Part-7
<Unicode>
"ဟိုရှေ့ဆိုရောက်ပြီ"
Cafeteria ကထွက်အပြီး မိနစ်နှစ်ဆယ်နီးပါးအကြာတွင် ချာတိတ်တို့လမ်းထဲ ရောက်လာခဲ့သည်။ ဇေယျာ့အိမ်ပြန်သည့်လမ်းနှင့် တစ်ကြောတည်းဖြစ်တာမို့ ပို့ရတာသိပ်အပမ်းမကြီးလှပေ။ ရှေ့ဆယ်မိနစ်လောက်ဆက်လျှင် သူ့အိမ်ရောက်ပြီဖြစ်၏။
"ဒီအိမ်နော်"
ချာတိတ်ပြောသည့် အုတ်တံတိုင်းပန်းရောင်နှင့် ခြံဝင်းလေးရှေ့တွင် သူ ကားကိုဘေးကပ်ရပ်လိုက်သည်။ လမ်းကြားဖြစ်တာရော၊ နေ့လယ်ချိန်ဖြစ်တာရောကြောင့် လမ်းပေါ်လူရှင်းနေသည်ထင်ရ၏။ ခြံထဲသို့အခြေအနေတစ်ချက် မသိမသာလှမ်းအကဲခတ်တော့ ကောင်လေးက၊
'အိမ်ထဲဝင်ဦးလေ' တဲ့။
'မဝင်တော့ပါဘူး' ဟုပဲ ငြင်းရလေသည်။ နှစ်ယောက်လုံး အမြင်မကြည်ကြသေးတာ သူရောကိုယ်ရော သိကြသည်။ ဒါမို့ ခြံထဲလှမ်းကြည့်နေသည့်သူ့ကို ဝတ်ကျေတန်းကျေခေါ်တာမျိုး မဖြစ်စေချင်။ သည်ကလေးနေရကျပ်မည်ကို နားလည်ပေးလို့ရသည်။
"ဝင်ပါ၊ မဟုတ်ရင် မေမေက ကျွန်တော်တစ်ယောက်ထဲ ဘတ်စ်စီးပြီးပြန်လာတယ် ထင်နေဦးမှာ"
ဟော ... ကြည့်! သူခေါ်ချင်လို့မဟုတ်ဘဲ အမေမယုံမှာစိုးလို့ ခေါ်သည့်အဖြစ်ပါလေ။ အန်ကယ်ပြောသလို သည်မာနခဲက သူ့အားချည်ပြီးတုပ်ပြီးမှ အိမ်ထဲခေါ်နေသယောင်။ မလိုက်လို့သူဆူခံရလျှင်လည်း ဇေယျာ့အပြစ်ဖြစ်ရဦးမည်။ သူ့အတွက် ဘာမှတော့လည်းအပမ်းမကြီးတာမို့၊
"မင်းကလည်း အိမ်ကမယုံအောင် ဘယ်လောက်လုပ်ထားလဲမှမသိတာ"
"အဲ့လူကြီး!"
ခေါ်သူကလည်း ဆောင့်ကြီးအောင့်ကြီး။
လိုက်မည့်သူကလည်း ရှူံ့လို့မဲ့လို့နှင့်။
အသက်ကွာသည့် သူတို့နှစ်ယောက် ဒါတွေမတည့်ကြတာပင်။ တစ်ယောက်မှလည်း နာမည်အရင်းသိပါလျက်နှင့် မခေါ်ကြ။ တမင်ညစ်တာမဟုတ်ပေမဲ့ သူစခေါ်နိုး၊ ကိုယ်စခေါ်နိုးနှင့် တစ်မျိုးစီတော့ဂျစ်နေကြတာပင်။ ဇေယျာကိုယ်တိုင်ကလည်း သည်ကောင်လေးမှ အလျှော့မပေးချင်။ မခံချိမခံသာဖြစ်အောင်ပင် စနောက်ချင်သေး၏။
"ဆင်းပါ့မယ်၊ လူကိုဘုကြည့်,ကြည့်ပြီး ဟိုခေါ်ဒီခေါ်နဲ့"
ဇိုးဇိုးဇက်ဇက်ထထွက်သွားသော ကောင်လေးကြည့်ပြီး ဇေယျာလည်း ပုခုံးတွန့်မိသည်။ ပြီးမှသာ သူလည်းလိုက်ဆင်းဖြစ်ခဲ့၏။ အန်ကယ်ဦးမင်းဟန်တို့အိမ်လေးမှာ မြစိမ်းရောင်နှစ်ထပ်တိုက်ကလေးပင်။ ကောင်လေးနောက်မှတဆင့် ခြံတံခါးသို့ဖြတ်ဝင်လိုက်သော် အဝင်တွင် သစ်ပင်၊ ပန်းပင်တွေက စိမ်းစိမ်းစိုစိုနှင့် ကြိုဆိုနေသယောင်။ ရွက်လှ၊ နှင်းဆီနှင့် သူ အမျိုးအမည်မသိသော ပျိုးပင်ကလေးတွေက စုံလင်လှသည်။ သည်ထဲကမှ အပြာနုရောင်ဒန်းလေးက တသီးတသန့်။ ကလေးရှိသည့်အိမ်မို့ ထင်ပါရဲ့။ ရှေ့ကဝင်သွားသောချာတိတ်ကို လှမ်းကြည့်ရင်း တွေးလိုက်မိသောအတွေးဖြစ်သည်။
"လာလေ ဘာတွေငေးနေတာလဲ"
"အင်း"
"မေမေရေ၊ အဘွား .. သားပြန်ရောက်ပြီ"
သူ့အိမ်ရောက်တာနှင့် အသံကလေးတစာစာဖြစ်သွားတာ ခုနကပုံစံနှင့်မတူတော့။ ဆိုဖာခုံတွေနှင့် အလယ်တွင်မှန်စားပွဲလေးချထားသော ဧည့်ခန်းလေးတွင် သူလွယ်ထားသည့်လွယ်အိတ်ကို ပစ်ချခဲ့လိုက်တာများ ဘုန်းခနဲ။ ဧည့်သည်ကိုတောင် ထိုင်ပါဦးမပြောဘဲ အနောက်ကိုဆန့်ဆန့်လေး ဝင်သွားသည်။ သည်ကောင်လေး သူပါလာတာရော မှတ်မိသေးရဲ့လား။
"ဟဲ့ မြေး၊ နောက်ကျလှချည်လား"
"ဟုတ်တယ်၊ ဧည့်သည်လည်းပါလာတယ်"
မမြင်ရသောအနောက်ဆီမှ ထွက်လာသည့်အသံက ထိုချာတိတ်၏အဘွားဖြစ်လိမ့်မည်ပင်။
"ဪ ဟုတ်သားပဲ၊ မင်းဟန်ပြောသွားတယ်။ သမီးရေ ဧည့်သည်ပါပါလာတယ်တဲ့၊ တစ်ခုခုစီစဉ်ပါဦး"
အနောက်ဆီမှ ထိုအဘွားနှင့်ချာတိတ်တို့ ထွက်လာလေသည်။ ပါတိတ်ဝမ်းဆက်နှင့်အဘွားက သူ့ကိုမြင်မြင်ချင်းပြုံးပြနေတာ နှစ်လိုဖွယ်ပင်။
"သားရယ် ထိုင်ဦးလေ၊ မတ်တပ်ကြီးရပ်လို့ ... အားမနာနဲ့"
"ဟုတ်ပါရဲ့ ခန့်ခန့်တို့များ ဧည့်သည်ကိုအရင်မထိုင်ခိုင်းဘူး။ ဖေကြီးပြောထားတဲ့ Global Star က မောင်ဟိန်းဇေယျာဆိုတာ ဖြစ်မယ်ထင်တယ်"
ချာတိတ်၏မိခင်ကပါ အနောက်မှထွက်လာပြီး ဧည့်ခံတော့ ခပ်ပါးပါးဆူခံရသူမှာ အဘွားရင်ခွင်ထဲမှနေ၍ စူပုတ်ပုတ်။ သူ့ကိုလည်း မလိုတမာအကြည့်နှင့် လှမ်းကြည့်လိုက်သေးသည်။
"ဟုတ်တယ်ဗျ၊ အန်ကယ်က သူသွားစရာလေးရှိတယ်ဆိုလို့ ကျွန်တော်ပဲလိုက်ပို့မယ်ပြောလိုက်တာ"
"အင်းကွယ်၊ သားကိုအားနာစရာ။ ကဲ ... အိမ်အလည်ရောက်တော့လည်း တွေ့ဖူးဆုံဖူးသွားတာပေါ့ကွယ်။ ဖေကြီး တစ်ခါပြောဖူးတယ်၊ မောင်ဇေယျာက ငယ်ငယ်ရွယ်ရွယ်နဲ့ သူ့အဖေလုပ်ငန်းတွေ ဦးဆောင်ပေးနေတာတဲ့။ အန်တီက ခန့်ခန့်ကို အဲလိုဖြစ်စေချင်တာ၊ ခုနေသင်တန်းလေးတက်ထား၊ ကျောင်းပြီးတာနဲ့ သူ့အဖေဆီမှာ တစ်ခါတည်းတန်းဝင်စေချင်တာလေ။ ခုလိုအဘွားရင်ခွင်ထဲက မထွက်ပုံမျိုးနဲ့တော့မလွယ်ပါဘူး။ သင်တန်းသွားဖို့လည်း မနက်၊ မနက်ဆိုနှိုးနေရတုန်း"
အားမရဟန်ပြောလာသော အန်တီက အသားအရည်ဖြူဖြူဖွေးဖွေးနှင့် ကြည့်ကောင်းပါ၏။ စကားပြောညက်ညောသလို အသက်အရွယ်ရတာတောင် ခန္ဓာကိုယ်မှာ အချိုးကျပြေပြစ်နေဆဲ။ အရပ်လည်း ထောင်ထောင်မောင်းမောင်းပါပေ။ ဒါဆိုချာတိတ်က သူ့အမေနှင့်ရုပ်ဆင်လို့ ပိုကြည့်ကောင်းပြီး သေးညှပ်ညှပ်ဖြစ်နေရခြင်းက အန်ကယ်နဲ့တူလို့ပဲဖြစ်လိမ့်မည်။
"ခန့်ခန့်လည်း ကြိုးစားပါတယ်။ အတန်းထဲမှာ သူအငယ်ဆုံးဆိုတော့ ဆရာကစ သူ့ကိုခင်ရှာပါတယ်"
ထပ်ဆူခံနေရမည်စိုး၍ ပိိုပိုသာသာလေးပြောပေးရသော်လည်း သူ့ကိုမျက်ခုံးတွန့််ချိုးကာ ကြည့်နေသည့်ကောင်လေးက သဘောမကျသည့်နှယ်။
"ဟုတ်လား၊ သူက ကလေးလိုပဲနေတော့ တွေ့တဲ့သူတိုင်းကတော့ ချစ်ကြတယ်။ ကျောင်းစာဆိုရင်တော့ ကောင်းကောင်းလုပ်တယ်။ ဒီသင်တန်းကျ သူဝါသနာမပါတာဖြစ်နေတော့ အတော်တွန်းနေရတယ်။ နေဦး စကားကောင်းနေတာ၊ သားအတွက် အန်တီ စားစရာသွားယူဦးမယ် ... ခဏနော်"
"ရတယ်ဗျ အန်တီ၊ ကျွန်တော် ခုပဲပြန်တော့မလို့။ စားစရာတွေ တကူးတက မလုပ်ပါနဲ့တော့"
ဇေယျာ အတင်းကာရော တားနေသည့်ကြားက အန်တီကို အနောက်သို့ဝင်သွားလေပြီ။ ကျန်ခဲ့သည့်အဘွားကပါ သူ့ကိုအားမနာဖို့တွေ ထပ်ပြောနေတော့ ငြင်းမကုန်လေတော့။ ထိုင်လက်စနေရာတွင်သာ ဆက်နေရုံရှိတော့၏။ စကားပြောရင်း အိမ်အခြေအနေကို လေ့လာကြည့်တော့ မိသားစုဓာတ်ပုံထက် ချာတိတ်ပုံတွေသာ မြင်ရသည်။ အကွက်သဏ္ဌာန်ပုံဖော်ထားသော နံရံကပ်တင်စရာလေးတွေတွင် ဘောင်ခတ်ထည့်ထားသည့် ချာတိတ်ပုံတွေကအပြည့်။ ကြည့်ရတာ တစ်အိမ်လုံး၏အသည်းစွဲဖြစ်မည့်ပုံပင်။ တစ်ဦးတည်းသောသားဆိုတော့လည်း ဂျစ်ကန်ကန်မာနခဲလေးဖြစ်နေတာ သိပ်မထူးဆန်းပါချေ။
"သား ဖက်ထုပ်ပူပူလေးပေါင်းထားတာ သုံးဆောင်ပါဦး။ ခန့်ခန့်က ဖက်ထုပ်ပေါင်းကြိုက်လွန်းလို့ သူကျောင်းပိတ်ရက်ဆို ပေါင်းပေးရတာလေ။ သားရောကြိုက်ရဲ့လား"
"ဟုတ်ကဲ့ဗျ၊ ကျွန်တော်စားပါတယ်"
ချပေးလိုက်သော ဖက်ထုတ်ပေါင်းပန်းကန်ကြီးမှာ အမို့အမောက်။ စီစီရီရီထည့်ထားသော ဖက်ထုပ်ဖြူဖြူတို့မှာ အငွေ့တထောင်းထောင်းနှင့် စားချင်စဖွယ်အတိပင်။ ဇေယျာ သည်လိုထွေလီကာလီတွေ သိပ်မစားတတ်သော်ငြား အိမ်ရှင်ကျေနပ်အောင် တူတစ်ချောင်းယူကာ နှိုက်မည်အပြု၊
"မေမေ သားအတွက် ကျန်သေးရဲ့လား"
ဇေယျာ့လက်တန်ရှည်ကြီး ရပ်တန့်မိသွားသည်။ သူမေးသလို ကျန်ရဲ့လားမသိ။ ချာတိတ်ကအလိုလိုမှ မကြည်ဖြူသူဆိုတော့ စားရမည်မှာ အနည်းငယ်တော့ တွန့်သွားရချေ၏။
"ဟဲ့ ဧည့်သည်ရှေ့မှာ ဘယ်လိုတွေမေးနေတာလဲ။ မီးဖိုခန်းထဲမှာ အများကြီးကျန်သေးတယ်။ မောင်ဇေယျာကို အားနားစရာ၊ အဲ့လိုပဲ အပြောအဆိုကမတတ်လို့ အမြဲပြောနေရတာ သားရေ"
"အဲလိုမစားစေချင်လို့ မေးတာမဟုတ်ပါဘူး၊ ကျန်သေးရဲ့လားပဲ မေးတာပါ။ စား .. စား အဲ့လူကြီး"
"သေချာတယ်နော်"
စသယောင်နှင့် အတည်ပြုမေးတော့ ခေါင်းတဆတ်ဆတ်ညိတ်ပြပုံက တကယ့်ကလေးတစ်ယောက်အတိုင်း။ သည်တော့မှသာ ဇေယျာ တူတစ်စုံကိုရဲရဲကိုင်လိုက်နိုင်တာဖြစ်သည်။ အလယ်စားပွဲပေါ်က ဖက်ထုပ်ပန်းကန်လေးကမူ မတည့်ကြသူနှစ်ယောက်၏ မြေစာပင်ကလေး ဖြစ်လို့နေလေ၏။
......................
