Truyen3h.Co

နှောင်ကြိုး

Part - 40

Fi_Lay



<Unicode>

ကျယ်ဝန်းခမ်းနားလှသော ဘွဲ့နှင်းသဘင်ခန်းမကြီးထဲတွင် အားလုံးကိုယ်စီ စိတ်လှုပ်ရှားမှုအပြည့်နှင့် ပျော်ရွှင်နေကြသည်။ အခမ်းအနားမစသေးချိန်မို့ ကျောင်းပြီးသွားသော လူငယ်လေးတွေမှာဖြင့် ဓာတ်ပုံရိုက်သူရိုက်၊ စကားပြောသူပြောနှင့် ဆူဆူညံညံ။

သူတို့လေးတွေအဖို့ ငါးနှစ်မျှ ကြိုးစားလေ့လာခဲ့ရသည့် သင်ခန်းစာများ၊ အောင်မြင်စွာဖြေဆိုနိုင်ခဲ့သည့် စာမေးပွဲများအပြီးတွင် ဘွဲ့ဝတ်ရုံကို ဂုဏ်ယူစွာ ဝတ်ဆင်နိုင်ခဲ့ကြလေပြီ။ မိဘများမှာလည်း ကြည်နူးပီတိအပြည့်နှင့် ဂုဏ်ယူဝမ်းမြောက်၍မဆုံး။

ခန်းမကြီး၏ အရှေ့ခြမ်းတွင် ကျောင်းသူ၊ ကျောင်းသားများက အောင်မြင်ခဲ့သည့် ခုံနံပါတ်အမှတ်စဉ်အလိုက် နေရာယူရသည်။ ခန့်ခန့်မှာတော့ ခုံနံပါတ်ခြောက်ရထားသည်မို့ ရှေ့ဆုံးတန်းခြောက်ယောက်မြောက်တွင် ထိုင်ရသည်။ ခန်းမ၏အနောက်ခြမ်းတွင်တော့ မိဘများထိုင်ကြရ၏။ မိဘမဟုတ်သော ဇေယျာနှင့်ရွယ်ရွယ်တို့သည်လည်း ခန့်ခန့်၏ဖိတ်ကြားမှုကြောင့် ရောက်နေကြလေပြီ။

ချစ်သူကပြန်လာမည်ဟု လှမ်းအကြောင်းကြားသောနေ့၌ပင် ခန့်ခန့် အဖေဖြစ်သူနှင့် စကားပြောခဲ့ရ၏။ အဆက်အသွယ်ရှိနေသေးတာကို ရိပ်မိရုံမက ဖုန်းပြောတာတွေကိုပါ ကြားသွားခဲ့သည်ထင်ပါရဲ့။ ညကြီးမင်းကြီး သားအဖနှစ်ယောက်ထဲ သီးသန့်ခေါ်ပြောရအောင်ထိ ထိုကိစ္စက ဖြစ်သွားခဲ့သည်။

အပြင်းအထန်ကန့်ကွက်ခဲ့သော ဖခင်မှာ ထိုညကတော့ အေးဆေးနေခဲ့သည်။ ခြံထဲက ဒန်းပေါ်တွင် အေးအေးလူလူရှိနေရင်း သူတို့အဆက်အသွယ်ရှိသေးလားဆိုတာကို မေးလာခဲ့၏။ မကွယ်ဝှက်ချင်သော ခန့်ခန့်ကလည်း အမှန်အတိုင်း ဖွင့်ပြောခဲ့တာပင်။ သို့ပေမဲ့ ဆူငေါက်ခြင်းအလျဉ်းမရှိခဲ့သလို၊ သဘောတူကြောင်း လေချိုများလည်း တစ်ချက်မသွေးခဲ့။ မှန်းရခက်သည့်မျက်နှာထားနှင့်သာ ထိုညအဆုံးသတ်သွားသည်။ အရင်လောက် ပြင်းပြင်းထန်ထန် မကန့်ကွက်ကြတာပဲ တော်ဦးမည်ပြောရမလို။

ခန့်ခန့်တို့ ခန်းမတွင်းလူစုံပြီး သိပ်မကြာခင် မြန်မာဆိုင်းဝိုင်းသံမြိုင်မြိုင်ကို စတင်ကြားလိုက်ရသည်။ ဘွဲ့လက်မှတ်အပ်နှင်းမည့် ပါမောက္ခချုပ်ကြီးနှင့်တကွ ဆရာ၊ ဆရာမများ ခန်းမတွင်းသို့တစ်လှမ်းချင်း ရွေ့လျားလာကြခြင်းဖြစ်၏။ ကျောင်းသားများနှင့် မိဘများက မတ်တပ်ရပ်ကာ အရိုအသေပြုကြရင်း‌ ဘေးတွင်ဖြတ်လျှောက်လာသည့် ဆရာကြီး၊ ဆရာမကြီးတို့ကို ငေးမောရသည်။ နောက်ခံတီးခတ်ပေးနေသော ဆိုင်းဝိုင်းသံကလည်း မြိုင်ဆိုင်လွန်းတာမို့ စိတ်ထဲတွင်တော့ ငိုချင်သလိုလို ... စိတ်လှုပ်ရှားသလိုလို။

ပါမောက္ခချုပ်နှင့်တကွ ဆရာ၊ ဆရာမများ စင်ပေါ်ရောက်သွားမှသာ ဆိုင်းဝိုင်းမှ နိုင်ငံတော်သီချင်းသံ စတင်ပျံ့လွင့်လာလေသည်။ ကျောင်းသူ၊ ကျောင်းသားများနှင့် မိဘများအားလုံးမှာ နိုင်ငံတော်သီချင်းသံ နားစိုက်လျက် ခေါင်းငုံ့အလေးပြုကြသည်။ ထို့နောက်မှ ပါမောက္ခချုပ်က မာထန်ပြတ်သားသောအသံဖြင့် ကတိသစ္စာများ တိုင်တည်စေသည်။ ဆုံးမဩဝါဒစကားတို့အား မျှဝေလေသည်။ ဒါတွေအားလုံးမှတ်သားအပြီးတွင်မှ တစ်ယောက်ချင်းစီအား ဘွဲ့လက်မှတ်များ ပေးအပ်တော့တာဖြစ်၏။

အားလုံးကို အစီတကျဖြစ်စေရန် တစ်ရက်ကြိုအစမ်းလေ့ကျင့်ထားတာမို့ လုပ်ရိုးလုပ်စဉ်တို့ကိုတော့ သူတို့တွေမှတ်မိနေပါသည်။ တန်းစီ၊ ဓာတ်ပုံရိုက်တာကအစ ဆုယူလျှင် ဘယ်လိုဘယ်ပုံ၊ ဘယ်ခြေလှမ်းနှင့်ကအစ သူတို့သိရှိနားလည်ပြီးဖြစ်သည်။ ဤသို့ဖြင့် ဘွဲ့ရမောင်မယ်တို့ ခုံနံပါတ်အလိုက် တစ်ယောက်ပြီး တစ်ယောက်ခေါ်ဆောင်ယူစေကာ ခြောက်ယောက်မြောက်တွင် ခန့်ခန့်အလှည့် ရောက်လေသည်။

"မောင်စိုင်းမင်းခန့်၊ ၆ဘာသာဂုဏ်ထူး၊ အထူးအောင်"

သူ အကြားချင်ဆုံးသော ပါမောက္ခခေါ်ပေးသည့်ထိုအသံ။ ငါးနှစ်တာလုံး ဝေးလံသောကျောင်းတော်ကြီးတွင် သင်ကြားနာယူခဲ့ရသမျှ၊ မအိပ်မနေ ကျက်ခဲ့မှတ်ခဲ့သမျှ၊ ပင်ပန်းခဲ့ရသမျှအားလုံးမှာ အခိုးအငွေ့တို့နှယ် လွင့်ပြယ်သွားချေပြီ။ ပြီးလျှင် အိမ်ကမိဘတွေနှင့် သူ့ချစ်သူကိုလည်း အကြားစေချင်ဆုံး အသံလည်းဖြစ်သည်။ 

ပါမောက္ခဆရာမကြီး၏ ခေါ်ယူသံအဆုံးတွင် ခန့်ခန့် စင်ပေါ်သို့ တစ်လှမ်းချင်းစတက်ရလေပြီ။ အနောက်တိုင်းဝတ်စုံ အနက်ရောင်ပေါ်တွင် ဘွဲ့ဝတ်ရုံခြုံထားသော သူ့၏လှုပ်ရှားမှုတိုင်းကို ဖေဖေ၊ မေမေ၊ အဘွားနဲ့ ချစ်သူလူကြီးတို့ မလွတ်တမ်း ကြည့်နေလောက်ရောပေါ့။

ခန့်ခန့် တွေးထင်သည့်အတိုင်း ဒေါ်မိမိနိုင်စိတ်ထဲတွင် သားဖြစ်သူ ဘွဲ့ယူသည်ကိုကြည့်၍ ဂုဏ်ယူဝမ်းမြောက်မဆုံးဖြစ်နေရှာသည်။ ဘေးကဦးမင်းဟန်မှာလည်း အပြုံးပန်းတွေ ဝေဆာလျက် ဓာတ်ပုံတွေ တဖျတ်ဖျတ်ရိုက်ယူနေလေ၏။ အဘွားသည်လည်း မျက်ရည်တစမ်းစမ်း။

ဟိုးအနောက်တွင် နေရာပိုယူထားရသော ဇေယျာ့ခမျာတော့ ညီမဖြစ်သူရွယ်ရွယ့်ကို ဓာတ်ပုံရိုက်ခိုင်းထားရပြီး ကိုယ်တိုင်ကတော့ သေးကွေးသောချစ်သူလေး၏ ခြေလှမ်းတစ်လှမ်းချင်းစီကအစ လိုက်ကြည့်နေမိတာပင်။ တစ်သက်မမေ့စေရန် ဦးနှောက်တွင်မှတ်တမ်းတင်နေမိသည်က စက္ကန့်မလပ်။ ဘွဲ့ယူနေချိန် ပြုံးနေဟန်လေးကစ သူ မြတ်နိုးရ၏။ သူ့ချစ်သူလေးအတွက် ဂုဏ်ယူလိုက်ရသည့်အဖြစ်ပါပဲ။

"ကိုကို ခန့်ခန့်က ယောကျ်ားလေးပေမဲ့ စာတော်လိုက်တာ။ ခြောက်ယောက်မြောက်မှာ ယူရတယ်နော်"

ကင်မရာနှင့် မလွတ်တမ်းမှတ်တမ်းယူပြီးသော ရွယ်ရွယ်ကလည်း ဂုဏ်ယူစွာပြောရှာသည်။ အစောပိုင်း ဘွဲ့လက်မှတ်ယူကြရသူများတွင် ယောကျ်ားလေးက ခန့်ခန့် ဦးဆုံးဖြစ်လေ၏။

"ဘယ်သူ့ချစ်သူမို့လို့လဲ"

ဇေယျာ အမြင်ကတ်စရာကောင်းအောင် ကြွားနေတာမို့ ရွယ်ရွယ်က မျက်စောင်းတစ်ချက် ပို့လိုက်လေတော့၏။

အားလုံးဘွဲ့ယူပြီးချိန် ခန်းမတွင်းကထွက်ကြတော့ အရှေ့တွင် ဓာတ်ပုံရိုက်ကြသူတွေက အများသား။ ထိုထဲကမှ ဇေယျာတို့မောင်နှမနှစ်ယောက် ခန့်ခန့်တို့မိသားစုကိုတွေ့အောင် ရှာရသည်။ ဇေယျာအဖို့ ချစ်သူလေး၏မိဘတွေကို နှစ်နှစ်ကျော်အတွင်း ပထမဆုံးတွေ့ရမည်မို့ အတော်မဝံ့မရဲရှိလှသည်။ နောက်ဆုံးဆေးရုံရှေ့က ကော်ဖီဆိုင်တွင် ဒေါ်မိမိနိုင်နှင့်တွေ့ခဲ့စဉ်က သဘောမတူပါဘူးဟု  သေချာပြောခဲ့သည်မလား။

အခုတော့ ခန့်ခန့်ကိုယ်တိုင်က သေချာပေါက်လာရမည်ဟု ခေါ်သည်။ ညီမဖြစ်သူရွယ်ရွယ်ကလည်း ဦးမင်းဟန်နှင့် အလုပ်ကိစ္စတွေရှိတော့ သူ့ရှေ့ကဦးဆောင်ပါမည်တဲ့လေ။ ရွယ်ရွယ် မျက်နှာမပူလည်း သူကတော့မီးခဲဟပ်ခံရသလို ခပ်နွေးနွေးနှင့်။ တမင်တကာကြီး နှင်လွှတ်ကြမှာမဟုတ်မှန်းသိသော်ငြား ကြောက်စိတ်က ထိန်းမရလှ။

"ကိုကို ... ဟိုမှာတွေ့ပြီ"

ခန့်ခန့်အတွက် ဘွဲ့အရုပ်လေးနှင့် ပန်းစည်းလက်ဆောင် စီစဉ်လာသောရွယ်က သူ့ထက်ပိုတက်ကြွနေသည်။ သူ ယူကေသွားသည့် အတောအတွင်း ခန့်ခန့်နှင့်လည်း အတော်ခင်သွားကြလေပြီထင်၏။ တွေ့တွေ့ချင်း ပန်းစည်းနှင့်အရုပ်ကိုပေးကာ ဂုဏ်ယူရကြောင်း ပြောရှာသည်။ တစ်ခါတရံ ရုံးတွင်ဆုံရတတ်သော ဦးမင်းဟန်ကိုလည်း သူမကပင် နှုတ်ဆက်ပြုံးပြကာ လောကဝတ်ပြုလျက်။

ဇေယျာ့အဖို့တော့ နောက်ကလိုက်၍သာ ဘာမှသေချာမပြောရဲ။ အရိုအသေပေးသလို ခေါင်းတစ်ချက်ညိတ်၍ ပြုံးပြတော့ ဦးမင်းဟန် နှုတ်ခမ်းစေ့ရုံလှုပ်သည်က အသိအမှတ်ပြုသယောင်ရှိသည်။ ဒေါ်မိမိနိုင်ကတော့ မပြုံးသလို၊ မဲ့လည်းမမဲ့ချေ။ အဘွားဖြစ်သူကသာ သူ့ကိုနှုတ်ဆက်စကားပြောရှာ၏။

"မေမေတို့ ပြန်နှင့်ကြတော့။ သား ခန့်ကိုတို့နဲ့ ဓာတ်ပုံရိုက်ဦးမှာမို့ကြာမှာ။ ပြီးမှ အဲကောင်ကားနဲ့ ပြန်ခဲ့လိုက်မယ်"

