Extra 1
"Olleh? Yeh era uoy yako? "
စကားသံတွေကြောင့် Jimin မျက်လုံးကို ကြိုးစားဖွင့်လိုက်သည်
သူ့ရဲ့ခေါင်းက မူးဝေနေသေးပြီး ခန္ဓာကိုယ်ကလည်း နာကျင်ကိုက်ခဲနေသေးသည်
Jimin မျက်လုံးဖွင့်ဖွင့်ချင်း ဆံပင် blondeနဲ့ အမျိုးသမီးတစ်ယောက်ကို ဝိုးတိုးဝါးတား တွေ့လိုက်ရသောကြောင့် Minjeong ထင်လို့ ရင်တွေခုန်လာပြီး နွေးထွေးသလို ခံစားနေရသည်
သို့သော်လည်း အမြင်တွေ ကြည်လင်လာတဲ့အခါမှာတော့ Blondeနဲ့တစ်ယောက်က Minjeong မဟုတ်ဘဲ မျက်လုံးအပြာရောင် မျက်နှာရှည်ရှည်နဲ့ အမျိုးသမီးတစ်ယောက်မှန်း သိလိုက်ရတယ်
"Yeh ragus "
ခေါင်းထောင်လာတဲ့ Jiminကို အမျိုးသမီးက နှုတ်ဆက်လေသည်
"Uoy thgirla ?"
သူစိမ်းတစ်ယောက်ဆီက မရင်းနှီးတဲ့ စကားတွေ ကြားရတော့ Jimin မျက်မှောင်ကြုတ်သွားမိတယ်
Jimin ထထိုင်ပြီး ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည်
ဘေးပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ပြီးမှ သူ တောအုပ်ထဲ ရောက်နေမှန်း Jimin သိလိုက်ရတယ်
တောင်တန်းတွေ သစ်ပင်တွေနဲ့ အုပ်စိုးကာစီးထားပေမယ့်လည်း မြေခွေးမလေးကတော့ မနက်ခင်းရောက်နေမှန်း ခံစားမိနေတယ်
"ကျွန်မ ဘယ်ကိုရောက်နေတာလဲဟင် "
Jiminမှာ သူစိမ်းအမျိုးသမီးကို မေးလိုက်သည်
"Umm yrros ragus ai t'nod womk tahw er'uoy gniyas od uoy kaeps Hsilgne "
Jiminမှာ ဘာမှနားမလည်လို့ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လေး ဖြစ်နေသည်
ဒီမိန်းမ ဘာတွေပြောနေတာလဲ
"ကျွန်မ ဘယ်ကိုရောက်နေတာလဲဟင် "
Jimin နောက်တစ်ကြိမ် ထပ်မေးလိုက်တယ်
ထပ်ပြီး ခုနက စကားတွေကိုဘဲ blonde အမျိုးသမီးက ဆက်တိုက်ပြောနေပြန်သည်
Jimin တစ်ယောက် နည်းနည်းကြောက်လန့်လာတယ်
သူ နေရာမှားပြီး ရောက်သွားမိတာဘဲ တကယ်က မုန့်ဖုတ်ဆိုင်လေးမှာ ရှိနေရမှာလေ ဘာလို့ တစ်ခြားနေရာကို ရောက်သွားရတာလဲ