UCSY ၏ ဟောခန်းမကြီးထဲတွင် ကျောင်းသား၊ ကျောင်းသူအများအပြား စုဝေးနေကြသည်မှာ ဟိုတစ်စု၊ သည်တစ်စု။ စင်မြင့်၏ဘေးတစ်ဖက်တစ်ချက်စီတွင် နိုင်ငံတော်အလံနှင့် ကွန်ပျူတာတက္ကသိုလ်ကိုယ်စားပြု အပြာနုရောင်အလံတို့ကလည်း တလွင့်လွင့်။ အလယ်တွင်တော့ သစ်သားခုံတချို့နှင့် စားပွဲတစ်ခုက နေရာယူထားလေ၏။
စင်မြင့်အောက်တွင်တော့ စားပွဲခုံများက ပြိုင်ပွဲဝင်မည့်အဖွဲ့အရေအတွက်အလိုက် ချခင်းထားသည်မှာ အစီအရီ။ ပြိုင်ပွဲဝင်မည့်သူများကလည်း အကြိတ်အနှယ် စာဆွေးနွေးကြသလို၊ လာစောင့်ကြည့်သူများကလည်း စကားတပြောပြောနှင့် ခန်းမတစ်ခုလုံး ကြွက်ကြွက်ညံနေလေ၏။
ခဏကြာလျှင် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူးကျင်းပသော MCPA Quiz စတော့မည်ဖြစ်သည်။ ထိုပြိုင်ပွဲမှာ နိုင်ငံတစ်ဝှမ်းမှ ကွန်ပျူတာတက္ကသိုလ်များ၊ နည်းပညာတက္ကသိုလ်များနှင့် အခြားတက္ကသိုလ်များမှ ကျောင်းသူ/သားများ IT ပညာရပ်ဆိုင်ရာ အသိပညာများတိုးပွါးစေချင်းငှါ၊ Teamwork နှင့် လုပ်ဆောင်တတ်စေခြင်းငှါ၊ နိုင်ငံတကာ IT contest များအတွက် အသင့်ဖြစ်ရန်အလို့ငှါ ရည်ရွယ်ကျင်းပသော ပြိုင်ပွဲတစ်ခု ဖြစ်၏။
တတိယနှစ်ကျောင်းသား ခန့်ခန့်သည် ထိုပွဲ၏ပြိုင်ပွဲဝင်တွေထဲမှ တစ်ယောက်ပင်။ ဂိမ်းအဆော့မက်သူမှာ ကျောင်းတွင်တော့ Roll 1 to 20 ကြား အမြဲဝင်အောင်ကြိုးစားတတ်သူပါပေ။ စာမေးပွဲအောင်စာရင်းထွက်လို့ Rollကောင်းလျှင် ခန့်ခန့်လိုချင်သမျှ မိဘတွေက မညည်းမညူဝယ်ပေးတာမို့ စာကြိုးစားဖြစ်သည်။ ပုံမှန်ဆိုလည်း ဝယ်ပေးတာမှန်ပေမဲ့ ခန့်ခန့်ကိုက တစ်ခုခုလိုချင်တိုင်း စာကြိုးစားပြပြီးမှ တောင်းယူတတ်တာ ငယ်ငယ်ကတည်းက စွဲလာသည့်အကျင့်တစ်ခု ဖြစ်နေသည်။ သို့ပေမဲ့ တစ်နှစ်စာ လူလေး၊ ငါးရာရှိသည့်ကျောင်းတွင် Rollကောင်းဖို့ဆိုသည်မှာလည်း လွယ်လွယ်တော့ရသည်မဟုတ်၊ စာဂျပိုးမိန်းကလေးများကြား အပြိုင်အဆိုင် စာကျက်၊ စာတွက်နိုင်မှသာပင်။
"ခန့်ခန့် စိတ်လှုပ်ရှားနေပြီလား"
စာပြန်ကြည့်ရင်းတွေးနေခိုက် Quiz အတူပြိုင်မည့် မမဖူးမှမေးလာခြင်း ဖြစ်သည်။ အဖွဲ့လိုက်ယှဉ်ပြိုင်ရခြင်းမျိုးမို့ ခန့်ခန့်တို့အဖွဲ့က စုစုပေါင်းသုံးယောက် ပါဝင်လေသည်။ မမဖူးနှင့်မမပန်းက ပဥ္စမနှစ်မှစီနီယာအစ်မများဖြစ်ပြီး စာလည်းတော်၊ ရုပ်လည်းချောကြတော့ ကောင်လေးများဝိုင်းဝိုင်းကိုလည်လို့ပင်။ တစ်ခါမှဝင်မပြိုင်ဖူးသေးသော သည်ပွဲကိုလည်း မမဖူးကပင် သူ့ကိုကမ်းလှမ်းခဲ့တာဖြစ်၏။
"ဟုတ်တယ်။ ကျွန်တော် ဒီနှစ်မှစပြိုင်ဖူးတာဆိုတော့ စိတ်လှုပ်ရှားနေတာ။ မမဖူးတို့က Networking ပိုင်း သေချာဖြေပေးနော်။ ကျွန်တော် မသင်ရသေးတော့ လိုက်ဖတ်ထားတာနဲ့တင် မဖြေနိုင်မှာစိုးတယ်"
"အမလေးရှင်.. ခန့်ခန့်တို့များ နှိမ့်ချတတ်ရန်ကော။ တတိယနှစ်နဲ့ programmer ပေါက်စလေးဖြစ်နေတာ ဘယ်သူလဲ၊ ပြော"
နာမည်နှင့်လိုက်အောင် မျက်နှာဖူးဖူးလေးရှိသူမမက သူ့အားမျက်စောင်းလေး ဟန်ဆောင်ထိုးရင်း ချီးကျူးပြောဆိုရှာသည်။ ခန့်ခန့် အမှန်တကယ်ပင် ကြောက်နေခြင်းဖြစ်သည်။ ကျောင်းတွင်းအဆင့်ပြိုင်ပွဲဆိုပေမဲ့ အကြီးတန်းတွေပဲ ဝင်ပြိုင်ကြတာမို့ သူမကြောက်ရိုးရှိလေမလား။ အစ်မတွေက သူ့ကိုအခွင့်အရေးပေးခေါ်လို့သာ ပါဝင်ခွင့်တာရှိတာဖြစ်သည်။ သည်လိုအရေးပေးဆက်ဆံခံရတော့ တချို့ယောကျ်ားလေးများဆို သူ့ကိုမကျေနပ်ကြပါလေ။ အထူးသဖြင့် Cခန်းက ငKingပင်။
"Programmer မဖြစ်သေးပါဘူးဗျာ။ ဖေဖေ့ဆီမှာ နည်းနည်းပါးပါးဝင်လုပ်ရင်း သိနေရုံပါပဲ။ မမဖူးတို့သာဆို ခဏနဲ့ကျွမ်းကျင်အဆင့်ဖြစ်မှာ၊ ဟိုတစ်ခါရေးထားတဲ့ App လေးဆို ဖေဖေကိုပြကြည့်တာ သဘောကျတယ်တဲ့"
"ကဲ ဒေါ်ဖူးရေ ... သဘောကျတယ်တဲ့။ နောက်တစ်ဖြတ် အလုပ်သင်ဆင်းဖို့ ခန့်ခန့်ကိုပဲ အပူကပ်ထားကြဦးစို့"
"အစ်မတို့သေချာတယ်ဆို ကျွန်တော် ပြောပေးလို့ရတယ်နော်။ စာတော်တဲ့သူတွေမို့ ဖေဖေ့ကိုအာမခံပေးရဲတယ်"
တအုန်းအုန်းပြောနေကြသော စကားသံတွေကြားတွင် တိုးပေါက်အောင်ပြောနေကြသည်က တကယ်မလွယ်။ သို့ပေမဲ့ သူတို့ရအောင်ပြောရင်း ခဏနေစတော့မည့်ပွဲအတွက် ရင်ခုန်နေကြဆဲဖြစ်သည်။ စာမေးပွဲဖြေသလို ချရေးရတာမျိုးမဟုတ်ဘဲ ဦးသူဖြေစနစ်က သိပ်စိတ်လှုပ်ရှားဖို့ကောင်းသည်။ ကျောင်းတွင်းပထမဖြစ်လျှင် ဆုရရုံမက နိုင်ငံအဆင့်ထပ်ပြိုင်ကြရဦးမည်ပင်။
"ကဲပါ တို့တွေလေနောက်မှပေါရမယ်၊ စာတွေပဲပြန်ကြည့်ရအောင် .. လာ"
ကွန်ပျူတာယူနီဖောင်း အဖြူ၊ အပြာနှင့် သူတို့သုံးဦးသား ရယ်ရယ်မောမောနှင့်ပင် စာပြန်ကြည့်ကြလေ၏။ သည်တွင် ခန်းမထောင့်တစ်နေရာက သူတို့အားစိုက်ကြည့်နေသော မျက်ဝန်းတစ်စုံကိုတော့ ခန့်ခန့် သတိမထားမိခဲ့ပါချေ။
...........................
ညနေခင်းနေရောင်က တဖြည်းဖြည်းအရှိန်ကျလာသည်။ မှော်ဘီက စထွက်,ထွက်ချင်းတွင် ရဲရဲတောက်နေလုံးမှာ ထန်းတစ်ပင်အမြင့်နီးနီး ရှိသေးရာက အခုမူတော့ လုံးလုံးမမြင်ရတော့ချေ။ အနောက်ဘက်ကောင်းကင်တစ်ခွင်တွင် နီရဲသောတိမ်စိုင်တချို့သာ ကြီးစိုးနေရာယူထားလေ၏။ လမ်းတစ်လျှောက်မြင်နေရသော သစ်ရွက်၊ သစ်ခက်တို့မှာ နေအလင်းရောင်ကို ကောင်းစွာမရရှိတော့ချေ။ ကားမောင်းရင်းပင် လတစ်ခြမ်းလေးကို လှမ်းမြင်နေရပြီဖြစ်၍ မကြာခင်တွင် ကမ္ဘာမြေအား အမှောင်ထုကြီးစိုးတော့မည်မှာ မလွဲဧကန်ပင်ဖြစ်သည်။
ဟိန်းဇေယျာတစ်ယောက် မှော်ဘီဘက်မှ ခြံဝင်းတစ်ခုအား ဝယ်သင့်၊ မဝယ်သင့် သွားကြည့်ပြီးပြန်အလာတွင်တော့ မိုးစုန်းစုန်းချုပ်တော့မည်ထင်သည်။ ရုံးပြန်ဖို့လည်းအချိန်မရတော့တာမို့ မင်းမင်းကိုသာ ဖုန်းဆက်ဖို့သာရှိတော့၏။ မင်းမင်းမှာ ဖေဖေ့ကိုကူနေသည့် ဘဘ၏သားဆိုပေမဲ့ ဇေယျာတို့မိဘတွေ ကျောင်းထား၊ ထိန်းကျောင်းပေးခဲ့ခြင်းဖြင့် သူ့မျက်စိရှေ့တွင်ပင် စီးပွားရေးဘွဲ့ရတစ်ယောက် ဖြစ်လာလေပြီ။ ဇေယျာ့ထက် သုံးနှစ်လောက်ငယ်သော်ငြား အလုပ်လုပ်ရာတွင် စိတ်ချယုံကြည်ရကာ တော်ရုံမျက်နှာလွှဲလို့ရသူပင်။
တတူတူမြည်နေသောဖုန်းသံကို အာရုံစိုက်ရင်း ကားကိုဖြည်းဖြည်းမှန်မှန်ပဲ မောင်းနေမိသည်။
"မင်းမင်းရေ ငါ ပြန်မရောက်ဖြစ်တော့ဘူး။ မင်း ကြည့်သိမ်းလိုက်တော့၊ မမူကိုလည်း မနက်ဖြန်မှတွေ့တော့မယ်မှာထား"
"..."
"အေးပါ၊ ဒီလမကုန်ခင်တော့မှာဖို့ အချိန်ရပါသေးတယ် ..... မင်းမင်း ဒါပဲနော်"
ပြောလက်စကိုဖြတ်ကာ ဖုန်းအမြန်ချလိုက်သော ဇေယျာသည် အရှေ့လမ်းဘေးနားက ရန်ဖြစ်နေကြသော ကောင်လေးအုပ်စုကိုမြင်သွားခြင်းကြောင့်ပင်။ လီဗာကိုနင်းနေသော ညာခြေထောက်အား ဖြေလျှော့ပစ်မိတာ မဆိုင်းမတွ။ နေရောင်သိပ်မရှိလှတော့ပေမဲ့ ယူနီဖောင်းအဖြူ၊ အပြာဝတ်ထားသည့် ကောင်လေးတွေကိုတော့ လူလုံးကွဲစွာ မြင်နေရသေး၏။
အဖြူ၊ အပြာ ... ဒါသည်ကွန်ပျူတာယူနီဖောင်းမှန်း ဇေယျာတပ်အပ်သိသည်။ ဒါထက်ပိုထူးခြားတာက ရန်ဖြစ်နေကြသည့်ထဲမှတစ်ယောက်မှာ သေးသေးကွေးကွေးနှင့် စိုင်းမင်းခန့်ပုံစံအတိုင်း။ ရောက်နေတာလည်း ကွန်ပျူတာကျောင်းနားဆိုတော့ သေချာပေါက်ဟုတ်ပါလိမ့်မည်။ ဇေယျာ ချက်ချင်းပဲ ကားကို သူတို့ဆွဲလား၊ ရမ်းလားနှင့် ရန်ပွဲဖြစ်နေသည့်လမ်းဘေးထိ ဆွဲချရပ်လိုက်၏။ ရုန်းရင်ဆန်ခတ်ဖြစ်နေချိန် ဟွန်းသံရှည်ပါတီးပြီး ဆင်းလိုက်တာမို့ လေးယောက်အုပ်စုက သေချာပေါက်လှည့်ကြည့်လာသည်။
သေချာပေါက် စိုင်းမင်းခန့်ပါပဲ။
"ဟေး"
ခွပ်!!
စိုင်းမင်းခန့် သူ့ကိုကြောင်ပြီးငေးလာချိန် ရုတ်တရက်လှုပ်ရှားလာသောလက်သီးချက်က ထိုကောင်လေးမျက်နှာတည့်တည့်ကို ရောက်လုဆဲဆဲပင်။ ဒါမို့ ဇေယျာအမြန်ပြေးရင်း အော်လိုက်ပေမဲ့ အချိန်မမှီချေ။ စက္ကန့်ပိုင်းအတွင်း ခန့်ခန့် ဖင်ထိုင်လျက်လဲကျသွားသည်။ သူဝင်လာမှ အငိုက်ကိုဖမ်း၍ တစ်ဖက်ကောင်လေးက ထိုးလိုက်ခြင်းပင်။
"မင်းတို့တွေ ဘာလုပ်တာလဲ"
သူ့အသံပြုပြီး ဦးတည်လာတာတောင် ချာတိတ်ကိုထိုးသည့်တစ်ယောက်က ဇောင်းကြွနေဆဲ။ ဘေးကနှစ်ယောက်မှာ ကြောင်အမ်းနေပေမဲ့ ထိုတစ်ယောက်ကတော့ လဲနေသည့်ချာတိတ်ကို ထပ်ထိုးဟန်ပြင်နေတာမို့၊
ခွပ်!!
ဇေယျာ ဒေါသထွက်လွန်ပြီး သူထက်တော်တော်ငယ်မည့် ကောင်လေးကို လက်ပြန်ဆွဲကာ အားပါပါထိုးချလိုက်သည်။ လဲကျသွားသည့်ကောင်လေးမှာ သူ့ကိုအငြှိုးတကြီးကြည့်သလို ဇေယျာသည်လည်း မျက်နှာမလွှဲတမ်းကြည့်နေလိုက်တာ စူးစူးရှရှ။ ထိုအချိန်တွင်း ကျန်ကောင်လေးနှစ်ယောက်က သူတို့သူငယ်ချင်းကို ပြန်ထူပေးကြသည်။ ပြန်ထိုးဖို့သူ့ကိုကြည့်နေသည့်ကောင်ကတော့ တွန့်ဆုတ်နေမှန်းအသိသာကြီး။
"မင်းတို့ကောင်တွေ အေးအေးဆေးဆေးထွက်သွား"
ဇေယျာ သူ့အသံကို အတည်ငြိမ်ဆုံးဖြစ်အောင်ပြောပေမဲ့ အနည်းငယ်တုန်ခါစွာထွက်ပေါ်လာသည်။ ထိုကောင်လေးကတော့ ထပြီးတာတောင် လဲနေသေးသည့်ချာတိတ်ကိုကြည့်ရင်း ရန်ငြိုးဆက်ဖွဲ့နေသေးတာပင်။
"မင်းနဲ့ငါတွေ့ဦးမယ်"
"စိုင်းမင်းခန့်နားက ထွက်သွားလို့ ငါပြောနေတယ်"
"လာပါကွာ၊ ထပ်ထိုးနေဦးမယ်"
"လာလာ"
ဇေယျာနှုတ်မှ ခပ်ကြမ်းကြမ်းအသံနှင့် ပြောဆိုပါမှ သုံးယောက်သား ခပ်သုတ်သုတ်ထွက်သွားတော့၏။ သည်အချိန်မှ မြေပြင်တွင် ထိုင်လျက်လဲကျနေသော ချာတိတ်ကို ဇေယျာ လက်ကမ်းပေးလိုက်သည်။ ကြီးမားသောလက်ဖဝါးပြင်တွင် သေးနုနုလက်ဖဝါးတစ်ဖက် ထပ်ရင်းဆုပ်ကိုင်လာလေတာ နေရောင်မသဲမကွဲအောက်တွင်တောင် ပနံစားနေလေသည်။ နွေးထွေးနူးညံ့သောအတွေ့ကလည်း သူ့ကိုတစ်မျိုးခံစားသွားစေသည်။ သို့သော် ထိုအတွေ့အာရုံကို ခံစားလိုက်မိသည်က အချိန်အားဖြင့် မျက်တောင်တစ်ခတ်စာမျှသာ။
"ရရဲ့လား ချာတိတ်"
"အေးဆေးပါ"
ဘယ်ဘက်ပါးတစ်ခြမ်းလုံးရဲနေပြီး နှုတ်ခမ်းမှာလည်း သွေးစတွေနှင့်ဟာကို အေးဆေးပါတဲ့လေ။ ကောင်လေးကလွယ်အိတ်ကို ဟိုသည်ခါတော့ ဇေယျာက မြက်ခင်းတွင်ကျနေသော အထုပ်ကြီးကို ကောက်ယူကိုင်လိုက်သည်။
"ခဏနေရင် မိုးချုပ်တော့မယ်၊ ကိုယ့်ကားနဲ့ပဲ လိုက်ခဲ့တော့"
"တော်..."
