Truyen3h.Co

နှောင်ကြိုး

Part - 34

Fi_Lay



<Unicode>

ကျောင်းသားတိုင်းအဖို့ ကျောင်းပိတ်ရက်ရှည်သည် ပျော်ရွှင်စရာကိစ္စတစ်ခု ဟုတ်ပါသလား။

ရေရာသောအဖြေ ခန့်ခန့်တွင် ရှိမနေပါ။ တချို့က ကျောင်းစာမသင်ရ၍ ပျော်ကြ၊ ရွှင်ကြသည်။ တချို့က ချစ်သူ၊ ခင်သူတို့နှင့် ခွဲခွါရ၍ ပူကြ၊ ဆွေးကြရသည်။

ခန့်ခန့်ဆိုသည်ကတော့ နှစ်မျိုးလုံးတွင် ပါဝင်မနေ။ ကျောင်းပိတ်ရက်အပေါ်တွင် ပျော်ခြင်းမရှိသလို၊ ကျောင်းဖွင့်ရက်အပေါ်တွင်လည်း ဝမ်းနည်းခြင်းမရှိတတ်ခဲ့။ အဆင်ပြေအောင် အလိုက်သင့်နေခဲ့သည်ချည်း။ ကျောင်းဖွင့်သည်၊ ပိတ်သည်ကား ဓမ္မတာဖြစ်ရိုးဖြစ်စဉ်ဖြစ်ပြီး စိတ်အခြေအနေအရသာလိုက်ပြောင်း၍ ခံစားနေသည်မဟုတ်လား။

စိတ်အခြေအနေ ... ဟင်း။

သူ သက်ပြင်းရှည်တစ်ခု ချမိလိုက်သည်။ ယခုကျောင်းပိတ်ရက်ရှည်ကတော့ သူ့အတွက် ခြွင်းချက်မဲ့စွာ ဝမ်းနည်းစရာအတိ ဖြစ်နေသည်။ စိတ်ခံစားချက်ကို အလေးမထားတတ်ခဲ့သူက ပူဆွေးနေသည်။ သောကရောက်နေရသည်။ အိမ်ထဲတွင် ပိတ်လှောင်ခံထားရ၍ ထွက်ပေါက်ရှာကာ ကျောင်းဖြစ်ဖြစ် သွားလိုက်ချင်သည်။

အတွေးတို့က ထွေပြားလျက် လူက ဂဏာမငြိမ်ဖြစ်ချင်လာသည်။ ခန့်ခန့် ဆေးရုံကဆင်းကတည်းက ဘယ်သူနဲ့မှစကားမပြောဖြစ်။ သို့ပေမဲ့ တစ်ကိုယ်တည်းအတွေးများက ခန္ဓာကိုယ်တွင်း ကြွက်ကြွက်ညံအောင် ဆူပူအုံကြွနေသည်။ တစ်ယောက်ယောက်ကို စကားပြောသည်ထက် ကိုယ့်ကိုယ်ကို ပြောနေမိခြင်းက ပိုအနေရခက်သည်။ စိတ်အိုက်လာသည်။ ဗုံးတစ်လုံးလို ပေါက်ကွဲချင်လာသည်။

သူ သည်အခြေအနေက လွတ်မြောက်ချင်ပါသော်လည်း ချစ်ရသူကို ခွင့်မလွှတ်နိုင်သေးပေ။ ထိုညပြီးကတည်းက လူကြီးနှင့် စကားမပြောဖြစ်သေး။ စကားအပြောမခံတာဆိုလျှင် ပိုမှန်လိမ့်မည်။ လူကြီးမှမဟုတ်၊ အိမ်တွင်လည်း ဘယ်သူလာပြောပြော လိုတာထက် ပိုမပြောတော့ချေ။ အရင်က ပျော်ပျော်နေတတ်သည့် ခန့်ခန့်မှာ အခုတော့အမြဲလိုလို မျက်မှောင်ကြုတ်ကာ မှုန်ကုတ်ကုတ်ဖြစ်နေတတ်သည်။ တစ်ရက်တစ်ရက် တစ်ကိုယ်တည်း အတွေးများနေလျက်သာ။

စိတ်နာသည်။ သူ့ပတ်ဝန်းကျင်ရှိ လူအားလုံးကို စိတ်နာသည်။ ကိုယ့်ကိုချစ်ပါတယ်ဟု တဖွဖွပြောနေကြသူတို့က သူ စိတ်ဆင်းရဲမည့်ကိစ္စတွေကိုသာ လုပ်စေကြသည်။ သူတို့အချစ်က ကိုယ့်ကိုနာကျင်စေတာ၊ မချမ်းမြေ့စေတာကို မသိရကောင်းလားဟုသာ စိတ်နာနာနှင့် တွေးတောနေမိတော့၏။

ခန့်ကိုမှာတော့ ဆေးရုံဆင်းပြီးကတည်း အိမ်ကိုခဏခဏ လာပေးရှာပါ၏။ ကိုယ် စကားပြောစရာ  သူတစ်ယောက်ပဲရှိတာသိ၍ အဖော်လာလုပ်ပေးခြင်းလည်း ဖြစ်သလို၊ လူကြီးနှင့်ကိစ္စကို ကြားဝင်ညှိပေးချင်၍လည်း ဖြစ်မည်။

"ငခန့် ... ကျောင်းတွေပြန်ဖွင့်တော့မယ်နော်"

"အင်း"

"မင်းတကယ် ကိုဇေယျာနဲ့ မတွေ့တော့ဘူးလား။ သူက အရေးကြီးပြောစရာရှိတယ်လို့ ပြောနေတာ"

ခန့်ကိုက အခန်းထောင့်တွင် သူ ဥပက္ခာပြုထားသော ရောင်စုံပန်းအိိုးလေးတွေကိုကြည့်ရင်း မဆီမဆိုင် စကားအစချီနေ၏။ သူကတော့ အိပ်ရာထက်လှဲရင်းက မျက်နှာကျက်ကို အဓိပ္ပါယ်စွာ ငေးမိနေတာပင်။ စိတ်ကတော့ဖြင့် မျက်နှာကျက်ဆီမရောက်၊ အရေးကြီးပြောစရာရှိတယ်ဆိုတာ ဘာများလဲဟု တွေးကြည့်မိနေသည်။

"ခုချိန်မှာ ငါ့ခေါင်းထဲ ရှုပ်နေသေးတယ်။ ဘယ်သူနဲ့မှ စကားမပြောချင်သေးဘူး။ မင်းလည်း သူ့အကြောင်းပြောမှာဆို ပြန်ပါတော့ကွာ။ ငါအိပ်လိုက်ဦးမယ်"

ကြားဝင်ညှိရသည့် ခန့်ကိုလည်း သည်ကိစ္စပြောမိတိုင်း အော်လွှတ်ခံနေရ၍ စိတ်ညစ်နေလေပြီ။ တခြားစကားပြောနေလျှင် အကောင်း၊ ထိုလူကြီးပြောလျှင် ထပြန်ခိုင်းတော့တာမို့ အခုလည်း ပြန်ရဦးမည်ပင်။

ဒါကြောင့် ကြားသုံးကြား ဝင်မပါသင့်ကြောင်း လူကြီးတွေပြောခဲ့တာဖြစ်လိမ့်မည်။ ခန့်ခန့်ကို သူ့အိမ်ကအရင်လောက်မကြပ်တော့တာမို့ စိတ်ပြေလက်ပျောက် အပြင်သွားချင်လျှင်တောင် သွားကြဖို့ ခွင့်ပြုထားသည်။ ဒါကို ငခန့်ကိုယ်တိုင်က အပြင်လည်းမထွက်၊ ကိုဇေယျာ့အကြောင်းကိုလည်း ပါးစပ်ပင်အဟမခံ။

သည်ကောင့်စိတ်ကို သူငယ်ချင်းဖြစ်သည့် သူပင်နားမလည်နိုင်တော့ပေ။ချစ်ပါတယ်ဆိုပြီး လိုက်ချင်တုန်းကတော့ ဖိနပ်မပါဘဲတောင် ထွက်ပြေးခဲ့သည်မလား။ အခုလို အခွင့်အရေးရပါသည်ဆိုတော့လည်း မတွေ့ချင်ပြန်ဘူးလေတဲ့။

တကယ်ဆို သူငယ်ချင်းကများ ကိုဇေယျာနောက် အပြီးလိုက်သွားချင်လျှင် ခန့်ကိုဆိုသည့်သူက အိမ်ကပိုက်ဆံချေးပြီး ထည့်ပေးလိုက်မည့်ကောင်။ သူငယ်ချင်း စိတ်ညစ်နေသည်ကိုတော့ ထိုင်ကြည့်မနေချင်။ သို့ပေမဲ့ ထိုညက ကိုဇေယျာကိုယ်တိုင်က ခေါ်သွားလို့ရလျက်နှင့် မခေါ်တာဆိုတော့လည်း အခက်သား။ စိတ်နာလည်း နာချင်စရာပင်။

အခုများကျမှ ထိုလူကြီးမှာ ငခန့်ကို ပြောစရာရှိသည်ဆိုပြီး သူ့ဆီတဖွဖွ ဖုန်းဆက်ပြောနေသည်။ တော်တော်အရေးကြီးနေပုံလည်းရတော့ သူလည်း စေတနာကူပြောပေးပါ၏။ နေ့တိုင်းပင်ဖုန်းဆက်မေးနေ၍ သူကပဲ ငခန့်အစား အားနာနေရ၏။ ကြားထဲကရူးချင်သူက ခန့်ကိုတစ်ယောက်သာ။ တွေးရင်းမောရင်း အပြန်လမ်းမှာတင် ဖုန်းဝင်လာလေ၏။

"ငါ့ညီ ဒီနေ့သွားဖြစ်သေးလား။ အခုဘယ်မှာလဲ"

"သွားဖြစ်တယ် အစ်ကို၊ အခုပြန်တောင်လာနေပြီ။ ထုံးစံအတိုင်း အစ်ကို့အကြောင်းပြောမှာဆို ပြန်တော့ဆိုလို့ ပြန်လာတာ။ အိပ်နေလောက်ဆို ခုချိန်ဆို။ ဒီကောင်နှယ် ... အပြင်လည်း ခေါ်ထုတ်လို့မရပါဘူး၊ ဇွတ်ခေါင်းမာနေတာ"

"ဟုတ်လား၊ ကိုယ် သူနဲ့တွေ့ရမှဖြစ်မှာ။ ခုဟာက ရှေ့ဆက်ဘာလုပ်လို့လုပ်ရမှန်း ဆုံးဖြတ်ချက်ချလို့မရဘူး ငါ့ညီရာ"

"ဘာလို့လဲဗျ"

ကားမောင်းရင်းက ဖုန်းကိုအာရုံစိုက်နားထောင်လိုက်သူက ခန့်ကို။ စကားပြောချင်တယ်၊ တွေ့ချင်တယ်ဆိုတာ တောင်းပန်ဖို့လို့သာ ထင်နေတာဖြစ်သည်။ ငခန့်ကို အဆက်အသွယ်လုပ်ဖို့ ဖုန်းပြန်ပေးတာ မအောင်မြင်လို့ တွေ့ချင်သည်ထင်ခဲ့တာပင်။ သို့ပေမဲ့ ကိုဇေယျာပြောသည့် သူ့အိမ်အကြောင်းပါကြားတော့ ခန့်ကို မျက်လုံးအပြူးသားဖြစ်ရတော့၏။

"ဟာ ... အစ်ကို့အိမ်ကပါသိပြီး သဘောမတူတာလား"

ကိစ္စကြီးကိုကြားလိုက်ရမှ ခန့်ကို ပိုငိုချင်သွားသည်။ တစ်အိမ်ကသဘောမတူတာတောင် ပြဿနာကတော်တော်ကြီးနေပြီ မဟုတ်လား။ နောက်တစ်အိမ်သာပါလာလျှင် သူတို့ဝေးကြတော့မည်။ အခုပင် အစပျိုးနေလေပြီ။ ဟူး .. ကိုဇေယျာ့နေရာသာ သူသာဆိုလျှင် ရူးသွားလောက်မည်။ မရတဲ့အဆုံး ပန်းလေးကို ကားတင်ပြေးပစ်မည်။

"ဟုတ်တယ်၊ အစ်ကို့အိမ်က အရင်သိတာ ... မင်းတို့စာမေးပွဲမဖြေခင်လောက်ကပေါ့။ အစ်ကို့ရည်းစားဟောင်းက ရှုပ်လိုက်တဲ့ကိစ္စပဲ။ အဲတုန်းက ခန့်ခန့်အိမ်ထိပါမရောက်အောင် ကိုယ်သူ့ကို မနည်းပိတ်လိုက်ရတယ်။ ဒါပေမဲ့ ခန့်ခန့်မိဘတွေ တခြားစီကသိသွားတာပါပဲ"

"အစ်ကိုက ဒါတွေဘာလို့ငခန့်ကို မပြောပြတာလဲ။ သူလည်းသိသင့်တာပေါ့။ မဟုတ်ရင် အဲညကကိစ္စက ဒီလောက်ထိဆိုးဆိုးဝါးဝါး မဖြစ်သွားလောက်ဘူး"

ဇေယျာ သက်ပြင်းရှည်တစ်ချက် ချလိုက်သည်။ သည်ကောင်လေးပြောနေတာကလည်း ဟုတ်နေတာပဲကိုး။ သူကိုက ချစ်သူအတွက်တွေးပေးရင်းက အတွေးလွန်သွားခြင်း။

"ကိုယ် စာမေးပွဲပြီးရင်ပြောမလို့ပါ၊ သူ့ကိုပြောပြမဲ့ဆဲဆဲမှာပဲ သူ့အိမ်ကပါသိသွားတယ်။ အဲတော့ကိုယ်လည်း သူ စိတ်ပူနေမှာစိုးတာနဲ့ မပြောပဲထားရင်းက ခုလိုတွေထိ ဖြစ်ကုန်တော့တာပဲကွာ"

"အင်း သူ့ကိုတော့ အစ်ကိုကိုယ်တိုင် ရှင်းပြမှဖြစ်မယ်ထင်တယ်။ သူစိမ်းဆီကကြားရရင် သူ ပိုစိတ်ဆိုးမှာ"

"ဟုတ်တယ် ငါ့ညီရာ။ အဲဒါမို့ ကိုယ်လည်း အသည်းအသန်တွေ့ချင်နေတာ။ တိုင်ပင်စရာတွေလည်း ရှိနေသေးတယ်"

ခန့်ကို သူတို့နှစ်ယောက်ကို တွေ့ပေးဖို့အရေး အကြံထုတ်ရတော့သည်။ မဟုတ်လျှင် ချစ်ရက်နဲ့ တေ့လွဲတွေလွဲကြဦးမည်။ ဒါမျိုးက ဒရာမာကားတွေမှာသာ ဖြစ်သင့်သည့်အကွက်တွေမလား။

"နေဦး အစ်ကိုရ။ နောက်အပတ်ကျရင်တော့ ကျောင်းတွေပြန်ဖွင့်တော့မှာမို့ ကျွန်တော်တို့ ကျောင်းသွားအပ်စရာရှိတယ်။ အဲကျ ဒီကောင်မထွက်မနေရဘူး။ အဲအချိန် အစ်ကိုလာခဲ့ပါလား။ ပြီးမှ သူ ကျွန်တော်ကိုဆဲလည်း ခဏပေါ့"

"ဟုတ်လား။ အဲလိုဆို ကိုယ်မဖြစ်,ဖြစ်အောင်လာတွေ့မယ် ညီရာ။ ကျေးဇူးတင်လိုက်တာကွာ"

"ဟုတ်၊ ဟုတ်"

စကားအဆုံးတွင်တော့ ခန့်ကို ခေါင်းကြိမ်းနေသည်။ အသက်သာဆုံးက အဆဲခံနိုင်ရပြီး အဆိုးဆုံးကထုထောင်းပြီး သူ့ပါအဆက်အသွယ် ဖြတ်သွားနိုင်သည်။ ထိုနေ့တော့ အဆင်ပြေမှပဲ ဖြစ်လိမ့်မည်။
.....................

