Part - 30
<Unicode>
လန်းလန်းဆန်းဆန်း နိုးလာလေသော မနက်ခင်း။ စိုးစီစိုးစီ အော်မြည်နေကြသည့် ငှက်ပေါက်စတချို့။ ရောင်စုံပွင့်အာနေကြသော နှင်းဆီပွင့်တွေ။ စိမ်းဖန့်ဖန့် ရွက်လှပင်တို့က အစီအရီ။ ခြံထဲက သူတို့လေးတွေသာ မြင်နိုင်စွမ်းရှိခဲ့ပါလျှင် ညကအဖြစ်အပျက်များအကြောင်း အဘယ်သို့ထင်ကြပါမည်နည်း။
အားကျလေမလား။
မနာလိုကြလေမလား။
ပေါက်ကရအတွေးပေါင်းစုံတို့နှင့် ခန့်ခန့်မှာ ကြည်နူးပီတိဖြာလို့မဆုံး။ ဒန်းကလေးကို ဟိုသည်လွှဲရင်း တစ်ယောက်တည်း တပြုံးပြုံးဖြစ်နေလေသည်။
"အံမယ်၊ ငါ့မြေး .. မနက်စောစောစီးစီး ခြံထဲဆင်းထိုင်လို့ပါလား။ မျက်နှာလေးလည်း ရွှင်လို့ပြုံးလို့"
သိသာနေလေသည်လား။ ခန့်ခန့် မျက်နှာပိုးအနည်းငယ်သတ်ရင်း အဘွားထိုင်ဖို့ ဘေးနည်းနည်းတိုးပေးလိုက်သည်။
"ဘာရယ်မဟုတ်ပါဘူး ဘွားရယ်။ အိိမ်ထဲချည်းပဲဆိုတော့ ပျင်းလို့ထွက်ထိုင်နေတာ"
"ညကပျော်ရဲ့လား"
"ဗျာ!"
ခန့်ခန့် လန့်ဖျန့်သွားသည်။ မရဲတရဲစိတ်နှင့် ဘေးကအဘွားကို လှည့်ကြည့်လေတော့ သူ့ဆံစတွေကိုလာပွတ်သပ်ပေးရင်း ခပ်ပြုံးပြုံးရှိလှသည်။ ဘွားဘွားများ မြင်သွားတာလား။ ဒါဆို လူကြီးတွေအကုန် သိသွားကြတာလား။
"မျက်စိသိပ်မကောင်းပေမဲ့ မနေ့ညကတော့ ဒီအဘွားက အကုန်မြင်လိုက်ပါတယ်တော်။ မီးပန်းတွေဖောက်ကတည်းက ဖွားနိုးလာတာ။ အဲဒါနဲ့ ရေဆာလို့ အခန်းပြင်ထွက်လာတာ အိမ်ရှေ့မှာ ကားတွေမြင်တာပါပဲတော်"
ဒါဆို သူ ဆင်းတွေ့တာပါ အဘွားတွေ့သွားလောက်ပြီထင်။ ရှက်စိတ်နှင့် ကြောက်စိတ်ရော၍ ခန့်ခန့်မျက်နှာရဲသွေးထင်သွားလေတာ ဖျန်းခနဲ။ ဘွားကများ မေမေတို့ကို ပြန်ပြောလိုက်ရင်ဟူသောကြောက်စိတ်က ရင်တွင်းဒီရေတက်သလို တလှပ်လှပ်တုန်လာစေသည်။ သူ့ခမျာ တောင်းပန််ရုံကလွဲလို့ ဘာများလုပ်နိုင်ပါမည်နည်း။
"ဘွားသိရင်လည်း မေမေတို့ကို ပြန်မပြောနဲ့နော်။ သားကိုသနားရင် ပြန်မပြောပါနဲ့နော် ... ဘွား"
ခန့်ခန့် အဘွားလက်လေးနှစ်ဖက်ကိုဆုပ်ကိုင်ပြီး အသနားခံပြောရရှာသည်။ သည်ထက်များ တားဆီးပိတ်ပင်လိုက်ကြလျှင် သူ့အဖို့ နေစရာပင်ရှိတော့မည်မဟုတ်ပါလား။
"အင်းပါ မြေးရယ်၊ ဘွား မပြောပါဘူး။ မြေးဆူခံရလို့ စိတ်ဆင်းရဲနေရင် ဒီအဘွားလည်း မကြည့်ရက်ပါဘူး"
အဘွားဖြစ်သူ ကတိပေးတော့မှ ခန့်ခန့် ခပ်ချွဲချွဲနှင့်ရင်ခွင်ထဲ အသာတိုးဝင်လိုက်သည်။ အဘွားကလည်း သူ့ပုခုံးလေးကိုပုတ်ပြီး နှစ်သိမ့်ရှာ၏။ သဘောတူပါသည်မပြောဦးတောင် အတင်းဇွတ်မကန့်ကွက်ပါချေ။ ကိစ္စတစ်ခုတော့ စိတ်ဒုန်းဒုန်းချရလေပြီ။ သည်လိုစိတ်ပင်ပန်းကြောက်ရွံ့မှုတွေက သူ့ဘဝတွင် ဘယ်ချိန်ထိများ ကြီးစိုးနေပါဦးမည်လဲ။
"မောင်ဇေယျာက ဘွားမြေးလေးကိုတော့ အတော်ချစ်ရှာသားပဲ။ မနေ့ညက ဒီကလေးမျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတယ်။ သနားစရာလည်း ကောင်းပါတယ်"
"ချစ်ရှာပါတယ် ဘွားရယ်။ တကယ်ဆိုလေ သားက ကလေးဆန်ပြီးဆိုးတော့ သူချစ်ပေး၊ ဂရုစိုက်ပေးတာတွေနဲ့တောင် မထိုက်တန်ဘူးလို့တောင် ခံစားရတယ်"
"အင်း၊ မြေးကလည်း သူ့ကိုသိပ်ချစ်တာပဲလား"
အဘွားဖြစ်သူက ပွင့်ပွင့်လင်းလင်းမေးလာတာမို့ ခန့်ခန့် စိတ်ထဲရှိသည်အတိုင်း ပြောပြဖြစ်သည်။ သည်အိမ်တွင် သူ့အတွက် တီးတိုးဖော်တစ်ယောက်မှ မရှိတာမို့ ထွက်ပေါက်သေးလေးတစ်ခုသဖွယ် လိုအပ်နေတာအမှန်ပါပေ။ ပျင်းလျှင်တောင် ကိုယ်နှင့်ရင်ဘတ်ချင်းနီးသူသာ စကားပြောလို့ကောင်းတာမျိုးမဟုတ်လား။
"ဘွား ယုံမလားတော့မသိဘူး။ သားကသူ့ကို ချစ်တယ်ဆိုတာအပြင် လေးစားတာ၊ ယုံကြည်တာ၊ အားကိုးတာ အဲဒါတွေလည်းပါတယ်။ ပြီးတော့ သူ သားကိုချစ်ပေးတာ၊ စောင့်ရှောက်ပေးတာကလည်း အစ်ကိုအရင်းတစ်ယောက်နဲ့ မခြားပါဘူး"
မြေးဖြစ်သူ တကယ်ချစ်မိနေတာကို မြင်ရတော့ အဘွားမှာ သက်ပြင်းရှည်ကြီး ချမိသည်။ သည်ကလေးတွေ လျှောက်ရမည့်ခရီးက မလွယ်ကူလှ။ ကြမ်းတမ်းမည်။ ခက်ခဲမည်။ ပင်ပန်းလွန်းလျှင် လွှတ်ချမိကြမည်။ ရေရှည်ဆိုတာ အတော်မလွယ်သည့်ကိစ္စပဲမလား။
"ဒါပေမဲ့ မိဘတွေကမှ သဘောမတူတာ မြေးရယ်။ ပြီးတော့ ဒါက လောကသဘာဝနဲ့လည်း ဆန့်ကျင်နေတယ်မလား"
"ခုခေတ်မှာ ယောကျ်ားချင်းမကြိုက်ရဘူး၊ မိန်းမချင်းမကြိုက်ရဘူးဆိုပြီးတော့ မရှိတော့ပါဘူး .. ဘွားရယ်။ ဒီသဘောတရားတွေကို ဖေဖေတို့၊ မေမေတို့ လက်ခံလာအောင် တဖြည်းဖြည်းနဲ့ သား ရအောင်ပြောမှာပါ"
မြေးဖြစ်သူ၏ မျှော်လင့်ချက်မှာ ထင်ထားသည်ထက် များလွန်းသည်။ သူ့ဉာဉ်ကလေးနဲ့ဆိုလျှင်လည်း လက်လျှော့မည့်ပုံမရ။ ဒါမို့ ပြောသင့်တာကိုတော့ ထိမ်ချန်မထားဘဲ ကြိုကြိုတင်တင်ပြောမှဖြစ်မည်ဟု အဘွားဖြစ်သူက တွေးမိလိုက်သည်။
"ဟင်း ... သားမေကြီးတို့၊ ဖေကြီးတို့ သားကိုတားတယ်ဆိုတာ ဒီ့အပြင် နောက်တစ်ချက်ရှိသေးတယ် မြေး"
"ဗျာ!"
