Part-6
<Unicode>
"တက်လေ"
အဖေဖြစ်သူကထားသွား၍ ချာတိတ်မှာ စိတ်ကြည်နေပုံမရ။ ကားပေါ်ထိုင်တက်လာတာတောင် ရုပ်ကခပ်ချေချေကလေးဖြစ်သည်။ ဇေယျာ နှုတ်ခမ်းစွန်းလေး အပေါ်တက်ရုံမျှ ပြုံးမိပါ၏။ လူတစ်ယောက်၏ကားပေါ်တက်ဖို့ သည်လောက်ခက်ခဲသည်လား။ အင်း ... ကိုယ့်ကိုဆူထားသည့်လူ၏ကားဆိုရင်တော့ မာနခဲတို့အတွက် ခက်ခဲမယ်ထင်ပါ၏။
ဇေယျာ ကားတံခါးအသာပိတ်ပေးလို့ တစ်ဖက်စီလျှောက်လှမ်းရသည်။ ဟက် ... သူကလည်းသူပင်။ သည်ချာတိတ်ကို အမြင်ကလည်းမကြည်၊ အတန်းထဲလည်း စာလိုက်မကြည့်ဆိုတော့ အပြုံးအရယ်ကို သိပ်မလုပ်ခဲ့။ သူ့ကားပေါ်မတက်ချင်တာတော့ သိပ်မဆန်းပေ။
သည်လိုနှင့် ဇေယျာဝင်ထိုင်တော့ ကောင်လေးက ခါးပတ်,ပတ်ပြီးနေလေပြီ။ သူလည်း ကားကိုညင်သာစွာ မောင်းထွက်ခဲ့၏။ Cafeteria က ရှေ့နားဆိုသော်လည်း ပွိုင့်ရှိနေသေး၍ ကားခဏပိတ်နေသေးသည်။ စောင့်နေရသည့်တူတူမို့ ဇေယျာကပင် စိမ်းသက်သက်ဖြစ်နေသည့် သူတို့နှစ်ဦးကြား လေပြည်စကားလေးနှင့် ခင်မင်ရင်းနှီးရေးတံတားလေးခင်းဖို့ ကြံလိုက်ရ၏။
"ဒါနဲ့ အရင်တစ်ပတ်က နေမကောင်းလို့ အတန်းမတက်နိုင်တာဆို"
"အင်း"
"အဲနေ့က ကိုယ်ခေါ်တုန်းကသာ မင်းလိုက်ခဲ့မယ်ဆို ဖျားစရာအကြောင်းလည်း မရှိသလို၊ ဆေးရုံထိလည်း ရောက်စရာမလိုနိုင်ဘူး"
ဇေယျာ ပွင့်ပွင့်လင်းလင်းပြောလိုက်တာပေမဲ့ ကောင်လေးက ဘယ်လိုအဓိပ္ပါယ်ပေါက်ပြန်ပြီမသိ။ သူ့ကိုလှည့်ကြည့်လာလိုက်တာ စူးစူးစိုက်စိုက်။ ရင်းနှီးအောင်ပြောကာမှ ပိုဆိုးပြန်ရပြီထင်သည်။ ကလေးတွေစိတ်ကလည်း လူကြီးချင်းပြောသလို ချက်နဲ့လက်နဲ့ပြောမရလေဘူးလားမသိ။
"ကျွန်တော့်ဘာသာ ဘယ်လိုသွားသွားပေါ့၊ အဲ့လူကြီးနဲ့ ဘာဆိုင်လို့လဲ"
ခေါ်ပြန်ပါပြီ အဲ့လူကြီး။ ထောင်းခနဲတိုလာသည့်စိတ်က ဇေယျာ၏လက်ကျန်မကြည်စိတ်ကလေးကို ပိုမိုထကြွလာစေပြန်၏။ အခုပဲ အန်ကယ်သားမို့ အကောင်းမြင်နေသည့်ကြားကမှ နာမည်အရင်းကို သိသိလျက်နှင့်မခေါ်တာကို တစ်မျိုးအမြင်မကြည်ရပြန်သည်။ သိုသော် ပြောလက်စတော့ ထပ်ပြောရဦးမည်။
"ကိုယ်နဲ့မဆိုင်ပေမဲ့ မင်းသာတလွဲမာနမထားရင် မဖြစ်သင့်တာ မဖြစ်လာဘူးဆိုတာ ပြောပြတာကွ ချာတိတ်ရ"
"ဘာချာတိတ်လဲ။ မခေါ်နဲ့ဗျာ ... မကြိုက်ဘူး။ ကျွန်တော့်နာမည် စိုင်းမင်းခန့်၊ ခေါ်ချင်နာမည်ခေါ်"
ဇေယျာမလျှော့သည်ထက်ပိုကာ ခန့်ခန့်ကလည်း တစ်ပြားမှမလျှော့၊ ခပ်ချေချေ ပြောပြန်သည်။ သူလည်း ကားပေါ်နေရင်းထိုင်ရင်း ကလေးတစ်ယောက်နှင့် အပြိုင်ငြင်းဖို့၊ အသာစီးရဖို့အရေး စကားလုံးတွေလည်း ရွေးချယ်ရပြန်ပါပေါ့။
"မင်းက ကိုယ့်ကိုတော့ ဟိုလူကြီး၊ ဒီလူကြီးနဲ့ခေါ်ချင်ရာခေါ်ပြီး ကိုယ့်အလှည့်ကျ မနွဲ့စတမ်းလေ"
"ဟင်း"
နှာခေါင်းလေးရှုံ့သွားသည့် ထိုချာတိတ်မှာ မိန်းကလေးတွေထက် ချစ်စရာကောင်းနေတာတော့ ဇေယျာ ဝန်ခံရပါလိမ့်မည်။ သူ့ပုံစံက ခပ်ငယ်ငယ်ကလေးတစ်ယောက် ဂျစ်နေသည့်အတိုင်း စကောင်းသလို၊ ရုပ်ရည်အရလည်း ကြည့်ကောင်းနေပြန်သည်။ အန်ကယ်ဦးမင်းဟန်က လူချောလေးမွေးထားတာပဲဟု စိတ်ထဲချီးကျူးမိလိုက်သေး၏။
