Part 17
#unicode
တိတ်ဆိတ်နေတဲ့ ညသန်းခေါင်မှာ Minjeong တစ်ယောက် သူမဘေးနား အိပ်မောကျနေတဲ့ Jiminကို ထိုင်ကြည့်နေမိသည်
Jiminကတော့ ဒဏ်ရာကြောင့်ရော အစွမ်းတွေထုတ်သုံးထားမိလို့ ပင်ပန်းပြီး အိပ်ပျော်သွားပေမယ့် Minjeong ကတော့ သူမ အိပ်လိုက်လို့ နိုးလာတဲ့အခါ Jimin က ပျောက်ကွယ်သွားမှာကို ကြောက်မိလို့ မအိပ်ဘဲ Jiminကိုဘဲ ထိုင်ကြည့်နေမိသည်
Jiminကို တစ်ညလုံး ထိုင်ကြည့်ရင်း Jimin မရှိတော့မယ့်နေ့ရက်တွေကို တွေးပြီး Minjeong ငိုမိပြန်သေးသည်
Jimin မရှိဘဲ ငါ ဘယ်လိုနေရမလည်း
ငါ့ကို ရယ်မောအောင်လုပ်နိုင်တဲ့ Jimin မရှိဘဲ
နေ့ရက်တွေကို ဘယ်လိုဖြတ်သန်းရမလည်း
ဖြစ်နိုင်ရင် မသွားပါနဲ့လား Jiminရယ်
ငါရူးတော့မယ်ထင်တယ်
နာရီကို ကြည့်တော့ မနက်ခြောက်နာရီထိုးနေပြီ
Minjeong ခုထိ တစ်ရေးမှမအိပ်ရသေးပေ
ရှစ်နာရီလောက်ကျ NingNingတို့ ရောက်လာတော့မှာမို့လို့ Jimin သွေးတွေ ပေနေတဲ့ ကြမ်းပြင်ကို Minjeong သန့်ရှင်းရေးသွားလုပ်လိုက်သည်
သန့်ရှင်းရေးလုပ်ပြီးနောက်လည်း Jiminကို ပျောက်ကွယ်သွားမှာဆိုးလို့ ပြေးကြည့်ရသေးသည်
တစ်ညလုံးငိုထားမှန်းမသိသာအောင် မျက်နှာသေချာသစ်ပြီး မိတ်ကပ်တစ်ချို့ကို Minjeong လိမ်းထားလိုက်သည်
အိပ်ပျော်နေတဲ့ Jiminကိုလည်း အသက်ရှင်သေးလားဆိုပြီး Minjeong စမ်းကြည့်သေးသည်
"Jimin နင် ဒီနေ့တော့ အောက်ဆင်းမလာနဲ့နော် အနားယူလိုက်ပါ ဒဏ်ရာကလည်း မသက်သာသေးတော့.... "
Minjeongပြောပြီး အောက်ထပ်ကို ဆင်းလာသည်
Yoona တို့ကတော့ ရှစ်နာရီထိုးတာနဲ့ ရောက်လာကြပြီ
မုန့်ဖုတ်တာတွေ စတင်လုပ်ကိုင်နေကြပေမယ့် Minjeongကတော့ သူမအခန်းထဲ အိပ်ပျော်နေတဲ့ ဂူမီဟိုလေး Jiminရဲ့ အကြောင်းဘဲ တွေးနေမိသည်
မနေ့ညကအကြောင်းတွေကို အချစ်နာကျနေတဲ့ ဆယ်ကျော်သက်လေးတစ်ယောက်ဖြစ်တဲ့ Minjeong ဆက်တိုက်တွေးနေမိသည်
Jiminရဲ့ အနီရောင် မျက်လုံး
Jiminရဲ့ အဖြူရောင် အမြီးရှည်
Jiminနဲ့ ပတ်သက်ပြီး အစပိုင်းက သံသယဝင်ဖူးခဲ့ပေမယ့် မြေခွေမလေး ဖြစ်နေလိမ့်မယ်လို့ Minjeong တစ်ခါမှ မတွေးခဲ့ဖူးပေ
"Hey Jiminရော "
Wendyက မေးမှ Minjeong အတွေးလွန်နေရာက အသိပြန်ဝင်လာသည်
"အာ သူနေမကောင်းလို့ အိပ်နေတယ် "
Minjeong ရဲ့ စကားကြောင့် NingNingတို့မှာ စိတ်ပူသွားကြသည်
"အယ် ဘာဖြစ်တာလည်း အအေးမိတာလား "
"အင်း အအေးမိတာတဲ့ Aeri. ..."
"ရာသီဥတုက ခုရက်ပိုင်း ပြောင်းလဲနေတာ Jiminလေး သနားပါတယ် အအေးမိသွားတယ် မနက်ဖြန်သူ့အတွက် သူကြိုက်တဲ့ အမဲသားဆန်ပြုတ်လေး လုပ်ခဲ့မယ် "
"ကျေးဇူးတင်ပါတယ် Yoona Unnie သူကြိုက်လောက်မှာ "
ဒီနေ့ကျမှ အရာအားလုံးက တိတ်ဆိတ်ပြီး စျေးဝယ်သူတွေကလည်း သိပ်မရှိပေ
ဒီအခြေအနေကြီးကို Minjeong မုန်းသည်
ဘာမှလုပ်စရာမရှိရင် Jiminရဲ့ အကြောင်းတွေဘဲ ပိုတွေးနေမိမှာ မဟုတ်လား
Minjeong ကောင်တာမှာ ထိုင်လိုက်ပြီး သူမဖုန်းကို ထုတ်ယူလိုက်သည်
ဂူမီဟို
အင်တာနက်မှာ ရှာကြည့်တော့ ပေါ်လာတဲ့ အကြောင်းတစ်ဝက်လောက်က ဂျပန်နဲ့ တရုတ် က မြေခွေးအကြောင်းတွေလျှောက်ရေးထားပြီး တစ်ဝက်ကကျ ဘာတွေရေးထားမှန်းမသိတဲ့ အသုံးမဝင်တဲ့စာသားတွေ
ဂူမီဟိုတွေက ဆိုးဝါးတဲ့ဖြစ်တည်မှုရှိတဲ့ မကောင်းဆိုးဝါးတွေ