သဘောမတူရတဲ့အချက်တွေက ထပ်ရှိနေသေးသည်တဲ့လား။ အခုတောင် သူတို့အဖို့ ခက်ခဲနေပါပြီလေ။
"ဟုတ်တယ်၊ မြေးလည်း သိမှာပါ။ မြေးရဲ့မေမေ မိမိနိုင်က ဘွားရဲ့တစ်ဦးတည်းသော သမီး။ အင်း ဒီလိုပဲ၊ မြေးရဲ့ဖေဖေ မောင်မင်းဟန်ကလည်း တစ်ဦးတည်းသော သားပဲလေ။ သူတို့နှစ်ယောက်ညားလို့ ထွန်းကားတဲ့ သားသမီးရတနာဆိုတာကလည်း ဟောဒီမြေးလေးတစ်ယောက်ပဲ ရှိတယ်"
အဘွားဖြစ်သူက ခန့်ခန့် မျက်နှာသေးသေးအား စိတ်မကောင်းစွာကြည့်ရင်း ဆက်ပြောရှာသည်။
"ဒီတော့ မြေးရယ် ... နှစ်ဖက်စလုံးရဲ့ မျိုးဆက်မပြတ်ဖို့အရေးက မြေး မိန်းမယူမှပဲ ဖြစ်မယ်လေ။ မြေးသာ မောင်ဇေယျာကို ရွေးချယ်မယ်ဆိုရင် ဘွားတို့နှစ်ဖက်မျိုးဆက်ပျက်ပြီး သားနောက်ဆုံးပဲ ဖြစ်လိမ့်မယ်။ ဒါကြောင့်မို့လည်း ဒီကိစ္စကို အသည်းအသန် တားနေကြတာပေါ့။ ဘွားလည်း သားကိုစိတ်ချမ်းသာစေချင်ပေမဲ့ သားကရလာမဲ့ ဖွားရဲ့မျိုးဆက်လေးတော့ ရှိစေချင်သေးတာပေါ့"
ဟူး။
ခန့်ခန့် လေပူတစ်ချက်အား မှုတ်ထုတ်လိုက်မိပြန်သည်။ ဘာတွေဆက်ဖြစ်လာဦးမှာလဲ။ မိဘတွေနှင့် ဘွားကိုလည်း ခန့်ခန့် တကယ်အားနာမိသည်။ တစ်ဦးတည်းသောသားက လောကသဘာဝနှင့် ဆန့ကျင်သည့်လုပ်ရပ်ကို လုပ်မိသည်တဲ့လား။ သူသည်လည်း တကယ်ပင် စိတ်မကောင်းလှပါ။
သို့ပေမဲ့ ချစ်သူကိုလည်း လုံးဝအဆုံးရှုံးမခံနိုင်။ သူ့ဘဝပျော်ရွှင်မှုကိုလည်း မစတေးနိုင်။ သည်လိုနှင့်ပဲ အားနာနာဖြင့် ရှေ့ဆက်တိုးရဦးမည်။
စာမေးပွဲအောင်စာရင်းပင် နောက်အပတ်ဆို ထွက်တော့မည်မလား။ သူကြိုးစားမှုတွေ အရာထင်လာတော့မည်ဖြစ်၏။ ခန့်ခန့်အဖို့ ကိုယ်ဖြေထားသည့်စာမေးပွဲကို ယုံကြည့်ပေမယ့် မိဘတွေကို တောင်းဆိုရမည့်အရာအတွက်တော့ ခွင့်ပြုပေးပါ့မလားဆိုသည့်စိတ်က ပိုလို့မချင့်မရဲ ရှိလှသည်။
သူ့ဆန္ဒတွေကို တစ်ခါလောက်တော့ ဖြည့်ဆည်းပေးပါတော့လား။
......................
"ဘယ်လိုလဲ ... ကလေး၊ စိတ်လှုပ်ရှားနေပြီလား"
"နည်းနည်း"
နည်းနည်းလို့သာ ဖုန်းကတဆင့် ပြောလိုက်ရသည်။ တကယ်တော့ သည်နေ့လိုအောင်စာရင်းမထွက်ခင် လေး၊ ငါးရက်အလိုကတည်းက လူကရင်တခုန်ခုန်နှင့်။ အခုဆို သုံးနာရီနီးပါးမျှသာ အချိန်ကျန်တော့တာပင်။
ခန့်ခန့်အဖို့ သေချာပေါက်တော့ ခုံနံပါတ်ရှေ့ရောက်လောက်မှာဖြစ်ပေမဲ့ ခုံနံပါတ် တစ်မှငါးအတွင်း ဝင်ရောဝင်နိုင်ပါ့မလား အတော်စိတ်ပူနေရသည်။ ပုံမှန်ဆိုလျှင်တောင် သူဆိုတာ တစ်ကနေတစ်ဆယ်အတွင်း ဝင်ခဲ့တာမဟုတ်။ စာကျက်အားသန်သည့် မိန်းကလေးတွေကြား သူ တိုးလို့မပေါက်ခဲ့တာကများသည်။ သို့သော် ဒီတစ်ခေါက်တော့ နေမကောင်းသည့်ကြားက အစွမ်းကုန်ကြိုးစားထားတာမို့ အမှန်အကန်ကို မျှော်လင့်နေမိ၏။
"အောင်စာရင်းက ဘယ်ချိန်ထွက်မှာလဲ ကလေး။ သွားကြည့်ရမှာလား"
"ညဆယ့်နှစ်နာရီမှ ကျောင်း Website ကနေ ဝင်ကြည့်ရမှာ။ မေမေက သူ့ဖုန်းနဲ့ကြည့်တဲ့၊ စောင့်ပေးမယ်ပြောတယ်"
ပြဿနာဖြစ်အပြီး နှစ်လကျော်နီးပါး ခန့်ခန့် ဖုန်းပြန်မတောင်းခဲ့ချေ။ မပေးချင်သောကတိမို့ ဖုန်းလည်းပြန်မယူ၊ WiFi လည်းမရှိပါဘဲ လက်ရှိအချိန်ထိ တင်းခံနေလိုက်သည်။
"ဟုတ်ပြီ ... ကိုယ်ရောစောင့်ပေးမယ်။ ကလေးသိရရင် ကိုယ့်ကိုဖုန်းဆက်ပေး"
"ဟုတ်၊ ဒါဆို အောက်ကြိုဆင်းထားနှင့်လိုက်တော့မယ်"
"နေဦး ... တစ်ခုတော့မှတ်ထားပေး။ ကလေးရဲ့ အောင်စာရင်းက ဘယ်လိုပဲထွက်လာပါစေ ... စိတ်မဖိစီးရဘူးနော်။ ဘယ်လောက်ရရ ကိုယ်က ကလေးအတွက် အမြဲဂုဏ်ယူနေမယ် ... ကြားလား"
စေ့စပ်သေချာစွာ မှာနေသည့်ချစ်သူအား သေချာစကားစဖြတ်လိုက်ရသည့် ခန့်ခန့်အဖြစ်ပါပဲ။ သူကတော့ ကိုယ့်ကိုချစ်စိတ်နှင့် ဘာပဲဖြစ်နေနေ အကောင်းဆုံးလက်ခံပေးမှာပေမဲ့ ခန့်ခန့်အဖို့တော့ သည်လိုမရချေ။ ဖြစ်အောင်တမင်တကာ ကြိုးစားထားရပြီးမှ ဖြစ်မလာလျှင် ဆုံးရှုံးမှုကြီးတစ်ခု ကြုံလိုက်ရသလို စိတ်ဓာတ်ကျတတ်သည်။ ပြီးလျှင် သည်တစ်ခါ မိဘတွေနှင့်အပေးအယူလုပ်မှာမို့ ပိုလို့အရေးကြီးသည်။ ဖြစ်မှကိုရမည်ပင်။
တဖြည်းဖြည်း အချိန်နီးကပ်လာသည်နှင့် ခန့်ခန့် အောက်ထပ်ဆီ ဆင်းလာခဲ့၏။ ပုံမှန်ဆင်းနေကျ လှေကားတစ်ထစ်ချင်းစီကို ဖိနင်းနေရတာတောင် လူကယိမ်းထိုးချင်သယောင်ယောင်။ ဪ ... စာမေးပွဲနှင့်ပတ်သက်လျှင် တစ်သက်မဖြစ်ဖူးသေးသည့် စိတ်လှုပ်ရှားမှုမျိုးပါပဲ။
နံရံတွင်ကပ်ထားသော နာရီအိုးထဲရှိလက်တံမှာ သူ့ဟာနှင့်သူ ပုံမှန်လည်ပတ်ရင်း ဆယ့်နှစ်နာရီထိုးနိုင်အဖို့ရေး ဆိုင်းပြင်လာလေပြီ။
အချိန်ကနီးလာလေ လူကမတည်မငြိမ် ဖြစ်လာလေပင်။ စိတ်လှုပ်ရှားပြီး ဂနာမငြိမ်ဖြစ်နေသည်ကိုလည်း ထိန်းချုပ်မရ။ အသက်ကိုခပ်ပြင်းပြင်း ရှူနေရသလို လက်တွေမှာအေးစက်ပြီး ရင်ကလည်းတဒိန်းဒိန််းနှင့်။ ဧည့်ခန်းထဲတွင် လျှောက်နေမိသော ခြေလှမ်းတို့ကလည်း ဦးတည်ရာမရှိ။ ထိုင်မနေနိုင်၍သာ အညောင်းခံ၍ လျှောက်နေရခြင်း။
"ခန့်ခန့်ရယ် ... ငြိမ်ငြိမ်လေး ထိုင်နေပါတော့လား။တကတဲ မျက်စိနောက်လာပြီ"
"မေမေကလည်း သားစိတ်လှုပ်ရှားနေလို့ပါ"
အဖေဖြစ်သူကတော့ မစောင့်နိုင်၍ အိပ်သွားသော်လည်း ဒေါ်မိမိနိုင်ကတော့ စောင့်ပေးနေသေးသည်။ အောင်စာရင်းကြည့်ဖို့လည်း ဖုန်းပေးသုံးရဦးမည်မလား။
"အရင်နှစ်တွေက ဒီလိုမဟုတ်ပါဘူး။ ခုကျမှ ဘာတွေလိုချင်နေလို့ ဒီလောက်အသည်းအသန်ဖြစ်နေတာလည်း ပြောစမ်းပါဦး"
"အခုမပြောနိုင်သေးဘူး။ ခုံနံပါတ်ကောင်းခဲ့ရင်တော့ မနက်ဖြန်ည လူစုံမှပြောမယ်"