သည်လိုနှင့် သူတို့နှစ်ဦးသား Cafeteria ရောက်သွားသည်။ ကျန်အဖွဲ့ဝင်သုံးယောက်မှာ ရောက်နှင့်နေပြီးဖြစ်၏။
"ရောက်နေကြပြီလား"
"ခုပဲရောက်တာ ကိုဇေယျာ"
မေသက်ကကြိုဆိုရင်း ထိုင်ခုံနေရာပြလေ၏။ ဆိုင်ကလူရှုပ်နေသော်လည်း ငါးယောက်သားအတွက်တော့ ကျယ်ကျယ်လွင့်လွင့်။
"ခန့်ခန့်နဲ့ ကိုဇေယျာ ဘာမှာမလဲ"
"ကျွန်တော်က Cappuccino တစ်ခွက်ပဲ မမမေသက်"
"ကိုယ်လည်း အဲဒါပဲ"
Menu စာရွက်ကြီးမကိုင်ချင်တော့တာမို့ ခပ်လွယ်လွယ်ပဲ ချာတိတ်မှာတာကိုပဲ သံယောင်လိုက်မှာတာဖြစ်၏။ ဒါကို ဘုကြည့်လှည့်ကြည့်လာသည့် ထိုချာတိတ်။ သူမျက်ခုံးပင့်ပြတော့ မပြုံးမရယ်နှင့် တစ်ဖက်ပြန်လှည့်သွားသည်။
"ကဲ ဒီကညီမတို့ ဘာလုပ်ရင်ကောင်းမလဲ တွေးထားကြတာလားရှိလား"
ဇေယျာကပင် စကားဝိုင်းကို စလိုက်ပါသည်။ အားလုံးထဲတွင် သူကလည်း အကြီးဆုံးဖြစ်တာမို့ ဦးစီးဦးဆောင် လုပ်သင့်လုပ်ရမည်။
"ညီမတို့လည်း စဉ်းစားနေတုန်းရှိသေးတယ်။ အပြင်အလုပ်လည်း သိပ်မလုပ်ဖူးတော့ မတွေးတတ်ဘူးဖြစ်နေတာ"
"ကိုမိုးထက်ရော ဘာတွေးမိသေးလဲဗျ"
"ကျွန်တော်လည်း ဘာideaမှ ထွက်မလာသေးဘူး။ ကိုဇေယျာ စဉ်းစားထားတာများ ရှိလား"
ဇေယျာ့ကိုပဲ ပြန်ဦးတည်လာတာမို့ တွေးလက်စလေးပဲ ဆက်အကောင်အထည်ဖော်မည် စိတ်ကူးလိုက်သည်။ ချာတိတ်ကိုတော့ အထူးအထွေမေးမနေဖြစ်တော့။ ကားပေါ်ကတည်းကမေးတော့ သူဘာမှမသိပါဘူးတဲ့လေ။ ခပ်ပေါ့ပေါ့ဖြေလာသော်လည်း သည်ကလေး ငယ်သေးတာပါပဲလေဟုသာ ဖြည့်တွေးပေးဖြစ်တော့သည်။
"ကျွန်တော်စဉ်းစားထားတယ်ဆိုတာထက် သူငယ်ချင်းတစ်ယောက်ဖွင့်ဖို့ ပြင်နေတဲ့ဆိုင်လေးတစ်ဆိုင်တော့ ရှိတယ်။ သူ့ကိုကူပေးနေတာပေါ့ဗျာ၊ Coffee shop နဲ့တွဲလျက် စာအုပ်ဆိုင်လေး"
ဇေယျာ့အပြောအား ခန့်ခန့်အပါအဝင် အားလုံးကဂရုတစိုက် နားထောင်ကြပါသည်။ ရင်အုပ်ကျယ်ကျယ်နှင့် ဟိန်းဇေယျာမှာ အသံခပ်ရှရှနှင့် ဩဇာလွှမ်းနိုင်သော အသံအနေအထားရှိသည်။ စကားကိုအလောတကြီး မပြောတတ်ဘဲ ချက်နှင့်လက်နှင့်ပြောတတ်သူပေ။ အသက်အရွယ်ထက် အတွေ့အကြုံကရသော စကားပြောပညာရပ်တွေပင် ဖြစ််မည်ထင်၏။
"အပေါ်ထပ်က decoration လှလှနဲ့ စာအုပ်ဆိုင်၊ အောက်ထပ်ကတော့ Coffee shop ပေါ့။ အေးအေးဆေးဆေး စာဖတ်ချင်တဲ့သူတွေ၊ အလုပ်လုပ်ချင်တဲ့သူတွေ၊ စကားပြောချင်တဲ့သူတွေ အဆင်ပြေအောင် စိတ်ကူးထားတာ"
"ကိုဇေယျာစိတ်ကူးလေးက ကောင်းလိုက်တာ၊ ခုတောင်သွားကြည့်ချင်လာပြီ .. နော် မေသက်"
"အင်း ဟုတ်ပ။ စိတ်ဝင်စားစရာပဲ"
သူတို့စကားဝိုင်းတွင် မိန်းကလေးနှစ်ယောက်က အတက်ကြွဆုံးဖြစ်မည်ထင်သည်။
"ဒါရွေးမယ်သေချာရင်တော့ ကျွန်တော်တို့ Budget အကြမ်းလောက် ကြိုတွက်လို့ရတာပေါ့"
ထိုအချိန်တွင် မှာထားသည်များ တန်းစီရောက်ချလာသည်။ တစ်ယောက်တစ်ခွက်ယူကြပြီး ချောကလက်ကိတ်လေးနှစ်ခုက အလယ်နားတွင် ဗဟိုပြုလျက်။ ဘေးကချာတိတ်ကတော့ Cappuccino ခွက်ကို အရင်ဆုံးကောက်ကိုင်လိုက်သူဖြစ်သည်။ အစားအသောက်တွင် အတက်ကြွဆုံးကိုတော့ အငယ်ဆုံးဖြစ်သည့်ချာတိတ်အား ဇေယျာ့စိတ်ထဲတွင် နေရာပေးလိုက်လေ၏။
