Truyen3h.Co

နှောင်ကြိုး

Part - 35

Fi_Lay


<Unicode>

📍Oxford, England, United Kingdom.

ကမ္ဘာ့နိုင်ငံအသီးသီးအတွက် အလင်းရောင်ခြည် အလှည့်ကျပေးစွမ်းနေသော သူရိန်နေမင်းကား သူ ရောက်နေသည့်နိုင်ငံဆီသို့ များမကြာမီ ရောက်ရှိလာတော့မည်။ အချိန်အားဖြင့် မနက်ငါးနာရီခွဲလုလု။ အမှောင်မပြယ်သေးသည့် George St. တစ်လျှောက်မှာ နှင်းရည်တို့ကြောင့် စိုစွတ်နေလေသည်။ အနက်ရောင်ဆေးသုတ်ထားသော မီးနှစ်ပွင့်ပါသည့်လမ်းမီးတိုင်တို့ကတော့ ထွန်းလင်းနေဆဲဖြစ်သည်။

နေ့အချိန်နှင့် ညဘက်သန်းခေါင်ထိ စည်ကားနေတတ်သော သည်လမ်းမကြီးတွင် မနက်ခင်းဆိုလျှင်တော့ လူတစ်ယောက်စ၊ နှစ်ယောက်စသာ သွားလာနေကြတာ တွေ့ရသေး၏။ သည်အချိန်တွင် သူလိုအလုပ်တာဝန်စောစောရှိသူများသာ အိပ်ရာထကြဦးမည်ပေါ့။

ဇေယျာ ခါတိုင်းတော့ စက်ဘီးစီးကာသွားလာတတ်ပေမဲ့ သည်နေ့တော့ မနက်စောစော အချမ်းပြေလမ်းလျှောက်ချင်သည်မို့ စက်ဘီးထားပစ်ခဲ့သည်။  အပူချိန်မှာ ခုနှစ်ဒီဂရီစင်တီဂရိတ်သာရှိပြီး နေရောင်ပင်မမြင်ရသေး၍ စိမ့်နေအောင်တော့ ချမ်းလှတာပင်။ သို့သော် သည်အော့စ်ဖို့ဒ်ကို ရောက်ခါစကနှင့်ယှဉ်လျှင်တော့ အအေးဒဏ်ကို နည်းနည်းကျင့်သားရလာဖြစ်၏။

လမ်းပေါ်တွင် လူသူနည်းပါးချိန် ပလက်ဖောင်းပေါ်လျှောက်ရင်း ဟိုသည်ငေးရတာကို ဇေယျာ သဘောကျသည်။ လမ်းတစ်ဖက်ခြမ်းတွင် ရပ်ထားသောကားများ၊ စက်ဘီးများက သူ့နေရာနှင့်သူ အစီအရီ။ ဖြတ်လျှောက်သွားနေရသည့် ဘေးတစ်ဖက်တစ်ချက်စီတွင် ရှေးကျခမ်းနားသော ဝါကျင့်ကျင့်အဆောက်အအုံတွေကလည်း ရှူမောမဆုံး။ ဟိုတယ်၊ ရုပ်ရှင်ရုံ၊ စားသောက်ဆိုင်၊ ကော်ဖီဆိုင်၊ စာအုပ်ဆိုင်နှင့် အခြားသောဆိုင်တွေ စုံလင်စွာ ဖွင့်လှစ်ထားတတ်သည်။

မနက်တိုင်းသွားနေရသည်မို့ ဘယ်နေရာဘာရှိသည်လောက်တော့ သူ မှတ်မိနေပြီဖြစ်၏။ မကြာသေးဘူးဆိုလျှင်တောင် သူ သည်နိုင်ငံရောက်နေလေတာ အချိန်အားဖြင့် သုံးလရှိချေပြီ။ သူ မနက်တိုင်းဦးတည်သွားရသည့်နေရာက Royal Oxford Hotel ဖြစ်၏။

မနက်ခင်း လူရှင်းချိန်လမ်းလျှောက်ရင်းက ဇေယျာ့၏အတွေးတွေ ဖြန့်ကျက်နေမိသည်။ သူ ပညာသင်ခရီးသွားပါမည်ဟု ဆုံးဖြတ်ချက်တည်လိုက်တာနှင့် ဖခင်က အတတ်နိုင်ဆုံး အမြန်ပို့ဆောင်ခဲ့သည်။ ဦးမြတ်သူတစ်ယောက်တည်းဆိုလျှင်တော့ သည်လောက်ခရီးမပေါက်။ သည်ပညာသင်ခရီးအတွက် အစစအရာရာ စီစဉ်ပေးသည်မှာ ဦးမြတ်သူနှင့်အကျိုးတူပူးပေါင်းသော ပရောဂျက်၏ဦးဆောင်သူ Mr. Smith ပင်။

ထိုသူမှာ သူ့၏ကျောင်းကိစ္စအရေး၊ သွားရေးလာရေး၊ နေရေးထိုင်ရေးစသဖြင့်သော အရေးများစွာအတွက် ကူညီပေးခဲ့သူဖြစ်သည်။ မြန်မာပြည်မှနေ၍ ကူညီနိုင်တာကူညီသလို ဇေယျာ သည်နိုင်ငံရောက်လာတော့လည်း ထူးထွေပူစရာမလို။ နေစရာကအစ အထူးမရှာစေဘဲ အော့စ်ဖို့ဒ်တက္ကသိုလ်တွင် တက်နေသည့်သားဖြစ်သူ Peter ၏တိုက်ခန်းတွင်သာ အတူနေစေသည်။ Peter မှာလည်း ဖခင်ကဲ့သို့ ကူညီချင်စိတ်အပြည့်ရှိသူဖြစ်၍ နေရအဆင်ပြေလှပါ၏။

ပညာသင်ရန်လာသည့် သူ့ကိုတော့ Oxford Brookes University (OBU) တွင်သာ Hotel and Tourism Management course တက်ဖို့စီစဉ်ပေးထားကြသည်။ မဟာဘွဲ့ဖြစ်သည့်အလျောက် ဝင်ခွင့်ရရှိရန်အတွက် ဟိုတယ်လုပ်ငန်းပိုင်းဆိုင်ရာ လုပ်ငန်းခွင်အတွေ့အကြုံ အနည်းဆုံးခြောက်လ လိုအပ်ချက်ရှိသည်။ ဒါမို့လည်း Mr. Smith က ဇေယျာ့ကို Royal Oxford Hotel တွင် အရင်ဆုံးလုပ်ငန်းခွင် အတွေ့အကြုံယူစေ၏။

ရောက်ရောက်ချင်း ကျောင်းမတက်ရသေးဘဲ ခြောက်လက ဟိုတယ်တွင်သာကုန်ဆုံးရမှာမို့ ဇေယျာ့အဖို့ အချိန်တွေနှမြောနေမိတာပင်။ သို့ပေမဲ့ တစ်ဖက်ကကြည့်တော့လည်း ပညာယူပြီးသားတော့ ဖြစ်ပါ၏။ ဆောက်လုပ်ရေးပစ္စည်းတို့နှင့်သာ ရင်းနှီးကျွမ်းဝင်သော သူ့အဖို့ ဟိုတယ်တစ်ခုကို ဦးစီးဖို့ရန်အတွက် အတွေ့အကြုံတော့လိုသေးသည်မလား။

တွေးရင်းလျှောက်လှမ်းရင်းက ဇေယျာ ဦးတည်နေသော ဟိုတယ်ကို လှမ်းမြင်နေရလေပြီ။ အဆောက်အအုံပုံစံမှာတော့ ယူကေတွင် တွေ့မြင်ရတတ်သော ပုံစံတွေလိုပင်။ ဂန္ထဝင်ဆန်သည်၊ ရှေးကျဟန်ထင်ရသည်။ သို့ပေမဲ့ အတွင်းပိုင်းဖွဲ့စည်းပုံတို့မှာ အခြားဥရောပနိုင်ငံများနှင့်မတူ၊ ခမ်းနားသည်။ ပုံစံတစ်မျိုး ကွဲထွက်သည်။

ဇေယျာ့အဖို့ သည်ဟိုတယ်တွင် တစ်ပတ်ငါးရက်သာ အလုပ်သင်ဆင်းရပြီး အလှည့်ကျတာဝန်နှင့် ဝင်ရတာမျိုးဖြစ်သည်။ ရှယ်ယာဝင်ထားသူ Mr. Smith ကိုယ်တိုင်အပ်ပေးထားတာမို့ အလုပ်သင်ဆင်းရတာလည်း အခက်အခဲများစွာ မရှိလှချေ။ သူ့အတွက်အလုပ်ချိန်က မနက်ခြောက်နာရီမှ နေ့လယ်သုံးနာရီထိသာ။ ဒါမို့လည်း မနက်ဆို ငါးနာရီခွဲကတည်းက သူ သည်လိုထွက်လာနေကျဖြစ်သည်။

စီမံခန့်ခွဲမှုအပိုင်းကိုသာ လေ့လာရသည်ဖြစ်၍ အောက်ခြေသိမ်းထိတော့ လုပ်စရာမလိုအပ်ပေ။ သို့သော် ယူတတ်လျှင် ယူတတ်သလောက် ပညာရတာမို့ ဇေယျာ အကုန်လိုက်လေ့လာသည်။ ကဏ္ဍအသီးသီး၏ သင်တန်းပေးတာတွေကစ သူ လိုက်တက်ရသည်။ မလာချင်ဘဲ လာရသော်ငြား ရောက်တော့မှလည်း ကိုယ်တိုင်ပြန်ဦးဆောင်ရမည့်ဟိုတယ်အတွက် အားလုံးသင်ယူလိုက်တာ အကောင်းဆုံးပင်။

Mr. Smith ၏ မျက်နှာကြောင့်ရော၊ ကိုယ်တိုင်သိတတ်မှုတို့ကြောင့်ပါ မန်နေဂျာ Joe အပါအဝင် ဝန်ထမ်းများက သူ့ကိုချစ်ခင်ကြ၍ တော်သေးသည်ဟု ပြောရမည်။

ဤသို့ အော့စ်ဖို့ဒ်တွင် အစစအရာရာ အဆင်ပြေလှသော်လည်း တစ်ခုတည်းသောမပြေသည့်အကြောင်းက ချစ်သူကလေးကို လွမ်းနေရခြင်းသာဖြစ်၏။

......................

ခန့်ခန့်လည်း ဇေယျာ ထွက်သွားပြီးကတည်းက နေသားတကျဖြစ်ရန် အတော်ကြိုးစားယူခဲ့ရတာဖြစ်သည်။ တိုင်းတစ်ပါးကို မလွှတ်လိုက်ချင်သော်လည်း ဇာတ်မြောဖြစ်နေမည့် သူတို့အနာဂတ်အတွက် ရေရာတာတစ်ခုကို ရွေးချယ်သင့်သည်မလား။ နောက်တစ်ခုက လူကြီးအတွက် တွေးပေးလိုက်ခြင်းလည်းဖြစ်သည်။ အလကားသွားတာမှ မဟုတ်ဘဲလေ။ ပညာသင်ပြီး သည်မှာပြန်လုပ်ကိုင်ဖို့ဆိုတော့ သင်ယူမှဖြစ်မည့်ကိစ္စတွေပင်။

ခန့်ခန့် စတုတ္ထနှစ်ကျောင်းသားကြီး ဖြစ်ခါစ၌ပင် ဇေယျာက ထွက်ခွာသွားခဲ့သည်။ ဆောင်းကူးလို့ နွေပေါက်သည်ထိ သူ့ခမျာ လွမ်းရယ်မပြေပါဘဲ။ ကျောင်းတက်ချိန်လည်း ကျောင်းတက်ရင်း လွမ်းရသည်။ အိမ်ပြန်ချိန်လည်း အရင်လိုလာကြိုတတ်သည့် ချစ်သူကို ဆွေးရသည်။

သို့ပေမဲ့ အရင်နှင့်မတူတာကတော့ ခန့်ခန့်ကို အိမ်ကကားဝယ်ပေးလိုက်ခြင်းပင်။ မိဘတွေမှာ ခန့်ခန့် စိတ်ဆိုးပြေစေရန်တစ်ကြောင်း၊ ဇေယျာလည်း ထွက်သွားပြီဖြစ်၍ စိတ်ချလက်ချဖြစ်သွားကြသည်က တစ်ကြောင်းမို့ ဖုန်းလည်းပြန်ပေးသည့်အပြင် ကားပါဝယ်ပေးထားကြသည်။

မင်း သူ့ကိုမှမရွေးချယ်ရင် ကျန်တာအကုန်ကြိုက်တာလုပ်ဆိုသည့် အချိုးမျိုးတော့ ခန့်ခန့် မကြိုက်ပါပေ။ သို့ပေမဲ့ မိဘတွေအပေါ်တွင် သူအဖို့ ကြိုက်၏၊ မကြိုက်၏ ပြောပိုင်ခွင့်မရှိတော့၊ ကိုယ်တိုင်ကလည်း မပြောချင်တော့တာပါသည်။ ကောင်းမယ်ထင်လို့ စီစဉ်ပေးပါသည်ဆိုသမျှလည်း ကြိတ်မှိတ်သာခံနေလိုက်၏။ အိမ်မှာနေချိန်တွင် အဘွားဖြစ်သူကို တစ်ခါတလေ စကားပြောသည်မှအပ အချိန်တော်တော်များများက တစ်သီးတသန့်သာ နေတတ်လာသည်။ မိဘများကိုပင် စကားကိုလိုသည်ထက် ပိုမပြောတော့။

စိတ်မနာကောင်းသော်ငြား သည်မိဘတွေကြောင့်ပဲ သူ ရင်ကွဲပက်လက် ခံစားခဲ့ရသည်။ လူကြီးထွက်သွားခဲ့ရသည်ကလည်း မိဘတွေ၏ ပယောဂမကင်းလှ။ ထိုညကသာ သူတို့ကို အခွင့်အရေးပေးခဲ့ပါလျှင် သည်လိုတွေ ဆက်ဖြစ်လာစရာအကြောင်း ရှိချင်မှရှိလိမ့်မည်။