ထို့နေ့။ ကျောင်းအပ်ရမည့်နေ့။

ခန့်ကိုတစ်ယောက် ငခန့်ကို ခေါ်လာစဉ်ကတည်းက စိတ်လှုပ်ရှားနေသည်။ ကားပေါ်တွင် နှစ်ယောက်ထဲရှိနေသော်လည်း စကားပြောဖို့ရာသိပ်မရဲ။ ကိုယ်ကသူမကြိုက်တာလုပ်ထားလေတော့ ပြောသည့်ထဲက စကားလုံးအမှားပါမှာက ကြောက်ရသေးတာပင်။

"မင်း ပတ်စ်ပို့ပုံတွေပါတယ်နော် ခန့်ကို"

"အေး ပါပါတယ်ဟ"

"ပြီးရော။ ယူလာရမှာတွေ မစုံရင် ကျောင်းသားရေးရာက ရစ်လွန်းလို့"

ခပ်တည်တည်ကြီးပြောနေသောကောင်က ကျောင်းသားရေးရာက စာရေးမတချို့ကိုပင် စိတ်တိုနေသည့်ဟန်။ ဒါမို့ ခန့်ကို တစ်လမ်းလုံးလည်း ကိုဇေယျာ စောင့်နေမည်ဆိုသည်ကို ပါးစပ်ပင်မဟရဲတော့။ ပြောလိုက်လျှင် ငခန့်ဆိုသည့်ကောင်က ကားပေါ်ကခုန်ဆင်းမည်မှာ မုချဧကန်ပဲမလား။

ကျောင်းရောက်ချိန်တွင် နေ့ခင်းဆယ့်တစ်နာရီ ထိုးလုလေပြီ။ မလာရတာ နှစ်လနီးပါးကြာပြီဖြစ်သော ကျောင်းတော်ကြီးက အဖြူ၊ အပြာယူနီဖောင်းနှင့် ကျောင်းသားတွေရှိမနေသည်ကလွဲ၍ ပုံမှန်အတိုင်းသာ တည်ရှိနေသည်။ မိုးတအုန်းအုန်းရွာခဲ့ပြီးသော မိုးရာသိီကိုကျော်လွန်၍ ဆောင်းဦးရောက်ချေပြီဆိုတော့ ကျောင်းဝန်းထဲရှိ မြက်ခင်းပြင်ကအစ အပင်ငယ်၊ အပင်ကြီးအဆုံး စိမ်းစိမ်းစိုစိုတော့ ရှိလှသည်။ သို့ပေမဲ့ နေ့လယ်ချိန်ခါမို့ ရာသီအအေးဓာတ်တော့ မရသေးပါချေ။

ကျောင်းအပ်သည့်နေရာသို သူငယ်ချင်းနှစ်ယောက် လျှောက်လှမ်းလာခဲ့တော့ လူသိပ်အများကြီး မရှိလှ။ မြင်ဖူးနေကျ အကြီးတန်းများထက် ပထမနှစ်လေးတွေကို ပိုလို့တွေ့နေရသည်။ ကလေးတွေအတွက်တော့ ပထမဆုံးနှစ်မို့ အချက်အလက် စုံစုံလင်လင်ပေးရပြီး တချို့ဆို မိဘတွေတောင်ပါသည်။ အိမ်ကအမေဖြစ်သူမှာတော့ ခန့်ခန့်ကို ပထမနှစ်တုန်းကတောင် လိုက်အပ်မပေးချေ။ ကိုယ့်ခြေကိုယ့်လက်နှင့်သာ ကျောင်းစအပ်စေသည်။

သည်လိုနှင့် ခန့်ခန့် ကျောင်းအပ်ဖို့ ဖောင်ဖြည့်နေချိန်အတွင်း ခန့်ကိုတစ်ယောက်မှာဖြင့် ဇေယျာ့ကို အပြန်လမ်းဘေးတစ်နေရာတွင် စောင့်နေရန် စာခိုးပို့လျက်ရှိသည်။ ခိုးကြောင်ခိုးဝှက်လုပ်နေသော သူ့အားရိပ်စားမိ၍ မောင်မင်းကြီးသားက 'မင်း အဲဒါဘာဖြစ်နေတာလဲ' ဆိုသည့်စကားတို့ဖြင့် ကြိမ်းမောင်းသေး၏။ တကယ်ကို ကြားသုံးကြားဆိုတာ ဝင်မပါသင့်သည့်ကိစ္စပါပဲ။

ကျောင်းအပ်ခြင်းလုပ်ငန်းစဉ်က နာရီဝက်ကျော်သာ ကြာလိုက်သည်။ အိမ်အပြန်လမ်းတွင်တော့ ခန့်ကိုတစ်ယောက်မှာ လမ်းဘေးမြေကွက်တွေဆီ ခေါင်းတစ်ထောင်ထောင်နှင့် ကြည့်လှသည်။ ဒါကိုရိပ်မိသော ခန့်ခန့်က သူငယ်ချင်းကို သေချာအကဲဖမ်းကြည့်၏။ ခါတိုင်းဆို လေတအားပေါတတ်သည့်ကောင်က သည်နေ့မှ တိတ်တဆိတ်နှင့် ပျာယာခတ်နေသယောင်။

"မင်းကဒီနေ့မှ ဘယ်လိုဖြစ်နေတာလဲ၊ ဂနာမငြိမ်နဲ့ ငါမောင်းခဲ့ရမလား"

"ရတယ် ရောက်တော့မှာပဲဟာ"

"ဘယ်ကိုရောက်တော့မှာလဲ၊ အခုမှကျောင်းကထွက်လာတဲ့ဟာ"

အူကြောင်ကြားခန့်ကိုက သူ ပိတ်ဟောက်လိုက်တော့ ခေါင်းတကုတ်ကုတ်နှင့်။ မျက်နှာကလည်း ငိုချင်သလိုလို၊ ရယ်ချင်သလိုလို ... ဘာမှန်းမသိနိုင်သည့် မျက်နှာထားရယ်ပါ။ ခန့်ခန့်ကပဲ စိတ်လျော့လိုက်ရပါ၏။ သူလည်း ခုတလော စိတ်မရှည်တတ်တော့ သူငယ်ချင်းခန့်ကိုကိုပါ ပြဿနာရှာမိသလို ဖြစ်နေပြီထင်၏။ တကယ်တော့ ခန့်ကိုနှင့်မှမဟုတ်၊ စိတ်မကြည်ပြီး မျက်မှောင်ကြီးကြုတ်ရင်း အရာရာကို အလိုမကျဖြစ်နေလေတာ အမြဲတမ်းလိုလိုပါပဲ။

ကျောင်းမှမြို့ထဲပြန်ရသောလမ်းတွင် အစပိုင်း၌ လူနေအဆောက်အဦးရယ်လို့ များများစားစားမရှိလှပေ။ အုတ်တံတိုင်းကျယ်ကြီးတွေနှင့် ဂိုထောင်လိုအဆောက်အဦးများ၊ ဝန်းခြံကွက်လပ်များက ပိုများများစားစားရှိသည်။ ပြီးလျှင်လည်း မြို့ထဲထက်ပိုကာ လမ်းဘေးနေရာတွေ၌ အပင်အုံ့ဆိုင်းဆိုင်းတွေ တွေ့ရတတ်တာပင်။ သုံးနှစ်တာသွားပြန်နေခဲ့သော လမ်းကြောင်းမို့ ဘယ်နားမှာ ဘာရှိသည်ကအစ ခန့်ခန့် မှတ်မိနေတော့တာပါပဲ။

ထိုအခိုက် ကားညာဖက်ချိုးကွေ့မည့် အချက်ပြမီးကို ရုတ်တရက်ဖွင့်ချလိုက်သည်က ခန့်ကို။

"ဘာလို့ချိုး ... ခန့်ကို မင်း!"

လမ်းဘေးဆွဲချရပ်သည့်အကြောင်းကို စက္ကန့်အနည်းငယ်အတွင်းမှာပင် ခန့်ခန့် ရိပ်မိလိုက်သည်။ ရှေ့တွင်မြင်နေရသည်က မာစီးဒီအဖြူရောင်၊ ဘေးတွင်လူတစ်ယောက်။ ထိုကားနှင့်ထိုလူကို ခန့်ခန့် မမှတ်မိစရာအကြောင်းမရှိပေ။ ခန့်ကိုက သူ့အပြောကိုဂရုမစိုက်ဘဲ ကားကိုထိုနားထိတိုးသွားကာ ရပ်လိုက်သည်။ ကားရပ်လိုက်သည်နှင့်ချက်ချင်း သူတို့ကားဆီဦးတည်လာနေသည်မှာ သူ၏ချစ်ရသူလူကြီး။ ဒါဆို ကြိုစီစဉ်ထားကြသည်ပေါ့။

ခန့်ခန့်၏ဒေါသအိုးက ဗုံးတစ်လုံးကဲ့သို့ အဆမတန်ပေါက်ကွဲတော့သည်။

"ငါ မတွေ့ချင်သေးဘူးလို့ ပြောထားတယ်လေ"

"ငါ တောင်းပန်ပါတယ် သူငယ်ချင်းရာ။ ကိုဇေယျာ တကယ်အရေးကြီးနေလို့တဲ့"

"မင်းကွာ!"

သူ ခန့်ကိုကိုမာန်လိုက်ပြီး ချက်ချင်းပဲ ကားပေါ်ကဆင်းကာ ဦးတည်ရာမရှိ ထွက်ပြေးတော့သည်။ မပြေးလို့လည်း မဖြစ်တော့၊ လျှောက်လာနေသူက ကားနားကိုရောက်တော့မည်မလား။ ခန့်ခန့် အခုချိန်တွင် အမှန်တကယ် စကားမပြောချင်သေးပေ။ ဘာမှလည်းမလှုပ်သာသည့် သူတို့အနာဂတ်အတွက် ချစ်သူကပင် သူ့ဘက်မပါသလို ခံစားနေရတာမို့ အတော်စိတ်ဓာတ်ကျနေမိသည်လေ။

"ကလေး ... ကလေး မပြေးနဲ့။ ဟေး လဲလိမ့်မယ်"

မြက်ရိုင်းအတိုတွေ ပေါက်နေသည်ကို ဖြတ်နင်းလျက် ခန့်ခန့် အသားကုန်ပြေးနေသည်က ဦးတည်ချက်မရှိ။ အငှားကားတစ်စီးစီးတွေ့လျှင် ဖြစ်ချင်ရာဖြစ်၊ ချက်ချင်းကောက်တက်သွားလိုက်မည်။

သို့ပေမဲ့ အရပ်ရှည်သော၊ သက်လုံကောင်းသောဇေယျာက ခြေလှမ်းကျဲတို့ဖြင့် အစွမ်းကုန်ပြေးလိုက်တာမို့ ခဏနှင့်မှီသွားလေသည်။ နှစ်ဦးသားနီးကပ်သွားသော် အရှိန်နှင့်ပြေးနေသည့်ကောင်လေးအား လဲကျမသွားစေရန် အရှေ့ရင်ဘတ်ဆီသို့ လက်တစ်စုံဖြင့်ဆွဲချုပ်ကာ နောက်မှသိုင်းဖက်ထားရှာ၏။ ကားလမ်းမဘေး သစ်ပင်ရိပ်တွင် သူတို့အဖြစ်က ရုပ်ရှင်ဆန်ဆန်ပြကွက်တစ်ခုနှယ်။

"ဖယ်ဗျာ ... လွှတ်စမ်းပါ"

ခန့်ခန့် ရုန်းသည်။ အားကုန်ထုတ်သုံးကာ ရအောင်ကိုရုန်းသည်။ သို့သော် ရင်ခွင်အကျယ်ကြီးထဲမှ သူ့ခန္ဓာကိုယ်သေးသေးလေးမှာ လှုပ်၍ပင်မရ၊ တင်းကြပ်စွာ သိုင်းချုံဖက်ခံထားရလေ၏။ လမ်းဘက်မှာလည်း ကားတွေဖြတ်သွားနေသည်မို့ မျက်နှာကိုတော့ အုတ်တံတိုင်းရှိရာဘက်သို့ အမြန်လှည့်ပစ်လိုက်ချေသည်။

"ကလေး ... ခဏလေးပါ။ ဒီတိုင်းလေး ခဏလေးပဲနေပြီး ကိုယ်ပြောတာလေးကို နားထောင်ပေးပါကွာ"