"ဟုတ်တယ်ဗျ။ ကိုဇေယျာပြောသလို Budget အရင်အကြမ်းချ၊ ပြီးမှ နှစ်အလိုက် Estimated Profit Return သတ်မှတ်ပြီး ဘယ်လိုအမြတ်များများကျန်အောင်လုပ်မလဲ စဉ်းစားကြတာပေါ့"
ကိုမိုးထက်ကလည်း သူ့အကြံကို ထောက်ခံပါသည်။
"ဟုတ်တယ်။ ဆိုင်အတွက်လည်း ပေးရမဲ့ဝန်ဆောင်မှုတွေ၊ ဘယ်လိုတွေရောင်းရမယ်ဆိုတာတွေ ကူစဉ်းစားပေးကြမယ်လေ။ Profit return တွက်ဖို့အတွက်တော့ စိတ်မပူကြနဲ့၊ မေသက်တို့ နှစ်ယောက်လုံး DA (Diploma in Accounting) ရထားပြီးသား။ ယုံလို့ရတယ် ဟဲ"
"ဟုတ်ပြီလေ .. ဒီလောက်ဆို အကြမ်းထည်တော့ မဆိုးလှပါဘူး"
ဇေယျာပြောပြီး ကော်ဖီခွက်ကိုကိုင်တော့ ကျန်သုံးယောက်လည်း ကိုယ်စီသောက်ဖို့ပြင်ကြ၏။ ပြီးမှသာ တောင်ကြည့်၊ မြောက်ကြည့်လုပ်နေသောခန့်ခန့်က လက်ကလေးတစ်ဖက် အနည်းငယ်မြှောက်ပြလေသည်။
"ဟို .. ကျွန်တော် အဲ့ဒါတွေသိပ်နားမလည်လို့ Presentation အတွက် PowerPoint ပဲ ပြင်ပေးပါရစေနော်"
ရုတ်တရက် လက်ထထောင်တော့ တစ်ခုခုများထပ်မှာမလို့လား တွေးမိသည်၊ သူလည်းတတ်နိုင်တာ ကူချင်သတဲ့လေ။ ကွန်ပျူတာကျောင်းသား မာနခဲကြီးကို သူ အားကိုးရကောင်းရဲ့။
ပြောကောင်းကောင်းနဲ့ တစ်နာရီလောက်အကြာတွင်တော့ သူတို့ဆွေးနွေးပွဲလေး ပြီးသွားသည်။ သေချာချမလုပ်ရသေးသည့်တိုင် အကြမ်းထည်ရုပ်လုံးပေါ်သွား၍ ကုန်လွန်သွားသောတစ်နာရီက သူတို့အသီးသီးအတွက် အကျိုးရှိတာပင်။
"ကဲ အဲ့ဒါဆို အသေးစိတ်စလုပ်ဖို့တော့ စနေ၊ တနင်္ဂနွေ အတန်းပြီးမှပဲ ကိုယ့်အိမ်မှာဆုံကြမယ်နော်"
"ဟုတ် ကိုဇေယျာ အဲ့ဒါဆိုသွားပြီနော်။ ခန့်ခန့်လေး ဘယ်လိုပြန်မှာလဲ၊ မမတို့နဲ့လိုက်ပြန်မလား"
"ကိုယ်ခေါ်သွားမှာ"
ချာတိတ်မဖြေခင် ဇေယျာဦးအောင်ဖြေလိုက်တာမို့ ကောင်မလေးနှစ်ယောက်မှာ မျက်လုံးအဝိုင်းသား။ သူတို့စိတ်ထဲ အချင်းချင်းအဆင်မပြေကြတာကို ရိပ်မိဟန်ရှိသည်။ သိို့သော် အပြုံးအရယ်နှင့်ပဲ၊
"ဪ ဟုတ်ပြီ။ ဒါဆိုကိုဇေယျာ ခန့်ခန့်လေးကို ဂရုစိုက်လိုက်ဦးနော်။ တော်ကြာ အဖွဲ့ရဲ့အငယ်ဆုံး မောင်အချောလေးကို ကောင်မလေးတွေ ဝိုင်းဆွဲကြမှာစိုးလို့"
"အာ"
"ကလေး ရှက်နေပြီဟေး"
ကောင်မလေးနှစ်ယောက် ဝိုင်းစတော့ ချာတိတ်ကကားဆီ အရင်ပြေးနှင့်လေပြီ။ သည်တွင် ပိုက်ဆံရှင်းကျန်ခဲ့သောဇေယျာမှာ စောင့်ပါဦးပြောရမလို၊ နေဦးလေပြောရမလိုနှင့်။ ပထမဆုံးနေ့ကလို နမော်နမဲ့နိုင်ပုံမျိုးနှင့်ဆို သည်ကောင်လေး မှောက်လျက်လဲရချည်ရဲ့။
ငွေရှင်းပြီးထွက်ခဲ့တော့ ကားဘေးတွင်ထိုင်ကာ ဖုန်းသုံးနေပုံက ကုတ်ကုတ်ကလေး။ ဇေယျာကလည်း ညီမဖြစ်သူနှင့် မိခင်အတွက် ချောကလက်ကိတ်ကလေးဝယ်နေသေးတော့ အနည််းငယ်ကြာသွားရလေ၏။
"ဟေး ချာတိတ်"
ခေါ်သံကြားမှ မတ်တပ်လေးရပ်ကာ ခပ်တည်တည်မော့ကြည့်လာသည်။ သည်ကလေးသေးကွေးတယ်ဆိုတာ တော်ရုံမဟုတ်။ အတန်းထဲတွင် အတူထိုင်နေလျှင်မသိသာပေမဲ့ ခုလိုမျက်နှာချင်းဆိုင်ရပ်ချိန်ဆို သူ့မျက်နှာလေးက ကိုယ့်ပုခုံးစွန်းမှာသာ ရှိနေသည်။
"ထိုင်စောင့်နေပုံကလည်း မေသက်တို့ပြောသလို ကောင်မလေးတွေ ဆွဲသွားမှဖြင့်..."
