Part - 41
<Unicode>
ဇေယျာတို့၏ဟိုတယ်ဖွင့်ပွဲက တစ်နေ့ထက်တစ်နေ့ နီးကပ်လာသည်။ ပူးပေါင်းလုပ်သည့်ပရောဂျက်လည်း ဖြစ်တာမို့ ပေါ့ပေါ့တန်တန်လုပ်၍မဖြစ်သော ဖွင့်ပွဲတစ်ခုပင်။ မနက်ခင်း ဝန်ကြီးဌာနဆိုင်ရာက လူကြီးတွေနှင့် ဖွင့်ပွဲကိုစရမှာဖြစ်သလို ညပိုင်းလည်း မလွတ်စေရ။ အဆိုတော်၊ မင်းသား၊ မင်းသမီးတချို့ကို ဖိတ်ကြားပြီး မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပရမှာမျိုးဖြစ်သည်။
ဒါကြောင့်လည်း ဇေယျာတစ်ယောက် အလုပ်တွေထောင့်စေ့အောင်လုပ်ရင်း မအားလပ်နိုင် ဖြစ်နေတော့သည်။ နှစ်နှစ်ကျော်မျှ သင်ယူခဲ့ရသော စာတွေ့၊ လက်တွေ့သင်ကြားမှုတို့ကို အခုတော့ လက်တွေ့အသုံးချနေရလေပြီ။ Mr. Smith ၏ပံ့ပိုးမှုလည်း အပြည့်အဝရှိတာမို့ ထင်ထားတာထက်တော့ အခက်အခဲ ကြီးကြီးမားမားမရှိလှ။ သိုပေမဲ့ ယူကေလုပ်ထုံးလုပ်နည်းတွေချည်းလည်း ရတာမျိုးမဟုတ်တာမို့ မြန်မာဟန်၊ မြန်မာယဉ်ကျေးမှုနှင့် ထုံးစံတို့ကိုလည်း သတိထားရသည်။
ဖွင့်ပွဲနီးကပ်လာတာနှင့်အမျှ အိမ်ပြန်အိပ်ဖြစ်တာလည်း နည်းလာသည်။ ဝန်ထမ်းတွေနည်းတူ ဟိုတယ်မှာပင်နေပြီး နေ့နေ့ညည စီစဉ်ရတာမျိုးက ပိုထိရောက်၏။ တစ်ခါတရံမှသာ အိမ်ပြန်ဖြစ်တာမို့ သားဖြစ်သူရောက်လာလျှင် ဒေါ်ကြည်ပြာတစ်ယောက်မှာလည်း ပျာယာခတ်နေတတ်သည်။
"သား ရော့ ... ဒါလေးယူသွား"
အဝတ်အစားတချို့ ပြန်လာယူရင်း ထမင်းစားခဏပြန်လာသည့် သားအတွက် ဒေါ်ကြည်ပြာက ဗူးတစ်ဗူးပြင်ပြီး ထည့်ပေးလာသည်။ ဇေယျာက ဖိနပ်လျှိုရန်ပြင်ရင်း ဗူးကိုလှမ်းကြည့်လိုက်၏။
"ဘာတွေလဲ မေမေ"
"ဖက်ထုပ်ပူပူလေး"
ဇေယျာ ဖိနပ်ကိုငုံ့ကြည့်သလိုလိုနှင့် မသိမသာဘဲ ပြုံးလိုက်မိသည်။ အရင်ကဖြင့် သဘာဝမဆန်တာတွေ ဘာလို့များလုပ်ရတာလဲ ပြောခဲ့ဖူးသူမိခင်ခမျာ အခုတော့ သူ့ချစ်သူအကြိုက် ဖက်ထုပ်ကို ထပ်ပေါင်းပြန်ပြီတဲ့။
"ဘာရယ်တာလဲ၊ ဒီအမေများ မမြင်ဘူးထင်လို့လား"
ဒေါ်ကြည်ပြာ အနီးရှိဆိုဖာပေါ်ဝင်ထိုင်ရင်း ဖက်ထုပ်ဗူးကို သေချာကိုင်ထား၏။ ဇေယျာမှာတော့ မျက်နှာကိုပြန်မတည်ဖြစ်၊ သဘောကျလွန်းလို့သာ ဘာမှမပြောဘဲ ရယ်နေမိသည်။ သူ ယူကေသွားနေစဉ် နှစ်နှစ်အတွင်း ကျန်ခဲ့သည့်ချစ်သူနှင့်ညီမရွယ်ရွယ်က အငြိမ်နေခဲ့ကြသည်မဟုတ်။ အရင်ကတည်းက ခန့်ခန့်ကိုချစ်သော၊ စိတ်ပျော့သောဒေါ်ကြည်ပြာကို အရင်စည်းရုံးကြတာဖြစ်၏။
ကျောင်းအားရက်ဆိုလျှင် ရွယ်ရွယ်က ခန့်ခန့်ကို ဗိုလ်ချုပ်ဈေးထဲက ဒေါ်ကြည်ပြာ၏ရွှေဆိုင်ကို ခေါ်သွားတတ်သည်။ တစ်ခါ၊ နှစ်ခါ စိမ်းစိမ်းစားစားရှိသော်လည်း နှင်တော့မထုတ်ခဲ့ပါချေ။ နေ့တိုင်းရွှေဆိုင်လိုက်မကူနိုင်ခဲ့သော ရွယ်ရွယ့်အစား ခန့်ခန့်ကပဲပိတ်ရက်တွေဆို မုန့်တစ်မျိုးမျိုးကိုင်ရင်း သွားလေတာ ဗိုလ်ချုပ်ဈေးထဲ ချောင်းပေါက်မတတ်။
ခန့်ခန့်၏ချစ်စဖွယ်ကောင်းမှု၊ အလိုက်သိတတ်မှု၊ ရွယ်ရွယ်၏အားပေးအားမြှောက်ပြုမှုတို့ကြောင့် ကြာတော့လည်း ဒေါ်ကြည်ပြာ အသည်းမမာနိုင်ပေ။ ရေခဲစိုင်ကြီး တဖြည်းဖြည်းအရည်ပျော်သလို ခန့်ခန့်အပေါ် နူးညံ့စွာဖြင့် မေတ္တာထားပေးလာခဲ့သည်။ အခုများဆို ဖက်ထုပ်တောင်ပေါင်းပေးတတ်သည်အထိ။
"ဟိုကောင်လေးကို ဖက်ထုပ်အပူမပြယ်ခင် ဝင်ပေးလိုက်နော်"
ဇေယျာကရယ်တော့ ဒေါ်ကြည်ပြာခမျာ ပေးရတာတောင် အင်တင်တင်နှင့်။
"စိတ်ချပါဗျာ။ အခုသွားရင်း သူ့ရုံးကိုဝင်ပို့ခဲ့လိုက်ပါ့မယ်"
ဇေယျာပြောတော့ အမေဖြစ်သူကပါ ပြုံးစစဖြစ်လာပြီး၊
"မြန်မြန်တော့သွား။ တအားကြာနေလို့ မင်းအဖေ ဆူနေဦးမယ်"
'မဆူပါဘူးဗျာ' လို့သာပြောရင်း ဇေယျာထွက်လာခဲ့တော့သည်။ မိဘတွေ အလုံးစုံကြီးသဘောမတူကြသေးသည့်တိုင် ယတိပြတ်မငြင်းသော၊ လက်ခံလာနိုင်သော သည်အခြေအနေလေးကိုပင် သူ ပျော်ရွှင်နေမိ၏။ အားလုံးသဘောတူသည့်နေ့ဆိုလျှင်တော့ သည်ကမ္ဘာမှာ အပျော်ဆုံးက သူနှင့်ချစ်သူကလေးသာ ဖြစ်လိမ့်မည်ပင်။
.......................