"ငြင်းမယ်မကြံနဲ့ ... လူကြီးကလိုက်ခဲ့ဆို လိုက်ရမှာပေါ့"
သည်တစ်ခါတော့ မထားရစ်ခဲ့ချင်ပေ။ ဒါမို့လည်း လေသံမြှင့်ပြောရင်း ဇွတ်ခေါ်ဖို့ပြင်၏။ ကောင်လေးကြည့်လိုက်တော့လည်း ဆက်မငြင်းတော့တာမို့ အဆင်ပြေသွားသည်။ ဟိုတစ်ခါလို တစ်ခုခုဖြစ်သွားပါမှ စိတ်မကောင်းရတာမျိုး သူမဖြစ်ချင်။
ဇေယျာရှေ့မှနေ၍ ကားဆီလျှောက်တော့ ထိုကောင်လေးဘေးချင်းကပ်လိုက်လာသည်။ သူ့ပုခုံးစွန်းသာသာတွင်ရှိသော မျက်နှာသေးသေးကို စောင်းငဲ့ကြည့်တော့ ဒေါသပြေသေးပုံမရချေ။ ဘာတွေဖြစ်ကြသည်မသိ၊ သူမေးရင် ကောင်လေးဖြေလောက်မည်လား။ မမေးဘဲလည်းမနေနိုင်၊ ဇေယျာ့စိတ်ထဲတွင် အမေးတွေပလုံစီနေတာ ဆပ်ပြာပူပေါင်းလေးတွေအလား။
အိမ်မှာ ကလေးလိုနေတတ်ပြီး သူနဲ့ဆို ဂျစ်ကန်ကန်ဖြစ်နေတတ်သည့် မာနခဲလေးက ကျောင်းမှာဘာကြောင့်ရန်ဖြစ်ရသနည်း။ သူ့မိခင်ပြောပုံအရတော့ ကျောင်းစာလည်း ကြိုးစားသည့်ပုံပါပဲ။ ခုနက ကောင်လေးတွေလို ကလေကချေပုံစံတော့လည်း ပေါက်မနေလှ။ အပြင်အဝတ်အစားပဲဖြစ်ဖြစ်၊ ကျောင်းယူနီဖောင်းပဲဖြစ်ဖြစ် သပ်သပ်ရပ်ရပ်ဖြစ်အောင် ဝတ်တတ်တာသူ့မျက်မြင်ပင်။ ဒါဆို သုံးယောက်တစ်ယောက် အနိုင်ကျင့်ခံရလေသလား။ ဇေယျာ မနေနိုင်တော့ဘဲ မေးမြန်းဖို့သာတွေးလိုက်သည်။
"ငယ်ငယ်ရွယ်ရွယ်နဲ့ ရန်ဖြစ်ရသလား ချာတိတ်ရ"
"ချာတိတ်မဟုတ်ပါဘူးဆို။ နာမည်ရှိတယ်၊ စိုင်းမင်းခန့်ဗျ ... မှတ်ထား"
"မင်းတောင် အဲ့လူကြီးခေါ်သေးတာပဲ၊ ကိုယ်လည်း ချာတိတ်ပဲပေါ့"
ရန်ဖြစ်သည့်နေရာက ဆွဲခေါ်လာတာတောင် သူတို့နှစ်ယောက်မှာမူ နာမည်ကိစ္စနှင့် ငြင်းခုံလို့မပြီးမစီးနိုင်။ ကားနားလည်းရောက်လာပြီမို့ ဇေယျာက လူကြီးပီပီ မာနခဲအား ကားတံခါးဖွင့်ပေးပြီး တက်စေလိုက်၏။ အိတ်တစ်ဖက်၊ အထုပ်တစ်ဖက်နှင့် မတက်ခင်ကို ဇေယျာ့အား သေချာကြည့်ဖြစ်အောင် ကြည့်သေးသူပင်။ မျက်လုံးဝိုင်းဝိုင်း၊ ပါးဖောင်းဖောင်းနှင့် သွေးစွန်းနေသောနှုတ်ခမ်းဖူးဖူးကလည်း စူထွက်နေသလား၊ ယောင်နေသလားမပြောတတ်။ မတတ်သေးဘဲ ဘာကြည့်သလဲဆိုသည့်အထာနှင့် မေးဆတ်ပြလေမှ ချာတိတ်က ပုဆိုးစကလေးအနည်းငယ်မကာ အထဲဝင်လေသည်။
ဇေယျာလည်း တစ်ဖက်မှနေ၍ ကားပေါ်ရောက်ပါမှ ဒဏ်ရာကို သေချာကြည့်ပေးရသည်။
"အတော်နာသွားလား"
"နည်းနည်းရှိန်းနေရုံပါပဲ"
သည်ကောင်လေး ညာနေတာပင်။ နောက်ဆုံးအငိုက်မိသွားသည့်ထိုးချက်က အရှိန်နည်းတာမှမဟုတ်။ ပစ်လဲကျသွားတာရော၊ ရဲသွေးနီနေသည့် ပါးမို့မို့နှင့် နှုတ်ခမ်းစပ်တို့က သက်သေပြနေလေ၏။ သည်ပုံစံအတိုင်း အိမ်ပြန်လျှင် သေချာပေါက်အဆူခံရဦးမှာပင်။ လမ်းတစ်နေရာရာမှာ ဆေးဆိုင်ရှာပြီး ဆေးထည့်ပေးရမည်ဟုသာ တေးထားလိုက်မိ၏။
"ရေတော့သောက်လိုက်ဦး၊ မင်းလန့်သွားမှာပဲ"
ရေဗူးပါကင်ဖွင့်ပေးပြီး ကမ်းလိုက်တော့ မငြင်းရှာပါပေ။ နာရီအလီလီကြာအောင် ရေဆာလောင်ထားသူတစ်ဦးနှယ် မော့သောက်နေလိုက်တာ တမေ့တမော။ ဖြူစွတ်စွတ်လည်ပင်းရှိ အဖုလေးမှာတော့ အထက်အောက်စုန်ဆန်ချည်လို့နေသည်။ နှုတ်ခမ်းစပ်က သွေးစတချို့မြင်တော့ ခုနကကောင်လေးတွေကို ဇေယျာ စိတ်တိုမိပြန်၏။ သည်လောက်နုနယ်သည့်မျက်နှာမှာ သွေးစသွေးနတို့နှင့် လုံးဝမအပ်စပ်လောက်အောင် သိမ်မွေ့ချောမောလွန်းနေတာမလား။
"ဒါဆို ကိုယ်မောင်းပြီနော်"
ကောင်လေးမှာ ခေါင်းတဆတ်ဆတ်သာညိတ်ပြီး သူ့ကိုစကားပြန်ဖော်မရ။ လွယ်အိတ်နှင့်အထုပ်ကြီးကြားက ခါးပတ်,ပတ်ဖို့ အလုပ်ရှုပ်နေတာပင်။ ဇေယျာ ကားကိုဖြေးဖြေးမောင်းထွက်ရင်း၊
"ပြောပါဦး၊ ဒီလိုနုနုနယ်နယ်ချာတိတ်က ဘာလို့ရန်ဖြစ်ရတာလဲ။ သူငယ်ချင်းတွေ သက်သက်အနိုင်ကျင့်တာလား"
"အနိုင်ကျင့်ခံရတာတော့ မဟုတ်ပါဘူး။ အဲကောင်ကြိုက်နေတဲ့ အမကြီးနဲ့ကျွန်တော့်ကို အထင်လွဲပြီးလာထိုးတာ"
"ဘယ်လို!"
အကြောင်းအရာမစုံတော့ ဇေယျာသိပ်နားမလည်။ ဒါမို့အမေးသဘောနှင့် တစ်ဖက်စောင်းငဲ့ကြည့်တော့ ကောင်လေးက စိတ်မရှည်ဟန်ဖြင့် လေပူတစ်ချက် မှုတ်ထုတ်လေသည်။ သို့ပေမဲ့ မပြောပြတာမျိုးလည်းမဟုတ်။
"ဟူး ... ဒီလိုဗျာ။ ဒီနေ့ Quiz ဖြေတဲ့အထဲမှာ အဲကောင်ကြိုက်နေတဲ့မမဖူးက ကျွန်တော်တို့နဲ့တစ်ဖွဲ့တည်း။ အဲဒါမဖူးနဲ့မပန်းက မပြန်ပါနဲ့ဦး၊ အတူညနေစာစားကြမယ်ဆိုပြီး Canteen ထိုင်တယ်၊ ပြန်တော့လည်း သုံးယောက်တူတူပြန်လာတာပါ။ မမပန်းအဆောင်ကို အရင်ပို့၊ ပြီးမှ မမဖူးကို ပြန်လိုက်ပို့ပေးတာ။ ဒါကိုနှစ်ယောက်တွဲသွားတာမြင်လို့ ရန်လာစတာ ... အရင်တစ်ခါလို"
"အရင်တစ်ခါလို ဟုတ်လား။ ဆိုတော့ ... အရင်တစ်ခါကလည်း အထိုးခံရတာပဲလား။ ဟာ ... အဲကတည်းက ဆရာမတိုင်မှပေါ့"
"ဟာ ... အဲ့လူကြီး စကားဆုံးအောင်နားထောင်ပါဦး။ အရင်တစ်ခါက မမဖူးနားမကပ်နဲ့ဆိုပြီးပဲ ရန်စကားလာပြောတာ။ ပြီးတော့ ဒီနေ့ လည်း သူပဲထိုးတာမဟုတ်ပါဘူး၊ ကျွန်တော်လည်း အောက်ကနေပင့်ထိုးလိုက်တာ အဲကောင်သွေးဆို့နေလောက်ပြီ"
လူကောင်သာသေးသည်၊ အတော်တော့ ဂျစ်သည့်အမျိုး။ သူလည်းထိုးလိုက်ရကြောင်းကို သေချာရှင်းပြနေတာ ကိုယ်ဟန်အမူအရာတို့နှင့်။ ဇေယျာ မရယ်ရက်တာမို့ ဘေးဘက်ကားမှန်ကြည့်ရင်းသာ ရယ်ချင်စိတ်ကိုထိန်းလိုက်ရသေး၏။
"အဟင်း ကားမရပ်ခင်က တွေ့လိုက်ပါတယ်။ လူသာသေးတာ လက်သီးပြင်းသားပဲ၊ ဟိုကောင်လန်သွားတယ်"
"ယောကျာ်းပဲဗျ"
ကြည့်! ဂုဏ်ယူဝံ့ကြွားစွာ ပြောနေလိုက်ပုံများ လက်ဝှေ့ပွဲမှာ အနိုင်ရသူတစ်ဦးနှယ်။ ပါးမို့မို့တွေ ပိုဖောင်းထွက်လာအောင် သဘောတကျနှင့်လည်း ပြုံးနေလိုက်သေးသည်။ နီရဲနေသည့်အရေပြားလေးမှာ ထိုးခံရသည့်အရှိန်ကြောင့်များ နာမနေပေဘူးလား။
ဆောင်း၏ညနေကတော့ ခဏနှင့်မှောင်ရိပ်ကျလာလေပြီ။ မြို့ထဲလည်း ဝင်စပြုလာပြီမို့ မီးရောင်ထွန်းထားသည့် ဆိုင်တန်းတချို့လည်း တစ်စတစ်စတွေ့လာရပြီပင်။ ဆေးဆိုင်ရှာရင်းမောင်းနေရသည်မို့ ကားကိုဖြည်းညင်းစွာ တလိမ့်လိမ့်။
"ဟင် ... ဘာလို့ရပ်လိုက်တာလဲ"
"ဆေးဝယ်ပြီး ထည့်ပေးမလို့၊ ခဏစောင့်နေခဲ့"
ခါးပတ်ကိုချွတ်ပြီး ပိုက်ဆံအိတ်ယူထွက်ခဲ့လိုက်သည်။ ကောင်လေးတားသံကို ဘယ်ဘက်နားကဝင်စေပြီး ညာဘက်နားကပင် အလျင်အမြန်ထွက်စေလိုက်တာပင်။ သည်ပုံစံနှင့် အိမ်ပြန်လျှင် ဆူခံရမှာ ကျိန်းသေပဲမလား။
အပြင်ထွက်လိုက်မှ မှောင်နေပြီဖြစ်သော ဝန်းကျင်မှာ လူသူမကွဲချိန်ထိ ရောက်လာချေပြီ။ ဇေယျာ လိုအပ်သည့်ဆေးတွေဝယ်ပြီး ကားပေါ်အမြန်ပြန်တက်ခဲ့တာ လေအလျင်အတိုင်း။ ထိုချာတိတ်ကတော့ သူ့ကိုခပ်ကြောင်ကြောင် ငေးကြည့်နေခဲ့တာပင်။
"လှည့် ဒီဘက်၊ ကိုယ် ဆေးထည့်မယ်"
"တော်ပါပြီ၊ ကျွန်တော့်ဘာသာ ထည့်မယ်"
"မှောင်နေတာကို သေချာဘယ်မြင်ရမလဲ။ လှည့်မှာသာလှည့်၊ ကိုယ်ထည့်ပေးမယ်"
ဇေယျာပြောရင်း ခန့်ခန့်မေးစွန်းကို လက်နှင့်အသာဆွဲလှည့်ယူလိုက်သည်။ ဒဏ်ရာသေချာကြည့်ရတာမို့ နှစ်ဦးသားနီးကပ်သွားလေတာ ကြားတွင်တစ်ပေအကွာအဝေးပင် မရှိတရှိ။
"ပေါက်သွားတာ များတာပဲ။ နည်းနည်းစပ်မယ်နော်၊ ခဏလေးပဲသည်းခံ"
"အင်း"
သွေးစတချို့ကို သန့်စင်ပေးပြီးမှ ဆေးထည့်ပေးတော့လည်း ငြိမ်ခံရှာပါသည်။ တစ်ချက်တစ်ချက် တွန့်သွားချိန်တွင်တော့ ဇေယျာ့လက်ချောင်းတို့ကို လာထိန်းချုပ်တတ်သည်။ မျက်ဝန်းတွင်လည်း ဆေးထပ်မတို့ဖို့ အသနားခံနေသည့်နှယ်။ 'ခဏလေးပဲ၊ ပြီးတော့မယ်' ဟုပြောပေးမှသာ ထိုလက်ချောင်းတို့မှာ အောက်သို့ချသွားလေသည်။ သို့ပေမဲ့ ဘယ်လိုမှချမသွားသော ချာတိတ်၏မျက်ဝန်းဝိုင်းဝိုင်းကလေးမှာမူ သူ့၏လုပ်ဆောင်ချက်တိုင်းကိုသာ လိုက်ကြည့်နေတာပင်။
ဇေယျာလည်း ပြန်မကြည့်မိဘူးဟုဆိုလျှင် ကိုယ့်ကိုယ်ကိုယ် ညာရာကျလိမ့်မည်။ မာယာတွေမပါသောမျက်ဝန်းပေမဲ့ ကြည်ရှင်းကာညှို့ယူနေပုံက ဒဏ္ဍာရီထဲက နတ်သားလေးတစ်ပါးအတိုင်း။ ရစ်နှောင်မိနေသော ထိုအကြည့်တွင် မျောပါနေမိတာကြောင့် ဆေးထည့်ပေးနေတာကို အာရုံပြန်ကပ်ရသည်မှာ အခါခါ။
ဟိန်းဇေယျာ သည်နေ့ဘယ်လိုတွေ ဖြစ်နေပါသလဲ၊ ချာတိတ်အကြည့်တွေကို အဘယ်ကြောင့် မလွှဲဖယ်နိုင်နေပါသလဲ။
"အဲ့လူကြီး"
"ဟင်"
"အဲ့လူကြီးပေါ် ကျေးဇူးကြွေးမတင်ချင်ပါဘူးဆို ကူညီပေးနေရတာ နှစ်ခါတောင်ရှိနေပြီ"
မျက်လုံးလေး ပေကလပ်၊ ပေကလပ်နှင့် ပြောနေသည့်မာနခဲလေးမှာ အပြစ်မြင်စရာမကောင်းဘဲ ချစ်စဖွယ်အတိ။
"ဘာဖြစ်လဲ၊ ကိုယ်ကအကြွေးလို့ မသတ်မှတ်ရင် အကြွေးမဟုတ်ဘူး"
"ဒါပေမဲ့ ကျွန်တော်မှ ..."