ရုန်းထွက်မရတာ သေချာတာတစ်ကြောင်း၊ ချစ်သူ့အပြောအား လစ်လျူမရှူနိုင်တာတစ်ကြောင်းကြောင့် ခန့်ခန့်၏အားအင်များ လျော့ချလိုက်သည်။ လမ်းမပေါ်မှကားသံ တညံညံ၊ သစ်ပင်အုပ်ကြီးမှ ကိုင်းချင်းဖြာယှက်သံ တဖျစ်ဖျစ်တို့နှင့် သူတို့နှစ်ဦး၏ရင်ခုန်သံတို့မှလွဲ၍ ကျန်တာမကြားရတော့ချေ။

မြင်ကွင်းမှာလည်း ကားလမ်းမကို ကျောပေးထားလိုက်၍ သစ်ပင်အုပ်အုပ်နှင့် ဆေးသုတ်မထားသည့်အုတ်တံတိုင်းတို့ကိုသာ မြင်နေရသည်။ မထိတွေ့ရတာကြာပြီဖြစ်သော အနှီလူသား၏ ကိုယ်ငွေ့နွေးနွေးက နှစ်လိုဖွယ်ကောင်းလေတာ ခန့်ခန့် ခံစားလာမိ၏။ အထိအတွေ့တိုင်းကို သိရှိလာချိန် ချစ်သူ့၏ကိုယ်က အနည်းငယ်ကိုင်းညွတ်လာလေတာ သူ့ပုခုံးစွန်းနားရောက်သည်ထိ။ ခပ်မြန်မြန် အရှူအသွင်းလုပ်နေသော ခပ်နွေးနွေးလေပူတချို့က သူ့လည်ပင်းသားဆီ လာရောက်ရိုက်ခတ်ချိန် ခန့်ခန့် ရင်ခုန်သံတွေ ဗြောင်းဆန်နေပြီဖြစ်၏။

"အဲဒီညက ကိုယ် ကလေးကို ခေါ်သွားလို့မရခဲ့တာ တောင်းပန်တယ်နော်။ ကိုယ်အဲဒီကိစ္စတွေရှင်းပြချင်လို့ အခုတလော ခန့်ကိုကို အကူအညီတောင်းနေခဲ့တာပါ"

ပြောနေရင်း ရှေ့ဖက်အပေါ်မှ ကာဆီးလာလေသော လက်ဖဝါးတစ်ဖက်။ ခန့်ခန့်မော့ကြည့်တော့ သစ်ပင်ရိပ်ကြားက နေထိုးနေသည်ကို ချစ်သူက လက်ကလေးနှင့် အသာကာပေးသည်ကို ချက်ချင်းသဘောပေါက်လိုက်သည်။ စိတ်ဆိုးနေသည့်ကြားက သူ့စိတ်မှာ အနည်းငယ်တိမ်းညွတ်မိသယောင်။

"ကိုယ့်အိမ်ကလည်း ကလေးနဲ့ချစ်သူဖြစ်နေတဲ့အကြောင်းကို သိနေတာကြာပြီ။ ကိုယ့်အိမ်ကလည်း မထူးပါဘူး၊ သဘောမတူဘူးဆိုပြီး အဆက်အသွယ်ဖြတ်ခိုင်းတယ်။ ပြီးတော့ ကိုယ် စောင့်ကြည့်ခံနေခဲ့ရတယ်၊ ဒါမို့ ခဏခဏ လာမတွေ့နိုင်ခဲ့တာ"

ခန့်ခန့် အံ့ဩစိတ်ဖြစ်ရသည်မှာ သဘောမတူဘူးဆိုသည့် ချစ်သူ့မိဘတွေမျက်နှာကို မြင်ယောင်ကြည့်မိသည်အထိ။ သူ့အိမ်ကတင် သဘောမတူသည်ဟု ထင်နေခဲ့တာမဟုတ်လား။ သိနေတာကြာပြီဆိုတာကရော ဘယ်တုန်းကတည်းကလဲ။ စောင့်ကြည့်ခံနေရတယ်ဆိုတာကရော။ ထုံးစံအတိုင်း ပလုံစီနေသော အတွေးတို့က ဦးစွာနေရာယူလာပြန်သည်။ သူ့စိတ်ထဲတင် ထပ်မတွေးနိုင်တော့။ မေးစရာရှိတာ ထုတ်မေးရတော့မည်။

"ဘယ်လိုသိသွားတာလဲ။ ဘယ်ချိန်ကတည်းကလဲ။ ဘာလို့ဒါတွေကို အစကတည်းက မပြောခဲ့ရတာလဲဗျ"

ချုပ်ထားသည့်ကြားက တံတောင်နှင့်ရအောင် တွတ်ပြီးမေးလိုက်တာပင်။ ဇေယျာ ကိုယ်ကိုအနည်းငယ်ရို့လိုက်သော်ငြား စူးအောင့်သွားမှာသေချာသည်။  ခန့်ခန့်ဆိုတာ လူကောင်သေးသော်လည်း ယောကျ်ားတစ်ယောက်ပဲမဟုတ်လား။

"သိသွားတာက စန္ဒီ့ကြောင့်။ ကိုယ်တို့နဲ့တွေ့တဲ့နေ့ကပဲ စန္ဒီ နောက်ကလိုက်လာပြီး ပုံတွေရိုက်ယူသွားတာ၊ ပြီးတော့ အိမ်ကိုပို့လိုက်တယ်လေ။ အိမ်မှာ ပြဿနာတွေလည်း တက်သွားတယ်။ ကိုယ် ဒီအကြောင်းတွေကို ကလေး စာမေးပွဲပြီးရင် ပြောပြမလို့ပါပဲ။ ဒါပေမဲ့ ကလေးအိမ်ကပါ သိသွားကြတယ်လေ။ အဲဒါမို့ အိမ်ကြောင့်စိတ်ညစ်နေတဲ့သူကို အပူတွေထပ်မပေးချင်တာနဲ့ ကိုယ် မပြောရက်ခဲ့တာ၊ ကိုယ့်အပြစ်တွေပါ"

ခန့်ခန့် သိုင်းဖက်ထားသည့် လက်တစ်စုံကြာမှ မရရအောင် တွန်းထွက်ပစ်လိုက်ပြီး ရအောင်မျက်နှာချင်းဆိုင် လိုက်တော့သည်။

"ပြောရမှာလေဗျာ။ ကျွန်တော်ကျ ဘာဖြစ်ဖြစ်ပြောခဲ့တယ်၊ တိုင်ပင်ခဲ့တယ်လေ။ ဒီလိုပဲ ပြောပြရမှာပေါ့။ ဘာလဲ .. ကျွန်တော်ကငယ်သေးလို့ ဖေးမ,မပေးနိုင်ဘူး၊ အရေးမပါသေးဘူး ထင်လို့လား၊ ဟုတ်လား"

"အဲလိုမဟုတ်မှန်း ကလေးသိပါတယ်ကွာ၊ ကိုယ်ပြောပြတာ နားလည်တယ်မလား"

"ဒါဆို ကျွန်တော်ထွက်ပြေးလာတဲ့ညက ခေါ်မသွားနိုင်တာ အဲဒီကိစ္စကြောင့်လား"

ဇေယျာ မျက်နှာငယ်သွားရသည်။ အပြစ်ပေါ် အပြစ်ဆင့်ရပြန်သည်မဟုတ်လား။

"အင်း၊ အိမ်မှာပြဿနာတွေဖြစ်နေတဲ့ကြားက ကိုယ်ထွက်လာခဲ့တာ။ အဲဒါမို့ ခေါ်သွားလို့မရတာလည်းပါသလို နှစ်ဖက်မိဘတွေကိုလည်း စိတ်မပျက်စေချင်တာပါ။ ကိုယ်တို့ မိဘတွေခွင့်ပြုအောင် ကြိုးစားကြမယ်လေ ကလေးရယ်"

"ဖြစ်မှမဖြစ်နိုင်တာဗျ၊ စိတ်ကူးယဉ်မနေနဲ့တော့"

ဇေယျာ မျက်နှာချင်းဆိုင်ရှိ ခန့်ခန့် လက်လေးနှစ်ဖက်အား အမိအရဆွဲကိုင်လိုက်ပြီး၊

"ဖြစ်နိုင်ပါတယ်။ ကိုယ် ကလေးကို အသည်းအသန်တွေ့ချင်နေရတာလည်း အဲကိစ္စပြောချင်နေလို့ပဲ"

ခန့်ခန့်မှာ ဘာမှမပြောသေးဘဲ စိုက်သာကြည့်နေသည်။ သူကိုင်ထားသည့်လက်ကိုလည်း ကျစ်ကျစ်ပါအောင် ပြန်ဆုပ်ထား၏။ ဒေါသရှိန်ကြောင့် ခပ်ဖွေးဖွေး မျက်နှာလေးက နီမြန်းစပြုလာလေသည်။
"ကိုယ် ကလေးဆီထွက်လာတဲ့ညက တစ်ညလုံးပြန်မလာလို့ဆိုပြီး ဖေဖေ စိတ်တိုပြီး ဒေါသတွေထွက်တယ်။ မနက်ခင်း ကိုယ်လည်းပြန်သွားရော သူ့စကားနားမထောင်တော့ ယူကေမှာ ဘွဲ့လွန်သွားတက်ဖို့ စပြောနေပြီ"

"ဘယ်လို!"

ခန့်ခန့် မျက်နှာထပ်ပျက်သွားသည်။ သည်တစ်ခါတော့ စိတ်ဆိုးခြင်းဆိုတာထက် ဝမ်းနည်းခြင်းအငွေ့အသက်တွေ ထုံမွှမ်းနေတာ ဇေယျာလည်း မြင်နေရသည်။

"ဟုတ်တယ် ကလေး။ ခုဆောက်တော့မဲ့ ဟိုတယ်အတွက် Hospitality Management ဘွဲ့လွန်သွားတက်ရမယ်တဲ့။ ဒါပေမဲ့ အဖေက ကိုယ့်ကိုအခွင့်အရေးတစ်ခုတော့ ပေးတယ်။ ဘွဲ့ယူအပြီး ကိုယ်ပြန်လာတဲ့အချိန်ထိ ကလေးရော၊ ကိုယ်ပါ အခုတိုင်း ဆက်ချစ်နေကြဦးမယ်ဆိုရင် သူ ကန့်ကွက်စရာမရှိဘူး။ သဘောတူပေးမယ်တဲ့။ ကြည့်ရတာကိုယ်ပြန်လာရင် ပြီးပြတ်သွားမယ်လို့ ထင်နေတဲ့သဘောပဲ"

ခန့်ခန့် စိတ်ရှုပ်သွားသည်။ မျက်နှာလေးကလည်း ဝမ်းနည်းရမလို .. ဝမ်းသာရမလိုလိုနှင့်။

"နေပါဦး၊ အဲဒီတော့ လူကြီးကသွားမလို့လား"

"သွားရဖို့များနေတယ် ကလေးရာ။ ကိုယ်က အဖေပြောတာကို အဖြေပြန်မပေးဘဲ ကလေးကိုတိုင်ပင်ချင်လို့ ဒီနှစ်ပတ်အတွင်းမှာ တွေ့ဖို့ကြိုးစားနေခဲ့တာ။ ဒါပေမဲ့ ဟိုနေ့ကအဖေပြောတယ်၊ သူထပ်မစောင့်နိုင်တော့လို့ တချို့တစ်ဝက်စီစဉ်နေပြီတဲ့"

ခန့်ခန့်မှာ ဘာမှပင် တားပိုင်ခွင့်မရှိသလို ခံစားရသည်။ အခုမှသိရသည့်အစီအစဉ်က တိုင်ပင်တာပါလို့လည်း ခေါင်းစဉ်တပ်သည်။ ပြီးလျှင် သွားဖြစ်ဖို့လည်း များနေပြီတဲ့။ သူ ဘယ်လိုများ တောင့်ခံနေရပါမည်နည်း။ သို့ပေမဲ့အားတင်းပြီး ဆက်မေးလိုက်သေးသည်က၊

"အဲဒီဘွဲ့ရဖို့က ဘယ်လောက်ကြာမှာလဲ"

"နှစ်နှစ်ကျော်လောက်ကြာမယ်တဲ့၊ ကလေး ကိုယ့်ကို စောင့်ပေးနိုင်မလား"

ခန့်ခန့် တွဲထားသည့်လက်ကို ဆတ်ခနဲ ဖြုတ်ချလိုက်သည်။ ထို့နောက် မကျေနပ်ချက်တို့ကို လက်သီးဆုပ်ထဲထည့်ကာ ဇေယျာ့ဝမ်းဗိုက်ဆီဦးတည်ထိုးလိုက်တာ နှစ်ချက်မှသည် သုံး၊ လေးချက်။ ချစ်သူကတော့ မရုန်းသလို၊ ကာဆီးခြင်းလည်းမပြု။ ခပ်ဖွဖွထိုးလို့ သူ့စိတ်တိုင်းကျပြီဆိုမှသာ ဇေယျာ့ရင်ခွင်ထဲ တိုးဝင်တော့တာဖြစ်၏။ ဝမ်းနည်းခြင်း၏ပြယုဂ်ဖြစ်သည့် မျက်ရည်စက်တို့မှာတော့ မြေပြင်က မြက်ခြောက်ပင်တို့ဆီပါ ကူးလူးသွားရသည်။

"နှစ်နှစ်ကြီး ဘယ်လိုခွဲနိုင်မှာလဲဗျ"

ငိုသံတို့နှင့်ရောထွေးကာ ထွက်ပေါ်လာသော ခန့်ခန့်အသံပေတည်း။ ဇေယျာသည်လည်း ခန့်ခန့် ပုခုံးလေးနစ်နေအောင်ဖက်ရင်း ထပ်တူဝမ်းနည်းရပြန်၏။

"ကလေးရယ် ... ကိုယ်လည်းမခွဲနိုင်ဘူး၊ ခွဲဖို့လည်း အားရှိမနေဘူး။ ဒါပေမဲ့ ကိုယ်တို့နီးစပ်ဖို့က ဒီနည်းပဲရှိတော့တာ။ ကလေး သိလား၊ ကိုယ် ဒီကိစ္စကိုလေ ကလေးရဲ့မေမေကိုလည်း ပြောပြပြီးပြီ"

"ဟမ်!"