ခန့်ခန့်တစ်ယောက်မှာတော့ ရုံးတွင် HR မန်နေဂျာမမခက်နှင့်အတူ CV Form များ အကဲဖြတ်စိစစ်နေရသည်။ ဌာနအစုံ လိုက်ကူကာသင်နေရတာမို့ အလုပ်တွေက သူ့အတွက် မရိုးစင်းလှ။ လိုင်းမတူသောအလုပ်တွေကို အဖက်ဖက်ကသိအောင်၊ တတ်အောင် သင်နေရသည်။
နှစ်ထပ်တိုက်ဖြစ်သော သူတို့ရုံးအဆောက်အဦးတွင် ဝန်ထမ်းအများစုမှာ Web developers, Programmers များဖြစ်ကြသည်။ ဒါမို့လူငယ်များပြီး ပျော်ပျော်နေတက်ကြသူချည်းမို့ ပျော်စရာလည်း ကောင်းလှ၏။
ဦးမင်းဟန်ကိုယ်တိုင်ကလည်း အားလုံးကို လွတ်လွတ်လပ်လပ် အလုပ်လုပ်စေသည်။ Lunch time, Tea time ပင် သတ်မှတ်ပေးမထား၊ အဆင်ပြေသလို လုပ်ခွင့်ပေး၏။ သတ်မှတ်ချိန်အတွင်း ကိုယ့်ပရောဂျက်ကိုယ် မှန်မှန်ကန်ကန်နှင့် သေချာပြီးဖို့သာ အာရုံစိုက်စေသည်။
အဖွဲ့ခေါင်းဆောင်အစ်ကို၊ အစ်မများအားလုံး သဘောကောင်းကြသော်လည်း အခု ခန့်ခန့်နှင့် ဖောင်တွဲစစ်နေရသည့် မမခက်ကိုတော့ အားလုံးက ရှိန်ကြသည်။ စကားလည်းအမှားမခံ။ ခန့်ခန့်လည်း သူနှင့်စကားပြောလျှင် သတိထားရ၏။
တွေးနေစဉ် တုန်ခါလာသည်က ဘေးချထားသည့် ခန့်ခန့်ဖုန်းပင်။ သူ့ချစ်သူလူကြီး ဖုန်းဆက်လာခြင်း။ ခန့်ခန့် အသံခပ်အုပ်အုပ်နှင့် ဖုန်းအမြန်ဖြေရသည်။
"ဟုတ်"
"ကလေး ... ကိုယ့်မေက ဖက်ထုပ်ပူပူလေး ထည့်ပေးလိုက်တယ်။ အဲဒါ အခုရုံးကိုလာပို့နေပြီနော်"
"ဟမ် ... အခု ထွက်လာလို့မရသေးဘူး။ ပြီးတော့ ရုံးမှာဖေဖေလည်းရှိတယ်"
"ရပါတယ် ကိုယ်လာခဲ့မယ်။ ဖွင့်ပွဲအတွက်လည်း တစ်ခါတည်းဖိတ်ချင်လို့"
"ဟမ်! လူကြီးကိုယ်တိုင်လား။ ပြီးရော၊ ပြီးရော ... ဒါပဲနော်"
အလုပ်ဖုန်းမဟုတ်လျှင် မမခက်က ဖုန်းပြောတာ သိပ်မကြိုက်တတ်တာမို့ တိုးတိုးပြောပြီး အမြန်ချရသည်။ ဒါကို ချစ်သူက လာဦးမယ်ဆိုတော့ ပြီးသလိုသာ ပြောချလိုက်ရ၏။ စိုးရိမ်စိတ်မှာတော့ အတိုင်းအတာတစ်ခုထိ မြင့်တက်လာလေပြီ။ ဖေဖေနှင့်ထိပ်တိုက် တွေ့မလို့တဲ့လား။
ခန့်ခန့်စိတ်ပူနေသော်ငြား တစ်ဖက်က ဇေယျာမှာတော့ သူကိုယ်တိုင် ဦးမင်းဟန်ကို ဖိတ်ဖို့အရေး စိတ်အားထက်သန်နေသည်။ ပြဿနာတွေဖြစ်ပြီးနောက်ပိုင်း ပထမဦးဆုံး စကားပြောရခြင်းဖြစ်တာမို့ စိတ်လှုပ်ရှားမိတာတော့အမှန်ပါပဲ။
ရင်တုန်မိသော်လည်း သည်လိုအဝင်၊ အထွက်လေးတွေရှိချင်လို့ပဲ ဟိုတယ်အတွက် လိုအပ်သမျှ နည်းပညာပိုင်းတွေကို ဦးမင်းဟန်ရုံးကပဲ တမင်တကာ ဝယ်သုံးခဲ့တာဖြစ်သည်။ နှင်မထုတ်တော့သည့်တိုင် စကားမပြောဖြစ်သေးတာမို့ အရင်လိုပြန်အကျွမ်းတဝင် ဖြစ်စေချင်မိတာ သူ့ဆန္ဒပင်။
သည်လိုနှင့် ဇေယျာ ရုံးရောက်တော့ ခန့်ခန့် ထွက်ကြိုပါသည်။ ခပ်သွက်သွက်ထွက်လာပြီး အနည်းငယ် ကုပ်ချောင်း၊ ကုပ်ချောင်းနှင့်။
"လူကြီး လာ"
ဇေယျာ သဘောကျမိ၍ ခပ်ပြုံးပြုံးဖြစ်သွားသည်။ ရှပ်အပြာနုရောင်နှင့် စတိုင်လ်ပန့်အနက်ဝတ်ထားသည့် ကလေးလေးက လူကြီးပုံဖမ်းထားသေးတာကိုး။ ပါဝါမျက်မှန်ဝိုင်းလေး တပ်ထားသော်လည်း မျက်လုံးသွယ်သွယ်လေးတို့၏အလှက ပျောက်မသွား၊ ပိုပင်ချစ်စရာကောင်းနေသေးသည်။
"လူကြီး ကိုယ်တိုင်ဖိတ်မလို့လား။ ဒီတိုင်းပေးခဲ့ပါ၊ အိမ်ကျမှ ဖိတ်စာပေးသွားကြောင်း ပြောလိုက်မယ်လေ"
သူကိုယ်တိုင် ဖိတ်ပါမယ်ပြောတော့ အပေါ်ထပ်ရောက်လာသည်ထိ ကလေးခမျာ တိုးတိုး၊ တိုးတိုးနှင့်မှာမပြီး။
"ရပါတယ် ကလေးရ၊ ကိုယ်သေချာပြောမှာပါ။
စိတ်မပူနဲ့၊ ရော့ ... ဒီဖက်ထုပ်ပူပူလေး စားထားနှင့်လိုက်၊ အေးသွားလိမ့်မယ်"
ခေါင်းလေးပွတ်သပ်ကာ ချော့မြူပြောတော့ ခန့်ခန့်က ဖက်ထုပ်ဗူးလေးကိုင်ကာ အလုပ်နေရာဆီ ပြန်သွားထိုင်၏။ သူ့အား တော်တော်စိတ်မချနေသည့်ဟန်။ ဇေယျာလည်း အားတင်းထားပါသည်။ ယောက္ခမလောင်းကြီးကလည်း ထိုးတော့မလွှတ်နိုင်လောက်ဘူးမလား။
ခန့်ခန့် နေရာပြန်ရောင်တော့ ဘေးခန်းက မမခက်တို့များ သူတို့နှစ်ယောက်အား အကဲခတ်လျက်။ ရုံးမှာ အခန်းများကန့်ထားသော်လည်း အားလုံးက မှန်ပြင်တွေကြီးသာမို့ တစ်ခန်းနှင့်တစ်ခန်းက မြင်နေရသည်ချည်း။ ဒါတွေ ခန့်ခန့် ဂရုမစိုက်နိုင်ပါ။ အရေးကြီးတာ ဖေဖေ လူကြီးကို ကောင်းကောင်းဆက်ဆံပေးဖို့ပါပဲ။
သည်လိုနှင့် ဇေယျာက ဦးမင်းဟန်အခန်းဆီ ဦးတည်လျှောက်လှမ်းသည်။ ကွန်ပျူတာသုံးဟန်ဆောင်ရင်း အနည်းငယ် ပေစောင်းစောင်းကြည့်နေကြသော လူငယ်တချို့က သူ့အားစူးစမ်းနေသယောင်။ ဇေယျာကတော့ အေးခဲလာသောလက်တစ်စုံဖြင့် အနည်းငယ်ပွင့်ဟနေသည့် မှန်တံခါးကိုခေါက်ကာ ဝင်ခွင့်တောင်းလိုက်သည်။
"အန်ကယ် ... ကျွန်တော့်ကို ဝင်ခွင့်ပြုပါ"
ဦးမင်းဟန်ကမူ အသိအမှတ်ပြုသဖွယ် ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။ ဇေယျာ အပေါ်ထပ်ရောက်ကထဲက ဦးမင်းဟန် မြင်ပြီးသားပင်။ ဘာကြောင့်လာသည်ကို မသိပေမဲ့ သားဖြစ်သူ ပျာပျာသလဲထကြိုကာ တိုးတိုးကပ်မှာနေတာမြင်ရတော့ အမြင်လည်းကပ်သလို၊ ရယ်လည်းရယ်ချင်မိသည်။ အတော်မနိုင်သည့်သား။
"ထိုင်ပါ မောင်ဇေယျာ"
ဦးမင်းဟန် လုပ်လက်စအလုပ်များ ခဏရပ်ပြီး ကွန်ပျူတာဆီမှ အကြည့်လွှဲလိုက်သည်။ပြီးနောက် ဇေယျာ့၏အပေါ်ယံအသွင်အပြင်ကအစ စိတ်အခြေအနေအဆုံး မြင်ရလောက်သည်ထိ ကြည့်နေမိသည်။
"ကျွန်တော် ဟိုတယ်ဖွင့်ပွဲအတွက် အန်ကယ်တို့ တက်ရောက်ပေးဖို့ လာဖိတ်တာပါဗျ။ ဒါဖိတ်စာလေးပါ။ Software နဲ့ Website လည်း တော်တော်အဆင်ပြေပါတယ်ခင်ဗျ။ ဖေဖေလည်း သဘောကျနေပါတယ်"
လှပသော အညိုရောင်လွင်လွင် ဖိတ်စာလေးကို ကမ်းပေးလာသည်။ ဦးမင်းဟန်အဖို့တော့ သည်ပွဲကိုမတက်ချင်။ သို့ပေမဲ့ ကိုယ့်ရုံးက Software ကိုလည်း ဝယ်သုံးထားသူမို့ အပြတ်တော့လည်း ငြင်းမကောင်းလှ။ သည်ကောင်းလေးအဖေ ကိုမြတ်သူနှင့်ကလည်း အရင်ဆောက်လုပ်ရေးလုပ်ငန်းထဲက လက်တွဲလာသူများလည်း ဖြစ်နေသေးသည်။ သားတွေကိစ္စကြောင့်သာ အပြောအဆို မရှိကြတော့တာ။
"ပွဲကဘယ်နေ့လဲ"
အရင်လိုမပြုံးပါဘဲ မျက်နှာတည်နှင့် မေးလိုက်သည့် စကားတို့ကြောင့် ဇေယျာ ပိုရင်တုန်မိသည်။ ဖိတ်စာကို ဖွင့်တောင်မကြည့်ဘဲ သူ့ကိုတိုက်ရိုက်မေးလာလေခြင်း။
"လာမဲ့တနင်္ဂနွေပါခင်ဗျ။ ဖေဖေကလည်း အန်ကယ်တို့ကို ဆက်ဆက်တက်ရောက်ပေးကြဖို့ စကားပါးလိုက်ပါသေးတယ်။ သူကိုယ်တိုင်လည်း ဧည့်ခံချင်လို့ပါတဲ့"
ထိုလူငယ်မှာ သူ့အဖေကိုမြတ်သူကိုယ်တိုင်ဆိုသည့် စကားအလှကို သုံးလာသည်။ ဘယ်လိုဆိုဆို မျက်နှာပူစရာကိစ္စသာမို့ ဦးမင်းဟန် ငြင်းဖို့သာ စကားဆိုသည်။
"လာမယ့်တနင်္ဂနွေဆို အန်ကယ်တို့က မနက်ပိုင်း ပဲခူးဖက် သွားစရာရှိသေးတော့ ပွဲတက်နိုင်မှာ မဟုတ်လောက်ဘူး။ သားသွားမယ်ဆိုရင်တော့ လွှတ်လိုက်ပါမယ်"
ဦးမင်းဟန် ရအောင်ငြင်းလိုက်ရင်း HR ခန်းထဲက လည်တိုင်ကြီးရှည်ကာ မျှော်ကြည့်နေသည့် သားဖြစ်သူကို တစ်ချက်စိုက်ကြည့်လိုက်သည်။