အမေကိုတိုးတိုးအုပ်ပြောရင်း အကြောင်းအရင်းကို အသိမပေးဘဲ ပိတ်ပြောလိုက်သည်။
တဖြည်းဖြည်းနှင့် နာရီလက်တံက ဆယ်နှစ်ဆီသို့ ရွေ့လာလေပြီ။ ခန့်ခန့် မေမေ့ဖုန်းနှင့် ကျောင်း Webpage ကို ဝင်ထားပြီးဖြစ်သည်။ တင်လို့တင်ငြား ခဏခဏ ဆွဲချနေသော်လည်း ဘာမှတက်မလာသေး။ သည်လိုနှင့် ဆယ့်နှစ်နာရီက အနည်းငယ်စွန်းလာလေပြီ။
"ဟော! မေမေ ... မေမေ ဒီမှာ တက်လာပြီ၊တက်လာပြီ"
ပထမဆုံးအောင်စာရင်းမြင်တာနှင့် အိန္ဒြေရရထိုင်ပုတီးစိပ်နေသည့် အမေကို တစ်အိမ်လုံးကြားမည့်အသံနှင့် အော်ပြောမိတော့တာပင်။ ဒေါ်မိမိနိုင်သည်လည်း စိတ်လှုပ်ရှားမှု အတန်အသင့်တော့ ရှိတာပါပဲ။
"ဟုတ်လား။ သား ဘယ်လောက်ရလဲ။ မြန်မြန်ကြည့်"
"နေဦး၊ ခုမှ ပထမနှစ်ပဲရှိသေးတယ်"
သူတို့တတိယနှစ်တွေလည်း သိပ်မကြာခင် တင်တော့မည်ထင်သည်။ ဒုတိယနှစ်ကစ၍ ကွန်ပျူတာသိပ္ပံ (Computer Science) နှင့် ကွန်ပျူတာနည်းပညာ (Computer Technology) မေဂျာခွဲလိုက်တာမို့ သူတို့နှစ်က တော်တော်နှင့်မရောက်နိုင်ပါချေ။
ဖုန်းကိုင်ထားသည့် ခန့်ခန့် လက်တွေပင်တုန်နေသည်။ ချွေးစီးများလည်း ထွက်လာလေပြီ။
"ထွက်ပါတော့ ... ထွက်ပါတော့"
ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်းက ဖုန်းကိုစစ်ဆေးနေခိုက် တတိယနှစ်ဆိုသော စာတန်းကိုမြင်လိုက်ရလေပြီ။
"တတိယနှစ်အောင်စာရင်းတဲ့။ တက်လာပြီ .. တက်လာပြီ"
"အေး ... ကြည့်ကြည့် သား"
ခန့်ခန့် ကတုန်ကရင်နှင့် ပထမဆုံးသောသူကစ ဝင်ကြည့်လိုက်မိတော့၏။
"အား ငါကွ၊ ငါကွ"
လေးနေရာမြောက်တွင် တွေ့လိုက်ရသောသူ့နာမည်ကြောင့် ခန့်ခန့်တစ်ယောက် အပျော်လွန်သည့်စိတ်နှင့် ခုန်ပေါက်နေတော့သည်။
"ဟဲ့ ဘယ်လောက်ရတာလဲ။ အမေကိုလည်းပြောဦး"
ဟုတ်ပေသားပဲ။ သူ မေမေ့ကို ပြရဦးမည်။
"မေမေ ဒီမှာကြည့်။ ခုံနံပါတ်လေးနေရာမြောက်နော် ... မောင်စိုင်းမင်းခန့်၊ ဂုဏ်ထူးကလည်း 306 ကလွဲရင် ခြောက်ဘာသာထွက်တယ်ဗျာ။ ရေးဟေး ငါကွ"
"အမလေး ငါ့သားရယ် ... တော်လိုက်တာ။ ပြစမ်း သေချာကြည့်ဦးမယ်"
ဒေါ်မိမိနိုင် သားဖြစ်သူ၏ကြိုးစားမှုကို အသိအမှတ်မပြုဘဲမနေနိုင်။ ဖုန်းကိုအတင်းလုကြည့်ရင်းက ပျော်လွန်း၍ မျက်ရည်တောင်ဝဲနေမိသည်။ ခုံနံပါတ်အမြင့်ဆုံးဆိုလို့ ဆယ့်နှစ်ထိသာ ရဖူးသည့်သားက အခုတော့ လူရာကျော်ထဲမှာမှ သူ့ရှေ့တွင်သုံးယောက်သာရှိတော့သည်။
"မေမေ သား သွားအိပ်တော့မယ်နော်။ ဖေကြီးတို့ နိုးလာရင်ပြောလိုက်ဦး။ ဂုဏ်ထူး ခြောက်ဘာသာနဲ့ ခုံနံပါတ်လေးအထိ အဆင့်တက်သွားတယ်လို့။ ပြီးရင် သားဖြစ်ချင်တာ လိုက်လျောပေးဖို့ အဆင်သင့်ပြင်ထားလိုက်ကြတော့"
"အင်းပါတော် ... အင်းပါတော်။ သွား အိပ်တော့"
"ဟုတ်"
ပြောပြီး ချက်ချင်းလှေကားဆီ ပြေးတက်လာသောခန့်ခန့်က တကယ်တော့ အိပ်ဖို့စကားစဖြတ်လာခြင်း မဟုတ်။ ဇေယျာ့ကို အသိပေးချင်လွန်း၍ တစ်စက္ကန့်လေးပင် ထပ်မစောင့်နိုင်တော့တာဖြစ်သည်။
အခန်းဆီသို့ပြေးဝင်ပြီးတာနှင့် ခေါင်းအုံးအောက် ဖွက်ထားသည့်ဖုန်းကို ယူပစ်လိုက်တာ သိုးသိုးသွက်သွက်။ တစ်ဖန် အင်တာနက်လိုင်းဖွင့်ပြီး ကျောင်း Website သို့ ပြန်ဝင်လိုက်သည်။ ပြီးနောက် တစ်ခါကြည့်ပြီးသားဖြစ်သော အောင်စာရင်းစာရွက်ကို သေချာသိမ်းယူလိုက်ပြီးမှ ချစ်သူဆီ ဖုန်းခေါ်လိုက်တော့၏။
"ကလေးရေ အောင်စာရင်းအိုခေလား။ ခြနကတည်းက ကိုယ် ရင်တမမနဲ့စောင့်နေတာ"
"အဟင့်"
ခန့်ခန့်တစ်ယောက် ချစ်သူကို စနောက်ချင်သည့်စိတ်နှင့် ပလီပလာပြုကာ ငိုချင်ယောင်ဆောင်လေတော့သည်။ ပုံမှန်လည်း ဂရုစိုက်မှုဆိုတာ ရပြီးသားဖြစ်ပေမဲ့ သူကျရှုံးချိန်ဆို သည်လူကြိးက ဘယ်လိုများနှစ်သိမ့်မလဲ သိချင်းစမ်းပါဘိ။
"ဟာ ... ကလေး ငိုနေတာလား။ ခုံနံပါတ်က ဘယ်လောက်တောင်ရလိုက်လို့လဲ။ ဒုက္ခပါပဲ၊ ကိုယ်မှာထားတယ်လေကွာ။ ဘယ်လောက်ရရ စိတ်မဖိစီးရဘူး၊ ကိုယ်အားပေးနေမှာပေါ့။ ဘာမှမဖြစ်နဲ့၊ ကလေး စာမေးပွဲဖြေနေတုန်းက ဘယ်လောက်တောင်ပင်ပန်းလိုက်သလဲ။ ဖျားလည်းဖျားနေတယ်လေ။ အိမ်နဲ့ကလည်း အဆင်မပြေဘူး။ ကိုယ်သာဆို အဆင့်တက်ဖို့မပြောနဲ့၊ အဝိစိရောက်လောက်အောင်ထိ ကျမှာဗျာ။ ဒီတော့ မငိုပါနဲ့၊ ကိုယ်က..."
"ဟဲဟဲဟဲ"
သူ စနောက်နေတာလည်းမသိ၊ ခုံနံကါတ်ဘယ်လောက်ရတာလဲတောင် မသိသေးဘဲကို စကားတွေအရှည်ကြီးပြောကာ နှစ်သိမ့်ပေးနေသည့် ထိုလူကြီး။ ချစ်လွန်း၍ သူ ဆက်ပင်ဟန်မဆောင်နိုင်တော့ပဲ ရယ်မိတော့သည်။
"စိုင်းမင်းခန့်!"
"ဗျာ"
နာမည်အရင်းခေါ်နေပြီမို့ သည်လူကြီး စိတ်တိုလာပြီထင်၏။ ကိုယ့်ထက်ကြီးတဲ့သူကို စလိုက်နောက်လိုက်၊ ဘိုကျလိုက်လုပ်ရတာလည်း သူ နှစ်သက်သည့်အကျင့်တစ်ခုလို ဖြစ်လာချေပြီ။
"နောက်နေတာမလား။ ပြော ... ပြော၊ ဘယ်လောက်ရလဲပြော။ အေးနော် ... ဒီတစ်ခါထပ်နောက်ရင်တော့ အပြစ်ပေးမှာက နှစ်ဆနော်နှစ်ဆ ကလေး။ ဒီတစ်ခါတွေ့လို့နမ်းရင်တော့ ညင်ညင်သာသာလည်း ဖြစ်မယ်မထင်နဲ့ ... အဟင်း"
'ညင်ညင်သာသာလည်း ဖြစ်မယ်မထင်နဲ့' ဆိုသောစကားကြောင့် ခန့်ခန့် ကြက်သီးမွှေးညှင်းများပင် ထသွားရသည်။ ဘယ်လိုတွေပြောရဲသည့် လူကြီးလဲဗျာ!
"တော်ပြီ၊ မပြောင်တော့ဘူး။ iMessage နဲ့ အခုပို့လိုက်မယ်။ ကြည့်ကြည့် ... တကယ်မနောက်ဘူး"
"ပြီးရော!"
ဖုန်းချပြီးနောက် သိမ်းထားသောအောင်စာရင်းစာရွက်လေးအား သေချာအရောင်ခြယ်ပြကာ ပို့ပေးလိုက်သည်။ သူ့ကြိုးစားမှုကြောင့် လူကြီးတစ်ယောက် ထပ်တူပျော်ပါစေတော့။
.....................
