Part - 37
<Unicode>
တိမ်တွေ၊ တောင်တွေ၊ မြူခိုးတွေနှင့် အိပ်မက်ဆန်သော တောင်ပေါ်မြို့လေး။
တစ်သက်လုံး ငေးကြည့်ဖို့ထိုက်တန်သော မျှော်ခင်းတွေနဲ့ ရှုမငြီးနိုင်သည့်မြို့လေး။
မြို့ပြရဲ့မွန်းကြပ်မှုတွေမရှိဘဲ အရာရာချစ်စဖွယ်ကောင်းပြီး နှလုံးသားကို နွေးထွေးစေသောမြို့လေး။
ဟဲဟိုးလေဆိပ်ကတစ်ဆင့် ကလောမြို့ကို ဝင်ပြီဆိုသည်နှင့် စိတ်၏ကြည်နူးမှုကို ခံစားရသည်။ လက်ဝဲ၊ လက်ယာရှိ ဝိုင်ခြံနှင့် အခြားသောစိုက်ပျိုးရေးခြံများကို ကျော်ဖြတ်ခဲ့ပြီးနောက် လေထု၏အေးစက်မှုလေးက ပိုလာသည်။
ချယ်ရီပန်းလွင်လွင်တို့ လှပစွာဖူးပွင့်နေသည်ကအစ နှင်းရည်စိုစွတ်နေသည့်လမ်းများပေါ်သို့ မြေခကြွေကျသည်အဆုံး ကလောမြို့ရှိ အရာရာဟာ ကဗျာဆန်စွာ လှပသည်။ ထင်းရှူးပင်တ်ို့ကလည်း ကလော၏ သဘာဝအလှတို့ထဲက မပါမဖြစ်တစ်ခု။ အလေ့ကျပေါက်နေကြသော တောရိုင်းပင်တို့နှင့် စိန်ပန်းပြာတို့ကလည်း ကလောမြို့လေး၏အလှကို ပိုမိုပြည့်စုံစေတာပင်။
ခန့်ခန့်အတွက် ကလောဆိုသည်ကထပ်ကာထပ်ကာ လာလည်ချင်မိသောမြို့လေးဖြစ်၏။
"ကျေးဇူးနော် ... လူကြီး"
ရှုခင်းတွေကိုငေးနေရင်းက ဘေးရှိချစ်သူကို မမေ့မလျော့ ပြောရပေသည်။ သူ အရမ်းသွားချင်နေခဲ့သည်မလား။
"ရုတ်တရက်ကြီး ဘာကိုလဲ"
"ပြောဖူးတဲ့ဆန္ဒလေးကိုမမေ့ဘဲ မဖြစ်,ဖြစ်အောင် ဖြည့်ဆည်းပေးလို့"
ရည်းစားဖြစ်ခါစက မြန်မာနိုင်ငံတွင် ခန့်ခန့် သွားအလည်ချင်ဆုံးနေရာများကို ချစ်သူက မေးဖူးသည်။ ကလောမြို့ တစ်ခုတည်းကိုသာ ဖြေခဲ့ပြီး 'လူကြီးနဲ့ သွားဖူးချင်တယ်' ဟု ပြောခဲ့ဖူးတာဖြစ်၏။ တစ်လျှောက်လုံးစိတ်ကူးဖြစ်ခဲ့သော်လည်း အခွင့်အခါက မသင့်ခဲ့။ အခုတော့ လက်တွေ့ကြုံနေရသည်က အိပ်မက်ဆန်သလိုလို။ ကြည်နူးဖို့ကောင်းသလိုလို။ မယုံကြည်နိုင်ဖွယ် တိမ်တိုက်ထဲဝယ် ခရီးသွားနေရသည့်အတိုင်း။
"အဲလိုမျိုးဆို ကျေးဇူးလို့မပြောဘဲ ချစ်တယ်လို့ပြော"
"သိပ်လည်တယ်နော်"
ခန့်ခန့်က နှစ်လိုဖွယ်ပြုံးရင်းဖြေတော့ ဇေယျာ ပါးမို့မို့လေးအား တစ်ချက်ဖျစ်ညှစ်လိုက်သည်။
မြို့ထဲသို့ဝင်ပြီး မနက်ဆယ့်တစ်နာရီလောက်တွင် နေရမည့်တောင်ပေါ်က သစ်သားအိမ်လုံးလေးသို့ ရောက်ရှိကြသည်။ နှစ်ယောက်ထဲသာ အနှောင့်အယှက်မရှိ နေချင်တာမို့ ထက်မြက်ကို တောင်ပေါ်အိမ်လေး မရ,ရအောင်ရှာပေးဆိုပြီး ကြိုစီစဉ်ခိုင်းထားခဲ့ရခြင်း။ မတွေ့ရတာကြာသည့် သူငယ်ချင်းကိုလည်း သည်နည်းနှင့်ပဲ လှမ်းနှိပ်စက်ရသေးသည်။ အလိုက်သိသည့်ကောင်က ကားပါစီစဉ်ပေးထားတာမို့ အဆင်ပြေတာထက်တော့ ပိုပါလေသား။
အိမ်လေးရှေ့ရောက်တော့ ထင်ထားတာထက် ပိုချစ်စရာကောင်းသည်။ မကျယ်မကျဉ်းနှင့် နေချင်စဖွယ်အတိ။ နှစ်ဦးသားရောက်ချိန်မှ စောင့်နေပေးသော ထက်မြက်အသိမိတ်ဆွေက သော့ပေးထားခဲ့သည်။ လိုတာရှိလျှင် ဖုန်းဆက်ပါတဲ့လေ။
သည်လိုနှင့် နှစ်ယောက်သား အထုပ်ကိုယ်စီဆွဲလို့ ဝင်ခဲ့ကြသည်။ အထဲတွင် စားစရာ၊ သောက်စရာများ အပြည့်အစုံ ဖြည့်တင်းပေးထားရုံမက တောင်ပေါ် ရှုခင်းတွေကိုပါ အားပါးတရမြင်ရ၍ ခန့်ခန့်တစ်ယောက်တော့ အတော်ပျော်နေတော့တာပါပဲ။ မျက်စိတစ်ဆုံးမြင်နေရသည့် တောင်တန်းတွေက နေ့ခင်းအချိန်တောင် မှိုင်းမှုန်ပြာလို့။ နေမမြင်ရသည့်တိုင် တိမ်ခိုးတွေက ခဲပြာရောင်လွှမ်းလျက် ကြည့်ကောင်းနေသည်။
"ကလေးရေ ... လာတော့။ အဲဒါတွေ ညနေမှကြည့်လည်းရတယ်၊ အခုလာအိပ်ဦး။ ညကတည်းက ကောင်းကောင်းအိပ်ရသေးတာ မဟုတ်သေးဘူး ... လာ"
"နေဦး ဓာတ်ပုံခဏရိုက်ဦးမယ်။ ရောက်ကြောင်းတင်ရမယ်"
ခန့်ခန့်က သူလုပ်ချင်လျှင် ဇွတ်တရွတ်လုပ်တတ်သည့်ညဉ်လေးကဖြင့် တစ်နှစ်ကျော်ကြာတာတောင် မပျောက်သေးပါချေ။ သိပ်ဆိုးဝါးသည့်အကျင့်မဟုတ်သော်လည်း အခုတော့အိပ်မှရမည်မို့ ဇေယျာ သွားခေါ်ရတော့သည်။ များများသောက်ထားတာတောင် တစ်ညလုံးမအိပ်ရသေးတာမို့ နွမ်းနယ်နေတော့မည်မလား။
ဇေယျာ ခန့်ခန့်အနောက်နား မသိမသာကပ်ရပ်တော့ ရှူခင်းက သူ့ချစ်သူလေး ဓာတ်ပုံရိုက်ချင်စရာကောင်းလောက်အောင် လှပနေ၏။ မိုးမရွာသော်ငြား တိမ်စိုင်တို့က အရပ်ရှစ်မျက်နှာအပြည့် နေရာယူထားသည်။ နဂိုအေးသည့်ဆောင်းက ကလောတွင် သိသိသာသာ ပိုနေလေ၏။ သူ့ကလေးကတော့ အိမ်လေးကိုလည်း သဘောကျ၊ ပန်းတွေကိုလည်း သဘောတကျနှင့် မြင်မြင်သမျှ အပိုင်သိမ်းကာ အိမ်သယ်သွားချင်သည်တဲ့လေ။ အိမ်လေးနောက်ဖက်ခြမ်းက စင်တင်စိုက်ထားသည့် ပန်းပင်လေးတွေအား ငုံ့ကြည့်နေလိုက်တာ စိတ်ဝင်တစားနှင့်။ စိတ်မရှည်တော့သည့် ဇေယျာက အနောက်မှ ဆွေ့ခနဲပွေ့ချီပြီး အိပ်ရာထက်ဆီ ခေါ်လာလိုက်တော့သည်။
"ဘာလုပ်တာလဲ"
သူ့ကို မျက်စောင်းလေးပို့ကာ မေးပြန်၏။
"အိပ်မယ်"
"မအိပ်ချင်ဘူး"
သိပ်စွာပြနေသော ကလေးဆိုးအား ဇေယျာ အသည်းယားလာသည်။ ခါတိုင်းတော့ ဖုန်းထဲကသာမြင်ရတာမို့ ဘယ်လိုဆိုးဆိုး ကြည့်ရုံအပြင်၊ ပြောရုံအပြင် ထိတွေ့ခွင့်မရ။ အခုတော့ နှစ်ယောက်တည်း ဘယ်သူမှပင် အနှောင့်အယှက်မရှိဆိုတော့လည်း၊
"မအိပ်ရင် ကိုယ်တခြားဟာ လုပ်မှာနော်"
"ဟမ်!"
ခန့်ခန့်ကတော့ တစ်မျိုးတွေးကာ ထိတ်လန့်သွားသည်။ နှစ်ယောက်တည်း ခရီးစထွက်ရပါပြီလို့ မူးမူးရူးရူးတွေးမိကတည်းက သူ ရင်ဖိုနေခဲ့ရတာပင်။ အခုပြောချင်တာ ဘာအဓိပ္ပါယ်ကြီးပါလဲ။ ပြီးတော့ သည်လူကြီး ယူကေမှာများ နေခဲ့လိုပဲလား၊ တွေ့စညကတည်းက သိပ်ရဲတင်းနေသည်။
"ဟေး မဟုတ်တာတွေ လျှောက်တွေးနေတာလား"
အတွေးပေါက်ပြီး ကြောက်လန့်သွားသည့် ခန့်ခန့်၏မျက်နှာလေးမှာ တဖြည်းဖြည်း နီရဲလာလေပြီ။ နှစ်ယောက်လုံး အိပ်ရာပေါ် ထပ်လျက်သားဆိုတော့လည်း တွေးနိုင်စရာပဲမလား။
"မတွေးပါဘူး၊ အိပ်တော့မယ်"
"ကလေးတစ်ယောက် ကြောက်သွားပြီ။ အိပ်မယ်ဆိုလည်း ဒီဘက်လှည့်ပြီး ကိုယ့်ရင်ခွင်ထဲလာအိပ်"
"...."
ခန့်ခန့်မှာ တုန့်တုန့်မှမလှုပ်တော့။
"အင်း ပြောရဆိုရခက်နေရင်တော့ ဒီကလေး ခုနကတွေးသလို လုပ်တော့မှ..."
စကားတောင်မဆုံးလိုက်၊ ခန့်ခန့်တစ်ယောက် ချက်ချင်းလှည့်လာပြီး ဇေယျာ့ရင်ခွင်ထဲ မျက်နှာကြီးအပ်လာသည်။
"ရှက်တာလား"
"အဲလိုကြီး မစနဲ့ဗျ။ ဒီမှာ ကျောချမ်းတာလိုလို၊ ကြက်သီးထတာလိုလိုနဲ့ မနေတတ်ဘူး"
ဇေယျာ ရင်ခွင်ထဲက ကလေးသေးသေးလေးကို နွေးထွေးစွာဖက်လိုက်ပြီး နှစ်ကိုယ်ကြားသာ ကြားနိုင်သည့်အသံဖြင့်၊
"စိတ်ချနော်။ ကိုယ်တို့ လက်မထပ်ခင်ထိ ကလေးကို ဘာမှမလုပ်ဘူး"
"ဘယ်လိုရယ်"
ထိုသို့ပြောမှ ခန့်ခန့် ခေါင်းကိုမော့ကာ ဇေယျာ့မေးဖျားလေးအား ခပ်နာနာကိုက်လိုက်တော့သည်။
"ကလေး ဘာလို့ကိုက်တာလဲ။ နာတယ်လေကွာ"
"ကိုက်မှာပဲ။ လူကြီးပြောတဲ့ပုံက လက်ထပ်ပြီးရင်တော့ လုပ်ချင်ရာလုပ်မယ်ဆိုတဲ့ ပုံစံမျိုးလေ"
"အင်းလေ .. မရဘူးလား"
"အဲ့လူကြီး!"
