Truyen3h.Co

ကျွန်မချစ်သူ မြေခွေးမလေး

Part 3

KimFany059

#unicode

မုန့်ဖုတ်သမားဘဝဟာ Minjeongအတွက် ပုံမှန်လုပ်ရိုးလုပ်စဥ်ပါဘဲ

သူမ နားရက်ဖြစ်နေသော်လည်း alarm မပေးထားတောင် သူမရဲ့ မသိစိတ်က နေထွက်လာတာနဲ့ နိုးနေတတ်သည်

Jimin နိုးမှာဆိုးလို့ alarm မပေးထားဘဲ နေတဲ့ Minjeong  မသိစိတ်ကြောင့်  နိုးလာပြီလေ

Jimin မနိုးအောင် စောင်ကို ဖြည်းဖြည်းခေါက်ပြီး တံခါးကိုဖြည်းဖြည်းဖွင့် ပိတ်ကာ အခန်းထဲကနေ Minjeong ထွက်လာခဲ့သည်

Aeriနဲ့ NingNing တို့ ရောက် မလာခင် သူမ ပြင်ဆင်စရာရှိတာတွေကို Minjeong အမြန်ပြင်ဆင်လိုက်သည်...

Aeriတို့က အလည်လာခဲ့မယ်လို့ Minjeongဆီ စာပို့ထားတယ်လေ

Minjeong သီချင်းတိုးတိုးလေးဖွင့်ရင်း ပေါင်မုန့်တွေကို ဘီဒိုစင်ထဲ သေချာထည့်နေသည်

သိပ်မကြာပါ coffee ခွက်တွေနဲ့အတူ Aeri တို့ ရောက်လာပြီလေ

"Good morning Minjeong... ပိတ်ရက်မှာ ဘယ်လိုလည်း အဆင်ပြေလား "

Aeri သူမ အိတ်ကို စားပွဲခုံပေါ်တင်လိုက်ရင်း Minjeongကို မေးလိုက်သည်

Minjeongလည်း ပိတ်ရက်ကအကြောင်းတွေကို သေချာဖြေလိုက်သည်

"နေ နေပါအုံး "

Aeriမှာ Minjeong အဖြေကြောင့် လန့်ပြီး အော်လိုက်သည်

"နင်က သူစိမ်းကို အိမ်ပေါ်ခေါ်တင်ထားတယ် ဟုတ်လား "

Aeriက မေးတော့ Minjeong က ခေါင်းညိတ်ပြသည်

"သူက ကွင်းဆက်လူသတ်သမား ဘာညာဖြစ်နေရင် ဘယ်လိုလုပ်မလည်း "

Minjeongမှာ သူရဲ့ အမဝမ်းကွဲ စကားကြောင့် ရယ်လိုက်သည်

"သူက မိန်းကလေးတစ်ယောက်ပါ Aeriရယ် ဘယ်လိုလုပ် လူသတ်သမားဖြစ်မှာလည်း "

"မိန်းကလေးတစ်ယောက်ကလည်း လူသတ်သမားဖြစ်နိုင်တာဘဲ "

Aeriရဲ့စကားကို NingNing က ဝင်ထောက်ခံသည်

"မဟုတ်တာ...သူသာ လူသတ်သမားဆို ဒီနှစ်ရက်အတွင်း ငါဘာလို့မသေတာလည်း  "

"သူက နင့်အိမ်မှာ ကပ်နေချင်လို့ထင်တယ် "

Aeriကပြောတော့ NingNing က ခေါင်းတညိတ်ညိတ်နဲ့ နားထောင်နေသည်

"နင် သူ့ကို ဆေးရုံမခေါ်သွားဘူးလား ဒါမှမဟုတ် ရဲစခန်းကို အကြောင်းကြားပေးတာမျိုး မလုပ်ဘူးလား "