"အဆင်ပြေပါတယ် အန်ကယ်။ မနက်ပိုင်းဖွင့်ပွဲက ဝန်ကြီးတွေနဲ့ ဖဲကြိုးဖြတ်ရုံလောက်ပဲမို့ ခဏပါပဲ။ အဓိကပွဲက ညနေပိုင်းမှစမှာဆိုတော့ ပွဲတက်ဖို့အချိန်မှီပါတယ်ဗျ။ လိုအပ်ရင် အန်တီနဲ့ အဘွားကိုလည်း ကျွန်တော် သွားဖိတ်ပါဦးမယ်။ တစ်မိသားစုလုံး စုံစုံလင်လင် တက်စေချင်လို့ပါခင်ဗျာ"
ဦးမင်းဟန်လည်း ခပ်တွင်တွင် မငြင်းသာတော့။ ဖိတ်စာကို ဖွင့်မကြည့်မိလိုက်တာ သူ့အမှားပင်။ သည်လိုသာသိရင် တစ်နေကုန်လုံးမအားဘူးဟု သူ ငြင်းမှာပေါ့။
"မောင်ဇေယျာ နေ ... နေ။ ရပါတယ်၊ အန်ကယ်ပဲ ပြောလိုက်ပါမယ်။ ပွဲလည်းတက်နိုင်အောင် စီစဉ်ကြည့်ပါဦးမယ်လို့ ကိုမြတ်သူကို ပြောလိုက်ပါ"
"ဟုတ်ကဲ့ အန်ကယ်။ ကျေးဇူးပါခင်ဗျ"
"Software က သုံးရအဆင်ပြေရဲ့လား။ မသိတာရှိသေးရင် အားမနာဘဲ ဝန်ထမ်းတွေကို ဆက်သွယ်ခိုင်းပါ"
"ဟုတ် အကုန်အဆင်ပြေပါတယ်"
ဦးမင်းဟန်က ခေါင်းညိတ်ပြကာ ဖုန်းကိုတစ်ချက်ကြည့်လိုက်၏။ ဇေယျာလည်း ပြန်သင့်မှန်း သိလေပြီ။
"အန်ကယ် ဒါဆို ခွင့်ပြုပါဦး"
"ကောင်းပါပြီ"
သူတို့နှစ်ယောက်အကြောင်းကို မပြောစေကာမူ ဇေယျာလည်း ကြာကြာတော့မနေနိုင်။ အခုတောင် အတော်မျက်နှာပူမိသည်။
ဇေယျာ အခန်းထဲကထွက်လာတော့ ခန့်ခန့်မှာ တဖန်ဂနာမငြိမ်ပြန်။ မန်နေဂျာမမခက်ကို ထွက်ခွင့်တောင်းရပြန်သည်။ ဘယ်လောက်ပဲ လူကြီးသားဖြစ်နေဦးတော့ ကိုယ်က သင်ယူနေသူပဲမလား။
မမခက်မှာတော့ မျက်မှန်ကိုင်းကြီး အပေါ်ပင့်၍ ပြန်ပူးကပ်သွားသည့် ထိုနှစ်ဦးကို နားမလည်စွာ အကဲခတ်ရင်းကျန်ရစ်ခဲ့လေသည်။
"လူကြီးဘယ်လိုလဲ၊ အဆင်ပြေလား"
လှေကားအဆင်းတွင် ခန့်ခန့်က ထပ်ကြပ်မခွါလိုက်ပါလာရင်း စိတ်ပူစွာမေးတော့သည်။ ဒါမျိုးဆို အသည်းယားလွန်းသောဇေယျာက ခန့်ခန့်၏ဆံသားလေးတွေ ဖိသပ်ပေးရင်း၊
"အဆင်ပြေပါတယ် ကလေးရဲ့။ ပွဲတတ်နိုင်ဖို့ စီစဉ်ကြည့်မယ်တဲ့"
အဆင်ပြေသည်ဆိုတော့ ခန့်ခန့်မျက်နှာဟန်ပန်က ရွှေရောင်တဖိတ်ဖိတ်လက်သည့်နှယ် ဝင်းပသွားသည်။ ဆင်းလက်စလှေကားကိုလည်း တစ်ထစ်ကျော်လိုက်ရင်း နောက်ကဇေယျာ့ကို မျက်နှာချင်းဆိုင် ပြန်လှည့်ကြည့်လေသည်။
"ဒါဆို အခြေအနေမဆိုးဘူးပဲ။ ဒီမှာ ရင်တွေတထိတ်ထိတ်နဲ့ အပြတ်ငြင်းမယ်ထင်ပြီး စောင့်နေရတာ။ ဖေဖေတို့ပွဲတတ်ဖို့တော့ လုံးဝစိတ်မပူနဲ့"
"ဟုတ်ပါပြီ ကလေးပေါက်စရယ်။ အလုပ်ပြန်လုပ်တော့လေ ... သွား။ ကြာရင်ပြောနေကြမယ်"
"ဟုတ် ... တာ့တာ"
"ဖက်ထုပ်လေးမအေးခင် စားလိုက်ဦးနော်"
"အင်းပါ"
အောက်ထပ်ရောက်လာပြီမို့ ဇေယျာ မနှုတ်ဆက်ချင်ဘဲ နှုတ်ဆက်လိုက်ရသည်။ ဘယ်လောက်ပဲ မိဘတွေသိထားဦးတော့ ချစ်သူလေးအလုပ်လုပ်သည့် ပတ်ဝန်းကျင်တွင်တော့ အနေအထိုင် ပိုဆင်ခြင်ရမည်။ ကိုယ်က ကိစ္စမရှိပေမဲ့ ကလေးကိုတော့ သူများအထင်သေးမခံစေချင်ပါပေ။
ဤသို့ဖြင့် ဖွင့်ပွဲအတွက်ပူပန်နေရသောကိစ္စတစ်ခု ငြိမ်းအေးသွားလေသည်။
....................
ခန့်ခန့် သည်နေ့အဖို့တော့ အိမ်စောပြန်လာဖြစ်သည်။ ဦးမင်းဟန်ကတော့ ရုံးမဆင်းသေး။ အိမ်ပြန်ရောက်သည်နှင့် အချိန်မဆွဲဘဲ ချက်ချင်းရေချိုးလိုက်၏။ ဖခင်ပြန်မလာခင် သူလုပ်စရာရှိသည်ကို အပြီးလုပ်ရမည်မလား။
ဆယ့်ငါးမိနစ်အတွင်း ရေချိုးပြီးစီးလေတော့ ထုံးစံအတိုင်း လူကြီးတွေရှိရာ ထမင်းစားခန်းသို့ ဟိုယောင်ယောင်၊ သည်ယောင်ယောင် သွားလုပ်ရသည်။ ဖွင့်ပွဲတက်ဖို့ မေမေတို့ကို အရင်စည်းရုံးမှာမို့ပင်။
ထမင်းစားခန်းထဲရောက်သည်နှင့် ကြီးကြီး၏ ခရမ်းသီးငါးပိချက်အနံ့က မြည်းကြည့်ချင်လောက်အောင် ဆွဲဆောင်နေ၏။ ထမင်းစားပွဲတွင်လည်း ဝက်သားပုန်းရည်ကြီးနှင့် သီးစုံချဉ်ရည်တို့က အဆင်သင့်ဖြစ်နေလေပြီ။
ခန့်ခန့်ခမျာ ဟင်းတွေကြည့်ပြီး ဗိုက်တောင်ဆာချင်ချင်။ သို့သော် နှိုက်တော့မစားရဲသေး၊ လက်ပုပ်အောင်ရိုက်ချမလား၊ အဆူခံရမလား တစ်ခုခုပင်။ သည်အခြေအနေတွင် အကောင်းမြင်နေမှဖြစ်မည်ဟုတွေးကာ စိတ်ကို ထိန်းထားလိုက်ရ၏။ မြင်သာမြင်ရ၊ မကြင်ရသည့်ဟင်းပွဲတွေပါပဲ။
ဒါတင်မပြီးကြသေး။ မေမေက ဖေဖေကြိုက်သည့် ခရမ်းချဉ်သီးအစိမ်းကို ပါးပါးလှီးကာ သုပ်ဖို့ပြင်သည်။ အဘွားကတော့ ဘေးတွင် ပုတီးစိပ်ကာ စကားတပြောပြောရှိလျက်။
မီးဖိုခန်းအတွင်း အားလုံးကိုမသိမသာ လှည့်ပတ်ကြည့်ပြီးသောခန့်ခန့်မှာ အဆာပြေ ပန်းသီးတစ်လုံးယူစားရင်း ဖွင့်ပွဲကိစ္စပြောဖို့ စကားအစရှာနေရလေပြီ။
"မေမေ ဒီလာမယ့်တနင်္ဂနွေ အားလား"
"အင်း အားသားပဲ။ ဘာလုပ်မလို့လဲ"
မေမေက ခန့်ခန့်ကိုပင် လှည့်မကြည့်ဘဲ ခရမ်းချဉ်သီးသုပ်ရင်း ပြောသည်။
"ဪ ... မဟုတ်ပါဘူး။ အဲနေ့ ကိုဇေယျာတို့ ဟိုတယ်ဖွင့်ပွဲ ဖိတ်ထားလို့။ အဲဒါဖေဖေ့ကိုတော့ နေ့လယ်က ရုံးမှာလာဖိတ်သွားပြီ။ မေမေနဲ့ဘွားဖို့ဆိုပြီး ဒီမှာဖိတ်စာနှစ်စောင်လည်း ထည့်ပေးလိုက်သေးတယ်"
ဒေါ်မိမိနိုင်ရော၊ အဘွားဖြစ်သူကပါ ခန့်ခန့်ကိုတစ်လှည့်၊ ဖိတ်စာကိုတစ်လှည့် ကြည့်ကြသည်။
"မင်းဖေကြီးကိုဖိတ်ရင်ရပြီလေ၊ တစ်အိမ်လုံးစာဖိတ်စာတွေ ဘာလုပ်ဖို့ယူလာတာလဲ"
လူကြီးအကြောင်းပြောလျှင် မေမေက သည်လိုဘုဆတ်ဆတ်နှင့်သာ။ မျက်နှာရအောင် တစ်ယောက်တစ်စောင် ဖိတ်ရန်ယူလာခါမှ ပြောနေပြန်ပါပြီ။
"ဘာမှမဖြစ်ပါဘူး မေမေရယ်။ သူကလူစေ့လာစေချင်လို့ တစ်ယောက်ချင်းဖိတ်တာလေ။ သားလည်း တစ်စောင်ရတာပဲဟာ"
ခန့်ခန့်ပြောမှ အဘွားဖြစ်သူက ပုတီးစိပ်ရင်း ထရယ်တော့သည်။ ကြီးကြီးမှာလည်း ဒေါ်မိမိနိုင်ကိုအားနာစိတ်ဖြင့် မရယ်ချင်,ရယ်ချင် လုပ်နေသည်။
"အမလေး ဟိုကလေး ဇေယျာရယ်၊ အိမ်မှာ လူလေးယောက်ရှိတာနဲ့ ဖိတ်စာလေးစောင်ပို့ရတယ်လို့။ မှန်းစမ်း ... ဖိတ်စာကဖြင့် စျေးကြီးမဲ့ပုံနဲ့ ... အပိုကုန်လို့ဟယ်။ ငါ့မြေးက မပြောဘူးလား"
ဒေါ်မိမိနိုင်က ဘာမှဝင်မပြောသေး။ အသုပ်ကို လက်စသတ်၍ ပန်းကန်အလွတ်ထဲ ထည့်နေသည်။
"ဟို ... ပြောပါတယ်၊ အဲဒါ ကိုဇေယျာက အကုန်တက်စေချင်လို့ ဖိတ်တာပါတဲ့။ သူ့မိဘတွေလည်း မျှော်နေမယ်ပြောတယ်။ ဖေဖေကတော့ နေ့လယ်က တက်ဖြစ်မယ်လို့ ပြောလိုက်တယ်။ မေမေနဲ့ဘွားလည်း လိုက်ရမယ်နော်။ ပွဲတက်ဖို့ပြင်ထားကြ"
ခန့်ခန့်က ပန်းသီးကိုမြှောက်ကိုင်ရင်း အဘွားဖြစ်သူကို ကူပြောဖို့ မျက်ခုံးပင့်ပြရသည်။ ရေလည်သောအဘွားကလည်း ခေါင်းတဆတ်ဆတ်ညိတ်လျက်။
"အေးလေ သွားကြတာပေါ့။ ထုတ်မဝတ်ရသေးတဲ့ အဝတ်အစားအသစ်တွေ အများကြီးရှိနေတာနဲ့ အတော်ပဲ။ မိမိနိုင် ညည်းလည်းပြင်ထားလိုက်၊ တို့သွားကြမယ်"
မေမေက ငြင်းလည်းမငြင်း၊ ပြန်လည်းမပြောဘဲ ပွသွားသည့်အသုပ်ဇလုံကို ဆေးနေတော့သည်။ မျက်နှာကြီးကလည်း ရှူတည်တည်နှင့်။ လိုက်မယ်၊ မလိုက်ဘူးမပြောတော့ ခန့်ခန့် ဘယ်လိုအကဲခတ်ရမှန်းမသိပါပေ။ အဘွားကတော့ သူ့ကို လက်မထောင်ပြရင်း အဆင်ပြေကြောင်း ပြောသည်။
ဟင်း ... ဖခင်ရုံးကပြန်ရောက်လာရင်လည်း ရှေ့ကနည်းအတိုင်း 'မေမေနဲ့ဘွားတောင် ပွဲတက်ကြမှာ' လို့ လူလည်ကျပြီး ထပ်စည်းရုံးရမည်။ ချစ်သူစီစဉ်ထားသည့်အကွက်ထဲ ရောက်အောင် ကြိုးစားရတာလည်း သူ့ခမျာ ရင်တထိတ်ထိတ်နှင့်။
....................