ကလေးအသံကျယ်လာသည်မို့ ဇေယျာ ထပ်အကိုက်ခံရမည်စိုး၍ မစရဲတော့ပေ။ ရည်းစားမထားဖူးသော သည်ကလေးက နမ်းတာလေးကိုပင် ကျင့်သားရလာဆဲ။ သည်လိုကိစ္စတွေ အပြောမခံတာတော့ လက်ခံရပါမည်။ အသက်နှစ်ဆယ်ပြည့်ထားရုံဆိုတော့ ငယ်လည်းငယ်သေးသည်မလား။
"ကဲပါ စိတ်ချလက်ချအိပ်တော့။ ကလေး ခွင့်မပြုရင် ကိုယ်ဘာမှမလုပ်ဘူး။ ကတိ"
သေချာကတိပေးတော့မှ သည်ကလေးက စိတ်ချလက်ချ အိိပ်ဖို့ကြိုးစားတော့သည်။ ကြည်နူးလိုက်ရသည့်အဖြစ်။ ဒီလိုပူးပူးကပ်ကပ်ပင် မနေဖူးခဲ့ကြ၍ အထိအတွေ့တိုင်းက ရင်ခုန်စရာကောင်းသည်။ လက်မောင်းပေါ်တွင် တင်ထားသောခေါင်းလေးရှိ ဆံစတို့ကို တစ်ချက်နမ်းရှိုက်ရင်း အတွေးနယ်တို့က ချဲ့မိပြန်ပေါ့။
သည်လိုနှစ်ကိုယ်ကြား အကြားအလပ်မရှိ၊ တူတူအိပ်နေနိုင်တာကိုက မင်းနဲ့ကိုယ်အတွက် ကံကောင်းလွန်းနေပြီမလား။ ဒါပေသိ .. မင်းကို ရယူလိုစိတ်တွေမရှိပါဘူးလို့ ကိုယ် မလိမ်ချင်ပါဘူး။ ကိုယ်လည်း အသွေးအသားနဲ့ လူပဲလေ။ ပြီးတော့ ဒီတစ်နှစ်လုံး ဘယ်လောက်တောင် လွမ်းနေခဲ့လိုက်ရသလဲ။ ဒါပေမဲ့လည်း မင်း ခွင့်မပြုရင်တော့ ကိုယ်တကယ်ဘာမှလုပ်မှာ မဟုတ်ပါဘူး။ ပြီးတော့ ကလေးသာသာအရွယ် မင်းကလေး နာကျင်မှာလည်း ကိုယ် တကယ်စိုးရိမ်မိပါတယ်။
အတွေးတို့ကို ကလေးတစ်ယောက် ကြားနိုင်လျှင် ဘာများပြောပါမည်နည်း။ သို့ပေမဲ့ ရင်ခွင်ထဲက သေးသေးကွေးကွေး ချစ်သူလေးမှာတော့ နှစ်နှစ်ခြိုက်ခြိုက်ပင် အိပ်ပျော်သွားလေတော့သည်။
............................
ညနေစောင်းချိန်တွင်တော့ သူတို့နှစ်ဦးသား အိပ်ရေးဝ၍ လန်းဆန်းနေချေပြီ။ ညနေစာလည်းစားရင်း View Point လည်းသွားရင်း သူတို့အပြင်ပြန်ထွက်ခဲ့ကြ၏။
"ခန့်ကိုတို့နဲ့ခရီးကို မလိုက်ချင်လို့သာပဲနော်။ အလန်းတွေကတော့ ထည့်လာသားပဲ"
လက်ဝါးရိုက်ကာ ကြိုစီစဉ်ထားသောခရီးကို ခန့်ခန့် မလိုက်ချင်မှန်း ဇေယျာ ပြန်မလာခင်ကတည်းက သိနှင့်ပြီးသားဖြစ်သည်။ ဒါတောင် သည်ကလေးက ထုံးစံအတိုင်း အဝတ်အစားအလန်းတွေ မပါမဖြစ်ထည့်လာသေး၏။ ဂျင်းအသားနှင့်အလှဆင်ထားပြီး အဖြူရောင်ရှပ်လက်ရှည်က အောက်ကခံလျက် နှစ်ထပ်ဒီဇိုင်းရှိသောအကျီ။ ဂျင်းဘောင်းဘီအပြာဖျော့မှာလည်း အပေါ်အောက်လိုက်ဖက်ညီစွာ။ ချမ်းအေးသည့်ရှမ်းပြည်လာရတော့ ရန်ကုန်တွင် သိပ်မတွေ့ရတတ်သော ပုံစံမျိုးကို ဝတ်ဆင်ထားတာဖြစ်သည်။
"မလိုက်ချင်လည်း စတိုင်လ်တော့ ဂွမ်းနေလို့မဖြစ်ဘူး"
"ဒီလိုဝတ်စားနေရင်တော့ စိတ်မချစရာပဲ။ ကောင်မလေးတွေ မျက်စိကျနေတော့မယ်"
"မနာလိုမရှိပါနဲ့ဗျာ"
ခပ်နောက်နောက်ပြောကြ၊ နောက်ကြရင်းက View point သို့ ရောက်ရှိလာခဲ့သည်။
ရှူမျှော်မဆုံးမြင်နေရသော တောင်တန်းများမှာ အရှေ့၊ အနောက်တူယှဉ်တွဲကာ အသွယ်သွယ် စီတန်းနေကြသည်။ စိမ်းစိုလှပါသော သစ်ပင်အုံ့ဆိုင်းဆိုင်းတို့ကလည်း မြင်ရဲခဲသည့်မြင်ကွင်းတည်း။ နေမပေါက်အောင် ထူထဲလှသော တိမ်စိုင်တို့က ထိုတောင်တန်းများအား တိုးတိုက်နေသည့်ဟန်။ လှပါသည်ဆိုသောကလောက ချစ်သူနှစ်ဦး အတူစုံသွားရလေတော့ ပိုပြည့်ပြည့်စုံစုံ ဖြစ်သွားသည်။
"လှတယ်နော် လူကြီး"
"လက်ထပ်ပြီးရင် ဒီမှာလာနေကြမလား"
ခန့်ခန့်က မျက်စောင်းလေးခုတ်တော့ ဇေယျာက ပုခုံးလေးအသာဖက်ပြီး ရင်ခွင်ထဲဆွဲထည့်ရှာသည်။ သို့ပေမဲ့ အငြိမ်မနေသော ခန့်ခန့်က ဓာတ်ပုံရိုက်ချင်ပါသတဲ့လေ။
"တောင်တန်းတွေ အများကြီးပါအောင် ဝေးဝေးကရိုက်ရင် ကောင်းမယ်ထင်တယ်"
"သဘောရှိပါဗျာ၊ သစ်သားဘောင်ကို အစွန်းနားထိတော့မရပ်နဲ့။ ကိုယ် ဟိုနားကသွားရိုက်ပေးမယ်"
အသက်နှစ်ဆယ်ပြည့်ပြီးသော်လည်း ဇေယျာမှာ စိတ်မချစွာဖြင့် အစုံအလင်မှာနေဆဲ။ ဓာတ်ပုံအရိုက်ခံချင်လှပြီဖြစ်သည့် ခန့်ခန့်တစ်ယောက်မှာသာ စိတ်မရှည်လှတော့ပေ။
"မြန်မြန်ရိုက်ပေးတော့ဆို"
ဇေယျာ သူ့ဖုန်းကင်မရာလေးကိုင်ရင်း ဓာတ်ပုံရိုက်ပေးမည်ပြုမှ ဝင်လာသောဖုန်းခေါ်ဆိုသံ။ သေချာကြည့်လေတော့ သူ့သူငယ်ချင်း ထက်မြက်ပင်။
"ခဏနော်၊ ကိုယ် ဖုန်းလာနေလို့။ အေး ထက်မြက်"
ခန့်ခန့်က ခေါင်းတညိတ်ညိတ်နှင့် သူ့လက်ထဲဖုန်းဖြင့် ဟိုဟိုသည်သည် လျှောက်ရိုက်နေလေ၏။ ဇေယျာလည်း သည်တော့မှအေးဆေး ဖုန်းပြောနိုင်တော့တာပင်။
"အေး ဇေယျာ။ မင်းတို့နေရထိုင်ရ အဆင်ပြေကြလား လှမ်းမေးတာ"
"ပြေတာထက်တောင်ပိုတယ်။ ကားရော၊ အိမ်လေးရော သဘောကျနေရော။ ငါလည်းရောက်မှ ထပ်ဆက်မယ်ဆိုပြီး အိပ်ပျော်သွားတာ။ ကလေးကတောင် မင်းကို ကျေးဇူးတင်တယ် ပြောပေးဦးတဲ့၊ သူလည်းပျော်နေတာလေ"
"ဟုတ်လား။ အေးအေး ပျော်ကြရင်ပြီးရော။ ဒါပေမဲ့ ဟိတ်ကောင် အပျော်တွေမလွန်စေနဲ့နော်။ ကလေးက ငယ်ငယ်လေးရှိသေးတာ ... ဟင်းဟင်း"
သည်ခရီးကို စပြောပြကတည်းက စနောက်နေသော ထက်မြက်မှာ အခုထက်ထိ မရပ်နိုင်သေး။ ကလေးသာသိရင်တော့ သည်ကောင်တော်တော်မလွယ်လိုက်မည့်ဖြစ်ခြင်း။
"အေး ဟိုကကြားမှ မင်းပါလက်သီးစာမိနေမယ်။ ငါ့တောင် အဲဒီကိစ္စဆို အပြောခံတာမဟုတ်ဘူး"
"ဟ ဟုတ်လား၊ ကြောက်ပြီလေ"
"လူကြီး"
ထိုအချိန် ခန့်ခန့်တစ်ယောက် ငြူငြူစူစူထအော်၍ ဇေယျာ ဖုန်းချရန်ပြင်လိုက်ရတော့သည်။
"ဒါပဲ၊ ဒါပဲ ဟိတ်ကောင်။ ငါ ဓာတ်ပုံရိုက်ပေးရဦးမှာ"
"ဟားဟား ဟုတ်ပြီ၊ မယကကြီးရေ"
ပြောပြီး ဟိုဖက်က ချက်ချင်းဖုန်းချသွားလေသည်။
စိတ်ထဲတွင်တော့ 'မယက' ဆိုပြီးပြောသွားလေတော့ စိတ်ကထောင်းခနဲ။ သူ့ကလေးက ယောကျ်ားလေးပဲကို။ နေပါဦး ... ဒါဆို 'ယကက' များလား။ ဘယ်နှယ့် ... တမျိုးကြီးမလား။
"လူကြီး လာရိုက်ပေးတော့လို့"
"အင်း၊ လာပြီ ... လာပြီ"
သူ့အဖို့ ထွေရာလေးပါး တွေးချိန်ရမနေပါ။ သွက်ပါသည်ဆိုသောကလေးကို သူကလိုက်ထိန်းနေရသည်မလား။ ထူးပြီးမကြာ၊ အသံနှင့်အတူ လူကပါ ကလေးနားသို့ အမြန်ပြေးရသည်။
"ဒီစက်ဘီးလေးနဲ့ ဓာတ်ပုံရိုက်ပေး။ ခုနကနားက ပြီးမှပြန်ရိုက်ရအောင်"
စိတ်ကြိုက်ပြောနေပုံက ဆရာပေါက်စလေးနှယ်။ ဇေယျာ သိပ်တော့ရိုက်မပေးချင်လှ။ ပြီးလျှင် သည်ကလေးက ဖေ့စ်ဘွတ်မှာတင်ဦးမည်။ Comment တွေမြင်ပြီး သဝန်တိုရပေါင်းလည်း များလှလေပြီ။ ဒါကိုမတင်ပါနှင့် ပြောရင်လည်း ငြိုငြင်မှာစိုးသည်မို့ ပြောရခက်။ ရှစ်နှစ်မျှကြီးသော သူ့အဖို့ သဝန်တိုတာကို ချပြရသည်ကလည်း နည်းနည်းတော့ ကလေးဆန်နေလေသည်။
ကိုယ့်ကလေး ချစ်စရာကောင်းသည်ဟု ပြောခြင်းမှာ တကယ်ကို အပိုလုပ်ခြင်းမျိုးမဟုတ်။ မျက်နှာအသွင်အပြင် တစ်ခုထဲနှင့်ပင် အတော်ကြည့်ကောင်းနေလေပြီ။ မျက်ရစ်မှာ သွယ်သွယ်ကလေးနှင့် မျက်ဝန်းတို့က စူးရှသည်။ နှာတံက အတော်အသင့်စင်း၍ ကကြီးပုံနှုတ်ခမ်းလေးက အမြဲဖူးနေသယောင်ရှိ၏။ သည်နှုတ်ခမ်းလေးကိုပဲ သူ တစ်လျှောက်လုံး ကြွေခဲ့ရသည်မလား။
အသားအရည်ကလည်း ရှမ်းစပ်သူမို့ ဖြူဖွေးနေပြန်သေး၏။ သည်ကြားထဲက မောင်မင်းကြီးသားလေး ပဲများလေတော့ မခက်ပေဘူးလား။ အမြဲ စတိုင်လ်ကျအောင် ဝတ်ဆင်သူမို့ စိတ်မချဖြစ်ရသူမှာလည်း ဇေယျာချည်းပင်။ အခုကို စက်ဘီးပေါ်ထိုင်ရင်း ဓာတ်ပုံရိုက်ခံနေသော သူ့ကောင်လေးအား ဘေးကကောင်မလေးတွေ မသိမသာ ရှိုးနေကြလေပြီ။
သည်အနေအထားနှင့် သည်အနေအထားကို ညီအစ်ကိုတွေများ ထင်နေကြလားမသိ။ 'ချစ်သူရည်းစားတွေကွ' ဟုသာ ထိုကလေးမတွေသာမက တောင်တန်းကြီးတွေပါကြားအောင် တွင်တွင်အော်ပြောပစ်လိုက်ချင်သည်။ သူ့စိတ်ထဲမှာ ကလိကလိနှင့်ပါပဲ။
"ကလေး လာ ... လာ သွားမယ်"
"ဟာ နေဦးလေ။ ခုမှဒီနေရာပဲ ရိုက်ရသေးတယ်"
"လာဆို!"
