Truyen3h.Co

နှောင်ကြိုး

Part - 33

Fi_Lay



<Unicode>
ဆေးရုံအခန်းတွင်းမှ လူနာကုတင်ပေါ်တွင် လဲလျောင်းနေရသော ကလေးငယ်တစ်ဦး။ လောကကြီးအကြောင်း ခေတ္တမေ့လျော့ကာ အိပ်မက်ကမ္ဘာဆီများ သွားနေလေသလား။ သူကလွဲလျှင် မည်သူမျှမသိနိုင်ပါချေ။

မှိတ်ထားသောမျက်လွှာတွင် မျက်တောင်ကော့ကော့တို့မှာ အထင်းသား။ အပြစ်ကင်းစင်သော မျက်နှာလေးမှာ ဖြူဖျော့လွန်းနေသည်။ နှုတ်ခမ်းသားလေးမှာလည်း ခြောက်သွေ့၍ ပြတ်ရှချင်နေသည်။ ခန္ဓာကိုယ်တွင်းသို့ စီးဝင်နေသော ဆေးပိုက်မှာလည်း တစ်စက်ပြီးတစ်စက် ကျလို့နေ၏။

နစ်ဝင်နေသော ကျောက်မှုန်စတစ်ချို့ကြောင့် ခြေဖဝါးနုနုတို့မှာ သွေးဆို့လျက်။ ဖုန်အလိမ်းလိမ်းပေကျံနေရခြင်းကလည်း သူ့ကိုတွေ့ဖို့ကြောင့်တဲ့လား။ရင်တွေကွဲရသည်ဆိုသည့်အဖြစ်အား အခုမှသာ နဖူးတွေ့ဒူးတွေ့ ခံစားဖူးလေခြင်း။

ပြောမပြတတ်အောင် ဝမ်းနည်းရသည်။ မြင်နေရသည်အားလည်း ရင်နင့်လှသည်။ ဖြစ်ခြင်းဖြစ်လျှင် ကိုယ်သာအစားဝင် ဖြစ်လိုက်ချင်သည်။ မတားလိုက်နိုင်သည့် ကိုယ့်အဖြစ်ကိုလည်း ခွင့်မလွှတ်နိုင်။ အချိန်တွေသာ နောက်ပြန်ဆုတ်၍ရလျှင် သည်လိုအဖြစ်မခံဘဲ ကလေး စိတ်ချမ်းသာအောင် တစ်နေရာရာခေါ်သွားလိုက်သင့်သည်။

ကလေးနှင့်သည်နာကျင်ရသောဝေဒနာတို့မှာ လုံးဝမအပ်စပ်။ တကယ်ဆို ဆုံးဖြတ်ချက်မပြတ်သားနိုင်ခဲ့တဲ့သူသာ အပြစ်ရှိတာမို့ပင်။ သို့ပေမဲ့ နောင်တဆိုတာ နောင်မှရသည်ပဲမလား။

သူ ဆေးရုံရောက်ပြီးကတည်းက အခုမှသာ ကလေးခြေဖဝါးနား တိုးထိုင်နိုင်တာဖြစ်သည်။ စရောက်ကတည်းက စီစဉ်စရာရှိသည်များ အမြန်ချိတ်ဆက်ရသည်။ အခြေအနေငြိမ်သွားတော့လည်း ခန့်ခန့်မိဘများဆီ ဖုန်းဆက်ပြောရသေး၏။ ကားနှင့်မတိုက်မိသော်လည်း လူပင်ပန်း၊ စိတ်ပင်ပန်း ဒဏ်များကြောင့် ရုတ်တရက်လဲကျသွားသည်မှာ ဆေးရုံရောက်သည်ထိ သတိရတစ်ချက်၊ မရတစ်ချက်။ အခုတော့ မှိန်းနေလေပြီထင်ပါရဲ့။

ဆရာဝန်ကြီး ထွက်သွားအပြီးတွင် ဇေယျာက ခြေဖဝါးတွင် သွေးဆို့နေသည့်ဒဏ်ရာများအား သူနာပြုဆရာမလေးကို မလုပ်ကိုင်စေဘဲ ကိုယ်တိုင်သာ ပြုစုပေးသည်။ သွေးစများအား ညင်ညင်သာသာ ပိုးသတ်ထားသည့်အဝတ်ဆိုနှင့် ဆေးကြောပေးရသည်။ ပြီးနောက် သန့်စင်မှသာ ဆေးထည့်ပေးဖို့ ပြင်ရ၏။ စိတ်ထဲတွင်တော့ သည်လိုဖြစ်သွားသည့်အတွက် နောင်တများစွာနှင့်။ သူ ပိုနားဝင်အောင် ပြောပြပေးသင့်ခဲ့တာ။

ထိုအချိန် ဒေါ်မိမိနိုင်တို့မိသားစုမှာလည်း ဆေးရုံရောက်လာကြသည်။ အချိန်အားဖြင့်  ညဆယ်နာရီပင် ကျော်နေလေပြီ။ စိတ်ပူပန်ကာ သားဇောနှင့် အခန်းကို ပျာပျာသလဲ ရှာကြရသည့်သူတို့အဖို့မှာလည်း နောင်တတွေရချင်ချင်နှင့်။ ဟိုဟိုသည်သည် မေးစမ်းအပြီး အခန်းရောက်ချိန်တွင် မြင်လိုက်ရသည်ကား ကုတင်ပေါ် တွင် လဲလျောင်းနေရသော သားဖြစ်သူနှင့် သား၏ခြေဖဝါးကို ဆေးထည့်ပေးနေသော ဟိန်းဇေယျာပင်။

"ရောက်လာကြပြီလားဗျ"

လူကြီးတွေကိုမြင်တာနှင့် ဇေယျာ ရုတ်ချည်းမတ်တပ်ရပ်ကာ ကြိုဆိုရသည်။

"သား ... သား ... ဘယ်လိုဖြစ်တာလဲ။ ခုထိသတိမရသေးဘူးလား"

ဒေါ်မိမိနိုင်မှာ မကြည်ဖြူသူအားလည်း သားဇောနှင့် မေးရှာသည်။ မိဘတွေ၏စိတ်ပူပန်မှုကို ဇေယျာလည်း နားလည်မိ၍ အတတ်နိုင်ဆုံး ဖြောင်းဖျပြောဆိုရ၏။

"ဟုတ်။ ခုလောလောဆယ်တော့ ခဏမှိန်းနေတာပါတဲ့။ ကားလမ်းပေါ်လဲကျသွားတာကလည်း ပင်ပန်းတဲ့ဒဏ်ကြောင့် ဖြစ်သွားတာလို့ပြောပါတယ်။ ဦးခေါင်းပိုင်းကိုတောင် ဓာတ်မှန်ရိုက်ဦးမယ်ပြောတယ်။ တခြားပြင်ပဒဏ်ရာ မရပါဘူး။ ခု ဆေးလည်းသွင်းထားတော့ မနက်အစောပိုင်းလောက် သတိရလာလိမ့်မယ်လို့ ပြောသွားတယ်ဗျ"

အကျိုးအကြောင်း သေချာရှင်းပြနေရသော ဇေယျာမှာ အနည်းငယ်တုန်ချင်နေသည်။ ဦးမင်းဟန်၊ ဒေါ်မိမိနိုင်နှင့် အဘွားတို့လို လူကြီးတွေရှေ့တွင် အပြစ်ရှိသည့်တရားခံက အစစ်ဆေးခံရသလို ဖြစ်နေသည်ကိုး။

"ဘယ်လိုဖြစ်ကြတာလဲ ငါ့မြေးတို့ရယ်။ ဘွားတို့ကို ပြောပါဦး။ အဲဒီခြေထောက်ဆေးထည့်နေတာ ဒဏ်ရာရတာလား။ ခုနတော့ ပြင်ပဒဏ်ရာမရဘူးဆို"

အဘွားဖြစ်သူမှာ ခြေဖဝါးတို့အား သေချာလာကြည့်ရင်း မထိရက်မကိုင်ရက် ဖြစ်နေရှာသည်။ ဖြစ်လည်းဖြစ်ပါလိမ့်မည်။ တစ်အိမ်လုံးက ခြေမွှေးမီးမလောင်၊ လက်မွှေးမီးမလောင် ငုံထားမတတ်အချစ်ခံရသူလေးမလား။

"ခြေဖဝါးက လဲကျတာနဲ့ မဆိုင်ပါဘူး .. အဘွား။ သူ ဖိနပ်မပါဘဲ အိမ်ကထွက်ပြေးလာလို့ သွေးဆို့သွားတာလေးတွေပါ။ ခု ကျွန်တော် ဆေးထည့်ပေးနေပါတယ်။ သိပ်တော့မများပါဘူး"

ဦးမင်းဟန်အပါအဝင် လူကြီးသုံးယောက်စလုံးမှာ အတော်စိတ်ထိခိုက်သွားကြသည့်ဟန်ပင်။ မျက်နှာလည်း မကောင်းကြသလို ဝမ်းနည်ကြေကွဲခြင်းတွေကလည်း အထူးဖော်ပြစရာမလိုဘဲ ပေါ်လွင်နေကြသည်။

"သားရယ် ... ဖိနပ်တောင်မစီးသွားဘူးလား"

ပူဆွေးနေရသည့်မိခင်မှာလည်း သားဖြစ်သူ ခြေဖဝါးလေးအား အသာအယာတို့ထိရင်း မျက်ရည်ကလေး စမ်းလာသည်။ လိမ္မာလွန်းသည့်သား၊ ထက်မြက်လွန်းသည့်သားလေးက သည်လိုလည်းခေါင်းမာတတ်လေသကိုး။ အရင်ကဆို အိမ်ကထွက်ပြေးဖို့မဆိုထားနှင့် မိဘတွေကို ခွင့်မတောင်းဘဲတောင် လျှောက်သွားတတ်သည့် ကလေးမျိုးမဟုတ်ချေ။ မိဘတွေကြားဆို မိမိနိုင်သားက အတော်လိမ္မာတာဆိုတာမျိုးချည်း ကြားရတာဖြစ်သည်။ တွေးရင်းက တရှိုက်ရှိုက်ဖြစ်လာတော့၏။

ဇေယျာသည်လည်း မိဘတွေအား ဖြစ်ကြောင်းကုန်စင်ဆက်ပြောရန် အားယူရသည်။

"ကျွန်တော် အန်ကယ်ဆီကဖုန်းရပြီး သူ့ကိုသွားခေါ်ခဲ့ပါတယ်။ သူနဲ့တွေ့တော့ အိမ်လိုက်ပို့ပေးမယ်ဆိုပြီးလည်း ဖျောင်းဖျတယ်။ ဖြစ်ချင်တော့ အဆူခံရမှာကြောက်တဲ့စိတ်နဲ့ အိမ်မပြန်ချင်ဘူးပဲ ငြင်းရှာတယ်။ ဒီလိုပဲ ချော့မော့နားချရင်းက အိမ်အတင်းပြန်ခိုင်းရမလားဆိုပြီး ကျွန်တော့်ကို အကြီးအကျယ် စိတ်ဆိုးသွားတာ။ ပြီးတော့ သူ ဒေါသတွေထွက်ပြီး ကားပေါ်ကဆင်းအပြေးမှာ လမ်းမပေါ်လာနေတဲ့ကားနဲ့ တိုက်မလိုဖြစ်တာပါ။ ကံကောင်းတာက ကားကအရှိန်ထိန်းနိုင်လိုက်ပါတယ်။ ခန့်ခန့်ကသာ လန့်ပြီးမေ့လဲကျသွားတာပါ"

"ဘုရား ... ဘုရား။ ကံသီပေလို့ပဲ၊ ကံသီပေလို့။ ကားနဲ့သာတိုက်မိရင်၊ အမလေး ... မတွေးရဲစရာ။ မင်းတို့ကို အဲဒါမို့ပြောတယ်၊ ကလေးစိတ်ညစ်အောင် ဆူဖို့ရိုက်ဖို့ပဲ တွေးမနေကြနဲ့ဆိုတာ ဒါတွေကြောက်လို့ဟဲ့"

"ခေါင်းမာလိုက်တဲ့ သားရယ်"

သားအမိနှစ်ယောက်မှာ မျက်ရည်တရှုံ့ရှုံ့နှင့်။  ဦးမင်းဟန်ကတော့ တစ်ခွန်းမှဝင်မပြောချေ။ အဖြစ်အပျက်ကို နားထောင်အပြီး ဧည့်သည်ထိုင်ဆိုဖာတွင် ငူငူကြီး သွားထိုင်နေတော့သည်။

"မောင်ဇေယျာ အိမ်ပြန်နားလိုက်ပါတော့။ အန်တီတို့လည်း ရောက်ပြီပဲ။ ဆေးရုံလိုက်ပို့ပေးတာ ကျေးဇူးတင်ပါတယ်"

ဒေါ်မိမိနိုင်တို့မိသားစုမှာ သားဖြစ်သူနှင့် သဘောမတူသော်လည်း ဇေယျာကိုတော့ ရိုင်းရိုင်းစိုင်းစိုင်း မဆက်ဆံကြပေ။ အေးအေးဆေးဆေးပြောပြီး ပါးနပ်စွာပြန်ခိုင်းနေသည်ကတော့ ပညာသားပါလှသည်။

"ကျွန်တော် မပြန်ပါရစေနဲ့ဦးခင်ဗျာ။ ခန့်ခန့် သတိရအောင် စောင့်ချင်ပါသေးတယ်။ အန်တီတို့အနေရခက်မှာစိုးရင် ကျွန်တော် ရှေ့မှာပဲစောင့်နေပါ့မယ်။ သူသတိရတာမြင်မှ စိတ်အေးနိုင်မှာမို့လို့ပါ"

အကျယ်အကျယ်မပြောချင်တော့သည့် ဒေါ်မိမိနိုင်လည်း ခေါင်းတစ်ချက်သာ ညိတ်ပြလိုက်သည်။ မျက်စိမျက်နှာပျက်နေကြသော နှစ်ဦးနှစ်ဖက်အတွက် သည်အတိုင်းသာကောင်းလိမ့်မည်ထင်သည်။ ဇေယျာ အခန်းရှေ့ရောက်လျှင်ပဲ ဖုန်းကိုဖွင့်ကြည့်ချိန် ရွယ်ရွယ်ခေါ်ထားသည့် Missed calls များစွာကို စိတ်မောစွာပဲ တွေ့လိုက်ရသည်။

မတတ်နိုင်၊ မပြန်ချင်သေးတာမို့ ကလေးမေ့လဲကျသွားသည့်အကြောင်းနှင့် မနက်မှသာ ပြန်လာနိုင်တော့မည်ကို ညီမဖြစ်သူအား စာသာပို့လိုက်နိုင်တော့သည်။ သည်အချိန်တွင် သူဖုန်းမဆက်ချင်သေး။ မနှစ်မြို့သော မိဘတွေသဘောထားအား ခုချိန်မကြားချင်သေးပါ။ မနာခံချင်သေးပါ။

ဇေယျာ ဖုန်းကိုပြန်ပိတ်ပြီး အခန်းနံရံတွင် ကျောမှီချလိုက်သည်။ မျက်လုံးကိုအနားပေးမှိတ်သော် မြန်ဆန်သောအဖြစ်အပျက်တို့က သူ့အာရုံတွင် ပြန်ပေါ်လာသည်။ သူလုပ်ခဲ့သည့်လုပ်ရပ်က တကယ်ပဲ မှားနေပါပြီလား သူ မဝေခွဲနိုင်တော့။

သည်လိုနှင့်‌ ဇေယျာ တစ်ညလုံးအခန်းရှေ့တွင် ထိုင်စောင့်သည်။ သတိရသည်ဟူသော အသံကစိုးစဉ်းမျှ မကြားရ။ အခန်းတံခါးကို ဖွင့်ဝင်ရဲလောက်အောင်ထိလည်း သူ မရဲလှပါချေ။ အချိန်ကြာလာသည်နှင့်အမျှ သူ့ခါးတွေနာလာလေပြီ။ ခြင်တွေလည်း ကိုက်လှသည်။ သို့ပေမဲ့ မနက်မိုးလင်းခါးနီးသည်ထိ ကလေးမှာ မျှော်မှန်းသလို သတိရမလာသေးပေ။ ဆေးအရှိန်၊ ပင်ပန်းသည့်အရှိန်တွေကြောင့် ကောင်းကောင်းအနားယူနေသည် ထင်ပါရဲ့။

မနက်ခုနှစ်နာရီတွင်တော့ အဖေဖြစ်သူ ဒေါသတွေထွက်ကာ ပြန်ခေါ်နေပြီဖြစ်ကြောင်း ရွယ်ရွယ် ဖုန်းဆက်လာတော့သည်။ သို့နှင့် သူ မပြန်မဖြစ် ပြန်ရတော့ပေမည်။ တိတ်ဆိတ်နေသောအခန်းငယ်အား သူ တစ်ချက်မျှ ငေးကြည့်မိရုံသာ တတ်နိုင်ခဲ့တာပင်။

ကိုယ်ပြန်လာခဲ့ပါ့မယ် ... ကလေးရယ်။

သည်လိုနှင့် အိမ်ကိုပြန်သာပြန်ရသည်။ လမ်းတွင်တော့ ကလေးသူငယ်ချင်းခန့်ကိုအား ဖုန်းဆက်ကာ အကြောင်းကြားပေးလိုက်သည်။ ဘာပဲဖြစ်ဖြစ် ကလေးနိုးလာလျှင် သူငယ်ချင်းပါရှိတော့ ပိုအားရှိလိမ့်မည်ဟု ထင်သည်။ သည်အခြေအနေတွင် သူ့အတွက် ကလေးအခြေအနေကို ပြောပြနိုင်သည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်သာမို့။

.....................

