Truyen3h.Co

နှောင်ကြိုး

Part-5

Fi_Lay


<Unicode>

အဖျားကြီးခဲ့သော ခန့်ခန့်တစ်ယောက် သင်တန်းလည်းမသွားနိုင်ခဲ့သလို၊ ကျောင်းလည်းချက်ချင်း တက်ခွင့်မရပေ။ ဆူလည်းဆူ၊ ဂရုစိုက်ဖို့လည်း မမေ့ပါသောမွေးသမိခင်က အိမ်တွင်းအောင်း၍သာ နေစေသည်။ သုံးရက်ကြာတွင် အဖျားငွေ့ငွေ့သာကျန်ခဲ့တော့ပေမဲ့ နားပါဦးဆိုတာနှင့် နားရပြန်သည်။ ကျောင်းတွင် Tutorial week ပြီးသွားလို့သာ တော်သေး၏။ စာတွေကတော့ ပြီးမှသာ အတန်းထဲက မူယာတို့အဖွဲ့ကို အပူကပ်ရဦးမည်ပင်။

မနက်၉နာရီထိုးလုလုသာ ရှိသေးတာမို့ အခန်းပြတင်းပေါက်က မြင်နေရသော အိမ်ရှေ့လမ်းလေးတွင် လူသူသွားလာမပြတ်ရှိသေးသည်။ ကျောင်းသွားသူကသွား၊ ရုံးတက်သူကတက်နှင့် အများသူငှာအတွက်တော့ ပုံမှန်လိုအလုပ်ရှုပ်နေကြသော မနက်ခင်းတစ်ခုသာ။ ခန့်ခန့်သာ ကျောင်းမသွားရတော့ လုပ်စရာသိပ်မရှိ။ ပြတင်းပေါက်ကငေးရတာလည်း ခဏနှင့်ငြီးငွေ့လာသည်။ ရုံးဖွင့်ရက်မို့ အိမ်မှာလည်း အဘွားနှင့်ကြီးကြီးသာ ကျန်ရစ်တာဖြစ်၏။ သည်တော့လည်း အခန်းအောင်းကာ သဘောကျသည့်ဂိမ်းတွေကိုပဲ အမုန်းဆော့နေရုံပင်။

သည်လိုနှင့် အခန်းတွင် အကျအနဆင်ထားသည့် PC ရှေ့တွင်ငုတ်တုတ်ထိုင်ဆော့ရတာ ခန့်ခန့် အကြိုက်ဆုံးအနေအထားဖြစ်သည်။ ဆော့ရင်းလည်း Mouse ကို အခါခါနှိပ်နေသည်က လက်ညှိုးတစ်ချောင်းလုံး ထိုးပေါက်ဝင်တော့မတတ်။ ဂိမ်းများဆော့ရမည်ဆိုလျှင် အဖျားငွေ့ငွေ့ဆိုတာလည်း ဟိုလွင့်သည်လွင့် သွားလောက်လေပြီ။

တီ .. တီ .. ။

ထိုအခိုက် ဘေးချထားသောဖုန်းက ထမြည်လာလေ၏။ မျက်ဝန်းတွေမှာ မအားမလပ်ကြားက ဘေးကိုစောင်းငဲ့ကြည့်ရပြန်သည်။ ဟင်း .. သူ့၏အရင်းနှီးဆုံးသူငယ်ချင်း ခန့်ကိုပင်။

"ပြော ဟိတ်ကောင်"

ခန့််ခန့်ဖုန်းဖြေပြီး Speaker ဖွင့်လိုက်ပုံက တစ်စက္ကန့်တောင်မကြာလိုက်။ ပြီးတာနှင့် မျက်လုံးက ဆော့လက်စဂိမ်းကိုသာ အာရုံပြန်စိုက်ထားသည်။

"ငါ့ကောင် ... အသံကတော့ နေကောင်းပျောက်ပုံပါပဲ"

"အပိုတွေမပြောနဲ့၊ ဘာလို့ဆက်တာလဲ။ မင်းအတန်းမသွားဘူးလား"

"သွားမလို့ ခုမှထွက်လာတာဟ။ ဒုတိယချိန်မှ စတက်မှာဆိုတော့ နည်းနည်းပျင်းနေတာ၊ မင်းနေကောင်းရင် ဝင်ခေါ်မလားလို့လေ"

ခန့်ခန့်လက်ချောင်းတို့ ခေတ္တရပ်တန့်သွားသည်။ ခေါင်းကိုခဏမော့ကာ တွေးတောမိတာလည်း မတုံ့မဆိုင်း။ သူ အိမ်မှာနေရတာပျင်းနေပြီပဲ၊ မေမေမသိအောင် ကျောင်းလိုက်သွားရင် ကောင်းမလားမသိ။ လမ်းရောက်မှ SMS လေးပို့လိုက်လျှင် တားလို့လည်းဖြစ်တော့တာမှ မဟုတ်ပါဘဲလေ။ သူ ခန့်ကိုကားနှင့်အတူမသွားရတာတောင် ကြာနေလေပြီ။

"အေး လိုက်မယ်ကွာ၊ ဝင်ခေါ်"

"ပြီးရော ၁၅မိနစ်အတွင်းရောက်မယ်"

သည်လိုနှင့် ဆော့လက်စဂိမ်းကိုလက်စသတ်ပြီး ခန့်ခန့် ရေချိုးရသည်။ ပြန်ဖျားမည်စိုး၍ ခပ်နွေးနွေးရှိသောရေကိုသာ ကိုယ်ပေါ်တင်ရလေ၏။ ရေချိုးပြီးလို့ လန်းလန်းဆန်းဆန်းဖြစ်ပါမှ ဝတ်နေကျကျောင်းယူနီဖောင်းကို ကောက်ဝတ်လိုက်တာ အကျအန။ သေးသေးကွေးကွေးသူ့ခန္ဓာကိုယ်မှာ မှန်ရှေ့တွင် ကလေးမက၊ လူကြီးမကျ ပုံစံကလေးဖြစ်နေသည်။ ရှပ်အဖြူနှင့် ငှက်ခါးစိမ်းရောင်ပုဆိုးက သူ့ကိုပိုသပ်ရပ်သွားစေသည်ထင်၏။

"ဘာစားပြီးပြီလဲ"

အနက်ရောင် Crown ကားပေါ်တက်တာနှင့် ခန့်ကိုက သူ့ကိုစေ့စေ့စပ်စပ်ကြည့်ကာ အမေးထုတ်သည်။

"ကော်ဖီနဲ့ကိတ်"

"မင်း breakfast menu ကြီးကလည်း ခံတွင်းချဉ်လိုက်တာကွာ"

"ဒီရက်ပိုင်းတော့ကျွေးတာပဲ စားရတာဟ။ ကိုယ့်အပြစ်နဲ့ကိုယ်မို့ မစားချင်ဘူးမပြောရဲဘူး။ တကယ်ဆို နန်းကြီးသုပ်စပ်စပ်လေး စားချင်နေတာ။ ကဲ .. ရပြီ၊ Canteen တန်းမောင်း"

"ကြာသလားလို့ ငါ့ကောင်ရာ၊ ခါးပတ်သာမြဲမြဲပတ်ထား"

အပြင်စာမက်ကြသည့် နှစ်ယောက်စလုံး တက်ကြွနေကြသည်မှာ အသံကလေးတစာစာနှင့်။ တကယ်ဆိုအိမ်တွေက မကျွေးကြတာလည်းမဟုတ်၊ နှစ်ယောက်သား ထင်ရာစားရလို့ကို ပျော်နေကြခြင်းဖြစ်သည်။ အလယ်တန်းကတည်းက ငယ်သူငယ်ချင်းတွေမို့ အမေတွေချင်းလည်း ခင်နေကြလေပြီ။ သူတို့ကမူ တက္ကသိုလ်ရောက်သည်ထိ နှစ်ယောက်ပေါင်းလောင်းကျော်ဆဲ။

"ဒါနဲ့ မင်းစော်တော့မပါဘူးမလား"

"မပါပါဘူးကွာ မင်းကလည်း၊ သူကပထမချိန်တောင် တက်နေလောက်ပြီ"

"ပြီးရော၊ မဟုတ်ရင် မင်းကစော်ရှေ့ဆို ငြုတုတုနဲ့။ ပလီပလာတွေ မြင်ရတာစိတ်ကုန်တယ်"

သူ့ကောင်မလေးပါရင်တော့ ခန်ခန့်လိုက်မထိုင်ချင်၍ တည့်တည့်သာပြောလိုက်သည်။ ပန်းလေးနှင့်သူကလည်း Aခန်းကချင်းတူတူမို့ ခင်ကြပေမဲ့ သည်ကောင်ချစ်စကားတွေ မဟုတ်က၊ ဟုတ်က လျှောက်ပြောနေတာတွေကိုတော့ မကြားချင်။ ဒါတောင် ခန့်ကိုက Roll နောက်ရောက်လို့ အခန်းမတူပေလို့သာပေါ့။ အတူများတစ်ခန်းထဲဆိုလျှင် စကားတွေနားရည်ဝအောင် ကြားရရုံမက မျက်စိနောက်အောင်ကဲနေဦးမှာပင်။

"စော်မထားဖူးတဲ့ကောင်ကတော့ ဒါမျိုးတွေဘယ်မြင်ချင်ပါ့မလဲ၊ ဝမ်းနည်းစရာကြီးမလား ဟား"

"အံ့ဩစရာ၊ ငါလားဝမ်းနည်းမှာ"

"မင်း စော်မထားဖူးလို့နော်။ သူတို့လေးတွေက သိပ်ချစ်စရာကောင်းတာ၊ အသံလေးတွေဆို ချိုအီပစ်ခွေယိုင်လဲနေရော။ ထားစမ်းပါ ... ဘယ့်နှယ့်၊ ကျောင်းရဲ့ Prince ဖြစ်ပြီး ရုပ်လည်းချော၊ ဘေးမှာလည်း ဝိုင်းဝိုင်းလည်ပါလျက်နဲ့ စော်မထားတာ နားကိုမလည်နိုင်ဘူး"

"မဖြစ်မနေထားမှကို ဖြစ်မဲ့ကိစ္စလား ... ကဲ"

ခန့်ခန့် စိတ်ရှည်မနေတော့ပေ။ ကားနောက်ခုံပေါ် ခေါင်းမှီချလိုက်ရင်း ခပ်ပြတ်ပြတ်သာပြောလိုက်သည်။ Prince ရတော့လည်း ဘာဖြစ်လေသလဲ၊ သူ့အတွက် မိန်းကလေးတွေ ပေးထားသည့်နာမည်တစ်ခုထက် ဘာမှပိုမနေ။ တကယ်ဆို လူအာရုံစိုက်ခံရတာကို ခန့်ခန့် သိပ်သဘောမကျလှပေ။ လုပ်သမျှအရာရာကို လိုက်အမေးထုတ်ကြမည်၊ စပ်စုကြမည်။ မိန်းကလေးသူငယ်ချင်းနဲ့များ ရင်းရင်းနှီးနှီး တွဲသွားလျှင် ကွက်ကြည့်, ကွက်ကြည့်လုပ်ကြပြန်သည်။ သူ ဒါတွေကို အတော်စိတ်ရှုပ်တာပင်။

"မင်းကသာ ထားမှဖြစ်မဲ့ကိစ္စလားမေးနေ၊ ဟိုကောင် ငKingဖြင့် စော်တွေထားလိုက်တာမှ ရှုပ်ပွလို့။ မင်းကိုတောင် စော်မရှိဘူးလား ငါ့ကိုမေးသေးတယ်"

"သူ့အရေးလား"