[ နင်ပျော်နိုင်မှာပါ၊ ငါရဲ့အချစ်တွေပေးထားကာ
နင်လေသိမ်းထားဦး...
အချိန်နာရီတွေ ဂရုစိုက်နေတုန်း
ချစ်သူကို ငေးရင်း...
အရောင်တွေစုံနေတဲ့ ညနေခင်းအလှမှာ
မင်းနှုတ်ခမ်းလေးအား...
ညင်သာစွာ ပွေ့ဖက်ကြည်နူးရင်း
အမှတ်တရ ညနေခင်း....]
ရုံးတက်ကြရသည့် ချစ်သူများအဖို့တော့ ညနေခင်းတိုင်းက လှပနေကြလိမ့်မည်။ တစ်နေ့တာ အမောများကို ချစ်သူနဲ့တွေ့ပြီး ဖြေသိမ့်ကြမည်။ တစ်ယောက်လက် တစ်ယောက်တွဲပြီး လျှောက်သွားကြမည်၊ ပျော်ပါးကြမည်၊ စားသောက်ကြဦးမည်။
ခန့်ခန့်တို့စုံတွဲမှာလည်း အများနဲ့မခြား၊ ရုံးဆင်းညနေတချို့တွင် ပွေ့ဖက်ကြပြီး ဘဝအမောများ ဖြေရသည်။ လမ်းကျယ်တစ်နေရာ၌ ကားနှစ်စီးကို ရှေ့နောက်ဆင့်ရပ်ရင်း ခန့်ခန့် ကားနောက်ခန်းတွင် ချစ်သူ၂ယောက် တွေ့ဖြစ်ကြတာများ၏ ခန့်ခန့် အပြင်တွင် ညနေစာစားခဲ့လျှင် မေမေကလည်း သိပ်မကြည်တတ်တာမို့။
"ဘယ်လိုလဲ ကလေး။ အန်တီတို့ကို ပြောပြီးပြီလား"
ဇေယျာ ရင်ခွင်ထဲထည့်ဖက်ထားသည့် ခန့်ခန့်ကို တိုးလျစွာ မေးလိုက်သည်။
"အင်း အားလုံးတက်လိမ့်မယ်။ လူကြီးဖက်ကရော..."
ဇေယျာတစ်ယောက် မော့ကြည့်လာသည့်ကလေး၏နှဖူးပြင်လေးအား အားမရစွာနမ်းရှုံ့ရင်း၊
"ကိုယ်လည်း ကလေးမိဘတွေ လာရင်သေချာဧည့်ခံပေးဖို့ မှာထားတယ်။ ဒီလိုမှလည်း နှစ်ဖက်မိဘက သေချာဆုံဖြစ်တော့မှာ။ သီးသန့်ကြီးဆို လျှို့တိုးလျှမ်းတန်းနဲ့ မျက်နှာပူပြီး ဘယ်သူမှ တွေ့ချင်မှာမဟုတ်ဘူး။ ကိုယ်တို့ကိစ္စလည်း ဒါနဲ့ရှေ့ရောက်မှာမဟုတ်ဘူး"
"လူကြီးအကြံ ကောင်းပါတယ်။ ဘွားကိုတောင် သေချာမှာထားတယ်။ အားလုံးဆုံကြရင် ကြားကနေ ကြည့်ကောင်းအောင် ပြောပေးမယ်တဲ့။ လူကြီးလည်း အန်တီမေမေ့ကို မှာထား"
ချစ်သူက သူ့မိခင်ကို 'အန်တီမေမေ' ဟု ခေါ်တိုင်း ဇေယျာ ပါးဖောင်းဖောင်းလေးတွေကို ဖြစ်ညှစ်ချင်မိသည်၊ အချစ်လည်းပိုရသည်။
"ကိုယ့်မေမေချစ်လာတာလည်း မပြောနဲ့၊ အဲလိုခေါ်ဖို့ ဘယ်သူကများ သင်ပေးထားတာလဲ"
"No! No! မပြောဘူး"
အနားတိုးကပ်လာရင်း စကားကို တစ်လုံးချင်းပြောနေသည့် ထိုနှုတ်ခမ်းဖူးဖူးလေးအား အပိုင်သိမ်းထားလိုက်ချင်မိသည်ထိ ဇေယျာ လောဘတက်လာလေပြီ။
"ရှေ့ဆက်တိုးလာရင် ကိုယ် နမ်းမှာနော်"
သည်တော့မှ အရမ်းနီးကပ်သွားတာကို ခန့်ခန့် သတိထားမိပြီး ကိုယ်လေးပြန်ယို့သွားသည်။ လမ်းမကြီးပေါ်မှာမလား။ ဘယ်လောက်ပင် မှန်အမည်းတွေ ကပ်ထားဦးတော့ ရှက်တော့ရှက်သေးသည်။
"ပြန်တော့မယ် ... ဆင်းတော့"
"ဟာ ... နေဦးလေ၊ နှင်ပြီလား"
ပြောမဆုံးသေး၊ နမ်းမယ်ဆိုတာနှင့် ဘေးနားကအတင်းခွါတော့သည်။
"နှင်ပြီ ... ဆင်းတော့၊ ဆင်းတော့"
"တစ်ခါလောက်တော့ ပေးနမ်းပါဦး"
တောင်းဆိုသည့်ဇေယျာ့စကားအဆုံးတွင် ကြဲချလာသောအနမ်းမိုးစက်တချို့။ ခန့်ခန့် အလျင်အမြန်ပေးပြီးတာနှင့် 'ချစ်တယ်နော်' ဆိုကာ ကားထဲကထွက်ပြေးသွားသည်။
ကားပေါ်ကျန်ရစ်ခဲ့သော ဇေယျာ့မှာတော့ နှုတ်ခမ်းတွင်ကျန်ရစ်ခဲ့သည့် အငွေ့အသက်ကို လက်နှင့်ထိတွေ့ရင်း ရှေ့ကားဆီတက်သွားသည့် ကလေးကို ငေးကြည့်နေမိသည်။ ညနေခင်းတိုင်းသာ ချစ်ရသူနှင့် သည်လိုသာယာနေမယ်ဆိုရင် လောကကြီးမှာ နှစ်တစ်ရာ၊ နှစ်ရာမက အသက်ဆက်ရှင်ချင်မိသေးသည်။
~ ညနေခင်းမှာ တွေ့ရတဲ့
ချစ်သူတိုင်း၊ ချစ်သူတိုင်း
ပျော်ရွှင်နိုင်ကြပါစေ ~
6/11/2020
•••••••••••••••••••••••••••••••••••••••••
<Zawgyi >
ေဇယ်ာတို႔၏ဟိုတယ္ဖြင့္ပြဲက တစ္ေန႔ထက္တစ္ေန႔ နီးကပ္လာသည္။ ပူးေပါင္းလုပ္သည့္ပေရာဂ်က္လည္း ျဖစ္တာမို႔ ေပါ့ေပါ့တန္တန္လုပ္၍မျဖစ္ေသာ ဖြင့္ပြဲတစ္ခုပင္။ မနက္ခင္း ဝန္ႀကီးဌာနဆိုင္ရာက လူႀကီးေတြႏွင့္ ဖြင့္ပြဲကိုစရမွာျဖစ္သလို ညပိုင္းလည္း မလြတ္ေစရ။ အဆိုေတာ္၊ မင္းသား၊ မင္းသမီးတခ်ိဳ႕ကို ဖိတ္ၾကားၿပီး ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္ က်င္းပရမွာမ်ိဳးျဖစ္သည္။
ဒါေၾကာင့္လည္း ေဇယ်ာတစ္ေယာက္ အလုပ္ေတြေထာင့္ေစ့ေအာင္လုပ္ရင္း မအားလပ္နိုင္ ျဖစ္ေနေတာ့သည္။ ႏွစ္ႏွစ္ေက်ာ္မၽွ သင္ယူခဲ့ရေသာ စာေတြ႕၊ လက္ေတြ႕သင္ၾကားမွုတို႔ကို အခုေတာ့ လက္ေတြ႕အသုံးခ်ေနရေလၿပီ။ Mr. Smith ၏ပံ့ပိုးမွုလည္း အျပည့္အဝရွိတာမို႔ ထင္ထားတာထက္ေတာ့ အခက္အခဲ ႀကီးႀကီးမားမားမရွိလွ။ သိုေပမဲ့ ယူေကလုပ္ထုံးလုပ္နည္းေတြခ်ည္းလည္း ရတာမ်ိဳးမဟုတ္တာမို႔ ျမန္မာဟန္၊ ျမန္မာယဥ္ေက်းမွုႏွင့္ ထုံးစံတို႔ကိုလည္း သတိထားရသည္။
ဖြင့္ပြဲနီးကပ္လာတာႏွင့္အမၽွ အိမ္ျပန္အိပ္ျဖစ္တာလည္း နည္းလာသည္။ ဝန္ထမ္းေတြနည္းတူ ဟိုတယ္မွာပင္ေနၿပီး ေန႔ေန႔ညည စီစဥ္ရတာမ်ိဳးက ပိုထိေရာက္၏။ တစ္ခါတရံမွသာ အိမ္ျပန္ျဖစ္တာမို႔ သားျဖစ္သူေရာက္လာလၽွင္ ေဒၚၾကည္ျပာတစ္ေယာက္မွာလည္း ပ်ာယာခတ္ေနတတ္သည္။
"သား ေရာ့ ... ဒါေလးယူသြား"
