Part-4
<Unicode>
စနေနေ့ စာသင်ချိန်ဖြစ်သည့်အလျောက် အခန်းထဲရှိ သင်တန်းသားအားလုံး ဆိတ်ငြိမ်နေကြသည်။ နံရံလေးဖက်ပိတ်ထားသည့်အခန်းတွင်းတွင် ပျံ့လွင့်နေသည်က ဆရာတစ်ဦးတည်း၏အသံသာ။ စတိတ်စင်အသေးလေးတွင် ဟိုသည်ဖြတ်လျှောက်ရင်း သီအိုရီများကို ရှင်းပြနေပုံကလည်း ဆရာကိုယ်တိုင် စိတ်လက်ဝင်စားစွာ။
ခဏကြာတော့ White-Board ပေါ်တွင် Organisation Chart ပုံစံအမျိုးမျိုးဆွဲပြပြီး မတူညီသည့်အဖွဲ့အစည်းတွေ၏ သဘောတရားများကို ချက်ကျလက်ကျ ရှင်းပြပြန်၏။ အားလုံးပြီးစီးလျှင် Assignment ပြုစုစေမှာမို့ Chart များအား သင်တန်းသားတွေ၏စာအုပ်ထဲတွင် သေချာမှတ်စေသည်။
သည်အချိန်တွင် အခက်ကြုံသည်က ခန့်ခန့်။
အဝေးမှုန်ဖြစ်ပါလျက် နောက်ဆုံးတန်းထိုင်မိတော့ ဘာမှသေချာမမြင်ရချေ။ မျက်မှန်ကလည်း မယူလာမိတော့ ခေါင်းကိုမော့ကြည့်ရင်း မျက်လုံးတွေစူးစိုက်လိုက်၊ စာအုပ်ထဲပြန်ကူးလိုက်ရနှင့် တော်တော်ကိုအဆင်မပြေချေ။
ကျောင်းမှာလို ဘေးလူဆီက ကူးရအောင်လည်း သူ့ကိုမကြည်လင်သည့် ထိုလူကြီးကို ဘယ်လိုမှမပြောချင်။ မမမေသက်ကို အကူအညီတောင်းဖို့ ကြံပြန်တော့လည်း ရှေ့တစ်တန်းအကျော်မှာထိုင်နေသူဖြစ်၍ လိုက်ကူးဖို့မဖြစ်နိုင်။
ကြိတ်မှိတ်ကူးရင်း ဆရာ့လက်ရေးသေးသေးတို့ကြောင့် ခန့်ခန့် အကြံအိုက်လာသည်။ အပြီးမကူးဘဲ အတန်းဆင်းလို့ကလည်းမဖြစ်၊ Assignment မလုပ်နိုင်ရင် သိက္ခာကကျဦးမည်။ ဒါမျိုးတော့ သူအဖြစ်မခံနိုင်ပါ။
ဟူး ... ။
လေပူတစ်ချက်မှုတ်ထုတ်ပြီး ခန့်ခန့် မျက်လုံးနှစ်ဖက်ကိုလက်နှင့် ပွတ်သပ်လိုက်မိသည်။ သူ သည်ထပ်အာရုံစိုက်ကာ မကြည့်နိုင်တော့၊ ဘေးကလူကြီးကို အကူအညီ တောင်းရမှာပဲဟုသာ တွေးမိလာသည်။ ဘေးကိုလှည့်ကြည့်တော့ ထိုလူကြီးမှာ ပေတံနှင့်ခဲတံကိုသုံးကို စိတ်ဝင်တစားဆွဲနေသည်မှာ စူးစူးစိုက်စိုက်ပါပဲ။ အရွယ်ကွာခြားတာရော၊ သူကပဲသေးညှပ်တာရောကြောင့်လားမသိ ... ထိုလူကြီးက ထိုင်နေတာတောင် သူ့ထက်မြင့်၏။
"အဲ့လူကြီး"
ရှပ်လက်ရှည်ဝတ်ထားသူ၏ တံတောင်စွန်းအနားစလေးကို ခန့်ခန့် လက်နှင့်တို့ထိလိုက်တာ အသာအယာ။ ခပ်တိုးတိုးခေါ်လိုက်သံကြောင့် ထိုလူကလှည့်ကြည့်လာရင်း မျက်ခုံးပင့်ပြသည်။ ဘာလဲဟူသောအမေးကို မျက်ခုံးတစ်ချက်နှင့်သာ အချက်ပြသူပင်။
"ကျွန်တော်ကို Chart လေး ပြပေးလို့ရလား၊ မျက်မှန်မပါတော့ မမြင်ရလို့"
ဆရာမြင်မည််စိုး၍ ခန့်ခန့်ခေါင်းလေးတိမ်းကာပြောနေရပေမဲ့ ထိုလူက ပြမယ်၊ မပြဘူးဟူ၍ပင် ချက်ချင်းမတုံ့ပြန်နိုင်သေး။ နဖူးသားတွေကြုံ့ကာ တစ်ခုခုတွေးဆနေပုံရသည်။
"ပြတာက ပြလို့ရပါတယ်၊ ဒါပေမဲ့ ကိုယ့်နာမည် အပြည့်အစုံခေါ်"
ကျစ်! ညစ်ကျယ်ကျယ်ပြုံးရင်း ပြောလာသောထိုစကားကြောင့် ခန့်ခန့်တစ်ယောက် အတော်အမြင်ကတ်သွား၏။ စာပြရတာ ဘာပင်ပန်းပါမည်နည်း။ နာမည်အရင်းခေါ်မှပြမယ်ဆိုတာကြီးက ဘယ်လောက်ကလေးဆန်လိုက်သနည်း။ ဟိုတစ်ပတ်က လူကိုဆူခဲ့သည့် ခပ်တည်တည်မျက်နှာကြီးမှမထောက်။
"နာမည်မမှတ်မိလို့ ဟိုလူကြီးလို့ပဲ ခေါ်လိုက်တာ"
"တတိယနှစ်တက်နေတဲ့ ကွန်ပျူတာကျောင်းသားတစ်ယောက်က ဒီနာမည်လေးသုံးလုံးလေးမှ မမှတ်နိုင်ရင် programတွေ ဘယ်လိုများရေး......"
ဘယ်လောက်ပဲ နာမည်မခေါ်ချင်ဦးတော့ သူ့ပညာအရည်အချင်းကို ထိပါးလာတော့ ခန့်ခန့်မနေသာတော့၊ အနားတိုးကာ ခပ်ကြိတ်ကြိတ်အသံနှင့်၊
"မှတ်မိတယ်ဗျာ ... မခေါ်ချင်လို့။ ပြမှာလား၊ မပြဘူးလားသာပြော"
"ပြီးတော့မယ် ခဏစောင့်"
ရယ်ချင်တာလိုလို၊ မရယ်ချင်တာလိုလို မပွင့်တပွင့် အပြုံးဆောင်သွားပုံက သိပ်အသည်းယားစရာကောင်းသည်။ အခွင့်သာတုန်းတော့ လုပ်ထားဦးပေါ့၊ နောက်နေ့တော့ မျက်မှန်ကို မမေ့မလျော့ယူကိုလာဦးမည်။
သို့နှင့် ဆရာက ခဏအနားပေးထားခဲ့ချိန်မှ ခန့်ခန့် ထိုလူကြီးစာအုပ်ထဲကကူးယူရတာ အသည်းအသန်။ အပြင်လည်းမထွက်နိုင်သလို၊ ဂိမ်းဆော့ချိန်လည်း မရလိုက်။ စစချင်းနေ့က အစိမ်းသက်သက်ဖြစ်ခဲ့သောစာများက သည်လိုလိုက်နားထောင်ရင်း သေချာကြည့်ဖြစ်တော့လည်း စိတ်ဝင်စားစရာတော့ အကောင်းသား။
သူသင်နေကျ 0 နှင့် 1 ပဲပါသည့် Binary ကိန်းဂဏန်းတွေလိုမဟုတ်။ တွန့်ကွင်းအဖွင့်အပိတ်တွေနှင့် Program ရေးနည်းတွေလုပ်မဟုတ်။ ကွန်ပျူတာထဲက မမြင်ရသည့်အလုပ်လုပ်ပုံတွေကို စိတ်ကူးနှင့်လိုက်လေ့လာမှတ်သားရသော ပညာရပ်မျိုးနှင့် မတူခြားနားစွာ လက်တွေ့ဆန်သည်။
McDonald's တို့၊ Walmart တို့လို အဖွဲ့အစည်းတွေ၏ စနစ်တကျလုပ်ကိုင်ပုံ၊ ကြုံခဲ့ရသည့် လက်တွေ့ဖြစ်ရပ်တို့ကို နည်းနမူနာယူကာ သင်ပြပေးသည်။ ထိုလုပ်ငန်းအကြောင်းအရာတို့နှင့်ယှဥ◌်ကာ သီအိုရီဖြစ်ရပ်တို့ကို သင်ကြားပေးပုံမျိုးပင်။
"အင့် ... ပြီးပြီ"
နားချိန်ပြည့်သွားလို့ အတန်းထဲပြန်ဝင်လာသော ထိုလူကြီးအား ခန့်ခန့် စာအုပ်ထိုးပေးလိုက်သည်။ အပေါ်တွင်လည်း သင်တန်းကအလကားချပေးထားသည့် အဝါရောင်ချိုချဉ်တစ်လုံးနှင့်။
"ချိုချဉ်က..."
