Truyen3h.Co

ကျွန်မချစ်သူ မြေခွေးမလေး

Final

KimFany059

#Unicode

One year later

"ကားကို ဂရုစိုက်မောင်းပြန်အုံး ကြားလား Ning နှင်းတွေကလည်း အရမ်းကျနေတာဘဲ "

Minjeong သူ့သူငယ်ချင်းတွေကို ဆိုင်ရှေ့ထိလိုက်ပို့ရင်း ပြောနေသည်

"စိတ်မပူပါနဲ့ ငါမောင်းမှာ နင်လည်း ဂရုစိုက်နော် Minjeong "

Aeriလည်း ဆိုင်ထဲက ထွက်လာပြီး Minjeongကို ဖက်ကာနှုတ်ဆက်လိုက်သည်

"Good Ningt guys "

"Good Night Minjeong "

Minjeongမှာ ဆိုင်တံခါးကို သေချာသော့ခတ်ပြီး တံခါးမှန်ကနေ လိုက်ကာမပိတ်ခင် မောင်းထွက်သွားတဲ့ Aeriတို့ကားကို ကြည့်နေသည်

တစ်နှစ်ကြာသွားပြီး ပထမဆုံးနှင်းကျတာကို မုန့်ဖုတ်သမားလေးမှာ မယုံနိုင်ဖြစ်နေသည်

Minjeong အသက်ပြင်းပြင်းရှုပြီး မျက်လုံးမှိတ်လိုက်တော့ Jiminရဲ့ ပုံရိပ်တွေ မြင်လာသည်

သူမ ကုတင်ဘေးအိပ်နေတဲ့ Jimin

သူမ ကုတင်ပေါ်ထိုင်ပြီး နှင်းတွေကို ကြည့်ခဲ့တဲ့ Jimin

Minjeong မျက်လုံးအမြန်ဖွင့်ပြီး ခေါင်းကို ခါယမ်းလိုက်သည်

Jiminက မရှိတော့ဘူး...လကြတ်တာ အတော်ကြာသွားတာတောင် Jimin က ပေါ်မလာခဲ့ဘူး....

နောက်တစ်ခေါက် လကြတ်မယ့်အချိန်ကလည်း သုံးလေးနှစ်လောက် ကြာအုံးမည်

နတ်သမီးပုံပြင်တွေထဲကလို ဖြစ်လာမလား မျှော်လင့်မိတဲ့ ငါ....ရူးမိုက်လိုက်တာ Minjeongရယ်

Minjeongရဲ့ တစ်စိတ်တစ်ပိုင်းက Jiminရဲ့ ကတိကို ယုံချင်ပေမယ့်လည်း Joohyunပြောတဲ့ စကားတွေကလည်း Minjeongရဲ့ ဦးနှောက်ကို အချက်ပြနေသည်

မုန့်ဖုတ်သမားလေးမှာ မဖြစ်နိုင်တော့တာကို မျှော်လင့်ချက်မထားဖို့ သက်ပြင်းချကာ ကြိုးစားနေသည်

Minjeong ညစာစားပြီးနောက် အော်ဒါလက်ခံထားတဲ့ မုန့်တွေကို ဖုတ်ဖို့ ပြင်ဆင်နေသည်

Minjeong ပစ္စည်းတွေကို စားပွဲခုံပေါ် အစီအစဥ်တကျတင်နေစဥ် တံခါးခေါက်သံကြားရသည်

"ညကြီးကို ဘယ်သူလာခေါက်တာလည်း "

Minjeong ခေတ္တခဏကြောင်သွားသော်လည်း မီးဖိုခန်းထဲကနေ ထွက်လာသည်

မီးကလည်း ပိတ်ထားပြီး တံခါးမှန်က လိုက်ကာကို ကာထားလို့ အပြင်က တံခါးခေါက်နေသူမှာ ဘယ်သူမှန်း Minjeong မမြင်ရပေ သို့သော်လည်း တံခါးခေါက်သံက ပိုမိုပြင်းထန်လာသည်

ပြင်းထန်တဲ့ တံခါးခေါက်သံနဲ့အတူ Minjeong နှလုံးသားဟာလည်း တဒုန်းဒုန်းခုန်ပြီး စိတ်လှုပ်ရှားနေသည်

Jiminများ ဖြစ်နေမလား

မဖြစ်နိုင်တာ သူက မရှိတော့ဘူးလေ သေသွားပြီ မဟုတ်လား

မဖြစ်နိုင်ဘူး ဟုတ်တယ်မလား

Jimin ဖြစ်နေမလား မဟုတ်ဘူးလားဆိုတဲ့ အတွေးတွေနဲ့ တံခါးဖွင့်ဖို့ကို Minjeong သတိမရတော့ပေ

"Minjeong. ..."

တံခါးအပြင်ဘက်က သူမနာမည်ကို ခေါ်လိုက်တဲ့ အသံကြောင့် Minjeong နှလုံးအူကလီစာတွေ ပြုတ်ကျသွားသလို ခံစားလိုက်ရသည်

ရက်လတွေ ကြာသွားတာတောင် Jiminရဲ့ အသံကို မမှတ်မိစရာမရှိဘူးလေ Jiminရဲ့ အသံက အရမ်းဆွဲဆောင်မှု ရှိတာ မဟုတ်လား

Minjeong တံခါးမှန်က လိုက်ကာကို ဆွဲဖယ်လိုက်ချိန်မှာတော့ ရိုလာကိုစတာပေါ်က ပြုတ်ကျသွားသလို ခံစားလိုက်ရသည်

တံခါးအပြင်ဘက်မှာ ရပ်နေတာက.... Jiminဘဲ.....