ဦးမင်းဟန်ရော၊ ဒေါ်မိမိနိုင်ပါ ခန့်ခန့်အကြံကိုသိတာမို့ နှစ်ဦးသားအကြည့်ချင်းဆုံကာ အင်တင်တင်နှင့်။ ဘွဲ့ယူသည့်နေ့ ပျော်ရွှင်နေသောသားမျက်နှာကိုကြည့်၍ 'အခုအတူတူပြန်မယ်' ဆိုတာလည်း ပြောမထွက်။ ပြောလည်း ရမှမဟုတ်မှန်း မိဘနှစ်ပါးလုံး သိကြရှာသည်။ သည်တွင် ထိုခက်ခဲနေသည့်အခြေအနေကို ဝင်ထိန်းညှိလိုက်သူက ခန့်ခန့်၏ ချစ်လှစွာသောအဘွားပင်။ 

"ကဲ ... ဒါဆိုလည်း သားတို့အေးဆေးရိုက်ပြီးမှ ပြန်ခဲ့ကြဟုတ်ပြီလား။ ကားမောင်းဂရုစိုက်နော်။ လာ ... ငါတို့ကပြန်နှင့်မယ်၊ ပွဲတတ်မြန်မာဝတ်စုံတွေ ဝတ်ထားရတာ မသက်သာလိုက်တာ"

အသက်အကြီးဆုံး အဘွားဖြစ်သူကို ခန့်ခန့်က ကြိုကြိုတင်တင် စစ်ကူခေါ်ထားတာမို့ မိဘတွေအဖို့ ငြင်းလို့မရ။ လူကြီးသုံးယောက်စလုံး သားဖြစ်သူကိုထားကာ ပြန်လာခဲ့ကြရသည်။ သို့ပေမဲ့ ငြိမ်နေခဲ့ကြသော သည်ကိစ္စကမပြီး။ ကားပေါ်ရောက်လေတော့ တစ်ယောက်တစ်ပေါက်ပြောကြလေပြီ။

"ရှင့်သား လျှောက်ပြောတာရယ်၊ ဟိုကောင်လေးနဲ့နေခဲ့မလို့လေ"

"ငါလည်းသိပါတယ်ကွာ၊ ကိုယ့်သား ထူးထူးချွန်ချွန်နဲ့ ဘွဲ့ယူတဲ့ရက်ဆိုတော့လည်း"

"အဲကောင်လေး ပြန်ရောက်နေတာရှင်သိသလား"

"အင်း"

ကားမောင်းရင်း လေးလေးပင်ပင်ပြောလိုက်သော ဦးမင်းဟန်စကားပါပေ။ သားဖြစ်သူကို မေးပြီးထားတာမို့ မရောက်ခင်ကတည်းက ပြန်လာတော့မှာကြိုသိသည်။ ဦးမြတ်သူတို့နှင့် အလုပ်ဆက်လုပ်နေရတာကတစ်ကြောင်း၊ ဟိန်းဇေယျာ့ညီမဖြစ်သူ ရွယ်ရွယ်၏သဘောကောင်းမှုတို့ကြောင့်တစ်ကြောင်းနှင့် သားဖြစ်သူ၏ နှစ်နှစ်ကျော်ကြာမြင့်သည့် စိတ်ဆင်းရဲမှုတို့ကိုပါ မျက်မြင်ကြုံတွေ့ခဲ့ရသော ဖခင်တစ်ယောက်အနေဖြင့် စိတ်လျှော့သင့်သည်တို့ကိုလည်း လျှော့နေရလေပြီ။

"ဒါများ ကျွန်မကိုမပြောဘူး"

"ကဲပါ မိမိနိုင်ရယ် ... စိတ်လျှော့ စိတ်လျှော့။ ကိုယ့်သားကမှ သူ့ကိုပဲချစ်ပါတယ်ဆိုတော့ သား စိတ်ချမ်းသာအောင် လက်ခံပေးရတော့မှာပေါ့။ ဘယ်လိုပဲဖြစ်နေနေ ဒါကိုယ့်သွေးသားပဲ။ ကိုယ်ကပစ်မထားဘဲ ဖေးမလက်ခံမှ ပတ်ဝန်းကျင်နဲ့ တစ်ဖက်အသိုင်းအဝိုင်းမှာ ကိုယ့်သားလေး မျက်နှာမငယ်ရမှာပေါ့ မင်းတို့ကလည်း"

နှစ်ယောက်လုံးတိတ်သွားကြပြီး 'ဒါလည်းဟုတ်တာပဲ' ဟူသော အတွေးတချို့တော့ ဦးမင်းဟန်ထံ ဝင်လာပြန်၏။ သို့ပေမဲ့လည်း...။

.....................

မည်သို့ပင် အချိန်တွေကြာလာစေကာမူ၊ မည်သို့ပင် နှစ်ဖက်မိဘသဘောမတူစေကာမူ ချစ်သူနှစ်ဦးမှာတော့ ချစ်မြဲချစ်ဆဲ၊ တွေ့မြဲတွေ့ဆဲပင်။

မိဘများလည်း အတင်းအကျပ်တားယူ၍မရတော့သလို သူတို့သည်လည်း ပေါ်ပေါ်ထင်ထင် ချစ်နေကြခြင်းမျိုးတော့မဟုတ်။ ခန့်ခန့်သည် ဘွဲ့မယူခင်ကတည်းက ဖခင်၏ရုံးတွင် အသားကျပြီးသားဖြစ်၍ ထိုနေရာမှာတင် ဆက်လက်လုပ်ကိုင်ခဲ့သည်။ ဒါမို့ ဦးမင်းဟန်နှင့် အနီးကပ်နေပြီး လုပ်ငန်းသဘောသဘာဝများကို လေ့လာရသည်။ တက္ကသိုလ်ကျောင်းသားဘဝကတည်းက အစဉ်တစိုက်ကြိုးစားတတ်သူ ခန့်ခန့်မှာ ဖခင်၏ယုံကြည်မှုလည်း များစွာရနေသူဖြစ်သည်။

Clientများနှင့် ဆက်ဆံရသည့်စီးပွါးရေးအတတ်များသာမက IT trend ကိုပါ အမှီလိုက်နိုင်ရန်အတွက် ပညာရပ်ပိုင်းဆိုင်ရာများလည်း အဆက်မပြတ် လေ့လာနေရတာမို့ ကျောင်းသားဘဝကလို မလွတ်လပ်လှတော့။ အလုပ်လုပ်ချိန်အပြည့်ဖြစ်လာ၍ တစ်ခါတရံ ချစ်သူကိုပင် အချိန်သိပ်မပေးနိုင်။ အဖေဖြစ်သူ၏ မျက်စိအောက်က အပျောက်မခံမှုများကြောင့်လည်း ပါသည်။ ဒါမို့ ချစ်သူလူကြီး ခဏခဏပြောလာတတ်သည်က၊

'ကိုယ့်ကိုလည်း အချိန်ပေးပါဦးကွာ' ဟူ၍သာ။

ပြီးလျှင်တော့ အရင်ကအလုပ်တွေရှုပ်၍ မတွေ့နိုင်ခဲ့သမျှ အခုမှပြန်ဝဋ်လည်နေပြီဟုလည်း ရွဲ့တတ်သေးတာပင်။ ခန့်ခန့်မှာလည်း ဖခင်လက်အောက်တွင် အလုပ်လုပ်ရသူမို့ 'ကလေးရေ ... နေ့လယ်စာတူတူစားရအောင်' ဆိုလျှင်လည်း ဖေဖေနှင့်လိုက်သွားရမှာမို့၊ client ဆီသွားရမှာမို့၊ အလုပ်မပြီးသေးတာမို့ စသဖြင့်သာ ငြင်းနေရလေ၏။ အရင်က နိုင်ငံခြားနေလို့ မတွေ့ရ၊ ပြန်ရောက်တော့လည်း ကိုယ်စီအလုပ်မအားကြတာနှင့် တစ်မြို့တည်းနေပြီး မတွေ့ရတာ ရက်ဆက်နေပြန်သည်။

"ညစာအတူမစားရတာကြာပြီ၊ တွေ့ရအောင်နော်။ ခဏဆိုလည်းဖြစ်တယ်"

ကြိုကြိုတင်တင် ဖုန်းဆက်ပြောထားတာမို့ ခန့်ခန့် သည်ညနေတော့ ရအောင်တွေ့ရမှာဖြစ်သည်။ ဒါမို့ မနက်ကတည်းက ဖခင်ဖြစ်သူနှင့်အတူ ထွက်မလာဘဲ ကားယူခဲ့ရ၏။ အကြောင်းပြချက်ကတော့ ခန့်ကိုတို့နှင့် တွေ့ဖို့ဟူ၍ပါပဲ။ 'သိသာသိစေ၊ မမြင်စေနဲ့' ဆိုသောဆိုရိုးအတိုင်း ပေါ်တင်တော့မပြောရဲသေးသည့် ခန့်ခန့်အဖြစ်။ သည်လိုနှင့် ရုံးအဆင်းတွင် ဆုံနေကျနေရာသို့ ကားမောင်းထွက်ခဲ့တော့၏။

တစ်ဖက်တွင်လည်း ဟိန်းဇေယျာအဖို့ အားလပ်နေခြင်းတော့ မဟုတ်ပါပေ။ ပြန်ရောက်ကတည်းက ဆောက်ပြီးခါစဟိုတယ်ကို ဖွင့်လှစ်နိုင်ရန် ပြင်ဆင်ရသည်။ အဆောက်အဦးအသေးစိတ် အပြင်အဆင်ကအစ ဝန်ထမ်းကိစ္စတွေအဆုံး အားလုံးဝင်ပါနေရသည်။ ဦးမြတ်သူတို့ လူကြီးတွေကလည်း သူ့ကိုယုံယုံကြည်ကြည်နှင့် ပုံအပ်ထားလေ၏။

ဇေယျာ့ခမျာ သည်ကြားထဲက ချစ်သူလေးကို တွေ့ချင်လွန်းလို့ တစ်ရက်တစ်ရက် ကျားကသမင်ချောင်းသလို ချောင်းနေရတာဖြစ်သည်။ ရုံးပိတ်ရက်သာ တွေ့ရတတ်ပြီး ဖွင့်ရက်ဆိုလျှင်တော့ ညနေစာလေးစားဖို့အရေး တွေ့ခွင်တောင်းရသေးတာ ကြိုကြိုတင်တင်။ တကယ်အလုပ်ရှုပ်လာပြီဖြစ်သည့် သူ့ချစ်သူလေးပါပဲ။ အခုလည်း ငါးနာရီခွဲချိန်းထားတာ ခြောက်နာရီပင်ကျော်နေလေပြီ။

ဆိုင်အတွင်းမှာ မှောင်ရိပ်တဖြည်းဖြည်း သန်းလာပြီဖြစ်၏။ သူ့အကြိုက်ဆိုင်ရွေးထားသော်လည်း လာရတာက အနည်းငယ်ဝေးနေလို့ ထင်ပါ၏။ ဖုန်းထပ်ဆက်ကြည့်ရန် တွေးနေခိုက်မှ ကိုယ်တော်ချောလေး ရောက်လာတော့သည်။

"လူကြီး ရောက်နေတာကြာပြီလား"

နာရီဝက်ကျော် နောက်ကျနေသောကောင်လေး သူ့ကို မျက်နှာချိုသွေးပြနေသည်။ သည်လူမှာ စားပွဲတွင်ထိုင်ရင်း အငွေ့ပြန်ချင်သည့်အဖြစ်။

"မပြောချင်တော့ဘူး။ ကားထဲမှာတောင် ထိုင်မစောင့်နိုင်တော့လို့ အရင်ဝင်လာနှင့်တာ"

"ကားတွေပိတ်နေလို့ပါဗျာ"

မျက်နှာချင်းဆိုင်ထိုင်ခုံတွင် ဝင်ထိုင်ရင်း ခပ်ဖြီးဖြီးလေးဖြေပုံက သူ့အပြစ်မှန်းတော့ သိနေသည့်နှယ်။ ဘွဲ့ရလို့အလုပ်လုပ်ခါမှ သည်ကလေးမှာ အရင်ကသင်တန်းတွင် သူ စတွေ့ဖူးခဲ့သည့်ကလေးပေါက်စပုံစံကလေး မဟုတ်တော့ချေ။

နဂိုရှေ့ချထားတတ်သော ဆံစများကို အခုတော့ပုံသွင်းကာ အလယ်ခွဲထားသည်။ မျက်နှာလေးလည်း အနည်းငယ်ပိုပြည့်လာပြီး တည်ငြိမ်သယောင်နှင့်။ အရင်ကဆို လူငယ်ဒီဇိုင်းတွေသာ အမြဲပေါ့ပေါ့ပါးပါးဝတ်တတ်သူလေးက ခုလိုရုံးဆင်းချိန်ဆို စတိုင်လ်ပန့်၊ ရှပ်လက်ရှည်လေးနှင့် ဖြစ်နေတတ်ပြီ။ တကယ့်လူကြီးပေါက်စလေး။

"မှာပြီးရင်လည်း ဒီမှာ ခဏလာထိုင်ဦး။ စားစရာတွေရောက်မှ ဟိုဖက်ပြန်ထိုင်"

"ပိုကိုပိုတယ်"

ခန့်ခန့် ပြုံးပြုံးလေးပြောရင်း ဇေယျာ စိတ်ကျေနပ်အောင် နံဘေးကပ်လျက်ခုံသို့ ပြောင်းပေးလိုက်သည်။ အခန်းသီးသန့်တွေ မဟုတ်သော်လည်း ဆိုင်ကလေးက အေးဆေးတာမို့ သူတို့ပူးကပ်ထိုင်နေလည်း ဂရုတစိုက်ကြည့်မဲ့သူ မရှိချေ။ နှစ်ဖက်မိဘတွေလည်း သိထားကြပြီးသားမို့ အရင်ကလိုလူမြင်ကွင်းတွင် ကွယ်ဝှက်ထိုင်နေခြင်းမျိုး မရှိကြတော့။ အဆိုးပြောမည့် ပတ်ဝန်းကျင်ကိုလည်း ဂရုမစိုက်အား။ သူ့အတွက်ကိုယ်ရှိပြီး ကိုယ့်အတွက်သူရှိနေရင် ပြီးတာပါပဲ။

"စိတ်ကောက်နေတာမလား အဲ့လူကြီး"

"ကောက်စရာလား ... ကိုယ်ကလူကြီးပဲ"

"မကောက်ဘူးသာပြောတာနော်။ အသံကတစ်မျိုးပဲ .. ချစ်စရာကြီး"

ခန့်ခန့်က စားပွဲပေါ်တင်ထားသည့်လက်ကို မေးထောက်ကာ လူကြီးဖက်သို့ တည့်တည့်ကြည့်ကာ စနောက်နေသည်။

"ကိုယ့်ကို ဒီလောက်နဲ့လာချော့လို့မရဘူး။ ပစ်ထားတာ ဘယ်နှရက်ရှိနေပြီလဲ"

ဇေယျာ့စိတ်ထဲတော့ ကောက်စရာမရှိ ရှာကြံကောက်ရဦးမည်ဟု တွေးတာပင်။ သူကိုယ်တိုင်က အချိန်ကြာကြာ တူတူရှိချင်သေးသည်ကိုး။ မဟုတ်လျှင် သည်ကလေးက ထုံးစံအတိုင်းစားသောက်ပြီး ချက်ချင်းပြန်တော့မည်။

