Extra 2
နာရီဝက်လောက် ကားစီးပြီးနောက် Jimin အိမ်တစ်အိမ်ရှေ့ကို ရောက်လာမှန်း သိလိုက်ရတယ်
ကြည့်ရတာ သူ့ကိုခေါ်လာတဲ့ စုံတွဲရဲ့ အိမ်လေး ဖြစ်ရမယ်
အိမ်ရှေ့ကို ရောက်တော့ ရလိုက်တဲ့ ပေါင်မုန့်အနံ့ကြောင့် Minjeong ရဲ့ ပေါင်မုန့်ဆိုင်လေးကို Jimin သတိရသွားပြန်တယ်
နိုင်ငံခြားသားစုံတွဲက Jiminကို အိမ်ထဲထိခေါ်ပြီး ထိုင်ခုံမှာ သေချာထိုင်ခိုင်းလို့ Jimin စိတ်ထဲ ကျေးဇူးတင်မိသွားတယ်
အမျိုးသားကဆို Jiminအတွက် သောက်စရာနဲ ပေါင်မုန့်လေးတွေပါ လာကျွေးပေးသေးသည်
"Og no ..."
အမျိုးသမီးက Jiminကို စားပွဲခုံပေါ်က ပစ္စည်းတစ်ခုကို ယူခိုင်းလိုက်သည်
"Uoy tog enoemos taht uoy nac llac ragus "
မြေခွေးမလေး ဖြစ်ခဲ့တဲ့ Jiminမှာ လူတွေရဲ့ အသုံးအဆောင်ပစ္စည်းတွေကို သေချာလေ့လာနေသည်
အမျိုးသမီး ပြောတဲ့ပစ္စည်းလေးကိုင်ပြီး Jimin ခလုတ်တွေကို လျှောက်နှိပ်ကြည့်သည်
အိုး ဖုန်းတစ်လုံးဘဲ.... လူတွေက အဲ့တာကို အသုံးပြုပြီး တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ကြတာကိုတော့ Jimin မြင်ဖူးသည်
လူတစ်ချို့ကဆို အိတ်ထဲထိတောင် ထည့်သယ်သွားကြတာကို Jimin ရင်းရင်းနှီးနှီးမြင်ဖူးတယ်လေ
Minjeongရဲ့ ဖုန်းနံပါတ်ကိုသာ သိရင် ဆက်သွယ်လို့ရမှာဘဲ အခုတော့......
Minjeongနဲ့ မတွေ့ရရင် ဘယ်လိုလုပ်မလဲဆိုတဲ့ စိတ်က Jiminကို လွှမ်းမိုးလွန်းလို့ Minjeongကို ထပ်မတွေ့ရမှာကို Jimin အရမ်းကြောက်နေတယ်
"Si ereht on eno taht uoy nac llac "
အမျိုးသမီးက မေးပေမယ့် Jiminက တစ်လုံးမှနားမလည်ပေ
Jimin ဘာမှပြန်မဖြေတတ်လို့ အမျိုးသမီးကို ခေါင်းသာခါပြလိုက်သည်
သူတို့ပြောတဲ့ စကားလည်း Jimin နားမလည် Jimin ပြောတဲ့စကားလည်း သူတို့နားမလည်တော့
Jimin တကယ်ဘဲ လမ်းပျောက်နေပြီ
Minjeongနဲ့ တွေ့ခါစက လမ်းပျောက်နေတဲ့သူလို့ လိမ်ပြောခဲ့လို့ အခုတကယ် လမ်းပျောက်နေတာများလား Karma က တကယ်ကြီးများလား
"Yeh "
Jimin အတွေးလွန်ရာကနေ အသံကြားလို့ မော့ကြည့်တော့ လင်မယားနှစ်ယောက် အတွဲက သူနဲ့မျက်နှာချင်းဆိုင်ခုံမှာ ထိုင်နေတာကို တွေ့လိုက်ရသည်