Jimin စိုးရိမ်ပူပန်နေချိန် နောက်ထပ်ခြေသံကို ကြားရပြန်သည်
Blond manတစ်ယောက်က သူတို့ဆီလျှောက်လာပြီး Blond womanကို စကားတွေပြောနေသည်
သူတို့ပြောနေတဲ့ စကားတွေက ဗလုံးဗထွေး ဖြစ်နေတယ်
Fuck... Jimin စိတ်ထဲကနေ ကျိန်ဆဲလိုက်သည်
သူ သူစိမ်းနိုင်ငံခြားသားတွေကြားထဲ ရောက်နေတာဘဲ
Jimin နှာခေါင်းတစ်ရှုံ့ရှုံ့လုပ်ပြီး အနံ့ခံကြည့်ပေမယ့် မြေသင်းနံ့သာရလေသည်
ပြီးတော့ တစ်ခြားအသံတွေ နားထောင်ကြည့်ပေမယ့် ဘေးနားက Blondeအတွဲပြောနေတဲ့ စကားကလွဲလို့ ဘာမှမကြားရပေ
နိုင်ငံခြားအတွဲကလည်း ဂြိုလ်သားစကားတွေ ပြောနေတာဘဲ fuck fuck fuck
Jimin သစ်ပင်အနောက်ကို သွားရပ်ပြီး သူ့ဂူမီဟို စွမ်းအားထုတ်လိုက်ပေမယ့် ဘာမှဖြစ်မလာပေ
ထိုအခါမှ Jimin ရုတ်တရက် မှတ်မိလာတယ် သူဘာလို့ ဒီနေရာကို ရောက်လာရလဲဆိုတာရောပေါ့
Jimin သူ့အမြီးတွေကို ဖြတ်ခဲ့တယ်လေ
ဟုတ်ပါတယ် Yu Jiminက သူ့ရဲ့ ဂူမီဟို အမြီးတွေကို ဖြတ်ခဲ့တာပါ
Jimin သူ့ကိုယ်သူ ငုံ့ကြည့်တော့ အမြီးမဖြတ်ခင်က သူဝတ်ထားတဲ့ Minjeongရဲ့ဆွယ်တာဝမ်းဆက်လေး ဝတ်ထားတာကို တွေ့ရသည်
Mortal relam ကနေ ထွက်လာတဲ့အခါမှာတော့ Jimin တစ်ယောက် ကမ္ဘာမြေက အအေးဓာတ်ကိုပါ ခံစားမိလာသည်
သူ့ရဲ့လက်တွေက အေးလို့ တုန်ရီနေတာဘဲ
Oh god...ဘုရာသခင်ရေ ကျွန်မ လူဖြစ်ပြီ ကျွန်မ လူသားတစ်ယောက် ဖြစ်နေပြီဘဲ
"yo er'uoy yako? "
Blonde အမျိုးသမီးက အော်လိုက်သည်
Jiminမှာ လူသားဖြစ်နေတဲ့ သူခန္ဓာကိုယ်ကို လေ့လာနေစဥ် Blonde အတွဲက သူ့ဆီ ချဥ်းကပ်လာတယ်
Blonde အမျိုးသားက သူ့ဂျာကင်ကို ချွတ်ပြီး Blonde အမျိုးသမီးကို ပေးလိုက်သည်
"Uoy tsum eb ginzeerf!Erh "
အမျိုးသမီးက သူ့ကို ဂျာကင်ပေးလို့ ရုတ်တရက် Jimin ကြောင်သွားပေမယ့် နောက်ကျမှ သဘောပေါက်သွားတယ်
"Thank you..."