"ကဲ တော်ပြီ၊ စကားမပြောနဲ့တော့။ ဒါနဲ့ဆေးထည့်တာ ပြီးမှာမဟုတ်ဘူး"
တကယ်တော့ ပြီးသလောက်နီးပါး ဖြစ်နေလေတာ ဇေယျာအသိဆုံးပင်။ ကိုယ့်ကိုယ်ကိုယ် ညာနေမှန်းသိသိလျက်နှင့် အနီးကပ်မြင်နေရသော ထိုမျက်နှာနုနုအား အချိန်နည်းနည်းလောက် ထပ်စူးစမ်းချင်မိသလိုလို။ နူးညံ့လွန်းသည့်အသားအရည်မှာ မွှေးညှင်းလေးများပင် မြင်နေရသည်ထိ။ သွေးစွန်းနေသည့် နှုတ်ခမ်းလေးမှာလည်း ကကြီးပုံပေါ်ကာ ခပ်ဖူးဖူးကလေးရယ်နှင့်။ ချောလှပါသည်ဆိုသော မိန်းကလေးများနှင့် မစိမ်းသောဟိန်းဇေယျာအဖို့ သူတို့မိတ်ကပ်တွေဖျက်လိုက်လျှင် သည်ကောင်လေးလို သဘာဝကျကျ ကြည့်ကောင်းနိုင်ပါ့ဦးမလားဟု သံသယရှိလာသလိုလို။
ကျစ်!
ဇေယျာ လေပူတချို့ မသိမသာထုတ်လွှတ်ရင်း ဆေးထည့်ပေးခြင်းအမှုကို အပြီးသတ်လိုက်လေသည်။ သူဘာတွေလျှောက်တွေးနေသည် မသိတော့။ ချာတိတ်ကို မိန်းကလေးတွေ အလှနှင့် နှိုင်းဆကြည့်နေမိသတဲ့လား။ မဖြစ်သင့်သလို၊ မကောင်းလည်း မကောင်းတတ်ပါပေ။ မာနခဲလေးများသိသွားလျှင် ဘယ်လောက်စိတ်ဆိုးလိုက်ပါမည်နည်း။
"ရပြီ။ ဒီရဲနေတဲ့ပါးကတော့ ရေခဲကပ်မှ သက်သာမယ်ထင်တယ်၊ အိမ်ကျ ဘယ်လိုပြောမလဲ"
"ရန်ဖြစ်လာတယ်ပဲ ပြောရမှာပေါ့၊ အဆူခံရမှာတော့ သေချာတယ်"
"ကိုယ် ဝင်ပြောပေးမယ်လေ"
စိတ်ညစ်နေသည့်ကောင်လေးကြည့်ပြီး ဇေယျာက ကြားသက်သေလိုက်ပေးနေချင်သည်။ အထိုးကခံရသေး၊ အိမ်ကလည်းအဆူခံရသေးဆို နှစ်ခါရှုံးနေမည့်အဖြစ်မလား။
"တော်ပြီ ရတယ်၊ ကိုယ့်ဘာသာရှင်းမယ်။ ဒီဆုကို အသုံးချလိုက်လို့ရတယ်"
ထိုတော့မှ လက်ထဲကိုင်ထားသော အထုပ်ကြီးကို ဇေယျာမေးမို့ ပြန်အမှတ်ရသွားသည်။ ခုနက သူကိုင်ပေးခဲ့သည်မလား။
"ဟုတ်သား။ ခုနထဲကမေးမလို့ ဘာအထုပ်ကြီးလဲ"
"အထုပ်မဟုတ်ပါဘူး၊ ပထမဆုရထားတဲ့ဗူး။ MCPA Quiz ပြိုင်တာ၊ ကျွန်တော်တို့အဖွဲ့က ကျောင်းတွင်းပထမလေ"
ပထမဆိုသောစကားကြောင့် ဇေယျာ မျက်လုံးတွေဝင့်ကာ ကောင်လေးကို သေချာကြည့်မိပြန်သည်။ အမှန်အတိုင်းဆိုရလျှင် သည်ကလေးကို ဂိမ်းအဆော့လွန်နေသည့် ကလေးတစ်ယောက်ဆိုတာထက် ပိုတွေးမထားခဲ့။ သူ့မိခင်က စာကြိုးစားပါတယ်ပြောတာတောင် စိတ်ထဲမယုံခဲ့ရိုးအမှန်ပင်။ အတန်းထဲမှာလည်း စာအာရုံမှမစိုက်ဘဲ ဂိမ်းဆော့နေတတ်တာမျိုးမို့ပင်။
"ဒီလိုဆိုတော့လည်း တော်သားပဲ"
"လူများအထင်သေးလို့"
"စာတော်တာ၊ မတော်တာကို ကိုယ် အထင်သေးတာမဟုတ်ဘူး။ မင်းက အတန်းထဲမှာ ဂိမ်းခိုး,ခိုးဆော့နေလို့ ကိုယ် ဒီလောက်မထင်လိုက်တာပဲရှိတာ။ UCSY မှာ စာကြိုးစားရင် SFU မှာလည်း စာသေချာလုပ်လေ"
"အဲ့လူကြီးကိစ္စ မဟုတ်ပါဘူး။ ကဲ ကြည့်မနေနဲ့၊ မောင်းပါတော့။ မိုးချုပ်လာပြီ"
ချာတိတ်သတိပေးပြောတော့မှ ဆေးဗူးပြန်ထည့်ပြီး ကားမောင်းဖို့ပြင်ရတော့သည်။ သူခဏတာ ရူးတာလား၊ အသိစိတ်ပဲလွတ်နေသလားမသိ။ သည်နှစ်နှစ်တာအတွင်း ချောပေ့၊ လှပေ့ဆိုသည့်မိန်းမတွေတောင် စေ့စေ့ကြည့်ဖြစ်တာမျိုးမဟုတ်ပေ။ ခုကျမှ သည်ချာတိတ်ကို ကြည့်ကောင်းကောင်းနှင့် ဘာလို့ငေးနေမိတာပါလိမ့်။
တစ်လမ်းလုံးတွေးတစစနှင့် မောင်းလာခဲ့မိသည်။ ချာတိတ်လည်း လမ်းတစ်ဖက်ခြမ်းငေးကာ စကားတစ်ခွန်းမဆိုသလို ... ကိုယ်လည်း ခပ်တွေတွေသာ။ သိနေပြီးဖြစ်သော ချာတိတ်အိမ်ရောက်ဖို့သာ အာရုံစိုက်မောင်းနှင်လာခဲ့တော့၏။
"ကဲ ရောက်ပြီ"
ခြံရှေ့တွင် ကျကျနနရပ်ပြီးမှ အသံနှင့်အတူလှည့်ကြည့်မိသည်။ ချာတိတ်မှာတော့ ကားဘေးမှန်ကိုမှီပြီး နှစ်ခြိုက်စွာ အိပ်ပျော်နေလေရဲ့။ မဆိုင်းမတွဘဲ ဇေယျာ ကိုယ်ကိုအရှေ့ကိုင်းကာ သေချာအတည်ပြုတော့ အပြစ်ကင်းစင်သည့် ထိုမျက်နှာလေးမှာ ငြိမ်းအေးစွာ အိပ်မောကျနေသည်။ ဒဏ်ရာတွေကြောင့် ရဲနေသောပါးမို့မို့ကိုမြင်တော့တော့ ဇေယျာ ရင်ထဲမကောင်းလှ။ သို့ပေမဲ့ နောက်လည်းကျနေပြီမို့ သူ လက်လေးအသာကိုင်ပြီးပဲ ချာတိတ်ကို နှိုးလိုက်ရသည်။
"ဟေး ချာတိတ်၊ ချာတိတ်"
"ဟင်"
လက်ဖျားစွန်းကိုပဲ ညင်သာစွာ လှုပ်နှိုးမိပေမဲ့ ကောင်လေးက အနည်းငယ်ထိတ်လန့်သွားပုံရသည်။ မျက်လုံးပွင့်,ပွင့်ခြင်း ဝန်းကျင်ကိုစူးစမ်းနေလိုက်တော့ လမ်းမီးရောင်အရှိန်ကြောင့် မျက်လုံးထဲတွင် စူးခနဲဖြစ်သွားပုံပင်။ လှုပ်နှိုးရင်း ကိုင်ထားမိသည့်သူ့လက်ကိုပင် ယောင်နနနှင့် ပြန်ဆုပ်ကိုင်လာသည်။
"ရောက်ပြီ"
"အင်းအင်း၊ အာ ... ဆောရီး!"
အယောင်ယောင်အမှားမှားနှင့် ကိုင်ထားမိပုံရသည့်လက်ကို သတိရသွားကာ ဖြတ်ခနဲရုန်းထွက်သည်က ကမန်းကတန်း။ ထို့နောက် သူ့လွယ်အိတ်ကို ပြန်လွယ်ပြီး အထုပ်ကိုလက်တွင်ပိုက်သယ်သည်။ ချက်ချင်းလည်း အောက်ဆင်းရန်ပြင်တော့၏။ ကားတံခါးပြန်ပိတ်ပေးသွားသည့်တိုင် ဘာမှထွေထွေထူးထူး နှုတ်ဆက်မည့်ဟန်မရှိ။
သည်အချိန်တွင် ဇေယျာ မှန်အမြန်ချပြီး အမြန်အော်ပြောမိပုံက၊
"ကိုယ်လိုက်ပြောမပေးလည်း ရတာသေချာတယ်နော်"
"ယောကျ်ားပါ၊ ကိုယ့်ကိစ္စကိုယ်ရှင်းမယ်"
သူ့ကိုတောင်လှည့်မကြည့်ဘဲ ပြန်ပြောသွားပုံကခပ်ပြတ်ပြတ်။ ဟင်း သည်ချာတိတ်ကတော့လေ .. ။ ဇေယျာလည်း ဗိုက်ဆာနေပြီမို့ တံခါးမှန်ပြန်တင်ကာ အိမ်ပြန်မောင်းဖို့ ပြင်လိုက်ရတော့၏။
ထိုအချိန် ကားမှန်တံခါးကို ပြန်လာခေါက်ပြန်သူမှာ သေးသေးကွေးကွေး ချာတိတ်ရယ်ပါ။ နမော်နမဲ့ဖြစ်တတ်သည်ဆိုတော့ ခြံတံခါးရောက်မှ ဘာမေ့ပြန်ပါလိမ့်။
"ဘာမေ့ခဲ့လို့လဲ ချာတိတ်"
ချက်ချင်းပြန်မဖြေသောကောင်လေးမှာ ချပေးလိုက်သည့် ကားမှန်တံခါးဘောင်ပေါ်မှ ခေါင်းလေးအသာလျှိုဝင်လာသည်။ ဇေယျာ အထူးတလည် မျက်မှောင်ကြုတ်ကြည့်တော့ ချာတိတ်နှုတ်ကဖွင့်ဟလာသည်မှာ၊
'ဒီနေ့ကူညီတာ ကျေးဇူး' တဲ့လေ။
ဟင်း ... ချက်ချင်းပြောပြီး ပြန်ပြေးဝင်သွားသည်မှာ လှစ်ခနဲ။ ပြုံးစိစိနှင့်ပြောသွားပုံက သူတစ်ခါမှမမြင်ဖူးသေးသော ချာတိတ်ပုံစံအသစ်ပင်။ ဒါလေးပြောရတာ ရှက်နေသေးသလားမသိ။ ချာတိတ်သာဆိုရသည်၊ တကယ့်ဂျစ်ကန်ကန် မာနခဲလေး။ သည်လိုဆိုတော့လည်း တစ်မျိုးချစ်စရာကောင်းပါ၏။
ထိုညနေအဖို့ ဇေယျာ ချာတိတ်အပေါ် မသိမသာပေးမိသောအမှတ်များမှာ အောင်မှတ်ကျော်ရုံမက အတိုင်းအတာတစ်ခုအထိ များပြားနေခဲ့သည်ကို ကောင်းစွာသတိပြုမိဟန်လည်း မရှိခဲ့ပါချေ။
(12/9/2020)
•••••••••••••••••••••••••••••••••••••••••••••••
<Zawgyi>
"ဟိုေရွ႕ဆိုေရာက္ၿပီ"
Cafeteria ကထြက္အၿပီး မိနစ္ႏွစ္ဆယ္နီးပါးအၾကာတြင္ ခ်ာတိတ္တို႔လမ္းထဲ ေရာက္လာခဲ့သည္။ ေဇယ်ာ့အိမ္ျပန္သည့္လမ္းႏွင့္ တစ္ေၾကာတည္းျဖစ္တာမို႔ ပို႔ရတာသိပ္အပမ္းမႀကီးလွေပ။ ေရွ႕ဆယ္မိနစ္ေလာက္ဆက္လၽွင္ သူ႔အိမ္ေရာက္ၿပီျဖစ္၏။
"ဒီအိမ္ေနာ္"
ခ်ာတိတ္ေျပာသည့္ အုတ္တံတိုင္းပန္းေရာင္ႏွင့္ ၿခံဝင္းေလးေရွ႕တြင္ သူ ကားကိုေဘးကပ္ရပ္လိုက္သည္။ လမ္းၾကားျဖစ္တာေရာ၊ ေန႔လယ္ခ်ိန္ျဖစ္တာေရာေၾကာင့္ လမ္းေပၚလူရွင္းေနသည္ထင္ရ၏။ ၿခံထဲသို႔အေျခအေနတစ္ခ်က္ မသိမသာလွမ္းအကဲခတ္ေတာ့ ေကာင္ေလးက၊
'အိမ္ထဲဝင္ဦးေလ' တဲ့။
'မဝင္ေတာ့ပါဘူး' ဟုပဲ ျငင္းရေလသည္။ ႏွစ္ေယာက္လုံး အျမင္မၾကည္ၾကေသးတာ သူေရာကိုယ္ေရာ သိၾကသည္။ ဒါမို႔ ၿခံထဲလွမ္းၾကည့္ေနသည့္သူ႔ကို ဝတ္ေက်တန္းေက်ေခၚတာမ်ိဳး မျဖစ္ေစခ်င္။ သည္ကေလးေနရက်ပ္မည္ကို နားလည္ေပးလို႔ရသည္။
"ဝင္ပါ၊ မဟုတ္ရင္ ေမေမက ကၽြန္ေတာ္တစ္ေယာက္ထဲ ဘတ္စ္စီးၿပီးျပန္လာတယ္ ထင္ေနဦးမွာ"
ေဟာ ... ၾကည့္! သူေခၚခ်င္လို႔မဟုတ္ဘဲ အေမမယုံမွာစိုးလို႔ ေခၚသည့္အျဖစ္ပါေလ။ အန္ကယ္ေျပာသလို သည္မာနခဲက သူ႔အားခ်ည္ၿပီးတုပ္ၿပီးမွ အိမ္ထဲေခၚေနသေယာင္။ မလိုက္လို႔သူဆူခံရလၽွင္လည္း ေဇယ်ာ့အျပစ္ျဖစ္ရဦးမည္။ သူ႔အတြက္ ဘာမွေတာ့လည္းအပမ္းမႀကီးတာမို႔၊
"မင္းကလည္း အိမ္ကမယုံေအာင္ ဘယ္ေလာက္လုပ္ထားလဲမွမသိတာ"
"အဲ့လူႀကီး!"
