Truyen3h.Co

နှောင်ကြိုး

Part - 32

Fi_Lay



<Unicode>

ညပိုင်းလမ်းတွေက မီးရောင်တွေကြောင့် လင်းထိန်လျက်ရှိသည်။ ပုံမှန် ဆယ်မိနစ်မှ ဆယ့်ငါးမိနစ်အတွင်း မောင်းနှင်ရသော သူတို့နှစ်ယောက်အိမ်အကွာအဝေးက အခုမှပဲပိုဝေးနေသယောင်။ ညကိုးနာရီထိုးလုပြီမို့ ကားအတန်အသင့် ရှင်းနေသော်လည်း သူ့ခမျာ စိတ်မောလျက်ရှိသည်။ အဖေဖြစ်သူ လှမ်းအော်သံတွေလည်း မကြားနိုင်တော့။ စိတ်ပူသည့်ဇောနှင့် ရောက်အောင်သာမောင်းထွက်လာခဲ့တာပင်။

ချစ်သူပြောထားသည့် လမ်းထိပ်နေရာရောက်ချိန်တွင်တော့ ဇေယျာ ကားကိုလမ်းမဘေးကပ်ရပ်ရသည်။ ပြီးမှ ကားပေါ်ကဆင်းကာ ခန့်ခန့်ကို ရှာရတော့၏။ လမ်းမထိပ်တွင် ကားများကတဝီဝီ သွားလာနေကြဆဲ။ မှိန်ပြပြမီးရောင်တို့ထက် လမ်းအကွေ့ကိုချိုးထွက်လာတတ်ကြသော ကားမီးစူးစူးတို့က သည်ပတ်ဝန်းကျင်ကို ပိုလင်းနေစေသည်။ ဖြတ်လျှောက်သွားနေသော လူအများ၊ အမျိုးမျိုးအဖုံဖုံရောင်းနေကြသော စျေးသည်များနှင့် စုံနေတတ်သောနေရာလည်းဖြစ်၏။ သူ့ခမျာသာ ATM စက်ရှိရာသို့မှန်းကာ ရှာကြည့်ရသည်။

ထိုအခိုက် တွေ့လိုက်ရသော သူ့ချစ်သူကလေး။ ဇေယျာ အတော်ရင်နင့်သွားတာပင်။ အဝေးကသေချာကြည့်ရင်း ဟုတ်မှဟုတ်ပါ့မလား သေချာကြည့်ရသေး၏။ အမြဲစတိုင်လ်ကျအောင် သပ်သပ်ရပ်ရပ်ကလေး ဝတ်တတ်သူက အခုတော့ တီရှပ်နှင့်ဘောင်းဘီအတိုဝတ်ကာ ATM စက်နားတွင် ငုတ်တုတ်လေးထိုင်လျက်သား။ ဖိနပ်မပါ၊ ဆံပင်ပုံစံကလည်း ဖရိုဖရဲနှင့်။ နွမ်းနယ်ကာ တစ်ခုခုကို စိုးရွံ့နေသည့်ဟန်။

ဇေယျာ့ကိုမြင်သည်နှင့် ခန့်ခန့် မတ်တပ်ရပ်ကာ ဆီးကြိုသည်။ စောင့်နေသူရောက်လာ၍ အားတက်သွားသည့်ပုံမျိုး။ မျက်ဝန်းတို့ကအရည်လဲ့နေသော်လည်း အကြည့်တို့ကား အားကိုးတကြီးနှင့်။

"လူကြီး"

ဇေယျာ့ကိုမြင်သည်နှင့် ရင်ခွင်ထဲသို့ တိုးဝေ့ဝင်လာတော့သည်။

"ကလေး ဘယ်လိုဖြစ်ရတာလဲကွာ။ ဖိနပ်မပါဘဲ ဒီထိထွက်ပြေးလာခဲ့ရသလားကွ။ ပြဦး ... ခြေထောက်တွေကြည့်ရအောင်"

ပြောရင်း ဇေယျာ ဒူးထောက်ထိုင်ကာ ကလေးခြေထောက်တွေကို ကြည့်သည်။ ခန့်ခန့်ကတော့ မတ်တပ်ရပ်အနေအထားနှင့် ငုံ့ကြည့်နေဆဲပင်။
ဖုန်တွေပေပွနေသည့် ခြေဖဝါးနုနုတို့မှာ နီရချင်းနေသည်။ တချို့နေရာများတွင်လည်း သွေးခြေဥ နေလျက်။ ဇေယျာ မထိရက်မကိုင်ရက်နှင့်ပင် အသာထိကြည့်ရသည်။
"အ!"
ကျစ်!
အကိုင်ပင်မခံနိုင်သည့်ထိ ဖြစ်နေလေပြီ။ ခြေဖဝါးနုနုတွေကိုကြည့်ကာ ဇေယျာ သနားလည်းသနားမိသည်။ရင်လည်းနာသည်။ စိတ်လည်းတိုမိသည်။ ခေါင်းမာဆတ်တာသိသော်ငြား ဒီလိုတော့အထိခိုက်မခံသင့်။ သူဖြစ်သည့်ဒဏ်က ကိုယ်ဖြစ်သကဲ့သို့နာသည်။ ဇေယျာ ပြန်မတ်တပ်ရပ်လိုက်ရင်း၊

"ကလေး ဘာလို့ဒီလိုတဇွတ်ထိုးထွက်လာရတာလဲ။ ကိုယ်မကြိုက်ဘူးနော်။ အနည်းဆုံးတော့ ဖိနပ်လေးစီးပြီးမှ ထွက်ခဲ့သင့်တာပေါ့"

ဇေယျာအသံမှာ စိတ်ပူလွန်း၍ ဒေါသသံအနည်းငယ်စွက်သွားသည်။

ဒါကပင် ခန့်ခန့်အတွက် ပိုဝမ်းနည်းစေသည်။ အားငယ်စေသည်။ ချစ်သူကိုလိုအပ်နေ၍ အိမ်မှခက်ခက်ခဲခဲ ထွက်ပြေးလာရသူအား ဆူငေါက်ပြီး ဆီးကြိုပုံက ခန့်ခန့် လုံးဝသဘောမကျ။ နောက်ဆုံးသော ခိုးကိုးရာပါ မဲ့သွားသည့်နှယ်။

"ကလေး ဘာတွေကြုံခဲ့ရလဲ လူကြီး သိလို့လား။ ဖုန်းတွေဆက်တော့ရော လူကြီးကိုင်ခဲ့လို့လား။ အိမ်မှာလည်း ဘယ်သူမှနားလည်မပေးကြဘူး။ နားလည်ပေးနိုင်မဲ့သူကလည်း လူကြီးပဲရှိနိုင်မယ်ထင်လို့၊ ပြီးတော့ လူကြီးကိုလည်း အရမ်းလိုအပ်နေလို့ ဒီလိုပုံစံနဲ့ကို အပြေးထွက်လာတွေ့တာလေ။ ခုလိုကြီး ဆူငေါက်နေမှ ဖြစ်မှာလား"

ဇေယျာ ခန့်ခန့်ကိုသနားလွန်း၍ ရင်ခွင်ထဲထည့်ကာ ပြန်ချော့ရတော့သည်။ ဆံသားတို့ကိုလည်း နမ်းရှိုက်မိသည်။ နှစ်ယာက်သားရပ်နေမိသည့်နေရာမှာ မှောင်ရိပ်ကျနေ၍သာ တော်တော့သည်။ နှစ်ယောက်သား ချစ်ခွင့်လေးရဖို့အရေး ခက်ခဲလိုက်သည့်အဖြစ်တွေ။

"ကိုယ် တောင်းပန်ပါတယ်ကွာ။ ကလေးကို ဒီလိုပုံစံနဲ့မြင်ရတော့ အရမ်းစိတ်ပူသွားလို့ပါ။ ရော့ ... ကိုယ့်ဖိနပ်ခဏစီးထား။ ကားပေါ်တက်ရအောင် ... လာ"

ခန့်ခန့် ခြေဖဝါးတွေနာနေပြီမို့ ကောင်းကောင်း မထောက်နိုင်တော့ပေ။ လမ်းမထိပ်ကိုအမြန်ရောက်ဖို့ ကျောက်ဆူးတွေကို ဖိနင်းပြေးခဲ့ရသည်။ ဒါမို့ သွေးစို့သည့်နေရာက စိုနေပြီထင်ပါ၏။ ဇေယျာ ဖိနပ်ချွတ်ပေးမှသာ ခြေဖဝါးသေးသေးကလေးက အသာလျှိုစီးလိုက်သည်။ အနည်းငယ်ကြီးနေသော်လည်း သည်တိုင်းလျှောက်ရတာထက်စာလျှင် ပိုအနာသက်သာ၏။