ဂူမီဟိုတွေက သူတစ်ပါးကို မကောင်းကြံစည်ဖို့ ကြိုးစားနေတဲ့ မကောင်းဆိုးဝါးတွေ
ဂူမီဟိုတွေက တစ်ကိုယ်ကောင်းဆန်ပြီး လူတွေကို ကြိုးကိုင်ခြယ်လှယ်နိုင်တယ်
အင်တာနက်က စာတွေဖတ်ပြီ Minjeong နှာခေါင်းရှုံ့လိုက်သည်
ဟွန့် ငါတို့ Jiminလေးက အဲ့လိုဆိုးရွားတဲ့ ဂူမီဟို မဟုတ်ပါဘူးနော်
ညနေခင်းပိုင်းရောက်တော့ NingNingတို့လည်း ပြန်သွားပြီး Minjeong လည်း ဆိုင်သိမ်းကာ အိမ်ပေါ်သို့ တက်လာသည်
ကုတင်ထောင့်စွန်းတွင် ထိုင်ပြီး ပြတင်းပေါက် အပြင်ဘက်ကို ငေးကြည့်နေတဲ့ ဂူမီဟိုကို Minjeong ခေတ္တခဏလောက် ငေးကြည့်နေမိသည်
"Jimin နင် ဘာစားချင်လဲ နင်စားချင်သမျှ ငါချက်ကျွေးမယ် "
Minjeongမှာ ငိုချင်နေတဲ့ စိတ်ကို ထိန်းပြီး ဟန်ဆောင်ပြုံးကာ Jiminကို မေးလိုက်သည်
"စားချင်စိတ်မရှိပါဘူး "
"Jimin နင် တစ်နေကုန်လည်း ဘာမှမစားဘဲနဲ့.... "
Jiminကြည့်ရတာ စိတ်ဖိစီးပြီး ပင်ပန်းစိတ်ဓာတ်ကျနေပုံပေါ်သည်
"Jimin လုပ်ပါ တစ်ခုခုတော့ စားစမ်းပါ '
Jiminရဲ့ လက်ကို ကိုင်ပြီး Minjeong ပြောတော့ Jimin ခေါင်းခါပြသည်
"ငါ တကယ်ကို စားချင်စိတ်မရှိလို့ပါ နင် ဗိုက်ဆာရင် သွားစားလေ Minjeong "
"ငါလည်း တကယ်ကို စားချင်စိတ်မရှိဘူး....ပြီးတော့ ငါတောင်းပန်ပါတယ် Jimin "
"ဘာလို့လည်း "
"ဒီနေ့ နင့်ကိုငါ အချိန်မပေးနိုင်လို့လေ....ငါ ငါ အတွေးလွန်နေတာများပေမယ့် နင့်ကို အရမ်းလွမ်းတယ် Jiminရယ် "
"အင်း ဆွဲငင်မှုက မနေ့ကထက် ပိုသန်မာလာတယ် "
"ကွာ ငါအချိန်ဖြုန်းခဲ့မိတယ် ဆိုင်ကိုပိတ်ပြီး နင်နဲ့အတူရှိပေးနေရမှာကို ငါ သောက်သုံးမကျလိုက်တာ "
သူမခေါင်းကို သူမပြန်ရိုက်နေတဲ့ Minjeong ရဲ့ လက်ကို Jimin လှမ်းဆွဲလိုက်သည်
"ဟေး....ဒီနေ့ အလုပ်မှာ အဆင်ပြေရဲ့လား နင့်အနံ့က အရင်ကနဲ့မတူဘူး "
"ငါ့အနံ့က ဘယ်လိုမျိုးလည်း "
"နွေးထွေးတယ် ချိုတယ် ပြီးတော့ ငါ့ကို စိတ်သက်တောင့်သက်သာရှိစေပြီး ပျော်စေတယ် "
"အခုအနံ့က အဲ့လိုမဟုတ်ဘူးလား "
"အဲ့လိုဟုတ်ပေမယ့် နည်းနည်းတော့ မတူဘူး နင် စိတ်တိုတာမျိုး ဝမ်းနည်းနေတာမျိုးပါရောနှောနေတယ် ဒါကြောင့်မို့ ဒီနေ့ အလုပ်မှာ အဆင်ပြေလားလို့ မေးကြည့်တာ "
"အင်း ငါ အင်တာနက်မှာ နင်တို့အကြောင်းတွေ ရှာကြည့်နေတာလေ '
"အင်တာနက် ဟုတ်လား ဘာကြီးလည်း "
"ထားပါ သူတို့ပြောထားတာက နင်တို့က ပုံပြောင်းနိုင်တယ်တဲ့ ဟုတ်လား "
"ဒါပေါ့ အခုက လူပုံစံလေ မြေခွေးပုံစံလည်း ရှိတယ် "
"ငါ နင့်ရဲ့တကယ့်အစစ်အမှန်ကို ကြည့်လို့ရမလား Jimin မြေခွေးပုံစံလေ "
"နင် ကြောက်သွားလိမ့်မယ် Minjeong "
"နင့်ကိုငါ ကြောက်စရာလား Jimin "
"ကောင်းပြီလေ နင်တကယ် ကြည့်ချင်တာ သေချာလား '
Jiminပြောပြီး ထရပ်တော့ Minjeongက တွေဝေခြင်းမရှိဘဲ ခေါင်းညိတ်ပြသည်
Jimin မျက်လုံးမှိတ်ပြီး အသက်ပြင်းပြင်း ရှုလိုက်သည်
မျက်လုံးပြန်ဖွင့်လိုက်တော့ သူမ မျက်လုံးက နီရဲလာပြီး သူမနားရွက်တွေဟာလည်း မြေခွေးနားရွက်ပုံစံပြောင်းသွားသည်
လက်သည်းတွေ ရှည်ထွက်လာတဲ့အပြင် ဖြူဖွေးနူးညံ့တဲ့ အမွှေးတွေရှိတဲ့ အမြီးရှည်ကလည်း တစ်ခုပြီးတစ်ခုထွက်ပေါ်လာသည်
မြေခွေးပုံစံပြောင်းသွားတဲ့သူမကို ကြည့်နေသော Minjeongရဲ့ စိတ်ကို Jimin ဖတ်ရခက်နေသည်
"ကြောက်နေပြီလား Minjeong "
