Truyen3h.Co

ကျွန်မချစ်သူ မြေခွေးမလေး

Part 18

KimFany059

#Unicode

Five day laters.....

မုန့်ဖုတ်ဖိုထဲက ကြက်ဥပူတင်းဗန်းကို Minjeong ဆွဲထုတ်လိုက်သည်

ထို့နောက် ကြက်ဥပူတင်းပေါ်သို့ စပျစ်သီးခြောက်လေးတွေ တင်ပြီး vanilla creamကို လောင်းထည့်လိုက်သည်

Jimin ကြိုက်တဲ့ ပူတင်းပုံစံမျိုးလေး.....

Jimin ဒီကမ္ဘာမြေက ထွက်သွားတာ ငါးရက်မြောက်နေ့ ဖြစ်ပေမယ့် Minjeongအတွက်တော့ ရက်ပေါင်းများစွာ ကြာနေသလို ခံစားရသည်

Jimin မရှိတဲ့ Minjeong ဘဝက အထီးကျန်ပြီး ကြောက်စရာကောင်းသည်

Minjeong သူစိမ်းတစ်ယောက်အကြောင်းကို သေချာမသိသေးဘဲ သူမနှလုံးသားကို ဖွင့်ပေးလိုက်မိတဲ့အတွက်လည်း သူမကိုယ်သူမ ဝေဖန်နေမိသည်

ဒီလောကကြီးမှာ ဘယ်သူက သူစိမ်းတစ်ယောက်ကို အိမ်မှာခေါ်တင်ပြီး ချိန်းတွေ့ကြိုက်ကြမှာလည်း

Aeriတို့ တားနေတဲ့ကြားကနေ Jiminကို Minjeong ရူးရူးမိုက်မိုက်ချစ်မိခဲ့သည်

တစ်ခါတစ်လေ ဒီကမ္ဘာမြေကမထွက်ခွာခင် ကောင်လေးတစ်ယောက်ကိုဘဲ ဖြစ်ဖြစ် Jimin စားပစ်ပြီး အသက်ရှင်ရက်နဲ့ သူမဆီပြန်လာဖို့ Minjeong တစ်ကိုယ်ကောင်းဆန်ဆန် ဆုတောင်းမိသေးသည်

နေရာတိုင်းမှာ Jimin ပုံရိပ်.... Jiminအသံတွေဘဲဲ ကြားယောင်မြင်ယောင်မိနေလို့ Minjeong ရူးတော့မလိုတောင် ခံစားနေရသည်

Three weeks later

"Hye Minjeong နေ့လည်စာစားလေ "

Aeriက လှမ်းခေါ်ပေမယ့် Minjeong က ခေါင်းခါပြသည်

"မနက်စာစားထားလို့ ဗိုက်မဆာဘူး "

Minjeong ငြင်းဆိုပြီး ဂျုံသားတွေကို ညီညီမျှမျှ ဖြစ်အောင် လှီးဖြတ်နေသည်

"ဒိုးနတ်ပိစိလေး တစ်ခုက မနက်စာလား Minjeong နင် အဲ့တစ်ခုဘဲ စားထားပြီး ဗိုက်မဆာဘူးတဲ့လား "

NingNingက Minjeongဘေးနား ရောက်လာပြီး Minjeong လက်ကိုလှမ်းကိုင်သည်

"ငါ တကယ်မဆာလို့ Ning"

"သွားစားလို့ဆိုနေ "

Minjeong မှာ သူမကို နေ့လည်အတင်းစားခိုင်းနေတဲ့ သူငယ်ချင်းနှစ်ယောက်ကြောင့် သက်ပြင်းချလိုက်သည်

"ကောင်းပြီ... ငါစားလိုက်မယ် '

"သေချာစားခဲ့နော် "

Minjeong ခေါင်းညိတ်ပြပြီး လေးတိလေးကန်နဲ့ မီးဖိုခန်းထဲက ထွက်သွားသည်

"Hey နင်တို့နှစ်ယောက် Jimin ဘာဖြစ်ပြီး ဘယ်ရောက်သွားလည်းဆိုတာသိလား "

ရုတ်တရက်ပျောက်ကွယ်သွားတဲ့ Jimin အကြောင်း သိချင်လို့ Wendy အသံတိုးတိုးလေးနဲ့ Aeriတို့ကို လှမ်းမေးလိုက်သည်

"ဟင့်အင်း ညီမတို့လည်း မသိဘူး Minjeong ပြောပြမယ့်နေ့ကိုစောင့်နေတာ အခုဆို သုံးပတ်ကျော်ရောပေါ့ Minjeong ဘက်က ဘာမှမပြောလာသေးဘူး "

Ningning သက်ပြင်းချပြီး ပြောလိုက်သည်

"သူတို့နှစ်ယောက်ကြား ဘာဖြစ်ကြလည်းမသိဘူး နင်တို့ရော ဘယ်လိုထင်လည်း "

Yoonaလည်း Wendyတို့ရဲ့ စကားဝိုင်းထဲသို့ ရောက်လာသည်

"အံဆွဲထဲက Minjeongရဲ့ သေနတ်ကို တွေ့တော့ Jimin လန့်သွားတယ်လို့ ညီမပြောပြဖူးတယ်မဟုတ်လား "

Aeri အရင်ကအကြောင်းကို ပြန်ဆွဲခေါ်ထုတ်လိုက်သည်

"ကြည့်ရတာ Jiminက ဂိုဏ်းတစ်ခုခုနဲ့ ပြဿနာဖြစ်ထားတာလားမသိ ဖြစ်နိုင်တယ် "

"Jiminက အရက်သမားတစ်ယောက်ကို Ninja လို ချပစ်တာလို့လည်း Minjeongပြောဖူးတယ် မဟုတ်လား ကြည့်ရတာ Jiminက အဲ့ဂိုဏ်းတစ်ခုခုထဲပါနိုင်တာဘဲ ဒါပေမယ့် သူ့အတွက် စိတ်မကောင်းဖြစ်လိုက်တာ "

"ဒါဆို Jinminက ငွေတွေယူပြီး ထွက်ပြေးဖို့ ဒီဆိုင်ကို ရောက်လာတာလား "

"အဲ့လိုမဟုတ်လောက်ပါဘူး Yoona Unnie ကလည်း... Jimin က အဲ့လူဆိုးတွေဆီက ထွက် ပြေးလာပြီး နေရာအသစ်မှာ ဘဝအသစ်ပြန်စချင်တဲ့ပုံစံမျိုးပါ "

"ဒါဆို လူဆိုးတွေကြားထဲ နေရတဲ့ Jimin ဘဝကတော်တော်ခက်ခဲကြမ်းတမ်းမှာဘဲနော် "