တစ်ဖက်တွင်လည်း အောင်စာရင်းမပြောသေးဘဲ နောက်နေနိုင်သည့်ကလေးကို အသည်းယားနေလေတာ ဇေယျာတစ်ယောက်ဖြစ်သည်။ ရှေ့တစ်လျှောက်လုံး ခုံနံပါတ် ဘယ်လောက်များရပါမလဲဟု ချစ်သူနှင့်ထပ်တူ ရင်ခုန်ရသည်။ ရင်တုန်ရသည်။ တစ်နေကုန်လည်း စောင့်မျှော်နေခဲ့တာပင်။
ဖုန်းချပြီး ခဏအကြာတွင်ရောက်လာသော ပုံတစ်ပုံ။ စာရွက်အဖြူထဲက စာလုံးသေးသေးတို့ကို သေချာကြည့်လေတော့ ဇေယျာတစ်ယောက် ထိုင်နေရင်းက ထခုန်လိုက်ချင်သည့်၊ အော်ပစ်လိုက်ချင်သည့်စိတ်ကို မနည်းထိန်းလိုက်ရ၏။ ဒါတောင် အားမရသည့်အဆုံးမွေ့ရာကို လက်သီးပြင်းပြင်းတစ်ချက်ထိုးရင်း အပျော်တွေကို လှစ်ဟပစ်လိုက်သည်။
ရာချီသည့်ကျောင်းသားတွေကြားမှာ သူ့ချစ်သူကလေးက ခုံနံပါတ်လေးတဲ့လား။ စာမျက်နှာပိုကြည့်ပြီးသည့်နောက် ချက်ချင်းပင်ဖုန်းပြန်ခေါ်လိုက်သည်။
"ကလေးရေ ... တော်လိုက်တာကွာ။ ခုံနံပါတ်က လေး၊ ဂုဏ်ထူးက ခြောက်ဘာသာပါသေးတာ။ ပြီးတော့ ပထမရတဲ့သူတွေတောင်မပါတဲ့ အင်္ဂလိပ်ပါ ဂုဏ်ထူးထွက်လိုက်သေးတယ်။ ကိုယ် တကယ် ကလေးကို ချီးကျူးဖို့ စကားလုံးတောင် ရှာမတွေ့နိုင်တော့ဘူး။ ကိုယ့်ကလေးလေး ဘယ်လိုများအဲလောက်တော်ရတာလဲ။ ဒီလောက် ဒုက္ခတွေများခဲ့တာကိုကွာ။ ကိုယ်တော့ ကလေးကိုချစ်သူတော်ထားရတာ ဂုဏ်ယူလို့မဆုံးဘူး ... သိလား"
ခန့်ခန့်ကတော့ ချစ်သူ၏ချီးကျူးသံတစ်ချက်ကြားရုံနှင့် စာမေးပွဲမဖြေခင်က ပင်ပန်းခဲ့သမျှအားလုံး မေ့ပျောက်သွားနိုင်သည်ထိပါပဲ။
"လူကြီး ... ယုံပြီလား"
"ဘာကိုလဲ"
"စာမေးပွဲမဖြေခင်က လူကြီးကို ခန့်ကိုကတဆင့် မှာလိုက်တယ်လေ။ ကလေးတို့ကိစ္စ အိမ်ကသိသွားပေမယ့်လို့ ကြံ့ကြံ့ခံနိုင်ပါတယ်၊ စိတ်ချပါဆိုတာလေ။ ဒီစာမေးပွဲအောင်စာရင်းက သက်သေပဲနော်။ ယုံလိုက်တော့"
"ယုံပါတယ်ဗျာ။ ကိုယ့်ချစ်သူလေး ဘယ်လောက်စိတ်ထက်သလဲ၊ စိတ်မာလိုက်သလဲဆိုတာ ကိုယ်သိတာပေါ့။ ဒါပေမဲ့ စိတ်တွေဖိစီးပြီး ချောင်မှာများကပ်ငိုနေမလားဆိုပြီးတော့ ကိုယ်အမြဲစိတ်ပူနေခဲ့ရတာ။ အခုတော့ စိတ်အေးရပါပြီ ကလေးရာ"
ချောင်တွင်ကပ်ငိုခဲ့ရသည့်အချိန်တဲ့။ ခန့်ခန့် သူ့အဖြစ်တွေသူ ပြန်မြင်ယေဋင်ရင်း ခပ်ဆွေးဆွေးကလေးတော့ ဖြစ်ရသည်။ သူ ဘယ်လောက်ခက်ခဲခဲ့သလဲ။ ဘယ်လောက်ကြိုးစားခဲ့ရသလဲ။ ဒါတွေ ချစ်သူကို ထုတ်ပြောဖို့တော့မလိုအပ်ပါချေ။
"အင်း"
"ကဲ ... အခုမှန်းထားတဲ့အတိုင်းလည်း အဆင့်ဝင်တယ်ဆိုတော့ ကိုယ့်ကိုဘာတောင်းမလဲပြော။ စျေးကြီးလည်း ရတယ်နော်။ ကိုယ်ရှာနေတာတွေက ကလေးအတွက်ပဲ"
"ဖြည်းဖြည်းခြွေပါ၊ တောင်းပါ့မယ်။ ဒါပေမဲ့ လိုချင်တာ ပစ္စည်းမဟုတ်ဘူး။ ကတိ!"
"ကတိ! အင်ဟင်း ... ဘာကတိလဲပြော"
"သေချာစဉ်းစားပြီးမှပေးနော် ... အရေးကြီးတယ်"
ဘာတွေများကတိတောင်းမှာမို့ သည်လောက်စကားခံနေရသည်မသိ။ ဇေယျာ နည်းနည်းတော့ စိတ်လှုပ်ရှားမိသည်။
"ဘာအကြောင်းကြောင့်မှ ထားမသွားဘူးဆိုတဲ့ကတိ လိုချင်တယ်၊ ပေးနိုင်မလား"
"ဪ ကိုယ့်ကလေးရယ် ... ဘာများပါလိမ့်လို့။ ဒီလိုကတိမတောင်းလည်း ကိုယ်က ကလေးကိုထားမသွားပါဘူး။ စိတ်ချနော်"
"ကတိဖျက်ရင် လူကြီးကို စိတ်နာမိမှာပဲ"
"အဲလိုဖြစ်လာမှာမဟုတ်လို့ အချိန်ကုန်ခံပြီးမပြောနဲ့တော့။ ညဉ့်နက်နေပြီ အိပ်ရတော့မယ် ... ကိုယ့်ကလေး။ ဒီတစ်လျှောက်လုံး ပင်ပန်းသွားပါပြီဗျာ"
ချီးကျူးစကားဆိုဖို့ဆို အမြဲမမေ့သောချစ်သူက ခန့်ခန့်အတွက်တော့ နေ့စဉ်အသက်ရှင်စေနိုင်သည့် အားဆေးတစ်ခုသဖွယ်။
သည်လိုနှင့် ဖုန်းချအပြီး သန်းခေါင်ယံလည်းရှိပြီမို့ အိပ်ဖို့ပြင်ရတော့သည်။ မျက်လုံးတွေမှိတ်ရင်း မနက်ဖြန်အကြောင်းတွေးမိတော့ မိဘတွေရှေ့ တောင်းဆိုရမည့်စကားလုံးတွေကို စိတ်ထဲမှာပင် စာစီကြည့်နေမိသည်။
ဟူး ... အဆင်ပြေကောင်းပါရဲ့။
......................
(A/N) အောင်စာရင်းကြေညာချက်စာရွက်က ဝန်ကြီးဌာနက ထုတ်ပြန်ထားတာလည်းမဟုတ်သလို၊ UCSY Website မှ တင်ပြထားခြင်းလည်း မရှိပါဘူးနော်။ ဖီ့ဘာသာ ဖန်တီးထားတာမို့ အကြောင်းအရာတစ်ခုခု မဆီလျော်တာများပါခဲ့လျှင် စာရေးသူ အပြစ်ပါရှင်..။
(13/10/2020)
•••••••••••••••••••••••••••••••••••••••••••
<Zawgyi>
30.
<Unicode>
လန္းလန္းဆန္းဆန္း နိုးလာေလေသာ မနက္ခင္း။ စိုးစီစိုးစီ ေအာ္ျမည္ေနၾကသည့္ ငွက္ေပါက္စတခ်ိဳ႕။ ေရာင္စုံပြင့္အာေနၾကေသာ ႏွင္းဆီပြင့္ေတြ။ စိမ္းဖန႔္ဖန႔္ ရြက္လွပင္တို႔က အစီအရီ။ ၿခံထဲက သူတို႔ေလးေတြသာ ျမင္နိုင္စြမ္းရွိခဲ့ပါလၽွင္ ညကအျဖစ္အပ်က္မ်ားအေၾကာင္း အဘယ္သို႔ထင္ၾကပါမည္နည္း။
အားက်ေလမလား။
မနာလိုၾကေလမလား။
ေပါက္ကရအေတြးေပါင္းစုံတို႔ႏွင့္ ခန႔္ခန႔္မွာ ၾကည္ႏူးပီတိျဖာလို႔မဆုံး။ ဒန္းကေလးကို ဟိုသည္လႊဲရင္း တစ္ေယာက္တည္း တျပဳံးျပဳံးျဖစ္ေနေလသည္။
"အံမယ္၊ ငါ့ေျမး .. မနက္ေစာေစာစီးစီး ၿခံထဲဆင္းထိုင္လို႔ပါလား။ မ်က္ႏွာေလးလည္း ရႊင္လို႔ျပဳံးလို႔"
သိသာေနေလသည္လား။ ခန႔္ခန႔္ မ်က္ႏွာပိုးအနည္းငယ္သတ္ရင္း အဘြားထိုင္ဖို႔ ေဘးနည္းနည္းတိုးေပးလိုက္သည္။
"ဘာရယ္မဟုတ္ပါဘူး ဘြားရယ္။ အိိမ္ထဲခ်ည္းပဲဆိုေတာ့ ပ်င္းလို႔ထြက္ထိုင္ေနတာ"
"ညကေပ်ာ္ရဲ့လား"
"ဗ်ာ!"