ဖြစ်ပြီးတာတွေအတွက် သူ မတွေးချင်တော့ပါလေ။ ဒဏ်ရာမှာလည်း နက်ရှိုင်းလွန်း၍ တစ်ခါတစ်ခါ ဟန်ဆောင်ပြုံးဖို့ပင် အတော်အားယူနေရသည်။ အရင်က အရမ်းလိုချင်ခဲ့သည့် ကားဝယ်ပေးသည်ကိုပင် ခန့်ခန့် မပျော်နိုင်တော့။ ရေမြေမတူ၊ မိုင်ပေါင်းငါးထောင်ကျော် လှမ်းသည့်အရပ်က ချစ်သူကို နေ့စဉ်ရက်ဆက် လွမ်းရသည်။ တမ်းတရသည်။ မျှော်ကိုးနေရသည်မလား။

ခန့်ခန့်အဖို့တော့ ဖုန်းဟူသောအရာကို တီထွင်ခဲ့သော အလက်ဇန်းဒါး ဂရေဟမ်ဘဲလ်ကိုပင် တစ်ခါတစ်ရံ ရှာကြံပင် ကျေးဇူးတင်နေတတ်သေးသည်။ အလွမ်းပြေဆက်သွယ်နိုင်သည်ကိုး။

'ဟက်'

ရူးကြောင်ကြောင်အတွေးများကြောင့် သူ့ကိုယ်သူ ပြန်သရော်မိသွားသည်။ လူကြီးကို လွမ်းလွန်း၍ပဲလားမသိ။ ထို့သို့သော အူကြောင်ကြောင်နိုင်သည့် အတွေးများကိုပင် သူ တွေးတောနေတတ်လေပြီ။ အိပ်ရာပေါ် ဟိုသည်လူးလှိမ့်ရင်း တစ်ယောက်တည်း ပြုံးနေတတ်သည့်အချိန်တွေလည်း ရှိသည်။ နေသားကျစပြုလာလို့ပဲလားမသိ၊ သူ့ဘာသာ နေပျော်အောင်နေတတ်လာပြီပင်။

တန်ခူးလလည်းဖြစ်တာမို့ စိတ်အခြေအနေ ပိုကောင်းလာတာလည်း ဖြစ်မည်ထင်၏။ လေပြေရူးတို့က အချိန်မရွေး ရောက်,ရောက်လာတတ်ချိန်။ နေ့အခါတွင် လေမှုန်တတ်၍ ညများဆို မိုးရွာလျှင်ရွာနေတတ်ချိန်။ သင်္ကြန်အခါသမယမို့ ရေပက်ဖြန်းဖို့ အစွမ်းကုန်ကဲကြချိန်ဖြစ်သည်။

ရောဂါပိုးဘယ်လောက်ပြင်းပြင်း ကုသနိုင်သည့်ဆေးတွေဆိုတာ အလျှိုလျှိုပေါ်လာတတ်သော်လည်း သင်္ကြန်ပိုးကတော့ဖြင့် ဘယ်ဆေးနှင့်သတ်လို့မှ ပျောက်ကွယ်ရိုးမရှိ။ နှစ်တိုင်းလည်ဖို့ကဲဖို့ မပြတ်ထခဲ့သည့်ပိုးမို့ သည်နှစ်လည်း စိတ်ညစ်ဦးတောင် လွယ်လွယ်နှင့်မပျောက်နိုင်။ သူငယ်ချင်းတွေနှင့် လည်ချင်သည်၊ ကဲချင်သည်၊ သင်္ကြန်ရေထိချင်သည်၊ ချမ်းလာလျှင် ဘီယာသောက်မည်။ လူငယ်ဘဝ၏ အလွတ်လပ်ဆုံးနှင့် အပျော်ပါးရဆုံးပွဲတော်ပဲမလား။

ခန့်ခန့် တွေးရင်ငေးရင်းက အိပ်ရာပေါ်ကထလိုက်တာ ဆတ်ခနဲ။ မနက်ဖြန် အတက်နေ့မို့ နောက်ဆုံးရက်လေး အပီကဲဖို့ပြင်ရမည်။ အဝတ်အစားကအစ ရှယ်လန်းနေဖို့ ကြိုရွေးထားတာကောင်းမည်ထင်၏။ စိတ်ကြိုက်ဖြစ်သော ဂျင်းဘောင်းဘီ၊ ရှပ်လက်ရှည်အပြာနုနှင့် ဦးထုပ်အဖြူကိုပါ တွဲစပ်ကြည်တော့ မနက်ဖြန်အတွက် သည်လောက်ဆို လုံလောက်ပြီဟု စိတ်ထဲကျေနပ်သွား၏။ ဖိနပ်ကတော့ သွားခါနီးမှသာ အဖြူရောင်ရွေးစီးသွားတော့မည်။

အားလုံးရွေးကာ ပြင်ဆင်ပြီးတော့ ညကိုးနာရီပင် မထိုးသေးပေ။ သို့ပေမဲ့ သူ့အဖို့ နေ့ခင်းကလည်း ရေဆော့ထားတာမို့ အိပ်ချင်စိတ်က ပြင်းပြနေသည်။ ပြီးလျှင် မနက်ဖြန် အပြတ်ကဲဖို့အတွက်ပါ အားအင်ကြိုမွေးထားရမည်ပင်။ ဒါမို့ပဲ ချစ်သူကို ပုံမှန်ချိန်ထက်စောကာ ဆက်သွယ်ဖို့ ကြံရွယ်လိုက်သည်။

"လူကြီး"

"ဟာ ... အစောကြီးခေါ်တာပါလား၊ ကိုယ်တောင် ခုလေးမှပြန်ရောက်တာ။ ခဏကိုင်ထားနော်၊ စက်ဘီးထားဦးမယ်"

ခန့်ခန့်မှာ ဖုန်းမျက်နှာပင်ပေါ်မြင်နေရသည့် ချစ်သူ့ကိုယ်ဟန်အနေအထားနှင့် လုပ်ပုံကိုင်ပုံတွေကို ကြည့်နေမိတာ တစိမ့်စိမ့်။ ဇေယျာက ညနေသုံးနာရီ အလုပ်ပြီး၍ အခန်းပြန်ရောက်ချိန်တိုင်း ခန့်ခန့်ဆီ စာအမြဲပို့တတ်သည်။ ထိုစာရပြီး ဇေယျာအေးဆေးဖြစ်လောက်မှ ခန့်ခန့်က Video call ခေါ်တတ်တာဖြစ်သည်။ မြန်မာစံတော်ချိန်က ယူကေထက် ငါးနာရီခွဲစောတာမို့ ချစ်သူ ပြန်ရောက်ချိန်တွင် ခန့်ခန့်ဆီက ညကိုးနာရီထိုးပြီးတတ်လေပြီ။

"ကဲ အခန်းရောက်ပြီဗျာ၊ ဒီညစောဆက်တာ ပျင်းနေလို့လား ကိုယ့်ကလေး"

"အင်း စောစောအိပ်မလားလို့"

ဝမ်းလျားမှောက်လျက် ပြုံးစိစိပြောလိုက်သော ခန့်ခန့်အား ဇေယျာက အပေါ်ဝတ်တစ်ထပ်ချွတ်ရင်း သေချာကြည့်သည်။ ပုံမှန်ဆိုလျှင် ညသန်းခေါင်ထိ ဂိမ်းခိုးဆော့တတ်လွန်းလို့ ဆူနေရသူက ကိုးနာရီအိပ်မည်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်။ စာမပို့ခင် ဖုန်းကြိုဆက်ကတည်းက သည်အဖြစ်မှာ မသင်္ကာစရာ ကောင်းနေမှန်း ဇေယျာ သိလိုက်သည်။ 

"ဟင်း ကိုယ် သိသွားပြီနော်။ မနက်ဖြန် သင်္ကြန်ထွက်လည်မလို့မလား ကလေး"

ခန့်ခန့်မှာ မိုင်ငါးထောင်ကျော်က သည်လူကြီးကို မလိမ်နိုင်၍ ကိုယ့်နဖူးကိုယ် ပြန်ရိုက်လိုက်တော့၏။ ရှေ့ရက်တွေက စိတ်မချလို့မလည်ပါနှင့်ဆိုသည့်စကားကို ငြင်းဆန်ခဲ့ပြီးလေပြီ။ အခုလည်း နောက်ဆုံးရက်မို့ ခိုးထွက်မည်တွေးထားလေတာ အရိပ်အကဲဖမ်းတတ်သော ချစ်သူကြောင့် သူ့ခမျာအဆင်မပြေလှ။ ဝမ်းလျားမှောက်ထားရင်းက လက်သီးဆုပ်လေးပေါ် မေးတင်ရင်း ခန့်ခန့် ခပ်ချွဲချွဲပြောရလေပြီ။

"လူကြီးရယ် ... နောက်ဆုံးရက်မို့ပါနော်"

"ရက်ဆက်ကြီးဆို ပမ်းတော့မှာပေါ့။ သင်္ကြန်ထွက်လည်ရင် တစ်နေကုန် ရေတွေစိုရွှဲနေမယ်။ ပြီးရင် မိုးလေးခဏမိရင်တောင် ခံနိုင်ရည်ရှိတာမဟုတ်ဘူး။ ဖျားတယ်လေ ... သိသားနဲ့။ တစ်ခုခုဆို ကိုယ်လည်းအနားမရှိတော့ စိတ်မချပါဘူး"

ဇေယျာက video call ပြောနေသောဖုန်းကို အိပ်ရာပေါ်ထောင်ထားပြီး အင်္ကျီလဲနေရင်းက ပြောနေတာဖြစ်သည်။ သို့သော် မအားသည့်ကြားက အကွက်စေ့စေ့နှင့် မထွက်ဖို့ချည်းပြောနေတော့ ခန့်ခန့် စိတ်တိုလာလေသည်။

"လူကြီးနော် ... ဒီမှာတစ်ယောက်တည်းကျန်နေခဲ့တာ စိတ်ချမ်းသာအောင် မထားဘူး။ သင်္ကြန်ရက်လေးပဲ သူငယ်ချင်းတွေနဲ့ ပျော်ရတာကို လိုက်ပိတ်ပင်နေတယ်"

ခန့်ခန့် မျက်မှောင်ကြီးကြုတ်ကာ ကြည့်ပြောလာတော့ ဇေယျာ မနေသာတော့ပါပေ။ ဝတ်ပြီးသောအင်္ကျီကို အမြန်ဆွဲချကာ ဖုန်းကို တဖန်ပြန်ကိုင်လိုက်ရ၏။ အခြေအနေအရ သည်တစ်ခါလည်း ချစ်သူကလေးအား အလျှော့ပေးရဦးမည်မလား။

"ကဲကဲ ... ကျွန်တော်မျိုးကို မျက်မှောင်ကြီးကြုတ်ပြီး ကြည့်မနေပါနဲ့ ... ကိုယ်တော်လေးရေ။ အရမ်းသွားချင်နေရင်လည်း ညနေပိုင်းမှသွားလိုက်ပါ၊ ပြီးရင်တော့ ရောက်ရောက်ချင်း ကိုယ့်ကိုစာပို့ထားဦး"

"ရေး ... ဒါမှငါ့လူကြီးကွ!"

အူမြူးကာ အိပ်ရာပေါ် ထခုန်ပေါက်နေသော ခန့်ခန့်တစ်ယောက်မှာ လွတ်လပ်ပေါ့ပါးပြီး တကယ်ပျော်နေသည့်ဟန်။ ဇေယျာကတော့ ဒါကိုငေးမောကြည့်ရင်း ကြည်နူးရုံသာတတ်နိုင်သည်။ တစ်နေ့တစ်နေ့ ဖုန်းမျက်နှာပြင်ပေါ်က မြင်နေရသော အိဖောင်းဖောင်းမျက်နှာလေးအား သူ အလွတ်ရသည်ထက်ပိုသည်။ သို့သော် သည်လိုတွေ့နေရတာတောင် လွမ်းရယ်မပြေလှပေ။ သူကိုယ်တိုင်လည်း ကလေးအနားမှာရှိပြီး ပျော်ချင်စိတ်တော့ဖြစ်မိသား။

သို့ပေမဲ့ သေချာဆုံးဖြတ်ပြီးမှ ထွက်လာခဲ့တာမို့ သူ နောင်တတော့မရချင်ပါပေ။ အချိန်တစ်ခုကြာပြီးရင်တော့ သူတို့ပေါင်းရပါစေသား။
....................