Jiminကို သူမအဝတ်အစားတွေ ဝတ်ထားတာဘဲဲ မြင်ဖူးနေကျဖြစ်နေတော့ beanie ဦးထုပ်အနီရောင်လေး ဝတ်ထားပြီး ဂျာကင်အနက်ရောင်လေးနဲ့ Jiminကို Minjeong ကျောက်ရုပ်တစ်ရုပ်လို ဖြစ်ကာ ကြည့်နေမိသည်

Minjeong နှလုံးခုန်ရပ်ပြီး ပေါက်ကွဲသွားသလို အေးခဲသွားသလို ခံစားနေရသည်

Jiminက ဆိုင်ရှေ့မှာ ရပ်နေတာ မဖြစ်နိုင်ဘူး မဟုတ်လား မိုးတွေတအားရွာတဲ့ နေ့တုန်းကလို သူမစိတ်က သူမကို လှည့်စားနေသလားဆိုပြီး တွေးလိုက်သည်

ဒါပေမယ့် အပြင်ဘက်မှာ ရပ်နေတဲ့ Jimimနဲ့အကြည့်ချင်းဆုံတော့ Jimin မျက်ဝန်းမှာ မျက်ရည်တွေဝဲနေသည်

"ငါ အထဲကို ဝင်လာလို့ ရလား Minjeong "

Jimin ရဲ့စကားကြောင့် Minjeong ချက်ချင်းတံခါးဖွင့်ပေးလိုက်တော့ လေအေးတွေနဲ့ အတူ Jiminက အထဲကို ဝင်လာသည်

"ငါ တောင်းပန်ပါတယ်...."

Minjeong ရဲ့ရင်ခွင်ထဲ တိုးဝင်ပြီး Jimin ပြောလိုက်သည်

"ငါ တကယ် တောင်းပန်ပါတယ် Minjeong "

အိမ်မက်မက်နေတာ မဟုတ်လား

အိမ်မက်ဆိုရင်တောင် Jimin ရဲ့ ခန္ဓာကိုယ်က အပြင်က ရာသီဥတုလို ဘာလို့အေးစက်နေတာလည်း

အိမ်မက်ဖြစ်နေပါစေ အိမ်မက်ထဲမှာတော့ Jimin ထွက်သွားလို့မရအောင် ဖက်ထားမယ်လို့ Minjeong တွေးပြီး သူမရင်ခွင်ထဲက Jiminကို တင်းတင်းကြပ်ကြပ် ဖက်လိုက်သည်

Jiminကို ဖက်ထားရတာ တကယ်ဖက်ထားရသလို ခံစားရလို့ Minjeong ငိုချင်လာသည်

ငါ အိမ်မက်မက်နေတာ မဟုတ်ဘူးလား

ဒါ့အပြင် Jimin ခန္ဓာကိုယ်က တုန်ရီနေတာကိုလည်း Minjeong ခံစားမိသည်

"နင်တုန်ရီနေတာဘဲ အရမ်းအေးလို့လား ငါ စောင်ယူပေး "

"ဟင့်အင်း မယူပေးနဲ့ ငါ မအေးဘူး.... ငါ ငါကြောက်နေလို့ "

"ကြောက်နေလို့ ဟုတ်လား ဘာကိုကြောက်တာလည်း "

"အချိန်အကြာကြီးနေမှ နင့်ဆီပြန်ရောက်လာလို့ နင်မုန်းသွားမှာ ငါအရမ်းကြောက်နေတာ "

"မုန်းမှာကြောက်နေတာ ဟုတ်လား Jimin ငါက နင့်ကို အချိန်အကြာကြီး စောင့်နေချိန် နင်က ငါမုန်းမှာကို ကြောက်နေတာပေါ့လေ  "

"နင့်ကို အကြာကြီး စောင့်ခိုင်းထားရလို့ တောင်းပန်ပါတယ် "

Jimin မျက်ရည်လေးတွေ ဝဲပြီး Minjeongကို တောင်းပန်တော့ Minjeong မှာ Jiminကို ရင်ခွင်ထဲက ဆွဲထုတ်လိုက်သည်

"နင် ဘယ်ရောက်နေတာလည်း လကြတ်တုန်းကလည်း နင်ပေါ်မလာဘူး ငါ ညတိုင်း စောင့်နေခဲ့တာ နင်ပေါ်မလာခဲ့ဘူး နင် ဘယ်တုန်းကမှ ပေါ်မလာခဲ့ဘူး ငါ အရမ်းကြောက်ပြီး တွေဝေနေခဲ့လို့ Joohyun ဆီကိုတောင် သွားခဲ့သေးတယ် "

"ဟင် နင် ဘာလုပ်ခဲ့တယ် Joohyunဆီ သွားခဲ့တယ် ဟုတ်လား သူက အန္တရာယ် ရှိတာကို နင့်ကို တစ်ခုခု "

"သူက နင်သေသွားပြီလို့ဘဲပြောနေတာ ဆက်တိုက် နင်သေပြီဘဲ ပြောလို့ ငါလည်း ငါလည်း..... နင်သေပြီလို့ "

Minjeong ဆက်မပြောနိုင်တော့ဘဲ Jimin ရင်ခွင်ထဲ တိုးဝင်ကာ ငိုလိုက်သည်

"တောင်းပန်ပါတယ် ကလေးရယ် ဒါပေမယ့် ငါ ဒီမှာရှိနေပြီလေ နင့်ရှေ့မှာ ငါရှိနေပြီလေ....."

"နင် လူသားစားခဲ့တာလား "

"ဟင့်အင်း ငါလူမသတ်ခဲ့ဘူး Minjeong ငါ ပြောဖူးတယ်လေ နင့်အတွက် ငါလူကောင်းတစ်ယောက်ဖြစ်ချင်တယ်လို့ "

"လူသားမစားရင် နင်သေသွားမှာပေါ့ Jimin နင် နေပါအုံး ဒီညလကြတ်တာလား မဟုတ်တာ မကြတ်ပါဘူး ငါ သေချာလေ့လာထားတာကို ငါ အိမ်မက်မက်နေတာလား "

"နားထောင်ပါအုံး ကလေးလေးရဲ့ "

Minjeong ကို ရင်ခွင်ထဲက ဆွဲထုတ်ပြီး Minjeong ရဲ့ မေးစေ့လေးကို Jimin ဆွဲကိုင်လိုက်သည်