Jimin မော့ကြည့်တော့ လင်မယားနှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး အချက်ပြနေသည်
ပြီးနောက် အမျိုးသားဖြစ်သူမှာ ပေါင်မုန့်နဲ့ သောက်စရာကို မျက်စပစ်ပြပြီး Jiminကို စားဖို့ အချက်ပြသည်
"Alicia "
အမျိုးသမီးက သူ့ကိုယ်သူလက်ညိုးထိုးပြပြီး ပြောသည် ပြီးတော့ သူ့ယောင်္ကျားကို လက်ညိုးထိုးပြပြီး
"Evan "
လင်မယားနှစ်ယောက်က ပြောတော့ Jiminမှာ သူတို့ဘာသာစကားကို နားမလည်ပေမယ့် သူတို့ကိုယ်သူတို့ မိတ်ဆက်ပေးနေတာဘဲလို့ သဘောပေါက်သွားတယ်
"Jimin "
Jiminက သူ့ကိုယ်သူ လက်ညိုးထိုးပြပြီး ပြောတော့ လင်မယားနှစ်ယောက်မှာ ခေါင်းညိတ်ပြလေသည်
ထို့နောက် Jiminမှာ ပေါင်မုန့်သားကို ဖဲ့စားလိုက်သည်
ပေါင်မုန့် အပေါ်သားက တူးနေပြီး
ကိတ်မုန့်သားကလည်း ခါးလွန်းနေတယ်
အရသာက စားနေကြနဲ့မတူဘဲ ထူးဆန်းနေသလို မှားယွင်းနေသလို ခံစားနေရတယ်
အားလုံးက မှားယွင်းနေတာဘဲ
Jimin နေ့ရက်တွေ ခေါင်းထဲမှာ ကြိုးစားရေတွက်ပေမယ့် ခေါင်းထဲတွင် ဝိုးတိုးဝါးတား ဖြစ်နေတယ်
ဒါပေမယ့် သူ ပျောက်နေတာ လပိုင်းလောက်တော့ ရှိမယ်ဆိုတာ Jimin ခန့်မှန်းလိုက်သည်
အခု လက်ရှိ သူ့ကို လက်ခံပေးထားတဲ့ လူသားတွေကလည်း Minjeong လို ဖော်ရွေတတ်လို့ တော်ပါသေးတယ်
Aliciaက Jiminကို သူတို့ အိမ်မှာနေဖို့တောင် ခွင့်ပြုပေးသေးသည်
Jimin အိမ်မှာနေပြီး အိမ်နောက်ဘေးက သူတို့ ခြံဥယျာဥ်လေးကို ဂရုစိုက်ပေးဖို့ Aliciaက ပြောသည်
Jiminက လူသားစား မကောင်းဆိုးဝါးဖြစ်ခဲ့ပေမယ့် မကောင်းဆိုးဝါးတွေထဲတော့ ကံအကောင်းဆုံး မကောင်းဆိုးဝါးလို့ ပြောရမယ်
လူမျိုးမတူတဲ့ နိုင်ငံခြားသားတွေနဲ့တွေ့ပေမယ့် Minjeongလိုဘဲ ကူညီပေးပြီး အိမ်ပေါ်ခေါ်တင်ပေးထားတာကို ခံရသည်
ပြီးတော့ ဆေးရုံ ရဲစခန်းအတင်း လိုက်မပို့ဘဲ Jiminကို အိမ်မှာ အဆင်ပြေသလိုသာနေခိုင်းသည်
အဲ့လင်မယားအိမ်မှာ နေရတာ အဆင်ပြေပေမယ့် လင်မယားနှစ်ယောက်က ဆေးလိပ်တွေ အရက်တွေသောက်စားတာကိုတော့ Jimin သိပ်သဘောမကျပေ
အရင်ကလို အသားဟင်း ဘာညာ Jimin မစားရတော့ ပဲဟင်း မြေပဲတောင့် အစရှိတဲ့အစားအစာတွေကိုသာ Jimin ကြိုးစားစားပြီး ဗိုက်ဖြည့်နေရသည်
အသားစားနေကြ Jimin အတွက်တော့ သိပ်အဆင်မပြေပေ
