Truyen3h.Co

နှောင်ကြိုး

Part - 31

Fi_Lay


<Unicode>

ညနေခင်းနေရောင်က တအိအိနှင့် ကျဆင်းနေချေပြီ။ မီးဖိုခန်း၏ပြတင်းဆီမှ ဝင်လာနေသောနေရောင်က တဖြည်းဖြည်း ပျောက်ကွယ်လုလေပြီ။ သို့သော် အမှောင်အတိကျခြင်းမျိုးမရှိ။ ပတ်ဝန်းကျင်အလင်းရောင်ကတော့ လင်းလင်းထင်းထင်းရှိနေသေးတာပင်။

ဆောင်းဦးနေ့ရက်တွေမို့ နေ့တာက ပုံမှန်ထက်တိုလာသည်။ ညနေငါးနာရီကျော်လျှင် နေမင်းက အနောက်ကောင်းကင်ဆီ မေးတင်ဖို့ပြင်လှလေပြီ။ ဒါမို့ ညနေစာချက်ရသော ဒေါ်မိမိနိုင်တို့အဖို့လည်း နေမဝင်ခင်ပြီးအောင် အလောတကြီးသာပင်။ အိမ်တွင် မိန်းမသားက ကူပေးသည့်ကြီးကြီး၊ ဒေါ်မိမိနိုင်ကိုယ်တိုင်နှင့် အမေဖြစ်သူရှိကြသည်။ ကြီးကြီးက ထမင်း၊ ဟင်းဒိုင်ခံချက်ပေးသော်ငြား သူ့ခမျာလည်း အသက်ကြီးပြီမို့ သားအမိတွေက အားရင်အားသလို ကူဖြစ်ကြသည်။

အောက်တိုဘာ၊ နိုဝင်ဘာသည် တက္ကသိုလ်ကျောင်းများ ပိတ်ထားသည့်လတွေဖြစ်တာမို့ ကျောင်းဆရာမ ဒေါ်မိမိနိုင်အဖို့ မနက်၊ နေ့လယ်လောက်သာ ကျောင်းသွားရတတ်သည်။ အခုလို ညနေပိုင်းဆိုလျှင်တော့ မီးဖိုခန်းကောင်းကောင်းဝင်နိုင်သည်ထိ အချိန်လုံလုံလောက်လောက်ရှိတာပင်။

"ပင်စိမ်းရှိသေးလား အမေ၊ အိုးချခါနီးလေး အုပ်ရအောင်"

"အေး နေဦး၊ မနက်ကတွေ့တယ်။ ဟဲ့ ... ဪ ဘယ်လိုဖြစ်နေလဲ ငါ့မြေးရယ်၊ တစ်ညနေလုံး မီးဖိုထဲကမထွက်ဘူး။ မိမိနိုင်. .. ညည်းသားဘာဖြစ်နေတာလဲ။ မလုပ်စဖူးတွေ လာလုပ်နေတာ ရှုပ်ရှက်ခတ်ကုန်ပြီ"

"ညကျရင် သူလိုချင်တာတောင်းမှာမို့ မျက်နှာချိုသွေးနေတာနေမှာပေါ့"

ခန့်ခန့် လှစ်ခနဲသာ ပြုံးမိသည်။ သူကလည်း ပြောချင်စရာပင်။ အခါတိုင်းဆို လက်ကလေးလျှိုပြီး ထမင်းဝင်စားတတ်သူက ခုတော့ ထမင်းစားခန်းထဲတွင် ပျာယာခတ်နေလေခြင်း။ ညနေအစောပိုင်းကတည်းက လူကြီးတွေကို မျက်နှာလုပ်ချင်ဇောနှင့်သာ ဟင်းကူချက်နေရသည်။ လူကဘာမှမလုပ်တတ်။

ကြက်သားနှင့်ရောမည့် အာလူးသေးသေးတို့အား အခွါနွှာပေးသည်။ အခွံပါးပါးထက် အသားအချပ်လိုက်တို့သာ ပါလာသည်မို့ နွှာရတာကအဆင်မပြေပြန်။ သို့နှင့် ကြီးကြီးထောင်းလက်စ ငရုတ်ဆုံကို ဟန်ပါပါကိုင်ကာ အားကုန်ပစ်ထောင်းပေးသည်။ သို့ပေမဲ့ ကူညီပြီးမကြာလိုက်၊ အသားအရည်များ ရဲစပ်ပြီး မျက်ရည်ပူများကျလာ၍ မျက်နှာသွားသစ်ပစ်ရပြန်ပါ၏။

မျက်နှာရလိုရငြား မလုပ်တတ်၊ လုပ်တတ်နှင့် ကူညီသော်လည်း အရာမရောက်လှပါပေ။ ကြီးကြီးက 'ခန့်ခန့်ရယ် သားကူမှ မီးဖိုချောင်တစ်ခုလုံး ရှုပ်ပွနေပြီ၊ ထိုင်နေနော်' ဟု ဆိုလာသည်။ အမေနှင့်အဘွားဖြစ်သူကလည်း လက်မြှောက်နေကြ၏။

သို့ပေမဲ့ ခန့်ခန့်  လက်မလျှော့ပါ။ ထမင်းဝိုင်းပြင်နေပြီဖြစ်သည့် ဒေါ်မိမိနိုင်တို့ သားအမိကို သွားကူပြန်သည်။ ပေါင်းအိုးထဲမှ ထမင်းဖွေးဖွေးတို့အား ပန်းကန်ထဲထည့်နေသည့်အဘွားထံမှ ဇွန်းကိုလုယက်ကာ သူကထည့်သည်။ ပြီးလျှင် ဇွန်းမတပ်ရသေးသည့် ဟင်းပန်းကန်များအား အစီကျဇွန်းတပ်ရန်ပြင်သည်။ လုပ်ချင်စိတ်များနေသော်လည်း ဟင်းရည်သောက်သည့် ဇွန်းအကြီးက ရှာမတွေ့။

ပန်းကန်စင်အား မွှေရပြန်ပါသည်။ အတန်အသင့်ကျယ်သော ထမင်းစားခန်းလေးမှာ သူဝင်ပါမှ ကျဉ်းသယောင်ဖြစ်လာသည်။ လူချင်းတိုးတိုက်နေရသည်။ ခေါင်းချင်းမဆိုင်မိရန် ရှောင်နေကြရ၏။

"ကဲ ... ကဲ ထိုင်ပါတော့ဟယ်၊ ငါ မျက်စိတွေနောက်လှပြီ ခန့်ခန့်ရယ်"

စိတ်မရှည်သည့်အသံနှင့် အမေဖြစ်သူငေါက်နေပြီမို့ ခန့်ခန့် ထိုင်နေလိုက်ရတော့၏။ မကြာမီတွင် ဦးမင်းဟန်ပါဝင်လာပြီး ညစာကို မိသားစုထမင်းလက်ဆုံ စားကြသည်။ စားသောက်နေခိုက်တော့ ခန့်ခန့် ဘာမှစကားမဟဖြစ်။ ရေလိုက်ငါးလိုက်သာ နေလိုက်ရသည်။ ညစာစားပြီးမှသာ ဧည့်ခန်းတွင် တီဗွီကြည့်ရင်း၊ အသီးစားရင်းမှ စကားဝိုင်းဖွဲ့‌ ပြောကြတော့သည်။

ခန့်ခန့် သည်အခွင့်ကောင်းကို အသုံးချ၍ လိုချင်တာတောင်းဆိိုရမည်။ အတွေးနှင့်တင် လူက ဂနာမငြိမ်လှ။ မျက်လုံးကလည်း TVတွင်မရှိနိုင်။ အဖေကိုတစ်လှည့်၊ အမေကိုတစ်လှည့် အကဲခတ်နေရသည်။

"ဖေကြီးရေ ... တီဗွီခဏပိတ်လိုက်ပါဦး"

"ဟ ... ကြည့်နေတာကို ဘာလို့တုန်း"

"ဒီမှာ သားတော်မောင် ယောက်ယက်ခတ်နေတာလည်း မမြင်ဘူးလား။ မနေ့ညက အောင်စာရင်းထွက်ထားတော့ ဘာတောင်းချင်နေမှန်း မသိဘူး"

ဦးမင်းဟန်က သားဖြစ်သူကို တစ်ချက်ကြည့်ရင်း မိန်းမအလိုကျ တီဗွီပိတ်ချလိုက်သည်။ ပြဿနာဖြစ်ထားတာလည်း နှစ်လနီးပါးရှိပြီမို့ သားသမီးနှင့်မိဘ အနေအထားက တင်းမာနေခြင်းမရှိတော့။

"ကဲ ပြော ... ဒီနှစ်ဘာလိုချင်တာလဲ။ ဂုဏ်ထူးခြောက်ဘာသာနဲ့ ခုံနံပါတ်လေးဆိုတော့ စျေးကတော့အတော်ကြီးမယ်ထင်တယ်"

ဦးမင်းဟန်ကပြောတော့ ဒေါ်မိမိနိုင်နှင့် အဖွားဖြစ်သူက ရယ်ကြသည်။ ခန့်ခန့်မှာလည်း အခြေအနေကောင်းသည်ဟု ခန့်မှန်းလျက် တွေးထားသည်များကို ဖွင့်ပြောရန်ပြင်လိုက်သည်။

"စျေးမကြီးပါဘူး။ ပြီးတော့ သား ဒီနှစ်တောင်းချင်တာက ပစ္စည်းလည်းမဟုတ်ဘူး။ သားဆန္ဒလေးကို လိုက်လျောပေးဖို့ တောင်းဆိုချင်တာ"

လူကြီးသုံးယောက်မှာ ခန့်ခန့် တောင်းဆိုမည်ဟူသည့်ဆန္ဒကို ရိပ်မိသွားကြ၍ မျက်စိ၊ မျက်နှာပျက်ကုန်ကြသည်။ သို့ပေမဲ့ ခန့်ခန့်ကတော့ သည်တစ်လျှောက်လုံး အားခဲလာခဲ့သည့်သူ့ဆန္ဒတို့ကို ဖွင့်ပြရန် အဆင်သင့်ဖြစ်နေချေပြီ။

"သားနဲ့ ကိုဇေယျာကိစ္စကို ဒီအတိုင်းဘာမှမလေ့လာဘဲနဲ့ သဘောမတူဘူးလို့တော့ မငြင်းကြပါနဲ့။ ဖြစ်နိုင်ရင် ကိုဇေယျာကိုရော၊ သားကိုရော စောင့်ကြည့်ပြီးမှ ရေရှည်ဖြစ်နိုင်၊ မဖြစ်နိုင် ဖေကြီးတို့ ဆုံးဖြတ်စေချင်တယ်။ သား ဒီအတောအတွင်း လိမ္မာခဲ့တာတွေ၊ ကြိုးစားခဲ့တာတွေကို အသိအမှတ်ပြုကြတယ်ဆိုရင် ဒါလေးတော့ လိုက်လျောပေးကြပါဗျာ ... နော်။"