သူများအမြင်မခံချင်တော့သည့်အဆုံး ဇေယျာ လက်ဆွဲ၍သာ ပါအောင်ခေါ်လာခဲ့တော့သည်။ နောက်တွင် ဆူအောင့်အောင့်နှင့် သူခေါ်ရာပါလာသူကတော့ ဘာမှမသိသည့်သူ့ချစ်သူကလေး။
..........................
View Point မှအပြန် ညနေစာစားပြီးနောက်တွင်တော့ သူတို့တည်းခိုရာနေရာလေးသို့ပင် ပြန်လာခဲ့ကြသည်။ သစ်သားအိမ်လေးဆိုပေမဲ့ သပ်သပ်ရပ်ရပ်နှင့် ဆောက်ထားသည်။ အိပ်ခန်း၊ ဧည့်ခန်းနှင့် မီးဖိုအသေးလေးကို တစ်ကန့်စီခွဲထားသည်။ မီးဖိုလေးဘေးတွင် အုတ်ပတ်လည် မီးခိုးခေါင်းတိုင်နှင့် မီးဖိုလေးပါ,ပါရှိတာမို့ အချမ်းပြေ မီးလှုံနိုင်သေးသည်။
ညနေခင်း နေရောင်ပျောက်သွားသည်နှင့် အအေးဓာတ်က သိသိသာသာ ပိုလာသည်။ တောင်ပေါ်မြို့လေး၏ ဆောင်းရာသီမှာလည်း စိမ့်နေအောင် ချမ်းလှသည်။ ဇေယျာမှာတော့ ပုံတွေပြန်ကြည့်နေသည့် ခန့်ခန့်၏လက်တွေ၊ ခြေတွေစမ်းကြည့်တော့ အေးစက်နေလေပြီ။ ထင်တော့ထင်သားလေ။ ဒါမို့လည်း အသင့်ပြင်လာသည့် ခြေအိတ်နှင့်လက်အိတ်တို့ကို ဝတ်ပေးဖို့ ပြင်ရသည်။
"အာ ... ဘာလုပ်တာလဲ"
အသံနှင့်အတူ ခြေဆင်းထားသော ခန့်ခန့်ခြေထောက်မှာ အနည်းဆုံးကျုံ့သွားသည်။
"ခြေစွပ်ဝတ်ပေးမလို့လေ"
"ပေးပါ၊ ကိုယ့်ဘာသာဝတ်မယ်။ ငရဲကြီးလိမ့်မယ်"
"အင်း ... ဒါဆိုလည်း ကိုယ် မီးဖိုလိုက်ဦးမယ်"
"ဟုတ်"
ဇေယျာ မီးဖိုလိုက်တော့မှ မီးအရှိန်ကြောင့် အိမ်လေးထဲအနွေးဓာတ်လေး တဖြည်းဖြည်းရလာသည်။ လျှပ်စစ်မီးရောင်ဖြူလျလျအောက်တွင် မီးပုံမှ ခပ်ဝါဝါအလင်းရောင်တို့က ရောလျက်ယှက်နွယ်လာလျက်။
"ချမ်းနေသေးလား"
"နည်းနည်း"
"ဖုန်းချခဲ့ ... ကိုယ့်ဆီလာ"
ဇေယျာပြောသည့်အတိုင်း အိပ်ယာပေါ်ကဆင်းကာ မီးဖိုနှင့်မလှမ်းမကမ်းသော ဆိုဖာလေးပေါ်သို့ ကျော်ခွကာ ရောက်ချလာသည်။ ခုန်ပေါက်ကာ ဆော့လိုက်သည့်ကလေး။ အနားရောက်လာတော့မှ ဇေယျာ ကလေးကိုရင်ခွင်ထဲတွင် ဝင်ထိုင်စေပြီး စောင်အထူနှင့် ခြေထောက်နှစ်ချောင်းပါမကျန် လုံအောင်ခြုံအုပ်ပေးလိုက်သည်။
"နွေးပြီလား"
ချစ်သူက ခေါင်းလေးသာ အသာညိတ်ပြသည်။
မီးဖိုလေးရှေ့တွင် ချစ်သူနှစ်ယောက် ထပ်တူထိုင်နေကြသည်မှာ သားပိုက်ကောင်လေးများနှယ်။ နှစ်ယောက်သား မျက်နှာမူရာရှိ တောက်လောင်နေသော မီးစများကိုကြည့်ကာ ဘာစကားမှ မပြောဖြစ်ကြသေး။ မဆုံနိုင်ကြသည့်အချိန်ကများသည်မို့ အတူရှိနေကြသော အခိုက်အတန့်လေးတွင် စက္ကန့်တိုင်းက တန်ဖိုးရှိလှသည်။ ဒါမို့လည်း သူတို့ တိတ်ဆိတ်နေကြခြင်း။
ဆုပ်ကိုင်ထားကြသည့် လက်လေးနှစ်စုံ၊ ကျောပြင်နှင့်ရင်ခွင်၏ ဂဟေပမာဆက်သွယ်ထားမှု၊ နွေးနေအောင် ထိကပ်ထားကြသည့် ပါးလေးနှစ်ဖက်၏ အထိအတွေ့ ... သူတို့ချင်း စကားမပြောဖြစ်ကြသည့်တိုင် အထိအတွေ့တစ်ခုခြင်းစီက နွေးထွေးကြည်နူးစေသည်။ ကလောညချမ်း၏ အအေးဒဏ်ကပင် ဤချစ်သူနှစ်ဦး၏ နွေးထွေးမှုကို လွန်စွာမထိုးဖောက်နိုင်တော့။
"လူကြီး"
"အင်း ကလေး ... ဘာလုပ်ချင်လို့လဲ"
ခန့်ခန့် ဒါလေးတွေကစ ချစ်နေရသည်မလား။
"ဘာမှမလုပ်ချင်ပါဘူး။ လူကြီးရဲ့ကျောင်းက ဘယ်တော့ပြီးမှာလဲမေးမလို့"
"အင်း .. စာသင်နှစ်က တစ်နှစ်ကျော်ပဲကြာမှာဆိုတော့ ဒီနှစ်ကုန်ပိုင်းလောက်ဆို ကိုယ်ပြန်လာနိုင်မယ်ထင်တယ်"
နှစ်ကုန်ပိုင်းဆိုပေမဲ့ အခုမှ နှစ်သစ်အစဆုံးနေ့ပဲ ရှိသေးတာမို့ နောက်တစ်နှစ်တော့ စောင့်ရဦးမည်။
"အဲချိန်ဆို ကလေးလည်းကျောင်းပြီးနေလောက်ပြီ"
"အင်းနော်။ ကိုယ်တို့ဘွဲ့ယူချိန်တောင် အချိန်သိပ်မကွာလောက်ဘူးထင်တယ်"
ရုတ်တရက် ခန့်ခန့် စိတ်ထဲ ဝမ်းနည်းသွားသည်။ နှစ်ယောက်သား ဘွဲ့ယူချိန်မကွာပါဘဲလျက် အတူမရှိနိုင်ရသည့်အဖြစ်။
"လူကြီးဘွဲ့ယူကျရင် မိဘတွေနဲ့မမရွယ်တို့ သွားကြမှာပေါ့နော်။ ဟင်း လိုက်ချင်လိုက်တာ။ ဘွဲ့ဝတ်စုံနဲ့လူကြီးရဲ့ပုံကို မြင်ချင်တယ်"
ခန့်ခန့် သည်လိုပြောတော့ ဇေယျာလည်းဖြစ်နိုင်ရင်တော့ ကိုယ်ဘွဲ့ယူချိန် ကလေးကို အနားမှာခေါ်ထားလိုက်ချင်သည်။ သို့သော် အခြေအနေက အခုတောင် ခိုးထွက်လာရသည်မလား။
"ကိုယ့်ဘွဲ့ယူလိုက်မရလည်း ကလေးဘွဲ့ယူရင် ကိုယ်လာမယ်လေ။ ခိုးလာတွေ့ရမယ်ထင်တယ်"
"တော်ပြီ၊ ပေါ်တင်ပဲလာတွေ့ရမယ်"
ခန့်ခန့်က ပြတ်သားစွာမော့ပြောတော့ ဇေယျာ မျက်လုံးချင်းဆုံကြည့်မိသည်။ သူလည်း ပေါ်တင်လာတွေ့ချင်ပေမဲ့ အားလုံးအဆင်မပြေခင်မို့ ပြဿနာအကျယ်၊ အကျယ်ဖြစ်မှာကြောက်ရသေးသည်။
"ကလေးမိဘတွေက ကိုယ့်ကို ကြည်ဖြူပါ့မလား။ ဆူခံနေရမှာပေါ့"
ဇေယျာက မျှော်လင့်ချက်မရှိသည့်လေသံနှင့်ပြောတာမို့ သူလည်း စိတ်မကောင်းဖြစ်ရသည်။ သူ ဆေးရုံပေါ်လဲနေစဉ်က လူကြီးတွေချင်း ဘာတွေများ ပြောခဲ့ကြပါသနည်း။ ခန့်ခန့် အကြိမ်ကြိမ်မေးသော်လည်း အဖြေမရှိခဲ့တာမို့ မှန်းဆသာကြည့်ရသည်။ တကယ်လက်တွေ့မှာ ဘယ်လိုတွေငြင်းဆန်ပြခဲ့ကြသည်မသိ။
"မကြည်ဖြူလည်း ကိစ္စမရှိပါဘူး။ ပြီးတော့ သိပ်လည်းဆူမယ်မထင်ဘူး"
"တကယ်!"