"မသိဘူးလေ။ အဲကောင်က မင်းဆိုလိုက်ပြိုင်နေသလိုပဲ၊ စော်ရှိလားပဲ ခဏခဏမေးနေတာ။ ငါတောင် မင်းအစားဖြေရတာ အောက်လာပြီ။ သူ့ထက်များအောင် ထားပြပြီး မင်းကပိုချောကြောင်း သက်သေပြလိုက်"

ခန့်ကိုကတော့ ပေါ့ပြက်ပြက်ပြောနေသည်။ သူကတော့ ဒါကိုဟာသလို့ကိုမထင်။ စိတ်ရှုပ်စရာလို့ပဲ မြင်သည်။ ဘယ်ဘဝက အငြှိုးနှင့်မှန်းမသိ၊ လူကိုဆို သိပ်ပြိုင်ချင်သည်။ တစ်နေ့ကလည်း သူလိုက်နေသည့်အမကြီးနှင့် ကိုယ်ကဘာတွေလဲတဲ့လေ။ MCPA Quiz အတွက် တိုင်ပင်စရာတွေရှိလို့ Canteen အတူတူထိုင်မိတဲ့အမနှင့်လည်း အထင်လွဲပြီး လာရန်စတတ်သေးသည်။ ဒါမို့ ငKing ကိုဆို မျက်နှာချင်းမဆိုင်တာများတာပင်။ ခန့်ကိုနှင့် Cခန်းမှာအတူတူမို့ သူ့သတင်းကိုသာ သဲ့သဲ့ကြားနေရတာဖြစ်၏။ မဟုတ်လျှင် အာရုံနောက်စရာကောင်အကြောင်း သိကိုမသိချင်။

"ရူးလို့လုပ်ရမှာလား။ အဲကောင်အကြောင်း မပြောစမ်းနဲ့"

ခန့်ကို၏ရယ်ကျဲကျဲအသံနှင့်အတူ ကားအနက်ရောင်လေးမှာ တလွင့်လွင့်။

........................

ဆောင်းနေ့ရက်တို့က လျင်မြန်စွာ ကုန်ဆုံးနေသယောင် ထင်ရသည်။ ကျောင်းတက်ရက်တွေပြီးလျှင် သင်တန်းတက်ရက်တွေက တစ်လှည့်လာတာ မြန်ဆန်သလို ခံစားရ၏။ ပိတ်ရက်အတွက် ပုံမှန်လိုသူငယ်ချင်းတွေ အပြင်ထွက်အချိန်ဖြုန်းတာမျိုး သိပ်လုပ်လို့မရတော့။ ဒါတောင် ခန့်ခန့် ကျူရှင်မယူထား၍ ဂိမ်းဆော့ချိန်ပိုထွက်လာတာလို့ ပြောရမည်။

ကျူရှင်ယူလည်း ငွေအပိုကုန်ရုံသာရှိသည်။ ကျောင်းက ကျူရှင်မလိုအောင် သင်ပေးပြီးသားမို့ အထူးအထွေစိတ်ပူနေစရာမလိုပေ။ စာအဆက်မပြတ်အောင်လုပ်ပြီး နားမလည်လျှင် အချင်းချင်းရှင်းပြခိုင်းလို့ရသည်။ သူတို့Aခန်းဆိုတာ ဆရာမကြီးတွေမဟုတ်သော ဆရာမကြီးတစ်သိုက် စုနေကြသည့်ရပ်ဝန်းပင်မလား။ ယောက်ျားလေးဆိုလို့ လက်နှစ်ဖက်စာတောင်မပြည့်သည့် အခန်းထဲတွင် ခန့်ခန့်လည်း Roll ကောင်းအောင်တော့ စာသေချာလုပ်ရသေး၏။

ရေချိုး၊ မနက်စာစားပြီးကတည်းက သင်တန်းသွားဖို့ ဝတ္တရားရှိသည့်အတိုင်းသာ ပြင်ဆင်နေရသည်။ စိတ်နှလုံးကတော့ သိပ်ရွှင်ပြုံးမနေ။ အရင်အပတ်ကလည်း တစ်ချိန်ပျက်ထားတာမို့ Assignment တောင် ဘယ်လိုထပ်ရဦးမည်မသိ။ ထပ်များပေးထားလျှင် သူတော့ကြောင်အမ်းအမ်းကြီး ဖြစ်နေချေဦးမည်။ ပုံမှန်လို သူငယ်ချင်းမရှိသည့်အတန်းမို့ သူ့အတွက်တော့ သွားတက်ရမှာတောင် အားငယ်သလိုလို၊ ဝန်လေးသလိုလို။

မသွားခင် ကိုယ်လုံးပေါ်သည့်မှန်တွင် သူ့ကိုယ်သူ ခေါင်းအစ၊ ခြေအဆုံးပြန်ကြည့်လိုက်သေး၏။ အနက်ရောင် Hoodie နှင့် ဂျင်းဘောင်းဘီအရှည်က ဆောင်းရာသီအတွက် သူဝတ်နေကျစတိုင်လ်တွေထဲက တစ်ခုပင်။ ဘတ်စ်သာစီးချင်စီးမည်၊ ခန့်ခန့်တို့က စတိုင်လ်နှင့်ပတ်သက်ရင်တော့ လုံးဝအပွန်းအပဲ့မခံ။ ကိုယ့်ပုံပန်းနှင့်လိုက်မည့် အဝတ်အစားကိုတော့ ကျကျနနရွေးဝတ်တတ်သည်။ ကိုယ့်ကိုယ်ကိုယ် ခပ်လန်းလန်းဝတ်ဆင်ထားမှလည်း လမ်းလျှောက်ရတာကအစ ယုံကြည်မှုအပြည့်အဝနှင့်။

အဝတ်အစား ကျကျနနဝတ်ခြင်းသည် အများကြိုက်အောင်ပြုမူတာထက် ကိုယ်တိုင်ယုံကြည်မှုပြည့်ဝနေဖို့က အရေးကြီးသည်ဟု ခန့်ခန့်က လက်ကိုင်ထားတာပင်။ ခန့်ကိုကတော့ သူ့ကိုယောကျ်ားဖြစ်ပြိး အလှကြိုက်လွန်းသတဲ့။ ခန့်ခန့် ဂရုမစိုက်ပါလေ။

သည်လိုနှင့် အတန်းသွားတတ်ရန် အပေါ်ထပ်မှ လေးတွဲ့စွာဆင်းလာခဲ့သည်။ ရုံးပိတ်ရက်မို့ အောက်ထပ်ဧည့်ခန်းတွင် လူကြီးတွေ စုံစုံလင်လင်ရှိနေကြပုံပင်။ လှေကားမှသည် တစ်ထစ်ချင်းဆင်းတော့ ဖေဖေက လက်ဝှေ့ပွဲကို အားရပါးရထိုင်ကြည့်နေသည်။ မေမေကဖြင့် စားပွဲတွင် ဘာတွေထိုင်ရေးနေသည်မသိ။

"မေမေ သားသွားတော့မယ်"

"အေး သွားတော့မှာလား၊ သား နေဦး။ ဖေကြီး ထ၊ ရှင်အားနေတာပဲ ... သားကို ကျောင်းလိုက်ပို့လိုက်၊ အပြန်လည်းကြိုရမှာနော်။ ဟိုတစ်ခါလို ဘတ်စ်စီးပြန်လာရင် မိုးမိနေမယ်။ ခုကဆောင်းဦးသာဆိုတယ်၊ နေ့တိုင်း မိုးကတဖြောက်ဖြောက်နဲ့"

လက်ဝှေ့ပွဲကို စိတ်ဝင်စားစွာကြည့်နေသည့် ဦးမင်းဟန်မှာမူ စိတ်မရှည်သောလေသံဖြင့်၊

"အဲလိုတူတူ မင်းရဲ့သားကို ကားပေးလိုက်ပေါ့ကွာ၊ ငါလည်းသွားရပြန်ရ အလုပ်မရှုပ်တော့ဘူး"

"အင်းလေ ဟုတ်သားပဲ။ သားယာဉ်မောင်းလိုင်စင်တောင် ရပြီးပြီ၊ ခုထိလည်း ပေးမမောင်းဘူး"

ဒေါ်မိမိနိုင် ကားမပေးမှန်းသိသော်လည်း ခန့်ခန့်က အခွင့်သာတုန်း ဝင်ပြောလိုက်သည်။ သူကားလိုချင်တာ တစ်ပိုင်းကိုသေလို့ဆိုတာ မေမေကောင်းကောင်းသိသည်။ သည်လိုရုံးပိတ်ရက်ဆို အပိုတစ်စီးလည်းရှိပါလျက်နှင့်ကို သက်သက်ညစ်၍ ပေးမမောင်းခြင်းပင်။

"အမလေး စိတ်မချပါဘူး။ မေမေတို့မပါဘဲ ကားမမောင်းစေချင်ဘူး။ Taxiသမားတွေက တအားတိုးတာ၊ ငြိလာမှဖြင့် ပြဿနာတွေရှုပ်ကုန်ပါ့မယ်"

"ကဲပါ ... ဟောဒီက မောင်တော်ကြီးပဲ လိုက်ပို့လိုက်ပါမယ် နှမတော်ရဲ့၊ ဟုတ်ပြီလား"

"ပြီးရော"

ခပ်ရွဲ့ရွဲ့ပြောသောဖေဖေ့ကို မေမေက မျက်စောင်းလေးပါထိုးလိုက်သည်မို့ အားလုံးခပ်တုံ့တုံ့ ရယ်မိကြပြန်သည်။ မေမေဆိုတာ သည်လိုပဲ တစ်အိမ်လုံးကို အာဏာတည်နိုင်သည့်သူမလား။

.......................

စနေနေ့အတန်းတွင် ဟိန်းဇေယျာတစ်ယောက် တစ်ဖွဲ့တည်းအတူဖြစ်သူ ကိုမိုးထက်နှင့် စကားလက်ဆုံကျနေသည်။ အချိန်စောသေးတာမို့ အရှေ့၊ အနောက်မျက်နှာချင်းဆိုင်ကာ ပြောနေဖြစ်ကြသည်က ကိုယ်စီအလုပ်အကိုင်ကြောင်းတွေပင်။ အာမခံလုပ်ငန်းတစ်ခုတွင် မန်နေဂျာအဖြစ်လုပ်ကိုင်နေသူက သူ့ထက်တစ်နှစ်သာငယ်လေ၏။ သို့ပေမဲ့ လေးစားသမှုနှင့် ကိုမိုးထက်ဟုသာ ခေါ်ဖြစ်လေသည်။

"အာမခံလုပ်ငန်းဆိုတော့ စကားပြောရတာတွေ၊ စစ်ဆေးရတာတွေတော့ ခေါင်းခဲစရာပဲနေမယ်နော် ကိုမိုးထက်"

"အမှန်ပဲဗျာ၊ ပြဿနာပေါင်းသောင်းခြောက်ထောင်ပေါ့။ ဒါမို့ကိုယ်ပိုင်စီးပွါးရေးလေး ပြောင်းလုပ်မလားဆိုပြီး ဒီအတန်းလာတက်တာ"

"အင်း ကောင်းပါတယ်။ ကျွန်တော်လည်း ကိုမိုးထက်ပြောပြတော့ သေချာသိရတယ်၊ ကားအာမခံထားဦးမှပဲ"

"လိုတာရှိပြောနော် ကိုဇေယျာ၊ ကျွန်တော် အတတ်နိုင်ဆုံး ကူညီပေးမယ်"

ကျွီ!