"Jimin. ...နင်.......နင်.....ချစ်စရာကောင်းပြီး လှလိုက်တာ မြေခွေးလူသားပေါက်စလေး ငါအသည်းယားလိုက်တာ အရမ်းဘဲ "
မြေခွေးတစ်ပိုင်း လူတစ်ပိုင်း ပုံစံပြလိုက်လျှင် လူတိုင်းကြောက်ပြီး ထွက်ပြေးကြတာကို Minjeong အလှည့်ကျမှဘဲ မြေခွေးပေါက်စလေးလို့ ခေါ်ပြီး အူယားတယ်ကဖြစ်ရသေးသည်
Minjeongရဲ့ စကားကြောင့် Jiminမှာ အူကြောင်ကြောင်နဲ့ ဖြစ်သွားသည်
"ဟင် "
"နင့်အမြီးလေး ငါကိုင်ကြည့်လို့ရလား "
"ရတာပေါ့ ကိုင်ကြည့်လေ "
"အမြီး.... အမြီးကလည်း ရှည်ပြီး ထူပြီး နူးညံလိုက်တာ အဖိုးတန်အမြီးလေးဘဲ "
Jiminရဲ့ အမြီးလေးကိုကိုင်ပြီး သူမမျက်နှာနားကပ်ကာ Minjeong ပြောလိုက်သည်
"ဟုတ်တယ် ဒီအမြီးလေးတွေ အခုလိုဖြစ်ဖို့ နှစ်ပေါင်းရာချီပြီး ထိန်းလာခဲ့တာ "
"ဟင် နှစ်ပေါင်းရာချီ ဟုတ်လား ဒါဆို "
"ဒါပေါ့ ငါက အသက်တော်တော်ကြီးနေတဲ့မြေခွေးလေ "
Jiminမှာ အံ့သြနေတဲ့ ချစ်စရာကောင်းတဲ့ Minjeong ရဲ့ မျက်နှာကို ကြည့်ပြီး သဘောကျလို့ ရယ်လိုက်သည်
"ဒီကမ္ဘာမြေမှာ ဂျိုဆွန်းခေတ်မတိုင်လောက်ကတည်းက ရှိလာတာ ကမ္ဘာကြီး အဆင့်ဆင့်ပြောင်းလဲလာတာကို ငါ့ဘဝတစ်လျှောက်လုံး ကြည့်လာခဲ့တာ Minjeong. ..ဒါပေမယ့်လေ ဒီလိုမျိုး တစ်ခါမှ အခုလိုမျိုး မခံစားခဲ့ရဘူး လူသားတွေက အဲ့စကားကိုပြောကြတာ ကြားဖူးခဲ့ပေမယ့် ငါတစ်ခါမှ နားမလည်ခဲ့ဘူး.....အခုတော့ ငါနားလည်သွားပြီထင်တယ်... ငါ နင့်ကို ချစ်တယ် Minjeong "
Minjeongရဲ့ မျက်နှာလေးကို ကိုင်ပြီး Jimin ပြောတော့ Minjeongမှာ ရှက်နေသည်
"နင် နင်က မိန်းကလေး တစ်ယောက်ကို ရှက်အောင် လုပ်နိုင်တာဘဲ "
"ရှက်နေတာလား "
"ငါ နင့်ကို မသွားစေချင်ဘူး Jiminရယ် "
Minjeongပြောရင်း ငိုသံတွေပါလာသည်
"Kim Minjeong. ..နှစ်ပေါင်းထောင်ချီကြာသွားရင်တောင် ငါသိပ်ချစ်ရတဲ့ နင်ဆိုတဲ့ ဖြစ်တည်မှုကို မေ့သွားမှာ မဟုတ်ဘူး သိလား"
Minjeongကတော့ ဘာမှမပြောဘဲ ငိုနေသောကြောင့် Minjeongရဲ့ ပါးပေါ်က မျက်ရည်တွေကို Jimin လက်မနဲ့ ပွတ်ကာ သုတ်ပေးလိုက်သည်
"မငိုပါနဲ့ ကလေးရယ် "
Minjeongရဲ့ မျက်ရည်တွေစိုနေတဲ့ ပါးဖောင်းဖောင်းလေးကို Jimin နမ်းလိုက်ပြီး ပြောလိုက်သည်
"နောက်တစ်ကြိမ်ကျရင် ငါတို့ ငါတို့ထပ်တွေ့ရအုံးမှာ မဟုတ်လား "
Minjeong ရှိုက်ကြီးတငင်ငိုရင်း မေးတော့ Jimin ဘာဖြေရမှန်းမသိဖြစ်နေသည်
"နောက်တစ်ကြိမ်...."
"နင့်ကမ္ဘာနဲ့ ငါတို့ကမ္ဘာဆက်သွယ်တဲ့အခါလေ လကြတ်တာလေဟာ "
Jiminက ဘာမှမပြောတော့ဘဲ တိတ်ဆိတ်သွားသောကြောင့် Minjeong ပိုပြီး ကြောက်လာသည်
"Jimin. ...နင် ငါ့ကိုမပြောဘဲ ဖုံးကွယ်ထားတာ ကျန်သေးလား "
"အင်း...တစ်ခုရှိသေးတယ် "
Jimin ခေါင်းကိုအောက်ငိုက်စိုက်ပြီးဖြေလိုက်သည်
"ဘာလို့မပြောတာလည်း နင် အကုန်ပြောပြမယ်ဆိုပြီး ကတိပေးထားပြီးတော့ ဘာလို့ချန်ထားတာလည်း "
ဂူမီဟိုမှာ သူမချစ်သူကို မပြောပြခင် အရင်ဆုံး တံတွေးကို ခက်ခက်ခဲခဲ မြိုချလိုက်သည်
"ငါတို့ ဂူမီဟိုတွေက နှစ်တစ်ထောင်မပြည့်ခင် လူသားစားပေးရတယ်....ပြီးတော့ ငါလည်း နှစ်ထောင်ပြည့်ဖို့ ဘယ်လောက်မှမလိုတော့တာမို့လို့. လူသားလည်းမစားရသေးဘူး....ငါ ငါတောင်းပန်ပါတယ် Minjeong ငါ ပြန်လာနိုင်တော့မယ်မထင်ဘူး "
Jiminရဲ့ စကားကြောင့် Minjeong အံ့သြသွားတယ်
"ဟမ် နင်ဘာပြောတာလည်း "