"အင်းပေါ့။ ဒီတစ်နှစ်အတွင်းမှာ လူကြီးကလည်း လူကြီးမိဘတွေ သဘောတူအောင် အဝေးမှာသွားနေပြီး ကြိုးစားသလို ကလေးလည်း မိဘတွေသဘောတူလာအောင် ကြိုးစားနေပါတယ်။ အရင်လို ကလေးမဆန်တော့ဘူး။ နမော်နမဲ့လည်း မနေတော့ဘူး။ သူတို့ယုံကြည်လာအောင်နေတယ်။ ဖေကြီးရဲ့ အလုပ်တွေကိုလည်း ကူလုပ်နေတာ ခုဆိုတော်တော်သိနေပြီပဲ"
လူကြီးစကားလေးပြောနေသည်မို့ ဇေယျာက မနေနိုင်စွာ ခန့်ခန့် နားသယ်စပ်လေးအား နမ်းရှိုက်ရင်း ငြိမ်နားထောင်နေမိသည်။
"အရမ်းစိတ်မပူနဲ့။ မိဘတွေ ယုံကြည်ရတဲ့သားတစ်ယောက်ဖြစ်အောင် ကြိုးစားနေပါတယ်။ ခုချိန်မှာ ကိုယ့်ဘဝကိုယ် ဆုံးဖြတ်နိုင်စွမ်းရှိနေပြီဆိုတာကို အချိန်နဲ့ အားစိုက်ထုတ်မှုပေါင်းပြီး တစ်ဖြည်းဖြည်းချင်း သက်သေပြနေတယ်။ နောက်ဆိုရင်တော့ အပြင်းအထန်ကြီးတော့ မကန့်ကွက်လောက်ကြတော့ဘူးထင်တာပဲ"
ခန့်ခန့်က ဖြစ်ချင်စိတ်ရှိလျှင်ပြတ်သားပြီး မလျှော့သောဇွဲနှင့် လုပ်တတ်သည့်ညဉ်လေးရှိတာကို သူသိသော်ငြား အခုပြောတာတွေကို နားထောင်ရုံနှင့် အရင်နှစ်ကထက် ပိုရင့်ကျက်လာကြောင်း ရိပ်စားမိသည်။
"ကိုယ့်ကလေးသေးသေးလေးက ဒီလိုဆိုတော့လည်း လူကြီးလေးကျလို့ပါလား"
"ဟင်း ... အဲ့လူကြီးကို ချစ်မိသွားလို့ အကျင့်တွေကူးပြီး လူကြီးဆန်လာတာနေမှာပေါ့"
"ဖြစ်နိုင်ပါတယ်။ ဒီလိုဆိုတော့လည်း ရင့်ကျက်လာတဲ့လူကြီးလေးကို ဆုချရမှာပေါ့"
"ဟာ တကယ်၊ ဘာဆုလဲ .. ဘာဆုလဲ "
"ဒီဆု"
ပြောအပြီး ခန့်ခန့်၏နှုတ်ခမ်းလွှာလေးကို ဇေယျာက စုပ်ယူသုံးဆောင်တော့သည်။ အကြံဆိုးနှင့် သိမ်းပိုက်လိုက်ရသောအနမ်းမို့ သိပ်တော့ကြာကြာမခံလိုက်။
"လူကြီး ... လူကြီး၊ လွှတ်ဗျာ။ ဒီက အဟုတ်ထင်နေတာ။ သူက လာနမ်းနေတယ်"
ရှက်တတ်သည့်ကလေးအား နမ်းရဖို့အရေး အကြောင်းပြချက်မှာ မခိုင်လုံနေ၍ ဇေယျာ အကြံအိုက်သွားသည်။ ချစ်သူချင်း တစ်ခါနမ်းရဖို့အရေး အကျိုးအကြောင်းရှာနေရသည်က မလွယ်ကူပေ။ အရှေ့က တောက်လောင်နေသော မီးပုံကြီးကပင် သူ့အားသရော်နေသည့်နှယ်။ တကယ် .. တကယ် သည်ကလေးကို ကြာကြာနမ်းရမည့်အရေးမှာ ဇေယျာ အတော်ဉာဏ်ဆင်နိုင်မှသာ ရမည်။
မည်သို့ပင်ဆိုစေကာမှု အရေးတော်ပုံ အောင်ရမည်မလား။
"အင်းပါ။ ဒါဆိုလည်း ကလေး သွားအိပ်တော့လေ။ ကိုယ်မီးလှုံရင်း Assignment mail ပို့စရာရှိတာလေး လုပ်လိုက်ဦးမယ်"
ပြောပြောဆိုဆိုနှင့် ဇေယျာက ဖက်ထားသည့်လက်ကိုဖြေချ၍ အသင့်သယ်လာသည့်အိတ်ဆီ လက်လှမ်းတော့သည်။
တစ်ဖက်က ခန့်ခန့်အဖို့တော့ အတော်စိတ်ကသိကအောက် ဖြစ်သွားလေပြီ။ မနမ်းချင်တာတော့ မဟုတ်ပေမဲ့ မပြောမဆိုနမ်းလိုက်တော့လည်း ရင်တထိတ်ထိတ်မို့ ငြင်းနေကျအတိုင်း ငြင်းလိုက်မိတာဖြစ်သည်။ တကယ်တော့ သူလည်းသည်လူကြီးရဲ့အနမ်းတွေကို လွမ်းနေတာပဲမလား။
ဘာလို့ နှစ်ခါမကြိုးစားကြည့်ရတာလဲ ... သည်လူကြီး!
"လေဆိပ်မှာပြောတော့ No Work, No Study ဆို။ ခုကျတော့ ကျွန်တော့်ကိုတစ်ယောက်တည်း အိပ်ခိုင်းပြီပေါ့"
ခန့်ခန့်မှာ ကျွန်တော်တွေပါ ပြန်သုံးနေပြီမို့ ဇေယျာ အနည်းငယ်တော့ လန့်သွားသည်။ ခရီးထွက်လာတာမို့ စိတ်ဆိုး၊ စိတ်ကောက်တာမျိုး မဖြစ်စေချင်။ အဓိကက သူနမ်းချင်သည်မလား။
"အဲလိုမဟုတ်ပါဘူး ကလေးရယ်။ ကိုယ်ကနမ်းလိုက်မိတော့ ကလေး စိတ်ရှုပ်သွားတယ်ထင်လို့ပါ။ မကြိုက်ရင် နောက်တစ်ခါ မနမ်းတော့ဘူးနော်"
"ဘယ်သူက မကြိုက်ဘူးပြောနေလို့လဲဗျ"
"ဟာ ... ကြိုက်တယ်ပေါ့"
"မဟုတ်ဘူးလေဗျာ။ အာ ... မသိဘူး။ ရှုပ်လိုက်တာ သွားအိပ်တော့မယ်"
ဇေယျာ ပရိယာယ်သုံးလျှင် အရေးတော်ပုံအောင်ပြီပင်။ ထ၍အိပ်ယာပေါ်ကျော်ခွရန်ပြင်နေသော ကလေးအား သူ လှမ်းဆွဲထားရတော့၏။
"မအိပ်ရပါဘူး။ တစ်ညလုံး အဝနမ်းမှာပေါ့"
"ခုနကပြောတော့ နောက်မနမ်းတော့ပါဘူးဆို"
"နေနိုင်မလားလို့။ အတူတူနမ်း... အဲ ... အတူတူရှိချင်လို့ ဒီခရီးလေးကို သေချာစီစဉ်ထားရတာ၊ လက်လွှတ်မခံနိုင်ပါဘူး။ ပြီးတော့ ဟောဒီနှုတ်ခမ်းဖူးဖူးလေးကို ဖုန်းပေါ်မှာမြင်တိုင်း ပစ်မှားမိပြီး ငုံထားချင်တာ ရူးမတတ်ပဲ။ ကျွန်တော်မျိုး ဘယ်လိုစိတ်ထိန်းရမလဲခင်ဗျာ"
လူကိုတည့်တည့်ကြီးကြည့်ကာ ပြောလာတော့ ခန့်ခန့်မျက်နှာမှာ စပ်ဖျဉ်းဖျဉ်းပင် ဖြစ်လာလေပြီ။ သူ့ကိုသည်လောက်တောင် မျှော်လင့်နေခဲ့သည်တဲ့လား။ အချစ်ခံရသောဘဝက သေလောက်အောင် ကြည်နူးဖို့ကောင်းတာအမှန်ပင်။
"မထိန်းနိုင်လည်း သဘောပေါ့"
ခန့်ခန့်ဖက်မှ မီးစိမ်းတစ်ချက်ပြလိုက်ပြီမို့ ဇေယျာ ခန္ဓာကိုယ်သေးသေးလေးကို အိပ်ယာပေါ် မရွှေ့တော့သည်။ ထို့နောက် ခေါင်းအုံးလေးပေါ် အသာချပေးတော့ ခန့်ခန့်က ပြုံးပြုံးလေး ပြန်ကြည့်နေလေပြီ။
"ဒီနှုတ်ခမ်းဖူးဖူးလေးက တစ်သက်လုံး ကိုယ့်အပိုင်ပါလို့ပြော"
ခန့်ခန့်နှုတ်ခမ်းတစ်စုံအား လက်မဖြင့်ပွတ်သပ်ရင်း ထိုစကားဆိုလာသူ။ သုံးလက်မတောင် မဝေးတော့သည့်အကွာအဝေးတွင် ထိုသူက ပိုင်ဆိုင်ကြောင်းသက်သေ လိုချင်နေသေးသည်။
"အင်း .. ဒီနှုတ်ခမ်းဖူးဖူးက တစ်သက်လုံးလူကြီးအပိုင်"
သူ စိတ်ချမ်းသာအောင် ပြောပေးလာတာမို့ ဇေယျာ လှစ်ခနဲပြုံးလိုက်မိသည်။ ကလေးနှုတ်ကပြောလိုက်တော့ သူ့အတွက်တံဆိပ်ခတ်ပြီးသား ဖြစ်သွားပြီမလား။
"ဟုတ်တယ်၊ ကိုယ့်အပိုင်"
ပြောအပြီး ခန့်ခန့်က အလိုက်တသိ မျက်လုံးလေးမှိတ်သွားပြီမို့ ဇေယျာလည်း စောင့်ဆိုင်းမနေတော့ချေ။ ပန်းသွေးရောင်သန်းသည့် နှုတ်ခမ်းလေးအား ညင်သာစွာဖိကပ်မိတော့သည်။
ပျားရည်ထက်မက ချိုမြိန်လွန်းလှသည့် နှုတ်ခမ်းဖူးတို့မှာ နမ်းမဝနိုင်အောင်ပင် ဖြစ်ရသည်။ ကလေးကိုနမ်းရတိုင်း သူ့အတွက် အငမ်းမရဖြစ်ရသည်ချည်း။ သောက်လေ၊ သောက်လေ ငတ်မပြေဆိုတာ ဒါမျိုးကို ပြောသည်ထင်။
ခန့်ခန့်ဖက်ကလည်း တရှိုက်မက်မက် ပြန်နမ်းရှိုက်နေသည်မှာ အရင်ကထက် ပိုကျွမ်းကျင်လာသည်။ ငြိမ်ခံနေရုံမျှ မဟုတ်တော့တာမို့ သူ့ဖက်၊ ကိုယ့်ဖက် အပေးအယူမျှလာသည့် အခြေအနေတစ်ခု။
ထို့နောက် လည်ပင်းနောက်ကို သိုင်းဖက်ထားသည့် လက်သေးလေးတစ်စုံ၊ တစ်သားတည်းထပ်တူကျလာသည့် ခန္ဓာကိုယ်လေးနှစ်ခု၊ ရင်ခုန်သံ စည်းချက်တို့နှင့်အပြိုင် ဖြစ်ပေါ်လာသည့် သွေးသားတို့၏ လှုံ့ဆော်မှုတို့နှင့်အတူ ... အားလုံးက ညှိုနှိုင်းစရာမလို အလိုက်သင့် ဖြစ်ပေါ်နေကြသည်။
အချိန်များစွာ ကြာမြင့်လာသည့်တိုင် အနမ်းမိုးတို့က ရာသီဆောင်းကိုအံတုကာ ပြင်းထန်စွာ ရွာသွန်းနေကြဆဲဖြစ်၏။ မီးဖိုလေးနှင့် ဝေးသွားသည့်တိုင် အလုပ်ရှုပ်နေကြသည့် ချစ်သူနှစ်ဦးအဖို့ မချမ်းစီးနိုင်တော့။ ယနေ့အတွက် ကလောမြို့ကောင်းကင်ယံတွင်သာနေသည့် ဖိုးလမင်းကြီးကတော့ ချစ်ရည်လူးနေသော ဤချစ်သူနှစ်ဦးကြောင့် ရှက်နေတော့မည်ထင်ပါ၏။
24/10/2020