ဇေယျာကပင် ခန့်ခန့်ကိုတွဲ၍ ကားပေါ်သေချာတင်ပေးရတာပင်။ သူလည်းကားမောင်းသည့်နေရာတွင် ပြန်ဝင်ထိုင်ပြီး စက်နှိုးထားလိုက်သည်။ သို့သော် ဘယ်ကိုမှမထွက်သေးဘဲ ခန့်ခန့်ဖက်လှည့်ကာ အကျိုးအကြောင်းမေးရလေ၏။

"ဘာတွေဖြစ်လာတာလဲ။ ကိုယ့်ကို သေချာပြောပြပါဦး။ မျက်လုံးတွေကလည်း မို့ဖောင်းလှပြီ။ ဆက်မငို့နဲ့တော့ .. .ကိုယ့်ကိုကြည့်ပြီးပြောပြ"

ခန့်ခန့်က မျက်နှာကို လက်ဝါးနှစ်ဖက်နှင့် အသာဖိကပ်ကာ ချွေးစတို့ကို ရှင်းလင်းလိုက်သည်။ ပြီးမှသာ ဖြစ်ကြောင်းကုန်စင်ရှင်းပြဖို့ အသက်ပြင်းပြင်းစရှူလိုက်၏။

"ခုနက ကလေးနဲ့လူကြီးကို သဘောတူပေးဖို့ ဖေကြီးတို့ကို ဖွင့်ပြောတယ်။ ဒါပေမဲ့ လူကြီးက ယောကျ်ားလေးဖြစ်နေတဲ့အတွက် သဘောမတူနိုင်ဘူးတဲ့။ ဘယ်ယောကျ်ားနဲ့မှကို သဘောမတူတာလို့ အပြတ်ပြောတယ်။ ပြီးတော့ သူတို့မျိုးဆက်မပြတ်ဖို့အရေး မိန်းမတစ်ယောက်ယောက်ကိုပဲ အိမ်ထောင်ပြုရမယ်တဲ့။ အဲဒါကိုလက်မခံနိုင်ဘူးပြန်ပြောတော့ ကျေးဇူးကန်းတယ်လို့ ထပ်စွပ်စွဲတယ်။ ပြီးတော့ ဖေကြီးဆိုရိုက်ဖို့လည်း ရွယ်တယ်။ ငယ်ငယ်ထဲက တစ်ခါမှတောင် မရိုက်ခဲ့ဖူးတာတောင် ခုရိုက်ဖို့ထိလုပ်တယ်"

"ကလေးရယ်.."

ဇေယျာ ပိုသနားသွားရသည်။ ချစ်သူကြုံနေရသည့် အခက်အခဲများမှာ သူ့ထက် အများကြီးပိုနေသည်။ သည်လိုတွေ ကြုံရမှာစိုး၍ပင် စန္ဒီ့ကို ဘာမှမစဉ်းစားဘဲ သိန်းရာချီပေးခဲ့ပြီးပြီမလား။ အခုတော့ ဘာမှမထိန်းလိုက်နိုင်ဘဲ မိဘတွေသိကာ ကလေးကို စိတ်ဆင်းရဲစေရပြီ။ ကိုယ်တိုင်လည်း သနားလွန်း၍ စိတ်မချမ်းမြေ့နိုင်ပါချေ။

"ကိုယ် ကလေးကိုနားလည်ပါတယ်။ ချစ်လည်းချစ်တယ်နော်။ ဒါကို ကိုယ်တို့အချိန်ယူပြီး သေချာနားချရင် လူကြီးတွေ နားလည်လာမှာပါ။ အားမလျှော့နဲ့ဦး"

"ဟင့်အင်း။ သူတို့က ဘယ်လိုပြောပြော လက်ခံမယ့်ပုံမပေါ်ဘူး။ အတတ်နိုင်ဆုံး ပြောကြည့်ခဲ့ပြီးပြီ။ ခါးခါးသီးသီးပဲ ငြင်းကြတယ်။ ယောကျ်ားဖြစ်နေလို့တဲ့ဗျာ။ ခဏတာသာယာပြီး စိတ်ကစားတာတဲ့။ သဘောမတူတဲ့အကြောင်းတွေပဲ တစ်ယောက်တစ်မျိုးပြောတယ်။ အိမ်မှနေရတာ တကယ်အသက်ရှူတောင် မချောင်တော့ဘူး။ သူတို့သဘောမတူလည်း မခွဲမှမခွဲနိုင်တာ"

ခန့်ခန့်က သူ့လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ မျက်ရည်တွေနှင့် တိုးလျှိုးပြောပြန်သည်။ ဇေယျာ သနားလွန်း၍ ဘာလုပ်ပေးရပါမည်နည်း။ ခေါင်းထဲတွင် အကြောင်းအရာများစွာအား စဉ်းစားရ၏။ လက်ခုံက ပါးနုနုပေါ်ရှိ မျက်ရည်စတို့ကို သုတ်ပေးနေရင်း ဦးနှောက်က ဖြစ်နိုင်ဖွယ်များကို ချင့်ချိန်နေရသည်။ တွက်ဆနေရသည်။ ခပ်ငိုင်ငိုင်ရှိနေသည့်သူ့အား ခန့်ခန့်မှ၊

"လူကြီး အိမ်မပြန်ချင်တော့ဘူး။ အိမ်ပြန်ရင် မေမေတို့က ဒါနဲ့ပတ်သက်ပြီး ထပ်ဆူငေါက်နေကြတော့မှာ။ ကလေးကို တစ်နေရာရာ ခေါ်သွားပေးပါလား။ သူတို့စိတ်ဆိုးပြေနိုင်လောက်တဲ့အချိန်ထိလေ"

ခန့်ခန့် ထွက်လာစဉ်က တွေ့ဖို့သာတွေးထားသည်။ တကယ်တမ်းတွေ့ရတော့ သူ အိမ်မပြန်ချင်တော့။ နွေးထွေးမှုမရှိသည့်အိမ်ကြီးမှာ သူ ဆက်မနေချင်တော့။ အပြီးတိုင် ခွဲထွက်ခဲ့ခြင်းမျိုးမဟုတ်ပေမဲ့ အသက်ရှူပေါက်ပင်မရှိအောင်ထိ ချုပ်ချယ်ထားကြသည့်အိမ်ကို မပြန်လိုတော့ပါပေ။

တစ်ဖက်တွင်တော့ ဇေယျာ အကြပ်ရိုက်သွားသည်။ တကယ်က သူသည်နေရာသို့ လာနေသည့်လမ်း၌ပင် ခန့်ခန့်အဖေက သားပျောက်၍ ဖုန်းဆက်နှင့်ပြီးသား။ တောင်းတောင်းပန်ပန်ပြောကာ ပြန်ပို့စေချင်သည့်စိတ်နှင့်ကို ပြောလာသည်။ သူကလည်း ကလေးရှိတဲ့နေရာသိတာမို့ 'ကျွန်တော်သေချာပြောပြီး ဆက်ဆက်ပြန်ပို့ပေးပါမယ်'ဟု ကတိခံလိုက်ရသည်။ သဘောမတူမှန်းသိသည့် ဦးမင်းဟန်အား သူ ကလန်ကဆန် မလုပ်ရဲပါချေ။

ခန့်ခန့်ကလည်း ယခုကဲ့သို့ အဆုံးအစွန်ထိ လိုက်ရန်ဆုံးဖြတ်ထားသည်မှန်းလည်း မထင်ခဲ့တာမို့ပင်။ သူ့သဘောမှာ ချစ်သူကို နှစ်သိမ့်မည်။ ချော့မော့ကာ အိမ်ပြန်ပို့ရမည်။ လူကြီးတွေနှင့်လည်း သေချာစကားပြောကြည့်ပြီး သဘောတူလောက်အောင် ကတိစကားများပေးမည်ဟူ၍ပင်။ ပြီးမှသာ သူလည်းအိမ်ပြန်ပြီး ရှင်းစရာရှိတာ ရှင်းရမည်ဟု တွေးလာခဲ့၏။