ခန့်ခန့် တစ်နေကုန်၊ တစ်ညလုံး စီထားသည့်စကားလုံးများအား အထစ်အငေါ့မရှိ၊ အဆင်ချောစွာ ပြောနိုင်သွားသည်။ မိဘများပြန်ပြောမည့် စကားအတွက်လည်း မျှော်လင့်တကြီး စောင့်စားနေမိတာဖြစ်၏။

"ဒီမှာ သား ... မင်းရှင်းအောင် ဖေဖေတစ်ခုပဲပြောလိုက်မယ်။ ဖေဖေတို့ သဘောမတူဘူးဆိုတာ မောင်ဇေယျာကို သဘောမကျတာ မဟုတ်ဘူး။ ပုဂ္ဂိုလ်ရေးမပါဘဲ ပြောရမယ်ဆိုရင် မောင်ဇေယျာလို တော်ပြီးထက်မြက်တဲ့ လူငယ်တစ်ယောက်ကို ဖေဖေတို့ အစကတည်းက သဘောကျသားပဲ။ အေး .. ဒါပေမဲ့ သူက ယောကျ်ားတစ်ယောက်ဖြစ်နေတဲ့အတွက် သားနဲ့ သဘောမတူနိုင်ဘူး။ ဇေယျာမှမဟုတ်ဘူးနော် ... ဘယ်ယောကျ်ားကိုမှ ဖေဖေတို့ သမက်မတော်နိုင်တာ"

မျှော်လင့်ထားသည်နှင့်မတူဘဲ ယတိပြတ်ငြင်းချလိုက်သော ဖခင်၏စကားကြောင့် ခန့်ခန့်ခမျာ အရုပ်ကြိုးပြတ်သည့်နှယ်။

ကြိုးစားခဲ့ရသမျှ အချည်းနှီးသာ။ မျှော်လင့်ချက်တို့ကလည်း ရိုက်ချိုးခံလိုက်ရသည်။ ဘယ်လိုကြိုးစားကာမှ သဘောတူနိုင်ကြပါမည်နည်း။

"သားကလည်း ယောကျ်ားတိုင်းကို ကြိုက်နေတာမဟုတ်ဘူး ဖေဖေ။ သား ပထမဆုံးချစ်မိတဲ့သူကိုက ယောကျ်ားလေးဖြစ်နေတာ။ ဒါလေးကို ဖေဖေတို့ နားလည်ပေးလို့ မရဘူးလားဗျာ။ သား သူမရှိရင် အသက်မရှင်ချင်ဘူး"

"စိုင်းမင်းခန့်!"

ဖခင်၏ အော်သံစူးစူးကို ကြားရသည်။ ဒေါသကြောင့် မျက်နှာမှာလည်း နီမြန်းလျက်။ သူအမှန်ကို ပြောလိုက်ခြင်းလေ။ ချစ်သူသာမရှိလျှင် သူ့အတွက် ဘဝကအဓိပ္ပါယ်မရှိနိုင်တော့။ ခွဲခွါဖို့ဆိုသည်က သူ့အတွက် လုံးဝမဖြစ်နိုင်သည့်ကိစ္စပင်။

"မင်း လူကြီးတွေရှေ့မှာတောင် ဒီလိုတွေပြောရဲနေတာလား ဟုတ်လား။ မင်း အတော်ဖြစ်နေပြီလား"

ခန့်ခန့်လည်း သည်းမခံနိုင်တော့ပေ။ မိဘဆိုသည့် ဂုဏ်ပုဒ်ကြောင့် လေးစားသမှုနှင့် သူ ငြိမ်ခံပေးနေခဲ့သည်။ ကလန်ကဆန်ပင် ပြန်မပြောခဲ့သမျှ နောက်ဆုံးတွင် သူ့ဘဝကို ရှင်လျက်နှင့်သေအောင်လုပ်နေကြလေပြီ။

"ဟုတ်တယ် ဖေဖေ၊ သားအတော်ဖြစ်နေပြီ။ သူမရှိရင် သားတကယ်မနေနိုင်တော့ဘူး"

"မင်း!"

"ဖေကြီး ... ဖေကြီး ... စိတ်လျှော့လေ"

ဦးမင်းဟန်က ထိုင်နေရာက ရိုက်မည့်ဟန်ပြု၍ ထလာတော့ ဒေါ်မိမိနိုင်ကဘေးမှ လှမ်းဆွဲရသည်။ ထို့နောက် ယောကျ်ားဖြစ်သူအစား သူကပင် သားကိုဝင်ဖြောင်းဖျရပြန်သည်။

"ခန့်ခန့် မင်းဘယ်လိုဖြစ်နေလဲ။ မင်း ယောကျ်ားယူလို့မရဘူး။ ယူခြင်းယူ မိန်းမပဲယူရမယ်။ ဒါမေမေတို့ဆန္ဒပဲ။ နှစ်ဖက်မျိုးဆက်တော့ လုံးဝအပြတ်မခံနိုင်ဘူး .. သား"

ခန့်ခန့် စုတ်တစ်ချက်သတ်လိုက်သည်။ သူလည်းသည်ကိစ္စအတွက် စိတ်မကောင်း။ သို့သော် သူ့ဘဝကြီး ရင်းပေးရအောင်လောက်ထိ အရေးပါသည့်အရာမဟုတ်ဟူ၍လည်း ထင်သည်။

"ဒီမှာ မေမေ ... ဒါဆို သားက ဒီမျိုးဆက်ကြီး မပြတ်ဖို့အရေး မချစ်တဲ့မိန်းမတစ်ယောက်ကို ကောက်ယူပြီး ကလေးရအောင် လုပ်ပေးရမယ်ပေါ့ အဲလိုလား။ သား တစ်သက်လုံး စိတ်ဆင်းရဲမှာကိုတော့ မေမေတို့ ထည့်မတွက်ကြဘူးပေါ့။ သားဘဝထက် အဲမျိုးဆက်က အတော်အရေးကြီးနေသလား"

ခန့်ခန့် အသံမာမာနှင့် ပြန်ခံပြောတော့ ဦးမင်းဟန် စိတ်တိုပြီး ဝင်ပြောပြန်သည်။

"မင်း မိဘကျေးဇူးကို မဆပ်နိုင်ရင်တောင် ကျေးဇူးကန်းဖို့တော့ မတွေးနဲ့ ... ဟိတ်ကောင်။ ဒီအသက်အရွယ်ထိ မင်းကိုလိုလေးသေးမရှိ ငါတို့ထားခဲ့တာ မင်းအသိဆုံးပဲ။ အဲဒါကို မင်းက မိဘတွေအပေါ် ဒီလိုအာခံပြောပြီး ကျေးဇူးကန်းတော့တာလား"

ခန့်ခန့်၏နားထင်ကို လက်ညှိုးနှင့် ခပ်နာနာထိုးကာ အားပါပါပြောလိုက်သော ဦးမင်းဟန်။

ရင်နာနာနှင့် ခံစားရသော ခန့်ခန့်မှာတော့ အံကိုတင်းတင်းကြိတ်ထားမိသည်။ ဖခင်ပြောပုံအရ သူက ကျေးဇူးကန်းသည့်သား။ သူ့ခံစားချက်ကို နည်းနည်းမှထည့်မတွက်ကြဘဲ ကျေးဇူးတရားဆိုသည့်စကားနှင့် ချုပ်ပြောနေကြသည်မှာ သိပ်ရင်နာစရာကောင်းလှသည်။ ခန့်ခန့်ခမျာ မခံချင်စိတ်နှင့်အတူ လူကတုန်ရီလာသည်။ ခြေ ထောက်တွေကလည်း မခိုင်ချင်တော့။ အသွင်သွင်စီးကျချင်နေသော မျက်ရည်တို့ကို ကျမလာအောင်ထိန်းထားရင်း၊

"သားငယ်ငယ်ထဲက နားလည်ထားတဲ့ မိဘအပေါ် ကျေးဇူးဆပ်တယ်ဆိုတာ အလုပ်အကျွေးပြုတာ၊ အနီးကပ်ပြုစုစောင့်ရှောက်တာတို့လည်း ပါပါသေးတယ်။ ခုတော့ ဖေဖေတို့က သားကို ဒီတစ်ချက်ထဲနဲ့ သိမ်းကျုံးပြီး ကျေးဇူးကန်းတယ်လို့ သမုတ်တယ်။ ပြီးတော့ ဒီကျေးဇူးဆိုတဲ့ စကားနဲ့ပဲ သားတစ်ဘဝလုံးကို ထိန်းချုပ်ကြတော့မယ်။ ဘယ်မှာလဲ .. သားအတွက် စိတ်ချမ်းသာမှုဆိုတာ။ သား တစ်သက်လုံး စိတ်ဆင်းရဲနေလည်း ဖေတို့၊ မေတို့က ခုတိုင်းကြည့်ရက်ကြမှာပဲမလား"

ခန့်ခန့် ဘာကိုမှထိန်းချုပ်မနေဘဲ ဆင်းရဲကြီးစွာ ပြောမိတော့သည်။ အဘွားဖြစ်သူမှာလည်း မြေးမျက်ရည်ကျသည်ကိုမြင်ရတော့ စိတ်မချမ်းသာစွာ ငိုရှိုက်နေ၏။ မျက်ရည်ကြည်တွေ လဲ့လာသော ဒေါ်မိမိနိုင်ကလည်း၊

"သားရယ် ဒီစိတ်ဆင်းရဲရတယ်ဆိုတာက ခဏပါ။ သားက ပထမဆုံးခံစားဖူးတာမို့ သူ့အပေါ်သာယာသွားတာ။ နောက်ကျရင် ဒါတွေမေ့ပြီး သားချစ်တဲ့မိန်းကလေးတွေ ပေါ်လာဦးမှာပဲ။ သားပဲပြောတယ်မလား ... ယောကျ်ားလေးတွေ ကြိုက်တဲ့သူမဟုတ်ဘူးဆို! မေမေပြောတာ ယုံစမ်းပါ သားရယ်။ ခု သားခဏလေးပဲ စိတ်ဆင်းရဲရမယ်။ ပြီးရင် သား ပျော်ရွှင်ရတဲ့ အိမ်ထောင်ရေးတစ်ခု ပိုင်လာရမှာပါ။ မေမေတို့က သားတစ်ဘဝလုံးစာအတွက် အမုန်းခံတားနေတာပါ ... သားရယ်။ ဒါကြီးက သားဘဝမဟုတ်ဘူး၊ ခဏလေးပါ"