"လေးရက်လေးမတွေ့ရတာကို အတော်အဖြစ်သည်းနေပြီပေါ့၊ သိပ်တွေ့ချင်နေပြီပေါ့"

ခန့်ခန့်ပြောတော့ ဇေယျာက ရုတ်တရက်အနားတိုးလာပြီး နမ်းဟန်ပြုသည်။

"ဟေ့လူကြီး ဆိုင်ထဲမှာနော်"

"ပြောင်ဦးမှာလား"

ဇေယျာက ခန့်ခန့်မျက်နှာနားက မခွါသေး။

"မပြောင်တော့ဘူး၊ မပြောင်တော့ဘူး။ စားပြီးတဲ့ထိ ဆက်ချော့မယ်၊ ချက်ချင်းမပြန်သေးဘူး။ ဖယ်ပေးတော့"

"ပြီးရော၊ အဲလိုလိမ္မာမှပေါ့"

ထိုသို့ကတိစကားလေးရပါမှ ဇေယျာက ပြန်ခွါပေးသည်။ ထိုင်နေသည့်ဝိုင်းက ဒေါင့်ကျ၍သာတော်တော့၏။ ပတ်ဝန်းကျင်ကို ဂရုမစိုက်ဟုဆိုသော်ငြား ဒါမျိုးကျလည်း အခြေအနေ ကြည့်ရသေး၏။

သည်လိုနှင့် ညစာစားပြီး လူရှင်းသည့်ကမ်းနားလမ်းတစ်နေရာက ခုံတန်းလေးတွင်သာ နှစ်ယောက်အတူ ထိုင်ဖြစ်ကြသည်။

ရေပြင်မှာ ငြိမ်သက်လို့နေ၏။ နွေလေရူးက အနည်းငယ်သာ တိုးတိုက်သော်လည်း ရေပြင်လှုပ်ခတ်အောင်ထိ မပြင်းထန်လှ။ ကောင်းကင်တွင်တော့ မိုးသားကင်းစင်ပြီး ကြယ်တွေနှင့်လခြမ်းလေးကိုပါ ကောင်းကောင်းမြင်နေရပြီဖြစ်သည်။ ကောင်လေးတစ်ယောက်မှာလည်း ချစ်သူ့ရင်ခွင်ထဲကို တိုးဝင်ကာ လက်တစ်စုံကို မြဲမြဲဆုပ်ကိုင်ထားလေ၏။

"လူကြီး"

"ဟင်"

"ဟိုတယ်က ဘယ်တော့ဖွင့်မှာလဲ"

"နောက်လကုန်လောက်မှန်းထားတယ်။ အကုန်လည်း လက်စသတ်ပြီးနေပြီဆိုတော့ သေချာသလောက်တော့ ဖြစ်နေပါပြီ"

ဇေယျာ့အဖို့ ဟိုတယ်အမြန်ဖွင့်နိုင်ရေး ပြန်ရောက်ကတည်းက လုံးပမ်းနေရသည်မှာ သုံးလပင်ရှိလေပြီ။ အချိန်ခန့်မှန်းထားပြီးသားတွေမို့ အားလုံးအစဉ်သင့်အောင် လုပ်နေရတာပင်။

"အဲဒါဆို ကွက်တိပါပဲ။ လူကြီးအပ်ထားတဲ့ Software လည်း နောက်တစ်ပတ်ဆို အကုန်အဆင်သင့်ဖြစ်ပြီ၊ Website လည်းရတော့မယ်"

"ဟုတ်လား။ အားလုံးရရင် ဟိုတယ်ကို ကိုယ်တိုင်လာလုပ်ပေးရမှာနော်"

"အန်ကယ်ရှိနေမှာလား"

ခန့်ခန့်မှာ ရင်ခွင်ထဲက ခေါင်းလေးတိုးထွက်ရင်း ဦးမြတ်သူရှိနေမလား စိတ်ပူနေလေသည်။ နှစ်နှစ်တာပြန်လာပြီး ချစ်သူနှစ်ဦးအခြေအနေမှာ အရင်အတိုင်းရှိနေဆဲမို့ ဦးမြတ်သူမှာ သူ့ကတိနှင့်သူ ငြိမ်နေပြီးသားဖြစ်သည်။

"ပူမနေနဲ့။ ကိုယ်ပြန်လာကတည်းက 'မင်းမှာသစ္စာ၊ လူမှကတိ' လို့ပြောထားပြီးသား။ သဘောတူကိုတူရမှာပဲ။ ကိုယ်ကမှ အန်ကယ်ကို မျက်နှာပူနေတာ။ ဟိုတစ်ခါ ကလေးတို့ဆီ Software လာအပ်တုန်းက အန်ကယ်က စကားမပြောဘူး။ တည်တည်ကြီးနဲ့ကြည့်နေတော့ ကိုယ့်မှာရှိန်နေတာ"

"မကြောက်ပါနဲ့။ ဖေဖေက မောင်းထုတ်နေတာမှ မဟုတ်တာ။ ဒီအနေအထားလောက်ရောက်တာပဲ တော်သေးတယ်ပြောရမယ်လေ။ သူ့သားနုနုထွဋ်ထွဋ်လေးကို အပိုင်သိမ်းချင်နေတဲ့သူကို စကားတော့ဘယ်ပြောချင်ဦးမလဲ"

"အောင်မယ် ... ဒီလိုပြောခံရတဲ့လက်စနဲ့တော့ တကယ်အပိုင်သိမ်းလိုက်တော့မယ်၊ အိမ်မပြန်ခိုင်းတော့ဘူး"

"တကယ်လား။ မပြန်တော့ဘူးလေ၊ ဘယ်သွားကြမလဲ"

"ဟိုးကြယ်တွေဆီ"

"လူလိမ်ကြီး"

အိမ်ကတောင် ဖိနပ်မပါဘဲခိုးထွက်ဖူးသူကို စိန်ခေါ်မိသည့် ဟိန်းဇေယျာ့အဖြစ်ပါပဲ။ စကားအရာစနောက်ပြီး ပြောကြတာဆိုပေမဲ့ သည်တစ်ခါများ သူ့ချစ်သူလေးက ထွက်ပြေးကြမည်ပြောပါလျှင် သူ နှစ်ခါခေါ်စရာတောင် မလိုအပ်‌တော့အောင် အဆင်သင့်ဖြစ်နေမှာပင်။ အရင်တစ်ကြိမ်လို အဖြစ်မျိုး သူ မကြုံချင်တော့တာမို့။

.........................

တဖြည်းဖြည်းနှင့် ဟိုတယ်ဖွင့်ဖို့ အချိန်နီးလာပြီမို့ ဦးမြတ်သူတစ်ယောက် အခြားအလုပ်များဆီမလှည့်နိုင်။ ဆောက်လုပ်ရေးလုပ်ငန်းသုံး ဆိုင်ခွဲများအားလုံးကို သမီးဖြစ်သူ ရွယ်ရွယ်နှင့် မင်းမင်းတို့ကိုသာ လွှဲထားရသည်။ ကိုယ်တိုင်ကတော့ သားဖြစ်သူနှင့်အတူ ဟိုတယ်လုပ်ငန််းပိုင်းဆိုင်ရာ ထောင့်စေ့အောင် တိုင်ပင်လုပ်ကိုင်နေရသည်။

"သားကြီး ... မင်း ဝန်ထမ်းသင်ကြားရေးပိုင်းတွေ အတော်ကျန်သေးလား။ လွှဲလို့ရတာ မန်နေဂျာတွေဆီ လွှဲထားခဲ့တော့။ ဖွင့်ပွဲအတွက်သာ အသေးစိတ်ပြင်။ ညနေ သုံးနာရီကျရင် ပွဲစီစဉ်သူတွေ လာတွေ့လိမ့်မယ်၊ အဆင်သင့်လုပ်ထား"

စက်သေနတ်ပစ်သလို တရစပ်မှာကြားနေသောစကားတို့အား ဟိန်းဇေယျာက လိုက်မှတ်သားနေသည်။ ဟိုတယ်စမဖွင့်သေးသည့်တိုင် သားအဖနှစ်ယောက် တစ်နေ့တစ်နေ့ သည်အဆောက်အဦးထဲက မထွက်ရ။ အမျိုးမျိုးစိီစဉ်နေရတာပင်။

"ရတယ် အဖေ၊ ကျွန်တော့်လည်း ဆက်ထားတယ်"

"အေး။ ဒါနဲ့ Software ပိုင်းရော အဆင်သင့်မဖြစ်သေးဘူးလား။ အခုထဲကဝန်ထမ်းတွေ စသုံးထားမှဖြစ်မှာနော်"

ဦးမြတ်သူမှာ Software, Website နှင့်ပတ်သက်သမျှ ဦးမင်းဟန်တို့ဆီတွင်သာ အပ်ထားတာမို့ ဇေယျာကို တမင်ရစ်ချင်သည်။ လူကြီးချင်း မတည့်တာမျိုးရယ်လည်းမဟုတ်၊ သားတွေချင်း ချစ်ကြိုက်နေကြလို့သာ မျက်နှာချင်းမဆိုင်ဖြစ်ကြတာဖြစ်သည်။ ဒါကို သားဖြစ်သူက သူ့ကောင်လေးရုံးမှာပဲ ထပ်အပ်ချင်တယ်ဆို၍ ဆောက်လုပ်ရေးဆိုင်ခွဲတွေမက ဟိုတယ်အထိပါ အလုပ်ထပ်အပ်ရင်း ပတ်သက်နေရသည့်အဖြစ်။

"အဆင်သင့်ဖြစ်နေပါပြီ အဖေရ။ နေ့လယ်ကျရင် သူတို့လာလိမ့်မယ်။ မန်နေဂျာတွေရော၊ စက်ကိုင်ရမဲ့ဝန်ထမ်းတွေပါ တစ်ခါတည်းသင်ပြပေးသွားမှာ။ ဟိုတယ် Website ကတော့ စတောင်သုံးလို့ရနေပြီ။ ကျွန်တော်ပို့ပေးမယ် ... ခဏ"

"အေး"

သားဖြစ်သူပို့ပေးသော website ကိုဝင်ကြည့်ပြီး ဦးမြတ်သူစိတ်ထဲ သဘောကျလို့နေသည်။ ဒီဇိုင်းပိုင်းက ခေတ်နှင့်အညီဆွဲဆောင်မှုရှိပြီး Function တွေလည်း စုံလှသည်။ အခန်းကြိုတင်မှာယူနိုင်သည့် စနစ်တွေပါ စမ်းသပ်ကြည့်လေတော့ သိပ်မဆိုးလှ။ သုံးရလွယ်ကူကာ ဖုန်းနှင့်အကျွမ်းတဝင်မဖြစ်သော ဧည့်သည့်တွေအတွက်ပင် အဆင်ပြေလိမ့်မည်ထင်၏။

"ဘယ်လိုလဲ အဖေ။ သဘောကျလား"

"မဆိုးပါဘူး"

"အဲဒါအဖေ့သမက် Web developer လေး ကိုယ်တိုင်အထူးလုပ်ပေးထားတာနော်"

သဘောတူမည်ပြောထားသော အဖေရှေ့တွင် ဇေယျာသည်လည်း ပိုပိုသာသာ ချီးကျူးပြလိုက်၏။ တစ်ဖက်တစ်လမ်းကမှ မျက်နှာရရဆိုသည့်စိတ်နှင့်ရယ်ပါ။

"အဖေရှေ့မှာကို လာအဖြစ်သည်းနေတာ၊ ကြည့်မရဘူး"

အကြည့်စူးစူးနှင့်ပြောလာတာမို့ ဇေယျာလည်း သိပ်မစရဲတော့။

"သွားပြီ အဖေရေ"

"ဘယ်လဲ အဲကောင်လေးဆီလား။ မင်း အလုပ်တွေအများကြီးရှိတယ်နော်"

ဇေယျာ အားပါးတရ ရယ်လိုက်မိသည်။ သဘောတူတယ်ဆိုသည်ကို အင်တင်တင်ပြောပြီးကာမှ တွေ့မှာကိုဖြင့် တွန့်တိုနေသေး၏။

"စိတ်ချ။ ဒီနေ့က သူကိုယ်တိုင်လာမှာမို့ မသွားတော့ဘူး"

ဦးမြတ်သူ တွေ့ရာနှင့်ကောက်မထုခင် ဇေယျာ အမြန်ထွက်လာခဲ့၏။ နေ့လယ်ထမင်းစားချိန်လည်း လွန်နေပြီမို့ မကြာခင် ချစ်သူကရောက်လာတော့မည်ပင်။ ဝန်ထမ်းတွေ အဆင်သင့်လုပ်ဖို့ပြောရင်း စောင့်ရတော့မည်ဖြစ်၏။

နေ့လယ်တစ်နာရီတွင်တော့ ခန့်ခန့် သူ့ရုံးကအစ်ကိုနှစ်ယောက်နှင့်အတူ ဇေယျာတို့ဟိုတယ်သို့ ရောက်လာခဲ့သည်။ ဖြတ်သွားဖြတ်လာလောက်သာ မြင်ဖူးခဲ့သောဟိုတယ်ကို အခုမှလာဖူးတာမို့ စိတ်လှုပ်ရှားသား။

ဟိုတယ်မှာရှစ်လွှာဖြစ်ပြီး အရှေ့မျက်နှာစာမှာ ပေတစ်ရာ့ငါးဆယ်လောက်တော့ ကျယ်မည်ထင်သည်။ အဆောက်အဦးပုံစံက ခေတ်မှီပြီး ဒီဇိုင်းလည်းကောင်းတာတော့ ငြင်းမရလှ။ မြေအောက်ကားပါကင်ဖြစ်တာမို့ သူတို့ကားလေးကို ဟိုတယ်ဘေးပေါက်မှသာ ဝင်ခဲ့လိုက်ကြသည်။

"ကိုဇေယျာ ... ကျွန်တော်တို့ အောက်မှာရောက်နေပြီ"

ခန့်ခန့်အသံကြောင့် ဖုန်းလက်ခံပြောသည့်ဇေယျာမှာ ကြောင်အမ်းသွားသည်။ 'ကိုဇေယျာ' တဲ့။ အရင်မိဘတွေရှေ့တုန်းကတောင် 'အဲ့လူကြီး'၊ 'လူကြီး' နှင့် ခေါ်တတ်သူက အခုမှထူးထူးဆန်းဆန်း။ သည်လောက်နာမည်မခေါ်ချင်သည့်ကလေးဆီက သူ့နာမည်ကြားလိုက်ရတာမို့ နည်းနည်းတောင်မြောက်ချင်ချင်နှင့်။

"ဟင်း ... ဟုတ်ပြီ ကလေး။ ကိုယ်လာကြိုမယ်နော်"