အစားအသောက်ကို သဘောကျတဲ့ Jimin

အလုပ်ကို တက်တက်ကြွကြွ အမြဲဲ ကြိုးစားလုပ်တဲ့ Jimin

တစ်ယောက်ယောက်ကို အမြဲ ကူညီဖို့ အသင့်ဖြစ်နေတတ်တဲ့ Jimin

"သူ့အတိတ်ကို ငါတို့သေချာမသိဘူးလေ ဒါပေမယ့် စဥ်းစားကြည့်ရင် Jiminလေးက လူကောင်းတစ်ယောက်ပါ.... "

"ဟုတ်ပါတယ် Wendy Unnie ဘာဘဲဖြစ်ဖြစ်ပါ ဘယ်နေရာရောက်နေပါစေ Jimin အဆင်ပြေဖို့ ဆုတောင်းပါတယ် "

Aeri သက်ပြင်းချပြီး ပြောလိုက်သည်

အဲ့ဒီနေ့ကလည်း မုန့်ဖုတ်သမားတွေအားလုံး Jiminအကြောင်း တွေးမိတွေးရာပြောကြရင်း စိတ်မကောင်းဖြစ်ခြင်းဖြင့် စကားဝိုင်းကို အဆုံးသတ်လိုက်ကြသည်

ကိုးပတ်ကြာပြီးနောက်မှာတော့

Jiminကို Minjeong ညတိုင်း နီးပါး အိမ်မက်မက်လေ့ရှိသည်

အိမ်မက်ကနေ လန့်နိုးလာတိုင်း တကယ် မဟုတ်လို့ Minjeong ငိုရပေါင်းလည်းမနည်းပေ

ဒါပေမယ့် အနည်းဆုံးတော့ Jiminကို အိမ်မက်ထဲ တွေ့ခွင့်ရတယ် မဟုတ်လား တစ်နေကုန်သာ အလုပ်မလုပ်ဘဲ Minjeong အိပ်လိုက်ချင်မိသည်

ဒီနေ့နဲ့ဆို Jimin ဒီကနေ ထွက်သွားတာ နှစ်လကျော်သွားပြီဖြစ်ကြောင်း Minjeong စိတ်ထဲရေတွက်နေမိသည်

Minjeong အိပ်ပျော်ဖို့ ကြိုးစားပေမယ့်လည်း မိုးရွာသံကြောင့် အိပ်လို့မရပေ

ထို့ကြောင့် အိမ်အောက်ထပ်ကို Minjeong ဆင်းလာခဲ့သည်

မိုးတွေရွာတဲ့အချိန်တိုင်း Minjeong ဆိုင်ရှေ့က ကားပါကင်ရှေ့ထွက်ပြီး Jiminကို ရှာဖွေခဲ့ဖူးသည်

သူမတို့ စတွေ့ခဲ့တဲ့ မိုးတွေရွာတဲ့နေ့တုံးကလို Jimin သူ့ဆိုင်ရှေ့များရောက်လာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့

တစ်ခါတစ်လေ သူမရဲ့ အမြင်အာရုံကလည်း သူမကိုလှည့်ဖျားခဲ့သေးသည်

တကယ်မရှိတဲ့ Jiminကို မြင်ယောင်ပြီး မိုးရေထဲထိ Minjeong ထီး မိုးကာ ဘာမှမပါဘဲ ပြေးထွက်ခဲ့ဖူးသည်

ဒီနေ့မှာတော့ Minjeong သူမကိုယ်သူမ အရူးလုပ်မခံတော့ပေ

ဆိုင်ထဲမှာဘဲ ရပ်နေပြီး မိုးရွာနေတဲ့ အပြင်ဘက်ကို ငေးကြည့်နေသည်

ငါ ဒီတစ်ခါအိပ်လိုက်လို့ နိုးလာတဲ့အခါ Jiminက ငါ့ကို ကျောပေးအိပ်နေရင် ကောင်းမှာဘဲ

ငါ ဒီတစ်ခါ အိပ်လိုက်လို့ နိုးလာပြီး အောက်ဆင်းလာတဲ့အခါ Jiminက အရင်ကလို မနက်စာပြင်ထားရင်း ငါ့ကိုစောင့်နေရင် ကောင်းမှာဘဲ

Jiminက ပြန်လာခဲ့မယ်လို့ ငါ့ကို ကတိပေးခဲ့တယ် မဟုတ်လား

ဒါပေမယ့်..... Jimin ပြန်မလာနိုင်တော့ရင်ရော......

Minjeong မိုးတွေရွာနေတဲ့ ကားပါကင်ကို ထပ်မကြည့်တော့ဘဲ မီးပိတ်ပြီး အိမ်ပေါ်သို့ ပြန်တက်လာသည်

နင် အဆင်ပြေတယ် မဟုတ်လား... မကြာခင် တွေ့ရအောင်

Six months later

ခြောက်လကြာပြီးနောက်

ဒီနေ့ည လကြတ်မယ်ဆိုလို့ Minjeong စိတ်လှုပ်ရှားနေမိသည်

လကြတ်မယ့်အချိန်ကို စောင့်ရင်း အိပ်မပျော်သွားဖို့ Minjeong ကော်ဖီတွေလည်း ဖျော်ထားသေးသည်

ညအချိန်ကို ရောက်တဲ့အခါမှာတော့ Minjeong ထိုင်ခုံတစ်လုံး ကော်ဖီတစ်ခွက်နဲ့ ဆိုင်ရှေ့မှာ ထိုင်စောင့်နေသည်

Minjeong လကြတ်တာကို တစ်ခါမှ စိတ်ဝင်တစားနဲ့ အခုလို ထိုင်မစောင့်ဖူးပေ

အချိန်အတော်ကြာ စောင့်ပြီး ကားပါကင်ကို ကြည့်နေပေမယ့်လည်း Jiminက ရောက်မလာပေ

မှော်ပညာတွေလို အပေါက်ကြီးက ပေါ်လာပြီး Jiminက အဲ့ဒီထဲက ထွက်လာရမယ်မဟုတ်လား

ဒါမှမဟုတ် Jimin တစ်ခြားမြို့ဘက် ခြေချမိပြီး သူမဆီပြန်လာနေတာများလား

Minjeong ဘာကိုဘယ်လိုမျှော်လင့်ရမလည်း မသိတော့ပေ

Minjeong ရဲ့ မျက်ခွံတွေ လေးလံလာပေမယ့် Jiminကို စောင့်နေဆဲပါ

"Minjeong.... minjeong... နင် ဒီမှာ ဘာလုပ်နေတာလည်း "

ဆိုင်ရှေ့မှာ အိပ်ပျော်နေတဲ့ Minjeongကို Aeri အံ့သြစိတ်ပူပြီး လှုပ်နှိုးလိုက်သည်

Minjeong မျက်လုံးဖွင့်ကြည့်တော့ သူမကို စိုးရိမ်တဲ့အကြည့်တွေနဲ့ ကြည့်နေတဲ့ NingNingတို့ကို တွေ့လိုက်ရသည်