ခန႔္ခန႔္ လန႔္ဖ်န႔္သြားသည္။ မရဲတရဲစိတ္ႏွင့္ ေဘးကအဘြားကို လွည့္ၾကည့္ေလေတာ့ သူ႔ဆံစေတြကိုလာပြတ္သပ္ေပးရင္း ခပ္ျပဳံးျပဳံးရွိလွသည္။ ဘြားဘြားမ်ား ျမင္သြားတာလား။ ဒါဆို လူႀကီးေတြအကုန္ သိသြားၾကတာလား။
"မ်က္စိသိပ္မေကာင္းေပမဲ့ မေန႔ညကေတာ့ ဒီအဘြားက အကုန္ျမင္လိုက္ပါတယ္ေတာ္။ မီးပန္းေတြေဖာက္ကတည္းက ဖြားနိုးလာတာ။ အဲဒါနဲ႔ ေရဆာလို႔ အခန္းျပင္ထြက္လာတာ အိမ္ေရွ႕မွာ ကားေတြျမင္တာပါပဲေတာ္"
ဒါဆို သူ ဆင္းေတြ႕တာပါ အဘြားေတြ႕သြားေလာက္ၿပီထင္။ ရွက္စိတ္ႏွင့္ ေၾကာက္စိတ္ေရာ၍ ခန့္ခန့္မ်က္ႏွာရဲေသြးထင္သြားေလတာ ဖ်န္းခနဲ။ ဘြားကမ်ား ေမေမတို႔ကို ျပန္ေျပာလိုက္ရင္ဟူေသာေၾကာက္စိတ္က ရင္တြင္းဒီေရတက္သလို တလွပ္လွပ္တုန္လာေစသည္။ သူ႔ခမ်ာ ေတာင္းပန္္႐ုံကလြဲလို႔ ဘာမ်ားလုပ္နိုင္ပါမည္နည္း။
"ဘြားသိရင္လည္း ေမေမတို႔ကို ျပန္မေျပာနဲ႔ေနာ္။ သားကိုသနားရင္ ျပန္မေျပာပါနဲ႔ေနာ္ ... ဘြား"
ခန႔္ခန႔္ အဘြားလက္ေလးႏွစ္ဖက္ကိုဆုပ္ကိုင္ၿပီး အသနားခံေျပာရရွာသည္။ သည္ထက္မ်ား တားဆီးပိတ္ပင္လိုက္ၾကလၽွင္ သူ႔အဖို႔ ေနစရာပင္ရွိေတာ့မည္မဟုတ္ပါလား။
"အင္းပါ ေျမးရယ္၊ ဘြား မေျပာပါဘူး။ ေျမးဆူခံရလို႔ စိတ္ဆင္းရဲေနရင္ ဒီအဘြားလည္း မၾကည့္ရက္ပါဘူး"
အဘြားျဖစ္သူ ကတိေပးေတာ့မွ ခန႔္ခန႔္ ခပ္ခၽြဲခၽြဲႏွင့္ရင္ခြင္ထဲ အသာတိုးဝင္လိုက္သည္။ အဘြားကလည္း သူ႔ပုခုံးေလးကိုပုတ္ၿပီး ႏွစ္သိမ့္ရွာ၏။ သေဘာတူပါသည္မေျပာဦးေတာင္ အတင္းဇြတ္မကန႔္ကြက္ပါေခ်။ ကိစၥတစ္ခုေတာ့ စိတ္ဒုန္းဒုန္းခ်ရေလၿပီ။ သည္လိုစိတ္ပင္ပန္းေၾကာက္ရြံ႕မွုေတြက သူ႔ဘဝတြင္ ဘယ္ခ်ိန္ထိမ်ား ႀကီးစိုးေနပါဦးမည္လဲ။
"ေမာင္ေဇယ်ာက ဘြားေျမးေလးကိုေတာ့ အေတာ္ခ်စ္ရွာသားပဲ။ မေန႔ညက ဒီကေလးမ်က္ႏွာကို ရွင္းရွင္းလင္းလင္း ျမင္လိုက္ရတယ္။ သနားစရာလည္း ေကာင္းပါတယ္"
"ခ်စ္ရွာပါတယ္ ဘြားရယ္။ တကယ္ဆိုေလ သားက ကေလးဆန္ၿပီးဆိုးေတာ့ သူခ်စ္ေပး၊ ဂ႐ုစိုက္ေပးတာေတြနဲ႔ေတာင္ မထိုက္တန္ဘူးလို႔ေတာင္ ခံစားရတယ္"
"အင္း၊ ေျမးကလည္း သူ႔ကိုသိပ္ခ်စ္တာပဲလား"
အဘြားျဖစ္သူက ပြင့္ပြင့္လင္းလင္းေမးလာတာမို႔ ခန႔္ခန႔္ စိတ္ထဲရွိသည္အတိုင္း ေျပာျပျဖစ္သည္။ သည္အိမ္တြင္ သူ႔အတြက္ တီးတိုးေဖာ္တစ္ေယာက္မွ မရွိတာမို႔ ထြက္ေပါက္ေသးေလးတစ္ခုသဖြယ္ လိုအပ္ေနတာအမွန္ပါေပ။ ပ်င္းလၽွင္ေတာင္ ကိုယ္ႏွင့္ရင္ဘတ္ခ်င္းနီးသူသာ စကားေျပာလို႔ေကာင္းတာမ်ိဳးမဟုတ္လား။
"ဘြား ယုံမလားေတာ့မသိဘူး။ သားကသူ႔ကို ခ်စ္တယ္ဆိုတာအျပင္ ေလးစားတာ၊ ယုံၾကည္တာ၊ အားကိုးတာ အဲဒါေတြလည္းပါတယ္။ ၿပီးေတာ့ သူ သားကိုခ်စ္ေပးတာ၊ ေစာင့္ေရွာက္ေပးတာကလည္း အစ္ကိုအရင္းတစ္ေယာက္နဲ႔ မျခားပါဘူး"
ေျမးျဖစ္သူ တကယ္ခ်စ္မိေနတာကို ျမင္ရေတာ့ အဘြားမွာ သက္ျပင္းရွည္ႀကီး ခ်မိသည္။ သည္ကေလးေတြ ေလၽွာက္ရမည့္ခရီးက မလြယ္ကူလွ။ ၾကမ္းတမ္းမည္။ ခက္ခဲမည္။ ပင္ပန္းလြန္းလၽွင္ လႊတ္ခ်မိၾကမည္။ ေရရွည္ဆိုတာ အေတာ္မလြယ္သည့္ကိစၥပဲမလား။
"ဒါေပမဲ့ မိဘေတြကမွ သေဘာမတူတာ ေျမးရယ္။ ၿပီးေတာ့ ဒါက ေလာကသဘာဝနဲ႔လည္း ဆန႔္က်င္ေနတယ္မလား"
"ခုေခတ္မွာ ေယာက်္ားခ်င္းမႀကိဳက္ရဘူး၊ မိန္းမခ်င္းမႀကိဳက္ရဘူးဆိုၿပီးေတာ့ မရွိေတာ့ပါဘူး .. ဘြားရယ္။ ဒီသေဘာတရားေတြကို ေဖေဖတို႔၊ ေမေမတို႔ လက္ခံလာေအာင္ တျဖည္းျဖည္းနဲ႔ သား ရေအာင္ေျပာမွာပါ"
ေျမးျဖစ္သူ၏ ေမၽွာ္လင့္ခ်က္မွာ ထင္ထားသည္ထက္ မ်ားလြန္းသည္။ သူ႔ဉာဥ္ကေလးနဲ႔ဆိုလၽွင္လည္း လက္ေလၽွာ့မည့္ပုံမရ။ ဒါမို႔ ေျပာသင့္တာကိုေတာ့ ထိမ္ခ်န္မထားဘဲ ႀကိဳႀကိဳတင္တင္ေျပာမွျဖစ္မည္ဟု အဘြားျဖစ္သူက ေတြးမိလိုက္သည္။
"ဟင္း ... သားေမႀကီးတို႔၊ ေဖႀကီးတို႔ သားကိုတားတယ္ဆိုတာ ဒီ့အျပင္ ေနာက္တစ္ခ်က္ရွိေသးတယ္ ေျမး"
"ဗ်ာ!"