အဆင်မပြေမှုတွေ များတဲ့ကြားက Minjeong နဲ့ မတွေ့ရခြင်း Minjeongကို လွမ်းနေရခြင်းက Jiminကို ပိုပြီး စိတ်ညစ်စေသည်
Minjeongနဲ့မတူဘူးလို့ မနှိုင်းယှဥ်ဖို့ Jimin သူ့ကိုယ်သူလည်း သတိပေးမိသေးသည် Minjeong လောက် မကောင်းပေမယ့် ဒီလူတွေကလည်း သူ့အပေါ် ကောင်းပေးနေတယ်မဟုတ်လား
ရက်သတ္တပတ်ကြာတော့ Jimin နည်းနည်းတော့ နေရတာ အဆင်ပြေလာသည် တစ်ယောက်နဲ့တစ်ယောက် ဘာသာစကားခြင်းမတူ နားမလည်တာကြောင့် သုံးယောက်သား လက်ဟန်ခြေဟန်နဲ့ဘဲ စကားပြောဖြစ်ကြတယ်လေ
ပြီးတော့ Minjeong ဆီက သင်လာတဲ့ မုန့်ဖုတ်နည်းက ယခုတော်တော်အသုံးဝင်သည်
Jimin ပဲပေါင်မုန့် ဖုတ်ပြပေးလိုက်တော့ Alicia တို့ လင်မယားက မြည်းကြည့်ပြီး သဘောကျသွားကြသည်
Jimin လုပ်ပေးတဲ့ ပေါင်မုန့်တွေကို စျေးမှာတောင် သွားရောင်းကြသေးသည်
မုန့်ဖုတ်နည်းသင်ပေးတဲ့ Minjeong Aeriတို့ကို Jimin ကျေးဇူးတင်မိသည်
#tbc
#zawgyi
နာရီဝက္ေလာက္ ကားစီးၿပီးေနာက္ Jimin အိမ္တစ္အိမ္ေရွ႕ကို ေရာက္လာမွန္း သိလိုက္ရတယ္
ၾကည့္ရတာ သူ႕ကိုေခၚလာတဲ့ စုံတြဲရဲ႕ အိမ္ေလး ျဖစ္ရမယ္
အိမ္ေရွ႕ကို ေရာက္ေတာ့ ရလိုက္တဲ့ ေပါင္မုန့္အနံ႕ေၾကာင့္ Minjeong ရဲ႕ ေပါင္မုန့္ဆိုင္ေလးကို Jimin သတိရသြားျပန္တယ္
နိုင္ငံျခားသားစုံတြဲက Jiminကို အိမ္ထဲထိေခၚၿပီး ထိုင္ခုံမွာ ေသခ်ာထိုင္ခိုင္းလို႔ Jimin စိတ္ထဲ ေက်းဇူးတင္မိသြားတယ္
အမ်ိဳးသားကဆို Jiminအတြက္ ေသာက္စရာနဲ ေပါင္မုန့္ေလးေတြပါ လာေကြၽးေပးေသးသည္
"Og no ..."
အမ်ိဳးသမီးက Jiminကို စားပြဲခုံေပၚက ပစၥည္းတစ္ခုကို ယူခိုင္းလိုက္သည္
"Uoy tog enoemos taht uoy nac llac ragus "
ေျမေခြးမေလး ျဖစ္ခဲ့တဲ့ Jiminမွာ လူေတြရဲ႕ အသုံးအေဆာင္ပစၥည္းေတြကို ေသခ်ာေလ့လာေနသည္
အမ်ိဳးသမီး ေျပာတဲ့ပစၥည္းေလးကိုင္ၿပီး Jimin ခလုတ္ေတြကို ေလွ်ာက္ႏွိပ္ၾကည့္သည္
အိုး ဖုန္းတစ္လုံးဘဲ.... လူေတြက အဲ့တာကို အသုံးျပဳၿပီး တစ္ေယာက္နဲ႕တစ္ေယာက္ ဆက္သြယ္ၾကတာကိုေတာ့ Jimin ျမင္ဖူးသည္
လူတစ္ခ်ိဳ႕ကဆို အိတ္ထဲထိေတာင္ ထည့္သယ္သြားၾကတာကို Jimin ရင္းရင္းႏွီးႏွီးျမင္ဖူးတယ္ေလ
Minjeongရဲ႕ ဖုန္းနံပါတ္ကိုသာ သိရင္ ဆက္သြယ္လို႔ရမွာဘဲ အခုေတာ့......