အချိန်ဘယ်လောက်ကုန်သွားသလည်း မသိပေမယ့် ယခု ဆိုင်ရှေ့မှာရှိနေတာ သူမတို့သုံးယောက်မှန်းလည်း Minjeong သတိထားမိရော ငိုလိုက်မိသည်

"Minjeong hey ဘာဖြစ်တာလည်း "

"သူ.... သူမနေ့က ပြန်လာရမှာကို ငါ့ကို ပြန်လာခဲ့ပါမယ်ဆို ကတိပေးခဲ့တာကို "

Minjeongပြောရင်း NingNingရဲ့ ပခုံးပေါ် ငိုချလိုက်သည်

Minjeongရဲ့ စကားကြောင့် Aeri တို့တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်

ခြောက်လကြာမှ Jiminရဲ့အကြောင်း Minjeong ပထမဆုံး ထုတ်ပြောတာဖြစ်လို့ ဘာတွေဖြစ်နေမှန်း Aeriတို့ သေချာမသိပေ

"Minjeong.... Jimin က ဘာဖြစ်တာလည်း '

"ငါတို့ကို ပြောပြလေ Minjeong "

Minjeongရဲ့ ကျောပြင်ကို ပွတ်ပေးပြီး NingNingပြောလိုက်သည်

"ငါ ပြောပြရင်တောင် နင်တို့ ယုံမှာမဟုတ်ဘူး "

"ပြောကြည့်ပါ "

ရှစ်လကြာပြီးနောက်

စာရွက်ပေါ်မှာ ချရေးထားတဲ့ လိပ်စာကို စိတ်လှုပ်ရှားစွာ  Minjeong နှစ်ခါမြောက်ထပ်ကြည့်လိုက်သည်

Aeriက သူမပခုံးကို ကိုင်ပြီး အားပေးသည်

Ningningကတော့ တံခါးဘဲလ်ကို နှိပ်လိုက်သည်

"Hi. ...ဟို Joohyun မဟုတ်လား ကျွန်မကို ရှင် မှတ်မိမယ် မထင်ပေမယ့် "

"နင်... ဒီကို ဘာလာလုပ်တာလည်း "

Minjeong သူမရဲ့ ရူးကြောင်ကြောင်နိုင်တဲ့စကားကြောင့် သူမကိုယ်သူမ အပြစ်တင်လိုက်မိသည်

သူမကို သေနတ်နဲ့ ပစ်ခဲ့တဲ့ Minjeongကို Joohyun မမှတ်မိဘဲနေပါ့မလား

"ကျွန်မနာမည်က Minjeong. ..သူတို့က Aeriနဲ့ NingNing. ...မုန့်ဖုတ်ဆိုင်က လူတွေလေ ရှင်သတိထားမိမှာပါ "

"နင် ငါ့ကို ဘယ်လိုရှာတွေ့တာလည်း "

"ရှင် ငွေပေးချေခဲ့တဲ့ bank account ကနေ ရှာခဲ့တာ အဲ့လို တရားမဝင်လုပ်မိလို့တောင်းပန်ပါတယ် "

"ထားပါတော့ နင်တို့ ဒီကို ဘာလာလုပ်တာလည်း "

"ဟို ကျွန်မတို့ စကားပြောချင်လို့ပါ "

Joohyunလည်း NingNingတို့ကို သူမရဲ့ အိမ်ထဲသို့ ခေါ်လိုက်သည်

"နင်တို့နဲ့ အတူနေတဲ့ မြေခွေးအကြောင်းပြောချင်တာလား "

"သူ့နာမည်က Jiminပါ....ဟုတ်ပါတယ် သူ့အကြောင်းပြောချင်လို့ပါ "

"ဘာပြောချင်တာလည်း သူထွက်သွားတာ ကြာပြီ မဟုတ်လား "

"ဟုတ်ပါတယ် အဲ့အကြောင်း ဘယ်သူ့ကိုပြောပြရမလည်းမသိလို့ ပြီးတော့ အခုထိ ကျွန်မကိုယ်ကျွန်မ မယုံနိုင်သေးဘူး "

"အဲ့မြေခွေးမက နင့်ကို ဘာလုပ်လိုက်တာလည်း "

"ရှင် ဘာပြောချင်တာလည်း မသိဘူး "

"ဂူမီဟိုတွေက လူ့စိတ်ကို ထွေပြာအောင် လှည့်ဖျားတတ်တယ်လေ သူ..."

"မဟုတ်ပါဘူး Jiminက အဲ့လိုမလုပ်ဘူး သူက ရှင်တွေ့ဖူးတဲ့ မြေခွေးတွေနဲ့ မတူဘူး သူက ထူးခြားတယ် ရှင်ထင်သလို ဆိုးဝါးနေတဲ့ မကောင်းဆိုးဝါး မဟုတ်ဘူး "

"Shit. ...နင်တို့တွေ ချစ်မိနေကြတာမဟုတ်လား "

"ဟုတ်..."

"အင်း အဲ့နေ့က နင့်ဆိုင်မှာ လာသောင်းကျန်းမိလို့ တောင်းပန်ပါတယ် ငါ့အတွက် အချိန်ကောင်းထင်ခဲ့မိလို့....နင်နားလည်ပေးနိုင်မယ်ထင်တယ် "

"မဟုတ်တာ ကျွန်မ တောင်းပန်ခံချင်လို့ ဒီကို လာတာမဟုတ်ပါဘူး အဖြေတစ်ခုလိုနေလို့ပါ...ဘယ်သူ့ကိုမေးရမယ်ဆိုတာလည်းမသိလို့...."

"ဘာအဖြေလည်း "

"Jiminက သူပြန်လာမယ်လို့ ကျွန်မကို ပြောခဲ့တယ် ဒါပေမယ့် လကြတ်သွားတာတောင် သူကပြန်မလာခဲ့ဘူး ကျွန်မ onlineမှာရှာတော့လည်း ဘာတွေမှန်းမသိလို့.... အဲ့တာ လူတွေနဲ့သူတို့ကမ္ဘာကို ဆက်သွယ်ထားတဲ့ တံတားဘာညာ ရှင်များသိမလားလို့ "

"သူ့ အစာစားပုံအကြောင်း နင့်ကိုပြောပြခဲ့လား "

Joohyunကမေးတော့ Minjeong ခေါင်းညိတ်ပြသည်

"သူ ပြောပြပါတယ် "

"ငါ နင့်ဆိုင်ကို လာတုံးက သူပြောခဲ့တဲ့ စကားကို မှတ်မိလား.. သူ အစားမစားတာ နှစ်ကိုးရာနဲ့ရက်ပေါင်းတစ်ချို့ ကြာပြီဆိုတာလေ.... သူ ထပ်မစားဘူးဆို သေ...."