စကားတတ်သည့် ဒေါ်မိမိနိုင်ကတစ်မျိုး အချိုသပ်ပြောပြန်သည်။ သို့ပေမဲ့ မိခင်ဖြစ်သူ ချော့ပြောသော်လည်း ခန့်ခန့် နားထဲမဝင်။ ဇေယျာ့အပေါ် ချစ်သည့်သူ့အချစ်မှာ ခဏသာယာတာမဟုတ်မှန်း သူ့ကိုယ်သူ သိသည်။ နက်နက်ရှိုင်းရှိုင်း ချစ်လွန်း၍သာ သည်လိုမိဘတွေနဲ့ အတိုက်အခံပြုနေရခြင်းမလား။ အခုချိန်မှာ စိတ်ကစားတာမဟုတ်ဘဲ တကယ်ချစ်မိနေကြောင်းပြောလျှင်လည်း ယုံကြမည်မဟုတ်။ ခန့်ခန့် ဆက်လည်းပြောမနေချင်တော့။

"မေမေတို့ သားကိုဘယ်လိုပဲ ထိန်းချုပ်၊ ထိန်းချုပ် သား တကယ်ရပ်တန့်လို့မရဘူး။ သူမရှိရင် သားဘဝက ရှင်လျက်နဲ့သေနေမှာပဲ"

ပြောပြီး ခန့်ခန့် ချာခနဲလှည့်ထွက်ကာ အခန်းဆီ ပြေးတက်လာခဲ့တော့သည်။

"အေး မင်းဘယ်လိုခေါင်းမာမာ၊ ငါတို့ကလည်း မပေးစားဘူး"

ဖေဖေ့အသံအား သူလက်မခံနိုင်စွာ နားပိတ်ထားလိုက်သည်။ လှေကားနင်းသံတို့မှာ ဒေါသကြောင့်ခပ်ကြမ်းကြမ်း။ အခန်းထဲရောက်ရောက်ချင်း သူ အိပ်ယာပေါ် မှောက်လျက် ပစ်လှဲချလိုက်သည်။ စိတ်ထဲက ဝမ်းနည်းနာကျင်ရမှုများအတွက် မျက်ရည်တွေ အတားအဆီးမရှိ ကျဆင်းလာသည်။ သည်သဘောတူညီချက် တောင်းဆိုဖို့အရေး မစားနိုင်၊ မအိပ်နိုင် စာကြိုးစားခဲ့ရသည်များမှာ သဲထဲရေသွန်ပင်။

တစ်သက်လုံးက ချစ်လာရသည့် သည်အဖေနှင့် သည်အမေက မိမိအပေါ် သည်လောက်ရက်စက်လိမ့်မည်ဟုလည်း လုံးဝမမျှော်မှန်းထားပါပေ။ ရင်နာရသည်။ ကြေကွဲရသည်။ ဝမ်းနည်းမဆုံး ဖြစ်ရသည်။

အဘွားကလည်း ငိုနေပေမဲ့ မိမိအတွက် ဘာမှဝင်ပြောမပေးနိုင်။ သည်အိမ်ကြီးတွင် မိမိကို နားလည်ပေးမည့်သူ တစ်ယောက်တောင်မှ ရှိမနေသလို အထီးကျန်ခြင်းကြီးစွာ ခံစားလာရတာပင်။ ဆယ့်ကိုးနှစ်တာနေခဲ့သည့် သည်အိမ်ကြီးမှာ နွေးထွေးမှုမရှိဘဲ အေးစက်လာသလို ခံစားရသည်။ နောက်ထပ်အနာဂတ်တွင်လည်း စိတ်မချမ်းမြေ့စွာ ရှေ့ဆက်ရဦးမည်။

လူကအိပ််ရာပေါ် ဗိုင်းခနဲလှဲချရင်း အတွေးနှင့်တင် မောဟိုက်လာ၏။

သည်အချိန်မှာ ခန့်ခန့်လိုအပ်နေသည်က သူ့အပေါ် နားလည်နိုင်မည့်သူ။ သူ့အပေါ် နွေးထွေးနိုင်မည့်သူ။ အသက်ရှူပေါက်ကလေး ပေးနိုင်မည့်သူမျိုး။

တွေးနေခိုက်မှာပင် ချစ်သူကိုသတိရသွားတာမို့ ခန့်ခန့် မျက်ရည်များကိုသုတ်ကာ ခေါင်းအုံးအောက်ဖွက်ထားသည့် ဖုန်းကိုယူကာ ဆက်ရသည်။

'လူကြီးမင်း ခေါ်ဆိုသောတယ်လီဖုန်းသော မအားသေးပါရှင်၊ ခေတ္တစောင့်ဆိုင်းပြီးမှ ပြန်လည်ခေါ်ဆိုပါရှင်'

ဖုန်းကိုင်ပါ ... လူကြီးရာ။

ဖုန်းမျက်နှာပြင်ပေါက်ထွက်မတတ် ခန့်ခန့် အခါခါဆက်သွယ်နေသော်လည်း ဖုန်းမှာဆက်တိုက်မအားဘဲ ဖြစ်နေသည်။ ဘယ်သူနှင့်များ သည်လောက်ပြောနေသည်မသိ။ မျက်ရည်တွေ အလိမ်းလိမ်းပေပွနေသော ဖုန်းကိုပြန်ကြည့်ရင်း ခန့်ခန့် ဆက်သည်းမခံနိုင်စိတ်မရှိတော့တာ သေချာသွားသည်။ အိပ်ယာပေါ်တွင် လှဲငိုနေရသည့်အဖြစ်အား မုန်းတီးလှသည်။ အခုချိန်တွင် လူကြီးကို အမှန်တကယ် လိုအပ်သည်။ နွေးထွေးမှုမရှိသည့် သည်အိမ်ကြီးမှလည်း ထွက်ခွါချင်နေလေပြီ။

ထိုတစ်ခဏအတွင်းမှာပင် ခန့်ခန့် ဆုံးဖြတ်လိုက်သည်။ ဘာဖြစ်ဖြစ် အိမ်ကခိုးထွက်ပြီး လူကြီးကို ရအောင်သွားတွေ့မည်။ နောက်ကြောင်းတွေ တွေးမနေချင်တော့၊ အခုချိန်မှာ သူ သည်အိမ်ကြီးက ထွက်ခွာချင်နေတာသာသိသည်။

ဆုံးဖြတ်ပြီးတာနှင့် အပြင်ထွက်ဖို့ မျက်ရည်တွေသုတ်လိုက်သည်။ သွားမည်ဆိုသော်လည်း မုန့်ဖိုးပါဖြတ်ခံထား၍ ပိုက်ဆံကယူစရာမရှိ။ အငှားကားစီးဖို့တော့ ပိုက်ဆံရှိမှဖြစ်မည်။ သည်အချိန် သတိရသွားသည်က ချစ်သူပေးထားသည့် ATM Card ပင်။ ဒါကိုပဲ အရေးပေါ်ထုတ်သုံးရန် ကြံလိုက်သည်။ ဒါမို့ ပိုက်ဆံထုတ်ဖို့ကတ်နှင့်ဖုန်းကို ဘောင်းဘီအိတ်ကပ်တွင်ထည့်ရင်း အပေါ်ထပ်မှ အသာဆင်းလာခဲ့သည်။

လှေကားအဆုံးနားရောက်တော့ ဧည့်ခန်းကို တစ်ချက်ချောင်းရသည်။ ခုနကအတိုင်း မထသေးသည့်လူကြီးတွေကို မြင်ရလေ၏။ သည်ပုံမျိုးဆို အိမ်ရှေ့ကထွက်လို့မဖြစ်တာမို့ မီးဖိုခန်းသို့ကူးကာ နောက်ဖေးပေါက်မှတဆင့် တိတ်တဆိတ်ထွက်ရသည်။ တံခါးချပ်ကို ညင်သာစွာပိတ်လိုက်တာတောင် မြည်သွားသံက ဖျတ်ခနဲ။ သူ အထိတ်တလန့်နှင့် မှောင်ရိပ်ကျနေသည့် အိမ်ဘေးကြားလေးမှတဆင့် အိမ်ရှေ့ခြံတံခါးထိ ကိုယ်လေးရို့ကာသွားရသည်။

သို့ပေမဲ့ ခန့်ခန့်ခမျာ ဖိနပ်ပင်မစီးရသေး။ ဖိနပ်စင်က အိမ်အဝင်မှာရှိတာမို့ ပြန်ယူ၍လည်း မဖြစ်နိုင်တော့ပေ။ အရှေ့ရောက်နေပြီမို့ ပြန်ယူဖို့လည်း စိတ်မကူးတော့ပေ။ ညလည်းမိုးချုပ်နေပြီမို့ ခြံတံခါးကလည်း သော့ခတ်ထားပြီးသား ဖြစ်နေပြန်သည်။

ကျစ်!

အိမ်ကခိုးထွက်သည့်ကိစ္စမှာ ဇာတ်ကားတွေထဲလို ထင်သလောက်မလွယ်လှပေ။ ဖိနပ်မပါ၊ လှေကားမပါပေမဲ့ သူ မတတ်နိုင်၊ ခြံကျော်ရတော့မည်။ ဧည့်ခန်းထဲမှ ခြံတံခါးသို့ လှမ်းမြင်နိုင်သည့် လိုက်ကာက ပိတ်ထားတာမို့သာ တော်သေးတော့သည်။ သို့နှင့် အတွန့်အတက်တွေပါသည့် သံတံခါးကို ခန့်ခန့် ခက်ခက်ခဲခဲကျော်လိုက်ရ၏။

အပြင်ရောက်သွားပြီဆိုသည်နှင့် လမ်းမရှိရာဘက်သို့ ခန့်ခန့် တစ်ဟုန်ထိုးပြေးတော့သည်။ ဖိနပ်ကမပါတာမို့ ခင်းထားတာမကြာသေးသော ကတ္တရာလမ်း၏ ကျောက်ဆူးလေးများက ခြေဖဝါးနုနုအား ထိုးဆွနေသည့်နှယ်။ နာကျင်လှသော်လည်း အဆက်မပြတ်ပြေးရသည်။ မိဘတွေသိကာ လိုက်ခေါ်၍မဖြစ်။ သူပြန်မလိုက်ချင်။ လောလောဆယ်တော့ လူကြီးနဲ့တွေ့မှဖြစ်မည်။

သည်လိုနှင့် ခန့်ခန့်တစ်ယောက် အနီးဆုံး ATM ရှိသည့်လမ်းမဆီကိုဦးတည်ကာ မရပ်မနားပြေးနေလေတော့၏။

.......................