"စာအုပ်ငှါးပေးလို့"
"ဟင်း ကလေးကလား"
လာပြန်ပါပြီ သည်မပွင့်တပွင့်အပြုံး။ ခန့်ခန့်လည်း အလှူလက်ဖက်နှင့် မျက်နှာလုပ်သလိုဖြစ်နေပေမဲ့ ခပ်တည်တည်ပင်။ သူ့မှာပေးစရာ ကျွေးစရာလို့ ဘာမှမပါ။ ပါပြန်ရင်တောင် ထိုလူကြီးလို လူချမ်းသာအတွက် ခုနကလို ရယ်စရာပဲဖြစ်နေမှာပင်။
သည်လိုနှင့် အတန်းပြီးလို့ ခန့်ခန့် အပြင်ထွက်လာတော့ မိုးသားများ အုံ့မှိုင်းလို့နေသည်။ ပတ်ပတ်လည် မည်းမှောင်နေပုံက နေရာလွတ်ပင်မကျန်စေရ။ ငှက်များဝယ် မညီမညာ တဝဲဝဲပျံသန်းနေကြပြီး လူသူများမှာလည်း အပြေးအလွှားနှင့် ဒုန်းစိုင်းသွားနေကြဟန်တူသည်။ သေချာပေါက် မိုးရွာတော့မည်ကြောင့်ပင်။
'သွားပါပြီ' ဟူသော နောင်တရသည့်စကားလုံးမှာ ခန့်ခန့်နှုတ်မှ တိုးတိုးတိတ်တိတ် လျှံထွက်ကြလာသည်။ ထီးယူရမှာပျင်းသည့်သူအဖို့ သည်နေ့တော့မိုးမိမည်လားမသိ။ Taxiငှါးပြန်ဖို့လည်း ပိုက်ဆံကမကျန်၊ သင်တန်းလာကတည်းက ပါလာသမျှပိုက်ဆံအကုန် iTunes ထဲ ထည့်ပစ်လိုက်သည်။ အိတ်ထဲ ဟိုသည်ပြန်စမ်းကြည့်တော့ ဘတ်စီးဖို့ချန်ထားသည့် ၁၂၀၀သာ ရှိတော့၏။
'ဂျိမ်း!!'
ပိုက်ဆံလေးလက်ထဲကိုင်ကာ တွေဝေနေခိုက် မိုးခြိမ်းသံကျယ်ကျယ်က ထွက်ပေါ်လာသည်။ ခုနက ခပ်ညှင်းညှင်းရှိသော လေအဟုန်ကလည်း ခုမူတော့ တပြင်းပြင်းနှင့်။ တစ်ပင်၊ နှစ်ပင်သာရှိသော သစ်ပင်ကကိုင်းတို့ပင် တဖျစ်ဖျစ်နှင့် မြည်လေအောင် လေကကြမ်းလာသည်။
မိုးပါတစ်စတစ်စ ကျလာချိန်တွင် မဖြစ်ချေတော့။ ပိုက်ဆံမလောက်လည်း ဘတ်စ်စီးပြန်လျှင်ဖြစ်တာမို့ အနည်းငယ်လှမ်းသည့်မှတ်တိုင်ဆီ သုတ်ချေတင်ပြေးရတော့လေ၏။
.....................
သင်တန်းအဆင်း ကားပေါ်တက်သည်နှင့် ဇေယျာ့ကားမှန်ပေါ် မိုးပေါက်တို့ လွင့်စင်လာသည်။ မှန်ပြင်တဆင့် အပေါ်ကိုခေါင်းစောင်းကြည့်လေတော့ မိုးတိမ်မည်းတွေက ကမ္ဘာကြီးကိုဝါးမြိုတော့မတတ် ကြီးစိုးနေချေပြီ။ အချိန်အခါမဟုတ် မိုးရွာမည်ဟူသောမှန်းချက်က ဟုတ်ပုံရသည်။
ကားစက်နှိုးလိုက်ရင်းက မိုးစက်မိုးပေါက်တွေ ပိုကျလာတော့ ဇေယျာ တစ်ချက်ပြုံးမိသည်။ မိုးရာသီမှာမွေးလို့ပဲလားမသိ မိုးရွာလျှင် ကလေးတစ်ယောက်လို ပျော်မိသည်။ မိုးစက်တွေအား ငေးကြည့်နေရသည်ကို သဘောကျသည်။ စိတ်ကူးလေးတွေ ဟိုလွင့်သည်လွင့်နှင့် အတောမသတ်နိုင်ဖြစ်ရသည်ကို ကျေနပ်မိသည်။
တွေးရင်း ခေါင်းတစ်ချက်ရမ်းကာ ကိုယ့်ကိုယ်ကိုယ် သရော်မိပြန်ပါ၏။ မိုးရွာတိုင်း စိတ်ကူးတွေနှင့်ပျော်နေရအောင် သူသည်ဆယ်ကျော်သက်လည်းမဟုတ်။
သင်တန်းမှထွက်လာပြီး မိုးကတဖြည်းဖြည်းသည်းလာပြီမို့ Wiper ဖွင့်ကာ ကားကိုဖြေးဖြေးမှန်မှန် မောင်းလာခဲ့သည်။ ထိုအခိုက် ဇေယျာ့မြင်ကွင်းထဲ ဝင်လာသည်က ကျောပိုးအိတ်ကိုခေါင်းပေါ်ရွက်ကာ ခြေစုန်ပေါက်ပြေးနေသော အတန်းထဲကချာတိတ်ပင်။
သည်လောက်မိုးတွေသည်းနေတာကို တစ်နေရာရာမိုးခိုပြီး Taxi ခေါ်တာလည်းမဟုတ်။ ဖုန်းထဲကနေခေါ်ရင်တောင် မခက်တော့သည့်ခေတ်ကြီးမှာ သည်ကောင်လေး ကားငှားလို့ရသည်ကို မသိဘဲမနေပါ။ လူပုံစံလည်း အခုခေတ်ကလေးတွေလို လည်လည်ဝယ်ဝယ်ရှိပါလျက်နှင့် မိုးရေထဲပြေးနေရတယ်လို့။
ဇေယျာ ခဏမှေးလိုက်ကြည့်နေရင်း စိတ်ထဲတွေးမိသည်က 'မဟုတ်မှ ... သည်ကောင်လေး ကားမှတ်တိုင်ရောက်သည်ထိ ဒီတိုင်းပြေးမလို့များလား'
တွေးနေရင်း မိုးစက်တွေက မိုးသီးမိုးပေါက်တို့အသွင် ပြောင်းလဲသည်းထန်လာသည်။ တစ်ဆင့်သာဖွင့်ထားသော ကားမှန်သုတ်သည့် Wiper သည်ပင်လျှင် မိုးရေတို့ကို အလျင်မီအောင် ဖယ်ရှားမပေးနိုင်တော့။ ဆောင်းရာသီရွာသည့် အချိန်အခါမဟုတ်မိုးမှာ ထင်တာထက်ပိုအေးစက်နေမည်ထင်သည်။ ကားမှတ်တိုင်လည်း ဝေးနေသေးတာမို့ာဇေယျာမနေသာတော့ပဲ ကောင်လေးပြေးနေသည့် Platform နား ကပ်မောင်းကာ အော်ခေါ်ရချေတော့၏။
"ဟေး ... စိုင်းမင်းခန့်၊ စိုင်းမင်းခန့်"
မိုးသံတွေကြား ခပ်ကျယ်ကျယ်အော်ခေါ်ပါမှ ထိုကောင်လေးက လှည့်ကြည့်ရင်း မေးငေါ့ပြလာသည်။ သူသည်ခေါ်တာတောင် အပြေးမပျက်၊ ဇေယျာလည်း ကားကိုလီဗာမနင်းဘဲ ကောင်လေးနှင့်အပြိုင် တရွေ့ရွေ့သာ။
"မိုးခိုပြီး Taxi မငှါးဘူးလား၊ ဒါမှမဟုတ် လိုက်ပို့ရမလား"
"တော်ပြီ ရတယ်၊ ဘတ်စ်နဲ့ပဲပြန်မှာ"
Taxi ငှားနေရင်ကြာမှာစိုး၍ လိုက်ပို့ရမလားဟုမေးတာတောင် သည်ကောင်လေးဖြေချလိုက်သည်က ဘတ်စ်နဲ့ပဲပြန်မှာတဲ့လေ။ ပထမဆုံးနေ့က သူမာန်ထားတော့ ကားပေါ်လိုက်စီးရမှာအတွက် မာနများထားနေသည်လား။
"မဟုတ်ဘူးလေ၊ ဒီလောက်စိုနေတာ မှတ်တိုင်ရောက်ဖို့လည်းလိုသေးတယ်။ လာပါ ကားပေါ်တက်"
"တော်ပြီဆို၊ ရတယ် သွား ... သွား"
မိုးစက်တွေနှင့်အတူ လွင့်စင်လာသော ကောင်လေးအသံကြောင့် ဇေယျာ့စိတ်ထဲ ထောင်းခနဲ။ မိုးရေတွေကြား ကိုယ်ပါအစိုခံပြီး သည်လောက်ခေါ်နေတာကို ဇွတ်ငြင်းတာမို့ ဇေယျာ စိတ်ကသိကအောက် ဖြစ်မိတာအမှန်ပင်။
သူဆူထားလို့ မာနထားတယ်ဆိုဦးတော့ ဒါသည်တလွဲမာနလို့ပင် ဆိုသာမည်။ အရေးအကြောင်းဆိုလျှင် ဖြစ်သင့်တာကိုပဲ ရွေးချယ်ရမည်ဟု သူကယူဆသည်။ တကယ်ဆို သူခေါ်ပေးတာတောင် ကျေးဇူးတင်ရဦးမည်မလား။ သူငယ်ချင်းဖြစ်သည့် ထက်မြက်တောင် တင်မစီးသည့် သူ့၏တံခါးနှစ်ပေါက်သာပါသောကားပေါ်သို့ ဘယ်သူ့မှလိုက်အစီးခံတာမျိုးမဟုတ်ချေ။
သူ နှစ်ခါပြန် ခခယယခေါ်လို့ပြီးပြီမို့ မလိုက်ချင်လည်း ထပ်ခေါ်မနေတော့။ ကိုယ့်ဘာသာ အပူအပင်ကင်းကင်းပဲ သွားလိုက်မည်။ ဟိန်းဇေယျာဆိုသည့်သူက ဘယ်သူ့ပူနေရမှာလဲဟု စိတ်ပေါက်ပေါက်နှင့်တွေးရင်း ကားကိုအရှိန်မြှင့်ကာ မောင်းထွက်လာခဲ့တော့၏။
...................