သေဘာမတူရတဲ့အခ်က္ေတြက ထပ္ရွိေနေသးသည္တဲ့လား။ အခုေတာင္ သူတို႔အဖို႔ ခက္ခဲေနပါၿပီေလ။
"ဟုတ္တယ္၊ ေျမးလည္း သိမွာပါ။ ေျမးရဲ့ေမေမ မိမိနိုင္က ဘြားရဲ့တစ္ဦးတည္းေသာ သမီး။ အင္း ဒီလိုပဲ၊ ေျမးရဲ့ေဖေဖ ေမာင္မင္းဟန္ကလည္း တစ္ဦးတည္းေသာ သားပဲေလ။ သူတို႔ႏွစ္ေယာက္ညားလို႔ ထြန္းကားတဲ့ သားသမီးရတနာဆိုတာကလည္း ေဟာဒီေျမးေလးတစ္ေယာက္ပဲ ရွိတယ္"
အဘြားျဖစ္သူက ခန့္ခန့္ မ်က္ႏွာေသးေသးအား စိတ္မေကာင္းစြာၾကည့္ရင္း ဆက္ေျပာရွာသည္။
"ဒီေတာ့ ေျမးရယ္ ... ႏွစ္ဖက္စလုံးရဲ့ မ်ိဳးဆက္မျပတ္ဖို႔အေရးက ေျမး မိန္းမယူမွပဲ ျဖစ္မယ္ေလ။ ေျမးသာ ေမာင္ေဇယ်ာကို ေရြးခ်ယ္မယ္ဆိုရင္ ဘြားတို႔ႏွစ္ဖက္မ်ိဳးဆက္ပ်က္ၿပီး သားေနာက္ဆုံးပဲ ျဖစ္လိမ့္မယ္။ ဒါေၾကာင့္မို႔လည္း ဒီကိစၥကို အသည္းအသန္ တားေနၾကတာေပါ့။ ဘြားလည္း သားကိုစိတ္ခ်မ္းသာေစခ်င္ေပမဲ့ သားကရလာမဲ့ ဖြားရဲ့မ်ိဳးဆက္ေလးေတာ့ ရွိေစခ်င္ေသးတာေပါ့"
ဟူး။
ခန႔္ခန႔္ ေလပူတစ္ခ်က္အား မွုတ္ထုတ္လိုက္မိျပန္သည္။ ဘာေတြဆက္ျဖစ္လာဦးမွာလဲ။ မိဘေတြႏွင့္ ဘြားကိုလည္း ခန့္ခန့္ တကယ္အားနာမိသည္။ တစ္ဦးတည္းေသာသားက ေလာကသဘာဝႏွင့္ ဆန႔က်င္သည့္လုပ္ရပ္ကို လုပ္မိသည္တဲ့လား။ သူသည္လည္း တကယ္ပင္ စိတ္မေကာင္းလွပါ။
သို႔ေပမဲ့ ခ်စ္သူကိုလည္း လုံးဝအဆုံးရွုံးမခံနိုင္။ သူ႔ဘဝေပ်ာ္ရႊင္မွုကိုလည္း မစေတးနိုင္။ သည္လိုႏွင့္ပဲ အားနာနာျဖင့္ ေရွ႕ဆက္တိုးရဦးမည္။
စာေမးပြဲေအာင္စာရင္းပင္ ေနာက္အပတ္ဆို ထြက္ေတာ့မည္မလား။ သူႀကိဳးစားမွုေတြ အရာထင္လာေတာ့မည္ျဖစ္၏။ ခန႔္ခန႔္အဖို႔ ကိုယ္ေျဖထားသည့္စာေမးပြဲကို ယုံၾကည့္ေပမယ့္ မိဘေတြကို ေတာင္းဆိုရမည့္အရာအတြက္ေတာ့ ခြင့္ျပဳေပးပါ့မလားဆိုသည့္စိတ္က ပိုလို႔မခ်င့္မရဲ ရွိလွသည္။
သူ႔ဆႏၵေတြကို တစ္ခါေလာက္ေတာ့ ျဖည့္ဆည္းေပးပါေတာ့လား။
......................
"ဘယ္လိုလဲ ... ကေလး၊ စိတ္လွုပ္ရွားေနၿပီလား"
"နည္းနည္း"
နည္းနည္းလို႔သာ ဖုန္းကတဆင့္ ေျပာလိုက္ရသည္။ တကယ္ေတာ့ သည္ေန႔လိုေအာင္စာရင္းမထြက္ခင္ ေလး၊ ငါးရက္အလိုကတည္းက လူကရင္တခုန္ခုန္ႏွင့္။ အခုဆို သုံးနာရီနီးပါးမၽွသာ အခ်ိန္က်န္ေတာ့တာပင္။
ခန႔္ခန႔္အဖို႔ ေသခ်ာေပါက္ေတာ့ ခုံနံပါတ္ေရွ႕ေရာက္ေလာက္မွာျဖစ္ေပမဲ့ ခုံနံပါတ္ တစ္မွငါးအတြင္း ဝင္ေရာဝင္နိုင္ပါ့မလား အေတာ္စိတ္ပူေနရသည္။ ပုံမွန္ဆိုလၽွင္ေတာင္ သူဆိုတာ တစ္ကေနတစ္ဆယ္အတြင္း ဝင္ခဲ့တာမဟုတ္။ စာက်က္အားသန္သည့္ မိန္းကေလးေတြၾကား သူ တိုးလို႔မေပါက္ခဲ့တာကမ်ားသည္။ သို႔ေသာ္ ဒီတစ္ေခါက္ေတာ့ ေနမေကာင္းသည့္ၾကားက အစြမ္းကုန္ႀကိဳးစားထားတာမို႔ အမွန္အကန္ကို ေမၽွာ္လင့္ေနမိ၏။
"ေအာင္စာရင္းက ဘယ္ခ်ိန္ထြက္မွာလဲ ကေလး။ သြားၾကည့္ရမွာလား"
"ညဆယ့္ႏွစ္နာရီမွ ေက်ာင္း Website ကေန ဝင္ၾကည့္ရမွာ။ ေမေမက သူ႔ဖုန္းနဲ႔ၾကည့္တဲ့၊ ေစာင့္ေပးမယ္ေျပာတယ္"
ျပႆနာျဖစ္အၿပီး ႏွစ္လေက်ာ္နီးပါး ခန႔္ခန႔္ ဖုန္းျပန္မေတာင္းခဲ့ေခ်။ မေပးခ်င္ေသာကတိမို႔ ဖုန္းလည္းျပန္မယူ၊ WiFi လည္းမရွိပါဘဲ လက္ရွိအခ်ိန္ထိ တင္းခံေနလိုက္သည္။
"ဟုတ္ၿပီ ... ကိုယ္ေရာေစာင့္ေပးမယ္။ ကေလးသိရရင္ ကိုယ့္ကိုဖုန္းဆက္ေပး"
"ဟုတ္၊ ဒါဆို ေအာက္ႀကိဳဆင္းထားႏွင့္လိုက္ေတာ့မယ္"
"ေနဦး ... တစ္ခုေတာ့မွတ္ထားေပး။ ကေလးရဲ့ ေအာင္စာရင္းက ဘယ္လိုပဲထြက္လာပါေစ ... စိတ္မဖိစီးရဘူးေနာ္။ ဘယ္ေလာက္ရရ ကိုယ္က ကေလးအတြက္ အျမဲဂုဏ္ယူေနမယ္ ... ၾကားလား"
ေစ့စပ္ေသခ်ာစြာ မွာေနသည့္ခ်စ္သူအား ေသခ်ာစကားစျဖတ္လိုက္ရသည့္ ခန႔္ခန႔္အျဖစ္ပါပဲ။ သူကေတာ့ ကိုယ့္ကိုခ်စ္စိတ္ႏွင့္ ဘာပဲျဖစ္ေနေန အေကာင္းဆုံးလက္ခံေပးမွာေပမဲ့ ခန႔္ခန႔္အဖို႔ေတာ့ သည္လိုမရေခ်။ ျဖစ္ေအာင္တမင္တကာ ႀကိဳးစားထားရၿပီးမွ ျဖစ္မလာလၽွင္ ဆုံးရွုံးမွုႀကီးတစ္ခု ၾကဳံလိုက္ရသလို စိတ္ဓာတ္က်တတ္သည္။ ၿပီးလၽွင္ သည္တစ္ခါ မိဘေတြႏွင့္အေပးအယူလုပ္မွာမို႔ ပိုလို႔အေရးႀကီးသည္။ ျဖစ္မွကိုရမည္ပင္။
တျဖည္းျဖည္း အခ်ိန္နီးကပ္လာသည္ႏွင့္ ခန့္ခန့္ ေအာက္ထပ္ဆီ ဆင္းလာခဲ့၏။ ပုံမွန္ဆင္းေနက် ေလွကားတစ္ထစ္ခ်င္းစီကို ဖိနင္းေနရတာေတာင္ လူကယိမ္းထိုးခ်င္သေယာင္ေယာင္။ ဪ ... စာေမးပြဲႏွင့္ပတ္သက္လၽွင္ တစ္သက္မျဖစ္ဖူးေသးသည့္ စိတ္လွုပ္ရွားမွုမ်ိဳးပါပဲ။
နံရံတြင္ကပ္ထားေသာ နာရီအိုးထဲရွိလက္တံမွာ သူ႔ဟာႏွင့္သူ ပုံမွန္လည္ပတ္ရင္း ဆယ့္ႏွစ္နာရီထိုးနိုင္အဖို႔ေရး ဆိုင္းျပင္လာေလၿပီ။
အခ်ိန္ကနီးလာေလ လူကမတည္မၿငိမ္ ျဖစ္လာေလပင္။ စိတ္လွုပ္ရွားၿပီး ဂနာမၿငိမ္ျဖစ္ေနသည္ကိုလည္း ထိန္းခ်ဳပ္မရ။ အသက္ကိုခပ္ျပင္းျပင္း ရွူေနရသလို လက္ေတြမွာေအးစက္ၿပီး ရင္ကလည္းတဒိန္းဒိန္္းႏွင့္။ ဧည့္ခန္းထဲတြင္ ေလၽွာက္ေနမိေသာ ေျခလွမ္းတို႔ကလည္း ဦးတည္ရာမရွိ။ ထိုင္မေနနိုင္၍သာ အေညာင္းခံ၍ ေလၽွာက္ေနရျခင္း။
"ခန႔္ခန႔္ရယ္ ... ၿငိမ္ၿငိမ္ေလး ထိုင္ေနပါေတာ့လား။တကတဲ မ်က္စိေနာက္လာၿပီ"
"ေမေမကလည္း သားစိတ္လွုပ္ရွားေနလို႔ပါ"
အေဖျဖစ္သူကေတာ့ မေစာင့္နိုင္၍ အိပ္သြားေသာ္လည္း ေဒၚမိမိနိုင္ကေတာ့ ေစာင့္ေပးေနေသးသည္။ ေအာင္စာရင္းၾကည့္ဖို႔လည္း ဖုန္းေပးသုံးရဦးမည္မလား။
