Part 16
#unicode
"နင့်မှာ မေးစရာတွေများနေမှာပေါ့ Minjeong "
Jimin ကပြောတော့ Minjeongက အောက်နှုတ်ခမ်းကို ဖိကိုက်ပြီး ခေါင်းညိတ်ပြသည်
"ငါ နင့်ကို ထပ်ပြီး မညာတော့ဘူးလေနော် ကတိ Minjeong.... ဒါကြောင့်မို့လို့ နင်မေးသမျှ အမှန်တိုင်း ငါဖြေပါမယ် "
Minjeongရဲ့ ပခုံးလေးကို ကိုင်ပြီး Jimin ပြောလိုက်သည်
"ummm ဟိုလေ နင် Joohyunကို ညို့တယ်ဆိုတာကလေ ....အဲ့တာက ဘယ်လိုလည်း ..."
"အာ အဲ့တာက ငါက Joohyunရဲ့ မျက်လုံးကိုစိုက်ကြည့်ပြီး Joohyunကလည်း ငါ့မျက်လုံးနဲ့အကြည့်ချင်းဆုံတဲ့အခါ ငါဖြစ်စေချင်တာကို အမိန့်ပေးလိုက်သလိုပေါ့ သူတို့လုပ်ချင်သည်ဖြစ်စေ မလုပ်ချင်သည်ဖြစ်စေ ငါအမိန့်ပေးခိုင်းစေလိုက်လို့ သူတို့လုပ်ကိုလုပ်ရတာပေါ့ "
"အဲ့တာဆိုရင် အဲ့အစွမ်းကို နင် ငါ့အပေါ် သုံးခဲ့သေးလား "
"ဟာ မသုံးခဲ့ပါဘူး..."
Minjeong ရဲ့ စကားကြောင့် Jimin စိတ်မကောင်းဖြစ်သွားတယ်
"နင် ငါ့ကို မယုံဘူးလား Minjeong "
"မသိတော့ဘူး ဘယ်ဟာကို ယုံရမလည်းဆိုတာ ငါ့စိတ်တွေရှုပ်ထွေးနေတယ် '
"ယုံစမ်းပါ Minjeong လေးရယ် နင့်အပေါ် ငါအစွမ်းသုံးခဲ့ရင် နင်သိမှာပေါ့ "
"ဘယ်လိုမျိုးလည်း "
"ဘယ်လိုမျိုးလည်းဆိုတာ ငါမရှင်းပြတတ်ဘူး "
"ဒါဆို ငါ့ကိုလုပ်ပြပါလား "
Minjeongရဲ့ စကားကြောင့် Jimin မျက်မှောင်ကြုတ်သွားတယ်
"ဟင့်အင်း အဲ့လိုမလုပ်ချင်ဘူး "
"လုပ်ပါ Jiminရယ် ငါသိချင်လို့ပါ ငါသိရမှဖြစ်မယ် '
Jiminရဲ့ ခန္ဓာကိုယ်က ထိခိုက်ထားလို့ အစွမ်းထုတ်သုံးဖို့ ခက်နေပေမယ့်လည်း Minjeong က တောင်းဆိုနေသောကြောင့် မငြင်းနိုင်ပေ
"ကောင်းပြီ Minjeong ငါ့မျက်လုံးကိုစိုက်ကြည့်လိုက် "
Jimin သက်ပြင်းချပြီး ပြောလိုက်သည်
Minjeongကို ငါ ဘာအမိန့်ပေးရမလည်း
လွန်ခဲ့တဲ့ရက်တွေက ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေအပြင် ငါ့ကိုပါ မေ့ပစ်လိုက်
Jimin ထိုသို့အမိန့်ပေးလိုက်ရမလား တွေးမိလိုက်ပေမယ့် Minjeong သူမကို မေ့သွားပြီး နေနိုင်သွားမှာကို Jimin ကြောက်သည် သေမှာထက် ပိုကြောက်သည်
"သေနတ်ကောက်ကိုင်လိုက် Minjeong "
Minjeong ရဲ့ လက်တွေဟာ Jimin အမိန့်ကြောင့် ကုတင်ပေါ်က သေနတ်ကို ကောက်ကိုင်လိုက်သည်
"ငါ့ကိုချိန်ထားလိုက် Minjeong "
သူမကို သေနတ်နဲ့ ချိန်ထားတဲ့ Minjeongကို Jimin စိုက်ကြည့်နေမိသည်