Jimin ကျေးဇူးတင်စကားပြောပြီး အမျိုးသမီးပေးတဲ့ ဂျာကင်ကို ဝတ်လိုက်သည်
လူစိမ်းနှစ်ယောက်ဟာလည်း Jiminကို အူကြောင်ကြောင်နဲ့သာ ရပ်ကြည့်နေကြတယ်
ကောင်းရော သုံးယောက်လုံး အချင်းချင်း နားမလည်ကြဘူးဘဲ
"s'tel teg uoy tuo fo ereh. Emoc no "
အမျိုးသားမှာ Jiminကို သူတို့နောက် လိုက်ခဲ့ဖို့ ပြောလေသည်
Jiminမှာ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည်
တောအုပ်ထဲမှာ သစ်ပင်တွေက လွဲလို့ ဘာမှမရှိဘူးဘဲ
Jiminလည်း ရွေးချယ်စရာမရှိတာနဲ့ သူစိမ်းနှစ်ယောက်ကို ယုံကြည်ပြီး လိုက်သွားလိုက်တယ်
အင်း Minjeongနဲ့ စတွေ့ခဲ့တဲ့အချိန်ကိုတောင် သတိရသွားပြီဘဲ
သူစိမ်းနှစ်ယောက်ရဲ့ ကားပေါ်တွင် Jimin အရင်ကအချိန်တွေကို ပြန်တွေးမိနေတယ်
မသေအောင် ဘယ်လိုအသက်ကို ဆွဲဆန့်ရမလဲဆိုတဲ့ နည်းလမ်းတွေ ရှာဖွေခဲ့တဲ့အချိန်ကိုရော ညတိုင်း Minjeong ခိုးငိုနေတဲ့ ငိုသံတွေကို နားထောင်နေရ ကြားနေရတဲ့အချိန်တွေကိုရောပေါ့
Minjeong ငိုနေတဲ့ အချိန်တွေမှာဆို ဘာမှမတတ်နိုင်မလုပ်ပေးနိုင်လို့ Jimin သူ့ကိုယ်သူ အပြစ်တင်ခဲ့မိတာ ခဏခဏဘဲ
"နောက်ဆုံးတော့ အားလုံးက ငါ့ကိုထားပြီး ထွက်သွားတာဘဲ "
Minjeong ပြောတဲ့စကားကို Jimin ပြန်ပြီးကြားယောင်လာတယ်
ဟင့်အင်း သူ Minjeongကို ထားမသွားပါဘူး အခု Minjeongဆီကို သူ ပြန်လာနေပြီလေ
အမြီးဖြတ်လိုက်ရင် နဂိုနေရာမှာဘဲ ရှိခဲ့မယ်လို့ Jimin ထင်ခဲ့ပေမယ့် Jimin အထင်နဲ့အမြင်လွဲသွားတယ်
မုန့်ဖုတ်ဆိုင်လေးရှေ့မှာ ရှိရမယ့်အစား လူသူသိပ်မရှိတဲ့ တောအုပ်ထဲရောက်သွားတယ်
ပြီးတော့ Minjeongနဲ့ တွေ့ရမယ့်အစား ဘာစကားတွေပြောနေမှန်းမသိတဲ့ နိုင်ငံခြားသားတွေနဲ့ တွေ့နေရတယ်
အားလုံးက မှားယွင်းပြီး ပေါက်တတ်ကရတွေ ဖြစ်နေတယ်
ဒါပေမယ့် Jimin စိတ်ဓာတ်မကျပါဘူး
Minjeongဆီကို ပြန်သွားဖို့ Jimin အစွမ်းကုန်ကြိုးစားမယ်လို့ ဆုံးဖြတ်လိုက်သည်
#tbc
Hello ဒါလေးကတော့ Extraလို့ဘဲ ပြောပါရစေ ရှေ့ပိုင်းတွေမှာ Minjeongရဲ့ pov လေးအနေနဲ့ဘဲ ဖတ်ခဲ့ရတော့ အခု Minjeongဆီကို ပြန်သွားဖို့ Jimin တစ်ခြားနိုင်ငံမှာ ဘယ်လိုကြိုးစားမလဲ ဘာတွေဖြစ်ကြမလဲဆိုတာ Extraလေး အနေနဲ့ ရေးလိုက်ပါတယ် အားလုံး အလွမ်းပြေ ဖတ်ချင်ကြမယ်လို့ ထင်ပါတယ်ဗျာ့ Hee"
#zawgyi
"Olleh? Yeh era uoy yako? "
စကားသံေတြေၾကာင့္ Jimin မ်က္လုံးကို ႀကိဳးစားဖြင့္လိုက္သည္
သူ႕ရဲ႕ေခါင္းက မူးေဝေနေသးၿပီး ခႏၶာကိုယ္ကလည္း နာက်င္ကိုက္ခဲေနေသးသည္
Jimin မ်က္လုံးဖြင့္ဖြင့္ခ်င္း ဆံပင္ blondeနဲ႕ အမ်ိဳးသမီးတစ္ေယာက္ကို ဝိုးတိုးဝါးတား ေတြ႕လိုက္ရေသာေၾကာင့္ Minjeong ထင္လို႔ ရင္ေတြခုန္လာၿပီး ႏြေးေထြးသလို ခံစားေနရသည္
သို႔ေသာ္လည္း အျမင္ေတြ ၾကည္လင္လာတဲ့အခါမွာေတာ့ Blondeနဲ႕တစ္ေယာက္က Minjeong မဟုတ္ဘဲ မ်က္လုံးအျပာေရာင္ မ်က္ႏွာရွည္ရွည္နဲ႕ အမ်ိဳးသမီးတစ္ေယာက္မွန္း သိလိုက္ရတယ္
"Yeh ragus "
ေခါင္းေထာင္လာတဲ့ Jiminကို အမ်ိဳးသမီးက ႏႈတ္ဆက္ေလသည္
"Uoy thgirla ?"