ဇေယျာမှာမူ ညစာစားပြီးကတည်းက အဖေဖြစ်သူနှင့် အလုပ်ကိစ္စတွေ ပြောနေရတာဖြစ်သည်။ အခြေအနေတင်းမာနေဆဲကာလမို့ အနေအထိုင်ကအစ ဖုန်းပြောတာအဆုံး ကြည့်နေရတာဖြစ်၏။ ဒါမို့လည်း ခဏတာစကားပြောနေခိုက် ဖုန်းကို Do not disturb ဖွင့်ထားလိုက်၏။ ခန့်ခန့်ဆီကများ ဖုန်းလာနေလျှင် အဖေဖြစ်သူက အဆက်အသွယ်ရှိနေသေးတာ ရိပ်မိမှာစိုး၍ပင်။

သို့ပေမဲ့ ဒါသည်ပြဿနာတစ်ခု၏အစ ဖြစ်လာမည်မှန်းသိလျှင် ဇေယျာ ဖုန်းလက်ခံပြောလိုက်မည်ပင်။ သို့ပေမဲ့ အခါခါခေါ်ဆိုထားသော ချစ်သူ၏အမည်နာမကို ဦးမြတ်သူ ခဏထသွားချိန်မှ တွေ့မိတော့သည်။ ဆယ့်နှစ်ကြိမ်မျှ ခေါ်ဆိုထားတာမို့ ဘာများဖြစ်လေသလဲဟု ခေါင်းကြီးသွားရသည်။ ပုံမှန်တစ်ခါမကိုင်လျှင် ထပ်မဆက်တတ်သည့်ကလေးက အခုတော့ခေါ်ထားတာ အထပ်ထပ်အခါခါ။ ပြီးလျှင် သီးသန့်ပို့ထားသည်က 'I need you now!' တဲ့။

မဖြစ်ချေတော့ဟုတွေးကာ ဇေယျာ အဖေဖြစ်သူအလစ်တွင် ဖုန်းပြန်ခေါ်ကြည့်လိုက်သည်။

"လူကြီး"

ရင်တထိတ်ထိတ်နှင့် ဇေယျာ့ခမျာ ပြန်မထူးနိုင်သေးဘဲ အသံကို သေချာနားထောင်ကြည့်ရသည်။ ဆူညံနေသော ကားဟွန်းသံများကြောင့် အိမ်မဟုတ်တာတော့ သေချာသည်။

"ကလေး ဘယ်ရောက်နေတာလဲ။ ကားသံတွေ ဆူညံနေတယ်"

"လူကြီးဆီ လာမလို့။ အဲဒါကားခမရှိလို့ ခု ပိုက်ဆံထုတ်နေတာ။ လူကြီးကို လာတွေ့မယ်နော်"

ချစ်သူကလေးမှာ ငိုသံဖြင့် တိုးလျှိုးပြောနေလေခြင်း။

"ကလေး နေပါဦး၊ အခု အိမ်ကနေ ဘယ်လိုပြောထွက်လာတာလဲ။ လူကြီးတွေရောသိရဲ့လား"

"ဟင့်အင်း ခိုးထွက်လာတာ။ ခုနက အိမ်မှာ ဖေဖေတို့၊ မေမေတို့နဲ့ အကြီးအကျယ် ငြင်းခုံခဲ့ရတယ်။ သားတို့နှစ်ယောက်ကို အခြေအနေစောင့်ကြည့်ပေးပါဆိုတာကို ဘယ်လိုမှ သဘောမတူဘူးတဲ့၊ အပြတ်လည်းငြင်းတယ်၊ မရိုက်ရုံတမယ်ပဲ။ အဲဒါမို့ အိမ်မှာမနေချင်လို့ လူကြီးကို လာတွေ့မယ်နော်"

ခန့်ခန့် စိတ်ထဲတွင် ရှေ့ဆက်ဘာဖြစ်မည်ဆိုသည့်အရာများအတွက် မစဉ်းစားနိုင်သေး။ ခိုကိုးရာမရှိသလို ခံစားရပြီး ဇေယျာ့ကို တွေ့ချင်စိတ်သာများနေသည်။
ဇေယျာမှာတော့ ခန့်ခန့်ပြောစကားကြားရပြီး ပိုခေါင်းကြီးသွားသည်။ အချိန်မှာ ညရှစ်နာရီကျော်လို့ ကိုးနာရီထိုးလုလု။ ဒါကို အိမ်ကခိုးထွက်လာသည်တဲ့။

"ကလေး အခုဘယ်မှာလဲ။ နေရာပဲပြော၊ ကိုယ်လာခဲ့မယ်"

"အိမ်အဝင်လမ်းမက ATM စက်ရှေ့မှာ"

"ဟုတ်ပြီ၊ ကိုယ်လာခဲ့မယ်။ အဲနေရာမှာပဲ သေချာစောင့်နေနော်။ ကိုယ်လာသည်ထိ ဘယ်သူစိမ်းနဲ့မှ စကားမပြောနဲ့။ ဘယ်သူကခေါ်ခေါ်လည်း လိုက်မသွားနဲ့ ... ကြားလား"

ဇေယျာ ယခုမှာနေသည့်ကလေးမှာ မူလတန်းကျောင်းသားမဟုတ်ဘဲ ဆယ့်ကိုးနှစ်အရွယ်ရှိသည့် တက္ကသိုလ်ကျောင်းသားကြီးတစ်ယောက်ပင် ဖြစ်နေပြီကိုပင် မေ့လျော့နေမိသည်။ သို့ပေမဲ့ ကလေးသာသာအရွယ်လေးကို မှာစရာရှိတာမှာပြီးချိန်တွင် ဧည့်ခန်းမှာတင်ချိတ်ထားသည့် ကားသော့ကိုယူကာ အပြင်ထွက်ရန်ပြင်သည်။ ဒါကိုအိပ်ခန်းထဲမှ ပြန်ထွက်လာသည့် ဦးမြတ်သူမြင်တော့ အမေးထုတ်လေပြီ။

"ဒီအချိန်ကြီးမှ မင်းကဘယ်လဲ"

ဦးမြတ်သူအသံကြောင့် ဧည့်ခန်း၏တစ်ဖက်ခြမ်းတွင် တီဗွီကြည့်နေကြသည့် ဒေါ်ကြည်ပြာနှင့် ရွယ်ရွယ်ကပါ လှည့်ကြည့်လာကြသည်။

"သား အရေးကြီးအပြင်သွားရမှာမို့ ပြန်လာမှပြောပြမယ်"

"ဘာလဲ ... ဟိုကလေးဆီလား"
ဦးမြတ်သူ တည့်တည့်သာမေးလိုက်သည်။ ဇေယျာမှာဖြင့် အပြင်ထွက်ရန် ခြေတစ်လှမ်းပင် လှမ်းပြီးနေချေပြီ။

"ဟုတ်တယ် အဖေ၊ သား အရေးကြီးလို့ပါ။ သူအိမ်ကထွက်ပြေးလာလို့ သွားကြည့်မှရမယ်"

စိတ်ရှုပ်သွားဟန်ရှိသည့် ဦးမြတ်သူအကြည့်ကြောင့် ဇေယျာ ရွယ်ရွယ်ကို အားကိုးရတော့မည်ပင်။ အသေးစိတ်ရှင်းပြနေဖို့အထိ သူ့အတွက် အချိန်မရှိတော့။ ချစ်သူက လမ်းမပေါ်တစ်ယောက်တည်း စောင့်နေပြီမလား။

"ရွယ် ... အဖေ့ကို ခန့်ခန့်တို့အိမ်အကြောင်း ပြောပြထားပေး။ အဖေ သားဆက်ဆက်ပြန်လာမယ် ... မကြာပါဘူး။ တကယ်အရေးကြီးလို့ပါ"

ဇေယျာပြောအပြီး အမြန်ထွက်သွားတော့သည်။ ဦးမြတ်သူနှင့် ဒေါ်ကြည်ပြာမှာ အံ့ဩတကြီးနှင့် ကျန်နေရစ်ခဲ့၏။ ပြီးမှသာ သမီးဖြစ်သူပြောပြ၍ ခန့်ခန့်တို့ အိမ်ကပါ သဘောမတူကြောင်း၊ အပြင်းအထန် ကန့်ကွက်နေကြကြောင်းကို သိကြရလေသည်။

"ဟ! ဒါဆို ခိုးပြေးသွားကြရင် ဘယ်နှယ့်လုပ်မတုန်း"

"မပြေးလောက်ပါဘူး ဖေဖေရယ်။ ကိုကိုက ဆက်ဆက်ပြန်လာမယ်လို့ ပြောသွားတာပဲ။ အခြေအနေစောင့်ကြည့်ပါဦး"

ရွယ်ရွယ်လည်း ဖာထေးပြောလိုက်ရပေမဲ့ အစ်ကိုဖြစ်သူ ပြန်မလာမှာကိုတော့ တွေးကြောက်လှသည်။ အိမ်ကနေ ခိုးထွက်ပြေးလာသည်ဆိုသည့် ခန့်ခန့်ကိုလည်း တစ်မျိုးစိုးရိမ်နေမိသေး၏။

အချစ်စစ်တို့လမ်းက မဖြောင့်ဖြူးတဲ့။ အပြောထက် လက်တွေ့က ပိုလို့ပင်ခက်ခဲလွန်းနေတော့သည်။

(15/10/2020)
••••••••••••••••••••••••••••••••••••••••••

<Zawgyi >

ညေနခင္းေနေရာင္က တအိအိႏွင့္ က်ဆင္းေနေခ်ၿပီ။ မီးဖိုခန္း၏ျပတင္းဆီမွ ဝင္လာေနေသာေနေရာင္က တျဖည္းျဖည္း ေပ်ာက္ကြယ္လုေလၿပီ။ သို႔ေသာ္ အေမွာင္အတိက်ျခင္းမ်ိဳးမရွိ။ ပတ္ဝန္းက်င္အလင္းေရာင္ကေတာ့ လင္းလင္းထင္းထင္းရွိေနေသးတာပင္။

ေဆာင္းဦးေန႔ရက္ေတြမို႔ ေန႔တာက ပုံမွန္ထက္တိုလာသည္။ ညေနငါးနာရီေက်ာ္လၽွင္ ေနမင္းက အေနာက္ေကာင္းကင္ဆီ ေမးတင္ဖို႔ျပင္လွေလၿပီ။ ဒါမို႔ ညေနစာခ်က္ရေသာ ေဒၚမိမိနိုင္တို႔အဖို႔လည္း ေနမဝင္ခင္ၿပီးေအာင္ အေလာတႀကီးသာပင္။ အိမ္တြင္ မိန္းမသားက ကူေပးသည့္ႀကီးႀကီး၊ ေဒၚမိမိနိုင္ကိုယ္တိုင္ႏွင့္ အေမျဖစ္သူရွိၾကသည္။ ႀကီးႀကီးက ထမင္း၊ ဟင္းဒိုင္ခံခ်က္ေပးေသာ္ျငား သူ႔ခမ်ာလည္း အသက္ႀကီးၿပီမို႔ သားအမိေတြက အားရင္အားသလို ကူျဖစ္ၾကသည္။