"သတိပြန်ရလာတော့ "
Jiminရဲ့ အမိန့်ကြောင့် Minjeong သတိပြန်ရလာတော့ သူမလက်ထဲ သေနတ်ကိုင်ထားပြီး Jiminကို ချိန်ထားတာကို တွေ့လိုက်ရသည်
"ဘာ ဘာလို့ အဲ့လိုလုပ်တာလည်း မတော်လို့ပစ်မိသွားရင် ဘယ်လိုလုပ်မလည်း "
"အခု ငါ့ကိုယုံပြီ မဟုတ်လား အညို့ခံရတာဘယ်လိုဆိုတာ ဒီတစ်လျှောက်လုံး နင့်ကိုငါ စိတ်ရင်းနဲ့ဘဲ ဆက်ဆံခဲ့တာပါ "
"ငါ နင့်ကို ယုံပါပြီ Jimin "
"နင့်နှလုံး အရမ်းခုန်နေတာဘဲ "
"ဟင် နင်ဘာပြောတာလည်း "
"ခုန နင့်နှလုံး အရမ်းခုန်နေတာ ငါအဲ့လိုမျိုးတွေလည်း သိနိုင်ခံစားနိုင်တယ် Minjeong အခုတော့ ခုနထက် နင်နှလုံးခုန်တာ နှေးသွားပြီ "
"အယ် နင်အဲ့လိုတွေလည်း သိနိုင်တာဘဲလား "
"အဲ့တာအပြင် နင့်အနံ့ကိုလည်း ခံစားနိုင်တယ် "
"ဟင် ဘယ်လို '
"အခု နင့်ဆီကနေ စိတ်ဆိုးတာရယ် ကြောက်လန့်တာရယ် ပြီးတော့ ငါ့ကိုချစ်တဲ့ခံစားချက်တွေကို ငါအနံ့ရနေတယ် '
"နင်တို့မြေခွေးတွေက အဲ့လိုလည်းရတာဘဲလား '
"အင်း သဘာဝကပေးတဲ့စွမ်းအားတွေပေါ့ "
"တစ်ချို့ကိစ္စတွေ ငါနားမလည်ပေမယ့် ငါ့ကို ရှင်းပြပေးလို့ ကျေးဇူးတင်ပါတယ် "
Jiminရဲ့ လက်ကို Minjeong ကိုင်ပြီး ပြောတော့ Minjeong ရဲ့ နွေးထွေးမှုကြောင့် Jimin မျက်ရည်တွေဝဲလာသည်
"ထပ်မေးစရာရှိသေးလား Minjeong"
"ဟို ဟိုလေ joohyun ကိုပြောတဲ့ နင်မကြာခင် သွားရတော့မယ်ဆိုတာ....."
Minjeongပြောရင်း အသံက တိုးဝင်သွားသည်
Jiminလည်း သူမ မဖြေချင်တဲ့ မေးခွန်းကို Minjeongက မေးချလိုက်သောကြောင့် သက်ပြင်းချလိုက်မိသည်
"လွန်ခဲ့တဲ့ လက လကြတ်ခဲ့တယ်လေ အဲ့ဒီအချိန် ငါတို့ကမ္ဘာနဲ့ လူသားကမ္ဘာဆီကို ဆက်သွယ်တဲ့ တံတားလေးပေါ်လာခဲ့တယ်လေ အဲ့တာအပြင် ဒီမှာနေဖို့ အချိန်အကန့်အသတ်လည်းရှိတယ် "
"ဘယ်လောက်ထိလည်း"
"လကြတ်ပြီး လပိုင်းအနည်းငယ်လောက်ထိပေါ့ "
"ဒါဆို နင်နင်က "
"အင်း ရက်အနည်းငယ်လောက်ကျရင် ငါပြန်သွားရမှာ "
မြေခွေးမလေးမှာ Minjeong ကို ဒီထက်ပိုပြီး ပြောပြချင်ပေမယ့် ဒီတစ်ညနေတည်းနဲ့တင် Minjeong ကြုံခဲ့ရတာတွေက ဆိုးဝါးနေပြီလေ
"ဘာ "
"အခုတောင် ဆွဲငင်မှုတွေကို ခံစားနေရပြီ "
"ဘယ်အချိန်မှ ပြောပြမှာလည်း နင် တစ်နေ့ကျ ရုတ်တရက်ပျောက်ကွယ်သွားမယ့်အကြောင်း ဘယ်တော့မှ ပြောပြမှာလည်း ...ဘာမှမပြောဘဲ ပျောက်ကွယ်သွားချင်တာလား ....."