"ငါ ဟိုကို ပြန်ရောက်သွားတော့ အဖြေတွေ နည်းလမ်းတွေရှာကြည့်ခဲ့တယ် ငါမရှိဘဲ နင်အသက်ကြီးသွားမှာကို စဥ်းစားရုံနဲ့တင် ရူးမတတ်ခံစားရလို့ ငါ နည်းလမ်းရှာခဲ့တယ် တစ်နေ့တော့ ဂူမီဟိုတွေရဲ့ စွမ်းအားက အမြီးတွေမှာ ရှိတယ် အမြီးတွေကိုဖြတ်ပြီး လူသား ​ဖြစ်သွားတဲ့ ဂူမီဟိုတွေ ရှိခဲ့ဖူးတယ်လို့ သိလိုက်ရတော့ ငါ့အမြီးတွေ အားလုံးကိုဖြတ်ပစ်ခဲ့တယ် "

Jiminရဲ့ စကားကြောင့် Minjeong အံ့သြသွားတယ်

"ဟင် ဘယ်လို "

"အင်း ငါအမြီးတွေ ဖြတ်လိုက်တော့ အရမ်းနာကျင်ပြီး သတိမေ့သွားခဲ့တယ် ငါသတိရလာတော့  နေရာတစ်နေရာကိို ရောက်နေခဲ့တယ် သူတို့ပြောတဲ့စကားတွေ ငါနားမလည်ခဲ့ဘူး Minjeong သူတို့က နင်တို့လိုစကားပြောတာမဟုတ်ဘူး ငါ ငါပြောတာလည်း သူတို့ နားမလည်ဘူး....ငါ ဘယ်ရောက်နေမှန်းမသိပေမယ့် နင်တို့ ကမ္ဘာကို ရောက်လာတာတော့ သိတယ် နင့်ကို ဘယ်လိုရှာရမှန်း ငါမသိဘူး "

Jiminရဲ့ စကားတွေကို နားထောင်ပြီး သူစိမ်းတွေကြားထဲ တစ်ယောက်တည်း လမ်းပျောက်နေတဲ့ Jiminကို သနားလို့ ထပ်ပြီး Minjeong ငိုမိပြန်သည်

"ဒါဆို နင် ဒီမှာတစ်ချိန်လုံးရှိခဲ့တာပေါ့ "

"နင့်ကို အကြာကြီး စောင့်ခိုင်းထားရလို့ တောင်းပန်ပါတယ် "

Minjeongရဲ့ မျက်ရည်တွေကို လက်မနဲ့သုတ်ပေးရင်း Jimin တောင်းပန်လိုက်သည်

"ငါ သူတို့ဘာသာစကားတွေကို လေ့လာခဲ့တယ် တော်တော်ခက်တယ်သိလား ငါအချိန်တော်တော်ယူလိုက်ရတယ် ပြီးကျ အဲ့ကလူတွေက နင့်လိုမဟုတ်ဘူး တစ်နေ့တော့ အမျိုးသမီးတစ်ယောက်က နင့်ဆီဖုန်းခေါ်မလားဆိုပြီး ငါ့ကို သူ့ဖုန်းငှားတယ် ဒါပေမယ့် နင့်ဖုန်းနံပါတ်မှ ငါမသိတာ ပြီးတော့ ဖုန်းကိုလည်း ငါတစ်ခါမှ မသုံးဖူးဘူးလေ...."

"ဒါဆို နင် နင်အခု လူဖြစ်သွားပြီပေါ့ "

"ဟုတ်တယ် လူဖြစ်သွားပြီ စိတ်မကောင်းစရာဘဲ နင်တို့အသံ အနံ့တွေကို ငါခံစားလို့ မရတော့ဘူး "

"နင် ဒီကို ဘယ်လိုလုပ် ပြန်ရောက်လာတာလည်း "

"ပြောရရင် အရှည်ကြီးဘဲ ဒါပေမယ့် နင်ပြောသလို ငါက စမတ်ကျတဲ့ ဂူမီဟိုလေ ဟဲဟဲ တစ်ချို့ကဆို ငါ့ကို မင်းသမီးလုပ်ဖို့ ပြောကြသေးတာ "

Jiminရဲ့စကားကြောင့် Minjeong သဘောကျပြီး ရယ်လိုက်သည်

"သူငယ်ချင်းတစ်ယောက်က ငါ့ကိုလုပ်ပေးထားတာ"

Jimin သူမဘောင်းဘီအိတ်ကပ်ထဲက တစ်ခုခုကို နှိုက်ယူပြီး Minjeong ကို ပေးလိုက်သည်

Passport? မုန့်ဖုတ်သမားလေးမှာ မီးဖိုခန်းထဲက အလင်းရောင်ကြောင့် Passport မှန်းသိလိုက်ရပြီး အထဲကစာကိုဖတ်ကြည့်တော့ Yu Jiminတဲ့

"သူငယ်ချင်း နေပါအုံး NingNingတို့နဲ့ မိတ်ဆက်ပေးတုန်းက ရှက်နေတဲ့ ကောင်မလေးက သူငယ်ချင်း ရခဲ့တယ်ဟုတ်လား "

Minjeongရဲ့ အံ့သြသွားတဲ့ လေသံကြောင့် Jimin တစ်ခုခုကို ရုတ်တရက်သတိရသွားသည်

"အယ် သူငယ်ချင်းလုပ်ခဲ့တယ်ဆိုပေမယ့် သူတို့နဲ့ မနမ်းခဲ့ဘူးနော် Minjeong "

"ရပါတယ် ဘာမှမဖြစ်ပါဘူး နင် လုံခြုံတယ်ဆိုတဲ့စိတ်နဲ့ ငါဘာမှမဖြစ်ဘူး "

"တောင်းပန်ပါတယ် နင့်ဆီပြန်လာဖို့ အချိန်တော်တော်ယူလိုက်ရတယ် "

"တောင်းပန်စရာမလိုပါဘူး နင်အခုပြန်ရောက်လာပြီဘဲလေ ငါ့အတွက် အဲ့တာအရေးကြီးတယ်..ငါ အိမ်မက်မက်နေတာတော့ မဟုတ်ပါဘူးနော် "