ထိုနေ့ည ၂နာရီ။
တိတ်ဆိတ်နေသော အခန်းငယ်တွင် ညည်းညူသံသဲ့သဲ့ကလေး ထွက်ပေါ်နေ၏။ အခန်းမီးရောင်ဖျဖျတွင် အရာရာက ဆိတ်ငြိမ်လျက်ရှိသော်လည်း အိပ်ရာထက်က ကောင်ကလေးကတော့ ဂွင်းစောင်ထဲမှ ချမ်းခိုက်ကာ တုန်ရင်လျက်ရှိသည်။ ဟိုဖက်လှိမ့်လိုက်၊ သည်ဖက်လှိမ့်လိုက်နှင့် ချမ်းခိုက်နေတော့ လူကတဆစ်ဆစ်နှင့် အိပ်မရချေ။
သင်တန်းအပြန်က မိုးမိခဲ့သည့်အဖြစ်၏ အကျိုးဆက်တွေပင် ဖြစ်သည်။ ခန့်ခန့်တစ်ယောက် အိမ်ပြန်ရောက်ကတည်းက အဆူလည်းခံရသည်။ မုန့််ဖိုးပေးထားရက်နှင့် Taxi ငှားမပြန်ခဲ့ရကောင်းလားဟူ၍တစ်မျိုး၊ ထီမဆောင်သွားလို့တစ်ဖုံ၊ မိုးအမိခံပြီး ကြွက်စုတ်ဖြစ်လာတာကို ဂရုစိုက်တာထက် ဆူတာကများခဲ့သည် မေမေပင်။
သူလည်း မိုးမိပြီးဖျားတော့မျိုးတော့ ဘယ်ဖြစ်ချင်ပါမည်နည်း။ အချိန်အခါမဟုတ် မိုးထရွာတော့ နောက်ဆုံးလက်ကျန် ၁၂၀၀ ကိုကိုင်ရင်း တွေဝေခဲ့ရသည့်သူ့အဖြစ်ကို ပြန်တွေးကြည့်လျှင် သနားစရာပင် ကောင်းသေးသည်။
အတန်းထဲက ဟိုလူကြီးကလည်း သူ့ကားအကောင်းဆုံးကြီးနှင့်တော့ လိုက်ပို့ပေးရမလားခေါ်ပါ၏။ သို့သော် ဘယ်လောက်ပဲ မိုးမိစေဦးတော့ သူများကားပေါ်လိုက်စီးပြီး ကျေးဇူးကြွေးအတင်မခံချင်ပါ။ သူ့ကိုဆူထားသည့် အဲ့လူကြီးဆို ပိုတောင်ဆိုးသေးသည်၊ ဂျစ်တယ်ပဲပြောပြော မာနက မိုးမိတာထက် ပိုအရေးကြီးတာပဲမလား။
သို့ပေမဲ့ ထမင်းစား၊ ဆေးသောက်ပြီး အိပ်တာတောင် အခုတော့သူဖျားနေချေပြီ။ နဂိုထဲက ကိုယ်ခံအားနည်းသူမို့ ချမ်းစီးစီးရာသီတွင် မိုးမိလေတော့ ပြောမပြတတ်အောင် ခံရခက်နေ၏။ ရှူရှိုက်မိသည့် ဝင်သက်၊ ထွက်သက်တိုင်းက အပူငွေ့တွေ ဖုံးလွှမ်းနေသည်။ နားထင်ကြောတို့ကမူ တဆစ်ဆစ်နှင့်။ ကိုယ့်ကိုယ်ကိုယ် အဖျားတက်နေပြီမှန်း သိသော်လည်း မလှုပ်ချင်လောက်အောင် ညောင်းကိုက်နေသောခန္ဓာကိုယ်က ထဖို့ပင်အားမရှိတော့ချေ။
ထိုအကျိုးဆက်၏ နောက်ဆက်တွဲမှုကား နောက်တစ်နေ့မနက်တွင် ဆေးရုံရောက်သည်ထိ ဖြစ်သွားခဲ့လေသည်။
..................
"ဒေါက်တာမျိုး သားအခြေအနေလေး"
ခပ်တိုးတိုးမေးလိုက်သော ဒေါ်မိမိနိုင်အသံက အနည်းငယ်တုန်ရင်နေသည်။
"သိပ်စိတ်မပူပါနဲ့ဗျာ။ လိုအပ်တဲ့ဆေးတွေ အကုန်သွင်းပေးပြီးပါပြီ။ ဒီကလေး ညကမအိပ်ရဘူးထင်တယ်၊ ရောက်လာကတည်းက ဆေးရှိန်နဲ့မှိန်းပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတာ၊ ခဏနေ နိုးလာတော့မှာပါ"
ဆောင်းဦးပိုင်းမှာ သားဆေးရုံပြန်တက်ရ၍ မိခင်ခမျာ ရင်တွင်းသောကတွေ များနေရလေ၏။ ငယ်ကတည်းက သေးသေးကွေးကွေးနှင့် ကိုယ်ခံအားနည်းတော့ တစ်ခုခုတိမ်းစောင်းတာနှင့် ဖျားတတ်သည်က သားဖြစ်သူအတွက် အကျင့်တစ်ခုလို။ ဖြစ်လိုက်လျှင်လည်း အပူတက်၊ အဖျားကြီးသည်က ယခုအချိန်ထိ အသည်းအသန်ပင်။
"ကျေးဇူးပါ ဒေါက်တာရယ်။ မြေးလေးက တစ်မနက်လုံး ကယောင်ကတမ်းတွေပဲညည်းပြီး အပူလည်းလုံးဝမကျတော့ စိတ်ပူပြီး ပြေးလာရပြန်ပါရော။ မနက်စောစော ဒုက္ခမပေးချင််ပေမဲ့ အရင်တစ်ခါလို သတိလစ်သွားမှာစိုးလို့"
ဒေါ်မိမိနိုင််စိတ်ပူသလို အဘွားဖြစ်သူလည်း အငြိမ်ထိုင်မနေခဲ့နိုင်ပါ။ လူကြီးသုံးယောက်လုံး ဆေးရုံပါလာပြီး ခင်မင်နေကျ ဒေါက်တာကိုဖုန်းဆက်ပြီး အပူကပ်ရတော့တာပင်။
"အဘွားမြေးက ဖျားတတ်ပေမဲ့ ပြီးရင် လန်းလန်းဆန်းဆန်းပြန်ဖြစ်တာ မြန်ပါတယ်။ ပြီးရင်ဒီကောင်လေး တအားစားတာပဲဟာ"
"ဟုတ်ပါတယ်လေ။ ကဲ ကျေးဇူးပါ ဒေါက်တာ၊ မနက်စောစော အလုပ်ရှုပ်ရပြန်ပြီ"
'မဟုတ်တာဗျာ' ပြောပြီး ဒေါက်တာထွက်သွားတော့မှ လူကြီးသုံးယောက်သား အခန်းငယ်လေးတွင် ပြန်ထိုင်မိကြသည်။ သူတို့တွင်လည်း သားတစ်ယောက်ကိုပူသည့်စိတ်ကြောင့် ရောက်ကတည်းက ကပျာကယာပြေးရလွှားရမို့ အခုမှပဲ ထိုင်နေကြသည့်အဖြစ်။
"တော်သေးတာပေါ့အေ ဘုရား၊ သိကြားမပေလို့ ငါ့မြေးလေးဘာမှသိပ်မဖြစ်တာ"
"မေမေရယ် သမီးပေးတဲ့ပိုက်ဆံတွေနဲ့ Taxi စီးပြန်လာရင် ဒီလိုဖြစ်မှာကိုမဟုတ်ဘူး။ နိုးလာမှ အဲ့ပိုက်ဆံတွေ ဘာလုပ်ပစ်လဲ မေးရဦးမှာ"
"ကဲပါ မေကြီးရယ်၊ စိတ်ကိုလျှော့ပါ။ နေမကောင်းတဲ့ဟာကို နောက်မှအေးဆေး မေးလည်းရတယ်။ လာ .. ထိုင်ဦး၊ နိုးသွားပါဦးမယ်"
ငယ်ငယ်ထဲက အဖျားကြီးလျှင် သတိမေ့သည်ထိရှိဖူးတာမို့ ဒေါ်မိမိနိုင်မှာ စိတ်ပူသည့်အလျောက် ဒေါသကလည်းဖြစ်ရှာသည်။ တစ်ကိုယ်လုံး ပူကျက်နေသည့်သားကို ငေးလည်းမဆုံးနိုင်။ နဖူးတွင်ဝဲကျနေသော ဆံရစ်တချို့ကို အပေါ်သို့သပ်တင်ရင်း ခေါင်းမာသည့်သားဖြစ်သူအား နိုးလာလျှင် ဘယ်လိုဆုံးမရတော့မည်ကို တွေးစိမ့်လျက်ရှိသည်။
သူမှန်တယ်ထင်လျှင် နောက်မဆုတ်တတ်သည့်စိတ်ဓာတ်က မိခင်ကိုတူသည်ပဲလားမပြောတတ်။ Taxi ဖိုးဘယ်လောက်ပေးပေး ဘတ်စ်နှင့်ပဲ သွားလာနေတတ်တာကို ပြောမရတတ်ပေ။ ကားပေးဖို့ကျပြန်တော့လည်း ၁၉နှစ်စွန်းစွန်းသာရှိသေးသည့်သားကို စိတ်မချနိုင်။ သားသူငယ်ချင်း ခန့်ကိုကိုတော့ သူ့အမေက ကားပေးထားလေပြီ။ သားကိုရော ပေးထားသင့်ပြီလား။
မဖြစ်သေးပါချေ။ လက်ထဲပိုက်ဆံများများကိုင်မိပြီး ကားကလေးများပေးထားလျှင် ထိန်းမရနိုင်အောင် ပျက်စီးသွားမှာလည်း စိုးထိတ်ရပြန်သည်။ အခုနေ လိမ္မာတယ်ဆိုသော်ငြား ၁၉နှစ်ဆိုတာ ပျက်စီးသွားနိုင်ဖို့ အရွယ်ကောင်းလေးပဲမလား။
ဟူး ... ပူပန်စရာတချို့နှင့် ဒေါ်မိမိနိုင််တစ်ယောက်ခမျာ နံရံကပ်ခုံကလေးတွင် သားအကြောင်း တွေးတစိမ့်စိမ့်။
..........................