"မေမေ နေကောင်းရဲ့လား။ မျက်နှာချောင်နေသလိုပဲနော်"

ဇေယျာအဖို့ သူ့ကလေးနှင့်သာမက အိမ်သားတွေနှင့်လည်း အဆက်အသွယ်မပြတ်ရှိအောင် နေရသည်။ ဖခင်ဖြစ်သူ ဦးမြတ်သူကိုလည်း အပြစ်မမြင်ရက်တော့ပေ။ မိဘနေရာက ဝင်ခံစားကြည့်လျှင် သူလည်းစာနာတတ်နေပြီမလား။ သည်လိုပဲ သူ့နေရာကိုလည်း မိဘတွေသာ စာနာကြည့်ကြမယ်ဆိုလျှင် သည်လိုတွေထိ သူတို့ခွဲကြရပါ့မလား။

"အမလေး စိတ်မပူနဲ့၊ ဒီအမေက ဝလို့ဖြိုးလို့။ ဖုန်းထဲမို့ ပိန်သယောင်ဖြစ်နေတာ။ မယုံရင် မင်းညီမမေးကြည့်။ ရော့ ... သမီး"

သားအမိနှစ်ယောက် ဧည့်ခန်းတွင်အတူရှိခိုက် တစ်ယောက်တစ်လှည့်စီ ဖုန်းထောင်ကာ ပြောနေကြသည်။ အဖေဖြစ်သူကတော့ အခန်းထဲဝင်နေတတ်များပြီး သည်လိုပြောဖို့ဆို ရှက်သလိုလို၊ မပြောချင်သလိုလိုနှင့်။ တကယ်ဆို နားစွင့်နေတတ်တာ ရွယ်ရွယ်အသိဆုံးဖြစ်၏။

"မေမေ့ကိုစိတ်ချ၊ ဝဖြိုးလို့။ ဒီလေး၊ငါး၊ခြောက်လလောက်အတွင်းကို ရွယ့်ဟင်းချက်လက်ရာတွေ တက်လာပြီလေ။ စိတ်မပူနဲ့ ... အဖေရော၊ အမေရော ဒီထက်ဝလာကြဦးမှာ"

"ပြန်လာမှ စားရချည်သေးရဲ့ဗျာ"

ရွယ်ရွယ်က စကားတွေဖောင်ဖွဲ့ပြောရင်း ခြံအပြင်ဖက်ဆီ မသိမသာထွက်ခဲ့သည်။ အိမ်ထဲဆို ပြောသမျှက အဖေရော၊ အမေပါ နားထောင်နေကြသည်မို့ပင်။

"အဲဒါထက် ခန့်ခန့်နဲ့ရော အဆက်အသွယ်ရရဲ့လား။ ရွယ်နဲ့မတွေ့ဖြစ်တာတောင် ကြာပြီ။ စားသောက်ဆိုင်မှာ သူ့အိမ်ကလူကြီးတွေနဲ့ တွေ့တုန်းကတစ်ခါပဲဆုံသေးတယ်"

"နေ့တိုင်းတော့ပြောဖြစ်ပါတယ်။ အားရင်တော့ဖုန်းဆက်ပြီး တွေ့လိုက်ဦးလေ၊ သူလည်းကျောင်းပိတ်ထားတော့ ပျင်းနေတယ်တဲ့"

"အလုပ်အားတဲ့ရက်မှ တွေ့ဖို့ပြောကြည့်လိုက်မယ်။ သူတို့သူငယ်ချင်းတွေက တောင်ပြောမြောက်ပြောနဲ့ ရယ်တော့ရယ်ရတယ်"

ဇေယျာတစ်ယောက်မှ ဖုန်းမျက်နှာပြင်ပေါ်က ညီမအပြောကိုကြည့်ရင်း စိတ်ချမ်းသာရသည်။ အိမ်မှာသူ့အတွက် တိုင်ပင်စရာ၊ အားကိုးစရာ ညီမလေးတစ်ယောက်ရှိနေသေးလို့ တော်သေးသည်။

ဇေယျာ အလောတကြီးထွက်သွားပြီးနောက် ရွယ်ရွယ်ကပဲ သူ့နေရာတွင် ဝင်လုပ်ကိုင်ပေးရတော့သည်။ ဦးမြတ်သူကိုယ်တိုင်လည်း သင်ပြပေးပြီး မင်းမင်းကလည်း တွဲခေါ်ရင်းကူညီတာမို့ ရွယ်ရွယ် အခုလိုလပိုင်းနှင့် တော်တော်များများ လုပ်နိုင်ကိုင်နိုင်နေလေပြီ။

အလုပ်ပိုင်းတွင်သာ စိတ်ချရသည်မဟုတ်။ ဇေယျာ မှာထားခဲ့သည့်အတိုင်း ခန့်ခန့်ဖခင် ဦးမင်းဟန်ရုံးမှ ဝယ်သုံးလက်စဖြစ်သော POS (Point of Sales) Software ကိုလည်း ယခင်အစီအစဉ်အတိုင်းသာ ဆက်သုံးစေသည်။ အဖေဖြစ်သူ ဦးမြတ်သူက ပြောင်းချင်သည်ဆိုသော်လည်း ရွယ်ရွယ်မှာ ချက်ကျလက်ကျနှင့်ပြောကာ အဆင်ပြေအောင် ညှိနှိုင်းနိုင်သူပါပေ။

ခန့်ခန့်ဖခင်ဖြစ်သူ ဦးမင်းဟန်မှာလည်း ကိုယ်တိုင်လာရောက်ခြင်းမရှိစေကာမူ သူတို့မိသားစုအပေါ်တွင် ခါးခါးသီးသီးတော့ မဖြစ်လှချေ။ ယခင်ကတည်းက အကြီးစားဖောက်သည်ဖြစ်တာမို့ ဝန်ဆောင်မှုပိုင်းအတွက် စိတ်ချရသူများကို စေလွှတ်ပေးခဲ့သည်။ သူကိုယ်တိုင်မှာမူ ခြေဦးပင်မလှည့်တော့။

အလွန်တရာမှ ပါးနပ်လှသောရွယ်ရွယ်ကလည်း ဦးမင်းဟန်နှင့် မဖြစ်မနေဆုံရသည့်အချိန်များတွင် အစ်ကိုဖြစ်သူ၏ မတော်ရသေးသည့် ယောက္ခမအပေါ်  ပိုပိုသာသာ လောကဝတ်ပြုရသေး၏။ ချစ်သူတွေချင်း ဆက်ချစ်နိုင်ကြဖို့၊ မိဘတွေလည်း စိတ်ချမ်းသာကြဖို့က အဓိကပေမလား။

...................

ရာသီစက်ဝန်းမှာ နွေမှမိုး၊ မိုးမှဆောင်းသို့ တရွေ့ရွေ့နှင့် ရောက်လာခဲ့လေပြီ။ ရာသီအလီလီပြောင်းသလို လူတို့၏နေ့စဉ်လုပ်ငန်းဆောင်တာတွေလည်း တစ်စတစ်စနှင့် ပြောင်းလဲလာခဲ့လေ၏။ ဝန်းကျင်အခြေအနေ၊ ရာသီအခြေအနေအရ ပြုလုပ်ရသော လုပ်ငန်းဆောင်တာများ၊ လအလိုက်ဖွင့်လှစ်ရသော အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ စသည်ဖြင့် အရာရာက သူ့သဘောသဘာဝအတိုင်း ပြောင်းလဲနေကြတာပင်။

သည်တစ်ခေါက်ဆောင်း ကျောင်းဖွင့်လေတော့ ခန့်ခန့်သည်ပင်လျှင် နောက်ဆုံးနှစ် (ပဥ္စမနှစ်) ကျောင်းသားကြီး ဖြစ်နေလေပြီ။ သည်နှစ်တော့ ခုံနံပါတ်လေးမှရှစ်အထိ ကျသွားသေးသည်။ သို့ပေမဲ့ မိဘတွေရော၊ ဇေယျာကပါ သူ့ကို မဆူမငေါက်ဖြစ်ကြ။ အနည်းဆုံးတော့ ထိပ်ဆုံးဆယ်ယောက်တွင် ပါဝင်နေသည်ကပင် ကြိုးစားမှုအတွက် အသိအမှတ်ပြုကြသည်။

အသက်နှစ်ဆယ့်တစ်နှစ်ပင်ရှိပြီဖြစ်၍ ခန့်ခန့်သည်လည်း အရင်လိုကလေးမဆန်တော့။ နမော်နမဲ့နိုင်မှုများ၊ ညနက်သည်ထိဂိမ်းအလွန်အကျွံဆော့သည့် အမူအကျင့်များကိုပင် ဖျောက်ပစ်နိုင်လာသည်။ အရာရာ လူကြီးစိတ်မွေးပြီး ကြည့်တတ်လာတာကိုက အံ့ဩဖွယ်ပင်ဖြစ်၏။ အသက်ကြီးသော ချစ်သူရည်းစားကိုရထားသည်က တစ်ဖက်ကအမူအကျင့်များပင် သူ့ဆီသို့ ကူးပြောင်းလာခဲ့သည်။ အတွေးအခေါ်၊ အယူအဆများ မတူညီကြသည့်တိုင် အနီးစပ်ဆုံးထိ တွေးတောပေးနိုင်လာခဲ့သည်။ အတုယူစရာများလည်း ရှိလာသည်။ သူ့အဖို့တော့ သည်လိုချစ်သူကို တွေ့ဆုံရခြင်းက နောင်တကင်းရှင်းသည်။

ဒါ့အပြင် ခန့်ခန့်တစ်ယောက် ဖခင်၏ရုံး၌ ကျောင်းပိတ်ရက်တချို့တွင် အလုပ်ဝင်နိုင်နေလေပြီ။ သင်ယူစရာများသည့် နည်းပညာလောကတွင် ရုံးကစီနီယာအစ်ကို၊ အစ်မတွေဆီက သင်ယူရင်း သူကိုယ်တိုင်လည်း လုပ်ကိုင်နိုင်လာသည်။

အိမ်အလုပ်လေးပါ ပိတ်ရက်တွေတွင် ဝင်လုပ်တာကြောင့်ရော၊ သုံး၊ လေးလကြာ မိဘတွေကို စကားကောင်းကောင်း မပြောဖြစ်ခြင်းတို့၏ရလာဒ်ကား ကိစ္စတော်တော်များများတွင် သူ သဘောဆန္ဒအတိုင်းသာ ဖြစ်လာသည်။ အရွယ်ရောက်လာသည်နှင့်အမျှ မှန်မှန်ကန်ကန်လည်း နေတတ်တာမို့ အရင်လို ကလေးတစ်ယောက်ကဲ့သို့ မပြုမူကြတော့။ မိခင်ဖြစ်သူ ဒေါ်မိမိနိုင်ပင်လျှင် တော်ရုံတန်ရုံနှင့် မဆူမပြောတော့ပေ။

ချစ်သူလူကြီးနှင့်ပတ်သက်လျှင် ပိုလို့ပင် စကားမစကြတော့။ အရင်လောက် ပြင်းပြင်းထန်ထန် မပြောကြခြင်းမှာ ခန့်ခန့် ရူးရူးမိုက်မိုက် ထပ်ထွက်ပြေးမှာ စိုးရိမ်ခြင်းလည်းဖြစ်သလို၊ သူတို့ကို စကားမပြောတော့မှာ စိတ်ပူလို့လည်း ဖြစ်နိုင်သည်။

မည်သို့ပင်ဖြစ်စေကာမူ ခန့်ခန့်အဖို့တော့ မချမ်းမြေ့စရာ အိမ်ကိစ္စတွေအား ခေါင်းထဲသိပ်မထားတော့ပါပေ။ တစ်လတစ်ခါ ချစ်သူပို့ပေးသည့် ပါဆယ်တွေရတိုင်း ပျော်နေရသည်။ ပို့တိုင်းလည်း အသေးစိတ်ရေးထားသည့် ရက်သုံးဆယ်စာ ဒိုင်ယာရီစာအုပ်လေးကိုပါ ထည့်ပေးတတ်သည်မို့ နေ့ရက်တိုင်း အတူရှိသလို ခံစားရသည်။ မရိုးနိုင်သော တစ်ရက်တာစာတိုလေးတွေကိုလည်း အပြန်ပြန်ဖတ်ရသည်ကအမော။ ချစ်ကြောင်းထည့်ရေးလျှင် ကြည်နူးရသလို ဟာသကလေးများပါလျှင် ရယ်မောရသေး၏။

မိဘတွေကလည်း သူ့အပြုံးတွေကိုကြည့်ရုံနှင့် အဆက်အသွယ်ရှိနေကြသေးမှန်း ရိပ်စားမိကြပုံရှိသည်။ သို့သော် ဘာမှတော့မပြောကြ၊ အခြေအနေကို စောင့်ကြည့်နေကြပုံရ၏။

ယူကေတွင် ရောက်နေရသောဇေယျာသည်လည်း ဟိုတယ်အလုပ်သင် ခြောက်လပြီးမြောက်၍ Oxford Brookes University (OBU) တွင် ကျောင်းတက်နေရပြီဖြစ်သည်။ အသက်နှစ်ဆယ့်ရှစ်ရောက်မှ စာတဖန်ပြန်လေ့လာရသည်က လွယ်လွန်းလှသည်တော့မဟုတ်လှ။ ကျက်မှတ်ရသည့်ပညာရေးစနစ် မဟုတ်၍တော့ တော်သေးသည်။ သို့ပေမဲ့လည်း ဘာသာစကားအားနည်းချက်ရော၊ အစိမ်းသက်သက်ဖြစ်နေသော ပညာရေးစနစ်ကြောင့်ပါ သူများနှစ်ဆပိုလေ့လာရ၍ ပိုပင်ပန်းလေ၏။

တစ်ဖက်ကတွေးကြည့်လျှင်လည်း အော့စ်ဖို့ဒ်၏နေရာတော်တော်များကို သူ သဘောကျမိသည်။ တက္ကသိုလ်များ စုဝေးရာမြို့ဟုပင် ပြောရလောက်ပေမည်။ ပြောလည်းပြောရမည်ထင် ... Peter တက်နေသည့် အော့စ်ဖို့်ဒ်တက္ကသိုလ်၏ လက်အောက်တွင်ပင် ကောလိပ်သုံးဆယ့်ရှစ်ခု ရှိသည်ဟုသိရသည်။ ဒါတွေသည်လည်း အော့စ်ဖို့ဒ်ဝန်းကျင်တွင်သာရှိသည်မို့ သူ့အပြောကလွန်မည်မထင်။

ကျောင်းအများစုကလည်း ပုံစံတူရှိပြီး လေးထောင့်ကွက်ပုံစံ တည်ဆောက်ကြသည်။ ပြီးနောက် အလယ်မျက်နှာစာတွင် မြက်ခင်းပြင်များ ရှိကြသည်။ အဆောက်အဦးများမှာ အလယ်ခေတ် (အေဒီ ၁၁၀၀-၁၄၀၀) မှစ၍ ယနေ့ခေတ်မီပုံစံများထိ မျိုးစုံရှိသည်။ ရှေးရိုးဆန်သောအဆောက်အဦးများကအစ ခေတ်မီကျောင်းဆောင်ကြီးများအဆုံး စုံလင်စွာရှိလှသည်။

ဇေယျာကတော့ ဟိုတယ်ပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုသာမက ဥရောပ၏ဆောက်လုပ်ရေးဆိုင်ရာ ဆက်စပ်ပစ္စည်းများကိုပါ လေ့လာခွင့်ရသည်မို့ ကျေနပ်နေရသည်။ ကလေးတစ်ယောက်ကိုလည်း ခေါ်ပြချင်မိသား။

ယခုသည်ပင်လျှင် လန်ဒန်မြို့ထဲရောက်တုန်းရောက်ခိုက် မြင်တွေ့နေရသော ခေတ်မီအဆောက်အဦးတို့ကို သူ ငေးကောင်းနေဆဲဖြစ်သည်။ အတန်းမတက်ရသည့်နေ့တွေဆိုလျှင် ဇေယျာ သည်လိုပဲ လန်ဒန်သို့ကူးလာတတ်သည်။ အကြောင်းမှာ သူ့ကိုခေါ်ထားပေးသည့် Peter မှာ ပိတ်ရက်တွေဆိုလျှင် သူ့ကောင်မလေးကို ခေါ်လာတတ်သည်မို့ ဇေယျာ အလိုက်တသိ ရှောင်ပေးလေခြင်း။