ေခၚသူကလည္း ေဆာင့္ႀကီးေအာင့္ႀကီး။
လိုက္မည့္သူကလည္း ရွူံ႔လို႔မဲ့လို႔ႏွင့္။
အသက္ကြာသည့္ သူတို႔ႏွစ္ေယာက္ ဒါေတြမတည့္ၾကတာပင္။ တစ္ေယာက္မွလည္း နာမည္အရင္းသိပါလ်က္ႏွင့္ မေခၚၾက။ တမင္ညစ္တာမဟုတ္ေပမဲ့ သူစေခၚနိုး၊ ကိုယ္စေခၚနိုးႏွင့္ တစ္မ်ိဳးစီေတာ့ဂ်စ္ေနၾကတာပင္။ ေဇယ်ာကိုယ္တိုင္ကလည္း သည္ေကာင္ေလးမွ အေလၽွာ့မေပးခ်င္။ မခံခ်ိမခံသာျဖစ္ေအာင္ပင္ စေနာက္ခ်င္ေသး၏။
"ဆင္းပါ့မယ္၊ လူကိုဘုၾကည့္,ၾကည့္ၿပီး ဟိုေခၚဒီေခၚနဲ႔"
ဇိုးဇိုးဇက္ဇက္ထထြက္သြားေသာ ေကာင္ေလးၾကည့္ၿပီး ေဇယ်ာလည္း ပုခုံးတြန႔္မိသည္။ ၿပီးမွသာ သူလည္းလိုက္ဆင္းျဖစ္ခဲ့၏။ အန္ကယ္ဦးမင္းဟန္တို႔အိမ္ေလးမွာ ျမစိမ္းေရာင္ႏွစ္ထပ္တိုက္ကေလးပင္။ ေကာင္ေလးေနာက္မွတဆင့္ ၿခံတံခါးသို႔ျဖတ္ဝင္လိုက္ေသာ္ အဝင္တြင္ သစ္ပင္၊ ပန္းပင္ေတြက စိမ္းစိမ္းစိုစိုႏွင့္ ႀကိဳဆိုေနသေယာင္။ ရြက္လွ၊ ႏွင္းဆီႏွင့္ သူ အမ်ိဳးအမည္မသိေသာ ပ်ိဳးပင္ကေလးေတြက စုံလင္လွသည္။ သည္ထဲကမွ အျပာႏုေရာင္ဒန္းေလးက တသီးတသန႔္။ ကေလးရွိသည့္အိမ္မို႔ ထင္ပါရဲ့။ ေရွ႕ကဝင္သြားေသာခ်ာတိတ္ကို လွမ္းၾကည့္ရင္း ေတြးလိုက္မိေသာအေတြးျဖစ္သည္။
"လာေလ ဘာေတြေငးေနတာလဲ"
"အင္း"
"ေမေမေရ၊ အဘြား .. သားျပန္ေရာက္ၿပီ"
သူ႔အိမ္ေရာက္တာႏွင့္ အသံကေလးတစာစာျဖစ္သြားတာ ခုနကပုံစံႏွင့္မတူေတာ့။ ဆိုဖာခုံေတြႏွင့္ အလယ္တြင္မွန္စားပြဲေလးခ်ထားေသာ ဧည့္ခန္းေလးတြင္ သူလြယ္ထားသည့္လြယ္အိတ္ကို ပစ္ခ်ခဲ့လိုက္တာမ်ား ဘုန္းခနဲ။ ဧည့္သည္ကိုေတာင္ ထိုင္ပါဦးမေျပာဘဲ အေနာက္ကိုဆန႔္ဆန႔္ေလး ဝင္သြားသည္။ သည္ေကာင္ေလး သူပါလာတာေရာ မွတ္မိေသးရဲ့လား။
"ဟဲ့ ေျမး၊ ေနာက္က်လွခ်ည္လား"
"ဟုတ္တယ္၊ ဧည့္သည္လည္းပါလာတယ္"
မျမင္ရေသာအေနာက္ဆီမွ ထြက္လာသည့္အသံက ထိုခ်ာတိတ္၏အဘြားျဖစ္လိမ့္မည္ပင္။
"ဪ ဟုတ္သားပဲ၊ မင္းဟန္ေျပာသြားတယ္။ သမီးေရ ဧည့္သည္ပါပါလာတယ္တဲ့၊ တစ္ခုခုစီစဥ္ပါဦး"
အေနာက္ဆီမွ ထိုအဘြားႏွင့္ခ်ာတိတ္တို႔ ထြက္လာေလသည္။ ပါတိတ္ဝမ္းဆက္ႏွင့္အဘြားက သူ႔ကိုျမင္ျမင္ခ်င္းျပဳံးျပေနတာ ႏွစ္လိုဖြယ္ပင္။
"သားရယ္ ထိုင္ဦးေလ၊ မတ္တပ္ႀကီးရပ္လို႔ ... အားမနာနဲ႔"
"ဟုတ္ပါရဲ့ ခန႔္ခန႔္တို႔မ်ား ဧည့္သည္ကိုအရင္မထိုင္ခိုင္းဘူး။ ေဖႀကီးေျပာထားတဲ့ Global Star က ေမာင္ဟိန္းေဇယ်ာဆိုတာ ျဖစ္မယ္ထင္တယ္"
ခ်ာတိတ္၏မိခင္ကပါ အေနာက္မွထြက္လာၿပီး ဧည့္ခံေတာ့ ခပ္ပါးပါးဆူခံရသူမွာ အဘြားရင္ခြင္ထဲမွေန၍ စူပုတ္ပုတ္။ သူ႔ကိုလည္း မလိုတမာအၾကည့္ႏွင့္ လွမ္းၾကည့္လိုက္ေသးသည္။
"ဟုတ္တယ္ဗ်၊ အန္ကယ္က သူသြားစရာေလးရွိတယ္ဆိုလို႔ ကၽြန္ေတာ္ပဲလိုက္ပို႔မယ္ေျပာလိုက္တာ"
"အင္းကြယ္၊ သားကိုအားနာစရာ။ ကဲ ... အိမ္အလည္ေရာက္ေတာ့လည္း ေတြ႕ဖူးဆုံဖူးသြားတာေပါ့ကြယ္။ ေဖႀကီး တစ္ခါေျပာဖူးတယ္၊ ေမာင္ေဇယ်ာက ငယ္ငယ္ရြယ္ရြယ္နဲ႔ သူ႔အေဖလုပ္ငန္းေတြ ဦးေဆာင္ေပးေနတာတဲ့။ အန္တီက ခန့္ခန့္ကို အဲလိုျဖစ္ေစခ်င္တာ၊ ခုေနသင္တန္းေလးတက္ထား၊ ေက်ာင္းၿပီးတာနဲ႔ သူ႔အေဖဆီမွာ တစ္ခါတည္းတန္းဝင္ေစခ်င္တာေလ။ ခုလိုအဘြားရင္ခြင္ထဲက မထြက္ပုံမ်ိဳးနဲ႔ေတာ့မလြယ္ပါဘူး။ သင္တန္းသြားဖို႔လည္း မနက္၊ မနက္ဆိုႏွိုးေနရတုန္း"
အားမရဟန္ေျပာလာေသာ အန္တီက အသားအရည္ျဖဴျဖဴေဖြးေဖြးႏွင့္ ၾကည့္ေကာင္းပါ၏။ စကားေျပာညက္ေညာသလို အသက္အရြယ္ရတာေတာင္ ခႏၶာကိုယ္မွာ အခ်ိဳးက်ေျပျပစ္ေနဆဲ။ အရပ္လည္း ေထာင္ေထာင္ေမာင္းေမာင္းပါေပ။ ဒါဆိုခ်ာတိတ္က သူ႔အေမႏွင့္႐ုပ္ဆင္လို႔ ပိုၾကည့္ေကာင္းၿပီး ေသးညႇပ္ညႇပ္ျဖစ္ေနရျခင္းက အန္ကယ္နဲ႔တူလို႔ပဲျဖစ္လိမ့္မည္။
"ခန့္ခန့္လည္း ႀကိဳးစားပါတယ္။ အတန္းထဲမွာ သူအငယ္ဆုံးဆိုေတာ့ ဆရာကစ သူ႔ကိုခင္ရွာပါတယ္"
ထပ္ဆူခံေနရမည္စိုး၍ ပိိုပိုသာသာေလးေျပာေပးရေသာ္လည္း သူ႔ကိုမ်က္ခုံးတြန့္္ခ်ိဳးကာ ၾကည့္ေနသည့္ေကာင္ေလးက သေဘာမက်သည့္ႏွယ္။
"ဟုတ္လား၊ သူက ကေလးလိုပဲေနေတာ့ ေတြ႕တဲ့သူတိုင္းကေတာ့ ခ်စ္ၾကတယ္။ ေက်ာင္းစာဆိုရင္ေတာ့ ေကာင္းေကာင္းလုပ္တယ္။ ဒီသင္တန္းက် သူဝါသနာမပါတာျဖစ္ေနေတာ့ အေတာ္တြန္းေနရတယ္။ ေနဦး စကားေကာင္းေနတာ၊ သားအတြက္ အန္တီ စားစရာသြားယူဦးမယ္ ... ခဏေနာ္"
"ရတယ္ဗ် အန္တီ၊ ကၽြန္ေတာ္ ခုပဲျပန္ေတာ့မလို႔။ စားစရာေတြ တကူးတက မလုပ္ပါနဲ႔ေတာ့"
ေဇယ်ာ အတင္းကာေရာ တားေနသည့္ၾကားက အန္တီကို အေနာက္သို႔ဝင္သြားေလၿပီ။ က်န္ခဲ့သည့္အဘြားကပါ သူ႔ကိုအားမနာဖို႔ေတြ ထပ္ေျပာေနေတာ့ ျငင္းမကုန္ေလေတာ့။ ထိုင္လက္စေနရာတြင္သာ ဆက္ေန႐ုံရွိေတာ့၏။ စကားေျပာရင္း အိမ္အေျခအေနကို ေလ့လာၾကည့္ေတာ့ မိသားစုဓာတ္ပုံထက္ ခ်ာတိတ္ပုံေတြသာ ျမင္ရသည္။ အကြက္သဏၭာန္ပုံေဖာ္ထားေသာ နံရံကပ္တင္စရာေလးေတြတြင္ ေဘာင္ခတ္ထည့္ထားသည့္ ခ်ာတိတ္ပုံေတြကအျပည့္။ ၾကည့္ရတာ တစ္အိမ္လုံး၏အသည္းစြဲျဖစ္မည့္ပုံပင္။ တစ္ဦးတည္းေသာသားဆိုေတာ့လည္း ဂ်စ္ကန္ကန္မာနခဲေလးျဖစ္ေနတာ သိပ္မထူးဆန္းပါေခ်။
"သား ဖက္ထုပ္ပူပူေလးေပါင္းထားတာ သုံးေဆာင္ပါဦး။ ခန့္ခန့္က ဖက္ထုပ္ေပါင္းႀကိဳက္လြန္းလို႔ သူေက်ာင္းပိတ္ရက္ဆို ေပါင္းေပးရတာေလ။ သားေရာႀကိဳက္ရဲ့လား"
"ဟုတ္ကဲ့ဗ်၊ ကၽြန္ေတာ္စားပါတယ္"
ခ်ေပးလိုက္ေသာ ဖက္ထုတ္ေပါင္းပန္းကန္ႀကီးမွာ အမို႔အေမာက္။ စီစီရီရီထည့္ထားေသာ ဖက္ထုပ္ျဖဴျဖဴတို႔မွာ အေငြ႕တေထာင္းေထာင္းႏွင့္ စားခ်င္စဖြယ္အတိပင္။ ေဇယ်ာ သည္လိုေထြလီကာလီေတြ သိပ္မစားတတ္ေသာ္ျငား အိမ္ရွင္ေက်နပ္ေအာင္ တူတစ္ေခ်ာင္းယူကာ ႏွိုက္မည္အျပဳ၊
"ေမေမ သားအတြက္ က်န္ေသးရဲ့လား"
ေဇယ်ာ့လက္တန္ရွည္ႀကီး ရပ္တန႔္မိသြားသည္။ သူေမးသလို က်န္ရဲ့လားမသိ။ ခ်ာတိတ္ကအလိုလိုမွ မၾကည္ျဖဴသူဆိုေတာ့ စားရမည္မွာ အနည္းငယ္ေတာ့ တြန႔္သြားရေခ်၏။
"ဟဲ့ ဧည့္သည္ေရွ႕မွာ ဘယ္လိုေတြေမးေနတာလဲ။ မီးဖိုခန္းထဲမွာ အမ်ားႀကီးက်န္ေသးတယ္။ ေမာင္ေဇယ်ာကို အားနားစရာ၊ အဲ့လိုပဲ အေျပာအဆိုကမတတ္လို႔ အျမဲေျပာေနရတာ သားေရ"
"အဲလိုမစားေစခ်င္လို႔ ေမးတာမဟုတ္ပါဘူး၊ က်န္ေသးရဲ့လားပဲ ေမးတာပါ။ စား .. စား အဲ့လူႀကီး"
"ေသခ်ာတယ္ေနာ္"
စသေယာင္ႏွင့္ အတည္ျပဳေမးေတာ့ ေခါင္းတဆတ္ဆတ္ညိတ္ျပပုံက တကယ့္ကေလးတစ္ေယာက္အတိုင္း။ သည္ေတာ့မွသာ ေဇယ်ာ တူတစ္စုံကိုရဲရဲကိုင္လိုက္နိုင္တာျဖစ္သည္။ အလယ္စားပြဲေပၚက ဖက္ထုပ္ပန္းကန္ေလးကမူ မတည့္ၾကသူႏွစ္ေယာက္၏ ေျမစာပင္ကေလး ျဖစ္လို႔ေနေလ၏။
......................