Minjeong ဝမ်းနည်းပြီး Jimin ကို အော်ဟစ်လိုက်သည်
"တောင်းပန်ပါတယ် ငါလည်း... အဲ့အကြောင်းမတွေးချင်ဘူး တွေးလိုက်တိုင်း နာကျင်ရလွန်းလို့ပါ ငါလည်း နင့်ဘေးကနေ ထွက်မသွားချင်ဘူး "
"ဒါဆို ငါ့ဘေးနားမှာဘဲနေလေ "
"ငါ့မှာ ရွေးချယ်စရာမရှိဘူး Minjeong "
"မသွားပါနဲ့ Jiminရယ် ငါတောင်းပန်ပါတယ် မသွားပါနဲ့ ငါ့ကိုအချိန်အကြာကြီး ပျော်အောင်လုပ်ပေးနိုင်ခဲ့သူက နင်ဘဲရှိတာ နင်မရှိဘဲ ငါဘယ်လိုနေရမလည်း Jiminရယ် နင့်ကိုငါလိုအပ်တယ်လေ "
Jiminရဲ့ ပခုံးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး Minjeong ငိုလေသည်
Jimin ဖြတ်သန်းလာတဲ့ ဘဝတစ်လျှောက်လုံး သူမကို လိုအပ်တဲ့သူတစ်ယောက်မှမရှိဖူးသလို သူမကိုတကယ်ချစ်ပေးတဲ့သူလည်း မရှိခဲ့ဖူးဘူးလေ
အခုတော့ သူမကိုလိုအပ်ပြီး သူမကို တကယ်ချစ်တဲ့သူနဲ့....ခွဲခွာရတော့မှာဆိုတော့ .......Jimin တော်တော်လေးပြိုလဲနေပြီလေ
#tbc
#zawgyi
"နင့္မွာ ေမးစရာေတြမ်ားေနမွာေပါ့ Minjeong "
Jimin ကေျပာေတာ့ Minjeongက ေအာက္ႏႈတ္ခမ္းကို ဖိကိုက္ၿပီး ေခါင္းညိတ္ျပသည္
"ငါ နင့္ကို ထပ္ၿပီး မညာေတာ့ဘူးေလေနာ္ ကတိ Minjeong.... ဒါေၾကာင့္မို႔လို႔ နင္ေမးသမွ် အမွန္တိုင္း ငါေျဖပါမယ္ "
Minjeongရဲ႕ ပခုံးေလးကို ကိုင္ၿပီး Jimin ေျပာလိုက္သည္
"ummm ဟိုေလ နင္ Joohyunကို ညို႔တယ္ဆိုတာကေလ ....အဲ့တာက ဘယ္လိုလည္း ..."
"အာ အဲ့တာက ငါက Joohyunရဲ႕ မ်က္လုံးကိုစိုက္ၾကည့္ၿပီး Joohyunကလည္း ငါ့မ်က္လုံးနဲ႕အၾကည့္ခ်င္းဆုံတဲ့အခါ ငါျဖစ္ေစခ်င္တာကို အမိန့္ေပးလိုက္သလိုေပါ့ သူတို႔လုပ္ခ်င္သည္ျဖစ္ေစ မလုပ္ခ်င္သည္ျဖစ္ေစ ငါအမိန့္ေပးခိုင္းေစလိုက္လို႔ သူတို႔လုပ္ကိုလုပ္ရတာေပါ့ "
"အဲ့တာဆိုရင္ အဲ့အစြမ္းကို နင္ ငါ့အေပၚ သုံးခဲ့ေသးလား "
"ဟာ မသုံးခဲ့ပါဘူး..."