Minjeong အခုထိ Jimin ပြန်ရောက်လာတာကို မယုံနိုင်ဘူးဖြစ်နေတယ်

"နင် အိမ်မက်မက်နေတာ မဟုတ်ပါဘူး "

Minjeongရဲ့ နီရဲနေတဲ့ နားရွက်လေးကို နမ်းပြီး Jimin ပြောလိုက်သည်

"အိမ်မက်မက်နေတာ မဟုတ်ပါဘူး ကလေးရဲ့ "

Minjeong ရဲ့ နဖူးလေးကိုနမ်းပြီး Minjeong ထပ်ပြောလိုက်သည်

"ဒါက တကယ်ဖြစ်ပျက်နေတာပါ "

Minjeongရဲ့ ပါးဖောင်းဖောင်းလေးကို Jimin ထပ်နမ်းပြန်သည်

"ငါ နင့်ဆီတကယ်ပြန်လာတာပါ "

Minjeong ရဲ့ နှုတ်ခမ်းလေးကို Jimin နမ်းတော့ Minjeongလည်း Jiminရဲ့ အနမ်းတွေကို ပြန်လည်တုံ့ပြန်လိုက်သည်

"လွမ်းလိုက်တာ...."

"ငါလည်း အရမ်းလွမ်းနေတာ Jimin "

"ငါ အခု လူသားဖြစ်ပြီဆိုတော့ ပိုက်ဆံရှာရတော့မယ်လေ ဒီတော့ နင်တို့ဆိုင်မှာ လူလိုလားဟင် "

Jiminက ပြောတော့ Minjeong ပြုံးစိစိနဲ့ သူမမေးစေ့ကို လက်နဲ့ပွတ်ပြီး အိုက်တင်ခံနေသည်

"အရင်က ဒါမျိုးလုပ်ဖူးလားရှင့် "

Minjeongရဲ့ အပြုအမူနဲ့စကားကြောင့် Jimin ရယ်လိုက်သည်

"တကယ်ပါဘဲ ဟုတ်ကဲ့ ကျွန်မအရင်က မုန့်ဖုတ်ဆိုင်တစ်ခုမှာလုပ်ဖူးပါတယ် ကျွန်မရဲ့ သူဌေးက ကျွန်မကိုဆိုသိပ်ချစ်တာ "

Jiminရဲ့ စကားကြောင့် Minjeong သဘောကျပြီး ရယ်လိုက်သည်

"ဟုတ်ပြီ ဒါဆို အလုပ်ခန့်လိုက်ပါပြီ "

"ပြီးတော့ နေစရာလေး လိုသေးတယ် ကျွန်မအတွက် နေစရာရှာပေးလို့ရလားဟင် "

"ရူးကြောင်ကြောင်မေးခွန်းတွေမမေးနဲ့ "

Jiminရဲ့ လက်မောင်းကိုရိုက်ပြီး Minjeong ရန်လုပ်လိုက်သည်

"အာ့ နာတယ်နော် ငါအခု လူသားဖြစ်နေပြီလေ ငါ့ကို ညင်ညင်သာသာဆက်ဆံပါ "

"နင် ငါ့အတွက်နဲ့ အချိန်အကြာကြီး ထိန်းသိမ်းခဲ့ရတဲ့ အမြီးကိုဖြတ်ပစ်လိုက်တယ်ပေါ့ "

"ဟက်ထိသွားပြီ မဟုတ်လား ဒါဆို နင်နဲ့အတူအိပ်လို့ရလား "

"Yah Yu Jimin ပေါက်ကရတွေမပြောနဲ့ဆို "

"ဘာလို့လည်း "

"ငါနင့်ကို အရမ်းချစ်လို့ပေါ့ "

Minjeongဆီက ချစ်တယ်ဆိုတဲ့ စကားကိုကြားရတော့ Jimin ဝမ်းဗိုက်ထဲ လိပ်ပြာတွေ ပျံဝဲသွားသလို ခံစားရသည်

"ငါလည်း နင့်ကို အရမ်းချစ်တယ် Minjeong "

"နွေးထွေးတဲ့ အိမ်ကလေးကနေ ကြိုဆိုပါတယ် Jimin "

Minjeong ပြောပြီး Jiminရဲ့ နှုတ်ခမ်းလေးကို နမ်းလိုက်သည်

အိမ်မက်ထဲမှာဘဲ နမ်းခဲ့ရတဲ့ နှုတ်ခမ်းလေး အခုတော့ အပြင်မှာ တကယ်နမ်းခွင့်ရပြီ

​မြေခွေးတွေလို အချိန်အကြာကြီးမနေရဘဲ အိုမင်းသေဆုံးသွားခဲ့ရင်တောင် အရမ်းချစ်ရတဲ့ Minjeongနဲ့ အတူဖြတ်သန်းအိုမင်းခွင့်ရလို့ Jimin ဂရုမစိုက်တော့ပေ။

#the end

ဂူမီဟိုတို့အတွဲကို အဆုံးထိဖတ်ပေးပြီး ချစ်ပေးကြလို့ ကျေးဇူးတင်ပါတယ် နောက်လည်း Jiminjeong ficလေးတွေ အကောင်းဆုံးဖြစ်အောင် ရေးပေးဘာသာပြန်ပေးပါမယ်။  ❤

#zawgyi

One year later

"ကားကို ဂ႐ုစိုက္ေမာင္းျပန္အုံး ၾကားလား Ning ႏွင္းေတြကလည္း အရမ္းက်ေနတာဘဲ "

Minjeong သူ႕သူငယ္ခ်င္းေတြကို ဆိုင္ေရွ႕ထိလိုက္ပို႔ရင္း ေျပာေနသည္

"စိတ္မပူပါနဲ႕ ငါေမာင္းမွာ နင္လည္း ဂ႐ုစိုက္ေနာ္ Minjeong "

Aeriလည္း ဆိုင္ထဲက ထြက္လာၿပီး Minjeongကို ဖက္ကာႏႈတ္ဆက္လိုက္သည္

"Good Ningt guys "

"Good Night Minjeong "