အဝတ္အစားတခ်ိဳ႕ ျပန္လာယူရင္း ထမင္းစားခဏျပန္လာသည့္ သားအတြက္ ေဒၚၾကည္ျပာက ဗူးတစ္ဗူးျပင္ၿပီး ထည့္ေပးလာသည္။ ေဇယ်ာက ဖိနပ္လၽွိုရန္ျပင္ရင္း ဗူးကိုလွမ္းၾကည့္လိုက္၏။
"ဘာေတြလဲ ေမေမ"
"ဖက္ထုပ္ပူပူေလး"
ေဇယ်ာ ဖိနပ္ကိုငုံ႔ၾကည့္သလိုလိုႏွင့္ မသိမသာဘဲ ျပဳံးလိုက္မိသည္။ အရင္ကျဖင့္ သဘာဝမဆန္တာေတြ ဘာလို႔မ်ားလုပ္ရတာလဲ ေျပာခဲ့ဖူးသူမိခင္ခမ်ာ အခုေတာ့ သူ႔ခ်စ္သူအႀကိဳက္ ဖက္ထုပ္ကို ထပ္ေပါင္းျပန္ၿပီတဲ့။
"ဘာရယ္တာလဲ၊ ဒီအေမမ်ား မျမင္ဘူးထင္လို႔လား"
ေဒၚၾကည္ျပာ အနီးရွိဆိုဖာေပၚဝင္ထိုင္ရင္း ဖက္ထုပ္ဗူးကို ေသခ်ာကိုင္ထား၏။ ေဇယ်ာမွာေတာ့ မ်က္ႏွာကိုျပန္မတည္ျဖစ္၊ သေဘာက်လြန္းလို႔သာ ဘာမွမေျပာဘဲ ရယ္ေနမိသည္။ သူ ယူေကသြားေနစဥ္ ႏွစ္ႏွစ္အတြင္း က်န္ခဲ့သည့္ခ်စ္သူႏွင့္ညီမရြယ္ရြယ္က အၿငိမ္ေနခဲ့ၾကသည္မဟုတ္။ အရင္ကတည္းက ခန႔္ခန႔္ကိုခ်စ္ေသာ၊ စိတ္ေပ်ာ့ေသာေဒၚၾကည္ျပာကို အရင္စည္း႐ုံးၾကတာျဖစ္၏။
ေက်ာင္းအားရက္ဆိုလၽွင္ ရြယ္ရြယ္က ခန႔္ခန႔္ကို ဗိုလ္ခ်ဳပ္ေဈးထဲက ေဒၚၾကည္ျပာ၏ေရႊဆိုင္ကို ေခၚသြားတတ္သည္။ တစ္ခါ၊ ႏွစ္ခါ စိမ္းစိမ္းစားစားရွိေသာ္လည္း ႏွင္ေတာ့မထုတ္ခဲ့ပါေခ်။ ေန႔တိုင္းေရႊဆိုင္လိုက္မကူနိုင္ခဲ့ေသာ ရြယ္ရြယ့္အစား ခန႔္ခန႔္ကပဲပိတ္ရက္ေတြဆို မုန႔္တစ္မ်ိဳးမ်ိဳးကိုင္ရင္း သြားေလတာ ဗိုလ္ခ်ဳပ္ေဈးထဲ ေခ်ာင္းေပါက္မတတ္။
ခန႔္ခန႔္၏ခ်စ္စဖြယ္ေကာင္းမွု၊ အလိုက္သိတတ္မွု၊ ရြယ္ရြယ္၏အားေပးအားေျမႇာက္ျပဳမွုတို႔ေၾကာင့္ ၾကာေတာ့လည္း ေဒၚၾကည္ျပာ အသည္းမမာနိုင္ေပ။ ေရခဲစိုင္ႀကီး တျဖည္းျဖည္းအရည္ေပ်ာ္သလို ခန႔္ခန႔္အေပၚ ႏူးညံ့စြာျဖင့္ ေမတၱာထားေပးလာခဲ့သည္။ အခုမ်ားဆို ဖက္ထုပ္ေတာင္ေပါင္းေပးတတ္သည္အထိ။
"ဟိုေကာင္ေလးကို ဖက္ထုပ္အပူမျပယ္ခင္ ဝင္ေပးလိုက္ေနာ္"
ေဇယ်ာကရယ္ေတာ့ ေဒၚၾကည္ျပာခမ်ာ ေပးရတာေတာင္ အင္တင္တင္ႏွင့္။
"စိတ္ခ်ပါဗ်ာ။ အခုသြားရင္း သူ႔႐ုံးကိုဝင္ပို႔ခဲ့လိုက္ပါ့မယ္"
ေဇယ်ာေျပာေတာ့ အေမျဖစ္သူကပါ ျပဳံးစစျဖစ္လာၿပီး၊
"ျမန္ျမန္ေတာ့သြား။ တအားၾကာေနလို႔ မင္းအေဖ ဆူေနဦးမယ္"
'မဆူပါဘူးဗ်ာ' လို႔သာေျပာရင္း ေဇယ်ာထြက္လာခဲ့ေတာ့သည္။ မိဘေတြ အလုံးစုံႀကီးသေဘာမတူၾကေသးသည့္တိုင္ ယတိျပတ္မျငင္းေသာ၊ လက္ခံလာနိုင္ေသာ သည္အေျခအေနေလးကိုပင္ သူ ေပ်ာ္ရႊင္ေနမိ၏။ အားလုံးသေဘာတူသည့္ေန႔ဆိုလၽွင္ေတာ့ သည္ကမၻာမွာ အေပ်ာ္ဆုံးက သူႏွင့္ခ်စ္သူကေလးသာ ျဖစ္လိမ့္မည္ပင္။
.......................
ခန႔္ခန႔္တစ္ေယာက္မွာေတာ့ ႐ုံးတြင္ HR မန္ေနဂ်ာမမခက္ႏွင့္အတူ CV Form မ်ား အကဲျဖတ္စိစစ္ေနရသည္။ ဌာနအစုံ လိုက္ကူကာသင္ေနရတာမို႔ အလုပ္ေတြက သူ႔အတြက္ မရိုးစင္းလွ။ လိုင္းမတူေသာအလုပ္ေတြကို အဖက္ဖက္ကသိေအာင္၊ တတ္ေအာင္ သင္ေနရသည္။
ႏွစ္ထပ္တိုက္ျဖစ္ေသာ သူတို႔႐ုံးအေဆာက္အဦးတြင္ ဝန္ထမ္းအမ်ားစုမွာ Web developers, Programmers မ်ားျဖစ္ၾကသည္။ ဒါမို႔လူငယ္မ်ားၿပီး ေပ်ာ္ေပ်ာ္ေနတက္ၾကသူခ်ည္းမို႔ ေပ်ာ္စရာလည္း ေကာင္းလွ၏။
ဦးမင္းဟန္ကိုယ္တိုင္ကလည္း အားလုံးကို လြတ္လြတ္လပ္လပ္ အလုပ္လုပ္ေစသည္။ Lunch time, Tea time ပင္ သတ္မွတ္ေပးမထား၊ အဆင္ေျပသလို လုပ္ခြင့္ေပး၏။ သတ္မွတ္ခ်ိန္အတြင္း ကိုယ့္ပေရာဂ်က္ကိုယ္ မွန္မွန္ကန္ကန္ႏွင့္ ေသခ်ာၿပီးဖို႔သာ အာ႐ုံစိုက္ေစသည္။
အဖြဲ႕ေခါင္းေဆာင္အစ္ကို၊ အစ္မမ်ားအားလုံး သေဘာေကာင္းၾကေသာ္လည္း အခု ခန့္ခန့္ႏွင့္ ေဖာင္တြဲစစ္ေနရသည့္ မမခက္ကိုေတာ့ အားလုံးက ရွိန္ၾကသည္။ စကားလည္းအမွားမခံ။ ခန့္ခန့္လည္း သူႏွင့္စကားေျပာလၽွင္ သတိထားရ၏။
ေတြးေနစဥ္ တုန္ခါလာသည္က ေဘးခ်ထားသည့္ ခန့္ခန့္ဖုန္းပင္။ သူ႔ခ်စ္သူလူႀကီး ဖုန္းဆက္လာျခင္း။ ခန့္ခန့္ အသံခပ္အုပ္အုပ္ႏွင့္ ဖုန္းအျမန္ေျဖရသည္။
"ဟုတ္"
"ကေလး ... ကိုယ့္ေမက ဖက္ထုပ္ပူပူေလး ထည့္ေပးလိုက္တယ္။ အဲဒါ အခု႐ုံးကိုလာပို႔ေနၿပီေနာ္"
"ဟမ္ ... အခု ထြက္လာလို႔မရေသးဘူး။ ၿပီးေတာ့ ႐ုံးမွာေဖေဖလည္းရွိတယ္"
"ရပါတယ္ ကိုယ္လာခဲ့မယ္။ ဖြင့္ပြဲအတြက္လည္း တစ္ခါတည္းဖိတ္ခ်င္လို႔"
"ဟမ္! လူႀကီးကိုယ္တိုင္လား။ ၿပီးေရာ၊ ၿပီးေရာ ... ဒါပဲေနာ္"
အလုပ္ဖုန္းမဟုတ္လၽွင္ မမခက္က ဖုန္းေျပာတာ သိပ္မႀကိဳက္တတ္တာမို႔ တိုးတိုးေျပာၿပီး အျမန္ခ်ရသည္။ ဒါကို ခ်စ္သူက လာဦးမယ္ဆိုေတာ့ ၿပီးသလိုသာ ေျပာခ်လိုက္ရ၏။ စိုးရိမ္စိတ္မွာေတာ့ အတိုင္းအတာတစ္ခုထိ ျမင့္တက္လာေလၿပီ။ ေဖေဖႏွင့္ထိပ္တိုက္ ေတြ႕မလို႔တဲ့လား။
ခန့္ခန့္စိတ္ပူေနေသာ္ျငား တစ္ဖက္က ေဇယ်ာမွာေတာ့ သူကိုယ္တိုင္ ဦးမင္းဟန္ကို ဖိတ္ဖို႔အေရး စိတ္အားထက္သန္ေနသည္။ ျပႆနာေတြျဖစ္ၿပီးေနာက္ပိုင္း ပထမဦးဆုံး စကားေျပာရျခင္းျဖစ္တာမို႔ စိတ္လွုပ္ရွားမိတာေတာ့အမွန္ပါပဲ။
ရင္တုန္မိေသာ္လည္း သည္လိုအဝင္၊ အထြက္ေလးေတြရွိခ်င္လို႔ပဲ ဟိုတယ္အတြက္ လိုအပ္သမၽွ နည္းပညာပိုင္းေတြကို ဦးမင္းဟန္႐ုံးကပဲ တမင္တကာ ဝယ္သုံးခဲ့တာျဖစ္သည္။ ႏွင္မထုတ္ေတာ့သည့္တိုင္ စကားမေျပာျဖစ္ေသးတာမို႔ အရင္လိုျပန္အကၽြမ္းတဝင္ ျဖစ္ေစခ်င္မိတာ သူ႔ဆႏၵပင္။