"မဟုတ်ဘူး Jiminက ပြန်လာခဲ့မယ်လို့ ကျွန်မကို ပြောသွားတယ် သူနည်းလမ်းရှာမယ်လို့ ပြောခဲ့တယ် ရှင်တို့ နတ်ဆရာတွေက သူနဲ့ကျွန်မကို ဆက်သွယ်လို့ ရအောင် မလုပ်ပေးနိုင်ဘူးလား "

"အဲ့လိုအစွမ်း ငါ့မှာ မရှိဘူး "

"လုပ်ပါရှင် ညီမရဲ့ သူငယ်ချင်းကို ကူညီပေးပါ "

Minjeong ပြိုလဲနေတာကို NingNingတို့လည်း မကြည့်ရက်လို့ Joohyunကို ဝင်ပြောလေသည်

"အားနာပါတယ် ငါဘယ်လိုမှ မတတ်နိုင်လို့ပါ သူက နင်တို့အတွက် အရေးပါမှန်းသိပါတယ် ဒါပေမယ့်..... အာ Shit "

Joohyun ငြင်းဆန်ရင်း တစ်ခုခုကို သတိရမိသွားသည်

"နင်တို့ကို ပြောပြသင့်လား မပြောပြရမလားမသိဘူး "

"ပြောပြပါ အမရယ် "

Joohyunမှာ ပြောသင့်မပြောသင့်ကို ခေတ္တခဏတွေဝေနေတယ်

"ငါ နင်တို့ဆိုင်က ထွက်လာတာရော ကားပေါ်တက်လာတာရော ကားမောင်းပြီး အိမ်ကိုပြန်လာတာကိုရော မမှတ်မိဘူး ဒါပေမယ့် အိမ်ပြန်ရောက်လာတော့ ငါသိသွားပြီး ညတွင်းချင်း  နင်တို့ဆိုင်ကို လာပေမယ့် လာလို့မရဘူး သူ ငါ့ကို ရသွားတယ် "

"ဟင် ဘာရတာလည်းဟင် "

Joohyun ပြောတာကို Aeri နားမလည်လို့မေးလိုက်သည်

"Jimin. ..Jiminက သူ့ကို စိတ်ညို့လိုက်တာ "

အဲ့ဒီနေ့က ဖြစ်ပျက်ခဲ့တာတွေကို Minjeong ပြန်စဥ်းစားမိပြီး Joohyunအစား ဖြေလိုက်သည်

"ဟုတ်တယ် သူလုပ်ခဲ့တာ အမှန်တိုင်းပြောရရင် စိတ်ညို့ပြီး ငါ့ကိုမသတ်ပစ်လို့တောင် အံ့သြခဲ့တာ အဲ့နောက်ပိုင်းလည်း နင်တို့ဆိုင်ကို ခဏခဏလာခဲ့ဖူးတယ် ဒါပေမယ့် ဆိုင်ရှေ့တောင် ဖြတ်လို့မရဘူး ဒါကြောင့်မို့ ငါရပ်လိုက်ပေမယ့် လွန်ခဲ့တဲ့လပိုင်းက လကြတ်ခဲ့တော့ ဂူမီဟို အစားမစားတာ သတိရပြီး နင်တို့ဆိုင် ထပ်လာခဲ့တယ် ဒီတစ်ခါတော့ နင်တို့ဆိုင်ကို လာလို့ရသွားတယ်  "

"အဲ့တာ ဘာကိုပြောတာလည်းဟင် "

Minjeong တံတွေးကို ခက်ခက်ခဲခဲ မျိုချရင်း မေးလိုက်သည်

"မြေခွေးမရဲ့ အစွမ်းတွေ မရှိတော့ဘူးဆိုတော့ ​မြေခွေးမလည်း မရှိတော့ဘူးပေါ့ "

"မဟုတ် မဟုတ်ဘူး ရှင် အထင်မှားတာ ဖြစ်မှာပါ Jimin. ..ကျွန်မရဲ့ Jiminက ကျွန်မကို ပြန်လာခဲ့မယ်လို့ ကတိပေးခဲ့တာ Jiminမသေဘူး ကျွန်မဆီ ပြန်လာမှာ "

Minjeong အရူးတစ်ယောက်လို ထအော်တော့ Aeriတို့မှာ Minjeongကို ဆွဲထားရသည်

"နင်ကြားချင်တဲ့ အဖြေမပေးနိုင်လို့ စိတ်မကောင်းပါဘူး ပြောရတာ ရက်စက်သလို ဖြစ်ပေမယ့် မျှော်လင့်ချက်လည်း မပေးချင်တဲ့အတွက် ဒီမှာမရှိတော့တဲ့သူကို မေ့ပစ်လိုက်ပါတော့လို့ အကြံပေးပါရစေ "

Joohyun စကားလည်း ဆုံးရော Minjeong လဲကျသွားသည် Aeriတို့မှာ Minjeongကို လှမ်းဖမ်းလိုက်ပေမယ့် Minjeong တကယ်ပျော့ခွေကာ ပြိုလဲကျသွားသည်

ဘယ်လိုအကြောင်းဘဲ ရှိရှိ ငါ့ဆီကို ပြန်လာခဲ့မယ်လို့ ပြောခဲ့တယ် မဟုတ်လား Jimin

ပြန်လာခဲ့မှာမို့လို့ နင့်ကိုစောင့်နေပေးပါဆို

နင့်ကို တစ်ခေါက်လေးတောင် ထပ်တွေ့လို့မရတော့ဘူးလား ဝေးကွာသွားလိုက်တာများ နင့်အငွေ့အသက်လေးကိုတောင် ငါမတွေ့ရတော့ဘူး

နင်မရှိဘဲ ငါမနေနိုင်ဘူး Jiminရယ်  နင်မရှိဘဲ ဘယ်လိုရှေ့ဆက်ရမှာလည်း ငါ အသက်မရှင်ချင်တော့ဘူး...ငါ အသက်မရှင်ချင်တော့ဘူး Jiminရယ်

#tbc

#zawgyi

Five day laters.....

မုန့္ဖုတ္ဖိုထဲက ၾကက္ဥပူတင္းဗန္းကို Minjeong ဆြဲထုတ္လိုက္သည္

ထို႔ေနာက္ ၾကက္ဥပူတင္းေပၚသို႔ စပ်စ္သီးေျခာက္ေလးေတြ တင္ၿပီး vanilla creamကို ေလာင္းထည့္လိုက္သည္

Jimin ႀကိဳက္တဲ့ ပူတင္းပုံစံမ်ိဳးေလး.....