ခန့်ခန့်ထင်သည့်အတိုင်း သူ့ချစ်သူလူကြီးက ရယ်နေလေပြီ။ ကားထဲမှာလည်း အစ်ကိုနှစ်ယောက်ပါတာမို့ လူကြီးတွေ၊ ကလေးတွေနဲ့ ပြောနေလို့ကမကောင်း။ နာမည်အရင်းကို တစ်ခါတလေ သူ့ဘာသာသုံးဖြစ်ပေမဲ့ ခုလိုကာယကံရှင်ရှေ့ နာမည်ကြီးတပ်ထည့်ခေါ်လိုက်ရတာတော့ သူ့အတွက် နည်းနည်းအင်တင်တင်။

ဇေယျာကမူ အောက်ထပ်ထိ ဆင်းကြိုပါသည်။ မျက်နှာတွင် ရယ်ချင်စိတ်က သိပ်ထိန်းမရ။ အနိုင်ရသူတစ်ဦးနှယ် ဂြိုလ်ကြွချင်နေသည်။ သို့သော် မဖြစ်သေးပါချေ။ မျက်နှာကို ရှူတည်တည်ထားလျက် တကူးတကလာပေးသည့် ချစ်သူအားကြိုရသည်။ ပြီးလျှင် Software သုံးရမည့်ဝန်ထမ်းများနှင့် လိုက်မိတ်ဆက်ပေးရ၏။

ခန့်ခန့်တို့ကလည်း လူခွဲ၍ အသုံးပြုပုံများကို သေချာရှင်းပြရသည်။ ဝန်ထမ်းတွေက တစ်စုတစ်စည်းထဲရှိတာမို့ သူတို့ခမျာ သိပ်တော့မပမ်းလှ။ တစ်ခါတည်း ပြောရတာဖြစ်လို့ နားမလည်တာမေးကြရင်း အဆင်ပြေလှ၏။

ဒါကို မနေနိုင်မထိုင်နိုင်သည့် ဇေယျာက ခန့်ခန့်အလှည့်ပြီးသည်နှင့် ဝေ့လည်ကြောင်ပတ်လုပ်ကာ ခေါ်ထုတ်တော့တာပင်။ နဂိုကတည်းက ခင်မင်ကြမှန်းတော့ ရုံးကဝန်ထမ်းတွေရော၊ ဟိုတယ်ကဝန်ထမ်းတွေပါ သိကြပေမဲ့ ချစ်သူတွေဆိုတာမျိုး ရိပ်မိကြခြင်းမရှိသေးပေ။ သည်တော့ ခန့်ခန့်ကို အပေါ်ထပ်ရှူခင်းတွေပြချင်သည်ဟုပြောကာ ရအောင်ဆွဲခေါ်လာတော့သည်။

"လူကြီးနော် အရမ်းသိသာမနေဘူးလား။ အလုပ်လည်းပြီးသေးတာမဟုတ်ဘူး"

"အလုပ်ပြီးရင် ကလေးက တန်းပြန်မှာမလား။ အခုလည်း မသိသာပါဘူး ... ဒီတိုင်းခန့်ခန့်လို့ပဲ ခေါ်လိုက်တဲ့ဟာ"

ပဲ
မျက်ခုံးနှစ်ဖက်ကို ပင့်ကာ,ပင့်ကာပြောနေသည့် သည်သည်လူကြီးက ခန့်ခန့်အဖို့ အတော်အမြင်ကတ်စရာ။ .

လက်သီးနှင့်ရွယ်ပြပါမှ အဖက်ပါခံရတော့တော့သည့်အဖြစ်။ သို့သော် ငြိမ်ခံမနေရေး ဒို့အရေးမို့ ရှိသမျှအားနှင့်ရုန်းတာတောင် သိပ်လွယ်ကူမနေ။ ဓာတ်လှေကားထဲ အပေါ်တက်နေသည့်အခိုက်တွင်ကို သူတို့နှစ်ယောက်သားမှည ရန်ဖြစ်ကောင်းနေကြတာဖြစ်သည်။

အပေါ်ဆုံးထပ်ရောက်တော့ ဇေယျာက ရှစ်လွှာရှိ VIP ခန်းများဆီ ခေါ်ပြသည်။ သူစီစဉ်ထားသည်အတိုင်း ဘာတွေ၊ ဘယ်လိုသုံးတယ်ကစ ပြောပြသည်။ ခန့်ခန့်လည်း လိုက်ကြည့်ရင်း ကိုယ့်ချစ်သူကိုယ် အထင်ကြီးမိသည်အထိ။ အပြင်အဆင်မှာ လုံးဝမျက်စိကျစရာဖြစ်သလို အသုံးအဆောင်အားလုံးကလည်း ခေတ်မှီပြီး တန်ဖိုးကြီးမှန်းသိသာသည်။ နိုင်ငံခြားသားတွေနှင့် ပူးပေါင်းသောပရောဂျက်မို့ သည်လောက်တော့ရှိမှာပဲဟု တွက်မိသည်။

VIP အခန်းမှထွက်၍ အရှေ့လေသာဆောင်မှ မြင်နေရသည့်ရှုခင်းကလည်း အံ့မခန်းပင်။ မိုးဖွဲဖွဲကျနေ၍ နေမစူးပဲ မှိုင်းအုံ့အုံ့ မြို့အလှကို အခန်းတွင်းမှပင် မြင်ရသည်။

"ကလေး ဘယ်လိုလဲ"

ခန့်ခန့် VIP Roomကို လုံးဝသဘောကျနေသည်မို့ ပေါ့ပေါ့ပါးပါးဖြေလိုက်သည်က၊

"ကြိုက်တယ်"

"ကိုယ့်ကိုလား"

"အခန်းကိုပြောတာ"

"ကိုယ့်ရောမကြိုက်ဘူးလား"

ဇေယျာက အကြီးဆိုသော်ငြား အမြဲသည်လို မထိတထိ စတတ်သည်။ နှစ်ယောက်ထဲ လွတ်လွတ်လပ်လပ်ရှိတာမို့ အူမြူးနေတာလည်းပါ၏။

"မကြိုက်ပါဘူး"

"သေချာလား"

"သေချာတာပေါ့"

အသည်းယားအောင် ပြန်ခံပြောနေသည့် ခန့်ခန့်အား ဇေယျာက အခန်းတွင်းပြန်ပွေ့ချီခေါ်ကာ မွေ့ရာပေါ်လှဲချစေလိုက်သည်။

"အ!"

အံ့ဩချိန်မရခင်အထိ ဇေယျာက လဲကျသွားသည့် ကလေးအပေါ်မှဝင်၍ မျက်နှာနှစ်ခုအား နီးကပ်စေလိုက်သည်။

"လူကြီး ဘာလုပ်မလို့လဲ"

"အပြစ်ပေးမလို့"

"ခုနက စတာပါ။ တကယ်က လူကြီးလည်း ကြိုက်ပါတယ်။ ဖယ် ... ဖယ်၊ တစ်ယောက်ယောက် ဝင်လာလိမ့်မယ်"

"ဖယ်စရာလားကွာ။ ဘယ်သူမှလည်း ဝင်မလာဘူး။ ကိုယ်တို့ ဝင်ခဲ့ကတည်းက Lock ချခဲ့တယ်"

အင်!

ခန့်ခန့် ကြက်သီးများပင် ထသွားသည်။ ဒါဆိုလွတ်လမ်းမရှိတော့ဘူးမလား။

"ကိုယ်တို့ကို ဘယ်သူမှမမြင်ဘူး။ ဝန်ထမ်းတွေလည်း ဒီချိန်တက်မလာဘူး။ ကဲ ... ဆင်ခြေမပေးနဲ့တော့"

အသေအချာပဲပေါ့။ ဒါမို့သည်လူကြီး ရှစ်လွှာထိခေါ်လာတာပဲပေါ့။ ခန့်ခန့်အတွက် ပြေးလမ်းမရှိတော့။ ခန္ဓာကိုယ် နှစ်ခု၏ထိကပ်မှုကြောင့် ရင်ခုန်သံတွေပင် ဆူညံနေပြီ။

"အကြာကြီးနေလို့မရဘူးနော်၊ အောက်မှာအစ်ကိုတွေ ထားခဲ့ရတာ"

"အင်း ကိုယ်လည်းအကြာကြီး မနမ်းပါဘူး၊ နာရီဝက်လောက်ပါပဲ"

"ဟမ်!"

ဇေယျာ စကားတွေအများကြီး ထပ်ပြောမနေတော့။ ဖြူဥနေသည့် ပါးမို့မို့လေးပေါ်သို့ အနမ်းတစ်ချက် အစပျိုးလိုက်သည်။ နောက်တော့ နှာဖျားလေးမှတစ်ဆင့် တစ်ဖက်ပါးဆီသို့ အနမ်းတို့ကူးစေသည်။ နားသယ်စပ်ကလေးထိပါ နမ်းလိုက်တာမို့ ခန့်ခန့် အသဲယားကာ တွန့်သွားလေ၏။

"အရမ်းချစ်တယ်နော် .. ကလေးလေး"

နားနားသို့ ခပ်တိုးတိုးကပ်ပြောခဲ့ပြီးမှ ပန်းသွေးရောင် နှုတ်ခမ်းဖူးဖူးဆီသို့ အနမ်းများဆက်စေသည်။ ကားထဲမှာလို၊ အပြင်မှာလိုမဟုတ်ဘဲ နံရံလေးဘက်ကြားလွတ်လပ်စွာ နမ်းရသည့်အခိုက်မို့ ဇေယျာ တော်တော်နှင့်လွှတ်မပေး၊ ဆက်၍ဆက်၍ပင် အနမ်းပန်းတို့ ပျိုးနေမိလေ၏။

ကြာလာတော့ အသက်ရှုကျပ်လာသည့် ခန့်ခန့်က လက်ဖဝါးနှစ်ဖက်နှင့် ဇေယျာ့မျက်နှာကို အသာဖယ်ယူလိုက်ရသည်။ ပြီးမှ ကြောင်ကြည့်နေသည့် ချစ်သူ၏လည်ပင်းတစ်နေရာအား သူ နမ်းဟန်ပြုပြတော့ တစ်ချက်ပြုံးသွားလေ၏။ ခန့်ခန့် အနမ်းပေးမည်အထင်နှင့်ပေါ့။

လည်ပင်းသားတွင် ယားကျိကျိ အထိအတွေ့ကြောင့် ဇေယျာလည်း ကြက်သီးများပင်ဖြန်းခနဲ။ ထို့နောက် ချက်ချင်းဆိုသလို စူးခနဲဖြစ်သွားသောအသိ။

"ကလေး ဘာလုပ်လိုက်တာလဲ"

ခပ်ကြာကြာစုပ်ယူပြီးချိန်မှ ခန့်ခန့်  ခွါယူလိုက်သည်။ လည်ပင်းက နီရဲရဲအမှတ်အသားကို မြင်လိုက်ရတော့ သူ အတော်ကျေနပ်သွားသည်။

"အမြင်ကတ်လို့ Marking ပေးတာ။ လုံအောင်ဖုံးထားပေတော့။ ဟားဟား ... သွားပြီ"

ပြောရင်းရုန်းထွက်ကာ အခန်းထဲက ပြေးထွက်သွားသည့် ခန့်ခန့်ပါပဲ။

ဇေယျာမှာတော့ အနီးတွင်ရှိသော မှန်တင်ခုံကို ပြေးကြည့်လေတော့ ရဲထင်းနေပါသော အနီရောင်အမှတ်အသားလေး။ ကော်လံမပါသော ရှပ်ဝတ်ထားတာမို့ ဘယ်လိုမှဖုံးရမှာမဟုတ်ချေ။ ဒါမို့ မလုံမလဲ လက်နှင့်အုပ်ကာ ချစ်သူနောက်သို့ အမှီပြေးလိုက်ရတော့သည်။

တကယ် မင်းမနိုင်သည့်ကလေးပါပဲ။

3/11/2020
•••••••••••••••••••••••••••••••••••••••••••••

<Zawgyi>

က်ယ္ဝန္းခမ္းနားလွေသာ ဘြဲ႕ႏွင္းသဘင္ခန္းမႀကီးထဲတြင္ အားလုံးကိုယ္စီ စိတ္လွုပ္ရွားမွုအျပည့္ႏွင့္ ေပ်ာ္ရႊင္ေနၾကသည္။ အခမ္းအနားမစေသးခ်ိန္မို႔ ေက်ာင္းၿပီးသြားေသာ လူငယ္ေလးေတြမွာျဖင့္ ဓာတ္ပုံရိုက္သူရိုက္၊ စကားေျပာသူေျပာႏွင့္ ဆူဆူညံညံ။

သူတို႔ေလးေတြအဖို႔ ငါးႏွစ္မၽွ ႀကိဳးစားေလ့လာခဲ့ရသည့္ သင္ခန္းစာမ်ား၊ ေအာင္ျမင္စြာေျဖဆိုနိုင္ခဲ့သည့္ စာေမးပြဲမ်ားအၿပီးတြင္ ဘြဲ႕ဝတ္႐ုံကို ဂုဏ္ယူစြာ ဝတ္ဆင္နိုင္ခဲ့ၾကေလၿပီ။ မိဘမ်ားမွာလည္း ၾကည္ႏူးပီတိအျပည့္ႏွင့္ ဂုဏ္ယူဝမ္းေျမာက္၍မဆုံး။

ခန္းမႀကီး၏ အေရွ႕ျခမ္းတြင္ ေက်ာင္းသူ၊ ေက်ာင္းသားမ်ားက ေအာင္ျမင္ခဲ့သည့္ ခုံနံပါတ္အမွတ္စဥ္အလိုက္ ေနရာယူရသည္။ ခန႔္ခန႔္မွာေတာ့ ခုံနံပါတ္ေျခာက္ရထားသည္မို႔ ေရွ႕ဆုံးတန္းေျခာက္ေယာက္ေျမာက္တြင္ ထိုင္ရသည္။ ခန္းမ၏အေနာက္ျခမ္းတြင္ေတာ့ မိဘမ်ားထိုင္ၾကရ၏။ မိဘမဟုတ္ေသာ ေဇယ်ာႏွင့္ရြယ္ရြယ္တို႔သည္လည္း ခန႔္ခန႔္၏ဖိတ္ၾကားမွုေၾကာင့္ ေရာက္ေနၾကေလၿပီ။

ခ်စ္သူကျပန္လာမည္ဟု လွမ္းအေၾကာင္းၾကားေသာေန႔၌ပင္ ခန႔္ခန႔္ အေဖျဖစ္သူႏွင့္ စကားေျပာခဲ့ရ၏။ အဆက္အသြယ္ရွိေနေသးတာကို ရိပ္မိ႐ုံမက ဖုန္းေျပာတာေတြကိုပါ ၾကားသြားခဲ့သည္ထင္ပါရဲ့။ ညႀကီးမင္းႀကီး သားအဖႏွစ္ေယာက္ထဲ သီးသန႔္ေခၚေျပာရေအာင္ထိ ထိုကိစၥက ျဖစ္သြားခဲ့သည္။