"ဒါက လူသားစားဖို့ ငါ့အတွက် နောက်ဆုံး အခွင့်အရေးဘဲလေ....ဒါကြောင့်မို့လို့ ငါပြန်မလာနိုင်လောက်တော့ဘူး "
"နင် သေတော့မှာလို့ ပြောချင်တာလား Jimin"
"ဟုတ်တယ် ဒါပေမယ့် သေရမှာမကြောက်ပါဘူး ငါ...ငါအဆင်ပြေပါတယ်"
"ဘာကိုအဆင်ပြေရမှာလည်း မြေခွေးတွေ လူသားအဖြစ် အသက်ရှင်နိုင်တဲ့ နည်းတွေ အင်တာနက်ပေါ်မှာ အများကြီးရှိနေတာ "
"Minjeong "
"မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး နင် စားဖို့လိုတယ် Jimin အခု အပြင်ထွက်ပြီး အမျိုးသားတစ်ယောက်ကို နင်စားဖို့လိုတယ် Jimin "
"Minjeong နင်ဘဲ လူသားတွေနာကျင်တာမျိုး မမြင်ချင်ဘူးဆို.... "
"မဟုတ်ဘူး Jimin နင်စားဖို့လိုတယ်လေ....အဖြေတစ်ခုခုတော့ ရှိမှာပါ နင့်အတွက် ငါဘာလုပ်ပေးနိုင်မလည်း ဘာလုပ်ပေးရမလည်း လူသားရဲ့ဝိညာဥ်လိုအပ်လား ဒါဆို ငါ့ဝိညာဥ်ကိုယူ ငါ့ကိုစားပစ်လိုက် ငါ့ကိုစားပြီး အသက်ရှင်ပါ Jimin "
Jimin သေမှာကို လက်မခံနိုင်တဲ့ Minjeong မှာ အရူးတစ်ယောက်လို ကမ္ဘာပျက်နေသည်
"Minjeong အသိစိတ်ကပ်စမ်းပါ "
"ဟင့်အင်း သေမယ့်အကြောင်းမပြောဘဲ နည်းလမ်းတစ်ခုခုရှာစမ်းပါ နင်အသက်ရှင်ဖို့နည်းက လူသားစားဖို့ဘဲ... ဒါကြောင့် စားကိုစားရမယ် ငါ့ကိုစား င့ါကိုစားလိုက်တော့ "
"Minjeong နင်ဘာပြောနေလည်းဆိုတာရော သိရဲ့လား နင်သေသွားရင် ငါက ဒီကမ္ဘာမြေကို ဘာလုပ်ဖို့ ပြန်လာရမှာလည်း "
"နင် သေလို့မရဘူးလေ နင်သေလို့မရဘူး Jimin "
"Minjeong နင်ငါ့ကို မေ့ပစ်တာက အကောင်းဆုံးနည်းလမ်းဘဲ ထင်တယ် "
Jimin သက်ပြင်းချပြီး ပြောလိုက်သည်
"နင့်ကို မေ့ပစ်ရမယ် ဟုတ်လား ငတုံး မြေခွေးမဘဲ"
သူမကို လက်ညိုးထိုးကာ ဒေါသတကြီးပြောလိုက်တဲ့ Minjeongကြောင့် Jimin လန့်သွားသည်
"ဂူမီဟိုတွေက ထက်မြက်ပြီး စဥ်းစားနိုင်စွမ်းရှိတယ်လို့ ငါဖတ်ဖူးတယ် နင်က ဂူမီဟိုမဟုတ်ဘူးလား ဟမ်ဖြေစမ်းပါ Jiminရဲ့"
Jiminကို ဆောင့်တွန်းပြီး Minjeongပြောလိုက်သည်
"Minjeong. ....ငါလိုမြေခွေးနဲ့ အတူရှိတာထက် လူသား "
"နင် ပြောမယ့်စကား ငါသိတယ် ငါ ဘယ်သူနဲ့မှအတူမရှိချင်ဘူး Jimin ငါနင်က လွဲပြီး ဘယ်သူနဲ့မှအတူမရှိချင်ဘူး ငါနင်နဲ့ဘဲနေချင်တာ နောက်တစ်ခေါက် လကြတ်တဲ့အခါ ငါ့ဆီပြန်လာခဲ့ပါမယ်လို့ ကတိပေးပါ ငါ နင့်ကို စောင့်နေမယ် "
"တကယ်စောင့်နေမှာလား "
"ဒါပေါ့ နင့်ကို တွေ့ချင်နေတဲ့ သူငယ်ချင်းအမတွေလည်းရှိတာဘဲ "
ဟုတ်တယ် Minjeongအပြင် ငါ့မှာ သူငယ်ချင်းတွေရှိသေးတာဘဲ
"အင်း ငါကတိပေးတယ် Minjeong ငါ နည်းလမ်းရှာပြီး နင့်ဆီ ပြန်လာခဲ့မယ် "
"တကယ်လား "
ဟုတ်တယ် ငါက ဥာဏ်ကောင်းတဲ့ မြေခွေးဘဲ
ငါ အဖြေတစ်ခုခု ရှာတွေ့မှာပါ
"တကယ်လားလို့ ငါ့ကို ထပ်မလိမ်နဲ့တော့နော် Jimin "
"ငါမလိမ်ဘူး ဒီတစ်ခါ တကယ်မလိမ်ဘူး ငါကတိပေးပါတယ် "
တစ်ညလုံးငိုထားရလို့ ပင်ပန်းနေတဲ့ လူသားလေးကို jimin အိပ်ခိုင်းပေမယ့် minjeongကတော့ နားမထောင်ဘဲ ကုတင်ပေါ်တွင် Jiminနဲ့ အတူလှဲအိပ်ရင်း Jiminကို ခပ်တင်းတင်းဖက်ထားသည်
သူမကို လွှမ်းခြုံထားတဲ့ ဂူမီဟိုရဲ့အမြီးက နွေးထွေးနေသောကြောင့် အိပ်ပျော်မသွားဖို့ကို Minjeong သူမကိုယ်သူမ သတိပေးနေသည်
ငါ အိပ်လို့ မဖြစ်ဘူး ငါ အိပ်ပျော်လို့ မဖြစ်ဘူး Jiminကို ငါ ကြည့်နေမှ.....
