Truyen3h.Co

နှောင်ကြိုး

Part - 39

Fi_Lay



<Unicode>

[ ကြယ်စင်တွေ ခရီးထွက်သွားတဲ့
မှောင်မိုက်ခြင်းနဲ့ည....
တစ်ယောက်တည်းကိုယ့်ဘဝမှာ သူ့အလင်း။

သူလာရင် နွေးထွေးခြင်းနဲ့
သူ့အလင်းမျှလိမ့်မယ်....
ကိုယ်ဟာတစ်ယောက်တည်း
လောကအလယ် ပြည့်စုံပြီ။

သူ့အချစ်က သိပ်လိုတယ်....
အားနည်းချက်များကို..အရာရာဖြည့်ဆည်းဖို့။

လူ့ဘဝက သိပ်တိုတယ်....
အားလုံးတော့မပြည့်စုံနိုင်....
အချစ်စစ်ဟာ သူပေးတဲ့အချစ်ရဲ့သဘော....]

ကောင်းကင်က ကြယ်တွေကြည့်ရင်း သီချင်းနှင့်အတူ ချစ်သူကို လွမ်းဆွတ်နေသော ခန့်ခန့်။ လွမ်းလှပါသည်။ ဆုံလည်းဆုံချင်လှပါပြီ။

ချစ်သူနဲ့ခွဲခွါနေရသည်ကို အသားကျနေပြီးသားဖြစ်ပေမဲ့ လွမ်းစိတ်ကတော့ တားဆီးလို့ရတာမျိုး မဟုတ်။ နေ့တဒူဝ မတူညီသည့်အချိန်၊ မတူညီသည့်နေရာများတွင် လုပ်စရာရှိသည်များလုပ်၍ နှစ်ယောက်စလုံး အားချိန်မှသာ စကားပြောနေရသည်။

သူကလည်း ကိုယ့်ကိုချစ်တယ်၊ ကိုယ်ကလည်း သူ့ကိုချစ်တယ် ဆိုသည့်အသိနှင့်ပဲ လွမ်းရသည့်နေ့ရက်တိုင်းကို အားတင်းထားနေဆဲ၊ တောင့်ခံထားဆဲ။ အခုညတော့ နောက်ဆုံးနှစ်ကျောင်းသားလေးက သူ့ထက်ရှစ်နှစ်မျှကြီးပါသော အဝေးရောက် ဘွဲဲ့လွန်ကျောင်းသားကြီးကို လွမ်းနေရသည့်အဖြစ်ပါလေ။

နှစ်သစ်ကူးကျောင်းပိတ်ရက်တို့ ကုန်ဆုံးသည်နှင့် ခန့်ခန့်တို့၊ ခန့်ကိုတို့လည်း ကျောင်းပုံမှန်ပြန်တက်ကြလေပြီ။

ကွန်ပျူတာတက္ကသိုလ်တွင် နောက်ဆုံးနှစ်ရောက်ကြပြီဆိုလျှင် မေဂျာဘာသာတချို့ ပြန်ရွေးချယ်ကြရသည်။ သူတို့သူငယ်ချင်းနှစ်ယောက်မှာ ပထမနှစ်စစဉ်ကတည်းက ကွန်ပျူတာသိပ္ပံ (Computer Science - CS) နှင့် ကွန်ပျူတာနည်းပညာ (Computer Technology - CT) တို့ကိုရွေးခဲ့ရစဉ်က နှစ်ယောက်စလုံး ကွန်ပျူတာသိပ္ပံကိုသာ အတူတူသဘောကျခဲ့သည်။ သို့သော် အခုတစ်ခါမူ မတူကြတော့ပေ။

ခန့်ကိုက Data Analyst ပိုင်းကိုစိတ်ဝင်စား၍ Data Mining နှင့် Artificial Intelligence (AI) ကို ရွေးသည်။ ခန့်ခန့်ကတော့ စီးပွားရေးပိုင်းကို ပိုကျယ်ကျယ်ပြန့်ပြန့်သွားချင်၍ Enterprise Resource Planning (ERP) နှင့် Artificial Intelligence (AI) ကို ရွေးသည်။

ခုနှစ်ဘာသာတွင် မေဂျာရွေးထားသည့် တစ်ဘာသာက မတူတော့တာမို့ နှစ်ယောက်သားတွေ့တိုင်း ငြင်းခုံရသည်ကအမော။ ဘယ်သူကမှလည်း အလျှော့မပေးနိုင်ကြ။ ကိုယ်ရွေးထားသည့်ဘာသာကသာ ပိုကောင်းကြောင်း သက်သေပြချင်ကြသည်။ ဂိမ်းဆော့ရင်းတွေ့လျှင် ဂိမ်းဆော့ရင်းငြင်းသည်။ ကန်တင်းဆုံလျှင် ကန်တင်းမှာပဲ ငြင်းသည်။ မတည့်အတူနေတွေမို့ ဘယ်သူကမှလည်း ထိန်းမနိုင်၊ သိမ်းမရနှင့်။

"ငခန့် မှတ်ထားနော်။ ဘယ်လောက်ကြီးတဲ့လုပ်ငန်းနေနေ ငါတို့ရဲ့ Data ဆိုတာ မရှိမဖြစ်ကွ။ ပြဿနာတစ်ခုခုဖြစ်ကြည့် Database ထဲက Data တွေ ပြန်သုံးသပ်ပြီး အဖြေရှာနေရတာပဲမလား။ မယှဉ်ချင်စမ်းနဲ့"

ခန့်ကိုက စာလုပ်ရတာသာပျင်းတာ၊ သူ့ဘာသာရပ်နှင့်ပတ်သက်လျှင် သည်လိုလေကျယ်ပြီး ပြောဆိုမဆုံးပင်။ ခန့်ခန့် သည်ကောင်ပြောတာကို မငြင်းနိုင်ပါ။ တကယ်လည်း နှစ်ရှည်သွင်းလာသည့် data တွေကိုကြည့်ကာ ဆုံးဖြတ်ချက်ချရသည့်ကိစ္စများလည်း ရှိတာကိုး။ ဒါပေသိ ခန့်ခန့်ဆိုတဲ့သူကလည်း အကျောကခံချင်တာမဟုတ်။

"အေး မင်းပြောတဲ့ အဲဒီကြီးပါတယ်ဆိုတဲ့လုပ်ငန်းတွေမှာပဲ ပြဿနာတွေ ဖြစ်မလာအောင် ငါတို့ရဲ့ ERP Software တွေကို သုံးနေကြရတာ၊ မရှိမဖြစ်ပဲမလား။ Account တွေတောင် စျေးကြီးပေးဝယ်နေရတာ သဘောပေါက်။ ပြီးမှ မင်းတို့ရဲ့ data ဆိုတာဖြည့်ရတာ။ လေလာမကျယ်နဲ့"

သူ ခနဲ့သည်ထိ ဟိုကောင်ကလည်း မကျေချမ်းသေး။ ကန်တင်းတွင်ထိုင်နေသော အဆာပြေဝိုင်းမှာ သူတို့ကြောင့် နှစ်ခြမ်းကွဲချင်လာသည်။

"ကဲပါကွာ။ မင်းတို့တွေ တွေ့တိုင်းငြင်းနေကြတာ မမောဘူးလား။ ကြားရတဲ့ငါတို့က နားတွေငြီးလှပြီ"

ဘယ်သူပြောပြော တွေ့တိုင်း ငြင်းကြခုန်ကြဆဲပါ၊ ဂြိုလ်တွေပေးကြဆဲပါ။ ကျန်တာသာ တည့်လိမ့်မည်။ ဒါတော့မရ။ မတည့်အတူနေတွေမို့ အကုန်လုံးကလည်း လွှတ်သာထားကြသည်။

နောက်ဆုံးနှစ်ရောက်ပြီဖြစ်၍ ခန့်ခန့် စာကို သေချာပိုကြိုးစားရသည်။ စာတွေကပိုခက်လာသလို ပရောဂျက်တွေပါ စုပေါင်းလုပ်လာရသည်။ Assignmenft နှင့် Tutorial တွေကလည်း တစ်လတစ်လ လုံးချာပတ်ချာလည်ကာ ရောက်,ရောက်လာတတ်သည်။ ဘယ်လောက်ပဲ ရန်ဖြစ်ကြပါစေ၊ တစ်ဦးဟာမပြီးလျှင် တစ်ဦးကူညီရသည်။ ရှင်းပြရသည်။ နောက်ဆုံးနှစ်မို့ သူတို့အားလုံး စိတ်နှစ်ကာလုပ်ကြရသည်။ ဒါမှ အောင်စာရင်းထွက်လျှင် မဟာတန်းပါကြမည်မလား။

ခန့်ခန့်လည်း တတ်နိုင်သလောက် ကြိုးစားရတာပင်၊ မဟာတန်းဆက်တက်ချင်လွန်း၍တော့မဟုတ်။ ဘွဲ့ယူလျှင် အတောင်အလက် စုံချင်သည်။ ပါမောက္ခမှ ဂုဏ်ထူးအစုံအလင်နှင့် မဟာတန်းဝင်ခွင့်ရကြောင်း ကြေညာသည့်မြင်ကွင်းအား ချစ်သူလူကြီးကို ဆက်ဆက်မြင်စေချင်မိသောကြောင့်။ ဤသည်မှာ ဇေယျာနှင့်ပတ်သက်သည့် ခန့်ခန့် စိတ်ကူးအိပ်မက်တွေထဲမှ တစ်ခုမျှသာ။

......................

ဇေယျာမှာတော့ Oxford Brooke University - OBU တွင် ကျောင်းစတက်ကတည်းက Peter နှင့် အတူမနေတော့ဘဲ ကျောင်းနှင့်နီးရာ အခန်းတစ်ခန်းတွင် ငှါးနေခဲ့သည်။ သွားရလာရ ဝေးတာကတစ်ကြောင်း၊ ကူညီပေးသူကို အားနာရတာကတစ်ကြောင်းမို့ ပြောင်းရွှေ့ခဲ့ရခြင်း။

သို့သော် Peter ကြိုက်သည့် ရှမ်းမုန့်ညှင်းချဉ်နှင့် အခြားမြန်မာပစ္စည်းတွေကိုတော့ မေမေ ထည့်ပေးလိုက်တိုင်း သွားပို့ရသည်ကအမောပါပဲ။ ယူကေတွင် ခင်သည့်သူဆိုလို့လည်း များများစားစားမရှိပေ။ ဒါကိုသိသော Peter ကလည်း သူ့ဆိုမက်မက်မောမော ခင်ရှာပါ၏။

ငယ်ရွယ်သောကောလိပ်ကျောင်းသားပီပီ အပျော်အပါးလည်း ရှိတတ်သလို၊ ကျောင်းသွားလည်း ပျက်တတ်သူမဟုတ်လှ။ ညပိုင်းသွားတတ်သည့်ပွဲတွေဆိုလျှင် ထိုကောလိပ်ကျောင်းသားလေးမှာ ဇေယျာ့ကိုခေါ်ရသည်ကအမော။ သူ့အဖို့ကတော့ ဘယ်မှလည်းမထွက်ချင်သလို၊ ဓလေ့ထုံးတမ်းတွေလည်း မတူညီတာမို့ သူနှင့်မအပ်စပ်သလို ခံစားရတာပင်။