Minjeongနဲ႕ မေတြ႕ရရင္ ဘယ္လိုလုပ္မလဲဆိုတဲ့ စိတ္က Jiminကို လႊမ္းမိုးလြန္းလို႔ Minjeongကို ထပ္မေတြ႕ရမွာကို Jimin အရမ္းေၾကာက္ေနတယ္
"Si ereht on eno taht uoy nac llac "
အမ်ိဳးသမီးက ေမးေပမယ့္ Jiminက တစ္လုံးမွနားမလည္ေပ
Jimin ဘာမွျပန္မေျဖတတ္လို႔ အမ်ိဳးသမီးကို ေခါင္းသာခါျပလိုက္သည္
သူတို႔ေျပာတဲ့ စကားလည္း Jimin နားမလည္ Jimin ေျပာတဲ့စကားလည္း သူတို႔နားမလည္ေတာ့
Jimin တကယ္ဘဲ လမ္းေပ်ာက္ေနၿပီ
Minjeongနဲ႕ ေတြ႕ခါစက လမ္းေပ်ာက္ေနတဲ့သူလို႔ လိမ္ေျပာခဲ့လို႔ အခုတကယ္ လမ္းေပ်ာက္ေနတာမ်ားလား Karma က တကယ္ႀကီးမ်ားလား
"Yeh "
Jimin အေတြးလြန္ရာကေန အသံၾကားလို႔ ေမာ့ၾကည့္ေတာ့ လင္မယားႏွစ္ေယာက္ အတြဲက သူနဲ႕မ်က္ႏွာခ်င္းဆိုင္ခုံမွာ ထိုင္ေနတာကို ေတြ႕လိုက္ရသည္
Jimin ေမာ့ၾကည့္ေတာ့ လင္မယားႏွစ္ေယာက္မွာ တစ္ေယာက္ကို တစ္ေယာက္ ၾကည့္ၿပီး အခ်က္ျပေနသည္
ၿပီးေနာက္ အမ်ိဳးသားျဖစ္သူမွာ ေပါင္မုန့္နဲ႕ ေသာက္စရာကို မ်က္စပစ္ျပၿပီး Jiminကို စားဖို႔ အခ်က္ျပသည္
"Alicia "
အမ်ိဳးသမီးက သူ႕ကိုယ္သူလက္ညိုးထိုးျပၿပီး ေျပာသည္ ၿပီးေတာ့ သူ႕ေယာကၤ်ားကို လက္ညိုးထိုးျပၿပီး
"Evan "
လင္မယားႏွစ္ေယာက္က ေျပာေတာ့ Jiminမွာ သူတို႔ဘာသာစကားကို နားမလည္ေပမယ့္ သူတို႔ကိုယ္သူတို႔ မိတ္ဆက္ေပးေနတာဘဲလို႔ သေဘာေပါက္သြားတယ္
"Jimin "
Jiminက သူ႕ကိုယ္သူ လက္ညိုးထိုးျပၿပီး ေျပာေတာ့ လင္မယားႏွစ္ေယာက္မွာ ေခါင္းညိတ္ျပေလသည္
ထို႔ေနာက္ Jiminမွာ ေပါင္မုန့္သားကို ဖဲ့စားလိုက္သည္
ေပါင္မုန့္ အေပၚသားက တူးေနၿပီး
ကိတ္မုန့္သားကလည္း ခါးလြန္းေနတယ္
အရသာက စားေနၾကနဲ႕မတူဘဲ ထူးဆန္းေနသလို မွားယြင္းေနသလို ခံစားေနရတယ္
အားလုံးက မွားယြင္းေနတာဘဲ
Jimin ေန႕ရက္ေတြ ေခါင္းထဲမွာ ႀကိဳးစားေရတြက္ေပမယ့္ ေခါင္းထဲတြင္ ဝိုးတိုးဝါးတား ျဖစ္ေနတယ္
ဒါေပမယ့္ သူ ေပ်ာက္ေနတာ လပိုင္းေလာက္ေတာ့ ရွိမယ္ဆိုတာ Jimin ခန့္မွန္းလိုက္သည္