လန်ဒန်တွင်လည်း ငယ်သူငယ်ချင်း ရဲရင့်နိုင်ရှိတာမို့ အတော်အဆင်ပြေတာပင်။ အရမ်းခင်ကြသည့် ငယ်သူငယ်ချင်းတွေမို့ ပိတ်ရက်ဆို သူ့ဆီပင်သွားနေဖြစ်သည်။ အားနာစရာမလိုဘဲ ရဲရင့်ကပင် သူ မလာသည့်အပတ်ဆိုလျှင် ဖုန်းတစ်ဂွမ်ဂွမ် ဆက်တတ်သေးသူဖြစ်၏။ ငယ်စဉ်ကတည်းက ဇေယျာ၊ ထက်မြနှင့် ရဲရင့်ဟူ၍ သူတို့ကတတွဲတွဲရှိကြသည်။ ရဲရင့်တစ်ယောက်ကသာ ဆေးတက္ကသိုလ်မှဘွဲ့ရပြီး လန်ဒန်ကိုထွက်ခဲ့သည်မို့ သူတို့တွေကွဲသွားကြရခြင်း။

အော့စ်ဖို့ဒ်နှင့်လန်ဒန်မှာ ရထားနှင့်သွားလျှင် တစ်နာရီလောက်သာကြာတတ်တာဖြစ်၏။ ဟိုနားသွား၊ သည်နားသွားလိုပဲမို့ ဇေယျာ့အတွက် အချိန်အများကြီးတော့ ပေးစရာမလိုလှပေ။ ရဲရင့်ကလည်း သူ လာလည်ပြီဆိုသည်နှင့် တစ်နေရာမဟုတ်တစ်နေရာ လိုက်ပို့ဖို့ချောင်းတော့သည်။ လန်ဒန်ရောက်တာကြာပြီဖြစ်တာမို့ ဗမာသူငယ်ချင်းငတ်နေလေမှန်း သိပ်သိသာသည်။ ဒါမို့ ပိတ်ရက်ဆိုလျှင် ရဲရင့်အဖို့ ဇေယျာ့ကို သူ့အပိုင်လိုခေါ်ထားတော့တာချည်း။

တွေးရင်းလျှောက်ရင်းနှင့်ပင် မနက်ဆယ်နာရီပင် ကျော်လာလေပြီ။ သူလျှောက်လှမ်းနေသည့် Baker St. တစ်လျှောက်တွင် နေရောင်က ထင်းထင်းလင်းလို့နေ၏။ သည်လမ်းတွင် အထင်ကရဖြစ်သော ရှားလော့ခ်ဟုမ်းပြတိုက်မှာဖြင့် သူလျှောက်လှမ်းရင်းက ကျော်ခဲ့ချေပြီ။ ရှေ့နှစ်ပြလောက်ဆိုလျှင် ရဲရင့်နေသည့်အဆောက်အဦးသို့ ရောက်တော့မည်ပင်။ အဝတ်ထည့်လာသည့် ကျောပိုးအိတ်တစ်ဖက်၊ ဈေးဝယ်လာသည့် အိတ်တစ်ဖက်နှင့် ဇေယျာလျှောက်မိတော့သည်က ခပ်သုတ်သုတ်ပါပဲ။

"ဟာ ... လာပြီလား၊ နောက်ကျလိုက်တာ။ ငါ ဗိုက်တောင်အတော်ဆာနေပြီ"

"အေးကွာ၊ ဈေးဝင်ဝယ်နေတာ နည်းနည်းကြာသွားတယ်"

တစ်ယောက်တည်းဖြစ်နေကြသူချင်းမို့ ပိတ်ရက်တွင်ဆုံကာ ချက်စားကြခြင်းက သူတို့အလုပ်တစ်ခုလို။ ဇေယျာကလည်း ထွက်လာကတည်းက ဈေးဝယ်လာတတ်သလို တစ်ခါတရံ အိမ်ရှင်နှင့်အတူ စားစရာဝင်ချက်တတ်သည်။ ဟိုတယ်တွင် အလုပ်သင်ဆင်းစဉ်က အစားအသောက်ပိုင်းပါ ဝင်ခဲ့ရသည်မို့ သူ့အတွက် သိပ်အခက်အခဲမရှိတော့ပါပေ။ အရင်ကဆိုလျှင်ဖြင့် ကြက်ဥတောင် အဆင်ပြေအောင် ကြော်တတ်သူမဟုတ်ပါချေ။

"ဇေယျာ ... ဘာလိုလိုနဲ့ မင်းရောက်လာတာတောင် တစ်နှစ်ကျော်ပြီနော်"

ချက်ပြုတ်ပြီးစီးလို့ စားသောက်ဖို့ပြင်ကြတော့ ရဲရင့်က စကားစလာသည်။ ဇေယျာလည်း ဖန်ခွက်ထုတ်ကာ စားပွဲဆီပြန်လာခဲ့သည်။ ခပ်အေးအေးရာသီဥတုအတွက် ဝိုင်လေးကလည်း မပါမဖြစ်။

"အင်း ... တစ်နှစ်သာကျော်သွားတယ်။ ပြန်ဖို့လည်း အချိန်များများမရတာနဲ့ မပြန်ရပါဘူး။ ငါ့ရည်းစားလေး လွမ်းလိုက်တာ"

"ဟမ် ... ငနာကောင်! စကားဆယ်ခွန်းပြောရင် ရှစ်ခွန်းက သူ့ကလေးအကြောင်းမပါရင် မပြီးဘူး။ တကတဲ ရည်းစားမထားဖူးတာကျလို့။ ငါလည်းရည်းစားရှိပါတယ်။ အဲလောက်ထည့်ပြောလို့လား"

ဟုတ်တော့လည်းဟုတ်သည်။ ရဲရင့် အပြစ်ပြောတာလည်း မလွန်ပါချေ။ သို့ပေမဲ့ ရဲရင့်ရည်းစားက လန်ဒန်က လူမျိုးခြားပင်။ သူတို့လိုခွဲနေရခြင်းမျိုးမဟုတ်။ သူ့မှာသာ လွမ်းဆွေးနေရသူမို့  ခန့်ခန့် ဘယ်လိုချောကြောင်း၊ စာဘယ်လိုတော်ကြောင်း မမောနိုင်၊ မပမ်းနိုင်အောင် ရှာကြံပြောနေရတတ်သည်။

"မင်းတို့က တစ်နိုင်ငံထဲအတူရှိနေတာကိုး။ ငါတို့က ခဏတဖြုတ်တောင် ပြေးတွေ့လို့မရတဲ့ထိ ဝေးနေတာ။ ကိုယ်ချင်းစာစမ်းပါ"

ဇေယျာမှာ ဝိုင်ပုလင်းကို သပ်ရပ်စွာဖောက်ရင်း ဖန်ခွက်ထဲသို့ ဖြည်းဖြည်းချင်းသာ လောင်းထည့်ချလိုက်သည်။ အရင်က ဝိုင်ကိုသိပ်အကြိုက်ကြီးမဟုတ်သော်လည်း အေးချမ်းလွန်းလှသည့် ရာသီဥတုကြောင့်ရော၊ အမြှောက်ကောင်းသော ရဲရင့်ကြောင့်ပါ ဝိုင်ကိုစွဲလမ်းတတ်လာလေပြီ။ သည်လို ဒီဇင်ဘာရာသီဥတုနှင့်ဆို လိုက်မှလိုက်ဖက်သည့်အဖြစ်။

"လာမဲ့နှစ်သစ်က ပိတ်ရက်များတယ်လေ၊ မပြန်ဘူးလား။ ငါတောင် အမေ့ကိုပြန်လာမှာပြောထားပြီးပြီ"

"ဟား ... ငါ့လည်းအထင်မသေးပါနဲ့၊  Flight တောင် ကြိုစုံစမ်းပြီးသွားပြီ"

ဇေယျာပြောအပြီး ရဲရင့်က ချက်ချင်းပင် အာလူးကြော်ဗူးခွံနှင့် ကောက်ပေါက်လိုက်သည်။

"ငနာက ဒါမျိုးကျ ပြောဖော်မရဘူး။ မင်းကလေးကိုတော့ ရွှန်းရွှန်းဝေအောင် ပြောထားပြီးပြီမလား"

အရှောင်ကောင်း၍လွဲသွားသော ဗူးခွံအား ဇေယျာ ပြန်ကောက်ရင်း ခိုးခိုးခစ်ခစ် ရယ်မိတော့သည်။ 'မင်းကလေး' ဆိုသည့်စကားအား သိပ်သဘောကျသည်ကိုး။

"မပြောထားဘူး။ သူမသိအောင် တိတ်တိတ်လေးပြန်ပြီး အံ့အားသင့်အောင်လုပ်မှာ"

သူ့အပြောအား မျက်ခုံးပင့်ကာ ခေါင်းညိတ်ရင်းလက်ခံသူက ရဲရင့်ပါပေ။

ဇေယျာ တကယ်လည်း ခန့်ခန့်ကို ပြန်လာမည့်အကြောင်း ဘာမှမပြောထားချေ။ တစ်နှစ်ကြာ မတွေ့ရသည့်ချစ်သူလေးအား တိုးတိုးတိတ်တိတ်ပြန်ရင်း ရင်ခုန်အောင်လုပ်ရမည်။ သုံးပတ်အတွင်း တွေ့ရတော့မည်ဆိုသည့်အသိက ဇေယျာ့နှလုံးသွေးတို့ကို ချက်ချင်းတိုးစေမိသည်ထင်၏။ တလှုပ်လှုပ် ရိုက်ခတ်လာခြင်းကြောင့် ရင်တွေခုန်လှသည်။

သူ့ချစ်သူ ကလေးတစ်ယောက်မှာဖြင့် ဝလာမလား၊ ပိန်သွားမလား။ အသားတွေရော ပိုဖွေးနေမလား။ အရင်လိုရော နမော်နမဲ့ နိုင်တုန်းပဲလား။ ပုံမှန် video call နှင့်မြင်နေရသည့်တိုင် အပြင်ပိုင်းဟန်ပန်၊ ခန္ဓာကိုယ်အစိတ်အပိုင်း အသေးစိတ်ကစ လွမ်းရသည်။ ကလေးနှင့်ပတ်သက်သမျှ အရာရာတိုင်းကို သိချင်လှသည်။ ပါးမို့မို့လေးတွေပေါ်မှ မွှေးညှင်းနုနုလေးတွေကစ သူ ထိတွေ့နေချင်မိပြီကိုး။

အထူးသဖြင့် သတိတရလွမ်းဆွတ်သည်ကတော့ ဝိုင်ထက်ရစ်မူးဖွယ်ကောင်းလှသည့် စွဲမက်ဖွယ် ကကြီးပုံနှုတ်ခမ်းဖူးဖူးလေးပင်။

19/10/2020
•••••••••••••••••••••••••••••••••••••••••

<Zawgyi>

📍Oxford, England, United Kingdom.

ကမၻာ့နိုင္ငံအသီးသီးအတြက္ အလင္းေရာင္ျခည္ အလွည့္က်ေပးစြမ္းေနေသာ သူရိန္ေနမင္းကား သူ ေရာက္ေနသည့္နိုင္ငံဆီသို႔ မ်ားမၾကာမီ ေရာက္ရွိလာေတာ့မည္။ အခ်ိန္အားျဖင့္ မနက္ငါးနာရီခြဲလုလု။ အေမွာင္မျပယ္ေသးသည့္ George St. တစ္ေလၽွာက္မွာ ႏွင္းရည္တို႔ေၾကာင့္ စိုစြတ္ေနေလသည္။ အနက္ေရာင္ေဆးသုတ္ထားေသာ မီးႏွစ္ပြင့္ပါသည့္လမ္းမီးတိုင္တို႔ကေတာ့ ထြန္းလင္းေနဆဲျဖစ္သည္။

ေန႔အခ်ိန္ႏွင့္ ညဘက္သန္းေခါင္ထိ စည္ကားေနတတ္ေသာ သည္လမ္းမႀကီးတြင္ မနက္ခင္းဆိုလၽွင္ေတာ့ လူတစ္ေယာက္စ၊ ႏွစ္ေယာက္စသာ သြားလာေနၾကတာ ေတြ႕ရေသး၏။ သည္အခ်ိန္တြင္ သူလိုအလုပ္တာဝန္ေစာေစာရွိသူမ်ားသာ အိပ္ရာထၾကဦးမည္ေပါ့။

ေဇယ်ာ ခါတိုင္းေတာ့ စက္ဘီးစီးကာသြားလာတတ္ေပမဲ့ သည္ေန႔ေတာ့ မနက္ေစာေစာ အခ်မ္းေျပလမ္းေလၽွာက္ခ်င္သည္မို႔ စက္ဘီးထားပစ္ခဲ့သည္။  အပူခ်ိန္မွာ ခုႏွစ္ဒီဂရီစင္တီဂရိတ္သာရွိၿပီး ေနေရာင္ပင္မျမင္ရေသး၍ စိမ့္ေနေအာင္ေတာ့ ခ်မ္းလွတာပင္။ သို႔ေသာ္ သည္ေအာ့စ္ဖို႔ဒ္ကို ေရာက္ခါစကႏွင့္ယွဥ္လၽွင္ေတာ့ အေအးဒဏ္ကို နည္းနည္းက်င့္သားရလာျဖစ္၏။

လမ္းေပၚတြင္ လူသူနည္းပါးခ်ိန္ ပလက္ေဖာင္းေပၚေလၽွာက္ရင္း ဟိုသည္ေငးရတာကို ေဇယ်ာ သေဘာက်သည္။ လမ္းတစ္ဖက္ျခမ္းတြင္ ရပ္ထားေသာကားမ်ား၊ စက္ဘီးမ်ားက သူ႔ေနရာႏွင့္သူ အစီအရီ။ ျဖတ္ေလၽွာက္သြားေနရသည့္ ေဘးတစ္ဖက္တစ္ခ်က္စီတြင္ ေရွးက်ခမ္းနားေသာ ဝါက်င့္က်င့္အေဆာက္အအုံေတြကလည္း ရွူေမာမဆုံး။ ဟိုတယ္၊ ႐ုပ္ရွင္႐ုံ၊ စားေသာက္ဆိုင္၊ ေကာ္ဖီဆိုင္၊ စာအုပ္ဆိုင္ႏွင့္ အျခားေသာဆိုင္ေတြ စုံလင္စြာ ဖြင့္လွစ္ထားတတ္သည္။