စကားကောင်းနေခိုက် ဘေးကထိုင်ခုံကိုဆွဲဝင်လာသံပင်။ နှစ်ယောက်သားလှည့်ကြည့်ကြတော့ ချာတိတ်ဖြစ်နေလေ၏။

"ဟော ... စိုင်းမင်းခန့်တောင် ရောက်လာပြီပဲ"

"ဟုတ်"

ကိုမိုးထက်က အရေးတယူနှုတ်ဆက်လိုက်သော်လည်း ဇေယျာကတော့ မနှုတ်ဆက်မိ။ စိတ်ထဲတွင်သာ သည်နေ့တော့အတန်းလာတက်သားဟု တွေးမိရုံပင်။ ဟိုတစ်ပတ်ကကိစ္စကို သိပ်ကြည်သေးတာလည်း မဟုတ်ချေ။ ဒါပေသိ ကိုယ်ကလူကြီးမို့ ဖြည့်တွေးပေးဖို့သာ ရှိပါ၏။ သူလည်း သူစိမ်းကားပေါ် မလိုက်ချင်သည့်အကြောင်းပြချက်တွေ ရှိချင်ရှိနေပါလိမ့်မည်။

ထိုကောင်လေးဝင်လာတော့ ကိုမိုးထက်နှင့် စကားစပြတ်သွားသည်။ ရှေ့ပြန်လှည့်သွားသူကို အာရုံမရတော့ဘဲ ဇေယျာ ဘေးကိုသာမသိမသာ ငေးနေလိုက်မိ၏။ အကြောင်းမှာမူ ထိုကောင်လေးဝတ်စားလာသည့် ပုံစံကြောင့်ပင်။ ဝတ်ထားသည့် Hoddie အနက်နှင့် ရှူးဖိနပ်က Nike မှန်းထင်းနေအောင် မြင်သာသည်။ ဂျင်းဘောင်းဘီ အပြာလွင့်လွင့်ကလည်း သူဝတ်ထားသည်နှင့် လိုက်ဖက်စွာ။ ဘာပဲပြောပြော သည်ကောင်လေးက ခေတ်လူငယ်ပီပီ ဝတ်တတ်စားတတ်ပင်။ အသိုင်းအဝိုင်းကောင်းကောင်းတစ်ခုက ဖြစ်ပုံရမည်ကိုလည်း ဇေယျာတွက်ချက်မိပြီးဖြစ်သည်။

ထိုအခိုက် သူ့ဆီလှည့်ကြည့်လာသော အူကြောင်ကြားကောင်လေး။ မျက်ချောင်ကျသယောင်နှင့် ပါးမို့မို့ကလည်း အရင်အပတ်တွေလောက် မို့ဖောင်းဖောင်းမရှိတော့တာ ဇေယျာ ဘာရယ်မဟုတ်၊ ချက်ချင်းသတိထားမိလိုက်သည်။

"ဘာလဲ"

မသိမသာအကဲခတ်ရင်းက သိသာသွားလေတော့ 'ဘာလဲ' တဲ့လေ။ ဇေယျာခေါင်းခါပြီးသာ စာအုပ်ကို တစ်ရွက်ပြီးတစ်ရွက် လှန်လိုက်တော့၏။ ခဏအကြာတွင် ဆရာလည်း ဝင်လာလေပြီ။

"ကဲ ကျွန်တော်တို့ ဒီတစ်ပတ် Assignment မလုပ်ဘဲ Group work လေး စလုပ်ကြရအောင်"

စာသင်ပြီး တစ်နာရီနီးပါးအကြာတွင် ဆရာပြောလာခြင်းဖြစ်သည်။ အဖွဲ့လိုက်လုပ်ရမည့်ကိစ္စဆိုတော့ ချာတိတ်နှင့်သူ မတိုင်ပင်ဘဲ မျက်လုံးချင်းဆုံသွားသေး၏။ သို့သော် တစ်စက္ကန့်ပင်မကြာသောအချိန်အတွင်း ဆရာ့ဆီ ပြန်ကြည့်မိကြတာ အလျင်အမြန်။

"အခု ကျွန်တော်ပြောပြလိုက်တဲ့ Business Plan ရဲ့လုပ်ငန်းစဉ်အဆင့်ဆင့်ကို အပြင်လက်တွေ့လုပ်ငန်းတစ်ခုစလုပ်ဖို့ဆို ဘယ်လိုအစီအစဉ်တွေချမလဲ ခင်ဗျားတို့ဆီက Idea တွေလိုချင်တယ်။ အဲဒီတော့ အဖွဲ့တွေအလိုက် ကိုယ်လုပ်ချင်တဲ့ Business တစ်ခုကို တိုင်ပင်ကြည့်ပါ၊ ပြီးရင် ခုသင်လိုက်တဲ့ လုပ်ငန်းစဉ်တွေအတိုင်းတွေအတိုင်း Budget ကအစ နောက်ဆုံးအမြတ်ရနိုင်ခြေအထိ အသေးစိတ် Plan ချပေးပါ"

ဆရာပြောသည်ကို အားလုံးက စိတ်လှုပ်ရှားစွာ နားစိုက်ထောင်နေကြဆဲဖြစ်၏။ ဇေယျာလည်း ဘာလုပ်ရမည်ဆိုတာကို တစ်ခါတည်းလိုက်တွေးတောနေရသည်။

"ကျွန်တော် ဒါကို ပြိုင်ပွဲလေးတစ်ခုအနေနဲ့ လုပ်ပေးချင်တယ်။ အဲဒီတော့ ခင်ဗျားတို့အဖွဲ့တွေတင်လာမဲ့ Business plan ထဲမှာမှ ပိုင်း အသေးစိတ်အကျဆုံး၊ သင့်လျော်တဲ့ ငွေကြေးအနေအထားနဲ့ အမြတ်ပြန်ရနိုင်နှုန်း၊ နောက်ဆုံးတစ်ခု လက်တွေလောကနဲ့ အနီးစပ်ဆုံး၊ ယုတ္တိအရှိဆုံးပေါ့ဗျာ ... အဲလိုအဖွဲ့ကို ကျွန်တော်ရွေးပြီး ဆုလေးတွေပေးမယ်၊ ကျေနပ်ကြပါရဲ့လားဗျာ"

"ကျေနပ်ပါတယ်"

ဆုဆိုတာနှင့် အားလုံးမျက်နှာလေးတွေက ရွှင်လာကြသည်။ လုပ်ရမှာချင်းအတူတူတော့ အပြိုင်အဆိုင် ဆုလေးမှန်းရမည်ဆိုတော့ ရင်ခုန်စရာပဲမလား။ ပျင်းစရာကောင်းနိုင်မည့် Business plan တစ်ခုကို မက်လုံးပေးလုပ်ခိုင်းသည့်ဆရာမှာ တကယ်လည်းတော်ပါပေသည်။

"ဟုတ်ပြီ၊ ဒါဆိုအလုပ်တွေလည်း လုပ်နေရတဲ့သူတွေဆိုတော့ တစ်စုတစ်စည်း လုပ်နိုင်ဖို့က ခက်ခဲကြမယ်ဆိုတာ နားလည်ပါတယ်။ ဒါမို့ အချိန်၃ပတ်ပေးလိုက်မယ်နော်။ Presentation လုပ်ဖို့ PowerPoint တွေပါ တစ်ခါတည်း ပြင်ထားပေးကြပါ။ ကဲ ဒီနေ့တော့ဒီလောက်ပဲ၊ ကျွန်တော်သွားစရာလေး ရှိသေးလို့"

"ကျေးဇူးပါ ဆရာ"

ဆရာထွက်သွားပြီးနောက် အသံတွေဆူညံလာသည်။ အဖွဲ့လိုက်ဆိုတော့လည်း တိုင်ပင်ရမှာတွေ အတော်များသကိုး။ ဇေယျာ နံဘေးကချာတိတ်ကိုကြည့်တော့ မျက်နှာကြီးလက်ဖဝါးနှင့်အုပ်ကာ စိတ်ရှုပ်နေသည်လားမသိ။ ကွန်ပျူတာကျောင်းသားကြီးကတော့ ဟုတ်နေပြီဟုသာ စိတ်ထဲစနောက်မိသေးသည်။

"ကဲ တို့တွေဘာလုပ်ကြမလဲ။ ဒီမှာပဲတိုင်ပင်ကြမလား၊ တစ်ဆိုင်ဆိုင်သွားကြမလား"

အဖွဲ့ထဲကမိန်းကလေးနှစ်ယောက်ကတော့ တက်ကြွသည်။ ဆရာထွက်သွားတာနှင့် သူတို့သုံးယောက်ဆီ လာတိုင်ပင်တော့တာဖြစ်၏။

"ကြာလောက်မယ်ထင်တယ် အပြင်ပဲသွားကြရအောင်ပါ"

ကိုမိုးထက်ပြောသည်ကို အားလုံးကမကန့်ကွက်။

"ဟုတ်၊ ကောင်းသားပဲ ဒီရှေ့နားက Cafeteria ဆိုရင်ရော"

"အင်း ရတယ်လေ၊ အဲဒါဆို ညီမတို့လိုက်ခဲ့မယ်"

အားလုံးဆုံမည့်နေရာ သတ်မှတ်ပြီးချိန်တွင်တော့ အတန်းပြင်ထွက်ခဲ့ကြသည်။ ချာတိတ်ကတော့ ဆရာမတစ်ယောက်နှင့် စကားပြောကျန်နေခဲ့တာ ဇေယျာ လှစ်ခနဲမြင်လိုက်သည်။ သူ့အရေးလည်းသိပ်မဟုတ်တော့ ဇေယျာ ကားထားရာဆီကိုသာ ဦးတည်လာခဲ့၏။ Cafeteria က တစ်ပွိုင့်ကျော်လျှင်ရောက်တာမို့ သိပ်တော့လောစရာမလို။ ခေါင်းထဲတွင်သာ Business plan အတွက် အတွေးများကာ လျှောက်လှမ်းနေဆဲ၊

"ဟေး မောင်ဇေယျာ ... ဒီမှာသင်တန်းတက်နေတာလားကွ"

သင်တန်းရှေ့က ခေါ်သံကြား၍လှည့်ကြည့်တော့ သူတို့ရုံးကအပ်နေကျဖြစ်သည့် Software Company က အန်ကယ်ဦးမင်းဟန်ပင်။

"ဪ အန်ကယ်၊ ဟုတ်တယ်ဗျ။ အခုပဲဆင်းတာ"

"အေး အန်ကယ်က သားကိုလာကြိုတာကွ။ မောင်ဇေယျာလည်း သားနဲ့တစ်တန်းတည်းများ ဖြစ်နေမလား။ အန်ကယ်သားက စိုင်းမင်းခန့်တဲ့သိလား"

ဟိုက်!

