Part - 42
<Unicode>
ဟိုတယ်ဖွင့်ပွဲဖြစ်သည့် တနင်္ဂနွေနံနက်ခင်းဝယ်
ခါတိုင်းအလိုက်မသိစွာ ထမြည်တတ်သည့် ခုနှစ်နာရီနှိုးစက်ပင်မမြည်သေး၊ ခြောက်နာရီမထိုးခင်ကစ ခန့်ခန့် မျက်လွှာတို့ ပွင့်နေလေပြီ။
နွေဦးရာသီဖြစ်သည့်အလျောက် ပတ်ဝန်းကျင်မှာလည်း စောစီးစွာ လင်းလင်းထင်းထင်း ရှိနေသည်။ မနက်ခင်းသဘာဝ ငှက်ကလေးတို့၏ စိုးစီ၊ စိုးစီအသံထက် တစ်လမ်းကျော် ဓမ္မာရုံမှ နိဗ္ဗာန်ဆော်အသံကသာ ပတ်ဝန်းကျင်ကို လွှမ်းခြုံထား၏။
သည်နေ့ ဟိုတယ်ဖွင့်ပွဲမနက်ခင်းမို့ လူကြီးတစ်ယောက် အလုပ်ရှုပ်နေလောက်ပြီ။ ဖုန်းဆက်မနှိုးရကောင်းလားဆိုပြီး စိတ်ကောက်၍တော့မဖြစ်၊ သည်လောက်တော့ နားလည်ပေးရမည်။
ခန့်ခန့် မထသေးဘဲ အိပ်ရာတစ်ဖက်သို့လှိမ့်ကာ ညနေပွဲတက်ရမည့်အကြောင်း တွေးရင်ခုန်နေမိ၏။ လွန်ခဲ့သောနှစ်နှစ်က သည်လူကြီးမရှိလျှင် အသက်မရှင်နိုင်လောက်တော့ဘူးလို့ တွေးခဲ့မိသည့်သူ။ ပညာသင်သွားမည်ကိုပင် မလွှတ်ရက်ခဲ့သူ။ ကိုယ်တိုင်တားခဲ့လျှင် မသွားမှာသေချာသော်လည်း ခက်ခက်ခဲခဲချနိုင်ခဲ့တဲ့ ဆုံးဖြတ်ချက်တစ်ခုကြောင့် ခုချိန်မှာတော့ ကိုယ့်ချစ်သူအတွက် ဂုဏ်ယူလို့မဆုံးပါပဲ။
သည်လို ဂုဏ်ယူရသည့်လူကြီးအတွက် ခန့်ခန့် လက်ဆောင်သေးသေး ပြင်ထားပေးသည်။ ဘေးနားက ခုံပေါ်တွင်ချထားသော ဗူးလေးနှစ်ဗူးအား လက်ကမ်းကာ ထယူကြည့်မိပြန်သည်။ သူ တကူးတကစီစဉ်ထားသော ငွေနဲ့ပြုလုပ်ထားသည့် လက်ကြယ်သီးလေးများဖြစ်၏။
[Silver Cufflinks]
ညနေ Suit ဝတ်မည့်ချစ်သူ့လက်ခေါက်နားတွင် ဤငွေရောင်ကြယ်သီးလေးများ ဝတ်ဆင်ထားသည်ကို ခန့်ခန့် မြင်ချင်မိသည်။ ဆင်တူလုပ်ရန် စိတ်ကူးမိသော်လည်း မင်္ဂလာဆောင်များတွင်သာ ဝတ်လေ့ရှိတာမို့ ကိုယ့်နာမည်နဲ့ကိုယ်သာ လုပ်ဖြစ်ခဲ့သည်။
တစ်နေ့နေ့တော့ Z&K ဆိုသည့် လက်ကြယ်သီး လှလှလေးများအား သူ ဖန်တီးချင်မိပါရဲ့။
....................
ဇေယျာမှာတော့ တစ်မနက်ခင်းလုံး အလုပ်ရှုပ်နေ၍ ဖုန်းလည်း သေချာမကိုင်ဖြစ်။ ခန့်ခန့်ဆီလည်း မဆက်သွယ်နိူင်ခဲ့။
မနက်ပိုင်း ဟိုတယ်အဖွင့်တွင် ဝန်ကြီးတစ်ချို့နှင့် ဖဲကြိုးဖြတ် ဖွင့်လှစ်ရသည်။ အများပြည်သူသိစေရန်လည်း မီဒီယာမိတ်ဆက်ပါ တစ်ခါတည်း ပြုလုပ်ရသည်။ ထို့နောက် အရေးကြီးဧည့်သည့်များအား ဧည့်ခံကျွေးမွေးသည့် ကိစ္စအဝဝအတွက် ဦးဆောင်ရပြန်၏။
Mr. Smith ၏အကြံပြုချက်အရ ညနေပိုင်းမှသာ Grand Opening Party အနေဖြင့် အထူးဧည့်သည်တော်များ၊ နိုင်ငံအဝှမ်းသိ ကျော်ကြားလူသိများသူတို့နှင့် အသိမိတ်ဆွေများကိုဖိတ်၍ လွတ်လွတ်လပ်လပ် ကျင်းပကြမည်ပင်။
သူ့ခမျာ မနက်ပွဲအောင်အောင်မြင်မြင် ပြီးသွားသော်လည်း မနားနိုင်သေး။ ညနေပွဲကလည်း အရေးကြီးလှသည်မို့ တစ်ဖန်ဆက်စီစဉ်ရသည်။ ဇေယျာ တစ်ယောက်သာမက မင်းမင်း၊ ထက်မြက်နှင့် ဦးမြတ်သူတို့ကပါ နေ့လယ်ထဲက ရောက်ရှိနေကြသည်။ ပွဲစီစဉ်သူတွေနှင့်တွေ့၍ ခန်းမတွင်းပွဲအတွက် သူတို့ ထောင့်စေအောင် စီစဉ်ရသည်။
ဒေါ်ကြည်ပြာနှင့်ရွယ်ရွယ်အပါအဝင် ပွဲတတ်ကြမည့် အနုပညာရှင်တချို့မှာလည်း ဟိုတယ်ကအခန်းများတွင် မိတ်ကပ်ပြင်ဆင်ကြ၊ ဓာတ်ပုံရိုက်ကြနှင့် အပြိုင်အဆိုင် အလုပ်ရှုပ်နေကြလေ၏။
"သား မင်းအမေတို့ ဆင်းလာတော့မှာလား။ ဧည့်သည်တွေ လာကြတော့မယ်"
"ဆင်းလာတော့မယ်တဲ့ အဖေ"
"အေးအေး"
ဦးမြတ်သူ ပြန်လှည့်ထွက်မည်ပြုခိုက် ဇေယျာ စိတ်ပူစွာဖြင့် လှမ်းခေါ်မိသည်။
"အဖေ နေဦး။ အန်ကယ်ဦးမင်းဟန်တို့လာရင် သေချာစကားပြောပေးနော်။ အဖေက ရွှန်းရွှန်းစားစားဧည့်ခံမှ ကျွန်တော်တို့နှစ်ယောက်ကိစ္စက အဆင်ပြေမှာ။ အားကိုးမယ်နော်"
"အေး၊ ဒါနဲ့ဆို မင်းငါ့ကိုမှာနေတာ တစ်ရာနှစ်ဆယ့်ရှစ်ခါလောက် ရှိနေပြီ၊ ငါ့ကိစ္စငါသိတယ်ကွ ... သွား"
ဦးမြတ်သူကိုယ်တိုင်လည်း သေချာနှုတ်ဆက်၊ စကားပြောမည်ဟု တွေးထားပြီးသားပင်။ အရင်ကတည်းက ခင်နေပြီးသားသူတွေမို့ မခေါ်မပြောဖြစ်ကြတာလည်း အားနာရသည်။ ဘယ်လိုပဲပြဿနာရှာကြတယ်ဆိုဆို သူ့သားကအကြီးဖြစ်လေသည်။ တကယ်လို့ ဦးမင်းဟန်ဖက်ကသာ မီးစိမ်းပြလို့ ဖွင့်ပွဲသာရောက်လာခဲ့လျှင် သူကတော့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုဖို့အသင့်ပင်ဖြစ်၏။
သား နှစ်ယောက်ကိစ္စကတော့ ဘယ်လိုပင်ဖြစ်လာဦးမည်မသိ။
.................
