Truyen3h.Co

နှောင်ကြိုး

Part - 36 (🎉 Happy New Year 🎉)

Fi_Lay



<Unicode>

အစိမ်းရောင်၊ အနီရောင်၊ ခရမ်းပြာရောင်တို့ ရောထွေးနေသောမီးရောင်စုံတွေမှာ အခန်းကျယ်ကြီးထဲတွင် ဟိုသည်ဝေ့ဝဲနေသည်။ ဒီဂျေသီချင်းသံများ ပျံ့လွင့်နေသည်ကလည်း နားအူလောက်အောင်ထိ ဆူဆူညံညံနှင့်။ လူငယ်တွေကလည်း စည်းချက်ညီ မြူးထူးကခုန်ကြရင်း နှစ်သစ်ကိုကြိုရန် စောင့်ဆိုင်းနေကြ၏။

လူငယ်တွေဟု တွေးလိုက်သောခန့်ခန့်သည်လည်း တကယ်တော့ လူငယ်တစ်ယောက်ပါပဲ။ သို့သော် အခြားသူများနည်းတူ မြူးထူးကခုန်ချင်လောက်အောင် စိတ်ကကြည်လင်နေခြင်းမရှိ။ ခန့်ကိုတို့၊ စည်သူတို့ကတော့ မိုးမမြင်၊ လေမပြင် ပျော်ပါးနေကြတာပင်။ သူတို့ကြည့်ကာ ကိုယ်ကအားကျရမလို၊ ဝမ်းနည်းရမလိုပါပဲ။

အထဲလည်း ထိုင်မနေချင်တော့သည့် အတူတူမို့ ခန့်ခန့် အပြင်ထွက်ခဲ့လိုက်သည်။ Rooftop bar ဖြစ်၍ လူရှင်းသည့်အပြင်က လေညင်းခံဖို့တော့ အကောင်းဆုံးနေရာလေးဖြစ်၏။ တစ်ယောက်ထိုင် အမြင့်ခုံလေးတွေပါရှိတာမို့ သူ ခုံပေါ်တက်ပြီး ရန်ကုန်မြို့ညအလှကို ဝေ့ဝဲကြည့်လိုက်သည်။ ရှစ်လွှာဖြစ်၍ လေကတဟူးဟူး။ ကားဆီနံ့တွေ ကင်းရှင်းနေပြီး စိတ်ကိုပေါ့ပါးစေသော လေထုကို ခံစားရတာပင်။

သို့ပေမဲ့ အထဲမှ ဒီဂျေသံအုံးအုံးဒိုင်းဒိုင်းတွေကတော့ အပြင်ဘက်ထိ ရိုက်ခတ်နေဆဲဖြစ်သည်။ ဤသို့သော ဘားတို့တို့၊ ကလပ်တို့က ခန့်ခန့်အတွက် အစိမ်းသက်သက် ဖြစ်နေခြင်းမျိုးမရှိ။ လူငယ်သဘာဝ ရံဖန်ရံခါ လာပျော်နေကျပဲမို့ နှစ်သက်သည့်ထဲတွင် ပါဝင်သည်ဟုတောင် ပြောရမည်။

သည်နေ့မှသာ စိတ်မကြည်တာမို့ အထဲက အသံတွေနှင့်အနံ့တချို့ကို မခံစားနိုင်တာဖြစ်သည်။ ပြီးလျှင် သည်ကအပြန် ကလောကို ခရီးတန်းဆက်ကြမည်ဖြစ်၏။

ခန့်ကို၏အတင်းအကြပ် အစီအစဉ်ကို သူ သဘောသိပ်မကျပါသော်လည်း နှစ်မကူးခင် တစ်ပတ်အလိုလောက်ကတည်းက မေမေ့ဆီ လာကပ်၍ ပူဆာနေခဲ့သည်။ နှစ်ကူးညပြီးလျှင် ကလောကို တစ်ညအိပ်၊ နှစ်ရက်လောက် အဖွဲ့လိုက်ခရီးထွက်ချင်ပါတယ်ဆိုပြီး ပူဆာတာကဇွတ်။ မေမေဆိုတာကလည်း ခန့်ကိုလို လိမ္မာချင်ယောင်ဆောင်သည့်ကောင်ပြောလျှင် နှစ်ခါတောင်မလိုအပ်ပါပေ။

သို့ပေမဲ့ ချစ်သူလူကြီးပါ နှစ်ကူးချိန် မြန်မာပြည်ပြန်မလာတာမို့ ခန့်ခန့် လိုက်ဖြစ်ဖို့သာ အကြောင်းဖန်သွားသည်။ ပုံမှန်ဆိုလျှင် လူကြီးပြန်လာမည်ထင်၍ သူ သည်ခရီးကို အသည်းအသန်ငြင်းမိမှာဖြစ်သည်။ သို့ပေမဲ့ လူကြီးကိုက ကျောင်းကိစ္စတွေကြောင့် မပြန်လာဖြစ်ဘူးတဲ့လေ။

ဘယ်လောက်များ အစီအစဉ်မကျလေတဲ့ စကားပါလဲ။ တွေးရင်းက ခန့်ခန့် စိတ်တိုလာပြန်သည်။ ဒါမို့လည်း အဆက်အသွယ်မလုပ်ဘဲ စိတ်ဆိုးနေတာ လေးရက်ပင်ရှိလေပြီ။ တစ်နှစ်ကျော်မျှ မတွေ့ရသည့်ချစ်သူကို လွမ်းလည်းလွမ်းရသလို၊ စိတ်လည်းအတော်ဆိုးမိသည့်အဖြစ်ပါပဲ။

မသွားခင်ကပြောသွားတော့ ခဏခဏ ပြန်လာပါမယ်တဲ့လေ။ အခုတော့ တစ်နှစ်လုံးလည်း အကြောင်းအမျိုးမျိုးကြောင့် ပြန်မလာဖြစ်။ အခုလို ပိတ်ရက်ရှည်တာ‌တောင် ဆင်ခြေတွေများနေသေးသည်။

ကျစ်! ပုံပြင်တွေ ပြောသွားတယ်။

တွေးရင်းတွေးရင်းက ဒေါသတွေထွက်လာတော့ ခန့်ခန့်နှုတ်က ခပ်တိုးတိုး ရေရွတ်မိတာပင်။ နှစ်သစ်ကူးမည့်ညချမ်းက အေးမြနေပါသော်လည်း သူက စိတ်အိုက်နေသည်။ လေသာဆောင်မှာပင် မြင်မြင်သမျှ အတွဲတိုင်းကလည်း အမြင်ကတ်စရာကောင်းလောက်အောင် ပူးကပ်နေကြသလို နမ်းသည့်အတွဲကနမ်းနေကြသေးသည်။

မမြင်ချင်တော့သည့်အဆုံး လက်ထဲပါလာသည့် အရက်တစ်ခွက်အား အကုန်မော့ချလိုက်တော့သည်။

အား!

ခါးသည်။ ရှသည်။ ပြီးနောက် လည်ချောင်းထဲသို့ ပူဆင်းကာ ဝင်သွားသည်။ ပုံမှန်ဆို ခေါင်းကိုက်တတ်တာမို့ သိပ်မသောက်ပေမဲ့ သည်ညကတော့ ကိုယ့်ကိုယ်ကိုတောင် မညှာချင်မိ။ မူးပြီးမှောက်လျှင် မေ့လိမ့်မည်။ သည်လိုနှင့် သူ လေသာဆောင်မှာတင် တစ်ယောက်တည်း ထိုင်သောက်နေမိသည်ကား သုံးခွက်ထက်မနည်းခဲ့

နှစ်ကူးချိန်ကျလာတာနှင့် အထဲစည်းချက်တွေက ပိုမြိုင်လာသည်။ ခန့်ခန့် မူးနောက်နောက်နှင့် နာရီကိုကြည့်တော့ ဆယ့်နှစ်နာရီထိုးဖို့ တစ်မိနစ်စွန်းစွန်းသာ ကျန်တော့တာပင်။ နှစ်သစ်ရောက်တော့မည်ပဲ။

သူ တွေးမပြီးမကြာလိုက်၊ အတွင်းထဲမှ Countdown အော်သံတွေ စတင်လာလေပြီ။ အသံလိုက်မထွက်မိသော်ငြား မဟူရာကောင်းကင်ကြီးကိုငေးရင်း စိတ်ထဲတော့ ရေရွတ်နေမိ၏။

5, 4, 3, 2, 1 ... Happy New Year!

ကျယ်လောင်သောမြူးထူးအော်သံတွေနှင့်အတူ အပြိုင်အဆိုင်ဖောက်လာကြသည့် မီးရှုးမီးပန်းတို့က  ကောင်းကင်ယံတွင် အရောင်စုံလင်စွာ။ တဖွားဖွား ဖြာကျနေသောမီးပွားတို့က အနီတစ်ခါ၊ အဝါတစ်လှည့်နှင့်။ တလက်လက်ထနေပုံက ကတ္ထီပါစပေါ်တွင် စိန်ပွင့်တွေကျဲဖြန့်ကျနေသည့်နှယ်။

ခန့်ခန့် ထိုသို့သောညလေးတစ်ညကို သတိရသွားတော့ မျက်အိမ်အတွင်း အရည်ကြည်တို့က ရစ်သိုင်းချင်လာသည်။ လွမ်းဆွတ်ချင်လာသည်။ အနားမှာရှိစေချင်သောဆန္ဒကလေး ဖြစ်ပေါ်လာသည်။ စိတ်ညစ်ညစ်နှင့် ခေါင်းငိုက်စိုက်သွားခိုက် မွှေးပျံ့လာသည်က ရင်းနှီးနေသော ရနံ့တစ်မျိုး။ ထုံအီနေအောင် မွှေးတာမျိုးမဟုတ်ဘဲ ယောက်ျားဆန်ပြီး Luxury ဖြစ်သည့်ရနံ့မျိုး။ ဒါသည် လူကြီးနှင့်နီးနီးကပ်ကပ်ရှိနေချိန်များတွင်သာ ရတတ်သည့်ရေမွှေးနံ့မလား။

ခန့်ခန့် ဝေခွဲမရဖြစ်နေစဉ် လက်တစ်စုံ၏ ညင်သာသောပွေ့ဖက်မှုကို ဦးစွာခံစားလိုက်ရသည်။

"Happy New Year ပါ ... ကိုယ့်ကလေးလေး"

အသံနှင့်အတူ နားသယ်စပ်ကလေးကိုပါ ကျရောက်လာသော အနမ်းတစ်ပွင့်။

'လူကြီး!'