လက်တွေ့တွင်တော့ ထိုအတွေးက ချစ်သူ့မျက်ရည်တွေကြည့်ရုံနှင် အတော်ခက်ခဲလှသည်။

"ကလေးရယ် ... အိမ်မပြန်လို့ကတော့ ဘယ်ဖြစ်မလဲ။ လူကြီးတွေ သဘောမတူလို့ဆိုပြီး ဇွတ်လုပ်ရင်လည်း နောက်ကျကိုယ်တို့ ပြန်ရင်ဆိုင်ရမှာပဲလေ။ မျက်နှာပူစရာတွေပဲဖြစ်လိမ့်မယ်။ ဒီလိုလုပ်မယ်လေ။ အန်ကယ်နဲ့ အန်တီကို ကိုယ်သေချာလိုက်ပြောပေးမယ်။ ကလေးကို မဆူမငေါက်စေရဘူးနော်။ ကိုယ်ပဲအငေါက်ခံလိုက်မယ်၊ ကိုယ်ခေါ်တာပါလို့ ပြောမယ်ကွာ။ အန်ကယ်က ထိုးမယ်ဆိုလည်း အထိုးခံလိုက်မယ်။ ကိုယ်တို့ အိမ်ပဲပြန်ကြရအောင်ပါ"

"ဟင့်အင်း မပြန်ဘူးဆို။ လူကြီး လိုက်ပြောပေးလည်း ပြန်သွားရင် ထပ်ဆူကြမှာပဲ။ သူတို့အကြောင်းသိတယ်။ ပြီးရင် အရင်လို ဆက်ပိတ်လှောင်ထားကြဦးမှာ။ အဲတော့လူကြီး လိုက်လည်းမပြောပေးနဲ့။ ဖေဖေထိုးတာလည်းမခံနဲ့။ ဒီတိုင်းပဲ ခေါ်သွားပေးပါနော်။ တောင်းပန်ပါတယ်။ အိမ်တော့ပြန်မပို့ပါနဲ့ ... မပြန်ချင်လို့နော်"

မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျကာ လက်အုပ်ချီတောင်းပန်နေပုံက ဇေယျာ့အရှိုက်ကိုထိတော့တာပင်။ အလွန်လည်းသနားမိသည်။ စိတ်ရှိတိုင်းသာဆိုလျှင် ကလေးလက်ကိုဆွဲ၍ ဘယ်သူမှ အနှောင့်အယှက်မပေးနိုင်သည့် ကမ္ဘာအဆုံးထိ သွားပစ်လိုက်ချင်၏။

သို့သော် လူကြီးတွေစိတ်တိုင်းမကျရသည့်ကြား ထင်တိုင်းလျှောက်ခေါ်သွား၍ကလည်း မဖြစ်ပါချေ။ တစ်ဖက်တွင်လည်း အိမ်ကညီမရွယ်ရွယ်၏ Missed calls များစွာကလည်း ဝင်နေလေပြီ။ အိမ်တွင်ကျန်ခဲ့သည့် ပြဿနာတွေကိုလည်း ဖြေရှင်းရဦးမည်။ ကလေး ပိုစိတ်ဆင်းရဲမည်စိုး၍ သူ့အိမ်ကသဘောမတူသည့်ကိစ္စကိုလည်း ခုထက်ထိ ထုတ်မပြောပြနိုင်သေး။ သနားမိသော်ငြား အိမ်ပြန်ပို့ဖို့ကလွဲလျှင် ဇေယျာ့တွင် တခြားအဖြေမထွက်တော့ပေ။

"ကလေးရယ် ကိုယ်ဘယ်လိုလုပ်ရမလဲကွာ။ ကိုယ် ... ကိုယ် တကယ်ခေါ်သွားလို့ မရသေးဘူး။ အချိန်လည်းမတန်သေးဘူးလေ။ ခုချိန်ခေါ်သွားရင် ဖြစ်လာမဲ့ပြဿနာတွေက အများကြီး။ ကိုယ်တို့ဖြည်းဖြည်းချင်း ညှိယူလုပ်ရမှာတွေလေ"

ကားမီးရောင်တို့ ဇေယျာပြောတော့ ခန့်ခန့် စိတ်တိုသွားသည်။ ဒီပုံအတိုင်းဆို သူ့ကိုခေါ်သွားမည့်ပုံမရှိ။ အိမ်ကိုပြန်ပို့တော့မည်ပင်။

"ဒီက အိမ်ကနေတောင် ထွက်လာခဲ့ပြီလေဗျာ။ လူကြီးက ဘာတွေတွေးကြောက်နေရတာလဲ။ ဘာလဲ ... ရှေ့ဆက်ဖို့ရာ တွေဝေနေပြီလား။ ဒါကြောင့် မခေါ်သွားချင်တာလား။ လူကြီးလည်း မိန်းမယူဖို့ပဲ စဉ်းစားထားတာလား။ တစ်သက်လုံးစာအတွက် ချစ်ခဲ့တာပါဆိုတာတွေက စကားလုံးသက်သက်ပဲလား"

ဒေါသတို့ကြောင့် ခန့်ခန့်် မျက်နှာနုနုကလေးမှာ နီမြန်းလာလေပြီ။ ရဲနေသည့် နှာဖျားထိပ်ကလေးမှာလည်း ဘယ်လောက်ဝမ်းနည်းနေသည်ကို အယောင်ပြနေ၏။ ဇေယျာ ကလေးကို သနားလွန်းလှသည်။

"မဟုတ်ရပါဘူး ... ကလေးရယ်။ ကိုယ်ပြောပြမယ်"

"ဘာလို့မဟုတ်ရမှာလဲ။ လူကြီး တွေဝေနေတာလေ။ တကယ်ဆို ကျွန်တော့်ကိုခိုးပြေးပါတော့လို့ မပြောရုံတမယ်ပဲ။ ဒီကမာနတွေအကုန်ခွါချပြီး ခေါ်သွားဖို့ ခခယယ ပြောနေရတာကို ဘာတွေတွေးကြောက်နေတာလဲ ခင်ဗျားကြီးက"

ခန့်ခန့်က မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျရင်း ပြောရှာသည်။ ထို့နောက် ပြန်တောင်းပန်ပြောမည့် ဇေယျာ့စကားတို့ကို မကြားချင်သည့်ဟန်ဖြင့် တစ်ဖက်သို့ မျက်နှာလွှဲသွားလေ၏။ ခန့်ခန့်ကို အရိပ်သဖွယ်ကြည့်နေသော ဇေယျာသည်လည်း မျက်ရည်များ မထိန်းနိုင်စွာကျလာတော့တာပင်။

သူ့ကိုယ်သူလည်း 'ကျွန်တော်'ဟု နာမ်စားပြန်သုံးနေ၍လည်း ဇေယျာ ပိုရင်နာရသည်။ ခက်ခဲလိုက်သည့်အဖြစ်။ စိတ်အလိုလိုက်ပြီး တစ်နေရာရာခေါ်သွားရတော့မလား။ ဆုံးဖြတ်ရခက်သည့် အခြေအနေတစ်ခုပင်။ သို့ပေမဲ့ တစ်ခဏတာ စိတ်ချမ်းသာမှုထက် တစ်ဘဝစာ အဆင်ပြေချောမွေ့အောင် ဇေယျာ စိတ်ကိုတော့ အတန်တန်ထိန်းထားရမည်။

"ကလေးရေ ... ကိုယ့်ကိုသေချာကြည့်ပါဦးကွာ။ ဒီဖက်လှည့်ပါ။ ကိုယ် တစ်သက်လုံးစာမချစ်တာလည်း မဟုတ်ဘူး။ တွေဝေနေတာလည်း မဟုတ်ရပါဘူးကွာ။ ဒါ ကိုယ်တို့ဇွတ်လုပ်လို့ မရသေးတဲ့အခြေအနေကို ပြောပြတာပါ"

ခန့်ခန့်အဖို့တော့ မဖြစ်ရာလမ်းကြောင်းတွေသာ ပြောနေသည့်ဇေယျာ့အသံကို နားထဲမဝင်ချင်တော့။ ထိုးကိုက်လာသည့် နားထင်နှစ်ဖက်ကို လက်ဖြင့်သာ ခပ်နာနာဖိထားမိသည်။ သည်ထက်ဆက်ငိုမိနေလျှင် ခေါင်းပေါက်ထွက်တော့မည်။ ခုပင် ဝေဒနာက ခံရခက်နေလေပြီလေ။

"ကိုယ်တို့ထွက်သွားပြီး ပြန်မလာလို့လည်း မရဘူးလေ။ ပြီးရင် ကိုယ်တို့မိဘတွေဆီ ပြန်လာကြရမှာပဲ။ အဲချိန်ကျရင် ကိုယ်တို့ကို ပြန်ခွဲကြဦးမှာပဲလေကွာ။ ဘာထူးကြဦးမှာလဲ ကလေးရယ်။ အခြေအနေတွေပိုဆိုးသွားတာပဲ ရှိမှာပေါ့"

ဇေယျာ တစ်ဖက်လှည့်ထားသည့် ကျောပြင်လေးအား ညင်သာစွာထိထားရင်း ရှင်းပြနေရသည်။

"ပြီးတော့ ခုလိုထွက်ပြေးကြရမယ်ဆိုရင်တောင် ကိုယ်တို့အဆင်သင့်ဖြစ်အောင် ကြိုပြင်ကြရဦးမှာတွေ အများကြီးလေ"