မနက်ခင်းအာရုဏ်ကတက်လို့ နေပင်ဧည့်ခန်းကို ခပ်စူးစူးထိုးနေလေပြီ။ ဦးမြတ်သူတစ်ယောက်မှာဖြင့် ခန့်ခန့် ဆေးရုံတင်လိုက်ရသည်ကို သိသော်လည်း သူ ရုံးမသွားခင် သားကိုအရောက်ပြန်လာစေချင်သည်။ ညကလည်း ဆယ့်နှစ်ကျော်သည်အထိ မအိပ်မနေစောင့်သော်လည်း သားကပြန်မလာ။

ရူးရူးမိုက်မိုက်လုပ်သွားမည်စိုး၍ ပြန်မလာသည်ကိုမျှော်ရင်း မအိပ်နိုင်ခဲ့။ အတော်ဒေါသဖြစ်ရသည်။ သူ့အတွက် သားကြီးဩရသအဖြစ် အားကိုးတကြီးရှိလှတာမို့ လက်လွှတ်အဆုံးရှုံးမခံနိုင်။ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်သည့်အရွယ်ဖြစ်လင့်ကစား မိဘရင်ခွင် ခြေစုံကန်သွားမည့်အဖြစ်အား လက်သင့်မခံနိုင်၊ တွေးစိတ်ပူနေရ၏။

ခြံထဲဝင်လာသည့် ကားသံကြားတာမို့ ဧည့်ခန်းတွင်ထိုင်နေသော ဦးမြတ်သူ စိတ်နည်းနည်း သက်သာသွားသည်။ အနည်းဆုံးတော့ သား ပြန်လာပြီပဲ။ ဧည့်ခန်းတွင် ထိုင်နေရင်းက ကိုယ်နေဟန်ထားကို အနည်းငယ်မတ်လိုက်၏။ မျက်နှာကိုလည်း တည်စေလိုက်ကာ သားကိုစောင့်လိုက်သည်။

ခဏအကြာ အိမ်ထဲဝင်လာသည့် သားကြီး၏ပုံစံမှာ ညှင်းသိုးသိုးနှင့်။ တစ်ညလုံးမအိပ်ထားရသေးမှန်း သိသာလှသည်။ မိမိအား မမှိတ်မသုန်ကြည့်ကာ ရှေ့တွင်ဝင်ထိုင်သောသားကို မြင်ရသည်မှာ ဖခင်တစ်ဦးအဖို့တော့ ရင်နင့်စရာပါပဲ။

"မင်း ပြန်လာသေးသားပဲ"

ဇေယျာ အဖေဖြစ်သူရှေ့တွင် အပြစ်သားတစ်ယောက်သဖွယ် ထိုင်နေရသည်။ မှေးမှိန်နေသောမျက်အိမ်တို့ကို အားယူရင်း ဖခင်ပြောလာသည်ကို တုံ့ပြန်ရန်ကြိုးစားရသည်။

"သား ချက်ချင်းပြန်လာမလို့ပါပဲ။ ညက မထင်တာတွေ ဖြစ်သွားလို့ပါ။ ခန့်ခန့်လည်း ညထဲက သတိပြန်မလည်လာသေးတာ ခုထိပဲ။ အဲဒါမို့ စိတ်မချလို့ စောင့်ကြည့်နေတာပါ၊ ခုက ဖေဖေပြန်ခေါ်လို့သာ"

သူ့အသံက အနည်းငယ်တိမ်ဝင်သွား၏။ တကယ်ဆို သူပြန်လာချင်သေးတာမဟုတ်။ စိတ်ချရသည့်အချိန်ထိ စောင့်ချင်သေးသည်။ သူ့အား စိတ်ဆိုးနေသောကလေးကို နားလည်အောင် ချော့မြူရဦးမည်။

"မင်းမသွားရင် ဒီကိစ္စတွေ ဖြစ်လာစရာအကြောင်းကို မရှိဘူးကွ။ မင်းကို ဒီကလေးနဲ့ မပတ်သက်တော့ဖို့ အစတည်းက အပြတ်ပြောထားပြီးသား။ ခုဟာက မင်း ပြတ်ပြတ်သားသားမလုပ်သေးလို့ ဒီလိုတွေဖြစ်လာတာပဲ"

"သား မစွန့်လွှတ်နိုင်ဘူး အဖေ။ ပြတ်သားဖို့ဆိုတာလည်း တကယ်မဖြစ်နိုင်ဘူး။ ဒီကလေးမရှိရင်ကို သား မနေနိုင်ဘူး။ အဖေတို့လည်း မချစ်ဖူးတာမဟုတ်ဘူးလေ၊ နားလည်ပေးကြပါဦး"

သူ၏ ယတိပြတ်စကားကြားချိန်တွင် ဦးမြတ်သူ မျက်လုံးတို့ပိုပြူးကျယ်လာသည်။ ဒေါသဖြစ်လာသည့် အခိုးအရိပ်တို့ကိုလည်း ခံစားလာရသည်။ သို့သော် သူမပြော၍ မဖြစ်တော့။ ဆေးရုံကုတင်ပေါ်တွင် လဲနေသောကလေးအတွက်ပဲဖြစ်ဖြစ် သူ ရဲရဲဝင့်ဝင့်တော့ ပြောမှဖြစ်တော့မည်။

"ဟ ... မင်းက ငါတို့မိသားစုကို အရှက်ခွဲဖို့ အဆုံးထိဆုံးဖြတ်ထားတော့တာလား။ အစတည်းက ပြောထားပြီးသားနော်၊ မင်း သူ့ကို ဖြတ်ကိုဖြတ်ပစ်ရမယ်။ ဒီကိစ္စကမဖြစ်သင့်ဘူး"

ဇေယျာ လက်မခံနိုင်ကြောင်းပြောသည်ကို လုံးဝလက်မခံ။ အမြဲစကားနာခံခဲ့သော သားအလိမ္မာကို သည်တစ်ခါလည်း စိတ်ကြိုက်လိုက်လုပ်ပေးမည် ထင်နေကြသည်။

"အဖေတို့ အဲလိုလိုက်တားနေရအောင် ကျွန်တော်က ကလေးမဟုတ်တော့ပါဘူး။ မိဘတွေမို့ အရင်တစ်ခါကတည်းက ရိုသေတဲ့အနေနဲ့ ဘာမှအာခံပြီး မပြောခဲ့ဘူး။ သင့်ရာသင့်ရာဆင်ခြင်ပြီးလည်း နေပေးခဲ့ပါတယ်"

ဟုတ်ပါသည်။ ဇေယျာငယ်ငယ်ကတည်းက လိမ္မာရေးခြားရှိသည့်အပြင် ယဉ်ကျေးသည်၊ မိဘအပေါ် သိတတ်သူတစ်ယောက်ဖြစ်သည်ကို ဖခင်ဖြစ်သည့် ဦးမြတ်သူ အသိဆုံး။

"ဒါပေမဲ့ ဒီတစ်ခါတော့ သေချာပြောချင်ပါတယ်၊ ကျွန်တော်တို့ကို သဘောတူပေးကြပါ။ မိသားစုနဲ့ ချစ်သူကြားမှာ တစ်ခုခုဆိုတာကို မရွေးချယ်နိုင်ပါဘူး။ ဆုံးဖြတ်ရခက်တယ်။ တကယ်ဆို သား မနေ့ညက တစ်နေရာရာကို ထွက်သွားလို့ရတယ်။ ဒါပေမဲ့ လူကြီးတွေ သဘောတူတယ်ဆိုတာလေး ဖြစ်စေချင်လို့၊ ကြိုးစားကြည့်ချင်သေးလို့ ခန့်ခန့်ကိုတောင် ချော့မော့ပြောခဲ့တာ။ ခုလိုပြောပြနေတာ ဒီမိသားစုနဲ့မခွဲချင်လို့ အနူးအညွတ်တောင်းပန်ပြီး ပြောတာပဲ အဖေ"

ဦးမြတ်သူ ရင်ထဲ ဆို့နင့်သွားသည်။ ရှင်ခန်းပြတ်မယ်လို့ ပြောထားခဲ့သော်လည်း တကယ့်တကယ် သားကြီးဩရသ သည်မိသားစုက ခွဲထွက်သွားမှာကို မလိုလားပါ၊ အဖြစ်လည်းမခံနိုင်ပါ။ အတွေးတွေနှင့်ငိုင်တွေသွားသည့် အဖေကိုကြည့်ပြီး ဇေယျာကပင်၊

"ပတ်ဝန်းကျင်မှာ အရှက်ရတယ်ဆိုရအောင်လည်း သားတို့ သူများနစ်နာအောင် ဘာမှလုပ်နေတာ မဟုတ်ပါဘူး။ လူတွေဆိုတာ 'ချီးမွမ်း ခုနှစ်ရက်၊ ကဲ့ရဲ့ ခုနှစ်ရက်' ပါပဲ။ အဲဒါကိုကြောက်နေရင်တော့ တစ်သက်လုံး စိတ်ဆင်းရဲခံသွားရမှာ သားတို့နှစ်ယောက်ပဲ။ ဒီလိုဆိုရင်တော့ တော်တော်တရားမမျှတတာ အဖေ"

ဇေယျာက အဖေဖြစ်သူကို တည်တည်ငြိမ်ငြိမ်နှင့် ချက်ကျလက်ကျ ပြောသည်။ ဦးမြတ်သူကတော့ ခဏမျှငြိမ်ပြီး သေချာစဉ်းစားနေသည်။ ဇေယျာမှာလည်း လက်မှိုင်ချကာ တိတ်ဆိတ်လျက်။ ဧည့်ခန်းကြီးမှာ အတွေးကိုယ်စီကြောင့် ခြောက်ကပ်လာသည်။ တခြားမိသားစုဝင်တွေကလည်း ဧည့်ခန်းရှေ့ပင် ဖြတ်မလျှောက်ကြ။

"မင်းတို့အချင်းချင်းချစ်တယ်ဆိုတာ ဘယ်လောက်ကြာပြီလဲ"

ငြိမ်နေရာမှ ရုတ်တရက်မေးလာတာမို့ ဇေယျာ အနည်းငယ်ကြောင်သွားသည်။

"ခြောက်လပါ"

"ဟင်း ... ခြောက်လဆိုတဲ့အတိုင်းအတာလေးက မင်းတို့ချစ်ခြင်း တကယ်စစ်မှန်တယ်လို့ပြောလို့ရတဲ့ အချိန်မဟုတ်သေးဘူး ငါ့သား"

ဦးမြတ်သူ ဘာကိုဆိုလိုချင်မှန်း ဇေယျာ နားမလည်သေး။ အကြည့်တို့ဖြင့် အဖေဖြစ်သူထံမှ ပြောလာမည့်စကားများကို အာရုံစိုက်နေမိသည်။

"ငါ မင်းလိုအရွယ်တုန်းက မင်းအမေရဲ့အဖေ မင်းအဘိုးပေါ့လေ။ အေး .. အဲဒီတုန်းက သူ့သမီးနဲ့ သဘောမတူပါဘူး၊ မတန်ပါဘူးဆိုပြီး အသေအလဲငြင်းခဲ့တာနော်။ သူ့သမီးကို သူ့အခြေအနေထက်မနည်းထားနိုင်အောင် ဒီလိုလုပ်ငန်းကြီးတွေ ထူထူထောင်ထောင်ဖြစ်လာနိုင်အောင် အောက်ခြေကစ နေ့နေ့ညညကြိုးစားခဲ့ရတာ။ အဲဒီ ငါးနှစ်အတွင်းမှာလည်း တို့တွေဘာမှအဆက်အသွယ် မလုပ်ခဲ့ရဘူးနော်"

ဦးမြတ်သူက ပြတင်းတံခါးဆီ တစ်ချက်ကြည့်ရင်း အသက်ကိုခပ်ပြင်းပြင်းရှူပြန်၏။ ဇေယျာကမူ အဖေဖြစ်သူ၏ အလှုပ်အလှည့်မှန်သမျှကအစ သေချာလိုက်ကြည့်နေလေ၏။

"အဲဒီတုန်းက မင်းအဘိုးပြောခဲ့တဲ့စကားကို အဖေ ခုထိနားထဲစွဲပြီး မှတ်မိနေတုန်းပဲ။ မင်း နောက်ငါးနှစ်ကြာလို့ ငါလိုချင်တဲ့ အနေအထားတစ်ခုကို ရောက်ခဲ့ရင်၊ ငါ့သမီးကလည်း မင်းကိုချစ်နေသေးရင်၊ မင်းကလည်း ငါ့သမီးကို ချစ်နေသေးရင် မင်းတို့ကို ငါကိုယ်တိုင်ပေးစားမယ်တဲ့"

အဘိုးက သဘောမတူခဲ့မှန်း အရိပ်အမြွက်ကြားဖူးသော်လည်း ဇာတ်လမ်းအစုံအလင် သူတို့မသိခဲ့ကြချေ။ ခုပြောပြနေသည့်အကြောင်းကရော သူ့အားဘာကိုရှင်းပြချင်နေသလဲ ဇေယျာ သေချာမသိနိုင်သေး။

"အေး ဒီနေ့ မင်းတို့၊ သမီးရွယ်ရွယ်တို့ ဖြစ်လာတယ်ဆိုတာ ငါးနှစ်အတွင်းမှာ တို့နှစ်ယောက်စလုံး အဲဒီသုံးချက်နဲ့ညီအောင် သစ္စာရှိရှိကြိုးစားခဲ့ရလို့ပဲ။ အဲ့ဒီငါးနှစ်ဆိုတဲ့အတောအတွင်းမှာ တစ်ယောက်ပေါ်တစ်ယောက် သစ္စာရှိရှိနဲ့စောင့်ဆိုင်းပြီး ချစ်ခဲ့ကြလို့ပဲ"

"အဖေ ဘာကိုပြောချင်တာလဲ"

ပြောအပြီး ဦးမြတ်သူ အတန်ကြာစဉ်းစားပြန်သည်။ ဇေယျာ တစ်ခွန်းမှဝင်မဟရဲသေး။ သက်ပြင်းတစ်ချက်ချပြီးအဆုံး၌၊

"ဒါကိုပြောပြရတာ အဓိကပြောချင်တာရှိလို့ပဲ။ ဒီလိုအခြေအနေဖြစ်ဖို့ မင်းအဘိုးက အဖေ့ကို အခွင့်အရေးတစ်ခုပေးခဲ့သလို ငါ့သားဖြစ်တဲ့မင်းကိုလည်း နောက်ဆုံးအနေနဲ့ အခွင့်အရေးတစ်ခုပေးမယ်ဆိုရင်ရော"

ဇေယျာ ခေါင်းလေးထောင်ကာ မျှော်လင့်မိသွားသည်။ ပန်းသွေးရောင်ယှက်နေသော သွေးကြောတို့နှင့် မျက်အိမ်ကလေးကလည်း ပြူးကျယ်လာသည်။

"မင်းတို့နှစ်ယောက်ရဲ့အချစ်က တကယ်စစ်၊ မစစ် အချိန်နှစ်နှစ်လောက်ပဲယူပြီး စမ်းသပ်ကြည့်လိုက်စမ်းပါ။ အောင်မြင်ရင် မင်းတို့ကြိုက်သလိုလုပ်"