အသံရော၊ ရနံ့ပါ လူကြီးဆိုတာသေချာပေမဲ့ ထိတ်လန့်အံ့ဩမှုနှင့်အတူ နောက်ပြန်လှည့်ကြည့်ရင်း အတည်ပြုမိသည်။ တကယ်ပဲ သူ့ချစ်သူလူကြီး ဖြစ်နေပါရော။ သေချာပါရဲ့လား။ သူ အရက်ရှိန်ကြောင့် ခေါင်းတွေနောက်နေလို့ပဲ မြင်ယောင်နေခြင်းလား။ ခန့်ခန့် လက်သေးသေးလေးတွေနှင့် ထိုသူ၏ ပါးနှစ်ဖက်ကို ကိုင်ကြည့်လိုက်သေးသည်။

"ကလေး"

ပြုံးစစနှင့် ခေါ်လာသည့်ထိုနှုတ်ဖျား။ ခွက်ဝင်သွားသော ဘေးကပါးခွက်ကလေးတွေ။

တကယ်ပဲ၊ တကယ်ကို သူ မျှော်နေရသည့်ချစ်သူလူကြီးပါပဲ။

ခန့်ခန့် လက်နှစ်ဖက်နှင့် ချစ်သူ၏လည်တိုင်ကိုယှက်ကာ တစ်ဆုံးပွေ့ဖက်လိုက်တော့သည်။ အရပ်ရှည်သော ဇေယျာ့၏ကိုယ်လေးမှာလည်း အနည်းငယ်ကိုင်းညွတ်သွားသယောင်နှင့်။ ဇေယျာတစ်ယောက် ပြုံးစစနှင့် ခန္ဓာကိုယ်သေးသေးအား အားပါးတရဖက်လိုက်တော့သည်။

"ကိုယ့်ကလေးကို အရမ်းပစ်ထားမိပြီထင်တယ်"

သူ့ကိုမြင်မြင်ချင်း သေချာစမ်းကြည့်ပြီးမှ တင်းကြပ်စွာဖက်ထားသည့် ကလေးပါပဲ။ တကယ် သူ့ကိုမျှော်နေခဲ့ပါသောချစ်သူလေး။ အနေဝေးလို့ သွေးအေးတတ်သူတွေထဲတွင် မပါဝင်ခဲ့သူလေး။ သူ ဘယ်လောက်ကံကောင်းလိုက်ပါသလဲနော်။

ခန့်ခန့်အဖို့တော့ ဘာစကားမျှမပြောနိုင်သေးဘဲ မိနစ်အနည်းငယ်ကြာသည်ထိ ဖက်ထားနေမိဆဲပင်။ ရီဝေဝေဖြစ်နေသောစိတ်ကြောင့် အိပ်မက်လိုလို၊ အတွေးလိုလိုဖြစ်နေမှာလည်း ကြောက်နေမိသည်။

"ခဏလေးခွါပါဦး ကလေးရယ်။ ကိုယ် ကလေးမျက်နှာလေး ကြည့်ပါရစေဦး"

ဇေယျာပြောတော့မှ ခန့်ခန့် ဖက်ထားသည့်လက်နှစ်ဖက်ကို အောက်ချလိုက်သည်။ ပြီးနောက် ထိုင်ခုံတွင်ထိုင်လျက်သား အနေအထားနှင့် ခပ်မော့မော့လေး ကြည့်ရှာ၏။ သူ တကယ်မယုံဝံ့သေးသည့်ဟန်။

မမြင်တာကြာတော့ လူကြီးပုံစံက ပြောင်းလဲသွားသည်။ ခန္ဓာကိုယ်အချိုးအစားက သိပ်မသိသာသော်လည်း အပြင်တွင်မြင်ရသော မျက်နှာအသားအရည်က ပိုကြည်လင်လာသည်။ အရင်ကထက်လည်း ပြည့်လာသည်။ ပြောင်းထားသည့် ဆံပင်ပုံစံကလည်း တမျိုးကြည့်ကောင်းပြန်၏။ လွန်ခဲ့သည့်အပတ်ကနှင့် မတူတာမို့ ဒါပြန်ခါနီးမှ ပြောင်းလာတာဖြစ်ရမည်။

"ဘယ်တုန်းက ပြန်ရောက်နေတာလဲ"

သူ့အား ခပ်စိုက်စိုက်ကြည့်နေသောလူကြီးကို ပထမဆုံး ပြောမိသည့်ခန့်ခန့်လေသံက အနည်းငယ် မာသွား၏။ ပြန်လာလို့ပျော်တာမှန်ပေမဲ့ သူ နည်းနည်းတော့ စိတ်ကောက်ရမည်မလား။

"မနေ့ကပြန်ရောက်တာ ကလေး"

"အဲဒါ ဘာလို့ခင်ဗျားကြီးက လူကိုလာမတွေ့ဘဲ နေနေရတာလဲဗျ။ ပြန်မလာဘူးဆိုပြီးလည်း လိမ်သေးတယ်"

ခန့်ခန့်ပြောရင်း ဇေယျာ့ဗိုက်အား လက်သီးနဲ့ ခပ်ဖွဖွ နှစ်ချက်ဆင့် ထိုးလိုက်သည်။ သိပ်ချစ်ရတော့လည်း တကယ့်ခပ်ဖွဖွရယ်ပါ။

"အဝေးကြီးကနေ ပြန်လာတဲ့ချစ်သူကို ပြောနေပုံကခင်ဗျားကြီးတဲ့။ ငရဲကြီးမယ်နော်"

"ကြီးကြီးဗျာ"

ခန့်ခန့် ရန်ပြန်တွေ့မိသည်။ ပြန်မလာဘူးပြောပြီး သူ့ကိုစိတ်ဒုက္ခပေးခဲ့တာ တစ်ပတ်၊ နှစ်ပတ်တောင်မက။ ဒါမို့ ထပ်ထိုးမယ်ပါပြင်လိုက်သော် လက်သီးဆုပ်ကို ချစ်သူက သိမ်းပိုက်ကာ နမ်းရှိုက်ပြီးလေပြီ။

"ကြည့်ပါဦး၊ ကြည့်ပါဦး။ ကိုယ်နဲ့မတွေ့ရတဲ့ တစ်နှစ်အတွင်းမှာ ဒီနှုတ်သီးလေးက အတော်စွာတတ်နေပြီပေါ့လေ ဟုတ်လား"

ဇေယျာက သူ့ကလေးနှုတ်ခမ်းလေးအား လက်နှစ်ချောင်းဖြင့် အသာချုပ်ကာ ပြောပြန်သည်။ တကယ့်နူးညံ့လိုက်သည့် နှုတ်ခမ်းဖူးဖူးလေး။

သူ့ကို ပြန်ရန်တွေ့ချင်နေသည့် နှုတ်ခမ်းကွေးလေးအား ဇေယျာ သည်တိုင်းကြည့်မနေနိုင်တော့ဘဲ တရှိုက်မက်မက် နမ်းလိုက်တော့သည်။ အားမပါဘဲ ရုန်းကန်နေသော ကလေးငယ်အား အပိုင်ချုပ်ထားမိတော့၏။

လေအဝေ့တွင် အနမ်းတွေလည်း စိတ်ထင်တိုင်းကြဲတော့ အချစ်ရနံ့တွေပါ သင်းထုံလာသယောင်။

"လူကြီး လွှတ်ဦး"

ဇေယျာ ချုပ်ထားသည့်ကြားက ခန့်ခန့်မှာ ရင်ဘတ်အား အသာတွန်းထုတ်လိုက်သည်။

"ဟိုဖက်မှ လူတွေရှိတယ်ဗျ၊ အတင့်ရဲမနေနဲ့။ ဒါ ယူကေမဟုတ်ဘူး၊ မြန်မာပြည်"

"ကိုယ် မနေနိုင်တော့ဘူးလေ။ အရမ်းနမ်း...၊ အဲ ... အရမ်းလွမ်းနေပြီလေ"

ဇေယျာပြောချင်သည်ကို ခန့်ခန့် သဘောပေါက်၍ တစ်ချက်ပြုံးလိုက်သည်။

"ဟင်း"

"ငဂျစ်ကလေးက သောက်ထားတာပဲ။ တော်တော်များများမယ်ထင်တယ်၊ ခုလေးတင် နှုတ်ခမ်းကနေ ကိုယ် အနံ့ရလိုက်တာ"

"နည်းနည်းပါ လူကြီးရ။ လာ ... အထဲသွားကရအောင်"