အသံမထွက်မိဘဲ ဖြစ်ပေါ်လာသော ရင်တွင်းအာမေဍိတ်ပင်။ အန်ကယ်က ဟိုကောင်လေးအဖေတဲ့လား ... တယ်လည်းတိုက်ဆိုင်ပါဘိ။ ခုလိုသေချာကြည့်မှ အနှီကောင်လေးက အန်ကယ်နဲ့ မျက်နှာကျတွေ အနည်းငယ်တော့ဆင်ပါ၏။ သည်လိုဆိုတော့ ပထမဆုံးနေ့က သူ ကောင်လေးကို ဆူမိလိုက်တာ နည်းနည်းနောင်တရချင်ချင်။ အန်ကယ်ဦးမင်းဟန် သဘောကောင်းလွန်းတာမို့ မျက်နှာပူပူနှင့် ပြန်အားနာမိသည့်အဖြစ်။

"သိတယ်ဗျ အန်ကယ်။ ကျွန်တော်နဲ့ ဘေးချင်းကပ်လျက်ထိုင်တာ။ ခုတောင် သူ Assignment ထပ်နေခဲ့တာထင်တယ်"

"ဟုတ်လား သင်တန်းမှာမင်းရှိတော့ ဟန်ကျတာပေါ့ကွာ။ အန်ကယ်သားကို စောင့်ရှောက်ပေးပါဦး။ ငယ်သေးတော့ တဇွတ်ထိုးနဲ့ ဆိုးချင်တယ်၊ နေထိုင်မကောင်းကလည်း ဖြစ်တတ်လွန်းလို့။ ဟိုတစ်နေ့ကမှ ဆေးရုံကဆင်းထားရတာ"

"ဟောဗျာ! ဘာဖြစ်လို့လဲ အန်ကယ်"

ဇေယျာ တကယ်စိတ်ပူ၍ မေးလိုက်ခြင်းပါ။ စာမသင်ခင်ကပဲ ကောင်လေးကိုကြည့်ပြီး မျက်နှာချောင်သွားတယ်လို့ တွေးလိုက်မိတယ်မလား။ သူ့ပုံစံလေး သေးသေးကွေးကွေးနဲ့ ဆေးရုံတက်ရတယ်ဆိုတော့ တော်တော်များဆိုးလေသလားမသိ။

"အရင်ပတ်စနေက ဒီကအပြန် မိုးတွေမိပြီး အဖျားကြီးတာလေ။ ငယ်ငယ်ထဲက ကိုယ်ခံအားမကောင်းတော့ ဆေးရုံပါတက်ယူလိုက်ရတယ် .. မောင်ဇေယျာရေ"

ကားတွေတဝီဝီဖြတ်သွားနေသည့်ကြားက အန်ကယ်အသံနွမ်းနွမ်းကြောင့် ဇေယျာ စိတ်မကောင်းတော့ဖြစ်ရသည်။ မိုးမိမှာစိုးလို့ သူလိုက်ပို့ပါမယ် ခေါ်ခဲ့တဲ့နေ့က။ ဒါဆိုအဲဒီနောက်နေ့ အတန်းမလာခြင်းက အပြင်းဖျားနေလို့ပေါ့။ ကျစ်! သူကတော့ စာမလုပ်ချင်သည့် ကလေကချေလေးလို့တွက် ပြီး ငြူစူလိုက်သေးတာ။ တစ်ခါအမြင်မကြည်လျှင် နောက်လည်းမကောင်းဟု ထင်ရာဆွဲတွေးတတ်သည့် အကျင့်လည်း ဇေယျာ ပြင်ရချေဦးမည်။

"အဲနေ့က သူမိုးရေထဲပြေးနေတာတွေ့လို့ ကျွန်တော်အိမ်လိုက်ပို့ပေးမယ်ဆိုပြီး ခေါ်ပါသေးတယ်။ သူကရတယ်၊ ရတယ်ဆိုပြီး ဇွတ်ပြေးသွားတာ အန်ကယ်ရေ"

"အဲဒါသာကြည့် .. သူကမာနခဲ။ ဟော .. ပေးလိုက်တဲ့မုန့်ဖိုးအကုန် iTunes ထဲထည့်ပစ်သတဲ့လေ၊ Taxi ခတောင်မချန်ဘူး။ အပြန်ကျ သူ့မေဆူမှာကြောက်ပြီး မိုးရွာကြီးထဲ ဘတ်စ်စီးပြန်လာတာ၊ အိမ်ရောက်တော့ကြွက်စုတ်ဖြစ်ပြီး ဖျားတော့တာပဲကွာ"

အန်ကယ်က သားဖြစ်သူအကြောင်း ရယ်ရယ်မောမောနဲ့သာ ရှင်းပြနေပါသည်။ သူ့မှာတော့ စိတ်မကောင်း။ အဲနေ့က သူသာ အတင်းဆင်းခေါ်လိုက်ရင် ချာတိတ်ပါလာမှာပဲမလား။ ဒါဆိုမာနခဲလေး ဆေးရုံတက်စရာတောင် လိုမှာမဟုတ်ဘူးဟု တွေးဆနေမိသည်။ မဆီမဆိုင်ပါပဲ ... ကောင်လေးဆေးရုံတက်ရသည်ကို ဇေယျာ အပြစ်တစ်ခုသဖွယ် မတင်မကျ ခံစားနေရ၏။

"ဖေဖေ"

နောက်မှရောက်လာသော ခန့်ခန့်က သူတို့နှစ်ဦးကြည့်ကာ ကြောင်တောင်တောင်နှင့်။

"သား လာပြီလား။ ဒီကမောင်ဇေယျာနဲ့ ဘေးချင်းကပ်လျက်ထိုင်တာဆို။ သားကမသိလို့၊ ဟိုတစ်လောက ဖေဖေနဲ့လိုက်ခဲ့တဲ့ Global Star ကို မှတ်မိလား။ အဲ့ဒါ မောင်ဇေယျာတို့ပိုင်တာလေ"

"အင်း သိသားပဲ"

ဇေယျာရော၊ ဦးမင်းဟန်ပါ မျက်ခုံးတွေအပင့်သား။ အင်းလေ ... ပထမဆုံးနေ့ မိတ်ဆက်ကတည်းက လုပ်ငန်းနာမည်ထည့်ပြောထားတာဆိုတော့ သိကောင်းသိနိုင်ပါလိိမ့်မည်။ သူ့ကိုလည်း ပထမဆုံးနေ့ကတည်းက ဆူလိုက်တော့ အန်ကယ်သားဆိုပြီး မိတ်ဆက်ချင်နေမှမဟုတ်ချေ။

"ဟောဗျာ၊ အဲ့ဒါသာကြည့်တော့ မောင်ဇေယျာရေ။ သိလျက်သားနဲ့ အဖေကို ဘာမှပြန်ပြောမပြဘူး။ လူဆိုးကောင်"

ဦမင်းဟန်နှင့်အတူ မပွင့်တပွင့်လိုက်ပြုံးမိပေနဲ့ ချာတိတ်ကတော့ အပြုံးအရယ်မရှိ၊ သူ့ကိုခပ်စိမ်းစိမ်းသာကြည့်နေသည်။

"ဖေဖေ သားက ခုပြန်လို့မရသေးဘူး။ ဒီလူကြီးတို့နဲ့အဖွဲ့လိုက် Business Plan ဆိုလား အဲ့ဒါဆွေးနွေးရဦးမှာတဲ့၊ ကြာမှာလားမသိဘူး။ ဖေဖေ ဘယ်လိုလုပ်မလဲ၊ ပြန်နှင့်မလား"

"ဟေ ဟုတ်လား၊ ဂေါက်ကွင်းသွားမဲ့အချိန်နဲ့ တိုက်ကုန်တော့မယ်ထင်တယ်"

ဦးမင်းဟန် ခပ်တွေတွေဖြစ်သွားတော့ ဇေယျာ ကြားဖြတ်ဝင်ပြောရန် ပြင်သည်။ ကောင်လေးကို ဆူခဲ့မိသည့်အပေါ် မတင်မကျဖြစ်နေသောစိတ်အား တစ်ခါတည်းအပြတ်ဖြတ်လိုက်ချင်တာမို့၊

"ကျွန်တော်ခေါ်သွားပြီး အပြန်လည်းလိုက်ပို့ပေးလိုက်မယ် အန်ကယ်။ တွေ့မှာကဒီရှေ့တင်ဆိုတော့ မဝေးပါဘူး။ ကျွန်တော်လည်း အန်ကယ်တို့အိမ် ရောက်ဖူးတာပေါ့"

ဦးမင်းဟန်အဖို့လည်း ဇေယျာ့စကားကြားမှ ဟန်ကျလိုက်လေခြင်းဟူသောအပြုံးက မျက်နှာထက်ဝယ်အထင်းသား။ ကောင်လေးမှာဖြင့် သူနှင့်လိုက်ချင်ပုံလည်း မပေါ်ပါချေ။

"အေးကွ။ အားနာပေမဲ့ အဲ့လိုလုပ်ပေးမယ်ဆိုရင်တော့ ကောင်းသား"

"ဖေဖေကလည်း သားဘာသာပြန်ခဲ့လို့ရတယ်လေ"

"ဖေဖေကလည်း လုပ်မနေနဲ့။ မောင်ဇေယျာနဲ့ဆို ဖေဖေစိတ်ချတယ် လိုက်သွား။ အရမ်းမဂျစ်စမ်းနဲ့ မင်း။ ကဲ မောင်ဇေယျာရေ ... ဒါဆို ကျေးဇူးနော်၊ အိမ်မှာ မေကြီးကို မှာထားခဲ့မယ်။ အိမ်ထဲဆက်ဆက်ဝင်လိုက်ဦး။ အန်ကယ် သွားပြီ"

"ဟုတ်ကဲ့ အန်ကယ်"

ပြောချင်ရာပြောပြီး စိတ်ချလက်ချထွက်သွားသော အန်ကယ်။ ဇေယျာ့ကားနှင့် မလိုက်ချင်၍ မျက်နှာကြီးညိုနေသော ထိုကောင်လေး ခန့်ခန့်။ ဇေယျာ ကားတံခါးကိုဖွင့်ပေးကာ အသင့်ဝင်စေတော့ သူ့ကိုမကြည်သလိုကြည့်လေ၏။

သည်အကြည့်တွေကို ဟိန်းဇေယျာတစ်သက် စွဲလမ်းသွားလိမ့်မည်ဟုတော့ ထိုနေ့ကလုံးဝမထင်မှတ်ခဲ့ပါချေ။

(9/9/2020)

••••••••••••••••••••••••••••••••••••••••

<Zawgyi>

အဖ်ားႀကီးခဲ့ေသာ ခန႔္ခန႔္တစ္ေယာက္ သင္တန္းလည္းမသြားနိုင္ခဲ့သလို၊ ေက်ာင္းလည္းခ်က္ခ်င္း တက္ခြင့္မရေပ။ ဆူလည္းဆူ၊ ဂ႐ုစိုက္ဖို႔လည္း မေမ့ပါေသာေမြးသမိခင္က အိမ္တြင္းေအာင္း၍သာ ေနေစသည္။ သုံးရက္ၾကာတြင္ အဖ်ားေငြ႕ေငြ႕သာက်န္ခဲ့ေတာ့ေပမဲ့ နားပါဦးဆိုတာႏွင့္ နားရျပန္သည္။ ေက်ာင္းတြင္ Tutorial week ၿပီးသြားလို႔သာ ေတာ္ေသး၏။ စာေတြကေတာ့ ၿပီးမွသာ အတန္းထဲက မူယာတို႔အဖြဲ႕ကို အပူကပ္ရဦးမည္ပင္။

မနက္၉နာရီထိုးလုလုသာ ရွိေသးတာမို႔ အခန္းျပတင္းေပါက္က ျမင္ေနရေသာ အိမ္ေရွ႕လမ္းေလးတြင္ လူသူသြားလာမျပတ္ရွိေသးသည္။ ေက်ာင္းသြားသူကသြား၊ ႐ုံးတက္သူကတက္ႏွင့္ အမ်ားသူငွာအတြက္ေတာ့ ပုံမွန္လိုအလုပ္ရွုပ္ေနၾကေသာ မနက္ခင္းတစ္ခုသာ။ ခန႔္ခန႔္သာ ေက်ာင္းမသြားရေတာ့ လုပ္စရာသိပ္မရွိ။ ျပတင္းေပါက္ကေငးရတာလည္း ခဏႏွင့္ၿငီးေငြ႕လာသည္။ ႐ုံးဖြင့္ရက္မို႔ အိမ္မွာလည္း အဘြားႏွင့္ႀကီးႀကီးသာ က်န္ရစ္တာျဖစ္၏။ သည္ေတာ့လည္း အခန္းေအာင္းကာ သေဘာက်သည့္ဂိမ္းေတြကိုပဲ အမုန္းေဆာ့ေန႐ုံပင္။