ဦးမြတ်သူက အကဲစမ်းကာ ပြောလိုက်သည်။ ငါးနှစ်အတွင်း ကြုံခဲ့ရသည့်အဖြစ်များကို သူသာလျှင် အသိဆုံးဖြစ်၏။ ပင်ပန်းသည်၊ နာကျင်သည်၊ မောပမ်းသည်၊ လက်လွှတ်ချင်စိတ်များပင် ဖြစ်ခဲ့ရသည်။ သည်များပြားလှသည့်ဒဏ်ကို ယောကျာ်းနှစ်ယောက်၏ အချစ်ဆိုတာက ဖြတ်ကျော်နိုင်မှာတဲ့လား။ ပြီးလျှင် သူပြောမည့်အစီအစဉ်နှင့်ဆို သည်နှစ်ယောက် ဖြတ်ကျော်နိုင်ပါတော့မလား။

ဇေယျာ့အဖို့တော့ မိဘများကသဘောတူမည့် အခွင့်အရေးဆိုတော့ အားတက်သွားပြီး၊

"ဘယ်လိုလဲ အဖေ"

"ပြောမယ်။ မင်း ယူကေကိုသွားပြီး Hospitality Management ကို ဘွဲ့လွန်သွားတက်။ ခုပူးပေါင်းမဲ့ပရောဂျက်မှာ မင်းပဲဦးဆောင်ရမှာသိတယ်မလား။ အဲအတွက် ကျောင်းတက်တာရော၊ လက်တွေ့ဆင်းတာရောဆို မင်း အချိန်နှစ်နှစ်ကျော်ကြာမယ်။ အဲဒီကဘွဲ့ရပြီးပြန်လာလို့မှ မင်းတို့နှစ်ယောက်ကြားမှာ အရောင်မပြောင်းသေးဘူးဆိုရင်တော့ ငါ့ဘက်က မင်းတို့ကို ကန့်ကွက်စရာအကြောင်း မရှိတော့ဘူး။ ဘယ်လိုလဲ"

ဇေယျာ ခပ်ငိုင်ငိိုင်နှင့် လေးလေးနက်နက် စဉ်းစားရလေပြီ။ နှစ်နှစ်ဆိုသည့်အချိန်က မြန်လှသည်မဟုတ်။ ဖြစ်ချင်တာဖြစ်သွားနိုင်သော ကာလတစ်ခုပင်။ အထူးသဖြင့် ခန့်ခန့်တို့ဖက်မှ အခြေအနေကိုလည်း ထည့်တွက်ရမည်။ ပြီးနောက် စိတ်ဆိုးနေပါသောကလေးကရော လက်ခံ၊ မခံ။ အတွေးနှင့်တင် သူ မောဟိုက်လာသည်။

"ကဲ ဒီနေ့ ရုံးမလာနဲ့တော့။ အိမ်မှာပဲနားပြီး စဉ်းစားကြည့်ထား။ ဒါ သားတစ်ယောက်ကို စိတ်မဆင်းရဲစေချင်တဲ့ အဖေတစ်ယောက်ရဲ့နောက်ဆုံးပေးနိုင်တဲ့ အခွင့်အရေးပဲ ငါ့သား"
ဦးမြတ်သူ သားဖြစ်သူ၏ပုခုံးကိုပုတ်ပြီးမှ ရုံးထွက်သွားတော့သည်။

ဇေယျာ အဖေဖြစ်သူပြောသည့် အစီအစဉ်ကိုကြားပြီး တွေတွေကြီး ငိုင်သွားတော့သည်။ သူက သည်အစီအစဉ်အတိုင်း လုပ်လိုက်နိုင်ဦးတောင် ကလေးက လက်ခံနိုင်ပါ့မလားဆိုတာ သေချာစဉ်းစားရမည်။ တကယ်လို့ ကလေးကများ လက်ခံနိုင်မည်ဆိုလျှင်လည်း မိဘများက သဘောမတူနိုင်သည့်အချက်က ရှိနေသေးသည်။ သူ အမြန်ဆုံးဖြတ်၍မဖြစ်။

သတိရလာပါတော့ .. ကလေးရယ်။

.......................

သူ့အမြင်အာရုံတွင် အမှောင်အတိကြားထဲက မီးရောင်တချို့ လျှပ်တပြတ်ဆိုသလို လင်းလက်လာသည်။ အကြည့်ကိုမှိတ်တစ်ချက်၊ ဖွင့်တစ်ချက်နှင့် ခက်ခက်ခဲခဲကြားက အားယူကြည့်တော့ သူရောက်နေလေတာ လမ်းမတစ်ခုပေါ်။ တဝီးဝီးဖြတ်သွားနေသော ကားတစ်စီးစီတိုင်းက သူ့မျက်လုံးကို မခံနိုင်အောင် မီးမောင်းထိုးနေသည့်နှယ်။

သည်ကြားထဲက သူရှာနေမိသူမှာ ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ဦး။ တီရှပ်ခဲရောင်နှင့် ဘောင်းဘီတိုဝတ်ထားသော ကောင်ကလေး။ ဆိုဒ်ကြီးနေသောဖိနပ်ကိုစီးကာ လမ်းမပေါ်သို့ ပြေးလွှားနေသည်။ မဖြစ်သေး၊ သူ တားရမည်။ သူတားမှ ကောင်လေးလဲကျမသွားမှာပင်။ တားရမည်ဆိုသောစိတ်ရှိသော်လည်း နှုတ်ခမ်းတစ်စုံက ဘယ်လိုမှအသံမပြုနိုင်။

'ကလေး မသွားနဲ့'

အသံပြုပါသည်။ သို့သော်လည်း ကောင်လေးက သူပြောတာမကြားဘဲ ပြေးနေမြဲဖြစ်၏။ ထိုအခိုက် မျက်လုံးအစုံကို ထိုးလာသောကားမီးရောင်စူးစူး။ သူ သိသည်။ သည်အဖြစ်အပျက်ကို သူ ကြိုသိနေသည်။ ဒါမို့လည်း အားကုန်သုံးကာ အော်ဟစ်တားမိသည်က၊

'ကလေး...'

ဂျွီ ... ဂျွီ ... ဂျွီ။

သူ၏ခေါ်သံနှင့်အတူ ဝင်ရောက်လာသောအသိစိတ်။ မျက်လုံးအစုံဖွင့်ကြည့်တော့ နေရောင်ထိုးနေသောအခန်းအား ခန်းဆီးအပြည့်ကာပြီး သူ အိပ်ပျော်နေတာပင်။ ဇေယျာ မှေးခနဲအိပ်ပျော်သွားချိန် အိပ်မက်,မက်နေခြင်း။

ဘေးနားရှိ တဂျွီဂျွီမြည်နေသောဖုန်းကို လှည့်ကြည့်မှ မျှော်လင့်နေသော ခန့်ကိုဆီမှဆက်တာပင်။ ကလေး သတိရလေပြီထင်သည်။ လက်တစ်ဖက်ကို အားယူထောက်ရင်း ဖုန်းဖြေရန် အလောထရတော့၏။

"ဟဲလို ညီလေး၊ ခန့်ခန့် သတိရပြီလား"

ဖုန်းမျက်နှာပြင်ပေါ်က နာမည်မြင်ရုံနှင့် အမောတကော မေးရပါသောဇေယျာ့အဖြစ်။

"ဟုတ် အစ်ကို၊ ခုနကပဲ သတိရတယ်"

"ဟုတ်လား၊ သူ နေသာရဲ့လား"

"ဟုတ် နာတာကျင်တာတော့ မရှိပါဘူးတဲ့။ ခေါင်းနည်းနည်းတော့ နောက်တယ်ပြောတယ်။ ဓာတ်မှန်ရိုက်ရမယ်ပြောတယ်"

"ဪ ဟုတ်ပြီ။ အဲဒါဆို ကိုယ် ခဏနေလာခဲ့မယ်"

"ဟို..."

အိပ်ယာပေါ်ကဆင်းကာ သွားဟန်ပြင်မှ ခန့်ကို၏တွန့်ဆုတ်နေသံကို ကြားလိုက်ရ၏။

"ဘာဖြစ်လို့လဲ ညီလေး"

"ငခန့်ကလေ အခုဘယ်သူနဲ့မှ မတွေ့ချင်ဘူးတဲ့။ သူ့အဖေနဲ့ အမေကိုလည်း နိုးလာကတည်းက စကားတစ်ခွန်းမှမပြောဘူး။ ကျွန်တော့်ကိုပဲ သူလိုချင်တာရှိမှပြောတယ်။ ကိုဇေယျာကို ခေါ်လိုက်မယ်ဆိုတော့လည်း အစ်ကို့ကို မမြင်ချင်ဘူးတဲ့ဗျာ။ အခု အဲလိုခေါင်းမာနေတယ်"

ကလေး သူ့အပေါ် တော်တော်စိတ်နာသွားပုံရသည်။ သတိရလာ၍ စိတ်သက်သာရာရသော်ငြား အဖေ၊ အမေသာမက သူ့ကိုပါလျစ်လျူရှုလေခြင်း။ အင်းလေ ... ကလေး၏စိတ်ကို ခန့်မှန်းမိတာမို့ သည်လောက်မှစိတ်မဆိုးနေရင်လည်း ခန့်ခန့် မဟုတ်ပါချေ။

"အင်းပါ ညီလေးရာ၊ ဒါပေမဲ့ ကိုယ်လာခဲ့ပါဦးမယ်။ သူ့ကို ကိုယ်ပြောစရာတွေ ရှိနေသေးတယ်"

"ဟုတ် အစ်ကို၊ ခုတော့ လူကြီးတွေ အိမ်ခဏပြန်သွားကြတယ်။ ကျွန်တော်တော့ ဒီမှာပဲရှိနေမှာပါ"

ဒါဆို သူ အမြန်သွားရမည်။ သူပြောရမည့်စကား၊ တိုင်ပင်ရမည့်စကားက မိဘတွေမရှိချိန်မှသာ ပြောရဆိုရကောင်းမည်။ တစ်ဖန် ဘာတွေများလိုမလဲဆိုတာပါ စဉ်းစားရပြန်၏။

"အိုခေ ညီလေး၊ အဲဒီမှာ ဘာလိုသေးလဲ။ ကိုယ်တစ်ခါတည်း ဝယ်ခဲ့ရအောင်လို့"

"လိုတာတွေတော့ အန်တီပြန်လာပို့မယ်ပြောတယ်။ ဒီတိုင်းပဲ မြန်မြန်လာခဲ့လိုက်ပါ"

"ဟုတ်ပြီ"

မိဘတွေမရောက်ခင် သူအရင်ရောက်မှဖြစ်မည်မို့ ဖုန်းချက်ချင်းချပြီး ရေအမြန်ချိုးရန် သူပြင်ရ၏။ စကားမပြောချင်သောကလေးအား ဘယ်လိုချော့မြူရမည်ကို တွေးရပြန်သည်။ မိဘတွေရှိနေလျှင်လည်း သူ့အတွက်အဆင်ပြေနေမည်မဟုတ်။ ညကအဖြစ်ကိုပြန်စဉ်းစားလျှင် ကလေးမိဘများက သူ့ကိုမလိုလားကြပုံမှာ အလွန်သိသာနေသည်။

ဟူး ... ရှေ့ဆက်ရမည့်ခရီးက ကြမ်းပေးဦးမည်။

ဇေယျာ ရေအမြန်ချိုးပြီး ဆေးရုံသို့ ပြန်ထွက်လာခဲ့၏။ ကားမပိတ်စေမည့်လမ်းကြောင်းကို ရွေးကာ အစောတလျင်မောင်းနှင်ရသည်။ ခါတိုင်းပုံမှန်မောင်းခဲ့သမျှ သည်နေ့မှပဲ ဟိုကားကျော်၊ သည်ကားကျော်နှင့်။ တစ်မိနစ်မှမြန်မြန် အပြေးသွားခဲ့သော် သူ ကံမကောင်းစွာ အောက်ထပ်ဓာတ်လှေကားတွင်ပင် ဒေါ်မိမိနိုင်နှင့် ဆုံလေတော့၏။

"မောင်ဇေယျာ"

တွေ့တွေ့ချင်းခေါ်လိုက်ပုံက သူ့ကိုမကြည်မှန်း သိသာလှတာပင်။ မနေ့ညကတွေ့သည့် အဝတ်အစားမျိုးမဟုတ်တော့၊ ပေါ့ပေါ့ပါးပါးရှိမည့် မြန်မာဝတ်စုံကို ဝတ်ဆင်ထားသည်။ သို့သော် မျက်နှာမှာဖြင့် တည်တံ့ရုံမက အပြုံးအရယ်မရှိ၊ သူ့အားအပြစ်ရှိသူသဖွယ် ခပ်စိမ်းစိမ်း ကြည့်နေလေသည်။

"ဪ ... အန်တီ၊ ကျွန်တော် ခန့်ခန့်ကို တစ်ခေါက်ပြန်လာကြည့်တာပါ"

ဒေါ်မိမိနိုင်ကမူ ဇေယျာပြောသည့်စကားကို ခဏတာစဉ်းစားနေဟန်ရှိပြီးမှ၊

"မောင်ဇေယျာ ... အန်တီနဲ့ဒီရှေ့ကကော်ဖီဆိုင်မှာ စကားခဏပြောရအောင်"

ဇေယျာ့ရင်ထဲ ဒိန်းခနဲ။ သွေးခုန်နှုန်းတွေမှာလည်း အပူချိန်အမြင့်ဆုံးပေးထားသည့် ရေပူတို့အတိုင်း တဗွက်ဗွက်ရှိလှသယောင်။ တစ်ခုခုကိုပြောတော့မှာသိ၍ သူ အတော်လန့်နေမိသည်။ သည်အချိန်တွင် ကလေးနှင့်သာ အရင်စကားပြောလိုသည်။ အဖေပြောသည့်ကိစ္စကို မငြင်းလျှင် အန်တီကိုလည်း ပြောပြလို့ဖြစ်မည်မလား။ သို့သော်လည်း အခုချိန်တွင် ငြင်းမရသည့်အခြေအနေမို့ လိုက်ရတော့မည်သာ။

"ဟုတ်ကဲ့"

လမ်းကူးရုံသာလိုသော ကော်ဖီဆိုင်မို့ သူတို့အဖို့ ကြာကြာမသွားလိုက်ရ။ ဆိုင်ထဲရောက်ချိန်တွင် မနက်ဦးပိုင်းမို့ထင်၊ လူရှင်းလင်းပြီး အေးအေးဆေးဆေး ရှိနေသည်။ ဒေါ်မိမိနိုင်က လက်ထဲပါသည့်ခြင်းကို အဝင်နားက စားပွဲတွင်သာချပြီး ဦးစွာဝင်ထိုင်လိုက်သည်။ ဇေယျာသည်လည်း မျက်နှာချင်းဆိုင်တွင် ကိုယ်ကိုကိုင်းပြီး ဝင်ထိုင်လိုက်ရ၏။ ကော်ဖီနှစ်ခွက်ကိုတော့ အားနာနာနှင့်သာ မှာလိုက်ကြသည်။

"အန်တီ မောင်ဇေယျာကို လိုရင်းပဲပြောပါမယ်။ အန်တီတို့သားနဲ့ မောင်ဇေယျာကို ဘယ်လိုမှ သဘောမတူနိုင်တာကို မင်းလည်းသိထားပြီး ဖြစ်မှာပါ"

"ကျွန်တော့်ကို ခန့်ခန့်ပြောပြလို့ သိရပါတယ်"

ဇေယျာ ခေါင်းငုံ့လိုက်ရင်း ပြောရသည်။ သူတို့ချင်းချစ်ကြပါသည်ဆိုသောအချိန်မှစ၍ အပြစ်ဟုနာနာသမှုတ်ကြသည်။ မိဘတွေရှေ့ရောက်တိုင်း အပြစ်သားသဖွယ် ငြိမ်နေရသည်။ တကယ်ဆို ဒါကဘာအမှားမည်နေလို့ပါလဲ။ သူ့မေးခွန်းတို့အတွက် အဖြေရှိမနေပါ။ ဒေါ်မိမိနိုင်ဖက်မှ သဘောထားကိုသာ နားထောင်ရတော့သည်။

"ဒီနေရာမှာ မောင်ဇေယျာ့အပေါ် အန်တီတို့က မကြိုက်တဲ့အချက်တွေရှိလို့၊ အပြစ်မြင်လို့ သဘောမတူတာမျိုး မဟုတ်ပါဘူး။ မောင်ဇေယျာလို အရည်အချင်းရှိပြီး ထက်မြက်တဲ့သူတစ်ယောက်ကို အန်တီတို့ အစောထဲက သဘောကျပြီးသားပါ"

"ဟုတ်ကဲ့"

"ဒါပေမဲ့ မောင်ဇေယျာက ယောကျ်ားလေးတစ်ယောက်ဖြစ်တဲ့အတွက် အန်တီတို့သားနဲ့ သဘောမတူနိုင်ဘူး။ မောင်ဇေယျာမို့ရယ် မဟုတ်ဘူးနော်။ သားကို ဘယ်ယောကျ်ားနဲ့မှ သဘောမတူနိုင်တာ။  ဒါကို မောင်ဇေယျာလို လူရည်မွန်တစ်ယောက်က နားလည်နိုင်မယ်လို့ အန်တီ မျှော်လင့်တယ်"

ဒေါ်မိမိနိုင်မှာ ဇေယျာ့ကို ချီးမွမ်းပြောဆိုပြီးမှ ပညာသားပါပါ ငြင်းချသည်။ ဒါကို ဇေယျာလည်း  နားလည်သည်။ သို့သော် မလွယ်ကူသည့်အရာအတွက် သူ ကြိုးစားကြည့်ချင်သေး၏။

"ကျွန်တော်တို့အတွက် ဘာမျှော်လင့်ချက်လေးမှ မရှိတော့ဘူးလားခင်ဗျာ"

ဇေယျာ တိုးလျိုးစွာပြောသည်။ သို့သော် ဒေါ်မိမိနိုင်ဖက်မှ ဘာစကားမှပြန်မလာ၍ သူကပဲ၊

"မနေ့ညက ခန့်ခန့်ပြောတဲ့ထဲမှာ မျိုးဆက်မပြတ်စေချင်ဘူးဆိုတဲ့ကိစ္စလည်းပါတာ ကျွန်တော် သိရပါတယ်။ အန်တီ နားနဲ့မနာ၊ ဖဝါးနဲ့နာပါခင်ဗျာ။ ဒီခေတ်ကြီးမှာ ယောကျ်ားချင်းအိမ်ထောင်ပြုပြီး ကလေးယူလို့ရတဲ့နည်းတွေ အများကြီးရှိ..."