သည္လိုႏွင့္ ေဇယ်ာ ႐ုံးေရာက္ေတာ့ ခန့္ခန့္ ထြက္ႀကိဳပါသည္။ ခပ္သြက္သြက္ထြက္လာၿပီး အနည္းငယ္ ကုပ္ေခ်ာင္း၊ ကုပ္ေခ်ာင္းႏွင့္။
"လူႀကီး လာ"
ေဇယ်ာ သေဘာက်မိ၍ ခပ္ျပဳံးျပဳံးျဖစ္သြားသည္။ ရွပ္အျပာႏုေရာင္ႏွင့္ စတိုင္လ္ပန့္အနက္ဝတ္ထားသည့္ ကေလးေလးက လူႀကီးပုံဖမ္းထားေသးတာကိုး။ ပါဝါမ်က္မွန္ဝိုင္းေလး တပ္ထားေသာ္လည္း မ်က္လုံးသြယ္သြယ္ေလးတို႔၏အလွက ေပ်ာက္မသြား၊ ပိုပင္ခ်စ္စရာေကာင္းေနေသးသည္။
"လူႀကီး ကိုယ္တိုင္ဖိတ္မလို႔လား။ ဒီတိုင္းေပးခဲ့ပါ၊ အိမ္က်မွ ဖိတ္စာေပးသြားေၾကာင္း ေျပာလိုက္မယ္ေလ"
သူကိုယ္တိုင္ ဖိတ္ပါမယ္ေျပာေတာ့ အေပၚထပ္ေရာက္လာသည္ထိ ကေလးခမ်ာ တိုးတိုး၊ တိုးတိုးႏွင့္မွာမၿပီး။
"ရပါတယ္ ကေလးရ၊ ကိုယ္ေသခ်ာေျပာမွာပါ။
စိတ္မပူနဲ႔၊ ေရာ့ ... ဒီဖက္ထုပ္ပူပူေလး စားထားႏွင့္လိုက္၊ ေအးသြားလိမ့္မယ္"
ေခါင္းေလးပြတ္သပ္ကာ ေခ်ာ့ျမဴေျပာေတာ့ ခန့္ခန့္က ဖက္ထုပ္ဗူးေလးကိုင္ကာ အလုပ္ေနရာဆီ ျပန္သြားထိုင္၏။ သူ႔အား ေတာ္ေတာ္စိတ္မခ်ေနသည့္ဟန္။ ေဇယ်ာလည္း အားတင္းထားပါသည္။ ေယာကၡမေလာင္းႀကီးကလည္း ထိုးေတာ့မလႊတ္နိုင္ေလာက္ဘူးမလား။
ခန့္ခန့္ ေနရာျပန္ေရာင္ေတာ့ ေဘးခန္းက မမခက္တို႔မ်ား သူတို႔ႏွစ္ေယာက္အား အကဲခတ္လ်က္။ ႐ုံးမွာ အခန္းမ်ားကန့္ထားေသာ္လည္း အားလုံးက မွန္ျပင္ေတြႀကီးသာမို႔ တစ္ခန္းႏွင့္တစ္ခန္းက ျမင္ေနရသည္ခ်ည္း။ ဒါေတြ ခန့္ခန့္ ဂ႐ုမစိုက္နိုင္ပါ။ အေရးႀကီးတာ ေဖေဖ လူႀကီးကို ေကာင္းေကာင္းဆက္ဆံေပးဖို႔ပါပဲ။
သည္လိုႏွင့္ ေဇယ်ာက ဦးမင္းဟန္အခန္းဆီ ဦးတည္ေလၽွာက္လွမ္းသည္။ ကြန္ပ်ဴတာသုံးဟန္ေဆာင္ရင္း အနည္းငယ္ ေပေစာင္းေစာင္းၾကည့္ေနၾကေသာ လူငယ္တခ်ိဳ႕က သူ႔အားစူးစမ္းေနသေယာင္။ ေဇယ်ာကေတာ့ ေအးခဲလာေသာလက္တစ္စုံျဖင့္ အနည္းငယ္ပြင့္ဟေနသည့္ မွန္တံခါးကိုေခါက္ကာ ဝင္ခြင့္ေတာင္းလိုက္သည္။
"အန္ကယ္ ... ကၽြန္ေတာ့္ကို ဝင္ခြင့္ျပဳပါ"
ဦးမင္းဟန္ကမူ အသိအမွတ္ျပဳသဖြယ္ ေခါင္းတစ္ခ်က္ ညိတ္ျပလိုက္သည္။ ေဇယ်ာ အေပၚထပ္ေရာက္ကထဲက ဦးမင္းဟန္ ျမင္ၿပီးသားပင္။ ဘာေၾကာင့္လာသည္ကို မသိေပမဲ့ သားျဖစ္သူ ပ်ာပ်ာသလဲထႀကိဳကာ တိုးတိုးကပ္မွာေနတာျမင္ရေတာ့ အျမင္လည္းကပ္သလို၊ ရယ္လည္းရယ္ခ်င္မိသည္။ အေတာ္မနိုင္သည့္သား။
"ထိုင္ပါ ေမာင္ေဇယ်ာ"
ဦးမင္းဟန္ လုပ္လက္စအလုပ္မ်ား ခဏရပ္ၿပီး ကြန္ပ်ဴတာဆီမွ အၾကည့္လႊဲလိုက္သည္။ၿပီးေနာက္ ေဇယ်ာ့၏အေပၚယံအသြင္အျပင္ကအစ စိတ္အေျခအေနအဆုံး ျမင္ရေလာက္သည္ထိ ၾကည့္ေနမိသည္။
"ကၽြန္ေတာ္ ဟိုတယ္ဖြင့္ပြဲအတြက္ အန္ကယ္တို႔ တက္ေရာက္ေပးဖို႔ လာဖိတ္တာပါဗ်။ ဒါဖိတ္စာေလးပါ။ Software နဲ႔ Website လည္း ေတာ္ေတာ္အဆင္ေျပပါတယ္ခင္ဗ်။ ေဖေဖလည္း သေဘာက်ေနပါတယ္"
လွပေသာ အညိဳေရာင္လြင္လြင္ ဖိတ္စာေလးကို ကမ္းေပးလာသည္။ ဦးမင္းဟန္အဖို႔ေတာ့ သည္ပြဲကိုမတက္ခ်င္။ သို႔ေပမဲ့ ကိုယ့္႐ုံးက Software ကိုလည္း ဝယ္သုံးထားသူမို႔ အျပတ္ေတာ့လည္း ျငင္းမေကာင္းလွ။ သည္ေကာင္းေလးအေဖ ကိုျမတ္သူႏွင့္ကလည္း အရင္ေဆာက္လုပ္ေရးလုပ္ငန္းထဲက လက္တြဲလာသူမ်ားလည္း ျဖစ္ေနေသးသည္။ သားေတြကိစၥေၾကာင့္သာ အေျပာအဆို မရွိၾကေတာ့တာ။
"ပြဲကဘယ္ေန႔လဲ"
အရင္လိုမျပဳံးပါဘဲ မ်က္ႏွာတည္ႏွင့္ ေမးလိုက္သည့္ စကားတို႔ေၾကာင့္ ေဇယ်ာ ပိုရင္တုန္မိသည္။ ဖိတ္စာကို ဖြင့္ေတာင္မၾကည့္ဘဲ သူ႔ကိုတိုက္ရိုက္ေမးလာေလျခင္း။
"လာမဲ့တနဂၤေႏြပါခင္ဗ်။ ေဖေဖကလည္း အန္ကယ္တို႔ကို ဆက္ဆက္တက္ေရာက္ေပးၾကဖို႔ စကားပါးလိုက္ပါေသးတယ္။ သူကိုယ္တိုင္လည္း ဧည့္ခံခ်င္လို႔ပါတဲ့"
ထိုလူငယ္မွာ သူ႔အေဖကိုျမတ္သူကိုယ္တိုင္ဆိုသည့္ စကားအလွကို သုံးလာသည္။ ဘယ္လိုဆိုဆို မ်က္ႏွာပူစရာကိစၥသာမို႔ ဦးမင္းဟန္ ျငင္းဖို႔သာ စကားဆိုသည္။
"လာမယ့္တနဂၤေႏြဆို အန္ကယ္တို႔က မနက္ပိုင္း ပဲခူးဖက္ သြားစရာရွိေသးေတာ့ ပြဲတက္နိုင္မွာ မဟုတ္ေလာက္ဘူး။ သားသြားမယ္ဆိုရင္ေတာ့ လႊတ္လိုက္ပါမယ္"
ဦးမင္းဟန္ ရေအာင္ျငင္းလိုက္ရင္း HR ခန္းထဲက လည္တိုင္ႀကီးရွည္ကာ ေမၽွာ္ၾကည့္ေနသည့္ သားျဖစ္သူကို တစ္ခ်က္စိုက္ၾကည့္လိုက္သည္။
"အဆင္ေျပပါတယ္ အန္ကယ္။ မနက္ပိုင္းဖြင့္ပြဲက ဝန္ႀကီးေတြနဲ႔ ဖဲႀကိဳးျဖတ္႐ုံေလာက္ပဲမို႔ ခဏပါပဲ။ အဓိကပြဲက ညေနပိုင္းမွစမွာဆိုေတာ့ ပြဲတက္ဖို႔အခ်ိန္မွီပါတယ္ဗ်။ လိုအပ္ရင္ အန္တီနဲ႔ အဘြားကိုလည္း ကၽြန္ေတာ္ သြားဖိတ္ပါဦးမယ္။ တစ္မိသားစုလုံး စုံစုံလင္လင္ တက္ေစခ်င္လို႔ပါခင္ဗ်ာ"
ဦးမင္းဟန္လည္း ခပ္တြင္တြင္ မျငင္းသာေတာ့။ ဖိတ္စာကို ဖြင့္မၾကည့္မိလိုက္တာ သူ႔အမွားပင္။ သည္လိုသာသိရင္ တစ္ေနကုန္လုံးမအားဘူးဟု သူ ျငင္းမွာေပါ့။
"ေမာင္ေဇယ်ာ ေန ... ေန။ ရပါတယ္၊ အန္ကယ္ပဲ ေျပာလိုက္ပါမယ္။ ပြဲလည္းတက္နိုင္ေအာင္ စီစဥ္ၾကည့္ပါဦးမယ္လို႔ ကိုျမတ္သူကို ေျပာလိုက္ပါ"