မနက္တိုင္းသြားေနရသည္မို႔ ဘယ္ေနရာဘာရွိသည္ေလာက္ေတာ့ သူ မွတ္မိေနၿပီျဖစ္၏။ မၾကာေသးဘူးဆိုလၽွင္ေတာင္ သူ သည္နိုင္ငံေရာက္ေနေလတာ အခ်ိန္အားျဖင့္ သုံးလရွိေခ်ၿပီ။ သူ မနက္တိုင္းဦးတည္သြားရသည့္ေနရာက Royal Oxford Hotel ျဖစ္၏။

မနက္ခင္း လူရွင္းခ်ိန္လမ္းေလၽွာက္ရင္းက ေဇယ်ာ့၏အေတြးေတြ ျဖန႔္က်က္ေနမိသည္။ သူ ပညာသင္ခရီးသြားပါမည္ဟု ဆုံးျဖတ္ခ်က္တည္လိုက္တာႏွင့္ ဖခင္က အတတ္နိုင္ဆုံး အျမန္ပို႔ေဆာင္ခဲ့သည္။ ဦးျမတ္သူတစ္ေယာက္တည္းဆိုလၽွင္ေတာ့ သည္ေလာက္ခရီးမေပါက္။ သည္ပညာသင္ခရီးအတြက္ အစစအရာရာ စီစဥ္ေပးသည္မွာ ဦးျမတ္သူႏွင့္အက်ိဳးတူပူးေပါင္းေသာ ပေရာဂ်က္၏ဦးေဆာင္သူ Mr. Smith ပင္။

ထိုသူမွာ သူ႔၏ေက်ာင္းကိစၥအေရး၊ သြားေရးလာေရး၊ ေနေရးထိုင္ေရးစသျဖင့္ေသာ အေရးမ်ားစြာအတြက္ ကူညီေပးခဲ့သူျဖစ္သည္။ ျမန္မာျပည္မွေန၍ ကူညီနိုင္တာကူညီသလို ေဇယ်ာ သည္နိုင္ငံေရာက္လာေတာ့လည္း ထူးေထြပူစရာမလို။ ေနစရာကအစ အထူးမရွာေစဘဲ ေအာ့စ္ဖို႔ဒ္တကၠသိုလ္တြင္ တက္ေနသည့္သားျဖစ္သူ Peter ၏တိုက္ခန္းတြင္သာ အတူေနေစသည္။ Peter မွာလည္း ဖခင္ကဲ့သို႔ ကူညီခ်င္စိတ္အျပည့္ရွိသူျဖစ္၍ ေနရအဆင္ေျပလွပါ၏။

ပညာသင္ရန္လာသည့္ သူ႔ကိုေတာ့ Oxford Brookes University (OBU) တြင္သာ Hotel and Tourism Management course တက္ဖို႔စီစဥ္ေပးထားၾကသည္။ မဟာဘြဲ႕ျဖစ္သည့္အေလ်ာက္ ဝင္ခြင့္ရရွိရန္အတြက္ ဟိုတယ္လုပ္ငန္းပိုင္းဆိုင္ရာ လုပ္ငန္းခြင္အေတြ႕အၾကဳံ အနည္းဆုံးေျခာက္လ လိုအပ္ခ်က္ရွိသည္။ ဒါမို႔လည္း Mr. Smith က ေဇယ်ာ့ကို Royal Oxford Hotel တြင္ အရင္ဆုံးလုပ္ငန္းခြင္ အေတြ႕အၾကဳံယူေစ၏။

ေရာက္ေရာက္ခ်င္း ေက်ာင္းမတက္ရေသးဘဲ ေျခာက္လက ဟိုတယ္တြင္သာကုန္ဆုံးရမွာမို႔ ေဇယ်ာ့အဖို႔ အခ်ိန္ေတြႏွေျမာေနမိတာပင္။ သို႔ေပမဲ့ တစ္ဖက္ကၾကည့္ေတာ့လည္း ပညာယူၿပီးသားေတာ့ ျဖစ္ပါ၏။ ေဆာက္လုပ္ေရးပစၥည္းတို႔ႏွင့္သာ ရင္းႏွီးကၽြမ္းဝင္ေသာ သူ႔အဖို႔ ဟိုတယ္တစ္ခုကို ဦးစီးဖို႔ရန္အတြက္ အေတြ႕အၾကဳံေတာ့လိုေသးသည္မလား။

ေတြးရင္းေလၽွာက္လွမ္းရင္းက ေဇယ်ာ ဦးတည္ေနေသာ ဟိုတယ္ကို လွမ္းျမင္ေနရေလၿပီ။ အေဆာက္အအုံပုံစံမွာေတာ့ ယူေကတြင္ ေတြ႕ျမင္ရတတ္ေသာ ပုံစံေတြလိုပင္။ ဂႏၴဝင္ဆန္သည္၊ ေရွးက်ဟန္ထင္ရသည္။ သို႔ေပမဲ့ အတြင္းပိုင္းဖြဲ႕စည္းပုံတို႔မွာ အျခားဥေရာပနိုင္ငံမ်ားႏွင့္မတူ၊ ခမ္းနားသည္။ ပုံစံတစ္မ်ိဳး ကြဲထြက္သည္။

ေဇယ်ာ့အဖို႔ သည္ဟိုတယ္တြင္ တစ္ပတ္ငါးရက္သာ အလုပ္သင္ဆင္းရၿပီး အလွည့္က်တာဝန္ႏွင့္ ဝင္ရတာမ်ိဳးျဖစ္သည္။ ရွယ္ယာဝင္ထားသူ Mr. Smith ကိုယ္တိုင္အပ္ေပးထားတာမို႔ အလုပ္သင္ဆင္းရတာလည္း အခက္အခဲမ်ားစြာ မရွိလွေခ်။ သူ႔အတြက္အလုပ္ခ်ိန္က မနက္ေျခာက္နာရီမွ ေန႔လယ္သုံးနာရီထိသာ။ ဒါမို႔လည္း မနက္ဆို ငါးနာရီခြဲကတည္းက သူ သည္လိုထြက္လာေနက်ျဖစ္သည္။

စီမံခန႔္ခြဲမွုအပိုင္းကိုသာ ေလ့လာရသည္ျဖစ္၍ ေအာက္ေျခသိမ္းထိေတာ့ လုပ္စရာမလိုအပ္ေပ။ သို႔ေသာ္ ယူတတ္လၽွင္ ယူတတ္သေလာက္ ပညာရတာမို႔ ေဇယ်ာ အကုန္လိုက္ေလ့လာသည္။ က႑အသီးသီး၏ သင္တန္းေပးတာေတြကစ သူ လိုက္တက္ရသည္။ မလာခ်င္ဘဲ လာရေသာ္ျငား ေရာက္ေတာ့မွလည္း ကိုယ္တိုင္ျပန္ဦးေဆာင္ရမည့္ဟိုတယ္အတြက္ အားလုံးသင္ယူလိုက္တာ အေကာင္းဆုံးပင္။

Mr. Smith ၏ မ်က္ႏွာေၾကာင့္ေရာ၊ ကိုယ္တိုင္သိတတ္မွုတို႔ေၾကာင့္ပါ မန္ေနဂ်ာ Joe အပါအဝင္ ဝန္ထမ္းမ်ားက သူ႔ကိုခ်စ္ခင္ၾက၍ ေတာ္ေသးသည္ဟု ေျပာရမည္။

ဤသို႔ ေအာ့စ္ဖို႔ဒ္တြင္ အစစအရာရာ အဆင္ေျပလွေသာ္လည္း တစ္ခုတည္းေသာမေျပသည့္အေၾကာင္းက ခ်စ္သူကေလးကို လြမ္းေနရျခင္းသာျဖစ္၏။

......................

ခန့္ခန့္လည္း ေဇယ်ာ ထြက္သြားၿပီးကတည္းက ေနသားတက်ျဖစ္ရန္ အေတာ္ႀကိဳးစားယူခဲ့ရတာျဖစ္သည္။ တိုင္းတစ္ပါးကို မလႊတ္လိုက္ခ်င္ေသာ္လည္း ဇာတ္ေျမာျဖစ္ေနမည့္ သူတို႔အနာဂတ္အတြက္ ေရရာတာတစ္ခုကို ေရြးခ်ယ္သင့္သည္မလား။ ေနာက္တစ္ခုက လူႀကီးအတြက္ ေတြးေပးလိုက္ျခင္းလည္းျဖစ္သည္။ အလကားသြားတာမွ မဟုတ္ဘဲေလ။ ပညာသင္ၿပီး သည္မွာျပန္လုပ္ကိုင္ဖို႔ဆိုေတာ့ သင္ယူမွျဖစ္မည့္ကိစၥေတြပင္။

ခန႔္ခန႔္ စတုတၳႏွစ္ေက်ာင္းသားႀကီး ျဖစ္ခါစ၌ပင္ ေဇယ်ာက ထြက္ခြာသြားခဲ့သည္။ ေဆာင္းကူးလို႔ ေႏြေပါက္သည္ထိ သူ႔ခမ်ာ လြမ္းရယ္မေျပပါဘဲ။ ေက်ာင္းတက္ခ်ိန္လည္း ေက်ာင္းတက္ရင္း လြမ္းရသည္။ အိမ္ျပန္ခ်ိန္လည္း အရင္လိုလာႀကိဳတတ္သည့္ ခ်စ္သူကို ေဆြးရသည္။

သို႔ေပမဲ့ အရင္ႏွင့္မတူတာကေတာ့ ခန႔္ခန႔္ကို အိမ္ကကားဝယ္ေပးလိုက္ျခင္းပင္။ မိဘေတြမွာ ခန႔္ခန႔္ စိတ္ဆိုးေျပေစရန္တစ္ေၾကာင္း၊ ေဇယ်ာလည္း ထြက္သြားၿပီျဖစ္၍ စိတ္ခ်လက္ခ်ျဖစ္သြားၾကသည္က တစ္ေၾကာင္းမို႔ ဖုန္းလည္းျပန္ေပးသည့္အျပင္ ကားပါဝယ္ေပးထားၾကသည္။

မင္း သူ႔ကိုမွမေရြးခ်ယ္ရင္ က်န္တာအကုန္ႀကိဳက္တာလုပ္ဆိုသည့္ အခ်ိဳးမ်ိဳးေတာ့ ခန႔္ခန႔္ မႀကိဳက္ပါေပ။ သို႔ေပမဲ့ မိဘေတြအေပၚတြင္ သူအဖို႔ ႀကိဳက္၏၊ မႀကိဳက္၏ ေျပာပိုင္ခြင့္မရွိေတာ့၊ ကိုယ္တိုင္ကလည္း မေျပာခ်င္ေတာ့တာပါသည္။ ေကာင္းမယ္ထင္လို႔ စီစဥ္ေပးပါသည္ဆိုသမၽွလည္း ႀကိတ္မွိတ္သာခံေနလိုက္၏။ အိမ္မွာေနခ်ိန္တြင္ အဘြားျဖစ္သူကို တစ္ခါတေလ စကားေျပာသည္မွအပ အခ်ိန္ေတာ္ေတာ္မ်ားမ်ားက တစ္သီးတသန့္သာ ေနတတ္လာသည္။ မိဘမ်ားကိုပင္ စကားကိုလိုသည္ထက္ ပိုမေျပာေတာ့။

စိတ္မနာေကာင္းေသာ္ျငား သည္မိဘေတြေၾကာင့္ပဲ သူ ရင္ကြဲပက္လက္ ခံစားခဲ့ရသည္။ လူႀကီးထြက္သြားခဲ့ရသည္ကလည္း မိဘေတြ၏ ပေယာဂမကင္းလွ။ ထိုညကသာ သူတို႔ကို အခြင့္အေရးေပးခဲ့ပါလၽွင္ သည္လိုေတြ ဆက္ျဖစ္လာစရာအေၾကာင္း ရွိခ်င္မွရွိလိမ့္မည္။

ျဖစ္ၿပီးတာေတြအတြက္ သူ မေတြးခ်င္ေတာ့ပါေလ။ ဒဏ္ရာမွာလည္း နက္ရွိုင္းလြန္း၍ တစ္ခါတစ္ခါ ဟန္ေဆာင္ျပဳံးဖို႔ပင္ အေတာ္အားယူေနရသည္။ အရင္က အရမ္းလိုခ်င္ခဲ့သည့္ ကားဝယ္ေပးသည္ကိုပင္ ခန႔္ခန႔္ မေပ်ာ္နိုင္ေတာ့။ ေရေျမမတူ၊ မိုင္ေပါင္းငါးေထာင္ေက်ာ္ လွမ္းသည့္အရပ္က ခ်စ္သူကို ေန႔စဥ္ရက္ဆက္ လြမ္းရသည္။ တမ္းတရသည္။ ေမၽွာ္ကိုးေနရသည္မလား။

ခန့္ခန့္အဖို႔ေတာ့ ဖုန္းဟူေသာအရာကို တီထြင္ခဲ့ေသာ အလက္ဇန္းဒါး ဂေရဟမ္ဘဲလ္ကိုပင္ တစ္ခါတစ္ရံ ရွာႀကံပင္ ေက်းဇူးတင္ေနတတ္ေသးသည္။ အလြမ္းေျပဆက္သြယ္နိုင္သည္ကိုး။

'ဟက္'

႐ူးေၾကာင္ေၾကာင္အေတြးမ်ားေၾကာင့္ သူ႔ကိုယ္သူ ျပန္သေရာ္မိသြားသည္။ လူႀကီးကို လြမ္းလြန္း၍ပဲလားမသိ။ ထို႔သို႔ေသာ အူေၾကာင္ေၾကာင္နိုင္သည့္ အေတြးမ်ားကိုပင္ သူ ေတြးေတာေနတတ္ေလၿပီ။ အိပ္ရာေပၚ ဟိုသည္လူးလွိမ့္ရင္း တစ္ေယာက္တည္း ျပဳံးေနတတ္သည့္အခ်ိန္ေတြလည္း ရွိသည္။ ေနသားက်စျပဳလာလို႔ပဲလားမသိ၊ သူ႔ဘာသာ ေနေပ်ာ္ေအာင္ေနတတ္လာၿပီပင္။