သူ ရောက်စကတည်းက ချစ်သူလေးနှင့်ပါ Peterကို မိတ်ဆက်ပေးထားခဲ့သည်။ ယူကေလို နိုင်ငံမျိုးအတွက် LGBT ဆိုတာမျိုးကတော့ စိမ်းသက်မနေပါ။ ဒါမို့လည်း သူ ပွင့်ပွင့်လင်းလင်း ပြောပြခဲ့သည်ချည်း။ ဒါမို့ Peter က သူအပြင်ခေါ်လို့ မလိုက်လျှင် ကောင်လေးကခွင့်မပြုလို့လားဆိုတာမျိုး အမြဲစနောက်တတ်၏။ 

ပိတ်ရက်ရတုန်း Peter ဆီ လက်ဆောင်ပစ္စည်းတွေ ပို့ပြီးနောက် ဇေယျာတစ်ယောက် ရဲရင့်ဆီသွားရပြန်သည်။ ကိုယ်ပိုင်အခန်းလည်း ရနေပြီမို့ လန်ဒန်ကို အရင်လိုအပတ်တိုင်းလာမလည်ဖြစ်တော့။ ထိုသို့အလာကျဲမိလျှင် ရဲရင့်ကတော့ ငြူငြူစူစူပါပဲ။

"လူကြီး အပြင်ရောက်နေတာလား"

စနေဆိုလျှင် ကျောင်းပိတ်သည့်ခန့်ခန့်ကလည်း သည်လိုနေ့မျိုးဆို ညထိမစောင့်ဘဲ video call စောစောခေါ်တတ်သည်။ ဘယ်သွားသွားပြောတတ်ပေမဲ့ သည်မနက်တော့ Peter ဆီသွားရင်းက အမှတ်မထင်ထွက်လာခဲ့ခြင်းဖြစ်သည်။

"ခုနကပဲ ရဲရင့်ဆီရောက်နေတာ။ ကလေးကိုတောင် ဖုန်းခေါ်တော့မလို့"

"ဟုတ်လို့လား။ မနေ့ကတော့ မသွားဘူးပြောပြီးတော့"

သည်ကလေး ခုတလော ရစ်တတ်သည့်အကျင့်လေးရှိလာတာ ဇေယျာ သတိထားမိလာသည်။ မယုံတာလည်းမဟုတ်ဘဲ ဂျစ်ချင်လို့ဂျစ်နေတာလေးက ချစ်စရာကောင်းနေတာမျိုး။

"တကယ် ကလေးရ။ ကိုယ်လည်းလာဖို့ အစီအစဉ်မရှိဘူး။ မနက်ကမှ ဒီကောင်လှမ်းခေါ်လို့၊ မြန်မာစာတွေလည်း ပေးစရာရှိနေလို့လေ"

ဇေယျာ သူ့ဖုန်းကို ရဲရင့်ဖက်လှည့်ပေးကာ စစ်ကူခေါ်လိုက်သည်။ တကယ်လည်း သည်ကောင်ခေါ်တာမို့ သူထွက်လာခဲ့ရတာဖြစ်သည်။

"ဟုတ်ပါတယ်ဗျာ။ ခင်ဗျားလေးရဲ့လူကြီးကို ကျွန်တော့်ကို ခဏလောက်ငှါးပါဦး။ ပိတ်ရက်မှာ တစ်ယောက်တည်းစားရ၊ သောက်ရတာ ပျင်းလွန်းလို့ပါ"

ခန့်ခန့် သဘောကျစွာ ရယ်တော့သည်။ ရဲရင့်နှင့် လူချင်းမတွေ့ဖူးပေမဲ့ ဇေယျာမိတ်ဆက်ပေးနေကျမို့ ပျော်ပျော်နေတတ်ကြသူချင်း ခင်နေကြပြီပင်။

"ဟဲ စတာပါဗျ"

"ကလေး ပြောစရာရှိလို့လား။ အစောကြီးဆက်တာဆိုတော့"

ဇေယျာက ရဲရင့်ကို ခါကျက်ဥတွေကို ကူလှီးပေးရင်း မေးရသည်။ ဖုန်းကတော့ ထောင့်တစ်နေရာတွင် ထောင်ထားလျက်သား၊

"ဘာမှတော့မဟုတ်ပါဘူး။ ကျောင်းက ဒုတိယစာသင်နှစ်ဝက်လေးလမှာ သုံးလက intern (အလုပ်သင်) ဆင်းရမယ်တဲ့။ ဆင်းမဲ့ကုမ္ပဏီသေချာရင် နောက်အပတ်ကစ စာရင်းပေးလို့ရပြီပြောတယ်"

"အဲတော့ကလေးက ဘယ်မှာဆင်းမယ် စိတ်ကူးလဲ။ ကိုယ့်သဘောကတော့ အန်ကယ့်ဆီမှာ ကူနေတဲ့အတူတူ အဲမှာပဲ ဆင်းစေချင်တယ်"

ချစ်သူကို မှောက်လျက်အနေအထားနှင့် မျက်တောင်မခတ်တမ်း လိုက်ကြည့်နေသော ခန့်ခန့်က ပြုံးစိစိလေးဖြစ်လာသည်။ ခါကျက်ဥတွေကို တောက်တောက်လှီးနေသော ဇေယျာက အိမ်ထောင်ရှင်ကြီးပမာ။ သူလည်း အတူတူလျှောက်လုပ်ချင်စိတ်များက တဖွားဖွားနှင့်။

"အင်း ဖေဖေကလည်း အဲလိုပြောတယ်။ ဒါပေမဲ့ အတွေ့အကြုံအသစ်ရအောင် အပြင်ကုမ္ပဏီတွေများ ဆင်းကြည့်ရဦးမလားလို့ လူကြီးကို တိုင်ပင်ကြည့်တာ"

"နောက်လည်း လုပ်ရမဲ့အတူတူ ခုကတည်းက စထားတာ ပိုကောင်းတာပေါ့။ အတွေ့အကြုံက သေချာပေါက်ရပါတယ်။ တခြားကုမ္ပဏီတွေမှာဆင်းလို့ သဘောမကောင်းတဲ့ အထက်လူကြီးနဲ့ တွေ့ရင် စိတ်ညစ်နေရဦးမယ်။ ကိုယ့်ကလေးကို စိတ်မချပါဘူး"

"အဟွတ်! ဓားရှမယ်၊ ဓားရှမယ်။ သေချာလှီး"

ဇေယျာ အဖြစ်သည်းနေပုံကိုကြည့်၍ ရဲရင့် ရွဲ့ပြီးချောင်းဟန့်လိုက်သည်။ ဘယ်နှယ့် ... သည်ကြီးကောင်ကြီးမားကြီး ရည်းစားထားမှ ချွဲပျစ်ပျစ်အသံတွေ ကြားနေရသည်မလား။

"မင်းက ဘာထဖြစ်နေတာလဲ"

"ချွဲကျပ်လို့ဟေး"

ရဲရင့်အပြောကြောင့် ခန့်ခန့်ကပါ လိုက်ရယ်ရင်း၊

"သူများဆူမနေပါနဲ့။ အဲဒါဆို လူကြီးပြောသလိုပဲ ဖေဖေ့company ကိုပဲ စာရင်းပေးလိုက်တော့မယ်"

"အင်း ခန့်ကိုကရော"

"သေချာပေါက် အတူတူပဲပေါ့။ ဘယ်ဆင်းဆင်း တောက်တဲ့လိုတွယ်နေမဲ့ကောင်"

"ကောင်းသားပဲ၊ အဖော်ရတာပေါ့။ အန်ကယ်ဆီမှာပဲ အတူတူဆင်းလိုက်ကြတော့"

ခပ်ပြုံးပြုံးရှိလှသော ခန့်ခန့်မှာ သည်လိုတိုင်ပင်ဖော်ချစ်သူတစ်ယောက်ရှိသည်ကို ကောင်းချီးတစ်ခုသဖွယ် ခံစားနေရသည်။ အခန်းမီးပျက်တာကအစ၊ ဘဝရည်မှန်းချက်တွေအဆုံး သူ ပြောပြချင်သည်၊ တိုင်ပင်ချင်သည်။ အသေးအဖွဲလေးကစ ချစ်သူ့ကို သိစေချင်လွန်းတာ သူ အပြစ်လားလေနော်။

...................

မှန်ခန်းကတဆင့် မြင်နေရသော မိုးသားတစ်ခွင်က မီးခိုရောင်အတိပြီးနေသည်။ မိုးရေစက်တို့ကား တဖွဲဖွဲနှင့်။ အလုပ်လုပ်ရင်း လှမ်းငေးရသော မိုးရာသီမြင်ကွင်းက ခန့်ခန့်အဖို့ လွမ်းဆွေးဖွယ်ကောင်းနေသည်။

အဖေဖြစ်သူ၏ရုံးမှာပဲ အလုပ်သင်ဆင်းနေကြရလေတာ တစ်လကျော်လို့ နှစ်လနီးပါးရှိလာလေပြီ။ အတွေ့အကြုံအသစ် ရချင်သည်ဟုပြောခဲ့သော သူ့အဖို့ ဖခင်၏ရုံးလိုက်ဆင်းရသော်လည်း လွယ်ကူလှသည်မဟုတ်။ နှစ်ထပ်သာသာရှိသော ရုံးအတွင်း အဖွဲ့များစွာရှိလေသည်။ သူနှင့်ခန့်ကိုတို့မှာ သည်ကျဉ်းကျဉ်းလေးထဲတွင် အလုပ်သင်အတူဆင်းရတာတောင် တွေ့ခဲလှသည်။ အလုပ်သင်အငယ်လေးတွေမို့ တောက်တိုကအစ အကုန်လုပ်ပေးရသည်။ ရသလိုသင်ယူရသည်။ ကူညီရန် အမြဲသွက်လက်နေရသော သူတို့အတွက်ဆုံနိုင်ချိန်က နေ့လယ်စာစားချိန်သာ။

ခန့်ကိုက Data mining ယူထားသူမို့ Database administrator ကိုရာဇာတို့အဖွဲ့တွင် ဦးမင်းဟန်က နေရာချထားပေးသည်။ Business Analyst ပိုင်း စိတ်ဝင်စားသည့် ခန့်ခန့်ကိုတော့ မဇာခြည်တို့အဖွဲ့တွင် လေ့လာစေ၏။

အသက်၃၀ပတ်ဝန်းကျင်သာရှိသော မဇာခြည်မှာ Business analyst ဆိုသည့်အတိုင်း စကားအပြောအဆို ညက်ညောသည်။ တစ်ဖက်သား မိမိ softwareတွေ သုံးချင်လာအောင် ရှင်းပြနိုင်သည်၊ ဆွဲဆောင်ပြောဆိုနိုင်သည်။ အမှားအယွင်းတွေရှိလာလျှင်တောင် အေးဆေးပြောကာ ဖြေရှင်းနိုင်သူဖြစ်၏။ ခန့်ခန့် အများကြီးသင်ရတာပင်။

"ငခန့် ထမင်းစားမယ်လေ၊ ခုနကမင်းကို အပြင်ပါသွားတယ် ထင်နေတာ"

အတွေးလွန်နေခိုက် နောက်ကရောက်လာသော ခန့်ကို။ ပုံမှန်ဝတ်စားနေကျ ယူနီဖောင်းဖြူပြာလည်းမဟုတ်၊ အပြင်ဝတ်သည့်အတိုင်း ခပ်လန်းလန်းမဟုတ်။ ရုံးတက်စတိုင်လ်နှင့်လိုက်ဖက်အောင် ရှပ်နှင့်ဂျင်းဘောင်းဘီကိုသာ ဝတ်ဆင်ထားသည့် သူ့၏သူငယ်ချင်းပင်။ ခန့်ခန့်လည်း ထိုနည်းတူ ရိုးရိုးရှင်းရှင်းပါပဲ။