"ဟုတ္ကဲ့ အန္ကယ္။ ေက်းဇူးပါခင္ဗ်"
"Software က သုံးရအဆင္ေျပရဲ့လား။ မသိတာရွိေသးရင္ အားမနာဘဲ ဝန္ထမ္းေတြကို ဆက္သြယ္ခိုင္းပါ"
"ဟုတ္ အကုန္အဆင္ေျပပါတယ္"
ဦးမင္းဟန္က ေခါင္းညိတ္ျပကာ ဖုန္းကိုတစ္ခ်က္ၾကည့္လိုက္၏။ ေဇယ်ာလည္း ျပန္သင့္မွန္း သိေလၿပီ။
"အန္ကယ္ ဒါဆို ခြင့္ျပဳပါဦး"
"ေကာင္းပါၿပီ"
သူတို႔ႏွစ္ေယာက္အေၾကာင္းကို မေျပာေစကာမူ ေဇယ်ာလည္း ၾကာၾကာေတာ့မေနနိုင္။ အခုေတာင္ အေတာ္မ်က္ႏွာပူမိသည္။
ေဇယ်ာ အခန္းထဲကထြက္လာေတာ့ ခန့္ခန့္မွာ တဖန္ဂနာမၿငိမ္ျပန္။ မန္ေနဂ်ာမမခက္ကို ထြက္ခြင့္ေတာင္းရျပန္သည္။ ဘယ္ေလာက္ပဲ လူႀကီးသားျဖစ္ေနဦးေတာ့ ကိုယ္က သင္ယူေနသူပဲမလား။
မမခက္မွာေတာ့ မ်က္မွန္ကိုင္းႀကီး အေပၚပင့္၍ ျပန္ပူးကပ္သြားသည့္ ထိုႏွစ္ဦးကို နားမလည္စြာ အကဲခတ္ရင္းက်န္ရစ္ခဲ့ေလသည္။
"လူႀကီးဘယ္လိုလဲ၊ အဆင္ေျပလား"
ေလွကားအဆင္းတြင္ ခန့္ခန့္က ထပ္ၾကပ္မခြါလိုက္ပါလာရင္း စိတ္ပူစြာေမးေတာ့သည္။ ဒါမ်ိဳးဆို အသည္းယားလြန္းေသာေဇယ်ာက ခန့္ခန့္၏ဆံသားေလးေတြ ဖိသပ္ေပးရင္း၊
"အဆင္ေျပပါတယ္ ကေလးရဲ့။ ပြဲတတ္နိုင္ဖို႔ စီစဥ္ၾကည့္မယ္တဲ့"
အဆင္ေျပသည္ဆိုေတာ့ ခန့္ခန့္မ်က္ႏွာဟန္ပန္က ေရႊေရာင္တဖိတ္ဖိတ္လက္သည့္ႏွယ္ ဝင္းပသြားသည္။ ဆင္းလက္စေလွကားကိုလည္း တစ္ထစ္ေက်ာ္လိုက္ရင္း ေနာက္ကေဇယ်ာ့ကို မ်က္ႏွာခ်င္းဆိုင္ ျပန္လွည့္ၾကည့္ေလသည္။
"ဒါဆို အေျခအေနမဆိုးဘူးပဲ။ ဒီမွာ ရင္ေတြတထိတ္ထိတ္နဲ႔ အျပတ္ျငင္းမယ္ထင္ၿပီး ေစာင့္ေနရတာ။ ေဖေဖတို႔ပြဲတတ္ဖို႔ေတာ့ လုံးဝစိတ္မပူနဲ႔"
"ဟုတ္ပါၿပီ ကေလးေပါက္စရယ္။ အလုပ္ျပန္လုပ္ေတာ့ေလ ... သြား။ ၾကာရင္ေျပာေနၾကမယ္"
"ဟုတ္ ... တာ့တာ"
"ဖက္ထုပ္ေလးမေအးခင္ စားလိုက္ဦးေနာ္"
"အင္းပါ"
ေအာက္ထပ္ေရာက္လာၿပီမို႔ ေဇယ်ာ မႏွုတ္ဆက္ခ်င္ဘဲ ႏွုတ္ဆက္လိုက္ရသည္။ ဘယ္ေလာက္ပဲ မိဘေတြသိထားဦးေတာ့ ခ်စ္သူေလးအလုပ္လုပ္သည့္ ပတ္ဝန္းက်င္တြင္ေတာ့ အေနအထိုင္ ပိုဆင္ျခင္ရမည္။ ကိုယ္က ကိစၥမရွိေပမဲ့ ကေလးကိုေတာ့ သူမ်ားအထင္ေသးမခံေစခ်င္ပါေပ။
ဤသို႔ျဖင့္ ဖြင့္ပြဲအတြက္ပူပန္ေနရေသာကိစၥတစ္ခု ၿငိမ္းေအးသြားေလသည္။
....................
ခန့္ခန့္ သည္ေန႔အဖို႔ေတာ့ အိမ္ေစာျပန္လာျဖစ္သည္။ ဦးမင္းဟန္ကေတာ့ ႐ုံးမဆင္းေသး။ အိမ္ျပန္ေရာက္သည္ႏွင့္ အခ်ိန္မဆြဲဘဲ ခ်က္ခ်င္းေရခ်ိဳးလိုက္၏။ ဖခင္ျပန္မလာခင္ သူလုပ္စရာရွိသည္ကို အၿပီးလုပ္ရမည္မလား။
ဆယ့္ငါးမိနစ္အတြင္း ေရခ်ိဳးၿပီးစီးေလေတာ့ ထုံးစံအတိုင္း လူႀကီးေတြရွိရာ ထမင္းစားခန္းသို႔ ဟိုေယာင္ေယာင္၊ သည္ေယာင္ေယာင္ သြားလုပ္ရသည္။ ဖြင့္ပြဲတက္ဖို႔ ေမေမတို႔ကို အရင္စည္း႐ုံးမွာမို႔ပင္။
ထမင္းစားခန္းထဲေရာက္သည္ႏွင့္ ႀကီးႀကီး၏ ခရမ္းသီးငါးပိခ်က္အနံ႔က ျမည္းၾကည့္ခ်င္ေလာက္ေအာင္ ဆြဲေဆာင္ေန၏။ ထမင္းစားပြဲတြင္လည္း ဝက္သားပုန္းရည္ႀကီးႏွင့္ သီးစုံခ်ဥ္ရည္တို႔က အဆင္သင့္ျဖစ္ေနေလၿပီ။
ခန့္ခန့္ခမ်ာ ဟင္းေတြၾကည့္ၿပီး ဗိုက္ေတာင္ဆာခ်င္ခ်င္။ သို႔ေသာ္ ႏွိုက္ေတာ့မစားရဲေသး၊ လက္ပုပ္ေအာင္ရိုက္ခ်မလား၊ အဆူခံရမလား တစ္ခုခုပင္။ သည္အေျခအေနတြင္ အေကာင္းျမင္ေနမွျဖစ္မည္ဟုေတြးကာ စိတ္ကို ထိန္းထားလိုက္ရ၏။ ျမင္သာျမင္ရ၊ မၾကင္ရသည့္ဟင္းပြဲေတြပါပဲ။
ဒါတင္မၿပီးၾကေသး။ ေမေမက ေဖေဖႀကိဳက္သည့္ ခရမ္းခ်ဥ္သီးအစိမ္းကို ပါးပါးလွီးကာ သုပ္ဖို႔ျပင္သည္။ အဘြားကေတာ့ ေဘးတြင္ ပုတီးစိပ္ကာ စကားတေျပာေျပာရွိလ်က္။
မီးဖိုခန္းအတြင္း အားလုံးကိုမသိမသာ လွည့္ပတ္ၾကည့္ၿပီးေသာခန့္ခန့္မွာ အဆာေၿပ ပန္းသီးတစ္လုံးယူစားရင္း ဖြင့္ပြဲကိစၥေျပာဖို႔ စကားအစရွာေနရေလၿပီ။
"ေမေမ ဒီလာမယ့္တနဂၤေႏြ အားလား"
"အင္း အားသားပဲ။ ဘာလုပ္မလို႔လဲ"
ေမေမက ခန့္ခန့္ကိုပင္ လွည့္မၾကည့္ဘဲ ခရမ္းခ်ဥ္သီးသုပ္ရင္း ေျပာသည္။
"ဪ ... မဟုတ္ပါဘူး။ အဲေန႔ ကိုေဇယ်ာတို႔ ဟိုတယ္ဖြင့္ပြဲ ဖိတ္ထားလို႔။ အဲဒါေဖေဖ့ကိုေတာ့ ေန႔လယ္က ႐ုံးမွာလာဖိတ္သြားၿပီ။ ေမေမနဲ႔ဘြားဖို႔ဆိုၿပီး ဒီမွာဖိတ္စာႏွစ္ေစာင္လည္း ထည့္ေပးလိုက္ေသးတယ္"
ေဒၚမိမိနိုင္ေရာ၊ အဘြားျဖစ္သူကပါ ခန့္ခန့္ကိုတစ္လွည့္၊ ဖိတ္စာကိုတစ္လွည့္ ၾကည့္ၾကသည္။
"မင္းေဖႀကီးကိုဖိတ္ရင္ရၿပီေလ၊ တစ္အိမ္လုံးစာဖိတ္စာေတြ ဘာလုပ္ဖို႔ယူလာတာလဲ"
လူႀကီးအေၾကာင္းေျပာလၽွင္ ေမေမက သည္လိုဘုဆတ္ဆတ္ႏွင့္သာ။ မ်က္ႏွာရေအာင္ တစ္ေယာက္တစ္ေစာင္ ဖိတ္ရန္ယူလာခါမွ ေျပာေနျပန္ပါၿပီ။
"ဘာမွမျဖစ္ပါဘူး ေမေမရယ္။ သူကလူေစ့လာေစခ်င္လို႔ တစ္ေယာက္ခ်င္းဖိတ္တာေလ။ သားလည္း တစ္ေစာင္ရတာပဲဟာ"
ခန့္ခန့္ေျပာမွ အဘြားျဖစ္သူက ပုတီးစိပ္ရင္း ထရယ္ေတာ့သည္။ ႀကီးႀကီးမွာလည္း ေဒၚမိမိနိုင္ကိုအားနာစိတ္ျဖင့္ မရယ္ခ်င္,ရယ္ခ်င္ လုပ္ေနသည္။