အျပင္းအထန္ကန႔္ကြက္ခဲ့ေသာ ဖခင္မွာ ထိုညကေတာ့ ေအးေဆးေနခဲ့သည္။ ၿခံထဲက ဒန္းေပၚတြင္ ေအးေအးလူလူရွိေနရင္း သူတို႔အဆက္အသြယ္ရွိေသးလားဆိုတာကို ေမးလာခဲ့၏။ မကြယ္ဝွက္ခ်င္ေသာ ခန႔္ခန႔္ကလည္း အမွန္အတိုင္း ဖြင့္ေျပာခဲ့တာပင္။ သို႔ေပမဲ့ ဆူေငါက္ျခင္းအလ်ဥ္းမရွိခဲ့သလို၊ သေဘာတူေၾကာင္း ေလခ်ိဳမ်ားလည္း တစ္ခ်က္မေသြးခဲ့။ မွန္းရခက္သည့္မ်က္ႏွာထားႏွင့္သာ ထိုညအဆုံးသတ္သြားသည္။ အရင္ေလာက္ ျပင္းျပင္းထန္ထန္ မကန႔္ကြက္ၾကတာပဲ ေတာ္ဦးမည္ေျပာရမလို။

ခန႔္ခန႔္တို႔ ခန္းမတြင္းလူစုံၿပီး သိပ္မၾကာခင္ ျမန္မာဆိုင္းဝိုင္းသံၿမိဳင္ၿမိဳင္ကို စတင္ၾကားလိုက္ရသည္။ ဘြဲ႕လက္မွတ္အပ္ႏွင္းမည့္ ပါေမာကၡခ်ဳပ္ႀကီးႏွင့္တကြ ဆရာ၊ ဆရာမမ်ား ခန္းမတြင္းသို႔တစ္လွမ္းခ်င္း ေရြ႕လ်ားလာၾကျခင္းျဖစ္၏။ ေက်ာင္းသားမ်ားႏွင့္ မိဘမ်ားက မတ္တပ္ရပ္ကာ အရိုအေသျပဳၾကရင္း‌ ေဘးတြင္ျဖတ္ေလၽွာက္လာသည့္ ဆရာႀကီး၊ ဆရာမႀကီးတို႔ကို ေငးေမာရသည္။ ေနာက္ခံတီးခတ္ေပးေနေသာ ဆိုင္းဝိုင္းသံကလည္း ၿမိဳင္ဆိုင္လြန္းတာမို႔ စိတ္ထဲတြင္ေတာ့ ငိုခ်င္သလိုလို ... စိတ္လွုပ္ရွားသလိုလို။

ပါေမာကၡခ်ဳပ္ႏွင့္တကြ ဆရာ၊ ဆရာမမ်ား စင္ေပၚေရာက္သြားမွသာ ဆိုင္းဝိုင္းမွ နိုင္ငံေတာ္သီခ်င္းသံ စတင္ပ်ံ႕လြင့္လာေလသည္။ ေက်ာင္းသူ၊ ေက်ာင္းသားမ်ားႏွင့္ မိဘမ်ားအားလုံးမွာ နိုင္ငံေတာ္သီခ်င္းသံ နားစိုက္လ်က္ ေခါင္းငုံ႔အေလးျပဳၾကသည္။ ထို႔ေနာက္မွ ပါေမာကၡခ်ဳပ္က မာထန္ျပတ္သားေသာအသံျဖင့္ ကတိသစၥာမ်ား တိုင္တည္ေစသည္။ ဆုံးမဩဝါဒစကားတို႔အား မၽွေဝေလသည္။ ဒါေတြအားလုံးမွတ္သားအၿပီးတြင္မွ တစ္ေယာက္ခ်င္းစီအား ဘြဲ႕လက္မွတ္မ်ား ေပးအပ္ေတာ့တာျဖစ္၏။

အားလုံးကို အစီတက်ျဖစ္ေစရန္ တစ္ရက္ႀကိဳအစမ္းေလ့က်င့္ထားတာမို႔ လုပ္ရိုးလုပ္စဥ္တို႔ကိုေတာ့ သူတို႔ေတြမွတ္မိေနပါသည္။ တန္းစီ၊ ဓာတ္ပုံရိုက္တာကအစ ဆုယူလၽွင္ ဘယ္လိုဘယ္ပုံ၊ ဘယ္ေျခလွမ္းႏွင့္ကအစ သူတို႔သိရွိနားလည္ၿပီးျဖစ္သည္။ ဤသို႔ျဖင့္ ဘြဲ႕ရေမာင္မယ္တို႔ ခုံနံပါတ္အလိုက္ တစ္ေယာက္ၿပီး တစ္ေယာက္ေခၚေဆာင္ယူေစကာ ေျခာက္ေယာက္ေျမာက္တြင္ ခန႔္ခန႔္အလွည့္ ေရာက္ေလသည္။

"ေမာင္စိုင္းမင္းခန႔္၊ ၆ဘာသာဂုဏ္ထူး၊ အထူးေအာင္"

သူ အၾကားခ်င္ဆုံးေသာ ပါေမာကၡေခၚေပးသည့္ထိုအသံ။ ငါးႏွစ္တာလုံး ေဝးလံေသာေက်ာင္းေတာ္ႀကီးတြင္ သင္ၾကားနာယူခဲ့ရသမၽွ၊ မအိပ္မေန က်က္ခဲ့မွတ္ခဲ့သမၽွ၊ ပင္ပန္းခဲ့ရသမၽွအားလုံးမွာ အခိုးအေငြ႕တို႔ႏွယ္ လြင့္ျပယ္သြားေခ်ၿပီ။ ၿပီးလၽွင္ အိမ္ကမိဘေတြႏွင့္ သူ႔ခ်စ္သူကိုလည္း အၾကားေစခ်င္ဆုံး အသံလည္းျဖစ္သည္။ 

ပါေမာကၡဆရာမႀကီး၏ ေခၚယူသံအဆုံးတြင္ ခန႔္ခန႔္ စင္ေပၚသို႔ တစ္လွမ္းခ်င္းစတက္ရေလၿပီ။ အေနာက္တိုင္းဝတ္စုံ အနက္ေရာင္ေပၚတြင္ ဘြဲ႕ဝတ္႐ုံျခဳံထားေသာ သူ႔၏လွုပ္ရွားမွုတိုင္းကို ေဖေဖ၊ ေမေမ၊ အဘြားနဲ႔ ခ်စ္သူလူႀကီးတို႔ မလြတ္တမ္း ၾကည့္ေနေလာက္ေရာေပါ့။

ခန႔္ခန႔္ ေတြးထင္သည့္အတိုင္း ေဒၚမိမိနိုင္စိတ္ထဲတြင္ သားျဖစ္သူ ဘြဲ႕ယူသည္ကိုၾကည့္၍ ဂုဏ္ယူဝမ္းေျမာက္မဆုံးျဖစ္ေနရွာသည္။ ေဘးကဦးမင္းဟန္မွာလည္း အျပဳံးပန္းေတြ ေဝဆာလ်က္ ဓာတ္ပုံေတြ တဖ်တ္ဖ်တ္ရိုက္ယူေနေလ၏။ အဘြားသည္လည္း မ်က္ရည္တစမ္းစမ္း။

ဟိုးအေနာက္တြင္ ေနရာပိုယူထားရေသာ ေဇယ်ာ့ခမ်ာေတာ့ ညီမျဖစ္သူရြယ္ရြယ့္ကို ဓာတ္ပုံရိုက္ခိုင္းထားရၿပီး ကိုယ္တိုင္ကေတာ့ ေသးေကြးေသာခ်စ္သူေလး၏ ေျခလွမ္းတစ္လွမ္းခ်င္းစီကအစ လိုက္ၾကည့္ေနမိတာပင္။ တစ္သက္မေမ့ေစရန္ ဦးေႏွာက္တြင္မွတ္တမ္းတင္ေနမိသည္က စကၠန့္မလပ္။ ဘြဲ႕ယူေနခ်ိန္ ျပဳံးေနဟန္ေလးကစ သူ ျမတ္နိုးရ၏။ သူ႔ခ်စ္သူေလးအတြက္ ဂုဏ္ယူလိုက္ရသည့္အျဖစ္ပါပဲ။

"ကိုကို ခန့္ခန့္က ေယာက်္ားေလးေပမဲ့ စာေတာ္လိုက္တာ။ ေျခာက္ေယာက္ေျမာက္မွာ ယူရတယ္ေနာ္"

ကင္မရာႏွင့္ မလြတ္တမ္းမွတ္တမ္းယူၿပီးေသာ ရြယ္ရြယ္ကလည္း ဂုဏ္ယူစြာေျပာရွာသည္။ အေစာပိုင္း ဘြဲ႕လက္မွတ္ယူၾကရသူမ်ားတြင္ ေယာက်္ားေလးက ခန႔္ခန႔္ ဦးဆုံးျဖစ္ေလ၏။

"ဘယ္သူ႔ခ်စ္သူမို႔လို႔လဲ"

ေဇယ်ာ အျမင္ကတ္စရာေကာင္းေအာင္ ႂကြားေနတာမို႔ ရြယ္ရြယ္က မ်က္ေစာင္းတစ္ခ်က္ ပို႔လိုက္ေလေတာ့၏။

အားလုံးဘြဲ႕ယူၿပီးခ်ိန္ ခန္းမတြင္းကထြက္ၾကေတာ့ အေရွ႕တြင္ ဓာတ္ပုံရိုက္ၾကသူေတြက အမ်ားသား။ ထိုထဲကမွ ေဇယ်ာတို႔ေမာင္ႏွမႏွစ္ေယာက္ ခန႔္ခန႔္တို႔မိသားစုကိုေတြ႕ေအာင္ ရွာရသည္။ ေဇယ်ာအဖို႔ ခ်စ္သူေလး၏မိဘေတြကို ႏွစ္ႏွစ္ေက်ာ္အတြင္း ပထမဆုံးေတြ႕ရမည္မို႔ အေတာ္မဝံ့မရဲရွိလွသည္။ ေနာက္ဆုံးေဆး႐ုံေရွ႕က ေကာ္ဖီဆိုင္တြင္ ေဒၚမိမိနိုင္ႏွင့္ေတြ႕ခဲ့စဥ္က သေဘာမတူပါဘူးဟု ေသခ်ာေျပာခဲ့သည္မလား။

အခုေတာ့ ခန႔္ခန႔္ကိုယ္တိုင္က ေသခ်ာေပါက္လာရမည္ဟု ေခၚသည္။ ညီမျဖစ္သူရြယ္ရြယ္ကလည္း ဦးမင္းဟန္ႏွင့္ အလုပ္ကိစၥေတြရွိေတာ့ သူ႔ေရွ႕ကဦးေဆာင္ပါမည္တဲ့ေလ။ ရြယ္ရြယ္ မ်က္ႏွာမပူလည္း သူကေတာ့မီးခဲဟပ္ခံရသလို ခပ္ေႏြးေႏြးႏွင့္။ တမင္တကာႀကီး ႏွင္လႊတ္ၾကမွာမဟုတ္မွန္းသိေသာ္ျငား ေၾကာက္စိတ္က ထိန္းမရလွ။

"ကိုကို ... ဟိုမွာေတြ႕ၿပီ"

ခန့္ခန့္အတြက္ ဘြဲ႕အ႐ုပ္ေလးႏွင့္ ပန္းစည္းလက္ေဆာင္ စီစဥ္လာေသာရြယ္က သူ႔ထက္ပိုတက္ႂကြေနသည္။ သူ ယူေကသြားသည့္ အေတာအတြင္း ခန႔္ခန႔္ႏွင့္လည္း အေတာ္ခင္သြားၾကေလၿပီထင္၏။ ေတြ႕ေတြ႕ခ်င္း ပန္းစည္းႏွင့္အ႐ုပ္ကိုေပးကာ ဂုဏ္ယူရေၾကာင္း ေျပာရွာသည္။ တစ္ခါတရံ ႐ုံးတြင္ဆုံရတတ္ေသာ ဦးမင္းဟန္ကိုလည္း သူမကပင္ ႏွုတ္ဆက္ျပဳံးျပကာ ေလာကဝတ္ျပဳလ်က္။

ေဇယ်ာ့အဖို႔ေတာ့ ေနာက္ကလိုက္၍သာ ဘာမွေသခ်ာမေျပာရဲ။ အရိုအေသေပးသလို ေခါင္းတစ္ခ်က္ညိတ္၍ ျပဳံးျပေတာ့ ဦးမင္းဟန္ ႏွုတ္ခမ္းေစ့႐ုံလွုပ္သည္က အသိအမွတ္ျပဳသေယာင္ရွိသည္။ ေဒၚမိမိနိုင္ကေတာ့ မျပဳံးသလို၊ မဲ့လည္းမမဲ့ေခ်။ အဘြားျဖစ္သူကသာ သူ႔ကိုႏွုတ္ဆက္စကားေျပာရွာ၏။

"ေမေမတို႔ ျပန္ႏွင့္ၾကေတာ့။ သား ခန့္ကိုတို႔နဲ႔ ဓာတ္ပုံရိုက္ဦးမွာမို႔ၾကာမွာ။ ၿပီးမွ အဲေကာင္ကားနဲ႔ ျပန္ခဲ့လိုက္မယ္"

ဦးမင္းဟန္ေရာ၊ ေဒၚမိမိနိုင္ပါ ခန့္ခန့္အႀကံကိုသိတာမို႔ ႏွစ္ဦးသားအၾကည့္ခ်င္းဆုံကာ အင္တင္တင္ႏွင့္။ ဘြဲ႕ယူသည့္ေန႔ ေပ်ာ္ရႊင္ေနေသာသားမ်က္ႏွာကိုၾကည့္၍ 'အခုအတူတူျပန္မယ္' ဆိုတာလည္း ေျပာမထြက္။ ေျပာလည္း ရမွမဟုတ္မွန္း မိဘႏွစ္ပါးလုံး သိၾကရွာသည္။ သည္တြင္ ထိုခက္ခဲေနသည့္အေျခအေနကို ဝင္ထိန္းညႇိလိုက္သူက ခန႔္ခန႔္၏ ခ်စ္လွစြာေသာအဘြားပင္။ 

"ကဲ ... ဒါဆိုလည္း သားတို႔ေအးေဆးရိုက္ၿပီးမွ ျပန္ခဲ့ၾကဟုတ္ၿပီလား။ ကားေမာင္းဂ႐ုစိုက္ေနာ္။ လာ ... ငါတို႔ကျပန္ႏွင့္မယ္၊ ပြဲတတ္ျမန္မာဝတ္စုံေတြ ဝတ္ထားရတာ မသက္သာလိုက္တာ"