'ကလေး ရောက်ခါနီးရင် စာပို့လိုက်နော်၊ ကိုယ် ထွက်ကြိုမယ်'
ခန့်ခန့်တစ်ယောက် သူ့ကိုယ်ပိုင်အခန်းတွင်း အနောက်တိုင်းဝတ်စုံကိုအကျအနဝတ်ဆင်နေချိန် ဝင်လာသောစာပို့သံ။ အမြန်ယူကြည့်လိုက်တော့ ချစ်သူပို့တာဖြစ်သည်။ သည်နေ့ညဖွင့်ပွဲကတော့ သူတို့ချစ်သူနှစ်ဦးအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာအကောင်းဆုံး ဖြစ်လို့နေ၏။
'ဟုတ်၊ ခဏနေရင် ထွက်လာတော့မယ်'
စာပြန်ပို့ပြီးသည်နှင့် ခန့်ခန့် ယူစရာရှိတာယူပြီး အိမ်အောက်ထပ်သို့ ပြေးဆင်းလာတော့သည်။ သူ အဆင်သင့်ဖြစ်နေသော်လည်း အားလုံးကို လိုက်နှိုးဆော်ရဦးမည်မလား။ လှေကားကအဆင်း အောက်ထပ်ရောက်လေတော့ အဘွားက အပီအပြင်ဝတ်စားထားကာ ဧည့်ခန်းတွင် ထိုင်နေလေပြီ။
"ဖေဖေ၊ မေမေ ပြီးပြီလား။ သားနဲ့ဘွားက ပြီးနေပြီနော်"
တစ်အိမ်လုံးတွင် ခန့်ခန့်အသံက ခပ်စွာစွာရှိလှ၏။
"ကဲ ပြီးပါပြီကွာ၊ မင်းမေပဲ ကျန်တော့တယ်"
အခန်းထဲက ထွက်လာသောဦးမင်းဟန်က အနောက်တိုင်းဝတ်စုံ သပ်သပ်ရပ်ရပ်နှင့်။ ညပွဲမို့ မြန်မာဟန်ပန်ဝတ်ဆင်ထားခြင်း မရှိပေ။
"ခန့်ခန့်ရေ ... အဲလောက်ပျာယာခတ်မနေနဲ့နော်၊ ကြည့်မရဘူး"
ရှေ့ဆင့်နောက်ဆင့် ပြောလာသောမိခင်စကားကြောင့် အခန်းထဲဝင်တော့မည့် ခန့်ခန့်ကိုယ်လေး အနည်းငယ်ယို့သွားရသည်။ သို့ပေမဲ့ ဖွင့်ပွဲအတွက် ကြိုမှာရဦးမည်မို့ မှန်တင်ခုံရှေ့ကမိခင်နား မဝင့်မရဲနှင့် ကပ်ရလေ၏။
"မေမေ ဟိုရောက်လို့ ကိုဇေယျာမိဘတွေနဲ့တွေ့ရင်တော့ ခုလိုခပ်တည်တည်ကြီး လုပ်မနေနဲ့ဦးနော်။ သားကိုချစ်ရင် ပြုံးပြုံးလေးနေနော်"
ဒေါ်မိမိနိုင်က မျက်စောင်းတစ်ချက်နှင့် လှည့်ကြည့်ပါသည်။ ထုတ်မပြောသော်ငြား မိဘတွေသည်လည်း သားဖြစ်သူ စိတ်ဆင်းရဲအောင် လုပ်ကြတော့မည်မထိ။ အရင်လိုတောင် ခါးခါးသီးသီး မဟုတ်ကြတော့ပေ။
သို့ပေမဲ့ ဆံပင်ကို သပ်သပ်ရပ်ရပ် ထုံးဖွဲ့နေသည့်မိခင်ကို ကပ်ချွဲမှာပြီးသကာလ ဖခင်ဖြစ်သူကိုလည်း တစ်ခါထွက်မှာရပြန်၏။ သူတို့ချစ်သူနှစ်ဦး၏ နှစ်ဖက်မိဘများ တွေ့ဆုံကြမည့်အရေးမှာ များစွာဝန်လေးစရာပင်။
သည်လိုနှင့် ခန့်ခန့်တို့မိသားစုလေးယောက် ညနေစောင်းမှထွက်လာခဲ့ကြသည်။ ဟိုတယ်ရောက်ချိန်တွင် နေရောင်ပင်မရှိတော့။ သည်လောက်ကြာမည် မထင်ထားသော်လည်း ဟိုတယ်နားရောက်ခါမှ ကားတွေကျပ်နေခြင်းကြောင့် အနည်းငယ်နောက်ကျလေပြီ။ ခန့်ခန့်တစ်ယောက် ဖုန်းကိုင်ကာတကုပ်ကုပ်နှင့် စာလှမ်းပို့ရ၏။ ချစ်သူထွက်ကြိုမှ မိဘတွေ အမှတ်ပိုပေးမည်မလား။
မီးရောင်များထိန်ထိန်လင်းနေသည့် ဟိုတယ်ကြီးမှာ အပြင်မှကြည့်ရုံနှင့် ခမ်းနားလွန်းလှသည်။ သူ့ချစ်သူကို စစတွေ့ချင်းထဲက မိဘအသိုင်းအဝိုင်း ချမ်းသာသည်ကို သိသော်လည်း သည်လောက်ထိတော့ မထင်ထားရိုးအမှန်ပင်။ ရုပ်ရည်ရှိပြီး လုပ်ရည်ကိုင်ရည်လည်း တော်သူဖြစ်တာမို့ လူကြီးကို ပိုင်ဆိုင်ချင်ကြသည့် မစန္ဒီလိုမိန်းမများ ဝိုင်းဝိုင်းလည်နေတာကို ခန့်ခန့် သိပ်မအံ့ဩမိတော့။ သို့သော် အနားရှိသည့် မိန်းမလှများကြားက သူ့ကိုပဲ သည်းသည်းလှုပ်ချစ်တာမို့ ကိုယ့်ကိုယ်ကို ကံအကောင်းဆုံးလူသားဟုပင် ခံယူချင်မိတာပင်။
"မြေး ဘာတွေတွေးပြုံးနေတာလဲ။ ဟိုမှာထွက်ကြိုနေတာ မောင်ဇေယျာမလား"
"အင်း ဟုတ်သားပဲ။ မေမေတို့ လာ ... သွားကြမယ်"
သူ ပို့ထားသောစာကြောင့် လာကြိုသည့်လူကြီးက အနောက်တိုင်းဝတ်စုံဖြစ်သည့် အနက်ရောင်လွင်လွင်ကို ဝတ်ထားသည်။ ဆံပင်ကို သပ်ရပ်ကျနစွာ ဖြီးလိမ်းထားသည်မှာ ခါတိုင်းထက် ပိုကြည့်ကောင်းနေ၏။ ဒါသာမက လူကြီးများအား ခရီးဦးကြိုဆိုနေပုံက ခါတိုင်းထက် ရို့ကျိုးနေသည့်ဟန်။
"အန်ကယ်တို့၊ အန်တီတို့ ကြွပါခင်ဗျ။ ဖေဖေတို့လည်း စောင့်နေပါတယ်"
"အေးအေး"
ဖေဖေတို့ကလည်း မျက်နှာမတင်းထားကြ၍ ခန့်ခန့် ရင်ထဲကအလုံးကြီးမှာ တဖြည်းဖြည်း သေးသွားရလေ၏။
ခန်းမကြီးထဲရောက်ချိန်တွင် လျှောက်လမ်းဘေးတစ်လျှောက် နှင်းဆီအဖြူများနှင့် အလှဆင်ထားသည်။ မီးအပြင်အဆင်များ၏အလှကလည်း ခမ်းနားထည်ဝါမှုကိုလည်း ပိုထင်ပေါ်စေတာပင်။ ဖွင့်ပွဲ၏ Theme Color အရ ခန်းမအတွင်းရှိလူတိုင်းက အဖြူနှင့်အနက်ကိုသာ ပုံစံအမျိုးမျိုး ဝတ်ဆင်ထားကြသည်။ မြို့မျက်နှာဖုံးများနှင့် ကျော်ကြားသူတွေပါတက်ကြသည့် လူကုန်ထံပါတီတစ်ခုပင်။ ခန့်ခန့်သည်လည်း အနောက်တိုင်းဝတ်စုံအဖြူကို ဝတ်ဆင်ထားပြီး ချစ်သူနှင့်ဆင်တူဖြစ်သော ငွေရောင်လက်ကြယ်သီးတို့မှာ လက်အနားတွင်သပ်ရပ်စွာ။
ခန်းမတွင်းသို့ ရှေ့ကဦးဆောင်ခေါ်သွားသည့် လူကြီးက ကြိုစီစဉ်ထားဟန်ရှိသော ဝိုင်းတစ်ခုတွင် သူတို့မိသားစုအား နေရာချထားပေး၏။
"အန်ကယ်တို့ ထိုင်ကြဦးဗျ။ ဟေး ရွယ် ... ဖေဖေတို့ကို အသိပေးလိုက်ပါဦး"
ဇေယျာ အသံခပ်တိုးတိုးနှင့် လှမ်းပြောလိုက်ပေမဲ့ ညီမဖြစ်သူရွယ်က ခန့်ခန့်တို့မိသားစုကို မြင်သည်နှင့် ပါးနပ်စွာ သွားခေါ်ပေးသည်။
"လူ ... အဲ ... ကိုဇေယျာ ခန့်ကို ရောက်ပြီလား။ ဖုန်းဆက်တာမကိုင်လို့"
ခန့်ခန့်မှာ စိတ်လှုပ်ရှားမှုကြောင့် မိဘတွေရှေ့ကို အယောင်ယောင် အမှားမှားနှင့်။ စတိတ်စင်က သီချင်းသံလွင်လွင်ကြောင့်သာ တော်သေးသည်။ မေမေကြားလျှင်ဖြင့် သူ့အဖို့ လွယ်မှာမဟုတ်ချေ။
"ရောက်နေပြီ။ ကိုယ်ခေါ်ပေးမယ်"
ခဏကြာတော့ ဦးမြတ်သူနှင့် ဒေါ်ကြည်ပြာတို့ကို ရွယ်ရွယ်က ခေါ်လာပေးသည်။ ရွယ်ရွယ်ကတော့ ခန့်ခန့်ကို မျက်စပစ်ပြလျက် အခြေအနေကိုထိန်းပေးရန် အချက်ပြသည်။
"ကိုမင်းဟန်တို့ ရောက်နေကြပြီလားဗျ။ မတွေ့တာတောင် အတော်ကြာပြီနော်"
ပြောရင်း ဦးမြတ်သူက နှုတ်ဆက်ဖို့ လက်ကမ်းပေးလာသည်။ သားဖြစ်သူ မှာထားသည့်အတိုင်း တသွေမတိမ်းသာ လိုက်နာသူဖြစ်၏။ သားနှစ်ယောက်စလုံးသာ နောက်မဆုတ်လျှင် နောက်ဆိုအမျိုးတော်ရမည့်သူတွေ မဟုတ်ပါလား။
"ဟုတ်တယ် ကိုမြတ်သူ။ မနက်ကတော့ သွားစရာလေးရှိနေလို့ ခုမှပွဲတက်ဖြစ်တယ်ဗျာ"