ေအာက္တိုဘာ၊ နိုဝင္ဘာသည္ တကၠသိုလ္ေက်ာင္းမ်ား ပိတ္ထားသည့္လေတြျဖစ္တာမို႔ ေက်ာင္းဆရာမ ေဒၚမိမိနိုင္အဖို႔ မနက္၊ ေန႔လယ္ေလာက္သာ ေက်ာင္းသြားရတတ္သည္။ အခုလို ညေနပိုင္းဆိုလၽွင္ေတာ့ မီးဖိုခန္းေကာင္းေကာင္းဝင္နိုင္သည္ထိ အခ်ိန္လုံလုံေလာက္ေလာက္ရွိတာပင္။

"ပင္စိမ္းရွိေသးလား အေမ၊ အိုးခ်ခါနီးေလး အုပ္ရေအာင္"

"ေအး ေနဦး၊ မနက္ကေတြ႕တယ္။ ဟဲ့ ... ဪ ဘယ္လိုျဖစ္ေနလဲ ငါ့ေျမးရယ္၊ တစ္ညေနလုံး မီးဖိုထဲကမထြက္ဘူး။ မိမိနိုင္. .. ညည္းသားဘာျဖစ္ေနတာလဲ။ မလုပ္စဖူးေတြ လာလုပ္ေနတာ ရွုပ္ရွက္ခတ္ကုန္ၿပီ"

"ညက်ရင္ သူလိုခ်င္တာေတာင္းမွာမို႔ မ်က္ႏွာခ်ိဳေသြးေနတာေနမွာေပါ့"

ခန့္ခန့္ လွစ္ခနဲသာ ျပဳံးမိသည္။ သူကလည္း ေျပာခ်င္စရာပင္။ အခါတိုင္းဆို လက္ကေလးလၽွိုၿပီး ထမင္းဝင္စားတတ္သူက ခုေတာ့ ထမင္းစားခန္းထဲတြင္ ပ်ာယာခတ္ေနေလျခင္း။ ညေနအေစာပိုင္းကတည္းက လူႀကီးေတြကို မ်က္ႏွာလုပ္ခ်င္ေဇာႏွင့္သာ ဟင္းကူခ်က္ေနရသည္။ လူကဘာမွမလုပ္တတ္။

ၾကက္သားႏွင့္ေရာမည့္ အာလူးေသးေသးတို႔အား အခြါႏႊာေပးသည္။ အခြံပါးပါးထက္ အသားအခ်ပ္လိုက္တို႔သာ ပါလာသည္မို႔ ႏႊာရတာကအဆင္မေျပျပန္။ သို႔ႏွင့္ ႀကီးႀကီးေထာင္းလက္စ င႐ုတ္ဆုံကို ဟန္ပါပါကိုင္ကာ အားကုန္ပစ္ေထာင္းေပးသည္။ သို႔ေပမဲ့ ကူညီၿပီးမၾကာလိုက္၊ အသားအရည္မ်ား ရဲစပ္ၿပီး မ်က္ရည္ပူမ်ားက်လာ၍ မ်က္ႏွာသြားသစ္ပစ္ရျပန္ပါ၏။

မ်က္ႏွာရလိုရျငား မလုပ္တတ္၊ လုပ္တတ္ႏွင့္ ကူညီေသာ္လည္း အရာမေရာက္လွပါေပ။ ႀကီးႀကီးက 'ခန႔္ခန႔္ရယ္ သားကူမွ မီးဖိုေခ်ာင္တစ္ခုလုံး ရွုပ္ပြေနၿပီ၊ ထိုင္ေနေနာ္' ဟု ဆိုလာသည္။ အေမႏွင့္အဘြားျဖစ္သူကလည္း လက္ေျမႇာက္ေနၾက၏။

သို႔ေပမဲ့ ခန႔္ခန႔္  လက္မေလၽွာ့ပါ။ ထမင္းဝိုင္းျပင္ေနၿပီျဖစ္သည့္ ေဒၚမိမိနိုင္တို႔ သားအမိကို သြားကူျပန္သည္။ ေပါင္းအိုးထဲမွ ထမင္းေဖြးေဖြးတို႔အား ပန္းကန္ထဲထည့္ေနသည့္အဘြားထံမွ ဇြန္းကိုလုယက္ကာ သူကထည့္သည္။ ၿပီးလၽွင္ ဇြန္းမတပ္ရေသးသည့္ ဟင္းပန္းကန္မ်ားအား အစီက်ဇြန္းတပ္ရန္ျပင္သည္။ လုပ္ခ်င္စိတ္မ်ားေနေသာ္လည္း ဟင္းရည္ေသာက္သည့္ ဇြန္းအႀကီးက ရွာမေတြ႕။

ပန္းကန္စင္အား ေမႊရျပန္ပါသည္။ အတန္အသင့္က်ယ္ေသာ ထမင္းစားခန္းေလးမွာ သူဝင္ပါမွ က်ဥ္းသေယာင္ျဖစ္လာသည္။ လူခ်င္းတိုးတိုက္ေနရသည္။ ေခါင္းခ်င္းမဆိုင္မိရန္ ေရွာင္ေနၾကရ၏။

"ကဲ ... ကဲ ထိုင္ပါေတာ့ဟယ္၊ ငါ မ်က္စိေတြေနာက္လွၿပီ ခန႔္ခန႔္ရယ္"

စိတ္မရွည္သည့္အသံႏွင့္ အေမျဖစ္သူေငါက္ေနၿပီမို႔ ခန႔္ခန႔္ ထိုင္ေနလိုက္ရေတာ့၏။ မၾကာမီတြင္ ဦးမင္းဟန္ပါဝင္လာၿပီး ညစာကို မိသားစုထမင္းလက္ဆုံ စားၾကသည္။ စားေသာက္ေနခိုက္ေတာ့ ခန့္ခန့္ ဘာမွစကားမဟျဖစ္။ ေရလိုက္ငါးလိုက္သာ ေနလိုက္ရသည္။ ညစာစားၿပီးမွသာ ဧည့္ခန္းတြင္ တီဗြီၾကည့္ရင္း၊ အသီးစားရင္းမွ စကားဝိုင္းဖြဲ႕‌ ေျပာၾကေတာ့သည္။

ခန႔္ခန႔္ သည္အခြင့္ေကာင္းကို အသုံးခ်၍ လိုခ်င္တာေတာင္းဆိိုရမည္။ အေတြးႏွင့္တင္ လူက ဂနာမၿငိမ္လွ။ မ်က္လုံးကလည္း TVတြင္မရွိနိုင္။ အေဖကိုတစ္လွည့္၊ အေမကိုတစ္လွည့္ အကဲခတ္ေနရသည္။

"ေဖႀကီးေရ ... တီဗြီခဏပိတ္လိုက္ပါဦး"

"ဟ ... ၾကည့္ေနတာကို ဘာလို႔တုန္း"

"ဒီမွာ သားေတာ္ေမာင္ ေယာက္ယက္ခတ္ေနတာလည္း မျမင္ဘူးလား။ မေန႔ညက ေအာင္စာရင္းထြက္ထားေတာ့ ဘာေတာင္းခ်င္ေနမွန္း မသိဘူး"

ဦးမင္းဟန္က သားျဖစ္သူကို တစ္ခ်က္ၾကည့္ရင္း မိန္းမအလိုက် တီဗြီပိတ္ခ်လိုက္သည္။ ျပႆနာျဖစ္ထားတာလည္း ႏွစ္လနီးပါးရွိၿပီမို႔ သားသမီးႏွင့္မိဘ အေနအထားက တင္းမာေနျခင္းမရွိေတာ့။

"ကဲ ေျပာ ... ဒီႏွစ္ဘာလိုခ်င္တာလဲ။ ဂုဏ္ထူးေျခာက္ဘာသာနဲ႔ ခုံနံပါတ္ေလးဆိုေတာ့ ေစ်းကေတာ့အေတာ္ႀကီးမယ္ထင္တယ္"

ဦးမင္းဟန္ကေျပာေတာ့ ေဒၚမိမိနိုင္ႏွင့္ အဖြားျဖစ္သူက ရယ္ၾကသည္။ ခန့္ခန့္မွာလည္း အေျခအေနေကာင္းသည္ဟု ခန့္မွန္းလ်က္ ေတြးထားသည္မ်ားကို ဖြင့္ေျပာရန္ျပင္လိုက္သည္။

"ေစ်းမႀကီးပါဘူး။ ၿပီးေတာ့ သား ဒီႏွစ္ေတာင္းခ်င္တာက ပစၥည္းလည္းမဟုတ္ဘူး။ သားဆႏၵေလးကို လိုက္ေလ်ာေပးဖို႔ ေတာင္းဆိုခ်င္တာ"

လူႀကီးသုံးေယာက္မွာ ခန႔္ခန႔္ ေတာင္းဆိုမည္ဟူသည့္ဆႏၵကို ရိပ္မိသြားၾက၍ မ်က္စိ၊ မ်က္ႏွာပ်က္ကုန္ၾကသည္။ သို႔ေပမဲ့ ခန႔္ခန႔္ကေတာ့ သည္တစ္ေလၽွာက္လုံး အားခဲလာခဲ့သည့္သူ႔ဆႏၵတို႔ကို ဖြင့္ျပရန္ အဆင္သင့္ျဖစ္ေနေခ်ၿပီ။

"သားနဲ႔ ကိုေဇယ်ာကိစၥကို ဒီအတိုင္းဘာမွမေလ့လာဘဲနဲ႔ သေဘာမတူဘူးလို႔ေတာ့ မျငင္းၾကပါနဲ႔။ ျဖစ္နိုင္ရင္ ကိုေဇယ်ာကိုေရာ၊ သားကိုေရာ ေစာင့္ၾကည့္ၿပီးမွ ေရရွည္ျဖစ္နိုင္၊ မျဖစ္နိုင္ ေဖႀကီးတို႔ ဆုံးျဖတ္ေစခ်င္တယ္။ သား ဒီအေတာအတြင္း လိမၼာခဲ့တာေတြ၊ ႀကိဳးစားခဲ့တာေတြကို အသိအမွတ္ျပဳၾကတယ္ဆိုရင္ ဒါေလးေတာ့ လိုက္ေလ်ာေပးၾကပါဗ်ာ ... ေနာ္။"

ခန႔္ခန႔္ တစ္ေနကုန္၊ တစ္ညလုံး စီထားသည့္စကားလုံးမ်ားအား အထစ္အေငါ့မရွိ၊ အဆင္ေခ်ာစြာ ေျပာနိုင္သြားသည္။ မိဘမ်ားျပန္ေျပာမည့္ စကားအတြက္လည္း ေမၽွာ္လင့္တႀကီး ေစာင့္စားေနမိတာျဖစ္၏။