ခုနက ကခုန်နေသူများကို မကြည်ဖြူ၊ ငြူစူခဲ့သမျှ အခုတော့ ခန့်ခန့် ကိုယ်တိုင်က ကချင်နေလေပြီ။ စိတ်အစဉ်တို့ကလည်း မြူးထူးနေပြီမလား။

"ကိုယ်မကတတ်ဘူး"

"လာပါဆို"

သူ့လက်ကိုဆွဲကာ ခေါ်သွားသည့်အကောင်ပေါက်လေးက ကိုယ်လုံးကိုယ်ထည်တောင် အနည်းငယ်တော့ ထွားလာလေပြီ။ အရပ်လေးတောင် ရှည်ထွက်လာသလိုလို။

အထဲရောက်သည်နှင့် အားလုံးမြူးထူးနေကြသည်။ ရီဝေဝေဖြစ်နေသည့် ကလေးမှာလည်း သူ့သူငယ်ချင်းတွေနှင့်အတူ စည်းချက်ညီညီ ချစ်စရာကောင်းအောင် လိုက်ကနေတော့သည်။ Hoddie အဖြူပွပွလေး ဝတ်ထားသည့်ကလေးက လုံးလုံးလေးနှင့် အားလုံးကြားတွင် ထင်နေလေ၏။

ဇေယျာမှာ လိုက်မကနိူင်သည့်တိုင် သူ့ကလေးကိုတော့ လဲကျမသွားစေရန် ထိန်းကာပေးရရှာသည်။ သောက်သမျှ၊ စားသမျှလည်း လိုက်လံကြည့်ပေးရသည်။ ဇေယျာ့အဖို့ ခန့်ကိုတစ်ယောက်ကိုသာ ဘယ်သူဘယ်ဝါရယ်သိသော်လည်း၊ ကလေးသူငယ်ချင်းတွေကတော့ ရိပ်မိနေကြပုံပင်။ ခန့်ကိုကို ချိတ်ဆက်ပြီး လိုက်လာတာမို့ ကြိုပြောထားသည်ထင်ပါရဲ့။

နှစ်သစ်ကူးအပြီး နာရီဝက်ကျော်ကြာသည်အထိ ခန့်ခန့်မှာ မမောနိုင်မပမ်းနိုင် ကနေသေးသည်။ သို့ပေမဲ့ သောက်ထားတာလည်း မနည်းတာမို့ နားဖို့သင့်နေလေပြီ။ ဇေယျာချော့၍သာ ခေါ်လာခဲ့ရတော့သည်။

"ဘယ်ခေါ်လာတာလဲ။ ပြန်တော့မလို့လား၊ ခုမှတစ်နာရီတောင် မထိုးသေးဘူး"

"မစောတော့ဘူး၊ ပြန်မယ်လေ။ ခန့်ကိုလည်း ဆင်းလာနေပြီ"

သည်လိုနှင့် ဇေယျာ အမူးမပြေသေးသည့်ကလေးအား ဓာတ်လှေကားမှသည် ကားပေါ်ထိ တအိအိဖေးမခေါ်လာခဲ့သည်။ အမူးသမားလေးမှာတော့ ကြွက်ကြွက်ညံနေသည့် ရစ်သံတွေ ပြောလို့မဆုံး။ ဇေယျာ သေချာတင်ပေးပြီး ကားတံခါးပိတ်လိုက်မှသာ တိတ်ဆိတ်သွားတော့၏။ ထို့နောက် ခန့်ကို သူတို့နောက်မှရောက်လာပြီး စီစဉ်ထားသည့်အတိုင်း ကားချင်းပြောင်းစရာရှိတာ ပြောင်းကြသည်။

"ကံကောင်းပါစေ အစ်ကိုရေ"

"ကျေးဇူးကွာ ငါ့ညီရာ၊ အပြန်လက်ဆောင်ဝယ်ခဲ့မယ်"

"များများနော်"

အတည်ပေါက်နှင့် နောက်တတ်သည့်ခန့်ကိုကို သူ နှုတ်ဆက်အပြီး ကားပေါ်ရောက်တော့ ကလေးက မှိန်းနေလေပြီ။ ဒါလည်းတစ်မျိုးကောင်းသည်မို့ သူ မနှိုးတော့ဘဲ ကားကိုသာ တစ်နေရာဆီ ဦးတည်မောင်းနေလိုက်သည်။

နှစ်ပတ်လောက်ကြိုကာ စီစဉ်ခဲ့ရသောအကြံအစည်လေးမို့ စိတ်တော့လှုပ်ရှားရသား။ အံ့အားသင့်စေချင်သည့်စိတ်နှင့် ပြန်မလာပါဘူးလိမ်မိတော့လည်း သူ့ခမျာ စိတ်ဆိုးခြင်းကို ခံလိုက်ရသေးသည်။ ခန့်ကိုကို ကြိုကြိုတင်တင် အကူအညီတောင်းပြီး အားလုံးသေချာပြီဆိုမှသာ ဖွင့်ပြောဖို့ကြံခဲ့လေခြင်း။ အခုတော့ မတွေ့ရတာတစ်နှစ်တောင်ကြာပြီဖြစ်သော ကောင်ကလေးမှာ သူ့နံဘေးတွင် အိပ်ပျော်လို့နေပြီ။

သို့သော် ကားမောင်းလာပြီးလို့မှ သိပ်မကြာလိုက်။ အငြိမ်မနေသည့် ခန့်ခန့်က ဟိုလှုပ်သည်လှုပ်နှင့် ပြန်နိုးလာသည်။ ဇေယျာ ကားကိုဖြည်းဖြည်းမောင်းရင်း ဘေးကိုစောင်းငဲ့ကြည့်နေရသေး၏။

"ဟင် ... လူကြီး ဘယ်သွားနေတာလဲ။ ခန့်ကိုရော ... ခန့်ကို။ မနက်ကျ ခန့်ကိုတို့နဲ့ ခရီးသွားရဦးမှာ"

နိုးနိုးချင်း ကုန်းရုန်းထပြီး ကားအရှေ့၊ အနောက် ပတ်ချာလည်အောင်ကြည့်ပြီး သူ့သူငယ်ချင်းကိုရှာတော့သည့် မောင်မင်းကြီးသားလေးရယ်ပါ။ မူးသာမူးသည်၊ သူ့သူငယ်ချင်းကိုတော့ ဘယ်လိုမှမမေ့။ ပြီးလျှင် အဲကောင်ကိုမတည့်ဘူးလို့ သူပဲခဏခဏပြောတတ်သည်။

"ခရီးသွားရမှာပါ ကလေးရဲ့။ ခန့်ကိုတို့နဲ့တော့ မဟုတ်ဘူး၊ ကိုယ်နဲ့"

"ဘယ်လိုကြီး"

ခန့်ခန့်တစ်ယောက် အမူးပင်ပြေသွားသည့်ရုပ်နှင့် ငူငိုင်နေရာက ထထိုင်မိသည့်အဖြစ်။ မူးရူးခုန်ပေါက်ထားတာမို့ Hoddie အဖြူတွင် ပေါ်နေသောခေါင်းလုံးလုံးလေးမှာ ဆံပင်တွေ ထိုးထိုးထောင်ထောင်ရယ်ပါ။

"ရှင်းအောင် ပြောပြမယ်နော်။ သေချာနားထောင်"

"အင်း"

မျက်လုံးလေး ပေကလပ်၊ ပေကလပ်နှင့် ခန့်ခန့်က နားထောင်တော့၏။ သည်ညအဖို့ အံ့အားသင့်စရာတွေများသွားသည့် မူးကြောင်ကြောင်ကလေးကို ကြည့်ရတာ သူ့အဖို့ အတော်ချစ်စရာကောင်းနေတာပင်။ အနေဝေးနေခြင်းကြောင့် အမူအရာလေးတွေ လွမ်းရတာလည်းပါမည်ထင်။ ဇေယျာ အလုံးစုံရှင်းပြရန်အတွက် လမ်းဘေးတစ်နေရာတွင် ကားကို ရပ်လိုက်ရတော့သည်။ ပြီးမှ ခါးပတ်ကိုဖြုတ်ပြီး ချစ်သူလေးဆီ သေချာလှည့်နိုင်တော့၏။ လက်တစ်စုံကို ဆွဲယူကိုင်တော့ အရင်ကဲ့သို့ သေးနုနေဆဲပါပဲ။

"ကိုယ် ပြန်မလာခင် နှစ်ပတ်လောက် အလိုကတည်းက ဒါတွေစဉ်းစားထားတာ။ ကလေးကို ကြိုမပြောဘဲ ပြန်လာမယ်။ ပြီးတော့ ခန့်ကိုကို အကူအညီတောင်းပြီး ကလေးနဲ့ခရီးသွားရဖို့ ကြိုခွင့်တောင်းခိုင်းရတယ်။ အဲဒါအဆင်ပြေသွားမှ ကိုယ်တို့နှစ်သစ်ကို အတူတူဖြတ်သန်းဖို့ရယ်၊ နှစ်ယောက်တူတူ ကလောကို တစ်ညအိပ်၊ နှစ်ရက် ခရီးထွက်ဖို့ရယ် စီစဉ်ရတာ"

"ဟာ!"