တန္ခူးလလည္းျဖစ္တာမို႔ စိတ္အေျခအေန ပိုေကာင္းလာတာလည္း ျဖစ္မည္ထင္၏။ ေလေျပ႐ူးတို႔က အခ်ိန္မေရြး ေရာက္,ေရာက္လာတတ္ခ်ိန္။ ေန႔အခါတြင္ ေလမွုန္တတ္၍ ညမ်ားဆို မိုးရြာလၽွင္ရြာေနတတ္ခ်ိန္။ သၾကၤန္အခါသမယမို႔ ေရပက္ျဖန္းဖို႔ အစြမ္းကုန္ကဲၾကခ်ိန္ျဖစ္သည္။

ေရာဂါပိုးဘယ္ေလာက္ျပင္းျပင္း ကုသနိုင္သည့္ေဆးေတြဆိုတာ အလၽွိုလၽွိုေပၚလာတတ္ေသာ္လည္း သၾကၤန္ပိုးကေတာ့ျဖင့္ ဘယ္ေဆးႏွင့္သတ္လို႔မွ ေပ်ာက္ကြယ္ရိုးမရွိ။ ႏွစ္တိုင္းလည္ဖို႔ကဲဖို႔ မျပတ္ထခဲ့သည့္ပိုးမို႔ သည္ႏွစ္လည္း စိတ္ညစ္ဦးေတာင္ လြယ္လြယ္ႏွင့္မေပ်ာက္နိုင္။ သူငယ္ခ်င္းေတြႏွင့္ လည္ခ်င္သည္၊ ကဲခ်င္သည္၊ သၾကၤန္ေရထိခ်င္သည္၊ ခ်မ္းလာလၽွင္ ဘီယာေသာက္မည္။ လူငယ္ဘဝ၏ အလြတ္လပ္ဆုံးႏွင့္ အေပ်ာ္ပါးရဆုံးပြဲေတာ္ပဲမလား။

ခန႔္ခန႔္ ေတြးရင္ေငးရင္းက အိပ္ရာေပၚကထလိုက္တာ ဆတ္ခနဲ။ မနက္ျဖန္ အတက္ေန႔မို႔ ေနာက္ဆုံးရက္ေလး အပီကဲဖို႔ျပင္ရမည္။ အဝတ္အစားကအစ ရွယ္လန္းေနဖို႔ ႀကိဳေရြးထားတာေကာင္းမည္ထင္၏။ စိတ္ႀကိဳက္ျဖစ္ေသာ ဂ်င္းေဘာင္းဘီ၊ ရွပ္လက္ရွည္အျပာႏုႏွင့္ ဦးထုပ္အျဖဴကိုပါ တြဲစပ္ၾကည္ေတာ့ မနက္ျဖန္အတြက္ သည္ေလာက္ဆို လုံေလာက္ၿပီဟု စိတ္ထဲေက်နပ္သြား၏။ ဖိနပ္ကေတာ့ သြားခါနီးမွသာ အျဖဴေရာင္ေရြးစီးသြားေတာ့မည္။

အားလုံးေရြးကာ ျပင္ဆင္ၿပီးေတာ့ ညကိုးနာရီပင္ မထိုးေသးေပ။ သို႔ေပမဲ့ သူ႔အဖို႔ ေန႔ခင္းကလည္း ေရေဆာ့ထားတာမို႔ အိပ္ခ်င္စိတ္က ျပင္းျပေနသည္။ ၿပီးလၽွင္ မနက္ျဖန္ အျပတ္ကဲဖို႔အတြက္ပါ အားအင္ႀကိဳေမြးထားရမည္ပင္။ ဒါမို႔ပဲ ခ်စ္သူကို ပုံမွန္ခ်ိန္ထက္ေစာကာ ဆက္သြယ္ဖို႔ ႀကံရြယ္လိုက္သည္။

"လူႀကီး"

"ဟာ ... အေစာႀကီးေခၚတာပါလား၊ ကိုယ္ေတာင္ ခုေလးမွျပန္ေရာက္တာ။ ခဏကိုင္ထားေနာ္၊ စက္ဘီးထားဦးမယ္"

ခန႔္ခန႔္မွာ ဖုန္းမ်က္ႏွာပင္ေပၚျမင္ေနရသည့္ ခ်စ္သူ႔ကိုယ္ဟန္အေနအထားႏွင့္ လုပ္ပုံကိုင္ပုံေတြကို ၾကည့္ေနမိတာ တစိမ့္စိမ့္။ ေဇယ်ာက ညေနသုံးနာရီ အလုပ္ၿပီး၍ အခန္းျပန္ေရာက္ခ်ိန္တိုင္း ခန့္ခန့္ဆီ စာအျမဲပို႔တတ္သည္။ ထိုစာရၿပီး ေဇယ်ာေအးေဆးျဖစ္ေလာက္မွ ခန့္ခန့္က Video call ေခၚတတ္တာျဖစ္သည္။ ျမန္မာစံေတာ္ခ်ိန္က ယူေကထက္ ငါးနာရီခြဲေစာတာမို႔ ခ်စ္သူ ျပန္ေရာက္ခ်ိန္တြင္ ခန့္ခန့္ဆီက ညကိုးနာရီထိုးၿပီးတတ္ေလၿပီ။

"ကဲ အခန္းေရာက္ၿပီဗ်ာ၊ ဒီညေစာဆက္တာ ပ်င္းေနလို႔လား ကိုယ့္ကေလး"

"အင္း ေစာေစာအိပ္မလားလို႔"

ဝမ္းလ်ားေမွာက္လ်က္ ျပဳံးစိစိေျပာလိုက္ေသာ ခန႔္ခန႔္အား ေဇယ်ာက အေပၚဝတ္တစ္ထပ္ခၽြတ္ရင္း ေသခ်ာၾကည့္သည္။ ပုံမွန္ဆိုလၽွင္ ညသန္းေခါင္ထိ ဂိမ္းခိုးေဆာ့တတ္လြန္းလို႔ ဆူေနရသူက ကိုးနာရီအိပ္မည္ဆိုတာ ဘယ္လိုမွမျဖစ္နိုင္။ စာမပို႔ခင္ ဖုန္းႀကိဳဆက္ကတည္းက သည္အျဖစ္မွာ မသကၤာစရာ ေကာင္းေနမွန္း ေဇယ်ာ သိလိုက္သည္။ 

"ဟင္း ကိုယ္ သိသြားၿပီေနာ္။ မနက္ျဖန္ သၾကၤန္ထြက္လည္မလို႔မလား ကေလး"

ခန့္ခန့္မွာ မိုင္ငါးေထာင္ေက်ာ္က သည္လူႀကီးကို မလိမ္နိုင္၍ ကိုယ့္နဖူးကိုယ္ ျပန္ရိုက္လိုက္ေတာ့၏။ ေရွ႕ရက္ေတြက စိတ္မခ်လို႔မလည္ပါႏွင့္ဆိုသည့္စကားကို ျငင္းဆန္ခဲ့ၿပီးေလၿပီ။ အခုလည္း ေနာက္ဆုံးရက္မို႔ ခိုးထြက္မည္ေတြးထားေလတာ အရိပ္အကဲဖမ္းတတ္ေသာ ခ်စ္သူေၾကာင့္ သူ႔ခမ်ာအဆင္မေျပလွ။ ဝမ္းလ်ားေမွာက္ထားရင္းက လက္သီးဆုပ္ေလးေပၚ ေမးတင္ရင္း ခန႔္ခန႔္ ခပ္ခၽြဲခၽြဲေျပာရေလၿပီ။

"လူႀကီးရယ္ ... ေနာက္ဆုံးရက္မို႔ပါေနာ္"

"ရက္ဆက္ႀကီးဆို ပမ္းေတာ့မွာေပါ့။ သၾကၤန္ထြက္လည္ရင္ တစ္ေနကုန္ ေရေတြစိုရႊဲေနမယ္။ ၿပီးရင္ မိုးေလးခဏမိရင္ေတာင္ ခံနိုင္ရည္ရွိတာမဟုတ္ဘူး။ ဖ်ားတယ္ေလ ... သိသားနဲ႔။ တစ္ခုခုဆို ကိုယ္လည္းအနားမရွိေတာ့ စိတ္မခ်ပါဘူး"

ေဇယ်ာက video call ေျပာေနေသာဖုန္းကို အိပ္ရာေပၚေထာင္ထားၿပီး အကၤ်ီလဲေနရင္းက ေျပာေနတာျဖစ္သည္။ သို႔ေသာ္ မအားသည့္ၾကားက အကြက္ေစ့ေစ့ႏွင့္ မထြက္ဖို႔ခ်ည္းေျပာေနေတာ့ ခန့္ခန့္ စိတ္တိုလာေလသည္။

"လူႀကီးေနာ္ ... ဒီမွာတစ္ေယာက္တည္းက်န္ေနခဲ့တာ စိတ္ခ်မ္းသာေအာင္ မထားဘူး။ သၾကၤန္ရက္ေလးပဲ သူငယ္ခ်င္းေတြနဲ႔ ေပ်ာ္ရတာကို လိုက္ပိတ္ပင္ေနတယ္"

ခန့္ခန့္ မ်က္ေမွာင္ႀကီးၾကဳတ္ကာ ၾကည့္ေျပာလာေတာ့ ေဇယ်ာ မေနသာေတာ့ပါေပ။ ဝတ္ၿပီးေသာအကၤ်ီကို အျမန္ဆြဲခ်ကာ ဖုန္းကို တဖန္ျပန္ကိုင္လိုက္ရ၏။ အေျခအေနအရ သည္တစ္ခါလည္း ခ်စ္သူကေလးအား အေလၽွာ့ေပးရဦးမည္မလား။

"ကဲကဲ ... ကၽြန္ေတာ္မ်ိဳးကို မ်က္ေမွာင္ႀကီးၾကဳတ္ၿပီး ၾကည့္မေနပါနဲ႔ ... ကိုယ္ေတာ္ေလးေရ။ အရမ္းသြားခ်င္ေနရင္လည္း ညေနပိုင္းမွသြားလိုက္ပါ၊ ၿပီးရင္ေတာ့ ေရာက္ေရာက္ခ်င္း ကိုယ့္ကိုစာပို႔ထားဦး"

"ေရး ... ဒါမွငါ့လူႀကီးကြ!"

အူျမဴးကာ အိပ္ရာေပၚ ထခုန္ေပါက္ေနေသာ ခန႔္ခန႔္တစ္ေယာက္မွာ လြတ္လပ္ေပါ့ပါးၿပီး တကယ္ေပ်ာ္ေနသည့္ဟန္။ ေဇယ်ာကေတာ့ ဒါကိုေငးေမာၾကည့္ရင္း ၾကည္ႏူး႐ုံသာတတ္နိုင္သည္။ တစ္ေန႔တစ္ေန႔ ဖုန္းမ်က္ႏွာျပင္ေပၚက ျမင္ေနရေသာ အိေဖာင္းေဖာင္းမ်က္ႏွာေလးအား သူ အလြတ္ရသည္ထက္ပိုသည္။ သို႔ေသာ္ သည္လိုေတြ႕ေနရတာေတာင္ လြမ္းရယ္မေျပလွေပ။ သူကိုယ္တိုင္လည္း ကေလးအနားမွာရွိၿပီး ေပ်ာ္ခ်င္စိတ္ေတာ့ျဖစ္မိသား။

သို႔ေပမဲ့ ေသခ်ာဆုံးျဖတ္ၿပီးမွ ထြက္လာခဲ့တာမို႔ သူ ေနာင္တေတာ့မရခ်င္ပါေပ။ အခ်ိန္တစ္ခုၾကာၿပီးရင္ေတာ့ သူတို႔ေပါင္းရပါေစသား။
....................