"အင်း နှစ်နာရီလောက်မှ သွားမှာဆိုလို့ အေးဆေးဖြစ်နေတာ"

သည်လိုနှင့် နှစ်ယောက်သား ထမင်းစားခန်းထဲ အတူသွားကြသည်။ ခန့်ခန့် ကူလုပ်နေရသောအဖွဲ့က အပြင်တွင် ဝန်ဆောင်မှုပေးရသည့်အခါ၊ ပရိုမိုးရှင်းသွားရသည့်အခါများတွင် နေပူ၊ မိုးရွာမရှောင် လိုက်ပေးရသည်ကို သည်ကောင်သိနေခြင်းမို့။

"ကောင်းသား။ ငါတော့ဇက်ကြောတွေ တက်နေပြီ"

ခန့်ကိုမှာလည်း ထိုင်ရာမထလုပ်ရသော Data ပိုင်းမို့ ခြူသံပါအောင် ငြီးလေတော့သည်။

"လုပ်ချင်ဦးလေ Database ပိုင်း"

"အောင်မာ ... ငါက မင်းလိုနေပူ၊ မိုးရွာထဲ ကားပိတ်၊ ဗိုက်အဆာခံပြီး မသွားရဘူး"

"အဲ့ဒါဆို မင်းလည်း ငြီးမနေနဲ့"

ထမင်းစားခန်းဝင်သည်နှင့် စီနီယာအစ်ကို၊ အစ်မတွေ ရှိနေတာမို့ သူတို့စကားတိုးတိုးသာ ပြောကြရတော့သည်။

လုပ်ရကိုင်ရတာ မတူသော်လည်း ကျောင်းတက်သလိုမဟုတ်တာမို့ တစ်ယောက်တစ်မျိုး ပင်ပန်းကြတာတော့ အမှန်ပင်။ ကျောင်းတက်သည့်အချိန်သာ အိပ်ချင်လျှင် ငိုက်နေလို့ရသည်။ မတက်ချင်လျှင် လစ်လိုက်လို့ရသည်။ သို့သော် အလုပ်မှာတော့မတူ၊ သူသူကိုယ်ကိုယ် တာဝန်အတိုင်း အမြဲမပြတ်လုပ်နေရသည်မို့ ချောင်ခိုနေ၍ မရကြတော့။ ဒါမို့လည်း ခါတိုင်းလို ကြာကြာပြိုင်ငြင်းမနေချင်ကြတော့။ နားချိန်လေးတွင် ထမင်းကိုသာ အပီဆွဲရသည်။

"ငခန့် မင်းရဲ့လူကြီး ပြန်လာခါနီးပြီလား"

"သုံး၊ လေးလလောက် လိုသေးတယ်တဲ့"

သည်လိုပြောပြီး ခန့်ခန့်မျက်နှာက ညှိုးငယ်သွားလေတော့ ခန့်ကိုလည်း စိတ်မကောင်းလှ။ အလုပ်ပမ်းရသည့်ကြားထဲ ချစ်သူပါအနားမရှိတော့ ခံရခက်နေမည်ကို သူ နားလည်ပါသည်။ သူတို့ပင် အလုပ်သင်ပြီးလို့ စာမေးပွဲဖြေပြီးလျှင် ကျောင်းပြီးတော့မည်ဖြစ်သည်။ ကိုဇေယျာမှာမူ သွားလိုက်သည့်နှစ်နှစ်ဆိုတာ အခုထိမပြည့်သေး။ နှစ်ကူးဆောင်းရာသီတုန်းကပဲ တစ်ခါပြန်လာတာမို့ သူ့သူငယ်ချင်း ဆွေးလည်းဆွေးစရာပင်။

သို့ပေမဲ့ လွမ်းလျှင်လွမ်းကြောင်း၊ ချစ်လျှင်ချစ်ကြောင်း ထုတ်မပြောဘဲ ကျိတ်ခံစားတတ်သည့် သူငယ်ချင်းအဖို့ သူ ရင်လေးရပြန်ပါ၏။

....................

"ငါ့မြေး ဘာဝယ်ချင်တာလဲ ကြည့်လေ၊ ငူငူငိုင်ငိုင်နဲ့"

တနင်္ဂနွေ ရုံးပိတ်ရက်လေးတွင် ခန့်ခန့်တို့မိသားစု အကုန်ဆုံနေကြ၏။ ပိတ်ရက်တိုင်း ဒေါ်မိမိနိုင် ဦးဆောင်သော တစ်ပတ်စာစျေးဝယ်အစီအစဉ်တွင် ဦးမင်းဟန် ဒါမှမဟုတ် ခန့်ခန့်က လိုက်ကူပို့ရသည်။ စျေးဝယ်တိုင်း ခြေတိုအောင်လျှောက်ရသည်မို့ တကယ်ဆို သားအဖနှစ်ယောက်လုံးမလိုက်ချင်ကြ။ သူလိုက်၊ ကိုယ်လိုက်လွှဲချရင်းက ဒီတစ်ပတ်အတွက် အားဖြည့်ရသူများမှာတော့ တစ်အိမ်သားလုံး ဖြစ်လေတော့သည်။ ညနေ Dinner ကို အပြင်မှာစားမည်ဟု ဆွဲဆောင်တာမို့ အဖွားကစ တက်ကြွနေလေသည်။

"ရတယ်၊ သား ဒီဆိုင်ပဲခဏကြည့်ချင်လို့"

ခန့်ခန့်တစ်ယောက် ချစ်သူနှင့်အတူလာဖူးသော ဆိုင်လေးရှေ့ ဖြတ်သွားမိတာမို့ လူကြီးတွေနောက် မလိုက်နိုင်မိ။ ဆိုင်ထဲကြည့်ရင်း အမှတ်တရတချို့ကို ပြန်မြင်ယောင်ကြည့်မိသည်။ လွမ်းလိုက်သည့်အဖြစ်ပါပဲ။

သူ့အဖို့ သုံးလဆက်တိုက်လည်း ရုံးထိုင်လိုက်၊ အပြင်သွားရလိုက်နှင့် အလုပ်သင်ကာလက ပြီးဆုံးသွားခဲ့ပြီ။ ပညာလည်း တော်တော်ရသလို အောက်သက်လည်းကျေသွားပြီ ပြောရမည်။ ခါတိုင်းလို ပေါ့ပေါ့တန်တန် မနေဖြစ်တော့။ အထူးသဖြင့် အရင်ကထက် လူတွေနှင့် ပိုပေါင်းသင်းဆက်ဆံတတ်လာတတ်သည်။ သို့ပေမဲ့ ဘယ်လောက်ပင် ရင့်ကျက်သည့်စိတ် တိုးလာတယ်ပြောပြော လွမ်းတာကတော့ လွမ်းတာပဲ။ လူကြီး ပြန်မလာတာ ဆယ်လကျော်နေလေပြီ။

"အမေလာလေ၊ အဲကောင်လေးဟာ စိတ်နဲ့လူနဲ့ကို ကပ်တယ်မရှိဘူး။ ခန့်ခန့် မြန်မြန်လိုက်လာနော်"

လုပ်ငန်းတွေကို ပိုထဲထဲဝင်ဝင်သိလာ၍ ဖေဖေကပင် တိုင်တိုင်ပင်ပင်နှင့် ပြောပြစရာရှိသည်များလည်း ပြောပြလာတတ်ပေမဲ့ မေမေကတော့ သည်လိုမဟုတ်။ ခန့်ခန့် ချစ်သူနှင့်အဆက်အသွယ်ရှိသည်ကို ရိပ်မိပုံရသည်။ သူ့အရိပ်အကဲကိုလည်း အမြဲကြည့်နေတတ်ပြီး တစ်ခုခုဆို အပြစ်ပြောဖို့ရှိတတ်သည်။ ဖခင်၏အခြေအနေက သူ့အပေါ် မဆိုးလှသော်လည်း မိခင်ကတော့ မှန်းဆမရသေးချေ။

"ညည်းကလည်းအေ၊ ကလေး တစ်ခါတလေ ငါတို့နဲ့အပြင်ထွက်တာ။ မဆူစမ်းပါနဲ့"

အိမ်တွင်တော့ အဘွားတစ်ယောက်သာ ခန့်ခန့် ဘက်တော်သားဖြစ်သည်။ လချီကာခံစားခဲ့ရသော သူ့အဖို့ အဘွားဖြစ်သူက နားလည်ပေးလာခဲ့တာဖြစ်၏။ ခံစားချက်တွေကို ဖွင့်ဟလာနိုင်ခဲ့သည်။ တစ်လတစ်ခါ လူကြီးဆီက စာတွေလာတိုင်း၊ ပစ္စည်းတွေပို့လာတိုင်း အဘွားကို ပြဖြစ်သည်အထိ ရင်ဖွင့်ခဲ့မိသည်။ ဒါမို့လည်း မေမေဆူငေါက်လာလျှင် 'ငါ့မြေးလေး စိတ်ချမ်းသာဖို့ကအဓိက' ဟုပြောပြီး တရားချတတ်သေးသည်။

"သူကအခုထိ ဟိုတစ်ယောက်ကို တန်းတန်းစွဲဖြစ်နေသေးတာလေ၊ အမေကပါ ကာဆီးကာဆီးမလုပ်နဲ့"

"ဒီလိုကိစ္စတွေဆိုတာ သူတို့ဖြစ်ရမဲ့ကံပါလာရင် ငါတို့ဘယ်လောက်တားတား မရဘူး မိမိနိုင်ရဲ့"

"အမေရယ် ဒါတွေမယုံပါဘူး။ ဒီခေတ်ကလေးတွေ အတုယူမှားတာပါ"

"ဟဲ့ ဒီလိုတွေမယုံလို့မရဘူး။ ရှေးရေစက်ကြီးလွန်းလို့ သူတို့ဟာ ဒီဘဝမှာ ယောကျ်ားချင်းအဖြစ်နဲ့တောင် ချစ်ကြိုက်နေကြတာပေါ့"

စင်တာထဲတွင် ဈေးဝယ်ရင်းလည်းမလွတ် နားချနိုင်သူမို့ ဒေါ်မိမိနိုင် ငြိမ်နေလိုက်ရသည်။ ဈေးဝယ်ထွက်လာခဲ့ကာမှ အရင်နှစ်ကအကြောင်းတွေ ပြန််တွေးမိလေတော့ စိတ်ရှုပ်ချင်လာသလိုလို။ အမြင်အာရုံတွင် မျက်စိရှေ့မှောက်က ပစ္စည်းတွေက ဝေဝါးလာပြီး ချစ်သူနှင့်အတူရှိလျှင် ပြုံးပျော်နေတတ်သည့် သားဖြစ်သူ၏ ပုံရိပ်လေးက လှုပ်ခတ်သွားသည်။ ထိုအချိန်တွေက တကယ်ကို ပျော်နေခဲ့ရှာတာပဲ။

...................