"ဒီမွာ သား ... မင္းရွင္းေအာင္ ေဖေဖတစ္ခုပဲေျပာလိုက္မယ္။ ေဖေဖတို႔ သေဘာမတူဘူးဆိုတာ ေမာင္ေဇယ်ာကို သေဘာမက်တာ မဟုတ္ဘူး။ ပုဂၢိဳလ္ေရးမပါဘဲ ေျပာရမယ္ဆိုရင္ ေမာင္ေဇယ်ာလို ေတာ္ၿပီးထက္ျမက္တဲ့ လူငယ္တစ္ေယာက္ကို ေဖေဖတို႔ အစကတည္းက သေဘာက်သားပဲ။ ေအး .. ဒါေပမဲ့ သူက ေယာက်္ားတစ္ေယာက္ျဖစ္ေနတဲ့အတြက္ သားနဲ႔ သေဘာမတူနိုင္ဘူး။ ေဇယ်ာမွမဟုတ္ဘူးေနာ္ ... ဘယ္ေယာက်္ားကိုမွ ေဖေဖတို႔ သမက္မေတာ္နိုင္တာ"

ေမၽွာ္လင့္ထားသည္ႏွင့္မတူဘဲ ယတိျပတ္ျငင္းခ်လိုက္ေသာ ဖခင္၏စကားေၾကာင့္ ခန့္ခန့္ခမ်ာ အ႐ုပ္ႀကိဳးျပတ္သည့္ႏွယ္။

ႀကိဳးစားခဲ့ရသမၽွ အခ်ည္းႏွီးသာ။ ေမၽွာ္လင့္ခ်က္တို႔ကလည္း ရိုက္ခ်ိဳးခံလိုက္ရသည္။ ဘယ္လိုႀကိဳးစားကာမွ သေဘာတူနိုင္ၾကပါမည္နည္း။

"သားကလည္း ေယာက်္ားတိုင္းကို ႀကိဳက္ေနတာမဟုတ္ဘူး ေဖေဖ။ သား ပထမဆုံးခ်စ္မိတဲ့သူကိုက ေယာက်္ားေလးျဖစ္ေနတာ။ ဒါေလးကို ေဖေဖတို႔ နားလည္ေပးလို႔ မရဘူးလားဗ်ာ။ သား သူမရွိရင္ အသက္မရွင္ခ်င္ဘူး"

"စိုင္းမင္းခန့္!"

ဖခင္၏ ေအာ္သံစူးစူးကို ၾကားရသည္။ ေဒါသေၾကာင့္ မ်က္ႏွာမွာလည္း နီျမန္းလ်က္။ သူအမွန္ကို ေျပာလိုက္ျခင္းေလ။ ခ်စ္သူသာမရွိလၽွင္ သူ႔အတြက္ ဘဝကအဓိပၸါယ္မရွိနိုင္ေတာ့။ ခြဲခြါဖို႔ဆိုသည္က သူ႔အတြက္ လုံးဝမျဖစ္နိုင္သည့္ကိစၥပင္။

"မင္း လူႀကီးေတြေရွ႕မွာေတာင္ ဒီလိုေတြေျပာရဲေနတာလား ဟုတ္လား။ မင္း အေတာ္ျဖစ္ေနၿပီလား"

ခန့္ခန့္လည္း သည္းမခံနိုင္ေတာ့ေပ။ မိဘဆိုသည့္ ဂုဏ္ပုဒ္ေၾကာင့္ ေလးစားသမွုႏွင့္ သူ ၿငိမ္ခံေပးေနခဲ့သည္။ ကလန္ကဆန္ပင္ ျပန္မေျပာခဲ့သမၽွ ေနာက္ဆုံးတြင္ သူ႔ဘဝကို ရွင္လ်က္ႏွင့္ေသေအာင္လုပ္ေနၾကေလၿပီ။

"ဟုတ္တယ္ ေဖေဖ၊ သားအေတာ္ျဖစ္ေနၿပီ။ သူမရွိရင္ သားတကယ္မေနနိုင္ေတာ့ဘူး"

"မင္း!"

"ေဖႀကီး ... ေဖႀကီး ... စိတ္ေလၽွာ့ေလ"

ဦးမင္းဟန္က ထိုင္ေနရာက ရိုက္မည့္ဟန္ျပဳ၍ ထလာေတာ့ ေဒၚမိမိနိုင္ကေဘးမွ လွမ္းဆြဲရသည္။ ထို႔ေနာက္ ေယာက်္ားျဖစ္သူအစား သူကပင္ သားကိုဝင္ေျဖာင္းဖ်ရျပန္သည္။

"ခန့္ခန့္ မင္းဘယ္လိုျဖစ္ေနလဲ။ မင္း ေယာက်္ားယူလို႔မရဘူး။ ယူျခင္းယူ မိန္းမပဲယူရမယ္။ ဒါေမေမတို႔ဆႏၵပဲ။ ႏွစ္ဖက္မ်ိဳးဆက္ေတာ့ လုံးဝအျပတ္မခံနိုင္ဘူး .. သား"

ခန့္ခန့္ စုတ္တစ္ခ်က္သတ္လိုက္သည္။ သူလည္းသည္ကိစၥအတြက္ စိတ္မေကာင္း။ သို႔ေသာ္ သူ႔ဘဝႀကီး ရင္းေပးရေအာင္ေလာက္ထိ အေရးပါသည့္အရာမဟုတ္ဟူ၍လည္း ထင္သည္။

"ဒီမွာ ေမေမ ... ဒါဆို သားက ဒီမ်ိဳးဆက္ႀကီး မျပတ္ဖို႔အေရး မခ်စ္တဲ့မိန္းမတစ္ေယာက္ကို ေကာက္ယူၿပီး ကေလးရေအာင္ လုပ္ေပးရမယ္ေပါ့ အဲလိုလား။ သား တစ္သက္လုံး စိတ္ဆင္းရဲမွာကိုေတာ့ ေမေမတို႔ ထည့္မတြက္ၾကဘူးေပါ့။ သားဘဝထက္ အဲမ်ိဳးဆက္က အေတာ္အေရးႀကီးေနသလား"

ခန့္ခန့္ အသံမာမာႏွင့္ ျပန္ခံေျပာေတာ့ ဦးမင္းဟန္ စိတ္တိုၿပီး ဝင္ေျပာျပန္သည္။

"မင္း မိဘေက်းဇူးကို မဆပ္နိုင္ရင္ေတာင္ ေက်းဇူးကန္းဖို႔ေတာ့ မေတြးနဲ႔ ... ဟိတ္ေကာင္။ ဒီအသက္အရြယ္ထိ မင္းကိုလိုေလးေသးမရွိ ငါတို႔ထားခဲ့တာ မင္းအသိဆုံးပဲ။ အဲဒါကို မင္းက မိဘေတြအေပၚ ဒီလိုအာခံေျပာၿပီး ေက်းဇူးကန္းေတာ့တာလား"

ခန့္ခန့္၏နားထင္ကို လက္ညႇိုးႏွင့္ ခပ္နာနာထိုးကာ အားပါပါေျပာလိုက္ေသာ ဦးမင္းဟန္။

ရင္နာနာႏွင့္ ခံစားရေသာ ခန႔္ခန႔္မွာေတာ့ အံကိုတင္းတင္းႀကိတ္ထားမိသည္။ ဖခင္ေျပာပုံအရ သူက ေက်းဇူးကန္းသည့္သား။ သူ႔ခံစားခ်က္ကို နည္းနည္းမွထည့္မတြက္ၾကဘဲ ေက်းဇူးတရားဆိုသည့္စကားႏွင့္ ခ်ဳပ္ေျပာေနၾကသည္မွာ သိပ္ရင္နာစရာေကာင္းလွသည္။ ခန႔္ခန႔္ခမ်ာ မခံခ်င္စိတ္ႏွင့္အတူ လူကတုန္ရီလာသည္။ ေၿခ ေထာက္ေတြကလည္း မခိုင္ခ်င္ေတာ့။ အသြင္သြင္စီးက်ခ်င္ေနေသာ မ်က္ရည္တို႔ကို က်မလာေအာင္ထိန္းထားရင္း၊

"သားငယ္ငယ္ထဲက နားလည္ထားတဲ့ မိဘအေပၚ ေက်းဇူးဆပ္တယ္ဆိုတာ အလုပ္အေကၽြးျပဳတာ၊ အနီးကပ္ျပဳစုေစာင့္ေရွာက္တာတို႔လည္း ပါပါေသးတယ္။ ခုေတာ့ ေဖေဖတို႔က သားကို ဒီတစ္ခ်က္ထဲနဲ႔ သိမ္းက်ဳံးၿပီး ေက်းဇူးကန္းတယ္လို႔ သမုတ္တယ္။ ၿပီးေတာ့ ဒီေက်းဇူးဆိုတဲ့ စကားနဲ႔ပဲ သားတစ္ဘဝလုံးကို ထိန္းခ်ဳပ္ၾကေတာ့မယ္။ ဘယ္မွာလဲ .. သားအတြက္ စိတ္ခ်မ္းသာမွုဆိုတာ။ သား တစ္သက္လုံး စိတ္ဆင္းရဲေနလည္း ေဖတို႔၊ ေမတို႔က ခုတိုင္းၾကည့္ရက္ၾကမွာပဲမလား"

ခန့္ခန့္ ဘာကိုမွထိန္းခ်ဳပ္မေနဘဲ ဆင္းရဲႀကီးစြာ ေျပာမိေတာ့သည္။ အဘြားျဖစ္သူမွာလည္း ေျမးမ်က္ရည္က်သည္ကိုျမင္ရေတာ့ စိတ္မခ်မ္းသာစြာ ငိုရွိုက္ေန၏။ မ်က္ရည္ၾကည္ေတြ လဲ့လာေသာ ေဒၚမိမိနိုင္ကလည္း၊

"သားရယ္ ဒီစိတ္ဆင္းရဲရတယ္ဆိုတာက ခဏပါ။ သားက ပထမဆုံးခံစားဖူးတာမို႔ သူ႔အေပၚသာယာသြားတာ။ ေနာက္က်ရင္ ဒါေတြေမ့ၿပီး သားခ်စ္တဲ့မိန္းကေလးေတြ ေပၚလာဦးမွာပဲ။ သားပဲေျပာတယ္မလား ... ေယာက်္ားေလးေတြ ႀကိဳက္တဲ့သူမဟုတ္ဘူးဆို! ေမေမေျပာတာ ယုံစမ္းပါ သားရယ္။ ခု သားခဏေလးပဲ စိတ္ဆင္းရဲရမယ္။ ၿပီးရင္ သား ေပ်ာ္ရႊင္ရတဲ့ အိမ္ေထာင္ေရးတစ္ခု ပိုင္လာရမွာပါ။ ေမေမတို႔က သားတစ္ဘဝလုံးစာအတြက္ အမုန္းခံတားေနတာပါ ... သားရယ္။ ဒါႀကီးက သားဘဝမဟုတ္ဘူး၊ ခဏေလးပါ"

