ုတ္တရက္ ျပတင္းမွေပ်ာက္သြားသည့္ ခန့္ခန့္အား လိုက္ရွာေနမိသည္။ ဖုန္းပင္ဆက္ရမလားဟူသည့္စိတ္ႏွင့္ လွည့္ရွာၾကည့္ခိုက္ ၿခံထဲသို႔ အေျပးတစ္ပိုင္းဆင္းလာသည့္ ခန့္ခန့္ကို ေတြ႕လိုက္ရသည္။ ဖိနပ္ပင္မပါသည့္ခ်စ္သူအား ေဇယ်ာ တံခါးနားတြင္ အျမန္သြားေတြ႕ရေတာ့တာပင္။

"ကေလး ဖိနပ္လည္းမပါဘူး၊ နာကုန္ေတာ့မယ္"

"လူႀကီး .. လူႀကီး အခုေလ အရမ္းေပ်ာ္တာပဲသိလား။ ဒီေန႔တစ္ေနကုန္ လူႀကီးကို အထင္လြဲေနမိတာအတြက္လည္း ေတာင္းပန္တယ္ေနာ္။ ပူေဖာင္းေတြ လြင့္တက္သြားတာၾကည့္ပါဦး တကယ္ကိုလွတယ္"

အေမာတေကာေျပာေနသည့္ ခန႔္ခန႔္၏မ်က္ဝန္းမ်ားတြင္ အရည္ၾကည္တို႔က ရစ္သိုင္းလာျပန္သည္။ ေပ်ာ္လို႔က်တဲ့မ်က္ရည္ျဖစ္ေစဦးေတာ့ ေဇယ်ာက ခန႔္ခန႔္ကိုဆို ဝမ္းနည္းစိတ္တစ္စုံတစ္ရာႏွင့္မွ မအပ္စပ္ေစခ်င္တာ သူ႔ဆႏၵပင္လၽွင္။

"ကေလးရယ္ ဘာငိုစရာပါလို႔လဲ။ တိတ္ ... တိတ္၊ ဟိုမွာၾကည့္။ အဲသုံးေယာက္ ရယ္ေနၾကၿပီ။ စခံေနရမယ္ ... မငိုနဲ႔"

ခန့္ခန့္ အေနာက္ကို ေခါင္းေလးေစာင္းၾကည့္ေတာ့ သူတို႔အားလုံး တကယ္ပင္ရယ္ေနၾကေလသည္။ ေပ်ာ္လြန္း၍က်သည့္မ်က္ရည္ေတြမို႔ စလည္းဘာမွမျဖစ္ပါေလ။ သည္လူေတြကိုေတာ့ျဖင့္ သူ မရွက္ေတာ့ပါပဲ။

"မရွက္ပါဘူး။ ေပ်ာ္လြန္းလို႔ မ်က္ရည္က်မိတာပဲဟာ"

"ေပပြကုန္ၿပီ၊ လာ ... ကိုယ္သုတ္ေပးမယ္"

ၿခံတံခါး သံတိုင္ၾကားမွ ေဇယ်ာက လက္ဝင္ကာ မ်က္ရည္မ်ားသုတ္ေပးေလ၏။ ပါးႏုႏုတြင္ လက္တစ္ဖက္ျဖင့္ မ်က္ရည္သုတ္ေပးေနပုံက ေဘးကၾကည့္ေနသူမ်ားအဖို႔ေတာ့ ပန္းခ်ီတစ္ခ်က္အသြင္ လွပေနေလ၏။ အခ်စ္တို႔ႏွင့္ျပည့္ႏွက္ေနေသာ ပန္းခ်ီကားတစ္ခ်ပ္ေပတည္း။

ထိုအခိုက္ မ်က္ရည္ေတြသုတ္ေပးေနေသာ ခ်စ္သူ၏လက္ကိုယူကာ ခန႔္ခန႔္က ႏွုတ္ခမ္းဖ်ားႏွင့္ စူးစူးရွိုက္ရွိုက္ နမ္းလိုက္ေလသည္။

'ဟာ!'

အနားထိလာၾကည့္ေနေသာ အေဖာ္သုံးေယာက္၏ အံ့အားသင့္သြားၾကသံက မဆိုသေလာက္ေတာ့ က်ယ္ေလာင္သြားေသးသည္။ ေဇယ်ာမွာလည္း မ်က္လုံးမ်ားျပဴးက်ယ္လ်က္၊

"ကေလး!"

ခန့္ခန့္အဖို႔ သည္ညတြင္ အရွက္မသည္းနိုင္ေတာ့။ အနမ္းတစ္ပြင့္ျဖင့္ ခ်စ္သူလူႀကီးအေပၚထားသည့္ သူ႔ခ်စ္ျခင္းေတြကို ေဖာ္ၾကဴးေစမည္။

"ခ်စ္လို႔ေပးတာ။ ဒီည ဒီထက္မကပိုၿပီး အနမ္းေတြနဲ႔ဂုဏ္ျပဳခ်င္ေပမဲ့ အေႂကြးမွတ္ထားေပးေနာ္"

ေနာက္ကသုံးေယာက္မၾကားနိုင္ေအာင္ အနားတိုးကာ ႏွစ္ကိုယ္ၾကား ခပ္တိုးတိုးေျပာလိုက္ၿပီးေနာက္ ဆုပ္ကိုင္ထားၾကသည့္ လက္အစုံတို႔ ပိုမိုတင္းၾကပ္လာသည္။ အၾကည့္တို႔က ခ်စ္ရည္ရႊန္းလဲ့သည္။ ၾကားတြင္ျခားထားေသာ ၿခံတံခါးသာမရွိပါက ေဇယ်ာလည္း ငုံထားမတတ္ နမ္းလိုက္မိသည္မွာ အေသအခ်ာ။

သူတို႔ေတြ႕ဆုံၿပီးလို႔ ခဏအၾကာမွသာ ခန့္ခန့္ အားလုံးကိုလက္ျပၿပီး အျမန္ျပန္ဝင္သြားေတာ့၏။

ေဇယ်ာသည္လည္း ေနာက္ေက်ာျပင္ေလးအား လြမ္းေဆြးစြာ ၾကည့္ေနရင္းသာ က်န္ရစ္ခဲ့သည္။ ရလိုက္သည့္အနမ္းေတြေၾကာင့္ သည္ညအဖို႔ေတာ့ ေဇယ်ာ၏အရွက္ႀကီးလြန္းသည့္ ကေလးပင္ဟုတ္ရဲ့လားဟု အေတာ္ေတြးယူရမည္။ ဘယ္လိုပဲျဖစ္ျဖစ္ ညီမျဖစ္သူ ရြယ္ရြယ္အကူအညီေၾကာင့္ ခ်စ္သူေလးကေတာ့ ေျခာက္လျပည့္အထိမ္းအမွတ္ေန႔တြင္ အတိုင္းမသိေပ်ာ္သြားသည္မွာ အနမ္းတစ္ပြင့္က သက္ေသပဲမလား။

အခ်စ္ရပ္ဝန္းတြင္ရွိေနမိျခင္းေၾကာင့္လားမသိ၊ ညက ေမွာင္မိုက္ေသာ္လည္း လွပေနျပန္ပါသည္။

••••••••••••••••••••••••••••••••

Bạn đang đọc truyện trên: Truyen3h.Co