"ငါ ခေါ်သွားချင်တာပေါ့ Ningရယ် ဒါပေမယ့် ဆေးရုံနဲ့ ရဲစခန်းအကြောင်း ပြောရင် သူလက်မခံဘူး.... ရဲနဲ့ဆရာဝန်တွေက သူ့မိသားစုကို ရှာမပေးနိုင်ဘူးလို့ ပြောတယ် ကြည့်ရတာ သူ့မိသားစုမှာ တစ်ခုခုဖြစ်ခဲ့ပုံရတယ် ဒါကြောင့်မို့လို့ သူ အတိတ်မေ့နေတာ "

"သူ အတိတ်မေ့နေတာ သေချာလို့လား Minjeong "

"ငါ သူ့ကို စနေနေ့ညက ဆိုင်ပြင်မှာ တွေ့ခဲ့တာ Aeri မိုးရွာကြီးထဲ သူ တကယ် ရှုပ်​ထွေးပြီး လမ်းပျောက်နေတာ ...."

"ဒါနဲ့ နင့်အဖေရဲ့ သေနတ် အံဆွဲထဲ ရှိတယ် မဟုတ်လား အဆင်သင့်ပြင်ပြီး ကျည်ထည့်ထား တစ်ခုခုဆို သုံးလို့ရအောင် "

"နေပါအုံး Aeriရ Jimin က ဘာလို့ ငါ့ကို သတ်ရမှာလည်း.... ငါ့ရဲ့ မုန့်ဖုတ်တဲ့ လင်ဗန်းကို ခိုးဖို့လား "

"ဒီတိုင်း သတ်ချင်လို့သတ်တာမျိုးလည်း ရှိနိုင်တာဘဲ '

"သူ ငါ့ကို ကယ်ထားတာ Ning Ningရ "

"ဘယ်လို...."

"မနေ့က အရက်မူးသမားက ဆိုင်ထဲ ဝင်လာပြီး ငါ့ကို အနိုင်ကျင့်ဖို့လုပ်နေတာ...."

"ဘာ နင် ဘာဖြစ်သွားလည်း Minjeong "

"အဲ့လူကြီး ငါ့အနား မရောက်ခင် Jiminက နင်ဂျာလို ရောက်လာပြီး သူ့ကိုချလိုက်တာ "

"နင်ဂျာလို ဟုတ်လား "

"ဟုတ်ပါ့ မြန်တာပြောမနေနဲ့ "

Minjeongမှာ Jiminက သူမကို သတ်လိုက်ရမလားလို့ တွေးဖူးတာကို မသိဘဲ Jimin ဘက်ကနေ အပြည့်အဝကို ကာကွယ်ပေးနေသည်

Minjeong ရှင်းပြချက်တွေကြောင့် တစ်ယောက်တည်းနေနေတဲ့ တစ်ဝမ်းကွဲ ညီမလေးကို စိတ်ပူနေတဲ့ Aeri စိတ်နည်းနည်း သက်သာရာရသွားတယ်

"တော်သေးတာပေါ့ နင်ဘာမှမဖြစ်တာ "

Minjeongတို့ သုံးယောက်စကားပြောနေစဥ် Jiminမှာ အိမ်ပေါ်ကဆင်းလာပြီး လှေကားထစ်ကနေ Minjeong တို့ကို ချောင်းကြည့်နေသည်

ခြေသံကြောင့် လှည့်ကြည့်တော့ နံရံနောက်ကနေ သူမတို့ကိုကြည့်နေတဲ့ Jimin ကို တွေ့လိုက်ရသည်

"Jimin နိုးပြီလား... sorry ငါတို့ အသံအရမ်းကျယ်သွားတယ် "

Minjeongကပြောတော့ Jiminက ခေါင်ခါပြသည်

Jiminက ဘာလို့ ဒီနေ့မှ ရှက်ပြီး နံရံနောက်မှာ ပုန်းနေတာလည်း

Jiminကို Aeriတို့နဲ့ မိတ်ဆက်ပေးဖို့ Minjeong တွေးလိုက်သည်

"Jimin သူတို့က.... "

"Hi ငါက Minjeong ရဲ့ အထက်တန်းကျောင်းကတည်းက အခင်ဆုံး သူငယ်ချင်း NingNing. ...သူကတော့ Minjeongရဲ့ အမဝမ်းကွဲ Aeri "

Minjeongကို စိတ်မရှည်လို့ NingNing မှာ သူမဘာသာသူမ မိတ်ဆက်လိုက်သည်

ထိုအခါမှ Jimin နံရံနောက်က ထွက်လာပြီး

"Jiminပါ...."