"ဟုတ်တယ်။ နှစ်ဖက်မိဘတွေက ကိုယ်တို့နှစ်ယောက်ကိုခွဲထားလိုက်ရင် အဆုံးသတ်သွားမယ်လို့ ထင်နေကြတယ်။ အဲဒါမို့ နှစ်ဖက်မိဘတွေက ကိုယ့်ကိုယူကေသွားစေချင်နေကြတာ"

ဇေယျာ ရင်ခွင်ထဲကခန့်ခန့်ကို ခဏခွါရင်း သေချာပြောဖို့ပြင်လေသည်။

"ကလေး ခေါင်းကိုခဏမော့။ တိတ်! မငိုနဲ့တော့၊ ကိုယ်ပြောတာ သေချာနားထောင်"

ခန့်ခန့်မျက်ရည်တွေကို ညင်သာစွာ သုတ်ပေးနေသော ချစ်သူကဖြင့် သစ်ပင်ရိပ်တွင်တောင် ချွေးတစိုစိုနှင့်။ ငိုချင်သော်လည်း ထိန်းထားပုံရသည့်လူကြီး။ အပူတွေများစွာပိုက်ထားသော်လည်း ဟန်ဆောင်ကောင်းသည့်လူကြီး။ ကိုယ့်ကိုတော့ အမြဲဂရုစိုက်ပေးနေခဲ့ပြီး သူကိုယ်တိုင်ကတော့ နှစ်ဖက်မိဘကြားမှာ ပျာယာခတ်နေခဲ့မည့်လူကြီး။ ခန့်ခန့် စိုစွတ်နေသောမျက်တောင်များနှင့် ချစ်သူအား ငေးမောနေခဲ့မိသည်။ ငိုထားသော်လည်း မျက်လုံးဝိုင်းဝိုင်းလေးတွေက သေချာအားယူကာ ကြည့်နေမိသည်။

"စဉ်းစားကြည့်နော်။ ကိုယ်တို့ အခုအခြေအနေအရ လုပ်စရာနှစ်နည်းပဲ ရှိတယ်"

မျက်တောင်တစ်ချက်ခတ်ရင်း ချစ်သူ့အပြောကို ဆက်စေလိုက်၏။ သည်လူကို ချစ်ပြီးပြီမို့ သည်လူကိုပဲ ယုံကြည်သည်မို့ ဘာပြောပြော နားထောင်ဖို့ရှိသည်သာ။

"ပထမတစ်နည်းက ကိုယ် နှစ်နှစ်ပညာသွားသင်မယ်။ ဒီကြားထဲမှာ ကိုယ် တစ်ခါတလေပြန်လာတွေ့မယ်။ အမြဲတမ်းလည်း အဆက်အသွယ် လုပ်နေမယ်။ နှစ်နှစ်ပြည့်လို့ပြန်လာတဲ့အခါ ကိုယ်လည်းဘွဲ့ရပြီ၊ ကလေးလည်း ဒီမှာဘွဲ့ရလောက်ပြီ။ ကိုယ့်မိဘတွေကလည်း ကိုယ်တို့နှစ်ယောက်ကို သဘောတူမယ်။ ကလေးမိဘတွေလည်း သိပ်မငြင်းဆန်နိုင်လောက်တော့ဘူးလို့ ကိုယ်ယုံကြည်တယ်။ အဲဒီတော့ ပထမနည်းအရဆို ဒီနှစ်နှစ်အတွင်းမှာ ကလေးက ကိုယ့်ကို စိတ်ရှည်ရှည်နဲ့ စောင့်ပေးနိုင်မလား"

ခန့်ခန့် တွေဝေနေဆဲဖြစ်၏။ နှစ်နှစ်ဆိုသည့်အချိန်က သူ့အတွက် များလွန်းနေသည်မလား။ သူတို့ချစ်သူသက်တမ်းပင် တစ်နှစ်မပြည့်သေးပါချေ။

"နောက်တစ်နည်းကရော"

"အင်း နောက်တစ်နည်းက ကိုယ် ယူကေကိုမသွားတော့ဘူး။ ဒီမှာပဲ ဖေဖေနဲ့ အတိုက်အခံလုပ်ပြီး ဆက်နေမယ်။ ကိုယ်တို့နှစ်ယောက် တစ်မြေထဲမှာ အတူရှိနိုင်တယ်။ ဒီလိုခိုးကြောင်ခိုးဝှက် တွေ့ကောင်းတွေ့ရနိုင်မယ်။ ဒါပေမဲ့  နှစ်ဖက်မိဘတွေကတော့ ခုတိုင်းပဲကိုယ်တို့ကို ဆက်ခွဲနေကြဦးမယ်ထင်တယ်။ ဒီထက်ဆိုးတာမျိုးလည်း ရှိလာနိုင်တယ်။ ကလေး ဘယ်လိုလုပ်ချင်လဲ။ ဒုတိယနည်းကို သဘောကျလို့ မသွားပါနဲ့လို့ပြောရင်လည်း ကိုယ်လုံးဝမသွားဘူးနော်၊ စိတ်ချ"

ဇေယျာ့၏အတွေးအခေါ်များကို ခန့်ခန့် လက်ခံပါသည်၊ ယုတ္တိလည်းရှိသည်ဟု ထင်သည်။ နှစ်ယောက်စလုံးအတွက် အကောင်းဆုံးနှင့် အဖြစ်သင့်ဆုံးနည်းလမ်းကိုလည်း သိသည်။ နှစ်အိမ်လုံးက သူတို့အဖြစ်ကို သိသိချင်းမို့သွေးပူနေကြချိန် ဘယ်နည်းနှင့်ဖြစ်ဖြစ် ရအောင်ခွဲကြမှာပင်။ အချိန်တစ်ခုကြာလျှင်တော့ သွေးအေးနိုင်သည်။ ခန့်ခန့်ကိုယ်တိုင်လည်း ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့် ကိုယ့်ခြေထောက်ပေါ်ရပ်တည်လို့ရသည့် ဘွဲ့ရပြီးအလုပ်ခွင်ဝင်ချိန်သို့ ရောက်လိုပြီ။ ဒါမှမိဘတွေက သူ့အပေါ် ယုံကြည်မည်မလား။ စိတ်ကစားတယ်ဆိုသည့်ကိစ္စကိုလည်း ပယ်ဖျက်နိုင်ကြမည်မလား။

သို့ပေမဲ့ ချစ်စိတ်ကို ဘယ်လိုများထိန်းချုပ်လို့ ရပါမည်လဲ။

"ခွဲမနေချင်ဘူးဗျာ။ ဒါပေမဲ့ ပထမနည်းလမ်းကပဲ ရေရှည်အတွက် အဆင်ပြေမယ်ဆိုတာလည်း သိပါတယ်"

ရင်ခွင်ဆီကနေ မလှမ်းမကမ်းရှိနေသော ကောင်လေးက ချစ်သူကိုမော့ကြည့်ရင်း အဖြေတစ်ခုကို ပေးချင်နေလေပြီ။ သို့ပေမဲ့ ထိုနှုတ်ထွက်စကားတစ်ခွန်းက နှစ်ချီကြာနိုင်မည်မို့ ဝမ်းနည်းစိတ်နှင့် မျက်ရည်တချို့က တွဲခိုမိပြန်၏။

"လူကြီးအိမ်က အစီအစဉ်အတိုင်း သွားလိုက်ပါ။ ပြီးရင်တော့ မြန်မြန်ပြန်လာခဲ့နော်"

"ပြန်လာမှာပေါ့ ကိုယ့်ကလေးရယ်။ အမြန်ပြန်လာမှာပေါ့"

နေခြည်နွေးနွေးအောက်တွင် သူတို့နှစ်ဦးသား ပြန်လည်ပွေ့ဖက်မိကြပြန်သည်။ အားပေးစရာရယ်လို့ အချင်းချင်းသာရှိသည့် သူတို့အဖြစ်။ အနားမှာအတူရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ... သည်လိုပဲ အားပေးနေကြဦးမည်ဆို လူကြီးတွေထင်သလို နှစ်နှစ်အတွင်းပြတ်ဆဲသွားတာမျိုးလည်း မရှိနိုင်တော့ပေ။

ထိုအချိန် ဇေယျာ့ပါးပြင်ဆီက နွေးထွေးမှုလေးရလိုက်သည်မှာ ကြည်နူးဖွယ်ရာအတိ။ ခြေလေးပင့်ကာနမ်းလာရှာသော ခန့်ခန့်မှာလည်း ရှက်ပြုံးကလေးနှင့်။

"ကလေး လမ်းဘေးကြီးမှာနော်။ ခန့်ကိုလည်း မြင်မှာ"

"သိသားပဲ။ ဒါပေမဲ့ မီးပန်းတွေဖောက်တဲ့ညက အကြွေးဆပ်စရာရှိနေလို့။ အကြွေးတင်နေရင် မကြိုက်ဘူးလေ"

"ဒါဆိုရင်တော့ အကြွေးက ဒီလောက်နဲ့မကြေဘူးနော်"

"အရင်ဆုံး ကားပေါ်တက်ရအောင်ပါ၊ လူကြီးကားနဲ့ လိုက်ခဲ့မယ်"

"ဟုတ်ပါပြီဗျာ"

ခန့်ခန့်ခမျာာစိတ်တိုတိုနှင့်ပြေးခဲ့သည့်နေရာမှ ကားနှစ်စီးဆီသို့ တဖန်လျှောက်ရပြန်ပါသည်။ သည်တစ်ကြိမ်တွင်တော့ ပုံမှန်ခြေလှမ်းတို့နှင့် ချစ်သူ့လက်ကို ဦးဆောင်ဆွဲထားလိုက်သည်။

"ခန့်ကို ... ငါ ကားပြောင်းစီးတော့မယ်။ မင်းနောက်ကလိုက်ခဲ့"

အသံကြားမှ ဖုန်းသုံးချင်ယောင်ဆောင်နေသော ခန့်ကိုက မျက်စောင်းခဲရင်း လှည့်ကြည့်တော့၏။ ခုနကတော့ သူ့ကိုစားတော့မလို၊ ဝါးတော့မလို စိတ်တိုထားတာမလား။

"ရုပ်ကိုက အမျိုးမျိုးပဲ။ တတ်ပဲတတ်နိုင်လွန်းတယ်"

"ငါ့ညီရေ ... ကျေးဇူးအထူးကွာ"

ခန့်ခန့်တစ်ယောက် ပုခုံးသာတွန့်ပြလိုက်ပေမဲ့ ဇေယျာကတော့ အပြုံးတို့နှင့် ခန့်ကိုကို ကျေးဇူးတင်စကားပြောလာတာ ဖြစ်၏။ အခုတော့လည်း ကားရှေ့ကဖြတ်သွားကြသည့် ချစ်သူနှစ်ဦးမှာ လက်ချင်းတွဲချိတ်ကြလျက်။ သူတို့တစ်သက်လုံး သည်လိုနှစ်ယောက်လက်တွဲမြဲနိုင်ဖို့ ခန့်ကို စိတ်ရင်းနှင့် ဆုတောင်းပေးနေမိတော့သည်။

17/10/2020
•••••••••••••••••••••••••••••••••••••••••••

<Zawgyi>

ေက်ာင္းသားတိုင္းအဖို႔ ေက်ာင္းပိတ္ရက္ရွည္သည္ ေပ်ာ္ရႊင္စရာကိစၥတစ္ခု ဟုတ္ပါသလား။

ေရရာေသာအေၿဖ ခန႔္ခန႔္တြင္ ရွိမေနပါ။ တခ်ိဳ႕က ေက်ာင္းစာမသင္ရ၍ ေပ်ာ္ၾက၊ ရႊင္ၾကသည္။ တခ်ိဳ႕က ခ်စ္သူ၊ ခင္သူတို႔ႏွင့္ ခြဲခြါရ၍ ပူၾက၊ ေဆြးၾကရသည္။

ခန့္ခန့္ဆိုသည္ကေတာ့ ႏွစ္မ်ိဳးလုံးတြင္ ပါဝင္မေန။ ေက်ာင္းပိတ္ရက္အေပၚတြင္ ေပ်ာ္ျခင္းမရွိသလို၊ ေက်ာင္းဖြင့္ရက္အေပၚတြင္လည္း ဝမ္းနည္းျခင္းမရွိတတ္ခဲ့။ အဆင္ေျပေအာင္ အလိုက္သင့္ေနခဲ့သည္ခ်ည္း။ ေက်ာင္းဖြင့္သည္၊ ပိတ္သည္ကား ဓမၼတာျဖစ္ရိုးျဖစ္စဥ္ျဖစ္ၿပီး စိတ္အေျခအေနအရသာလိုက္ေျပာင္း၍ ခံစားေနသည္မဟုတ္လား။

စိတ္အေျခအေန ... ဟင္း။

သူ သက္ျပင္းရွည္တစ္ခု ခ်မိလိုက္သည္။ ယခုေက်ာင္းပိတ္ရက္ရွည္ကေတာ့ သူ႔အတြက္ ႁခြင္းခ်က္မဲ့စြာ ဝမ္းနည္းစရာအတိ ျဖစ္ေနသည္။ စိတ္ခံစားခ်က္ကို အေလးမထားတတ္ခဲ့သူက ပူေဆြးေနသည္။ ေသာကေရာက္ေနရသည္။ အိမ္ထဲတြင္ ပိတ္ေလွာင္ခံထားရ၍ ထြက္ေပါက္ရွာကာ ေက်ာင္းျဖစ္ျဖစ္ သြားလိုက္ခ်င္သည္။

အေတြးတို႔က ေထြျပားလ်က္ လူက ဂဏာမၿငိမ္ျဖစ္ခ်င္လာသည္။ ခန႔္ခန႔္ ေဆး႐ုံကဆင္းကတည္းက ဘယ္သူနဲ႔မွစကားမေျပာျဖစ္။ သို႔ေပမဲ့ တစ္ကိုယ္တည္းအေတြးမ်ားက ခႏၶာကိုယ္တြင္း ႂကြက္ႂကြက္ညံေအာင္ ဆူပူအုံႂကြေနသည္။ တစ္ေယာက္ေယာက္ကို စကားေျပာသည္ထက္ ကိုယ့္ကိုယ္ကို ေျပာေနမိျခင္းက ပိုအေနရခက္သည္။ စိတ္အိုက္လာသည္။ ဗုံးတစ္လုံးလို ေပါက္ကြဲခ်င္လာသည္။