"ဆွဲသွားမှဖြင့် ဘာဖြစ်လဲ၊ ဆက်ပြောလေ"
မကြည်သည့်အကြည့်တစ်ချက်က ဇေယျာ့ဆီသို့ ဒိုင်းခနဲ။ ဂျစ်တစ်တစ်ဖြင့် ပြန်ပြောနေသောထိုကလေးအား ဇေယျာ ပိုစချင်စိတ်ပင်ပေါက်သွား၏။
"ဪ ကောင်မလေးတွေ ဆွဲသွားရင် အန်ကယ်ကို ဘယ်လိုမျက်နှာပြရမလဲ။ ယုံလို့ပဲ သူ့သားကိုအပ်ထားခဲ့တဲ့ဟာ"
"ဆွဲစရာလား၊ ယောကျ်ားလေးဗျ"
ပြောလည်းပြော ဇေယျာ အသင့်ဖွင့်ပေးသည့်တံခါးမှတဆင့် ကားပေါ်တက်ရန်လည်း ပြင်နေ၏။ သည်တွင် ဇေယျာမထင်မှတ်ဘဲ မထိတထိစလိုက်မိပုံက၊
"ယောကျ်ားလေးပေမဲ့ ချစ်စရာကောင်းနေတာကိုး၊ မမကြီးတွေ ဆွဲလည်းဆွဲချင်စရာပေါ့"
ပြောလို့မှမဆုံး နဂါးမျက်စောင်းကဲ့သို့ ပြာကျနိုင်သည့်အကြည့်တချို့ကို ပူပူနွေးနွေး လက်ခံရရှိလိုက်လေ၏။ ဇေယျာမှာလည်း 'ချစ်စရာကောင်းနေတာကိုး' ဆိုသည့်စကားကို ဘယ်လိုပင်ထွက်သွားလိုက်မှန်းမသိ။ ပြောပြီးသွားမှ ပြန်ပြင်၍လည်းမရတော့။ ဘယ်လိုဆိုဆို ဒီနေ့တော့ သူ့နာမည်မခေါ်ချင်သည့်ချာတိတ်ကို အနိုင်ပိုင်းစရတာ အရသာရှိလိုက်လေခြင်းဟု စိတ်ကျေနပ်မိနေသည်။
အစကတော့ ကျောင်းနောက်ကျသည်ကစ၊ နမော်နမဲ့နိုင်တာအဆုံး သူ တစ်ခုမှမကြိုက်တာမို့ ကြည့်မရတာအမှန်ပါပဲ။ ဒါပေသိ ဒီနေ့ အန်ကယ်သားမှန်း သိလိုက်တာရော၊ ထဲထဲဝင်ဝင် စကားပြောကြည့်မိပါမှ ချာတိတ်၏စိတ်ကို သိလာသလိုလို။ လိမ္မာပါတယ်ဆိုသည့် မာနခဲကို အကဲစမ်းချင်လာသလိုလို။ မဟုတ်မခံချင်စိတ်နှင့် ချက်ကျကျပြန်ပြောတတ်ပုံက သူ့အတွက်တော့ ရယ်စရာကောင်းနေသေးသည်။
လုပ်ငန်းအသိုင်းအဝိုင်းက လူကြီးတွေနှင့်သာ အသားကျနေတတ်သော ဇေယျာမှာ သည်လိုပေါ့ပေါ့ပါးပါး ရယ်မောပြောဆိုနိုင်တာမျိုး ရှားလွန်းသည်မလား။ အပေါ်ယံလောကတွင် အပေါ်ယံမျက်နှာဖုံးစွပ်ထားရသလို အပြုံးတုတွေဆင်မြန်းရသည်မှာလည်း သူငြီးငွေ့လှသည်။ ဟိုရောက်သည်ရောက်အတွေးတွေက ငြိမ်ဝပ်သောကားစက်နှိုးသံကြောင့် ပျက်ပြယ်သွားလေ၏။
သည်နေ့တော့ ကောင်လေးသူ့ကားပေါ်ပါလာပေမဲ့ ကောင်းကင်တွင် မိုးသားတိမ်တိုက်တွေ ကင်းစင်နေသည်။
(10/9/2020)
•••••••••••••••••••••••••••••••••••••••••••
<Zawgyi>
"တက္ေလ"
အေဖျဖစ္သူကထားသြား၍ ခ်ာတိတ္မွာ စိတ္ၾကည္ေနပုံမရ။ ကားေပၚထိုင္တက္လာတာေတာင္ ႐ုပ္ကခပ္ေခ်ေခ်ကေလးျဖစ္သည္။ ေဇယ်ာ ႏွုတ္ခမ္းစြန္းေလး အေပၚတက္႐ုံမၽွ ျပဳံးမိပါ၏။ လူတစ္ေယာက္၏ကားေပၚတက္ဖို႔ သည္ေလာက္ခက္ခဲသည္လား။ အင္း ... ကိုယ့္ကိုဆူထားသည့္လူ၏ကားဆိုရင္ေတာ့ မာနခဲတို႔အတြက္ ခက္ခဲမယ္ထင္ပါ၏။
ေဇယ်ာ ကားတံခါးအသာပိတ္ေပးလို႔ တစ္ဖက္စီေလၽွာက္လွမ္းရသည္။ ဟက္ ... သူကလည္းသူပင္။ သည္ခ်ာတိတ္ကို အျမင္ကလည္းမၾကည္၊ အတန္းထဲလည္း စာလိုက္မၾကည့္ဆိုေတာ့ အျပဳံးအရယ္ကို သိပ္မလုပ္ခဲ့။ သူ႔ကားေပၚမတက္ခ်င္တာေတာ့ သိပ္မဆန္းေပ။