သည္လိုႏွင့္ အခန္းတြင္ အက်အနဆင္ထားသည့္ PC ေရွ႕တြင္ငုတ္တုတ္ထိုင္ေဆာ့ရတာ ခန႔္ခန႔္ အႀကိဳက္ဆုံးအေနအထားျဖစ္သည္။ ေဆာ့ရင္းလည္း Mouse ကို အခါခါႏွိပ္ေနသည္က လက္ညႇိုးတစ္ေခ်ာင္းလုံး ထိုးေပါက္ဝင္ေတာ့မတတ္။ ဂိမ္းမ်ားေဆာ့ရမည္ဆိုလၽွင္ အဖ်ားေငြ႕ေငြ႕ဆိုတာလည္း ဟိုလြင့္သည္လြင့္ သြားေလာက္ေလၿပီ။

တီ .. တီ .. ။

ထိုအခိုက္ ေဘးခ်ထားေသာဖုန္းက ထျမည္လာေလ၏။ မ်က္ဝန္းေတြမွာ မအားမလပ္ၾကားက ေဘးကိုေစာင္းငဲ့ၾကည့္ရျပန္သည္။ ဟင္း .. သူ႔၏အရင္းႏွီးဆုံးသူငယ္ခ်င္း ခန႔္ကိုပင္။

"ေျပာ ဟိတ္ေကာင္"

ခန့္္ခန႔္ဖုန္းေျဖၿပီး Speaker ဖြင့္လိုက္ပုံက တစ္စကၠန႔္ေတာင္မၾကာလိုက္။ ၿပီးတာႏွင့္ မ်က္လုံးက ေဆာ့လက္စဂိမ္းကိုသာ အာ႐ုံျပန္စိုက္ထားသည္။

"ငါ့ေကာင္ ... အသံကေတာ့ ေနေကာင္းေပ်ာက္ပုံပါပဲ"

"အပိုေတြမေျပာနဲ႔၊ ဘာလို႔ဆက္တာလဲ။ မင္းအတန္းမသြားဘူးလား"

"သြားမလို႔ ခုမွထြက္လာတာဟ။ ဒုတိယခ်ိန္မွ စတက္မွာဆိုေတာ့ နည္းနည္းပ်င္းေနတာ၊ မင္းေနေကာင္းရင္ ဝင္ေခၚမလားလို႔ေလ"

ခန႔္ခန႔္လက္ေခ်ာင္းတို႔ ေခတၱရပ္တန႔္သြားသည္။ ေခါင္းကိုခဏေမာ့ကာ ေတြးေတာမိတာလည္း မတုံ႔မဆိုင္း။ သူ အိမ္မွာေနရတာပ်င္းေနၿပီပဲ၊ ေမေမမသိေအာင္ ေက်ာင္းလိုက္သြားရင္ ေကာင္းမလားမသိ။ လမ္းေရာက္မွ SMS ေလးပို႔လိုက္လၽွင္ တားလို႔လည္းျဖစ္ေတာ့တာမွ မဟုတ္ပါဘဲေလ။ သူ ခန႔္ကိုကားႏွင့္အတူမသြားရတာေတာင္ ၾကာေနေလၿပီ။

"ေအး လိုက္မယ္ကြာ၊ ဝင္ေခၚ"

"ၿပီးေရာ ၁၅မိနစ္အတြင္းေရာက္မယ္"

သည္လိုႏွင့္ ေဆာ့လက္စဂိမ္းကိုလက္စသတ္ၿပီး ခန႔္ခန႔္ ေရခ်ိဳးရသည္။ ျပန္ဖ်ားမည္စိုး၍ ခပ္ေႏြးေႏြးရွိေသာေရကိုသာ ကိုယ္ေပၚတင္ရေလ၏။ ေရခ်ိဳးၿပီးလို႔ လန္းလန္းဆန္းဆန္းျဖစ္ပါမွ ဝတ္ေနက်ေက်ာင္းယူနီေဖာင္းကို ေကာက္ဝတ္လိုက္တာ အက်အန။ ေသးေသးေကြးေကြးသူ႔ခႏၶာကိုယ္မွာ မွန္ေရွ႕တြင္ ကေလးမက၊ လူႀကီးမက် ပုံစံကေလးျဖစ္ေနသည္။ ရွပ္အျဖဴႏွင့္ ငွက္ခါးစိမ္းေရာင္ပုဆိုးက သူ႔ကိုပိုသပ္ရပ္သြားေစသည္ထင္၏။

"ဘာစားၿပီးၿပီလဲ"

အနက္ေရာင္ Crown ကားေပၚတက္တာႏွင့္ ခန႔္ကိုက သူ႔ကိုေစ့ေစ့စပ္စပ္ၾကည့္ကာ အေမးထုတ္သည္။

"ေကာ္ဖီနဲ႔ကိတ္"

"မင္း breakfast menu ႀကီးကလည္း ခံတြင္းခ်ဥ္လိုက္တာကြာ"

"ဒီရက္ပိုင္းေတာ့ေကၽြးတာပဲ စားရတာဟ။ ကိုယ့္အျပစ္နဲ႔ကိုယ္မို႔ မစားခ်င္ဘူးမေျပာရဲဘူး။ တကယ္ဆို နန္းႀကီးသုပ္စပ္စပ္ေလး စားခ်င္ေနတာ။ ကဲ .. ရၿပီ၊ Canteen တန္းေမာင္း"

"ၾကာသလားလို႔ ငါ့ေကာင္ရာ၊ ခါးပတ္သာျမဲျမဲပတ္ထား"

အျပင္စာမက္ၾကသည့္ ႏွစ္ေယာက္စလုံး တက္ႂကြေနၾကသည္မွာ အသံကေလးတစာစာႏွင့္။ တကယ္ဆိုအိမ္ေတြက မေကၽြးၾကတာလည္းမဟုတ္၊ ႏွစ္ေယာက္သား ထင္ရာစားရလို႔ကို ေပ်ာ္ေနၾကျခင္းျဖစ္သည္။ အလယ္တန္းကတည္းက ငယ္သူငယ္ခ်င္းေတြမို႔ အေမေတြခ်င္းလည္း ခင္ေနၾကေလၿပီ။ သူတို႔ကမူ တကၠသိုလ္ေရာက္သည္ထိ ႏွစ္ေယာက္ေပါင္းေလာင္းေက်ာ္ဆဲ။

"ဒါနဲ႔ မင္းေစာ္ေတာ့မပါဘူးမလား"

"မပါပါဘူးကြာ မင္းကလည္း၊ သူကပထမခ်ိန္ေတာင္ တက္ေနေလာက္ၿပီ"

"ၿပီးေရာ၊ မဟုတ္ရင္ မင္းကေစာ္ေရွ႕ဆို ျငဳတုတုနဲ႔။ ပလီပလာေတြ ျမင္ရတာစိတ္ကုန္တယ္"

သူ႔ေကာင္မေလးပါရင္ေတာ့ ခန္ခန့္လိုက္မထိုင္ခ်င္၍ တည့္တည့္သာေျပာလိုက္သည္။ ပန္းေလးႏွင့္သူကလည္း Aခန္းကခ်င္းတူတူမို႔ ခင္ၾကေပမဲ့ သည္ေကာင္ခ်စ္စကားေတြ မဟုတ္က၊ ဟုတ္က ေလၽွာက္ေျပာေနတာေတြကိုေတာ့ မၾကားခ်င္။ ဒါေတာင္ ခန႔္ကိုက Roll ေနာက္ေရာက္လို႔ အခန္းမတူေပလို႔သာေပါ့။ အတူမ်ားတစ္ခန္းထဲဆိုလၽွင္ စကားေတြနားရည္ဝေအာင္ ၾကားရ႐ုံမက မ်က္စိေနာက္ေအာင္ကဲေနဦးမွာပင္။

"ေစာ္မထားဖူးတဲ့ေကာင္ကေတာ့ ဒါမ်ိဳးေတြဘယ္ျမင္ခ်င္ပါ့မလဲ၊ ဝမ္းနည္းစရာႀကီးမလား ဟား"

"အံ့ဩစရာ၊ ငါလားဝမ္းနည္းမွာ"

"မင္း ေစာ္မထားဖူးလို႔ေနာ္။ သူတို႔ေလးေတြက သိပ္ခ်စ္စရာေကာင္းတာ၊ အသံေလးေတြဆို ခ်ိဳအီပစ္ေခြယိုင္လဲေနေရာ။ ထားစမ္းပါ ... ဘယ့္ႏွယ့္၊ ေက်ာင္းရဲ့ Prince ျဖစ္ၿပီး ႐ုပ္လည္းေခ်ာ၊ ေဘးမွာလည္း ဝိုင္းဝိုင္းလည္ပါလ်က္နဲ႔ ေစာ္မထားတာ နားကိုမလည္နိုင္ဘူး"

"မျဖစ္မေနထားမွကို ျဖစ္မဲ့ကိစၥလား ... ကဲ"

ခန႔္ခန႔္ စိတ္ရွည္မေနေတာ့ေပ။ ကားေနာက္ခုံေပၚ ေခါင္းမွီခ်လိုက္ရင္း ခပ္ျပတ္ျပတ္သာေျပာလိုက္သည္။ Prince ရေတာ့လည္း ဘာျဖစ္ေလသလဲ၊ သူ႔အတြက္ မိန္းကေလးေတြ ေပးထားသည့္နာမည္တစ္ခုထက္ ဘာမွပိုမေန။ တကယ္ဆို လူအာ႐ုံစိုက္ခံရတာကို ခန႔္ခန႔္ သိပ္သေဘာမက်လွေပ။ လုပ္သမၽွအရာရာကို လိုက္အေမးထုတ္ၾကမည္၊ စပ္စုၾကမည္။ မိန္းကေလးသူငယ္ခ်င္းနဲ႔မ်ား ရင္းရင္းႏွီးႏွီး တြဲသြားလၽွင္ ကြက္ၾကည့္, ကြက္ၾကည့္လုပ္ၾကျပန္သည္။ သူ ဒါေတြကို အေတာ္စိတ္ရွုပ္တာပင္။

"မင္းကသာ ထားမွျဖစ္မဲ့ကိစၥလားေမးေန၊ ဟိုေကာင္ ငKingျဖင့္ ေစာ္ေတြထားလိုက္တာမွ ရွုပ္ပြလို႔။ မင္းကိုေတာင္ ေစာ္မရွိဘူးလား ငါ့ကိုေမးေသးတယ္"

"သူ႔အေရးလား"

"မသိဘူးေလ။ အဲေကာင္က မင္းဆိုလိုက္ၿပိဳင္ေနသလိုပဲ၊ ေစာ္ရွိလားပဲ ခဏခဏေမးေနတာ။ ငါေတာင္ မင္းအစားေျဖရတာ ေအာက္လာၿပီ။ သူ႔ထက္မ်ားေအာင္ ထားျပၿပီး မင္းကပိုေခ်ာေၾကာင္း သက္ေသျပလိုက္"

ခန႔္ကိုကေတာ့ ေပါ့ျပက္ျပက္ေျပာေနသည္။ သူကေတာ့ ဒါကိုဟာသလို႔ကိုမထင္။ စိတ္ရွုပ္စရာလို႔ပဲ ျမင္သည္။ ဘယ္ဘဝက အျငႇိုးႏွင့္မွန္းမသိ၊ လူကိုဆို သိပ္ၿပိဳင္ခ်င္သည္။ တစ္ေန႔ကလည္း သူလိုက္ေနသည့္အမႀကီးႏွင့္ ကိုယ္ကဘာေတြလဲတဲ့ေလ။ MCPA Quiz အတြက္ တိုင္ပင္စရာေတြရွိလို႔ Canteen အတူတူထိုင္မိတဲ့အမႏွင့္လည္း အထင္လြဲၿပီး လာရန္စတတ္ေသးသည္။ ဒါမို႔ ငKing ကိုဆို မ်က္ႏွာခ်င္းမဆိုင္တာမ်ားတာပင္။ ခန႔္ကိုႏွင့္ Cခန္းမွာအတူတူမို႔ သူ႔သတင္းကိုသာ သဲ့သဲ့ၾကားေနရတာျဖစ္၏။ မဟုတ္လၽွင္ အာ႐ုံေနာက္စရာေကာင္အေၾကာင္း သိကိုမသိခ်င္။

"႐ူးလို႔လုပ္ရမွာလား။ အဲေကာင္အေၾကာင္း မေျပာစမ္းနဲ႔"

ခန႔္ကို၏ရယ္က်ဲက်ဲအသံႏွင့္အတူ ကားအနက္ေရာင္ေလးမွာ တလြင့္လြင့္။

........................