UCSY ၏ ေဟာခန္းမႀကီးထဲတြင္ ေက်ာင္းသား၊ ေက်ာင္းသူအမ်ားအျပား စုေဝးေနၾကသည္မွာ ဟိုတစ္စု၊ သည္တစ္စု။ စင္ျမင့္၏ေဘးတစ္ဖက္တစ္ခ်က္စီတြင္ နိုင္ငံေတာ္အလံႏွင့္ ကြန္ပ်ဴတာတကၠသိုလ္ကိုယ္စားျပဳ အျပာႏုေရာင္အလံတို႔ကလည္း တလြင့္လြင့္။ အလယ္တြင္ေတာ့ သစ္သားခုံတခ်ိဳ႕ႏွင့္ စားပြဲတစ္ခုက ေနရာယူထားေလ၏။
စင္ျမင့္ေအာက္တြင္ေတာ့ စားပြဲခုံမ်ားက ၿပိဳင္ပြဲဝင္မည့္အဖြဲ႕အေရအတြက္အလိုက္ ခ်ခင္းထားသည္မွာ အစီအရီ။ ၿပိဳင္ပြဲဝင္မည့္သူမ်ားကလည္း အႀကိတ္အႏွယ္ စာေဆြးေႏြးၾကသလို၊ လာေစာင့္ၾကည့္သူမ်ားကလည္း စကားတေျပာေျပာႏွင့္ ခန္းမတစ္ခုလုံး ႂကြက္ႂကြက္ညံေနေလ၏။
ခဏၾကာလၽွင္ ျမန္မာနိုင္ငံကြန္ပ်ဴတာပညာရွင္အသင္းမွ ႀကီးမွူးက်င္းပေသာ MCPA Quiz စေတာ့မည္ျဖစ္သည္။ ထိုၿပိဳင္ပြဲမွာ နိုင္ငံတစ္ဝွမ္းမွ ကြန္ပ်ဴတာတကၠသိုလ္မ်ား၊ နည္းပညာတကၠသိုလ္မ်ားႏွင့္ အျခားတကၠသိုလ္မ်ားမွ ေက်ာင္းသူ/သားမ်ား IT ပညာရပ္ဆိုင္ရာ အသိပညာမ်ားတိုးပြါးေစခ်င္းငွါ၊ Teamwork ႏွင့္ လုပ္ေဆာင္တတ္ေစျခင္းငွါ၊ နိုင္ငံတကာ IT contest မ်ားအတြက္ အသင့္ျဖစ္ရန္အလို႔ငွါ ရည္ရြယ္က်င္းပေသာ ၿပိဳင္ပြဲတစ္ခု ျဖစ္၏။
တတိယႏွစ္ေက်ာင္းသား ခန႔္ခန႔္သည္ ထိုပြဲ၏ၿပိဳင္ပြဲဝင္ေတြထဲမွ တစ္ေယာက္ပင္။ ဂိမ္းအေဆာ့မက္သူမွာ ေက်ာင္းတြင္ေတာ့ Roll 1 to 20 ၾကား အျမဲဝင္ေအာင္ႀကိဳးစားတတ္သူပါေပ။ စာေမးပြဲေအာင္စာရင္းထြက္လို႔ Rollေကာင္းလၽွင္ ခန့္ခန့္လိုခ်င္သမၽွ မိဘေတြက မညည္းမညဴဝယ္ေပးတာမို႔ စာႀကိဳးစားျဖစ္သည္။ ပုံမွန္ဆိုလည္း ဝယ္ေပးတာမွန္ေပမဲ့ ခန႔္ခန႔္ကိုက တစ္ခုခုလိုခ်င္တိုင္း စာႀကိဳးစားျပၿပီးမွ ေတာင္းယူတတ္တာ ငယ္ငယ္ကတည္းက စြဲလာသည့္အက်င့္တစ္ခု ျဖစ္ေနသည္။ သို႔ေပမဲ့ တစ္ႏွစ္စာ လူေလး၊ ငါးရာရွိသည့္ေက်ာင္းတြင္ Rollေကာင္းဖို႔ဆိုသည္မွာလည္း လြယ္လြယ္ေတာ့ရသည္မဟုတ္၊ စာဂ်ပိုးမိန္းကေလးမ်ားၾကား အၿပိဳင္အဆိုင္ စာက်က္၊ စာတြက္နိုင္မွသာပင္။
"ခန့္ခန့္ စိတ္လွုပ္ရွားေနၿပီလား"
စာျပန္ၾကည့္ရင္းေတြးေနခိုက္ Quiz အတူၿပိဳင္မည့္ မမဖူးမွေမးလာျခင္း ျဖစ္သည္။ အဖြဲ႕လိုက္ယွဥ္ၿပိဳင္ရျခင္းမ်ိဳးမို႔ ခန႔္ခန႔္တို႔အဖြဲ႕က စုစုေပါင္းသုံးေယာက္ ပါဝင္ေလသည္။ မမဖူးႏွင့္မမပန္းက ပဥၥမႏွစ္မွစီနီယာအစ္မမ်ားျဖစ္ၿပီး စာလည္းေတာ္၊ ႐ုပ္လည္းေခ်ာၾကေတာ့ ေကာင္ေလးမ်ားဝိုင္းဝိုင္းကိုလည္လို႔ပင္။ တစ္ခါမွဝင္မၿပိဳင္ဖူးေသးေသာ သည္ပြဲကိုလည္း မမဖူးကပင္ သူ႔ကိုကမ္းလွမ္းခဲ့တာျဖစ္၏။
"ဟုတ္တယ္။ ကၽြန္ေတာ္ ဒီႏွစ္မွစၿပိဳင္ဖူးတာဆိုေတာ့ စိတ္လွုပ္ရွားေနတာ။ မမဖူးတို႔က Networking ပိုင္း ေသခ်ာေျဖေပးေနာ္။ ကၽြန္ေတာ္ မသင္ရေသးေတာ့ လိုက္ဖတ္ထားတာနဲ႔တင္ မေျဖနိုင္မွာစိုးတယ္"
"အမေလးရွင္.. ခန့္ခန့္တို႔မ်ား ႏွိမ့္ခ်တတ္ရန္ေကာ။ တတိယႏွစ္နဲ႔ programmer ေပါက္စေလးျဖစ္ေနတာ ဘယ္သူလဲ၊ ေျပာ"
နာမည္ႏွင့္လိုက္ေအာင္ မ်က္ႏွာဖူးဖူးေလးရွိသူမမက သူ႔အားမ်က္ေစာင္းေလး ဟန္ေဆာင္ထိုးရင္း ခ်ီးက်ဴးေျပာဆိုရွာသည္။ ခန႔္ခန႔္ အမွန္တကယ္ပင္ ေၾကာက္ေနျခင္းျဖစ္သည္။ ေက်ာင္းတြင္းအဆင့္ၿပိဳင္ပြဲဆိုေပမဲ့ အႀကီးတန္းေတြပဲ ဝင္ၿပိဳင္ၾကတာမို႔ သူမေၾကာက္ရိုးရွိေလမလား။ အစ္မေတြက သူ႔ကိုအခြင့္အေရးေပးေခၚလို႔သာ ပါဝင္ခြင့္တာရွိတာျဖစ္သည္။ သည္လိုအေရးေပးဆက္ဆံခံရေတာ့ တခ်ိဳ႕ေယာက်္ားေလးမ်ားဆို သူ႔ကိုမေက်နပ္ၾကပါေလ။ အထူးသျဖင့္ Cခန္းက ငKingပင္။
"Programmer မျဖစ္ေသးပါဘူးဗ်ာ။ ေဖေဖ့ဆီမွာ နည္းနည္းပါးပါးဝင္လုပ္ရင္း သိေန႐ုံပါပဲ။ မမဖူးတို႔သာဆို ခဏနဲ႔ကၽြမ္းက်င္အဆင့္ျဖစ္မွာ၊ ဟိုတစ္ခါေရးထားတဲ့ App ေလးဆို ေဖေဖကိုျပၾကည့္တာ သေဘာက်တယ္တဲ့"
"ကဲ ေဒၚဖူးေရ ... သေဘာက်တယ္တဲ့။ ေနာက္တစ္ျဖတ္ အလုပ္သင္ဆင္းဖို႔ ခန႔္ခန႔္ကိုပဲ အပူကပ္ထားၾကဦးစို႔"
"အစ္မတို႔ေသခ်ာတယ္ဆို ကၽြန္ေတာ္ ေျပာေပးလို႔ရတယ္ေနာ္။ စာေတာ္တဲ့သူေတြမို႔ ေဖေဖ့ကိုအာမခံေပးရဲတယ္"
တအုန္းအုန္းေျပာေနၾကေသာ စကားသံေတြၾကားတြင္ တိုးေပါက္ေအာင္ေျပာေနၾကသည္က တကယ္မလြယ္။ သို႔ေပမဲ့ သူတို႔ရေအာင္ေျပာရင္း ခဏေနစေတာ့မည့္ပြဲအတြက္ ရင္ခုန္ေနၾကဆဲျဖစ္သည္။ စာေမးပြဲေျဖသလို ခ်ေရးရတာမ်ိဳးမဟုတ္ဘဲ ဦးသူေျဖစနစ္က သိပ္စိတ္လွုပ္ရွားဖို႔ေကာင္းသည္။ ေက်ာင္းတြင္းပထမျဖစ္လၽွင္ ဆုရ႐ုံမက နိုင္ငံအဆင့္ထပ္ၿပိဳင္ၾကရဦးမည္ပင္။
"ကဲပါ တို႔ေတြေလေနာက္မွေပါရမယ္၊ စာေတြပဲျပန္ၾကည့္ရေအာင္ .. လာ"
ကြန္ပ်ဴတာယူနီေဖာင္း အျဖဴ၊ အျပာႏွင့္ သူတို႔သုံးဦးသား ရယ္ရယ္ေမာေမာႏွင့္ပင္ စာျပန္ၾကည့္ၾကေလ၏။ သည္တြင္ ခန္းမေထာင့္တစ္ေနရာက သူတို႔အားစိုက္ၾကည့္ေနေသာ မ်က္ဝန္းတစ္စုံကိုေတာ့ ခန႔္ခန႔္ သတိမထားမိခဲ့ပါေခ်။
...........................
ညေနခင္းေနေရာင္က တျဖည္းျဖည္းအရွိန္က်လာသည္။ ေမွာ္ဘီက စထြက္,ထြက္ခ်င္းတြင္ ရဲရဲေတာက္ေနလုံးမွာ ထန္းတစ္ပင္အျမင့္နီးနီး ရွိေသးရာက အခုမူေတာ့ လုံးလုံးမျမင္ရေတာ့ေခ်။ အေနာက္ဘက္ေကာင္းကင္တစ္ခြင္တြင္ နီရဲေသာတိမ္စိုင္တခ်ိဳ႕သာ ႀကီးစိုးေနရာယူထားေလ၏။ လမ္းတစ္ေလၽွာက္ျမင္ေနရေသာ သစ္ရြက္၊ သစ္ခက္တို႔မွာ ေနအလင္းေရာင္ကို ေကာင္းစြာမရရွိေတာ့ေခ်။ ကားေမာင္းရင္းပင္ လတစ္ျခမ္းေလးကို လွမ္းျမင္ေနရၿပီျဖစ္၍ မၾကာခင္တြင္ ကမၻာေျမအား အေမွာင္ထုႀကီးစိုးေတာ့မည္မွာ မလြဲဧကန္ပင္ျဖစ္သည္။
ဟိန္းေဇယ်ာတစ္ေယာက္ ေမွာ္ဘီဘက္မွ ၿခံဝင္းတစ္ခုအား ဝယ္သင့္၊ မဝယ္သင့္ သြားၾကည့္ၿပီးျပန္အလာတြင္ေတာ့ မိုးစုန္းစုန္းခ်ဳပ္ေတာ့မည္ထင္သည္။ ႐ုံးျပန္ဖို႔လည္းအခ်ိန္မရေတာ့တာမို႔ မင္းမင္းကိုသာ ဖုန္းဆက္ဖို႔သာရွိေတာ့၏။ မင္းမင္းမွာ ေဖေဖ့ကိုကူေနသည့္ ဘဘ၏သားဆိုေပမဲ့ ေဇယ်ာတို႔မိဘေတြ ေက်ာင္းထား၊ ထိန္းေက်ာင္းေပးခဲ့ျခင္းျဖင့္ သူ႔မ်က္စိေရွ႕တြင္ပင္ စီးပြားေရးဘြဲ႕ရတစ္ေယာက္ ျဖစ္လာေလၿပီ။ ေဇယ်ာ့ထက္ သုံးႏွစ္ေလာက္ငယ္ေသာ္ျငား အလုပ္လုပ္ရာတြင္ စိတ္ခ်ယုံၾကည္ရကာ ေတာ္႐ုံမ်က္ႏွာလႊဲလို႔ရသူပင္။
တတူတူျမည္ေနေသာဖုန္းသံကို အာ႐ုံစိုက္ရင္း ကားကိုျဖည္းျဖည္းမွန္မွန္ပဲ ေမာင္းေနမိသည္။
"မင္းမင္းေရ ငါ ျပန္မေရာက္ျဖစ္ေတာ့ဘူး။ မင္း ၾကည့္သိမ္းလိုက္ေတာ့၊ မမူကိုလည္း မနက္ျဖန္မွေတြ႕ေတာ့မယ္မွာထား"
"..."
"ေအးပါ၊ ဒီလမကုန္ခင္ေတာ့မွာဖို႔ အခ်ိန္ရပါေသးတယ္ ..... မင္းမင္း ဒါပဲေနာ္"
ေျပာလက္စကိုျဖတ္ကာ ဖုန္းအျမန္ခ်လိုက္ေသာ ေဇယ်ာသည္ အေရွ႕လမ္းေဘးနားက ရန္ျဖစ္ေနၾကေသာ ေကာင္ေလးအုပ္စုကိုျမင္သြားျခင္းေၾကာင့္ပင္။ လီဗာကိုနင္းေနေသာ ညာေျခေထာက္အား ေျဖေလၽွာ့ပစ္မိတာ မဆိုင္းမတြ။ ေနေရာင္သိပ္မရွိလွေတာ့ေပမဲ့ ယူနီေဖာင္းအျဖဴ၊ အျပာဝတ္ထားသည့္ ေကာင္ေလးေတြကိုေတာ့ လူလုံးကြဲစြာ ျမင္ေနရေသး၏။
အျဖဴ၊ အျပာ ... ဒါသည္ကြန္ပ်ဴတာယူနီေဖာင္းမွန္း ေဇယ်ာတပ္အပ္သိသည္။ ဒါထက္ပိုထူးျခားတာက ရန္ျဖစ္ေနၾကသည့္ထဲမွတစ္ေယာက္မွာ ေသးေသးေကြးေကြးႏွင့္ စိုင္းမင္းခန့္ပုံစံအတိုင္း။ ေရာက္ေနတာလည္း ကြန္ပ်ဴတာေက်ာင္းနားဆိုေတာ့ ေသခ်ာေပါက္ဟုတ္ပါလိမ့္မည္။ ေဇယ်ာ ခ်က္ခ်င္းပဲ ကားကို သူတို႔ဆြဲလား၊ ရမ္းလားႏွင့္ ရန္ပြဲျဖစ္ေနသည့္လမ္းေဘးထိ ဆြဲခ်ရပ္လိုက္၏။ ႐ုန္းရင္ဆန္ခတ္ျဖစ္ေနခ်ိန္ ဟြန္းသံရွည္ပါတီးၿပီး ဆင္းလိုက္တာမို႔ ေလးေယာက္အုပ္စုက ေသခ်ာေပါက္လွည့္ၾကည့္လာသည္။
ေသခ်ာေပါက္ စိုင္းမင္းခန႔္ပါပဲ။
"ေဟး"
ခြပ္!!
စိုင္းမင္းခန႔္ သူ႔ကိုေၾကာင္ၿပီးေငးလာခ်ိန္ ႐ုတ္တရက္လွုပ္ရွားလာေသာလက္သီးခ်က္က ထိုေကာင္ေလးမ်က္ႏွာတည့္တည့္ကို ေရာက္လုဆဲဆဲပင္။ ဒါမို႔ ေဇယ်ာအျမန္ေျပးရင္း ေအာ္လိုက္ေပမဲ့ အခ်ိန္မမွီေခ်။ စကၠန႔္ပိုင္းအတြင္း ခန့္ခန့္ ဖင္ထိုင္လ်က္လဲက်သြားသည္။ သူဝင္လာမွ အငိုက္ကိုဖမ္း၍ တစ္ဖက္ေကာင္ေလးက ထိုးလိုက္ျခင္းပင္။
"မင္းတို႔ေတြ ဘာလုပ္တာလဲ"
သူ႔အသံျပဳၿပီး ဦးတည္လာတာေတာင္ ခ်ာတိတ္ကိုထိုးသည့္တစ္ေယာက္က ေဇာင္းႂကြေနဆဲ။ ေဘးကႏွစ္ေယာက္မွာ ေၾကာင္အမ္းေနေပမဲ့ ထိုတစ္ေယာက္ကေတာ့ လဲေနသည့္ခ်ာတိတ္ကို ထပ္ထိုးဟန္ျပင္ေနတာမို႔၊
ခြပ္!!
ေဇယ်ာ ေဒါသထြက္လြန္ၿပီး သူထက္ေတာ္ေတာ္ငယ္မည့္ ေကာင္ေလးကို လက္ျပန္ဆြဲကာ အားပါပါထိုးခ်လိုက္သည္။ လဲက်သြားသည့္ေကာင္ေလးမွာ သူ႔ကိုအျငႇိုးတႀကီးၾကည့္သလို ေဇယ်ာသည္လည္း မ်က္ႏွာမလႊဲတမ္းၾကည့္ေနလိုက္တာ စူးစူးရွရွ။ ထိုအခ်ိန္တြင္း က်န္ေကာင္ေလးႏွစ္ေယာက္က သူတို႔သူငယ္ခ်င္းကို ျပန္ထူေပးၾကသည္။ ျပန္ထိုးဖို႔သူ႔ကိုၾကည့္ေနသည့္ေကာင္ကေတာ့ တြန႔္ဆုတ္ေနမွန္းအသိသာႀကီး။
"မင္းတို႔ေကာင္ေတြ ေအးေအးေဆးေဆးထြက္သြား"
ေဇယ်ာ သူ႔အသံကို အတည္ၿငိမ္ဆုံးျဖစ္ေအာင္ေျပာေပမဲ့ အနည္းငယ္တုန္ခါစြာထြက္ေပၚလာသည္။ ထိုေကာင္ေလးကေတာ့ ထၿပီးတာေတာင္ လဲေနေသးသည့္ခ်ာတိတ္ကိုၾကည့္ရင္း ရန္ၿငိဳးဆက္ဖြဲ႕ေနေသးတာပင္။
"မင္းနဲ႔ငါေတြ႕ဦးမယ္"
"စိုင္းမင္းခန့္နားက ထြက္သြားလို႔ ငါေျပာေနတယ္"
"လာပါကြာ၊ ထပ္ထိုးေနဦးမယ္"
"လာလာ"
ေဇယ်ာႏွုတ္မွ ခပ္ၾကမ္းၾကမ္းအသံႏွင့္ ေျပာဆိုပါမွ သုံးေယာက္သား ခပ္သုတ္သုတ္ထြက္သြားေတာ့၏။ သည္အခ်ိန္မွ ေျမျပင္တြင္ ထိုင္လ်က္လဲက်ေနေသာ ခ်ာတိတ္ကို ေဇယ်ာ လက္ကမ္းေပးလိုက္သည္။ ႀကီးမားေသာလက္ဖဝါးျပင္တြင္ ေသးႏုႏုလက္ဖဝါးတစ္ဖက္ ထပ္ရင္းဆုပ္ကိုင္လာေလတာ ေနေရာင္မသဲမကြဲေအာက္တြင္ေတာင္ ပနံစားေနေလသည္။ ေႏြးေထြးႏူးညံ့ေသာအေတြ႕ကလည္း သူ႔ကိုတစ္မ်ိဳးခံစားသြားေစသည္။ သို႔ေသာ္ ထိုအေတြ႕အာ႐ုံကို ခံစားလိုက္မိသည္က အခ်ိန္အားျဖင့္ မ်က္ေတာင္တစ္ခတ္စာမၽွသာ။
"ရရဲ့လား ခ်ာတိတ္"
"ေအးေဆးပါ"
ဘယ္ဘက္ပါးတစ္ျခမ္းလုံးရဲေနၿပီး ႏွုတ္ခမ္းမွာလည္း ေသြးစေတြႏွင့္ဟာကို ေအးေဆးပါတဲ့ေလ။ ေကာင္ေလးကလြယ္အိတ္ကို ဟိုသည္ခါေတာ့ ေဇယ်ာက ျမက္ခင္းတြင္က်ေနေသာ အထုပ္ႀကီးကို ေကာက္ယူကိုင္လိုက္သည္။
"ခဏေနရင္ မိုးခ်ဳပ္ေတာ့မယ္၊ ကိုယ့္ကားနဲ႔ပဲ လိုက္ခဲ့ေတာ့"
"ေတာ္..."