Minjeongမွာ ဆိုင္တံခါးကို ေသခ်ာေသာ့ခတ္ၿပီး တံခါးမွန္ကေန လိုက္ကာမပိတ္ခင္ ေမာင္းထြက္သြားတဲ့ Aeriတို႔ကားကို ၾကည့္ေနသည္

တစ္ႏွစ္ၾကာသြားၿပီး ပထမဆုံးႏွင္းက်တာကို မုန့္ဖုတ္သမားေလးမွာ မယုံနိုင္ျဖစ္ေနသည္

Minjeong အသက္ျပင္းျပင္းရႈၿပီး မ်က္လုံးမွိတ္လိုက္ေတာ့ Jiminရဲ႕ ပုံရိပ္ေတြ ျမင္လာသည္

သူမ ကုတင္ေဘးအိပ္ေနတဲ့ Jimin

သူမ ကုတင္ေပၚထိုင္ၿပီး ႏွင္းေတြကို ၾကည့္ခဲ့တဲ့ Jimin

Minjeong မ်က္လုံးအျမန္ဖြင့္ၿပီး ေခါင္းကို ခါယမ္းလိုက္သည္

Jiminက မရွိေတာ့ဘူး...လၾကတ္တာ အေတာ္ၾကာသြားတာေတာင္ Jimin က ေပၚမလာခဲ့ဘူး....

ေနာက္တစ္ေခါက္ လၾကတ္မယ့္အခ်ိန္ကလည္း သုံးေလးႏွစ္ေလာက္ ၾကာအုံးမည္

နတ္သမီးပုံျပင္ေတြထဲကလို ျဖစ္လာမလား ေမွ်ာ္လင့္မိတဲ့ ငါ....႐ူးမိုက္လိုက္တာ Minjeongရယ္

Minjeongရဲ႕ တစ္စိတ္တစ္ပိုင္းက Jiminရဲ႕ ကတိကို ယုံခ်င္ေပမယ့္လည္း Joohyunေျပာတဲ့ စကားေတြကလည္း Minjeongရဲ႕ ဦးႏွောက္ကို အခ်က္ျပေနသည္

မုန့္ဖုတ္သမားေလးမွာ မျဖစ္နိုင္ေတာ့တာကို ေမွ်ာ္လင့္ခ်က္မထားဖို႔ သက္ျပင္းခ်ကာ ႀကိဳးစားေနသည္

Minjeong ညစာစားၿပီးေနာက္ ေအာ္ဒါလက္ခံထားတဲ့ မုန့္ေတြကို ဖုတ္ဖို႔ ျပင္ဆင္ေနသည္

Minjeong ပစၥည္းေတြကို စားပြဲခုံေပၚ အစီအစဥ္တက်တင္ေနစဥ္ တံခါးေခါက္သံၾကားရသည္

"ညႀကီးကို ဘယ္သူလာေခါက္တာလည္း "

Minjeong ေခတၱခဏေၾကာင္သြားေသာ္လည္း မီးဖိုခန္းထဲကေန ထြက္လာသည္

မီးကလည္း ပိတ္ထားၿပီး တံခါးမွန္က လိုက္ကာကို ကာထားလို႔ အျပင္က တံခါးေခါက္ေနသူမွာ ဘယ္သူမွန္း Minjeong မျမင္ရေပ သို႔ေသာ္လည္း တံခါးေခါက္သံက ပိုမိုျပင္းထန္လာသည္

ျပင္းထန္တဲ့ တံခါးေခါက္သံနဲ႕အတူ Minjeong ႏွလုံးသားဟာလည္း တဒုန္းဒုန္းခုန္ၿပီး စိတ္လႈပ္ရွားေနသည္

Jiminမ်ား ျဖစ္ေနမလား

မျဖစ္နိုင္တာ သူက မရွိေတာ့ဘူးေလ ေသသြားၿပီ မဟုတ္လား

မျဖစ္နိုင္ဘူး ဟုတ္တယ္မလား

Jimin ျဖစ္ေနမလား မဟုတ္ဘူးလားဆိုတဲ့ အေတြးေတြနဲ႕ တံခါးဖြင့္ဖို႔ကို Minjeong သတိမရေတာ့ေပ

"Minjeong. ..."

တံခါးအျပင္ဘက္က သူမနာမည္ကို ေခၚလိုက္တဲ့ အသံေၾကာင့္ Minjeong ႏွလုံးအူကလီစာေတြ ျပဳတ္က်သြားသလို ခံစားလိုက္ရသည္

ရက္လေတြ ၾကာသြားတာေတာင္ Jiminရဲ႕ အသံကို မမွတ္မိစရာမရွိဘူးေလ Jiminရဲ႕ အသံက အရမ္းဆြဲေဆာင္မႈ ရွိတာ မဟုတ္လား

Minjeong တံခါးမွန္က လိုက္ကာကို ဆြဲဖယ္လိုက္ခ်ိန္မွာေတာ့ ရိုလာကိုစတာေပၚက ျပဳတ္က်သြားသလို ခံစားလိုက္ရသည္

တံခါးအျပင္ဘက္မွာ ရပ္ေနတာက.... Jiminဘဲ.....

Jiminကို သူမအဝတ္အစားေတြ ဝတ္ထားတာဘဲဲ ျမင္ဖူးေနက်ျဖစ္ေနေတာ့ beanie ဦးထုပ္အနီေရာင္ေလး ဝတ္ထားၿပီး ဂ်ာကင္အနက္ေရာင္ေလးနဲ႕ Jiminကို Minjeong ေက်ာက္႐ုပ္တစ္႐ုပ္လို ျဖစ္ကာ ၾကည့္ေနမိသည္

Minjeong ႏွလုံးခုန္ရပ္ၿပီး ေပါက္ကြဲသြားသလို ေအးခဲသြားသလို ခံစားေနရသည္

Jiminက ဆိုင္ေရွ႕မွာ ရပ္ေနတာ မျဖစ္နိုင္ဘူး မဟုတ္လား မိုးေတြတအား႐ြာတဲ့ ေန႕တုန္းကလို သူမစိတ္က သူမကို လွည့္စားေနသလားဆိုၿပီး ေတြးလိုက္သည္

ဒါေပမယ့္ အျပင္ဘက္မွာ ရပ္ေနတဲ့ Jimimနဲ႕အၾကည့္ခ်င္းဆုံေတာ့ Jimin မ်က္ဝန္းမွာ မ်က္ရည္ေတြဝဲေနသည္

"ငါ အထဲကို ဝင္လာလို႔ ရလား Minjeong "

Jimin ရဲ႕စကားေၾကာင့္ Minjeong ခ်က္ခ်င္းတံခါးဖြင့္ေပးလိုက္ေတာ့ ေလေအးေတြနဲ႕ အတူ Jiminက အထဲကို ဝင္လာသည္

"ငါ ေတာင္းပန္ပါတယ္...."