Jimin ဒီကမၻာေျမက ထြက္သြားတာ ငါးရက္ေျမာက္ေန႕ ျဖစ္ေပမယ့္ Minjeongအတြက္ေတာ့ ရက္ေပါင္းမ်ားစြာ ၾကာေနသလို ခံစားရသည္

Jimin မရွိတဲ့ Minjeong ဘဝက အထီးက်န္ၿပီး ေၾကာက္စရာေကာင္းသည္

Minjeong သူစိမ္းတစ္ေယာက္အေၾကာင္းကို ေသခ်ာမသိေသးဘဲ သူမႏွလုံးသားကို ဖြင့္ေပးလိုက္မိတဲ့အတြက္လည္း သူမကိုယ္သူမ ေဝဖန္ေနမိသည္

ဒီေလာကႀကီးမွာ ဘယ္သူက သူစိမ္းတစ္ေယာက္ကို အိမ္မွာေခၚတင္ၿပီး ခ်ိန္းေတြ႕ႀကိဳက္ၾကမွာလည္း

Aeriတို႔ တားေနတဲ့ၾကားကေန Jiminကို Minjeong ႐ူး႐ူးမိုက္မိုက္ခ်စ္မိခဲ့သည္

တစ္ခါတစ္ေလ ဒီကမၻာေျမကမထြက္ခြာခင္ ေကာင္ေလးတစ္ေယာက္ကိုဘဲ ျဖစ္ျဖစ္ Jimin စားပစ္ၿပီး အသက္ရွင္ရက္နဲ႕ သူမဆီျပန္လာဖို႔ Minjeong တစ္ကိုယ္ေကာင္းဆန္ဆန္ ဆုေတာင္းမိေသးသည္

ေနရာတိုင္းမွာ Jimin ပုံရိပ္.... Jiminအသံေတြဘဲဲ ၾကားေယာင္ျမင္ေယာင္မိေနလို႔ Minjeong ႐ူးေတာ့မလိုေတာင္ ခံစားေနရသည္

Three weeks later

"Hye Minjeong ေန႕လည္စာစားေလ "

Aeriက လွမ္းေခၚေပမယ့္ Minjeong က ေခါင္းခါျပသည္

"မနက္စာစားထားလို႔ ဗိုက္မဆာဘူး "

Minjeong ျငင္းဆိုၿပီး ဂ်ဳံသားေတြကို ညီညီမွ်မွ် ျဖစ္ေအာင္ လွီးျဖတ္ေနသည္

"ဒိုးနတ္ပိစိေလး တစ္ခုက မနက္စာလား Minjeong နင္ အဲ့တစ္ခုဘဲ စားထားၿပီး ဗိုက္မဆာဘူးတဲ့လား "

NingNingက Minjeongေဘးနား ေရာက္လာၿပီး Minjeong လက္ကိုလွမ္းကိုင္သည္

"ငါ တကယ္မဆာလို႔ Ning"

"သြားစားလို႔ဆိုေန "

Minjeong မွာ သူမကို ေန႕လည္အတင္းစားခိုင္းေနတဲ့ သူငယ္ခ်င္းႏွစ္ေယာက္ေၾကာင့္ သက္ျပင္းခ်လိဳက္သည္

"ေကာင္းၿပီ... ငါစားလိုက္မယ္ '

"ေသခ်ာစားခဲ့ေနာ္ "

Minjeong ေခါင္းညိတ္ျပၿပီး ေလးတိေလးကန္နဲ႕ မီးဖိုခန္းထဲက ထြက္သြားသည္

"Hey နင္တို႔ႏွစ္ေယာက္ Jimin ဘာျဖစ္ၿပီး ဘယ္ေရာက္သြားလည္းဆိုတာသိလား "

႐ုတ္တရက္ေပ်ာက္ကြယ္သြားတဲ့ Jimin အေၾကာင္း သိခ်င္လို႔ Wendy အသံတိုးတိုးေလးနဲ႕ Aeriတို႔ကို လွမ္းေမးလိုက္သည္

"ဟင့္အင္း ညီမတို႔လည္း မသိဘူး Minjeong ေျပာျပမယ့္ေန႕ကိုေစာင့္ေနတာ အခုဆို သုံးပတ္ေက်ာ္ေရာေပါ့ Minjeong ဘက္က ဘာမွမေျပာလာေသးဘူး "

Ningning သက္ျပင္းခ်ၿပီး ေျပာလိုက္သည္

"သူတို႔ႏွစ္ေယာက္ၾကား ဘာျဖစ္ၾကလည္းမသိဘူး နင္တို႔ေရာ ဘယ္လိုထင္လည္း "

Yoonaလည္း Wendyတို႔ရဲ႕ စကားဝိုင္းထဲသို႔ ေရာက္လာသည္

"အံဆြဲထဲက Minjeongရဲ႕ ေသနတ္ကို ေတြ႕ေတာ့ Jimin လန့္သြားတယ္လို႔ ညီမေျပာျပဖူးတယ္မဟုတ္လား "

Aeri အရင္ကအေၾကာင္းကို ျပန္ဆြဲေခၚထုတ္လိုက္သည္

"ၾကည့္ရတာ Jiminက ဂိုဏ္းတစ္ခုခုနဲ႕ ျပႆနာျဖစ္ထားတာလားမသိ ျဖစ္နိုင္တယ္ "

"Jiminက အရက္သမားတစ္ေယာက္ကို Ninja လို ခ်ပစ္တာလို႔လည္း Minjeongေျပာဖူးတယ္ မဟုတ္လား ၾကည့္ရတာ Jiminက အဲ့ဂိုဏ္းတစ္ခုခုထဲပါနိုင္တာဘဲ ဒါေပမယ့္ သူ႕အတြက္ စိတ္မေကာင္းျဖစ္လိုက္တာ "

"ဒါဆို Jinminက ေငြေတြယူၿပီး ထြက္ေျပးဖို႔ ဒီဆိုင္ကို ေရာက္လာတာလား "

"အဲ့လိုမဟုတ္ေလာက္ပါဘူး Yoona Unnie ကလည္း... Jimin က အဲ့လူဆိုးေတြဆီက ထြက္ ေျပးလာၿပီး ေနရာအသစ္မွာ ဘဝအသစ္ျပန္စခ်င္တဲ့ပုံစံမ်ိဳးပါ "

"ဒါဆို လူဆိုးေတြၾကားထဲ ေနရတဲ့ Jimin ဘဝကေတာ္ေတာ္ခက္ခဲၾကမ္းတမ္းမွာဘဲေနာ္ "

အစားအေသာက္ကို သေဘာက်တဲ့ Jimin

အလုပ္ကို တက္တက္ႂကြႂကြ အၿမဲဲ ႀကိဳးစားလုပ္တဲ့ Jimin

တစ္ေယာက္ေယာက္ကို အၿမဲ ကူညီဖို႔ အသင့္ျဖစ္ေနတတ္တဲ့ Jimin

"သူ႕အတိတ္ကို ငါတို႔ေသခ်ာမသိဘူးေလ ဒါေပမယ့္ စဥ္းစားၾကည့္ရင္ Jiminေလးက လူေကာင္းတစ္ေယာက္ပါ.... "

"ဟုတ္ပါတယ္ Wendy Unnie ဘာဘဲျဖစ္ျဖစ္ပါ ဘယ္ေနရာေရာက္ေနပါေစ Jimin အဆင္ေျပဖို႔ ဆုေတာင္းပါတယ္ "