"အို..."

ဒေါ်မိမိနိုင်က မကြားဝံ့သည့်ဟန် ပြုသည်။ ဇေယျာလည်း ထပ်မပြောသင့်မှန်း အရိပ်အခြေကို သဘောပေါက်လိုက်၏။

"ဒါ ကျွန်တော် သဘောပြောပြတာပါခင်ဗျာ။ တကယ်တော့ ကျွန်တော့်အိမ်ကလည်း ခန့်ခန့်နဲ့ကိစ္စကို အစောကတည်းက သဘောမတူကြပါဘူး"

ဒေါ်မိမိနိုင် ခေါင်းတညိတ်ညိတ်နှင့် ထောက်ခံဟန်ပြသည်။ ကြိုသိထားခြင်းမျိုးမဟုတ်ပေမဲ့ ဖြစ်သင့်တာပဲဆိုသည့် ပုံသဏ္ဌာန်မျိုးပင်။

"ဒါက မိဘတိုင်း သဘောမတူစရာပါပဲ"

"ဒါပေမဲ့ ကျွန်တော့်အိမ်ကသဘောမတူတဲ့အကြောင်း ခန့်ခန့်ကို အသိမပေးရသေးပါဘူး။ စာမေးပွဲတွင်းကတည်းက တစ်ပူပေါ်နှစ်ပူဆင့်ပြီး စိတ်ဆင်းရဲမှာစိုးလို့ပါ။ အဖေက ကျွန်တော့်ကို လွန်ခဲ့တဲ့သုံးလလောက်ကတည်းက ခန့်ခန့်ကို အဆက်အသွယ် ဖြတ်ခိုင်းခဲ့ပါတယ်။ ကျွန်တော်လည်း မိဘတွေကို မလွန်ဆန်ဘဲ နားချနေရဆဲပါ။ ဒါပေမဲ့ မနေ့ညက ကျွန်တော် ခန့်ခန့်ကိုလာတွေ့တဲ့ကိစ္စကြောင့် ဖေဖေစိတ်တိုပြီး ယူကေမှာ ဘွဲ့လွန်သွားတက်ဖို့ လွှတ်နေပါပြီ"

ဒေါ်မိမိနိုင် စိတ်ထဲ သဘောတွေ့သွားသည်။ ဒါသူလိုချင်နေသည့် အကွာအဝေးနှင့် အချိန်ကာလတစ်ခုပင်။ ဘွဲ့လွန်ဆိုလျှင် အနည်းဆုံးနှစ်နှစ်က သုံးနှစ်ကြာလိမ့်မည်။ သည်လောက်ဆို သားငယ်စိတ်ပြတ်နိုင်မည်ဟု ယုံကြည်ရတာပင်။ သည်အဖြစ်ကို ဒေါ်မိမိနိုင်သဘောတွေ့ပေမဲ့ အိန္ဒြေကိုထိန်းလျက် အကျိုးအကြောင်း ဂဃနဏကို မေးရသည်။

"အဲဒီတော့ မောင်ဇေယျာကသွားမှာလား။ အန်တီ့ကို ဘာသဘောနဲ့ ဒါတွေပြောပြရတာလဲ"

"ကျွန်တော် စဉ်းစားနေတုန်းပါ။ ဖေဖေက အခုချိန်သဘောမတူဘူးဆိုပေမယ့် ကျောင်းပြီးပြန်လာလို့ ကျွန်တော်တို့နှစ်ယောက် အချစ်ကတည်မြဲနေသေးရင် သူ လက်လျှော့ပြီး သဘောတူမယ်တဲ့။ အဲဒီလိုအခွင့်အရေးတစ်ခု ပေးထားကြောင်းပြောပြချင်တာပါ"

ဇေယျာ့အဖေပြောတာ မဆိုးဘူးဟု ဒေါ်မိမိနိုင် တွက်မိသည်။ တစ်ဖက်မိဘကလည်း သူတို့ချင်း သံယောဇဉ်ပြတ်စေရန် ချော့လွှတ်သည်ကို သဘောပေါက်လိုက်တာလည်းဖြစ်၏။ သူတို့ချင်း ခဏတာဖြစ်တည်လာသည့်အချစ်က ခဏခွဲရုံနှင့်ပင် ရေခဲအရည်ပျော်သလို ပျော်ကျသွားနိုင်သည်မလား။

"အဲဒီတော့ နောက်နှစ်နှစ်ကြာရင် မင်းတို့နှစ်ယောက်အခြေအနေက ဒီတိုင်းဆက်ရှိနေဦးမယ်လို့ မောင်ဇေယျာ ထင်သလား။ အန်တီကတော့ အပွင့်လင်းဆုံးပြောရရင် မထင်ဘူး။ ခုတောင် ခန့်ခန့်က မောင်ဇေယျာကို စိတ်နာနေပုံပဲ"

ဒေါ်မိမိနိုင်က နှုတ်ခမ်းစွန်းတို့အားလှုပ်ရှားရင်း မဖြစ်နိုင်ကြောင်း ခနဲ့ပြောသည်။ ပုံမှန်သဘောကောင်းသူဖြစ်စေဦးတော့ သားအတွက်ဆိုလျှင် သူပြောသင့်ပြောရမည်ဟု ထင်မှတ်သည်။

"ပြီးတော့ ခုဟာက သားရဲ့ပထမဆုံးခံစားချက်ဖြစ်တဲ့အတွက် ခဏတာစိတ်ကစားမိရုံပါပဲ။ ဒီနှစ်နှစ်အတွင်းမှာ မောင်ဇေယျာရော၊ သား ခန့်ခန့်ပါ ပတ်ဝန်းကျင်အသစ်၊ လူအသစ်တွေနဲ့ အများကြီး တွေ့ကြရဦးမယ်။ နောက်ထပ်တစ်ယောက်ယောက်ကို ထပ်မချစ်ပါဘူးလို့လည်း မပြောနိုင်ဘူး။ အဲဒီတော့ အန်တီပြောချင်တာက သား အခုချိန်စိတ်ပြတ်နေတုန်း မောင်ဇေယျာလည်း စောစောစီးစီး စိတ်ဖြတ်လိုက်တာ အကောင်းဆုံးပါ။ ဒါဆိုရင် မိဘတွေလည်း အဆင်ပြေပြီး ခန့်ခန့်လည်း စိတ်သက်သာရာ ရလိမ့်မယ်"

ဇေယျာ လက်မခံချင်သေးပါ။ သည်ဖြစ်ရပ်မှာ သူတစ်ယောက်တည်းရှိစေဦးတော့ အဆုံးထိကြိုးစားချင်သေးသည်။ သူတို့နှစ်ယောက်ကြားကအချစ်ကို အကြွင်းမဲ့ယုံချင်သည်။ သည်အတိုင်း လက်လျှော့လိုက်ဖို့ကား လုံးဝမဖြစ်နိုင်။

"တကယ်လို့ .. တကယ်လို့များ .. အန်တီရယ်၊ ကျွန်တော် နောက်နှစ်နှစ်ကြာပြီးပြန်လာလို့မှ ကျွန်တော်တို့နှစ်ယောက် အရင်အတိုင်းပဲ ဆက်ချစ်နေကြဦးမယ်ဆိုရင် အန်တီ ခဏတာစိတ်ကစားတာလို့ မသတ်မှတ်တော့ဘူးမလား။ အဲလိုဆိုရင်ရော ကျွန်တော်တို့ကို သဘောတူပေးနိုင်မလား"

ဒေါ်မိမိနိုင် ရုတ်ချည်းမျက်နှာပျက်သွားသည်။ သည်အပေးအယူကို သူစခဲ့တာမဟုတ်။ မသေချာတာအတွက်လည်း ယတိပြတ်ကတိပေးမနေချင်ပါ။ သူတို့အဖို့ အခွင့်အရေးဆိုတာပင် မပေးချင်လောက်သည်ထိ ပြတ်ပြတ်သားသားဖြစ်စေချင်သည်။

"အန်တီက မောင်ဇေယျာ့အဖေလို အပေးအယူလုပ်မဲ့သူ မဟုတ်ဘူးနော်။ မင်းတို့အချစ်က ရေရှည်မဖြစ်နိုင်ဘူးဆိုတာ တွက်ပြတာ"

"ဟုတ်ကဲ့ နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်တော်မေးတာလေးတော့ ဖြေပေးစေချင်တယ်"

ဒေါ်မိမိနိုင် မငြင်းဆန်လိုက်ပါ။ သူ့အပြောနှင့်ညီအောင်တော့ ဖြေရမှာပင်။

"အင်း။ နှစ်နှစ်ကြာတဲ့ထိမှ အန်တီသားခန့်ခန့်က မောင်ဇေယျာကို မေ့မရသေးဘူး၊ ဆက်ချစ်နေသေးတယ်ဆိုရင်တော့ ဒါခဏတာ စိတ်ကစားတာတော့ မဟုတ်ဘူးပေါ့"

'ရူးမိုက်တာ'

ထိုစကားလုံးကိုတော့ ဒေါ်မိမိနိုင် ထည့်သွင်းမပြောဖြစ်လိုက်။ အခြေအနေနှင့်ဖြစ်ရပ်တို့အား စောင့်ကြည့်ဖို့ လိုနေသေးတာပင်။ စကားဆိုတာ မယုတ်မလွန်ပြောထားတာပဲ အကောင်းဆုံးဖြစ်လိမ့်မည်။

"ဟုတ်ကဲ့၊ ဒါလေးပဲသိချင်တာပါ။ ကျွန်တော်တို့နှစ်ယောက်က ခဏစိတ်ကစားပြီး ချစ်မိကြတာလား၊ တကယ်အချစ်စစ်နဲ့ ချစ်ကြတာလားဆိုတာ ကြိုးစားပြီး သက်သေပြချင်ပါသေးတယ်။ သွားခွင့်ပြုပါဦးခင်ဗျ။ အန်တီတို့ဆန္ဒအတိုင်း ကျွန်တော် ခန့်ခန့်ကို မတွေ့သွားတော့ပါဘူး"

"ကောင်းပါပြီ"

ဇေယျာ နှုတ်ဆက်ပြီး ဦးစွာထွက်လာခဲ့လိုက်သည်။ ကလေးမိဘတွေ ဆန္ဒအရ သူ သည်နေ့အဖို့တော့ သွားမတွေ့ရန်သာ ဆုံးဖြတ်လိုက်သည်။ သို့ပေမဲ့ ရှေ့ဆက်ရမည့်ကိစ္စအား ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချနိုင်ဖို့အရေး ချစ်သူနှင့်တော့ စကားပြောခွင့်ရမှ ဖြစ်တော့မည်။ ခက်သည်က ခန့်ခန့်တွင် ဘာဖုန်းရယ်မှမရှိတော့။

ဆိုင်ပြင်ထွက်ခါနီး ဒေါ်မိမိနိုင်ဆီ တစ်ချက်မသိမသာငဲ့ကြည့်တော့ ဆံစတို့ကိုသပ်ရင်း စိတ်ရှုပ်နေဟန် ကျန်ရစ်သည်။ တစ်စက်မှမထိတွေ့ရသေးသော ကော်ဖီနှစ်ခွက်မှာတော့ စားပွဲလေးပေါ်တွင် ငြိမ်သက်တိတ်ဆိတ်စွာ။

16/10/2020
••••••••••••••••••••••••••••••••••••••••••••

<Zawgyi>

ေဆး႐ုံအခန္းတြင္းမွ လူနာကုတင္ေပၚတြင္ လဲေလ်ာင္းေနရေသာ ကေလးငယ္တစ္ဦး။ ေလာကႀကီးအေၾကာင္း ေခတၱေမ့ေလ်ာ့ကာ အိပ္မက္ကမၻာဆီမ်ား သြားေနေလသလား။ သူကလြဲလၽွင္ မည္သူမၽွမသိနိုင္ပါေခ်။

မွိတ္ထားေသာမ်က္လႊာတြင္ မ်က္ေတာင္ေကာ့ေကာ့တို႔မွာ အထင္းသား။ အျပစ္ကင္းစင္ေသာ မ်က္ႏွာေလးမွာ ျဖဴေဖ်ာ့လြန္းေနသည္။ ႏွုတ္ခမ္းသားေလးမွာလည္း ေျခာက္ေသြ႕၍ ျပတ္ရွခ်င္ေနသည္။ ခႏၶာကိုယ္တြင္းသို႔ စီးဝင္ေနေသာ ေဆးပိုက္မွာလည္း တစ္စက္ၿပီးတစ္စက္ က်လို႔ေန၏။

နစ္ဝင္ေနေသာ ေက်ာက္မွုန္စတစ္ခ်ိဳ႕ေၾကာင့္ ေျခဖဝါးႏုႏုတို႔မွာ ေသြးဆို႔လ်က္။ ဖုန္အလိမ္းလိမ္းေပက်ံေနရျခင္းကလည္း သူ႔ကိုေတြ႕ဖို႔ေၾကာင့္တဲ့လား။ရင္ေတြကြဲရသည္ဆိုသည့္အျဖစ္အား အခုမွသာ နဖူးေတြ႕ဒူးေတြ႕ ခံစားဖူးေလျခင္း။

ေျပာမျပတတ္ေအာင္ ဝမ္းနည္းရသည္။ ျမင္ေနရသည္အားလည္း ရင္နင့္လွသည္။ ျဖစ္ျခင္းျဖစ္လၽွင္ ကိုယ္သာအစားဝင္ ျဖစ္လိုက္ခ်င္သည္။ မတားလိုက္နိုင္သည့္ ကိုယ့္အျဖစ္ကိုလည္း ခြင့္မလႊတ္နိုင္။ အခ်ိန္ေတြသာ ေနာက္ျပန္ဆုတ္၍ရလၽွင္ သည္လိုအျဖစ္မခံဘဲ ကေလး စိတ္ခ်မ္းသာေအာင္ တစ္ေနရာရာေခၚသြားလိုက္သင့္သည္။

ကေလးႏွင့္သည္နာက်င္ရေသာေဝဒနာတို႔မွာ လုံးဝမအပ္စပ္။ တကယ္ဆို ဆုံးျဖတ္ခ်က္မျပတ္သားနိုင္ခဲ့တဲ့သူသာ အျပစ္ရွိတာမို႔ပင္။ သို႔ေပမဲ့ ေနာင္တဆိုတာ ေနာင္မွရသည္ပဲမလား။