ေဆာင္းေန႔ရက္တို႔က လ်င္ျမန္စြာ ကုန္ဆုံးေနသေယာင္ ထင္ရသည္။ ေက်ာင္းတက္ရက္ေတြၿပီးလၽွင္ သင္တန္းတက္ရက္ေတြက တစ္လွည့္လာတာ ျမန္ဆန္သလို ခံစားရ၏။ ပိတ္ရက္အတြက္ ပုံမွန္လိုသူငယ္ခ်င္းေတြ အျပင္ထြက္အခ်ိန္ျဖဳန္းတာမ်ိဳး သိပ္လုပ္လို႔မရေတာ့။ ဒါေတာင္ ခန႔္ခန႔္ က်ဴရွင္မယူထား၍ ဂိမ္းေဆာ့ခ်ိန္ပိုထြက္လာတာလို႔ ေျပာရမည္။

က်ဴရွင္ယူလည္း ေငြအပိုကုန္႐ုံသာရွိသည္။ ေက်ာင္းက က်ဴရွင္မလိုေအာင္ သင္ေပးၿပီးသားမို႔ အထူးအေထြစိတ္ပူေနစရာမလိုေပ။ စာအဆက္မျပတ္ေအာင္လုပ္ၿပီး နားမလည္လၽွင္ အခ်င္းခ်င္းရွင္းျပခိုင္းလို႔ရသည္။ သူတို႔Aခန္းဆိုတာ ဆရာမႀကီးေတြမဟုတ္ေသာ ဆရာမႀကီးတစ္သိုက္ စုေနၾကသည့္ရပ္ဝန္းပင္မလား။ ေယာက္်ားေလးဆိုလို႔ လက္ႏွစ္ဖက္စာေတာင္မျပည့္သည့္ အခန္းထဲတြင္ ခန႔္ခန႔္လည္း Roll ေကာင္းေအာင္ေတာ့ စာေသခ်ာလုပ္ရေသး၏။

ေရခ်ိဳး၊ မနက္စာစားၿပီးကတည္းက သင္တန္းသြားဖို႔ ဝတၱရားရွိသည့္အတိုင္းသာ ျပင္ဆင္ေနရသည္။ စိတ္ႏွလုံးကေတာ့ သိပ္ရႊင္ျပဳံးမေန။ အရင္အပတ္ကလည္း တစ္ခ်ိန္ပ်က္ထားတာမို႔ Assignment ေတာင္ ဘယ္လိုထပ္ရဦးမည္မသိ။ ထပ္မ်ားေပးထားလၽွင္ သူေတာ့ေၾကာင္အမ္းအမ္းႀကီး ျဖစ္ေနေခ်ဦးမည္။ ပုံမွန္လို သူငယ္ခ်င္းမရွိသည့္အတန္းမို႔ သူ႔အတြက္ေတာ့ သြားတက္ရမွာေတာင္ အားငယ္သလိုလို၊ ဝန္ေလးသလိုလို။

မသြားခင္ ကိုယ္လုံးေပၚသည့္မွန္တြင္ သူ႔ကိုယ္သူ ေခါင္းအစ၊ ေျခအဆုံးျပန္ၾကည့္လိုက္ေသး၏။ အနက္ေရာင္ Hoodie ႏွင့္ ဂ်င္းေဘာင္းဘီအရွည္က ေဆာင္းရာသီအတြက္ သူဝတ္ေနက်စတိုင္လ္ေတြထဲက တစ္ခုပင္။ ဘတ္စ္သာစီးခ်င္စီးမည္၊ ခန႔္ခန႔္တို႔က စတိုင္လ္ႏွင့္ပတ္သက္ရင္ေတာ့ လုံးဝအပြန္းအပဲ့မခံ။ ကိုယ့္ပုံပန္းႏွင့္လိုက္မည့္ အဝတ္အစားကိုေတာ့ က်က်နနေရြးဝတ္တတ္သည္။ ကိုယ့္ကိုယ္ကိုယ္ ခပ္လန္းလန္းဝတ္ဆင္ထားမွလည္း လမ္းေလၽွာက္ရတာကအစ ယုံၾကည္မွုအျပည့္အဝႏွင့္။

အဝတ္အစား က်က်နနဝတ္ျခင္းသည္ အမ်ားႀကိဳက္ေအာင္ျပဳမူတာထက္ ကိုယ္တိုင္ယုံၾကည္မွုျပည့္ဝေနဖို႔က အေရးႀကီးသည္ဟု ခန့္ခန့္က လက္ကိုင္ထားတာပင္။ ခန့္ကိုကေတာ့ သူ႔ကိုေယာက်္ားျဖစ္ၿပိး အလွႀကိဳက္လြန္းသတဲ့။ ခန့္ခန့္ ဂ႐ုမစိုက္ပါေလ။

သည္လိုႏွင့္ အတန္းသြားတတ္ရန္ အေပၚထပ္မွ ေလးတြဲ႕စြာဆင္းလာခဲ့သည္။ ႐ုံးပိတ္ရက္မို႔ ေအာက္ထပ္ဧည့္ခန္းတြင္ လူႀကီးေတြ စုံစုံလင္လင္ရွိေနၾကပုံပင္။ ေလွကားမွသည္ တစ္ထစ္ခ်င္းဆင္းေတာ့ ေဖေဖက လက္ေဝွ႕ပြဲကို အားရပါးရထိုင္ၾကည့္ေနသည္။ ေမေမကျဖင့္ စားပြဲတြင္ ဘာေတြထိုင္ေရးေနသည္မသိ။

"ေမေမ သားသြားေတာ့မယ္"

"ေအး သြားေတာ့မွာလား၊ သား ေနဦး။ ေဖႀကီး ထ၊ ရွင္အားေနတာပဲ ... သားကို ေက်ာင္းလိုက္ပို႔လိုက္၊ အျပန္လည္းႀကိဳရမွာေနာ္။ ဟိုတစ္ခါလို ဘတ္စ္စီးျပန္လာရင္ မိုးမိေနမယ္။ ခုကေဆာင္းဦးသာဆိုတယ္၊ ေန႔တိုင္း မိုးကတေျဖာက္ေျဖာက္နဲ႔"

လက္ေဝွ႕ပြဲကို စိတ္ဝင္စားစြာၾကည့္ေနသည့္ ဦးမင္းဟန္မွာမူ စိတ္မရွည္ေသာေလသံျဖင့္၊

"အဲလိုတူတူ မင္းရဲ့သားကို ကားေပးလိုက္ေပါ့ကြာ၊ ငါလည္းသြားရျပန္ရ အလုပ္မရွုပ္ေတာ့ဘူး"

"အင္းေလ ဟုတ္သားပဲ။ သားယာဥ္ေမာင္းလိုင္စင္ေတာင္ ရၿပီးၿပီ၊ ခုထိလည္း ေပးမေမာင္းဘူး"

ေဒၚမိမိနိုင္ ကားမေပးမွန္းသိေသာ္လည္း ခန႔္ခန႔္က အခြင့္သာတုန္း ဝင္ေျပာလိုက္သည္။ သူကားလိုခ်င္တာ တစ္ပိုင္းကိုေသလို႔ဆိုတာ ေမေမေကာင္းေကာင္းသိသည္။ သည္လို႐ုံးပိတ္ရက္ဆို အပိုတစ္စီးလည္းရွိပါလ်က္ႏွင့္ကို သက္သက္ညစ္၍ ေပးမေမာင္းျခင္းပင္။

"အမေလး စိတ္မခ်ပါဘူး။ ေမေမတို႔မပါဘဲ ကားမေမာင္းေစခ်င္ဘူး။ Taxiသမားေတြက တအားတိုးတာ၊ ၿငိလာမွျဖင့္ ျပႆနာေတြရွုပ္ကုန္ပါ့မယ္"

"ကဲပါ ... ေဟာဒီက ေမာင္ေတာ္ႀကီးပဲ လိုက္ပို႔လိုက္ပါမယ္ ႏွမေတာ္ရဲ့၊ ဟုတ္ၿပီလား"

"ၿပီးေရာ"

ခပ္ရြဲ႕ရြဲ႕ေျပာေသာေဖေဖ့ကို ေမေမက မ်က္ေစာင္းေလးပါထိုးလိုက္သည္မို႔ အားလုံးခပ္တုံ႔တုံ႔ ရယ္မိၾကျပန္သည္။ ေမေမဆိုတာ သည္လိုပဲ တစ္အိမ္လုံးကို အာဏာတည္နိုင္သည့္သူမလား။

.......................

စေနေန႔အတန္းတြင္ ဟိန္းေဇယ်ာတစ္ေယာက္ တစ္ဖြဲ႕တည္းအတူျဖစ္သူ ကိုမိုးထက္ႏွင့္ စကားလက္ဆုံက်ေနသည္။ အခ်ိန္ေစာေသးတာမို႔ အေရွ႕၊ အေနာက္မ်က္ႏွာခ်င္းဆိုင္ကာ ေျပာေနျဖစ္ၾကသည္က ကိုယ္စီအလုပ္အကိုင္ေၾကာင္းေတြပင္။ အာမခံလုပ္ငန္းတစ္ခုတြင္ မန္ေနဂ်ာအျဖစ္လုပ္ကိုင္ေနသူက သူ႔ထက္တစ္ႏွစ္သာငယ္ေလ၏။ သို႔ေပမဲ့ ေလးစားသမွုႏွင့္ ကိုမိုးထက္ဟုသာ ေခၚျဖစ္ေလသည္။

"အာမခံလုပ္ငန္းဆိုေတာ့ စကားေျပာရတာေတြ၊ စစ္ေဆးရတာေတြေတာ့ ေခါင္းခဲစရာပဲေနမယ္ေနာ္ ကိုမိုးထက္"

"အမွန္ပဲဗ်ာ၊ ျပႆနာေပါင္းေသာင္းေျခာက္ေထာင္ေပါ့။ ဒါမို႔ကိုယ္ပိုင္စီးပြါးေရးေလး ေျပာင္းလုပ္မလားဆိုၿပီး ဒီအတန္းလာတက္တာ"

"အင္း ေကာင္းပါတယ္။ ကၽြန္ေတာ္လည္း ကိုမိုးထက္ေျပာျပေတာ့ ေသခ်ာသိရတယ္၊ ကားအာမခံထားဦးမွပဲ"

"လိုတာရွိေျပာေနာ္ ကိုေဇယ်ာ၊ ကၽြန္ေတာ္ အတတ္နိုင္ဆုံး ကူညီေပးမယ္"

ကၽြီ!