Aeri သက္ျပင္းခ်ၿပီး ေျပာလိုက္သည္

အဲ့ဒီေန႕ကလည္း မုန့္ဖုတ္သမားေတြအားလုံး Jiminအေၾကာင္း ေတြးမိေတြးရာေျပာၾကရင္း စိတ္မေကာင္းျဖစ္ျခင္းျဖင့္ စကားဝိုင္းကို အဆုံးသတ္လိုက္ၾကသည္

ကိုးပတ္ၾကာၿပီးေနာက္မွာေတာ့

Jiminကို Minjeong ညတိုင္း နီးပါး အိမ္မက္မက္ေလ့ရွိသည္

အိမ္မက္ကေန လန့္နိုးလာတိုင္း တကယ္ မဟုတ္လို႔ Minjeong ငိုရေပါင္းလည္းမနည္းေပ

ဒါေပမယ့္ အနည္းဆုံးေတာ့ Jiminကို အိမ္မက္ထဲ ေတြ႕ခြင့္ရတယ္ မဟုတ္လား တစ္ေနကုန္သာ အလုပ္မလုပ္ဘဲ Minjeong အိပ္လိုက္ခ်င္မိသည္

ဒီေန႕နဲ႕ဆို Jimin ဒီကေန ထြက္သြားတာ ႏွစ္လေက်ာ္သြားၿပီျဖစ္ေၾကာင္း Minjeong စိတ္ထဲေရတြက္ေနမိသည္

Minjeong အိပ္ေပ်ာ္ဖို႔ ႀကိဳးစားေပမယ့္လည္း မိုး႐ြာသံေၾကာင့္ အိပ္လို႔မရေပ

ထို႔ေၾကာင့္ အိမ္ေအာက္ထပ္ကို Minjeong ဆင္းလာခဲ့သည္

မိုးေတြ႐ြာတဲ့အခ်ိန္တိုင္း Minjeong ဆိုင္ေရွ႕က ကားပါကင္ေရွ႕ထြက္ၿပီး Jiminကို ရွာေဖြခဲ့ဖူးသည္

သူမတို႔ စေတြ႕ခဲ့တဲ့ မိုးေတြ႐ြာတဲ့ေန႕တုံးကလို Jimin သူ႕ဆိုင္ေရွ႕မ်ားေရာက္လာမလားဆိုတဲ့ ေမွ်ာ္လင့္ခ်က္နဲ႕

တစ္ခါတစ္ေလ သူမရဲ႕ အျမင္အာ႐ုံကလည္း သူမကိုလွည့္ဖ်ားခဲ့ေသးသည္

တကယ္မရွိတဲ့ Jiminကို ျမင္ေယာင္ၿပီး မိုးေရထဲထိ Minjeong ထီး မိုးကာ ဘာမွမပါဘဲ ေျပးထြက္ခဲ့ဖူးသည္

ဒီေန႕မွာေတာ့ Minjeong သူမကိုယ္သူမ အ႐ူးလုပ္မခံေတာ့ေပ

ဆိုင္ထဲမွာဘဲ ရပ္ေနၿပီး မိုး႐ြာေနတဲ့ အျပင္ဘက္ကို ေငးၾကည့္ေနသည္

ငါ ဒီတစ္ခါအိပ္လိုက္လို႔ နိုးလာတဲ့အခါ Jiminက ငါ့ကို ေက်ာေပးအိပ္ေနရင္ ေကာင္းမွာဘဲ

ငါ ဒီတစ္ခါ အိပ္လိုက္လို႔ နိုးလာၿပီး ေအာက္ဆင္းလာတဲ့အခါ Jiminက အရင္ကလို မနက္စာျပင္ထားရင္း ငါ့ကိုေစာင့္ေနရင္ ေကာင္းမွာဘဲ

Jiminက ျပန္လာခဲ့မယ္လို႔ ငါ့ကို ကတိေပးခဲ့တယ္ မဟုတ္လား

ဒါေပမယ့္..... Jimin ျပန္မလာနိုင္ေတာ့ရင္ေရာ......

Minjeong မိုးေတြ႐ြာေနတဲ့ ကားပါကင္ကို ထပ္မၾကည့္ေတာ့ဘဲ မီးပိတ္ၿပီး အိမ္ေပၚသို႔ ျပန္တက္လာသည္

နင္ အဆင္ေျပတယ္ မဟုတ္လား... မၾကာခင္ ေတြ႕ရေအာင္

Six months later

ေျခာက္လၾကာၿပီးေနာက္

ဒီေန႕ည လၾကတ္မယ္ဆိုလို႔ Minjeong စိတ္လႈပ္ရွားေနမိသည္

လၾကတ္မယ့္အခ်ိန္ကို ေစာင့္ရင္း အိပ္မေပ်ာ္သြားဖို႔ Minjeong ေကာ္ဖီေတြလည္း ေဖ်ာ္ထားေသးသည္

ညအခ်ိန္ကို ေရာက္တဲ့အခါမွာေတာ့ Minjeong ထိုင္ခုံတစ္လုံး ေကာ္ဖီတစ္ခြက္နဲ႕ ဆိုင္ေရွ႕မွာ ထိုင္ေစာင့္ေနသည္

Minjeong လၾကတ္တာကို တစ္ခါမွ စိတ္ဝင္တစားနဲ႕ အခုလို ထိုင္မေစာင့္ဖူးေပ

အခ်ိန္အေတာ္ၾကာ ေစာင့္ၿပီး ကားပါကင္ကို ၾကည့္ေနေပမယ့္လည္း Jiminက ေရာက္မလာေပ

ေမွာ္ပညာေတြလို အေပါက္ႀကီးက ေပၚလာၿပီး Jiminက အဲ့ဒီထဲက ထြက္လာရမယ္မဟုတ္လား

ဒါမွမဟုတ္ Jimin တစ္ျခားၿမိဳ႕ဘက္ ေျခခ်မိၿပီး သူမဆီျပန္လာေနတာမ်ားလား

Minjeong ဘာကိုဘယ္လိုေမွ်ာ္လင့္ရမလည္း မသိေတာ့ေပ

Minjeong ရဲ႕ မ်က္ခြံေတြ ေလးလံလာေပမယ့္ Jiminကို ေစာင့္ေနဆဲပါ

"Minjeong.... minjeong... နင္ ဒီမွာ ဘာလုပ္ေနတာလည္း "

ဆိုင္ေရွ႕မွာ အိပ္ေပ်ာ္ေနတဲ့ Minjeongကို Aeri အံ့ၾသစိတ္ပူၿပီး လႈပ္ႏွိုးလိုက္သည္

Minjeong မ်က္လုံးဖြင့္ၾကည့္ေတာ့ သူမကို စိုးရိမ္တဲ့အၾကည့္ေတြနဲ႕ ၾကည့္ေနတဲ့ NingNingတို႔ကို ေတြ႕လိုက္ရသည္