•••••••••••••••••••••••••••••••••••••••••••
<Zawgyi>
တိမ္ေတြ၊ ေတာင္ေတြ၊ ျမဴခိုးေတြႏွင့္ အိပ္မက္ဆန္ေသာ ေတာင္ေပၚၿမိဳ႕ေလး။
တစ္သက္လုံး ေငးၾကည့္ဖို႔ထိုက္တန္ေသာ ေမၽွာ္ခင္းေတြနဲ႔ ရွုမၿငီးနိုင္သည့္ၿမိဳ႕ေလး။
ၿမိဳ႕ျပရဲ့မြန္းၾကပ္မွုေတြမရွိဘဲ အရာရာခ်စ္စဖြယ္ေကာင္းၿပီး ႏွလုံးသားကို ေႏြးေထြးေစေသာၿမိဳ႕ေလး။
ဟဲဟိုးေလဆိပ္ကတစ္ဆင့္ ကေလာၿမိဳ႕ကို ဝင္ၿပီဆိုသည္ႏွင့္ စိတ္၏ၾကည္ႏူးမွုကို ခံစားရသည္။ လက္ဝဲ၊ လက္ယာရွိ ဝိုင္ၿခံႏွင့္ အျခားေသာစိုက္ပ်ိဳးေရးၿခံမ်ားကို ေက်ာ္ျဖတ္ခဲ့ၿပီးေနာက္ ေလထု၏ေအးစက္မွုေလးက ပိုလာသည္။
ခ်ယ္ရီပန္းလြင္လြင္တို႔ လွပစြာဖူးပြင့္ေနသည္ကအစ ႏွင္းရည္စိုစြတ္ေနသည့္လမ္းမ်ားေပၚသို႔ ေျမခေႂကြက်သည္အဆုံး ကေလာၿမိဳ႕ရွိ အရာရာဟာ ကဗ်ာဆန္စြာ လွပသည္။ ထင္းရွူးပင္တ္ို႔ကလည္း ကေလာ၏ သဘာဝအလွတို႔ထဲက မပါမျဖစ္တစ္ခု။ အေလ့က်ေပါက္ေနၾကေသာ ေတာရိုင္းပင္တို႔ႏွင့္ စိန္ပန္းျပာတို႔ကလည္း ကေလာၿမိဳ႕ေလး၏အလွကို ပိုမိုျပည့္စုံေစတာပင္။
ခန႔္ခန႔္အတြက္ ကေလာဆိုသည္ကထပ္ကာထပ္ကာ လာလည္ခ်င္မိေသာၿမိဳ႕ေလးျဖစ္၏။
"ေက်းဇူးေနာ္ ... လူႀကီး"
ရွုခင္းေတြကိုေငးေနရင္းက ေဘးရွိခ်စ္သူကို မေမ့မေလ်ာ့ ေျပာရေပသည္။ သူ အရမ္းသြားခ်င္ေနခဲ့သည္မလား။
"႐ုတ္တရက္ႀကီး ဘာကိုလဲ"
"ေျပာဖူးတဲ့ဆႏၵေလးကိုမေမ့ဘဲ မျဖစ္,ျဖစ္ေအာင္ ျဖည့္ဆည္းေပးလို႔"
ရည္းစားျဖစ္ခါစက ျမန္မာနိုင္ငံတြင္ ခန႔္ခန႔္ သြားအလည္ခ်င္ဆုံးေနရာမ်ားကို ခ်စ္သူက ေမးဖူးသည္။ ကေလာၿမိဳ႕ တစ္ခုတည္းကိုသာ ေျဖခဲ့ၿပီး 'လူႀကီးနဲ႔ သြားဖူးခ်င္တယ္' ဟု ေျပာခဲ့ဖူးတာျဖစ္၏။ တစ္ေလၽွာက္လုံးစိတ္ကူးျဖစ္ခဲ့ေသာ္လည္း အခြင့္အခါက မသင့္ခဲ့။ အခုေတာ့ လက္ေတြ႕ၾကဳံေနရသည္က အိပ္မက္ဆန္သလိုလို။ ၾကည္ႏူးဖို႔ေကာင္းသလိုလို။ မယုံၾကည္နိုင္ဖြယ္ တိမ္တိုက္ထဲဝယ္ ခရီးသြားေနရသည့္အတိုင္း။
"အဲလိုမ်ိဳးဆို ေက်းဇူးလို႔မေျပာဘဲ ခ်စ္တယ္လို႔ေျပာ"
"သိပ္လည္တယ္ေနာ္"
ခန႔္ခန႔္က ႏွစ္လိုဖြယ္ျပဳံးရင္းေျဖေတာ့ ေဇယ်ာ ပါးမို႔မို႔ေလးအား တစ္ခ်က္ဖ်စ္ညႇစ္လိုက္သည္။
ၿမိဳ႕ထဲသို႔ဝင္ၿပီး မနက္ဆယ့္တစ္နာရီေလာက္တြင္ ေနရမည့္ေတာင္ေပၚက သစ္သားအိမ္လုံးေလးသို႔ ေရာက္ရွိၾကသည္။ ႏွစ္ေယာက္ထဲသာ အေႏွာင့္အယွက္မရွိ ေနခ်င္တာမို႔ ထက္ျမက္ကို ေတာင္ေပၚအိမ္ေလး မရ,ရေအာင္ရွာေပးဆိုၿပီး ႀကိဳစီစဥ္ခိုင္းထားခဲ့ရျခင္း။ မေတြ႕ရတာၾကာသည့္ သူငယ္ခ်င္းကိုလည္း သည္နည္းႏွင့္ပဲ လွမ္းႏွိပ္စက္ရေသးသည္။ အလိုက္သိသည့္ေကာင္က ကားပါစီစဥ္ေပးထားတာမို႔ အဆင္ေျပတာထက္ေတာ့ ပိုပါေလသား။
အိမ္ေလးေရွ႕ေရာက္ေတာ့ ထင္ထားတာထက္ ပိုခ်စ္စရာေကာင္းသည္။ မက်ယ္မက်ဥ္းႏွင့္ ေနခ်င္စဖြယ္အတိ။ ႏွစ္ဦးသားေရာက္ခ်ိန္မွ ေစာင့္ေနေပးေသာ ထက္ျမက္အသိမိတ္ေဆြက ေသာ့ေပးထားခဲ့သည္။ လိုတာရွိလၽွင္ ဖုန္းဆက္ပါတဲ့ေလ။
သည္လိုႏွင့္ ႏွစ္ေယာက္သား အထုပ္ကိုယ္စီဆြဲလို႔ ဝင္ခဲ့ၾကသည္။ အထဲတြင္ စားစရာ၊ ေသာက္စရာမ်ား အျပည့္အစုံ ျဖည့္တင္းေပးထား႐ုံမက ေတာင္ေပၚ ရွုခင္းေတြကိုပါ အားပါးတရျမင္ရ၍ ခန႔္ခန႔္တစ္ေယာက္ေတာ့ အေတာ္ေပ်ာ္ေနေတာ့တာပါပဲ။ မ်က္စိတစ္ဆုံးျမင္ေနရသည့္ ေတာင္တန္းေတြက ေန႔ခင္းအခ်ိန္ေတာင္ မွိုင္းမွုန္ျပာလို႔။ ေနမျမင္ရသည့္တိုင္ တိမ္ခိုးေတြက ခဲျပာေရာင္လႊမ္းလ်က္ ၾကည့္ေကာင္းေနသည္။
"ကေလးေရ ... လာေတာ့။ အဲဒါေတြ ညေနမွၾကည့္လည္းရတယ္၊ အခုလာအိပ္ဦး။ ညကတည္းက ေကာင္းေကာင္းအိပ္ရေသးတာ မဟုတ္ေသးဘူး ... လာ"
"ေနဦး ဓာတ္ပုံခဏရိုက္ဦးမယ္။ ေရာက္ေၾကာင္းတင္ရမယ္"
ခန႔္ခန႔္က သူလုပ္ခ်င္လၽွင္ ဇြတ္တရြတ္လုပ္တတ္သည့္ညဥ္ေလးကျဖင့္ တစ္ႏွစ္ေက်ာ္ၾကာတာေတာင္ မေပ်ာက္ေသးပါေခ်။ သိပ္ဆိုးဝါးသည့္အက်င့္မဟုတ္ေသာ္လည္း အခုေတာ့အိပ္မွရမည္မို႔ ေဇယ်ာ သြားေခၚရေတာ့သည္။ မ်ားမ်ားေသာက္ထားတာေတာင္ တစ္ညလုံးမအိပ္ရေသးတာမို႔ ႏြမ္းနယ္ေနေတာ့မည္မလား။
ေဇယ်ာ ခန႔္ခန႔္အေနာက္နား မသိမသာကပ္ရပ္ေတာ့ ရွူခင္းက သူ႔ခ်စ္သူေလး ဓာတ္ပုံရိုက္ခ်င္စရာေကာင္းေလာက္ေအာင္ လွပေန၏။ မိုးမရြာေသာ္ျငား တိမ္စိုင္တို႔က အရပ္ရွစ္မ်က္ႏွာအျပည့္ ေနရာယူထားသည္။ နဂိုေအးသည့္ေဆာင္းက ကေလာတြင္ သိသိသာသာ ပိုေနေလ၏။ သူ႔ကေလးကေတာ့ အိမ္ေလးကိုလည္း သေဘာက်၊ ပန္းေတြကိုလည္း သေဘာတက်ႏွင့္ ျမင္ျမင္သမၽွ အပိုင္သိမ္းကာ အိမ္သယ္သြားခ်င္သည္တဲ့ေလ။ အိမ္ေလးေနာက္ဖက္ျခမ္းက စင္တင္စိုက္ထားသည့္ ပန္းပင္ေလးေတြအား ငုံ႔ၾကည့္ေနလိုက္တာ စိတ္ဝင္တစားႏွင့္။ စိတ္မရွည္ေတာ့သည့္ ေဇယ်ာက အေနာက္မွ ေဆြ႕ခနဲေပြ႕ခ်ီၿပီး အိပ္ရာထက္ဆီ ေခၚလာလိုက္ေတာ့သည္။
"ဘာလုပ္တာလဲ"
သူ႔ကို မ်က္ေစာင္းေလးပို႔ကာ ေမးျပန္၏။
"အိပ္မယ္"
"မအိပ္ခ်င္ဘူး"
သိပ္စြာျပေနေသာ ကေလးဆိုးအား ေဇယ်ာ အသည္းယားလာသည္။ ခါတိုင္းေတာ့ ဖုန္းထဲကသာျမင္ရတာမို႔ ဘယ္လိုဆိုးဆိုး ၾကည့္႐ုံအျပင္၊ ေျပာ႐ုံအျပင္ ထိေတြ႕ခြင့္မရ။ အခုေတာ့ ႏွစ္ေယာက္တည္း ဘယ္သူမွပင္ အေႏွာင့္အယွက္မရွိဆိုေတာ့လည္း၊
"မအိပ္ရင္ ကိုယ္တျခားဟာ လုပ္မွာေနာ္"
"ဟမ္!"
ခန႔္ခန႔္ကေတာ့ တစ္မ်ိဳးေတြးကာ ထိတ္လန႔္သြားသည္။ ႏွစ္ေယာက္တည္း ခရီးစထြက္ရပါၿပီလို႔ မူးမူး႐ူး႐ူးေတြးမိကတည္းက သူ ရင္ဖိုေနခဲ့ရတာပင္။ အခုေျပာခ်င္တာ ဘာအဓိပၸါယ္ႀကီးပါလဲ။ ၿပီးေတာ့ သည္လူႀကီး ယူေကမွာမ်ား ေနခဲ့လိုပဲလား၊ ေတြ႕စညကတည္းက သိပ္ရဲတင္းေနသည္။
"ေဟး မဟုတ္တာေတြ ေလၽွာက္ေတြးေနတာလား"
အေတြးေပါက္ၿပီး ေၾကာက္လန႔္သြားသည့္ ခန႔္ခန႔္၏မ်က္ႏွာေလးမွာ တျဖည္းျဖည္း နီရဲလာေလၿပီ။ ႏွစ္ေယာက္လုံး အိပ္ရာေပၚ ထပ္လ်က္သားဆိုေတာ့လည္း ေတြးနိုင္စရာပဲမလား။
"မေတြးပါဘူး၊ အိပ္ေတာ့မယ္"
"ကေလးတစ္ေယာက္ ေၾကာက္သြားၿပီ။ အိပ္မယ္ဆိုလည္း ဒီဘက္လွည့္ၿပီး ကိုယ့္ရင္ခြင္ထဲလာအိပ္"
"...."
ခန႔္ခန႔္မွာ တုန့္တုန့္မွမလွုပ္ေတာ့။
"အင္း ေျပာရဆိုရခက္ေနရင္ေတာ့ ဒီကေလး ခုနကေတြးသလို လုပ္ေတာ့မွ..."
စကားေတာင္မဆုံးလိုက္၊ ခန႔္ခန႔္တစ္ေယာက္ ခ်က္ခ်င္းလွည့္လာၿပီး ေဇယ်ာ့ရင္ခြင္ထဲ မ်က္ႏွာႀကီးအပ္လာသည္။
"ရွက္တာလား"
"အဲလိုႀကီး မစနဲ႔ဗ်။ ဒီမွာ ေက်ာခ်မ္းတာလိုလို၊ ၾကက္သီးထတာလိုလိုနဲ႔ မေနတတ္ဘူး"
ေဇယ်ာ ရင္ခြင္ထဲက ကေလးေသးေသးေလးကို ေႏြးေထြးစြာဖက္လိုက္ၿပီး ႏွစ္ကိုယ္ၾကားသာ ၾကားနိုင္သည့္အသံျဖင့္၊
"စိတ္ခ်ေနာ္။ ကိုယ္တို႔ လက္မထပ္ခင္ထိ ကေလးကို ဘာမွမလုပ္ဘူး"
"ဘယ္လိုရယ္"
ထိုသို႔ေျပာမွ ခန႔္ခန႔္ ေခါင္းကိုေမာ့ကာ ေဇယ်ာ့ေမးဖ်ားေလးအား ခပ္နာနာကိုက္လိုက္ေတာ့သည္။
"ကေလး ဘာလို႔ကိုက္တာလဲ။ နာတယ္ေလကြာ"
"ကိုက္မွာပဲ။ လူႀကီးေျပာတဲ့ပုံက လက္ထပ္ၿပီးရင္ေတာ့ လုပ္ခ်င္ရာလုပ္မယ္ဆိုတဲ့ ပုံစံမ်ိဳးေလ"
"အင္းေလ .. မရဘူးလား"
"အဲ့လူႀကီး!"