Minjeong ရဲ႕ စကားေၾကာင့္ Jimin စိတ္မေကာင္းျဖစ္သြားတယ္
"နင္ ငါ့ကို မယုံဘူးလား Minjeong "
"မသိေတာ့ဘူး ဘယ္ဟာကို ယုံရမလည္းဆိုတာ ငါ့စိတ္ေတြရႈပ္ေထြးေနတယ္ '
"ယုံစမ္းပါ Minjeong ေလးရယ္ နင့္အေပၚ ငါအစြမ္းသုံးခဲ့ရင္ နင္သိမွာေပါ့ "
"ဘယ္လိုမ်ိဳးလည္း "
"ဘယ္လိုမ်ိဳးလည္းဆိုတာ ငါမရွင္းျပတတ္ဘူး "
"ဒါဆို ငါ့ကိုလုပ္ျပပါလား "
Minjeongရဲ႕ စကားေၾကာင့္ Jimin မ်က္ေမွာင္ၾကဳတ္သြားတယ္
"ဟင့္အင္း အဲ့လိုမလုပ္ခ်င္ဘူး "
"လုပ္ပါ Jiminရယ္ ငါသိခ်င္လို႔ပါ ငါသိရမွျဖစ္မယ္ '
Jiminရဲ႕ ခႏၶာကိုယ္က ထိခိုက္ထားလို႔ အစြမ္းထုတ္သုံးဖို႔ ခက္ေနေပမယ့္လည္း Minjeong က ေတာင္းဆိုေနေသာေၾကာင့္ မျငင္းနိုင္ေပ
"ေကာင္းၿပီ Minjeong ငါ့မ်က္လုံးကိုစိုက္ၾကည့္လိုက္ "
Jimin သက္ျပင္းခ်ၿပီး ေျပာလိုက္သည္
Minjeongကို ငါ ဘာအမိန့္ေပးရမလည္း
လြန္ခဲ့တဲ့ရက္ေတြက ျဖစ္ပ်က္ခဲ့တဲ့ကိစၥေတြအျပင္ ငါ့ကိုပါ ေမ့ပစ္လိုက္
Jimin ထိုသို႔အမိန့္ေပးလိုက္ရမလား ေတြးမိလိုက္ေပမယ့္ Minjeong သူမကို ေမ့သြားၿပီး ေနနိုင္သြားမွာကို Jimin ေၾကာက္သည္ ေသမွာထက္ ပိုေၾကာက္သည္
"ေသနတ္ေကာက္ကိုင္လိုက္ Minjeong "
Minjeong ရဲ႕ လက္ေတြဟာ Jimin အမိန့္ေၾကာင့္ ကုတင္ေပၚက ေသနတ္ကို ေကာက္ကိုင္လိုက္သည္
"ငါ့ကိုခ်ိန္ထားလိုက္ Minjeong "
သူမကို ေသနတ္နဲ႕ ခ်ိန္ထားတဲ့ Minjeongကို Jimin စိုက္ၾကည့္ေနမိသည္
"သတိျပန္ရလာေတာ့ "
Jiminရဲ႕ အမိန့္ေၾကာင့္ Minjeong သတိျပန္ရလာေတာ့ သူမလက္ထဲ ေသနတ္ကိုင္ထားၿပီး Jiminကို ခ်ိန္ထားတာကို ေတြ႕လိုက္ရသည္
"ဘာ ဘာလို႔ အဲ့လိုလုပ္တာလည္း မေတာ္လို႔ပစ္မိသြားရင္ ဘယ္လိုလုပ္မလည္း "
"အခု ငါ့ကိုယုံၿပီ မဟုတ္လား အညို႔ခံရတာဘယ္လိုဆိုတာ ဒီတစ္ေလွ်ာက္လုံး နင့္ကိုငါ စိတ္ရင္းနဲ႕ဘဲ ဆက္ဆံခဲ့တာပါ "
"ငါ နင့္ကို ယုံပါၿပီ Jimin "
"နင့္ႏွလုံး အရမ္းခုန္ေနတာဘဲ "
"ဟင္ နင္ဘာေျပာတာလည္း "
"ခုန နင့္ႏွလုံး အရမ္းခုန္ေနတာ ငါအဲ့လိုမ်ိဳးေတြလည္း သိနိုင္ခံစားနိုင္တယ္ Minjeong အခုေတာ့ ခုနထက္ နင္ႏွလုံးခုန္တာ ႏွေးသြားၿပီ "
"အယ္ နင္အဲ့လိုေတြလည္း သိနိုင္တာဘဲလား "
"အဲ့တာအျပင္ နင့္အနံ႕ကိုလည္း ခံစားနိုင္တယ္ "
"ဟင္ ဘယ္လို '
"အခု နင့္ဆီကေန စိတ္ဆိုးတာရယ္ ေၾကာက္လန့္တာရယ္ ၿပီးေတာ့ ငါ့ကိုခ်စ္တဲ့ခံစားခ်က္ေတြကို ငါအနံ႕ရေနတယ္ '
"နင္တို႔ေျမေခြးေတြက အဲ့လိုလည္းရတာဘဲလား '
"အင္း သဘာဝကေပးတဲ့စြမ္းအားေတြေပါ့ "
"တစ္ခ်ိဳ႕ကိစၥေတြ ငါနားမလည္ေပမယ့္ ငါ့ကို ရွင္းျပေပးလို႔ ေက်းဇူးတင္ပါတယ္ "
Jiminရဲ႕ လက္ကို Minjeong ကိုင္ၿပီး ေျပာေတာ့ Minjeong ရဲ႕ ႏြေးေထြးမႈေၾကာင့္ Jimin မ်က္ရည္ေတြဝဲလာသည္
"ထပ္ေမးစရာရွိေသးလား Minjeong"
"ဟို ဟိုေလ joohyun ကိုေျပာတဲ့ နင္မၾကာခင္ သြားရေတာ့မယ္ဆိုတာ....."