သည္လိုႏွင့္ ေဇယ်ာဝင္ထိုင္ေတာ့ ေကာင္ေလးက ခါးပတ္,ပတ္ၿပီးေနေလၿပီ။ သူလည္း ကားကိုညင္သာစြာ ေမာင္းထြက္ခဲ့၏။ Cafeteria က ေရွ႕နားဆိုေသာ္လည္း ပြိဳင့္ရွိေနေသး၍ ကားခဏပိတ္ေနေသးသည္။ ေစာင့္ေနရသည့္တူတူမို႔ ေဇယ်ာကပင္ စိမ္းသက္သက္ျဖစ္ေနသည့္ သူတို႔ႏွစ္ဦးၾကား ေလျပည္စကားေလးႏွင့္ ခင္မင္ရင္းႏွီးေရးတံတားေလးခင္းဖို႔ ႀကံလိုက္ရ၏။
"ဒါနဲ႔ အရင္တစ္ပတ္က ေနမေကာင္းလို႔ အတန္းမတက္နိုင္တာဆို"
"အင္း"
"အဲေန႔က ကိုယ္ေခၚတုန္းကသာ မင္းလိုက္ခဲ့မယ္ဆို ဖ်ားစရာအေၾကာင္းလည္း မရွိသလို၊ ေဆး႐ုံထိလည္း ေရာက္စရာမလိုနိုင္ဘူး"
ေဇယ်ာ ပြင့္ပြင့္လင္းလင္းေျပာလိုက္တာေပမဲ့ ေကာင္ေလးက ဘယ္လိုအဓိပၸါယ္ေပါက္ျပန္ၿပီမသိ။ သူ႔ကိုလွည့္ၾကည့္လာလိုက္တာ စူးစူးစိုက္စိုက္။ ရင္းႏွီးေအာင္ေျပာကာမွ ပိုဆိုးျပန္ရၿပီထင္သည္။ ကေလးေတြစိတ္ကလည္း လူႀကီးခ်င္းေျပာသလို ခ်က္နဲ႔လက္နဲ႔ေျပာမရေလဘူးလားမသိ။
"ကၽြန္ေတာ့္ဘာသာ ဘယ္လိုသြားသြားေပါ့၊ အဲ့လူႀကီးနဲ႔ ဘာဆိုင္လို႔လဲ"
ေခၚျပန္ပါၿပီ အဲ့လူႀကီး။ ေထာင္းခနဲတိုလာသည့္စိတ္က ေဇယ်ာ၏လက္က်န္မၾကည္စိတ္ကေလးကို ပိုမိုထႂကြလာေစျပန္၏။ အခုပဲ အန္ကယ္သားမို႔ အေကာင္းျမင္ေနသည့္ၾကားကမွ နာမည္အရင္းကို သိသိလ်က္ႏွင့္မေခၚတာကို တစ္မ်ိဳးအျမင္မၾကည္ရျပန္သည္။ သိုေသာ္ ေျပာလက္စေတာ့ ထပ္ေျပာရဦးမည္။
"ကိုယ္နဲ႔မဆိုင္ေပမဲ့ မင္းသာတလြဲမာနမထားရင္ မျဖစ္သင့္တာ မျဖစ္လာဘူးဆိုတာ ေျပာျပတာကြ ခ်ာတိတ္ရ"
"ဘာခ်ာတိတ္လဲ။ မေခၚနဲ႔ဗ်ာ ... မႀကိဳက္ဘူး။ ကၽြန္ေတာ့္နာမည္ စိုင္းမင္းခန့္၊ ေခၚခ်င္နာမည္ေခၚ"
ေဇယ်ာမေလၽွာ့သည္ထက္ပိုကာ ခန့္ခန့္ကလည္း တစ္ျပားမွမေလၽွာ့၊ ခပ္ေခ်ေခ် ေျပာျပန္သည္။ သူလည္း ကားေပၚေနရင္းထိုင္ရင္း ကေလးတစ္ေယာက္ႏွင့္ အၿပိဳင္ျငင္းဖို႔၊ အသာစီးရဖို႔အေရး စကားလုံးေတြလည္း ေရြးခ်ယ္ရျပန္ပါေပါ့။
"မင္းက ကိုယ့္ကိုေတာ့ ဟိုလူႀကီး၊ ဒီလူႀကီးနဲ႔ေခၚခ်င္ရာေခၚၿပီး ကိုယ့္အလွည့္က် မႏြဲ႕စတမ္းေလ"
"ဟင္း"
ႏွာေခါင္းေလးရွုံ႔သြားသည့္ ထိုခ်ာတိတ္မွာ မိန္းကေလးေတြထက္ ခ်စ္စရာေကာင္းေနတာေတာ့ ေဇယ်ာ ဝန္ခံရပါလိမ့္မည္။ သူ႔ပုံစံက ခပ္ငယ္ငယ္ကေလးတစ္ေယာက္ ဂ်စ္ေနသည့္အတိုင္း စေကာင္းသလို၊ ႐ုပ္ရည္အရလည္း ၾကည့္ေကာင္းေနျပန္သည္။ အန္ကယ္ဦးမင္းဟန္က လူေခ်ာေလးေမြးထားတာပဲဟု စိတ္ထဲခ်ီးက်ဴးမိလိုက္ေသး၏။
သည္လိုႏွင့္ သူတို႔ႏွစ္ဦးသား Cafeteria ေရာက္သြားသည္။ က်န္အဖြဲ႕ဝင္သုံးေယာက္မွာ ေရာက္ႏွင့္ေနၿပီးျဖစ္၏။
"ေရာက္ေနၾကၿပီလား"
"ခုပဲေရာက္တာ ကိုေဇယ်ာ"
ေမသက္ကႀကိဳဆိုရင္း ထိုင္ခုံေနရာျပေလ၏။ ဆိုင္ကလူရွုပ္ေနေသာ္လည္း ငါးေယာက္သားအတြက္ေတာ့ က်ယ္က်ယ္လြင့္လြင့္။
"ခန့္ခန့္နဲ႔ ကိုေဇယ်ာ ဘာမွာမလဲ"
"ကၽြန္ေတာ္က Cappuccino တစ္ခြက္ပဲ မမေမသက္"
"ကိုယ္လည္း အဲဒါပဲ"