"ျငင္းမယ္မႀကံနဲ႔ ... လူႀကီးကလိုက္ခဲ့ဆို လိုက္ရမွာေပါ့"
သည္တစ္ခါေတာ့ မထားရစ္ခဲ့ခ်င္ေပ။ ဒါမို႔လည္း ေလသံျမႇင့္ေျပာရင္း ဇြတ္ေခၚဖို႔ျပင္၏။ ေကာင္ေလးၾကည့္လိုက္ေတာ့လည္း ဆက္မျငင္းေတာ့တာမို႔ အဆင္ေျပသြားသည္။ ဟိုတစ္ခါလို တစ္ခုခုျဖစ္သြားပါမွ စိတ္မေကာင္းရတာမ်ိဳး သူမျဖစ္ခ်င္။
ေဇယ်ာေရွ႕မွေန၍ ကားဆီေလၽွာက္ေတာ့ ထိုေကာင္ေလးေဘးခ်င္းကပ္လိုက္လာသည္။ သူ႔ပုခုံးစြန္းသာသာတြင္ရွိေသာ မ်က္ႏွာေသးေသးကို ေစာင္းငဲ့ၾကည့္ေတာ့ ေဒါသေျပေသးပုံမရေခ်။ ဘာေတြျဖစ္ၾကသည္မသိ၊ သူေမးရင္ ေကာင္ေလးေျဖေလာက္မည္လား။ မေမးဘဲလည္းမေနနိုင္၊ ေဇယ်ာ့စိတ္ထဲတြင္ အေမးေတြပလုံစီေနတာ ဆပ္ျပာပူေပါင္းေလးေတြအလား။
အိမ္မွာ ကေလးလိုေနတတ္ၿပီး သူနဲ႔ဆို ဂ်စ္ကန္ကန္ျဖစ္ေနတတ္သည့္ မာနခဲေလးက ေက်ာင္းမွာဘာေၾကာင့္ရန္ျဖစ္ရသနည္း။ သူ႔မိခင္ေျပာပုံအရေတာ့ ေက်ာင္းစာလည္း ႀကိဳးစားသည့္ပုံပါပဲ။ ခုနက ေကာင္ေလးေတြလို ကေလကေခ်ပုံစံေတာ့လည္း ေပါက္မေနလွ။ အျပင္အဝတ္အစားပဲျဖစ္ျဖစ္၊ ေက်ာင္းယူနီေဖာင္းပဲျဖစ္ျဖစ္ သပ္သပ္ရပ္ရပ္ျဖစ္ေအာင္ ဝတ္တတ္တာသူ႔မ်က္ျမင္ပင္။ ဒါဆို သုံးေယာက္တစ္ေယာက္ အနိုင္က်င့္ခံရေလသလား။ ေဇယ်ာ မေနနိုင္ေတာ့ဘဲ ေမးျမန္းဖို႔သာေတြးလိုက္သည္။
"ငယ္ငယ္ရြယ္ရြယ္နဲ႔ ရန္ျဖစ္ရသလား ခ်ာတိတ္ရ"
"ခ်ာတိတ္မဟုတ္ပါဘူးဆို။ နာမည္ရွိတယ္၊ စိုင္းမင္းခန႔္ဗ် ... မွတ္ထား"
"မင္းေတာင္ အဲ့လူႀကီးေခၚေသးတာပဲ၊ ကိုယ္လည္း ခ်ာတိတ္ပဲေပါ့"
ရန္ျဖစ္သည့္ေနရာက ဆြဲေခၚလာတာေတာင္ သူတို႔ႏွစ္ေယာက္မွာမူ နာမည္ကိစၥႏွင့္ ျငင္းခုံလို႔မၿပီးမစီးနိုင္။ ကားနားလည္းေရာက္လာၿပီမို႔ ေဇယ်ာက လူႀကီးပီပီ မာနခဲအား ကားတံခါးဖြင့္ေပးၿပီး တက္ေစလိုက္၏။ အိတ္တစ္ဖက္၊ အထုပ္တစ္ဖက္ႏွင့္ မတက္ခင္ကို ေဇယ်ာ့အား ေသခ်ာၾကည့္ျဖစ္ေအာင္ ၾကည့္ေသးသူပင္။ မ်က္လုံးဝိုင္းဝိုင္း၊ ပါးေဖာင္းေဖာင္းႏွင့္ ေသြးစြန္းေနေသာႏွုတ္ခမ္းဖူးဖူးကလည္း စူထြက္ေနသလား၊ ေယာင္ေနသလားမေျပာတတ္။ မတတ္ေသးဘဲ ဘာၾကည့္သလဲဆိုသည့္အထာႏွင့္ ေမးဆတ္ျပေလမွ ခ်ာတိတ္က ပုဆိုးစကေလးအနည္းငယ္မကာ အထဲဝင္ေလသည္။
ေဇယ်ာလည္း တစ္ဖက္မွေန၍ ကားေပၚေရာက္ပါမွ ဒဏ္ရာကို ေသခ်ာၾကည့္ေပးရသည္။
"အေတာ္နာသြားလား"
"နည္းနည္းရွိန္းေန႐ုံပါပဲ"
သည္ေကာင္ေလး ညာေနတာပင္။ ေနာက္ဆုံးအငိုက္မိသြားသည့္ထိုးခ်က္က အရွိန္နည္းတာမွမဟုတ္။ ပစ္လဲက်သြားတာေရာ၊ ရဲေသြးနီေနသည့္ ပါးမို႔မို႔ႏွင့္ ႏွုတ္ခမ္းစပ္တို႔က သက္ေသျပေနေလ၏။ သည္ပုံစံအတိုင္း အိမ္ျပန္လၽွင္ ေသခ်ာေပါက္အဆူခံရဦးမွာပင္။ လမ္းတစ္ေနရာရာမွာ ေဆးဆိုင္ရွာၿပီး ေဆးထည့္ေပးရမည္ဟုသာ ေတးထားလိုက္မိ၏။
"ေရေတာ့ေသာက္လိုက္ဦး၊ မင္းလန့္သြားမွာပဲ"
ေရဗူးပါကင္ဖြင့္ေပးၿပီး ကမ္းလိုက္ေတာ့ မျငင္းရွာပါေပ။ နာရီအလီလီၾကာေအာင္ ေရဆာေလာင္ထားသူတစ္ဦးႏွယ္ ေမာ့ေသာက္ေနလိုက္တာ တေမ့တေမာ။ ျဖဴစြတ္စြတ္လည္ပင္းရွိ အဖုေလးမွာေတာ့ အထက္ေအာက္စုန္ဆန္ခ်ည္လို႔ေနသည္။ ႏွုတ္ခမ္းစပ္က ေသြးစတခ်ိဳ႕ျမင္ေတာ့ ခုနကေကာင္ေလးေတြကို ေဇယ်ာ စိတ္တိုမိျပန္၏။ သည္ေလာက္ႏုနယ္သည့္မ်က္ႏွာမွာ ေသြးစေသြးနတို႔ႏွင့္ လုံးဝမအပ္စပ္ေလာက္ေအာင္ သိမ္ေမြ႕ေခ်ာေမာလြန္းေနတာမလား။
"ဒါဆို ကိုယ္ေမာင္းၿပီေနာ္"
ေကာင္ေလးမွာ ေခါင္းတဆတ္ဆတ္သာညိတ္ၿပီး သူ႔ကိုစကားျပန္ေဖာ္မရ။ လြယ္အိတ္ႏွင့္အထုပ္ႀကီးၾကားက ခါးပတ္,ပတ္ဖို႔ အလုပ္ရွုပ္ေနတာပင္။ ေဇယ်ာ ကားကိုေျဖးေျဖးေမာင္းထြက္ရင္း၊
"ေျပာပါဦး၊ ဒီလိုႏုႏုနယ္နယ္ခ်ာတိတ္က ဘာလို႔ရန္ျဖစ္ရတာလဲ။ သူငယ္ခ်င္းေတြ သက္သက္အနိုင္က်င့္တာလား"
"အနိုင္က်င့္ခံရတာေတာ့ မဟုတ္ပါဘူး။ အဲေကာင္ႀကိဳက္ေနတဲ့ အမႀကီးနဲ႔ကၽြန္ေတာ့္ကို အထင္လြဲၿပီးလာထိုးတာ"
"ဘယ္လို!"
အေၾကာင္းအရာမစုံေတာ့ ေဇယ်ာသိပ္နားမလည္။ ဒါမို႔အေမးသေဘာႏွင့္ တစ္ဖက္ေစာင္းငဲ့ၾကည့္ေတာ့ ေကာင္ေလးက စိတ္မရွည္ဟန္ျဖင့္ ေလပူတစ္ခ်က္ မွုတ္ထုတ္ေလသည္။ သို႔ေပမဲ့ မေျပာျပတာမ်ိဳးလည္းမဟုတ္။
"ဟူး ... ဒီလိုဗ်ာ။ ဒီေန႔ Quiz ေျဖတဲ့အထဲမွာ အဲေကာင္ႀကိဳက္ေနတဲ့မမဖူးက ကၽြန္ေတာ္တို႔နဲ႔တစ္ဖြဲ႕တည္း။ အဲဒါမဖူးနဲ႔မပန္းက မျပန္ပါနဲ႔ဦး၊ အတူညေနစာစားၾကမယ္ဆိုၿပီး Canteen ထိုင္တယ္၊ ျပန္ေတာ့လည္း သုံးေယာက္တူတူျပန္လာတာပါ။ မမပန္းအေဆာင္ကို အရင္ပို႔၊ ၿပီးမွ မမဖူးကို ျပန္လိုက္ပို႔ေပးတာ။ ဒါကိုႏွစ္ေယာက္တြဲသြားတာျမင္လို႔ ရန္လာစတာ ... အရင္တစ္ခါလို"
"အရင္တစ္ခါလို ဟုတ္လား။ ဆိုေတာ့ ... အရင္တစ္ခါကလည္း အထိုးခံရတာပဲလား။ ဟာ ... အဲကတည္းက ဆရာမတိုင္မွေပါ့"
"ဟာ ... အဲ့လူႀကီး စကားဆုံးေအာင္နားေထာင္ပါဦး။ အရင္တစ္ခါက မမဖူးနားမကပ္နဲ႔ဆိုၿပီးပဲ ရန္စကားလာေျပာတာ။ ၿပီးေတာ့ ဒီေန႔ လည္း သူပဲထိုးတာမဟုတ္ပါဘူး၊ ကၽြန္ေတာ္လည္း ေအာက္ကေနပင့္ထိုးလိုက္တာ အဲေကာင္ေသြးဆို႔ေနေလာက္ၿပီ"
လူေကာင္သာေသးသည္၊ အေတာ္ေတာ့ ဂ်စ္သည့္အမ်ိဳး။ သူလည္းထိုးလိုက္ရေၾကာင္းကို ေသခ်ာရွင္းျပေနတာ ကိုယ္ဟန္အမူအရာတို႔ႏွင့္။ ေဇယ်ာ မရယ္ရက္တာမို႔ ေဘးဘက္ကားမွန္ၾကည့္ရင္းသာ ရယ္ခ်င္စိတ္ကိုထိန္းလိုက္ရေသး၏။
"အဟင္း ကားမရပ္ခင္က ေတြ႕လိုက္ပါတယ္။ လူသာေသးတာ လက္သီးျပင္းသားပဲ၊ ဟိုေကာင္လန္သြားတယ္"
"ေယာက်ာ္းပဲဗ်"
ၾကည့္! ဂုဏ္ယူဝံ့ႂကြားစြာ ေျပာေနလိုက္ပုံမ်ား လက္ေဝွ႕ပြဲမွာ အနိုင္ရသူတစ္ဦးႏွယ္။ ပါးမို႔မို႔ေတြ ပိုေဖာင္းထြက္လာေအာင္ သေဘာတက်ႏွင့္လည္း ျပဳံးေနလိုက္ေသးသည္။ နီရဲေနသည့္အေရျပားေလးမွာ ထိုးခံရသည့္အရွိန္ေၾကာင့္မ်ား နာမေနေပဘူးလား။
ေဆာင္း၏ညေနကေတာ့ ခဏႏွင့္ေမွာင္ရိပ္က်လာေလၿပီ။ ၿမိဳ႕ထဲလည္း ဝင္စျပဳလာၿပီမို႔ မီးေရာင္ထြန္းထားသည့္ ဆိုင္တန္းတခ်ိဳ႕လည္း တစ္စတစ္စေတြ႕လာရၿပီပင္။ ေဆးဆိုင္ရွာရင္းေမာင္းေနရသည္မို႔ ကားကိုျဖည္းညင္းစြာ တလိမ့္လိမ့္။
"ဟင္ ... ဘာလို႔ရပ္လိုက္တာလဲ"
"ေဆးဝယ္ၿပီး ထည့္ေပးမလို႔၊ ခဏေစာင့္ေနခဲ့"
ခါးပတ္ကိုခၽြတ္ၿပီး ပိုက္ဆံအိတ္ယူထြက္ခဲ့လိုက္သည္။ ေကာင္ေလးတားသံကို ဘယ္ဘက္နားကဝင္ေစၿပီး ညာဘက္နားကပင္ အလ်င္အျမန္ထြက္ေစလိုက္တာပင္။ သည္ပုံစံႏွင့္ အိမ္ျပန္လၽွင္ ဆူခံရမွာ က်ိန္းေသပဲမလား။
အျပင္ထြက္လိုက္မွ ေမွာင္ေနၿပီျဖစ္ေသာ ဝန္းက်င္မွာ လူသူမကြဲခ်ိန္ထိ ေရာက္လာေခ်ၿပီ။ ေဇယ်ာ လိုအပ္သည့္ေဆးေတြဝယ္ၿပီး ကားေပၚအျမန္ျပန္တက္ခဲ့တာ ေလအလ်င္အတိုင္း။ ထိုခ်ာတိတ္ကေတာ့ သူ႔ကိုခပ္ေၾကာင္ေၾကာင္ ေငးၾကည့္ေနခဲ့တာပင္။
"လွည့္ ဒီဘက္၊ ကိုယ္ ေဆးထည့္မယ္"
"ေတာ္ပါၿပီ၊ ကၽြန္ေတာ့္ဘာသာ ထည့္မယ္"
"ေမွာင္ေနတာကို ေသခ်ာဘယ္ျမင္ရမလဲ။ လွည့္မွာသာလွည့္၊ ကိုယ္ထည့္ေပးမယ္"
ေဇယ်ာေျပာရင္း ခန့္ခန့္ေမးစြန္းကို လက္ႏွင့္အသာဆြဲလွည့္ယူလိုက္သည္။ ဒဏ္ရာေသခ်ာၾကည့္ရတာမို႔ ႏွစ္ဦးသားနီးကပ္သြားေလတာ ၾကားတြင္တစ္ေပအကြာအေဝးပင္ မရွိတရွိ။
"ေပါက္သြားတာ မ်ားတာပဲ။ နည္းနည္းစပ္မယ္ေနာ္၊ ခဏေလးပဲသည္းခံ"
"အင္း"
ေသြးစတခ်ိဳ႕ကို သန႔္စင္ေပးၿပီးမွ ေဆးထည့္ေပးေတာ့လည္း ၿငိမ္ခံရွာပါသည္။ တစ္ခ်က္တစ္ခ်က္ တြန႔္သြားခ်ိန္တြင္ေတာ့ ေဇယ်ာ့လက္ေခ်ာင္းတို႔ကို လာထိန္းခ်ဳပ္တတ္သည္။ မ်က္ဝန္းတြင္လည္း ေဆးထပ္မတို႔ဖို႔ အသနားခံေနသည့္ႏွယ္။ 'ခဏေလးပဲ၊ ၿပီးေတာ့မယ္' ဟုေျပာေပးမွသာ ထိုလက္ေခ်ာင္းတို႔မွာ ေအာက္သို႔ခ်သြားေလသည္။ သို႔ေပမဲ့ ဘယ္လိုမွခ်မသြားေသာ ခ်ာတိတ္၏မ်က္ဝန္းဝိုင္းဝိုင္းကေလးမွာမူ သူ႔၏လုပ္ေဆာင္ခ်က္တိုင္းကိုသာ လိုက္ၾကည့္ေနတာပင္။
ေဇယ်ာလည္း ျပန္မၾကည့္မိဘူးဟုဆိုလၽွင္ ကိုယ့္ကိုယ္ကိုယ္ ညာရာက်လိမ့္မည္။ မာယာေတြမပါေသာမ်က္ဝန္းေပမဲ့ ၾကည္ရွင္းကာညႇို႔ယူေနပုံက ဒ႑ာရီထဲက နတ္သားေလးတစ္ပါးအတိုင္း။ ရစ္ေႏွာင္မိေနေသာ ထိုအၾကည့္တြင္ ေမ်ာပါေနမိတာေၾကာင့္ ေဆးထည့္ေပးေနတာကို အာ႐ုံျပန္ကပ္ရသည္မွာ အခါခါ။
ဟိန္းေဇယ်ာ သည္ေန႔ဘယ္လိုေတြ ျဖစ္ေနပါသလဲ၊ ခ်ာတိတ္အၾကည့္ေတြကို အဘယ္ေၾကာင့္ မလႊဲဖယ္နိုင္ေနပါသလဲ။
"အဲ့လူႀကီး"
"ဟင္"
"အဲ့လူႀကီးေပၚ ေက်းဇူးေႂကြးမတင္ခ်င္ပါဘူးဆို ကူညီေပးေနရတာ ႏွစ္ခါေတာင္ရွိေနၿပီ"
မ်က္လုံးေလး ေပကလပ္၊ ေပကလပ္ႏွင့္ ေျပာေနသည့္မာနခဲေလးမွာ အျပစ္ျမင္စရာမေကာင္းဘဲ ခ်စ္စဖြယ္အတိ။
"ဘာျဖစ္လဲ၊ ကိုယ္ကအေႂကြးလို႔ မသတ္မွတ္ရင္ အေႂကြးမဟုတ္ဘူး"
"ဒါေပမဲ့ ကၽြန္ေတာ္မွ ..."