သူ သည္အေျခအေနက လြတ္ေျမာက္ခ်င္ပါေသာ္လည္း ခ်စ္ရသူကို ခြင့္မလႊတ္နိုင္ေသးေပ။ ထိုညၿပီးကတည္းက လူႀကီးႏွင့္ စကားမေျပာျဖစ္ေသး။ စကားအေျပာမခံတာဆိုလၽွင္ ပိုမွန္လိမ့္မည္။ လူႀကီးမွမဟုတ္၊ အိမ္တြင္လည္း ဘယ္သူလာေျပာေျပာ လိုတာထက္ ပိုမေျပာေတာ့ေခ်။ အရင္က ေပ်ာ္ေပ်ာ္ေနတတ္သည့္ ခန့္ခန့္မွာ အခုေတာ့အျမဲလိုလို မ်က္ေမွာင္ၾကဳတ္ကာ မွုန္ကုတ္ကုတ္ျဖစ္ေနတတ္သည္။ တစ္ရက္တစ္ရက္ တစ္ကိုယ္တည္း အေတြးမ်ားေနလ်က္သာ။

စိတ္နာသည္။ သူ႔ပတ္ဝန္းက်င္ရွိ လူအားလုံးကို စိတ္နာသည္။ ကိုယ့္ကိုခ်စ္ပါတယ္ဟု တဖြဖြေျပာေနၾကသူတို႔က သူ စိတ္ဆင္းရဲမည့္ကိစၥေတြကိုသာ လုပ္ေစၾကသည္။ သူတို႔အခ်စ္က ကိုယ့္ကိုနာက်င္ေစတာ၊ မခ်မ္းေျမ့ေစတာကို မသိရေကာင္းလားဟုသာ စိတ္နာနာႏွင့္ ေတြးေတာေနမိေတာ့၏။

ခန့္ကိုမွာေတာ့ ေဆး႐ုံဆင္းၿပီးကတည္း အိမ္ကိုခဏခဏ လာေပးရွာပါ၏။ ကိုယ္ စကားေျပာစရာ  သူတစ္ေယာက္ပဲရွိတာသိ၍ အေဖာ္လာလုပ္ေပးျခင္းလည္း ျဖစ္သလို၊ လူႀကီးႏွင့္ကိစၥကို ၾကားဝင္ညႇိေပးခ်င္၍လည္း ျဖစ္မည္။

"ငခန့္ ... ေက်ာင္းေတြျပန္ဖြင့္ေတာ့မယ္ေနာ္"

"အင္း"

"မင္းတကယ္ ကိုေဇယ်ာနဲ႔ မေတြ႕ေတာ့ဘူးလား။ သူက အေရးႀကီးေျပာစရာရွိတယ္လို႔ ေျပာေနတာ"

ခန႔္ကိုက အခန္းေထာင့္တြင္ သူ ဥပကၡာျပဳထားေသာ ေရာင္စုံပန္းအိိုးေလးေတြကိုၾကည့္ရင္း မဆီမဆိုင္ စကားအစခ်ီေန၏။ သူကေတာ့ အိပ္ရာထက္လွဲရင္းက မ်က္ႏွာက်က္ကို အဓိပၸါယ္စြာ ေငးမိေနတာပင္။ စိတ္ကေတာ့ျဖင့္ မ်က္ႏွာက်က္ဆီမေရာက္၊ အေရးႀကီးေျပာစရာရွိတယ္ဆိုတာ ဘာမ်ားလဲဟု ေတြးၾကည့္မိေနသည္။

"ခုခ်ိန္မွာ ငါ့ေခါင္းထဲ ရွုပ္ေနေသးတယ္။ ဘယ္သူနဲ႔မွ စကားမေျပာခ်င္ေသးဘူး။ မင္းလည္း သူ႔အေၾကာင္းေျပာမွာဆို ျပန္ပါေတာ့ကြာ။ ငါအိပ္လိုက္ဦးမယ္"

ၾကားဝင္ညႇိရသည့္ ခန့္ကိုလည္း သည္ကိစၥေျပာမိတိုင္း ေအာ္လႊတ္ခံေနရ၍ စိတ္ညစ္ေနေလၿပီ။ တျခားစကားေျပာေနလၽွင္ အေကာင္း၊ ထိုလူႀကီးေျပာလၽွင္ ထျပန္ခိုင္းေတာ့တာမို႔ အခုလည္း ျပန္ရဦးမည္ပင္။

ဒါေၾကာင့္ ၾကားသုံးၾကား ဝင္မပါသင့္ေၾကာင္း လူႀကီးေတြေျပာခဲ့တာျဖစ္လိမ့္မည္။ ခန႔္ခန့္ကို သူ႔အိမ္ကအရင္ေလာက္မၾကပ္ေတာ့တာမို႔ စိတ္ေျပလက္ေပ်ာက္ အျပင္သြားခ်င္လၽွင္ေတာင္ သြားၾကဖို႔ ခြင့္ျပဳထားသည္။ ဒါကို ငခန့္ကိုယ္တိုင္က အျပင္လည္းမထြက္၊ ကိုေဇယ်ာ့အေၾကာင္းကိုလည္း ပါးစပ္ပင္အဟမခံ။

သည္ေကာင့္စိတ္ကို သူငယ္ခ်င္းျဖစ္သည့္ သူပင္နားမလည္နိုင္ေတာ့ေပ။ခ်စ္ပါတယ္ဆိုၿပီး လိုက္ခ်င္တုန္းကေတာ့ ဖိနပ္မပါဘဲေတာင္ ထြက္ေျပးခဲ့သည္မလား။ အခုလို အခြင့္အေရးရပါသည္ဆိုေတာ့လည္း မေတြ႕ခ်င္ျပန္ဘူးေလတဲ့။

တကယ္ဆို သူငယ္ခ်င္းကမ်ား ကိုေဇယ်ာေနာက္ အၿပီးလိုက္သြားခ်င္လၽွင္ ခန့္ကိုဆိုသည့္သူက အိမ္ကပိုက္ဆံေခ်းၿပီး ထည့္ေပးလိုက္မည့္ေကာင္။ သူငယ္ခ်င္း စိတ္ညစ္ေနသည္ကိုေတာ့ ထိုင္ၾကည့္မေနခ်င္။ သို႔ေပမဲ့ ထိုညက ကိုေဇယ်ာကိုယ္တိုင္က ေခၚသြားလို႔ရလ်က္ႏွင့္ မေခၚတာဆိုေတာ့လည္း အခက္သား။ စိတ္နာလည္း နာခ်င္စရာပင္။

အခုမ်ားက်မွ ထိုလူႀကီးမွာ ငခန့္ကို ေျပာစရာရွိသည္ဆိုၿပီး သူ႔ဆီတဖြဖြ ဖုန္းဆက္ေျပာေနသည္။ ေတာ္ေတာ္အေရးႀကီးေနပုံလည္းရေတာ့ သူလည္း ေစတနာကူေျပာေပးပါ၏။ ေန႔တိုင္းပင္ဖုန္းဆက္ေမးေန၍ သူကပဲ ငခန့္အစား အားနာေနရ၏။ ၾကားထဲက႐ူးခ်င္သူက ခန့္ကိုတစ္ေယာက္သာ။ ေတြးရင္းေမာရင္း အျပန္လမ္းမွာတင္ ဖုန္းဝင္လာေလ၏။

"ငါ့ညီ ဒီေန႔သြားျဖစ္ေသးလား။ အခုဘယ္မွာလဲ"

"သြားျဖစ္တယ္ အစ္ကို၊ အခုျပန္ေတာင္လာေနၿပီ။ ထုံးစံအတိုင္း အစ္ကို႔အေၾကာင္းေျပာမွာဆို ျပန္ေတာ့ဆိုလို႔ ျပန္လာတာ။ အိပ္ေနေလာက္ဆို ခုခ်ိန္ဆို။ ဒီေကာင္ႏွယ္ ... အျပင္လည္း ေခၚထုတ္လို႔မရပါဘူး၊ ဇြတ္ေခါင္းမာေနတာ"

"ဟုတ္လား၊ ကိုယ္ သူနဲ႔ေတြ႕ရမွျဖစ္မွာ။ ခုဟာက ေရွ႕ဆက္ဘာလုပ္လို႔လုပ္ရမွန္း ဆုံးျဖတ္ခ်က္ခ်လို႔မရဘူး ငါ့ညီရာ"

"ဘာလို႔လဲဗ်"

ကားေမာင္းရင္းက ဖုန္းကိုအာ႐ုံစိုက္နားေထာင္လိုက္သူက ခန႔္ကို။ စကားေျပာခ်င္တယ္၊ ေတြ႕ခ်င္တယ္ဆိုတာ ေတာင္းပန္ဖို႔လို႔သာ ထင္ေနတာျဖစ္သည္။ ငခန႔္ကို အဆက္အသြယ္လုပ္ဖို႔ ဖုန္းျပန္ေပးတာ မေအာင္ျမင္လို႔ ေတြ႕ခ်င္သည္ထင္ခဲ့တာပင္။ သို႔ေပမဲ့ ကိုေဇယ်ာေျပာသည့္ သူ႔အိမ္အေၾကာင္းပါၾကားေတာ့ ခန႔္ကို မ်က္လုံးအျပဴးသားျဖစ္ရေတာ့၏။

"ဟာ ... အစ္ကို႔အိမ္ကပါသိၿပီး သေဘာမတူတာလား"

ကိစၥႀကီးကိုၾကားလိုက္ရမွ ခန့္ကို ပိုငိုခ်င္သြားသည္။ တစ္အိမ္ကသေဘာမတူတာေတာင္ ျပႆနာကေတာ္ေတာ္ႀကီးေနၿပီ မဟုတ္လား။ ေနာက္တစ္အိမ္သာပါလာလၽွင္ သူတို႔ေဝးၾကေတာ့မည္။ အခုပင္ အစပ်ိဳးေနေလၿပီ။ ဟူး .. ကိုေဇယ်ာ့ေနရာသာ သူသာဆိုလၽွင္ ႐ူးသြားေလာက္မည္။ မရတဲ့အဆုံး ပန္းေလးကို ကားတင္ေျပးပစ္မည္။

"ဟုတ္တယ္၊ အစ္ကို႔အိမ္က အရင္သိတာ ... မင္းတို႔စာေမးပြဲမေျဖခင္ေလာက္ကေပါ့။ အစ္ကို႔ရည္းစားေဟာင္းက ရွုပ္လိုက္တဲ့ကိစၥပဲ။ အဲတုန္းက ခန့္ခန့္အိမ္ထိပါမေရာက္ေအာင္ ကိုယ္သူ႔ကို မနည္းပိတ္လိုက္ရတယ္။ ဒါေပမဲ့ ခန့္ခန့္မိဘေတြ တျခားစီကသိသြားတာပါပဲ"

"အစ္ကိုက ဒါေတြဘာလို႔ငခန့္ကို မေျပာျပတာလဲ။ သူလည္းသိသင့္တာေပါ့။ မဟုတ္ရင္ အဲညကကိစၥက ဒီေလာက္ထိဆိုးဆိုးဝါးဝါး မျဖစ္သြားေလာက္ဘူး"

ေဇယ်ာ သက္ျပင္းရွည္တစ္ခ်က္ ခ်လိုက္သည္။ သည္ေကာင္ေလးေျပာေနတာကလည္း ဟုတ္ေနတာပဲကိုး။ သူကိုက ခ်စ္သူအတြက္ေတြးေပးရင္းက အေတြးလြန္သြားျခင္း။

"ကိုယ္ စာေမးပြဲၿပီးရင္ေျပာမလို႔ပါ၊ သူ႔ကိုေျပာျပမဲ့ဆဲဆဲမွာပဲ သူ႔အိမ္ကပါသိသြားတယ္။ အဲေတာ့ကိုယ္လည္း သူ စိတ္ပူေနမွာစိုးတာနဲ႔ မေျပာပဲထားရင္းက ခုလိုေတြထိ ျဖစ္ကုန္ေတာ့တာပဲကြာ"

"အင္း သူ႔ကိုေတာ့ အစ္ကိုကိုယ္တိုင္ ရွင္းျပမွျဖစ္မယ္ထင္တယ္။ သူစိမ္းဆီကၾကားရရင္ သူ ပိုစိတ္ဆိုးမွာ"

"ဟုတ္တယ္ ငါ့ညီရာ။ အဲဒါမို႔ ကိုယ္လည္း အသည္းအသန္ေတြ႕ခ်င္ေနတာ။ တိုင္ပင္စရာေတြလည္း ရွိေနေသးတယ္"

ခန့္ကို သူတို႔ႏွစ္ေယာက္ကို ေတြ႕ေပးဖို႔အေရး အႀကံထုတ္ရေတာ့သည္။ မဟုတ္လၽွင္ ခ်စ္ရက္နဲ႔ ေတ့လြဲေတြလြဲၾကဦးမည္။ ဒါမ်ိဳးက ဒရာမာကားေတြမွာသာ ျဖစ္သင့္သည့္အကြက္ေတြမလား။

"ေနဦး အစ္ကိုရ။ ေနာက္အပတ္က်ရင္ေတာ့ ေက်ာင္းေတြျပန္ဖြင့္ေတာ့မွာမို႔ ကၽြန္ေတာ္တို႔ ေက်ာင္းသြားအပ္စရာရွိတယ္။ အဲက် ဒီေကာင္မထြက္မေနရဘူး။ အဲအခ်ိန္ အစ္ကိုလာခဲ့ပါလား။ ၿပီးမွ သူ ကၽြန္ေတာ္ကိုဆဲလည္း ခဏေပါ့"

"ဟုတ္လား။ အဲလိုဆို ကိုယ္မျဖစ္,ျဖစ္ေအာင္လာေတြ႕မယ္ ညီရာ။ ေက်းဇူးတင္လိုက္တာကြာ"

"ဟုတ္၊ ဟုတ္"

စကားအဆုံးတြင္ေတာ့ ခန့္ကို ေခါင္းႀကိမ္းေနသည္။ အသက္သာဆုံးက အဆဲခံနိုင္ရၿပီး အဆိုးဆုံးကထုေထာင္းၿပီး သူ႔ပါအဆက္အသြယ္ ျဖတ္သြားနိုင္သည္။ ထိုေန႔ေတာ့ အဆင္ေျပမွပဲ ျဖစ္လိမ့္မည္။
.....................