Menu စာရြက္ႀကီးမကိုင္ခ်င္ေတာ့တာမို႔ ခပ္လြယ္လြယ္ပဲ ခ်ာတိတ္မွာတာကိုပဲ သံေယာင္လိုက္မွာတာျဖစ္၏။ ဒါကို ဘုၾကည့္လွည့္ၾကည့္လာသည့္ ထိုခ်ာတိတ္။ သူမ်က္ခုံးပင့္ျပေတာ့ မျပဳံးမရယ္ႏွင့္ တစ္ဖက္ျပန္လွည့္သြားသည္။
"ကဲ ဒီကညီမတို႔ ဘာလုပ္ရင္ေကာင္းမလဲ ေတြးထားၾကတာလားရွိလား"
ေဇယ်ာကပင္ စကားဝိုင္းကို စလိုက္ပါသည္။ အားလုံးထဲတြင္ သူကလည္း အႀကီးဆုံးျဖစ္တာမို႔ ဦးစီးဦးေဆာင္ လုပ္သင့္လုပ္ရမည္။
"ညီမတို႔လည္း စဥ္းစားေနတုန္းရွိေသးတယ္။ အျပင္အလုပ္လည္း သိပ္မလုပ္ဖူးေတာ့ မေတြးတတ္ဘူးျဖစ္ေနတာ"
"ကိုမိုးထက္ေရာ ဘာေတြးမိေသးလဲဗ်"
"ကၽြန္ေတာ္လည္း ဘာideaမွ ထြက္မလာေသးဘူး။ ကိုေဇယ်ာ စဥ္းစားထားတာမ်ား ရွိလား"
ေဇယ်ာ့ကိုပဲ ျပန္ဦးတည္လာတာမို႔ ေတြးလက္စေလးပဲ ဆက္အေကာင္အထည္ေဖာ္မည္ စိတ္ကူးလိုက္သည္။ ခ်ာတိတ္ကိုေတာ့ အထူးအေထြေမးမေနျဖစ္ေတာ့။ ကားေပၚကတည္းကေမးေတာ့ သူဘာမွမသိပါဘူးတဲ့ေလ။ ခပ္ေပါ့ေပါ့ေျဖလာေသာ္လည္း သည္ကေလး ငယ္ေသးတာပါပဲေလဟုသာ ျဖည့္ေတြးေပးျဖစ္ေတာ့သည္။
"ကၽြန္ေတာ္စဥ္းစားထားတယ္ဆိုတာထက္ သူငယ္ခ်င္းတစ္ေယာက္ဖြင့္ဖို႔ ျပင္ေနတဲ့ဆိုင္ေလးတစ္ဆိုင္ေတာ့ ရွိတယ္။ သူ႔ကိုကူေပးေနတာေပါ့ဗ်ာ၊ Coffee shop နဲ႔တြဲလ်က္ စာအုပ္ဆိုင္ေလး"
ေဇယ်ာ့အေျပာအား ခန့္ခန့္အပါအဝင္ အားလုံးကဂ႐ုတစိုက္ နားေထာင္ၾကပါသည္။ ရင္အုပ္က်ယ္က်ယ္ႏွင့္ ဟိန္းေဇယ်ာမွာ အသံခပ္ရွရွႏွင့္ ဩဇာလႊမ္းနိုင္ေသာ အသံအေနအထားရွိသည္။ စကားကိုအေလာတႀကီး မေျပာတတ္ဘဲ ခ်က္ႏွင့္လက္ႏွင့္ေျပာတတ္သူေပ။ အသက္အရြယ္ထက္ အေတြ႕အၾကဳံကရေသာ စကားေျပာပညာရပ္ေတြပင္ ျဖစ္္မည္ထင္၏။
"အေပၚထပ္က decoration လွလွနဲ႔ စာအုပ္ဆိုင္၊ ေအာက္ထပ္ကေတာ့ Coffee shop ေပါ့။ ေအးေအးေဆးေဆး စာဖတ္ခ်င္တဲ့သူေတြ၊ အလုပ္လုပ္ခ်င္တဲ့သူေတြ၊ စကားေျပာခ်င္တဲ့သူေတြ အဆင္ေျပေအာင္ စိတ္ကူးထားတာ"
"ကိုေဇယ်ာစိတ္ကူးေလးက ေကာင္းလိုက္တာ၊ ခုေတာင္သြားၾကည့္ခ်င္လာၿပီ .. ေနာ္ ေမသက္"
"အင္း ဟုတ္ပ။ စိတ္ဝင္စားစရာပဲ"
သူတို႔စကားဝိုင္းတြင္ မိန္းကေလးႏွစ္ေယာက္က အတက္ႂကြဆုံးျဖစ္မည္ထင္သည္။
"ဒါေရြးမယ္ေသခ်ာရင္ေတာ့ ကၽြန္ေတာ္တို႔ Budget အၾကမ္းေလာက္ ႀကိဳတြက္လို႔ရတာေပါ့"
ထိုအခ်ိန္တြင္ မွာထားသည္မ်ား တန္းစီေရာက္ခ်လာသည္။ တစ္ေယာက္တစ္ခြက္ယူၾကၿပီး ေခ်ာကလက္ကိတ္ေလးႏွစ္ခုက အလယ္နားတြင္ ဗဟိုျပဳလ်က္။ ေဘးကခ်ာတိတ္ကေတာ့ Cappuccino ခြက္ကို အရင္ဆုံးေကာက္ကိုင္လိုက္သူျဖစ္သည္။ အစားအေသာက္တြင္ အတက္ႂကြဆုံးကိုေတာ့ အငယ္ဆုံးျဖစ္သည့္ခ်ာတိတ္အား ေဇယ်ာ့စိတ္ထဲတြင္ ေနရာေပးလိုက္ေလ၏။
"ဟုတ္တယ္ဗ်။ ကိုေဇယ်ာေျပာသလို Budget အရင္အၾကမ္းခ်၊ ၿပီးမွ ႏွစ္အလိုက္ Estimated Profit Return သတ္မွတ္ၿပီး ဘယ္လိုအျမတ္မ်ားမ်ားက်န္ေအာင္လုပ္မလဲ စဥ္းစားၾကတာေပါ့"
ကိုမိုးထက္ကလည္း သူ႔အႀကံကို ေထာက္ခံပါသည္။