ဇေယျာ ခန့်ခန့်လက်ကလေးကို အရဲစွန့် ကိုင်လိုက်ရင်း၊

"ဒီတစ်ခါတော့ ကိုယ်တို့အိမ်ပြန်ကြရအောင်ပါနော်။ ကလေးရဲ့ဖေဖေ ခုနက ဖုန်းဆက်လာတယ်။ သားပျောက်သွားလို့ သူတို့ တော်တော်စိတ်ပူနေကြတယ်တဲ့။ ကိုယ့်ကိုတောင်းတောင်းပန်ပန်နဲ့ ပြန်ပို့ပေးဖို့ပြောတယ်။ သူတို့ကိုလည်း လေးစားတဲ့အနေနဲ့ ကိုယ် ကလေးကို ဘေးကင်းကင်းနဲ့ ပြန်ပို့ပေးပါ့မယ်လို့ ကတိပေးထားမိတယ်"

တစ်ဖက်လှည့်ထားသည့် ခန့်ခန့်ခမျာ ဇေယျာ့ပြောစကားကိုကြားပြီး အံ့ဩမဆုံး ဖြစ်သွားရသည်။

"ဘယ်လိုပြောလိုက်တယ်။ ဘေးကင်းကင်းနဲ့ ပြန်ပို့ပေးပါ့မယ် ဟုတ်လား။ ကျွန်တော်က အိမ်မှာပိတ်လှောင်မခံနိုင်တော့လို့ အားကိုးတကြီးနဲ့ ခင်ဗျားကြီးကို လာရှာတာလေ။ ခုတော့ ကျားရှေ့မှောက်ရက်လဲသလိုပဲ၊ ပြန်ပို့ပေးမှာတဲ့လား။ ကျွန်တော်ကိုက အရူးလုံးလုံးဖြစ်နေတော့တာပေါ့"

"အဲလိုမဖြစ်ပါဘူး ကလေးရာ။ ကိုယ့်ကိုစိတ်မဆိုးပါနဲ့။ ခင်ဗျားကြီးလို့လည်း မခေါ်ပါနဲ့"

"မကြားချင်လည်းမတတ်နိုင်ဘူး။ မနေ့ကပဲ ကတိလေးတစ်ခုတောင်းထားတယ်။ ဘယ်တော့မှထားမသွားပါဘူးဆိုတာကို လွယ်လွယ်လေးနဲ့ ကတိပေးခဲ့တယ်။ ခုတော့ အလကားပဲ"

တဖြည်းဖြည်း တင်းမာလာသည့်အခြေအနေကြောင့် ဇေယျာ တတ်နိုင်သမျှ စကားကို ထိန်းပြောရသည်။ ခုချိန်တွင် သွေးပူနေသည်က ခန့်ခန့်။ စိတ်ငြိမ်အောင်လုပ်ပေးရမည်က သူသာလျှင်။

"မဟုတ်ဘူးလေ ကလေးရယ်။ ဒါကလေးကို ကိုယ် ထားသွားတာမျိုးမှ မဟုတ်တာ။ ကိုယ်တို့ခဏလေးပဲ ခွဲနေရမှာပါ။ ပြီးရင် လူကြီးတွေနဲ့ အကောင်းဆုံးညှိနှိုင်းမှာပေါ့"

"ဘာထူးတော့မှာလဲ။ သဘောမတူကြမှတော့ တဖြည်းဖြည်းနဲ့ ဝေးသွားကြတော့မှာပဲ"

"ကလေး"

ခန့်ခန့်စိတ်တွေ ထူပူနေသည်။ ကားထဲတွင်နေကာ ချွေးဒီးဒီးကျနေသလို သည်ထက်လည်း ဆက်မပြောချင်တော့။ မဖြစ်နိုင်သည့်အကြောင်းတွေသာ ဖန်တရာတေအောင် ထပ်ပြောနေမှာလည်း သူသိသည်။ အိမ်ကလည်း သူထွက်လာတာ သိသွားကြပြီမို့ ဟန်မပျက်ပြန်နေဖို့လည်း မဖြစ်နိုင်တော့ပေ။ သေချာတာတစ်ခုက သူ လုံးဝအိမ်မပြန်ပါ။

"ကျွန်တော်က ခင်ဗျားကိုချစ်တဲ့အတွက် ပြတ်သားရဲတယ်။ အချစ်မှာ တွေဝေနေစရာအကြောင်းမရှိဘူး"

"ကလေး"

"အိုခေ၊ ခေါ်သွားမပေးနိုင်လည်း ရတယ်။ ရော့! ခင်ဗျားရဲ့ဖုန်း၊ ပြီးတော့ ATM card ... ပြန်ယူထားလိုက်။ ခေါ်မသွားနိုင်ရင် ဆက်ခယမနေတော့ဘူး။ ကိုယ့်ဘာသာပဲ ခြေဦးတည့်ရာသွားမယ်"

ပြောပြောဆိုဆိုနှင့် ဖုန်းနှင့် ATM Cardကို ပစ်ချခဲ့ပြီး တံခါးအမြန်ဖွင့်ကာ ထွက်ပြေးသွားသည်။ ဇေယျာ ဆွဲထားချိန်ပင် မရလိုက်။

"ကလေး ... နေဦးလေ၊ ကလေး ... အာ"

ဇေယျာ ချက်ချင်းကားပေါ်ကဆင်းကာ ခေါ်ရသည်။

တားဆီးသံတို့ကို ခန့်ခန့်ကြားသော်လည်း ဂရုမစိုက်တော့။ ထွက်ပြေးချင်နေလေပြီ။ နားမလည်ပေးနိုင်သူတို့ဘေးက ဝေးဝေးပြေးချင်နေလေပြီ။ အတွေးတို့နှင့်ထူပူကာ ဦးနှောက်ကအလုပ်မလုပ်တော့။ ထိုးကိုက်နေသည့် နားထင်အား လက်ဖြင့်ဖိရင်း လက်တစ်ဖက်ခြမ်းသို့ အပြေးကူးချိန်။

အရှိန်ပြင်းပြင်းနှင့် လာနေသောကားတစ်စီး၏မီးရောင်က သူ့အမြင်အာရုံတွင် ဘွားခနဲ။

တီ ... တီ ... ။

ကျွီ!!!

ရုတ်တရက် ဆူညံလာသည့်ဟွန်းသံနှင့် မီးရောင်စူးစူးတို့ကြောင့် သူ့အကြည့်တို့မှာ ဝေဝါးသွားရသည်။ သူ ဘာမှမသိနိုင်တော့သည့်နောက် ခေါင်းထဲမူးမိုက်ကာ ခန့်ခန့် လဲကျသွားတော့သည်။

"ကလေး!!!"

15/10/2020
•••••••••••••••••••••••••••••••••••

<Zawgyi>

ညပိုင္းလမ္းေတြက မီးေရာင္ေတြေၾကာင့္ လင္းထိန္လ်က္ရွိသည္။ ပုံမွန္ ဆယ္မိနစ္မွ ဆယ့္ငါးမိနစ္အတြင္း ေမာင္းႏွင္ရေသာ သူတို႔ႏွစ္ေယာက္အိမ္အကြာအေဝးက အခုမွပဲပိုေဝးေနသလို။ ညကိုးနာရီထိုးလုၿပီမို႔ ကားအတန္အသင့္ ရွင္းေနၿပီဆိုေသာ္လည္း သူ႔ခမ်ာ စိတ္ေမာလ်က္ရွိသည္။ အေဖျဖစ္သူ လွမ္းေအာ္သံေတြလည္း မၾကားနိုင္ေတာ့။ စိတ္ပူသည့္ေဇာႏွင့္ ေရာက္ေအာင္ေမာင္းထြက္လာခဲ့တာပင္။

ခ်စ္သူေျပာထားသည့္ လမ္းထိပ္ေနရာေရာက္ခ်ိန္တြင္ေတာ့ ေဇယ်ာ ကားကိုလမ္းမေဘးကပ္ရပ္ရသည္။ ၿပီးမွ ကားေပၚကဆင္းကာ ခန့္ခန့္ကို ရွာရေတာ့၏။ လမ္းမထိပ္တြင္ ကားမ်ားကတဝီဝီ သြားလာေနၾကဆဲ။ မွိန္ျပျပမီးေရာင္တို႔ထက္ လမ္းအေကြ႕ကိုခ်ိဳးထြက္လာတတ္ၾကေသာ ကားမီးစူးစူးတို႔က သည္ပတ္ဝန္းက်င္ကို ပိုလင္းေနေစသည္။ ျဖတ္ေလၽွာက္သြားေနေသာ လူအမ်ား၊ အမ်ိဳးမ်ိဳးအဖုံဖုံေရာင္းေနၾကေသာ ေစ်းသည္မ်ားႏွင့္ စုံေနတတ္ေသာေနရာလည္းျဖစ္၏။ သူ႔ခမ်ာသာ ATM စက္ရွိရာသို႔မွန္းကာ ရွာၾကည့္ရသည္။