ပြူးကျယ်သွားသော မျက်လုံးလေးက ကြည်နူးခြင်းအရိပ်အယောင်များ လျှံထွက်ကျနေလေသည်။

"အဲဒါလေယာဉ်က မနက်ခင်းမို့ ခု လေယာဉ်ကွင်း သွားနေတာ။ ကိုယ် တစ်နှစ်ပတ်လုံးခွဲနေရတာမို့ ပြန်လာတုန်းလေးတော့ ကလေးနဲ့အကြာကြီး အတူတူ ရှိချင်တယ်ကွာ။ အဲဒါမို့ ခုလိုကြိတ်စီစဉ်ထားတာ ... စိတ်မဆိုးနဲ့နော်"

ခန့်ခန့် ပြောမပြတတ်အောင် ပျော်သွားရတာဖြစ်သည်။ လူကြီးသာမက သူသည်လည်း အချိန်ကြာကြာ အတူတူရှိချင်မိတာပါပဲ။ ဒါပေသိ သည်လိုမျိုး လုံးဝမတွေးမိ။ ပြန်လာရင် ချိန်းတွေ့တာလောက်ပဲ လုပ်မည်တွေးထားခဲ့တာမလား။ အခုတော့ ခဲခဲ့ရသမျှအလွမ်းရေခဲတောင်ကြီးမယ် တအိအိပျော့ဆင်းကျလာတော့မလိုပင်။

"ဒီနားကို ခံစားမိလား။ ရင်တွေအရမ်းခုန်နေတာ"

ခန့်ခန့်က ဇေယျာ့လက်ကိုဆွဲယူ၍ သူ့ရင်ဘတ်နားသို့ ထိကပ်စေသည်။ ရုတ်တရက်ကြီး ကောက်လုပ်ချတာမို့ ဇေယျာ့ခမျာ အကြောင်သား။ စနောက်ချင်စိတ်လည်း ချက်ချင်းပေါ်လာတာပင်။

"ခံစားမိလားလို့"

"အဟင်း ဘယ်လိုကလေးလဲ။ ချစ်သူတစ်ဖြစ်လဲ လူကြီးတစ်ယောက်ကို ရင်ဘတ်နား ကိုင်ခိုင်းနေတယ်"

ထိုစကားကြောင့် ခန့်ခန့်မှာ ပိုလို့ကြောင်သွားသည်။ ရိုးရိုးသားသား စမ်းစေချင်တာပါ။ ပြီးလျှင် ကိုင်တော့ဘာဖြစ်သလဲ၊ သူက မိန်းကလေးလည်း မဟုတ်။

"ဘာဖြစ်နေလို့လဲ။ ယောကျ်ားချင်းပဲကို"

ပြောပြီး ဇေယျာ့လက်ကို လွှတ်ချလိုက်တာ ဖတ်ခနဲ။ သည်တော့ ဇေယျာက တစ်ဖက်လှည့်ကာ စိတ်ဆိုးဟန်ဆောင်လိုက်သည်။

"လှည့်ပါဦးဗျ ဒီဘက်ကို"

"...."

ဘာမှတုန့်ပြန်မလာတာမို့ ခန့်ခန့် ပိုအသည်းယားလာကာ လက်တစ်ဖက်ကို ခုံပေါ်ထောက်၍ လူကြီးနားသို့ တိုးကပ်လိုက်သည်။

"ရှက်နေတာမလား"

အနီးဆုံးထိ တိုးကပ်လာပြီး သူကကိုယ့်ပြန်စနေတာမို့ ဇေယျာ အတွင်းစိတ်ကပင် ရယ်မိလိုက်သည်။ အပြင်တွင်တော့ ထုတ်မရယ်မိအောင် အံကြိတ်ထားလျက်၊

"ရှက်စရာလား။ ကလေးသာ အဲနေရာ..."

"အဲနေရာ ဘာဖြစ်လဲ"

ခန့်ခန့်ကပြောရင်း ကျန်လက်တစ်ဖက်နှင့် ဇေယျာ့ရင်ခုန်သံကိုပါ စမ်းသပ်ကြည့်ဟန်ပြုလာသည်။ ထိုအချိန်တွင် ဇေယျာက ထိကပ်လာသောခန့်ခန့်လက်ကို အသာဆွဲဖယ်ယူလိုက်ပြီး မျက်နှာနှစ်ခုအား နီးကပ်သည်ထက် နီးကပ်အောင် တိုးယူလိုက်သည်။

"ကလေးက အရင်ကိုယ့်စိတ်ကို လာဆွတာနော်"

"ဘာဆိုင်လို့လဲ"

စနေရင်းက အတည်ပေါက်ကြီး ပြောလာတာမို့ ခန့်ခန့်လည်း ရင်တွေထိတ်လာလျက်။ ဒါ ဘယ်လိုအခြေအနေကြီးပါလဲ။

နီယွန်မီးရောင်သာရှိသော လမ်းမကြီးက ကားအသွားအလာ အတော်ပင်နည်းနေချေပြီ။ သူတို့နှစ်ဦး၏ ရင်ခုန်သံတို့မှလွဲ၍ အခြားအသံအလျဉ်းမရှိ။ မျက်ဝန်းနှစ်စုံက ဆုံစည်းကာကြည့်မိကြရင်း တဖြည်းဖြည်းအောက်သို့ စိုက်ချလာကြသည်။ လမ်းမီးရောင်ဖျဖျမှာပင် တင်းရင်းကာ လှပနေသည့် ကကြီးပုံနှုတ်ခမ်းဖူးအား ဇေယျာကစကာ ဖိကပ်နမ်းလိုက်တော့သည်။

တစ်နှစ်ပတ်လုံး လွမ်းနေရသည့် နှုတ်ခမ်းဖူးလေးမို့ သူ အထိန်းအကွပ်မရှိ တရှိုက်မက်မက် နမ်းမိနေ၏။ ပျားရည်ကဲ့သို့ ချိုမြပြီး စတော်ဘယ်ရီကဲ့သို့ စူးရှသည်။ သောက်လေသောက်လေ ငတ်မပြေသည့်နှယ် လေပင်အတိုးမခံနိုင်လောက်အောင် ဆွဲယူထားမိသည်။

ခန့်ခန့်သည်လည်း ရမက်ဆန်သောထိုအနမ်းတို့အား မငြင်းဆန်မိပါချေ။ ချစ်သူ့အလိုကျ ပြန်နမ်းရှိုက်ဖြစ်သည်။ တကယ်ဆို အရမ်းလွမ်းနေရပြီမလား။ သည်လိုနွေးထွေးတဲ့အနမ်းမျိုးကို သူ မက်မောနေခဲ့သည်ပဲမလား။

နှုတ်ခမ်းလွှာနှစ်ခု၏ ထိကပ်လှုပ်ရှားမှုကြောင့် နှစ်ဦးသား ရင်ခုန်သံတွေ ပိုမြန်လာကြလေတာ တဒိတ်ဒိတ်နှင့်။ ခန္ဓာကိုယ်ချင်းကလည်း အချိတ်အဆက်မိလျက် ပူးကပ်ကုန်တော့သည်။ လူသူမရှိသော ပတ်ဝန်းကျင်ကိုပင် သူတို့ မေ့ပျောက်သွားတော့၏။

ကိုယ့်စိတ်ထဲမှာ မင်းရှိနေတယ်။
မင်းစိတ်ထဲမှာလည်း ကိုယ်ရှိနေတယ်။
မျက်လုံးစုံမှိတ်ရင်း မေတ္တာတွေဖလှယ်ကြမယ်။
အနမ်းဆိုတာ မြတ်နိုးခြင်းပြယုပ်ပဲမလား။
ဒါကြောင့် သူတို့တစ်ဦးကိုတစ်ဦး မြတ်နိုးနေသ၍ အနမ်းပန်းတွေကတော့ ဆက်ပွင့်ဖူးနေကြဦးမှာပါပဲ။

21/10/2020
••••••••••••••••••••••••••••••••••••••••••

<Zawgyi>

အစိမ္းေရာင္၊ အနီေရာင္၊ ခရမ္းျပာေရာင္တို႔ ေရာေထြးေနေသာမီးေရာင္စုံေတြမွာ အခန္းက်ယ္ႀကီးထဲတြင္ ဟိုသည္ေဝ့ဝဲေနသည္။ ဒီေဂ်သီခ်င္းသံမ်ား ပ်ံ႕လြင့္ေနသည္ကလည္း နားအူေလာက္ေအာင္ထိ ဆူဆူညံညံႏွင့္။ လူငယ္ေတြကလည္း စည္းခ်က္ညီ ျမဴးထူးကခုန္ၾကရင္း ႏွစ္သစ္ကိုႀကိဳရန္ ေစာင့္ဆိုင္းေနၾက၏။

လူငယ္ေတြဟု ေတြးလိုက္ေသာခန့္ခန့္သည္လည္း တကယ္ေတာ့ လူငယ္တစ္ေယာက္ပါပဲ။ သို႔ေသာ္ အျခားသူမ်ားနည္းတူ ျမဴးထူးကခုန္ခ်င္ေလာက္ေအာင္ စိတ္ကၾကည္လင္ေနျခင္းမရွိ။ ခန႔္ကိုတို႔၊ စည္သူတို႔ကေတာ့ မိုးမျမင္၊ ေလမျပင္ ေပ်ာ္ပါးေနၾကတာပင္။ သူတို႔ၾကည့္ကာ ကိုယ္ကအားက်ရမလို၊ ဝမ္းနည္းရမလိုပါပဲ။