စကားတတ္သည့္ ေဒၚမိမိနိုင္ကတစ္မ်ိဳး အခ်ိဳသပ္ေျပာျပန္သည္။ သို႔ေပမဲ့ မိခင္ျဖစ္သူ ေခ်ာ့ေျပာေသာ္လည္း ခန့္ခန့္ နားထဲမဝင္။ ေဇယ်ာ့အေပၚ ခ်စ္သည့္သူ႔အခ်စ္မွာ ခဏသာယာတာမဟုတ္မွန္း သူ႔ကိုယ္သူ သိသည္။ နက္နက္ရွိုင္းရွိုင္း ခ်စ္လြန္း၍သာ သည္လိုမိဘေတြနဲ႔ အတိုက္အခံျပဳေနရျခင္းမလား။ အခုခ်ိန္မွာ စိတ္ကစားတာမဟုတ္ဘဲ တကယ္ခ်စ္မိေနေၾကာင္းေျပာလၽွင္လည္း ယုံၾကမည္မဟုတ္။ ခန့္ခန့္ ဆက္လည္းေျပာမေနခ်င္ေတာ့။

"ေမေမတို႔ သားကိုဘယ္လိုပဲ ထိန္းခ်ဳပ္၊ ထိန္းခ်ဳပ္ သား တကယ္ရပ္တန့္လို႔မရဘူး။ သူမရွိရင္ သားဘဝက ရွင္လ်က္နဲ႔ေသေနမွာပဲ"

ေျပာၿပီး ခန့္ခန့္ ခ်ာခနဲလွည့္ထြက္ကာ အခန္းဆီ ေျပးတက္လာခဲ့ေတာ့သည္။

"ေအး မင္းဘယ္လိုေခါင္းမာမာ၊ ငါတို႔ကလည္း မေပးစားဘူး"

ေဖေဖ့အသံအား သူလက္မခံနိုင္စြာ နားပိတ္ထားလိုက္သည္။ ေလွကားနင္းသံတို႔မွာ ေဒါသေၾကာင့္ခပ္ၾကမ္းၾကမ္း။ အခန္းထဲေရာက္ေရာက္ခ်င္း သူ အိပ္ယာေပၚ ေမွာက္လ်က္ ပစ္လွဲခ်လိုက္သည္။ စိတ္ထဲက ဝမ္းနည္းနာက်င္ရမွုမ်ားအတြက္ မ်က္ရည္ေတြ အတားအဆီးမရွိ က်ဆင္းလာသည္။ သည္သေဘာတူညီခ်က္ ေတာင္းဆိုဖို႔အေရး မစားနိုင္၊ မအိပ္နိုင္ စာႀကိဳးစားခဲ့ရသည္မ်ားမွာ သဲထဲေရသြန္ပင္။

တစ္သက္လုံးက ခ်စ္လာရသည့္ သည္အေဖႏွင့္ သည္အေမက မိမိအေပၚ သည္ေလာက္ရက္စက္လိမ့္မည္ဟုလည္း လုံးဝမေမၽွာ္မွန္းထားပါေပ။ ရင္နာရသည္။ ေၾကကြဲရသည္။ ဝမ္းနည္းမဆုံး ျဖစ္ရသည္။

အဘြားကလည္း ငိုေနေပမဲ့ မိမိအတြက္ ဘာမွဝင္ေျပာမေပးနိုင္။ သည္အိမ္ႀကီးတြင္ မိမိကို နားလည္ေပးမည့္သူ တစ္ေယာက္ေတာင္မွ ရွိမေနသလို အထီးက်န္ျခင္းႀကီးစြာ ခံစားလာရတာပင္။ ဆယ့္ကိုးႏွစ္တာေနခဲ့သည့္ သည္အိမ္ႀကီးမွာ ေႏြးေထြးမွုမရွိဘဲ ေအးစက္လာသလို ခံစားရသည္။ ေနာက္ထပ္အနာဂတ္တြင္လည္း စိတ္မခ်မ္းေျမ့စြာ ေရွ႕ဆက္ရဦးမည္။

လူကအိပ္္ရာေပၚ ဗိုင္းခနဲလွဲခ်ရင္း အေတြးႏွင့္တင္ ေမာဟိုက္လာ၏။

သည္အခ်ိန္မွာ ခန႔္ခန႔္လိုအပ္ေနသည္က သူ႔အေပၚ နားလည္နိုင္မည့္သူ။ သူ႔အေပၚ ေႏြးေထြးနိုင္မည့္သူ။ အသက္ရွူေပါက္ကေလး ေပးနိုင္မည့္သူမ်ိဳး။

ေတြးေနခိုက္မွာပင္ ခ်စ္သူကိုသတိရသြားတာမို႔ ခန့္ခန့္ မ်က္ရည္မ်ားကိုသုတ္ကာ ေခါင္းအုံးေအာက္ဖြက္ထားသည့္ ဖုန္းကိုယူကာ ဆက္ရသည္။

'လူႀကီးမင္း ေခၚဆိုေသာတယ္လီဖုန္းေသာ မအားေသးပါရွင္၊ ေခတၱေစာင့္ဆိုင္းၿပီးမွ ျပန္လည္ေခၚဆိုပါရွင္'

ဖုန္းကိုင္ပါ ... လူႀကီးရာ။

ဖုန္းမ်က္ႏွာျပင္ေပါက္ထြက္မတတ္ ခန့္ခန့္ အခါခါဆက္သြယ္ေနေသာ္လည္း ဖုန္းမွာဆက္တိုက္မအားဘဲ ျဖစ္ေနသည္။ ဘယ္သူႏွင့္မ်ား သည္ေလာက္ေျပာေနသည္မသိ။ မ်က္ရည္ေတြ အလိမ္းလိမ္းေပပြေနေသာ ဖုန္းကိုျပန္ၾကည့္ရင္း ခန့္ခန့္ ဆက္သည္းမခံနိုင္စိတ္မရွိေတာ့တာ ေသခ်ာသြားသည္။ အိပ္ယာေပၚတြင္ လွဲငိုေနရသည့္အျဖစ္အား မုန္းတီးလွသည္။ အခုခ်ိန္တြင္ လူႀကီးကို အမွန္တကယ္ လိုအပ္သည္။ ေႏြးေထြးမွုမရွိသည့္ သည္အိမ္ႀကီးမွလည္း ထြက္ခြါခ်င္ေနေလၿပီ။

ထိုတစ္ခဏအတြင္းမွာပင္ ခန့္ခန့္ ဆုံးျဖတ္လိုက္သည္။ ဘာျဖစ္ျဖစ္ အိမ္ကခိုးထြက္ၿပီး လူႀကီးကို ရေအာင္သြားေတြ႕မည္။ ေနာက္ေၾကာင္းေတြ ေတြးမေနခ်င္ေတာ့၊ အခုခ်ိန္မွာ သူ သည္အိမ္ႀကီးက ထြက္ခြာခ်င္ေနတာသာသိသည္။

ဆုံးျဖတ္ၿပီးတာႏွင့္ အျပင္ထြက္ဖို႔ မ်က္ရည္ေတြသုတ္လိုက္သည္။ သြားမည္ဆိုေသာ္လည္း မုန့္ဖိုးပါျဖတ္ခံထား၍ ပိုက္ဆံကယူစရာမရွိ။ အငွားကားစီးဖို႔ေတာ့ ပိုက္ဆံရွိမွျဖစ္မည္။ သည္အခ်ိန္ သတိရသြားသည္က ခ်စ္သူေပးထားသည့္ ATM Card ပင္။ ဒါကိုပဲ အေရးေပၚထုတ္သုံးရန္ ႀကံလိုက္သည္။ ဒါမို႔ ပိုက္ဆံထုတ္ဖို႔ကတ္ႏွင့္ဖုန္းကို ေဘာင္းဘီအိတ္ကပ္တြင္ထည့္ရင္း အေပၚထပ္မွ အသာဆင္းလာခဲ့သည္။

ေလွကားအဆုံးနားေရာက္ေတာ့ ဧည့္ခန္းကို တစ္ခ်က္ေခ်ာင္းရသည္။ ခုနကအတိုင္း မထေသးသည့္လူႀကီးေတြကို ျမင္ရေလ၏။ သည္ပုံမ်ိဳးဆို အိမ္ေရွ႕ကထြက္လို႔မျဖစ္တာမို႔ မီးဖိုခန္းသို႔ကူးကာ ေနာက္ေဖးေပါက္မွတဆင့္ တိတ္တဆိတ္ထြက္ရသည္။ တံခါးခ်ပ္ကို ညင္သာစြာပိတ္လိုက္တာေတာင္ ျမည္သြားသံက ဖ်တ္ခနဲ။ သူ အထိတ္တလန႔္ႏွင့္ ေမွာင္ရိပ္က်ေနသည့္ အိမ္ေဘးၾကားေလးမွတဆင့္ အိမ္ေရွ႕ၿခံတံခါးထိ ကိုယ္ေလးရို႔ကာသြားရသည္။

သို႔ေပမဲ့ ခန႔္ခန႔္ခမ်ာ ဖိနပ္ပင္မစီးရေသး။ ဖိနပ္စင္က အိမ္အဝင္မွာရွိတာမို႔ ျပန္ယူ၍လည္း မျဖစ္နိုင္ေတာ့ေပ။ အေရွ႕ေရာက္ေနၿပီမို႔ ျပန္ယူဖို႔လည္း စိတ္မကူးေတာ့ေပ။ ညလည္းမိုးခ်ဳပ္ေနၿပီမို႔ ၿခံတံခါးကလည္း ေသာ့ခတ္ထားၿပီးသား ျဖစ္ေနျပန္သည္။

က်စ္!

အိမ္ကခိုးထြက္သည့္ကိစၥမွာ ဇာတ္ကားေတြထဲလို ထင္သေလာက္မလြယ္လွေပ။ ဖိနပ္မပါ၊ ေလွကားမပါေပမဲ့ သူ မတတ္နိုင္၊ ၿခံေက်ာ္ရေတာ့မည္။ ဧည့္ခန္းထဲမွ ၿခံတံခါးသို႔ လွမ္းျမင္နိုင္သည့္ လိုက္ကာက ပိတ္ထားတာမို႔သာ ေတာ္ေသးေတာ့သည္။ သို႔ႏွင့္ အတြန့္အတက္ေတြပါသည့္ သံတံခါးကို ခန႔္ခန႔္ ခက္ခက္ခဲခဲေက်ာ္လိုက္ရ၏။

အျပင္ေရာက္သြားၿပီဆိုသည္ႏွင့္ လမ္းမရွိရာဘက္သို႔ ခန့္ခန့္ တစ္ဟုန္ထိုးေျပးေတာ့သည္။ ဖိနပ္ကမပါတာမို႔ ခင္းထားတာမၾကာေသးေသာ ကတၱရာလမ္း၏ ေက်ာက္ဆူးေလးမ်ားက ေျခဖဝါးႏုႏုအား ထိုးဆြေနသည့္ႏွယ္။ နာက်င္လွေသာ္လည္း အဆက္မျပတ္ေျပးရသည္။ မိဘေတြသိကာ လိုက္ေခၚ၍မျဖစ္။ သူျပန္မလိုက္ခ်င္။ ေလာေလာဆယ္ေတာ့ လူႀကီးနဲ႔ေတြ႕မွျဖစ္မည္။

သည္လိုႏွင့္ ခန႔္ခန႔္တစ္ေယာက္ အနီးဆုံး ATM ရွိသည့္လမ္းမဆီကိုဦးတည္ကာ မရပ္မနားေျပးေနေလေတာ့၏။

.......................