Jiminရဲ့ အနွေးဓာတ်ကြောင့် ပင်ပန်းနေတဲ့ Minjeong ခဏအိပ်ပျော်သွားပြီး နိုးလာတဲ့အခါမှတော့ Jiminက မရှိတော့ပေ
Jimin ထွက်သွားပြီ...Jiminက မရှိတော့ဘူး
#tbc
#zawgyi
တိတ္ဆိတ္ေနတဲ့ ညသန္းေခါင္မွာ Minjeong တစ္ေယာက္ သူမေဘးနား အိပ္ေမာက်ေနတဲ့ Jiminကို ထိုင္ၾကည့္ေနမိသည္
Jiminကေတာ့ ဒဏ္ရာေၾကာင့္ေရာ အစြမ္းေတြထုတ္သုံးထားမိလို႔ ပင္ပန္းၿပီး အိပ္ေပ်ာ္သြားေပမယ့္ Minjeong ကေတာ့ သူမ အိပ္လိုက္လို႔ နိုးလာတဲ့အခါ Jimin က ေပ်ာက္ကြယ္သြားမွာကို ေၾကာက္မိလို႔ မအိပ္ဘဲ Jiminကိုဘဲ ထိုင္ၾကည့္ေနမိသည္
Jiminကို တစ္ညလုံး ထိုင္ၾကည့္ရင္း Jimin မရွိေတာ့မယ့္ေန႕ရက္ေတြကို ေတြးၿပီး Minjeong ငိုမိျပန္ေသးသည္
Jimin မရွိဘဲ ငါ ဘယ္လိုေနရမလည္း
ငါ့ကို ရယ္ေမာေအာင္လုပ္နိုင္တဲ့ Jimin မရွိဘဲ
ေန႕ရက္ေတြကို ဘယ္လိုျဖတ္သန္းရမလည္း
ျဖစ္နိုင္ရင္ မသြားပါနဲ႕လား Jiminရယ္
ငါ႐ူးေတာ့မယ္ထင္တယ္
နာရီကို ၾကည့္ေတာ့ မနက္ေျခာက္နာရီထိုးေနၿပီ
Minjeong ခုထိ တစ္ေရးမွမအိပ္ရေသးေပ
ရွစ္နာရီေလာက္က် NingNingတို႔ ေရာက္လာေတာ့မွာမို႔လို႔ Jimin ေသြးေတြ ေပေနတဲ့ ၾကမ္းျပင္ကို Minjeong သန႔္ရွင္းေရးသြားလုပ္လိုက္သည္
သန့္ရွင္းေရးလုပ္ၿပီးေနာက္လည္း Jiminကို ေပ်ာက္ကြယ္သြားမွာဆိုးလို႔ ေျပးၾကည့္ရေသးသည္
တစ္ညလုံးငိုထားမွန္းမသိသာေအာင္ မ်က္ႏွာေသခ်ာသစ္ၿပီး မိတ္ကပ္တစ္ခ်ိဳ႕ကို Minjeong လိမ္းထားလိုက္သည္
အိပ္ေပ်ာ္ေနတဲ့ Jiminကိုလည္း အသက္ရွင္ေသးလားဆိုၿပီး Minjeong စမ္းၾကည့္ေသးသည္
"Jimin နင္ ဒီေန႕ေတာ့ ေအာက္ဆင္းမလာနဲ႕ေနာ္ အနားယူလိုက္ပါ ဒဏ္ရာကလည္း မသက္သာေသးေတာ့.... "
Minjeongေျပာၿပီး ေအာက္ထပ္ကို ဆင္းလာသည္
Yoona တို႔ကေတာ့ ရွစ္နာရီထိုးတာနဲ႕ ေရာက္လာၾကၿပီ
မုန့္ဖုတ္တာေတြ စတင္လုပ္ကိုင္ေနၾကေပမယ့္ Minjeongကေတာ့ သူမအခန္းထဲ အိပ္ေပ်ာ္ေနတဲ့ ဂူမီဟိုေလး Jiminရဲ႕ အေၾကာင္းဘဲ ေတြးေနမိသည္
မေန႕ညကအေၾကာင္းေတြကို အခ်စ္နာက်ေနတဲ့ ဆယ္ေက်ာ္သက္ေလးတစ္ေယာက္ျဖစ္တဲ့ Minjeong ဆက္တိုက္ေတြးေနမိသည္
Jiminရဲ႕ အနီေရာင္ မ်က္လုံး
Jiminရဲ႕ အျဖဴေရာင္ အၿမီးရွည္
Jiminနဲ႕ ပတ္သက္ၿပီး အစပိုင္းက သံသယဝင္ဖူးခဲ့ေပမယ့္ ေျမေခြမေလး ျဖစ္ေနလိမ့္မယ္လို႔ Minjeong တစ္ခါမွ မေတြးခဲ့ဖူးေပ
"Hey Jiminေရာ "
Wendyက ေမးမွ Minjeong အေတြးလြန္ေနရာက အသိျပန္ဝင္လာသည္
"အာ သူေနမေကာင္းလို႔ အိပ္ေနတယ္ "
Minjeong ရဲ႕ စကားေၾကာင့္ NingNingတို႔မွာ စိတ္ပူသြားၾကသည္
"အယ္ ဘာျဖစ္တာလည္း အေအးမိတာလား "
"အင္း အေအးမိတာတဲ့ Aeri. ..."
"ရာသီဥတုက ခုရက္ပိုင္း ေျပာင္းလဲေနတာ Jiminေလး သနားပါတယ္ အေအးမိသြားတယ္ မနက္ျဖန္သူ႕အတြက္ သူႀကိဳက္တဲ့ အမဲသားဆန္ျပဳတ္ေလး လုပ္ခဲ့မယ္ "
"ေက်းဇူးတင္ပါတယ္ Yoona Unnie သူႀကိဳက္ေလာက္မွာ "
ဒီေန႕က်မွ အရာအားလုံးက တိတ္ဆိတ္ၿပီး ေစ်းဝယ္သူေတြကလည္း သိပ္မရွိေပ
ဒီအေျခအေနႀကီးကို Minjeong မုန္းသည္
ဘာမွလုပ္စရာမရွိရင္ Jiminရဲ႕ အေၾကာင္းေတြဘဲ ပိုေတြးေနမိမွာ မဟုတ္လား
Minjeong ေကာင္တာမွာ ထိုင္လိုက္ၿပီး သူမဖုန္းကို ထုတ္ယူလိုက္သည္
ဂူမီဟို
အင္တာနက္မွာ ရွာၾကည့္ေတာ့ ေပၚလာတဲ့ အေၾကာင္းတစ္ဝက္ေလာက္က ဂ်ပန္နဲ႕ တ႐ုတ္ က ေျမေခြးအေၾကာင္းေတြေလွ်ာက္ေရးထားၿပီး တစ္ဝက္ကက် ဘာေတြေရးထားမွန္းမသိတဲ့ အသုံးမဝင္တဲ့စာသားေတြ