Minjeongေျပာရင္း အသံက တိုးဝင္သြားသည္
Jiminလည္း သူမ မေျဖခ်င္တဲ့ ေမးခြန္းကို Minjeongက ေမးခ်လိဳက္ေသာေၾကာင့္ သက္ျပင္းခ်လိဳက္မိသည္
"လြန္ခဲ့တဲ့ လက လၾကတ္ခဲ့တယ္ေလ အဲ့ဒီအခ်ိန္ ငါတို႔ကမၻာနဲ႕ လူသားကမၻာဆီကို ဆက္သြယ္တဲ့ တံတားေလးေပၚလာခဲ့တယ္ေလ အဲ့တာအျပင္ ဒီမွာေနဖို႔ အခ်ိန္အကန့္အသတ္လည္းရွိတယ္ "
"ဘယ္ေလာက္ထိလည္း"
"လၾကတ္ၿပီး လပိုင္းအနည္းငယ္ေလာက္ထိေပါ့ "
"ဒါဆို နင္နင္က "
"အင္း ရက္အနည္းငယ္ေလာက္က်ရင္ ငါျပန္သြားရမွာ "
ေျမေခြးမေလးမွာ Minjeong ကို ဒီထက္ပိုၿပီး ေျပာျပခ်င္ေပမယ့္ ဒီတစ္ညေနတည္းနဲ႕တင္ Minjeong ႀကဳံခဲ့ရတာေတြက ဆိုးဝါးေနၿပီေလ
"ဘာ "
"အခုေတာင္ ဆြဲငင္မႈေတြကို ခံစားေနရၿပီ "
"ဘယ္အခ်ိန္မွ ေျပာျပမွာလည္း နင္ တစ္ေန႕က် ႐ုတ္တရက္ေပ်ာက္ကြယ္သြားမယ့္အေၾကာင္း ဘယ္ေတာ့မွ ေျပာျပမွာလည္း ...ဘာမွမေျပာဘဲ ေပ်ာက္ကြယ္သြားခ်င္တာလား ....."
Minjeong ဝမ္းနည္းၿပီး Jimin ကို ေအာ္ဟစ္လိုက္သည္
"ေတာင္းပန္ပါတယ္ ငါလည္း... အဲ့အေၾကာင္းမေတြးခ်င္ဘူး ေတြးလိုက္တိုင္း နာက်င္ရလြန္းလို႔ပါ ငါလည္း နင့္ေဘးကေန ထြက္မသြားခ်င္ဘူး "
"ဒါဆို ငါ့ေဘးနားမွာဘဲေနေလ "
"ငါ့မွာ ေ႐ြးခ်ယ္စရာမရွိဘူး Minjeong "
"မသြားပါနဲ႕ Jiminရယ္ ငါေတာင္းပန္ပါတယ္ မသြားပါနဲ႕ ငါ့ကိုအခ်ိန္အၾကာႀကီး ေပ်ာ္ေအာင္လုပ္ေပးနိုင္ခဲ့သူက နင္ဘဲရွိတာ နင္မရွိဘဲ ငါဘယ္လိုေနရမလည္း Jiminရယ္ နင့္ကိုငါလိုအပ္တယ္ေလ "
Jiminရဲ႕ ပခုံးကို က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ၿပီး Minjeong ငိုေလသည္
Jimin ျဖတ္သန္းလာတဲ့ ဘဝတစ္ေလွ်ာက္လုံး သူမကို လိုအပ္တဲ့သူတစ္ေယာက္မွမရွိဖူးသလို သူမကိုတကယ္ခ်စ္ေပးတဲ့သူလည္း မရွိခဲ့ဖူးဘူးေလ
အခုေတာ့ သူမကိုလိုအပ္ၿပီး သူမကို တကယ္ခ်စ္တဲ့သူနဲ႕....ခြဲခြာရေတာ့မွာဆိုေတာ့ .......Jimin ေတာ္ေတာ္ေလးၿပိဳလဲေနၿပီေလ
#tbc
Bạn đang đọc truyện trên: Truyen3h.Co