အခု လက္ရွိ သူ႕ကို လက္ခံေပးထားတဲ့ လူသားေတြကလည္း Minjeong လို ေဖာ္ေ႐ြတတ္လို႔ ေတာ္ပါေသးတယ္
Aliciaက Jiminကို သူတို႔ အိမ္မွာေနဖို႔ေတာင္ ခြင့္ျပဳေပးေသးသည္
Jimin အိမ္မွာေနၿပီး အိမ္ေနာက္ေဘးက သူတို႔ ၿခံဥယ်ာဥ္ေလးကို ဂ႐ုစိုက္ေပးဖို႔ Aliciaက ေျပာသည္
Jiminက လူသားစား မေကာင္းဆိုးဝါးျဖစ္ခဲ့ေပမယ့္ မေကာင္းဆိုးဝါးေတြထဲေတာ့ ကံအေကာင္းဆုံး မေကာင္းဆိုးဝါးလို႔ ေျပာရမယ္
လူမ်ိဳးမတူတဲ့ နိုင္ငံျခားသားေတြနဲ႕ေတြ႕ေပမယ့္ Minjeongလိုဘဲ ကူညီေပးၿပီး အိမ္ေပၚေခၚတင္ေပးထားတာကို ခံရသည္
ၿပီးေတာ့ ေဆး႐ုံ ရဲစခန္းအတင္း လိုက္မပို႔ဘဲ Jiminကို အိမ္မွာ အဆင္ေျပသလိုသာေနခိုင္းသည္
အဲ့လင္မယားအိမ္မွာ ေနရတာ အဆင္ေျပေပမယ့္ လင္မယားႏွစ္ေယာက္က ေဆးလိပ္ေတြ အရက္ေတြေသာက္စားတာကိုေတာ့ Jimin သိပ္သေဘာမက်ေပ
အရင္ကလို အသားဟင္း ဘာညာ Jimin မစားရေတာ့ ပဲဟင္း ေျမပဲေတာင့္ အစရွိတဲ့အစားအစာေတြကိုသာ Jimin ႀကိဳးစားစားၿပီး ဗိုက္ျဖည့္ေနရသည္
အသားစားေနၾက Jimin အတြက္ေတာ့ သိပ္အဆင္မေျပေပ
အဆင္မေျပမႈေတြ မ်ားတဲ့ၾကားက Minjeong နဲ႕ မေတြ႕ရျခင္း Minjeongကို လြမ္းေနရျခင္းက Jiminကို ပိုၿပီး စိတ္ညစ္ေစသည္
Minjeongနဲ႕မတူဘူးလို႔ မႏွိုင္းယွဥ္ဖို႔ Jimin သူ႕ကိုယ္သူလည္း သတိေပးမိေသးသည္ Minjeong ေလာက္ မေကာင္းေပမယ့္ ဒီလူေတြကလည္း သူ႕အေပၚ ေကာင္းေပးေနတယ္မဟုတ္လား
ရက္သတၱပတ္ၾကာေတာ့ Jimin နည္းနည္းေတာ့ ေနရတာ အဆင္ေျပလာသည္ တစ္ေယာက္နဲ႕တစ္ေယာက္ ဘာသာစကားျခင္းမတူ နားမလည္တာေၾကာင့္ သုံးေယာက္သား လက္ဟန္ေျခဟန္နဲ႕ဘဲ စကားေျပာျဖစ္ၾကတယ္ေလ
ၿပီးေတာ့ Minjeong ဆီက သင္လာတဲ့ မုန့္ဖုတ္နည္းက ယခုေတာ္ေတာ္အသုံးဝင္သည္
Jimin ပဲေပါင္မုန့္ ဖုတ္ျပေပးလိုက္ေတာ့ Alicia တို႔ လင္မယားက ျမည္းၾကည့္ၿပီး သေဘာက်သြားၾကသည္
Jimin လုပ္ေပးတဲ့ ေပါင္မုန့္ေတြကို ေစ်းမွာေတာင္ သြားေရာင္းၾကေသးသည္
မုန့္ဖုတ္နည္းသင္ေပးတဲ့ Minjeong Aeriတို႔ကို Jimin ေက်းဇူးတင္မိသည္
#tbc
Bạn đang đọc truyện trên: Truyen3h.Co