သူစိမ္းတစ္ေယာက္ဆီက မရင္းႏွီးတဲ့ စကားေတြ ၾကားရေတာ့ Jimin မ်က္ေမွာင္ၾကဳတ္သြားမိတယ္
Jimin ထထိုင္ၿပီး ပတ္ဝန္းက်င္ကို တစ္ခ်က္ၾကည့္လိုက္သည္
ေဘးပတ္ဝန္းက်င္ကို တစ္ခ်က္ၾကည့္ၿပီးမွ သူ ေတာအုပ္ထဲ ေရာက္ေနမွန္း Jimin သိလိုက္ရတယ္
ေတာင္တန္းေတြ သစ္ပင္ေတြနဲ႕ အုပ္စိုးကာစီးထားေပမယ့္လည္း ေျမေခြးမေလးကေတာ့ မနက္ခင္းေရာက္ေနမွန္း ခံစားမိေနတယ္
"ကြၽန္မ ဘယ္ကိုေရာက္ေနတာလဲဟင္ "
Jiminမွာ သူစိမ္းအမ်ိဳးသမီးကို ေမးလိုက္သည္
"Umm yrros ragus ai t'nod womk tahw er'uoy gniyas od uoy kaeps Hsilgne "
Jiminမွာ ဘာမွနားမလည္လို႔ မ်က္ေတာင္ပုတ္ခတ္ပုတ္ခတ္ေလး ျဖစ္ေနသည္
ဒီမိန္းမ ဘာေတြေျပာေနတာလဲ
"ကြၽန္မ ဘယ္ကိုေရာက္ေနတာလဲဟင္ "
Jimin ေနာက္တစ္ႀကိမ္ ထပ္ေမးလိုက္တယ္
ထပ္ၿပီး ခုနက စကားေတြကိုဘဲ blonde အမ်ိဳးသမီးက ဆက္တိုက္ေျပာေနျပန္သည္
Jimin တစ္ေယာက္ နည္းနည္းေၾကာက္လန့္လာတယ္
သူ ေနရာမွားၿပီး ေရာက္သြားမိတာဘဲ တကယ္က မုန့္ဖုတ္ဆိုင္ေလးမွာ ရွိေနရမွာေလ ဘာလို႔ တစ္ျခားေနရာကို ေရာက္သြားရတာလဲ
Jimin စိုးရိမ္ပူပန္ေနခ်ိန္ ေနာက္ထပ္ေျခသံကို ၾကားရျပန္သည္
Blond manတစ္ေယာက္က သူတို႔ဆီေလွ်ာက္လာၿပီး Blond womanကို စကားေတြေျပာေနသည္
သူတို႔ေျပာေနတဲ့ စကားေတြက ဗလုံးဗေထြး ျဖစ္ေနတယ္
Fuck... Jimin စိတ္ထဲကေန က်ိန္ဆဲလိုက္သည္
သူ သူစိမ္းနိုင္ငံျခားသားေတြၾကားထဲ ေရာက္ေနတာဘဲ