"ဟုတ္တယ္။ ဆိုင္အတြက္လည္း ေပးရမဲ့ဝန္ေဆာင္မွုေတြ၊ ဘယ္လိုေတြေရာင္းရမယ္ဆိုတာေတြ ကူစဥ္းစားေပးၾကမယ္ေလ။ Profit return တြက္ဖို႔အတြက္ေတာ့ စိတ္မပူၾကနဲ႔၊ ေမသက္တို႔ ႏွစ္ေယာက္လုံး DA (Diploma in Accounting) ရထားၿပီးသား။ ယုံလို႔ရတယ္ ဟဲ"
"ဟုတ္ၿပီေလ .. ဒီေလာက္ဆို အၾကမ္းထည္ေတာ့ မဆိုးလွပါဘူး"
ေဇယ်ာေျပာၿပီး ေကာ္ဖီခြက္ကိုကိုင္ေတာ့ က်န္သုံးေယာက္လည္း ကိုယ္စီေသာက္ဖို႔ျပင္ၾက၏။ ၿပီးမွသာ ေတာင္ၾကည့္၊ ေျမာက္ၾကည့္လုပ္ေနေသာခန့္ခန့္က လက္ကေလးတစ္ဖက္ အနည္းငယ္ေျမႇာက္ျပေလသည္။
"ဟို .. ကၽြန္ေတာ္ အဲ့ဒါေတြသိပ္နားမလည္လို႔ Presentation အတြက္ PowerPoint ပဲ ျပင္ေပးပါရေစေနာ္"
႐ုတ္တရက္ လက္ထေထာင္ေတာ့ တစ္ခုခုမ်ားထပ္မွာမလို႔လား ေတြးမိသည္၊ သူလည္းတတ္နိုင္တာ ကူခ်င္သတဲ့ေလ။ ကြန္ပ်ဴတာေက်ာင္းသား မာနခဲႀကီးကို သူ အားကိုးရေကာင္းရဲ့။
ေျပာေကာင္းေကာင္းနဲ႔ တစ္နာရီေလာက္အၾကာတြင္ေတာ့ သူတို႔ေဆြးေႏြးပြဲေလး ၿပီးသြားသည္။ ေသခ်ာခ်မလုပ္ရေသးသည့္တိုင္ အၾကမ္းထည္႐ုပ္လုံးေပၚသြား၍ ကုန္လြန္သြားေသာတစ္နာရီက သူတို႔အသီးသီးအတြက္ အက်ိဳးရွိတာပင္။
"ကဲ အဲ့ဒါဆို အေသးစိတ္စလုပ္ဖို႔ေတာ့ စေန၊ တနဂၤေႏြ အတန္းၿပီးမွပဲ ကိုယ့္အိမ္မွာဆုံၾကမယ္ေနာ္"
"ဟုတ္ ကိုေဇယ်ာ အဲ့ဒါဆိုသြားၿပီေနာ္။ ခန့္ခန့္ေလး ဘယ္လိုျပန္မွာလဲ၊ မမတို႔နဲ႔လိုက္ျပန္မလား"
"ကိုယ္ေခၚသြားမွာ"
ခ်ာတိတ္မေျဖခင္ ေဇယ်ာဦးေအာင္ေျဖလိုက္တာမို႔ ေကာင္မေလးႏွစ္ေယာက္မွာ မ်က္လုံးအဝိုင္းသား။ သူတို႔စိတ္ထဲ အခ်င္းခ်င္းအဆင္မေျပၾကတာကို ရိပ္မိဟန္ရွိသည္။ သိို႔ေသာ္ အျပဳံးအရယ္ႏွင့္ပဲ၊
"ဪ ဟုတ္ၿပီ။ ဒါဆိုကိုေဇယ်ာ ခန႔္ခန႔္ေလးကို ဂ႐ုစိုက္လိုက္ဦးေနာ္။ ေတာ္ၾကာ အဖြဲ႕ရဲ့အငယ္ဆုံး ေမာင္အေခ်ာေလးကို ေကာင္မေလးေတြ ဝိုင္းဆြဲၾကမွာစိုးလို႔"
"အာ"
"ကေလး ရွက္ေနၿပီေဟး"
ေကာင္မေလးႏွစ္ေယာက္ ဝိုင္းစေတာ့ ခ်ာတိတ္ကကားဆီ အရင္ေျပးႏွင့္ေလၿပီ။ သည္တြင္ ပိုက္ဆံရွင္းက်န္ခဲ့ေသာေဇယ်ာမွာ ေစာင့္ပါဦးေျပာရမလို၊ ေနဦးေလေျပာရမလိုႏွင့္။ ပထမဆုံးေန႔ကလို နေမာ္နမဲ့နိုင္ပုံမ်ိဳးႏွင့္ဆို သည္ေကာင္ေလး ေမွာက္လ်က္လဲရခ်ည္ရဲ့။
ေငြရွင္းၿပီးထြက္ခဲ့ေတာ့ ကားေဘးတြင္ထိုင္ကာ ဖုန္းသုံးေနပုံက ကုတ္ကုတ္ကေလး။ ေဇယ်ာကလည္း ညီမျဖစ္သူႏွင့္ မိခင္အတြက္ ေခ်ာကလက္ကိတ္ကေလးဝယ္ေနေသးေတာ့ အနည္္းငယ္ၾကာသြားရေလ၏။
"ေဟး ခ်ာတိတ္"
ေခၚသံၾကားမွ မတ္တပ္ေလးရပ္ကာ ခပ္တည္တည္ေမာ့ၾကည့္လာသည္။ သည္ကေလးေသးေကြးတယ္ဆိုတာ ေတာ္႐ုံမဟုတ္။ အတန္းထဲတြင္ အတူထိုင္ေနလၽွင္မသိသာေပမဲ့ ခုလိုမ်က္ႏွာခ်င္းဆိုင္ရပ္ခ်ိန္ဆို သူ႔မ်က္ႏွာေလးက ကိုယ့္ပုခုံးစြန္းမွာသာ ရွိေနသည္။
"ထိုင္ေစာင့္ေနပုံကလည္း ေမသက္တို႔ေျပာသလို ေကာင္မေလးေတြ ဆြဲသြားမွျဖင့္..."