အထုပ်ကြီး၊ အထုပ်ငယ်နှင့် အလျှိိုလျှိုစျေးဝယ်ပြီးချိန်၌ ခန့်ခန့်မှာ ဗိုက်အတော်ဆာနေလေပြီ။  နေစောင်းနေပြီပေမဲ့ ညနေစာက အခုထိမစားကြရသေး။ ဦးမင်းဟန်ကတော့ ကားကိုတလှိမ့်လှိမ့်မောင်းရင်း ထိုင်းအစားအသောက်ဆိုင်သို့ ဦးတည်လေသည်။ မိသားစုလေးယောက်အဖို့ ကားမောင်းကြရင်း ထွေရာလေးပါးပြောနေကြပေမဲ့ ခန့်ခန့်ကတော့ လမ်းမတွေ မှန်ပြတင်းကငေးရင်း ဘာမျှမပြောဖြစ်။ ဘေးချင်းကပ်ထိုင်နေသည့် အဘွားကတော့ သူ့ကိုတစ်ချက်တစ်ချက် လှည့်ကြည့်လာတတ်သည်။

စားသောက်ဆိုင်ရောက်ချိန်တွင် အသီးသီးမီနူးကြည့်မှာပြီး ခဏစောင့်ရပေဦးမည်။ ဗိုက်ဆာလှပြီဖြစ်သော်လည်း သူ့ခမျာ ရေသာသောက်နေရဦးမည့်အဖြစ်။ ဟိုဟိုသည်သည် ငေးကြည့်လေတော့ ခမ်းနားသောစားသောက်ဆိုင်အတွင်း စားပွဲဝိုင်းအတော်များများ လူတွေပြည့်နှက်နေလေပြီ။ သူ့ဖခင် ဦးမင်းဟန်သည်လည်း လေးယောက်စာစားပွဲ အနေတော်ကိုသာ ရွေးချယ်ထိုင်စေသည်။ ဒါမို့ အဖေ၊ အမေ၊ အဘွားနှင့် ခန့်ခန့်တို့ အချင်းချင်းထိုင်နေရသည်မှာ ကပ်လျက်ချပ်လျက်။

ထိုအခိုက် စားပွဲပေါ်တင်ထားသော သူ့ဖုန်းသို့ဝင်လာသည်က နိုင်ငံရပ်ခြားက FaceTime Call ပင်။ ဒါကိုမြင်မြင်ချင်း ခန့်ခန့်တစ်ယောက် ထိတ်ပျာသွား၏။ ထမင်းစားပွဲရှိ မျက်လုံးအစုံတို့က အသံမြည်နေသောသူ့ဖုန်းထံ ရောက်လာကြပြီမလား။ အရင်ကလို 'My Man' ဟူ၍ မမှတ်သင့်သည့်အခြေအနေမို့ လူကြီးနာမည်၏အတိုကောက်အက္ခရာ 'Z' ကို Binary code နှင့် ပြောင်းမှတ်ထားလို့သာ တော်သေးသည်။ '01011010' ဟူသော ကွန်ပျူတာနှင့်ဆိုင်သည့် ကိန်းဂဏန်းတွေမြင်တော့ မိဘတွေမှာ ဒွိဟကိုယ်စီနှင့်။

အင်တာနက်ဖွင့်ထားမိသည့် သူ့အမှားပါပဲ။ အသံကလည်းမြည်နေပြီမို့ ခန့်ခန့် မကိုင်၍မဖြစ်တော့။ မိဘတွေမှာ ရိပ်မိသလိုရှိကြသော်လည်း ဒါကတော့သိသာလွန်းတော့မည်။

"သား ဖုန်းသွားပြောလိုက်ဦးမယ်"

ရှုတည်တည်ပြောကာ သူ ထွက်လာခဲ့သည်။ အနောက်က လှမ်းခေါ်သံလည်း မကြားရသလို၊ လှည့်လည်းမကြည့်ဖြစ်တော့။ လာနေသည့်ဖုန်းကို ချပစ်ရအောင်ထိလည်း သူ့မှာကြောက်ရွံ့ခြင်း မရှိတော့ပေ။ ခန့်ခန့်ဆိုတာ လွန််ခဲ့သောနှစ်နှစ်ကျော်က ဖိနပ်မပါဘဲ အိမ်ကထွက်ပြေးခဲ့သည့်ကောင်လေးထက်တော့ ပိုသတ္တိရှိလာလေပြီ။

စားသောက်ဆိုင်၏ အနောက်ယွန်းနားရှိ အမျိုးသားသီးသန့်နေရာရောက်ပါမှ ခန့်ခန့် ဖုန်းကိုင်လိုက်သည်။

"အင်း လူကြီး"

"ကလေး အပြင်ရောက်နေတာလား"

မြင်နေကျနောက်ခံအဆောင်အယောင်တွေမဟုတ်တော့ ချစ်သူက တန်းသိတာပင်။ သူကလည်း သည်လိုနေ့မှ စာတောင်မပို့ခဲ့မိသည့်အဖြစ်။

"အင်း ဘွားတို့လည်းပါတယ်"

"ကိုယ်ပြန်လာလို့ရတော့မယ် သိလား"

မထင်မှတ်ဘဲ ကြားလိုက်ရပါသောထိုစကားက ခန့်ခန့်ကို အတိုင်းမသိ ပျော်ရွှင်သွားရစေသည်။ ဒါမို့ အချိန်အခါမဟုတ်ဘဲ မခေါ်စဖူးခေါ်လိုက်တာဖြစ်လိမ့်မည်။

"တကယ်! ဘွဲ့ယူရမဲ့ရက် ထွက်လာပြီလား"

"အင်း နောက်လ နှစ်ဆယ့်ခုနှစ်ရက်နေ့တဲ့။ ကိုယ်အဲလောက်မြန်မယ်တောင် ထင်မထားဘူး"

"ရေး ... ဒါဆိုဘွားကို ကြွားရတော့မယ်။ နောက်လပြန်လာမယ်ဆို နှစ်ကုန်လောက်ပေါ့နော်။ ကလေး ဘွဲ့ယူလည်းမှီလောက်မယ်မလား"

"မမှီ,မှီအောင် ပြန်ခဲ့မယ်၊ စိတ်ချ"

"ဟုတ်"

စာသင်နှစ်ပြီးတာတောင် အလုပ်အတွက် စီစဉ်နေရတာမို့ သူ့ချစ်သူမှာ ခုထက်ထိပြန်မလာနိုင်သေး။ သို့ပေမဲ့ ကိုယ်တိုင်ဘွဲ့ယူပြီး သူ့ဘွဲ့ယူကိုပါ အမှီပြန်လာမယ်ဆိုတော့ နောက်လလောက်ဆို တွေ့ရတော့မှာပင်။ အမျိုးသားသီးသန့်အခန်းရှေ့က ခန့်ခန့်အဖို့တော့ အပျော်တွေဆိုတာ အတိုင်းထက်အလွန်ပါပဲ။

"မနက်ဖြန် ကလေးကို ရွယ် ဖုန်းဆက်လိမ့်မယ်။ ကိုယ်တို့နှစ်ယောက်လုံး ဘွဲ့ယူကျရင်ဝတ်ဖို့ ဝတ်စုံတွေကို လန်ဒန်မှာပဲချုပ်ဖို့ ကိုယ်ပြောထားပြီးပြီ"

"တကယ်! အချိန်လောက်ပါ့မလား"

"ရတယ်။ ရွယ့်သူငယ်ချင်းက ခုကိုယ်တို့ကိုချုပ်ပေးမဲ့ ဒီဇိုင်နာရဲ့တပည့်ပဲ။ သူကိုယ်တိုင်ပြောပေးထားတာမို့ အဆင်ပြေတယ်။ ကလေးဆီ ဒီဇိုင်းလာပြရင်း ကိုယ်တိုင်းပါ တစ်ခါတည်းယူလိမ့်မယ်။ တွေ့လိုက်ဦးနော်"

"အင်းအင်း"

"ဒါဆို အခန်းရောက်မှ ပြောမယ်နော်"

ဖုန်းချတော့မည့်ချစ်သူက တကယ်အလုပ်ရှုပ်နေသည့်ဟန်။ ခန့်ခန့်လည်း 'ချစ်တယ်နော်၊ မြန်မြန်ပြန်ခဲ့' ဟူသောစကားတစ်ခွန်းနှင့် နှုတ်ဆက်လိုက်နိုင်သည်။
ပြောပြီးမှ ခပ်ရှက်ရှက်နှင့်၊ ဆိုင်ထဲဆိုတာကိုလည်း သူ မေ့နေသည်။ လူကြီးတွေအနီးမှာ ရှိနေသည်ဆိုတာလည်း သူမေ့နေသည်။ ခုချိန်မှာ ပျော်တာပဲသိပါ၏။ ဖုန်းလေးကိုပိတ်ရင်း ရင်ဘတ်တွင်အပ်ကာ အဝင်ကနံရံကို မှီချလိုက်တော့ သူတို့နှစ်ဦး ပြန်ဆုံကြရတော့မည့်ပုံရိပ်တွေက ဝေဝေဆာဆာ။

သို့ပေမဲ့ နံရံ၏အခြားတစ်ဖက်တွင် အခြားသောနားတစ်စုံရှိနေသည်ကိုတော့ ခန့်ခန့် သတိမထားမိခဲ့ပါချေ။

31/ 11/ 2020
••••••••••••••••••••••••••••••••••••

<Zawgyi>

[ ၾကယ္စင္ေတြ ခရီးထြက္သြားတဲ့
ေမွာင္မိုက္ျခင္းနဲ႔ည....
တစ္ေယာက္တည္းကိုယ့္ဘဝမွာ သူ႔အလင္း။

သူလာရင္ ေႏြးေထြးျခင္းနဲ႔
သူ႔အလင္းမၽွလိမ့္မယ္....
ကိုယ္ဟာတစ္ေယာက္တည္း
ေလာကအလယ္ ျပည့္စုံၿပီ။

သူ႔အခ်စ္က သိပ္လိုတယ္....
အားနည္းခ်က္မ်ားကို..အရာရာျဖည့္ဆည္းဖို႔။

လူ႔ဘဝက သိပ္တိုတယ္....
အားလုံးေတာ့မျပည့္စုံနိုင္....
အခ်စ္စစ္ဟာ သူေပးတဲ့အခ်စ္ရဲ့သေဘာ....]