"ေမေမ ေနေကာင္းရဲ့လား။ မ်က္ႏွာေခ်ာင္ေနသလိုပဲေနာ္"

ေဇယ်ာအဖို႔ သူ႔ကေလးႏွင့္သာမက အိမ္သားေတြႏွင့္လည္း အဆက္အသြယ္မျပတ္ရွိေအာင္ ေနရသည္။ ဖခင္ျဖစ္သူ ဦးျမတ္သူကိုလည္း အျပစ္မျမင္ရက္ေတာ့ေပ။ မိဘေနရာက ဝင္ခံစားၾကည့္လၽွင္ သူလည္းစာနာတတ္ေနၿပီမလား။ သည္လိုပဲ သူ႔ေနရာကိုလည္း မိဘေတြသာ စာနာၾကည့္ၾကမယ္ဆိုလၽွင္ သည္လိုေတြထိ သူတို႔ခြဲၾကရပါ့မလား။

"အမေလး စိတ္မပူနဲ႔၊ ဒီအေမက ဝလို႔ၿဖိဳးလို႔။ ဖုန္းထဲမို႔ ပိန္သေယာင္ျဖစ္ေနတာ။ မယုံရင္ မင္းညီမေမးၾကည့္။ ေရာ့ ... သမီး"

သားအမိႏွစ္ေယာက္ ဧည့္ခန္းတြင္အတူရွိခိုက္ တစ္ေယာက္တစ္လွည့္စီ ဖုန္းေထာင္ကာ ေျပာေနၾကသည္။ အေဖျဖစ္သူကေတာ့ အခန္းထဲဝင္ေနတတ္မ်ားၿပီး သည္လိုေျပာဖို႔ဆို ရွက္သလိုလို၊ မေျပာခ်င္သလိုလိုႏွင့္။ တကယ္ဆို နားစြင့္ေနတတ္တာ ရြယ္ရြယ္အသိဆုံးျဖစ္၏။

"ေမေမ့ကိုစိတ္ခ်၊ ဝၿဖိဳးလို႔။ ဒီေလး၊ငါး၊ေျခာက္လေလာက္အတြင္းကို ရြယ့္ဟင္းခ်က္လက္ရာေတြ တက္လာၿပီေလ။ စိတ္မပူနဲ႔ ... အေဖေရာ၊ အေမေရာ ဒီထက္ဝလာၾကဦးမွာ"

"ျပန္လာမွ စားရခ်ည္ေသးရဲ့ဗ်ာ"

ရြယ္ရြယ္က စကားေတြေဖာင္ဖြဲ႕ေျပာရင္း ၿခံအျပင္ဖက္ဆီ မသိမသာထြက္ခဲ့သည္။ အိမ္ထဲဆို ေျပာသမၽွက အေဖေရာ၊ အေမပါ နားေထာင္ေနၾကသည္မို႔ပင္။

"အဲဒါထက္ ခန႔္ခန႔္နဲ႔ေရာ အဆက္အသြယ္ရရဲ့လား။ ရြယ္နဲ႔မေတြ႕ျဖစ္တာေတာင္ ၾကာၿပီ။ စားေသာက္ဆိုင္မွာ သူ႔အိမ္ကလူႀကီးေတြနဲ႔ ေတြ႕တုန္းကတစ္ခါပဲဆုံေသးတယ္"

"ေန႔တိုင္းေတာ့ေျပာျဖစ္ပါတယ္။ အားရင္ေတာ့ဖုန္းဆက္ၿပီး ေတြ႕လိုက္ဦးေလ၊ သူလည္းေက်ာင္းပိတ္ထားေတာ့ ပ်င္းေနတယ္တဲ့"

"အလုပ္အားတဲ့ရက္မွ ေတြ႕ဖို႔ေျပာၾကည့္လိုက္မယ္။ သူတို႔သူငယ္ခ်င္းေတြက ေတာင္ေျပာေျမာက္ေျပာနဲ႔ ရယ္ေတာ့ရယ္ရတယ္"

ေဇယ်ာတစ္ေယာက္မွ ဖုန္းမ်က္ႏွာျပင္ေပၚက ညီမအေျပာကိုၾကည့္ရင္း စိတ္ခ်မ္းသာရသည္။ အိမ္မွာသူ႔အတြက္ တိုင္ပင္စရာ၊ အားကိုးစရာ ညီမေလးတစ္ေယာက္ရွိေနေသးလို႔ ေတာ္ေသးသည္။

ေဇယ်ာ အေလာတႀကီးထြက္သြားၿပီးေနာက္ ရြယ္ရြယ္ကပဲ သူ႔ေနရာတြင္ ဝင္လုပ္ကိုင္ေပးရေတာ့သည္။ ဦးျမတ္သူကိုယ္တိုင္လည္း သင္ျပေပးၿပီး မင္းမင္းကလည္း တြဲေခၚရင္းကူညီတာမို႔ ရြယ္ရြယ္ အခုလိုလပိုင္းႏွင့္ ေတာ္ေတာ္မ်ားမ်ား လုပ္နိုင္ကိုင္နိုင္ေနေလၿပီ။

အလုပ္ပိုင္းတြင္သာ စိတ္ခ်ရသည္မဟုတ္။ ေဇယ်ာ မွာထားခဲ့သည့္အတိုင္း ခန႔္ခန႔္ဖခင္ ဦးမင္းဟန္႐ုံးမွ ဝယ္သုံးလက္စျဖစ္ေသာ POS (Point of Sales) Software ကိုလည္း ယခင္အစီအစဥ္အတိုင္းသာ ဆက္သုံးေစသည္။ အေဖျဖစ္သူ ဦးျမတ္သူက ေျပာင္းခ်င္သည္ဆိုေသာ္လည္း ရြယ္ရြယ္မွာ ခ်က္က်လက္က်ႏွင့္ေျပာကာ အဆင္ေျပေအာင္ ညႇိႏွိုင္းနိုင္သူပါေပ။

ခန႔္ခန႔္ဖခင္ျဖစ္သူ ဦးမင္းဟန္မွာလည္း ကိုယ္တိုင္လာေရာက္ျခင္းမရွိေစကာမူ သူတို႔မိသားစုအေပၚတြင္ ခါးခါးသီးသီးေတာ့ မျဖစ္လွေခ်။ ယခင္ကတည္းက အႀကီးစားေဖာက္သည္ျဖစ္တာမို႔ ဝန္ေဆာင္မွုပိုင္းအတြက္ စိတ္ခ်ရသူမ်ားကို ေစလႊတ္ေပးခဲ့သည္။ သူကိုယ္တိုင္မွာမူ ေျခဦးပင္မလွည့္ေတာ့။

အလြန္တရာမွ ပါးနပ္လွေသာရြယ္ရြယ္ကလည္း ဦးမင္းဟန္ႏွင့္ မျဖစ္မေနဆုံရသည့္အခ်ိန္မ်ားတြင္ အစ္ကိုျဖစ္သူ၏ မေတာ္ရေသးသည့္ ေယာကၡမအေပၚ  ပိုပိုသာသာ ေလာကဝတ္ျပဳရေသး၏။ ခ်စ္သူေတြခ်င္း ဆက္ခ်စ္နိုင္ၾကဖို႔၊ မိဘေတြလည္း စိတ္ခ်မ္းသာၾကဖို႔က အဓိကေပမလား။

...................

ရာသီစက္ဝန္းမွာ ေႏြမွမိုး၊ မိုးမွေဆာင္းသို႔ တေရြ႕ေရြ႕ႏွင့္ ေရာက္လာခဲ့ေလၿပီ။ ရာသီအလီလီေျပာင္းသလို လူတို႔၏ေန႔စဥ္လုပ္ငန္းေဆာင္တာေတြလည္း တစ္စတစ္စႏွင့္ ေျပာင္းလဲလာခဲ့ေလ၏။ ဝန္းက်င္အေျခအေန၊ ရာသီအေျခအေနအရ ျပဳလုပ္ရေသာ လုပ္ငန္းေဆာင္တာမ်ား၊ လအလိုက္ဖြင့္လွစ္ရေသာ အေျခခံပညာေက်ာင္းမ်ား၊ တကၠသိုလ္မ်ား စသည္ျဖင့္ အရာရာက သူ႔သေဘာသဘာဝအတိုင္း ေျပာင္းလဲေနၾကတာပင္။

သည္တစ္ေခါက္ေဆာင္း ေက်ာင္းဖြင့္ေလေတာ့ ခန့္ခန့္သည္ပင္လၽွင္ ေနာက္ဆုံးႏွစ္ (ပဥၥမႏွစ္) ေက်ာင္းသားႀကီး ျဖစ္ေနေလၿပီ။ သည္ႏွစ္ေတာ့ ခုံနံပါတ္ေလးမွရွစ္အထိ က်သြားေသးသည္။ သို႔ေပမဲ့ မိဘေတြေရာ၊ ေဇယ်ာကပါ သူ႔ကို မဆူမေငါက္ျဖစ္ၾက။ အနည္းဆုံးေတာ့ ထိပ္ဆုံးဆယ္ေယာက္တြင္ ပါဝင္ေနသည္ကပင္ ႀကိဳးစားမွုအတြက္ အသိအမွတ္ျပဳၾကသည္။

အသက္ႏွစ္ဆယ့္တစ္ႏွစ္ပင္ရွိၿပီျဖစ္၍ ခန႔္ခန႔္သည္လည္း အရင္လိုကေလးမဆန္ေတာ့။ နေမာ္နမဲ့နိုင္မွုမ်ား၊ ညနက္သည္ထိဂိမ္းအလြန္အကၽြံေဆာ့သည့္ အမူအက်င့္မ်ားကိုပင္ ေဖ်ာက္ပစ္နိုင္လာသည္။ အရာရာ လူႀကီးစိတ္ေမြးၿပီး ၾကည့္တတ္လာတာကိုက အံ့ဩဖြယ္ပင္ျဖစ္၏။ အသက္ႀကီးေသာ ခ်စ္သူရည္းစားကိုရထားသည္က တစ္ဖက္ကအမူအက်င့္မ်ားပင္ သူ႔ဆီသို႔ ကူးေျပာင္းလာခဲ့သည္။ အေတြးအေခၚ၊ အယူအဆမ်ား မတူညီၾကသည့္တိုင္ အနီးစပ္ဆုံးထိ ေတြးေတာေပးနိုင္လာခဲ့သည္။ အတုယူစရာမ်ားလည္း ရွိလာသည္။ သူ႔အဖို႔ေတာ့ သည္လိုခ်စ္သူကို ေတြ႕ဆုံရျခင္းက ေနာင္တကင္းရွင္းသည္။

ဒါ့အျပင္ ခန့္ခန့္တစ္ေယာက္ ဖခင္၏႐ုံး၌ ေက်ာင္းပိတ္ရက္တခ်ိဳ႕တြင္ အလုပ္ဝင္နိုင္ေနေလၿပီ။ သင္ယူစရာမ်ားသည့္ နည္းပညာေလာကတြင္ ႐ုံးကစီနီယာအစ္ကို၊ အစ္မေတြဆီက သင္ယူရင္း သူကိုယ္တိုင္လည္း လုပ္ကိုင္နိုင္လာသည္။

အိမ္အလုပ္ေလးပါ ပိတ္ရက္ေတြတြင္ ဝင္လုပ္တာေၾကာင့္ေရာ၊ သုံး၊ ေလးလၾကာ မိဘေတြကို စကားေကာင္းေကာင္း မေျပာျဖစ္ျခင္းတို႔၏ရလာဒ္ကား ကိစၥေတာ္ေတာ္မ်ားမ်ားတြင္ သူ သေဘာဆႏၵအတိုင္းသာ ျဖစ္လာသည္။ အရြယ္ေရာက္လာသည္ႏွင့္အမၽွ မွန္မွန္ကန္ကန္လည္း ေနတတ္တာမို႔ အရင္လို ကေလးတစ္ေယာက္ကဲ့သို႔ မျပဳမူၾကေတာ့။ မိခင္ျဖစ္သူ ေဒၚမိမိနိုင္ပင္လၽွင္ ေတာ္႐ုံတန္႐ုံႏွင့္ မဆူမေျပာေတာ့ေပ။

ခ်စ္သူလူႀကီးႏွင့္ပတ္သက္လၽွင္ ပိုလို႔ပင္ စကားမစၾကေတာ့။ အရင္ေလာက္ ျပင္းျပင္းထန္ထန္ မေျပာၾကျခင္းမွာ ခန့္ခန့္ ႐ူး႐ူးမိုက္မိုက္ ထပ္ထြက္ေျပးမွာ စိုးရိမ္ျခင္းလည္းျဖစ္သလို၊ သူတို႔ကို စကားမေျပာေတာ့မွာ စိတ္ပူလို႔လည္း ျဖစ္နိုင္သည္။

မည္သို႔ပင္ျဖစ္ေစကာမူ ခန႔္ခန႔္အဖို႔ေတာ့ မခ်မ္းေျမ့စရာ အိမ္ကိစၥေတြအား ေခါင္းထဲသိပ္မထားေတာ့ပါေပ။ တစ္လတစ္ခါ ခ်စ္သူပို႔ေပးသည့္ ပါဆယ္ေတြရတိုင္း ေပ်ာ္ေနရသည္။ ပို႔တိုင္းလည္း အေသးစိတ္ေရးထားသည့္ ရက္သုံးဆယ္စာ ဒိုင္ယာရီစာအုပ္ေလးကိုပါ ထည့္ေပးတတ္သည္မို႔ ေန႔ရက္တိုင္း အတူရွိသလို ခံစားရသည္။ မရိုးနိုင္ေသာ တစ္ရက္တာစာတိုေလးေတြကိုလည္း အျပန္ျပန္ဖတ္ရသည္ကအေမာ။ ခ်စ္ေၾကာင္းထည့္ေရးလၽွင္ ၾကည္ႏူးရသလို ဟာသကေလးမ်ားပါလၽွင္ ရယ္ေမာရေသး၏။

မိဘေတြကလည္း သူ႔အျပဳံးေတြကိုၾကည့္႐ုံႏွင့္ အဆက္အသြယ္ရွိေနၾကေသးမွန္း ရိပ္စားမိၾကပုံရွိသည္။ သို႔ေသာ္ ဘာမွေတာ့မေျပာၾက၊ အေျခအေနကို ေစာင့္ၾကည့္ေနၾကပုံရ၏။

ယူေကတြင္ ေရာက္ေနရေသာေဇယ်ာသည္လည္း ဟိုတယ္အလုပ္သင္ ေျခာက္လၿပီးေျမာက္၍ Oxford Brookes University (OBU) တြင္ ေက်ာင္းတက္ေနရၿပီျဖစ္သည္။ အသက္ႏွစ္ဆယ့္ရွစ္ေရာက္မွ စာတဖန္ျပန္ေလ့လာရသည္က လြယ္လြန္းလွသည္ေတာ့မဟုတ္လွ။ က်က္မွတ္ရသည့္ပညာေရးစနစ္ မဟုတ္၍ေတာ့ ေတာ္ေသးသည္။ သို႔ေပမဲ့လည္း ဘာသာစကားအားနည္းခ်က္ေရာ၊ အစိမ္းသက္သက္ျဖစ္ေနေသာ ပညာေရးစနစ္ေၾကာင့္ပါ သူမ်ားႏွစ္ဆပိုေလ့လာရ၍ ပိုပင္ပန္းေလ၏။

တစ္ဖက္ကေတြးၾကည့္လၽွင္လည္း ေအာ့စ္ဖို႔ဒ္၏ေနရာေတာ္ေတာ္မ်ားကို သူ သေဘာက်မိသည္။ တကၠသိုလ္မ်ား စုေဝးရာၿမိဳ႕ဟုပင္ ေျပာရေလာက္ေပမည္။ ေျပာလည္းေျပာရမည္ထင္ ... Peter တက္ေနသည့္ ေအာ့စ္ဖို႔္ဒ္တကၠသိုလ္၏ လက္ေအာက္တြင္ပင္ ေကာလိပ္သုံးဆယ့္ရွစ္ခု ရွိသည္ဟုသိရသည္။ ဒါေတြသည္လည္း ေအာ့စ္ဖို႔ဒ္ဝန္းက်င္တြင္သာရွိသည္မို႔ သူ႔အေျပာကလြန္မည္မထင္။