အထဲလည္း ထိုင္မေနခ်င္ေတာ့သည့္ အတူတူမို႔ ခန႔္ခန႔္ အျပင္ထြက္ခဲ့လိုက္သည္။ Rooftop bar ျဖစ္၍ လူရွင္းသည့္အျပင္က ေလညင္းခံဖို႔ေတာ့ အေကာင္းဆုံးေနရာေလးျဖစ္၏။ တစ္ေယာက္ထိုင္ အျမင့္ခုံေလးေတြပါရွိတာမို႔ သူ ခုံေပၚတက္ၿပီး ရန္ကုန္ၿမိဳ႕ညအလွကို ေဝ့ဝဲၾကည့္လိုက္သည္။ ရွစ္လႊာျဖစ္၍ ေလကတဟူးဟူး။ ကားဆီနံ႔ေတြ ကင္းရွင္းေနၿပီး စိတ္ကိုေပါ့ပါးေစေသာ ေလထုကို ခံစားရတာပင္။

သို႔ေပမဲ့ အထဲမွ ဒီေဂ်သံအုံးအုံးဒိုင္းဒိုင္းေတြကေတာ့ အျပင္ဘက္ထိ ရိုက္ခတ္ေနဆဲျဖစ္သည္။ ဤသို႔ေသာ ဘားတို႔တို႔၊ ကလပ္တို႔က ခန႔္ခန႔္အတြက္ အစိမ္းသက္သက္ ျဖစ္ေနျခင္းမ်ိဳးမရွိ။ လူငယ္သဘာဝ ရံဖန္ရံခါ လာေပ်ာ္ေနက်ပဲမို႔ ႏွစ္သက္သည့္ထဲတြင္ ပါဝင္သည္ဟုေတာင္ ေျပာရမည္။

သည္ေန႔မွသာ စိတ္မၾကည္တာမို႔ အထဲက အသံေတြႏွင့္အနံ႔တခ်ိဳ႕ကို မခံစားနိုင္တာျဖစ္သည္။ ၿပီးလၽွင္ သည္ကအျပန္ ကေလာကို ခရီးတန္းဆက္ၾကမည္ျဖစ္၏။

ခန့္ကို၏အတင္းအၾကပ္ အစီအစဥ္ကို သူ သေဘာသိပ္မက်ပါေသာ္လည္း ႏွစ္မကူးခင္ တစ္ပတ္အလိုေလာက္ကတည္းက ေမေမ့ဆီ လာကပ္၍ ပူဆာေနခဲ့သည္။ ႏွစ္ကူးညၿပီးလၽွင္ ကေလာကို တစ္ညအိပ္၊ ႏွစ္ရက္ေလာက္ အဖြဲ႕လိုက္ခရီးထြက္ခ်င္ပါတယ္ဆိုၿပီး ပူဆာတာကဇြတ္။ ေမေမဆိုတာကလည္း ခန႔္ကိုလို လိမၼာခ်င္ေယာင္ေဆာင္သည့္ေကာင္ေျပာလၽွင္ ႏွစ္ခါေတာင္မလိုအပ္ပါေပ။

သို႔ေပမဲ့ ခ်စ္သူလူႀကီးပါ ႏွစ္ကူးခ်ိန္ ျမန္မာျပည္ျပန္မလာတာမို႔ ခန႔္ခန႔္ လိုက္ျဖစ္ဖို႔သာ အေၾကာင္းဖန္သြားသည္။ ပုံမွန္ဆိုလၽွင္ လူႀကီးျပန္လာမည္ထင္၍ သူ သည္ခရီးကို အသည္းအသန္ျငင္းမိမွာျဖစ္သည္။ သို႔ေပမဲ့ လူႀကီးကိုက ေက်ာင္းကိစၥေတြေၾကာင့္ မျပန္လာျဖစ္ဘူးတဲ့ေလ။

ဘယ္ေလာက္မ်ား အစီအစဥ္မက်ေလတဲ့ စကားပါလဲ။ ေတြးရင္းက ခန႔္ခန႔္ စိတ္တိုလာျပန္သည္။ ဒါမို႔လည္း အဆက္အသြယ္မလုပ္ဘဲ စိတ္ဆိုးေနတာ ေလးရက္ပင္ရွိေလၿပီ။ တစ္ႏွစ္ေက်ာ္မၽွ မေတြ႕ရသည့္ခ်စ္သူကို လြမ္းလည္းလြမ္းရသလို၊ စိတ္လည္းအေတာ္ဆိုးမိသည့္အျဖစ္ပါပဲ။

မသြားခင္ကေျပာသြားေတာ့ ခဏခဏ ျပန္လာပါမယ္တဲ့ေလ။ အခုေတာ့ တစ္ႏွစ္လုံးလည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ျပန္မလာျဖစ္။ အခုလို ပိတ္ရက္ရွည္တာ‌ေတာင္ ဆင္ေျခေတြမ်ားေနေသးသည္။

က်စ္! ပုံျပင္ေတြ ေျပာသြားတယ္။

ေတြးရင္းေတြးရင္းက ေဒါသေတြထြက္လာေတာ့ ခန႔္ခန႔္ႏွုတ္က ခပ္တိုးတိုး ေရရြတ္မိတာပင္။ ႏွစ္သစ္ကူးမည့္ညခ်မ္းက ေအးျမေနပါေသာ္လည္း သူက စိတ္အိုက္ေနသည္။ ေလသာေဆာင္မွာပင္ ျမင္ျမင္သမၽွ အတြဲတိုင္းကလည္း အျမင္ကတ္စရာေကာင္းေလာက္ေအာင္ ပူးကပ္ေနၾကသလို နမ္းသည့္အတြဲကနမ္းေနၾကေသးသည္။

မျမင္ခ်င္ေတာ့သည့္အဆုံး လက္ထဲပါလာသည့္ အရက္တစ္ခြက္အား အကုန္ေမာ့ခ်လိုက္ေတာ့သည္။

အား!

ခါးသည္။ ရွသည္။ ၿပီးေနာက္ လည္ေခ်ာင္းထဲသို႔ ပူဆင္းကာ ဝင္သြားသည္။ ပုံမွန္ဆို ေခါင္းကိုက္တတ္တာမို႔ သိပ္မေသာက္ေပမဲ့ သည္ညကေတာ့ ကိုယ့္ကိုယ္ကိုေတာင္ မညႇာခ်င္မိ။ မူးၿပီးေမွာက္လၽွင္ ေမ့လိမ့္မည္။ သည္လိုႏွင့္ သူ ေလသာေဆာင္မွာတင္ တစ္ေယာက္တည္း ထိုင္ေသာက္ေနမိသည္ကား သုံးခြက္ထက္မနည္းခဲ့

ႏွစ္ကူးခ်ိန္က်လာတာႏွင့္ အထဲစည္းခ်က္ေတြက ပိုၿမိဳင္လာသည္။ ခန႔္ခန႔္ မူးေနာက္ေနာက္ႏွင့္ နာရီကိုၾကည့္ေတာ့ ဆယ့္ႏွစ္နာရီထိုးဖို႔ တစ္မိနစ္စြန္းစြန္းသာ က်န္ေတာ့တာပင္။ ႏွစ္သစ္ေရာက္ေတာ့မည္ပဲ။

သူ ေတြးမၿပီးမၾကာလိုက္၊ အတြင္းထဲမွ Countdown ေအာ္သံေတြ စတင္လာေလၿပီ။ အသံလိုက္မထြက္မိေသာ္ျငား မဟူရာေကာင္းကင္ႀကီးကိုေငးရင္း စိတ္ထဲေတာ့ ေရရြတ္ေနမိ၏။

5, 4, 3, 2, 1 ... Happy New Year!

က်ယ္ေလာင္ေသာျမဴးထူးေအာ္သံေတြႏွင့္အတူ အၿပိဳင္အဆိုင္ေဖာက္လာၾကသည့္ မီးရွုးမီးပန္းတို႔က ေကာင္းကင္ယံတြင္ အေရာင္စုံလင္စြာ။ တဖြားဖြား ျဖာက်ေနေသာမီးပြားတို႔က အနီတစ္ခါ၊ အဝါတစ္လွည့္ႏွင့္။ တလက္လက္ထေနပုံက ကတၳီပါစေပၚတြင္ စိန္ပြင့္ေတြက်ဲျဖန႔္က်ေနသည့္ႏွယ္။

ခန့္ခန့္ ထိုသို႔ေသာညေလးတစ္ညကို သတိရသြားေတာ့ မ်က္အိမ္အတြင္း အရည္ၾကည္တို႔က ရစ္သိုင္းခ်င္လာသည္။ လြမ္းဆြတ္ခ်င္လာသည္။ အနားမွာရွိေစခ်င္ေသာဆႏၵကေလး ျဖစ္ေပၚလာသည္။ စိတ္ညစ္ညစ္ႏွင့္ ေခါင္းငိုက္စိုက္သြားခိုက္ ေမႊးပ်ံ႕လာသည္က ရင္းႏွီးေနေသာ ရနံ႔တစ္မ်ိဳး။ ထုံအီေနေအာင္ ေမႊးတာမ်ိဳးမဟုတ္ဘဲ ေယာက္်ားဆန္ၿပီး Luxury ျဖစ္သည့္ရနံ႔မ်ိဳး။ ဒါသည္ လူႀကီးႏွင့္နီးနီးကပ္ကပ္ရွိေနခ်ိန္မ်ားတြင္သာ ရတတ္သည့္ေရေမႊးနံ႔မလား။

ခန႔္ခန႔္ ေဝခြဲမရျဖစ္ေနစဥ္ လက္တစ္စုံ၏ ညင္သာေသာေပြ႕ဖက္မွုကို ဦးစြာခံစားလိုက္ရသည္။

"Happy New Year ပါ ... ကိုယ့္ကေလးေလး"

အသံႏွင့္အတူ နားသယ္စပ္ကေလးကိုပါ က်ေရာက္လာေသာ အနမ္းတစ္ပြင့္။

'လူႀကီး!'