ေကာင္းကင္က ၾကယ္ေတြၾကည့္ရင္း သီခ်င္းႏွင့္အတူ ခ်စ္သူကို လြမ္းဆြတ္ေနေသာ ခန့္ခန့္။ လြမ္းလွပါသည္။ ဆုံလည္းဆုံခ်င္လွပါၿပီ။

ခ်စ္သူနဲ႔ခြဲခြါေနရသည္ကို အသားက်ေနၿပီးသားျဖစ္ေပမဲ့ လြမ္းစိတ္ကေတာ့ တားဆီးလို႔ရတာမ်ိဳး မဟုတ္။ ေန႔တဒူဝ မတူညီသည့္အခ်ိန္၊ မတူညီသည့္ေနရာမ်ားတြင္ လုပ္စရာရွိသည္မ်ားလုပ္၍ ႏွစ္ေယာက္စလုံး အားခ်ိန္မွသာ စကားေျပာေနရသည္။

သူကလည္း ကိုယ့္ကိုခ်စ္တယ္၊ ကိုယ္ကလည္း သူ႔ကိုခ်စ္တယ္ ဆိုသည့္အသိႏွင့္ပဲ လြမ္းရသည့္ေန႔ရက္တိုင္းကို အားတင္းထားေနဆဲ၊ ေတာင့္ခံထားဆဲ။ အခုညေတာ့ ေနာက္ဆုံးႏွစ္ေက်ာင္းသားေလးက သူ႔ထက္ရွစ္ႏွစ္မၽွႀကီးပါေသာ အေဝးေရာက္ ဘြဲဲ့လြန္ေက်ာင္းသားႀကီးကို လြမ္းေနရသည့္အျဖစ္ပါေလ။

ႏွစ္သစ္ကူးေက်ာင္းပိတ္ရက္တို႔ ကုန္ဆုံးသည္ႏွင့္ ခန့္ခန့္တို႔၊ ခန့္ကိုတို႔လည္း ေက်ာင္းပုံမွန္ျပန္တက္ၾကေလၿပီ။

ကြန္ပ်ဴတာတကၠသိုလ္တြင္ ေနာက္ဆုံးႏွစ္ေရာက္ၾကၿပီဆိုလၽွင္ ေမဂ်ာဘာသာတခ်ိဳ႕ ျပန္ေရြးခ်ယ္ၾကရသည္။ သူတို႔သူငယ္ခ်င္းႏွစ္ေယာက္မွာ ပထမႏွစ္စစဥ္ကတည္းက ကြန္ပ်ဴတာသိပၸံ (Computer Science - CS) ႏွင့္ ကြန္ပ်ဴတာနည္းပညာ (Computer Technology - CT) တို႔ကိုေရြးခဲ့ရစဥ္က ႏွစ္ေယာက္စလုံး ကြန္ပ်ဴတာသိပၸံကိုသာ အတူတူသေဘာက်ခဲ့သည္။ သို႔ေသာ္ အခုတစ္ခါမူ မတူၾကေတာ့ေပ။

ခန႔္ကိုက Data Analyst ပိုင္းကိုစိတ္ဝင္စား၍ Data Mining ႏွင့္ Artificial Intelligence (AI) ကို ေရြးသည္။ ခန႔္ခန႔္ကေတာ့ စီးပြားေရးပိုင္းကို ပိုက်ယ္က်ယ္ျပန႔္ျပန႔္သြားခ်င္၍ Enterprise Resource Planning (ERP) ႏွင့္ Artificial Intelligence (AI) ကို ေရြးသည္။

ခုႏွစ္ဘာသာတြင္ ေမဂ်ာေရြးထားသည့္ တစ္ဘာသာက မတူေတာ့တာမို႔ ႏွစ္ေယာက္သားေတြ႕တိုင္း ျငင္းခုံရသည္ကအေမာ။ ဘယ္သူကမွလည္း အေလၽွာ့မေပးနိုင္ၾက။ ကိုယ္ေရြးထားသည့္ဘာသာကသာ ပိုေကာင္းေၾကာင္း သက္ေသျပခ်င္ၾကသည္။ ဂိမ္းေဆာ့ရင္းေတြ႕လၽွင္ ဂိမ္းေဆာ့ရင္းျငင္းသည္။ ကန္တင္းဆုံလၽွင္ ကန္တင္းမွာပဲ ျငင္းသည္။ မတည့္အတူေနေတြမို႔ ဘယ္သူကမွလည္း ထိန္းမနိုင္၊ သိမ္းမရႏွင့္။

"ငခန႔္ မွတ္ထားေနာ္။ ဘယ္ေလာက္ႀကီးတဲ့လုပ္ငန္းေနေန ငါတို႔ရဲ့ Data ဆိုတာ မရွိမျဖစ္ကြ။ ျပႆနာတစ္ခုခုျဖစ္ၾကည့္ Database ထဲက Data ေတြ ျပန္သုံးသပ္ၿပီး အေျဖရွာေနရတာပဲမလား။ မယွဥ္ခ်င္စမ္းနဲ႔"

ခန႔္ကိုက စာလုပ္ရတာသာပ်င္းတာ၊ သူ႔ဘာသာရပ္ႏွင့္ပတ္သက္လၽွင္ သည္လိုေလက်ယ္ၿပီး ေျပာဆိုမဆုံးပင္။ ခန႔္ခန႔္ သည္ေကာင္ေျပာတာကို မျငင္းနိုင္ပါ။ တကယ္လည္း ႏွစ္ရွည္သြင္းလာသည့္ data ေတြကိုၾကည့္ကာ ဆုံးျဖတ္ခ်က္ခ်ရသည့္ကိစၥမ်ားလည္း ရွိတာကိုး။ ဒါေပသိ ခန့္ခန့္ဆိုတဲ့သူကလည္း အေက်ာကခံခ်င္တာမဟုတ္။

"ေအး မင္းေျပာတဲ့ အဲဒီႀကီးပါတယ္ဆိုတဲ့လုပ္ငန္းေတြမွာပဲ ျပႆနာေတြ ျဖစ္မလာေအာင္ ငါတို႔ရဲ့ ERP Software ေတြကို သုံးေနၾကရတာ၊ မရွိမျဖစ္ပဲမလား။ Account ေတြေတာင္ ေစ်းႀကီးေပးဝယ္ေနရတာ သေဘာေပါက္။ ၿပီးမွ မင္းတို႔ရဲ့ data ဆိုတာျဖည့္ရတာ။ ေလလာမက်ယ္နဲ႔"

သူ ခနဲ႔သည္ထိ ဟိုေကာင္ကလည္း မေက်ခ်မ္းေသး။ ကန္တင္းတြင္ထိုင္ေနေသာ အဆာေျပဝိုင္းမွာ သူတို႔ေၾကာင့္ ႏွစ္ျခမ္းကြဲခ်င္လာသည္။

"ကဲပါကြာ။ မင္းတို႔ေတြ ေတြ႕တိုင္းျငင္းေနၾကတာ မေမာဘူးလား။ ၾကားရတဲ့ငါတို႔က နားေတြၿငီးလွၿပီ"

ဘယ္သူေျပာေျပာ ေတြ႕တိုင္း ျငင္းၾကခုန္ၾကဆဲပါ၊ ၿဂိဳလ္ေတြေပးၾကဆဲပါ။ က်န္တာသာ တည့္လိမ့္မည္။ ဒါေတာ့မရ။ မတည့္အတူေနေတြမို႔ အကုန္လုံးကလည္း လႊတ္သာထားၾကသည္။

ေနာက္ဆုံးႏွစ္ေရာက္ၿပီျဖစ္၍ ခန့္ခန့္ စာကို ေသခ်ာပိုႀကိဳးစားရသည္။ စာေတြကပိုခက္လာသလို ပေရာဂ်က္ေတြပါ စုေပါင္းလုပ္လာရသည္။ Assignmenft ႏွင့္ Tutorial ေတြကလည္း တစ္လတစ္လ လုံးခ်ာပတ္ခ်ာလည္ကာ ေရာက္,ေရာက္လာတတ္သည္။ ဘယ္ေလာက္ပဲ ရန္ျဖစ္ၾကပါေစ၊ တစ္ဦးဟာမၿပီးလၽွင္ တစ္ဦးကူညီရသည္။ ရွင္းျပရသည္။ ေနာက္ဆုံးႏွစ္မို႔ သူတို႔အားလုံး စိတ္ႏွစ္ကာလုပ္ၾကရသည္။ ဒါမွ ေအာင္စာရင္းထြက္လၽွင္ မဟာတန္းပါၾကမည္မလား။

ခန႔္ခန႔္လည္း တတ္နိုင္သေလာက္ ႀကိဳးစားရတာပင္၊ မဟာတန္းဆက္တက္ခ်င္လြန္း၍ေတာ့မဟုတ္။ ဘြဲ႕ယူလၽွင္ အေတာင္အလက္ စုံခ်င္သည္။ ပါေမာကၡမွ ဂုဏ္ထူးအစုံအလင္ႏွင့္ မဟာတန္းဝင္ခြင့္ရေၾကာင္း ေၾကညာသည့္ျမင္ကြင္းအား ခ်စ္သူလူႀကီးကို ဆက္ဆက္ျမင္ေစခ်င္မိေသာေၾကာင့္။ ဤသည္မွာ ေဇယ်ာႏွင့္ပတ္သက္သည့္ ခန႔္ခန႔္ စိတ္ကူးအိပ္မက္ေတြထဲမွ တစ္ခုမၽွသာ။

......................

ေဇယ်ာမွာေတာ့ Oxford Brooke University - OBU တြင္ ေက်ာင္းစတက္ကတည္းက Peter ႏွင့္ အတူမေနေတာ့ဘဲ ေက်ာင္းႏွင့္နီးရာ အခန္းတစ္ခန္းတြင္ ငွါးေနခဲ့သည္။ သြားရလာရ ေဝးတာကတစ္ေၾကာင္း၊ ကူညီေပးသူကို အားနာရတာကတစ္ေၾကာင္းမို႔ ေျပာင္းေရႊ႕ခဲ့ရျခင္း။

သို႔ေသာ္ Peter ႀကိဳက္သည့္ ရွမ္းမုန့္ညႇင္းခ်ဥ္ႏွင့္ အျခားျမန္မာပစၥည္းေတြကိုေတာ့ ေမေမ ထည့္ေပးလိုက္တိုင္း သြားပို႔ရသည္ကအေမာပါပဲ။ ယူေကတြင္ ခင္သည့္သူဆိုလို႔လည္း မ်ားမ်ားစားစားမရွိေပ။ ဒါကိုသိေသာ Peter ကလည္း သူ႔ဆိုမက္မက္ေမာေမာ ခင္ရွာပါ၏။

ငယ္ရြယ္ေသာေကာလိပ္ေက်ာင္းသားပီပီ အေပ်ာ္အပါးလည္း ရွိတတ္သလို၊ ေက်ာင္းသြားလည္း ပ်က္တတ္သူမဟုတ္လွ။ ညပိုင္းသြားတတ္သည့္ပြဲေတြဆိုလၽွင္ ထိုေကာလိပ္ေက်ာင္းသားေလးမွာ ေဇယ်ာ့ကိုေခၚရသည္ကအေမာ။ သူ႔အဖို႔ကေတာ့ ဘယ္မွလည္းမထြက္ခ်င္သလို၊ ဓေလ့ထုံးတမ္းေတြလည္း မတူညီတာမို႔ သူႏွင့္မအပ္စပ္သလို ခံစားရတာပင္။

သူ ေရာက္စကတည္းက ခ်စ္သူေလးႏွင့္ပါ Peterကို မိတ္ဆက္ေပးထားခဲ့သည္။ ယူေကလို နိုင္ငံမ်ိဳးအတြက္ LGBT ဆိုတာမ်ိဳးကေတာ့ စိမ္းသက္မေနပါ။ ဒါမို႔လည္း သူ ပြင့္ပြင့္လင္းလင္း ေျပာျပခဲ့သည္ခ်ည္း။ ဒါမို႔ Peter က သူအျပင္ေခၚလို႔ မလိုက္လၽွင္ ေကာင္ေလးကခြင့္မျပဳလို႔လားဆိုတာမ်ိဳး အျမဲစေနာက္တတ္၏။ 

ပိတ္ရက္ရတုန္း Peter ဆီ လက္ေဆာင္ပစၥည္းေတြ ပို႔ၿပီးေနာက္ ေဇယ်ာတစ္ေယာက္ ရဲရင့္ဆီသြားရျပန္သည္။ ကိုယ္ပိုင္အခန္းလည္း ရေနၿပီမို႔ လန္ဒန္ကို အရင္လိုအပတ္တိုင္းလာမလည္ျဖစ္ေတာ့။ ထိုသို႔အလာက်ဲမိလၽွင္ ရဲရင့္ကေတာ့ ျငဴျငဴစူစူပါပဲ။