ဦးမင်းဟန်က မတ်တပ်ရပ်ပြီး ပြန်လက်ဆွဲနှုတ်ဆက်ပါမှ ခန့်ခန့်ရင်ထဲက အလုံးကြီးကျသွားတော့သည်။
"ရပါတယ်ဗျာ။ ခုလိုတက်ပေးတာပဲ ကျေးဇူးတင်နေတာပါ။ ဪ ဒါကျွန်တော့်အမျိုးသမီးပါ"
"ဟုတ်ကဲ့ ကြည်ပြာပါရှင်"
ဒေါ်ကြည်ပြာကလည်း နှစ်လိုဖွယ်ပြုံးပြ၍ နှုတ်ဆက်ပါသည်။
"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်ခင်ဗျ။ ဒီဖက်က ကျွန်တော့်အမျိုးသမီးပါ၊ မိမိနိုင်တဲ့။ တစ်ဖက်မှာထိုင်နေတာက အမျိုးသမီးရဲ့အမေ၊ ဒေါ်ခင်မြိုင်ပါခင်ဗျ"
ဒေါ်မိမိနိုင်က ထရပ်လိုက်ရင်း ခေါင်းတစ်ချက်ညိတ်ပြုံးပြကာ နှုတ်ဆက်စကားဆိုသည်။ ဘွားကတော့ ခပ်ပြုံးပြုံးသာပင်။
"တွေ့ရတာဝမ်းသာပါတယ်ရှင်"
"ကဲ လာ ... ကိုမင်းဟန်။ ကျွန်တော် Mr. Smith တို့နဲ့ မိတ်ဆက်ပေးဦးမယ်။ ဒီနိုင်ငံက နည်းပညာနယ်ပယ်တွေ သူသိပ်သိချင်နေတာ"
"သွားတာပေါ့ဗျာ"
ဦးမြတ်သူက တစ်ဖက်ခေါ်သွားပြီမို့ ဒေါ်ကြည်ပြာသာ ကျန်ရစ်သည်။ ဒါမို့ မိန်းမချင်းလည်း စကားပြောဖြစ်စေရန် ခန့်ခန့် ရှောင်ပေးဖို့ပြင်တော့၏။
"ဒါဆို မေမေတို့လည်း စကားပြောကြဦးနော်။ သား ခန့်ကိုဆီ လိုက်သွားမလို့"
ဒေါ်မိမိနိုင်က ခပ်ပြေပြေပြုံးပြီး ခေါင်းတစ်ချက်ညိတ်ပြသည်။ အဖြူရောင်ဇာဝမ်းဆက်ကို ဝတ်ဆင်ထားသော သူ့မိခင်မှာ ကြည်လင်ပြီး ကျက်သရေရှိနေသည်။ ခန်းမထဲမှာမို့ အလှဆုံးလည်း ပြုံးထားသယောင်။
"အန်တီမေမေ သားခဏသွားဦးမယ်နော်။ ပြီးမှ ပြန်လာခဲ့မယ်"
"အေးပါကွယ်"
သည်တစ်ခါတော့ ဒေါ်မိမိနိုင်နှင့် ဒေါ်ခင်မြိုင်တို့ မျက်လုံးချင်းဆိုင် ကြည့်ဖြစ်သွားတော့သည်။ 'အန်တီမေမေ' လို့ခေါ်ပြီး ထွက်သွားသတဲ့လား။ သည်ကလေးတော့ အိမ်မှတွေ့ဦးမယ်ဟု ဒေါ်မိမိနိုင် တေးထားလိုက်သည်။ သို့ပေမဲ့ ချက်ချင်းဆိုသလို မျက်နှာပျက်သွားရာက အပြုံးတို့ပြန်ဆင်ရပြန်၏။ အဘွားဖြစ်သူမှာတော့ ရယ်ချင်စိတ်ကို မနည်းထိန်းလိုက်ရသည်။
ခန့်ခန့်ထွက်သွားတော့ စားပွဲဝိုင်းမှာ ခေတ္တမျှ ငြိမ်သက်သွား၏။ ပုံမှန်ဆိုလျှင်တော့ သားရှင်၊ သမီးရှင်ဟူ၍ စဉ်းစားရသော်ငြား အခုကတော့ နှစ်ဖက်စလုံး သားရှင်တွေချည်းမို့ ဘယ်သူကဘယ်လို စကားအစချည်ရမည်မသိဘဲ အခက်တွေ့နေကြသည်။ သို့သော်လည်း သားရှင်ချင်းတူတူ ကိုယ့်သားက အသက်များစွာကြီးတာမို့ ဒေါ်ကြည်ပြာကပင် အလျင်အမြန် စကားစရန်ပြင်ရသည်။
"ခန့်ခန့်လေးက သွက်တယ်နော်။ ချစ်ဖို့လည်းကောင်းတယ်၊ တကယ့်သားချောလေး"
တစ်ဖက်ကဆိုလာတော့ အဘွားဖြစ်သူ ဒေါ်ခင်မြိုင်က သမီးဖြစ်သူအစားပြုံးရယ်စွာ စကားဆက်ပါသည်။
"ဟုတ်တယ်။ မြေးက အမြဲတက်ကြွနေတော့တာ၊ အချစ်ခံရအောင်ပြောပြီးကလည်း ချွဲတတ်သေးတယ်။ အခုပဲခေါ်သွားတာ ကြည့်ပါတော့လား"
"သိတာပေါ့ ... သိတာပေါ့။ ဒါနဲ့ ဒီကညီမက စီးပွားရေးတက္ကသိုလ်က ပါမောက္ခဆရာမလို့ ခန့်ခန့်လေး တစ်ခါပြောဖူးတယ်။ ဆရာမတစ်ယောက်ဆိုသလိုပဲ၊ ကျက်သရေရှိရှိနဲ့ လှပါပေတယ် ညီမရယ်"
ဒေါ်ကြည်ပြာမှာ အပိုပြောနေခြင်းမျိုးမဟုတ်ဘဲ စိတ်ရင်းနှင့်ပြောခြင်းဖြစ်သည်။ အမူအရာနှင့် စကားပြောပုံကို အကဲခတ်ရုံနှင့် ဒေါ်ကြည်ပြာ အရိုးခံပြောခြင်းကို ဒေါ်မိမိနိုင်လည်း ရိပ်မိပါသည်။
"မဟုတ်တာပါရှင်။ ဒီလိုပွဲမျိုးတက်ရတာမို့ နည်းနည်းပါးပါး ပြင်ဆင်လာလို့ရယ်ပါ။ ဒါနဲ့ အမကြီးကလည်း ရွှေဆိုင်ဖွင့်ထားတယ်လို့ မောင်ဇေယျာ ပြောဖူးပါတယ်။ ဘယ်မှာများဖွင့်ထားတာလဲ ... သိများသိနေမလားလို့ပါ"
"ဪ ... သားပြောပြတယ်လား။ ဗိုလ်ချုပ်စျေးထဲမှာ 'နန်းတော်ဝင်' ဆိုတဲ့နာမည်လေးနဲ့ ဖွင့်ထားတာပါ။ ဒီက ညီမလေးရော၊ ဒေါ်ဒေါ်ရော ရွှေနဲ့ပတ်သက်လို့ တစ်ခုခုများ အကူအညီလိုတာ၊ သိချင်တာတို့ရှိရင် အားမနာတမ်း ပြောပါနော် ... ကူညီဖို့အသင့်ပါ။ ဗိုလ်ချုပ်စျေးဖက်ရောက်ရင်သာ ဆိုင်ကိုအလည်ဝင်ခဲ့ကြပါဦးနော်။ ဆက်ဆက်သာလာခဲ့ကြပါ ... ဧည့်ခံဖို့အသင့်ပါရှင်"
ဒေါ်ကြည်ပြာမှာ ချမ်းသာသည့်အသိုင်းအဝိုင်းကြီးက ဖြစ်သော်ငြား ဂုဏ်မောက်ခြင်းမျိုး အလျဉ်းမရှိ။ အပြောအဆို ညက်ညောပြီး ပြောသည့်စကားလုံးတိုင်းက စိတ်ရင်းကို ထင်ဟက်နေသည်။ မောင်ဇေယျာ သိတတ်လိမ္မာခြင်းတို့မှာလည်း သည်လိုမိခင်မျိုး၏ အထိန်းအကွပ်အောက်တွင် ကြီးပြင်းခဲ့တာကြောင့်ဖြစ်လိမ့်မည်ဟု ဒေါ်မိမိနိုင် တွေးမိလိုက်သည်။ သူမကိုယ်တိုင်လည်း သည်ကောင်လေးကို သဘောမကျတာမျိုးမဟုတ်၊ ဟင်း ... သဘာဝလွန်ဖြစ်နေလို့သာ။
တစ်ဖက်တွင်လည်း ဇေယျာ ဧည့်သည်တွေကို ဧည့်ခံစကားပြောရင်း မိဘများအခြေအနေကို စောင့်ကြည့်ရသည်။ ခန့်ခန့်သည်လည်း မထူးခြားနား။ ဘေးက ခန့်ကိုကို အဖက်မလုပ်နိုင်၊ အဖေနှင့် မတော်ရသေးသည့် ယောက္ခထီးဖက်ကို ငေးလိုက်ရ၊ မိခင်နှင့် ယောက္ခမလောင်းကို ကြည့်လိုက်ရနှင့် ရတက်မအေးနိုင် ဖြစ်နေသည်။
ဘာအကြောင်းအရာများ ပြောကြသည်ကို မသိကြသော်လည်း နှစ်ဖက်စလုံးက ပြုံးပြုံးရွှင်ရွှင် စကားလက်ဆုံကျနေကြတာမို့ တဖြည်းဖြည်းတော့ အခြေအနေ ကောင်းလာသည်ဟု ထင်ကြရသည်။
ဖွင့်ပွဲစလို့လူစုံချိန်ရောက်မှ ဇေယျာတစ်ယောက် အဖွင့်စကားနှင့် စမိတ်ဆက်လေတော့သည်။ ဦးမြတ်သူက ဟိုတယ်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သားဖြစ်သူကို အားဖြည့်ပေးပြီး ကျန်တာသားကိုသာ ဦးဆောင်စေသည်။
လူနှစ်ရာကျော်ရှိသောခန်းမ၏ စင်မြင့်ထက်တွင် အဖွင့်စကားပြောနေသည့်ပုဂ္ဂိုလ်မှာ ခန့်ခန့်အမြင်တွင် ခန့်ညားသည်ထက်ပိုသည်။ အရမ်းလည်းဂုဏ်ယူရတာမို့ စကားပြောနေသည့် အစမှအဆုံး မှတ်တမ်းတင်ရိုက်လေတော့ မိခင်ဖြစ်သူက မျက်စောင်းထိုးသည်။ သို့ပေမဲ့ ဦးမင်းဟန်ရော၊ ဒေါ်မိမိနိုင်ပါ ဇေယျာ့ကို သဘောကျဟန်ရှိကြသည်။ ထုတ်တော့မပြောနေကြ။
သည်လိုနှင့် ပွဲတက်ပြီး တစ်နာရီကျော်ကြာတော့ ဟိုငေးသည်ငေးသာရှိလှသော လူကြီးတွေက အိမ်ပြန်ဖို့ဆိုင်းပြင်တော့သည်။ မိဘချင်း ချောချောမွေ့မွေ့ စကားပြောဖြစ်ကြတာမို့ ခန့်ခန့်အဖို့တော့ စိတ်အေးရသည်။ ကျေးဇူးလည်းတင်မိသည်။