Minjeong ရဲ႕ရင္ခြင္ထဲ တိုးဝင္ၿပီး Jimin ေျပာလိုက္သည္

"ငါ တကယ္ ေတာင္းပန္ပါတယ္ Minjeong "

အိမ္မက္မက္ေနတာ မဟုတ္လား

အိမ္မက္ဆိုရင္ေတာင္ Jimin ရဲ႕ ခႏၶာကိုယ္က အျပင္က ရာသီဥတုလို ဘာလို႔ေအးစက္ေနတာလည္း

အိမ္မက္ျဖစ္ေနပါေစ အိမ္မက္ထဲမွာေတာ့ Jimin ထြက္သြားလို႔မရေအာင္ ဖက္ထားမယ္လို႔ Minjeong ေတြးၿပီး သူမရင္ခြင္ထဲက Jiminကို တင္းတင္းၾကပ္ၾကပ္ ဖက္လိုက္သည္

Jiminကို ဖက္ထားရတာ တကယ္ဖက္ထားရသလို ခံစားရလို႔ Minjeong ငိုခ်င္လာသည္

ငါ အိမ္မက္မက္ေနတာ မဟုတ္ဘူးလား

ဒါ့အျပင္ Jimin ခႏၶာကိုယ္က တုန္ရီေနတာကိုလည္း Minjeong ခံစားမိသည္

"နင္တုန္ရီေနတာဘဲ အရမ္းေအးလို႔လား ငါ ေစာင္ယူေပး "

"ဟင့္အင္း မယူေပးနဲ႕ ငါ မေအးဘူး.... ငါ ငါေၾကာက္ေနလို႔ "

"ေၾကာက္ေနလို႔ ဟုတ္လား ဘာကိုေၾကာက္တာလည္း "

"အခ်ိန္အၾကာႀကီးေနမွ နင့္ဆီျပန္ေရာက္လာလို႔ နင္မုန္းသြားမွာ ငါအရမ္းေၾကာက္ေနတာ "

"မုန္းမွာေၾကာက္ေနတာ ဟုတ္လား Jimin ငါက နင့္ကို အခ်ိန္အၾကာႀကီး ေစာင့္ေနခ်ိန္ နင္က ငါမုန္းမွာကို ေၾကာက္ေနတာေပါ့ေလ  "

"နင့္ကို အၾကာႀကီး ေစာင့္ခိုင္းထားရလို႔ ေတာင္းပန္ပါတယ္ "

Jimin မ်က္ရည္ေလးေတြ ဝဲၿပီး Minjeongကို ေတာင္းပန္ေတာ့ Minjeong မွာ Jiminကို ရင္ခြင္ထဲက ဆြဲထုတ္လိုက္သည္

"နင္ ဘယ္ေရာက္ေနတာလည္း လၾကတ္တုန္းကလည္း နင္ေပၚမလာဘူး ငါ ညတိုင္း ေစာင့္ေနခဲ့တာ နင္ေပၚမလာခဲ့ဘူး နင္ ဘယ္တုန္းကမွ ေပၚမလာခဲ့ဘူး ငါ အရမ္းေၾကာက္ၿပီး ေတြေဝေနခဲ့လို႔ Joohyun ဆီကိုေတာင္ သြားခဲ့ေသးတယ္ "

"ဟင္ နင္ ဘာလုပ္ခဲ့တယ္ Joohyunဆီ သြားခဲ့တယ္ ဟုတ္လား သူက အႏၱရာယ္ ရွိတာကို နင့္ကို တစ္ခုခု "

"သူက နင္ေသသြားၿပီလို႔ဘဲေျပာေနတာ ဆက္တိုက္ နင္ေသၿပီဘဲ ေျပာလို႔ ငါလည္း ငါလည္း..... နင္ေသၿပီလို႔ "

Minjeong ဆက္မေျပာနိုင္ေတာ့ဘဲ Jimin ရင္ခြင္ထဲ တိုးဝင္ကာ ငိုလိုက္သည္

"ေတာင္းပန္ပါတယ္ ကေလးရယ္ ဒါေပမယ့္ ငါ ဒီမွာရွိေနၿပီေလ နင့္ေရွ႕မွာ ငါရွိေနၿပီေလ....."

"နင္ လူသားစားခဲ့တာလား "

"ဟင့္အင္း ငါလူမသတ္ခဲ့ဘူး Minjeong ငါ ေျပာဖူးတယ္ေလ နင့္အတြက္ ငါလူေကာင္းတစ္ေယာက္ျဖစ္ခ်င္တယ္လို႔ "

"လူသားမစားရင္ နင္ေသသြားမွာေပါ့ Jimin နင္ ေနပါအုံး ဒီညလၾကတ္တာလား မဟုတ္တာ မၾကတ္ပါဘူး ငါ ေသခ်ာေလ့လာထားတာကို ငါ အိမ္မက္မက္ေနတာလား "

"နားေထာင္ပါအုံး ကေလးေလးရဲ႕ "

Minjeong ကို ရင္ခြင္ထဲက ဆြဲထုတ္ၿပီး Minjeong ရဲ႕ ေမးေစ့ေလးကို Jimin ဆြဲကိုင္လိုက္သည္