ထိုအခိုက္ ေတြ႕လိုက္ရေသာ သူ႔ခ်စ္သူကေလး။ ေဇယ်ာ အေတာ္ရင္နင့္သြားတာပင္။ အေဝးကေသခ်ာၾကည့္ရင္း ဟုတ္မွဟုတ္ပါ့မလား ေသခ်ာၾကည့္ရေသး၏။ အျမဲစတိုင္လ္က်ေအာင္ သပ္သပ္ရပ္ရပ္ကေလး ဝတ္တတ္သူက အခုေတာ့ တီရွပ္ႏွင့္ေဘာင္းဘီအတိုဝတ္ကာ ATM စက္နားတြင္ ငုတ္တုတ္ေလးထိုင္လ်က္သား။ ဖိနပ္မပါ၊ ဆံပင္ပုံစံကလည္း ဖရိုဖရဲႏွင့္။ ႏြမ္းနယ္ကာ တစ္ခုခုကို စိုးရြံ႕ေနသည့္ဟန္။

ေဇယ်ာ့ကိုျမင္သည္ႏွင့္ ခန့္ခန့္ မတ္တပ္ရပ္ကာ ဆီးႀကိဳသည္။ ေစာင့္ေနသူေရာက္လာ၍ အားတက္သြားသည့္ပုံမ်ိဳး။ မ်က္ဝန္းတို႔ကအရည္လဲ့ေနေသာ္လည္း အၾကည့္တို႔ကား အားကိုးတႀကီးႏွင့္။

"လူႀကီး"

ေဇယ်ာ့ကိုျမင္သည္ႏွင့္ ရင္ခြင္ထဲသို႔ တိုးေဝ့ဝင္လာေတာ့သည္။

"ကေလး ဘယ္လိုျဖစ္ရတာလဲကြာ။ ဖိနပ္မပါဘဲ ဒီထိထြက္ေျပးလာခဲ့ရသလားကြ။ ျပဦး ... ေျခေထာက္ေတြၾကည့္ရေအာင္"

ေျပာရင္း ေဇယ်ာ ဒူးေထာက္ထိုင္ကာ ကေလးေျခေထာက္ေတြကို ၾကည့္သည္။ ခန့္ခန့္ကေတာ့ မတ္တပ္ရပ္အေနအထားႏွင့္ ငုံ႔ၾကည့္ေနဆဲပင္။
ဖုန္ေတြေပပြေနသည့္ ေျခဖဝါးႏုႏုတို႔မွာ နီရခ်င္းေနသည္။ တခ်ိဳ႕ေနရာမ်ားတြင္လည္း ေသြးေျခဥ ေနလ်က္။ ေဇယ်ာ မထိရက္မကိုင္ရက္ႏွင့္ပင္ အသာထိၾကည့္ရသည္။
"အ!"
က်စ္!
အကိုင္ပင္မခံနိုင္သည့္ထိ ျဖစ္ေနေလၿပီ။ ေျခဖဝါးႏုႏုေတြကိုၾကည့္ကာ ေဇယ်ာ သနားလည္းသနားမိသည္။ရင္လည္းနာသည္။ စိတ္လည္းတိုမိသည္။ ေခါင္းမာဆတ္တာသိေသာ္ျငား ဒီလိုေတာ့အထိခိုက္မခံသင့္။ သူျဖစ္သည့္ဒဏ္က ကိုယ္ျဖစ္သကဲ့သို႔နာသည္။ ေဇယ်ာ ျပန္မတ္တပ္ရပ္လိုက္ရင္း၊

"ကေလး ဘာလို႔ဒီလိုတဇြတ္ထိုးထြက္လာရတာလဲ။ ကိုယ္မႀကိဳက္ဘူးေနာ္။ အနည္းဆုံးေတာ့ ဖိနပ္ေလးစီးၿပီးမွ ထြက္ခဲ့သင့္တာေပါ့"

ေဇယ်ာအသံမွာ စိတ္ပူလြန္း၍ ေဒါသသံအနည္းငယ္စြက္သြားသည္။

ဒါကပင္ ခန့္ခန့္အတြက္ ပိုဝမ္းနည္းေစသည္။ အားငယ္ေစသည္။ ခ်စ္သူကိုလိုအပ္ေန၍ အိမ္မွခက္ခက္ခဲခဲ ထြက္ေျပးလာရသူအား ဆူေငါက္ၿပီး ဆီးႀကိဳပုံက ခန႔္ခန႔္ လုံးဝသေဘာမက်။ ေနာက္ဆုံးေသာ ခိုးကိုးရာပါ မဲ့သြားသည့္ႏွယ္။

"ကေလး ဘာေတြၾကဳံခဲ့ရလဲ လူႀကီး သိလို႔လား။ ဖုန္းေတြဆက္ေတာ့ေရာ လူႀကီးကိုင္ခဲ့လို႔လား။ အိမ္မွာလည္း ဘယ္သူမွနားလည္မေပးၾကဘူး။ နားလည္ေပးနိုင္မဲ့သူကလည္း လူႀကီးပဲရွိနိုင္မယ္ထင္လို႔၊ ၿပီးေတာ့ လူႀကီးကိုလည္း အရမ္းလိုအပ္ေနလို႔ ဒီလိုပုံစံနဲ႔ကို အေျပးထြက္လာေတြ႕တာေလ။ ခုလိုႀကီး ဆူေငါက္ေနမွ ျဖစ္မွာလား"

ေဇယ်ာ ခန့္ခန့္ကိုသနားလြန္း၍ ရင္ခြင္ထဲထည့္ကာ ျပန္ေခ်ာ့ရေတာ့သည္။ ဆံသားတို႔ကိုလည္း နမ္းရွိုက္မိသည္။ ႏွစ္ယာက္သားရပ္ေနမိသည့္ေနရာမွာ ေမွာင္ရိပ္က်ေန၍သာ ေတာ္ေတာ့သည္။ ႏွစ္ေယာက္သား ခ်စ္ခြင့္ေလးရဖို႔အေရး ခက္ခဲလိုက္သည့္အျဖစ္ေတြ။

"ကိုယ္ ေတာင္းပန္ပါတယ္ကြာ။ ကေလးကို ဒီလိုပုံစံနဲ႔ျမင္ရေတာ့ အရမ္းစိတ္ပူသြားလို႔ပါ။ ေရာ့ ... ကိုယ့္ဖိနပ္ခဏစီးထား။ ကားေပၚတက္ရေအာင္ ... လာ"

ခန့္ခန့္ ေျခဖဝါးေတြနာေနၿပီမို႔ ေကာင္းေကာင္း မေထာက္နိုင္ေတာ့ေပ။ လမ္းမထိပ္ကိုအျမန္ေရာက္ဖို႔ ေက်ာက္ဆူးေတြကို ဖိနင္းေျပးခဲ့ရသည္။ ဒါမို႔ ေသြးစို႔သည့္ေနရာက စိုေနၿပီထင္ပါ၏။ ေဇယ်ာ ဖိနပ္ခၽြတ္ေပးမွသာ ေျခဖဝါးေသးေသးကေလးက အသာလၽွိုစီးလိုက္သည္။ အနည္းငယ္ႀကီးေနေသာ္လည္း သည္တိုင္းေလၽွာက္ရတာထက္စာလၽွင္ ပိုအနာသက္သာ၏။

ေဇယ်ာကပင္ ခန့္ခန့္ကိုတြဲ၍ ကားေပၚေသခ်ာတင္ေပးရတာပင္။ သူလည္းကားေမာင္းသည့္ေနရာတြင္ ျပန္ဝင္ထိုင္ၿပီး စက္ႏွိုးထားလိုက္သည္။ သို႔ေသာ္ ဘယ္ကိုမွမထြက္ေသးဘဲ ခန့္ခန့္ဖက္လွည့္ကာ အက်ိဳးအေၾကာင္းေမးရေလ၏။

"ဘာေတြျဖစ္လာတာလဲ။ ကိုယ့္ကို ေသခ်ာေျပာျပပါဦး။ မ်က္လုံးေတြကလည္း မို႔ေဖာင္းလွၿပီ။ ဆက္မငို႔နဲ႔ေတာ့ .. .ကိုယ့္ကိုၾကည့္ၿပီးေျပာျပ"