ထို႔ေန႔။ ေက်ာင္းအပ္ရမည့္ေန႔။

ခန့္ကိုတစ္ေယာက္ ငခန့္ကို ေခၚလာစဥ္ကတည္းက စိတ္လွုပ္ရွားေနသည္။ ကားေပၚတြင္ ႏွစ္ေယာက္ထဲရွိေနေသာ္လည္း စကားေျပာဖို႔ရာသိပ္မရဲ။ ကိုယ္ကသူမႀကိဳက္တာလုပ္ထားေလေတာ့ ေျပာသည့္ထဲက စကားလုံးအမွားပါမွာက ေၾကာက္ရေသးတာပင္။

"မင္း ပတ္စ္ပို႔ပုံေတြပါတယ္ေနာ္ ခန႔္ကို"

"ေအး ပါပါတယ္ဟ"

"ၿပီးေရာ။ ယူလာရမွာေတြ မစုံရင္ ေက်ာင္းသားေရးရာက ရစ္လြန္းလို႔"

ခပ္တည္တည္ႀကီးေျပာေနေသာေကာင္က ေက်ာင္းသားေရးရာက စာေရးမတခ်ိဳ႕ကိုပင္ စိတ္တိုေနသည့္ဟန္။ ဒါမို႔ ခန႔္ကို တစ္လမ္းလုံးလည္း ကိုေဇယ်ာ ေစာင့္ေနမည္ဆိုသည္ကို ပါးစပ္ပင္မဟရဲေတာ့။ ေျပာလိုက္လၽွင္ ငခန့္ဆိုသည့္ေကာင္က ကားေပၚကခုန္ဆင္းမည္မွာ မုခ်ဧကန္ပဲမလား။

ေက်ာင္းေရာက္ခ်ိန္တြင္ ေန႔ခင္းဆယ့္တစ္နာရီ ထိုးလုေလၿပီ။ မလာရတာ ႏွစ္လနီးပါးၾကာၿပီျဖစ္ေသာ ေက်ာင္းေတာ္ႀကီးက အျဖဴ၊ အျပာယူနီေဖာင္းႏွင့္ ေက်ာင္းသားေတြရွိမေနသည္ကလြဲ၍ ပုံမွန္အတိုင္းသာ တည္ရွိေနသည္။ မိုးတအုန္းအုန္းရြာခဲ့ၿပီးေသာ မိုးရာသိီကိုေက်ာ္လြန္၍ ေဆာင္းဦးေရာက္ေခ်ၿပီဆိုေတာ့ ေက်ာင္းဝန္းထဲရွိ ျမက္ခင္းျပင္ကအစ အပင္ငယ္၊ အပင္ႀကီးအဆုံး စိမ္းစိမ္းစိုစိုေတာ့ ရွိလွသည္။ သို႔ေပမဲ့ ေန႔လယ္ခ်ိန္ခါမို႔ ရာသီအေအးဓာတ္ေတာ့ မရေသးပါေခ်။

ေက်ာင္းအပ္သည့္ေနရာသို သူငယ္ခ်င္းႏွစ္ေယာက္ ေလၽွာက္လွမ္းလာခဲ့ေတာ့ လူသိပ္အမ်ားႀကီး မရွိလွ။ ျမင္ဖူးေနက် အႀကီးတန္းမ်ားထက္ ပထမႏွစ္ေလးေတြကို ပိုလို႔ေတြ႕ေနရသည္။ ကေလးေတြအတြက္ေတာ့ ပထမဆုံးႏွစ္မို႔ အခ်က္အလက္ စုံစုံလင္လင္ေပးရၿပီး တခ်ိဳ႕ဆို မိဘေတြေတာင္ပါသည္။ အိမ္ကအေမျဖစ္သူမွာေတာ့ ခန႔္ခန႔္ကို ပထမႏွစ္တုန္းကေတာင္ လိုက္အပ္မေပးေခ်။ ကိုယ့္ေျခကိုယ့္လက္ႏွင့္သာ ေက်ာင္းစအပ္ေစသည္။

သည္လိုႏွင့္ ခန့္ခန႔္ ေက်ာင္းအပ္ဖို႔ ေဖာင္ျဖည့္ေနခ်ိန္အတြင္း ခန႔္ကိုတစ္ေယာက္မွာျဖင့္ ေဇယ်ာ့ကို အျပန္လမ္းေဘးတစ္ေနရာတြင္ ေစာင့္ေနရန္ စာခိုးပို႔လ်က္ရွိသည္။ ခိုးေၾကာင္ခိုးဝွက္လုပ္ေနေသာ သူ႔အားရိပ္စားမိ၍ ေမာင္မင္းႀကီးသားက 'မင္း အဲဒါဘာျဖစ္ေနတာလဲ' ဆိုသည့္စကားတို႔ျဖင့္ ႀကိမ္းေမာင္းေသး၏။ တကယ္ကို ၾကားသုံးၾကားဆိုတာ ဝင္မပါသင့္သည့္ကိစၥပါပဲ။

ေက်ာင္းအပ္ျခင္းလုပ္ငန္းစဥ္က နာရီဝက္ေက်ာ္သာ ၾကာလိုက္သည္။ အိမ္အျပန္လမ္းတြင္ေတာ့ ခန့္ကိုတစ္ေယာက္မွာ လမ္းေဘးေျမကြက္ေတြဆီ ေခါင္းတစ္ေထာင္ေထာင္ႏွင့္ ၾကည့္လွသည္။ ဒါကိုရိပ္မိေသာ ခန႔္ခန႔္က သူငယ္ခ်င္းကို ေသခ်ာအကဲဖမ္းၾကည့္၏။ ခါတိုင္းဆို ေလတအားေပါတတ္သည့္ေကာင္က သည္ေန႔မွ တိတ္တဆိတ္ႏွင့္ ပ်ာယာခတ္ေနသေယာင္။

"မင္းကဒီေန႔မွ ဘယ္လိုျဖစ္ေနတာလဲ၊ ဂနာမၿငိမ္နဲ႔ ငါေမာင္းခဲ့ရမလား"

"ရတယ္ ေရာက္ေတာ့မွာပဲဟာ"

"ဘယ္ကိုေရာက္ေတာ့မွာလဲ၊ အခုမွေက်ာင္းကထြက္လာတဲ့ဟာ"

အူေၾကာင္ၾကားခန႔္ကိုက သူ ပိတ္ေဟာက္လိုက္ေတာ့ ေခါင္းတကုတ္ကုတ္ႏွင့္။ မ်က္ႏွာကလည္း ငိုခ်င္သလိုလို၊ ရယ္ခ်င္သလိုလို ... ဘာမွန္းမသိနိုင္သည့္ မ်က္ႏွာထားရယ္ပါ။ ခန႔္ခန႔္ကပဲ စိတ္ေလ်ာ့လိုက္ရပါ၏။ သူလည္း ခုတေလာ စိတ္မရွည္တတ္ေတာ့ သူငယ္ခ်င္းခန႔္ကိုကိုပါ ျပႆနာရွာမိသလို ျဖစ္ေနၿပီထင္၏။ တကယ္ေတာ့ ခန႔္ကိုႏွင့္မွမဟုတ္၊ စိတ္မၾကည္ၿပီး မ်က္ေမွာင္ႀကီးၾကဳတ္ရင္း အရာရာကို အလိုမက်ျဖစ္ေနေလတာ အျမဲတမ္းလိုလိုပါပဲ။

ေက်ာင္းမွၿမိဳ႕ထဲျပန္ရေသာလမ္းတြင္ အစပိုင္း၌ လူေနအေဆာက္အဦးရယ္လို႔ မ်ားမ်ားစားစားမရွိလွေပ။ အုတ္တံတိုင္းက်ယ္ႀကီးေတြႏွင့္ ဂိုေထာင္လိုအေဆာက္အဦးမ်ား၊ ဝန္းၿခံကြက္လပ္မ်ားက ပိုမ်ားမ်ားစားစားရွိသည္။ ၿပီးလၽွင္လည္း ၿမိဳ႕ထဲထက္ပိုကာ လမ္းေဘးေနရာေတြ၌ အပင္အုံ႔ဆိုင္းဆိုင္းေတြ ေတြ႕ရတတ္တာပင္။ သုံးႏွစ္တာသြားျပန္ေနခဲ့ေသာ လမ္းေၾကာင္းမို႔ ဘယ္နားမွာ ဘာရွိသည္ကအစ ခန႔္ခန႔္ မွတ္မိေနေတာ့တာပါပဲ။

ထိုအခိုက္ ကားညာဖက္ခ်ိဳးေကြ႕မည့္ အခ်က္ျပမီးကို ႐ုတ္တရက္ဖြင့္ခ်လိုက္သည္က ခန႔္ကို။

"ဘာလို႔ခ်ိဳး ... ခန့္ကို မင္း!"

လမ္းေဘးဆြဲခ်ရပ္သည့္အေၾကာင္းကို စကၠန႔္အနည္းငယ္အတြင္းမွာပင္ ခန့္ခန့္ ရိပ္မိလိုက္သည္။ ေရွ႕တြင္ျမင္ေနရသည္က မာစီးဒီအျဖဴေရာင္၊ ေဘးတြင္လူတစ္ေယာက္။ ထိုကားႏွင့္ထိုလူကို ခန႔္ခန႔္ မမွတ္မိစရာအေၾကာင္းမရွိေပ။ ခန့္ကိုက သူ႔အေျပာကိုဂ႐ုမစိုက္ဘဲ ကားကိုထိုနားထိတိုးသြားကာ ရပ္လိုက္သည္။ ကားရပ္လိုက္သည္ႏွင့္ခ်က္ခ်င္း သူတို႔ကားဆီဦးတည္လာေနသည္မွာ သူ၏ခ်စ္ရသူလူႀကီး။ ဒါဆို ႀကိဳစီစဥ္ထားၾကသည္ေပါ့။

ခန႔္ခန႔္၏ေဒါသအိုးက ဗုံးတစ္လုံးကဲ့သို႔ အဆမတန္ေပါက္ကြဲေတာ့သည္။

"ငါ မေတြ႕ခ်င္ေသးဘူးလို႔ ေျပာထားတယ္ေလ"

"ငါ ေတာင္းပန္ပါတယ္ သူငယ္ခ်င္းရာ။ ကိုေဇယ်ာ တကယ္အေရးႀကီးေနလို႔တဲ့"

"မင္းကြာ!"

သူ ခန့္ကိုကိုမာန္လိုက္ၿပီး ခ်က္ခ်င္းပဲ ကားေပၚကဆင္းကာ ဦးတည္ရာမရွိ ထြက္ေျပးေတာ့သည္။ မေျပးလို႔လည္း မျဖစ္ေတာ့၊ ေလၽွာက္လာေနသူက ကားနားကိုေရာက္ေတာ့မည္မလား။ ခန႔္ခန႔္ အခုခ်ိန္တြင္ အမွန္တကယ္ စကားမေျပာခ်င္ေသးေပ။ ဘာမွလည္းမလွုပ္သာသည့္ သူတို႔အနာဂတ္အတြက္ ခ်စ္သူကပင္ သူ႔ဘက္မပါသလို ခံစားေနရတာမို႔ အေတာ္စိတ္ဓာတ္က်ေနမိသည္ေလ။

"ကေလး ... ကေလး မေျပးနဲ႔။ ေဟး လဲလိမ့္မယ္"

ျမက္ရိုင္းအတိုေတြ ေပါက္ေနသည္ကို ျဖတ္နင္းလ်က္ ခန႔္ခန႔္ အသားကုန္ေျပးေနသည္က ဦးတည္ခ်က္မရွိ။ အငွားကားတစ္စီးစီးေတြ႕လၽွင္ ျဖစ္ခ်င္ရာျဖစ္၊ ခ်က္ခ်င္းေကာက္တက္သြားလိုက္မည္။

သို႔ေပမဲ့ အရပ္ရွည္ေသာ၊ သက္လုံေကာင္းေသာေဇယ်ာက ေျခလွမ္းက်ဲတို႔ျဖင့္ အစြမ္းကုန္ေျပးလိုက္တာမို႔ ခဏႏွင့္မွီသြားေလသည္။ ႏွစ္ဦးသားနီးကပ္သြားေသာ္ အရွိန္ႏွင့္ေျပးေနသည့္ေကာင္ေလးအား လဲက်မသြားေစရန္ အေရွ႕ရင္ဘတ္ဆီသို႔ လက္တစ္စုံျဖင့္ဆြဲခ်ဳပ္ကာ ေနာက္မွသိုင္းဖက္ထားရွာ၏။ ကားလမ္းမေဘး သစ္ပင္ရိပ္တြင္ သူတို႔အျဖစ္က ႐ုပ္ရွင္ဆန္ဆန္ျပကြက္တစ္ခုႏွယ္။

"ဖယ္ဗ်ာ ... လႊတ္စမ္းပါ"

ခန့္ခန့္ ႐ုန္းသည္။ အားကုန္ထုတ္သုံးကာ ရေအာင္ကို႐ုန္းသည္။ သို႔ေသာ္ ရင္ခြင္အက်ယ္ႀကီးထဲမွ သူ႔ခႏၶာကိုယ္ေသးေသးေလးမွာ လွုပ္၍ပင္မရ၊ တင္းၾကပ္စြာ သိုင္းခ်ဳံဖက္ခံထားရေလ၏။ လမ္းဘက္မွာလည္း ကားေတြျဖတ္သြားေနသည္မို႔ မ်က္ႏွာကိုေတာ့ အုတ္တံတိုင္းရွိရာဘက္သို႔ အျမန္လွည့္ပစ္လိုက္ေခ်သည္။

"ကေလး ... ခဏေလးပါ။ ဒီတိုင္းေလး ခဏေလးပဲေနၿပီး ကိုယ္ေျပာတာေလးကို နားေထာင္ေပးပါကြာ"