"ငါ ဟိုကို ျပန္ေရာက္သြားေတာ့ အေျဖေတြ နည္းလမ္းေတြရွာၾကည့္ခဲ့တယ္ ငါမရွိဘဲ နင္အသက္ႀကီးသြားမွာကို စဥ္းစား႐ုံနဲ႕တင္ ႐ူးမတတ္ခံစားရလို႔ ငါ နည္းလမ္းရွာခဲ့တယ္ တစ္ေန႕ေတာ့ ဂူမီဟိုေတြရဲ႕ စြမ္းအားက အၿမီးေတြမွာ ရွိတယ္ အၿမီးေတြကိုျဖတ္ၿပီး လူသား ျဖစ္သြားတဲ့ ဂူမီဟိုေတြ ရွိခဲ့ဖူးတယ္လို႔ သိလိုက္ရေတာ့ ငါ့အၿမီးေတြ အားလုံးကိုျဖတ္ပစ္ခဲ့တယ္ "

Jiminရဲ႕ စကားေၾကာင့္ Minjeong အံ့ၾသသြားတယ္

"ဟင္ ဘယ္လို "

"အင္း ငါအၿမီးေတြ ျဖတ္လိုက္ေတာ့ အရမ္းနာက်င္ၿပီး သတိေမ့သြားခဲ့တယ္ ငါသတိရလာေတာ့  ေနရာတစ္ေနရာကိို ေရာက္ေနခဲ့တယ္ သူတို႔ေျပာတဲ့စကားေတြ ငါနားမလည္ခဲ့ဘူး Minjeong သူတို႔က နင္တို႔လိုစကားေျပာတာမဟုတ္ဘူး ငါ ငါေျပာတာလည္း သူတို႔ နားမလည္ဘူး....ငါ ဘယ္ေရာက္ေနမွန္းမသိေပမယ့္ နင္တို႔ ကမၻာကို ေရာက္လာတာေတာ့ သိတယ္ နင့္ကို ဘယ္လိုရွာရမွန္း ငါမသိဘူး "

Jiminရဲ႕ စကားေတြကို နားေထာင္ၿပီး သူစိမ္းေတြၾကားထဲ တစ္ေယာက္တည္း လမ္းေပ်ာက္ေနတဲ့ Jiminကို သနားလို႔ ထပ္ၿပီး Minjeong ငိုမိျပန္သည္

"ဒါဆို နင္ ဒီမွာတစ္ခ်ိန္လုံးရွိခဲ့တာေပါ့ "

"နင့္ကို အၾကာႀကီး ေစာင့္ခိုင္းထားရလို႔ ေတာင္းပန္ပါတယ္ "

Minjeongရဲ႕ မ်က္ရည္ေတြကို လက္မနဲ႕သုတ္ေပးရင္း Jimin ေတာင္းပန္လိုက္သည္

"ငါ သူတို႔ဘာသာစကားေတြကို ေလ့လာခဲ့တယ္ ေတာ္ေတာ္ခက္တယ္သိလား ငါအခ်ိန္ေတာ္ေတာ္ယူလိုက္ရတယ္ ၿပီးက် အဲ့ကလူေတြက နင့္လိုမဟုတ္ဘူး တစ္ေန႕ေတာ့ အမ်ိဳးသမီးတစ္ေယာက္က နင့္ဆီဖုန္းေခၚမလားဆိုၿပီး ငါ့ကို သူ႕ဖုန္းငွားတယ္ ဒါေပမယ့္ နင့္ဖုန္းနံပါတ္မွ ငါမသိတာ ၿပီးေတာ့ ဖုန္းကိုလည္း ငါတစ္ခါမွ မသုံးဖူးဘူးေလ...."

"ဒါဆို နင္ နင္အခု လူျဖစ္သြားၿပီေပါ့ "

"ဟုတ္တယ္ လူျဖစ္သြားၿပီ စိတ္မေကာင္းစရာဘဲ နင္တို႔အသံ အနံ႕ေတြကို ငါခံစားလို႔ မရေတာ့ဘူး "

"နင္ ဒီကို ဘယ္လိုလုပ္ ျပန္ေရာက္လာတာလည္း "

"ေျပာရရင္ အရွည္ႀကီးဘဲ ဒါေပမယ့္ နင္ေျပာသလို ငါက စမတ္က်တဲ့ ဂူမီဟိုေလ ဟဲဟဲ တစ္ခ်ိဳ႕ကဆို ငါ့ကို မင္းသမီးလုပ္ဖို႔ ေျပာၾကေသးတာ "

Jiminရဲ႕စကားေၾကာင့္ Minjeong သေဘာက်ၿပီး ရယ္လိုက္သည္

"သူငယ္ခ်င္းတစ္ေယာက္က ငါ့ကိုလုပ္ေပးထားတာ"

Jimin သူမေဘာင္းဘီအိတ္ကပ္ထဲက တစ္ခုခုကို ႏွိုက္ယူၿပီး Minjeong ကို ေပးလိုက္သည္

Passport? မုန့္ဖုတ္သမားေလးမွာ မီးဖိုခန္းထဲက အလင္းေရာင္ေၾကာင့္ Passport မွန္းသိလိုက္ရၿပီး အထဲကစာကိုဖတ္ၾကည့္ေတာ့ Yu Jiminတဲ့

"သူငယ္ခ်င္း ေနပါအုံး NingNingတို႔နဲ႕ မိတ္ဆက္ေပးတုန္းက ရွက္ေနတဲ့ ေကာင္မေလးက သူငယ္ခ်င္း ရခဲ့တယ္ဟုတ္လား "

Minjeongရဲ႕ အံ့ၾသသြားတဲ့ ေလသံေၾကာင့္ Jimin တစ္ခုခုကို ႐ုတ္တရက္သတိရသြားသည္

"အယ္ သူငယ္ခ်င္းလုပ္ခဲ့တယ္ဆိုေပမယ့္ သူတို႔နဲ႕ မနမ္းခဲ့ဘူးေနာ္ Minjeong "

"ရပါတယ္ ဘာမွမျဖစ္ပါဘူး နင္ လုံၿခဳံတယ္ဆိုတဲ့စိတ္နဲ႕ ငါဘာမွမျဖစ္ဘူး "

"ေတာင္းပန္ပါတယ္ နင့္ဆီျပန္လာဖို႔ အခ်ိန္ေတာ္ေတာ္ယူလိုက္ရတယ္ "