"ကဲ ေတာ္ၿပီ၊ စကားမေျပာနဲ႔ေတာ့။ ဒါနဲ႔ေဆးထည့္တာ ၿပီးမွာမဟုတ္ဘူး"
တကယ္ေတာ့ ၿပီးသေလာက္နီးပါး ျဖစ္ေနေလတာ ေဇယ်ာအသိဆုံးပင္။ ကိုယ့္ကိုယ္ကိုယ္ ညာေနမွန္းသိသိလ်က္ႏွင့္ အနီးကပ္ျမင္ေနရေသာ ထိုမ်က္ႏွာႏုႏုအား အခ်ိန္နည္းနည္းေလာက္ ထပ္စူးစမ္းခ်င္မိသလိုလို။ ႏူးညံ့လြန္းသည့္အသားအရည္မွာ ေမႊးညႇင္းေလးမ်ားပင္ ျမင္ေနရသည္ထိ။ ေသြးစြန္းေနသည့္ ႏွုတ္ခမ္းေလးမွာလည္း ကႀကီးပုံေပၚကာ ခပ္ဖူးဖူးကေလးရယ္ႏွင့္။ ေခ်ာလွပါသည္ဆိုေသာ မိန္းကေလးမ်ားႏွင့္ မစိမ္းေသာဟိန္းေဇယ်ာအဖို႔ သူတို႔မိတ္ကပ္ေတြဖ်က္လိုက္လၽွင္ သည္ေကာင္ေလးလို သဘာဝက်က် ၾကည့္ေကာင္းနိုင္ပါ့ဦးမလားဟု သံသယရွိလာသလိုလို။
က်စ္!
ေဇယ်ာ ေလပူတခ်ိဳ႕ မသိမသာထုတ္လႊတ္ရင္း ေဆးထည့္ေပးျခင္းအမွုကို အၿပီးသတ္လိုက္ေလသည္။ သူဘာေတြေလၽွာက္ေတြးေနသည္ မသိေတာ့။ ခ်ာတိတ္ကို မိန္းကေလးေတြ အလွႏွင့္ ႏွိုင္းဆၾကည့္ေနမိသတဲ့လား။ မျဖစ္သင့္သလို၊ မေကာင္းလည္း မေကာင္းတတ္ပါေပ။ မာနခဲေလးမ်ားသိသြားလၽွင္ ဘယ္ေလာက္စိတ္ဆိုးလိုက္ပါမည္နည္း။
"ရၿပီ။ ဒီရဲေနတဲ့ပါးကေတာ့ ေရခဲကပ္မွ သက္သာမယ္ထင္တယ္၊ အိမ္က် ဘယ္လိုေျပာမလဲ"
"ရန္ျဖစ္လာတယ္ပဲ ေျပာရမွာေပါ့၊ အဆူခံရမွာေတာ့ ေသခ်ာတယ္"
"ကိုယ္ ဝင္ေျပာေပးမယ္ေလ"
စိတ္ညစ္ေနသည့္ေကာင္ေလးၾကည့္ၿပီး ေဇယ်ာက ၾကားသက္ေသလိုက္ေပးေနခ်င္သည္။ အထိုးကခံရေသး၊ အိမ္ကလည္းအဆူခံရေသးဆို ႏွစ္ခါရွုံးေနမည့္အျဖစ္မလား။
"ေတာ္ၿပီ ရတယ္၊ ကိုယ့္ဘာသာရွင္းမယ္။ ဒီဆုကို အသုံးခ်လိုက္လို႔ရတယ္"
ထိုေတာ့မွ လက္ထဲကိုင္ထားေသာ အထုပ္ႀကီးကို ေဇယ်ာေမးမို႔ ျပန္အမွတ္ရသြားသည္။ ခုနက သူကိုင္ေပးခဲ့သည္မလား။
"ဟုတ္သား။ ခုနထဲကေမးမလို႔ ဘာအထုပ္ႀကီးလဲ"
"အထုပ္မဟုတ္ပါဘူး၊ ပထမဆုရထားတဲ့ဗူး။ MCPA Quiz ၿပိဳင္တာ၊ ကၽြန္ေတာ္တို႔အဖြဲ႕က ေက်ာင္းတြင္းပထမေလ"
ပထမဆိုေသာစကားေၾကာင့္ ေဇယ်ာ မ်က္လုံးေတြဝင့္ကာ ေကာင္ေလးကို ေသခ်ာၾကည့္မိျပန္သည္။ အမွန္အတိုင္းဆိုရလၽွင္ သည္ကေလးကို ဂိမ္းအေဆာ့လြန္ေနသည့္ ကေလးတစ္ေယာက္ဆိုတာထက္ ပိုေတြးမထားခဲ့။ သူ႔မိခင္က စာႀကိဳးစားပါတယ္ေျပာတာေတာင္ စိတ္ထဲမယုံခဲ့ရိုးအမွန္ပင္။ အတန္းထဲမွာလည္း စာအာ႐ုံမွမစိုက္ဘဲ ဂိမ္းေဆာ့ေနတတ္တာမ်ိဳးမို႔ပင္။
"ဒီလိုဆိုေတာ့လည္း ေတာ္သားပဲ"
"လူမ်ားအထင္ေသးလို႔"
"စာေတာ္တာ၊ မေတာ္တာကို ကိုယ္ အထင္ေသးတာမဟုတ္ဘူး။ မင္းက အတန္းထဲမွာ ဂိမ္းခိုး,ခိုးေဆာ့ေနလို႔ ကိုယ္ ဒီေလာက္မထင္လိုက္တာပဲရွိတာ။ UCSY မွာ စာႀကိဳးစားရင္ SFU မွာလည္း စာေသခ်ာလုပ္ေလ"
"အဲ့လူႀကီးကိစၥ မဟုတ္ပါဘူး။ ကဲ ၾကည့္မေနနဲ႔၊ ေမာင္းပါေတာ့။ မိုးခ်ဳပ္လာၿပီ"
ခ်ာတိတ္သတိေပးေျပာေတာ့မွ ေဆးဗူးျပန္ထည့္ၿပီး ကားေမာင္းဖို႔ျပင္ရေတာ့သည္။ သူခဏတာ ႐ူးတာလား၊ အသိစိတ္ပဲလြတ္ေနသလားမသိ။ သည္ႏွစ္ႏွစ္တာအတြင္း ေခ်ာေပ့၊ လွေပ့ဆိုသည့္မိန္းမေတြေတာင္ ေစ့ေစ့ၾကည့္ျဖစ္တာမ်ိဳးမဟုတ္ေပ။ ခုက်မွ သည္ခ်ာတိတ္ကို ၾကည့္ေကာင္းေကာင္းႏွင့္ ဘာလို႔ေငးေနမိတာပါလိမ့္။
တစ္လမ္းလုံးေတြးတစစႏွင့္ ေမာင္းလာခဲ့မိသည္။ ခ်ာတိတ္လည္း လမ္းတစ္ဖက္ျခမ္းေငးကာ စကားတစ္ခြန္းမဆိုသလို ... ကိုယ္လည္း ခပ္ေတြေတြသာ။ သိေနၿပီးျဖစ္ေသာ ခ်ာတိတ္အိမ္ေရာက္ဖို႔သာ အာ႐ုံစိုက္ေမာင္းႏွင္လာခဲ့ေတာ့၏။
"ကဲ ေရာက္ၿပီ"
ၿခံေရွ႕တြင္ က်က်နနရပ္ၿပီးမွ အသံႏွင့္အတူလွည့္ၾကည့္မိသည္။ ခ်ာတိတ္မွာေတာ့ ကားေဘးမွန္ကိုမွီၿပီး ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ေနေလရဲ့။ မဆိုင္းမတြဘဲ ေဇယ်ာ ကိုယ္ကိုအေရွ႕ကိုင္းကာ ေသခ်ာအတည္ျပဳေတာ့ အျပစ္ကင္းစင္သည့္ ထိုမ်က္ႏွာေလးမွာ ၿငိမ္းေအးစြာ အိပ္ေမာက်ေနသည္။ ဒဏ္ရာေတြေၾကာင့္ ရဲေနေသာပါးမို႔မို႔ကိုျမင္ေတာ့ေတာ့ ေဇယ်ာ ရင္ထဲမေကာင္းလွ။ သို႔ေပမဲ့ ေနာက္လည္းက်ေနၿပီမို႔ သူ လက္ေလးအသာကိုင္ၿပီးပဲ ခ်ာတိတ္ကို ႏွိုးလိုက္ရသည္။
"ေဟး ခ်ာတိတ္၊ ခ်ာတိတ္"
"ဟင္"
လက္ဖ်ားစြန္းကိုပဲ ညင္သာစြာ လွုပ္ႏွိုးမိေပမဲ့ ေကာင္ေလးက အနည္းငယ္ထိတ္လန႔္သြားပုံရသည္။ မ်က္လုံးပြင့္,ပြင့္ျခင္း ဝန္းက်င္ကိုစူးစမ္းေနလိုက္ေတာ့ လမ္းမီးေရာင္အရွိန္ေၾကာင့္ မ်က္လုံးထဲတြင္ စူးခနဲျဖစ္သြားပုံပင္။ လွုပ္ႏွိုးရင္း ကိုင္ထားမိသည့္သူ႔လက္ကိုပင္ ေယာင္နနႏွင့္ ျပန္ဆုပ္ကိုင္လာသည္။
"ေရာက္ၿပီ"
"အင္းအင္း၊ အာ ... ေဆာရီး!"
အေယာင္ေယာင္အမွားမွားႏွင့္ ကိုင္ထားမိပုံရသည့္လက္ကို သတိရသြားကာ ျဖတ္ခနဲ႐ုန္းထြက္သည္က ကမန္းကတန္း။ ထို႔ေနာက္ သူ႔လြယ္အိတ္ကို ျပန္လြယ္ၿပီး အထုပ္ကိုလက္တြင္ပိုက္သယ္သည္။ ခ်က္ခ်င္းလည္း ေအာက္ဆင္းရန္ျပင္ေတာ့၏။ ကားတံခါးျပန္ပိတ္ေပးသြားသည့္တိုင္ ဘာမွေထြေထြထူးထူး ႏွုတ္ဆက္မည့္ဟန္မရွိ။
သည္အခ်ိန္တြင္ ေဇယ်ာ မွန္အျမန္ခ်ၿပီး အျမန္ေအာ္ေျပာမိပုံက၊
"ကိုယ္လိုက္ေျပာမေပးလည္း ရတာေသခ်ာတယ္ေနာ္"
"ေယာက်္ားပါ၊ ကိုယ့္ကိစၥကိုယ္ရွင္းမယ္"
သူ႔ကိုေတာင္လွည့္မၾကည့္ဘဲ ျပန္ေျပာသြားပုံကခပ္ျပတ္ျပတ္။ ဟင္း သည္ခ်ာတိတ္ကေတာ့ေလ .. ။ ေဇယ်ာလည္း ဗိုက္ဆာေနၿပီမို႔ တံခါးမွန္ျပန္တင္ကာ အိမ္ျပန္ေမာင္းဖို႔ ျပင္လိုက္ရေတာ့၏။
ထိုအခ်ိန္ ကားမွန္တံခါးကို ျပန္လာေခါက္ျပန္သူမွာ ေသးေသးေကြးေကြး ခ်ာတိတ္ရယ္ပါ။ နေမာ္နမဲ့ျဖစ္တတ္သည္ဆိုေတာ့ ၿခံတံခါးေရာက္မွ ဘာေမ့ျပန္ပါလိမ့္။
"ဘာေမ့ခဲ့လို႔လဲ ခ်ာတိတ္"
ခ်က္ခ်င္းျပန္မေျဖေသာေကာင္ေလးမွာ ခ်ေပးလိုက္သည့္ ကားမွန္တံခါးေဘာင္ေပၚမွ ေခါင္းေလးအသာလၽွိုဝင္လာသည္။ ေဇယ်ာ အထူးတလည္ မ်က္ေမွာင္ၾကဳတ္ၾကည့္ေတာ့ ခ်ာတိတ္ႏွုတ္ကဖြင့္ဟလာသည္မွာ၊
'ဒီေန႔ကူညီတာ ေက်းဇူး' တဲ့ေလ။
ဟင္း ... ခ်က္ခ်င္းေျပာၿပီး ျပန္ေျပးဝင္သြားသည္မွာ လွစ္ခနဲ။ ျပဳံးစိစိႏွင့္ေျပာသြားပုံက သူတစ္ခါမွမျမင္ဖူးေသးေသာ ခ်ာတိတ္ပုံစံအသစ္ပင္။ ဒါေလးေျပာရတာ ရွက္ေနေသးသလားမသိ။ ခ်ာတိတ္သာဆိုရသည္၊ တကယ့္ဂ်စ္ကန္ကန္ မာနခဲေလး။ သည္လိုဆိုေတာ့လည္း တစ္မ်ိဳးခ်စ္စရာေကာင္းပါ၏။
ထိုညေနအဖို႔ ေဇယ်ာ ခ်ာတိတ္အေပၚ မသိမသာေပးမိေသာအမွတ္မ်ားမွာ ေအာင္မွတ္ေက်ာ္႐ုံမက အတိုင္းအတာတစ္ခုအထိ မ်ားျပားေနခဲ့သည္ကို ေကာင္းစြာသတိျပဳမိဟန္လည္း မရွိခဲ့ပါေခ်။
(12/9/2020)
•••••••••••••••••••••••••••••••••••••••••••••••
Bạn đang đọc truyện trên: Truyen3h.Co