"အရင္ႏွစ္ေတြက ဒီလိုမဟုတ္ပါဘူး။ ခုက်မွ ဘာေတြလိုခ်င္ေနလို႔ ဒီေလာက္အသည္းအသန္ျဖစ္ေနတာလည္း ေျပာစမ္းပါဦး"
"အခုမေျပာနိုင္ေသးဘူး။ ခုံနံပါတ္ေကာင္းခဲ့ရင္ေတာ့ မနက္ျဖန္ည လူစုံမွေျပာမယ္"
အေမကိုတိုးတိုးအုပ္ေျပာရင္း အေၾကာင္းအရင္းကို အသိမေပးဘဲ ပိတ္ေျပာလိုက္သည္။
တျဖည္းျဖည္းႏွင့္ နာရီလက္တံက ဆယ္ႏွစ္ဆီသို႔ ေရြ႕လာေလၿပီ။ ခန့္ခန့္ ေမေမ့ဖုန္းႏွင့္ ေက်ာင္း Webpage ကို ဝင္ထားၿပီးျဖစ္သည္။ တင္လို႔တင္ျငား ခဏခဏ ဆြဲခ်ေနေသာ္လည္း ဘာမွတက္မလာေသး။ သည္လိုႏွင့္ ဆယ့္ႏွစ္နာရီက အနည္းငယ္စြန္းလာေလၿပီ။
"ေဟာ! ေမေမ ... ေမေမ ဒီမွာ တက္လာၿပီ၊တက္လာၿပီ"
ပထမဆုံးေအာင္စာရင္းျမင္တာႏွင့္ အိေျႏၵရရထိုင္ပုတီးစိပ္ေနသည့္ အေမကို တစ္အိမ္လုံးၾကားမည့္အသံႏွင့္ ေအာ္ေျပာမိေတာ့တာပင္။ ေဒၚမိမိနိုင္သည္လည္း စိတ္လွုပ္ရွားမွု အတန္အသင့္ေတာ့ ရွိတာပါပဲ။
"ဟုတ္လား။ သား ဘယ္ေလာက္ရလဲ။ ျမန္ျမန္ၾကည့္"
"ေနဦး၊ ခုမွ ပထမႏွစ္ပဲရွိေသးတယ္"
သူတို႔တတိယႏွစ္ေတြလည္း သိပ္မၾကာခင္ တင္ေတာ့မည္ထင္သည္။ ဒုတိယႏွစ္ကစ၍ ကြန္ပ်ဴတာသိပၸံ (Computer Science) ႏွင့္ ကြန္ပ်ဴတာနည္းပညာ (Computer Technology) ေမဂ်ာခြဲလိုက္တာမို႔ သူတို႔ႏွစ္က ေတာ္ေတာ္ႏွင့္မေရာက္နိုင္ပါေခ်။
ဖုန္းကိုင္ထားသည့္ ခန့္ခန့္ လက္ေတြပင္တုန္ေနသည္။ ေခၽြးစီးမ်ားလည္း ထြက္လာေလၿပီ။
"ထြက္ပါေတာ့ ... ထြက္ပါေတာ့"
ေခါက္တုံ႔ေခါက္ျပန္ေလၽွာက္ရင္းက ဖုန္းကိုစစ္ေဆးေနခိုက္ တတိယႏွစ္ဆိုေသာ စာတန္းကိုျမင္လိုက္ရေလၿပီ။
"တတိယႏွစ္ေအာင္စာရင္းတဲ့။ တက္လာၿပီ .. တက္လာၿပီ"
"ေအး ... ၾကည့္ၾကည့္ သား"
ခန့္ခန့္ ကတုန္ကရင္ႏွင့္ ပထမဆုံးေသာသူကစ ဝင္ၾကည့္လိုက္မိေတာ့၏။
"အား ငါကြ၊ ငါကြ"
ေလးေနရာေျမာက္တြင္ ေတြ႕လိုက္ရေသာသူ႔နာမည္ေၾကာင့္ ခန့္ခန့္တစ္ေယာက္ အေပ်ာ္လြန္သည့္စိတ္ႏွင့္ ခုန္ေပါက္ေနေတာ့သည္။
"ဟဲ့ ဘယ္ေလာက္ရတာလဲ။ အေမကိုလည္းေျပာဦး"
ဟုတ္ေပသားပဲ။ သူ ေမေမ့ကို ျပရဦးမည္။
"ေမေမ ဒီမွာၾကည့္။ ခုံနံပါတ္ေလးေနရာေျမာက္ေနာ္ ... ေမာင္စိုင္းမင္းခန့္၊ ဂုဏ္ထူးကလည္း 306 ကလြဲရင္ ေျခာက္ဘာသာထြက္တယ္ဗ်ာ။ ေရးေဟး ငါကြ"
"အမေလး ငါ့သားရယ္ ... ေတာ္လိုက္တာ။ ျပစမ္း ေသခ်ာၾကည့္ဦးမယ္"
ေဒၚမိမိနိုင္ သားျဖစ္သူ၏ႀကိဳးစားမွုကို အသိအမွတ္မျပဳဘဲမေနနိုင္။ ဖုန္းကိုအတင္းလုၾကည့္ရင္းက ေပ်ာ္လြန္း၍ မ်က္ရည္ေတာင္ဝဲေနမိသည္။ ခုံနံပါတ္အျမင့္ဆုံးဆိုလို႔ ဆယ့္ႏွစ္ထိသာ ရဖူးသည့္သားက အခုေတာ့ လူရာေက်ာ္ထဲမွာမွ သူ႔ေရွ႕တြင္သုံးေယာက္သာရွိေတာ့သည္။
"ေမေမ သား သြားအိပ္ေတာ့မယ္ေနာ္။ ေဖႀကီးတို႔ နိုးလာရင္ေျပာလိုက္ဦး။ ဂုဏ္ထူး ေျခာက္ဘာသာနဲ႔ ခုံနံပါတ္ေလးအထိ အဆင့္တက္သြားတယ္လို႔။ ၿပီးရင္ သားျဖစ္ခ်င္တာ လိုက္ေလ်ာေပးဖို႔ အဆင္သင့္ျပင္ထားလိုက္ၾကေတာ့"
"အင္းပါေတာ္ ... အင္းပါေတာ္။ သြား အိပ္ေတာ့"
"ဟုတ္"
ေျပာၿပီး ခ်က္ခ်င္းေလွကားဆီ ေျပးတက္လာေသာခန့္ခန့္က တကယ္ေတာ့ အိပ္ဖို႔စကားစျဖတ္လာျခင္း မဟုတ္။ ေဇယ်ာ့ကို အသိေပးခ်င္လြန္း၍ တစ္စကၠန့္ေလးပင္ ထပ္မေစာင့္နိုင္ေတာ့တာျဖစ္သည္။
အခန္းဆီသို႔ေျပးဝင္ၿပီးတာႏွင့္ ေခါင္းအုံးေအာက္ ဖြက္ထားသည့္ဖုန္းကို ယူပစ္လိုက္တာ သိုးသိုးသြက္သြက္။ တစ္ဖန္ အင္တာနက္လိုင္းဖြင့္ၿပီး ေက်ာင္း Website သို႔ ျပန္ဝင္လိုက္သည္။ ၿပီးေနာက္ တစ္ခါၾကည့္ၿပီးသားျဖစ္ေသာ ေအာင္စာရင္းစာရြက္ကို ေသခ်ာသိမ္းယူလိုက္ၿပီးမွ ခ်စ္သူဆီ ဖုန္းေခၚလိုက္ေတာ့၏။
"ကေလးေရ ေအာင္စာရင္းအိုေခလား။ ျခနကတည္းက ကိုယ္ ရင္တမမနဲ႔ေစာင့္ေနတာ"
"အဟင့္"
ခန့္ခန့္တစ္ေယာက္ ခ်စ္သူကို စေနာက္ခ်င္သည့္စိတ္ႏွင့္ ပလီပလာျပဳကာ ငိုခ်င္ေယာင္ေဆာင္ေလေတာ့သည္။ ပုံမွန္လည္း ဂ႐ုစိုက္မွုဆိုတာ ရၿပီးသားျဖစ္ေပမဲ့ သူက်ရွုံးခ်ိန္ဆို သည္လူႀကိးက ဘယ္လိုမ်ားႏွစ္သိမ့္မလဲ သိခ်င္းစမ္းပါဘိ။
"ဟာ ... ကေလး ငိုေနတာလား။ ခုံနံပါတ္က ဘယ္ေလာက္ေတာင္ရလိုက္လို႔လဲ။ ဒုကၡပါပဲ၊ ကိုယ္မွာထားတယ္ေလကြာ။ ဘယ္ေလာက္ရရ စိတ္မဖိစီးရဘူး၊ ကိုယ္အားေပးေနမွာေပါ့။ ဘာမွမျဖစ္နဲ႔၊ ကေလး စာေမးပြဲေျဖေနတုန္းက ဘယ္ေလာက္ေတာင္ပင္ပန္းလိုက္သလဲ။ ဖ်ားလည္းဖ်ားေနတယ္ေလ။ အိမ္နဲ႔ကလည္း အဆင္မေျပဘူး။ ကိုယ္သာဆို အဆင့္တက္ဖို႔မေျပာနဲ႔၊ အဝိစိေရာက္ေလာက္ေအာင္ထိ က်မွာဗ်ာ။ ဒီေတာ့ မငိုပါနဲ႔၊ ကိုယ္က..."
"ဟဲဟဲဟဲ"
သူ စေနာက္ေနတာလည္းမသိ၊ ခုံနံကါတ္ဘယ္ေလာက္ရတာလဲေတာင္ မသိေသးဘဲကို စကားေတြအရွည္ႀကီးေျပာကာ ႏွစ္သိမ့္ေပးေနသည့္ ထိုလူႀကီး။ ခ်စ္လြန္း၍ သူ ဆက္ပင္ဟန္မေဆာင္နိုင္ေတာ့ပဲ ရယ္မိေတာ့သည္။
"စိုင္းမင္းခန့္!"
"ဗ်ာ"
နာမည္အရင္းေခၚေနၿပီမို႔ သည္လူႀကီး စိတ္တိုလာၿပီထင္၏။ ကိုယ့္ထက္ႀကီးတဲ့သူကို စလိုက္ေနာက္လိုက္၊ ဘိုက်လိုက္လုပ္ရတာလည္း သူ ႏွစ္သက္သည့္အက်င့္တစ္ခုလို ျဖစ္လာေခ်ၿပီ။
"ေနာက္ေနတာမလား။ ေျပာ ... ေျပာ၊ ဘယ္ေလာက္ရလဲေျပာ။ ေအးေနာ္ ... ဒီတစ္ခါထပ္ေနာက္ရင္ေတာ့ အျပစ္ေပးမွာက ႏွစ္ဆေနာ္ႏွစ္ဆ ကေလး။ ဒီတစ္ခါေတြ႕လို႔နမ္းရင္ေတာ့ ညင္ညင္သာသာလည္း ျဖစ္မယ္မထင္နဲ႔ ... အဟင္း"
'ညင္ညင္သာသာလည္း ျဖစ္မယ္မထင္နဲ႔' ဆိုေသာစကားေၾကာင့္ ခန့္ခန့္ ၾကက္သီးေမႊးညႇင္းမ်ားပင္ ထသြားရသည္။ ဘယ္လိုေတြေျပာရဲသည့္ လူႀကီးလဲဗ်ာ!