အသက္အႀကီးဆုံး အဘြားျဖစ္သူကို ခန႔္ခန႔္က ႀကိဳႀကိဳတင္တင္ စစ္ကူေခၚထားတာမို႔ မိဘေတြအဖို႔ ျငင္းလို႔မရ။ လူႀကီးသုံးေယာက္စလုံး သားျဖစ္သူကိုထားကာ ျပန္လာခဲ့ၾကရသည္။ သို႔ေပမဲ့ ၿငိမ္ေနခဲ့ၾကေသာ သည္ကိစၥကမၿပီး။ ကားေပၚေရာက္ေလေတာ့ တစ္ေယာက္တစ္ေပါက္ေျပာၾကေလၿပီ။

"ရွင့္သား ေလၽွာက္ေျပာတာရယ္၊ ဟိုေကာင္ေလးနဲ႔ေနခဲ့မလို႔ေလ"

"ငါလည္းသိပါတယ္ကြာ၊ ကိုယ့္သား ထူးထူးခၽြန္ခၽြန္နဲ႔ ဘြဲ႕ယူတဲ့ရက္ဆိုေတာ့လည္း"

"အဲေကာင္ေလး ျပန္ေရာက္ေနတာရွင္သိသလား"

"အင္း"

ကားေမာင္းရင္း ေလးေလးပင္ပင္ေျပာလိုက္ေသာ ဦးမင္းဟန္စကားပါေပ။ သားျဖစ္သူကို ေမးၿပီးထားတာမို႔ မေရာက္ခင္ကတည္းက ျပန္လာေတာ့မွာႀကိဳသိသည္။ ဦးျမတ္သူတို႔ႏွင့္ အလုပ္ဆက္လုပ္ေနရတာကတစ္ေၾကာင္း၊ ဟိန္းေဇယ်ာ့ညီမျဖစ္သူ ရြယ္ရြယ္၏သေဘာေကာင္းမွုတို႔ေၾကာင့္တစ္ေၾကာင္းႏွင့္ သားျဖစ္သူ၏ ႏွစ္ႏွစ္ေက်ာ္ၾကာျမင့္သည့္ စိတ္ဆင္းရဲမွုတို႔ကိုပါ မ်က္ျမင္ၾကဳံေတြ႕ခဲ့ရေသာ ဖခင္တစ္ေယာက္အေနျဖင့္ စိတ္ေလၽွာ့သင့္သည္တို႔ကိုလည္း ေလၽွာ့ေနရေလၿပီ။

"ဒါမ်ား ကၽြန္မကိုမေျပာဘူး"

"ကဲပါ မိမိနိုင္ရယ္ ... စိတ္ေလၽွာ့ စိတ္ေလၽွာ့။ ကိုယ့္သားကမွ သူ႔ကိုပဲခ်စ္ပါတယ္ဆိုေတာ့ သား စိတ္ခ်မ္းသာေအာင္ လက္ခံေပးရေတာ့မွာေပါ့။ ဘယ္လိုပဲျဖစ္ေနေန ဒါကိုယ့္ေသြးသားပဲ။ ကိုယ္ကပစ္မထားဘဲ ေဖးမလက္ခံမွ ပတ္ဝန္းက်င္နဲ႔ တစ္ဖက္အသိုင္းအဝိုင္းမွာ ကိုယ့္သားေလး မ်က္ႏွာမငယ္ရမွာေပါ့ မင္းတို႔ကလည္း"

ႏွစ္ေယာက္လုံးတိတ္သြားၾကၿပီး 'ဒါလည္းဟုတ္တာပဲ' ဟူေသာ အေတြးတခ်ိဳ႕ေတာ့ ဦးမင္းဟန္ထံ ဝင္လာျပန္၏။ သို႔ေပမဲ့လည္း...။

.....................

မည္သို႔ပင္ အခ်ိန္ေတြၾကာလာေစကာမူ၊ မည္သို႔ပင္ ႏွစ္ဖက္မိဘသေဘာမတူေစကာမူ ခ်စ္သူႏွစ္ဦးမွာေတာ့ ခ်စ္ျမဲခ်စ္ဆဲ၊ ေတြ႕ျမဲေတြ႕ဆဲပင္။

မိဘမ်ားလည္း အတင္းအက်ပ္တားယူ၍မရေတာ့သလို သူတို႔သည္လည္း ေပၚေပၚထင္ထင္ ခ်စ္ေနၾကျခင္းမ်ိဳးေတာ့မဟုတ္။ ခန့္ခန့္သည္ ဘြဲ႕မယူခင္ကတည္းက ဖခင္၏႐ုံးတြင္ အသားက်ၿပီးသားျဖစ္၍ ထိုေနရာမွာတင္ ဆက္လက္လုပ္ကိုင္ခဲ့သည္။ ဒါမို႔ ဦးမင္းဟန္ႏွင့္ အနီးကပ္ေနၿပီး လုပ္ငန္းသေဘာသဘာဝမ်ားကို ေလ့လာရသည္။ တကၠသိုလ္ေက်ာင္းသားဘဝကတည္းက အစဥ္တစိုက္ႀကိဳးစားတတ္သူ ခန႔္ခန႔္မွာ ဖခင္၏ယုံၾကည္မွုလည္း မ်ားစြာရေနသူျဖစ္သည္။

Clientမ်ားႏွင့္ ဆက္ဆံရသည့္စီးပြါးေရးအတတ္မ်ားသာမက IT trend ကိုပါ အမွီလိုက္နိုင္ရန္အတြက္ ပညာရပ္ပိုင္းဆိုင္ရာမ်ားလည္း အဆက္မျပတ္ ေလ့လာေနရတာမို႔ ေက်ာင္းသားဘဝကလို မလြတ္လပ္လွေတာ့။ အလုပ္လုပ္ခ်ိန္အျပည့္ျဖစ္လာ၍ တစ္ခါတရံ ခ်စ္သူကိုပင္ အခ်ိန္သိပ္မေပးနိုင္။ အေဖျဖစ္သူ၏ မ်က္စိေအာက္က အေပ်ာက္မခံမွုမ်ားေၾကာင့္လည္း ပါသည္။ ဒါမို႔ ခ်စ္သူလူႀကီး ခဏခဏေျပာလာတတ္သည္က၊

'ကိုယ့္ကိုလည္း အခ်ိန္ေပးပါဦးကြာ' ဟူ၍သာ။

ၿပီးလၽွင္ေတာ့ အရင္ကအလုပ္ေတြရွုပ္၍ မေတြ႕နိုင္ခဲ့သမၽွ အခုမွျပန္ဝဋ္လည္ေနၿပီဟုလည္း ရြဲ႕တတ္ေသးတာပင္။ ခန႔္ခန႔္မွာလည္း ဖခင္လက္ေအာက္တြင္ အလုပ္လုပ္ရသူမို႔ 'ကေလးေရ ... ေန႔လယ္စာတူတူစားရေအာင္' ဆိုလၽွင္လည္း ေဖေဖႏွင့္လိုက္သြားရမွာမို႔၊ client ဆီသြားရမွာမို႔၊ အလုပ္မၿပီးေသးတာမို႔ စသျဖင့္သာ ျငင္းေနရေလ၏။ အရင္က နိုင္ငံျခားေနလို႔ မေတြ႕ရ၊ ျပန္ေရာက္ေတာ့လည္း ကိုယ္စီအလုပ္မအားၾကတာႏွင့္ တစ္ၿမိဳ႕တည္းေနၿပီး မေတြ႕ရတာ ရက္ဆက္ေနျပန္သည္။

"ညစာအတူမစားရတာၾကာၿပီ၊ ေတြ႕ရေအာင္ေနာ္။ ခဏဆိုလည္းျဖစ္တယ္"

ႀကိဳႀကိဳတင္တင္ ဖုန္းဆက္ေျပာထားတာမို႔ ခန႔္ခန႔္ သည္ညေနေတာ့ ရေအာင္ေတြ႕ရမွာျဖစ္သည္။ ဒါမို႔ မနက္ကတည္းက ဖခင္ျဖစ္သူႏွင့္အတူ ထြက္မလာဘဲ ကားယူခဲ့ရ၏။ အေၾကာင္းျပခ်က္ကေတာ့ ခန႔္ကိုတို႔ႏွင့္ ေတြ႕ဖို႔ဟူ၍ပါပဲ။ 'သိသာသိေစ၊ မျမင္ေစနဲ႔' ဆိုေသာဆိုရိုးအတိုင္း ေပၚတင္ေတာ့မေျပာရဲေသးသည့္ ခန႔္ခန႔္အျဖစ္။ သည္လိုႏွင့္ ႐ုံးအဆင္းတြင္ ဆုံေနက်ေနရာသို႔ ကားေမာင္းထြက္ခဲ့ေတာ့၏။

တစ္ဖက္တြင္လည္း ဟိန္းေဇယ်ာအဖို႔ အားလပ္ေနျခင္းေတာ့ မဟုတ္ပါေပ။ ျပန္ေရာက္ကတည္းက ေဆာက္ၿပီးခါစဟိုတယ္ကို ဖြင့္လွစ္နိုင္ရန္ ျပင္ဆင္ရသည္။ အေဆာက္အဦးအေသးစိတ္ အျပင္အဆင္ကအစ ဝန္ထမ္းကိစၥေတြအဆုံး အားလုံးဝင္ပါေနရသည္။ ဦးျမတ္သူတို႔ လူႀကီးေတြကလည္း သူ႔ကိုယုံယုံၾကည္ၾကည္ႏွင့္ ပုံအပ္ထားေလ၏။

ေဇယ်ာ့ခမ်ာ သည္ၾကားထဲက ခ်စ္သူေလးကို ေတြ႕ခ်င္လြန္းလို႔ တစ္ရက္တစ္ရက္ က်ားကသမင္ေခ်ာင္းသလို ေခ်ာင္းေနရတာျဖစ္သည္။ ႐ုံးပိတ္ရက္သာ ေတြ႕ရတတ္ၿပီး ဖြင့္ရက္ဆိုလၽွင္ေတာ့ ညေနစာေလးစားဖို႔အေရး ေတြ႕ခြင္ေတာင္းရေသးတာ ႀကိဳႀကိဳတင္တင္။ တကယ္အလုပ္ရွုပ္လာၿပီျဖစ္သည့္ သူ႔ခ်စ္သူေလးပါပဲ။ အခုလည္း ငါးနာရီခြဲခ်ိန္းထားတာ ေျခာက္နာရီပင္ေက်ာ္ေနေလၿပီ။

ဆိုင္အတြင္းမွာ ေမွာင္ရိပ္တျဖည္းျဖည္း သန္းလာၿပီျဖစ္၏။ သူ႔အႀကိဳက္ဆိုင္ေရြးထားေသာ္လည္း လာရတာက အနည္းငယ္ေဝးေနလို႔ ထင္ပါ၏။ ဖုန္းထပ္ဆက္ၾကည့္ရန္ ေတြးေနခိုက္မွ ကိုယ္ေတာ္ေခ်ာေလး ေရာက္လာေတာ့သည္။

"လူႀကီး ေရာက္ေနတာၾကာၿပီလား"

နာရီဝက္ေက်ာ္ ေနာက္က်ေနေသာေကာင္ေလး သူ႔ကို မ်က္ႏွာခ်ိဳေသြးျပေနသည္။ သည္လူမွာ စားပြဲတြင္ထိုင္ရင္း အေငြ႕ျပန္ခ်င္သည့္အျဖစ္။

"မေျပာခ်င္ေတာ့ဘူး။ ကားထဲမွာေတာင္ ထိုင္မေစာင့္နိုင္ေတာ့လို႔ အရင္ဝင္လာႏွင့္တာ"

"ကားေတြပိတ္ေနလို႔ပါဗ်ာ"

မ်က္ႏွာခ်င္းဆိုင္ထိုင္ခုံတြင္ ဝင္ထိုင္ရင္း ခပ္ၿဖီးၿဖီးေလးေျဖပုံက သူ႔အျပစ္မွန္းေတာ့ သိေနသည့္ႏွယ္။ ဘြဲ႕ရလို႔အလုပ္လုပ္ခါမွ သည္ကေလးမွာ အရင္ကသင္တန္းတြင္ သူ စေတြ႕ဖူးခဲ့သည့္ကေလးေပါက္စပုံစံကေလး မဟုတ္ေတာ့ေခ်။

နဂိုေရွ႕ခ်ထားတတ္ေသာ ဆံစမ်ားကို အခုေတာ့ပုံသြင္းကာ အလယ္ခြဲထားသည္။ မ်က္ႏွာေလးလည္း အနည္းငယ္ပိုျပည့္လာၿပီး တည္ၿငိမ္သေယာင္ႏွင့္။ အရင္ကဆို လူငယ္ဒီဇိုင္းေတြသာ အျမဲေပါ့ေပါ့ပါးပါးဝတ္တတ္သူေလးက ခုလို႐ုံးဆင္းခ်ိန္ဆို စတိုင္လ္ပန႔္၊ ရွပ္လက္ရွည္ေလးႏွင့္ ျဖစ္ေနတတ္ၿပီ။ တကယ့္လူႀကီးေပါက္စေလး။

"မွာၿပီးရင္လည္း ဒီမွာ ခဏလာထိုင္ဦး။ စားစရာေတြေရာက္မွ ဟိုဖက္ျပန္ထိုင္"

"ပိုကိုပိုတယ္"

ခန့္ခန့္ ျပဳံးျပဳံးေလးေျပာရင္း ေဇယ်ာ စိတ္ေက်နပ္ေအာင္ နံေဘးကပ္လ်က္ခုံသို႔ ေျပာင္းေပးလိုက္သည္။ အခန္းသီးသန႔္ေတြ မဟုတ္ေသာ္လည္း ဆိုင္ကေလးက ေအးေဆးတာမို႔ သူတို႔ပူးကပ္ထိုင္ေနလည္း ဂ႐ုတစိုက္ၾကည့္မဲ့သူ မရွိေခ်။ ႏွစ္ဖက္မိဘေတြလည္း သိထားၾကၿပီးသားမို႔ အရင္ကလိုလူျမင္ကြင္းတြင္ ကြယ္ဝွက္ထိုင္ေနျခင္းမ်ိဳး မရွိၾကေတာ့။ အဆိုးေျပာမည့္ ပတ္ဝန္းက်င္ကိုလည္း ဂ႐ုမစိုက္အား။ သူ႔အတြက္ကိုယ္ရွိၿပီး ကိုယ့္အတြက္သူရွိေနရင္ ၿပီးတာပါပဲ။

"စိတ္ေကာက္ေနတာမလား အဲ့လူႀကီး"

"ေကာက္စရာလား ... ကိုယ္ကလူႀကီးပဲ"

"မေကာက္ဘူးသာေျပာတာေနာ္။ အသံကတစ္မ်ိဳးပဲ .. ခ်စ္စရာႀကီး"

ခန့္ခန့္က စားပြဲေပၚတင္ထားသည့္လက္ကို ေမးေထာက္ကာ လူႀကီးဖက္သို႔ တည့္တည့္ၾကည့္ကာ စေနာက္ေနသည္။

"ကိုယ့္ကို ဒီေလာက္နဲ႔လာေခ်ာ့လို႔မရဘူး။ ပစ္ထားတာ ဘယ္ႏွရက္ရွိေနၿပီလဲ"