႐ုန္းထြက္မရတာ ေသခ်ာတာတစ္ေၾကာင္း၊ ခ်စ္သူ႔အေျပာအား လစ္လ်ဴမရွူနိုင္တာတစ္ေၾကာင္းေၾကာင့္ ခန့္ခန့္၏အားအင္မ်ား ေလ်ာ့ခ်လိုက္သည္။ လမ္းမေပၚမွကားသံ တညံညံ၊ သစ္ပင္အုပ္ႀကီးမွ ကိုင္းခ်င္းျဖာယွက္သံ တဖ်စ္ဖ်စ္တို႔ႏွင့္ သူတို႔ႏွစ္ဦး၏ရင္ခုန္သံတို႔မွလြဲ၍ က်န္တာမၾကားရေတာ့ေခ်။

ျမင္ကြင္းမွာလည္း ကားလမ္းမကို ေက်ာေပးထားလိုက္၍ သစ္ပင္အုပ္အုပ္ႏွင့္ ေဆးသုတ္မထားသည့္အုတ္တံတိုင္းတို႔ကိုသာ ျမင္ေနရသည္။ မထိေတြ႕ရတာၾကာၿပီျဖစ္ေသာ အႏွီလူသား၏ ကိုယ္ေငြ႕ေႏြးေႏြးက ႏွစ္လိုဖြယ္ေကာင္းေလတာ ခန႔္ခန႔္ ခံစားလာမိ၏။ အထိအေတြ႕တိုင္းကို သိရွိလာခ်ိန္ ခ်စ္သူ႔၏ကိုယ္က အနည္းငယ္ကိုင္းညြတ္လာေလတာ သူ႔ပုခုံးစြန္းနားေရာက္သည္ထိ။ ခပ္ျမန္ျမန္ အရွူအသြင္းလုပ္ေနေသာ ခပ္ေႏြးေႏြးေလပူတခ်ိဳ႕က သူ႔လည္ပင္းသားဆီ လာေရာက္ရိုက္ခတ္ခ်ိန္ ခန႔္ခန႔္ ရင္ခုန္သံေတြ ေျဗာင္းဆန္ေနၿပီျဖစ္၏။

"အဲဒီညက ကိုယ္ ကေလးကို ေခၚသြားလို႔မရခဲ့တာ ေတာင္းပန္တယ္ေနာ္။ ကိုယ္အဲဒီကိစၥေတြရွင္းျပခ်င္လို႔ အခုတေလာ ခန့္ကိုကို အကူအညီေတာင္းေနခဲ့တာပါ"

ေျပာေနရင္း ေရွ႕ဖက္အေပၚမွ ကာဆီးလာေလေသာ လက္ဖဝါးတစ္ဖက္။ ခန႔္ခန႔္ေမာ့ၾကည့္ေတာ့ သစ္ပင္ရိပ္ၾကားက ေနထိုးေနသည္ကို ခ်စ္သူက လက္ကေလးႏွင့္ အသာကာေပးသည္ကို ခ်က္ခ်င္းသေဘာေပါက္လိုက္သည္။ စိတ္ဆိုးေနသည့္ၾကားက သူ႔စိတ္မွာ အနည္းငယ္တိမ္းညြတ္မိသေယာင္။

"ကိုယ့္အိမ္ကလည္း ကေလးနဲ႔ခ်စ္သူျဖစ္ေနတဲ့အေၾကာင္းကို သိေနတာၾကာၿပီ။ ကိုယ့္အိမ္ကလည္း မထူးပါဘူး၊ သေဘာမတူဘူးဆိုၿပီး အဆက္အသြယ္ျဖတ္ခိုင္းတယ္။ ၿပီးေတာ့ ကိုယ္ ေစာင့္ၾကည့္ခံေနခဲ့ရတယ္၊ ဒါမို႔ ခဏခဏ လာမေတြ႕နိုင္ခဲ့တာ"

ခန့္ခန့္ အံ့ဩစိတ္ျဖစ္ရသည္မွာ သေဘာမတူဘူးဆိုသည့္ ခ်စ္သူ႔မိဘေတြမ်က္ႏွာကို ျမင္ေယာင္ၾကည့္မိသည္အထိ။ သူ႔အိမ္ကတင္ သေဘာမတူသည္ဟု ထင္ေနခဲ့တာမဟုတ္လား။ သိေနတာၾကာၿပီဆိုတာကေရာ ဘယ္တုန္းကတည္းကလဲ။ ေစာင့္ၾကည့္ခံေနရတယ္ဆိုတာကေရာ။ ထုံးစံအတိုင္း ပလုံစီေနေသာ အေတြးတို႔က ဦးစြာေနရာယူလာျပန္သည္။ သူ႔စိတ္ထဲတင္ ထပ္မေတြးနိုင္ေတာ့။ ေမးစရာရွိတာ ထုတ္ေမးရေတာ့မည္။

"ဘယ္လိုသိသြားတာလဲ။ ဘယ္ခ်ိန္ကတည္းကလဲ။ ဘာလို႔ဒါေတြကို အစကတည္းက မေျပာခဲ့ရတာလဲဗ်"

ခ်ဳပ္ထားသည့္ၾကားက တံေတာင္ႏွင့္ရေအာင္ တြတ္ၿပီးေမးလိုက္တာပင္။ ေဇယ်ာ ကိုယ္ကိုအနည္းငယ္ရို႔လိုက္ေသာ္ျငား စူးေအာင့္သြားမွာေသခ်ာသည္။  ခန႔္ခန႔္ဆိုတာ လူေကာင္ေသးေသာ္လည္း ေယာက်္ားတစ္ေယာက္ပဲမဟုတ္လား။

"သိသြားတာက စႏၵီ့ေၾကာင့္။ ကိုယ္တို႔နဲ႔ေတြ႕တဲ့ေန႔ကပဲ စႏၵီ ေနာက္ကလိုက္လာၿပီး ပုံေတြရိုက္ယူသြားတာ၊ ၿပီးေတာ့ အိမ္ကိုပို႔လိုက္တယ္ေလ။ အိမ္မွာ ျပႆနာေတြလည္း တက္သြားတယ္။ ကိုယ္ ဒီအေၾကာင္းေတြကို ကေလး စာေမးပြဲၿပီးရင္ ေျပာျပမလို႔ပါပဲ။ ဒါေပမဲ့ ကေလးအိမ္ကပါ သိသြားၾကတယ္ေလ။ အဲဒါမို႔ အိမ္ေၾကာင့္စိတ္ညစ္ေနတဲ့သူကို အပူေတြထပ္မေပးခ်င္တာနဲ႔ ကိုယ္ မေျပာရက္ခဲ့တာ၊ ကိုယ့္အျပစ္ေတြပါ"

ခန့္ခန့္ သိုင္းဖက္ထားသည့္ လက္တစ္စုံၾကာမွ မရရေအာင္ တြန္းထြက္ပစ္လိုက္ၿပီး ရေအာင္မ်က္ႏွာခ်င္းဆိုင္ လိုက္ေတာ့သည္။

"ေျပာရမွာေလဗ်ာ။ ကၽြန္ေတာ္က် ဘာျဖစ္ျဖစ္ေျပာခဲ့တယ္၊ တိုင္ပင္ခဲ့တယ္ေလ။ ဒီလိုပဲ ေျပာျပရမွာေပါ့။ ဘာလဲ .. ကၽြန္ေတာ္ကငယ္ေသးလို႔ ေဖးမ,မေပးနိုင္ဘူး၊ အေရးမပါေသးဘူး ထင္လို႔လား၊ ဟုတ္လား"

"အဲလိုမဟုတ္မွန္း ကေလးသိပါတယ္ကြာ၊ ကိုယ္ေျပာျပတာ နားလည္တယ္မလား"

"ဒါဆို ကၽြန္ေတာ္ထြက္ေျပးလာတဲ့ညက ေခၚမသြားနိုင္တာ အဲဒီကိစၥေၾကာင့္လား"

ေဇယ်ာ မ်က္ႏွာငယ္သြားရသည္။ အျပစ္ေပၚ အျပစ္ဆင့္ရျပန္သည္မဟုတ္လား။

"အင္း၊ အိမ္မွာျပႆနာေတြျဖစ္ေနတဲ့ၾကားက ကိုယ္ထြက္လာခဲ့တာ။ အဲဒါမို႔ ေခၚသြားလို႔မရတာလည္းပါသလို ႏွစ္ဖက္မိဘေတြကိုလည္း စိတ္မပ်က္ေစခ်င္တာပါ။ ကိုယ္တို႔ မိဘေတြခြင့္ျပဳေအာင္ ႀကိဳးစားၾကမယ္ေလ ကေလးရယ္"

"ျဖစ္မွမျဖစ္နိုင္တာဗ်၊ စိတ္ကူးယဥ္မေနနဲ႔ေတာ့"

ေဇယ်ာ မ်က္ႏွာခ်င္းဆိုင္ရွိ ခန့္ခန့္ လက္ေလးႏွစ္ဖက္အား အမိအရဆြဲကိုင္လိုက္ၿပီး၊

"ျဖစ္နိုင္ပါတယ္။ ကိုယ္ ကေလးကို အသည္းအသန္ေတြ႕ခ်င္ေနရတာလည္း အဲကိစၥေျပာခ်င္ေနလို႔ပဲ"

ခန႔္ခန႔္မွာ ဘာမွမေျပာေသးဘဲ စိုက္သာၾကည့္ေနသည္။ သူကိုင္ထားသည့္လက္ကိုလည္း က်စ္က်စ္ပါေအာင္ ျပန္ဆုပ္ထား၏။ ေဒါသရွိန္ေၾကာင့္ ခပ္ေဖြးေဖြး မ်က္ႏွာေလးက နီျမန္းစျပဳလာေလသည္။
"ကိုယ္ ကေလးဆီထြက္လာတဲ့ညက တစ္ညလုံးျပန္မလာလို႔ဆိုၿပီး ေဖေဖ စိတ္တိုၿပီး ေဒါသေတြထြက္တယ္။ မနက္ခင္း ကိုယ္လည္းျပန္သြားေရာ သူ႔စကားနားမေထာင္ေတာ့ ယူေကမွာ ဘြဲ႕လြန္သြားတက္ဖို႔ စေျပာေနၿပီ"

"ဘယ္လို!"

ခန့္ခန့္ မ်က္ႏွာထပ္ပ်က္သြားသည္။ သည္တစ္ခါေတာ့ စိတ္ဆိုးျခင္းဆိုတာထက္ ဝမ္းနည္းျခင္းအေငြ႕အသက္ေတြ ထုံမႊမ္းေနတာ ေဇယ်ာလည္း ျမင္ေနရသည္။

"ဟုတ္တယ္ ကေလး။ ခုေဆာက္ေတာ့မဲ့ ဟိုတယ္အတြက္ Hospitality Management ဘြဲ႕လြန္သြားတက္ရမယ္တဲ့။ ဒါေပမဲ့ အေဖက ကိုယ့္ကိုအခြင့္အေရးတစ္ခုေတာ့ ေပးတယ္။ ဘြဲ႕ယူအၿပီး ကိုယ္ျပန္လာတဲ့အခ်ိန္ထိ ကေလးေရာ၊ ကိုယ္ပါ အခုတိုင္း ဆက္ခ်စ္ေနၾကဦးမယ္ဆိုရင္ သူ ကန့္ကြက္စရာမရွိဘူး။ သေဘာတူေပးမယ္တဲ့။ ၾကည့္ရတာကိုယ္ျပန္လာရင္ ၿပီးျပတ္သြားမယ္လို႔ ထင္ေနတဲ့သေဘာပဲ"

ခန့္ခန့္ စိတ္ရွုပ္သြားသည္။ မ်က္ႏွာေလးကလည္း ဝမ္းနည္းရမလို .. ဝမ္းသာရမလိုလိုႏွင့္။

"ေနပါဦး၊ အဲဒီေတာ့ လူႀကီးကသြားမလို႔လား"

"သြားရဖို႔မ်ားေနတယ္ ကေလးရာ။ ကိုယ္က အေဖေျပာတာကို အေျဖျပန္မေပးဘဲ ကေလးကိုတိုင္ပင္ခ်င္လို႔ ဒီႏွစ္ပတ္အတြင္းမွာ ေတြ႕ဖို႔ႀကိဳးစားေနခဲ့တာ။ ဒါေပမဲ့ ဟိုေန႔ကအေဖေျပာတယ္၊ သူထပ္မေစာင့္နိုင္ေတာ့လို႔ တခ်ိဳ႕တစ္ဝက္စီစဥ္ေနၿပီတဲ့"

ခန့္ခန့္မွာ ဘာမွပင္ တားပိုင္ခြင့္မရွိသလို ခံစားရသည္။ အခုမွသိရသည့္အစီအစဥ္က တိုင္ပင္တာပါလို႔လည္း ေခါင္းစဥ္တပ္သည္။ ၿပီးလၽွင္ သြားျဖစ္ဖို႔လည္း မ်ားေနၿပီတဲ့။ သူ ဘယ္လိုမ်ား ေတာင့္ခံေနရပါမည္နည္း။ သို႔ေပမဲ့အားတင္းၿပီး ဆက္ေမးလိုက္ေသးသည္က၊

"အဲဒီဘြဲ႕ရဖို႔က ဘယ္ေလာက္ၾကာမွာလဲ"

"ႏွစ္ႏွစ္ေက်ာ္ေလာက္ၾကာမယ္တဲ့၊ ကေလး ကိုယ့္ကို ေစာင့္ေပးနိုင္မလား"

ခန့္ခန့္ တြဲထားသည့္လက္ကို ဆတ္ခနဲ ျဖဳတ္ခ်လိုက္သည္။ ထို႔ေနာက္ မေက်နပ္ခ်က္တို႔ကို လက္သီးဆုပ္ထဲထည့္ကာ ေဇယ်ာ့ဝမ္းဗိုက္ဆီဦးတည္ထိုးလိုက္တာ ႏွစ္ခ်က္မွသည္ သုံး၊ ေလးခ်က္။ ခ်စ္သူကေတာ့ မ႐ုန္းသလို၊ ကာဆီးျခင္းလည္းမျပဳ။ ခပ္ဖြဖြထိုးလို႔ သူ႔စိတ္တိုင္းက်ၿပီဆိုမွသာ ေဇယ်ာ့ရင္ခြင္ထဲ တိုးဝင္ေတာ့တာျဖစ္၏။ ဝမ္းနည္းျခင္း၏ျပယုဂ္ျဖစ္သည့္ မ်က္ရည္စက္တို႔မွာေတာ့ ေျမျပင္က ျမက္ေျခာက္ပင္တို႔ဆီပါ ကူးလူးသြားရသည္။

"ႏွစ္ႏွစ္ႀကီး ဘယ္လိုခြဲနိုင္မွာလဲဗ်"

ငိုသံတို႔ႏွင့္ေရာေထြးကာ ထြက္ေပၚလာေသာ ခန႔္ခန႔္အသံေပတည္း။ ေဇယ်ာသည္လည္း ခန့္ခန့္ ပုခုံးေလးနစ္ေနေအာင္ဖက္ရင္း ထပ္တူဝမ္းနည္းရျပန္၏။

"ကေလးရယ္ ... ကိုယ္လည္းမခြဲနိုင္ဘူး၊ ခြဲဖို႔လည္း အားရွိမေနဘူး။ ဒါေပမဲ့ ကိုယ္တို႔နီးစပ္ဖို႔က ဒီနည္းပဲရွိေတာ့တာ။ ကေလး သိလား၊ ကိုယ္ ဒီကိစၥကိုေလ ကေလးရဲ့ေမေမကိုလည္း ေျပာျပၿပီးၿပီ"

"ဟမ္!"