"ေတာင္းပန္စရာမလိုပါဘူး နင္အခုျပန္ေရာက္လာၿပီဘဲေလ ငါ့အတြက္ အဲ့တာအေရးႀကီးတယ္..ငါ အိမ္မက္မက္ေနတာေတာ့ မဟုတ္ပါဘူးေနာ္ "

Minjeong အခုထိ Jimin ျပန္ေရာက္လာတာကို မယုံနိုင္ဘူးျဖစ္ေနတယ္

"နင္ အိမ္မက္မက္ေနတာ မဟုတ္ပါဘူး "

Minjeongရဲ႕ နီရဲေနတဲ့ နား႐ြက္ေလးကို နမ္းၿပီး Jimin ေျပာလိုက္သည္

"အိမ္မက္မက္ေနတာ မဟုတ္ပါဘူး ကေလးရဲ႕ "

Minjeong ရဲ႕ နဖူးေလးကိုနမ္းၿပီး Minjeong ထပ္ေျပာလိုက္သည္

"ဒါက တကယ္ျဖစ္ပ်က္ေနတာပါ "

Minjeongရဲ႕ ပါးေဖာင္းေဖာင္းေလးကို Jimin ထပ္နမ္းျပန္သည္

"ငါ နင့္ဆီတကယ္ျပန္လာတာပါ "

Minjeong ရဲ႕ ႏႈတ္ခမ္းေလးကို Jimin နမ္းေတာ့ Minjeongလည္း Jiminရဲ႕ အနမ္းေတြကို ျပန္လည္တုံ႕ျပန္လိုက္သည္

"လြမ္းလိုက္တာ...."

"ငါလည္း အရမ္းလြမ္းေနတာ Jimin "

"ငါ အခု လူသားျဖစ္ၿပီဆိုေတာ့ ပိုက္ဆံရွာရေတာ့မယ္ေလ ဒီေတာ့ နင္တို႔ဆိုင္မွာ လူလိုလားဟင္ "

Jiminက ေျပာေတာ့ Minjeong ၿပဳံးစိစိနဲ႕ သူမေမးေစ့ကို လက္နဲ႕ပြတ္ၿပီး အိုက္တင္ခံေနသည္

"အရင္က ဒါမ်ိဳးလုပ္ဖူးလားရွင့္ "

Minjeongရဲ႕ အျပဳအမူနဲ႕စကားေၾကာင့္ Jimin ရယ္လိုက္သည္

"တကယ္ပါဘဲ ဟုတ္ကဲ့ ကြၽန္မအရင္က မုန့္ဖုတ္ဆိုင္တစ္ခုမွာလုပ္ဖူးပါတယ္ ကြၽန္မရဲ႕ သူေဌးက ကြၽန္မကိုဆိုသိပ္ခ်စ္တာ "

Jiminရဲ႕ စကားေၾကာင့္ Minjeong သေဘာက်ၿပီး ရယ္လိုက္သည္

"ဟုတ္ၿပီ ဒါဆို အလုပ္ခန့္လိုက္ပါၿပီ "

"ၿပီးေတာ့ ေနစရာေလး လိုေသးတယ္ ကြၽန္မအတြက္ ေနစရာရွာေပးလို႔ရလားဟင္ "

"႐ူးေၾကာင္ေၾကာင္ေမးခြန္းေတြမေမးနဲ႕ "

Jiminရဲ႕ လက္ေမာင္းကိုရိုက္ၿပီး Minjeong ရန္လုပ္လိုက္သည္

"အာ့ နာတယ္ေနာ္ ငါအခု လူသားျဖစ္ေနၿပီေလ ငါ့ကို ညင္ညင္သာသာဆက္ဆံပါ "

"နင္ ငါ့အတြက္နဲ႕ အခ်ိန္အၾကာႀကီး ထိန္းသိမ္းခဲ့ရတဲ့ အၿမီးကိုျဖတ္ပစ္လိုက္တယ္ေပါ့ "

"ဟက္ထိသြားၿပီ မဟုတ္လား ဒါဆို နင္နဲ႕အတူအိပ္လို႔ရလား "

"Yah Yu Jimin ေပါက္ကရေတြမေျပာနဲ႕ဆို "

"ဘာလို႔လည္း "

"ငါနင့္ကို အရမ္းခ်စ္လို႔ေပါ့ "

Minjeongဆီက ခ်စ္တယ္ဆိုတဲ့ စကားကိုၾကားရေတာ့ Jimin ဝမ္းဗိုက္ထဲ လိပ္ျပာေတြ ပ်ံဝဲသြားသလို ခံစားရသည္

"ငါလည္း နင့္ကို အရမ္းခ်စ္တယ္ Minjeong "

"ႏြေးေထြးတဲ့ အိမ္ကေလးကေန ႀကိဳဆိုပါတယ္ Jimin "

Minjeong ေျပာၿပီး Jiminရဲ႕ ႏႈတ္ခမ္းေလးကို နမ္းလိုက္သည္

အိမ္မက္ထဲမွာဘဲ နမ္းခဲ့ရတဲ့ ႏႈတ္ခမ္းေလး အခုေတာ့ အျပင္မွာ တကယ္နမ္းခြင့္ရၿပီ

ေျမေခြးေတြလို အခ်ိန္အၾကာႀကီးမေနရဘဲ အိုမင္းေသဆုံးသြားခဲ့ရင္ေတာင္ အရမ္းခ်စ္ရတဲ့ Minjeongနဲ႕ အတူျဖတ္သန္းအိုမင္းခြင့္ရလို႔ Jimin ဂ႐ုမစိုက္ေတာ့ေပ။

#the end

ဂူမီဟိုတို႔အတြဲကို အဆုံးထိဖတ္ေပးၿပီး ခ်စ္ေပးၾကလို႔ ေက်းဇူးတင္ပါတယ္ ေနာက္လည္း Jiminjeong ficေလးေတြ အေကာင္းဆုံးျဖစ္ေအာင္ ေရးေပးဘာသာျပန္ေပးပါမယ္။ 

Bạn đang đọc truyện trên: Truyen3h.Co