ကေလးအသံက်ယ္လာသည္မို႔ ေဇယ်ာ ထပ္အကိုက္ခံရမည္စိုး၍ မစရဲေတာ့ေပ။ ရည္းစားမထားဖူးေသာ သည္ကေလးက နမ္းတာေလးကိုပင္ က်င့္သားရလာဆဲ။ သည္လိုကိစၥေတြ အေျပာမခံတာေတာ့ လက္ခံရပါမည္။ အသက္ႏွစ္ဆယ္ျပည့္ထား႐ုံဆိုေတာ့ ငယ္လည္းငယ္ေသးသည္မလား။
"ကဲပါ စိတ္ခ်လက္ခ်အိပ္ေတာ့။ ကေလး ခြင့္မျပဳရင္ ကိုယ္ဘာမွမလုပ္ဘူး။ ကတိ"
ေသခ်ာကတိေပးေတာ့မွ သည္ကေလးက စိတ္ခ်လက္ခ် အိိပ္ဖို႔ႀကိဳးစားေတာ့သည္။ ၾကည္ႏူးလိုက္ရသည့္အျဖစ္။ ဒီလိုပူးပူးကပ္ကပ္ပင္ မေနဖူးခဲ့ၾက၍ အထိအေတြ႕တိုင္းက ရင္ခုန္စရာေကာင္းသည္။ လက္ေမာင္းေပၚတြင္ တင္ထားေသာေခါင္းေလးရွိ ဆံစတို႔ကို တစ္ခ်က္နမ္းရွိုက္ရင္း အေတြးနယ္တို႔က ခ်ဲ့မိျပန္ေပါ့။
သည္လိုႏွစ္ကိုယ္ၾကား အၾကားအလပ္မရွိ၊ တူတူအိပ္ေနနိုင္တာကိုက မင္းနဲ႔ကိုယ္အတြက္ ကံေကာင္းလြန္းေနၿပီမလား။ ဒါေပသိ .. မင္းကို ရယူလိုစိတ္ေတြမရွိပါဘူးလို႔ ကိုယ္ မလိမ္ခ်င္ပါဘူး။ ကိုယ္လည္း အေသြးအသားနဲ႔ လူပဲေလ။ ၿပီးေတာ့ ဒီတစ္ႏွစ္လုံး ဘယ္ေလာက္ေတာင္ လြမ္းေနခဲ့လိုက္ရသလဲ။ ဒါေပမဲ့လည္း မင္း ခြင့္မျပဳရင္ေတာ့ ကိုယ္တကယ္ဘာမွလုပ္မွာ မဟုတ္ပါဘူး။ ၿပီးေတာ့ ကေလးသာသာအရြယ္ မင္းကေလး နာက်င္မွာလည္း ကိုယ္ တကယ္စိုးရိမ္မိပါတယ္။
အေတြးတို႔ကို ကေလးတစ္ေယာက္ ၾကားနိုင္လၽွင္ ဘာမ်ားေျပာပါမည္နည္း။ သို႔ေပမဲ့ ရင္ခြင္ထဲက ေသးေသးေကြးေကြး ခ်စ္သူေလးမွာေတာ့ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ပင္ အိပ္ေပ်ာ္သြားေလေတာ့သည္။
............................
ညေနေစာင္းခ်ိန္တြင္ေတာ့ သူတို႔ႏွစ္ဦးသား အိပ္ေရးဝ၍ လန္းဆန္းေနေခ်ၿပီ။ ညေနစာလည္းစားရင္း View Point လည္းသြားရင္း သူတို႔အျပင္ျပန္ထြက္ခဲ့ၾက၏။
"ခန႔္ကိုတို႔နဲ႔ခရီးကို မလိုက္ခ်င္လို႔သာပဲေနာ္။ အလန္းေတြကေတာ့ ထည့္လာသားပဲ"
လက္ဝါးရိုက္ကာ ႀကိဳစီစဥ္ထားေသာခရီးကို ခန႔္ခန႔္ မလိုက္ခ်င္မွန္း ေဇယ်ာ ျပန္မလာခင္ကတည္းက သိႏွင့္ၿပီးသားျဖစ္သည္။ ဒါေတာင္ သည္ကေလးက ထုံးစံအတိုင္း အဝတ္အစားအလန္းေတြ မပါမျဖစ္ထည့္လာေသး၏။ ဂ်င္းအသားႏွင့္အလွဆင္ထားၿပီး အျဖဴေရာင္ရွပ္လက္ရွည္က ေအာက္ကခံလ်က္ ႏွစ္ထပ္ဒီဇိုင္းရွိေသာအက်ီ။ ဂ်င္းေဘာင္းဘီအျပာေဖ်ာ့မွာလည္း အေပၚေအာက္လိုက္ဖက္ညီစြာ။ ခ်မ္းေအးသည့္ရွမ္းျပည္လာရေတာ့ ရန္ကုန္တြင္ သိပ္မေတြ႕ရတတ္ေသာ ပုံစံမ်ိဳးကို ဝတ္ဆင္ထားတာျဖစ္သည္။
"မလိုက္ခ်င္လည္း စတိုင္လ္ေတာ့ ဂြမ္းေနလို႔မျဖစ္ဘူး"
"ဒီလိုဝတ္စားေနရင္ေတာ့ စိတ္မခ်စရာပဲ။ ေကာင္မေလးေတြ မ်က္စိက်ေနေတာ့မယ္"
"မနာလိုမရွိပါနဲ႔ဗ်ာ"
ခပ္ေနာက္ေနာက္ေျပာၾက၊ ေနာက္ၾကရင္းက View point သို႔ ေရာက္ရွိလာခဲ့သည္။
ရွူေမၽွာ္မဆုံးျမင္ေနရေသာ ေတာင္တန္းမ်ားမွာ အေရွ႕၊ အေနာက္တူယွဥ္တြဲကာ အသြယ္သြယ္ စီတန္းေနၾကသည္။ စိမ္းစိုလွပါေသာ သစ္ပင္အုံ႔ဆိုင္းဆိုင္းတို႔ကလည္း ျမင္ရဲခဲသည့္ျမင္ကြင္းတည္း။ ေနမေပါက္ေအာင္ ထူထဲလွေသာ တိမ္စိုင္တို႔က ထိုေတာင္တန္းမ်ားအား တိုးတိုက္ေနသည့္ဟန္။ လွပါသည္ဆိုေသာကေလာက ခ်စ္သူႏွစ္ဦး အတူစုံသြားရေလေတာ့ ပိုျပည့္ျပည့္စုံစုံ ျဖစ္သြားသည္။
"လွတယ္ေနာ္ လူႀကီး"
"လက္ထပ္ၿပီးရင္ ဒီမွာလာေနၾကမလား"
ခန႔္ခန႔္က မ်က္ေစာင္းေလးခုတ္ေတာ့ ေဇယ်ာက ပုခုံးေလးအသာဖက္ၿပီး ရင္ခြင္ထဲဆြဲထည့္ရွာသည္။ သို႔ေပမဲ့ အၿငိမ္မေနေသာ ခန႔္ခန႔္က ဓာတ္ပုံရိုက္ခ်င္ပါသတဲ့ေလ။
"ေတာင္တန္းေတြ အမ်ားႀကီးပါေအာင္ ေဝးေဝးကရိုက္ရင္ ေကာင္းမယ္ထင္တယ္"
"သေဘာရွိပါဗ်ာ၊ သစ္သားေဘာင္ကို အစြန္းနားထိေတာ့မရပ္နဲ႔။ ကိုယ္ ဟိုနားကသြားရိုက္ေပးမယ္"
အသက္ႏွစ္ဆယ္ျပည့္ၿပီးေသာ္လည္း ေဇယ်ာမွာ စိတ္မခ်စြာျဖင့္ အစုံအလင္မွာေနဆဲ။ ဓာတ္ပုံအရိုက္ခံခ်င္လွၿပီျဖစ္သည့္ ခန႔္ခန႔္တစ္ေယာက္မွာသာ စိတ္မရွည္လွေတာ့ေပ။
"ျမန္ျမန္ရိုက္ေပးေတာ့ဆို"
ေဇယ်ာ သူ႔ဖုန္းကင္မရာေလးကိုင္ရင္း ဓာတ္ပုံရိုက္ေပးမည္ျပဳမွ ဝင္လာေသာဖုန္းေခၚဆိုသံ။ ေသခ်ာၾကည့္ေလေတာ့ သူ႔သူငယ္ခ်င္း ထက္ျမက္ပင္။
"ခဏေနာ္၊ ကိုယ္ ဖုန္းလာေနလို႔။ ေအး ထက္ျမက္"
ခန႔္ခန႔္က ေခါင္းတညိတ္ညိတ္ႏွင့္ သူ႔လက္ထဲဖုန္းျဖင့္ ဟိုဟိုသည္သည္ ေလၽွာက္ရိုက္ေနေလ၏။ ေဇယ်ာလည္း သည္ေတာ့မွေအးေဆး ဖုန္းေျပာနိုင္ေတာ့တာပင္။
"ေအး ေဇယ်ာ။ မင္းတို႔ေနရထိုင္ရ အဆင္ေျပၾကလား လွမ္းေမးတာ"
"ေျပတာထက္ေတာင္ပိုတယ္။ ကားေရာ၊ အိမ္ေလးေရာ သေဘာက်ေနေရာ။ ငါလည္းေရာက္မွ ထပ္ဆက္မယ္ဆိုၿပီး အိပ္ေပ်ာ္သြားတာ။ ကေလးကေတာင္ မင္းကို ေက်းဇူးတင္တယ္ ေျပာေပးဦးတဲ့၊ သူလည္းေပ်ာ္ေနတာေလ"
"ဟုတ္လား။ ေအးေအး ေပ်ာ္ၾကရင္ၿပီးေရာ။ ဒါေပမဲ့ ဟိတ္ေကာင္ အေပ်ာ္ေတြမလြန္ေစနဲ႔ေနာ္။ ကေလးက ငယ္ငယ္ေလးရွိေသးတာ ... ဟင္းဟင္း"
သည္ခရီးကို စေျပာျပကတည္းက စေနာက္ေနေသာ ထက္ျမက္မွာ အခုထက္ထိ မရပ္နိုင္ေသး။ ကေလးသာသိရင္ေတာ့ သည္ေကာင္ေတာ္ေတာ္မလြယ္လိုက္မည့္ျဖစ္ျခင္း။
"ေအး ဟိုကၾကားမွ မင္းပါလက္သီးစာမိေနမယ္။ ငါ့ေတာင္ အဲဒီကိစၥဆို အေျပာခံတာမဟုတ္ဘူး"
"ဟ ဟုတ္လား၊ ေၾကာက္ၿပီေလ"
"လူႀကီး"
ထိုအခ်ိန္ ခန႔္ခန႔္တစ္ေယာက္ ျငဴျငဴစူစူထေအာ္၍ ေဇယ်ာ ဖုန္းခ်ရန္ျပင္လိုက္ရေတာ့သည္။
"ဒါပဲ၊ ဒါပဲ ဟိတ္ေကာင္။ ငါ ဓာတ္ပုံရိုက္ေပးရဦးမွာ"
"ဟားဟား ဟုတ္ၿပီ၊ မယကႀကီးေရ"
ေျပာၿပီး ဟိုဖက္က ခ်က္ခ်င္းဖုန္းခ်သြားေလသည္။
စိတ္ထဲတြင္ေတာ့ 'မယက' ဆိုၿပီးေျပာသြားေလေတာ့ စိတ္ကေထာင္းခနဲ။ သူ႔ကေလးက ေယာက်္ားေလးပဲကို။ ေနပါဦး ... ဒါဆို 'ယကက' မ်ားလား။ ဘယ္ႏွယ့္ ... တမ်ိဳးႀကီးမလား။
"လူႀကီး လာရိုက္ေပးေတာ့လို႔"
"အင္း၊ လာၿပီ ... လာၿပီ"
သူ႔အဖို႔ ေထြရာေလးပါး ေတြးခ်ိန္ရမေနပါ။ သြက္ပါသည္ဆိုေသာကေလးကို သူကလိုက္ထိန္းေနရသည္မလား။ ထူးၿပီးမၾကာ၊ အသံႏွင့္အတူ လူကပါ ကေလးနားသို႔ အျမန္ေျပးရသည္။
"ဒီစက္ဘီးေလးနဲ႔ ဓာတ္ပုံရိုက္ေပး။ ခုနကနားက ၿပီးမွျပန္ရိုက္ရေအာင္"
စိတ္ႀကိဳက္ေျပာေနပုံက ဆရာေပါက္စေလးႏွယ္။ ေဇယ်ာ သိပ္ေတာ့ရိုက္မေပးခ်င္လွ။ ၿပီးလၽွင္ သည္ကေလးက ေဖ့စ္ဘြတ္မွာတင္ဦးမည္။ Comment ေတြျမင္ၿပီး သဝန္တိုရေပါင္းလည္း မ်ားလွေလၿပီ။ ဒါကိုမတင္ပါႏွင့္ ေျပာရင္လည္း ၿငိဳျငင္မွာစိုးသည္မို႔ ေျပာရခက္။ ရွစ္ႏွစ္မၽွႀကီးေသာ သူ႔အဖို႔ သဝန္တိုတာကို ခ်ျပရသည္ကလည္း နည္းနည္းေတာ့ ကေလးဆန္ေနေလသည္။
ကိုယ့္ကေလး ခ်စ္စရာေကာင္းသည္ဟု ေျပာျခင္းမွာ တကယ္ကို အပိုလုပ္ျခင္းမ်ိဳးမဟုတ္။ မ်က္ႏွာအသြင္အျပင္ တစ္ခုထဲႏွင့္ပင္ အေတာ္ၾကည့္ေကာင္းေနေလၿပီ။ မ်က္ရစ္မွာ သြယ္သြယ္ကေလးႏွင့္ မ်က္ဝန္းတို႔က စူးရွသည္။ ႏွာတံက အေတာ္အသင့္စင္း၍ ကႀကီးပုံႏွုတ္ခမ္းေလးက အျမဲဖူးေနသေယာင္ရွိ၏။ သည္ႏွုတ္ခမ္းေလးကိုပဲ သူ တစ္ေလၽွာက္လုံး ေႂကြခဲ့ရသည္မလား။
အသားအရည္ကလည္း ရွမ္းစပ္သူမို႔ ျဖဴေဖြးေနျပန္ေသး၏။ သည္ၾကားထဲက ေမာင္မင္းႀကီးသားေလး ပဲမ်ားေလေတာ့ မခက္ေပဘူးလား။ အျမဲ စတိုင္လ္က်ေအာင္ ဝတ္ဆင္သူမို႔ စိတ္မခ်ျဖစ္ရသူမွာလည္း ေဇယ်ာခ်ည္းပင္။ အခုကို စက္ဘီးေပၚထိုင္ရင္း ဓာတ္ပုံရိုက္ခံေနေသာ သူ႔ေကာင္ေလးအား ေဘးကေကာင္မေလးေတြ မသိမသာ ရွိုးေနၾကေလၿပီ။
သည္အေနအထားႏွင့္ သည္အေနအထားကို ညီအစ္ကိုေတြမ်ား ထင္ေနၾကလားမသိ။ 'ခ်စ္သူရည္းစားေတြကြ' ဟုသာ ထိုကေလးမေတြသာမက ေတာင္တန္းႀကီးေတြပါၾကားေအာင္ တြင္တြင္ေအာ္ေျပာပစ္လိုက္ခ်င္သည္။ သူ႔စိတ္ထဲမွာ ကလိကလိႏွင့္ပါပဲ။
"ကေလး လာ ... လာ သြားမယ္"
"ဟာ ေနဦးေလ။ ခုမွဒီေနရာပဲ ရိုက္ရေသးတယ္"
"လာဆို!"