"ဟုတ္တယ္။ ႏွစ္ဖက္မိဘေတြက ကိုယ္တို႔ႏွစ္ေယာက္ကိုခြဲထားလိုက္ရင္ အဆုံးသတ္သြားမယ္လို႔ ထင္ေနၾကတယ္။ အဲဒါမို႔ ႏွစ္ဖက္မိဘေတြက ကိုယ့္ကိုယူေကသြားေစခ်င္ေနၾကတာ"

ေဇယ်ာ ရင္ခြင္ထဲကခန႔္ခန႔္ကို ခဏခြါရင္း ေသခ်ာေျပာဖို႔ျပင္ေလသည္။

"ကေလး ေခါင္းကိုခဏေမာ့။ တိတ္! မငိုနဲ႔ေတာ့၊ ကိုယ္ေျပာတာ ေသခ်ာနားေထာင္"

ခန႔္ခန႔္မ်က္ရည္ေတြကို ညင္သာစြာ သုတ္ေပးေနေသာ ခ်စ္သူကျဖင့္ သစ္ပင္ရိပ္တြင္ေတာင္ ေခၽြးတစိုစိုႏွင့္။ ငိုခ်င္ေသာ္လည္း ထိန္းထားပုံရသည့္လူႀကီး။ အပူေတြမ်ားစြာပိုက္ထားေသာ္လည္း ဟန္ေဆာင္ေကာင္းသည့္လူႀကီး။ ကိုယ့္ကိုေတာ့ အျမဲဂ႐ုစိုက္ေပးေနခဲ့ၿပီး သူကိုယ္တိုင္ကေတာ့ ႏွစ္ဖက္မိဘၾကားမွာ ပ်ာယာခတ္ေနခဲ့မည့္လူႀကီး။ ခန႔္ခန႔္ စိုစြတ္ေနေသာမ်က္ေတာင္မ်ားႏွင့္ ခ်စ္သူအား ေငးေမာေနခဲ့မိသည္။ ငိုထားေသာ္လည္း မ်က္လုံးဝိုင္းဝိုင္းေလးေတြက ေသခ်ာအားယူကာ ၾကည့္ေနမိသည္။

"စဥ္းစားၾကည့္ေနာ္။ ကိုယ္တို႔ အခုအေျခအေနအရ လုပ္စရာႏွစ္နည္းပဲ ရွိတယ္"

မ်က္ေတာင္တစ္ခ်က္ခတ္ရင္း ခ်စ္သူ႔အေျပာကို ဆက္ေစလိုက္၏။ သည္လူကို ခ်စ္ၿပီးၿပီမို႔ သည္လူကိုပဲ ယုံၾကည္သည္မို႔ ဘာေျပာေျပာ နားေထာင္ဖို႔ရွိသည္သာ။

"ပထမတစ္နည္းက ကိုယ္ ႏွစ္ႏွစ္ပညာသြားသင္မယ္။ ဒီၾကားထဲမွာ ကိုယ္ တစ္ခါတေလျပန္လာေတြ႕မယ္။ အျမဲတမ္းလည္း အဆက္အသြယ္ လုပ္ေနမယ္။ ႏွစ္ႏွစ္ျပည့္လို႔ျပန္လာတဲ့အခါ ကိုယ္လည္းဘြဲ႕ရၿပီ၊ ကေလးလည္း ဒီမွာဘြဲ႕ရေလာက္ၿပီ။ ကိုယ့္မိဘေတြကလည္း ကိုယ္တို႔ႏွစ္ေယာက္ကို သေဘာတူမယ္။ ကေလးမိဘေတြလည္း သိပ္မျငင္းဆန္နိုင္ေလာက္ေတာ့ဘူးလို႔ ကိုယ္ယုံၾကည္တယ္။ အဲဒီေတာ့ ပထမနည္းအရဆို ဒီႏွစ္ႏွစ္အတြင္းမွာ ကေလးက ကိုယ့္ကို စိတ္ရွည္ရွည္နဲ႔ ေစာင့္ေပးနိုင္မလား"

ခန့္ခန့္ ေတြေဝေနဆဲျဖစ္၏။ ႏွစ္ႏွစ္ဆိုသည့္အခ်ိန္က သူ႔အတြက္ မ်ားလြန္းေနသည္မလား။ သူတို႔ခ်စ္သူသက္တမ္းပင္ တစ္ႏွစ္မျပည့္ေသးပါေခ်။

"ေနာက္တစ္နည္းကေရာ"

"အင္း ေနာက္တစ္နည္းက ကိုယ္ ယူေကကိုမသြားေတာ့ဘူး။ ဒီမွာပဲ ေဖေဖနဲ႔ အတိုက္အခံလုပ္ၿပီး ဆက္ေနမယ္။ ကိုယ္တို႔ႏွစ္ေယာက္ တစ္ေျမထဲမွာ အတူရွိနိုင္တယ္။ ဒီလိုခိုးေၾကာင္ခိုးဝွက္ ေတြ႕ေကာင္းေတြ႕ရနိုင္မယ္။ ဒါေပမဲ့ ႏွစ္ဖက္မိဘေတြကေတာ့ ခုတိုင္းပဲကိုယ္တို႔ကို ဆက္ခြဲေနၾကဦးမယ္ထင္တယ္။ ဒီထက္ဆိုးတာမ်ိဳးလည္း ရွိလာနိုင္တယ္။ ကေလး ဘယ္လိုလုပ္ခ်င္လဲ။ ဒုတိယနည္းကို သေဘာက်လို႔ မသြားပါနဲ႔လို႔ေျပာရင္လည္း ကိုယ္လုံးဝမသြားဘူးေနာ္၊ စိတ္ခ်"

ေဇယ်ာ့၏အေတြးအေခၚမ်ားကို ခန့္ခန့္ လက္ခံပါသည္၊ ယုတၱိလည္းရွိသည္ဟု ထင္သည္။ ႏွစ္ေယာက္စလုံးအတြက္ အေကာင္းဆုံးႏွင့္ အျဖစ္သင့္ဆုံးနည္းလမ္းကိုလည္း သိသည္။ ႏွစ္အိမ္လုံးက သူတို႔အျဖစ္ကို သိသိခ်င္းမို႔ေသြးပူေနၾကခ်ိန္ ဘယ္နည္းႏွင့္ျဖစ္ျဖစ္ ရေအာင္ခြဲၾကမွာပင္။ အခ်ိန္တစ္ခုၾကာလၽွင္ေတာ့ ေသြးေအးနိုင္သည္။ ခန႔္ခန႔္ကိုယ္တိုင္လည္း ကိုယ္ပိုင္ဆုံးျဖတ္ခ်က္ႏွင့္ ကိုယ့္ေျခေထာက္ေပၚရပ္တည္လို႔ရသည့္ ဘြဲ႕ရၿပီးအလုပ္ခြင္ဝင္ခ်ိန္သို႔ ေရာက္လိုၿပီ။ ဒါမွမိဘေတြက သူ႔အေပၚ ယုံၾကည္မည္မလား။ စိတ္ကစားတယ္ဆိုသည့္ကိစၥကိုလည္း ပယ္ဖ်က္နိုင္ၾကမည္မလား။

သို႔ေပမဲ့ ခ်စ္စိတ္ကို ဘယ္လိုမ်ားထိန္းခ်ဳပ္လို႔ ရပါမည္လဲ။

"ခြဲမေနခ်င္ဘူးဗ်ာ။ ဒါေပမဲ့ ပထမနည္းလမ္းကပဲ ေရရွည္အတြက္ အဆင္ေျပမယ္ဆိုတာလည္း သိပါတယ္"

ရင္ခြင္ဆီကေန မလွမ္းမကမ္းရွိေနေသာ ေကာင္ေလးက ခ်စ္သူကိုေမာ့ၾကည့္ရင္း အေျဖတစ္ခုကို ေပးခ်င္ေနေလၿပီ။ သို႔ေပမဲ့ ထိုႏွုတ္ထြက္စကားတစ္ခြန္းက ႏွစ္ခ်ီၾကာနိုင္မည္မို႔ ဝမ္းနည္းစိတ္ႏွင့္ မ်က္ရည္တခ်ိဳ႕က တြဲခိုမိျပန္၏။

"လူႀကီးအိမ္က အစီအစဥ္အတိုင္း သြားလိုက္ပါ။ ၿပီးရင္ေတာ့ ျမန္ျမန္ျပန္လာခဲ့ေနာ္"

"ျပန္လာမွာေပါ့ ကိုယ့္ကေလးရယ္။ အျမန္ျပန္လာမွာေပါ့"

ေနျခည္ေႏြးေႏြးေအာက္တြင္ သူတို႔ႏွစ္ဦးသား ျပန္လည္ေပြ႕ဖက္မိၾကျပန္သည္။ အားေပးစရာရယ္လို႔ အခ်င္းခ်င္းသာရွိသည့္ သူတို႔အျဖစ္။ အနားမွာအတူရွိသည္ျဖစ္ေစ၊ မရွိသည္ျဖစ္ေစ ... သည္လိုပဲ အားေပးေနၾကဦးမည္ဆို လူႀကီးေတြထင္သလို ႏွစ္ႏွစ္အတြင္းျပတ္ဆဲသြားတာမ်ိဳးလည္း မရွိနိုင္ေတာ့ေပ။

ထိုအခ်ိန္ ေဇယ်ာ့ပါးျပင္ဆီက ေႏြးေထြးမွုေလးရလိုက္သည္မွာ ၾကည္ႏူးဖြယ္ရာအတိ။ ေျခေလးပင့္ကာနမ္းလာရွာေသာ ခန႔္ခန႔္မွာလည္း ရွက္ျပဳံးကေလးႏွင့္။

"ကေလး လမ္းေဘးႀကီးမွာေနာ္။ ခန့္ကိုလည္း ျမင္မွာ"

"သိသားပဲ။ ဒါေပမဲ့ မီးပန္းေတြေဖာက္တဲ့ညက အေႂကြးဆပ္စရာရွိေနလို႔။ အေႂကြးတင္ေနရင္ မႀကိဳက္ဘူးေလ"

"ဒါဆိုရင္ေတာ့ အေႂကြးက ဒီေလာက္နဲ႔မေၾကဘူးေနာ္"

"အရင္ဆုံး ကားေပၚတက္ရေအာင္ပါ၊ လူႀကီးကားနဲ႔ လိုက္ခဲ့မယ္"

"ဟုတ္ပါၿပီဗ်ာ"

ခန႔္ခန႔္ခမ်ာာစိတ္တိုတိုႏွင့္ေျပးခဲ့သည့္ေနရာမွ ကားႏွစ္စီးဆီသို႔ တဖန္ေလၽွာက္ရျပန္ပါသည္။ သည္တစ္ႀကိမ္တြင္ေတာ့ ပုံမွန္ေျခလွမ္းတို႔ႏွင့္ ခ်စ္သူ႔လက္ကို ဦးေဆာင္ဆြဲထားလိုက္သည္။

"ခန့္ကို ... ငါ ကားေျပာင္းစီးေတာ့မယ္။ မင္းေနာက္ကလိုက္ခဲ့"

အသံၾကားမွ ဖုန္းသုံးခ်င္ေယာင္ေဆာင္ေနေသာ ခန့္ကိုက မ်က္ေစာင္းခဲရင္း လွည့္ၾကည့္ေတာ့၏။ ခုနကေတာ့ သူ႔ကိုစားေတာ့မလို၊ ဝါးေတာ့မလို စိတ္တိုထားတာမလား။

"႐ုပ္ကိုက အမ်ိဳးမ်ိဳးပဲ။ တတ္ပဲတတ္နိုင္လြန္းတယ္"

"ငါ့ညီေရ ... ေက်းဇူးအထူးကြာ"

ခန့္ခန့္တစ္ေယာက္ ပုခုံးသာတြန့္ျပလိုက္ေပမဲ့ ေဇယ်ာကေတာ့ အျပဳံးတို႔ႏွင့္ ခန႔္ကိုကို ေက်းဇူးတင္စကားေျပာလာတာ ျဖစ္၏။ အခုေတာ့လည္း ကားေရွ႕ကျဖတ္သြားၾကသည့္ ခ်စ္သူႏွစ္ဦးမွာ လက္ခ်င္းတြဲခ်ိတ္ၾကလ်က္။ သူတို႔တစ္သက္လုံး သည္လိုႏွစ္ေယာက္လက္တြဲျမဲနိုင္ဖို႔ ခန႔္ကို စိတ္ရင္းႏွင့္ ဆုေတာင္းေပးေနမိေတာ့သည္။

17/10/2020
•••••••••••••••••••••••••••••••••••••••••••

Bạn đang đọc truyện trên: Truyen3h.Co