အသံေရာ၊ ရနံ႔ပါ လူႀကီးဆိုတာေသခ်ာေပမဲ့ ထိတ္လန့္အံ့ဩမွုႏွင့္အတူ ေနာက္ျပန္လွည့္ၾကည့္ရင္း အတည္ျပဳမိသည္။ တကယ္ပဲ သူ႔ခ်စ္သူလူႀကီး ျဖစ္ေနပါေရာ။ ေသခ်ာပါရဲ့လား။ သူ အရက္ရွိန္ေၾကာင့္ ေခါင္းေတြေနာက္ေနလို႔ပဲ ျမင္ေယာင္ေနျခင္းလား။ ခန႔္ခန႔္ လက္ေသးေသးေလးေတြႏွင့္ ထိုသူ၏ ပါးႏွစ္ဖက္ကို ကိုင္ၾကည့္လိုက္ေသးသည္။

"ကေလး"

ျပဳံးစစႏွင့္ ေခၚလာသည့္ထိုႏွုတ္ဖ်ား။ ခြက္ဝင္သြားေသာ ေဘးကပါးခြက္ကေလးေတြ။

တကယ္ပဲ၊ တကယ္ကို သူ ေမၽွာ္ေနရသည့္ခ်စ္သူလူႀကီးပါပဲ။

ခန့္ခန႔္ လက္ႏွစ္ဖက္ႏွင့္ ခ်စ္သူ၏လည္တိုင္ကိုယွက္ကာ တစ္ဆုံးေပြ႕ဖက္လိုက္ေတာ့သည္။ အရပ္ရွည္ေသာ ေဇယ်ာ့၏ကိုယ္ေလးမွာလည္း အနည္းငယ္ကိုင္းညြတ္သြားသေယာင္ႏွင့္။ ေဇယ်ာတစ္ေယာက္ ျပဳံးစစႏွင့္ ခႏၶာကိုယ္ေသးေသးအား အားပါးတရဖက္လိုက္ေတာ့သည္။

"ကိုယ့္ကေလးကို အရမ္းပစ္ထားမိၿပီထင္တယ္"

သူ႔ကိုျမင္ျမင္ခ်င္း ေသခ်ာစမ္းၾကည့္ၿပီးမွ တင္းၾကပ္စြာဖက္ထားသည့္ ကေလးပါပဲ။ တကယ္ သူ႔ကိုေမၽွာ္ေနခဲ့ပါေသာခ်စ္သူေလး။ အေနေဝးလို႔ ေသြးေအးတတ္သူေတြထဲတြင္ မပါဝင္ခဲ့သူေလး။ သူ ဘယ္ေလာက္ကံေကာင္းလိုက္ပါသလဲေနာ္။

ခန႔္ခန႔္အဖို႔ေတာ့ ဘာစကားမၽွမေျပာနိုင္ေသးဘဲ မိနစ္အနည္းငယ္ၾကာသည္ထိ ဖက္ထားေနမိဆဲပင္။ ရီေဝေဝျဖစ္ေနေသာစိတ္ေၾကာင့္ အိပ္မက္လိုလို၊ အေတြးလိုလိုျဖစ္ေနမွာလည္း ေၾကာက္ေနမိသည္။

"ခဏေလးခြါပါဦး ကေလးရယ္။ ကိုယ္ ကေလးမ်က္ႏွာေလး ၾကည့္ပါရေစဦး"

ေဇယ်ာေျပာေတာ့မွ ခန့္ခန့္ ဖက္ထားသည့္လက္ႏွစ္ဖက္ကို ေအာက္ခ်လိုက္သည္။ ၿပီးေနာက္ ထိုင္ခုံတြင္ထိုင္လ်က္သား အေနအထားႏွင့္ ခပ္ေမာ့ေမာ့ေလး ၾကည့္ရွာ၏။ သူ တကယ္မယုံဝံ့ေသးသည့္ဟန္။

မျမင္တာၾကာေတာ့ လူႀကီးပုံစံက ေျပာင္းလဲသြားသည္။ ခႏၶာကိုယ္အခ်ိဳးအစားက သိပ္မသိသာေသာ္လည္း အျပင္တြင္ျမင္ရေသာ မ်က္ႏွာအသားအရည္က ပိုၾကည္လင္လာသည္။ အရင္ကထက္လည္း ျပည့္လာသည္။ ေျပာင္းထားသည့္ ဆံပင္ပုံစံကလည္း တမ်ိဳးၾကည့္ေကာင္းျပန္၏။ လြန္ခဲ့သည့္အပတ္ကႏွင့္ မတူတာမို႔ ဒါျပန္ခါနီးမွ ေျပာင္းလာတာျဖစ္ရမည္။

"ဘယ္တုန္းက ျပန္ေရာက္ေနတာလဲ"

သူ႔အား ခပ္စိုက္စိုက္ၾကည့္ေနေသာလူႀကီးကို ပထမဆုံး ေျပာမိသည့္ခန႔္ခန႔္ေလသံက အနည္းငယ္ မာသြား၏။ ျပန္လာလို႔ေပ်ာ္တာမွန္ေပမဲ့ သူ နည္းနည္းေတာ့ စိတ္ေကာက္ရမည္မလား။

"မေန႔ကျပန္ေရာက္တာ ကေလး"

"အဲဒါ ဘာလို႔ခင္ဗ်ားႀကီးက လူကိုလာမေတြ႕ဘဲ ေနေနရတာလဲဗ်။ ျပန္မလာဘူးဆိုၿပီးလည္း လိမ္ေသးတယ္"

ခန့္ခန့္ေျပာရင္း ေဇယ်ာ့ဗိုက္အား လက္သီးနဲ႔ ခပ္ဖြဖြ ႏွစ္ခ်က္ဆင့္ ထိုးလိုက္သည္။ သိပ္ခ်စ္ရေတာ့လည္း တကယ့္ခပ္ဖြဖြရယ္ပါ။

"အေဝးႀကီးကေန ျပန္လာတဲ့ခ်စ္သူကို ေျပာေနပုံကခင္ဗ်ားႀကီးတဲ့။ ငရဲႀကီးမယ္ေနာ္"

"ႀကီးႀကီးဗ်ာ"

ခန့္ခန့္ ရန္ျပန္ေတြ႕မိသည္။ ျပန္မလာဘူးေျပာၿပီး သူ႔ကိုစိတ္ဒုကၡေပးခဲ့တာ တစ္ပတ္၊ ႏွစ္ပတ္ေတာင္မက။ ဒါမို႔ ထပ္ထိုးမယ္ပါျပင္လိုက္ေသာ္ လက္သီးဆုပ္ကို ခ်စ္သူက သိမ္းပိုက္ကာ နမ္းရွိုက္ၿပီးေလၿပီ။

"ၾကည့္ပါဦး၊ ၾကည့္ပါဦး။ ကိုယ္နဲ႔မေတြ႕ရတဲ့ တစ္ႏွစ္အတြင္းမွာ ဒီႏွုတ္သီးေလးက အေတာ္စြာတတ္ေနၿပီေပါ့ေလ ဟုတ္လား"

ေဇယ်ာက သူ႔ကေလးႏွုတ္ခမ္းေလးအား လက္ႏွစ္ေခ်ာင္းျဖင့္ အသာခ်ဳပ္ကာ ေျပာျပန္သည္။ တကယ့္ႏူးညံ့လိုက္သည့္ ႏွုတ္ခမ္းဖူးဖူးေလး။

သူ႔ကို ျပန္ရန္ေတြ႕ခ်င္ေနသည့္ ႏွုတ္ခမ္းေကြးေလးအား ေဇယ်ာ သည္တိုင္းၾကည့္မေနနိုင္ေတာ့ဘဲ တရွိုက္မက္မက္ နမ္းလိုက္ေတာ့သည္။ အားမပါဘဲ ႐ုန္းကန္ေနေသာ ကေလးငယ္အား အပိုင္ခ်ဳပ္ထားမိေတာ့၏။

ေလအေဝ့တြင္ အနမ္းေတြလည္း စိတ္ထင္တိုင္းၾကဲေတာ့ အခ်စ္ရနံ႔ေတြပါ သင္းထုံလာသေယာင္။

"လူႀကီး လႊတ္ဦး"

ေဇယ်ာ ခ်ဳပ္ထားသည့္ၾကားက ခန့္ခန့္မွာ ရင္ဘတ္အား အသာတြန္းထုတ္လိုက္သည္။

"ဟိုဖက္မွ လူေတြရွိတယ္ဗ်၊ အတင့္ရဲမေနနဲ႔။ ဒါ ယူေကမဟုတ္ဘူး၊ ျမန္မာျပည္"

"ကိုယ္ မေနနိုင္ေတာ့ဘူးေလ။ အရမ္းနမ္း...၊ အဲ ... အရမ္းလြမ္းေနၿပီေလ"

ေဇယ်ာေျပာခ်င္သည္ကို ခန့္ခန့္ သေဘာေပါက္၍ တစ္ခ်က္ျပဳံးလိုက္သည္။

"ဟင္း"

"ငဂ်စ္ကေလးက ေသာက္ထားတာပဲ။ ေတာ္ေတာ္မ်ားမ်ားမယ္ထင္တယ္၊ ခုေလးတင္ ႏွုတ္ခမ္းကေန ကိုယ္ အနံ႔ရလိုက္တာ"

"နည္းနည္းပါ လူႀကီးရ။ လာ ... အထဲသြားကရေအာင္"