တနင်္ဂနွေနေ့၏ သင်တန်းအခန်းအတွင်း ဆရာဝင်မလာခင် အချင်းချင်းတွတ်ထိုးသံတွေ ညံဝေနေသည်။ ဘေးချင်းကပ်ထိုင်ကြသူချင်း ပြောကြသလို၊ ရှေ့နောက်လှည့်ရယ်မောနေကြသူများမှာလည်း အခန်းတွင်းအလျှံအပယ်ပါပေ။ ကလေးတွေမဟုတ်တော့သော်ငြား အတန်းတွင်အချင်းချင်း စကားပြော၊ စနောက်တတ်ကြသည့်အကျင့်က လူကြီးဖြစ်သည့်တိုင် မပျောက်ပျက်သွားတတ်တာကို ဟိန်းဇေယျာ လိုက်စူးစမ်းနေမိသည်။ ကလေးတွေက ကြွက်ကြွက်ညံအောင်ဆူပေမဲ့ လူကြီးတွေကတော့ တစ်ဦးချင်းကြားရုံလောက်သာ တွတ်ထိုးကြတာတော့ ကွာခြားပါ၏။
ပထမဆုံးပေးလိုက်သည့် Assignment ကလည်း စိတ်ဝင်စားစရာကောင်းလှသည်မလား။ ဆရာက မိမိနှင့်နီးစပ်သည့် မြန်မာနိုင်ငံမှအဖွဲ့အစည်းတစ်ခု၏ ဖွဲ့စည်းပုံကို Chart နှင့်အသေးစိတ်ဆွဲခိုင်းခဲ့တာဖြစ်သည်။ ဒါကို အချင်းချင်းဖလှယ်ကြည့်ကြရင်း မတူညီသည့်အတွေးအခေါ်တွေကို ပြန်ပြောင်းပြောနေကြတာပင်။
သို့ပေမဲ့ နောက်ဆုံးတန်းက ဟိန်းဇေယျာမှာမူ ထိုသို့ပြောစရာလူမရှိပေ။ ရှေ့တန်းတွေက အများသူငှာကို တောင်တောင်ဤဤငေးရင်း ဘေးလှည့်ကြည့်တော့ ချာတိတ်က မလာသေးပေ။ ဆရာဝင်မလာသေးလို့သာ၊ တကယ်ဆို အတန်းစချိန်က ဆယ်မိနစ်တောင် လွန်နေပြီးပြီပင်။ ထုံးစံအတိုင်း နောက်များကျနေသလား၊ ဒါမှမဟုတ် Assignment မပြီးလို့ အတန်းလစ်လေသလား။ မပြီးရအောင်လည်း ပေးလိုက်သည့် Assignment က ထင်သလောက်မှမခက်လေဘဲ။ မနေ့ကတောင် သူ့ဆီကစာအုပ်ငှား ကူးသွားသည်ပဲလေ။
မနေ့က ... အင်း၊ မနေ့ကဆိုမှ မိုးရွာကြီးထဲ သူလိုက်ပို့မည်ဟု မှန်ချခေါ်တာကို ငြင်းပြီးပြေးသွားသည့် ချာတိတ်၏ပုံရိပ်ကို ပြန်မြင်ယောင်လာပြန်သည်။ ဘယ်လောက်စိတ်တိုစရာ ကောင်းလိုက်သလဲ။ တကယ်ဆို မိုးရေအစိုခံပြီး ခေါ်သည့်သူ့စေတနာကို အသိအမှတ်ပြုကာ လိုက်သင့်သည်ပဲလေ။ ဒါကို ဘောက်ဆတ်ဆတ်ပြန်ပြောသည့် ထိုမာနခဲလေးအား ဟိန်းဇေယျာ အမြင်ထပ်မကြည်ချင်တော့ပြန်ပါ။
တကယ်ဆို တံခါးနှစ်ပေါက်ပဲပါသည့် သူ့ Mercedes-Banz ကားလေးပေါ်သို့ ဘယ်သူမှတင်တတ်သည်မဟုတ်။ သူစိမ်းမပြောနှင့်၊ ထက်မြက်လို သူငယ်ချင်းအရင်းကြီးတောင် တင်စီးဖြစ်တာမဟုတ်။ နှစ်ယောက်ထိုင်လေးစဝယ်ဖြစ်ကတည်းက တစ်နေ့ တကယ်ချစ်တဲ့သူတွေ့လျှင် အတူတူစီးမည်ဟု စိိိတ်ကူးကလေးရှိဖူးတာပင်။
ဒါကို မနေ့ကမိုးရေထဲ လွယ်အိတ်ခေါင်းပေါ်တင် ပြေးနေရသည့်ချာတိတ်ကို မကြည့်ရက်၍ လိုက်ပို့မည်ပြောမိခဲ့သည်။ တကယ်တော့ သူ့အမှားပင်။ အသက်နှစ်ဆယ်တောင် မပြည့်သေးသည့်ချာတိတ်က ကြီးကြီးကျယ်ကျယ်ရယ်နှင့်။ စာတွေလည်း လေတစ်လုံး၊ မိုးတစ်လုံးပြောကူးသွားပြီး အခုတော့ကျောင်းလစ်သွားပြီထင်၏။
ဟိန်းဇေယျာ နံဘေးခုံကိုငေးရင်း မျက်ခုံးတွန့်တွေးနေခိုက် ကျွီခနဲ တံခါးသံကြားလိုက်ရသည်။ ဘာရယ်မဟုတ် ချာတိတ်ဝင်လာသလားဆိုသည့် အတွေးကြောင့် မော့ကြည့်လိုက်မိတာ ဆတ်ခနဲ။
ဆံပင်ခပ်ပါးပါး၊ မျက်နှာပြည့်ပြည့်နှင့် သူတို့ဆရာဖြစ်နေသည်။ အတန်းသားအားလုံးလည်း စကားပြောနေကြရာက ချက်ချင်းငြိမ်ကျသွားလေပြီ။ ဟိန်းဇေယျာသည်လည်း အတွေးများမနေတော့ဘဲ ဆရာ့အပြောတွင်သာ အာရုံစိုက်ထားလိုက်တော့၏။
ထိုချာတိတ်ကတော့ အတန်းချိန်ပြီးသည်ထိ ဝင်မလာခဲ့ပါချေ။
(7/9/2020)
••••••••••••••••••••••••••••••••••••••••••••
<Zawgyi>
စေနေန႔ စာသင္ခ်ိန္ျဖစ္သည့္အေလ်ာက္ အခန္းထဲရွိ သင္တန္းသားအားလုံး ဆိတ္ၿငိမ္ေနၾကသည္။ နံရံေလးဖက္ပိတ္ထားသည့္အခန္းတြင္းတြင္ ပ်ံ႕လြင့္ေနသည္က ဆရာတစ္ဦးတည္း၏အသံသာ။ စတိတ္စင္အေသးေလးတြင္ ဟိုသည္ျဖတ္ေလၽွာက္ရင္း သီအိုရီမ်ားကို ရွင္းျပေနပုံကလည္း ဆရာကိုယ္တိုင္ စိတ္လက္ဝင္စားစြာ။
ခဏၾကာေတာ့ White-Board ေပၚတြင္ Organisation Chart ပုံစံအမ်ိဳးမ်ိဳးဆြဲျပၿပီး မတူညီသည့္အဖြဲ႕အစည္းေတြ၏ သေဘာတရားမ်ားကို ခ်က္က်လက္က် ရွင္းျပျပန္၏။ အားလုံးၿပီးစီးလၽွင္ Assignment ျပဳစုေစမွာမို႔ Chart မ်ားအား သင္တန္းသားေတြ၏စာအုပ္ထဲတြင္ ေသခ်ာမွတ္ေစသည္။
သည္အခ်ိန္တြင္ အခက္ၾကဳံသည္က ခန႔္ခန႔္။