သူ ေဆး႐ုံေရာက္ၿပီးကတည္းက အခုမွသာ ကေလးေျခဖဝါးနား တိုးထိုင္နိုင္တာျဖစ္သည္။ စေရာက္ကတည္းက စီစဥ္စရာရွိသည္မ်ား အျမန္ခ်ိတ္ဆက္ရသည္။ အေျခအေနၿငိမ္သြားေတာ့လည္း ခန့္ခန့္မိဘမ်ားဆီ ဖုန္းဆက္ေျပာရေသး၏။ ကားႏွင့္မတိုက္မိေသာ္လည္း လူပင္ပန္း၊ စိတ္ပင္ပန္း ဒဏ္မ်ားေၾကာင့္ ႐ုတ္တရက္လဲက်သြားသည္မွာ ေဆး႐ုံေရာက္သည္ထိ သတိရတစ္ခ်က္၊ မရတစ္ခ်က္။ အခုေတာ့ မွိန္းေနေလၿပီထင္ပါရဲ့။

ဆရာဝန္ႀကီး ထြက္သြားအၿပီးတြင္ ေဇယ်ာက ေျခဖဝါးတြင္ ေသြးဆို႔ေနသည့္ဒဏ္ရာမ်ားအား သူနာျပဳဆရာမေလးကို မလုပ္ကိုင္ေစဘဲ ကိုယ္တိုင္သာ ျပဳစုေပးသည္။ ေသြးစမ်ားအား ညင္ညင္သာသာ ပိုးသတ္ထားသည့္အဝတ္ဆိုႏွင့္ ေဆးေၾကာေပးရသည္။ ၿပီးေနာက္ သန့္စင္မွသာ ေဆးထည့္ေပးဖို႔ ျပင္ရ၏။ စိတ္ထဲတြင္ေတာ့ သည္လိုျဖစ္သြားသည့္အတြက္ ေနာင္တမ်ားစြာႏွင့္။ သူ ပိုနားဝင္ေအာင္ ေျပာျပေပးသင့္ခဲ့တာ။

ထိုအခ်ိန္ ေဒၚမိမိနိုင္တို႔မိသားစုမွာလည္း ေဆး႐ုံေရာက္လာၾကသည္။ အခ်ိန္အားျဖင့္  ညဆယ္နာရီပင္ ေက်ာ္ေနေလၿပီ။ စိတ္ပူပန္ကာ သားေဇာႏွင့္ အခန္းကို ပ်ာပ်ာသလဲ ရွာၾကရသည့္သူတို႔အဖို႔မွာလည္း ေနာင္တေတြရခ်င္ခ်င္ႏွင့္။ ဟိုဟိုသည္သည္ ေမးစမ္းအၿပီး အခန္းေရာက္ခ်ိန္တြင္ ျမင္လိုက္ရသည္ကား ကုတင္ေပၚ တြင္ လဲေလ်ာင္းေနရေသာ သားျဖစ္သူႏွင့္ သား၏ေျခဖဝါးကို ေဆးထည့္ေပးေနေသာ ဟိန္းေဇယ်ာပင္။

"ေရာက္လာၾကၿပီလားဗ်"

လူႀကီးေတြကိုျမင္တာႏွင့္ ေဇယ်ာ ႐ုတ္ခ်ည္းမတ္တပ္ရပ္ကာ ႀကိဳဆိုရသည္။

"သား ... သား ... ဘယ္လိုျဖစ္တာလဲ။ ခုထိသတိမရေသးဘူးလား"

ေဒၚမိမိနိုင္မွာ မၾကည္ျဖဴသူအားလည္း သားေဇာႏွင့္ ေမးရွာသည္။ မိဘေတြ၏စိတ္ပူပန္မွုကို ေဇယ်ာလည္း နားလည္မိ၍ အတတ္နိုင္ဆုံး ေျဖာင္းဖ်ေျပာဆိုရ၏။

"ဟုတ္။ ခုေလာေလာဆယ္ေတာ့ ခဏမွိန္းေနတာပါတဲ့။ ကားလမ္းေပၚလဲက်သြားတာကလည္း ပင္ပန္းတဲ့ဒဏ္ေၾကာင့္ ျဖစ္သြားတာလို႔ေျပာပါတယ္။ ဦးေခါင္းပိုင္းကိုေတာင္ ဓာတ္မွန္ရိုက္ဦးမယ္ေျပာတယ္။ တျခားျပင္ပဒဏ္ရာ မရပါဘူး။ ခု ေဆးလည္းသြင္းထားေတာ့ မနက္အေစာပိုင္းေလာက္ သတိရလာလိမ့္မယ္လို႔ ေျပာသြားတယ္ဗ်"

အက်ိဳးအေၾကာင္း ေသခ်ာရွင္းျပေနရေသာ ေဇယ်ာမွာ အနည္းငယ္တုန္ခ်င္ေနသည္။ ဦးမင္းဟန္၊ ေဒၚမိမိနိုင္ႏွင့္ အဘြားတို႔လို လူႀကီးေတြေရွ႕တြင္ အျပစ္ရွိသည့္တရားခံက အစစ္ေဆးခံရသလို ျဖစ္ေနသည္ကိုး။

"ဘယ္လိုျဖစ္ၾကတာလဲ ငါ့ေျမးတို႔ရယ္။ ဘြားတို႔ကို ေျပာပါဦး။ အဲဒီေျခေထာက္ေဆးထည့္ေနတာ ဒဏ္ရာရတာလား။ ခုနေတာ့ ျပင္ပဒဏ္ရာမရဘူးဆို"

အဘြားျဖစ္သူမွာ ေျခဖဝါးတို႔အား ေသခ်ာလာၾကည့္ရင္း မထိရက္မကိုင္ရက္ ျဖစ္ေနရွာသည္။ ျဖစ္လည္းျဖစ္ပါလိမ့္မည္။ တစ္အိမ္လုံးက ေျခေမႊးမီးမေလာင္၊ လက္ေမႊးမီးမေလာင္ ငုံထားမတတ္အခ်စ္ခံရသူေလးမလား။

"ေျခဖဝါးက လဲက်တာနဲ႔ မဆိုင္ပါဘူး .. အဘြား။ သူ ဖိနပ္မပါဘဲ အိမ္ကထြက္ေျပးလာလို႔ ေသြးဆို႔သြားတာေလးေတြပါ။ ခု ကၽြန္ေတာ္ ေဆးထည့္ေပးေနပါတယ္။ သိပ္ေတာ့မမ်ားပါဘူး"

ဦးမင္းဟန္အပါအဝင္ လူႀကီးသုံးေယာက္စလုံးမွာ အေတာ္စိတ္ထိခိုက္သြားၾကသည့္ဟန္ပင္။ မ်က္ႏွာလည္း မေကာင္းၾကသလို ဝမ္းနည္ေၾကကြဲျခင္းေတြကလည္း အထူးေဖာ္ျပစရာမလိုဘဲ ေပၚလြင္ေနၾကသည္။

"သားရယ္ ... ဖိနပ္ေတာင္မစီးသြားဘူးလား"

ပူေဆြးေနရသည့္မိခင္မွာလည္း သားျဖစ္သူ ေျခဖဝါးေလးအား အသာအယာတို႔ထိရင္း မ်က္ရည္ကေလး စမ္းလာသည္။ လိမၼာလြန္းသည့္သား၊ ထက္ျမက္လြန္းသည့္သားေလးက သည္လိုလည္းေခါင္းမာတတ္ေလသကိုး။ အရင္ကဆို အိမ္ကထြက္ေျပးဖို႔မဆိုထားႏွင့္ မိဘေတြကို ခြင့္မေတာင္းဘဲေတာင္ ေလၽွာက္သြားတတ္သည့္ ကေလးမ်ိဳးမဟုတ္ေခ်။ မိဘေတြၾကားဆို မိမိနိုင္သားက အေတာ္လိမၼာတာဆိုတာမ်ိဳးခ်ည္း ၾကားရတာျဖစ္သည္။ ေတြးရင္းက တရွိုက္ရွိုက္ျဖစ္လာေတာ့၏။

ေဇယ်ာသည္လည္း မိဘေတြအား ျဖစ္ေၾကာင္းကုန္စင္ဆက္ေျပာရန္ အားယူရသည္။

"ကၽြန္ေတာ္ အန္ကယ္ဆီကဖုန္းရၿပီး သူ႔ကိုသြားေခၚခဲ့ပါတယ္။ သူနဲ႔ေတြ႕ေတာ့ အိမ္လိုက္ပို႔ေပးမယ္ဆိုၿပီးလည္း ေဖ်ာင္းဖ်တယ္။ ျဖစ္ခ်င္ေတာ့ အဆူခံရမွာေၾကာက္တဲ့စိတ္နဲ႔ အိမ္မျပန္ခ်င္ဘူးပဲ ျငင္းရွာတယ္။ ဒီလိုပဲ ေခ်ာ့ေမာ့နားခ်ရင္းက အိမ္အတင္းျပန္ခိုင္းရမလားဆိုၿပီး ကၽြန္ေတာ့္ကို အႀကီးအက်ယ္ စိတ္ဆိုးသြားတာ။ ၿပီးေတာ့ သူ ေဒါသေတြထြက္ၿပီး ကားေပၚကဆင္းအေျပးမွာ လမ္းမေပၚလာေနတဲ့ကားနဲ႔ တိုက္မလိုျဖစ္တာပါ။ ကံေကာင္းတာက ကားကအရွိန္ထိန္းနိုင္လိုက္ပါတယ္။ ခန့္ခန့္ကသာ လန့္ၿပီးေမ့လဲက်သြားတာပါ"

"ဘုရား ... ဘုရား။ ကံသီေပလို႔ပဲ၊ ကံသီေပလို႔။ ကားနဲ႔သာတိုက္မိရင္၊ အမေလး ... မေတြးရဲစရာ။ မင္းတို႔ကို အဲဒါမို႔ေျပာတယ္၊ ကေလးစိတ္ညစ္ေအာင္ ဆူဖို႔ရိုက္ဖို႔ပဲ ေတြးမေနၾကနဲ႔ဆိုတာ ဒါေတြေၾကာက္လို႔ဟဲ့"

"ေခါင္းမာလိုက္တဲ့ သားရယ္"

သားအမိႏွစ္ေယာက္မွာ မ်က္ရည္တရွုံ႔ရွုံ႔ႏွင့္။  ဦးမင္းဟန္ကေတာ့ တစ္ခြန္းမွဝင္မေျပာေခ်။ အျဖစ္အပ်က္ကို နားေထာင္အၿပီး ဧည့္သည္ထိုင္ဆိုဖာတြင္ ငူငူႀကီး သြားထိုင္ေနေတာ့သည္။

"ေမာင္ေဇယ်ာ အိမ္ျပန္နားလိုက္ပါေတာ့။ အန္တီတို႔လည္း ေရာက္ၿပီပဲ။ ေဆး႐ုံလိုက္ပို႔ေပးတာ ေက်းဇူးတင္ပါတယ္"

ေဒၚမိမိနိုင္တို႔မိသားစုမွာ သားျဖစ္သူႏွင့္ သေဘာမတူေသာ္လည္း ေဇယ်ာကိုေတာ့ ရိုင္းရိုင္းစိုင္းစိုင္း မဆက္ဆံၾကေပ။ ေအးေအးေဆးေဆးေျပာၿပီး ပါးနပ္စြာျပန္ခိုင္းေနသည္ကေတာ့ ပညာသားပါလွသည္။

"ကၽြန္ေတာ္ မျပန္ပါရေစနဲ႔ဦးခင္ဗ်ာ။ ခန့္ခန့္ သတိရေအာင္ ေစာင့္ခ်င္ပါေသးတယ္။ အန္တီတို႔အေနရခက္မွာစိုးရင္ ကၽြန္ေတာ္ ေရွ႕မွာပဲေစာင့္ေနပါ့မယ္။ သူသတိရတာျမင္မွ စိတ္ေအးနိုင္မွာမို႔လို႔ပါ"

အက်ယ္အက်ယ္မေျပာခ်င္ေတာ့သည့္ ေဒၚမိမိနိုင္လည္း ေခါင္းတစ္ခ်က္သာ ညိတ္ျပလိုက္သည္။ မ်က္စိမ်က္ႏွာပ်က္ေနၾကေသာ ႏွစ္ဦးႏွစ္ဖက္အတြက္ သည္အတိုင္းသာေကာင္းလိမ့္မည္ထင္သည္။ ေဇယ်ာ အခန္းေရွ႕ေရာက္လၽွင္ပဲ ဖုန္းကိုဖြင့္ၾကည့္ခ်ိန္ ရြယ္ရြယ္ေခၚထားသည့္ Missed calls မ်ားစြာကို စိတ္ေမာစြာပဲ ေတြ႕လိုက္ရသည္။

မတတ္နိုင္၊ မျပန္ခ်င္ေသးတာမို႔ ကေလးေမ့လဲက်သြားသည့္အေၾကာင္းႏွင့္ မနက္မွသာ ျပန္လာနိုင္ေတာ့မည္ကို ညီမျဖစ္သူအား စာသာပို႔လိုက္နိုင္ေတာ့သည္။ သည္အခ်ိန္တြင္ သူဖုန္းမဆက္ခ်င္ေသး။ မႏွစ္ၿမိဳ႕ေသာ မိဘေတြသေဘာထားအား ခုခ်ိန္မၾကားခ်င္ေသးပါ။ မနာခံခ်င္ေသးပါ။

ေဇယ်ာ ဖုန္းကိုျပန္ပိတ္ၿပီး အခန္းနံရံတြင္ ေက်ာမွီခ်လိုက္သည္။ မ်က္လုံးကိုအနားေပးမွိတ္ေသာ္ ျမန္ဆန္ေသာအျဖစ္အပ်က္တို႔က သူ႔အာ႐ုံတြင္ ျပန္ေပၚလာသည္။ သူလုပ္ခဲ့သည့္လုပ္ရပ္က တကယ္ပဲ မွားေနပါၿပီလား သူ မေဝခြဲနိုင္ေတာ့။

သည္လိုႏွင့္‌ ေဇယ်ာ တစ္ညလုံးအခန္းေရွ႕တြင္ ထိုင္ေစာင့္သည္။ သတိရသည္ဟူေသာ အသံကစိုးစဥ္းမၽွ မၾကားရ။ အခန္းတံခါးကို ဖြင့္ဝင္ရဲေလာက္ေအာင္ထိလည္း သူ မရဲလွပါေခ်။ အခ်ိန္ၾကာလာသည္ႏွင့္အမၽွ သူ႔ခါးေတြနာလာေလၿပီ။ ျခင္ေတြလည္း ကိုက္လွသည္။ သို႔ေပမဲ့ မနက္မိုးလင္းခါးနီးသည္ထိ ကေလးမွာ ေမၽွာ္မွန္းသလို သတိရမလာေသးေပ။ ေဆးအရွိန္၊ ပင္ပန္းသည့္အရွိန္ေတြေၾကာင့္ ေကာင္းေကာင္းအနားယူေနသည္ ထင္ပါရဲ့။

မနက္ခုႏွစ္နာရီတြင္ေတာ့ အေဖျဖစ္သူ ေဒါသေတြထြက္ကာ ျပန္ေခၚေနၿပီျဖစ္ေၾကာင္း ရြယ္ရြယ္ ဖုန္းဆက္လာေတာ့သည္။ သို႔ႏွင့္ သူ မျပန္မျဖစ္ ျပန္ရေတာ့ေပမည္။ တိတ္ဆိတ္ေနေသာအခန္းငယ္အား သူ တစ္ခ်က္မၽွ ေငးၾကည့္မိ႐ုံသာ တတ္နိုင္ခဲ့တာပင္။

ကိုယ္ျပန္လာခဲ့ပါ့မယ္ ... ကေလးရယ္။

သည္လိုႏွင့္ အိမ္ကိုျပန္သာျပန္ရသည္။ လမ္းတြင္ေတာ့ ကေလးသူငယ္ခ်င္းခန့္ကိုအား ဖုန္းဆက္ကာ အေၾကာင္းၾကားေပးလိုက္သည္။ ဘာပဲျဖစ္ျဖစ္ ကေလးနိုးလာလၽွင္ သူငယ္ခ်င္းပါရွိေတာ့ ပိုအားရွိလိမ့္မည္ဟု ထင္သည္။ သည္အေျခအေနတြင္ သူ႔အတြက္ ကေလးအေျခအေနကို ေျပာျပနိုင္သည့္ တစ္ဦးတည္းေသာ ပုဂၢိဳလ္သာမို႔။

.....................