ခန့္ခန့္က မ်က္ႏွာကို လက္ဝါးႏွစ္ဖက္ႏွင့္ အသာဖိကပ္ကာ ေခၽြးစတို႔ကို ရွင္းလင္းလိုက္သည္။ ၿပီးမွသာ ျဖစ္ေၾကာင္းကုန္စင္ရွင္းျပဖို႔ အသက္ျပင္းျပင္းစရွူလိုက္၏။

"ခုနက ကေလးနဲ႔လူႀကီးကို သေဘာတူေပးဖို႔ ေဖႀကီးတို႔ကို ဖြင့္ေျပာတယ္။ ဒါေပမဲ့ လူႀကီးက ေယာက်္ားေလးျဖစ္ေနတဲ့အတြက္ သေဘာမတူနိုင္ဘူးတဲ့။ ဘယ္ေယာက်္ားနဲ႔မွကို သေဘာမတူတာလို႔ အျပတ္ေျပာတယ္။ ၿပီးေတာ့ သူတို႔မ်ိဳးဆက္မျပတ္ဖို႔အေရး မိန္းမတစ္ေယာက္ေယာက္ကိုပဲ အိမ္ေထာင္ျပဳရမယ္တဲ့။ အဲဒါကိုလက္မခံနိုင္ဘူးျပန္ေျပာေတာ့ ေက်းဇူးကန္းတယ္လို႔ ထပ္စြပ္စြဲတယ္။ ၿပီးေတာ့ ေဖႀကီးဆိုရိုက္ဖို႔လည္း ရြယ္တယ္။ ငယ္ငယ္ထဲက တစ္ခါမွေတာင္ မရိုက္ခဲ့ဖူးတာေတာင္ ခုရိုက္ဖို႔ထိလုပ္တယ္"

"ကေလးရယ္.."

ေဇယ်ာ ပိုသနားသြားရသည္။ ခ်စ္သူၾကဳံေနရသည့္ အခက္အခဲမ်ားမွာ သူ႔ထက္ အမ်ားႀကီးပိုေနသည္။ သည္လိုေတြ ၾကဳံရမွာစိုး၍ပင္ စႏၵီ့ကို ဘာမွမစဥ္းစားဘဲ သိန္းရာခ်ီေပးခဲ့ၿပီးၿပီမလား။ အခုေတာ့ ဘာမွမထိန္းလိုက္နိုင္ဘဲ မိဘေတြသိကာ ကေလးကို စိတ္ဆင္းရဲေစရၿပီ။ ကိုယ္တိုင္လည္း သနားလြန္း၍ စိတ္မခ်မ္းေျမ့နိုင္ပါေခ်။

"ကိုယ္ ကေလးကိုနားလည္ပါတယ္။ ခ်စ္လည္းခ်စ္တယ္ေနာ္။ ဒါကို ကိုယ္တို႔အခ်ိန္ယူၿပီး ေသခ်ာနားခ်ရင္ လူႀကီးေတြ နားလည္လာမွာပါ။ အားမေလၽွာ့နဲ႔ဦး"

"ဟင့္အင္း။ သူတို႔က ဘယ္လိုေျပာေျပာ လက္ခံမယ့္ပုံမေပၚဘူး။ အတတ္နိုင္ဆုံး ေျပာၾကည့္ခဲ့ၿပီးၿပီ။ ခါးခါးသီးသီးပဲ ျငင္းၾကတယ္။ ေယာက်္ားျဖစ္ေနလို႔တဲ့ဗ်ာ။ ခဏတာသာယာၿပီး စိတ္ကစားတာတဲ့။ သေဘာမတူတဲ့အေၾကာင္းေတြပဲ တစ္ေယာက္တစ္မ်ိဳးေျပာတယ္။ အိမ္မွေနရတာ တကယ္အသက္ရွူေတာင္ မေခ်ာင္ေတာ့ဘူး။ သူတို႔သေဘာမတူလည္း မခြဲမွမခြဲနိုင္တာ"

ခန့္ခန့္က သူ႔လက္ႏွစ္ဖက္ကို ဆုပ္ကိုင္ကာ မ်က္ရည္ေတြႏွင့္ တိုးလၽွိုးေျပာျပန္သည္။ ေဇယ်ာ သနားလြန္း၍ ဘာလုပ္ေပးရပါမည္နည္း။ ေခါင္းထဲတြင္ အေၾကာင္းအရာမ်ားစြာအား စဥ္းစားရ၏။ လက္ခုံက ပါးႏုႏုေပၚရွိ မ်က္ရည္စတို႔ကို သုတ္ေပးေနရင္း ဦးေႏွာက္က ျဖစ္နိုင္ဖြယ္မ်ားကို ခ်င့္ခ်ိန္ေနရသည္။ တြက္ဆေနရသည္။ ခပ္ငိုင္ငိုင္ရွိေနသည့္သူ႔အား ခန့္ခန့္မွ၊

"လူႀကီး အိမ္မျပန္ခ်င္ေတာ့ဘူး။ အိမ္ျပန္ရင္ ေမေမတို႔က ဒါနဲ႔ပတ္သက္ၿပီး ထပ္ဆူေငါက္ေနၾကေတာ့မွာ။ ကေလးကို တစ္ေနရာရာ ေခၚသြားေပးပါလား။ သူတို႔စိတ္ဆိုးေျပနိုင္ေလာက္တဲ့အခ်ိန္ထိေလ"

ခန့္ခန့္ ထြက္လာစဥ္က ေတြ႕ဖို႔သာေတြးထားသည္။ တကယ္တမ္းေတြ႕ရေတာ့ သူ အိမ္မျပန္ခ်င္ေတာ့။ ေႏြးေထြးမွုမရွိသည့္အိမ္ႀကီးမွာ သူ ဆက္မေနခ်င္ေတာ့။ အၿပီးတိုင္ ခြဲထြက္ခဲ့ျခင္းမ်ိဳးမဟုတ္ေပမဲ့ အသက္ရွူေပါက္ပင္မရွိေအာင္ထိ ခ်ဳပ္ခ်ယ္ထားၾကသည့္အိမ္ကို မျပန္လိုေတာ့ပါေပ။

တစ္ဖက္တြင္ေတာ့ ေဇယ်ာ အၾကပ္ရိုက္သြားသည္။ တကယ္က သူသည္ေနရာသို႔ လာေနသည့္လမ္း၌ပင္ ခန့္ခန့္အေဖက သားေပ်ာက္၍ ဖုန္းဆက္ႏွင့္ၿပီးသား။ ေတာင္းေတာင္းပန္ပန္ေျပာကာ ျပန္ပို႔ေစခ်င္သည့္စိတ္ႏွင့္ကို ေျပာလာသည္။ သူကလည္း ကေလးရွိတဲ့ေနရာသိတာမို႔ 'ကၽြန္ေတာ္ေသခ်ာေျပာၿပီး ဆက္ဆက္ျပန္ပို႔ေပးပါမယ္'ဟု ကတိခံလိုက္ရသည္။ သေဘာမတူမွန္းသိသည့္ ဦးမင္းဟန္အား သူ ကလန္ကဆန္ မလုပ္ရဲပါေခ်။

ခန့္ခန့္ကလည္း ယခုကဲ့သို႔ အဆုံးအစြန္ထိ လိုက္ရန္ဆုံးျဖတ္ထားသည္မွန္းလည္း မထင္ခဲ့တာမို႔ပင္။ သူ႔သေဘာမွာ ခ်စ္သူကို ႏွစ္သိမ့္မည္။ ေခ်ာ့ေမာ့ကာ အိမ္ျပန္ပို႔ရမည္။ လူႀကီးေတြႏွင့္လည္း ေသခ်ာစကားေျပာၾကည့္ၿပီး သေဘာတူေလာက္ေအာင္ ကတိစကားမ်ားေပးမည္ဟူ၍ပင္။ ၿပီးမွသာ သူလည္းအိမ္ျပန္ၿပီး ရွင္းစရာရွိတာ ရွင္းရမည္ဟု ေတြးလာခဲ့၏။