"ေတာ္ၿပီ၊ မေျပာင္ေတာ့ဘူး။ iMessage နဲ႔ အခုပို႔လိုက္မယ္။ ၾကည့္ၾကည့္ ... တကယ္မေနာက္ဘူး"
"ၿပီးေရာ!"
ဖုန္းခ်ၿပီးေနာက္ သိမ္းထားေသာေအာင္စာရင္းစာရြက္ေလးအား ေသခ်ာအေရာင္ျခယ္ျပကာ ပို႔ေပးလိုက္သည္။ သူ႔ႀကိဳးစားမွုေၾကာင့္ လူႀကီးတစ္ေယာက္ ထပ္တူေပ်ာ္ပါေစေတာ့။
.....................
တစ္ဖက္တြင္လည္း ေအာင္စာရင္းမေျပာေသးဘဲ ေနာက္ေနနိုင္သည့္ကေလးကို အသည္းယားေနေလတာ ေဇယ်ာတစ္ေယာက္ျဖစ္သည္။ ေရွ႕တစ္ေလၽွာက္လုံး ခုံနံပါတ္ ဘယ္ေလာက္မ်ားရပါမလဲဟု ခ်စ္သူႏွင့္ထပ္တူ ရင္ခုန္ရသည္။ ရင္တုန္ရသည္။ တစ္ေနကုန္လည္း ေစာင့္ေမၽွာ္ေနခဲ့တာပင္။
ဖုန္းခ်ၿပီး ခဏအၾကာတြင္ေရာက္လာေသာ ပုံတစ္ပုံ။ စာရြက္အျဖဴထဲက စာလုံးေသးေသးတို႔ကို ေသခ်ာၾကည့္ေလေတာ့ ေဇယ်ာတစ္ေယာက္ ထိုင္ေနရင္းက ထခုန္လိုက္ခ်င္သည့္၊ ေအာ္ပစ္လိုက္ခ်င္သည့္စိတ္ကို မနည္းထိန္းလိုက္ရ၏။ ဒါေတာင္ အားမရသည့္အဆုံးေမြ႕ရာကို လက္သီးျပင္းျပင္းတစ္ခ်က္ထိုးရင္း အေပ်ာ္ေတြကို လွစ္ဟပစ္လိုက္သည္။
ရာခ်ီသည့္ေက်ာင္းသားေတြၾကားမွာ သူ႔ခ်စ္သူကေလးက ခုံနံပါတ္ေလးတဲ့လား။ စာမ်က္ႏွာပိုၾကည့္ၿပီးသည့္ေနာက္ ခ်က္ခ်င္းပင္ဖုန္းျပန္ေခၚလိုက္သည္။
"ကေလးေရ ... ေတာ္လိုက္တာကြာ။ ခုံနံပါတ္က ေလး၊ ဂုဏ္ထူးက ေျခာက္ဘာသာပါေသးတာ။ ၿပီးေတာ့ ပထမရတဲ့သူေတြေတာင္မပါတဲ့ အဂၤလိပ္ပါ ဂုဏ္ထူးထြက္လိုက္ေသးတယ္။ ကိုယ္ တကယ္ ကေလးကို ခ်ီးက်ဴးဖို႔ စကားလုံးေတာင္ ရွာမေတြ႕နိုင္ေတာ့ဘူး။ ကိုယ့္ကေလးေလး ဘယ္လိုမ်ားအဲေလာက္ေတာ္ရတာလဲ။ ဒီေလာက္ ဒုကၡေတြမ်ားခဲ့တာကိုကြာ။ ကိုယ္ေတာ့ ကေလးကိုခ်စ္သူေတာ္ထားရတာ ဂုဏ္ယူလို႔မဆုံးဘူး ... သိလား"
ခန့္ခန့္ကေတာ့ ခ်စ္သူ၏ခ်ီးက်ဴးသံတစ္ခ်က္ၾကား႐ုံႏွင့္ စာေမးပြဲမေျဖခင္က ပင္ပန္းခဲ့သမၽွအားလုံး ေမ့ေပ်ာက္သြားနိုင္သည္ထိပါပဲ။
"လူႀကီး ... ယုံၿပီလား"
"ဘာကိုလဲ"
"စာေမးပြဲမေျဖခင္က လူႀကီးကို ခန့္ကိုကတဆင့္ မွာလိုက္တယ္ေလ။ ကေလးတို႔ကိစၥ အိမ္ကသိသြားေပမယ့္လို႔ ႀကံ့ႀကံ့ခံနိုင္ပါတယ္၊ စိတ္ခ်ပါဆိုတာေလ။ ဒီစာေမးပြဲေအာင္စာရင္းက သက္ေသပဲေနာ္။ ယုံလိုက္ေတာ့"
"ယုံပါတယ္ဗ်ာ။ ကိုယ့္ခ်စ္သူေလး ဘယ္ေလာက္စိတ္ထက္သလဲ၊ စိတ္မာလိုက္သလဲဆိုတာ ကိုယ္သိတာေပါ့။ ဒါေပမဲ့ စိတ္ေတြဖိစီးၿပီး ေခ်ာင္မွာမ်ားကပ္ငိုေနမလားဆိုၿပီးေတာ့ ကိုယ္အျမဲစိတ္ပူေနခဲ့ရတာ။ အခုေတာ့ စိတ္ေအးရပါၿပီ ကေလးရာ"
ေခ်ာင္တြင္ကပ္ငိုခဲ့ရသည့္အခ်ိန္တဲ့။ ခန့္ခန့္ သူ႔အျဖစ္ေတြသူ ျပန္ျမင္ေယဋင္ရင္း ခပ္ေဆြးေဆြးကေလးေတာ့ ျဖစ္ရသည္။ သူ ဘယ္ေလာက္ခက္ခဲခဲ့သလဲ။ ဘယ္ေလာက္ႀကိဳးစားခဲ့ရသလဲ။ ဒါေတြ ခ်စ္သူကို ထုတ္ေျပာဖို႔ေတာ့မလိုအပ္ပါေခ်။
"အင္း"
"ကဲ ... အခုမွန္းထားတဲ့အတိုင္းလည္း အဆင့္ဝင္တယ္ဆိုေတာ့ ကိုယ့္ကိုဘာေတာင္းမလဲေျပာ။ ေစ်းႀကီးလည္း ရတယ္ေနာ္။ ကိုယ္ရွာေနတာေတြက ကေလးအတြက္ပဲ"
"ျဖည္းျဖည္းေႁခြပါ၊ ေတာင္းပါ့မယ္။ ဒါေပမဲ့ လိုခ်င္တာ ပစၥည္းမဟုတ္ဘူး။ ကတိ!"
"ကတိ! အင္ဟင္း ... ဘာကတိလဲေျပာ"
"ေသခ်ာစဥ္းစားၿပီးမွေပးေနာ္ ... အေရးႀကီးတယ္"
ဘာေတြမ်ားကတိေတာင္းမွာမို႔ သည္ေလာက္စကားခံေနရသည္မသိ။ ေဇယ်ာ နည္းနည္းေတာ့ စိတ္လွုပ္ရွားမိသည္။
"ဘာအေၾကာင္းေၾကာင့္မွ ထားမသြားဘူးဆိုတဲ့ကတိ လိုခ်င္တယ္၊ ေပးနိုင္မလား"
"ဪ ကိုယ့္ကေလးရယ္ ... ဘာမ်ားပါလိမ့္လို႔။ ဒီလိုကတိမေတာင္းလည္း ကိုယ္က ကေလးကိုထားမသြားပါဘူး။ စိတ္ခ်ေနာ္"
"ကတိဖ်က္ရင္ လူႀကီးကို စိတ္နာမိမွာပဲ"
"အဲလိုျဖစ္လာမွာမဟုတ္လို႔ အခ်ိန္ကုန္ခံၿပီးမေျပာနဲ႔ေတာ့။ ညဥ့္နက္ေနၿပီ အိပ္ရေတာ့မယ္ ... ကိုယ့္ကေလး။ ဒီတစ္ေလၽွာက္လုံး ပင္ပန္းသြားပါၿပီဗ်ာ"
ခ်ီးက်ဴးစကားဆိုဖို႔ဆို အျမဲမေမ့ေသာခ်စ္သူက ခန့္ခန့္အတြက္ေတာ့ ေန႔စဥ္အသက္ရွင္ေစနိုင္သည့္ အားေဆးတစ္ခုသဖြယ္။
သည္လိုႏွင့္ ဖုန္းခ်အၿပီး သန္းေခါင္ယံလည္းရွိၿပီမို႔ အိပ္ဖို႔ျပင္ရေတာ့သည္။ မ်က္လုံးေတြမွိတ္ရင္း မနက္ျဖန္အေၾကာင္းေတြးမိေတာ့ မိဘေတြေရွ႕ ေတာင္းဆိုရမည့္စကားလုံးေတြကို စိတ္ထဲမွာပင္ စာစီၾကည့္ေနမိသည္။
ဟူး ... အဆင္ေျပေကာင္းပါရဲ့။
......................
(A/N) ေအာင္စာရင္းေၾကညာခ်က္စာရြက္က ဝန္ႀကီးဌာနက ထုတ္ျပန္ထားတာလည္းမဟုတ္သလို၊ UCSY Website မွ တင္ျပထားျခင္းလည္း မရွိပါဘူးေနာ္။ ဖီ့ဘာသာ ဖန္တီးထားတာမို႔ အေၾကာင္းအရာတစ္ခုခု မဆီေလ်ာ္တာမ်ားပါခဲ့လၽွင္ စာေရးသူ အျပစ္ပါရွင္..။
(13/10/2020)
•••••••••••••••••••••••••••••••••••••••••••
Bạn đang đọc truyện trên: Truyen3h.Co