မနက္ခင္းအာ႐ုဏ္ကတက္လို႔ ေနပင္ဧည့္ခန္းကို ခပ္စူးစူးထိုးေနေလၿပီ။ ဦးျမတ္သူတစ္ေယာက္မွာျဖင့္ ခန့္ခန့္ ေဆး႐ုံတင္လိုက္ရသည္ကို သိေသာ္လည္း သူ ႐ုံးမသြားခင္ သားကိုအေရာက္ျပန္လာေစခ်င္သည္။ ညကလည္း ဆယ့္ႏွစ္ေက်ာ္သည္အထိ မအိပ္မေနေစာင့္ေသာ္လည္း သားကျပန္မလာ။

႐ူး႐ူးမိုက္မိုက္လုပ္သြားမည္စိုး၍ ျပန္မလာသည္ကိုေမၽွာ္ရင္း မအိပ္နိုင္ခဲ့။ အေတာ္ေဒါသျဖစ္ရသည္။ သူ႔အတြက္ သားႀကီးဩရသအျဖစ္ အားကိုးတႀကီးရွိလွတာမို႔ လက္လႊတ္အဆုံးရွုံးမခံနိုင္။ ကိုယ့္ေျခေထာက္ေပၚကိုယ္ ရပ္တည္နိုင္သည့္အရြယ္ျဖစ္လင့္ကစား မိဘရင္ခြင္ ေျခစုံကန္သြားမည့္အျဖစ္အား လက္သင့္မခံနိုင္၊ ေတြးစိတ္ပူေနရ၏။

ၿခံထဲဝင္လာသည့္ ကားသံၾကားတာမို႔ ဧည့္ခန္းတြင္ထိုင္ေနေသာ ဦးျမတ္သူ စိတ္နည္းနည္း သက္သာသြားသည္။ အနည္းဆုံးေတာ့ သား ျပန္လာၿပီပဲ။ ဧည့္ခန္းတြင္ ထိုင္ေနရင္းက ကိုယ္ေနဟန္ထားကို အနည္းငယ္မတ္လိုက္၏။ မ်က္ႏွာကိုလည္း တည္ေစလိုက္ကာ သားကိုေစာင့္လိုက္သည္။

ခဏအၾကာ အိမ္ထဲဝင္လာသည့္ သားႀကီး၏ပုံစံမွာ ညႇင္းသိုးသိုးႏွင့္။ တစ္ညလုံးမအိပ္ထားရေသးမွန္း သိသာလွသည္။ မိမိအား မမွိတ္မသုန္ၾကည့္ကာ ေရွ႕တြင္ဝင္ထိုင္ေသာသားကို ျမင္ရသည္မွာ ဖခင္တစ္ဦးအဖို႔ေတာ့ ရင္နင့္စရာပါပဲ။

"မင္း ျပန္လာေသးသားပဲ"

ေဇယ်ာ အေဖျဖစ္သူေရွ႕တြင္ အျပစ္သားတစ္ေယာက္သဖြယ္ ထိုင္ေနရသည္။ ေမွးမွိန္ေနေသာမ်က္အိမ္တို႔ကို အားယူရင္း ဖခင္ေျပာလာသည္ကို တုံ႔ျပန္ရန္ႀကိဳးစားရသည္။

"သား ခ်က္ခ်င္းျပန္လာမလို႔ပါပဲ။ ညက မထင္တာေတြ ျဖစ္သြားလို႔ပါ။ ခန့္ခန့္လည္း ညထဲက သတိျပန္မလည္လာေသးတာ ခုထိပဲ။ အဲဒါမို႔ စိတ္မခ်လို႔ ေစာင့္ၾကည့္ေနတာပါ၊ ခုက ေဖေဖျပန္ေခၚလို႔သာ"

သူ႔အသံက အနည္းငယ္တိမ္ဝင္သြား၏။ တကယ္ဆို သူျပန္လာခ်င္ေသးတာမဟုတ္။ စိတ္ခ်ရသည့္အခ်ိန္ထိ ေစာင့္ခ်င္ေသးသည္။ သူ႔အား စိတ္ဆိုးေနေသာကေလးကို နားလည္ေအာင္ ေခ်ာ့ျမဴရဦးမည္။

"မင္းမသြားရင္ ဒီကိစၥေတြ ျဖစ္လာစရာအေၾကာင္းကို မရွိဘူးကြ။ မင္းကို ဒီကေလးနဲ႔ မပတ္သက္ေတာ့ဖို႔ အစတည္းက အျပတ္ေျပာထားၿပီးသား။ ခုဟာက မင္း ျပတ္ျပတ္သားသားမလုပ္ေသးလို႔ ဒီလိုေတြျဖစ္လာတာပဲ"

"သား မစြန့္လႊတ္နိုင္ဘူး အေဖ။ ျပတ္သားဖို႔ဆိုတာလည္း တကယ္မျဖစ္နိုင္ဘူး။ ဒီကေလးမရွိရင္ကို သား မေနနိုင္ဘူး။ အေဖတို႔လည္း မခ်စ္ဖူးတာမဟုတ္ဘူးေလ၊ နားလည္ေပးၾကပါဦး"

သူ၏ ယတိျပတ္စကားၾကားခ်ိန္တြင္ ဦးျမတ္သူ မ်က္လုံးတို႔ပိုျပဴးက်ယ္လာသည္။ ေဒါသျဖစ္လာသည့္ အခိုးအရိပ္တို႔ကိုလည္း ခံစားလာရသည္။ သို႔ေသာ္ သူမေျပာ၍ မျဖစ္ေတာ့။ ေဆး႐ုံကုတင္ေပၚတြင္ လဲေနေသာကေလးအတြက္ပဲျဖစ္ျဖစ္ သူ ရဲရဲဝင့္ဝင့္ေတာ့ ေျပာမွျဖစ္ေတာ့မည္။

"ဟ ... မင္းက ငါတို႔မိသားစုကို အရွက္ခြဲဖို႔ အဆုံးထိဆုံးျဖတ္ထားေတာ့တာလား။ အစတည္းက ေျပာထားၿပီးသားေနာ္၊ မင္း သူ႔ကို ျဖတ္ကိုျဖတ္ပစ္ရမယ္။ ဒီကိစၥကမျဖစ္သင့္ဘူး"

ေဇယ်ာ လက္မခံနိုင္ေၾကာင္းေျပာသည္ကို လုံးဝလက္မခံ။ အျမဲစကားနာခံခဲ့ေသာ သားအလိမၼာကို သည္တစ္ခါလည္း စိတ္ႀကိဳက္လိုက္လုပ္ေပးမည္ ထင္ေနၾကသည္။

"အေဖတို႔ အဲလိုလိုက္တားေနရေအာင္ ကၽြန္ေတာ္က ကေလးမဟုတ္ေတာ့ပါဘူး။ မိဘေတြမို႔ အရင္တစ္ခါကတည္းက ရိုေသတဲ့အေနနဲ႔ ဘာမွအာခံၿပီး မေျပာခဲ့ဘူး။ သင့္ရာသင့္ရာဆင္ျခင္ၿပီးလည္း ေနေပးခဲ့ပါတယ္"

ဟုတ္ပါသည္။ ေဇယ်ာငယ္ငယ္ကတည္းက လိမၼာေရးျခားရွိသည့္အျပင္ ယဥ္ေက်းသည္၊ မိဘအေပၚ သိတတ္သူတစ္ေယာက္ျဖစ္သည္ကို ဖခင္ျဖစ္သည့္ ဦးျမတ္သူ အသိဆုံး။

"ဒါေပမဲ့ ဒီတစ္ခါေတာ့ ေသခ်ာေျပာခ်င္ပါတယ္၊ ကၽြန္ေတာ္တို႔ကို သေဘာတူေပးၾကပါ။ မိသားစုနဲ႔ ခ်စ္သူၾကားမွာ တစ္ခုခုဆိုတာကို မေရြးခ်ယ္နိုင္ပါဘူး။ ဆုံးျဖတ္ရခက္တယ္။ တကယ္ဆို သား မေန႔ညက တစ္ေနရာရာကို ထြက္သြားလို႔ရတယ္။ ဒါေပမဲ့ လူႀကီးေတြ သေဘာတူတယ္ဆိုတာေလး ျဖစ္ေစခ်င္လို႔၊ ႀကိဳးစားၾကည့္ခ်င္ေသးလို႔ ခန႔္ခန႔္ကိုေတာင္ ေခ်ာ့ေမာ့ေျပာခဲ့တာ။ ခုလိုေျပာျပေနတာ ဒီမိသားစုနဲ႔မခြဲခ်င္လို႔ အႏူးအညြတ္ေတာင္းပန္ၿပီး ေျပာတာပဲ အေဖ"

ဦးျမတ္သူ ရင္ထဲ ဆို႔နင့္သြားသည္။ ရွင္ခန္းျပတ္မယ္လို႔ ေျပာထားခဲ့ေသာ္လည္း တကယ့္တကယ္ သားႀကီးဩရသ သည္မိသားစုက ခြဲထြက္သြားမွာကို မလိုလားပါ၊ အျဖစ္လည္းမခံနိုင္ပါ။ အေတြးေတြႏွင့္ငိုင္ေတြသြားသည့္ အေဖကိုၾကည့္ၿပီး ေဇယ်ာကပင္၊

"ပတ္ဝန္းက်င္မွာ အရွက္ရတယ္ဆိုရေအာင္လည္း သားတို႔ သူမ်ားနစ္နာေအာင္ ဘာမွလုပ္ေနတာ မဟုတ္ပါဘူး။ လူေတြဆိုတာ 'ခ်ီးမြမ္း ခုႏွစ္ရက္၊ ကဲ့ရဲ့ ခုႏွစ္ရက္' ပါပဲ။ အဲဒါကိုေၾကာက္ေနရင္ေတာ့ တစ္သက္လုံး စိတ္ဆင္းရဲခံသြားရမွာ သားတို႔ႏွစ္ေယာက္ပဲ။ ဒီလိုဆိုရင္ေတာ့ ေတာ္ေတာ္တရားမမၽွတတာ အေဖ"

ေဇယ်ာက အေဖျဖစ္သူကို တည္တည္ၿငိမ္ၿငိမ္ႏွင့္ ခ်က္က်လက္က် ေျပာသည္။ ဦးျမတ္သူကေတာ့ ခဏမၽွၿငိမ္ၿပီး ေသခ်ာစဥ္းစားေနသည္။ ေဇယ်ာမွာလည္း လက္မွိုင္ခ်ကာ တိတ္ဆိတ္လ်က္။ ဧည့္ခန္းႀကီးမွာ အေတြးကိုယ္စီေၾကာင့္ ေျခာက္ကပ္လာသည္။ တျခားမိသားစုဝင္ေတြကလည္း ဧည့္ခန္းေရွ႕ပင္ ျဖတ္မေလၽွာက္ၾက။

"မင္းတို႔အခ်င္းခ်င္းခ်စ္တယ္ဆိုတာ ဘယ္ေလာက္ၾကာၿပီလဲ"

ၿငိမ္ေနရာမွ ႐ုတ္တရက္ေမးလာတာမို႔ ေဇယ်ာ အနည္းငယ္ေၾကာင္သြားသည္။

"ေျခာက္လပါ"

"ဟင္း ... ေျခာက္လဆိုတဲ့အတိုင္းအတာေလးက မင္းတို႔ခ်စ္ျခင္း တကယ္စစ္မွန္တယ္လို႔ေျပာလို႔ရတဲ့ အခ်ိန္မဟုတ္ေသးဘူး ငါ့သား"

ဦးျမတ္သူ ဘာကိုဆိုလိုခ်င္မွန္း ေဇယ်ာ နားမလည္ေသး။ အၾကည့္တို႔ျဖင့္ အေဖျဖစ္သူထံမွ ေျပာလာမည့္စကားမ်ားကို အာ႐ုံစိုက္ေနမိသည္။

"ငါ မင္းလိုအရြယ္တုန္းက မင္းအေမရဲ့အေဖ မင္းအဘိုးေပါ့ေလ။ ေအး .. အဲဒီတုန္းက သူ႔သမီးနဲ႔ သေဘာမတူပါဘူး၊ မတန္ပါဘူးဆိုၿပီး အေသအလဲျငင္းခဲ့တာေနာ္။ သူ႔သမီးကို သူ႔အေျခအေနထက္မနည္းထားနိုင္ေအာင္ ဒီလိုလုပ္ငန္းႀကီးေတြ ထူထူေထာင္ေထာင္ျဖစ္လာနိုင္ေအာင္ ေအာက္ေျခကစ ေန႔ေန႔ညညႀကိဳးစားခဲ့ရတာ။ အဲဒီ ငါးႏွစ္အတြင္းမွာလည္း တို႔ေတြဘာမွအဆက္အသြယ္ မလုပ္ခဲ့ရဘူးေနာ္"

ဦးျမတ္သူက ျပတင္းတံခါးဆီ တစ္ခ်က္ၾကည့္ရင္း အသက္ကိုခပ္ျပင္းျပင္းရွူျပန္၏။ ေဇယ်ာကမူ အေဖျဖစ္သူ၏ အလွုပ္အလွည့္မွန္သမၽွကအစ ေသခ်ာလိုက္ၾကည့္ေနေလ၏။

"အဲဒီတုန္းက မင္းအဘိုးေျပာခဲ့တဲ့စကားကို အေဖ ခုထိနားထဲစြဲၿပီး မွတ္မိေနတုန္းပဲ။ မင္း ေနာက္ငါးႏွစ္ၾကာလို႔ ငါလိုခ်င္တဲ့ အေနအထားတစ္ခုကို ေရာက္ခဲ့ရင္၊ ငါ့သမီးကလည္း မင္းကိုခ်စ္ေနေသးရင္၊ မင္းကလည္း ငါ့သမီးကို ခ်စ္ေနေသးရင္ မင္းတို႔ကို ငါကိုယ္တိုင္ေပးစားမယ္တဲ့"

အဘိုးက သေဘာမတူခဲ့မွန္း အရိပ္အႁမြက္ၾကားဖူးေသာ္လည္း ဇာတ္လမ္းအစုံအလင္ သူတို႔မသိခဲ့ၾကေခ်။ ခုေျပာျပေနသည့္အေၾကာင္းကေရာ သူ႔အားဘာကိုရွင္းျပခ်င္ေနသလဲ ေဇယ်ာ ေသခ်ာမသိနိုင္ေသး။

"ေအး ဒီေန႔ မင္းတို႔၊ သမီးရြယ္ရြယ္တို႔ ျဖစ္လာတယ္ဆိုတာ ငါးႏွစ္အတြင္းမွာ တို႔ႏွစ္ေယာက္စလုံး အဲဒီသုံးခ်က္နဲ႔ညီေအာင္ သစၥာရွိရွိႀကိဳးစားခဲ့ရလို႔ပဲ။ အဲ့ဒီငါးႏွစ္ဆိုတဲ့အေတာအတြင္းမွာ တစ္ေယာက္ေပၚတစ္ေယာက္ သစၥာရွိရွိနဲ႔ေစာင့္ဆိုင္းၿပီး ခ်စ္ခဲ့ၾကလို႔ပဲ"

"အေဖ ဘာကိုေျပာခ်င္တာလဲ"

ေျပာအၿပီး ဦးျမတ္သူ အတန္ၾကာစဥ္းစားျပန္သည္။ ေဇယ်ာ တစ္ခြန္းမွဝင္မဟရဲေသး။ သက္ျပင္းတစ္ခ်က္ခ်ၿပီးအဆုံး၌၊

"ဒါကိုေျပာျပရတာ အဓိကေျပာခ်င္တာရွိလို႔ပဲ။ ဒီလိုအေျခအေနျဖစ္ဖို႔ မင္းအဘိုးက အေဖ့ကို အခြင့္အေရးတစ္ခုေပးခဲ့သလို ငါ့သားျဖစ္တဲ့မင္းကိုလည္း ေနာက္ဆုံးအေနနဲ႔ အခြင့္အေရးတစ္ခုေပးမယ္ဆိုရင္ေရာ"

ေဇယ်ာ ေခါင္းေလးေထာင္ကာ ေမၽွာ္လင့္မိသြားသည္။ ပန္းေသြးေရာင္ယွက္ေနေသာ ေသြးေၾကာတို႔ႏွင့္ မ်က္အိမ္ကေလးကလည္း ျပဴးက်ယ္လာသည္။

"မင္းတို႔ႏွစ္ေယာက္ရဲ့အခ်စ္က တကယ္စစ္၊ မစစ္ အခ်ိန္ႏွစ္ႏွစ္ေလာက္ပဲယူၿပီး စမ္းသပ္ၾကည့္လိုက္စမ္းပါ။ ေအာင္ျမင္ရင္ မင္းတို႔ႀကိဳက္သလိုလုပ္"