"လူႀကီး အျပင္ေရာက္ေနတာလား"

စေနဆိုလၽွင္ ေက်ာင္းပိတ္သည့္ခန့္ခန့္ကလည္း သည္လိုေန႔မ်ိဳးဆို ညထိမေစာင့္ဘဲ video call ေစာေစာေခၚတတ္သည္။ ဘယ္သြားသြားေျပာတတ္ေပမဲ့ သည္မနက္ေတာ့ Peter ဆီသြားရင္းက အမွတ္မထင္ထြက္လာခဲ့ျခင္းျဖစ္သည္။

"ခုနကပဲ ရဲရင့္ဆီေရာက္ေနတာ။ ကေလးကိုေတာင္ ဖုန္းေခၚေတာ့မလို႔"

"ဟုတ္လို႔လား။ မေန႔ကေတာ့ မသြားဘူးေျပာၿပီးေတာ့"

သည္ကေလး ခုတေလာ ရစ္တတ္သည့္အက်င့္ေလးရွိလာတာ ေဇယ်ာ သတိထားမိလာသည္။ မယုံတာလည္းမဟုတ္ဘဲ ဂ်စ္ခ်င္လို႔ဂ်စ္ေနတာေလးက ခ်စ္စရာေကာင္းေနတာမ်ိဳး။

"တကယ္ ကေလးရ။ ကိုယ္လည္းလာဖို႔ အစီအစဥ္မရွိဘူး။ မနက္ကမွ ဒီေကာင္လွမ္းေခၚလို႔၊ ျမန္မာစာေတြလည္း ေပးစရာရွိေနလို႔ေလ"

ေဇယ်ာ သူ႔ဖုန္းကို ရဲရင့္ဖက္လွည့္ေပးကာ စစ္ကူေခၚလိုက္သည္။ တကယ္လည္း သည္ေကာင္ေခၚတာမို႔ သူထြက္လာခဲ့ရတာျဖစ္သည္။

"ဟုတ္ပါတယ္ဗ်ာ။ ခင္ဗ်ားေလးရဲ့လူႀကီးကို ကၽြန္ေတာ့္ကို ခဏေလာက္ငွါးပါဦး။ ပိတ္ရက္မွာ တစ္ေယာက္တည္းစားရ၊ ေသာက္ရတာ ပ်င္းလြန္းလို႔ပါ"

ခန့္ခန့္ သေဘာက်စြာ ရယ္ေတာ့သည္။ ရဲရင့္ႏွင့္ လူခ်င္းမေတြ႕ဖူးေပမဲ့ ေဇယ်ာမိတ္ဆက္ေပးေနက်မို႔ ေပ်ာ္ေပ်ာ္ေနတတ္ၾကသူခ်င္း ခင္ေနၾကၿပီပင္။

"ဟဲ စတာပါဗ်"

"ကေလး ေျပာစရာရွိလို႔လား။ အေစာႀကီးဆက္တာဆိုေတာ့"

ေဇယ်ာက ရဲရင့္ကို ခါက်က္ဥေတြကို ကူလွီးေပးရင္း ေမးရသည္။ ဖုန္းကေတာ့ ေထာင့္တစ္ေနရာတြင္ ေထာင္ထားလ်က္သား၊

"ဘာမွေတာ့မဟုတ္ပါဘူး။ ေက်ာင္းက ဒုတိယစာသင္ႏွစ္ဝက္ေလးလမွာ သုံးလက intern (အလုပ္သင္) ဆင္းရမယ္တဲ့။ ဆင္းမဲ့ကုမၸဏီေသခ်ာရင္ ေနာက္အပတ္ကစ စာရင္းေပးလို႔ရၿပီေျပာတယ္"

"အဲေတာ့ကေလးက ဘယ္မွာဆင္းမယ္ စိတ္ကူးလဲ။ ကိုယ့္သေဘာကေတာ့ အန္ကယ့္ဆီမွာ ကူေနတဲ့အတူတူ အဲမွာပဲ ဆင္းေစခ်င္တယ္"

ခ်စ္သူကို ေမွာက္လ်က္အေနအထားႏွင့္ မ်က္ေတာင္မခတ္တမ္း လိုက္ၾကည့္ေနေသာ ခန့္ခန့္က ျပဳံးစိစိေလးျဖစ္လာသည္။ ခါက်က္ဥေတြကို ေတာက္ေတာက္လွီးေနေသာ ေဇယ်ာက အိမ္ေထာင္ရွင္ႀကီးပမာ။ သူလည္း အတူတူေလၽွာက္လုပ္ခ်င္စိတ္မ်ားက တဖြားဖြားႏွင့္။

"အင္း ေဖေဖကလည္း အဲလိုေျပာတယ္။ ဒါေပမဲ့ အေတြ႕အၾကဳံအသစ္ရေအာင္ အျပင္ကုမၸဏီေတြမ်ား ဆင္းၾကည့္ရဦးမလားလို႔ လူႀကီးကို တိုင္ပင္ၾကည့္တာ"

"ေနာက္လည္း လုပ္ရမဲ့အတူတူ ခုကတည္းက စထားတာ ပိုေကာင္းတာေပါ့။ အေတြ႕အၾကဳံက ေသခ်ာေပါက္ရပါတယ္။ တျခားကုမၸဏီေတြမွာဆင္းလို႔ သေဘာမေကာင္းတဲ့ အထက္လူႀကီးနဲ႔ ေတြ႕ရင္ စိတ္ညစ္ေနရဦးမယ္။ ကိုယ့္ကေလးကို စိတ္မခ်ပါဘူး"

"အဟြတ္! ဓားရွမယ္၊ ဓားရွမယ္။ ေသခ်ာလွီး"

ေဇယ်ာ အျဖစ္သည္းေနပုံကိုၾကည့္၍ ရဲရင့္ ရြဲ႕ၿပီးေခ်ာင္းဟန့္လိုက္သည္။ ဘယ္ႏွယ့္ ... သည္ႀကီးေကာင္ႀကီးမားႀကီး ရည္းစားထားမွ ခၽြဲပ်စ္ပ်စ္အသံေတြ ၾကားေနရသည္မလား။

"မင္းက ဘာထျဖစ္ေနတာလဲ"

"ခၽြဲက်ပ္လို႔ေဟး"

ရဲရင့္အေျပာေၾကာင့္ ခန႔္ခန႔္ကပါ လိုက္ရယ္ရင္း၊

"သူမ်ားဆူမေနပါနဲ႔။ အဲဒါဆို လူႀကီးေျပာသလိုပဲ ေဖေဖ့company ကိုပဲ စာရင္းေပးလိုက္ေတာ့မယ္"

"အင္း ခန့္ကိုကေရာ"

"ေသခ်ာေပါက္ အတူတူပဲေပါ့။ ဘယ္ဆင္းဆင္း ေတာက္တဲ့လိုတြယ္ေနမဲ့ေကာင္"

"ေကာင္းသားပဲ၊ အေဖာ္ရတာေပါ့။ အန္ကယ္ဆီမွာပဲ အတူတူဆင္းလိုက္ၾကေတာ့"

ခပ္ျပဳံးျပဳံးရွိလွေသာ ခန႔္ခန႔္မွာ သည္လိုတိုင္ပင္ေဖာ္ခ်စ္သူတစ္ေယာက္ရွိသည္ကို ေကာင္းခ်ီးတစ္ခုသဖြယ္ ခံစားေနရသည္။ အခန္းမီးပ်က္တာကအစ၊ ဘဝရည္မွန္းခ်က္ေတြအဆုံး သူ ေျပာျပခ်င္သည္၊ တိုင္ပင္ခ်င္သည္။ အေသးအဖြဲေလးကစ ခ်စ္သူ႔ကို သိေစခ်င္လြန္းတာ သူ အျပစ္လားေလေနာ္။

...................

မွန္ခန္းကတဆင့္ ျမင္ေနရေသာ မိုးသားတစ္ခြင္က မီးခိုေရာင္အတိၿပီးေနသည္။ မိုးေရစက္တို႔ကား တဖြဲဖြဲႏွင့္။ အလုပ္လုပ္ရင္း လွမ္းေငးရေသာ မိုးရာသီျမင္ကြင္းက ခန႔္ခန႔္အဖို႔ လြမ္းေဆြးဖြယ္ေကာင္းေနသည္။

အေဖျဖစ္သူ၏႐ုံးမွာပဲ အလုပ္သင္ဆင္းေနၾကရေလတာ တစ္လေက်ာ္လို႔ ႏွစ္လနီးပါးရွိလာေလၿပီ။ အေတြ႕အၾကဳံအသစ္ ရခ်င္သည္ဟုေျပာခဲ့ေသာ သူ႔အဖို႔ ဖခင္၏႐ုံးလိုက္ဆင္းရေသာ္လည္း လြယ္ကူလွသည္မဟုတ္။ ႏွစ္ထပ္သာသာရွိေသာ ႐ုံးအတြင္း အဖြဲ႕မ်ားစြာရွိေလသည္။ သူႏွင့္ခန႔္ကိုတို႔မွာ သည္က်ဥ္းက်ဥ္းေလးထဲတြင္ အလုပ္သင္အတူဆင္းရတာေတာင္ ေတြ႕ခဲလွသည္။ အလုပ္သင္အငယ္ေလးေတြမို႔ ေတာက္တိုကအစ အကုန္လုပ္ေပးရသည္။ ရသလိုသင္ယူရသည္။ ကူညီရန္ အျမဲသြက္လက္ေနရေသာ သူတို႔အတြက္ဆုံနိုင္ခ်ိန္က ေန႔လယ္စာစားခ်ိန္သာ။

ခန့္ကိုက Data mining ယူထားသူမို႔ Database administrator ကိုရာဇာတို႔အဖြဲ႕တြင္ ဦးမင္းဟန္က ေနရာခ်ထားေပးသည္။ Business Analyst ပိုင္း စိတ္ဝင္စားသည့္ ခန့္ခန့္ကိုေတာ့ မဇာျခည္တို႔အဖြဲ႕တြင္ ေလ့လာေစ၏။

အသက္၃၀ပတ္ဝန္းက်င္သာရွိေသာ မဇာျခည္မွာ Business analyst ဆိုသည့္အတိုင္း စကားအေျပာအဆို ညက္ေညာသည္။ တစ္ဖက္သား မိမိ softwareေတြ သုံးခ်င္လာေအာင္ ရွင္းျပနိုင္သည္၊ ဆြဲေဆာင္ေျပာဆိုနိုင္သည္။ အမွားအယြင္းေတြရွိလာလၽွင္ေတာင္ ေအးေဆးေျပာကာ ေျဖရွင္းနိုင္သူျဖစ္၏။ ခန့္ခန့္ အမ်ားႀကီးသင္ရတာပင္။

"ငခန႔္ ထမင္းစားမယ္ေလ၊ ခုနကမင္းကို အျပင္ပါသြားတယ္ ထင္ေနတာ"

အေတြးလြန္ေနခိုက္ ေနာက္ကေရာက္လာေသာ ခန႔္ကို။ ပုံမွန္ဝတ္စားေနက် ယူနီေဖာင္းျဖဴျပာလည္းမဟုတ္၊ အျပင္ဝတ္သည့္အတိုင္း ခပ္လန္းလန္းမဟုတ္။ ႐ုံးတက္စတိုင္လ္ႏွင့္လိုက္ဖက္ေအာင္ ရွပ္ႏွင့္ဂ်င္းေဘာင္းဘီကိုသာ ဝတ္ဆင္ထားသည့္ သူ႔၏သူငယ္ခ်င္းပင္။ ခန႔္ခန႔္လည္း ထိုနည္းတူ ရိုးရိုးရွင္းရွင္းပါပဲ။