"ဆြဲသြားမွျဖင့္ ဘာျဖစ္လဲ၊ ဆက္ေျပာေလ"
မၾကည္သည့္အၾကည့္တစ္ခ်က္က ေဇယ်ာ့ဆီသို႔ ဒိုင္းခနဲ။ ဂ်စ္တစ္တစ္ျဖင့္ ျပန္ေျပာေနေသာထိုကေလးအား ေဇယ်ာ ပိုစခ်င္စိတ္ပင္ေပါက္သြား၏။
"ဪ ေကာင္မေလးေတြ ဆြဲသြားရင္ အန္ကယ္ကို ဘယ္လိုမ်က္ႏွာျပရမလဲ။ ယုံလို႔ပဲ သူ႔သားကိုအပ္ထားခဲ့တဲ့ဟာ"
"ဆြဲစရာလား၊ ေယာက်္ားေလးဗ်"
ေျပာလည္းေျပာ ေဇယ်ာ အသင့္ဖြင့္ေပးသည့္တံခါးမွတဆင့္ ကားေပၚတက္ရန္လည္း ျပင္ေန၏။ သည္တြင္ ေဇယ်ာမထင္မွတ္ဘဲ မထိတထိစလိုက္မိပုံက၊
"ေယာက်္ားေလးေပမဲ့ ခ်စ္စရာေကာင္းေနတာကိုး၊ မမႀကီးေတြ ဆြဲလည္းဆြဲခ်င္စရာေပါ့"
ေျပာလို႔မွမဆုံး နဂါးမ်က္ေစာင္းကဲ့သို႔ ျပာက်နိုင္သည့္အၾကည့္တခ်ိဳ႕ကို ပူပူေႏြးေႏြး လက္ခံရရွိလိုက္ေလ၏။ ေဇယ်ာမွာလည္း 'ခ်စ္စရာေကာင္းေနတာကိုး' ဆိုသည့္စကားကို ဘယ္လိုပင္ထြက္သြားလိုက္မွန္းမသိ။ ေျပာၿပီးသြားမွ ျပန္ျပင္၍လည္းမရေတာ့။ ဘယ္လိုဆိုဆို ဒီေန႔ေတာ့ သူ႔နာမည္မေခၚခ်င္သည့္ခ်ာတိတ္ကို အနိုင္ပိုင္းစရတာ အရသာရွိလိုက္ေလျခင္းဟု စိတ္ေက်နပ္မိေနသည္။
အစကေတာ့ ေက်ာင္းေနာက္က်သည္ကစ၊ နေမာ္နမဲ့နိုင္တာအဆုံး သူ တစ္ခုမွမႀကိဳက္တာမို႔ ၾကည့္မရတာအမွန္ပါပဲ။ ဒါေပသိ ဒီေန႔ အန္ကယ္သားမွန္း သိလိုက္တာေရာ၊ ထဲထဲဝင္ဝင္ စကားေျပာၾကည့္မိပါမွ ခ်ာတိတ္၏စိတ္ကို သိလာသလိုလို။ လိမၼာပါတယ္ဆိုသည့္ မာနခဲကို အကဲစမ္းခ်င္လာသလိုလို။ မဟုတ္မခံခ်င္စိတ္ႏွင့္ ခ်က္က်က်ျပန္ေျပာတတ္ပုံက သူ႔အတြက္ေတာ့ ရယ္စရာေကာင္းေနေသးသည္။
လုပ္ငန္းအသိုင္းအဝိုင္းက လူႀကီးေတြႏွင့္သာ အသားက်ေနတတ္ေသာ ေဇယ်ာမွာ သည္လိုေပါ့ေပါ့ပါးပါး ရယ္ေမာေျပာဆိုနိုင္တာမ်ိဳး ရွားလြန္းသည္မလား။ အေပၚယံေလာကတြင္ အေပၚယံမ်က္ႏွာဖုံးစြပ္ထားရသလို အျပဳံးတုေတြဆင္ျမန္းရသည္မွာလည္း သူၿငီးေငြ႕လွသည္။ ဟိုေရာက္သည္ေရာက္အေတြးေတြက ၿငိမ္ဝပ္ေသာကားစက္ႏွိုးသံေၾကာင့္ ပ်က္ျပယ္သြားေလ၏။
သည္ေန႔ေတာ့ ေကာင္ေလးသူ႔ကားေပၚပါလာေပမဲ့ ေကာင္းကင္တြင္ မိုးသားတိမ္တိုက္ေတြ ကင္းစင္ေနသည္။
(10/9/2020)
•••••••••••••••••••••••••••••••••••••••••••
Bạn đang đọc truyện trên: Truyen3h.Co