ဦးျမတ္သူက အကဲစမ္းကာ ေျပာလိုက္သည္။ ငါးႏွစ္အတြင္း ၾကဳံခဲ့ရသည့္အျဖစ္မ်ားကို သူသာလၽွင္ အသိဆုံးျဖစ္၏။ ပင္ပန္းသည္၊ နာက်င္သည္၊ ေမာပမ္းသည္၊ လက္လႊတ္ခ်င္စိတ္မ်ားပင္ ျဖစ္ခဲ့ရသည္။ သည္မ်ားျပားလွသည့္ဒဏ္ကို ေယာက်ာ္းႏွစ္ေယာက္၏ အခ်စ္ဆိုတာက ျဖတ္ေက်ာ္နိုင္မွာတဲ့လား။ ၿပီးလၽွင္ သူေျပာမည့္အစီအစဥ္ႏွင့္ဆို သည္ႏွစ္ေယာက္ ျဖတ္ေက်ာ္နိုင္ပါေတာ့မလား။

ေဇယ်ာ့အဖို႔ေတာ့ မိဘမ်ားကသေဘာတူမည့္ အခြင့္အေရးဆိုေတာ့ အားတက္သြားၿပီး၊

"ဘယ္လိုလဲ အေဖ"

"ေျပာမယ္။ မင္း ယူေကကိုသြားၿပီး Hospitality Management ကို ဘြဲ႕လြန္သြားတက္။ ခုပူးေပါင္းမဲ့ပေရာဂ်က္မွာ မင္းပဲဦးေဆာင္ရမွာသိတယ္မလား။ အဲအတြက္ ေက်ာင္းတက္တာေရာ၊ လက္ေတြ႕ဆင္းတာေရာဆို မင္း အခ်ိန္ႏွစ္ႏွစ္ေက်ာ္ၾကာမယ္။ အဲဒီကဘြဲ႕ရၿပီးျပန္လာလို႔မွ မင္းတို႔ႏွစ္ေယာက္ၾကားမွာ အေရာင္မေျပာင္းေသးဘူးဆိုရင္ေတာ့ ငါ့ဘက္က မင္းတို႔ကို ကန့္ကြက္စရာအေၾကာင္း မရွိေတာ့ဘူး။ ဘယ္လိုလဲ"

ေဇယ်ာ ခပ္ငိုင္ငိိုင္ႏွင့္ ေလးေလးနက္နက္ စဥ္းစားရေလၿပီ။ ႏွစ္ႏွစ္ဆိုသည့္အခ်ိန္က ျမန္လွသည္မဟုတ္။ ျဖစ္ခ်င္တာျဖစ္သြားနိုင္ေသာ ကာလတစ္ခုပင္။ အထူးသျဖင့္ ခန့္ခန့္တို႔ဖက္မွ အေျခအေနကိုလည္း ထည့္တြက္ရမည္။ ၿပီးေနာက္ စိတ္ဆိုးေနပါေသာကေလးကေရာ လက္ခံ၊ မခံ။ အေတြးႏွင့္တင္ သူ ေမာဟိုက္လာသည္။

"ကဲ ဒီေန႔ ႐ုံးမလာနဲ႔ေတာ့။ အိမ္မွာပဲနားၿပီး စဥ္းစားၾကည့္ထား။ ဒါ သားတစ္ေယာက္ကို စိတ္မဆင္းရဲေစခ်င္တဲ့ အေဖတစ္ေယာက္ရဲ့ေနာက္ဆုံးေပးနိုင္တဲ့ အခြင့္အေရးပဲ ငါ့သား"
ဦးျမတ္သူ သားျဖစ္သူ၏ပုခုံးကိုပုတ္ၿပီးမွ ႐ုံးထြက္သြားေတာ့သည္။

ေဇယ်ာ အေဖျဖစ္သူေျပာသည့္ အစီအစဥ္ကိုၾကားၿပီး ေတြေတြႀကီး ငိုင္သြားေတာ့သည္။ သူက သည္အစီအစဥ္အတိုင္း လုပ္လိုက္နိုင္ဦးေတာင္ ကေလးက လက္ခံနိုင္ပါ့မလားဆိုတာ ေသခ်ာစဥ္းစားရမည္။ တကယ္လို႔ ကေလးကမ်ား လက္ခံနိုင္မည္ဆိုလၽွင္လည္း မိဘမ်ားက သေဘာမတူနိုင္သည့္အခ်က္က ရွိေနေသးသည္။ သူ အျမန္ဆုံးျဖတ္၍မျဖစ္။

သတိရလာပါေတာ့ .. ကေလးရယ္။

.......................

သူ႔အျမင္အာ႐ုံတြင္ အေမွာင္အတိၾကားထဲက မီးေရာင္တခ်ိဳ႕ လၽွပ္တျပတ္ဆိုသလို လင္းလက္လာသည္။ အၾကည့္ကိုမွိတ္တစ္ခ်က္၊ ဖြင့္တစ္ခ်က္ႏွင့္ ခက္ခက္ခဲခဲၾကားက အားယူၾကည့္ေတာ့ သူေရာက္ေနေလတာ လမ္းမတစ္ခုေပၚ။ တဝီးဝီးျဖတ္သြားေနေသာ ကားတစ္စီးစီတိုင္းက သူ႔မ်က္လုံးကို မခံနိုင္ေအာင္ မီးေမာင္းထိုးေနသည့္ႏွယ္။

သည္ၾကားထဲက သူရွာေနမိသူမွာ ဆယ္ေက်ာ္သက္အရြယ္ ေကာင္ေလးတစ္ဦး။ တီရွပ္ခဲေရာင္ႏွင့္ ေဘာင္းဘီတိုဝတ္ထားေသာ ေကာင္ကေလး။ ဆိုဒ္ႀကီးေနေသာဖိနပ္ကိုစီးကာ လမ္းမေပၚသို႔ ေျပးလႊားေနသည္။ မျဖစ္ေသး၊ သူ တားရမည္။ သူတားမွ ေကာင္ေလးလဲက်မသြားမွာပင္။ တားရမည္ဆိုေသာစိတ္ရွိေသာ္လည္း ႏွုတ္ခမ္းတစ္စုံက ဘယ္လိုမွအသံမျပဳနိုင္။

'ကေလး မသြားနဲ႔'

အသံျပဳပါသည္။ သို႔ေသာ္လည္း ေကာင္ေလးက သူေျပာတာမၾကားဘဲ ေျပးေနျမဲျဖစ္၏။ ထိုအခိုက္ မ်က္လုံးအစုံကို ထိုးလာေသာကားမီးေရာင္စူးစူး။ သူ သိသည္။ သည္အျဖစ္အပ်က္ကို သူ ႀကိဳသိေနသည္။ ဒါမို႔လည္း အားကုန္သုံးကာ ေအာ္ဟစ္တားမိသည္က၊

'ကေလး...'

ဂၽြီ ... ဂၽြီ ... ဂၽြီ။

သူ၏ေခၚသံႏွင့္အတူ ဝင္ေရာက္လာေသာအသိစိတ္။ မ်က္လုံးအစုံဖြင့္ၾကည့္ေတာ့ ေနေရာင္ထိုးေနေသာအခန္းအား ခန္းဆီးအျပည့္ကာၿပီး သူ အိပ္ေပ်ာ္ေနတာပင္။ ေဇယ်ာ ေမွးခနဲအိပ္ေပ်ာ္သြားခ်ိန္ အိပ္မက္,မက္ေနျခင္း။

ေဘးနားရွိ တဂၽြီဂၽြီျမည္ေနေသာဖုန္းကို လွည့္ၾကည့္မွ ေမၽွာ္လင့္ေနေသာ ခန႔္ကိုဆီမွဆက္တာပင္။ ကေလး သတိရေလၿပီထင္သည္။ လက္တစ္ဖက္ကို အားယူေထာက္ရင္း ဖုန္းေျဖရန္ အေလာထရေတာ့၏။

"ဟဲလို ညီေလး၊ ခန႔္ခန႔္ သတိရၿပီလား"

ဖုန္းမ်က္ႏွာျပင္ေပၚက နာမည္ျမင္႐ုံႏွင့္ အေမာတေကာ ေမးရပါေသာေဇယ်ာ့အျဖစ္။

"ဟုတ္ အစ္ကို၊ ခုနကပဲ သတိရတယ္"

"ဟုတ္လား၊ သူ ေနသာရဲ့လား"

"ဟုတ္ နာတာက်င္တာေတာ့ မရွိပါဘူးတဲ့။ ေခါင္းနည္းနည္းေတာ့ ေနာက္တယ္ေျပာတယ္။ ဓာတ္မွန္ရိုက္ရမယ္ေျပာတယ္"

"ဪ ဟုတ္ၿပီ။ အဲဒါဆို ကိုယ္ ခဏေနလာခဲ့မယ္"

"ဟို..."

အိပ္ယာေပၚကဆင္းကာ သြားဟန္ျပင္မွ ခန႔္ကို၏တြန႔္ဆုတ္ေနသံကို ၾကားလိုက္ရ၏။

"ဘာျဖစ္လို႔လဲ ညီေလး"

"ငခန႔္ကေလ အခုဘယ္သူနဲ႔မွ မေတြ႕ခ်င္ဘူးတဲ့။ သူ႔အေဖနဲ႔ အေမကိုလည္း နိုးလာကတည္းက စကားတစ္ခြန္းမွမေျပာဘူး။ ကၽြန္ေတာ့္ကိုပဲ သူလိုခ်င္တာရွိမွေျပာတယ္။ ကိုေဇယ်ာကို ေခၚလိုက္မယ္ဆိုေတာ့လည္း အစ္ကို႔ကို မျမင္ခ်င္ဘူးတဲ့ဗ်ာ။ အခု အဲလိုေခါင္းမာေနတယ္"

ကေလး သူ႔အေပၚ ေတာ္ေတာ္စိတ္နာသြားပုံရသည္။ သတိရလာ၍ စိတ္သက္သာရာရေသာ္ျငား အေဖ၊ အေမသာမက သူ႔ကိုပါလ်စ္လ်ဴရွုေလျခင္း။ အင္းေလ ... ကေလး၏စိတ္ကို ခန႔္မွန္းမိတာမို႔ သည္ေလာက္မွစိတ္မဆိုးေနရင္လည္း ခန႔္ခန႔္ မဟုတ္ပါေခ်။

"အင္းပါ ညီေလးရာ၊ ဒါေပမဲ့ ကိုယ္လာခဲ့ပါဦးမယ္။ သူ႔ကို ကိုယ္ေျပာစရာေတြ ရွိေနေသးတယ္"

"ဟုတ္ အစ္ကို၊ ခုေတာ့ လူႀကီးေတြ အိမ္ခဏျပန္သြားၾကတယ္။ ကၽြန္ေတာ္ေတာ့ ဒီမွာပဲရွိေနမွာပါ"

ဒါဆို သူ အျမန္သြားရမည္။ သူေျပာရမည့္စကား၊ တိုင္ပင္ရမည့္စကားက မိဘေတြမရွိခ်ိန္မွသာ ေျပာရဆိုရေကာင္းမည္။ တစ္ဖန္ ဘာေတြမ်ားလိုမလဲဆိုတာပါ စဥ္းစားရျပန္၏။

"အိုေခ ညီေလး၊ အဲဒီမွာ ဘာလိုေသးလဲ။ ကိုယ္တစ္ခါတည္း ဝယ္ခဲ့ရေအာင္လို႔"

"လိုတာေတြေတာ့ အန္တီျပန္လာပို႔မယ္ေျပာတယ္။ ဒီတိုင္းပဲ ျမန္ျမန္လာခဲ့လိုက္ပါ"

"ဟုတ္ၿပီ"

မိဘေတြမေရာက္ခင္ သူအရင္ေရာက္မွျဖစ္မည္မို႔ ဖုန္းခ်က္ခ်င္းခ်ၿပီး ေရအျမန္ခ်ိဳးရန္ သူျပင္ရ၏။ စကားမေျပာခ်င္ေသာကေလးအား ဘယ္လိုေခ်ာ့ျမဴရမည္ကို ေတြးရျပန္သည္။ မိဘေတြရွိေနလၽွင္လည္း သူ႔အတြက္အဆင္ေျပေနမည္မဟုတ္။ ညကအျဖစ္ကိုျပန္စဥ္းစားလၽွင္ ကေလးမိဘမ်ားက သူ႔ကိုမလိုလားၾကပုံမွာ အလြန္သိသာေနသည္။

ဟူး ... ေရွ႕ဆက္ရမည့္ခရီးက ၾကမ္းေပးဦးမည္။

ေဇယ်ာ ေရအျမန္ခ်ိဳးၿပီး ေဆး႐ုံသို႔ ျပန္ထြက္လာခဲ့၏။ ကားမပိတ္ေစမည့္လမ္းေၾကာင္းကို ေရြးကာ အေစာတလ်င္ေမာင္းႏွင္ရသည္။ ခါတိုင္းပုံမွန္ေမာင္းခဲ့သမၽွ သည္ေန႔မွပဲ ဟိုကားေက်ာ္၊ သည္ကားေက်ာ္ႏွင့္။ တစ္မိနစ္မွျမန္ျမန္ အေျပးသြားခဲ့ေသာ္ သူ ကံမေကာင္းစြာ ေအာက္ထပ္ဓာတ္ေလွကားတြင္ပင္ ေဒၚမိမိနိုင္ႏွင့္ ဆုံေလေတာ့၏။

"ေမာင္ေဇယ်ာ"

ေတြ႕ေတြ႕ခ်င္းေခၚလိုက္ပုံက သူ႔ကိုမၾကည္မွန္း သိသာလွတာပင္။ မေန႔ညကေတြ႕သည့္ အဝတ္အစားမ်ိဳးမဟုတ္ေတာ့၊ ေပါ့ေပါ့ပါးပါးရွိမည့္ ျမန္မာဝတ္စုံကို ဝတ္ဆင္ထားသည္။ သို႔ေသာ္ မ်က္ႏွာမွာျဖင့္ တည္တံ့႐ုံမက အျပဳံးအရယ္မရွိ၊ သူ႔အားအျပစ္ရွိသူသဖြယ္ ခပ္စိမ္းစိမ္း ၾကည့္ေနေလသည္။

"ဪ ... အန္တီ၊ ကၽြန္ေတာ္ ခန႔္ခန႔္ကို တစ္ေခါက္ျပန္လာၾကည့္တာပါ"

ေဒၚမိမိနိုင္ကမူ ေဇယ်ာေျပာသည့္စကားကို ခဏတာစဥ္းစားေနဟန္ရွိၿပီးမွ၊

"ေမာင္ေဇယ်ာ ... အန္တီနဲ႔ဒီေရွ႕ကေကာ္ဖီဆိုင္မွာ စကားခဏေျပာရေအာင္"

ေဇယ်ာ့ရင္ထဲ ဒိန္းခနဲ။ ေသြးခုန္ႏွုန္းေတြမွာလည္း အပူခ်ိန္အျမင့္ဆုံးေပးထားသည့္ ေရပူတို႔အတိုင္း တဗြက္ဗြက္ရွိလွသေယာင္။ တစ္ခုခုကိုေျပာေတာ့မွာသိ၍ သူ အေတာ္လန႔္ေနမိသည္။ သည္အခ်ိန္တြင္ ကေလးႏွင့္သာ အရင္စကားေျပာလိုသည္။ အေဖေျပာသည့္ကိစၥကို မျငင္းလၽွင္ အန္တီကိုလည္း ေျပာျပလို႔ျဖစ္မည္မလား။ သို႔ေသာ္လည္း အခုခ်ိန္တြင္ ျငင္းမရသည့္အေျခအေနမို႔ လိုက္ရေတာ့မည္သာ။

"ဟုတ္ကဲ့"

လမ္းကူး႐ုံသာလိုေသာ ေကာ္ဖီဆိုင္မို႔ သူတို႔အဖို႔ ၾကာၾကာမသြားလိုက္ရ။ ဆိုင္ထဲေရာက္ခ်ိန္တြင္ မနက္ဦးပိုင္းမို႔ထင္၊ လူရွင္းလင္းၿပီး ေအးေအးေဆးေဆး ရွိေနသည္။ ေဒၚမိမိနိုင္က လက္ထဲပါသည့္ျခင္းကို အဝင္နားက စားပြဲတြင္သာခ်ၿပီး ဦးစြာဝင္ထိုင္လိုက္သည္။ ေဇယ်ာသည္လည္း မ်က္ႏွာခ်င္းဆိုင္တြင္ ကိုယ္ကိုကိုင္းၿပီး ဝင္ထိုင္လိုက္ရ၏။ ေကာ္ဖီႏွစ္ခြက္ကိုေတာ့ အားနာနာႏွင့္သာ မွာလိုက္ၾကသည္။

"အန္တီ ေမာင္ေဇယ်ာကို လိုရင္းပဲေျပာပါမယ္။ အန္တီတို႔သားနဲ႔ ေမာင္ေဇယ်ာကို ဘယ္လိုမွ သေဘာမတူနိုင္တာကို မင္းလည္းသိထားၿပီး ျဖစ္မွာပါ"