လက္ေတြ႕တြင္ေတာ့ ထိုအေတြးက ခ်စ္သူ႔မ်က္ရည္ေတြၾကည့္႐ုံႏွင္ အေတာ္ခက္ခဲလွသည္။

"ကေလးရယ္ ... အိမ္မျပန္လို႔ကေတာ့ ဘယ္ျဖစ္မလဲ။ လူႀကီးေတြ သေဘာမတူလို႔ဆိုၿပီး ဇြတ္လုပ္ရင္လည္း ေနာက္က်ကိုယ္တို႔ ျပန္ရင္ဆိုင္ရမွာပဲေလ။ မ်က္ႏွာပူစရာေတြပဲျဖစ္လိမ့္မယ္။ ဒီလိုလုပ္မယ္ေလ။ အန္ကယ္နဲ႔ အန္တီကို ကိုယ္ေသခ်ာလိုက္ေျပာေပးမယ္။ ကေလးကို မဆူမေငါက္ေစရဘူးေနာ္။ ကိုယ္ပဲအေငါက္ခံလိုက္မယ္၊ ကိုယ္ေခၚတာပါလို႔ ေျပာမယ္ကြာ။ အန္ကယ္က ထိုးမယ္ဆိုလည္း အထိုးခံလိုက္မယ္။ ကိုယ္တို႔ အိမ္ပဲျပန္ၾကရေအာင္ပါ"

"ဟင့္အင္း မျပန္ဘူးဆို။ လူႀကီး လိုက္ေျပာေပးလည္း ျပန္သြားရင္ ထပ္ဆူၾကမွာပဲ။ သူတို႔အေၾကာင္းသိတယ္။ ၿပီးရင္ အရင္လို ဆက္ပိတ္ေလွာင္ထားၾကဦးမွာ။ အဲေတာ့လူႀကီး လိုက္လည္းမေျပာေပးနဲ႔။ ေဖေဖထိုးတာလည္းမခံနဲ႔။ ဒီတိုင္းပဲ ေခၚသြားေပးပါေနာ္။ ေတာင္းပန္ပါတယ္။ အိမ္ေတာ့ျပန္မပို႔ပါနဲ႔ ... မျပန္ခ်င္လို႔ေနာ္"

မ်က္ရည္ေတြ ပိုးပိုးေပါက္ေပါက္က်ကာ လက္အုပ္ခ်ီေတာင္းပန္ေနပုံက ေဇယ်ာ့အရွိုက္ကိုထိေတာ့တာပင္။ အလြန္လည္းသနားမိသည္။ စိတ္ရွိတိုင္းသာဆိုလၽွင္ ကေလးလက္ကိုဆြဲ၍ ဘယ္သူမွ အေႏွာင့္အယွက္မေပးနိုင္သည့္ ကမၻာအဆုံးထိ သြားပစ္လိုက္ခ်င္၏။

သို႔ေသာ္ လူႀကီးေတြစိတ္တိုင္းမက်ရသည့္ၾကား ထင္တိုင္းေလၽွာက္ေခၚသြား၍ကလည္း မျဖစ္ပါေခ်။ တစ္ဖက္တြင္လည္း အိမ္ကညီမရြယ္ရြယ္၏ Missed calls မ်ားစြာကလည္း ဝင္ေနေလၿပီ။ အိမ္တြင္က်န္ခဲ့သည့္ ျပႆနာေတြကိုလည္း ေျဖရွင္းရဦးမည္။ ကေလး ပိုစိတ္ဆင္းရဲမည္စိုး၍ သူ႔အိမ္ကသေဘာမတူသည့္ကိစၥကိုလည္း ခုထက္ထိ ထုတ္မေျပာျပနိုင္ေသး။ သနားမိေသာ္ျငား အိမ္ျပန္ပို႔ဖို႔ကလြဲလၽွင္ ေဇယ်ာ့တြင္ တျခားအေျဖမထြက္ေတာ့ေပ။

"ကေလးရယ္ ကိုယ္ဘယ္လိုလုပ္ရမလဲကြာ။ ကိုယ္ ... ကိုယ္ တကယ္ေခၚသြားလို႔ မရေသးဘူး။ အခ်ိန္လည္းမတန္ေသးဘူးေလ။ ခုခ်ိန္ေခၚသြားရင္ ျဖစ္လာမဲ့ျပႆနာေတြက အမ်ားႀကီး။ ကိုယ္တို႔ျဖည္းျဖည္းခ်င္း ညႇိယူလုပ္ရမွာေတြေလ"

ကားမီးေရာင္တို႔ ေဇယ်ာေျပာေတာ့ ခန့္ခန့္ စိတ္တိုသြားသည္။ ဒီပုံအတိုင္းဆို သူ႔ကိုေခၚသြားမည့္ပုံမရွိ။ အိမ္ကိုျပန္ပို႔ေတာ့မည္ပင္။

"ဒီက အိမ္ကေနေတာင္ ထြက္လာခဲ့ၿပီေလဗ်ာ။ လူႀကီးက ဘာေတြေတြးေၾကာက္ေနရတာလဲ။ ဘာလဲ ... ေရွ႕ဆက္ဖို႔ရာ ေတြေဝေနၿပီလား။ ဒါေၾကာင့္ မေခၚသြားခ်င္တာလား။ လူႀကီးလည္း မိန္းမယူဖို႔ပဲ စဥ္းစားထားတာလား။ တစ္သက္လုံးစာအတြက္ ခ်စ္ခဲ့တာပါဆိုတာေတြက စကားလုံးသက္သက္ပဲလား"

ေဒါသတို႔ေၾကာင့္ ခန႔္ခန့္္ မ်က္ႏွာႏုႏုကေလးမွာ နီျမန္းလာေလၿပီ။ ရဲေနသည့္ ႏွာဖ်ားထိပ္ကေလးမွာလည္း ဘယ္ေလာက္ဝမ္းနည္းေနသည္ကို အေယာင္ျပေန၏။ ေဇယ်ာ ကေလးကို သနားလြန္းလွသည္။

"မဟုတ္ရပါဘူး ... ကေလးရယ္။ ကိုယ္ေျပာျပမယ္"

"ဘာလို႔မဟုတ္ရမွာလဲ။ လူႀကီး ေတြေဝေနတာေလ။ တကယ္ဆို ကၽြန္ေတာ့္ကိုခိုးေျပးပါေတာ့လို႔ မေျပာ႐ုံတမယ္ပဲ။ ဒီကမာနေတြအကုန္ခြါခ်ၿပီး ေခၚသြားဖို႔ ခခယယ ေျပာေနရတာကို ဘာေတြေတြးေၾကာက္ေနတာလဲ ခင္ဗ်ားႀကီးက"

ခန့္ခန့္က မ်က္ရည္ေတြ ပိုးပိုးေပါက္ေပါက္က်ရင္း ေျပာရွာသည္။ ထို႔ေနာက္ ျပန္ေတာင္းပန္ေျပာမည့္ ေဇယ်ာ့စကားတို႔ကို မၾကားခ်င္သည့္ဟန္ျဖင့္ တစ္ဖက္သို႔ မ်က္ႏွာလႊဲသြားေလ၏။ ခန့္ခန့္ကို အရိပ္သဖြယ္ၾကည့္ေနေသာ ေဇယ်ာသည္လည္း မ်က္ရည္မ်ား မထိန္းနိုင္စြာက်လာေတာ့တာပင္။

သူ႔ကိုယ္သူလည္း 'ကၽြန္ေတာ္'ဟု နာမ္စားျပန္သုံးေန၍လည္း ေဇယ်ာ ပိုရင္နာရသည္။ ခက္ခဲလိုက္သည့္အျဖစ္။ စိတ္အလိုလိုက္ၿပီး တစ္ေနရာရာေခၚသြားရေတာ့မလား။ ဆုံးျဖတ္ရခက္သည့္ အေျခအေနတစ္ခုပင္။ သို႔ေပမဲ့ တစ္ခဏတာ စိတ္ခ်မ္းသာမွုထက္ တစ္ဘဝစာ အဆင္ေျပေခ်ာေမြ႕ေအာင္ ေဇယ်ာ စိတ္ကိုေတာ့ အတန္တန္ထိန္းထားရမည္။

"ကေလးေရ ... ကိုယ့္ကိုေသခ်ာၾကည့္ပါဦးကြာ။ ဒီဖက္လွည့္ပါ။ ကိုယ္ တစ္သက္လုံးစာမခ်စ္တာလည္း မဟုတ္ဘူး။ ေတြေဝေနတာလည္း မဟုတ္ရပါဘူးကြာ။ ဒါ ကိုယ္တို႔ဇြတ္လုပ္လို႔ မရေသးတဲ့အေျခအေနကို ေျပာျပတာပါ"

ခန႔္ခန႔္အဖို႔ေတာ့ မျဖစ္ရာလမ္းေၾကာင္းေတြသာ ေျပာေနသည့္ေဇယ်ာ့အသံကို နားထဲမဝင္ခ်င္ေတာ့။ ထိုးကိုက္လာသည့္ နားထင္ႏွစ္ဖက္ကို လက္ျဖင့္သာ ခပ္နာနာဖိထားမိသည္။ သည္ထက္ဆက္ငိုမိေနလၽွင္ ေခါင္းေပါက္ထြက္ေတာ့မည္။ ခုပင္ ေဝဒနာက ခံရခက္ေနေလၿပီေလ။