အခ်ိန္ဘယ္ေလာက္ကုန္သြားသလည္း မသိေပမယ့္ ယခု ဆိုင္ေရွ႕မွာရွိေနတာ သူမတို႔သုံးေယာက္မွန္းလည္း Minjeong သတိထားမိေရာ ငိုလိုက္မိသည္

"Minjeong hey ဘာျဖစ္တာလည္း "

"သူ.... သူမေန႕က ျပန္လာရမွာကို ငါ့ကို ျပန္လာခဲ့ပါမယ္ဆို ကတိေပးခဲ့တာကို "

Minjeongေျပာရင္း NingNingရဲ႕ ပခုံးေပၚ ငိုခ်လိဳက္သည္

Minjeongရဲ႕ စကားေၾကာင့္ Aeri တို႔တစ္ေယာက္ကိုတစ္ေယာက္ၾကည့္လိုက္ၾကသည္

ေျခာက္လၾကာမွ Jiminရဲ႕အေၾကာင္း Minjeong ပထမဆုံး ထုတ္ေျပာတာျဖစ္လို႔ ဘာေတြျဖစ္ေနမွန္း Aeriတို႔ ေသခ်ာမသိေပ

"Minjeong.... Jimin က ဘာျဖစ္တာလည္း '

"ငါတို႔ကို ေျပာျပေလ Minjeong "

Minjeongရဲ႕ ေက်ာျပင္ကို ပြတ္ေပးၿပီး NingNingေျပာလိုက္သည္

"ငါ ေျပာျပရင္ေတာင္ နင္တို႔ ယုံမွာမဟုတ္ဘူး "

"ေျပာၾကည့္ပါ "

ရွစ္လၾကာၿပီးေနာက္

စာ႐ြက္ေပၚမွာ ခ်ေရးထားတဲ့ လိပ္စာကို စိတ္လႈပ္ရွားစြာ  Minjeong ႏွစ္ခါေျမာက္ထပ္ၾကည့္လိုက္သည္

Aeriက သူမပခုံးကို ကိုင္ၿပီး အားေပးသည္

Ningningကေတာ့ တံခါးဘဲလ္ကို ႏွိပ္လိုက္သည္

"Hi. ...ဟို Joohyun မဟုတ္လား ကြၽန္မကို ရွင္ မွတ္မိမယ္ မထင္ေပမယ့္ "

"နင္... ဒီကို ဘာလာလုပ္တာလည္း "

Minjeong သူမရဲ႕ ႐ူးေၾကာင္ေၾကာင္နိုင္တဲ့စကားေၾကာင့္ သူမကိုယ္သူမ အျပစ္တင္လိုက္မိသည္

သူမကို ေသနတ္နဲ႕ ပစ္ခဲ့တဲ့ Minjeongကို Joohyun မမွတ္မိဘဲေနပါ့မလား

"ကြၽန္မနာမည္က Minjeong. ..သူတို႔က Aeriနဲ႕ NingNing. ...မုန့္ဖုတ္ဆိုင္က လူေတြေလ ရွင္သတိထားမိမွာပါ "

"နင္ ငါ့ကို ဘယ္လိုရွာေတြ႕တာလည္း "

"ရွင္ ေငြေပးေခ်ခဲ့တဲ့ bank account ကေန ရွာခဲ့တာ အဲ့လို တရားမဝင္လုပ္မိလို႔ေတာင္းပန္ပါတယ္ "

"ထားပါေတာ့ နင္တို႔ ဒီကို ဘာလာလုပ္တာလည္း "

"ဟို ကြၽန္မတို႔ စကားေျပာခ်င္လို႔ပါ "

Joohyunလည္း NingNingတို႔ကို သူမရဲ႕ အိမ္ထဲသို႔ ေခၚလိုက္သည္

"နင္တို႔နဲ႕ အတူေနတဲ့ ေျမေခြးအေၾကာင္းေျပာခ်င္တာလား "

"သူ႕နာမည္က Jiminပါ....ဟုတ္ပါတယ္ သူ႕အေၾကာင္းေျပာခ်င္လို႔ပါ "

"ဘာေျပာခ်င္တာလည္း သူထြက္သြားတာ ၾကာၿပီ မဟုတ္လား "

"ဟုတ္ပါတယ္ အဲ့အေၾကာင္း ဘယ္သူ႕ကိုေျပာျပရမလည္းမသိလို႔ ၿပီးေတာ့ အခုထိ ကြၽန္မကိုယ္ကြၽန္မ မယုံနိုင္ေသးဘူး "

"အဲ့ေျမေခြးမက နင့္ကို ဘာလုပ္လိုက္တာလည္း "

"ရွင္ ဘာေျပာခ်င္တာလည္း မသိဘူး "

"ဂူမီဟိုေတြက လူ႕စိတ္ကို ေထြျပာေအာင္ လွည့္ဖ်ားတတ္တယ္ေလ သူ..."

"မဟုတ္ပါဘူး Jiminက အဲ့လိုမလုပ္ဘူး သူက ရွင္ေတြ႕ဖူးတဲ့ ေျမေခြးေတြနဲ႕ မတူဘူး သူက ထူးျခားတယ္ ရွင္ထင္သလို ဆိုးဝါးေနတဲ့ မေကာင္းဆိုးဝါး မဟုတ္ဘူး "

"Shit. ...နင္တို႔ေတြ ခ်စ္မိေနၾကတာမဟုတ္လား "

"ဟုတ္..."

"အင္း အဲ့ေန႕က နင့္ဆိုင္မွာ လာေသာင္းက်န္းမိလို႔ ေတာင္းပန္ပါတယ္ ငါ့အတြက္ အခ်ိန္ေကာင္းထင္ခဲ့မိလို႔....နင္နားလည္ေပးနိုင္မယ္ထင္တယ္ "

"မဟုတ္တာ ကြၽန္မ ေတာင္းပန္ခံခ်င္လို႔ ဒီကို လာတာမဟုတ္ပါဘူး အေျဖတစ္ခုလိုေနလို႔ပါ...ဘယ္သူ႕ကိုေမးရမယ္ဆိုတာလည္းမသိလို႔...."

"ဘာအေျဖလည္း "

"Jiminက သူျပန္လာမယ္လို႔ ကြၽန္မကို ေျပာခဲ့တယ္ ဒါေပမယ့္ လၾကတ္သြားတာေတာင္ သူကျပန္မလာခဲ့ဘူး ကြၽန္မ onlineမွာရွာေတာ့လည္း ဘာေတြမွန္းမသိလို႔.... အဲ့တာ လူေတြနဲ႕သူတို႔ကမၻာကို ဆက္သြယ္ထားတဲ့ တံတားဘာညာ ရွင္မ်ားသိမလားလို႔ "

"သူ႕ အစာစားပုံအေၾကာင္း နင့္ကိုေျပာျပခဲ့လား "

Joohyunကေမးေတာ့ Minjeong ေခါင္းညိတ္ျပသည္

"သူ ေျပာျပပါတယ္ "

"ငါ နင့္ဆိုင္ကို လာတုံးက သူေျပာခဲ့တဲ့ စကားကို မွတ္မိလား.. သူ အစားမစားတာ ႏွစ္ကိုးရာနဲ႕ရက္ေပါင္းတစ္ခ်ိဳ႕ ၾကာၿပီဆိုတာေလ.... သူ ထပ္မစားဘူးဆို ေသ...."