အေဝးမွုန္ျဖစ္ပါလ်က္ ေနာက္ဆုံးတန္းထိုင္မိေတာ့ ဘာမွေသခ်ာမျမင္ရေခ်။ မ်က္မွန္ကလည္း မယူလာမိေတာ့ ေခါင္းကိုေမာ့ၾကည့္ရင္း မ်က္လုံးေတြစူးစိုက္လိုက္၊ စာအုပ္ထဲျပန္ကူးလိုက္ရႏွင့္ ေတာ္ေတာ္ကိုအဆင္မေျပေခ်။
ေက်ာင္းမွာလို ေဘးလူဆီက ကူးရေအာင္လည္း သူ႔ကိုမၾကည္လင္သည့္ ထိုလူႀကီးကို ဘယ္လိုမွမေျပာခ်င္။ မမေမသက္ကို အကူအညီေတာင္းဖို႔ ႀကံျပန္ေတာ့လည္း ေရွ႕တစ္တန္းအေက်ာ္မွာထိုင္ေနသူျဖစ္၍ လိုက္ကူးဖို႔မျဖစ္နိုင္။
ႀကိတ္မွိတ္ကူးရင္း ဆရာ့လက္ေရးေသးေသးတို႔ေၾကာင့္ ခန့္ခန့္ အႀကံအိုက္လာသည္။ အၿပီးမကူးဘဲ အတန္းဆင္းလို႔ကလည္းမျဖစ္၊ Assignment မလုပ္နိုင္ရင္ သိကၡာကက်ဦးမည္။ ဒါမ်ိဳးေတာ့ သူအျဖစ္မခံနိုင္ပါ။
ဟူး ... ။
ေလပူတစ္ခ်က္မွုတ္ထုတ္ၿပီး ခန႔္ခန႔္ မ်က္လုံးႏွစ္ဖက္ကိုလက္ႏွင့္ ပြတ္သပ္လိုက္မိသည္။ သူ သည္ထပ္အာ႐ုံစိုက္ကာ မၾကည့္နိုင္ေတာ့၊ ေဘးကလူႀကီးကို အကူအညီ ေတာင္းရမွာပဲဟုသာ ေတြးမိလာသည္။ ေဘးကိုလွည့္ၾကည့္ေတာ့ ထိုလူႀကီးမွာ ေပတံႏွင့္ခဲတံကိုသုံးကို စိတ္ဝင္တစားဆြဲေနသည္မွာ စူးစူးစိုက္စိုက္ပါပဲ။ အရြယ္ကြာျခားတာေရာ၊ သူကပဲေသးညႇပ္တာေရာေၾကာင့္လားမသိ ... ထိုလူႀကီးက ထိုင္ေနတာေတာင္ သူ႔ထက္ျမင့္၏။
"အဲ့လူႀကီး"
ရွပ္လက္ရွည္ဝတ္ထားသူ၏ တံေတာင္စြန္းအနားစေလးကို ခန႔္ခန႔္ လက္ႏွင့္တို႔ထိလိုက္တာ အသာအယာ။ ခပ္တိုးတိုးေခၚလိုက္သံေၾကာင့္ ထိုလူကလွည့္ၾကည့္လာရင္း မ်က္ခုံးပင့္ျပသည္။ ဘာလဲဟူေသာအေမးကို မ်က္ခုံးတစ္ခ်က္ႏွင့္သာ အခ်က္ျပသူပင္။
"ကၽြန္ေတာ္ကို Chart ေလး ျပေပးလို႔ရလား၊ မ်က္မွန္မပါေတာ့ မျမင္ရလို႔"
ဆရာျမင္မည္္စိုး၍ ခန႔္ခန႔္ေခါင္းေလးတိမ္းကာေျပာေနရေပမဲ့ ထိုလူက ျပမယ္၊ မျပဘူးဟူ၍ပင္ ခ်က္ခ်င္းမတုံ႔ျပန္နိုင္ေသး။ နဖူးသားေတြၾကဳံ႕ကာ တစ္ခုခုေတြးဆေနပုံရသည္။
"ျပတာက ျပလို႔ရပါတယ္၊ ဒါေပမဲ့ ကိုယ့္နာမည္ အျပည့္အစုံေခၚ"
က်စ္! ညစ္က်ယ္က်ယ္ျပဳံးရင္း ေျပာလာေသာထိုစကားေၾကာင့္ ခန႔္ခန႔္တစ္ေယာက္ အေတာ္အျမင္ကတ္သြား၏။ စာျပရတာ ဘာပင္ပန္းပါမည္နည္း။ နာမည္အရင္းေခၚမွျပမယ္ဆိုတာႀကီးက ဘယ္ေလာက္ကေလးဆန္လိုက္သနည္း။ ဟိုတစ္ပတ္က လူကိုဆူခဲ့သည့္ ခပ္တည္တည္မ်က္ႏွာႀကီးမွမေထာက္။
"နာမည္မမွတ္မိလို႔ ဟိုလူႀကီးလို႔ပဲ ေခၚလိုက္တာ"
"တတိယႏွစ္တက္ေနတဲ့ ကြန္ပ်ဴတာေက်ာင္းသားတစ္ေယာက္က ဒီနာမည္ေလးသုံးလုံးေလးမွ မမွတ္နိုင္ရင္ programေတြ ဘယ္လိုမ်ားေရး......"
ဘယ္ေလာက္ပဲ နာမည္မေခၚခ်င္ဦးေတာ့ သူ႔ပညာအရည္အခ်င္းကို ထိပါးလာေတာ့ ခန႔္ခန႔္မေနသာေတာ့၊ အနားတိုးကာ ခပ္ႀကိတ္ႀကိတ္အသံႏွင့္၊
"မွတ္မိတယ္ဗ်ာ ... မေခၚခ်င္လို႔။ ျပမွာလား၊ မျပဘူးလားသာေျပာ"
"ၿပီးေတာ့မယ္ ခဏေစာင့္"
ရယ္ခ်င္တာလိုလို၊ မရယ္ခ်င္တာလိုလို မပြင့္တပြင့္ အျပဳံးေဆာင္သြားပုံက သိပ္အသည္းယားစရာေကာင္းသည္။ အခြင့္သာတုန္းေတာ့ လုပ္ထားဦးေပါ့၊ ေနာက္ေန႔ေတာ့ မ်က္မွန္ကို မေမ့မေလ်ာ့ယူကိုလာဦးမည္။
သို႔ႏွင့္ ဆရာက ခဏအနားေပးထားခဲ့ခ်ိန္မွ ခန႔္ခန႔္ ထိုလူႀကီးစာအုပ္ထဲကကူးယူရတာ အသည္းအသန္။ အျပင္လည္းမထြက္နိုင္သလို၊ ဂိမ္းေဆာ့ခ်ိန္လည္း မရလိုက္။ စစခ်င္းေန႔က အစိမ္းသက္သက္ျဖစ္ခဲ့ေသာစာမ်ားက သည္လိုလိုက္နားေထာင္ရင္း ေသခ်ာၾကည့္ျဖစ္ေတာ့လည္း စိတ္ဝင္စားစရာေတာ့ အေကာင္းသား။
သူသင္ေနက် 0 ႏွင့္ 1 ပဲပါသည့္ Binary ကိန္းဂဏန္းေတြလိုမဟုတ္။ တြန႔္ကြင္းအဖြင့္အပိတ္ေတြႏွင့္ Program ေရးနည္းေတြလုပ္မဟုတ္။ ကြန္ပ်ဴတာထဲက မျမင္ရသည့္အလုပ္လုပ္ပုံေတြကို စိတ္ကူးႏွင့္လိုက္ေလ့လာမွတ္သားရေသာ ပညာရပ္မ်ိဳးႏွင့္ မတူျခားနားစြာ လက္ေတြ႕ဆန္သည္။
McDonald's တို႔၊ Walmart တို႔လို အဖြဲ႕အစည္းေတြ၏ စနစ္တက်လုပ္ကိုင္ပုံ၊ ၾကဳံခဲ့ရသည့္ လက္ေတြ႕ျဖစ္ရပ္တို႔ကို နည္းနမူနာယူကာ သင္ျပေပးသည္။ ထိုလုပ္ငန္းအေၾကာင္းအရာတို႔ႏွင့္ယွဥ◌္ကာ သီအိုရီျဖစ္ရပ္တို႔ကို သင္ၾကားေပးပုံမ်ိဳးပင္။
"အင့္ ... ၿပီးၿပီ"
နားခ်ိန္ျပည့္သြားလို႔ အတန္းထဲျပန္ဝင္လာေသာ ထိုလူႀကီးအား ခန့္ခန့္ စာအုပ္ထိုးေပးလိုက္သည္။ အေပၚတြင္လည္း သင္တန္းကအလကားခ်ေပးထားသည့္ အဝါေရာင္ခ်ိဳခ်ဥ္တစ္လုံးႏွင့္။
"ခ်ိဳခ်ဥ္က..."