စကားေကာင္းေနခိုက္ ေဘးကထိုင္ခုံကိုဆြဲဝင္လာသံပင္။ ႏွစ္ေယာက္သားလွည့္ၾကည့္ၾကေတာ့ ခ်ာတိတ္ျဖစ္ေနေလ၏။

"ေဟာ ... စိုင္းမင္းခန႔္ေတာင္ ေရာက္လာၿပီပဲ"

"ဟုတ္"

ကိုမိုးထက္က အေရးတယူႏွုတ္ဆက္လိုက္ေသာ္လည္း ေဇယ်ာကေတာ့ မႏွုတ္ဆက္မိ။ စိတ္ထဲတြင္သာ သည္ေန႔ေတာ့အတန္းလာတက္သားဟု ေတြးမိ႐ုံပင္။ ဟိုတစ္ပတ္ကကိစၥကို သိပ္ၾကည္ေသးတာလည္း မဟုတ္ေခ်။ ဒါေပသိ ကိုယ္ကလူႀကီးမို႔ ျဖည့္ေတြးေပးဖို႔သာ ရွိပါ၏။ သူလည္း သူစိမ္းကားေပၚ မလိုက္ခ်င္သည့္အေၾကာင္းျပခ်က္ေတြ ရွိခ်င္ရွိေနပါလိမ့္မည္။

ထိုေကာင္ေလးဝင္လာေတာ့ ကိုမိုးထက္ႏွင့္ စကားစျပတ္သြားသည္။ ေရွ႕ျပန္လွည့္သြားသူကို အာ႐ုံမရေတာ့ဘဲ ေဇယ်ာ ေဘးကိုသာမသိမသာ ေငးေနလိုက္မိ၏။ အေၾကာင္းမွာမူ ထိုေကာင္ေလးဝတ္စားလာသည့္ ပုံစံေၾကာင့္ပင္။ ဝတ္ထားသည့္ Hoddie အနက္ႏွင့္ ရွူးဖိနပ္က Nike မွန္းထင္းေနေအာင္ ျမင္သာသည္။ ဂ်င္းေဘာင္းဘီ အျပာလြင့္လြင့္ကလည္း သူဝတ္ထားသည္ႏွင့္ လိုက္ဖက္စြာ။ ဘာပဲေျပာေျပာ သည္ေကာင္ေလးက ေခတ္လူငယ္ပီပီ ဝတ္တတ္စားတတ္ပင္။ အသိုင္းအဝိုင္းေကာင္းေကာင္းတစ္ခုက ျဖစ္ပုံရမည္ကိုလည္း ေဇယ်ာတြက္ခ်က္မိၿပီးျဖစ္သည္။

ထိုအခိုက္ သူ႔ဆီလွည့္ၾကည့္လာေသာ အူေၾကာင္ၾကားေကာင္ေလး။ မ်က္ေခ်ာင္က်သေယာင္ႏွင့္ ပါးမို႔မို႔ကလည္း အရင္အပတ္ေတြေလာက္ မို႔ေဖာင္းေဖာင္းမရွိေတာ့တာ ေဇယ်ာ ဘာရယ္မဟုတ္၊ ခ်က္ခ်င္းသတိထားမိလိုက္သည္။

"ဘာလဲ"

မသိမသာအကဲခတ္ရင္းက သိသာသြားေလေတာ့ 'ဘာလဲ' တဲ့ေလ။ ေဇယ်ာေခါင္းခါၿပီးသာ စာအုပ္ကို တစ္ရြက္ၿပီးတစ္ရြက္ လွန္လိုက္ေတာ့၏။ ခဏအၾကာတြင္ ဆရာလည္း ဝင္လာေလၿပီ။

"ကဲ ကၽြန္ေတာ္တို႔ ဒီတစ္ပတ္ Assignment မလုပ္ဘဲ Group work ေလး စလုပ္ၾကရေအာင္"

စာသင္ၿပီး တစ္နာရီနီးပါးအၾကာတြင္ ဆရာေျပာလာျခင္းျဖစ္သည္။ အဖြဲ႕လိုက္လုပ္ရမည့္ကိစၥဆိုေတာ့ ခ်ာတိတ္ႏွင့္သူ မတိုင္ပင္ဘဲ မ်က္လုံးခ်င္းဆုံသြားေသး၏။ သို႔ေသာ္ တစ္စကၠန့္ပင္မၾကာေသာအခ်ိန္အတြင္း ဆရာ့ဆီ ျပန္ၾကည့္မိၾကတာ အလ်င္အျမန္။

"အခု ကၽြန္ေတာ္ေျပာျပလိုက္တဲ့ Business Plan ရဲ့လုပ္ငန္းစဥ္အဆင့္ဆင့္ကို အျပင္လက္ေတြ႕လုပ္ငန္းတစ္ခုစလုပ္ဖို႔ဆို ဘယ္လိုအစီအစဥ္ေတြခ်မလဲ ခင္ဗ်ားတို႔ဆီက Idea ေတြလိုခ်င္တယ္။ အဲဒီေတာ့ အဖြဲ႕ေတြအလိုက္ ကိုယ္လုပ္ခ်င္တဲ့ Business တစ္ခုကို တိုင္ပင္ၾကည့္ပါ၊ ၿပီးရင္ ခုသင္လိုက္တဲ့ လုပ္ငန္းစဥ္ေတြအတိုင္းေတြအတိုင္း Budget ကအစ ေနာက္ဆုံးအျမတ္ရနိုင္ေျခအထိ အေသးစိတ္ Plan ခ်ေပးပါ"

ဆရာေျပာသည္ကို အားလုံးက စိတ္လွုပ္ရွားစြာ နားစိုက္ေထာင္ေနၾကဆဲျဖစ္၏။ ေဇယ်ာလည္း ဘာလုပ္ရမည္ဆိုတာကို တစ္ခါတည္းလိုက္ေတြးေတာေနရသည္။

"ကၽြန္ေတာ္ ဒါကို ၿပိဳင္ပြဲေလးတစ္ခုအေနနဲ႔ လုပ္ေပးခ်င္တယ္။ အဲဒီေတာ့ ခင္ဗ်ားတို႔အဖြဲ႕ေတြတင္လာမဲ့ Business plan ထဲမွာမွ ပိုင္း အေသးစိတ္အက်ဆုံး၊ သင့္ေလ်ာ္တဲ့ ေငြေၾကးအေနအထားနဲ႔ အျမတ္ျပန္ရနိုင္ႏွုန္း၊ ေနာက္ဆုံးတစ္ခု လက္ေတြေလာကနဲ႔ အနီးစပ္ဆုံး၊ ယုတၱိအရွိဆုံးေပါ့ဗ်ာ ... အဲလိုအဖြဲ႕ကို ကၽြန္ေတာ္ေရြးၿပီး ဆုေလးေတြေပးမယ္၊ ေက်နပ္ၾကပါရဲ့လားဗ်ာ"

"ေက်နပ္ပါတယ္"

ဆုဆိုတာႏွင့္ အားလုံးမ်က္ႏွာေလးေတြက ရႊင္လာၾကသည္။ လုပ္ရမွာခ်င္းအတူတူေတာ့ အၿပိဳင္အဆိုင္ ဆုေလးမွန္းရမည္ဆိုေတာ့ ရင္ခုန္စရာပဲမလား။ ပ်င္းစရာေကာင္းနိုင္မည့္ Business plan တစ္ခုကို မက္လုံးေပးလုပ္ခိုင္းသည့္ဆရာမွာ တကယ္လည္းေတာ္ပါေပသည္။

"ဟုတ္ၿပီ၊ ဒါဆိုအလုပ္ေတြလည္း လုပ္ေနရတဲ့သူေတြဆိုေတာ့ တစ္စုတစ္စည္း လုပ္နိုင္ဖို႔က ခက္ခဲၾကမယ္ဆိုတာ နားလည္ပါတယ္။ ဒါမို႔ အခ်ိန္၃ပတ္ေပးလိုက္မယ္ေနာ္။ Presentation လုပ္ဖို႔ PowerPoint ေတြပါ တစ္ခါတည္း ျပင္ထားေပးၾကပါ။ ကဲ ဒီေန႔ေတာ့ဒီေလာက္ပဲ၊ ကၽြန္ေတာ္သြားစရာေလး ရွိေသးလို႔"

"ေက်းဇူးပါ ဆရာ"

ဆရာထြက္သြားၿပီးေနာက္ အသံေတြဆူညံလာသည္။ အဖြဲ႕လိုက္ဆိုေတာ့လည္း တိုင္ပင္ရမွာေတြ အေတာ္မ်ားသကိုး။ ေဇယ်ာ နံေဘးကခ်ာတိတ္ကိုၾကည့္ေတာ့ မ်က္ႏွာႀကီးလက္ဖဝါးႏွင့္အုပ္ကာ စိတ္ရွုပ္ေနသည္လားမသိ။ ကြန္ပ်ဴတာေက်ာင္းသားႀကီးကေတာ့ ဟုတ္ေနၿပီဟုသာ စိတ္ထဲစေနာက္မိေသးသည္။

"ကဲ တို႔ေတြဘာလုပ္ၾကမလဲ။ ဒီမွာပဲတိုင္ပင္ၾကမလား၊ တစ္ဆိုင္ဆိုင္သြားၾကမလား"

အဖြဲ႕ထဲကမိန္းကေလးႏွစ္ေယာက္ကေတာ့ တက္ႂကြသည္။ ဆရာထြက္သြားတာႏွင့္ သူတို႔သုံးေယာက္ဆီ လာတိုင္ပင္ေတာ့တာျဖစ္၏။

"ၾကာေလာက္မယ္ထင္တယ္ အျပင္ပဲသြားၾကရေအာင္ပါ"

ကိုမိုးထက္ေျပာသည္ကို အားလုံးကမကန့္ကြက္။

"ဟုတ္၊ ေကာင္းသားပဲ ဒီေရွ႕နားက Cafeteria ဆိုရင္ေရာ"

"အင္း ရတယ္ေလ၊ အဲဒါဆို ညီမတို႔လိုက္ခဲ့မယ္"

အားလုံးဆုံမည့္ေနရာ သတ္မွတ္ၿပီးခ်ိန္တြင္ေတာ့ အတန္းျပင္ထြက္ခဲ့ၾကသည္။ ခ်ာတိတ္ကေတာ့ ဆရာမတစ္ေယာက္ႏွင့္ စကားေျပာက်န္ေနခဲ့တာ ေဇယ်ာ လွစ္ခနဲျမင္လိုက္သည္။ သူ႔အေရးလည္းသိပ္မဟုတ္ေတာ့ ေဇယ်ာ ကားထားရာဆီကိုသာ ဦးတည္လာခဲ့၏။ Cafeteria က တစ္ပြိဳင့္ေက်ာ္လၽွင္ေရာက္တာမို႔ သိပ္ေတာ့ေလာစရာမလို။ ေခါင္းထဲတြင္သာ Business plan အတြက္ အေတြးမ်ားကာ ေလၽွာက္လွမ္းေနဆဲ၊

"ေဟး ေမာင္ေဇယ်ာ ... ဒီမွာသင္တန္းတက္ေနတာလားကြ"

သင္တန္းေရွ႕က ေခၚသံၾကား၍လွည့္ၾကည့္ေတာ့ သူတို႔႐ုံးကအပ္ေနက်ျဖစ္သည့္ Software Company က အန္ကယ္ဦးမင္းဟန္ပင္။

"ဪ အန္ကယ္၊ ဟုတ္တယ္ဗ်။ အခုပဲဆင္းတာ"

"ေအး အန္ကယ္က သားကိုလာႀကိဳတာကြ။ ေမာင္ေဇယ်ာလည္း သားနဲ႔တစ္တန္းတည္းမ်ား ျဖစ္ေနမလား။ အန္ကယ္သားက စိုင္းမင္းခန့္တဲ့သိလား"

ဟိုက္!