ခုနက ကခုန္ေနသူမ်ားကို မၾကည္ျဖဴ၊ ျငဴစူခဲ့သမၽွ အခုေတာ့ ခန့္ခန့္ ကိုယ္တိုင္က ကခ်င္ေနေလၿပီ။ စိတ္အစဥ္တို႔ကလည္း ျမဴးထူးေနၿပီမလား။

"ကိုယ္မကတတ္ဘူး"

"လာပါဆို"

သူ႔လက္ကိုဆြဲကာ ေခၚသြားသည့္အေကာင္ေပါက္ေလးက ကိုယ္လုံးကိုယ္ထည္ေတာင္ အနည္းငယ္ေတာ့ ထြားလာေလၿပီ။ အရပ္ေလးေတာင္ ရွည္ထြက္လာသလိုလို။

အထဲေရာက္သည္ႏွင့္ အားလုံးျမဴးထူးေနၾကသည္။ ရီေဝေဝျဖစ္ေနသည့္ ကေလးမွာလည္း သူ႔သူငယ္ခ်င္းေတြႏွင့္အတူ စည္းခ်က္ညီညီ ခ်စ္စရာေကာင္းေအာင္ လိုက္ကေနေတာ့သည္။ Hoddie အျဖဴပြပြေလး ဝတ္ထားသည့္ကေလးက လုံးလုံးေလးႏွင့္ အားလုံးၾကားတြင္ ထင္ေနေလ၏။

ေဇယ်ာမွာ လိုက္မကနိူင္သည့္တိုင္ သူ႔ကေလးကိုေတာ့ လဲက်မသြားေစရန္ ထိန္းကာေပးရရွာသည္။ ေသာက္သမၽွ၊ စားသမၽွလည္း လိုက္လံၾကည့္ေပးရသည္။ ေဇယ်ာ့အဖို႔ ခန့္ကိုတစ္ေယာက္ကိုသာ ဘယ္သူဘယ္ဝါရယ္သိေသာ္လည္း၊ ကေလးသူငယ္ခ်င္းေတြကေတာ့ ရိပ္မိေနၾကပုံပင္။ ခန့္ကိုကို ခ်ိတ္ဆက္ၿပီး လိုက္လာတာမို႔ ႀကိဳေျပာထားသည္ထင္ပါရဲ့။

ႏွစ္သစ္ကူးအၿပီး နာရီဝက္ေက်ာ္ၾကာသည္အထိ ခန့္ခန့္မွာ မေမာနိုင္မပမ္းနိုင္ ကေနေသးသည္။ သို႔ေပမဲ့ ေသာက္ထားတာလည္း မနည္းတာမို႔ နားဖို႔သင့္ေနေလၿပီ။ ေဇယ်ာေခ်ာ့၍သာ ေခၚလာခဲ့ရေတာ့သည္။

"ဘယ္ေခၚလာတာလဲ။ ျပန္ေတာ့မလို႔လား၊ ခုမွတစ္နာရီေတာင္ မထိုးေသးဘူး"

"မေစာေတာ့ဘူး၊ ျပန္မယ္ေလ။ ခန့္ကိုလည္း ဆင္းလာေနၿပီ"

သည္လိုႏွင့္ ေဇယ်ာ အမူးမေျပေသးသည့္ကေလးအား ဓာတ္ေလွကားမွသည္ ကားေပၚထိ တအိအိေဖးမေခၚလာခဲ့သည္။ အမူးသမားေလးမွာေတာ့ ႂကြက္ႂကြက္ညံေနသည့္ ရစ္သံေတြ ေျပာလို႔မဆုံး။ ေဇယ်ာ ေသခ်ာတင္ေပးၿပီး ကားတံခါးပိတ္လိုက္မွသာ တိတ္ဆိတ္သြားေတာ့၏။ ထို႔ေနာက္ ခန့္ကို သူတို႔ေနာက္မွေရာက္လာၿပီး စီစဥ္ထားသည့္အတိုင္း ကားခ်င္းေျပာင္းစရာရွိတာ ေျပာင္းၾကသည္။

"ကံေကာင္းပါေစ အစ္ကိုေရ"

"ေက်းဇူးကြာ ငါ့ညီရာ၊ အျပန္လက္ေဆာင္ဝယ္ခဲ့မယ္"

"မ်ားမ်ားေနာ္"

အတည္ေပါက္ႏွင့္ ေနာက္တတ္သည့္ခန့္ကိုကို သူ ႏွုတ္ဆက္အၿပီး ကားေပၚေရာက္ေတာ့ ကေလးက မွိန္းေနေလၿပီ။ ဒါလည္းတစ္မ်ိဳးေကာင္းသည္မို႔ သူ မႏွိုးေတာ့ဘဲ ကားကိုသာ တစ္ေနရာဆီ ဦးတည္ေမာင္းေနလိုက္သည္။

ႏွစ္ပတ္ေလာက္ႀကိဳကာ စီစဥ္ခဲ့ရေသာအႀကံအစည္ေလးမို႔ စိတ္ေတာ့လွုပ္ရွားရသား။ အံ့အားသင့္ေစခ်င္သည့္စိတ္ႏွင့္ ျပန္မလာပါဘူးလိမ္မိေတာ့လည္း သူ႔ခမ်ာ စိတ္ဆိုးျခင္းကို ခံလိုက္ရေသးသည္။ ခန႔္ကိုကို ႀကိဳႀကိဳတင္တင္ အကူအညီေတာင္းၿပီး အားလုံးေသခ်ာၿပီဆိုမွသာ ဖြင့္ေျပာဖို႔ႀကံခဲ့ေလျခင္း။ အခုေတာ့ မေတြ႕ရတာတစ္ႏွစ္ေတာင္ၾကာၿပီျဖစ္ေသာ ေကာင္ကေလးမွာ သူ႔နံေဘးတြင္ အိပ္ေပ်ာ္လို႔ေနၿပီ။

သို႔ေသာ္ ကားေမာင္းလာၿပီးလို႔မွ သိပ္မၾကာလိုက္။ အၿငိမ္မေနသည့္ ခန့္ခန့္က ဟိုလွုပ္သည္လွုပ္ႏွင့္ ျပန္နိုးလာသည္။ ေဇယ်ာ ကားကိုျဖည္းျဖည္းေမာင္းရင္း ေဘးကိုေစာင္းငဲ့ၾကည့္ေနရေသး၏။

"ဟင္ ... လူႀကီး ဘယ္သြားေနတာလဲ။ ခန့္ကိုေရာ ... ခန့္ကို။ မနက္က် ခန့္ကိုတို႔နဲ႔ ခရီးသြားရဦးမွာ"

နိုးနိုးခ်င္း ကုန္း႐ုန္းထၿပီး ကားအေရွ႕၊ အေနာက္ ပတ္ခ်ာလည္ေအာင္ၾကည့္ၿပီး သူ႔သူငယ္ခ်င္းကိုရွာေတာ့သည့္ ေမာင္မင္းႀကီးသားေလးရယ္ပါ။ မူးသာမူးသည္၊ သူ႔သူငယ္ခ်င္းကိုေတာ့ ဘယ္လိုမွမေမ့။ ၿပီးလၽွင္ အဲေကာင္ကိုမတည့္ဘူးလို႔ သူပဲခဏခဏေျပာတတ္သည္။

"ခရီးသြားရမွာပါ ကေလးရဲ့။ ခန့္ကိုတို႔နဲ႔ေတာ့ မဟုတ္ဘူး၊ ကိုယ္နဲ႔"

"ဘယ္လိုႀကီး"

ခန့္ခန့္တစ္ေယာက္ အမူးပင္ေျပသြားသည့္႐ုပ္ႏွင့္ ငူငိုင္ေနရာက ထထိုင္မိသည့္အျဖစ္။ မူး႐ူးခုန္ေပါက္ထားတာမို႔ Hoddie အျဖဴတြင္ ေပၚေနေသာေခါင္းလုံးလုံးေလးမွာ ဆံပင္ေတြ ထိုးထိုးေထာင္ေထာင္ရယ္ပါ။

"ရွင္းေအာင္ ေျပာျပမယ္ေနာ္။ ေသခ်ာနားေထာင္"

"အင္း"

မ်က္လုံးေလး ေပကလပ္၊ ေပကလပ္ႏွင့္ ခန့္ခန့္က နားေထာင္ေတာ့၏။ သည္ညအဖို႔ အံ့အားသင့္စရာေတြမ်ားသြားသည့္ မူးေၾကာင္ေၾကာင္ကေလးကို ၾကည့္ရတာ သူ႔အဖို႔ အေတာ္ခ်စ္စရာေကာင္းေနတာပင္။ အေနေဝးေနျခင္းေၾကာင့္ အမူအရာေလးေတြ လြမ္းရတာလည္းပါမည္ထင္။ ေဇယ်ာ အလုံးစုံရွင္းျပရန္အတြက္ လမ္းေဘးတစ္ေနရာတြင္ ကားကို ရပ္လိုက္ရေတာ့သည္။ ၿပီးမွ ခါးပတ္ကိုျဖဳတ္ၿပီး ခ်စ္သူေလးဆီ ေသခ်ာလွည့္နိုင္ေတာ့၏။ လက္တစ္စုံကို ဆြဲယူကိုင္ေတာ့ အရင္ကဲ့သို႔ ေသးႏုေနဆဲပါပဲ။

"ကိုယ္ ျပန္မလာခင္ ႏွစ္ပတ္ေလာက္ အလိုကတည္းက ဒါေတြစဥ္းစားထားတာ။ ကေလးကို ႀကိဳမေျပာဘဲ ျပန္လာမယ္။ ၿပီးေတာ့ ခန့္ကိုကို အကူအညီေတာင္းၿပီး ကေလးနဲ႔ခရီးသြားရဖို႔ ႀကိဳခြင့္ေတာင္းခိုင္းရတယ္။ အဲဒါအဆင္ေျပသြားမွ ကိုယ္တို႔ႏွစ္သစ္ကို အတူတူျဖတ္သန္းဖို႔ရယ္၊ ႏွစ္ေယာက္တူတူ ကေလာကို တစ္ညအိပ္၊ ႏွစ္ရက္ ခရီးထြက္ဖို႔ရယ္ စီစဥ္ရတာ"

"ဟာ!"