"စာအုပ္ငွါးေပးလို႔"
"ဟင္း ကေလးကလား"
လာျပန္ပါၿပီ သည္မပြင့္တပြင့္အျပဳံး။ ခန႔္ခန႔္လည္း အလွူလက္ဖက္ႏွင့္ မ်က္ႏွာလုပ္သလိုျဖစ္ေနေပမဲ့ ခပ္တည္တည္ပင္။ သူ႔မွာေပးစရာ ေကၽြးစရာလို႔ ဘာမွမပါ။ ပါျပန္ရင္ေတာင္ ထိုလူႀကီးလို လူခ်မ္းသာအတြက္ ခုနကလို ရယ္စရာပဲျဖစ္ေနမွာပင္။
သည္လိုႏွင့္ အတန္းၿပီးလို႔ ခန့္ခန့္ အျပင္ထြက္လာေတာ့ မိုးသားမ်ား အုံ႔မွိုင္းလို႔ေနသည္။ ပတ္ပတ္လည္ မည္းေမွာင္ေနပုံက ေနရာလြတ္ပင္မက်န္ေစရ။ ငွက္မ်ားဝယ္ မညီမညာ တဝဲဝဲပ်ံသန္းေနၾကၿပီး လူသူမ်ားမွာလည္း အေျပးအလႊားႏွင့္ ဒုန္းစိုင္းသြားေနၾကဟန္တူသည္။ ေသခ်ာေပါက္ မိုးရြာေတာ့မည္ေၾကာင့္ပင္။
'သြားပါၿပီ' ဟူေသာ ေနာင္တရသည့္စကားလုံးမွာ ခန႔္ခန႔္ႏွုတ္မွ တိုးတိုးတိတ္တိတ္ လၽွံထြက္ၾကလာသည္။ ထီးယူရမွာပ်င္းသည့္သူအဖို႔ သည္ေန႔ေတာ့မိုးမိမည္လားမသိ။ Taxiငွါးျပန္ဖို႔လည္း ပိုက္ဆံကမက်န္၊ သင္တန္းလာကတည္းက ပါလာသမၽွပိုက္ဆံအကုန္ iTunes ထဲ ထည့္ပစ္လိုက္သည္။ အိတ္ထဲ ဟိုသည္ျပန္စမ္းၾကည့္ေတာ့ ဘတ္စီးဖို႔ခ်န္ထားသည့္ ၁၂၀၀သာ ရွိေတာ့၏။
'ဂ်ိမ္း!!'
ပိုက္ဆံေလးလက္ထဲကိုင္ကာ ေတြေဝေနခိုက္ မိုးၿခိမ္းသံက်ယ္က်ယ္က ထြက္ေပၚလာသည္။ ခုနက ခပ္ညႇင္းညႇင္းရွိေသာ ေလအဟုန္ကလည္း ခုမူေတာ့ တျပင္းျပင္းႏွင့္။ တစ္ပင္၊ ႏွစ္ပင္သာရွိေသာ သစ္ပင္ကကိုင္းတို႔ပင္ တဖ်စ္ဖ်စ္ႏွင့္ ျမည္ေလေအာင္ ေလကၾကမ္းလာသည္။
မိုးပါတစ္စတစ္စ က်လာခ်ိန္တြင္ မျဖစ္ေခ်ေတာ့။ ပိုက္ဆံမေလာက္လည္း ဘတ္စ္စီးျပန္လၽွင္ျဖစ္တာမို႔ အနည္းငယ္လွမ္းသည့္မွတ္တိုင္ဆီ သုတ္ေခ်တင္ေျပးရေတာ့ေလ၏။
.....................
သင္တန္းအဆင္း ကားေပၚတက္သည္ႏွင့္ ေဇယ်ာ့ကားမွန္ေပၚ မိုးေပါက္တို႔ လြင့္စင္လာသည္။ မွန္ျပင္တဆင့္ အေပၚကိုေခါင္းေစာင္းၾကည့္ေလေတာ့ မိုးတိမ္မည္းေတြက ကမၻာႀကီးကိုဝါးၿမိဳေတာ့မတတ္ ႀကီးစိုးေနေခ်ၿပီ။ အခ်ိန္အခါမဟုတ္ မိုးရြာမည္ဟူေသာမွန္းခ်က္က ဟုတ္ပုံရသည္။
ကားစက္ႏွိုးလိုက္ရင္းက မိုးစက္မိုးေပါက္ေတြ ပိုက်လာေတာ့ ေဇယ်ာ တစ္ခ်က္ျပဳံးမိသည္။ မိုးရာသီမွာေမြးလို႔ပဲလားမသိ မိုးရြာလၽွင္ ကေလးတစ္ေယာက္လို ေပ်ာ္မိသည္။ မိုးစက္ေတြအား ေငးၾကည့္ေနရသည္ကို သေဘာက်သည္။ စိတ္ကူးေလးေတြ ဟိုလြင့္သည္လြင့္ႏွင့္ အေတာမသတ္နိုင္ျဖစ္ရသည္ကို ေက်နပ္မိသည္။
ေတြးရင္း ေခါင္းတစ္ခ်က္ရမ္းကာ ကိုယ့္ကိုယ္ကိုယ္ သေရာ္မိျပန္ပါ၏။ မိုးရြာတိုင္း စိတ္ကူးေတြႏွင့္ေပ်ာ္ေနရေအာင္ သူသည္ဆယ္ေက်ာ္သက္လည္းမဟုတ္။
သင္တန္းမွထြက္လာၿပီး မိုးကတျဖည္းျဖည္းသည္းလာၿပီမို႔ Wiper ဖြင့္ကာ ကားကိုေျဖးေျဖးမွန္မွန္ ေမာင္းလာခဲ့သည္။ ထိုအခိုက္ ေဇယ်ာ့ျမင္ကြင္းထဲ ဝင္လာသည္က ေက်ာပိုးအိတ္ကိုေခါင္းေပၚရြက္ကာ ေျခစုန္ေပါက္ေျပးေနေသာ အတန္းထဲကခ်ာတိတ္ပင္။
သည္ေလာက္မိုးေတြသည္းေနတာကို တစ္ေနရာရာမိုးခိုၿပီး Taxi ေခၚတာလည္းမဟုတ္။ ဖုန္းထဲကေနေခၚရင္ေတာင္ မခက္ေတာ့သည့္ေခတ္ႀကီးမွာ သည္ေကာင္ေလး ကားငွားလို႔ရသည္ကို မသိဘဲမေနပါ။ လူပုံစံလည္း အခုေခတ္ကေလးေတြလို လည္လည္ဝယ္ဝယ္ရွိပါလ်က္ႏွင့္ မိုးေရထဲေျပးေနရတယ္လို႔။
ေဇယ်ာ ခဏေမွးလိုက္ၾကည့္ေနရင္း စိတ္ထဲေတြးမိသည္က 'မဟုတ္မွ ... သည္ေကာင္ေလး ကားမွတ္တိုင္ေရာက္သည္ထိ ဒီတိုင္းေျပးမလို႔မ်ားလား'
ေတြးေနရင္း မိုးစက္ေတြက မိုးသီးမိုးေပါက္တို႔အသြင္ ေျပာင္းလဲသည္းထန္လာသည္။ တစ္ဆင့္သာဖြင့္ထားေသာ ကားမွန္သုတ္သည့္ Wiper သည္ပင္လၽွင္ မိုးေရတို႔ကို အလ်င္မီေအာင္ ဖယ္ရွားမေပးနိုင္ေတာ့။ ေဆာင္းရာသီရြာသည့္ အခ်ိန္အခါမဟုတ္မိုးမွာ ထင္တာထက္ပိုေအးစက္ေနမည္ထင္သည္။ ကားမွတ္တိုင္လည္း ေဝးေနေသးတာမို႔ာေဇယ်ာမေနသာေတာ့ပဲ ေကာင္ေလးေျပးေနသည့္ Platform နား ကပ္ေမာင္းကာ ေအာ္ေခၚရေခ်ေတာ့၏။
"ေဟး ... စိုင္းမင္းခန့္၊ စိုင္းမင္းခန့္"
မိုးသံေတြၾကား ခပ္က်ယ္က်ယ္ေအာ္ေခၚပါမွ ထိုေကာင္ေလးက လွည့္ၾကည့္ရင္း ေမးေငါ့ျပလာသည္။ သူသည္ေခၚတာေတာင္ အေျပးမပ်က္၊ ေဇယ်ာလည္း ကားကိုလီဗာမနင္းဘဲ ေကာင္ေလးႏွင့္အၿပိဳင္ တေရြ႕ေရြ႕သာ။
"မိုးခိုၿပီး Taxi မငွါးဘူးလား၊ ဒါမွမဟုတ္ လိုက္ပို႔ရမလား"
"ေတာ္ၿပီ ရတယ္၊ ဘတ္စ္နဲ႔ပဲျပန္မွာ"
Taxi ငွားေနရင္ၾကာမွာစိုး၍ လိုက္ပို႔ရမလားဟုေမးတာေတာင္ သည္ေကာင္ေလးေျဖခ်လိုက္သည္က ဘတ္စ္နဲ႔ပဲျပန္မွာတဲ့ေလ။ ပထမဆုံးေန႔က သူမာန္ထားေတာ့ ကားေပၚလိုက္စီးရမွာအတြက္ မာနမ်ားထားေနသည္လား။
"မဟုတ္ဘူးေလ၊ ဒီေလာက္စိုေနတာ မွတ္တိုင္ေရာက္ဖို႔လည္းလိုေသးတယ္။ လာပါ ကားေပၚတက္"
"ေတာ္ၿပီဆို၊ ရတယ္ သြား ... သြား"
မိုးစက္ေတြႏွင့္အတူ လြင့္စင္လာေသာ ေကာင္ေလးအသံေၾကာင့္ ေဇယ်ာ့စိတ္ထဲ ေထာင္းခနဲ။ မိုးေရေတြၾကား ကိုယ္ပါအစိုခံၿပီး သည္ေလာက္ေခၚေနတာကို ဇြတ္ျငင္းတာမို႔ ေဇယ်ာ စိတ္ကသိကေအာက္ ျဖစ္မိတာအမွန္ပင္။
သူဆူထားလို႔ မာနထားတယ္ဆိုဦးေတာ့ ဒါသည္တလြဲမာနလို႔ပင္ ဆိုသာမည္။ အေရးအေၾကာင္းဆိုလၽွင္ ျဖစ္သင့္တာကိုပဲ ေရြးခ်ယ္ရမည္ဟု သူကယူဆသည္။ တကယ္ဆို သူေခၚေပးတာေတာင္ ေက်းဇူးတင္ရဦးမည္မလား။ သူငယ္ခ်င္းျဖစ္သည့္ ထက္ျမက္ေတာင္ တင္မစီးသည့္ သူ႔၏တံခါးႏွစ္ေပါက္သာပါေသာကားေပၚသို႔ ဘယ္သူ႔မွလိုက္အစီးခံတာမ်ိဳးမဟုတ္ေခ်။
သူ ႏွစ္ခါျပန္ ခခယယေခၚလို႔ၿပီးၿပီမို႔ မလိုက္ခ်င္လည္း ထပ္ေခၚမေနေတာ့။ ကိုယ့္ဘာသာ အပူအပင္ကင္းကင္းပဲ သြားလိုက္မည္။ ဟိန္းေဇယ်ာဆိုသည့္သူက ဘယ္သူ႔ပူေနရမွာလဲဟု စိတ္ေပါက္ေပါက္ႏွင့္ေတြးရင္း ကားကိုအရွိန္ျမႇင့္ကာ ေမာင္းထြက္လာခဲ့ေတာ့၏။
...................