ဂူမီဟိုေတြက ဆိုးဝါးတဲ့ျဖစ္တည္မႈရွိတဲ့ မေကာင္းဆိုးဝါးေတြ
ဂူမီဟိုေတြက သူတစ္ပါးကို မေကာင္းႀကံစည္ဖို႔ ႀကိဳးစားေနတဲ့ မေကာင္းဆိုးဝါးေတြ
ဂူမီဟိုေတြက တစ္ကိုယ္ေကာင္းဆန္ၿပီး လူေတြကို ႀကိဳးကိုင္ျခယ္လွယ္နိုင္တယ္
အင္တာနက္က စာေတြဖတ္ၿပီ Minjeong ႏွာေခါင္းရႈံ႕လိုက္သည္
ဟြန့္ ငါတို႔ Jiminေလးက အဲ့လိုဆိုး႐ြားတဲ့ ဂူမီဟို မဟုတ္ပါဘူးေနာ္
ညေနခင္းပိုင္းေရာက္ေတာ့ NingNingတို႔လည္း ျပန္သြားၿပီး Minjeong လည္း ဆိုင္သိမ္းကာ အိမ္ေပၚသို႔ တက္လာသည္
ကုတင္ေထာင့္စြန္းတြင္ ထိုင္ၿပီး ျပတင္းေပါက္ အျပင္ဘက္ကို ေငးၾကည့္ေနတဲ့ ဂူမီဟိုကို Minjeong ေခတၱခဏေလာက္ ေငးၾကည့္ေနမိသည္
"Jimin နင္ ဘာစားခ်င္လဲ နင္စားခ်င္သမွ် ငါခ်က္ေကြၽးမယ္ "
Minjeongမွာ ငိုခ်င္ေနတဲ့ စိတ္ကို ထိန္းၿပီး ဟန္ေဆာင္ၿပဳံးကာ Jiminကို ေမးလိုက္သည္
"စားခ်င္စိတ္မရွိပါဘူး "
"Jimin နင္ တစ္ေနကုန္လည္း ဘာမွမစားဘဲနဲ႕.... "
Jiminၾကည့္ရတာ စိတ္ဖိစီးၿပီး ပင္ပန္းစိတ္ဓာတ္က်ေနပုံေပၚသည္
"Jimin လုပ္ပါ တစ္ခုခုေတာ့ စားစမ္းပါ '
Jiminရဲ႕ လက္ကို ကိုင္ၿပီး Minjeong ေျပာေတာ့ Jimin ေခါင္းခါျပသည္
"ငါ တကယ္ကို စားခ်င္စိတ္မရွိလို႔ပါ နင္ ဗိုက္ဆာရင္ သြားစားေလ Minjeong "
"ငါလည္း တကယ္ကို စားခ်င္စိတ္မရွိဘူး....ၿပီးေတာ့ ငါေတာင္းပန္ပါတယ္ Jimin "
"ဘာလို႔လည္း "
"ဒီေန႕ နင့္ကိုငါ အခ်ိန္မေပးနိုင္လို႔ေလ....ငါ ငါ အေတြးလြန္ေနတာမ်ားေပမယ့္ နင့္ကို အရမ္းလြမ္းတယ္ Jiminရယ္ "
"အင္း ဆြဲငင္မႈက မေန႕ကထက္ ပိုသန္မာလာတယ္ "
"ကြာ ငါအခ်ိန္ျဖဳန္းခဲ့မိတယ္ ဆိုင္ကိုပိတ္ၿပီး နင္နဲ႕အတူရွိေပးေနရမွာကို ငါ ေသာက္သုံးမက်လိဳက္တာ "
သူမေခါင္းကို သူမျပန္ရိုက္ေနတဲ့ Minjeong ရဲ႕ လက္ကို Jimin လွမ္းဆြဲလိုက္သည္
"ေဟး....ဒီေန႕ အလုပ္မွာ အဆင္ေျပရဲ႕လား နင့္အနံ႕က အရင္ကနဲ႕မတူဘူး "
"ငါ့အနံ႕က ဘယ္လိုမ်ိဳးလည္း "
"ႏြေးေထြးတယ္ ခ်ိဳတယ္ ၿပီးေတာ့ ငါ့ကို စိတ္သက္ေတာင့္သက္သာရွိေစၿပီး ေပ်ာ္ေစတယ္ "
"အခုအနံ႕က အဲ့လိုမဟုတ္ဘူးလား "
"အဲ့လိုဟုတ္ေပမယ့္ နည္းနည္းေတာ့ မတူဘူး နင္ စိတ္တိုတာမ်ိဳး ဝမ္းနည္းေနတာမ်ိဳးပါေရာႏွောေနတယ္ ဒါေၾကာင့္မို႔ ဒီေန႕ အလုပ္မွာ အဆင္ေျပလားလို႔ ေမးၾကည့္တာ "
"အင္း ငါ အင္တာနက္မွာ နင္တို႔အေၾကာင္းေတြ ရွာၾကည့္ေနတာေလ '
"အင္တာနက္ ဟုတ္လား ဘာႀကီးလည္း "
"ထားပါ သူတို႔ေျပာထားတာက နင္တို႔က ပုံေျပာင္းနိုင္တယ္တဲ့ ဟုတ္လား "
"ဒါေပါ့ အခုက လူပုံစံေလ ေျမေခြးပုံစံလည္း ရွိတယ္ "
"ငါ နင့္ရဲ႕တကယ့္အစစ္အမွန္ကို ၾကည့္လို႔ရမလား Jimin ေျမေခြးပုံစံေလ "
"နင္ ေၾကာက္သြားလိမ့္မယ္ Minjeong "
"နင့္ကိုငါ ေၾကာက္စရာလား Jimin "
"ေကာင္းၿပီေလ နင္တကယ္ ၾကည့္ခ်င္တာ ေသခ်ာလား '
Jiminေျပာၿပီး ထရပ္ေတာ့ Minjeongက ေတြေဝျခင္းမရွိဘဲ ေခါင္းညိတ္ျပသည္
Jimin မ်က္လုံးမွိတ္ၿပီး အသက္ျပင္းျပင္း ရႈလိုက္သည္
မ်က္လုံးျပန္ဖြင့္လိုက္ေတာ့ သူမ မ်က္လုံးက နီရဲလာၿပီး သူမနား႐ြက္ေတြဟာလည္း ေျမေခြးနား႐ြက္ပုံစံေျပာင္းသြားသည္
လက္သည္းေတြ ရွည္ထြက္လာတဲ့အျပင္ ျဖဴေဖြးႏူးညံ့တဲ့ အေမႊးေတြရွိတဲ့ အၿမီးရွည္ကလည္း တစ္ခုၿပီးတစ္ခုထြက္ေပၚလာသည္
ေျမေခြးပုံစံေျပာင္းသြားတဲ့သူမကို ၾကည့္ေနေသာ Minjeongရဲ႕ စိတ္ကို Jimin ဖတ္ရခက္ေနသည္
"ေၾကာက္ေနၿပီလား Minjeong "