"အင္း ႏွစ္နာရီေလာက္မွ သြားမွာဆိုလို႔ ေအးေဆးျဖစ္ေနတာ"

သည္လိုႏွင့္ ႏွစ္ေယာက္သား ထမင္းစားခန္းထဲ အတူသြားၾကသည္။ ခန့္ခန့္ ကူလုပ္ေနရေသာအဖြဲ႕က အျပင္တြင္ ဝန္ေဆာင္မွုေပးရသည့္အခါ၊ ပရိုမိုးရွင္းသြားရသည့္အခါမ်ားတြင္ ေနပူ၊ မိုးရြာမေရွာင္ လိုက္ေပးရသည္ကို သည္ေကာင္သိေနျခင္းမို႔။

"ေကာင္းသား။ ငါေတာ့ဇက္ေၾကာေတြ တက္ေနၿပီ"

ခန့္ကိုမွာလည္း ထိုင္ရာမထလုပ္ရေသာ Data ပိုင္းမို႔ ျခဴသံပါေအာင္ ၿငီးေလေတာ့သည္။

"လုပ္ခ်င္ဦးေလ Database ပိုင္း"

"ေအာင္မာ ... ငါက မင္းလိုေနပူ၊ မိုးရြာထဲ ကားပိတ္၊ ဗိုက္အဆာခံၿပီး မသြားရဘူး"

"အဲ့ဒါဆို မင္းလည္း ၿငီးမေနနဲ႔"

ထမင္းစားခန္းဝင္သည္ႏွင့္ စီနီယာအစ္ကို၊ အစ္မေတြ ရွိေနတာမို႔ သူတို႔စကားတိုးတိုးသာ ေျပာၾကရေတာ့သည္။

လုပ္ရကိုင္ရတာ မတူေသာ္လည္း ေက်ာင္းတက္သလိုမဟုတ္တာမို႔ တစ္ေယာက္တစ္မ်ိဳး ပင္ပန္းၾကတာေတာ့ အမွန္ပင္။ ေက်ာင္းတက္သည့္အခ်ိန္သာ အိပ္ခ်င္လၽွင္ ငိုက္ေနလို႔ရသည္။ မတက္ခ်င္လၽွင္ လစ္လိုက္လို႔ရသည္။ သို႔ေသာ္ အလုပ္မွာေတာ့မတူ၊ သူသူကိုယ္ကိုယ္ တာဝန္အတိုင္း အျမဲမျပတ္လုပ္ေနရသည္မို႔ ေခ်ာင္ခိုေန၍ မရၾကေတာ့။ ဒါမို႔လည္း ခါတိုင္းလို ၾကာၾကာၿပိဳင္ျငင္းမေနခ်င္ၾကေတာ့။ နားခ်ိန္ေလးတြင္ ထမင္းကိုသာ အပီဆြဲရသည္။

"ငခန႔္ မင္းရဲ့လူႀကီး ျပန္လာခါနီးၿပီလား"

"သုံး၊ ေလးလေလာက္ လိုေသးတယ္တဲ့"

သည္လိုေျပာၿပီး ခန့္ခန့္မ်က္ႏွာက ညႇိုးငယ္သြားေလေတာ့ ခန့္ကိုလည္း စိတ္မေကာင္းလွ။ အလုပ္ပမ္းရသည့္ၾကားထဲ ခ်စ္သူပါအနားမရွိေတာ့ ခံရခက္ေနမည္ကို သူ နားလည္ပါသည္။ သူတို႔ပင္ အလုပ္သင္ၿပီးလို႔ စာေမးပြဲေျဖၿပီးလၽွင္ ေက်ာင္းၿပီးေတာ့မည္ျဖစ္သည္။ ကိုေဇယ်ာမွာမူ သြားလိုက္သည့္ႏွစ္ႏွစ္ဆိုတာ အခုထိမျပည့္ေသး။ ႏွစ္ကူးေဆာင္းရာသီတုန္းကပဲ တစ္ခါျပန္လာတာမို႔ သူ႔သူငယ္ခ်င္း ေဆြးလည္းေဆြးစရာပင္။

သို႔ေပမဲ့ လြမ္းလၽွင္လြမ္းေၾကာင္း၊ ခ်စ္လၽွင္ခ်စ္ေၾကာင္း ထုတ္မေျပာဘဲ က်ိတ္ခံစားတတ္သည့္ သူငယ္ခ်င္းအဖို႔ သူ ရင္ေလးရျပန္ပါ၏။

....................

"ငါ့ေျမး ဘာဝယ္ခ်င္တာလဲ ၾကည့္ေလ၊ ငူငူငိုင္ငိုင္နဲ႔"

တနဂၤေႏြ ႐ုံးပိတ္ရက္ေလးတြင္ ခန့္ခန့္တို႔မိသားစု အကုန္ဆုံေနၾက၏။ ပိတ္ရက္တိုင္း ေဒၚမိမိနိုင္ ဦးေဆာင္ေသာ တစ္ပတ္စာေစ်းဝယ္အစီအစဥ္တြင္ ဦးမင္းဟန္ ဒါမွမဟုတ္ ခန့္ခန့္က လိုက္ကူပို႔ရသည္။ ေစ်းဝယ္တိုင္း ေျခတိုေအာင္ေလၽွာက္ရသည္မို႔ တကယ္ဆို သားအဖႏွစ္ေယာက္လုံးမလိုက္ခ်င္ၾက။ သူလိုက္၊ ကိုယ္လိုက္လႊဲခ်ရင္းက ဒီတစ္ပတ္အတြက္ အားျဖည့္ရသူမ်ားမွာေတာ့ တစ္အိမ္သားလုံး ျဖစ္ေလေတာ့သည္။ ညေန Dinner ကို အျပင္မွာစားမည္ဟု ဆြဲေဆာင္တာမို႔ အဖြားကစ တက္ႂကြေနေလသည္။

"ရတယ္၊ သား ဒီဆိုင္ပဲခဏၾကည့္ခ်င္လို႔"

ခန႔္ခန႔္တစ္ေယာက္ ခ်စ္သူႏွင့္အတူလာဖူးေသာ ဆိုင္ေလးေရွ႕ ျဖတ္သြားမိတာမို႔ လူႀကီးေတြေနာက္ မလိုက္နိုင္မိ။ ဆိုင္ထဲၾကည့္ရင္း အမွတ္တရတခ်ိဳ႕ကို ျပန္ျမင္ေယာင္ၾကည့္မိသည္။ လြမ္းလိုက္သည့္အျဖစ္ပါပဲ။

သူ႔အဖို႔ သုံးလဆက္တိုက္လည္း ႐ုံးထိုင္လိုက္၊ အျပင္သြားရလိုက္ႏွင့္ အလုပ္သင္ကာလက ၿပီးဆုံးသြားခဲ့ၿပီ။ ပညာလည္း ေတာ္ေတာ္ရသလို ေအာက္သက္လည္းေက်သြားၿပီ ေျပာရမည္။ ခါတိုင္းလို ေပါ့ေပါ့တန္တန္ မေနျဖစ္ေတာ့။ အထူးသျဖင့္ အရင္ကထက္ လူေတြႏွင့္ ပိုေပါင္းသင္းဆက္ဆံတတ္လာတတ္သည္။ သို႔ေပမဲ့ ဘယ္ေလာက္ပင္ ရင့္က်က္သည့္စိတ္ တိုးလာတယ္ေျပာေျပာ လြမ္းတာကေတာ့ လြမ္းတာပဲ။ လူႀကီး ျပန္မလာတာ ဆယ္လေက်ာ္ေနေလၿပီ။

"အေမလာေလ၊ အဲေကာင္ေလးဟာ စိတ္နဲ႔လူနဲ႔ကို ကပ္တယ္မရွိဘူး။ ခန႔္ခန႔္ ျမန္ျမန္လိုက္လာေနာ္"

လုပ္ငန္းေတြကို ပိုထဲထဲဝင္ဝင္သိလာ၍ ေဖေဖကပင္ တိုင္တိုင္ပင္ပင္ႏွင့္ ေျပာျပစရာရွိသည္မ်ားလည္း ေျပာျပလာတတ္ေပမဲ့ ေမေမကေတာ့ သည္လိုမဟုတ္။ ခန႔္ခန႔္ ခ်စ္သူႏွင့္အဆက္အသြယ္ရွိသည္ကို ရိပ္မိပုံရသည္။ သူ႔အရိပ္အကဲကိုလည္း အျမဲၾကည့္ေနတတ္ၿပီး တစ္ခုခုဆို အျပစ္ေျပာဖို႔ရွိတတ္သည္။ ဖခင္၏အေျခအေနက သူ႔အေပၚ မဆိုးလွေသာ္လည္း မိခင္ကေတာ့ မွန္းဆမရေသးေခ်။

"ညည္းကလည္းေအ၊ ကေလး တစ္ခါတေလ ငါတို႔နဲ႔အျပင္ထြက္တာ။ မဆူစမ္းပါနဲ႔"

အိမ္တြင္ေတာ့ အဘြားတစ္ေယာက္သာ ခန့္ခန့္ ဘက္ေတာ္သားျဖစ္သည္။ လခ်ီကာခံစားခဲ့ရေသာ သူ႔အဖို႔ အဘြားျဖစ္သူက နားလည္ေပးလာခဲ့တာျဖစ္၏။ ခံစားခ်က္ေတြကို ဖြင့္ဟလာနိုင္ခဲ့သည္။ တစ္လတစ္ခါ လူႀကီးဆီက စာေတြလာတိုင္း၊ ပစၥည္းေတြပို႔လာတိုင္း အဘြားကို ျပျဖစ္သည္အထိ ရင္ဖြင့္ခဲ့မိသည္။ ဒါမို႔လည္း ေမေမဆူေငါက္လာလၽွင္ 'ငါ့ေျမးေလး စိတ္ခ်မ္းသာဖို႔ကအဓိက' ဟုေျပာၿပီး တရားခ်တတ္ေသးသည္။

"သူကအခုထိ ဟိုတစ္ေယာက္ကို တန္းတန္းစြဲျဖစ္ေနေသးတာေလ၊ အေမကပါ ကာဆီးကာဆီးမလုပ္နဲ႔"

"ဒီလိုကိစၥေတြဆိုတာ သူတို႔ျဖစ္ရမဲ့ကံပါလာရင္ ငါတို႔ဘယ္ေလာက္တားတား မရဘူး မိမိနိုင္ရဲ့"

"အေမရယ္ ဒါေတြမယုံပါဘူး။ ဒီေခတ္ကေလးေတြ အတုယူမွားတာပါ"

"ဟဲ့ ဒီလိုေတြမယုံလို႔မရဘူး။ ေရွးေရစက္ႀကီးလြန္းလို႔ သူတို႔ဟာ ဒီဘဝမွာ ေယာက်္ားခ်င္းအျဖစ္နဲ႔ေတာင္ ခ်စ္ႀကိဳက္ေနၾကတာေပါ့"

စင္တာထဲတြင္ ေဈးဝယ္ရင္းလည္းမလြတ္ နားခ်နိုင္သူမို႔ ေဒၚမိမိနိုင္ ၿငိမ္ေနလိုက္ရသည္။ ေဈးဝယ္ထြက္လာခဲ့ကာမွ အရင္ႏွစ္ကအေၾကာင္းေတြ ျပန္္ေတြးမိေလေတာ့ စိတ္ရွုပ္ခ်င္လာသလိုလို။ အျမင္အာ႐ုံတြင္ မ်က္စိေရွ႕ေမွာက္က ပစၥည္းေတြက ေဝဝါးလာၿပီး ခ်စ္သူႏွင့္အတူရွိလၽွင္ ျပဳံးေပ်ာ္ေနတတ္သည့္ သားျဖစ္သူ၏ ပုံရိပ္ေလးက လွုပ္ခတ္သြားသည္။ ထိုအခ်ိန္ေတြက တကယ္ကို ေပ်ာ္ေနခဲ့ရွာတာပဲ။

...................