ထိုေန႔ည ၂နာရီ။
တိတ္ဆိတ္ေနေသာ အခန္းငယ္တြင္ ညည္းညဴသံသဲ့သဲ့ကေလး ထြက္ေပၚေန၏။ အခန္းမီးေရာင္ဖ်ဖ်တြင္ အရာရာက ဆိတ္ၿငိမ္လ်က္ရွိေသာ္လည္း အိပ္ရာထက္က ေကာင္ကေလးကေတာ့ ဂြင္းေစာင္ထဲမွ ခ်မ္းခိုက္ကာ တုန္ရင္လ်က္ရွိသည္။ ဟိုဖက္လွိမ့္လိုက္၊ သည္ဖက္လွိမ့္လိုက္ႏွင့္ ခ်မ္းခိုက္ေနေတာ့ လူကတဆစ္ဆစ္ႏွင့္ အိပ္မရေခ်။
သင္တန္းအျပန္က မိုးမိခဲ့သည့္အျဖစ္၏ အက်ိဳးဆက္ေတြပင္ ျဖစ္သည္။ ခန့္ခန့္တစ္ေယာက္ အိမ္ျပန္ေရာက္ကတည္းက အဆူလည္းခံရသည္။ မုန့္္ဖိုးေပးထားရက္ႏွင့္ Taxi ငွားမျပန္ခဲ့ရေကာင္းလားဟူ၍တစ္မ်ိဳး၊ ထီမေဆာင္သြားလို႔တစ္ဖုံ၊ မိုးအမိခံၿပီး ႂကြက္စုတ္ျဖစ္လာတာကို ဂ႐ုစိုက္တာထက္ ဆူတာကမ်ားခဲ့သည္ ေမေမပင္။
သူလည္း မိုးမိၿပီးဖ်ားေတာ့မ်ိဳးေတာ့ ဘယ္ျဖစ္ခ်င္ပါမည္နည္း။ အခ်ိန္အခါမဟုတ္ မိုးထရြာေတာ့ ေနာက္ဆုံးလက္က်န္ ၁၂၀၀ ကိုကိုင္ရင္း ေတြေဝခဲ့ရသည့္သူ႔အျဖစ္ကို ျပန္ေတြးၾကည့္လၽွင္ သနားစရာပင္ ေကာင္းေသးသည္။
အတန္းထဲက ဟိုလူႀကီးကလည္း သူ႔ကားအေကာင္းဆုံးႀကီးႏွင့္ေတာ့ လိုက္ပို႔ေပးရမလားေခၚပါ၏။ သို႔ေသာ္ ဘယ္ေလာက္ပဲ မိုးမိေစဦးေတာ့ သူမ်ားကားေပၚလိုက္စီးၿပီး ေက်းဇူးေႂကြးအတင္မခံခ်င္ပါ။ သူ႔ကိုဆူထားသည့္ အဲ့လူႀကီးဆို ပိုေတာင္ဆိုးေသးသည္၊ ဂ်စ္တယ္ပဲေျပာေျပာ မာနက မိုးမိတာထက္ ပိုအေရးႀကီးတာပဲမလား။
သို႔ေပမဲ့ ထမင္းစား၊ ေဆးေသာက္ၿပီး အိပ္တာေတာင္ အခုေတာ့သူဖ်ားေနေခ်ၿပီ။ နဂိုထဲက ကိုယ္ခံအားနည္းသူမို႔ ခ်မ္းစီးစီးရာသီတြင္ မိုးမိေလေတာ့ ေျပာမျပတတ္ေအာင္ ခံရခက္ေန၏။ ရွူရွိုက္မိသည့္ ဝင္သက္၊ ထြက္သက္တိုင္းက အပူေငြ႕ေတြ ဖုံးလႊမ္းေနသည္။ နားထင္ေၾကာတို႔ကမူ တဆစ္ဆစ္ႏွင့္။ ကိုယ့္ကိုယ္ကိုယ္ အဖ်ားတက္ေနၿပီမွန္း သိေသာ္လည္း မလွုပ္ခ်င္ေလာက္ေအာင္ ေညာင္းကိုက္ေနေသာခႏၶာကိုယ္က ထဖို႔ပင္အားမရွိေတာ့ေခ်။
ထိုအက်ိဳးဆက္၏ ေနာက္ဆက္တြဲမွုကား ေနာက္တစ္ေန႔မနက္တြင္ ေဆး႐ုံေရာက္သည္ထိ ျဖစ္သြားခဲ့ေလသည္။
..................
"ေဒါက္တာမ်ိဳး သားအေျခအေနေလး"
ခပ္တိုးတိုးေမးလိုက္ေသာ ေဒၚမိမိနိုင္အသံက အနည္းငယ္တုန္ရင္ေနသည္။
"သိပ္စိတ္မပူပါနဲ႔ဗ်ာ။ လိုအပ္တဲ့ေဆးေတြ အကုန္သြင္းေပးၿပီးပါၿပီ။ ဒီကေလး ညကမအိပ္ရဘူးထင္တယ္၊ ေရာက္လာကတည္းက ေဆးရွိန္နဲ႔မွိန္းၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေနတာ၊ ခဏေန နိုးလာေတာ့မွာပါ"
ေဆာင္းဦးပိုင္းမွာ သားေဆး႐ုံျပန္တက္ရ၍ မိခင္ခမ်ာ ရင္တြင္းေသာကေတြ မ်ားေနရေလ၏။ ငယ္ကတည္းက ေသးေသးေကြးေကြးႏွင့္ ကိုယ္ခံအားနည္းေတာ့ တစ္ခုခုတိမ္းေစာင္းတာႏွင့္ ဖ်ားတတ္သည္က သားျဖစ္သူအတြက္ အက်င့္တစ္ခုလို။ ျဖစ္လိုက္လၽွင္လည္း အပူတက္၊ အဖ်ားႀကီးသည္က ယခုအခ်ိန္ထိ အသည္းအသန္ပင္။
"ေက်းဇူးပါ ေဒါက္တာရယ္။ ေျမးေလးက တစ္မနက္လုံး ကေယာင္ကတမ္းေတြပဲညည္းၿပီး အပူလည္းလုံးဝမက်ေတာ့ စိတ္ပူၿပီး ေျပးလာရျပန္ပါေရာ။ မနက္ေစာေစာ ဒုကၡမေပးခ်င္္ေပမဲ့ အရင္တစ္ခါလို သတိလစ္သြားမွာစိုးလို႔"
ေဒၚမိမိနိုင္္စိတ္ပူသလို အဘြားျဖစ္သူလည္း အၿငိမ္ထိုင္မေနခဲ့နိုင္ပါ။ လူႀကီးသုံးေယာက္လုံး ေဆး႐ုံပါလာၿပီး ခင္မင္ေနက် ေဒါက္တာကိုဖုန္းဆက္ၿပီး အပူကပ္ရေတာ့တာပင္။
"အဘြားေျမးက ဖ်ားတတ္ေပမဲ့ ၿပီးရင္ လန္းလန္းဆန္းဆန္းျပန္ျဖစ္တာ ျမန္ပါတယ္။ ၿပီးရင္ဒီေကာင္ေလး တအားစားတာပဲဟာ"
"ဟုတ္ပါတယ္ေလ။ ကဲ ေက်းဇူးပါ ေဒါက္တာ၊ မနက္ေစာေစာ အလုပ္ရွုပ္ရျပန္ၿပီ"
'မဟုတ္တာဗ်ာ' ေျပာၿပီး ေဒါက္တာထြက္သြားေတာ့မွ လူႀကီးသုံးေယာက္သား အခန္းငယ္ေလးတြင္ ျပန္ထိုင္မိၾကသည္။ သူတို႔တြင္လည္း သားတစ္ေယာက္ကိုပူသည့္စိတ္ေၾကာင့္ ေရာက္ကတည္းက ကပ်ာကယာေျပးရလႊားရမို႔ အခုမွပဲ ထိုင္ေနၾကသည့္အျဖစ္။
"ေတာ္ေသးတာေပါ့ေအ ဘုရား၊ သိၾကားမေပလို႔ ငါ့ေျမးေလးဘာမွသိပ္မျဖစ္တာ"
"ေမေမရယ္ သမီးေပးတဲ့ပိုက္ဆံေတြနဲ႔ Taxi စီးျပန္လာရင္ ဒီလိုျဖစ္မွာကိုမဟုတ္ဘူး။ နိုးလာမွ အဲ့ပိုက္ဆံေတြ ဘာလုပ္ပစ္လဲ ေမးရဦးမွာ"
"ကဲပါ ေမႀကီးရယ္၊ စိတ္ကိုေလၽွာ့ပါ။ ေနမေကာင္းတဲ့ဟာကို ေနာက္မွေအးေဆး ေမးလည္းရတယ္။ လာ .. ထိုင္ဦး၊ နိုးသြားပါဦးမယ္"
ငယ္ငယ္ထဲက အဖ်ားႀကီးလၽွင္ သတိေမ့သည္ထိရွိဖူးတာမို႔ ေဒၚမိမိနိုင္မွာ စိတ္ပူသည့္အေလ်ာက္ ေဒါသကလည္းျဖစ္ရွာသည္။ တစ္ကိုယ္လုံး ပူက်က္ေနသည့္သားကို ေငးလည္းမဆုံးနိုင္။ နဖူးတြင္ဝဲက်ေနေသာ ဆံရစ္တခ်ိဳ႕ကို အေပၚသို႔သပ္တင္ရင္း ေခါင္းမာသည့္သားျဖစ္သူအား နိုးလာလၽွင္ ဘယ္လိုဆုံးမရေတာ့မည္ကို ေတြးစိမ့္လ်က္ရွိသည္။
သူမွန္တယ္ထင္လၽွင္ ေနာက္မဆုတ္တတ္သည့္စိတ္ဓာတ္က မိခင္ကိုတူသည္ပဲလားမေျပာတတ္။ Taxi ဖိုးဘယ္ေလာက္ေပးေပး ဘတ္စ္ႏွင့္ပဲ သြားလာေနတတ္တာကို ေျပာမရတတ္ေပ။ ကားေပးဖို႔က်ျပန္ေတာ့လည္း ၁၉ႏွစ္စြန္းစြန္းသာရွိေသးသည့္သားကို စိတ္မခ်နိုင္။ သားသူငယ္ခ်င္း ခန႔္ကိုကိုေတာ့ သူ႔အေမက ကားေပးထားေလၿပီ။ သားကိုေရာ ေပးထားသင့္ၿပီလား။
မျဖစ္ေသးပါေခ်။ လက္ထဲပိုက္ဆံမ်ားမ်ားကိုင္မိၿပီး ကားကေလးမ်ားေပးထားလၽွင္ ထိန္းမရနိုင္ေအာင္ ပ်က္စီးသြားမွာလည္း စိုးထိတ္ရျပန္သည္။ အခုေန လိမၼာတယ္ဆိုေသာ္ျငား ၁၉ႏွစ္ဆိုတာ ပ်က္စီးသြားနိုင္ဖို႔ အရြယ္ေကာင္းေလးပဲမလား။
ဟူး ... ပူပန္စရာတခ်ိဳ႕ႏွင့္ ေဒၚမိမိနိုင္္တစ္ေယာက္ခမ်ာ နံရံကပ္ခုံကေလးတြင္ သားအေၾကာင္း ေတြးတစိမ့္စိမ့္။
..........................