"Jimin. ...နင္.......နင္.....ခ်စ္စရာေကာင္းၿပီး လွလိုက္တာ ေျမေခြးလူသားေပါက္စေလး ငါအသည္းယားလိုက္တာ အရမ္းဘဲ "
ေျမေခြးတစ္ပိုင္း လူတစ္ပိုင္း ပုံစံျပလိုက္လွ်င္ လူတိုင္းေၾကာက္ၿပီး ထြက္ေျပးၾကတာကို Minjeong အလွည့္က်မွဘဲ ေျမေခြးေပါက္စေလးလို႔ ေခၚၿပီး အူယားတယ္ကျဖစ္ရေသးသည္
Minjeongရဲ႕ စကားေၾကာင့္ Jiminမွာ အူေၾကာင္ေၾကာင္နဲ႕ ျဖစ္သြားသည္
"ဟင္ "
"နင့္အၿမီးေလး ငါကိုင္ၾကည့္လို႔ရလား "
"ရတာေပါ့ ကိုင္ၾကည့္ေလ "
"အၿမီး.... အၿမီးကလည္း ရွည္ၿပီး ထူၿပီး ႏူးညံလိုက္တာ အဖိုးတန္အၿမီးေလးဘဲ "
Jiminရဲ႕ အၿမီးေလးကိုကိုင္ၿပီး သူမမ်က္ႏွာနားကပ္ကာ Minjeong ေျပာလိုက္သည္
"ဟုတ္တယ္ ဒီအၿမီးေလးေတြ အခုလိုျဖစ္ဖို႔ ႏွစ္ေပါင္းရာခ်ီၿပီး ထိန္းလာခဲ့တာ "
"ဟင္ ႏွစ္ေပါင္းရာခ်ီ ဟုတ္လား ဒါဆို "
"ဒါေပါ့ ငါက အသက္ေတာ္ေတာ္ႀကီးေနတဲ့ေျမေခြးေလ "
Jiminမွာ အံ့ၾသေနတဲ့ ခ်စ္စရာေကာင္းတဲ့ Minjeong ရဲ႕ မ်က္ႏွာကို ၾကည့္ၿပီး သေဘာက်လိဳ႕ ရယ္လိုက္သည္
"ဒီကမၻာေျမမွာ ဂ်ိဳဆြန္းေခတ္မတိုင္ေလာက္ကတည္းက ရွိလာတာ ကမၻာႀကီး အဆင့္ဆင့္ေျပာင္းလဲလာတာကို ငါ့ဘဝတစ္ေလွ်ာက္လုံး ၾကည့္လာခဲ့တာ Minjeong. ..ဒါေပမယ့္ေလ ဒီလိုမ်ိဳး တစ္ခါမွ အခုလိုမ်ိဳး မခံစားခဲ့ရဘူး လူသားေတြက အဲ့စကားကိုေျပာၾကတာ ၾကားဖူးခဲ့ေပမယ့္ ငါတစ္ခါမွ နားမလည္ခဲ့ဘူး.....အခုေတာ့ ငါနားလည္သြားၿပီထင္တယ္... ငါ နင့္ကို ခ်စ္တယ္ Minjeong "
Minjeongရဲ႕ မ်က္ႏွာေလးကို ကိုင္ၿပီး Jimin ေျပာေတာ့ Minjeongမွာ ရွက္ေနသည္
"နင္ နင္က မိန္းကေလး တစ္ေယာက္ကို ရွက္ေအာင္ လုပ္နိုင္တာဘဲ "
"ရွက္ေနတာလား "
"ငါ နင့္ကို မသြားေစခ်င္ဘူး Jiminရယ္ "
Minjeongေျပာရင္း ငိုသံေတြပါလာသည္
"Kim Minjeong. ..ႏွစ္ေပါင္းေထာင္ခ်ီၾကာသြားရင္ေတာင္ ငါသိပ္ခ်စ္ရတဲ့ နင္ဆိုတဲ့ ျဖစ္တည္မႈကို ေမ့သြားမွာ မဟုတ္ဘူး သိလား"
Minjeongကေတာ့ ဘာမွမေျပာဘဲ ငိုေနေသာေၾကာင့္ Minjeongရဲ႕ ပါးေပၚက မ်က္ရည္ေတြကို Jimin လက္မနဲ႕ ပြတ္ကာ သုတ္ေပးလိုက္သည္
"မငိုပါနဲ႕ ကေလးရယ္ "
Minjeongရဲ႕ မ်က္ရည္ေတြစိုေနတဲ့ ပါးေဖာင္းေဖာင္းေလးကို Jimin နမ္းလိုက္ၿပီး ေျပာလိုက္သည္
"ေနာက္တစ္ႀကိမ္က်ရင္ ငါတို႔ ငါတို႔ထပ္ေတြ႕ရအုံးမွာ မဟုတ္လား "
Minjeong ရွိုက္ႀကီးတငင္ငိုရင္း ေမးေတာ့ Jimin ဘာေျဖရမွန္းမသိျဖစ္ေနသည္
"ေနာက္တစ္ႀကိမ္...."
"နင့္ကမၻာနဲ႕ ငါတို႔ကမၻာဆက္သြယ္တဲ့အခါေလ လၾကတ္တာေလဟာ "
Jiminက ဘာမွမေျပာေတာ့ဘဲ တိတ္ဆိတ္သြားေသာေၾကာင့္ Minjeong ပိုၿပီး ေၾကာက္လာသည္
"Jimin. ...နင္ ငါ့ကိုမေျပာဘဲ ဖုံးကြယ္ထားတာ က်န္ေသးလား "
"အင္း...တစ္ခုရွိေသးတယ္ "
Jimin ေခါင္းကိုေအာက္ငိုက္စိုက္ၿပီးေျဖလိုက္သည္
"ဘာလို႔မေျပာတာလည္း နင္ အကုန္ေျပာျပမယ္ဆိုၿပီး ကတိေပးထားၿပီးေတာ့ ဘာလို႔ခ်န္ထားတာလည္း "
ဂူမီဟိုမွာ သူမခ်စ္သူကို မေျပာျပခင္ အရင္ဆုံး တံေတြးကို ခက္ခက္ခဲခဲ ၿမိဳခ်လိဳက္သည္
"ငါတို႔ ဂူမီဟိုေတြက ႏွစ္တစ္ေထာင္မျပည့္ခင္ လူသားစားေပးရတယ္....ၿပီးေတာ့ ငါလည္း ႏွစ္ေထာင္ျပည့္ဖို႔ ဘယ္ေလာက္မွမလိုေတာ့တာမို႔လို႔. လူသားလည္းမစားရေသးဘူး....ငါ ငါေတာင္းပန္ပါတယ္ Minjeong ငါ ျပန္လာနိုင္ေတာ့မယ္မထင္ဘူး "
Jiminရဲ႕ စကားေၾကာင့္ Minjeong အံ့ၾသသြားတယ္
"ဟမ္ နင္ဘာေျပာတာလည္း "
"ဒါက လူသားစားဖို႔ ငါ့အတြက္ ေနာက္ဆုံး အခြင့္အေရးဘဲေလ....ဒါေၾကာင့္မို႔လို႔ ငါျပန္မလာနိုင္ေလာက္ေတာ့ဘူး "