ေဇယ်ာ့စိတ္ထဲေတာ့ ေကာက္စရာမရွိ ရွာႀကံေကာက္ရဦးမည္ဟု ေတြးတာပင္။ သူကိုယ္တိုင္က အခ်ိန္ၾကာၾကာ တူတူရွိခ်င္ေသးသည္ကိုး။ မဟုတ္လၽွင္ သည္ကေလးက ထုံးစံအတိုင္းစားေသာက္ၿပီး ခ်က္ခ်င္းျပန္ေတာ့မည္။

"ေလးရက္ေလးမေတြ႕ရတာကို အေတာ္အျဖစ္သည္းေနၿပီေပါ့၊ သိပ္ေတြ႕ခ်င္ေနၿပီေပါ့"

ခန့္ခန့္ေျပာေတာ့ ေဇယ်ာက ႐ုတ္တရက္အနားတိုးလာၿပီး နမ္းဟန္ျပဳသည္။

"ေဟ့လူႀကီး ဆိုင္ထဲမွာေနာ္"

"ေျပာင္ဦးမွာလား"

ေဇယ်ာက ခန့္ခန့္မ်က္ႏွာနားက မခြါေသး။

"မေျပာင္ေတာ့ဘူး၊ မေျပာင္ေတာ့ဘူး။ စားၿပီးတဲ့ထိ ဆက္ေခ်ာ့မယ္၊ ခ်က္ခ်င္းမျပန္ေသးဘူး။ ဖယ္ေပးေတာ့"

"ၿပီးေရာ၊ အဲလိုလိမၼာမွေပါ့"

ထိုသို႔ကတိစကားေလးရပါမွ ေဇယ်ာက ျပန္ခြါေပးသည္။ ထိုင္ေနသည့္ဝိုင္းက ေဒါင့္က်၍သာေတာ္ေတာ့၏။ ပတ္ဝန္းက်င္ကို ဂ႐ုမစိုက္ဟုဆိုေသာ္ျငား ဒါမ်ိဳးက်လည္း အေျခအေန ၾကည့္ရေသး၏။

သည္လိုႏွင့္ ညစာစားၿပီး လူရွင္းသည့္ကမ္းနားလမ္းတစ္ေနရာက ခုံတန္းေလးတြင္သာ ႏွစ္ေယာက္အတူ ထိုင္ျဖစ္ၾကသည္။

ေရျပင္မွာ ၿငိမ္သက္လို႔ေန၏။ ေႏြေလ႐ူးက အနည္းငယ္သာ တိုးတိုက္ေသာ္လည္း ေရျပင္လွုပ္ခတ္ေအာင္ထိ မျပင္းထန္လွ။ ေကာင္းကင္တြင္ေတာ့ မိုးသားကင္းစင္ၿပီး ၾကယ္ေတြႏွင့္လျခမ္းေလးကိုပါ ေကာင္းေကာင္းျမင္ေနရၿပီျဖစ္သည္။ ေကာင္ေလးတစ္ေယာက္မွာလည္း ခ်စ္သူ႔ရင္ခြင္ထဲကို တိုးဝင္ကာ လက္တစ္စုံကို ျမဲျမဲဆုပ္ကိုင္ထားေလ၏။

"လူႀကီး"

"ဟင္"

"ဟိုတယ္က ဘယ္ေတာ့ဖြင့္မွာလဲ"

"ေနာက္လကုန္ေလာက္မွန္းထားတယ္။ အကုန္လည္း လက္စသတ္ၿပီးေနၿပီဆိုေတာ့ ေသခ်ာသေလာက္ေတာ့ ျဖစ္ေနပါၿပီ"

ေဇယ်ာ့အဖို႔ ဟိုတယ္အျမန္ဖြင့္နိုင္ေရး ျပန္ေရာက္ကတည္းက လုံးပမ္းေနရသည္မွာ သုံးလပင္ရွိေလၿပီ။ အခ်ိန္ခန႔္မွန္းထားၿပီးသားေတြမို႔ အားလုံးအစဥ္သင့္ေအာင္ လုပ္ေနရတာပင္။

"အဲဒါဆို ကြက္တိပါပဲ။ လူႀကီးအပ္ထားတဲ့ Software လည္း ေနာက္တစ္ပတ္ဆို အကုန္အဆင္သင့္ျဖစ္ၿပီ၊ Website လည္းရေတာ့မယ္"

"ဟုတ္လား။ အားလုံးရရင္ ဟိုတယ္ကို ကိုယ္တိုင္လာလုပ္ေပးရမွာေနာ္"

"အန္ကယ္ရွိေနမွာလား"

ခန႔္ခန႔္မွာ ရင္ခြင္ထဲက ေခါင္းေလးတိုးထြက္ရင္း ဦးျမတ္သူရွိေနမလား စိတ္ပူေနေလသည္။ ႏွစ္ႏွစ္တာျပန္လာၿပီး ခ်စ္သူႏွစ္ဦးအေျခအေနမွာ အရင္အတိုင္းရွိေနဆဲမို႔ ဦးျမတ္သူမွာ သူ႔ကတိႏွင့္သူ ၿငိမ္ေနၿပီးသားျဖစ္သည္။

"ပူမေနနဲ႔။ ကိုယ္ျပန္လာကတည္းက 'မင္းမွာသစၥာ၊ လူမွကတိ' လို႔ေျပာထားၿပီးသား။ သေဘာတူကိုတူရမွာပဲ။ ကိုယ္ကမွ အန္ကယ္ကို မ်က္ႏွာပူေနတာ။ ဟိုတစ္ခါ ကေလးတို႔ဆီ Software လာအပ္တုန္းက အန္ကယ္က စကားမေျပာဘူး။ တည္တည္ႀကီးနဲ႔ၾကည့္ေနေတာ့ ကိုယ့္မွာရွိန္ေနတာ"

"မေၾကာက္ပါနဲ႔။ ေဖေဖက ေမာင္းထုတ္ေနတာမွ မဟုတ္တာ။ ဒီအေနအထားေလာက္ေရာက္တာပဲ ေတာ္ေသးတယ္ေျပာရမယ္ေလ။ သူ႔သားႏုႏုထြဋ္ထြဋ္ေလးကို အပိုင္သိမ္းခ်င္ေနတဲ့သူကို စကားေတာ့ဘယ္ေျပာခ်င္ဦးမလဲ"

"ေအာင္မယ္ ... ဒီလိုေျပာခံရတဲ့လက္စနဲ႔ေတာ့ တကယ္အပိုင္သိမ္းလိုက္ေတာ့မယ္၊ အိမ္မျပန္ခိုင္းေတာ့ဘူး"

"တကယ္လား။ မျပန္ေတာ့ဘူးေလ၊ ဘယ္သြားၾကမလဲ"

"ဟိုးၾကယ္ေတြဆီ"

"လူလိမ္ႀကီး"

အိမ္ကေတာင္ ဖိနပ္မပါဘဲခိုးထြက္ဖူးသူကို စိန္ေခၚမိသည့္ ဟိန္းေဇယ်ာ့အျဖစ္ပါပဲ။ စကားအရာစေနာက္ၿပီး ေျပာၾကတာဆိုေပမဲ့ သည္တစ္ခါမ်ား သူ႔ခ်စ္သူေလးက ထြက္ေျပးၾကမည္ေျပာပါလၽွင္ သူ ႏွစ္ခါေခၚစရာေတာင္ မလိုအပ္‌ေတာ့ေအာင္ အဆင္သင့္ျဖစ္ေနမွာပင္။ အရင္တစ္ႀကိမ္လို အျဖစ္မ်ိဳး သူ မၾကဳံခ်င္ေတာ့တာမို႔။

.........................

တျဖည္းျဖည္းႏွင့္ ဟိုတယ္ဖြင့္ဖို႔ အခ်ိန္နီးလာၿပီမို႔ ဦးျမတ္သူတစ္ေယာက္ အျခားအလုပ္မ်ားဆီမလွည့္နိုင္။ ေဆာက္လုပ္ေရးလုပ္ငန္းသုံး ဆိုင္ခြဲမ်ားအားလုံးကို သမီးျဖစ္သူ ရြယ္ရြယ္ႏွင့္ မင္းမင္းတို႔ကိုသာ လႊဲထားရသည္။ ကိုယ္တိုင္ကေတာ့ သားျဖစ္သူႏွင့္အတူ ဟိုတယ္လုပ္ငန္္းပိုင္းဆိုင္ရာ ေထာင့္ေစ့ေအာင္ တိုင္ပင္လုပ္ကိုင္ေနရသည္။

"သားႀကီး ... မင္း ဝန္ထမ္းသင္ၾကားေရးပိုင္းေတြ အေတာ္က်န္ေသးလား။ လႊဲလို႔ရတာ မန္ေနဂ်ာေတြဆီ လႊဲထားခဲ့ေတာ့။ ဖြင့္ပြဲအတြက္သာ အေသးစိတ္ျပင္။ ညေန သုံးနာရီက်ရင္ ပြဲစီစဥ္သူေတြ လာေတြ႕လိမ့္မယ္၊ အဆင္သင့္လုပ္ထား"

စက္ေသနတ္ပစ္သလို တရစပ္မွာၾကားေနေသာစကားတို႔အား ဟိန္းေဇယ်ာက လိုက္မွတ္သားေနသည္။ ဟိုတယ္စမဖြင့္ေသးသည့္တိုင္ သားအဖႏွစ္ေယာက္ တစ္ေန႔တစ္ေန႔ သည္အေဆာက္အဦးထဲက မထြက္ရ။ အမ်ိဳးမ်ိဳးစိီစဥ္ေနရတာပင္။

"ရတယ္ အေဖ၊ ကၽြန္ေတာ့္လည္း ဆက္ထားတယ္"

"ေအး။ ဒါနဲ႔ Software ပိုင္းေရာ အဆင္သင့္မျဖစ္ေသးဘူးလား။ အခုထဲကဝန္ထမ္းေတြ စသုံးထားမွျဖစ္မွာေနာ္"

ဦးျမတ္သူမွာ Software, Website ႏွင့္ပတ္သက္သမၽွ ဦးမင္းဟန္တို႔ဆီတြင္သာ အပ္ထားတာမို႔ ေဇယ်ာကို တမင္ရစ္ခ်င္သည္။ လူႀကီးခ်င္း မတည့္တာမ်ိဳးရယ္လည္းမဟုတ္၊ သားေတြခ်င္း ခ်စ္ႀကိဳက္ေနၾကလို႔သာ မ်က္ႏွာခ်င္းမဆိုင္ျဖစ္ၾကတာျဖစ္သည္။ ဒါကို သားျဖစ္သူက သူ႔ေကာင္ေလး႐ုံးမွာပဲ ထပ္အပ္ခ်င္တယ္ဆို၍ ေဆာက္လုပ္ေရးဆိုင္ခြဲေတြမက ဟိုတယ္အထိပါ အလုပ္ထပ္အပ္ရင္း ပတ္သက္ေနရသည့္အျဖစ္။

"အဆင္သင့္ျဖစ္ေနပါၿပီ အေဖရ။ ေန႔လယ္က်ရင္ သူတို႔လာလိမ့္မယ္။ မန္ေနဂ်ာေတြေရာ၊ စက္ကိုင္ရမဲ့ဝန္ထမ္းေတြပါ တစ္ခါတည္းသင္ျပေပးသြားမွာ။ ဟိုတယ္ Website ကေတာ့ စေတာင္သုံးလို႔ရေနၿပီ။ ကၽြန္ေတာ္ပို႔ေပးမယ္ ... ခဏ"

"ေအး"

သားျဖစ္သူပို႔ေပးေသာ website ကိုဝင္ၾကည့္ၿပီး ဦးျမတ္သူစိတ္ထဲ သေဘာက်လို႔ေနသည္။ ဒီဇိုင္းပိုင္းက ေခတ္ႏွင့္အညီဆြဲေဆာင္မွုရွိၿပီး Function ေတြလည္း စုံလွသည္။ အခန္းႀကိဳတင္မွာယူနိုင္သည့္ စနစ္ေတြပါ စမ္းသပ္ၾကည့္ေလေတာ့ သိပ္မဆိုးလွ။ သုံးရလြယ္ကူကာ ဖုန္းႏွင့္အကၽြမ္းတဝင္မျဖစ္ေသာ ဧည့္သည့္ေတြအတြက္ပင္ အဆင္ေျပလိမ့္မည္ထင္၏။

"ဘယ္လိုလဲ အေဖ။ သေဘာက်လား"

"မဆိုးပါဘူး"

"အဲဒါအေဖ့သမက္ Web developer ေလး ကိုယ္တိုင္အထူးလုပ္ေပးထားတာေနာ္"

သေဘာတူမည္ေျပာထားေသာ အေဖေရွ႕တြင္ ေဇယ်ာသည္လည္း ပိုပိုသာသာ ခ်ီးက်ဴးျပလိုက္၏။ တစ္ဖက္တစ္လမ္းကမွ မ်က္ႏွာရရဆိုသည့္စိတ္ႏွင့္ရယ္ပါ။

"အေဖေရွ႕မွာကို လာအျဖစ္သည္းေနတာ၊ ၾကည့္မရဘူး"

အၾကည့္စူးစူးႏွင့္ေျပာလာတာမို႔ ေဇယ်ာလည္း သိပ္မစရဲေတာ့။

"သြားၿပီ အေဖေရ"

"ဘယ္လဲ အဲေကာင္ေလးဆီလား။ မင္း အလုပ္ေတြအမ်ားႀကီးရွိတယ္ေနာ္"

ေဇယ်ာ အားပါးတရ ရယ္လိုက္မိသည္။ သေဘာတူတယ္ဆိုသည္ကို အင္တင္တင္ေျပာၿပီးကာမွ ေတြ႕မွာကိုျဖင့္ တြန့္တိုေနေသး၏။

"စိတ္ခ်။ ဒီေန႔က သူကိုယ္တိုင္လာမွာမို႔ မသြားေတာ့ဘူး"

ဦးျမတ္သူ ေတြ႕ရာႏွင့္ေကာက္မထုခင္ ေဇယ်ာ အျမန္ထြက္လာခဲ့၏။ ေန႔လယ္ထမင္းစားခ်ိန္လည္း လြန္ေနၿပီမို႔ မၾကာခင္ ခ်စ္သူကေရာက္လာေတာ့မည္ပင္။ ဝန္ထမ္းေတြ အဆင္သင့္လုပ္ဖို႔ေျပာရင္း ေစာင့္ရေတာ့မည္ျဖစ္၏။

ေန႔လယ္တစ္နာရီတြင္ေတာ့ ခန့္ခန့္ သူ႔႐ုံးကအစ္ကိုႏွစ္ေယာက္ႏွင့္အတူ ေဇယ်ာတို႔ဟိုတယ္သို႔ ေရာက္လာခဲ့သည္။ ျဖတ္သြားျဖတ္လာေလာက္သာ ျမင္ဖူးခဲ့ေသာဟိုတယ္ကို အခုမွလာဖူးတာမို႔ စိတ္လွုပ္ရွားသား။