"ခန့်ခန့် ပြန်ကြမယ်"
"မေမေ သား ခန့်ကိုနဲ့ပြီးကျမှ ပြန်ခဲ့မယ်လေ"
"ဟဲ့ ... ဘယ်ဖြစ်မလဲ"
"ကိုမင်းဟန်တို့ ပြန်ကြတော့မလို့ဆို"
ဒေါ်မိမိနိုင် သားဖြစ်သူကို ခပ်တိုးတိုးမာန်နေခိုက် ဦးမြတ်သူတို့ ပြန်ရောက်လာကြသည်။ သည်တွင် စကားစပြတ်သွားသည်မို့ ခန့်ခန့်အတွက် အလျဉ်းသင့်သွားလေ၏။
"ပြန်တော့မယ်ဗျ။ ဟိုတယ်ဖွင့်ပွဲအတွက် Congratulations ပါ ကိုမြတ်သူ"
"ကျေးဇူးပါဗျာ။ တကူးတက တက်ရောက်ပေးတာလည်း ထပ်ဆင့်ကျေးဇူးတင်ပါတယ်။ အားရင်လည်း အရင်လိုဂေါက်ဖ်လာရိုက်ဦးဗျာ၊ တွေ့ကြဦးစို့"
"ဟုတ်ကဲ့ပါ ကိုမြတ်သူ။ အားရင်ဆုံကြတာပေါ့"
လူကြီးတွေချင်း အပြန်အလှန်နှုတ်ဆက်ပြီး အဆင်ပြေပြေတော့ ဖြစ်သွားကြသည်။ ခန့်ခန့်ကတော့ ခန့်ကိုနှင့်မှပြန်လာခဲ့မယ်ဟုသာ ဇွတ်ပြောပြီးကျန်နေခဲ့၏။ ဂုဏ်ယူရသည့်ချစ်သူအတွက် အချိန်ပေးသင့်သည်မလား။ တကယ်ဆို သည်ဖွင့်ပွဲညတွင် သူတို့နှစ်ဦးအဖို့ စကားပင်ကောင်းကောင်း မပြောရသေးပါချေ။ ဧည့်သည်တွေနှင့် အလုပ်ရှုပ်နေသောချစ်သူအား ခန့်ခန့် ငေးသာကြည့်နေနိုင်သည်။
ဘယ်သူနှင့်စကားပြောသလဲ။ လူကြီးအရွယ်တွေနှင့် စကားပြောလျှင် ဘယ်လိုပုံစံမျိုးလေလဲ။ သူငယ်ချင်းတွေနှင့်ဆို ပေါ့ပေါးပါးပါး ဘယ်လိုပြောတတ်သလဲ စသဖြင့် မမြင်ဖူးသမျှကို ငေးမောနေမိတာပင်။ ခန့်ကိုလည်း အဖော်ကျန်နေခဲ့တာရော၊ မမရွယ်၏ဧည့်ခံကောင်းမှုတို့ကြောင့် သူ့ခမျာ မပျင်းရပါပေ။
အချိန်တဖြည်းဖြည်းကုန်လာသည်နှင့် ပွဲလာဧည့်သည်များလည်း ကျဲသွားလေပြီ။ ညတဖြည်းဖြည်းနက်လာတော့ ပြန်သူကပြန်ကုန်ကြ၏။ နာမည်အရ အသုံးချခံနေကျဖြစ်သော ခန့်ကိုသည်ပင်လျှင် ပြန်သွားလေပြီ။
လူတော်တော်ကျဲသွားလေမှ ဇေယျာက ချစ်သူခန့်ခန့်ကို အပေါ်ဆုံးထပ်ရှိ လေသာဆောင်သို့ ခေါ်ခဲ့တော့သည်။ ဒါမှလည်း စကားအေးဆေးပြောရမည်ကိုး။
အပေါ်ဆုံးထပ်လေသာဆောင်က ကျယ်လွင့်၍ အမိုးအကာ သိပ်မရှိလှ။ အလှပန်းပင်တို့ကသာ နေရာယူထားသည်။ ညစာစားပွဲများ စီစဉ်နိုင်ရန်အတွက်လည်း တမင်နေရာလပ်ချန်ထားတာလည်း ဖြစ်သည်။
"ပြုံးလှချည်လား ကလေးရ။ ဘာတွေသဘောကျနေတာလဲ"
ဇေယျာမေးသည်မှာ မီးရောင်စုံနှင့် မြို့ပြအလှကိုကြည့်ရင်း ခန့်ခန်က ပြုံးနေခြင်းကြောင့်။
"သဘောကျတာတော့ အကုန်လုံးပဲ"
"ပြောပြပါဦး ... ဘယ်လိုအကုန်လုံးလဲ"
ခန့်ခန့် မြို့ပြအလှကို ကျောပေးလိုက်ရင်း တစ်ဖက်က လူကြီးဆီသို့ ငေးမောကြည့်လိုက်သည်။
"မိဘတွေ မကန့်ကွက်ကြတော့လို့"
ဇေယျာက ချစ်စဖွယ်ပြုံးလျက် ခန့်ခန့်၏ပါးလေးတစ်ဖက်ကို လက်ဖဝါးလေးနှင့် အုပ်မိုးလိုက်သည်။
"ဒီလိုညဖြစ်လာတဲ့ထိ ကြိုးစားနိုင်ခဲ့တဲ့ လူကြီးအတွက် ဂုဏ်ယူရလွန်းလို့"
ဘာစကားမှမတုံ့ပြန်သေးသော ဇေယျာက ခန့်ခန့် နှာဖျားဆီသို့ လက်မလေးဖြင့် ပွတ်သပ်ဆော့ကစားနေသည်။
"ပြီးတော့..."
ဆက်ပြောဖို့အရေး တွန့်ဆုတ်နေသောခန့်ခန့်မှာ ရှက်သလိုလို၊ မရဲသလိုလို။
"ပြီးတော့ ... ဘာလဲ"
ဇေယျာက တွေးစစပြုံးရင်း လက်မလေးဖြင့် ခန့်ခန့်နှုတ်ခမ်းဖူးဖူးကို ညင်သာစွာ ထိလာပြန်သည်။
"ပြီးတော့ ... အဲလိုတော်တဲ့လူကြီးက တခြားသူတွေအားလုံးကိုကျော်ပြီး ခန့်ခန့်ဆိုတဲ့ ဘာမှမဟုတ်တဲ့ကျွန်တော့်ကို ချစ်ပေးခဲ့လို့"
အသံလေးတိမ်ကာပြောနေသည့် ထိုနှုတ်ခမ်းဖူးလေးအား ဇေယျာ ငုံ့ယူနမ်းရှိုက်လိုက်တော့သည်။ အညင်သာဆုံးနှင့် အသိမ်မွေ့ဆုံး အနမ်းလေးပင် ဖြစ်၏။
"နောက်အဲလိုပြောခွင့်မရှိဘူးနော်"
ခန့်ခန့် နားမလည်စွာ ကြောင်ကြည့်နေမိသည်။
"မှတ်ထား! ကလေးက ကိုယ်ပိုင်ဆိုင်သမျှ အရာတွေအားလုံးထဲမှာ တန်ဖိုးမဖြတ်နိုင်ဆုံးပဲ။ ဘာနဲ့မှမလဲနိုင်အောင်ကို အဖိုးထိုက်တန်တယ် သိရဲ့လား"
အပြောနှင့်အတူ ခန့်ခန့်၏ခန္ဓာကိုယ်လေးပါ သိမ်းပိုက်ခံလိုက်ရတာ သိမ့်ခနဲ။ လေအလွင့်တွင် အနမ်းပွင့်တို့ပါ တဖန်ပွင့်ဖူးကြပြန်ပါတော့သည်။
8/11/2020
•••••••••••••••••••••••••••••••••••••••••••
<Zawgyi>
ဟိုတယ္ဖြင့္ပြဲျဖစ္သည့္တနဂၤေႏြ နံနက္ခင္းဝယ္
ခါတိုင္းအလိုက္မသိစြာ ထျမည္တတ္သည့္ ခုႏွစ္နာရီႏွိုးစက္ပင္မျမည္ေသး၊ ေျခာက္နာရီမထိုးခင္ကစ ခန့္ခန့္ မ်က္လႊာတို႔ ပြင့္ေနေလၿပီ။
ေႏြဦးရာသီျဖစ္သည့္အေလ်ာက္ ပတ္ဝန္းက်င္မွာလည္း ေစာစီးစြာ လင္းလင္းထင္းထင္း ရွိေနသည္။ မနက္ခင္းသဘာဝ ငွက္ကေလးတို႔၏ စိုးစီ၊ စိုးစီအသံထက္ တစ္လမ္းေက်ာ္ ဓမၼာ႐ုံမွ နိဗၺာန္ေဆာ္အသံကသာ ပတ္ဝန္းက်င္ကို လႊမ္းျခဳံထား၏။
သည္ေန႔ ဟိုတယ္ဖြင့္ပြဲမနက္ခင္းမို႔ လူႀကီးတစ္ေယာက္ အလုပ္ရွုပ္ေနေလာက္ၿပီ။ ဖုန္းဆက္မႏွိုးရေကာင္းလားဆိုၿပီး စိတ္ေကာက္၍ေတာ့မျဖစ္၊ သည္ေလာက္ေတာ့ နားလည္ေပးရမည္။
ခန့္ခန့္ မထေသးဘဲ အိပ္ရာတစ္ဖက္သို႔လွိမ့္ကာ ညေနပြဲတက္ရမည့္အေၾကာင္း ေတြးရင္ခုန္ေနမိ၏။ လြန္ခဲ့ေသာႏွစ္ႏွစ္က သည္လူႀကီးမရွိလၽွင္ အသက္မရွင္နိုင္ေလာက္ေတာ့ဘူးလို႔ ေတြးခဲ့မိသည့္သူ။ ပညာသင္သြားမည္ကိုပင္ မလႊတ္ရက္ခဲ့သူ။ ကိုယ္တိုင္တားခဲ့လၽွင္ မသြားမွာေသခ်ာေသာ္လည္း ခက္ခက္ခဲခဲခ်နိုင္ခဲ့တဲ့ ဆုံးျဖတ္ခ်က္တစ္ခုေၾကာင့္ ခုခ်ိန္မွာေတာ့ ကိုယ့္ခ်စ္သူအတြက္ ဂုဏ္ယူလို႔မဆုံးပါပဲ။
သည္လို ဂုဏ္ယူရသည့္လူႀကီးအတြက္ ခန့္ခန့္ လက္ေဆာင္ေသးေသး ျပင္ထားေပးသည္။ ေဘးနားက ခုံေပၚတြင္ခ်ထားေသာ ဗူးေလးႏွစ္ဗူးအား လက္ကမ္းကာ ထယူၾကည့္မိျပန္သည္။ သူ တကူးတကစီစဥ္ထားေသာ ေငြနဲ႔ျပဳလုပ္ထားသည့္ လက္ၾကယ္သီးေလးမ်ားျဖစ္၏။
[Silver Cufflinks]
ညေန Suit ဝတ္မည့္ခ်စ္သူ႔လက္ေခါက္နားတြင္ ဤေငြေရာင္ၾကယ္သီးေလးမ်ား ဝတ္ဆင္ထားသည္ကို ခန့္ခန့္ ျမင္ခ်င္မိသည္။ ဆင္တူလုပ္ရန္ စိတ္ကူးမိေသာ္လည္း မဂၤလာေဆာင္မ်ားတြင္သာ ဝတ္ေလ့ရွိတာမို႔ ကိုယ့္နာမည္နဲ႔ကိုယ္သာ လုပ္ျဖစ္ခဲ့သည္။
တစ္ေန႔ေန႔ေတာ့ Z&K ဆိုသည့္ လက္ၾကယ္သီး လွလွေလးမ်ားအား သူ ဖန္တီးခ်င္မိပါရဲ့။
....................