တနဂၤေႏြေန႔၏ သင္တန္းအခန္းအတြင္း ဆရာဝင္မလာခင္ အခ်င္းခ်င္းတြတ္ထိုးသံေတြ ညံေဝေနသည္။ ေဘးခ်င္းကပ္ထိုင္ၾကသူခ်င္း ေျပာၾကသလို၊ ေရွ႕ေနာက္လွည့္ရယ္ေမာေနၾကသူမ်ားမွာလည္း အခန္းတြင္းအလၽွံအပယ္ပါေပ။ ကေလးေတြမဟုတ္ေတာ့ေသာ္ျငား အတန္းတြင္အခ်င္းခ်င္း စကားေျပာ၊ စေနာက္တတ္ၾကသည့္အက်င့္က လူႀကီးျဖစ္သည့္တိုင္ မေပ်ာက္ပ်က္သြားတတ္တာကို ဟိန္းေဇယ်ာ လိုက္စူးစမ္းေနမိသည္။ ကေလးေတြက ႂကြက္ႂကြက္ညံေအာင္ဆူေပမဲ့ လူႀကီးေတြကေတာ့ တစ္ဦးခ်င္းၾကား႐ုံေလာက္သာ တြတ္ထိုးၾကတာေတာ့ ကြာျခားပါ၏။
ပထမဆုံးေပးလိုက္သည့္ Assignment ကလည္း စိတ္ဝင္စားစရာေကာင္းလွသည္မလား။ ဆရာက မိမိႏွင့္နီးစပ္သည့္ ျမန္မာနိုင္ငံမွအဖြဲ႕အစည္းတစ္ခု၏ ဖြဲ႕စည္းပုံကို Chart ႏွင့္အေသးစိတ္ဆြဲခိုင္းခဲ့တာျဖစ္သည္။ ဒါကို အခ်င္းခ်င္းဖလွယ္ၾကည့္ၾကရင္း မတူညီသည့္အေတြးအေခၚေတြကို ျပန္ေျပာင္းေျပာေနၾကတာပင္။
သို႔ေပမဲ့ ေနာက္ဆုံးတန္းက ဟိန္းေဇယ်ာမွာမူ ထိုသို႔ေျပာစရာလူမရွိေပ။ ေရွ႕တန္းေတြက အမ်ားသူငွာကို ေတာင္ေတာင္ဤဤေငးရင္း ေဘးလွည့္ၾကည့္ေတာ့ ခ်ာတိတ္က မလာေသးေပ။ ဆရာဝင္မလာေသးလို႔သာ၊ တကယ္ဆို အတန္းစခ်ိန္က ဆယ္မိနစ္ေတာင္ လြန္ေနၿပီးၿပီပင္။ ထုံးစံအတိုင္း ေနာက္မ်ားက်ေနသလား၊ ဒါမွမဟုတ္ Assignment မၿပီးလို႔ အတန္းလစ္ေလသလား။ မၿပီးရေအာင္လည္း ေပးလိုက္သည့္ Assignment က ထင္သေလာက္မွမခက္ေလဘဲ။ မေန႔ကေတာင္ သူ႔ဆီကစာအုပ္ငွား ကူးသြားသည္ပဲေလ။
မေန႔က ... အင္း၊ မေန႔ကဆိုမွ မိုးရြာႀကီးထဲ သူလိုက္ပို႔မည္ဟု မွန္ခ်ေခၚတာကို ျငင္းၿပီးေျပးသြားသည့္ ခ်ာတိတ္၏ပုံရိပ္ကို ျပန္ျမင္ေယာင္လာျပန္သည္။ ဘယ္ေလာက္စိတ္တိုစရာ ေကာင္းလိုက္သလဲ။ တကယ္ဆို မိုးေရအစိုခံၿပီး ေခၚသည့္သူ႔ေစတနာကို အသိအမွတ္ျပဳကာ လိုက္သင့္သည္ပဲေလ။ ဒါကို ေဘာက္ဆတ္ဆတ္ျပန္ေျပာသည့္ ထိုမာနခဲေလးအား ဟိန္းေဇယ်ာ အျမင္ထပ္မၾကည္ခ်င္ေတာ့ျပန္ပါ။
တကယ္ဆို တံခါးႏွစ္ေပါက္ပဲပါသည့္ သူ႔ Mercedes-Banz ကားေလးေပၚသို႔ ဘယ္သူမွတင္တတ္သည္မဟုတ္။ သူစိမ္းမေျပာႏွင့္၊ ထက္ျမက္လို သူငယ္ခ်င္းအရင္းႀကီးေတာင္ တင္စီးျဖစ္တာမဟုတ္။ ႏွစ္ေယာက္ထိုင္ေလးစဝယ္ျဖစ္ကတည္းက တစ္ေန႔ တကယ္ခ်စ္တဲ့သူေတြ႕လၽွင္ အတူတူစီးမည္ဟု စိိိတ္ကူးကေလးရွိဖူးတာပင္။
ဒါကို မေန႔ကမိုးေရထဲ လြယ္အိတ္ေခါင္းေပၚတင္ ေျပးေနရသည့္ခ်ာတိတ္ကို မၾကည့္ရက္၍ လိုက္ပို႔မည္ေျပာမိခဲ့သည္။ တကယ္ေတာ့ သူ႔အမွားပင္။ အသက္ႏွစ္ဆယ္ေတာင္ မျပည့္ေသးသည့္ခ်ာတိတ္က ႀကီးႀကီးက်ယ္က်ယ္ရယ္ႏွင့္။ စာေတြလည္း ေလတစ္လုံး၊ မိုးတစ္လုံးေျပာကူးသြားၿပီး အခုေတာ့ေက်ာင္းလစ္သြားၿပီထင္၏။
ဟိန္းေဇယ်ာ နံေဘးခုံကိုေငးရင္း မ်က္ခုံးတြန႔္ေတြးေနခိုက္ ကၽြီခနဲ တံခါးသံၾကားလိုက္ရသည္။ ဘာရယ္မဟုတ္ ခ်ာတိတ္ဝင္လာသလားဆိုသည့္ အေတြးေၾကာင့္ ေမာ့ၾကည့္လိုက္မိတာ ဆတ္ခနဲ။
ဆံပင္ခပ္ပါးပါး၊ မ်က္ႏွာျပည့္ျပည့္ႏွင့္ သူတို႔ဆရာျဖစ္ေနသည္။ အတန္းသားအားလုံးလည္း စကားေျပာေနၾကရာက ခ်က္ခ်င္းၿငိမ္က်သြားေလၿပီ။ ဟိန္းေဇယ်ာသည္လည္း အေတြးမ်ားမေနေတာ့ဘဲ ဆရာ့အေျပာတြင္သာ အာ႐ုံစိုက္ထားလိုက္ေတာ့၏။
ထိုခ်ာတိတ္ကေတာ့ အတန္းခ်ိန္ၿပီးသည္ထိ ဝင္မလာခဲ့ပါေခ်။
(7/9/2020)
••••••••••••••••••••••••••••••••••••••••••••
Bạn đang đọc truyện trên: Truyen3h.Co