ဟိုတယ္မွာရွစ္လႊာျဖစ္ၿပီး အေရွ႕မ်က္ႏွာစာမွာ ေပတစ္ရာ့ငါးဆယ္ေလာက္ေတာ့ က်ယ္မည္ထင္သည္။ အေဆာက္အဦးပုံစံက ေခတ္မွီၿပီး ဒီဇိုင္းလည္းေကာင္းတာေတာ့ ျငင္းမရလွ။ ေျမေအာက္ကားပါကင္ျဖစ္တာမို႔ သူတို႔ကားေလးကို ဟိုတယ္ေဘးေပါက္မွသာ ဝင္ခဲ့လိုက္ၾကသည္။

"ကိုေဇယ်ာ ... ကၽြန္ေတာ္တို႔ ေအာက္မွာေရာက္ေနၿပီ"

ခန႔္ခန႔္အသံေၾကာင့္ ဖုန္းလက္ခံေျပာသည့္ေဇယ်ာမွာ ေၾကာင္အမ္းသြားသည္။ 'ကိုေဇယ်ာ' တဲ့။ အရင္မိဘေတြေရွ႕တုန္းကေတာင္ 'အဲ့လူႀကီး'၊ 'လူႀကီး' ႏွင့္ ေခၚတတ္သူက အခုမွထူးထူးဆန္းဆန္း။ သည္ေလာက္နာမည္မေခၚခ်င္သည့္ကေလးဆီက သူ႔နာမည္ၾကားလိုက္ရတာမို႔ နည္းနည္းေတာင္ေျမာက္ခ်င္ခ်င္ႏွင့္။

"ဟင္း ... ဟုတ္ၿပီ ကေလး။ ကိုယ္လာႀကိဳမယ္ေနာ္"

ခန႔္ခန႔္ထင္သည့္အတိုင္း သူ႔ခ်စ္သူလူႀကီးက ရယ္ေနေလၿပီ။ ကားထဲမွာလည္း အစ္ကိုႏွစ္ေယာက္ပါတာမို႔ လူႀကီးေတြ၊ ကေလးေတြနဲ႔ ေျပာေနလို႔ကမေကာင္း။ နာမည္အရင္းကို တစ္ခါတေလ သူ႔ဘာသာသုံးျဖစ္ေပမဲ့ ခုလိုကာယကံရွင္ေရွ႕ နာမည္ႀကီးတပ္ထည့္ေခၚလိုက္ရတာေတာ့ သူ႔အတြက္ နည္းနည္းအင္တင္တင္။

ေဇယ်ာကမူ ေအာက္ထပ္ထိ ဆင္းႀကိဳပါသည္။ မ်က္ႏွာတြင္ ရယ္ခ်င္စိတ္က သိပ္ထိန္းမရ။ အနိုင္ရသူတစ္ဦးႏွယ္ ၿဂိဳလ္ႂကြခ်င္ေနသည္။ သို႔ေသာ္ မျဖစ္ေသးပါေခ်။ မ်က္ႏွာကို ရွူတည္တည္ထားလ်က္ တကူးတကလာေပးသည့္ ခ်စ္သူအားႀကိဳရသည္။ ၿပီးလၽွင္ Software သုံးရမည့္ဝန္ထမ္းမ်ားႏွင့္ လိုက္မိတ္ဆက္ေပးရ၏။

ခန့္ခန့္တို႔ကလည္း လူခြဲ၍ အသုံးျပဳပုံမ်ားကို ေသခ်ာရွင္းျပရသည္။ ဝန္ထမ္းေတြက တစ္စုတစ္စည္းထဲရွိတာမို႔ သူတို႔ခမ်ာ သိပ္ေတာ့မပမ္းလွ။ တစ္ခါတည္း ေျပာရတာျဖစ္လို႔ နားမလည္တာေမးၾကရင္း အဆင္ေျပလွ၏။

ဒါကို မေနနိုင္မထိုင္နိုင္သည့္ ေဇယ်ာက ခန့္ခန့္အလွည့္ၿပီးသည္ႏွင့္ ေဝ့လည္ေၾကာင္ပတ္လုပ္ကာ ေခၚထုတ္ေတာ့တာပင္။ နဂိုကတည္းက ခင္မင္ၾကမွန္းေတာ့ ႐ုံးကဝန္ထမ္းေတြေရာ၊ ဟိုတယ္ကဝန္ထမ္းေတြပါ သိၾကေပမဲ့ ခ်စ္သူေတြဆိုတာမ်ိဳး ရိပ္မိၾကျခင္းမရွိေသးေပ။ သည္ေတာ့ ခန႔္ခန႔္ကို အေပၚထပ္ရွူခင္းေတြျပခ်င္သည္ဟုေျပာကာ ရေအာင္ဆြဲေခၚလာေတာ့သည္။

"လူႀကီးေနာ္ အရမ္းသိသာမေနဘူးလား။ အလုပ္လည္းၿပီးေသးတာမဟုတ္ဘူး"

"အလုပ္ၿပီးရင္ ကေလးက တန္းျပန္မွာမလား။ အခုလည္း မသိသာပါဘူး ... ဒီတိုင္းခန့္ခန့္လို႔ပဲ ေခၚလိုက္တဲ့ဟာ"

ပဲ
မ်က္ခုံးႏွစ္ဖက္ကို ပင့္ကာ,ပင့္ကာေျပာေနသည့္ သည္သည္လူႀကီးက ခန့္ခန့္အဖို႔ အေတာ္အျမင္ကတ္စရာ။ .

လက္သီးႏွင့္ရြယ္ျပပါမွ အဖက္ပါခံရေတာ့ေတာ့သည့္အျဖစ္။ သို႔ေသာ္ ၿငိမ္ခံမေနေရး ဒို႔အေရးမို႔ ရွိသမၽွအားႏွင့္႐ုန္းတာေတာင္ သိပ္လြယ္ကူမေန။ ဓာတ္ေလွကားထဲ အေပၚတက္ေနသည့္အခိုက္တြင္ကို သူတို႔ႏွစ္ေယာက္သားမွည ရန္ျဖစ္ေကာင္းေနၾကတာျဖစ္သည္။

အေပၚဆုံးထပ္ေရာက္ေတာ့ ေဇယ်ာက ရွစ္လႊာရွိ VIP ခန္းမ်ားဆီ ေခၚျပသည္။ သူစီစဥ္ထားသည္အတိုင္း ဘာေတြ၊ ဘယ္လိုသုံးတယ္ကစ ေျပာျပသည္။ ခန့္ခန့္လည္း လိုက္ၾကည့္ရင္း ကိုယ့္ခ်စ္သူကိုယ္ အထင္ႀကီးမိသည္အထိ။ အျပင္အဆင္မွာ လုံးဝမ်က္စိက်စရာျဖစ္သလို အသုံးအေဆာင္အားလုံးကလည္း ေခတ္မွီၿပီး တန္ဖိုးႀကီးမွန္းသိသာသည္။ နိုင္ငံျခားသားေတြႏွင့္ ပူးေပါင္းေသာပေရာဂ်က္မို႔ သည္ေလာက္ေတာ့ရွိမွာပဲဟု တြက္မိသည္။

VIP အခန္းမွထြက္၍ အေရွ႕ေလသာေဆာင္မွ ျမင္ေနရသည့္ရွုခင္းကလည္း အံ့မခန္းပင္။ မိုးဖြဲဖြဲက်ေန၍ ေနမစူးပဲ မွိုင္းအုံ႔အုံ႔ ၿမိဳ႕အလွကို အခန္းတြင္းမွပင္ ျမင္ရသည္။

"ကေလး ဘယ္လိုလဲ"

ခန့္ခန့္ VIP Roomကို လုံးဝသေဘာက်ေနသည္မို႔ ေပါ့ေပါ့ပါးပါးေျဖလိုက္သည္က၊

"ႀကိဳက္တယ္"

"ကိုယ့္ကိုလား"

"အခန္းကိုေျပာတာ"

"ကိုယ့္ေရာမႀကိဳက္ဘူးလား"

ေဇယ်ာက အႀကီးဆိုေသာ္ျငား အျမဲသည္လို မထိတထိ စတတ္သည္။ ႏွစ္ေယာက္ထဲ လြတ္လြတ္လပ္လပ္ရွိတာမို႔ အူျမဴးေနတာလည္းပါ၏။

"မႀကိဳက္ပါဘူး"

"ေသခ်ာလား"

"ေသခ်ာတာေပါ့"

အသည္းယားေအာင္ ျပန္ခံေျပာေနသည့္ ခန့္ခန့္အား ေဇယ်ာက အခန္းတြင္းျပန္ေပြ႕ခ်ီေခၚကာ ေမြ႕ရာေပၚလွဲခ်ေစလိုက္သည္။

"အ!"

အံ့ဩခ်ိန္မရခင္အထိ ေဇယ်ာက လဲက်သြားသည့္ ကေလးအေပၚမွဝင္၍ မ်က္ႏွာႏွစ္ခုအား နီးကပ္ေစလိုက္သည္။

"လူႀကီး ဘာလုပ္မလို႔လဲ"

"အျပစ္ေပးမလို႔"

"ခုနက စတာပါ။ တကယ္က လူႀကီးလည္း ႀကိဳက္ပါတယ္။ ဖယ္ ... ဖယ္၊ တစ္ေယာက္ေယာက္ ဝင္လာလိမ့္မယ္"

"ဖယ္စရာလားကြာ။ ဘယ္သူမွလည္း ဝင္မလာဘူး။ ကိုယ္တို႔ ဝင္ခဲ့ကတည္းက Lock ခ်ခဲ့တယ္"

အင္!

ခန့္ခန့္ ၾကက္သီးမ်ားပင္ ထသြားသည္။ ဒါဆိုလြတ္လမ္းမရွိေတာ့ဘူးမလား။

"ကိုယ္တို႔ကို ဘယ္သူမွမျမင္ဘူး။ ဝန္ထမ္းေတြလည္း ဒီခ်ိန္တက္မလာဘူး။ ကဲ ... ဆင္ေျခမေပးနဲ႔ေတာ့"

အေသအခ်ာပဲေပါ့။ ဒါမို႔သည္လူႀကီး ရွစ္လႊာထိေခၚလာတာပဲေပါ့။ ခန့္ခန့္အတြက္ ေျပးလမ္းမရွိေတာ့။ ခႏၶာကိုယ္ ႏွစ္ခု၏ထိကပ္မွုေၾကာင့္ ရင္ခုန္သံေတြပင္ ဆူညံေနၿပီ။

"အၾကာႀကီးေနလို႔မရဘူးေနာ္၊ ေအာက္မွာအစ္ကိုေတြ ထားခဲ့ရတာ"

"အင္း ကိုယ္လည္းအၾကာႀကီး မနမ္းပါဘူး၊ နာရီဝက္ေလာက္ပါပဲ"

"ဟမ္!"

ေဇယ်ာ စကားေတြအမ်ားႀကီး ထပ္ေျပာမေနေတာ့။ ျဖဴဥေနသည့္ ပါးမို႔မို႔ေလးေပၚသို႔ အနမ္းတစ္ခ်က္ အစပ်ိဳးလိုက္သည္။ ေနာက္ေတာ့ ႏွာဖ်ားေလးမွတစ္ဆင့္ တစ္ဖက္ပါးဆီသို႔ အနမ္းတို႔ကူးေစသည္။ နားသယ္စပ္ကေလးထိပါ နမ္းလိုက္တာမို႔ ခန့္ခန့္ အသဲယားကာ တြန့္သြားေလ၏။

"အရမ္းခ်စ္တယ္ေနာ္ .. ကေလးေလး"

နားနားသို႔ ခပ္တိုးတိုးကပ္ေျပာခဲ့ၿပီးမွ ပန္းေသြးေရာင္ ႏွုတ္ခမ္းဖူးဖူးဆီသို႔ အနမ္းမ်ားဆက္ေစသည္။ ကားထဲမွာလို၊ အျပင္မွာလိုမဟုတ္ဘဲ နံရံေလးဘက္ၾကားလြတ္လပ္စြာ နမ္းရသည့္အခိုက္မို႔ ေဇယ်ာ ေတာ္ေတာ္ႏွင့္လႊတ္မေပး၊ ဆက္၍ဆက္၍ပင္ အနမ္းပန္းတို႔ ပ်ိဳးေနမိေလ၏။

ၾကာလာေတာ့ အသက္ရွုက်ပ္လာသည့္ ခန့္ခန့္က လက္ဖဝါးႏွစ္ဖက္ႏွင့္ ေဇယ်ာ့မ်က္ႏွာကို အသာဖယ္ယူလိုက္ရသည္။ ၿပီးမွ ေၾကာင္ၾကည့္ေနသည့္ ခ်စ္သူ၏လည္ပင္းတစ္ေနရာအား သူ နမ္းဟန္ျပဳျပေတာ့ တစ္ခ်က္ျပဳံးသြားေလ၏။ ခန့္ခန့္ အနမ္းေပးမည္အထင္ႏွင့္ေပါ့။

လည္ပင္းသားတြင္ ယားက်ိက်ိ အထိအေတြ႕ေၾကာင့္ ေဇယ်ာလည္း ၾကက္သီးမ်ားပင္ျဖန္းခနဲ။ ထို႔ေနာက္ ခ်က္ခ်င္းဆိုသလို စူးခနဲျဖစ္သြားေသာအသိ။

"ကေလး ဘာလုပ္လိုက္တာလဲ"

ခပ္ၾကာၾကာစုပ္ယူၿပီးခ်ိန္မွ ခန့္ခန့္  ခြါယူလိုက္သည္။ လည္ပင္းက နီရဲရဲအမွတ္အသားကို ျမင္လိုက္ရေတာ့ သူ အေတာ္ေက်နပ္သြားသည္။

"အျမင္ကတ္လို႔ Marking ေပးတာ။ လုံေအာင္ဖုံးထားေပေတာ့။ ဟားဟား ... သြားၿပီ"

ေျပာရင္း႐ုန္းထြက္ကာ အခန္းထဲက ေျပးထြက္သြားသည့္ ခန့္ခန့္ပါပဲ။

ေဇယ်ာမွာေတာ့ အနီးတြင္ရွိေသာ မွန္တင္ခုံကို ေျပးၾကည့္ေလေတာ့ ရဲထင္းေနပါေသာ အနီေရာင္အမွတ္အသားေလး။ ေကာ္လံမပါေသာ ရွပ္ဝတ္ထားတာမို႔ ဘယ္လိုမွဖုံးရမွာမဟုတ္ေခ်။ ဒါမို႔ မလုံမလဲ လက္ႏွင့္အုပ္ကာ ခ်စ္သူေနာက္သို႔ အမွီေျပးလိုက္ရေတာ့သည္။

တကယ္ မင္းမနိုင္သည့္ကေလးပါပဲ။

3/11/2020
•••••••••••••••••••••••••••••••••••••••••••••

Bạn đang đọc truyện trên: Truyen3h.Co