သူမ်ားအျမင္မခံခ်င္ေတာ့သည့္အဆုံး ေဇယ်ာ လက္ဆြဲ၍သာ ပါေအာင္ေခၚလာခဲ့ေတာ့သည္။ ေနာက္တြင္ ဆူေအာင့္ေအာင့္ႏွင့္ သူေခၚရာပါလာသူကေတာ့ ဘာမွမသိသည့္သူ႔ခ်စ္သူကေလး။
..........................
View Point မွအျပန္ ညေနစာစားၿပီးေနာက္တြင္ေတာ့ သူတို႔တည္းခိုရာေနရာေလးသို႔ပင္ ျပန္လာခဲ့ၾကသည္။ သစ္သားအိမ္ေလးဆိုေပမဲ့ သပ္သပ္ရပ္ရပ္ႏွင့္ ေဆာက္ထားသည္။ အိပ္ခန္း၊ ဧည့္ခန္းႏွင့္ မီးဖိုအေသးေလးကို တစ္ကန့္စီခြဲထားသည္။ မီးဖိုေလးေဘးတြင္ အုတ္ပတ္လည္ မီးခိုးေခါင္းတိုင္ႏွင့္ မီးဖိုေလးပါ,ပါရွိတာမို႔ အခ်မ္းေၿပ မီးလွုံနိုင္ေသးသည္။
ညေနခင္း ေနေရာင္ေပ်ာက္သြားသည္ႏွင့္ အေအးဓာတ္က သိသိသာသာ ပိုလာသည္။ ေတာင္ေပၚၿမိဳ႕ေလး၏ ေဆာင္းရာသီမွာလည္း စိမ့္ေနေအာင္ ခ်မ္းလွသည္။ ေဇယ်ာမွာေတာ့ ပုံေတြျပန္ၾကည့္ေနသည့္ ခန႔္ခန႔္၏လက္ေတြ၊ ေျခေတြစမ္းၾကည့္ေတာ့ ေအးစက္ေနေလၿပီ။ ထင္ေတာ့ထင္သားေလ။ ဒါမို႔လည္း အသင့္ျပင္လာသည့္ ေျခအိတ္ႏွင့္လက္အိတ္တို႔ကို ဝတ္ေပးဖို႔ ျပင္ရသည္။
"အာ ... ဘာလုပ္တာလဲ"
အသံႏွင့္အတူ ေျခဆင္းထားေသာ ခန႔္ခန႔္ေျခေထာက္မွာ အနည္းဆုံးက်ဳံ႕သြားသည္။
"ေျခစြပ္ဝတ္ေပးမလို႔ေလ"
"ေပးပါ၊ ကိုယ့္ဘာသာဝတ္မယ္။ ငရဲႀကီးလိမ့္မယ္"
"အင္း ... ဒါဆိုလည္း ကိုယ္ မီးဖိုလိုက္ဦးမယ္"
"ဟုတ္"
ေဇယ်ာ မီးဖိုလိုက္ေတာ့မွ မီးအရွိန္ေၾကာင့္ အိမ္ေလးထဲအေႏြးဓာတ္ေလး တျဖည္းျဖည္းရလာသည္။ လၽွပ္စစ္မီးေရာင္ျဖဴလ်လ်ေအာက္တြင္ မီးပုံမွ ခပ္ဝါဝါအလင္းေရာင္တို႔က ေရာလ်က္ယွက္ႏြယ္လာလ်က္။
"ခ်မ္းေနေသးလား"
"နည္းနည္း"
"ဖုန္းခ်ခဲ့ ... ကိုယ့္ဆီလာ"
ေဇယ်ာေျပာသည့္အတိုင္း အိပ္ယာေပၚကဆင္းကာ မီးဖိုႏွင့္မလွမ္းမကမ္းေသာ ဆိုဖာေလးေပၚသို႔ ေက်ာ္ခြကာ ေရာက္ခ်လာသည္။ ခုန္ေပါက္ကာ ေဆာ့လိုက္သည့္ကေလး။ အနားေရာက္လာေတာ့မွ ေဇယ်ာ ကေလးကိုရင္ခြင္ထဲတြင္ ဝင္ထိုင္ေစၿပီး ေစာင္အထူႏွင့္ ေျခေထာက္ႏွစ္ေခ်ာင္းပါမက်န္ လုံေအာင္ျခဳံအုပ္ေပးလိုက္သည္။
"ေႏြးၿပီလား"
ခ်စ္သူက ေခါင္းေလးသာ အသာညိတ္ျပသည္။
မီးဖိုေလးေရွ႕တြင္ ခ်စ္သူႏွစ္ေယာက္ ထပ္တူထိုင္ေနၾကသည္မွာ သားပိုက္ေကာင္ေလးမ်ားႏွယ္။ ႏွစ္ေယာက္သား မ်က္ႏွာမူရာရွိ ေတာက္ေလာင္ေနေသာ မီးစမ်ားကိုၾကည့္ကာ ဘာစကားမွ မေျပာျဖစ္ၾကေသး။ မဆုံနိုင္ၾကသည့္အခ်ိန္ကမ်ားသည္မို႔ အတူရွိေနၾကေသာ အခိုက္အတန႔္ေလးတြင္ စကၠန႔္တိုင္းက တန္ဖိုးရွိလွသည္။ ဒါမို႔လည္း သူတို႔ တိတ္ဆိတ္ေနၾကျခင္း။
ဆုပ္ကိုင္ထားၾကသည့္ လက္ေလးႏွစ္စုံ၊ ေက်ာျပင္ႏွင့္ရင္ခြင္၏ ဂေဟပမာဆက္သြယ္ထားမွု၊ ေႏြးေနေအာင္ ထိကပ္ထားၾကသည့္ ပါးေလးႏွစ္ဖက္၏ အထိအေတြ႕ ... သူတို႔ခ်င္း စကားမေျပာျဖစ္ၾကသည့္တိုင္ အထိအေတြ႕တစ္ခုျခင္းစီက ေႏြးေထြးၾကည္ႏူးေစသည္။ ကေလာညခ်မ္း၏ အေအးဒဏ္ကပင္ ဤခ်စ္သူႏွစ္ဦး၏ ေႏြးေထြးမွုကို လြန္စြာမထိုးေဖာက္နိုင္ေတာ့။
"လူႀကီး"
"အင္း ကေလး ... ဘာလုပ္ခ်င္လို႔လဲ"
ခန႔္ခန႔္ ဒါေလးေတြကစ ခ်စ္ေနရသည္မလား။
"ဘာမွမလုပ္ခ်င္ပါဘူး။ လူႀကီးရဲ့ေက်ာင္းက ဘယ္ေတာ့ၿပီးမွာလဲေမးမလို႔"
"အင္း .. စာသင္ႏွစ္က တစ္ႏွစ္ေက်ာ္ပဲၾကာမွာဆိုေတာ့ ဒီႏွစ္ကုန္ပိုင္းေလာက္ဆို ကိုယ္ျပန္လာနိုင္မယ္ထင္တယ္"
ႏွစ္ကုန္ပိုင္းဆိုေပမဲ့ အခုမွ ႏွစ္သစ္အစဆုံးေန႔ပဲ ရွိေသးတာမို႔ ေနာက္တစ္ႏွစ္ေတာ့ ေစာင့္ရဦးမည္။
"အဲခ်ိန္ဆို ကေလးလည္းေက်ာင္းၿပီးေနေလာက္ၿပီ"
"အင္းေနာ္။ ကိုယ္တို႔ဘြဲ႕ယူခ်ိန္ေတာင္ အခ်ိန္သိပ္မကြာေလာက္ဘူးထင္တယ္"
႐ုတ္တရက္ ခန႔္ခန႔္ စိတ္ထဲ ဝမ္းနည္းသြားသည္။ ႏွစ္ေယာက္သား ဘြဲ႕ယူခ်ိန္မကြာပါဘဲလ်က္ အတူမရွိနိုင္ရသည့္အျဖစ္။
"လူႀကီးဘြဲ႕ယူက်ရင္ မိဘေတြနဲ႔မမရြယ္တို႔ သြားၾကမွာေပါ့ေနာ္။ ဟင္း လိုက္ခ်င္လိုက္တာ။ ဘြဲ႕ဝတ္စုံနဲ႔လူႀကီးရဲ့ပုံကို ျမင္ခ်င္တယ္"
ခန႔္ခန႔္ သည္လိုေျပာေတာ့ ေဇယ်ာလည္းျဖစ္နိုင္ရင္ေတာ့ ကိုယ္ဘြဲ႕ယူခ်ိန္ ကေလးကို အနားမွာေခၚထားလိုက္ခ်င္သည္။ သို႔ေသာ္ အေျခအေနက အခုေတာင္ ခိုးထြက္လာရသည္မလား။
"ကိုယ့္ဘြဲ႕ယူလိုက္မရလည္း ကေလးဘြဲ႕ယူရင္ ကိုယ္လာမယ္ေလ။ ခိုးလာေတြ႕ရမယ္ထင္တယ္"
"ေတာ္ၿပီ၊ ေပၚတင္ပဲလာေတြ႕ရမယ္"
ခန့္ခန့္က ျပတ္သားစြာေမာ့ေျပာေတာ့ ေဇယ်ာ မ်က္လုံးခ်င္းဆုံၾကည့္မိသည္။ သူလည္း ေပၚတင္လာေတြ႕ခ်င္ေပမဲ့ အားလုံးအဆင္မေျပခင္မို႔ ျပႆနာအက်ယ္၊ အက်ယ္ျဖစ္မွာေၾကာက္ရေသးသည္။
"ကေလးမိဘေတြက ကိုယ့္ကို ၾကည္ျဖဴပါ့မလား။ ဆူခံေနရမွာေပါ့"
ေဇယ်ာက ေမၽွာ္လင့္ခ်က္မရွိသည့္ေလသံႏွင့္ေျပာတာမို႔ သူလည္း စိတ္မေကာင္းျဖစ္ရသည္။ သူ ေဆး႐ုံေပၚလဲေနစဥ္က လူႀကီးေတြခ်င္း ဘာေတြမ်ား ေျပာခဲ့ၾကပါသနည္း။ ခန႔္ခန႔္ အႀကိမ္ႀကိမ္ေမးေသာ္လည္း အေျဖမရွိခဲ့တာမို႔ မွန္းဆသာၾကည့္ရသည္။ တကယ္လက္ေတြ႕မွာ ဘယ္လိုေတြျငင္းဆန္ျပခဲ့ၾကသည္မသိ။
"မၾကည္ျဖဴလည္း ကိစၥမရွိပါဘူး။ ၿပီးေတာ့ သိပ္လည္းဆူမယ္မထင္ဘူး"
"တကယ္!"