"အမေလး ဟိုကေလး ေဇယ်ာရယ္၊ အိမ္မွာ လူေလးေယာက္ရွိတာနဲ႔ ဖိတ္စာေလးေစာင္ပို႔ရတယ္လို႔။ မွန္းစမ္း ... ဖိတ္စာကျဖင့္ ေစ်းႀကီးမဲ့ပုံနဲ႔ ... အပိုကုန္လို႔ဟယ္။ ငါ့ေျမးက မေျပာဘူးလား"
ေဒၚမိမိနိုင္က ဘာမွဝင္မေျပာေသး။ အသုပ္ကို လက္စသတ္၍ ပန္းကန္အလြတ္ထဲ ထည့္ေနသည္။
"ဟို ... ေျပာပါတယ္၊ အဲဒါ ကိုေဇယ်ာက အကုန္တက္ေစခ်င္လို႔ ဖိတ္တာပါတဲ့။ သူ႔မိဘေတြလည္း ေမၽွာ္ေနမယ္ေျပာတယ္။ ေဖေဖကေတာ့ ေန႔လယ္က တက္ျဖစ္မယ္လို႔ ေျပာလိုက္တယ္။ ေမေမနဲ႔ဘြားလည္း လိုက္ရမယ္ေနာ္။ ပြဲတက္ဖို႔ျပင္ထားၾက"
ခန့္ခန့္က ပန္းသီးကိုေျမႇာက္ကိုင္ရင္း အဘြားျဖစ္သူကို ကူေျပာဖို႔ မ်က္ခုံးပင့္ျပရသည္။ ေရလည္ေသာအဘြားကလည္း ေခါင္းတဆတ္ဆတ္ညိတ္လ်က္။
"ေအးေလ သြားၾကတာေပါ့။ ထုတ္မဝတ္ရေသးတဲ့ အဝတ္အစားအသစ္ေတြ အမ်ားႀကီးရွိေနတာနဲ႔ အေတာ္ပဲ။ မိမိနိုင္ ညည္းလည္းျပင္ထားလိုက္၊ တို႔သြားၾကမယ္"
ေမေမက ျငင္းလည္းမျငင္း၊ ျပန္လည္းမေျပာဘဲ ပြသြားသည့္အသုပ္ဇလုံကို ေဆးေနေတာ့သည္။ မ်က္ႏွာႀကီးကလည္း ရွူတည္တည္ႏွင့္။ လိုက္မယ္၊ မလိုက္ဘူးမေျပာေတာ့ ခန့္ခန့္ ဘယ္လိုအကဲခတ္ရမွန္းမသိပါေပ။ အဘြားကေတာ့ သူ႔ကို လက္မေထာင္ျပရင္း အဆင္ေျပေၾကာင္း ေျပာသည္။
ဟင္း ... ဖခင္႐ုံးကျပန္ေရာက္လာရင္လည္း ေရွ႕ကနည္းအတိုင္း 'ေမေမနဲ႔ဘြားေတာင္ ပြဲတက္ၾကမွာ' လို႔ လူလည္က်ၿပီး ထပ္စည္း႐ုံးရမည္။ ခ်စ္သူစီစဥ္ထားသည့္အကြက္ထဲ ေရာက္ေအာင္ ႀကိဳးစားရတာလည္း သူ႔ခမ်ာ ရင္တထိတ္ထိတ္ႏွင့္။
....................
[ နင္ေပ်ာ္နိုင္မွာပါ၊ ငါရဲ့အခ်စ္ေတြေပးထားကာ
နင္ေလသိမ္းထားဦး...
အခ်ိန္နာရီေတြ ဂ႐ုစိုက္ေနတုန္း
ခ်စ္သူကို ေငးရင္း...
အေရာင္ေတြစုံေနတဲ့ ညေနခင္းအလွမွာ
မင္းႏွုတ္ခမ္းေလးအား...
ညင္သာစြာ ေပြ႕ဖက္ၾကည္ႏူးရင္း
အမွတ္တရ ညေနခင္း....]
႐ုံးတက္ၾကရသည့္ ခ်စ္သူမ်ားအဖို႔ေတာ့ ညေနခင္းတိုင္းက လွပေနၾကလိမ့္မည္။ တစ္ေန႔တာ အေမာမ်ားကို ခ်စ္သူနဲ႔ေတြ႕ၿပီး ေျဖသိမ့္ၾကမည္။ တစ္ေယာက္လက္ တစ္ေယာက္တြဲၿပီး ေလၽွာက္သြားၾကမည္၊ ေပ်ာ္ပါးၾကမည္၊ စားေသာက္ၾကဦးမည္။
ခန့္ခန့္တို႔စုံတြဲမွာလည္း အမ်ားနဲ႔မျခား၊ ႐ုံးဆင္းညေနတခ်ိဳ႕တြင္ ေပြ႕ဖက္ၾကၿပီး ဘဝအေမာမ်ား ေျဖရသည္။ လမ္းက်ယ္တစ္ေနရာ၌ ကားႏွစ္စီးကို ေရွ႕ေနာက္ဆင့္ရပ္ရင္း ခန့္ခန့္ ကားေနာက္ခန္းတြင္ ခ်စ္သူ၂ေယာက္ ေတြ႕ျဖစ္ၾကတာမ်ား၏ ခန့္ခန့္ အျပင္တြင္ ညေနစာစားခဲ့လၽွင္ ေမေမကလည္း သိပ္မၾကည္တတ္တာမို႔။
"ဘယ္လိုလဲ ကေလး။ အန္တီတို႔ကို ေျပာၿပီးၿပီလား"
ေဇယ်ာ ရင္ခြင္ထဲထည့္ဖက္ထားသည့္ ခန့္ခန့္ကို တိုးလ်စြာ ေမးလိုက္သည္။
"အင္း အားလုံးတက္လိမ့္မယ္။ လူႀကီးဖက္ကေရာ..."
ေဇယ်ာတစ္ေယာက္ ေမာ့ၾကည့္လာသည့္ကေလး၏ႏွဖူးျပင္ေလးအား အားမရစြာနမ္းရွုံ႔ရင္း၊
"ကိုယ္လည္း ကေလးမိဘေတြ လာရင္ေသခ်ာဧည့္ခံေပးဖို႔ မွာထားတယ္။ ဒီလိုမွလည္း ႏွစ္ဖက္မိဘက ေသခ်ာဆုံျဖစ္ေတာ့မွာ။ သီးသန့္ႀကီးဆို လၽွို႔တိုးလၽွမ္းတန္းနဲ႔ မ်က္ႏွာပူၿပီး ဘယ္သူမွ ေတြ႕ခ်င္မွာမဟုတ္ဘူး။ ကိုယ္တို႔ကိစၥလည္း ဒါနဲ႔ေရွ႕ေရာက္မွာမဟုတ္ဘူး"
"လူႀကီးအႀကံ ေကာင္းပါတယ္။ ဘြားကိုေတာင္ ေသခ်ာမွာထားတယ္။ အားလုံးဆုံၾကရင္ ၾကားကေန ၾကည့္ေကာင္းေအာင္ ေျပာေပးမယ္တဲ့။ လူႀကီးလည္း အန္တီေမေမ့ကို မွာထား"
ခ်စ္သူက သူ႔မိခင္ကို 'အန္တီေမေမ' ဟု ေခၚတိုင္း ေဇယ်ာ ပါးေဖာင္းေဖာင္းေလးေတြကို ျဖစ္ညႇစ္ခ်င္မိသည္၊ အခ်စ္လည္းပိုရသည္။
"ကိုယ့္ေမေမခ်စ္လာတာလည္း မေျပာနဲ႔၊ အဲလိုေခၚဖို႔ ဘယ္သူကမ်ား သင္ေပးထားတာလဲ"
"No! No! မေျပာဘူး"
အနားတိုးကပ္လာရင္း စကားကို တစ္လုံးခ်င္းေျပာေနသည့္ ထိုႏွုတ္ခမ္းဖူးဖူးေလးအား အပိုင္သိမ္းထားလိုက္ခ်င္မိသည္ထိ ေဇယ်ာ ေလာဘတက္လာေလၿပီ။
"ေရွ႕ဆက္တိုးလာရင္ ကိုယ္ နမ္းမွာေနာ္"
သည္ေတာ့မွ အရမ္းနီးကပ္သြားတာကို ခန့္ခန့္ သတိထားမိၿပီး ကိုယ္ေလးျပန္ယို႔သြားသည္။ လမ္းမႀကီးေပၚမွာမလား။ ဘယ္ေလာက္ပင္ မွန္အမည္းေတြ ကပ္ထားဦးေတာ့ ရွက္ေတာ့ရွက္ေသးသည္။
"ျပန္ေတာ့မယ္ ... ဆင္းေတာ့"
"ဟာ ... ေနဦးေလ၊ ႏွင္ၿပီလား"
ေျပာမဆုံးေသး၊ နမ္းမယ္ဆိုတာႏွင့္ ေဘးနားကအတင္းခြါေတာ့သည္။
"ႏွင္ၿပီ ... ဆင္းေတာ့၊ ဆင္းေတာ့"
"တစ္ခါေလာက္ေတာ့ ေပးနမ္းပါဦး"
ေတာင္းဆိုသည့္ေဇယ်ာ့စကားအဆုံးတြင္ ၾကဲခ်လာေသာအနမ္းမိုးစက္တခ်ိဳ႕။ ခန့္ခန့္ အလ်င္အျမန္ေပးၿပီးတာႏွင့္ 'ခ်စ္တယ္ေနာ္' ဆိုကာ ကားထဲကထြက္ေျပးသြားသည္။
ကားေပၚက်န္ရစ္ခဲ့ေသာ ေဇယ်ာ့မွာေတာ့ ႏွုတ္ခမ္းတြင္က်န္ရစ္ခဲ့သည့္ အေငြ႕အသက္ကို လက္ႏွင့္ထိေတြ႕ရင္း ေရွ႕ကားဆီတက္သြားသည့္ ကေလးကို ေငးၾကည့္ေနမိသည္။ ညေနခင္းတိုင္းသာ ခ်စ္ရသူႏွင့္ သည္လိုသာယာေနမယ္ဆိုရင္ ေလာကႀကီးမွာ ႏွစ္တစ္ရာ၊ ႏွစ္ရာမက အသက္ဆက္ရွင္ခ်င္မိေသးသည္။
~ ညေနခင္းမွာ ေတြ႕ရတဲ့
ခ်စ္သူတိုင္း၊ ခ်စ္သူတိုင္း
ေပ်ာ္ရႊင္နိုင္ၾကပါေစ ~
6/11/2020
•••••••••••••••••••••••••••••••••••••••••
Bạn đang đọc truyện trên: Truyen3h.Co