ေဇယ်ာမွာမူ ညစာစားၿပီးကတည္းက အေဖျဖစ္သူႏွင့္ အလုပ္ကိစၥေတြ ေျပာေနရတာျဖစ္သည္။ အေျခအေနတင္းမာေနဆဲကာလမို႔ အေနအထိုင္ကအစ ဖုန္းေျပာတာအဆုံး ၾကည့္ေနရတာျဖစ္၏။ ဒါမို႔လည္း ခဏတာစကားေျပာေနခိုက္ ဖုန္းကို Do not disturb ဖြင့္ထားလိုက္၏။ ခန႔္ခန႔္ဆီကမ်ား ဖုန္းလာေနလၽွင္ အေဖျဖစ္သူက အဆက္အသြယ္ရွိေနေသးတာ ရိပ္မိမွာစိုး၍ပင္။

သို႔ေပမဲ့ ဒါသည္ျပႆနာတစ္ခု၏အစ ျဖစ္လာမည္မွန္းသိလၽွင္ ေဇယ်ာ ဖုန္းလက္ခံေျပာလိုက္မည္ပင္။ သို႔ေပမဲ့ အခါခါေခၚဆိုထားေသာ ခ်စ္သူ၏အမည္နာမကို ဦးျမတ္သူ ခဏထသြားခ်ိန္မွ ေတြ႕မိေတာ့သည္။ ဆယ့္ႏွစ္ႀကိမ္မၽွ ေခၚဆိုထားတာမို႔ ဘာမ်ားျဖစ္ေလသလဲဟု ေခါင္းႀကီးသြားရသည္။ ပုံမွန္တစ္ခါမကိုင္လၽွင္ ထပ္မဆက္တတ္သည့္ကေလးက အခုေတာ့ေခၚထားတာ အထပ္ထပ္အခါခါ။ ၿပီးလၽွင္ သီးသန့္ပို႔ထားသည္က 'I need you now!' တဲ့။

မျဖစ္ေခ်ေတာ့ဟုေတြးကာ ေဇယ်ာ အေဖျဖစ္သူအလစ္တြင္ ဖုန္းျပန္ေခၚၾကည့္လိုက္သည္။

"လူႀကီး"

ရင္တထိတ္ထိတ္ႏွင့္ ေဇယ်ာ့ခမ်ာ ျပန္မထူးနိုင္ေသးဘဲ အသံကို ေသခ်ာနားေထာင္ၾကည့္ရသည္။ ဆူညံေနေသာ ကားဟြန္းသံမ်ားေၾကာင့္ အိမ္မဟုတ္တာေတာ့ ေသခ်ာသည္။

"ကေလး ဘယ္ေရာက္ေနတာလဲ။ ကားသံေတြ ဆူညံေနတယ္"

"လူႀကီးဆီ လာမလို႔။ အဲဒါကားခမရွိလို႔ ခု ပိုက္ဆံထုတ္ေနတာ။ လူႀကီးကို လာေတြ႕မယ္ေနာ္"

ခ်စ္သူကေလးမွာ ငိုသံျဖင့္ တိုးလၽွိုးေျပာေနေလျခင္း။

"ကေလး ေနပါဦး၊ အခု အိမ္ကေန ဘယ္လိုေျပာထြက္လာတာလဲ။ လူႀကီးေတြေရာသိရဲ့လား"

"ဟင့္အင္း ခိုးထြက္လာတာ။ ခုနက အိမ္မွာ ေဖေဖတို႔၊ ေမေမတို႔နဲ႔ အႀကီးအက်ယ္ ျငင္းခုံခဲ့ရတယ္။ သားတို႔ႏွစ္ေယာက္ကို အေျခအေနေစာင့္ၾကည့္ေပးပါဆိုတာကို ဘယ္လိုမွ သေဘာမတူဘူးတဲ့၊ အျပတ္လည္းျငင္းတယ္၊ မရိုက္႐ုံတမယ္ပဲ။ အဲဒါမို႔ အိမ္မွာမေနခ်င္လို႔ လူႀကီးကို လာေတြ႕မယ္ေနာ္"

ခန့္ခန့္ စိတ္ထဲတြင္ ေရွ႕ဆက္ဘာျဖစ္မည္ဆိုသည့္အရာမ်ားအတြက္ မစဥ္းစားနိုင္ေသး။ ခိုကိုးရာမရွိသလို ခံစားရၿပီး ေဇယ်ာ့ကို ေတြ႕ခ်င္စိတ္သာမ်ားေနသည္။
ေဇယ်ာမွာေတာ့ ခန့္ခန့္ေျပာစကားၾကားရၿပီး ပိုေခါင္းႀကီးသြားသည္။ အခ်ိန္မွာ ညရွစ္နာရီေက်ာ္လို႔ ကိုးနာရီထိုးလုလု။ ဒါကို အိမ္ကခိုးထြက္လာသည္တဲ့။

"ကေလး အခုဘယ္မွာလဲ။ ေနရာပဲေျပာ၊ ကိုယ္လာခဲ့မယ္"

"အိမ္အဝင္လမ္းမက ATM စက္ေရွ႕မွာ"

"ဟုတ္ၿပီ၊ ကိုယ္လာခဲ့မယ္။ အဲေနရာမွာပဲ ေသခ်ာေစာင့္ေနေနာ္။ ကိုယ္လာသည္ထိ ဘယ္သူစိမ္းနဲ႔မွ စကားမေျပာနဲ႔။ ဘယ္သူကေခၚေခၚလည္း လိုက္မသြားနဲ႔ ... ၾကားလား"

ေဇယ်ာ ယခုမွာေနသည့္ကေလးမွာ မူလတန္းေက်ာင္းသားမဟုတ္ဘဲ ဆယ့္ကိုးႏွစ္အရြယ္ရွိသည့္ တကၠသိုလ္ေက်ာင္းသားႀကီးတစ္ေယာက္ပင္ ျဖစ္ေနၿပီကိုပင္ ေမ့ေလ်ာ့ေနမိသည္။ သို႔ေပမဲ့ ကေလးသာသာအရြယ္ေလးကို မွာစရာရွိတာမွာၿပီးခ်ိန္တြင္ ဧည့္ခန္းမွာတင္ခ်ိတ္ထားသည့္ ကားေသာ့ကိုယူကာ အျပင္ထြက္ရန္ျပင္သည္။ ဒါကိုအိပ္ခန္းထဲမွ ျပန္ထြက္လာသည့္ ဦးျမတ္သူျမင္ေတာ့ အေမးထုတ္ေလၿပီ။

"ဒီအခ်ိန္ႀကီးမွ မင္းကဘယ္လဲ"

ဦးျမတ္သူအသံေၾကာင့္ ဧည့္ခန္း၏တစ္ဖက္ျခမ္းတြင္ တီဗြီၾကည့္ေနၾကသည့္ ေဒၚၾကည္ျပာႏွင့္ ရြယ္ရြယ္ကပါ လွည့္ၾကည့္လာၾကသည္။

"သား အေရးႀကီးအျပင္သြားရမွာမို႔ ျပန္လာမွေျပာျပမယ္"

"ဘာလဲ ... ဟိုကေလးဆီလား"
ဦးျမတ္သူ တည့္တည့္သာေမးလိုက္သည္။ ေဇယ်ာမွာျဖင့္ အျပင္ထြက္ရန္ ေျခတစ္လွမ္းပင္ လွမ္းၿပီးေနေခ်ၿပီ။

"ဟုတ္တယ္ အေဖ၊ သား အေရးႀကီးလို႔ပါ။ သူအိမ္ကထြက္ေျပးလာလို႔ သြားၾကည့္မွရမယ္"

စိတ္ရွုပ္သြားဟန္ရွိသည့္ ဦးျမတ္သူအၾကည့္ေၾကာင့္ ေဇယ်ာ ရြယ္ရြယ္ကို အားကိုးရေတာ့မည္ပင္။ အေသးစိတ္ရွင္းျပေနဖို႔အထိ သူ႔အတြက္ အခ်ိန္မရွိေတာ့။ ခ်စ္သူက လမ္းမေပၚတစ္ေယာက္တည္း ေစာင့္ေနၿပီမလား။

"ရြယ္ ... အေဖ့ကို ခန့္ခန့္တို႔အိမ္အေၾကာင္း ေျပာျပထားေပး။ အေဖ သားဆက္ဆက္ျပန္လာမယ္ ... မၾကာပါဘူး။ တကယ္အေရးႀကီးလို႔ပါ"

ေဇယ်ာေျပာအၿပီး အျမန္ထြက္သြားေတာ့သည္။ ဦးျမတ္သူႏွင့္ ေဒၚၾကည္ျပာမွာ အံ့ဩတႀကီးႏွင့္ က်န္ေနရစ္ခဲ့၏။ ၿပီးမွသာ သမီးျဖစ္သူေျပာျပ၍ ခန့္ခန့္တို႔ အိမ္ကပါ သေဘာမတူေၾကာင္း၊ အျပင္းအထန္ ကန႔္ကြက္ေနၾကေၾကာင္းကို သိၾကရေလသည္။

"ဟ! ဒါဆို ခိုးေျပးသြားၾကရင္ ဘယ္ႏွယ့္လုပ္မတုန္း"

"မေျပးေလာက္ပါဘူး ေဖေဖရယ္။ ကိုကိုက ဆက္ဆက္ျပန္လာမယ္လို႔ ေျပာသြားတာပဲ။ အေျခအေနေစာင့္ၾကည့္ပါဦး"

ရြယ္ရြယ္လည္း ဖာေထးေျပာလိုက္ရေပမဲ့ အစ္ကိုျဖစ္သူ ျပန္မလာမွာကိုေတာ့ ေတြးေၾကာက္လွသည္။ အိမ္ကေန ခိုးထြက္ေျပးလာသည္ဆိုသည့္ ခန႔္ခန႔္ကိုလည္း တစ္မ်ိဳးစိုးရိမ္ေနမိေသး၏။

အခ်စ္စစ္တို႔လမ္းက မေျဖာင့္ျဖဴးတဲ့။ အေျပာထက္ လက္ေတြ႕က ပိုလို႔ပင္ခက္ခဲလြန္းေနေတာ့သည္။

(15/10/2020)
••••••••••••••••••••••••••••••••••••••••••

Bạn đang đọc truyện trên: Truyen3h.Co