"အင္းေပါ့။ ဒီတစ္ႏွစ္အတြင္းမွာ လူႀကီးကလည္း လူႀကီးမိဘေတြ သေဘာတူေအာင္ အေဝးမွာသြားေနၿပီး ႀကိဳးစားသလို ကေလးလည္း မိဘေတြသေဘာတူလာေအာင္ ႀကိဳးစားေနပါတယ္။ အရင္လို ကေလးမဆန္ေတာ့ဘူး။ နေမာ္နမဲ့လည္း မေနေတာ့ဘူး။ သူတို႔ယုံၾကည္လာေအာင္ေနတယ္။ ေဖႀကီးရဲ့ အလုပ္ေတြကိုလည္း ကူလုပ္ေနတာ ခုဆိုေတာ္ေတာ္သိေနၿပီပဲ"
လူႀကီးစကားေလးေျပာေနသည္မို႔ ေဇယ်ာက မေနနိုင္စြာ ခန႔္ခန႔္ နားသယ္စပ္ေလးအား နမ္းရွိုက္ရင္း ၿငိမ္နားေထာင္ေနမိသည္။
"အရမ္းစိတ္မပူနဲ႔။ မိဘေတြ ယုံၾကည္ရတဲ့သားတစ္ေယာက္ျဖစ္ေအာင္ ႀကိဳးစားေနပါတယ္။ ခုခ်ိန္မွာ ကိုယ့္ဘဝကိုယ္ ဆုံးျဖတ္နိုင္စြမ္းရွိေနၿပီဆိုတာကို အခ်ိန္နဲ႔ အားစိုက္ထုတ္မွုေပါင္းၿပီး တစ္ျဖည္းျဖည္းခ်င္း သက္ေသျပေနတယ္။ ေနာက္ဆိုရင္ေတာ့ အျပင္းအထန္ႀကီးေတာ့ မကန႔္ကြက္ေလာက္ၾကေတာ့ဘူးထင္တာပဲ"
ခန႔္ခန႔္က ျဖစ္ခ်င္စိတ္ရွိလၽွင္ျပတ္သားၿပီး မေလၽွာ့ေသာဇြဲႏွင့္ လုပ္တတ္သည့္ညဥ္ေလးရွိတာကို သူသိေသာ္ျငား အခုေျပာတာေတြကို နားေထာင္႐ုံႏွင့္ အရင္ႏွစ္ကထက္ ပိုရင့္က်က္လာေၾကာင္း ရိပ္စားမိသည္။
"ကိုယ့္ကေလးေသးေသးေလးက ဒီလိုဆိုေတာ့လည္း လူႀကီးေလးက်လို႔ပါလား"
"ဟင္း ... အဲ့လူႀကီးကို ခ်စ္မိသြားလို႔ အက်င့္ေတြကူးၿပီး လူႀကီးဆန္လာတာေနမွာေပါ့"
"ျဖစ္နိုင္ပါတယ္။ ဒီလိုဆိုေတာ့လည္း ရင့္က်က္လာတဲ့လူႀကီးေလးကို ဆုခ်ရမွာေပါ့"
"ဟာ တကယ္၊ ဘာဆုလဲ .. ဘာဆုလဲ "
"ဒီဆု"
ေျပာအၿပီး ခန႔္ခန႔္၏ႏွုတ္ခမ္းလႊာေလးကို ေဇယ်ာက စုပ္ယူသုံးေဆာင္ေတာ့သည္။ အႀကံဆိုးႏွင့္ သိမ္းပိုက္လိုက္ရေသာအနမ္းမို႔ သိပ္ေတာ့ၾကာၾကာမခံလိုက္။
"လူႀကီး ... လူႀကီး၊ လႊတ္ဗ်ာ။ ဒီက အဟုတ္ထင္ေနတာ။ သူက လာနမ္းေနတယ္"
ရွက္တတ္သည့္ကေလးအား နမ္းရဖို႔အေရး အေၾကာင္းျပခ်က္မွာ မခိုင္လုံေန၍ ေဇယ်ာ အႀကံအိုက္သြားသည္။ ခ်စ္သူခ်င္း တစ္ခါနမ္းရဖို႔အေရး အက်ိဳးအေၾကာင္းရွာေနရသည္က မလြယ္ကူေပ။ အေရွ႕က ေတာက္ေလာင္ေနေသာ မီးပုံႀကီးကပင္ သူ႔အားသေရာ္ေနသည့္ႏွယ္။ တကယ္ .. တကယ္ သည္ကေလးကို ၾကာၾကာနမ္းရမည့္အေရးမွာ ေဇယ်ာ အေတာ္ဉာဏ္ဆင္နိုင္မွသာ ရမည္။
မည္သို႔ပင္ဆိုေစကာမွု အေရးေတာ္ပုံ ေအာင္ရမည္မလား။
"အင္းပါ။ ဒါဆိုလည္း ကေလး သြားအိပ္ေတာ့ေလ။ ကိုယ္မီးလွုံရင္း Assignment mail ပို႔စရာရွိတာေလး လုပ္လိုက္ဦးမယ္"
ေျပာေျပာဆိုဆိုႏွင့္ ေဇယ်ာက ဖက္ထားသည့္လက္ကိုေျဖခ်၍ အသင့္သယ္လာသည့္အိတ္ဆီ လက္လွမ္းေတာ့သည္။
တစ္ဖက္က ခန့္ခန့္အဖို႔ေတာ့ အေတာ္စိတ္ကသိကေအာက္ ျဖစ္သြားေလၿပီ။ မနမ္းခ်င္တာေတာ့ မဟုတ္ေပမဲ့ မေျပာမဆိုနမ္းလိုက္ေတာ့လည္း ရင္တထိတ္ထိတ္မို႔ ျငင္းေနက်အတိုင္း ျငင္းလိုက္မိတာျဖစ္သည္။ တကယ္ေတာ့ သူလည္းသည္လူႀကီးရဲ့အနမ္းေတြကို လြမ္းေနတာပဲမလား။
ဘာလို႔ ႏွစ္ခါမႀကိဳးစားၾကည့္ရတာလဲ ... သည္လူႀကီး!
"ေလဆိပ္မွာေျပာေတာ့ No Work, No Study ဆို။ ခုက်ေတာ့ ကၽြန္ေတာ့္ကိုတစ္ေယာက္တည္း အိပ္ခိုင္းၿပီေပါ့"
ခန႔္ခန႔္မွာ ကၽြန္ေတာ္ေတြပါ ျပန္သုံးေနၿပီမို႔ ေဇယ်ာ အနည္းငယ္ေတာ့ လန႔္သြားသည္။ ခရီးထြက္လာတာမို႔ စိတ္ဆိုး၊ စိတ္ေကာက္တာမ်ိဳး မျဖစ္ေစခ်င္။ အဓိကက သူနမ္းခ်င္သည္မလား။
"အဲလိုမဟုတ္ပါဘူး ကေလးရယ္။ ကိုယ္ကနမ္းလိုက္မိေတာ့ ကေလး စိတ္ရွုပ္သြားတယ္ထင္လို႔ပါ။ မႀကိဳက္ရင္ ေနာက္တစ္ခါ မနမ္းေတာ့ဘူးေနာ္"
"ဘယ္သူက မႀကိဳက္ဘူးေျပာေနလို႔လဲဗ်"
"ဟာ ... ႀကိဳက္တယ္ေပါ့"
"မဟုတ္ဘူးေလဗ်ာ။ အာ ... မသိဘူး။ ရွုပ္လိုက္တာ သြားအိပ္ေတာ့မယ္"
ေဇယ်ာ ပရိယာယ္သုံးလၽွင္ အေရးေတာ္ပုံေအာင္ၿပီပင္။ ထ၍အိပ္ယာေပၚေက်ာ္ခြရန္ျပင္ေနေသာ ကေလးအား သူ လွမ္းဆြဲထားရေတာ့၏။
"မအိပ္ရပါဘူး။ တစ္ညလုံး အဝနမ္းမွာေပါ့"
"ခုနကေျပာေတာ့ ေနာက္မနမ္းေတာ့ပါဘူးဆို"
"ေနနိုင္မလားလို႔။ အတူတူနမ္း... အဲ ... အတူတူရွိခ်င္လို႔ ဒီခရီးေလးကို ေသခ်ာစီစဥ္ထားရတာ၊ လက္လႊတ္မခံနိုင္ပါဘူး။ ၿပီးေတာ့ ေဟာဒီႏွုတ္ခမ္းဖူးဖူးေလးကို ဖုန္းေပၚမွာျမင္တိုင္း ပစ္မွားမိၿပီး ငုံထားခ်င္တာ ႐ူးမတတ္ပဲ။ ကၽြန္ေတာ္မ်ိဳး ဘယ္လိုစိတ္ထိန္းရမလဲခင္ဗ်ာ"
လူကိုတည့္တည့္ႀကီးၾကည့္ကာ ေျပာလာေတာ့ ခန့္ခန့္မ်က္ႏွာမွာ စပ္ဖ်ဥ္းဖ်ဥ္းပင္ ျဖစ္လာေလၿပီ။ သူ႔ကိုသည္ေလာက္ေတာင္ ေမၽွာ္လင့္ေနခဲ့သည္တဲ့လား။ အခ်စ္ခံရေသာဘဝက ေသေလာက္ေအာင္ ၾကည္ႏူးဖို႔ေကာင္းတာအမွန္ပင္။
"မထိန္းနိုင္လည္း သေဘာေပါ့"
ခန႔္ခန႔္ဖက္မွ မီးစိမ္းတစ္ခ်က္ျပလိုက္ၿပီမို႔ ေဇယ်ာ ခႏၶာကိုယ္ေသးေသးေလးကို အိပ္ယာေပၚ မေရႊ႕ေတာ့သည္။ ထို႔ေနာက္ ေခါင္းအုံးေလးေပၚ အသာခ်ေပးေတာ့ ခန႔္ခန႔္က ျပဳံးျပဳံးေလး ျပန္ၾကည့္ေနေလၿပီ။
"ဒီႏွုတ္ခမ္းဖူးဖူးေလးက တစ္သက္လုံး ကိုယ့္အပိုင္ပါလို႔ေျပာ"
ခန႔္ခန႔္ႏွုတ္ခမ္းတစ္စုံအား လက္မျဖင့္ပြတ္သပ္ရင္း ထိုစကားဆိုလာသူ။ သုံးလက္မေတာင္ မေဝးေတာ့သည့္အကြာအေဝးတြင္ ထိုသူက ပိုင္ဆိုင္ေၾကာင္းသက္ေသ လိုခ်င္ေနေသးသည္။
"အင္း .. ဒီႏွုတ္ခမ္းဖူးဖူးက တစ္သက္လုံးလူႀကီးအပိုင္"
သူ စိတ္ခ်မ္းသာေအာင္ ေျပာေပးလာတာမို႔ ေဇယ်ာ လွစ္ခနဲျပဳံးလိုက္မိသည္။ ကေလးႏွုတ္ကေျပာလိုက္ေတာ့ သူ႔အတြက္တံဆိပ္ခတ္ၿပီးသား ျဖစ္သြားၿပီမလား။
"ဟုတ္တယ္၊ ကိုယ့္အပိုင္"
ေျပာအၿပီး ခန႔္ခန႔္က အလိုက္တသိ မ်က္လုံးေလးမွိတ္သြားၿပီမို႔ ေဇယ်ာလည္း ေစာင့္ဆိုင္းမေနေတာ့ေခ်။ ပန္းေသြးေရာင္သန္းသည့္ ႏွုတ္ခမ္းေလးအား ညင္သာစြာဖိကပ္မိေတာ့သည္။
ပ်ားရည္ထက္မက ခ်ိဳၿမိန္လြန္းလွသည့္ ႏွုတ္ခမ္းဖူးတို႔မွာ နမ္းမဝနိုင္ေအာင္ပင္ ျဖစ္ရသည္။ ကေလးကိုနမ္းရတိုင္း သူ႔အတြက္ အငမ္းမရျဖစ္ရသည္ခ်ည္း။ ေသာက္ေလ၊ ေသာက္ေလ ငတ္မေျပဆိုတာ ဒါမ်ိဳးကို ေျပာသည္ထင္။
ခန႔္ခန႔္ဖက္ကလည္း တရွိုက္မက္မက္ ျပန္နမ္းရွိုက္ေနသည္မွာ အရင္ကထက္ ပိုကၽြမ္းက်င္လာသည္။ ၿငိမ္ခံေန႐ုံမၽွ မဟုတ္ေတာ့တာမို႔ သူ႔ဖက္၊ ကိုယ့္ဖက္ အေပးအယူမၽွလာသည့္ အေျခအေနတစ္ခု။
ထို႔ေနာက္ လည္ပင္းေနာက္ကို သိုင္းဖက္ထားသည့္ လက္ေသးေလးတစ္စုံ၊ တစ္သားတည္းထပ္တူက်လာသည့္ ခႏၶာကိုယ္ေလးႏွစ္ခု၊ ရင္ခုန္သံ စည္းခ်က္တို႔ႏွင့္အၿပိဳင္ ျဖစ္ေပၚလာသည့္ ေသြးသားတို႔၏ လွုံ႔ေဆာ္မွုတို႔ႏွင့္အတူ ... အားလုံးက ညႇိုႏွိုင္းစရာမလို အလိုက္သင့္ ျဖစ္ေပၚေနၾကသည္။
အခ်ိန္မ်ားစြာ ၾကာျမင့္လာသည့္တိုင္ အနမ္းမိုးတို႔က ရာသီေဆာင္းကိုအံတုကာ ျပင္းထန္စြာ ရြာသြန္းေနၾကဆဲျဖစ္၏။ မီးဖိုေလးႏွင့္ ေဝးသြားသည့္တိုင္ အလုပ္ရွုပ္ေနၾကသည့္ ခ်စ္သူႏွစ္ဦးအဖို႔ မခ်မ္းစီးနိုင္ေတာ့။ ယေန႔အတြက္ ကေလာၿမိဳ႕ေကာင္းကင္ယံတြင္သာေနသည့္ ဖိုးလမင္းႀကီးကေတာ့ ခ်စ္ရည္လူးေနေသာ ဤခ်စ္သူႏွစ္ဦးေၾကာင့္ ရွက္ေနေတာ့မည္ထင္ပါ၏။
24/10/2020
•••••••••••••••••••••••••••••••••••••••••••
Bạn đang đọc truyện trên: Truyen3h.Co