"နင္ ေသေတာ့မွာလို႔ ေျပာခ်င္တာလား Jimin"
"ဟုတ္တယ္ ဒါေပမယ့္ ေသရမွာမေၾကာက္ပါဘူး ငါ...ငါအဆင္ေျပပါတယ္"
"ဘာကိုအဆင္ေျပရမွာလည္း ေျမေခြးေတြ လူသားအျဖစ္ အသက္ရွင္နိုင္တဲ့ နည္းေတြ အင္တာနက္ေပၚမွာ အမ်ားႀကီးရွိေနတာ "
"Minjeong "
"မဟုတ္ဘူး မဟုတ္ဘူး မဟုတ္ဘူး နင္ စားဖို႔လိုတယ္ Jimin အခု အျပင္ထြက္ၿပီး အမ်ိဳးသားတစ္ေယာက္ကို နင္စားဖို႔လိုတယ္ Jimin "
"Minjeong နင္ဘဲ လူသားေတြနာက်င္တာမ်ိဳး မျမင္ခ်င္ဘူးဆို.... "
"မဟုတ္ဘူး Jimin နင္စားဖို႔လိုတယ္ေလ....အေျဖတစ္ခုခုေတာ့ ရွိမွာပါ နင့္အတြက္ ငါဘာလုပ္ေပးနိုင္မလည္း ဘာလုပ္ေပးရမလည္း လူသားရဲ႕ဝိညာဥ္လိုအပ္လား ဒါဆို ငါ့ဝိညာဥ္ကိုယူ ငါ့ကိုစားပစ္လိုက္ ငါ့ကိုစားၿပီး အသက္ရွင္ပါ Jimin "
Jimin ေသမွာကို လက္မခံနိုင္တဲ့ Minjeong မွာ အ႐ူးတစ္ေယာက္လို ကမၻာပ်က္ေနသည္
"Minjeong အသိစိတ္ကပ္စမ္းပါ "
"ဟင့္အင္း ေသမယ့္အေၾကာင္းမေျပာဘဲ နည္းလမ္းတစ္ခုခုရွာစမ္းပါ နင္အသက္ရွင္ဖို႔နည္းက လူသားစားဖို႔ဘဲ... ဒါေၾကာင့္ စားကိုစားရမယ္ ငါ့ကိုစား င့ါကိုစားလိုက္ေတာ့ "
"Minjeong နင္ဘာေျပာေနလည္းဆိုတာေရာ သိရဲ႕လား နင္ေသသြားရင္ ငါက ဒီကမၻာေျမကို ဘာလုပ္ဖို႔ ျပန္လာရမွာလည္း "
"နင္ ေသလို႔မရဘူးေလ နင္ေသလို႔မရဘူး Jimin "
"Minjeong နင္ငါ့ကို ေမ့ပစ္တာက အေကာင္းဆုံးနည္းလမ္းဘဲ ထင္တယ္ "
Jimin သက္ျပင္းခ်ၿပီး ေျပာလိုက္သည္
"နင့္ကို ေမ့ပစ္ရမယ္ ဟုတ္လား ငတုံး ေျမေခြးမဘဲ"
သူမကို လက္ညိုးထိုးကာ ေဒါသတႀကီးေျပာလိုက္တဲ့ Minjeongေၾကာင့္ Jimin လန့္သြားသည္
"ဂူမီဟိုေတြက ထက္ျမက္ၿပီး စဥ္းစားနိုင္စြမ္းရွိတယ္လို႔ ငါဖတ္ဖူးတယ္ နင္က ဂူမီဟိုမဟုတ္ဘူးလား ဟမ္ေျဖစမ္းပါ Jiminရဲ႕"
Jiminကို ေဆာင့္တြန္းၿပီး Minjeongေျပာလိုက္သည္
"Minjeong. ....ငါလိုေျမေခြးနဲ႕ အတူရွိတာထက္ လူသား "
"နင္ ေျပာမယ့္စကား ငါသိတယ္ ငါ ဘယ္သူနဲ႕မွအတူမရွိခ်င္ဘူး Jimin ငါနင္က လြဲၿပီး ဘယ္သူနဲ႕မွအတူမရွိခ်င္ဘူး ငါနင္နဲ႕ဘဲေနခ်င္တာ ေနာက္တစ္ေခါက္ လၾကတ္တဲ့အခါ ငါ့ဆီျပန္လာခဲ့ပါမယ္လို႔ ကတိေပးပါ ငါ နင့္ကို ေစာင့္ေနမယ္ "
"တကယ္ေစာင့္ေနမွာလား "
"ဒါေပါ့ နင့္ကို ေတြ႕ခ်င္ေနတဲ့ သူငယ္ခ်င္းအမေတြလည္းရွိတာဘဲ "
ဟုတ္တယ္ Minjeongအျပင္ ငါ့မွာ သူငယ္ခ်င္းေတြရွိေသးတာဘဲ
"အင္း ငါကတိေပးတယ္ Minjeong ငါ နည္းလမ္းရွာၿပီး နင့္ဆီ ျပန္လာခဲ့မယ္ "
"တကယ္လား "
ဟုတ္တယ္ ငါက ဥာဏ္ေကာင္းတဲ့ ေျမေခြးဘဲ
ငါ အေျဖတစ္ခုခု ရွာေတြ႕မွာပါ
"တကယ္လားလို႔ ငါ့ကို ထပ္မလိမ္နဲ႕ေတာ့ေနာ္ Jimin "
"ငါမလိမ္ဘူး ဒီတစ္ခါ တကယ္မလိမ္ဘူး ငါကတိေပးပါတယ္ "
တစ္ညလုံးငိုထားရလို႔ ပင္ပန္းေနတဲ့ လူသားေလးကို jimin အိပ္ခိုင္းေပမယ့္ minjeongကေတာ့ နားမေထာင္ဘဲ ကုတင္ေပၚတြင္ Jiminနဲ႕ အတူလွဲအိပ္ရင္း Jiminကို ခပ္တင္းတင္းဖက္ထားသည္
သူမကို လႊမ္းၿခဳံထားတဲ့ ဂူမီဟိုရဲ႕အၿမီးက ႏြေးေထြးေနေသာေၾကာင့္ အိပ္ေပ်ာ္မသြားဖို႔ကို Minjeong သူမကိုယ္သူမ သတိေပးေနသည္
ငါ အိပ္လို႔ မျဖစ္ဘူး ငါ အိပ္ေပ်ာ္လို႔ မျဖစ္ဘူး Jiminကို ငါ ၾကည့္ေနမွ.....
Jiminရဲ႕ အႏြေးဓာတ္ေၾကာင့္ ပင္ပန္းေနတဲ့ Minjeong ခဏအိပ္ေပ်ာ္သြားၿပီး နိုးလာတဲ့အခါမွေတာ့ Jiminက မရွိေတာ့ေပ
Jimin ထြက္သြားၿပီ...Jiminက မရွိေတာ့ဘူး
#tbc
Bạn đang đọc truyện trên: Truyen3h.Co