"တွေ့ရတာ ဝမ်းသာ... oh my god. ..Minjeong နင် ဒီလောက် hotတဲ့သူနဲ့နှစ်​ယောက်တည်း "

NingNing ရဲ့ အာမေဋိတ်သံကြောင့် Minjeong မှာ ကြည့်လိုက်တော့ Apronကိုသာ ဝတ်ထားတဲ့ Jimin ကို တွေ့လိုက်ရသည်

"အယ် Jimin နင့်ကိုအဝတ်အစား ဝယ်ပေးထားတယ်လေ ဘာလို့ အဲ့တာကြီးကို ကောက်စွပ်လာတာလည်း "

"ဟို စကားသံတွေကြားလို့ နင်များ တစ်ခုခုဖြစ်နေလားဆိုပြီး အဝတ်လဲရာက တွေ့ရာကောက်ဝတ်လာတာ '

"တကယ်ဘဲ သွား အပေါ်ပြန်တက်လဲ....ဟိုနှစ်ယောက် သူ့ကို မကြည့်နဲ့ ကျောပေးထား Jimin နင်ကလည်း အိမ်ပေါ်ကို နောက်ပြန်တက်"

"ဟင် ဘယ်လိုဖြစ်လို့ နောက်ပြန်တက်ရမှာလည်း "

"Minjeongရယ် နင့််ကောင်မလေး ဖင်ကို ငါတို့ စိတ်မဝင်စားပါဘူး ကျောပေးထားမှာမို့ ဒီတိုင်း တက်လဲခိုင်းလိုက်ပါ ငါတို့မကြည့်ဘူးမို့ စိတ်ချ နင်သာ ကြည့်ချင်ကြည့် ဟုတ်ပြီလား "

NingNing က တည့်တိုး ပြောတော့ Aeriက ခွီးခနဲရယ်လိုက်သည်

"ဟုတ်တယ်  ....ဖင်ကြည့်ရတာ ဝါသနာမပါဘူး ဖင်ရိုက်ရတာဘဲ ဝါသနာပါတယ် "

Aeriမှာ မျက်ခုံးပင့်ပြပြီး ပြောတော့ Minjeong မျက်မှောင်ကြုတ်သွားတယ်

"ဒီဟာမတွေနဲ့တော့....."

Jimin အဝတ်အစားလဲပြီး အောက်ပြန်ဆင်းလာတော့ Minjeong က မနက်စာစားဖို့ လှမ်းခေါ်သည်

Jiminကို ခြေဆုံးခေါင်းဆုံး NingNing ကြည့်ကာ လေ့လာနေသည်

"သူက တော်တော်လှတယ်နော် ဒါကြောင့်မို့လို့ နင် သူ့ကို အနားခေါ်ထားတာကိုးး "

"ပါးစပ်ပိတ်ထား Ning "

NingNingကို Minjeong ရန်လုပ်ပြီး သူမလက်မှာ ပတ်ထားတဲ့ ခေါင်းစီးကြိုးကို Minjeong ​ချွတ်လိုက်သည်

"အစားစားနေတုံး ဆံပင်စည်းထားရတယ် Jiminရ "

"ဘာလို့လည်း.... "

"ဒါမှ နင့်ဆံပင်တွေ အစားထဲမရောက်မှာလေ "

Jiminရဲ့ ဆံပင်ကို ခေါင်းစည်းကွင်း နဲ့ စည်းပေးရင်း Minjeong ဖြေလိုက်သည်

"Minjeongက တကယ့်ကို Lesbian ဘဲ....."

'yah Aeri "

"Chaehyunလို မျက်နှာလှလှလေးတွေကို Minjeong တကယ်ကြိုက်တာဘဲ "

"တော်တော့ Ning. ...ငါ့အိမ်မှာ သူ့အကြောင်းမပြောနဲ့...."