ေက်ာင္းအမ်ားစုကလည္း ပုံစံတူရွိၿပီး ေလးေထာင့္ကြက္ပုံစံ တည္ေဆာက္ၾကသည္။ ၿပီးေနာက္ အလယ္မ်က္ႏွာစာတြင္ ျမက္ခင္းျပင္မ်ား ရွိၾကသည္။ အေဆာက္အဦးမ်ားမွာ အလယ္ေခတ္ (ေအဒီ ၁၁၀၀-၁၄၀၀) မွစ၍ ယေန႔ေခတ္မီပုံစံမ်ားထိ မ်ိဳးစုံရွိသည္။ ေရွးရိုးဆန္ေသာအေဆာက္အဦးမ်ားကအစ ေခတ္မီေက်ာင္းေဆာင္ႀကီးမ်ားအဆုံး စုံလင္စြာရွိလွသည္။

ေဇယ်ာကေတာ့ ဟိုတယ္ပိုင္းဆိုင္ရာ စီမံခန့္ခြဲမွုသာမက ဥေရာပ၏ေဆာက္လုပ္ေရးဆိုင္ရာ ဆက္စပ္ပစၥည္းမ်ားကိုပါ ေလ့လာခြင့္ရသည္မို႔ ေက်နပ္ေနရသည္။ ကေလးတစ္ေယာက္ကိုလည္း ေခၚျပခ်င္မိသား။

ယခုသည္ပင္လၽွင္ လန္ဒန္ၿမိဳ႕ထဲေရာက္တုန္းေရာက္ခိုက္ ျမင္ေတြ႕ေနရေသာ ေခတ္မီအေဆာက္အဦးတို႔ကို သူ ေငးေကာင္းေနဆဲျဖစ္သည္။ အတန္းမတက္ရသည့္ေန႔ေတြဆိုလၽွင္ ေဇယ်ာ သည္လိုပဲ လန္ဒန္သို႔ကူးလာတတ္သည္။ အေၾကာင္းမွာ သူ႔ကိုေခၚထားေပးသည့္ Peter မွာ ပိတ္ရက္ေတြဆိုလၽွင္ သူ႔ေကာင္မေလးကို ေခၚလာတတ္သည္မို႔ ေဇယ်ာ အလိုက္တသိ ေရွာင္ေပးေလျခင္း။

လန္ဒန္တြင္လည္း ငယ္သူငယ္ခ်င္း ရဲရင့္နိုင္ရွိတာမို႔ အေတာ္အဆင္ေျပတာပင္။ အရမ္းခင္ၾကသည့္ ငယ္သူငယ္ခ်င္းေတြမို႔ ပိတ္ရက္ဆို သူ႔ဆီပင္သြားေနျဖစ္သည္။ အားနာစရာမလိုဘဲ ရဲရင့္ကပင္ သူ မလာသည့္အပတ္ဆိုလၽွင္ ဖုန္းတစ္ဂြမ္ဂြမ္ ဆက္တတ္ေသးသူျဖစ္၏။ ငယ္စဥ္ကတည္းက ေဇယ်ာ၊ ထက္ျမႏွင့္ ရဲရင့္ဟူ၍ သူတို႔ကတတြဲတြဲရွိၾကသည္။ ရဲရင့္တစ္ေယာက္ကသာ ေဆးတကၠသိုလ္မွဘြဲ႕ရၿပီး လန္ဒန္ကိုထြက္ခဲ့သည္မို႔ သူတို႔ေတြကြဲသြားၾကရျခင္း။

ေအာ့စ္ဖို႔ဒ္ႏွင့္လန္ဒန္မွာ ရထားႏွင့္သြားလၽွင္ တစ္နာရီေလာက္သာၾကာတတ္တာျဖစ္၏။ ဟိုနားသြား၊ သည္နားသြားလိုပဲမို႔ ေဇယ်ာ့အတြက္ အခ်ိန္အမ်ားႀကီးေတာ့ ေပးစရာမလိုလွေပ။ ရဲရင့္ကလည္း သူ လာလည္ၿပီဆိုသည္ႏွင့္ တစ္ေနရာမဟုတ္တစ္ေနရာ လိုက္ပို႔ဖို႔ေခ်ာင္းေတာ့သည္။ လန္ဒန္ေရာက္တာၾကာၿပီျဖစ္တာမို႔ ဗမာသူငယ္ခ်င္းငတ္ေနေလမွန္း သိပ္သိသာသည္။ ဒါမို႔ ပိတ္ရက္ဆိုလၽွင္ ရဲရင့္အဖို႔ ေဇယ်ာ့ကို သူ႔အပိုင္လိုေခၚထားေတာ့တာခ်ည္း။

ေတြးရင္းေလၽွာက္ရင္းႏွင့္ပင္ မနက္ဆယ္နာရီပင္ ေက်ာ္လာေလၿပီ။ သူေလၽွာက္လွမ္းေနသည့္ Baker St. တစ္ေလၽွာက္တြင္ ေနေရာင္က ထင္းထင္းလင္းလို႔ေန၏။ သည္လမ္းတြင္ အထင္ကရျဖစ္ေသာ ရွားေလာ့ခ္ဟုမ္းျပတိုက္မွာျဖင့္ သူေလၽွာက္လွမ္းရင္းက ေက်ာ္ခဲ့ေခ်ၿပီ။ ေရွ႕ႏွစ္ျပေလာက္ဆိုလၽွင္ ရဲရင့္ေနသည့္အေဆာက္အဦးသို႔ ေရာက္ေတာ့မည္ပင္။ အဝတ္ထည့္လာသည့္ ေက်ာပိုးအိတ္တစ္ဖက္၊ ေဈးဝယ္လာသည့္ အိတ္တစ္ဖက္ႏွင့္ ေဇယ်ာေလၽွာက္မိေတာ့သည္က ခပ္သုတ္သုတ္ပါပဲ။

"ဟာ ... လာၿပီလား၊ ေနာက္က်လိုက္တာ။ ငါ ဗိုက္ေတာင္အေတာ္ဆာေနၿပီ"

"ေအးကြာ၊ ေဈးဝင္ဝယ္ေနတာ နည္းနည္းၾကာသြားတယ္"

တစ္ေယာက္တည္းျဖစ္ေနၾကသူခ်င္းမို႔ ပိတ္ရက္တြင္ဆုံကာ ခ်က္စားၾကျခင္းက သူတို႔အလုပ္တစ္ခုလို။ ေဇယ်ာကလည္း ထြက္လာကတည္းက ေဈးဝယ္လာတတ္သလို တစ္ခါတရံ အိမ္ရွင္ႏွင့္အတူ စားစရာဝင္ခ်က္တတ္သည္။ ဟိုတယ္တြင္ အလုပ္သင္ဆင္းစဥ္က အစားအေသာက္ပိုင္းပါ ဝင္ခဲ့ရသည္မို႔ သူ႔အတြက္ သိပ္အခက္အခဲမရွိေတာ့ပါေပ။ အရင္ကဆိုလၽွင္ျဖင့္ ၾကက္ဥေတာင္ အဆင္ေျပေအာင္ ေၾကာ္တတ္သူမဟုတ္ပါေခ်။

"ေဇယ်ာ ... ဘာလိုလိုနဲ႔ မင္းေရာက္လာတာေတာင္ တစ္ႏွစ္ေက်ာ္ၿပီေနာ္"

ခ်က္ျပဳတ္ၿပီးစီးလို႔ စားေသာက္ဖို႔ျပင္ၾကေတာ့ ရဲရင့္က စကားစလာသည္။ ေဇယ်ာလည္း ဖန္ခြက္ထုတ္ကာ စားပြဲဆီျပန္လာခဲ့သည္။ ခပ္ေအးေအးရာသီဥတုအတြက္ ဝိုင္ေလးကလည္း မပါမျဖစ္။

"အင္း ... တစ္ႏွစ္သာေက်ာ္သြားတယ္။ ျပန္ဖို႔လည္း အခ်ိန္မ်ားမ်ားမရတာနဲ႔ မျပန္ရပါဘူး။ ငါ့ရည္းစားေလး လြမ္းလိုက္တာ"

"ဟမ္ ... ငနာေကာင္! စကားဆယ္ခြန္းေျပာရင္ ရွစ္ခြန္းက သူ႔ကေလးအေၾကာင္းမပါရင္ မၿပီးဘူး။ တကတဲ ရည္းစားမထားဖူးတာက်လို႔။ ငါလည္းရည္းစားရွိပါတယ္။ အဲေလာက္ထည့္ေျပာလို႔လား"

ဟုတ္ေတာ့လည္းဟုတ္သည္။ ရဲရင့္ အျပစ္ေျပာတာလည္း မလြန္ပါေခ်။ သို႔ေပမဲ့ ရဲရင့္ရည္းစားက လန္ဒန္က လူမ်ိဳးျခားပင္။ သူတို႔လိုခြဲေနရျခင္းမ်ိဳးမဟုတ္။ သူ႔မွာသာ လြမ္းေဆြးေနရသူမို႔  ခန့္ခန့္ ဘယ္လိုေခ်ာေၾကာင္း၊ စာဘယ္လိုေတာ္ေၾကာင္း မေမာနိုင္၊ မပမ္းနိုင္ေအာင္ ရွာႀကံေျပာေနရတတ္သည္။

"မင္းတို႔က တစ္နိုင္ငံထဲအတူရွိေနတာကိုး။ ငါတို႔က ခဏတျဖဳတ္ေတာင္ ေျပးေတြ႕လို႔မရတဲ့ထိ ေဝးေနတာ။ ကိုယ္ခ်င္းစာစမ္းပါ"

ေဇယ်ာမွာ ဝိုင္ပုလင္းကို သပ္ရပ္စြာေဖာက္ရင္း ဖန္ခြက္ထဲသို႔ ျဖည္းျဖည္းခ်င္းသာ ေလာင္းထည့္ခ်လိုက္သည္။ အရင္က ဝိုင္ကိုသိပ္အႀကိဳက္ႀကီးမဟုတ္ေသာ္လည္း ေအးခ်မ္းလြန္းလွသည့္ ရာသီဥတုေၾကာင့္ေရာ၊ အေျမႇာက္ေကာင္းေသာ ရဲရင့္ေၾကာင့္ပါ ဝိုင္ကိုစြဲလမ္းတတ္လာေလၿပီ။ သည္လို ဒီဇင္ဘာရာသီဥတုႏွင့္ဆို လိုက္မွလိုက္ဖက္သည့္အျဖစ္။

"လာမဲ့ႏွစ္သစ္က ပိတ္ရက္မ်ားတယ္ေလ၊ မျပန္ဘူးလား။ ငါေတာင္ အေမ့ကိုျပန္လာမွာေျပာထားၿပီးၿပီ"

"ဟား ... ငါ့လည္းအထင္မေသးပါနဲ႔၊  Flight ေတာင္ ႀကိဳစုံစမ္းၿပီးသြားၿပီ"

ေဇယ်ာေျပာအၿပီး ရဲရင့္က ခ်က္ခ်င္းပင္ အာလူးေၾကာ္ဗူးခြံႏွင့္ ေကာက္ေပါက္လိုက္သည္။

"ငနာက ဒါမ်ိဳးက် ေျပာေဖာ္မရဘူး။ မင္းကေလးကိုေတာ့ ရႊန္းရႊန္းေဝေအာင္ ေျပာထားၿပီးၿပီမလား"

အေရွာင္ေကာင္း၍လြဲသြားေသာ ဗူးခြံအား ေဇယ်ာ ျပန္ေကာက္ရင္း ခိုးခိုးခစ္ခစ္ ရယ္မိေတာ့သည္။ 'မင္းကေလး' ဆိုသည့္စကားအား သိပ္သေဘာက်သည္ကိုး။

"မေျပာထားဘူး။ သူမသိေအာင္ တိတ္တိတ္ေလးျပန္ၿပီး အံ့အားသင့္ေအာင္လုပ္မွာ"

သူ႔အေျပာအား မ်က္ခုံးပင့္ကာ ေခါင္းညိတ္ရင္းလက္ခံသူက ရဲရင့္ပါေပ။

ေဇယ်ာ တကယ္လည္း ခန႔္ခန႔္ကို ျပန္လာမည့္အေၾကာင္း ဘာမွမေျပာထားေခ်။ တစ္ႏွစ္ၾကာ မေတြ႕ရသည့္ခ်စ္သူေလးအား တိုးတိုးတိတ္တိတ္ျပန္ရင္း ရင္ခုန္ေအာင္လုပ္ရမည္။ သုံးပတ္အတြင္း ေတြ႕ရေတာ့မည္ဆိုသည့္အသိက ေဇယ်ာ့ႏွလုံးေသြးတို႔ကို ခ်က္ခ်င္းတိုးေစမိသည္ထင္၏။ တလွုပ္လွုပ္ ရိုက္ခတ္လာျခင္းေၾကာင့္ ရင္ေတြခုန္လွသည္။

သူ႔ခ်စ္သူ ကေလးတစ္ေယာက္မွာျဖင့္ ဝလာမလား၊ ပိန္သြားမလား။ အသားေတြေရာ ပိုေဖြးေနမလား။ အရင္လိုေရာ နေမာ္နမဲ့ နိုင္တုန္းပဲလား။ ပုံမွန္ video call ႏွင့္ျမင္ေနရသည့္တိုင္ အျပင္ပိုင္းဟန္ပန္၊ ခႏၶာကိုယ္အစိတ္အပိုင္း အေသးစိတ္ကစ လြမ္းရသည္။ ကေလးႏွင့္ပတ္သက္သမၽွ အရာရာတိုင္းကို သိခ်င္လွသည္။ ပါးမို႔မို႔ေလးေတြေပၚမွ ေမႊးညႇင္းႏုႏုေလးေတြကစ သူ ထိေတြ႕ေနခ်င္မိၿပီကိုး။

အထူးသျဖင့္ သတိတရလြမ္းဆြတ္သည္ကေတာ့ ဝိုင္ထက္ရစ္မူးဖြယ္ေကာင္းလွသည့္ စြဲမက္ဖြယ္ ကႀကီးပုံႏွုတ္ခမ္းဖူးဖူးေလးပင္။

19/10/2020
•••••••••••••••••••••••••••••••••••••••••

Bạn đang đọc truyện trên: Truyen3h.Co