ေဇယ်ာမွာေတာ့ တစ္မနက္ခင္းလုံး အလုပ္ရွုပ္ေန၍ ဖုန္းလည္း ေသခ်ာမကိုင္ျဖစ္။ ခန့္ခန့္ဆီလည္း မဆက္သြယ္နိူင္ခဲ့။
မနက္ပိုင္း ဟိုတယ္အဖြင့္တြင္ ဝန္ႀကီးတစ္ခ်ိဳ႕ႏွင့္ ဖဲႀကိဳးျဖတ္ ဖြင့္လွစ္ရသည္။ အမ်ားျပည္သူသိေစရန္လည္း မီဒီယာမိတ္ဆက္ပါ တစ္ခါတည္း ျပဳလုပ္ရသည္။ ထို႔ေနာက္ အေရးႀကီးဧည့္သည့္မ်ားအား ဧည့္ခံေကၽြးေမြးသည့္ ကိစၥအဝဝအတြက္ ဦးေဆာင္ရျပန္၏။
Mr. Smith ၏အႀကံျပဳခ်က္အရ ညေနပိုင္းမွသာ Grand Opening Party အေနျဖင့္ အထူးဧည့္သည္ေတာ္မ်ား၊ နိုင္ငံအဝွမ္းသိ ေက်ာ္ၾကားလူသိမ်ားသူတို႔ႏွင့္ အသိမိတ္ေဆြမ်ားကိုဖိတ္၍ လြတ္လြတ္လပ္လပ္ က်င္းပၾကမည္ပင္။
သူ႔ခမ်ာ မနက္ပြဲေအာင္ေအာင္ျမင္ျမင္ ၿပီးသြားေသာ္လည္း မနားနိုင္ေသး။ ညေနပြဲကလည္း အေရးႀကီးလွသည္မို႔ တစ္ဖန္ဆက္စီစဥ္ရသည္။ ေဇယ်ာ တစ္ေယာက္သာမက မင္းမင္း၊ ထက္ျမက္ႏွင့္ ဦးျမတ္သူတို႔ကပါ ေန႔လယ္ထဲက ေရာက္ရွိေနၾကသည္။ ပြဲစီစဥ္သူေတြႏွင့္ေတြ႕၍ ခန္းမတြင္းပြဲအတြက္ သူတို႔ ေထာင့္ေစေအာင္ စီစဥ္ရသည္။
ေဒၚၾကည္ျပာႏွင့္ရြယ္ရြယ္အပါအဝင္ ပြဲတတ္ၾကမည့္ အႏုပညာရွင္တခ်ိဳ႕မွာလည္း ဟိုတယ္ကအခန္းမ်ားတြင္ မိတ္ကပ္ျပင္ဆင္ၾက၊ ဓာတ္ပုံရိုက္ၾကႏွင့္ အၿပိဳင္အဆိုင္ အလုပ္ရွုပ္ေနၾကေလ၏။
"သား မင္းအေမတို႔ ဆင္းလာေတာ့မွာလား။ ဧည့္သည္ေတြ လာၾကေတာ့မယ္"
"ဆင္းလာေတာ့မယ္တဲ့ အေဖ"
"ေအးေအး"
ဦးျမတ္သူ ျပန္လွည့္ထြက္မည္ျပဳခိုက္ ေဇယ်ာ စိတ္ပူစြာျဖင့္ လွမ္းေခၚမိသည္။
"အေဖ ေနဦး။ အန္ကယ္ဦးမင္းဟန္တို႔လာရင္ ေသခ်ာစကားေျပာေပးေနာ္။ အေဖက ရႊန္းရႊန္းစားစားဧည့္ခံမွ ကၽြန္ေတာ္တို႔ႏွစ္ေယာက္ကိစၥက အဆင္ေျပမွာ။ အားကိုးမယ္ေနာ္"
"ေအး၊ ဒါနဲ႔ဆို မင္းငါ့ကိုမွာေနတာ တစ္ရာႏွစ္ဆယ့္ရွစ္ခါေလာက္ ရွိေနၿပီ၊ ငါ့ကိစၥငါသိတယ္ကြ ... သြား"
ဦးျမတ္သူကိုယ္တိုင္လည္း ေသခ်ာႏွုတ္ဆက္၊ စကားေျပာမည္ဟု ေတြးထားၿပီးသားပင္။ အရင္ကတည္းက ခင္ေနၿပီးသားသူေတြမို႔ မေခၚမေျပာျဖစ္ၾကတာလည္း အားနာရသည္။ ဘယ္လိုပဲျပႆနာရွာၾကတယ္ဆိုဆို သူ႔သားကအႀကီးျဖစ္ေလသည္။ တကယ္လို႔ ဦးမင္းဟန္ဖက္ကသာ မီးစိမ္းျပလို႔ ဖြင့္ပြဲသာေရာက္လာခဲ့လၽွင္ သူကေတာ့ လွိုက္လွိုက္လွဲလွဲ ႀကိဳဆိုဖို႔အသင့္ပင္ျဖစ္၏။
သား ႏွစ္ေယာက္ကိစၥကေတာ့ ဘယ္လိုပင္ျဖစ္လာဦးမည္မသိ။
.................
'ကေလး ေရာက္ခါနီးရင္ စာပို႔လိုက္ေနာ္၊ ကိုယ္ ထြက္ႀကိဳမယ္'
ခန႔္ခန႔္တစ္ေယာက္ သူ႔ကိုယ္ပိုင္အခန္းတြင္း အေနာက္တိုင္းဝတ္စုံကိုအက်အနဝတ္ဆင္ေနခ်ိန္ ဝင္လာေသာစာပို႔သံ။ အျမန္ယူၾကည့္လိုက္ေတာ့ ခ်စ္သူပို႔တာျဖစ္သည္။ သည္ေန႔ညဖြင့္ပြဲကေတာ့ သူတို႔ခ်စ္သူႏွစ္ဦးအတြက္ ရင္ခုန္စိတ္လွုပ္ရွားစရာအေကာင္းဆုံး ျဖစ္လို႔ေန၏။
'ဟုတ္၊ ခဏေနရင္ ထြက္လာေတာ့မယ္'
စာျပန္ပို႔ၿပီးသည္ႏွင့္ ခန့္ခန့္ ယူစရာရွိတာယူၿပီး အိမ္ေအာက္ထပ္သို႔ ေျပးဆင္းလာေတာ့သည္။ သူ အဆင္သင့္ျဖစ္ေနေသာ္လည္း အားလုံးကို လိုက္ႏွိုးေဆာ္ရဦးမည္မလား။ ေလွကားကအဆင္း ေအာက္ထပ္ေရာက္ေလေတာ့ အဘြားက အပီအျပင္ဝတ္စားထားကာ ဧည့္ခန္းတြင္ ထိုင္ေနေလၿပီ။
"ေဖေဖ၊ ေမေမ ၿပီးၿပီလား။ သားနဲ႔ဘြားက ၿပီးေနၿပီေနာ္"
တစ္အိမ္လုံးတြင္ ခန႔္ခန႔္အသံက ခပ္စြာစြာရွိလွ၏။
"ကဲ ၿပီးပါၿပီကြာ၊ မင္းေမပဲ က်န္ေတာ့တယ္"
အခန္းထဲက ထြက္လာေသာဦးမင္းဟန္က အေနာက္တိုင္းဝတ္စုံ သပ္သပ္ရပ္ရပ္ႏွင့္။ ညပြဲမို႔ ျမန္မာဟန္ပန္ဝတ္ဆင္ထားျခင္း မရွိေပ။
"ခန႔္ခန႔္ေရ ... အဲေလာက္ပ်ာယာခတ္မေနနဲ႔ေနာ္၊ ၾကည့္မရဘူး"
ေရွ႕ဆင့္ေနာက္ဆင့္ ေျပာလာေသာမိခင္စကားေၾကာင့္ အခန္းထဲဝင္ေတာ့မည့္ ခန႔္ခန႔္ကိုယ္ေလး အနည္းငယ္ယို႔သြားရသည္။ သို႔ေပမဲ့ ဖြင့္ပြဲအတြက္ ႀကိဳမွာရဦးမည္မို႔ မွန္တင္ခုံေရွ႕ကမိခင္နား မဝင့္မရဲႏွင့္ ကပ္ရေလ၏။
"ေမေမ ဟိုေရာက္လို႔ ကိုေဇယ်ာမိဘေတြနဲ႔ေတြ႕ရင္ေတာ့ ခုလိုခပ္တည္တည္ႀကီး လုပ္မေနနဲ႔ဦးေနာ္။ သားကိုခ်စ္ရင္ ျပဳံးျပဳံးေလးေနေနာ္"
ေဒၚမိမိနိုင္က မ်က္ေစာင္းတစ္ခ်က္ႏွင့္ လွည့္ၾကည့္ပါသည္။ ထုတ္မေျပာေသာ္ျငား မိဘေတြသည္လည္း သားျဖစ္သူ စိတ္ဆင္းရဲေအာင္ လုပ္ၾကေတာ့မည္မထိ။ အရင္လိုေတာင္ ခါးခါးသီးသီး မဟုတ္ၾကေတာ့ေပ။
သို႔ေပမဲ့ ဆံပင္ကို သပ္သပ္ရပ္ရပ္ ထုံးဖြဲ႕ေနသည့္မိခင္ကို ကပ္ခၽြဲမွာၿပီးသကာလ ဖခင္ျဖစ္သူကိုလည္း တစ္ခါထြက္မွာရျပန္၏။ သူတို႔ခ်စ္သူႏွစ္ဦး၏ ႏွစ္ဖက္မိဘမ်ား ေတြ႕ဆုံၾကမည့္အေရးမွာ မ်ားစြာဝန္ေလးစရာပင္။