ျပဴးက်ယ္သြားေသာ မ်က္လုံးေလးက ၾကည္ႏူးျခင္းအရိပ္အေယာင္မ်ား လၽွံထြက္က်ေနေလသည္။

"အဲဒါေလယာဥ္က မနက္ခင္းမို႔ ခု ေလယာဥ္ကြင္း သြားေနတာ။ ကိုယ္ တစ္ႏွစ္ပတ္လုံးခြဲေနရတာမို႔ ျပန္လာတုန္းေလးေတာ့ ကေလးနဲ႔အၾကာႀကီး အတူတူ ရွိခ်င္တယ္ကြာ။ အဲဒါမို႔ ခုလိုႀကိတ္စီစဥ္ထားတာ ... စိတ္မဆိုးနဲ႔ေနာ္"

ခန့္ခန့္ ေျပာမျပတတ္ေအာင္ ေပ်ာ္သြားရတာျဖစ္သည္။ လူႀကီးသာမက သူသည္လည္း အခ်ိန္ၾကာၾကာ အတူတူရွိခ်င္မိတာပါပဲ။ ဒါေပသိ သည္လိုမ်ိဳး လုံးဝမေတြးမိ။ ျပန္လာရင္ ခ်ိန္းေတြ႕တာေလာက္ပဲ လုပ္မည္ေတြးထားခဲ့တာမလား။ အခုေတာ့ ခဲခဲ့ရသမၽွအလြမ္းေရခဲေတာင္ႀကီးမယ္ တအိအိေပ်ာ့ဆင္းက်လာေတာ့မလိုပင္။

"ဒီနားကို ခံစားမိလား။ ရင္ေတြအရမ္းခုန္ေနတာ"

ခန့္ခန့္က ေဇယ်ာ့လက္ကိုဆြဲယူ၍ သူ႔ရင္ဘတ္နားသို႔ ထိကပ္ေစသည္။ ႐ုတ္တရက္ႀကီး ေကာက္လုပ္ခ်တာမို႔ ေဇယ်ာ့ခမ်ာ အေၾကာင္သား။ စေနာက္ခ်င္စိတ္လည္း ခ်က္ခ်င္းေပၚလာတာပင္။

"ခံစားမိလားလို႔"

"အဟင္း ဘယ္လိုကေလးလဲ။ ခ်စ္သူတစ္ျဖစ္လဲ လူႀကီးတစ္ေယာက္ကို ရင္ဘတ္နား ကိုင္ခိုင္းေနတယ္"

ထိုစကားေၾကာင့္ ခန့္ခန့္မွာ ပိုလို႔ေၾကာင္သြားသည္။ ရိုးရိုးသားသား စမ္းေစခ်င္တာပါ။ ၿပီးလၽွင္ ကိုင္ေတာ့ဘာျဖစ္သလဲ၊ သူက မိန္းကေလးလည္း မဟုတ္။

"ဘာျဖစ္ေနလို႔လဲ။ ေယာက်္ားခ်င္းပဲကို"

ေျပာၿပီး ေဇယ်ာ့လက္ကို လႊတ္ခ်လိုက္တာ ဖတ္ခနဲ။ သည္ေတာ့ ေဇယ်ာက တစ္ဖက္လွည့္ကာ စိတ္ဆိုးဟန္ေဆာင္လိုက္သည္။

"လွည့္ပါဦးဗ် ဒီဘက္ကို"

"...."

ဘာမွတုန့္ျပန္မလာတာမို႔ ခန့္ခန့္ ပိုအသည္းယားလာကာ လက္တစ္ဖက္ကို ခုံေပၚေထာက္၍ လူႀကီးနားသို႔ တိုးကပ္လိုက္သည္။

"ရွက္ေနတာမလား"

အနီးဆုံးထိ တိုးကပ္လာၿပီး သူကကိုယ့္ျပန္စေနတာမို႔ ေဇယ်ာ အတြင္းစိတ္ကပင္ ရယ္မိလိုက္သည္။ အျပင္တြင္ေတာ့ ထုတ္မရယ္မိေအာင္ အံႀကိတ္ထားလ်က္၊

"ရွက္စရာလား။ ကေလးသာ အဲေနရာ..."

"အဲေနရာ ဘာျဖစ္လဲ"

ခန့္ခန့္ကေျပာရင္း က်န္လက္တစ္ဖက္ႏွင့္ ေဇယ်ာ့ရင္ခုန္သံကိုပါ စမ္းသပ္ၾကည့္ဟန္ျပဳလာသည္။ ထိုအခ်ိန္တြင္ ေဇယ်ာက ထိကပ္လာေသာခန့္ခန့္လက္ကို အသာဆြဲဖယ္ယူလိုက္ၿပီး မ်က္ႏွာႏွစ္ခုအား နီးကပ္သည္ထက္ နီးကပ္ေအာင္ တိုးယူလိုက္သည္။

"ကေလးက အရင္ကိုယ့္စိတ္ကို လာဆြတာေနာ္"

"ဘာဆိုင္လို႔လဲ"

စေနရင္းက အတည္ေပါက္ႀကီး ေျပာလာတာမို႔ ခန့္ခန့္လည္း ရင္ေတြထိတ္လာလ်က္။ ဒါ ဘယ္လိုအေျခအေနႀကီးပါလဲ။

နီယြန္မီးေရာင္သာရွိေသာ လမ္းမႀကီးက ကားအသြားအလာ အေတာ္ပင္နည္းေနေခ်ၿပီ။ သူတို႔ႏွစ္ဦး၏ ရင္ခုန္သံတို႔မွလြဲ၍ အျခားအသံအလ်ဥ္းမရွိ။ မ်က္ဝန္းႏွစ္စုံက ဆုံစည္းကာၾကည့္မိၾကရင္း တျဖည္းျဖည္းေအာက္သို႔ စိုက္ခ်လာၾကသည္။ လမ္းမီးေရာင္ဖ်ဖ်မွာပင္ တင္းရင္းကာ လွပေနသည့္ ကႀကီးပုံႏွုတ္ခမ္းဖူးအား ေဇယ်ာကစကာ ဖိကပ္နမ္းလိုက္ေတာ့သည္။

တစ္ႏွစ္ပတ္လုံး လြမ္းေနရသည့္ ႏွုတ္ခမ္းဖူးေလးမို႔ သူ အထိန္းအကြပ္မရွိ တရွိုက္မက္မက္ နမ္းမိေန၏။ ပ်ားရည္ကဲ့သို႔ ခ်ိဳျမၿပီး စေတာ္ဘယ္ရီကဲ့သို႔ စူးရွသည္။ ေသာက္ေလေသာက္ေလ ငတ္မေျပသည့္ႏွယ္ ေလပင္အတိုးမခံနိုင္ေလာက္ေအာင္ ဆြဲယူထားမိသည္။

ခန့္ခန့္သည္လည္း ရမက္ဆန္ေသာထိုအနမ္းတို႔အား မျငင္းဆန္မိပါေခ်။ ခ်စ္သူ႔အလိုက် ျပန္နမ္းရွိုက္ျဖစ္သည္။ တကယ္ဆို အရမ္းလြမ္းေနရၿပီမလား။ သည္လိုေႏြးေထြးတဲ့အနမ္းမ်ိဳးကို သူ မက္ေမာေနခဲ့သည္ပဲမလား။

ႏွုတ္ခမ္းလႊာႏွစ္ခု၏ ထိကပ္လွုပ္ရွားမွုေၾကာင့္ ႏွစ္ဦးသား ရင္ခုန္သံေတြ ပိုျမန္လာၾကေလတာ တဒိတ္ဒိတ္ႏွင့္။ ခႏၶာကိုယ္ခ်င္းကလည္း အခ်ိတ္အဆက္မိလ်က္ ပူးကပ္ကုန္ေတာ့သည္။ လူသူမရွိေသာ ပတ္ဝန္းက်င္ကိုပင္ သူတို႔ ေမ့ေပ်ာက္သြားေတာ့၏။

ကိုယ့္စိတ္ထဲမွာ မင္းရွိေနတယ္။
မင္းစိတ္ထဲမွာလည္း ကိုယ္ရွိေနတယ္။
မ်က္လုံးစုံမွိတ္ရင္း ေမတၱာေတြဖလွယ္ၾကမယ္။
အနမ္းဆိုတာ ျမတ္နိုးျခင္းျပယုပ္ပဲမလား။
ဒါေၾကာင့္ သူတို႔တစ္ဦးကိုတစ္ဦး ျမတ္နိုးေနသ၍ အနမ္းပန္းေတြကေတာ့ ဆက္ပြင့္ဖူးေနၾကဦးမွာပါပဲ။

21/10/2020
••••••••••••••••••••••••••••••••••••••••••

Bạn đang đọc truyện trên: Truyen3h.Co