အသံမထြက္မိဘဲ ျဖစ္ေပၚလာေသာ ရင္တြင္းအာေမဍိတ္ပင္။ အန္ကယ္က ဟိုေကာင္ေလးအေဖတဲ့လား ... တယ္လည္းတိုက္ဆိုင္ပါဘိ။ ခုလိုေသခ်ာၾကည့္မွ အႏွီေကာင္ေလးက အန္ကယ္နဲ႔ မ်က္ႏွာက်ေတြ အနည္းငယ္ေတာ့ဆင္ပါ၏။ သည္လိုဆိုေတာ့ ပထမဆုံးေန႔က သူ ေကာင္ေလးကို ဆူမိလိုက္တာ နည္းနည္းေနာင္တရခ်င္ခ်င္။ အန္ကယ္ဦးမင္းဟန္ သေဘာေကာင္းလြန္းတာမို႔ မ်က္ႏွာပူပူႏွင့္ ျပန္အားနာမိသည့္အျဖစ္။

"သိတယ္ဗ် အန္ကယ္။ ကၽြန္ေတာ္နဲ႔ ေဘးခ်င္းကပ္လ်က္ထိုင္တာ။ ခုေတာင္ သူ Assignment ထပ္ေနခဲ့တာထင္တယ္"

"ဟုတ္လား သင္တန္းမွာမင္းရွိေတာ့ ဟန္က်တာေပါ့ကြာ။ အန္ကယ္သားကို ေစာင့္ေရွာက္ေပးပါဦး။ ငယ္ေသးေတာ့ တဇြတ္ထိုးနဲ႔ ဆိုးခ်င္တယ္၊ ေနထိုင္မေကာင္းကလည္း ျဖစ္တတ္လြန္းလို႔။ ဟိုတစ္ေန႔ကမွ ေဆး႐ုံကဆင္းထားရတာ"

"ေဟာဗ်ာ! ဘာျဖစ္လို႔လဲ အန္ကယ္"

ေဇယ်ာ တကယ္စိတ္ပူ၍ ေမးလိုက္ျခင္းပါ။ စာမသင္ခင္ကပဲ ေကာင္ေလးကိုၾကည့္ၿပီး မ်က္ႏွာေခ်ာင္သြားတယ္လို႔ ေတြးလိုက္မိတယ္မလား။ သူ႔ပုံစံေလး ေသးေသးေကြးေကြးနဲ႔ ေဆး႐ုံတက္ရတယ္ဆိုေတာ့ ေတာ္ေတာ္မ်ားဆိုးေလသလားမသိ။

"အရင္ပတ္စေနက ဒီကအျပန္ မိုးေတြမိၿပီး အဖ်ားႀကီးတာေလ။ ငယ္ငယ္ထဲက ကိုယ္ခံအားမေကာင္းေတာ့ ေဆး႐ုံပါတက္ယူလိုက္ရတယ္ .. ေမာင္ေဇယ်ာေရ"

ကားေတြတဝီဝီျဖတ္သြားေနသည့္ၾကားက အန္ကယ္အသံႏြမ္းႏြမ္းေၾကာင့္ ေဇယ်ာ စိတ္မေကာင္းေတာ့ျဖစ္ရသည္။ မိုးမိမွာစိုးလို႔ သူလိုက္ပို႔ပါမယ္ ေခၚခဲ့တဲ့ေန႔က။ ဒါဆိုအဲဒီေနာက္ေန႔ အတန္းမလာျခင္းက အျပင္းဖ်ားေနလို႔ေပါ့။ က်စ္! သူကေတာ့ စာမလုပ္ခ်င္သည့္ ကေလကေခ်ေလးလို႔တြက္ ၿပီး ျငဴစူလိုက္ေသးတာ။ တစ္ခါအျမင္မၾကည္လၽွင္ ေနာက္လည္းမေကာင္းဟု ထင္ရာဆြဲေတြးတတ္သည့္ အက်င့္လည္း ေဇယ်ာ ျပင္ရေခ်ဦးမည္။

"အဲေန႔က သူမိုးေရထဲေျပးေနတာေတြ႕လို႔ ကၽြန္ေတာ္အိမ္လိုက္ပို႔ေပးမယ္ဆိုၿပီး ေခၚပါေသးတယ္။ သူကရတယ္၊ ရတယ္ဆိုၿပီး ဇြတ္ေျပးသြားတာ အန္ကယ္ေရ"

"အဲဒါသာၾကည့္ .. သူကမာနခဲ။ ေဟာ .. ေပးလိုက္တဲ့မုန့္ဖိုးအကုန္ iTunes ထဲထည့္ပစ္သတဲ့ေလ၊ Taxi ခေတာင္မခ်န္ဘူး။ အျပန္က် သူ႔ေမဆူမွာေၾကာက္ၿပီး မိုးရြာႀကီးထဲ ဘတ္စ္စီးျပန္လာတာ၊ အိမ္ေရာက္ေတာ့ႂကြက္စုတ္ျဖစ္ၿပီး ဖ်ားေတာ့တာပဲကြာ"

အန္ကယ္က သားျဖစ္သူအေၾကာင္း ရယ္ရယ္ေမာေမာနဲ႔သာ ရွင္းျပေနပါသည္။ သူ႔မွာေတာ့ စိတ္မေကာင္း။ အဲေန႔က သူသာ အတင္းဆင္းေခၚလိုက္ရင္ ခ်ာတိတ္ပါလာမွာပဲမလား။ ဒါဆိုမာနခဲေလး ေဆး႐ုံတက္စရာေတာင္ လိုမွာမဟုတ္ဘူးဟု ေတြးဆေနမိသည္။ မဆီမဆိုင္ပါပဲ ... ေကာင္ေလးေဆး႐ုံတက္ရသည္ကို ေဇယ်ာ အျပစ္တစ္ခုသဖြယ္ မတင္မက် ခံစားေနရ၏။

"ေဖေဖ"

ေနာက္မွေရာက္လာေသာ ခန႔္ခန႔္က သူတို႔ႏွစ္ဦးၾကည့္ကာ ေၾကာင္ေတာင္ေတာင္ႏွင့္။

"သား လာၿပီလား။ ဒီကေမာင္ေဇယ်ာနဲ႔ ေဘးခ်င္းကပ္လ်က္ထိုင္တာဆို။ သားကမသိလို႔၊ ဟိုတစ္ေလာက ေဖေဖနဲ႔လိုက္ခဲ့တဲ့ Global Star ကို မွတ္မိလား။ အဲ့ဒါ ေမာင္ေဇယ်ာတို႔ပိုင္တာေလ"

"အင္း သိသားပဲ"

ေဇယ်ာေရာ၊ ဦးမင္းဟန္ပါ မ်က္ခုံးေတြအပင့္သား။ အင္းေလ ... ပထမဆုံးေန႔ မိတ္ဆက္ကတည္းက လုပ္ငန္းနာမည္ထည့္ေျပာထားတာဆိုေတာ့ သိေကာင္းသိနိုင္ပါလိိမ့္မည္။ သူ႔ကိုလည္း ပထမဆုံးေန႔ကတည္းက ဆူလိုက္ေတာ့ အန္ကယ္သားဆိုၿပီး မိတ္ဆက္ခ်င္ေနမွမဟုတ္ေခ်။

"ေဟာဗ်ာ၊ အဲ့ဒါသာၾကည့္ေတာ့ ေမာင္ေဇယ်ာေရ။ သိလ်က္သားနဲ႔ အေဖကို ဘာမွျပန္ေျပာမျပဘူး။ လူဆိုးေကာင္"

ဦမင္းဟန္ႏွင့္အတူ မပြင့္တပြင့္လိုက္ျပဳံးမိေပနဲ႔ ခ်ာတိတ္ကေတာ့ အျပဳံးအရယ္မရွိ၊ သူ႔ကိုခပ္စိမ္းစိမ္းသာၾကည့္ေနသည္။

"ေဖေဖ သားက ခုျပန္လို႔မရေသးဘူး။ ဒီလူႀကီးတို႔နဲ႔အဖြဲ႕လိုက္ Business Plan ဆိုလား အဲ့ဒါေဆြးေႏြးရဦးမွာတဲ့၊ ၾကာမွာလားမသိဘူး။ ေဖေဖ ဘယ္လိုလုပ္မလဲ၊ ျပန္ႏွင့္မလား"

"ေဟ ဟုတ္လား၊ ေဂါက္ကြင္းသြားမဲ့အခ်ိန္နဲ႔ တိုက္ကုန္ေတာ့မယ္ထင္တယ္"

ဦးမင္းဟန္ ခပ္ေတြေတြျဖစ္သြားေတာ့ ေဇယ်ာ ၾကားျဖတ္ဝင္ေျပာရန္ ျပင္သည္။ ေကာင္ေလးကို ဆူခဲ့မိသည့္အေပၚ မတင္မက်ျဖစ္ေနေသာစိတ္အား တစ္ခါတည္းအျပတ္ျဖတ္လိုက္ခ်င္တာမို႔၊

"ကၽြန္ေတာ္ေခၚသြားၿပီး အျပန္လည္းလိုက္ပို႔ေပးလိုက္မယ္ အန္ကယ္။ ေတြ႕မွာကဒီေရွ႕တင္ဆိုေတာ့ မေဝးပါဘူး။ ကၽြန္ေတာ္လည္း အန္ကယ္တို႔အိမ္ ေရာက္ဖူးတာေပါ့"

ဦးမင္းဟန္အဖို႔လည္း ေဇယ်ာ့စကားၾကားမွ ဟန္က်လိုက္ေလျခင္းဟူေသာအျပဳံးက မ်က္ႏွာထက္ဝယ္အထင္းသား။ ေကာင္ေလးမွာျဖင့္ သူႏွင့္လိုက္ခ်င္ပုံလည္း မေပၚပါေခ်။

"ေအးကြ။ အားနာေပမဲ့ အဲ့လိုလုပ္ေပးမယ္ဆိုရင္ေတာ့ ေကာင္းသား"

"ေဖေဖကလည္း သားဘာသာျပန္ခဲ့လို႔ရတယ္ေလ"

"ေဖေဖကလည္း လုပ္မေနနဲ႔။ ေမာင္ေဇယ်ာနဲ႔ဆို ေဖေဖစိတ္ခ်တယ္ လိုက္သြား။ အရမ္းမဂ်စ္စမ္းနဲ႔ မင္း။ ကဲ ေမာင္ေဇယ်ာေရ ... ဒါဆို ေက်းဇူးေနာ္၊ အိမ္မွာ ေမႀကီးကို မွာထားခဲ့မယ္။ အိမ္ထဲဆက္ဆက္ဝင္လိုက္ဦး။ အန္ကယ္ သြားၿပီ"

"ဟုတ္ကဲ့ အန္ကယ္"

ေျပာခ်င္ရာေျပာၿပီး စိတ္ခ်လက္ခ်ထြက္သြားေသာ အန္ကယ္။ ေဇယ်ာ့ကားႏွင့္ မလိုက္ခ်င္၍ မ်က္ႏွာႀကီးညိဳေနေသာ ထိုေကာင္ေလး ခန႔္ခန႔္။ ေဇယ်ာ ကားတံခါးကိုဖြင့္ေပးကာ အသင့္ဝင္ေစေတာ့ သူ႔ကိုမၾကည္သလိုၾကည့္ေလ၏။

သည္အၾကည့္ေတြကို ဟိန္းေဇယ်ာတစ္သက္ စြဲလမ္းသြားလိမ့္မည္ဟုေတာ့ ထိုေန႔ကလုံးဝမထင္မွတ္ခဲ့ပါေခ်။

(9/9/2020)

••••••••••••••••••••••••••••••••••••••••

Bạn đang đọc truyện trên: Truyen3h.Co