သည္လိုႏွင့္ ခန့္ခန့္တို႔မိသားစုေလးေယာက္ ညေနေစာင္းမွထြက္လာခဲ့ၾကသည္။ ဟိုတယ္ေရာက္ခ်ိန္တြင္ ေနေရာင္ပင္မရွိေတာ့။ သည္ေလာက္ၾကာမည္ မထင္ထားေသာ္လည္း ဟိုတယ္နားေရာက္ခါမွ ကားေတြက်ပ္ေနျခင္းေၾကာင့္ အနည္းငယ္ေနာက္က်ေလၿပီ။ ခန႔္ခန႔္တစ္ေယာက္ ဖုန္းကိုင္ကာတကုပ္ကုပ္ႏွင့္ စာလွမ္းပို႔ရ၏။ ခ်စ္သူထြက္ႀကိဳမွ မိဘေတြ အမွတ္ပိုေပးမည္မလား။
မီးေရာင္မ်ားထိန္ထိန္လင္းေနသည့္ ဟိုတယ္ႀကီးမွာ အျပင္မွၾကည့္႐ုံႏွင့္ ခမ္းနားလြန္းလွသည္။ သူ႔ခ်စ္သူကို စစေတြ႕ခ်င္းထဲက မိဘအသိုင္းအဝိုင္း ခ်မ္းသာသည္ကို သိေသာ္လည္း သည္ေလာက္ထိေတာ့ မထင္ထားရိုးအမွန္ပင္။ ႐ုပ္ရည္ရွိၿပီး လုပ္ရည္ကိုင္ရည္လည္း ေတာ္သူျဖစ္တာမို႔ လူႀကီးကို ပိုင္ဆိုင္ခ်င္ၾကသည့္ မစႏၵီလိုမိန္းမမ်ား ဝိုင္းဝိုင္းလည္ေနတာကို ခန႔္ခန႔္ သိပ္မအံ့ဩမိေတာ့။ သို႔ေသာ္ အနားရွိသည့္ မိန္းမလွမ်ားၾကားက သူ႔ကိုပဲ သည္းသည္းလွုပ္ခ်စ္တာမို႔ ကိုယ့္ကိုယ္ကို ကံအေကာင္းဆုံးလူသားဟုပင္ ခံယူခ်င္မိတာပင္။
"ေျမး ဘာေတြေတြးျပဳံးေနတာလဲ။ ဟိုမွာထြက္ႀကိဳေနတာ ေမာင္ေဇယ်ာမလား"
"အင္း ဟုတ္သားပဲ။ ေမေမတို႔ လာ ... သြားၾကမယ္"
သူ ပို႔ထားေသာစာေၾကာင့္ လာႀကိဳသည့္လူႀကီးက အေနာက္တိုင္းဝတ္စုံျဖစ္သည့္ အနက္ေရာင္လြင္လြင္ကို ဝတ္ထားသည္။ ဆံပင္ကို သပ္ရပ္က်နစြာ ၿဖီးလိမ္းထားသည္မွာ ခါတိုင္းထက္ ပိုၾကည့္ေကာင္းေန၏။ ဒါသာမက လူႀကီးမ်ားအား ခရီးဦးႀကိဳဆိုေနပုံက ခါတိုင္းထက္ ရို႔က်ိဳးေနသည့္ဟန္။
"အန္ကယ္တို႔၊ အန္တီတို႔ ႂကြပါခင္ဗ်။ ေဖေဖတို႔လည္း ေစာင့္ေနပါတယ္"
"ေအးေအး"
ေဖေဖတို႔ကလည္း မ်က္ႏွာမတင္းထားၾက၍ ခန႔္ခန႔္ ရင္ထဲကအလုံးႀကီးမွာ တျဖည္းျဖည္း ေသးသြားရေလ၏။
ခန္းမႀကီးထဲေရာက္ခ်ိန္တြင္ ေလၽွာက္လမ္းေဘးတစ္ေလၽွာက္ ႏွင္းဆီအျဖဴမ်ားႏွင့္ အလွဆင္ထားသည္။ မီးအျပင္အဆင္မ်ား၏အလွကလည္း ခမ္းနားထည္ဝါမွုကိုလည္း ပိုထင္ေပၚေစတာပင္။ ဖြင့္ပြဲ၏ Theme Color အရ ခန္းမအတြင္းရွိလူတိုင္းက အျဖဴႏွင့္အနက္ကိုသာ ပုံစံအမ်ိဳးမ်ိဳး ဝတ္ဆင္ထားၾကသည္။ ၿမိဳ႕မ်က္ႏွာဖုံးမ်ားႏွင့္ ေက်ာ္ၾကားသူေတြပါတက္ၾကသည့္ လူကုန္ထံပါတီတစ္ခုပင္။ ခန့္ခန့္သည္လည္း အေနာက္တိုင္းဝတ္စုံအျဖဴကို ဝတ္ဆင္ထားၿပီး ခ်စ္သူႏွင့္ဆင္တူျဖစ္ေသာ ေငြေရာင္လက္ၾကယ္သီးတို႔မွာ လက္အနားတြင္သပ္ရပ္စြာ။
ခန္းမတြင္းသို႔ ေရွ႕ကဦးေဆာင္ေခၚသြားသည့္ လူႀကီးက ႀကိဳစီစဥ္ထားဟန္ရွိေသာ ဝိုင္းတစ္ခုတြင္ သူတို႔မိသားစုအား ေနရာခ်ထားေပး၏။
"အန္ကယ္တို႔ ထိုင္ၾကဦးဗ်။ ေဟး ရြယ္ ... ေဖေဖတို႔ကို အသိေပးလိုက္ပါဦး"
ေဇယ်ာ အသံခပ္တိုးတိုးႏွင့္ လွမ္းေျပာလိုက္ေပမဲ့ ညီမျဖစ္သူရြယ္က ခန႔္ခန႔္တို႔မိသားစုကို ျမင္သည္ႏွင့္ ပါးနပ္စြာ သြားေခၚေပးသည္။
"လူ ... အဲ ... ကိုေဇယ်ာ ခန့္ကို ေရာက္ၿပီလား။ ဖုန္းဆက္တာမကိုင္လို႔"
ခန့္ခန့္မွာ စိတ္လွုပ္ရွားမွုေၾကာင့္ မိဘေတြေရွ႕ကို အေယာင္ေယာင္ အမွားမွားႏွင့္။ စတိတ္စင္က သီခ်င္းသံလြင္လြင္ေၾကာင့္သာ ေတာ္ေသးသည္။ ေမေမၾကားလၽွင္ျဖင့္ သူ႔အဖို႔ လြယ္မွာမဟုတ္ေခ်။
"ေရာက္ေနၿပီ။ ကိုယ္ေခၚေပးမယ္"
ခဏၾကာေတာ့ ဦးျမတ္သူႏွင့္ ေဒၚၾကည္ျပာတို႔ကို ရြယ္ရြယ္က ေခၚလာေပးသည္။ ရြယ္ရြယ္ကေတာ့ ခန႔္ခန႔္ကို မ်က္စပစ္ျပလ်က္ အေျခအေနကိုထိန္းေပးရန္ အခ်က္ျပသည္။
"ကိုမင္းဟန္တို႔ ေရာက္ေနၾကၿပီလားဗ်။ မေတြ႕တာေတာင္ အေတာ္ၾကာၿပီေနာ္"
ေျပာရင္း ဦးျမတ္သူက ႏွုတ္ဆက္ဖို႔ လက္ကမ္းေပးလာသည္။ သားျဖစ္သူ မွာထားသည့္အတိုင္း တေသြမတိမ္းသာ လိုက္နာသူျဖစ္၏။ သားႏွစ္ေယာက္စလုံးသာ ေနာက္မဆုတ္လၽွင္ ေနာက္ဆိုအမ်ိဳးေတာ္ရမည့္သူေတြ မဟုတ္ပါလား။
"ဟုတ္တယ္ ကိုျမတ္သူ။ မနက္ကေတာ့ သြားစရာေလးရွိေနလို႔ ခုမွပြဲတက္ျဖစ္တယ္ဗ်ာ"
ဦးမင္းဟန္က မတ္တပ္ရပ္ၿပီး ျပန္လက္ဆြဲႏွုတ္ဆက္ပါမွ ခန့္ခန့္ရင္ထဲက အလုံးႀကီးက်သြားေတာ့သည္။
"ရပါတယ္ဗ်ာ။ ခုလိုတက္ေပးတာပဲ ေက်းဇူးတင္ေနတာပါ။ ဪ ဒါကၽြန္ေတာ့္အမ်ိဳးသမီးပါ"
"ဟုတ္ကဲ့ ၾကည္ျပာပါရွင္"
ေဒၚၾကည္ျပာကလည္း ႏွစ္လိုဖြယ္ျပဳံးျပ၍ ႏွုတ္ဆက္ပါသည္။
"ဟုတ္ကဲ့ ေတြ႕ရတာဝမ္းသာပါတယ္ခင္ဗ်။ ဒီဖက္က ကၽြန္ေတာ့္အမ်ိဳးသမီးပါ၊ မိမိနိုင္တဲ့။ တစ္ဖက္မွာထိုင္ေနတာက အမ်ိဳးသမီးရဲ့အေမ၊ ေဒၚခင္ၿမိဳင္ပါခင္ဗ်"
ေဒၚမိမိနိုင္က ထရပ္လိုက္ရင္း ေခါင္းတစ္ခ်က္ညိတ္ျပဳံးျပကာ ႏွုတ္ဆက္စကားဆိုသည္။ ဘြားကေတာ့ ခပ္ျပဳံးျပဳံးသာပင္။
"ေတြ႕ရတာဝမ္းသာပါတယ္ရွင္"
"ကဲ လာ ... ကိုမင္းဟန္။ ကၽြန္ေတာ္ Mr. Smith တို႔နဲ႔ မိတ္ဆက္ေပးဦးမယ္။ ဒီနိုင္ငံက နည္းပညာနယ္ပယ္ေတြ သူသိပ္သိခ်င္ေနတာ"