အထုပ္ႀကီး၊ အထုပ္ငယ္ႏွင့္ အလၽွိိုလၽွိုေစ်းဝယ္ၿပီးခ်ိန္၌ ခန့္ခန့္မွာ ဗိုက္အေတာ္ဆာေနေလၿပီ။ ေနေစာင္းေနၿပီေပမဲ့ ညေနစာက အခုထိမစားၾကရေသး။ ဦးမင္းဟန္ကေတာ့ ကားကိုတလွိမ့္လွိမ့္ေမာင္းရင္း ထိုင္းအစားအေသာက္ဆိုင္သို႔ ဦးတည္ေလသည္။ မိသားစုေလးေယာက္အဖို႔ ကားေမာင္းၾကရင္း ေထြရာေလးပါးေျပာေနၾကေပမဲ့ ခန႔္ခန႔္ကေတာ့ လမ္းမေတြ မွန္ျပတင္းကေငးရင္း ဘာမၽွမေျပာျဖစ္။ ေဘးခ်င္းကပ္ထိုင္ေနသည့္ အဘြားကေတာ့ သူ႔ကိုတစ္ခ်က္တစ္ခ်က္ လွည့္ၾကည့္လာတတ္သည္။

စားေသာက္ဆိုင္ေရာက္ခ်ိန္တြင္ အသီးသီးမီႏူးၾကည့္မွာၿပီး ခဏေစာင့္ရေပဦးမည္။ ဗိုက္ဆာလွၿပီျဖစ္ေသာ္လည္း သူ႔ခမ်ာ ေရသာေသာက္ေနရဦးမည့္အျဖစ္။ ဟိုဟိုသည္သည္ ေငးၾကည့္ေလေတာ့ ခမ္းနားေသာစားေသာက္ဆိုင္အတြင္း စားပြဲဝိုင္းအေတာ္မ်ားမ်ား လူေတြျပည့္ႏွက္ေနေလၿပီ။ သူ႔ဖခင္ ဦးမင္းဟန္သည္လည္း ေလးေယာက္စာစားပြဲ အေနေတာ္ကိုသာ ေရြးခ်ယ္ထိုင္ေစသည္။ ဒါမို႔ အေဖ၊ အေမ၊ အဘြားႏွင့္ ခန႔္ခန႔္တို႔ အခ်င္းခ်င္းထိုင္ေနရသည္မွာ ကပ္လ်က္ခ်ပ္လ်က္။

ထိုအခိုက္ စားပြဲေပၚတင္ထားေသာ သူ႔ဖုန္းသို႔ဝင္လာသည္က နိုင္ငံရပ္ျခားက FaceTime Call ပင္။ ဒါကိုျမင္ျမင္ခ်င္း ခန႔္ခန႔္တစ္ေယာက္ ထိတ္ပ်ာသြား၏။ ထမင္းစားပြဲရွိ မ်က္လုံးအစုံတို႔က အသံျမည္ေနေသာသူ႔ဖုန္းထံ ေရာက္လာၾကၿပီမလား။ အရင္ကလို 'My Man' ဟူ၍ မမွတ္သင့္သည့္အေျခအေနမို႔ လူႀကီးနာမည္၏အတိုေကာက္အကၡရာ 'Z' ကို Binary code ႏွင့္ ေျပာင္းမွတ္ထားလို႔သာ ေတာ္ေသးသည္။ '01011010' ဟူေသာ ကြန္ပ်ဴတာႏွင့္ဆိုင္သည့္ ကိန္းဂဏန္းေတြျမင္ေတာ့ မိဘေတြမွာ ဒြိဟကိုယ္စီႏွင့္။

အင္တာနက္ဖြင့္ထားမိသည့္ သူ႔အမွားပါပဲ။ အသံကလည္းျမည္ေနၿပီမို႔ ခန႔္ခန႔္ မကိုင္၍မျဖစ္ေတာ့။ မိဘေတြမွာ ရိပ္မိသလိုရွိၾကေသာ္လည္း ဒါကေတာ့သိသာလြန္းေတာ့မည္။

"သား ဖုန္းသြားေျပာလိုက္ဦးမယ္"

ရွုတည္တည္ေျပာကာ သူ ထြက္လာခဲ့သည္။ အေနာက္က လွမ္းေခၚသံလည္း မၾကားရသလို၊ လွည့္လည္းမၾကည့္ျဖစ္ေတာ့။ လာေနသည့္ဖုန္းကို ခ်ပစ္ရေအာင္ထိလည္း သူ႔မွာေၾကာက္ရြံ႕ျခင္း မရွိေတာ့ေပ။ ခန႔္ခန႔္ဆိုတာ လြန္္ခဲ့ေသာႏွစ္ႏွစ္ေက်ာ္က ဖိနပ္မပါဘဲ အိမ္ကထြက္ေျပးခဲ့သည့္ေကာင္ေလးထက္ေတာ့ ပိုသတၱိရွိလာေလၿပီ။

စားေသာက္ဆိုင္၏ အေနာက္ယြန္းနားရွိ အမ်ိဳးသားသီးသန႔္ေနရာေရာက္ပါမွ ခန႔္ခန႔္ ဖုန္းကိုင္လိုက္သည္။

"အင္း လူႀကီး"

"ကေလး အျပင္ေရာက္ေနတာလား"

ျမင္ေနက်ေနာက္ခံအေဆာင္အေယာင္ေတြမဟုတ္ေတာ့ ခ်စ္သူက တန္းသိတာပင္။ သူကလည္း သည္လိုေန႔မွ စာေတာင္မပို႔ခဲ့မိသည့္အျဖစ္။

"အင္း ဘြားတို႔လည္းပါတယ္"

"ကိုယ္ျပန္လာလို႔ရေတာ့မယ္ သိလား"

မထင္မွတ္ဘဲ ၾကားလိုက္ရပါေသာထိုစကားက ခန့္ခန့္ကို အတိုင္းမသိ ေပ်ာ္ရႊင္သြားရေစသည္။ ဒါမို႔ အခ်ိန္အခါမဟုတ္ဘဲ မေခၚစဖူးေခၚလိုက္တာျဖစ္လိမ့္မည္။

"တကယ္! ဘြဲ႕ယူရမဲ့ရက္ ထြက္လာၿပီလား"

"အင္း ေနာက္လ ႏွစ္ဆယ့္ခုႏွစ္ရက္ေန႔တဲ့။ ကိုယ္အဲေလာက္ျမန္မယ္ေတာင္ ထင္မထားဘူး"

"ေရး ... ဒါဆိုဘြားကို ႂကြားရေတာ့မယ္။ ေနာက္လျပန္လာမယ္ဆို ႏွစ္ကုန္ေလာက္ေပါ့ေနာ္။ ကေလး ဘြဲ႕ယူလည္းမွီေလာက္မယ္မလား"

"မမွီ,မွီေအာင္ ျပန္ခဲ့မယ္၊ စိတ္ခ်"

"ဟုတ္"

စာသင္ႏွစ္ၿပီးတာေတာင္ အလုပ္အတြက္ စီစဥ္ေနရတာမို႔ သူ႔ခ်စ္သူမွာ ခုထက္ထိျပန္မလာနိုင္ေသး။ သို႔ေပမဲ့ ကိုယ္တိုင္ဘြဲ႕ယူၿပီး သူ႔ဘြဲ႕ယူကိုပါ အမွီျပန္လာမယ္ဆိုေတာ့ ေနာက္လေလာက္ဆို ေတြ႕ရေတာ့မွာပင္။ အမ်ိဳးသားသီးသန႔္အခန္းေရွ႕က ခန႔္ခန႔္အဖို႔ေတာ့ အေပ်ာ္ေတြဆိုတာ အတိုင္းထက္အလြန္ပါပဲ။

"မနက္ျဖန္ ကေလးကို ရြယ္ ဖုန္းဆက္လိမ့္မယ္။ ကိုယ္တို႔ႏွစ္ေယာက္လုံး ဘြဲ႕ယူက်ရင္ဝတ္ဖို႔ ဝတ္စုံေတြကို လန္ဒန္မွာပဲခ်ဳပ္ဖို႔ ကိုယ္ေျပာထားၿပီးၿပီ"

"တကယ္! အခ်ိန္ေလာက္ပါ့မလား"

"ရတယ္။ ရြယ့္သူငယ္ခ်င္းက ခုကိုယ္တို႔ကိုခ်ဳပ္ေပးမဲ့ ဒီဇိုင္နာရဲ့တပည့္ပဲ။ သူကိုယ္တိုင္ေျပာေပးထားတာမို႔ အဆင္ေျပတယ္။ ကေလးဆီ ဒီဇိုင္းလာျပရင္း ကိုယ္တိုင္းပါ တစ္ခါတည္းယူလိမ့္မယ္။ ေတြ႕လိုက္ဦးေနာ္"

"အင္းအင္း"

"ဒါဆို အခန္းေရာက္မွ ေျပာမယ္ေနာ္"

ဖုန္းခ်ေတာ့မည့္ခ်စ္သူက တကယ္အလုပ္ရွုပ္ေနသည့္ဟန္။ ခန႔္ခန႔္လည္း 'ခ်စ္တယ္ေနာ္၊ ျမန္ျမန္ျပန္ခဲ့' ဟူေသာစကားတစ္ခြန္းႏွင့္ ႏွုတ္ဆက္လိုက္နိုင္သည္။
ေျပာၿပီးမွ ခပ္ရွက္ရွက္ႏွင့္၊ ဆိုင္ထဲဆိုတာကိုလည္း သူ ေမ့ေနသည္။ လူႀကီးေတြအနီးမွာ ရွိေနသည္ဆိုတာလည္း သူေမ့ေနသည္။ ခုခ်ိန္မွာ ေပ်ာ္တာပဲသိပါ၏။ ဖုန္းေလးကိုပိတ္ရင္း ရင္ဘတ္တြင္အပ္ကာ အဝင္ကနံရံကို မွီခ်လိုက္ေတာ့ သူတို႔ႏွစ္ဦး ျပန္ဆုံၾကရေတာ့မည့္ပုံရိပ္ေတြက ေဝေဝဆာဆာ။

သို႔ေပမဲ့ နံရံ၏အျခားတစ္ဖက္တြင္ အျခားေသာနားတစ္စုံရွိေနသည္ကိုေတာ့ ခန႔္ခန႔္ သတိမထားမိခဲ့ပါေခ်။

31/ 11/ 2020
••••••••••••••••••••••••••••••••••••

Bạn đang đọc truyện trên: Truyen3h.Co