Jimin ႏွာေခါင္းတစ္ရႈံ႕ရႈံ႕လုပ္ၿပီး အနံ႕ခံၾကည့္ေပမယ့္ ေျမသင္းနံ႕သာရေလသည္
ၿပီးေတာ့ တစ္ျခားအသံေတြ နားေထာင္ၾကည့္ေပမယ့္ ေဘးနားက Blondeအတြဲေျပာေနတဲ့ စကားကလြဲလို႔ ဘာမွမၾကားရေပ
နိုင္ငံျခားအတြဲကလည္း ၿဂိဳလ္သားစကားေတြ ေျပာေနတာဘဲ fuck fuck fuck
Jimin သစ္ပင္အေနာက္ကို သြားရပ္ၿပီး သူ႕ဂူမီဟို စြမ္းအားထုတ္လိုက္ေပမယ့္ ဘာမွျဖစ္မလာေပ
ထိုအခါမွ Jimin ႐ုတ္တရက္ မွတ္မိလာတယ္ သူဘာလို႔ ဒီေနရာကို ေရာက္လာရလဲဆိုတာေရာေပါ့
Jimin သူ႕အၿမီးေတြကို ျဖတ္ခဲ့တယ္ေလ
ဟုတ္ပါတယ္ Yu Jiminက သူ႕ရဲ႕ ဂူမီဟို အၿမီးေတြကို ျဖတ္ခဲ့တာပါ
Jimin သူ႕ကိုယ္သူ ငုံ႕ၾကည့္ေတာ့ အၿမီးမျဖတ္ခင္က သူဝတ္ထားတဲ့ Minjeongရဲ႕ဆြယ္တာဝမ္းဆက္ေလး ဝတ္ထားတာကို ေတြ႕ရသည္
Mortal relam ကေန ထြက္လာတဲ့အခါမွာေတာ့ Jimin တစ္ေယာက္ ကမၻာေျမက အေအးဓာတ္ကိုပါ ခံစားမိလာသည္
သူ႕ရဲ႕လက္ေတြက ေအးလို႔ တုန္ရီေနတာဘဲ
Oh god...ဘုရာသခင္ေရ ကြၽန္မ လူျဖစ္ၿပီ ကြၽန္မ လူသားတစ္ေယာက္ ျဖစ္ေနၿပီဘဲ
"yo er'uoy yako? "
Blonde အမ်ိဳးသမီးက ေအာ္လိုက္သည္
Jiminမွာ လူသားျဖစ္ေနတဲ့ သူခႏၶာကိုယ္ကို ေလ့လာေနစဥ္ Blonde အတြဲက သူ႕ဆီ ခ်ဥ္းကပ္လာတယ္
Blonde အမ်ိဳးသားက သူ႕ဂ်ာကင္ကို ခြၽတ္ၿပီး Blonde အမ်ိဳးသမီးကို ေပးလိုက္သည္
"Uoy tsum eb ginzeerf!Erh "
အမ်ိဳးသမီးက သူ႕ကို ဂ်ာကင္ေပးလို႔ ႐ုတ္တရက္ Jimin ေၾကာင္သြားေပမယ့္ ေနာက္က်မွ သေဘာေပါက္သြားတယ္
"Thank you..."