"သြားတာေပါ့ဗ်ာ"
ဦးျမတ္သူက တစ္ဖက္ေခၚသြားၿပီမို႔ ေဒၚၾကည္ျပာသာ က်န္ရစ္သည္။ ဒါမို႔ မိန္းမခ်င္းလည္း စကားေျပာျဖစ္ေစရန္ ခန့္ခန့္ ေရွာင္ေပးဖို႔ျပင္ေတာ့၏။
"ဒါဆို ေမေမတို႔လည္း စကားေျပာၾကဦးေနာ္။ သား ခန့္ကိုဆီ လိုက္သြားမလို႔"
ေဒၚမိမိနိုင္က ခပ္ေျပေျပျပဳံးၿပီး ေခါင္းတစ္ခ်က္ညိတ္ျပသည္။ အျဖဴေရာင္ဇာဝမ္းဆက္ကို ဝတ္ဆင္ထားေသာ သူ႔မိခင္မွာ ၾကည္လင္ၿပီး က်က္သေရရွိေနသည္။ ခန္းမထဲမွာမို႔ အလွဆုံးလည္း ျပဳံးထားသေယာင္။
"အန္တီေမေမ သားခဏသြားဦးမယ္ေနာ္။ ၿပီးမွ ျပန္လာခဲ့မယ္"
"ေအးပါကြယ္"
သည္တစ္ခါေတာ့ ေဒၚမိမိနိုင္ႏွင့္ ေဒၚခင္ၿမိဳင္တို႔ မ်က္လုံးခ်င္းဆိုင္ ၾကည့္ျဖစ္သြားေတာ့သည္။ 'အန္တီေမေမ' လို႔ေခၚၿပီး ထြက္သြားသတဲ့လား။ သည္ကေလးေတာ့ အိမ္မွေတြ႕ဦးမယ္ဟု ေဒၚမိမိနိုင္ ေတးထားလိုက္သည္။ သို႔ေပမဲ့ ခ်က္ခ်င္းဆိုသလို မ်က္ႏွာပ်က္သြားရာက အျပဳံးတို႔ျပန္ဆင္ရျပန္၏။ အဘြားျဖစ္သူမွာေတာ့ ရယ္ခ်င္စိတ္ကို မနည္းထိန္းလိုက္ရသည္။
ခန့္ခန့္ထြက္သြားေတာ့ စားပြဲဝိုင္းမွာ ေခတၱမၽွ ၿငိမ္သက္သြား၏။ ပုံမွန္ဆိုလၽွင္ေတာ့ သားရွင္၊ သမီးရွင္ဟူ၍ စဥ္းစားရေသာ္ျငား အခုကေတာ့ ႏွစ္ဖက္စလုံး သားရွင္ေတြခ်ည္းမို႔ ဘယ္သူကဘယ္လို စကားအစခ်ည္ရမည္မသိဘဲ အခက္ေတြ႕ေနၾကသည္။ သို႔ေသာ္လည္း သားရွင္ခ်င္းတူတူ ကိုယ့္သားက အသက္မ်ားစြာႀကီးတာမို႔ ေဒၚၾကည္ျပာကပင္ အလ်င္အျမန္ စကားစရန္ျပင္ရသည္။
"ခန့္ခန့္ေလးက သြက္တယ္ေနာ္။ ခ်စ္ဖို႔လည္းေကာင္းတယ္၊ တကယ့္သားေခ်ာေလး"
တစ္ဖက္ကဆိုလာေတာ့ အဘြားျဖစ္သူ ေဒၚခင္ၿမိဳင္က သမီးျဖစ္သူအစားျပဳံးရယ္စြာ စကားဆက္ပါသည္။
"ဟုတ္တယ္။ ေျမးက အျမဲတက္ႂကြေနေတာ့တာ၊ အခ်စ္ခံရေအာင္ေျပာၿပီးကလည္း ခၽြဲတတ္ေသးတယ္။ အခုပဲေခၚသြားတာ ၾကည့္ပါေတာ့လား"
"သိတာေပါ့ ... သိတာေပါ့။ ဒါနဲ႔ ဒီကညီမက စီးပြားေရးတကၠသိုလ္က ပါေမာကၡဆရာမလို႔ ခန့္ခန့္ေလး တစ္ခါေျပာဖူးတယ္။ ဆရာမတစ္ေယာက္ဆိုသလိုပဲ၊ က်က္သေရရွိရွိနဲ႔ လွပါေပတယ္ ညီမရယ္"
ေဒၚၾကည္ျပာမွာ အပိုေျပာေနျခင္းမ်ိဳးမဟုတ္ဘဲ စိတ္ရင္းႏွင့္ေျပာျခင္းျဖစ္သည္။ အမူအရာႏွင့္ စကားေျပာပုံကို အကဲခတ္႐ုံႏွင့္ ေဒၚၾကည္ျပာ အရိုးခံေျပာျခင္းကို ေဒၚမိမိနိုင္လည္း ရိပ္မိပါသည္။
"မဟုတ္တာပါရွင္။ ဒီလိုပြဲမ်ိဳးတက္ရတာမို႔ နည္းနည္းပါးပါး ျပင္ဆင္လာလို႔ရယ္ပါ။ ဒါနဲ႔ အမႀကီးကလည္း ေရႊဆိုင္ဖြင့္ထားတယ္လို႔ ေမာင္ေဇယ်ာ ေျပာဖူးပါတယ္။ ဘယ္မွာမ်ားဖြင့္ထားတာလဲ ... သိမ်ားသိေနမလားလို႔ပါ"
"ဪ ... သားေျပာျပတယ္လား။ ဗိုလ္ခ်ဳပ္ေစ်းထဲမွာ 'နန္းေတာ္ဝင္' ဆိုတဲ့နာမည္ေလးနဲ႔ ဖြင့္ထားတာပါ။ ဒီက ညီမေလးေရာ၊ ေဒၚေဒၚေရာ ေရႊနဲ႔ပတ္သက္လို႔ တစ္ခုခုမ်ား အကူအညီလိုတာ၊ သိခ်င္တာတို႔ရွိရင္ အားမနာတမ္း ေျပာပါေနာ္ ... ကူညီဖို႔အသင့္ပါ။ ဗိုလ္ခ်ဳပ္ေစ်းဖက္ေရာက္ရင္သာ ဆိုင္ကိုအလည္ဝင္ခဲ့ၾကပါဦးေနာ္။ ဆက္ဆက္သာလာခဲ့ၾကပါ ... ဧည့္ခံဖို႔အသင့္ပါရွင္"
ေဒၚၾကည္ျပာမွာ ခ်မ္းသာသည့္အသိုင္းအဝိုင္းႀကီးက ျဖစ္ေသာ္ျငား ဂုဏ္ေမာက္ျခင္းမ်ိဳး အလ်ဥ္းမရွိ။ အေျပာအဆို ညက္ေညာၿပီး ေျပာသည့္စကားလုံးတိုင္းက စိတ္ရင္းကို ထင္ဟက္ေနသည္။ ေမာင္ေဇယ်ာ သိတတ္လိမၼာျခင္းတို႔မွာလည္း သည္လိုမိခင္မ်ိဳး၏ အထိန္းအကြပ္ေအာက္တြင္ ႀကီးျပင္းခဲ့တာေၾကာင့္ျဖစ္လိမ့္မည္ဟု ေဒၚမိမိနိုင္ ေတြးမိလိုက္သည္။ သူမကိုယ္တိုင္လည္း သည္ေကာင္ေလးကို သေဘာမက်တာမ်ိဳးမဟုတ္၊ ဟင္း ... သဘာဝလြန္ျဖစ္ေနလို႔သာ။
တစ္ဖက္တြင္လည္း ေဇယ်ာ ဧည့္သည္ေတြကို ဧည့္ခံစကားေျပာရင္း မိဘမ်ားအေျခအေနကို ေစာင့္ၾကည့္ရသည္။ ခန့္ခန့္သည္လည္း မထူးျခားနား။ ေဘးက ခန့္ကိုကို အဖက္မလုပ္နိုင္၊ အေဖႏွင့္ မေတာ္ရေသးသည့္ ေယာကၡထီးဖက္ကို ေငးလိုက္ရ၊ မိခင္ႏွင့္ ေယာကၡမေလာင္းကို ၾကည့္လိုက္ရႏွင့္ ရတက္မေအးနိုင္ ျဖစ္ေနသည္။
ဘာအေၾကာင္းအရာမ်ား ေျပာၾကသည္ကို မသိၾကေသာ္လည္း ႏွစ္ဖက္စလုံးက ျပဳံးျပဳံးရႊင္ရႊင္ စကားလက္ဆုံက်ေနၾကတာမို႔ တျဖည္းျဖည္းေတာ့ အေျခအေန ေကာင္းလာသည္ဟု ထင္ၾကရသည္။
ဖြင့္ပြဲစလို႔လူစုံခ်ိန္ေရာက္မွ ေဇယ်ာတစ္ေယာက္ အဖြင့္စကားႏွင့္ စမိတ္ဆက္ေလေတာ့သည္။ ဦးျမတ္သူက ဟိုတယ္လုပ္ငန္းစဥ္မ်ားႏွင့္ ပတ္သက္၍ သားျဖစ္သူကို အားျဖည့္ေပးၿပီး က်န္တာသားကိုသာ ဦးေဆာင္ေစသည္။