"ကၽြန္ေတာ့္ကို ခန႔္ခန႔္ေျပာျပလို႔ သိရပါတယ္"

ေဇယ်ာ ေခါင္းငုံ႔လိုက္ရင္း ေျပာရသည္။ သူတို႔ခ်င္းခ်စ္ၾကပါသည္ဆိုေသာအခ်ိန္မွစ၍ အျပစ္ဟုနာနာသမွုတ္ၾကသည္။ မိဘေတြေရွ႕ေရာက္တိုင္း အျပစ္သားသဖြယ္ ၿငိမ္ေနရသည္။ တကယ္ဆို ဒါကဘာအမွားမည္ေနလို႔ပါလဲ။ သူ႔ေမးခြန္းတို႔အတြက္ အေျဖရွိမေနပါ။ ေဒၚမိမိနိုင္ဖက္မွ သေဘာထားကိုသာ နားေထာင္ရေတာ့သည္။

"ဒီေနရာမွာ ေမာင္ေဇယ်ာ့အေပၚ အန္တီတို႔က မႀကိဳက္တဲ့အခ်က္ေတြရွိလို႔၊ အျပစ္ျမင္လို႔ သေဘာမတူတာမ်ိဳး မဟုတ္ပါဘူး။ ေမာင္ေဇယ်ာလို အရည္အခ်င္းရွိၿပီး ထက္ျမက္တဲ့သူတစ္ေယာက္ကို အန္တီတို႔ အေစာထဲက သေဘာက်ၿပီးသားပါ"

"ဟုတ္ကဲ့"

"ဒါေပမဲ့ ေမာင္ေဇယ်ာက ေယာက်္ားေလးတစ္ေယာက္ျဖစ္တဲ့အတြက္ အန္တီတို႔သားနဲ႔ သေဘာမတူနိုင္ဘူး။ ေမာင္ေဇယ်ာမို႔ရယ္ မဟုတ္ဘူးေနာ္။ သားကို ဘယ္ေယာက်္ားနဲ႔မွ သေဘာမတူနိုင္တာ။  ဒါကို ေမာင္ေဇယ်ာလို လူရည္မြန္တစ္ေယာက္က နားလည္နိုင္မယ္လို႔ အန္တီ ေမၽွာ္လင့္တယ္"

ေဒၚမိမိနိုင္မွာ ေဇယ်ာ့ကို ခ်ီးမြမ္းေျပာဆိုၿပီးမွ ပညာသားပါပါ ျငင္းခ်သည္။ ဒါကို ေဇယ်ာလည္း  နားလည္သည္။ သို႔ေသာ္ မလြယ္ကူသည့္အရာအတြက္ သူ ႀကိဳးစားၾကည့္ခ်င္ေသး၏။

"ကၽြန္ေတာ္တို႔အတြက္ ဘာေမၽွာ္လင့္ခ်က္ေလးမွ မရွိေတာ့ဘူးလားခင္ဗ်ာ"

ေဇယ်ာ တိုးလ်ိဳးစြာေျပာသည္။ သို႔ေသာ္ ေဒၚမိမိနိုင္ဖက္မွ ဘာစကားမွျပန္မလာ၍ သူကပဲ၊

"မေန႔ညက ခန႔္ခန႔္ေျပာတဲ့ထဲမွာ မ်ိဳးဆက္မျပတ္ေစခ်င္ဘူးဆိုတဲ့ကိစၥလည္းပါတာ ကၽြန္ေတာ္ သိရပါတယ္။ အန္တီ နားနဲ႔မနာ၊ ဖဝါးနဲ႔နာပါခင္ဗ်ာ။ ဒီေခတ္ႀကီးမွာ ေယာက်္ားခ်င္းအိမ္ေထာင္ျပဳၿပီး ကေလးယူလို႔ရတဲ့နည္းေတြ အမ်ားႀကီးရွိ..."

"အို..."

ေဒၚမိမိနိုင္က မၾကားဝံ့သည့္ဟန္ ျပဳသည္။ ေဇယ်ာလည္း ထပ္မေျပာသင့္မွန္း အရိပ္အေျခကို သေဘာေပါက္လိုက္၏။

"ဒါ ကၽြန္ေတာ္ သေဘာေျပာျပတာပါခင္ဗ်ာ။ တကယ္ေတာ့ ကၽြန္ေတာ့္အိမ္ကလည္း ခန့္ခန့္နဲ႔ကိစၥကို အေစာကတည္းက သေဘာမတူၾကပါဘူး"

ေဒၚမိမိနိုင္ ေခါင္းတညိတ္ညိတ္ႏွင့္ ေထာက္ခံဟန္ျပသည္။ ႀကိဳသိထားျခင္းမ်ိဳးမဟုတ္ေပမဲ့ ျဖစ္သင့္တာပဲဆိုသည့္ ပုံသဏၭာန္မ်ိဳးပင္။

"ဒါက မိဘတိုင္း သေဘာမတူစရာပါပဲ"

"ဒါေပမဲ့ ကၽြန္ေတာ့္အိမ္ကသေဘာမတူတဲ့အေၾကာင္း ခန့္ခန့္ကို အသိမေပးရေသးပါဘူး။ စာေမးပြဲတြင္းကတည္းက တစ္ပူေပၚႏွစ္ပူဆင့္ၿပီး စိတ္ဆင္းရဲမွာစိုးလို႔ပါ။ အေဖက ကၽြန္ေတာ့္ကို လြန္ခဲ့တဲ့သုံးလေလာက္ကတည္းက ခန့္ခန့္ကို အဆက္အသြယ္ ျဖတ္ခိုင္းခဲ့ပါတယ္။ ကၽြန္ေတာ္လည္း မိဘေတြကို မလြန္ဆန္ဘဲ နားခ်ေနရဆဲပါ။ ဒါေပမဲ့ မေန႔ညက ကၽြန္ေတာ္ ခန့္ခန့္ကိုလာေတြ႕တဲ့ကိစၥေၾကာင့္ ေဖေဖစိတ္တိုၿပီး ယူေကမွာ ဘြဲ႕လြန္သြားတက္ဖို႔ လႊတ္ေနပါၿပီ"

ေဒၚမိမိနိုင္ စိတ္ထဲ သေဘာေတြ႕သြားသည္။ ဒါသူလိုခ်င္ေနသည့္ အကြာအေဝးႏွင့္ အခ်ိန္ကာလတစ္ခုပင္။ ဘြဲ႕လြန္ဆိုလၽွင္ အနည္းဆုံးႏွစ္ႏွစ္က သုံးႏွစ္ၾကာလိမ့္မည္။ သည္ေလာက္ဆို သားငယ္စိတ္ျပတ္နိုင္မည္ဟု ယုံၾကည္ရတာပင္။ သည္အျဖစ္ကို ေဒၚမိမိနိုင္သေဘာေတြ႕ေပမဲ့ အိေျႏၵကိုထိန္းလ်က္ အက်ိဳးအေၾကာင္း ဂဃနဏကို ေမးရသည္။

"အဲဒီေတာ့ ေမာင္ေဇယ်ာကသြားမွာလား။ အန္တီ့ကို ဘာသေဘာနဲ႔ ဒါေတြေျပာျပရတာလဲ"

"ကၽြန္ေတာ္ စဥ္းစားေနတုန္းပါ။ ေဖေဖက အခုခ်ိန္သေဘာမတူဘူးဆိုေပမယ့္ ေက်ာင္းၿပီးျပန္လာလို႔ ကၽြန္ေတာ္တို႔ႏွစ္ေယာက္ အခ်စ္ကတည္ျမဲေနေသးရင္ သူ လက္ေလၽွာ့ၿပီး သေဘာတူမယ္တဲ့။ အဲဒီလိုအခြင့္အေရးတစ္ခု ေပးထားေၾကာင္းေျပာျပခ်င္တာပါ"

ေဇယ်ာ့အေဖေျပာတာ မဆိုးဘူးဟု ေဒၚမိမိနိုင္ တြက္မိသည္။ တစ္ဖက္မိဘကလည္း သူတို႔ခ်င္း သံေယာဇဥ္ျပတ္ေစရန္ ေခ်ာ့လႊတ္သည္ကို သေဘာေပါက္လိုက္တာလည္းျဖစ္၏။ သူတို႔ခ်င္း ခဏတာျဖစ္တည္လာသည့္အခ်စ္က ခဏခြဲ႐ုံႏွင့္ပင္ ေရခဲအရည္ေပ်ာ္သလို ေပ်ာ္က်သြားနိုင္သည္မလား။

"အဲဒီေတာ့ ေနာက္ႏွစ္ႏွစ္ၾကာရင္ မင္းတို႔ႏွစ္ေယာက္အေျခအေနက ဒီတိုင္းဆက္ရွိေနဦးမယ္လို႔ ေမာင္ေဇယ်ာ ထင္သလား။ အန္တီကေတာ့ အပြင့္လင္းဆုံးေျပာရရင္ မထင္ဘူး။ ခုေတာင္ ခန့္ခန့္က ေမာင္ေဇယ်ာကို စိတ္နာေနပုံပဲ"

ေဒၚမိမိနိုင္က ႏွုတ္ခမ္းစြန္းတို႔အားလွုပ္ရွားရင္း မျဖစ္နိုင္ေၾကာင္း ခနဲ႔ေျပာသည္။ ပုံမွန္သေဘာေကာင္းသူျဖစ္ေစဦးေတာ့ သားအတြက္ဆိုလၽွင္ သူေျပာသင့္ေျပာရမည္ဟု ထင္မွတ္သည္။

"ၿပီးေတာ့ ခုဟာက သားရဲ့ပထမဆုံးခံစားခ်က္ျဖစ္တဲ့အတြက္ ခဏတာစိတ္ကစားမိ႐ုံပါပဲ။ ဒီႏွစ္ႏွစ္အတြင္းမွာ ေမာင္ေဇယ်ာေရာ၊ သား ခန့္ခန့္ပါ ပတ္ဝန္းက်င္အသစ္၊ လူအသစ္ေတြနဲ႔ အမ်ားႀကီး ေတြ႕ၾကရဦးမယ္။ ေနာက္ထပ္တစ္ေယာက္ေယာက္ကို ထပ္မခ်စ္ပါဘူးလို႔လည္း မေျပာနိုင္ဘူး။ အဲဒီေတာ့ အန္တီေျပာခ်င္တာက သား အခုခ်ိန္စိတ္ျပတ္ေနတုန္း ေမာင္ေဇယ်ာလည္း ေစာေစာစီးစီး စိတ္ျဖတ္လိုက္တာ အေကာင္းဆုံးပါ။ ဒါဆိုရင္ မိဘေတြလည္း အဆင္ေျပၿပီး ခန့္ခန့္လည္း စိတ္သက္သာရာ ရလိမ့္မယ္"

ေဇယ်ာ လက္မခံခ်င္ေသးပါ။ သည္ျဖစ္ရပ္မွာ သူတစ္ေယာက္တည္းရွိေစဦးေတာ့ အဆုံးထိႀကိဳးစားခ်င္ေသးသည္။ သူတို႔ႏွစ္ေယာက္ၾကားကအခ်စ္ကို အႂကြင္းမဲ့ယုံခ်င္သည္။ သည္အတိုင္း လက္ေလၽွာ့လိုက္ဖို႔ကား လုံးဝမျဖစ္နိုင္။

"တကယ္လို႔ .. တကယ္လို႔မ်ား .. အန္တီရယ္၊ ကၽြန္ေတာ္ ေနာက္ႏွစ္ႏွစ္ၾကာၿပီးျပန္လာလို႔မွ ကၽြန္ေတာ္တို႔ႏွစ္ေယာက္ အရင္အတိုင္းပဲ ဆက္ခ်စ္ေနၾကဦးမယ္ဆိုရင္ အန္တီ ခဏတာစိတ္ကစားတာလို႔ မသတ္မွတ္ေတာ့ဘူးမလား။ အဲလိုဆိုရင္ေရာ ကၽြန္ေတာ္တို႔ကို သေဘာတူေပးနိုင္မလား"

ေဒၚမိမိနိုင္ ႐ုတ္ခ်ည္းမ်က္ႏွာပ်က္သြားသည္။ သည္အေပးအယူကို သူစခဲ့တာမဟုတ္။ မေသခ်ာတာအတြက္လည္း ယတိျပတ္ကတိေပးမေနခ်င္ပါ။ သူတို႔အဖို႔ အခြင့္အေရးဆိုတာပင္ မေပးခ်င္ေလာက္သည္ထိ ျပတ္ျပတ္သားသားျဖစ္ေစခ်င္သည္။

"အန္တီက ေမာင္ေဇယ်ာ့အေဖလို အေပးအယူလုပ္မဲ့သူ မဟုတ္ဘူးေနာ္။ မင္းတို႔အခ်စ္က ေရရွည္မျဖစ္နိုင္ဘူးဆိုတာ တြက္ျပတာ"

"ဟုတ္ကဲ့ နားလည္ပါတယ္။ ဒါေပမဲ့ ကၽြန္ေတာ္ေမးတာေလးေတာ့ ေျဖေပးေစခ်င္တယ္"

ေဒၚမိမိနိုင္ မျငင္းဆန္လိုက္ပါ။ သူ႔အေျပာႏွင့္ညီေအာင္ေတာ့ ေျဖရမွာပင္။

"အင္း။ ႏွစ္ႏွစ္ၾကာတဲ့ထိမွ အန္တီသားခန့္ခန့္က ေမာင္ေဇယ်ာကို ေမ့မရေသးဘူး၊ ဆက္ခ်စ္ေနေသးတယ္ဆိုရင္ေတာ့ ဒါခဏတာ စိတ္ကစားတာေတာ့ မဟုတ္ဘူးေပါ့"

'႐ူးမိုက္တာ'

ထိုစကားလုံးကိုေတာ့ ေဒၚမိမိနိုင္ ထည့္သြင္းမေျပာျဖစ္လိုက္။ အေျခအေနႏွင့္ျဖစ္ရပ္တို႔အား ေစာင့္ၾကည့္ဖို႔ လိုေနေသးတာပင္။ စကားဆိုတာ မယုတ္မလြန္ေျပာထားတာပဲ အေကာင္းဆုံးျဖစ္လိမ့္မည္။

"ဟုတ္ကဲ့၊ ဒါေလးပဲသိခ်င္တာပါ။ ကၽြန္ေတာ္တို႔ႏွစ္ေယာက္က ခဏစိတ္ကစားၿပီး ခ်စ္မိၾကတာလား၊ တကယ္အခ်စ္စစ္နဲ႔ ခ်စ္ၾကတာလားဆိုတာ ႀကိဳးစားၿပီး သက္ေသျပခ်င္ပါေသးတယ္။ သြားခြင့္ျပဳပါဦးခင္ဗ်။ အန္တီတို႔ဆႏၵအတိုင္း ကၽြန္ေတာ္ ခန့္ခန့္ကို မေတြ႕သြားေတာ့ပါဘူး"

"ေကာင္းပါၿပီ"

ေဇယ်ာ ႏွုတ္ဆက္ၿပီး ဦးစြာထြက္လာခဲ့လိုက္သည္။ ကေလးမိဘေတြ ဆႏၵအရ သူ သည္ေန႔အဖို႔ေတာ့ သြားမေတြ႕ရန္သာ ဆုံးျဖတ္လိုက္သည္။ သို႔ေပမဲ့ ေရွ႕ဆက္ရမည့္ကိစၥအား ျပတ္ျပတ္သားသား ဆုံးျဖတ္ခ်က္ခ်နိုင္ဖို႔အေရး ခ်စ္သူႏွင့္ေတာ့ စကားေျပာခြင့္ရမွ ျဖစ္ေတာ့မည္။ ခက္သည္က ခန႔္ခန႔္တြင္ ဘာဖုန္းရယ္မွမရွိေတာ့။

ဆိုင္ျပင္ထြက္ခါနီး ေဒၚမိမိနိုင္ဆီ တစ္ခ်က္မသိမသာငဲ့ၾကည့္ေတာ့ ဆံစတို႔ကိုသပ္ရင္း စိတ္ရွုပ္ေနဟန္ က်န္ရစ္သည္။ တစ္စက္မွမထိေတြ႕ရေသးေသာ ေကာ္ဖီႏွစ္ခြက္မွာေတာ့ စားပြဲေလးေပၚတြင္ ၿငိမ္သက္တိတ္ဆိတ္စြာ။

16/10/2020
••••••••••••••••••••••••••••••••••••••••••••

Bạn đang đọc truyện trên: Truyen3h.Co