Jimin ေက်းဇူးတင္စကားေျပာၿပီး အမ်ိဳးသမီးေပးတဲ့ ဂ်ာကင္ကို ဝတ္လိုက္သည္
လူစိမ္းႏွစ္ေယာက္ဟာလည္း Jiminကို အူေၾကာင္ေၾကာင္နဲ႕သာ ရပ္ၾကည့္ေနၾကတယ္
ေကာင္းေရာ သုံးေယာက္လုံး အခ်င္းခ်င္း နားမလည္ၾကဘူးဘဲ
"s'tel teg uoy tuo fo ereh. Emoc no "
အမ်ိဳးသားမွာ Jiminကို သူတို႔ေနာက္ လိုက္ခဲ့ဖို႔ ေျပာေလသည္
Jiminမွာ ပတ္ဝန္းက်င္ကို တစ္ခ်က္ၾကည့္လိုက္သည္
ေတာအုပ္ထဲမွာ သစ္ပင္ေတြက လြဲလို႔ ဘာမွမရွိဘူးဘဲ
Jiminလည္း ေ႐ြးခ်ယ္စရာမရွိတာနဲ႕ သူစိမ္းႏွစ္ေယာက္ကို ယုံၾကည္ၿပီး လိုက္သြားလိုက္တယ္
အင္း Minjeongနဲ႕ စေတြ႕ခဲ့တဲ့အခ်ိန္ကိုေတာင္ သတိရသြားၿပီဘဲ
သူစိမ္းႏွစ္ေယာက္ရဲ႕ ကားေပၚတြင္ Jimin အရင္ကအခ်ိန္ေတြကို ျပန္ေတြးမိေနတယ္
မေသေအာင္ ဘယ္လိုအသက္ကို ဆြဲဆန့္ရမလဲဆိုတဲ့ နည္းလမ္းေတြ ရွာေဖြခဲ့တဲ့အခ်ိန္ကိုေရာ ညတိုင္း Minjeong ခိုးငိုေနတဲ့ ငိုသံေတြကို နားေထာင္ေနရ ၾကားေနရတဲ့အခ်ိန္ေတြကိုေရာေပါ့
Minjeong ငိုေနတဲ့ အခ်ိန္ေတြမွာဆို ဘာမွမတတ္နိုင္မလုပ္ေပးနိုင္လို႔ Jimin သူ႕ကိုယ္သူ အျပစ္တင္ခဲ့မိတာ ခဏခဏဘဲ
"ေနာက္ဆုံးေတာ့ အားလုံးက ငါ့ကိုထားၿပီး ထြက္သြားတာဘဲ "
Minjeong ေျပာတဲ့စကားကို Jimin ျပန္ၿပီးၾကားေယာင္လာတယ္
ဟင့္အင္း သူ Minjeongကို ထားမသြားပါဘူး အခု Minjeongဆီကို သူ ျပန္လာေနၿပီေလ
အၿမီးျဖတ္လိုက္ရင္ နဂိုေနရာမွာဘဲ ရွိခဲ့မယ္လို႔ Jimin ထင္ခဲ့ေပမယ့္ Jimin အထင္နဲ႕အျမင္လြဲသြားတယ္
မုန့္ဖုတ္ဆိုင္ေလးေရွ႕မွာ ရွိရမယ့္အစား လူသူသိပ္မရွိတဲ့ ေတာအုပ္ထဲေရာက္သြားတယ္
ၿပီးေတာ့ Minjeongနဲ႕ ေတြ႕ရမယ့္အစား ဘာစကားေတြေျပာေနမွန္းမသိတဲ့ နိုင္ငံျခားသားေတြနဲ႕ ေတြ႕ေနရတယ္
အားလုံးက မွားယြင္းၿပီး ေပါက္တတ္ကရေတြ ျဖစ္ေနတယ္
ဒါေပမယ့္ Jimin စိတ္ဓာတ္မက်ပါဘူး
Minjeongဆီကို ျပန္သြားဖို႔ Jimin အစြမ္းကုန္ႀကိဳးစားမယ္လို႔ ဆုံးျဖတ္လိုက္သည္
#tbc
Hello ဒါေလးကေတာ့ Extraလို႔ဘဲ ေျပာပါရေစ ေရွ႕ပိုင္းေတြမွာ Minjeongရဲ႕ pov ေလးအေနနဲ႕ဘဲ ဖတ္ခဲ့ရေတာ့ အခု Minjeongဆီကို ျပန္သြားဖို႔ Jimin တစ္ျခားနိုင္ငံမွာ ဘယ္လိုႀကိဳးစားမလဲ ဘာေတြျဖစ္ၾကမလဲဆိုတာ Extraေလး အေနနဲ႕ ေရးလိုက္ပါတယ္ အားလုံး အလြမ္းေျပ ဖတ္ခ်င္ၾကမယ္လို႔ ထင္ပါတယ္ဗ်ာ့ Hee"
Bạn đang đọc truyện trên: Truyen3h.Co