လူႏွစ္ရာေက်ာ္ရွိေသာခန္းမ၏ စင္ျမင့္ထက္တြင္ အဖြင့္စကားေျပာေနသည့္ပုဂၢိဳလ္မွာ ခန့္ခန့္အျမင္တြင္ ခန့္ညားသည္ထက္ပိုသည္။ အရမ္းလည္းဂုဏ္ယူရတာမို႔ စကားေျပာေနသည့္ အစမွအဆုံး မွတ္တမ္းတင္ရိုက္ေလေတာ့ မိခင္ျဖစ္သူက မ်က္ေစာင္းထိုးသည္။ သို႔ေပမဲ့ ဦးမင္းဟန္ေရာ၊ ေဒၚမိမိနိုင္ပါ ေဇယ်ာ့ကို သေဘာက်ဟန္ရွိၾကသည္။ ထုတ္ေတာ့မေျပာေနၾက။
သည္လိုႏွင့္ ပြဲတက္ၿပီး တစ္နာရီေက်ာ္ၾကာေတာ့ ဟိုေငးသည္ေငးသာရွိလွေသာ လူႀကီးေတြက အိမ္ျပန္ဖို႔ဆိုင္းျပင္ေတာ့သည္။ မိဘခ်င္း ေခ်ာေခ်ာေမြ႕ေမြ႕ စကားေျပာျဖစ္ၾကတာမို႔ ခန႔္ခန႔္အဖို႔ေတာ့ စိတ္ေအးရသည္။ ေက်းဇူးလည္းတင္မိသည္။
"ခန႔္ခန႔္ ျပန္ၾကမယ္"
"ေမေမ သား ခန႔္ကိုနဲ႔ၿပီးက်မွ ျပန္ခဲ့မယ္ေလ"
"ဟဲ့ ... ဘယ္ျဖစ္မလဲ"
"ကိုမင္းဟန္တို႔ ျပန္ၾကေတာ့မလို႔ဆို"
ေဒၚမိမိနိုင္ သားျဖစ္သူကို ခပ္တိုးတိုးမာန္ေနခိုက္ ဦးျမတ္သူတို႔ ျပန္ေရာက္လာၾကသည္။ သည္တြင္ စကားစျပတ္သြားသည္မို႔ ခန႔္ခန႔္အတြက္ အလ်ဥ္းသင့္သြားေလ၏။
"ျပန္ေတာ့မယ္ဗ်။ ဟိုတယ္ဖြင့္ပြဲအတြက္ Congratulations ပါ ကိုျမတ္သူ"
"ေက်းဇူးပါဗ်ာ။ တကူးတက တက္ေရာက္ေပးတာလည္း ထပ္ဆင့္ေက်းဇူးတင္ပါတယ္။ အားရင္လည္း အရင္လိုေဂါက္ဖ္လာရိုက္ဦးဗ်ာ၊ ေတြ႕ၾကဦးစို႔"
"ဟုတ္ကဲ့ပါ ကိုျမတ္သူ။ အားရင္ဆုံၾကတာေပါ့"
လူႀကီးေတြခ်င္း အျပန္အလွန္ႏွုတ္ဆက္ၿပီး အဆင္ေျပေျပေတာ့ ျဖစ္သြားၾကသည္။ ခန့္ခန့္ကေတာ့ ခန့္ကိုႏွင့္မွျပန္လာခဲ့မယ္ဟုသာ ဇြတ္ေျပာၿပီးက်န္ေနခဲ့၏။ ဂုဏ္ယူရသည့္ခ်စ္သူအတြက္ အခ်ိန္ေပးသင့္သည္မလား။ တကယ္ဆို သည္ဖြင့္ပြဲညတြင္ သူတို႔ႏွစ္ဦးအဖို႔ စကားပင္ေကာင္းေကာင္း မေျပာရေသးပါေခ်။ ဧည့္သည္ေတြႏွင့္ အလုပ္ရွုပ္ေနေသာခ်စ္သူအား ခန႔္ခန႔္ ေငးသာၾကည့္ေနနိုင္သည္။
ဘယ္သူႏွင့္စကားေျပာသလဲ။ လူႀကီးအရြယ္ေတြႏွင့္ စကားေျပာလၽွင္ ဘယ္လိုပုံစံမ်ိဳးေလလဲ။ သူငယ္ခ်င္းေတြႏွင့္ဆို ေပါ့ေပါးပါးပါး ဘယ္လိုေျပာတတ္သလဲ စသျဖင့္ မျမင္ဖူးသမၽွကို ေငးေမာေနမိတာပင္။ ခန့္ကိုလည္း အေဖာ္က်န္ေနခဲ့တာေရာ၊ မမရြယ္၏ဧည့္ခံေကာင္းမွုတို႔ေၾကာင့္ သူ႔ခမ်ာ မပ်င္းရပါေပ။
အခ်ိန္တျဖည္းျဖည္းကုန္လာသည္ႏွင့္ ပြဲလာဧည့္သည္မ်ားလည္း က်ဲသြားေလၿပီ။ ညတျဖည္းျဖည္းနက္လာေတာ့ ျပန္သူကျပန္ကုန္ၾက၏။ နာမည္အရ အသုံးခ်ခံေနက်ျဖစ္ေသာ ခန႔္ကိုသည္ပင္လၽွင္ ျပန္သြားေလၿပီ။
လူေတာ္ေတာ္က်ဲသြားေလမွ ေဇယ်ာက ခ်စ္သူခန့္ခန့္ကို အေပၚဆုံးထပ္ရွိ ေလသာေဆာင္သို႔ ေခၚခဲ့ေတာ့သည္။ ဒါမွလည္း စကားေအးေဆးေျပာရမည္ကိုး။
အေပၚဆုံးထပ္ေလသာေဆာင္က က်ယ္လြင့္၍ အမိုးအကာ သိပ္မရွိလွ။ အလွပန္းပင္တို႔ကသာ ေနရာယူထားသည္။ ညစာစားပြဲမ်ား စီစဥ္နိုင္ရန္အတြက္လည္း တမင္ေနရာလပ္ခ်န္ထားတာလည္း ျဖစ္သည္။
"ျပဳံးလွခ်ည္လား ကေလးရ။ ဘာေတြသေဘာက်ေနတာလဲ"
ေဇယ်ာေမးသည္မွာ မီးေရာင္စုံႏွင့္ ၿမိဳ႕ျပအလွကိုၾကည့္ရင္း ခန့္ခန္က ျပဳံးေနျခင္းေၾကာင့္။
"သေဘာက်တာေတာ့ အကုန္လုံးပဲ"
"ေျပာျပပါဦး ... ဘယ္လိုအကုန္လုံးလဲ"
ခန့္ခန့္ ၿမိဳ႕ျပအလွကို ေက်ာေပးလိုက္ရင္း တစ္ဖက္က လူႀကီးဆီသို႔ ေငးေမာၾကည့္လိုက္သည္။
"မိဘေတြ မကန့္ကြက္ၾကေတာ့လို႔"
ေဇယ်ာက ခ်စ္စဖြယ္ျပဳံးလ်က္ ခန့္ခန့္၏ပါးေလးတစ္ဖက္ကို လက္ဖဝါးေလးႏွင့္ အုပ္မိုးလိုက္သည္။
"ဒီလိုညျဖစ္လာတဲ့ထိ ႀကိဳးစားနိုင္ခဲ့တဲ့ လူႀကီးအတြက္ ဂုဏ္ယူရလြန္းလို႔"
ဘာစကားမွမတုံ႔ျပန္ေသးေသာ ေဇယ်ာက ခန့္ခန့္ ႏွာဖ်ားဆီသို႔ လက္မေလးျဖင့္ ပြတ္သပ္ေဆာ့ကစားေနသည္။
"ၿပီးေတာ့..."
ဆက္ေျပာဖို႔အေရး တြန႔္ဆုတ္ေနေသာခန႔္ခန႔္မွာ ရွက္သလိုလို၊ မရဲသလိုလို။
"ၿပီးေတာ့ ... ဘာလဲ"
ေဇယ်ာက ေတြးစစျပဳံးရင္း လက္မေလးျဖင့္ ခန့္ခန့္ႏွုတ္ခမ္းဖူးဖူးကို ညင္သာစြာ ထိလာျပန္သည္။
"ၿပီးေတာ့ ... အဲလိုေတာ္တဲ့လူႀကီးက တျခားသူေတြအားလုံးကိုေက်ာ္ၿပီး ခန့္ခန့္ဆိုတဲ့ ဘာမွမဟုတ္တဲ့ကၽြန္ေတာ့္ကို ခ်စ္ေပးခဲ့လို႔"
အသံေလးတိမ္ကာေျပာေနသည့္ ထိုႏွုတ္ခမ္းဖူးေလးအား ေဇယ်ာ ငုံ႔ယူနမ္းရွိုက္လိုက္ေတာ့သည္။ အညင္သာဆုံးႏွင့္ အသိမ္ေမြ႕ဆုံး အနမ္းေလးပင္ ျဖစ္၏။
"ေနာက္အဲလိုေျပာခြင့္မရွိဘူးေနာ္"
ခန့္ခန့္ နားမလည္စြာ ေၾကာင္ၾကည့္ေနမိသည္။
"မွတ္ထား! ကေလးက ကိုယ္ပိုင္ဆိုင္သမၽွ အရာေတြအားလုံးထဲမွာ တန္ဖိုးမျဖတ္နိုင္ဆုံးပဲ။ ဘာနဲ႔မွမလဲနိုင္ေအာင္ကို အဖိုးထိုက္တန္တယ္ သိရဲ့လား"
အေျပာႏွင့္အတူ ခန႔္ခန႔္၏ခႏၶာကိုယ္ေလးပါ သိမ္းပိုက္ခံလိုက္ရတာ သိမ့္ခနဲ။ ေလအလြင့္တြင္ အနမ္းပြင့္တို႔ပါ တဖန္ပြင့္ဖူးၾကျပန္ပါေတာ့သည္။
8/11/2020
•••••••••••••••••••••••••••••••••••••••••••
Bạn đang đọc truyện trên: Truyen3h.Co