"ကိုယ္တို႔ထြက္သြားၿပီး ျပန္မလာလို႔လည္း မရဘူးေလ။ ၿပီးရင္ ကိုယ္တို႔မိဘေတြဆီ ျပန္လာၾကရမွာပဲ။ အဲခ်ိန္က်ရင္ ကိုယ္တို႔ကို ျပန္ခြဲၾကဦးမွာပဲေလကြာ။ ဘာထူးၾကဦးမွာလဲ ကေလးရယ္။ အေျခအေနေတြပိုဆိုးသြားတာပဲ ရွိမွာေပါ့"

ေဇယ်ာ တစ္ဖက္လွည့္ထားသည့္ ေက်ာျပင္ေလးအား ညင္သာစြာထိထားရင္း ရွင္းျပေနရသည္။

"ၿပီးေတာ့ ခုလိုထြက္ေျပးၾကရမယ္ဆိုရင္ေတာင္ ကိုယ္တို႔အဆင္သင့္ျဖစ္ေအာင္ ႀကိဳျပင္ၾကရဦးမွာေတြ အမ်ားႀကီးေလ"

ေဇယ်ာ ခန့္ခန့္လက္ကေလးကို အရဲစြန့္ ကိုင္လိုက္ရင္း၊

"ဒီတစ္ခါေတာ့ ကိုယ္တို႔အိမ္ျပန္ၾကရေအာင္ပါေနာ္။ ကေလးရဲ့ေဖေဖ ခုနက ဖုန္းဆက္လာတယ္။ သားေပ်ာက္သြားလို႔ သူတို႔ ေတာ္ေတာ္စိတ္ပူေနၾကတယ္တဲ့။ ကိုယ့္ကိုေတာင္းေတာင္းပန္ပန္နဲ႔ ျပန္ပို႔ေပးဖို႔ေျပာတယ္။ သူတို႔ကိုလည္း ေလးစားတဲ့အေနနဲ႔ ကိုယ္ ကေလးကို ေဘးကင္းကင္းနဲ႔ ျပန္ပို႔ေပးပါ့မယ္လို႔ ကတိေပးထားမိတယ္"

တစ္ဖက္လွည့္ထားသည့္ ခန့္ခန့္ခမ်ာ ေဇယ်ာ့ေျပာစကားကိုၾကားၿပီး အံ့ဩမဆုံး ျဖစ္သြားရသည္။

"ဘယ္လိုေျပာလိုက္တယ္။ ေဘးကင္းကင္းနဲ႔ ျပန္ပို႔ေပးပါ့မယ္ ဟုတ္လား။ ကၽြန္ေတာ္က အိမ္မွာပိတ္ေလွာင္မခံနိုင္ေတာ့လို႔ အားကိုးတႀကီးနဲ႔ ခင္ဗ်ားႀကီးကို လာရွာတာေလ။ ခုေတာ့ က်ားေရွ႕ေမွာက္ရက္လဲသလိုပဲ၊ ျပန္ပို႔ေပးမွာတဲ့လား။ ကၽြန္ေတာ္ကိုက အ႐ူးလုံးလုံးျဖစ္ေနေတာ့တာေပါ့"

"အဲလိုမျဖစ္ပါဘူး ကေလးရာ။ ကိုယ့္ကိုစိတ္မဆိုးပါနဲ႔။ ခင္ဗ်ားႀကီးလို႔လည္း မေခၚပါနဲ႔"

"မၾကားခ်င္လည္းမတတ္နိုင္ဘူး။ မေန႔ကပဲ ကတိေလးတစ္ခုေတာင္းထားတယ္။ ဘယ္ေတာ့မွထားမသြားပါဘူးဆိုတာကို လြယ္လြယ္ေလးနဲ႔ ကတိေပးခဲ့တယ္။ ခုေတာ့ အလကားပဲ"

တျဖည္းျဖည္း တင္းမာလာသည့္အေျခအေနေၾကာင့္ ေဇယ်ာ တတ္နိုင္သမၽွ စကားကို ထိန္းေျပာရသည္။ ခုခ်ိန္တြင္ ေသြးပူေနသည္က ခန့္ခန့္။ စိတ္ၿငိမ္ေအာင္လုပ္ေပးရမည္က သူသာလၽွင္။

"မဟုတ္ဘူးေလ ကေလးရယ္။ ဒါကေလးကို ကိုယ္ ထားသြားတာမ်ိဳးမွ မဟုတ္တာ။ ကိုယ္တို႔ခဏေလးပဲ ခြဲေနရမွာပါ။ ၿပီးရင္ လူႀကီးေတြနဲ႔ အေကာင္းဆုံးညႇိႏွိုင္းမွာေပါ့"

"ဘာထူးေတာ့မွာလဲ။ သေဘာမတူၾကမွေတာ့ တျဖည္းျဖည္းနဲ႔ ေဝးသြားၾကေတာ့မွာပဲ"

"ကေလး"

ခန့္ခန့္စိတ္ေတြ ထူပူေနသည္။ ကားထဲတြင္ေနကာ ေခၽြးဒီးဒီးက်ေနသလို သည္ထက္လည္း ဆက္မေျပာခ်င္ေတာ့။ မျဖစ္နိုင္သည့္အေၾကာင္းေတြသာ ဖန္တရာေတေအာင္ ထပ္ေျပာေနမွာလည္း သူသိသည္။ အိမ္ကလည္း သူထြက္လာတာ သိသြားၾကၿပီမို႔ ဟန္မပ်က္ျပန္ေနဖို႔လည္း မျဖစ္နိုင္ေတာ့ေပ။ ေသခ်ာတာတစ္ခုက သူ လုံးဝအိမ္မျပန္ပါ။

"ကၽြန္ေတာ္က ခင္ဗ်ားကိုခ်စ္တဲ့အတြက္ ျပတ္သားရဲတယ္။ အခ်စ္မွာ ေတြေဝေနစရာအေၾကာင္းမရွိဘူး"

"ကေလး"

"အိုေခ၊ ေခၚသြားမေပးနိုင္လည္း ရတယ္။ ေရာ့! ခင္ဗ်ားရဲ့ဖုန္း၊ ၿပီးေတာ့ ATM card ... ျပန္ယူထားလိုက္။ ေခၚမသြားနိုင္ရင္ ဆက္ခယမေနေတာ့ဘူး။ ကိုယ့္ဘာသာပဲ ေျခဦးတည့္ရာသြားမယ္"

ေျပာေျပာဆိုဆိုႏွင့္ ဖုန္းႏွင့္ ATM Cardကို ပစ္ခ်ခဲ့ၿပီး တံခါးအျမန္ဖြင့္ကာ ထြက္ေျပးသြားသည္။ ေဇယ်ာ ဆြဲထားခ်ိန္ပင္ မရလိုက္။

"ကေလး ... ေနဦးေလ၊ ကေလး ... အာ"

ေဇယ်ာ ခ်က္ခ်င္းကားေပၚကဆင္းကာ ေခၚရသည္။

တားဆီးသံတို႔ကို ခန့္ခန့္ၾကားေသာ္လည္း ဂ႐ုမစိုက္ေတာ့။ ထြက္ေျပးခ်င္ေနေလၿပီ။ နားမလည္ေပးနိုင္သူတို႔ေဘးက ေဝးေဝးေျပးခ်င္ေနေလၿပီ။ အေတြးတို႔ႏွင့္ထူပူကာ ဦးေႏွာက္ကအလုပ္မလုပ္ေတာ့။ ထိုးကိုက္ေနသည့္ နားထင္အား လက္ျဖင့္ဖိရင္း လက္တစ္ဖက္ျခမ္းသို႔ အေျပးကူးခ်ိန္။

အရွိန္ျပင္းျပင္းႏွင့္ လာေနေသာကားတစ္စီး၏မီးေရာင္က သူ႔အျမင္အာ႐ုံတြင္ ဘြားခနဲ။

တီ ... တီ ... ။

ကၽြီ!!!

႐ုတ္တရက္ ဆူညံလာသည့္ဟြန္းသံႏွင့္ မီးေရာင္စူးစူးတို႔ေၾကာင့္ သူ႔အၾကည့္တို႔မွာ ေဝဝါးသြားရသည္။ သူ ဘာမွမသိနိုင္ေတာ့သည့္ေနာက္ ေခါင္းထဲမူးမိုက္ကာ ခန့္ခန့္ လဲက်သြားေတာ့သည္။

"ကေလး!!!"

15/10/2020
•••••••••••••••••••••••••••••••••••

Bạn đang đọc truyện trên: Truyen3h.Co