"မဟုတ္ဘူး Jiminက ျပန္လာခဲ့မယ္လို႔ ကြၽန္မကို ေျပာသြားတယ္ သူနည္းလမ္းရွာမယ္လို႔ ေျပာခဲ့တယ္ ရွင္တို႔ နတ္ဆရာေတြက သူနဲ႕ကြၽန္မကို ဆက္သြယ္လို႔ ရေအာင္ မလုပ္ေပးနိုင္ဘူးလား "

"အဲ့လိုအစြမ္း ငါ့မွာ မရွိဘူး "

"လုပ္ပါရွင္ ညီမရဲ႕ သူငယ္ခ်င္းကို ကူညီေပးပါ "

Minjeong ၿပိဳလဲေနတာကို NingNingတို႔လည္း မၾကည့္ရက္လို႔ Joohyunကို ဝင္ေျပာေလသည္

"အားနာပါတယ္ ငါဘယ္လိုမွ မတတ္နိုင္လို႔ပါ သူက နင္တို႔အတြက္ အေရးပါမွန္းသိပါတယ္ ဒါေပမယ့္..... အာ Shit "

Joohyun ျငင္းဆန္ရင္း တစ္ခုခုကို သတိရမိသြားသည္

"နင္တို႔ကို ေျပာျပသင့္လား မေျပာျပရမလားမသိဘူး "

"ေျပာျပပါ အမရယ္ "

Joohyunမွာ ေျပာသင့္မေျပာသင့္ကို ေခတၱခဏေတြေဝေနတယ္

"ငါ နင္တို႔ဆိုင္က ထြက္လာတာေရာ ကားေပၚတက္လာတာေရာ ကားေမာင္းၿပီး အိမ္ကိုျပန္လာတာကိုေရာ မမွတ္မိဘူး ဒါေပမယ့္ အိမ္ျပန္ေရာက္လာေတာ့ ငါသိသြားၿပီး ညတြင္းခ်င္း  နင္တို႔ဆိုင္ကို လာေပမယ့္ လာလို႔မရဘူး သူ ငါ့ကို ရသြားတယ္ "

"ဟင္ ဘာရတာလည္းဟင္ "

Joohyun ေျပာတာကို Aeri နားမလည္လို႔ေမးလိုက္သည္

"Jimin. ..Jiminက သူ႕ကို စိတ္ညို႔လိုက္တာ "

အဲ့ဒီေန႕က ျဖစ္ပ်က္ခဲ့တာေတြကို Minjeong ျပန္စဥ္းစားမိၿပီး Joohyunအစား ေျဖလိုက္သည္

"ဟုတ္တယ္ သူလုပ္ခဲ့တာ အမွန္တိုင္းေျပာရရင္ စိတ္ညို႔ၿပီး ငါ့ကိုမသတ္ပစ္လို႔ေတာင္ အံ့ၾသခဲ့တာ အဲ့ေနာက္ပိုင္းလည္း နင္တို႔ဆိုင္ကို ခဏခဏလာခဲ့ဖူးတယ္ ဒါေပမယ့္ ဆိုင္ေရွ႕ေတာင္ ျဖတ္လို႔မရဘူး ဒါေၾကာင့္မို႔ ငါရပ္လိုက္ေပမယ့္ လြန္ခဲ့တဲ့လပိုင္းက လၾကတ္ခဲ့ေတာ့ ဂူမီဟို အစားမစားတာ သတိရၿပီး နင္တို႔ဆိုင္ ထပ္လာခဲ့တယ္ ဒီတစ္ခါေတာ့ နင္တို႔ဆိုင္ကို လာလို႔ရသြားတယ္  "

"အဲ့တာ ဘာကိုေျပာတာလည္းဟင္ "

Minjeong တံေတြးကို ခက္ခက္ခဲခဲ မ်ိဳခ်ရင္း ေမးလိုက္သည္

"ေျမေခြးမရဲ႕ အစြမ္းေတြ မရွိေတာ့ဘူးဆိုေတာ့ ေျမေခြးမလည္း မရွိေတာ့ဘူးေပါ့ "

"မဟုတ္ မဟုတ္ဘူး ရွင္ အထင္မွားတာ ျဖစ္မွာပါ Jimin. ..ကြၽန္မရဲ႕ Jiminက ကြၽန္မကို ျပန္လာခဲ့မယ္လို႔ ကတိေပးခဲ့တာ Jiminမေသဘူး ကြၽန္မဆီ ျပန္လာမွာ "

Minjeong အ႐ူးတစ္ေယာက္လို ထေအာ္ေတာ့ Aeriတို႔မွာ Minjeongကို ဆြဲထားရသည္

"နင္ၾကားခ်င္တဲ့ အေျဖမေပးနိုင္လို႔ စိတ္မေကာင္းပါဘူး ေျပာရတာ ရက္စက္သလို ျဖစ္ေပမယ့္ ေမွ်ာ္လင့္ခ်က္လည္း မေပးခ်င္တဲ့အတြက္ ဒီမွာမရွိေတာ့တဲ့သူကို ေမ့ပစ္လိုက္ပါေတာ့လို႔ အႀကံေပးပါရေစ "

Joohyun စကားလည္း ဆုံးေရာ Minjeong လဲက်သြားသည္ Aeriတို႔မွာ Minjeongကို လွမ္းဖမ္းလိုက္ေပမယ့္ Minjeong တကယ္ေပ်ာ့ေခြကာ ၿပိဳလဲက်သြားသည္

ဘယ္လိုအေၾကာင္းဘဲ ရွိရွိ ငါ့ဆီကို ျပန္လာခဲ့မယ္လို႔ ေျပာခဲ့တယ္ မဟုတ္လား Jimin

ျပန္လာခဲ့မွာမို႔လို႔ နင့္ကိုေစာင့္ေနေပးပါဆို

နင့္ကို တစ္ေခါက္ေလးေတာင္ ထပ္ေတြ႕လို႔မရေတာ့ဘူးလား ေဝးကြာသြားလိုက္တာမ်ား နင့္အေငြ႕အသက္ေလးကိုေတာင္ ငါမေတြ႕ရေတာ့ဘူး

နင္မရွိဘဲ ငါမေနနိုင္ဘူး Jiminရယ္  နင္မရွိဘဲ ဘယ္လိုေရွ႕ဆက္ရမွာလည္း ငါ အသက္မရွင္ခ်င္ေတာ့ဘူး...ငါ အသက္မရွင္ခ်င္ေတာ့ဘူး Jiminရယ္

#tbc

Bạn đang đọc truyện trên: Truyen3h.Co