မနက်စာစားပြီးနောက်မှာတော့ Aeri က ဆိုင်ကောင်တာမှာ ထိုင်ပေးပြီး NingNingနဲ့ Minjeongကတော့ မီးဖိုထဲ မုန့်ဖုတ်နေသည်

Jiminကတော့ Minjeongတို့ အလုပ်လုပ်နေတာကို ထိုင်ကြည့်နေသည်

"Hey Jimin. ..​ပျင်းနေပြီလား "

NingNingကမေးတော့ Jimin ခေါင်းခါပြသည်

"ဟင့်အင်း မပျင်းပါဘူး တစ်ခါမှ ဒီလိုမျိုးတွေမမြင်ဖူးလို့ ကြည့်ရတာ သဘောကျတယ် "

" ဒါဆို မုန့်ဖုတ်ကြည့်မလား "

"NingNing. ...ထားလိုက်ပါ Jimin နင် အပြင်ဘာညာ သွားချင်ရင် သွားလို့ရတယ်နော် "

"Come On.... ငါတို့က ဒီနေ့ ဒီမှာ အချိန်ပိုင်းအလုပ်သမားအနေနဲ့ဝင်လုပ်ပေးနေတာလေ အကူအညီတွေဖြစ်ရအောင် နင်ပါဝင်လုပ်လိုက် Jimin. ..နင် ကူညီပေးရင် ကွတ်ကီးလုပ်ကျွေးမယ် "

Ningningက စနောက်ပြောပေမယ့် Jimin ကတော့ ကွတ်ကီးစားရဖို့ ချက်ချင်းထရပ်လိုက်သည်

"ကူပေးမယ် ဒါပေမယ့် ငါ ဘယ်လိုလုပ်ရမလည်း မသိဘူး "

"ရတာပေါ့ ငါ သင်ပေးမယ် "

Jiminလည်း Apron ကို ဝတ်ပြီး NingNing ဆီသို့ သွားလေသည်

Minjeongကတော့ နှာခေါင်းလေးတရှုံ့ရှုံ့နဲ့ NingNing သင်ပေးသမျှ နားထောင်ပြီး လိုက်လုပ်နေတဲ့ Jimin ကို စိုက်ကြည့်နေသည်

"Minjeongကတော့ တကယ့် lesbianဘဲ "

Jiminကို စိုက်ကြည့်နေတဲ့ Minjeongကို NingNing ကြည့်ရင်း ရေရွတ်လိုက်သည်

#tbc

#zawgyi

မုန့္ဖုတ္သမားဘဝဟာ Minjeongအတြက္ ပုံမွန္လုပ္ရိုးလုပ္စဥ္ပါဘဲ

သူမ နားရက္ျဖစ္ေနေသာ္လည္း alarm မေပးထားေတာင္ သူမရဲ႕ မသိစိတ္က ေနထြက္လာတာနဲ႕ နိုးေနတတ္သည္

Jimin နိုးမွာဆိုးလို႔ alarm မေပးထားဘဲ ေနတဲ့ Minjeong  မသိစိတ္ေၾကာင့္  နိုးလာၿပီေလ

Jimin မနိုးေအာင္ ေစာင္ကို ျဖည္းျဖည္းေခါက္ၿပီး တံခါးကိုျဖည္းျဖည္းဖြင့္ ပိတ္ကာ အခန္းထဲကေန Minjeong ထြက္လာခဲ့သည္

Aeriနဲ႕ NingNing တို႔ ေရာက္ မလာခင္ သူမ ျပင္ဆင္စရာရွိတာေတြကို Minjeong အျမန္ျပင္ဆင္လိုက္သည္...

Aeriတို႔က အလည္လာခဲ့မယ္လို႔ Minjeongဆီ စာပို႔ထားတယ္ေလ

Minjeong သီခ်င္းတိုးတိုးေလးဖြင့္ရင္း ေပါင္မုန့္ေတြကို ဘီဒိုစင္ထဲ ေသခ်ာထည့္ေနသည္

သိပ္မၾကာပါ coffee ခြက္ေတြနဲ႕အတူ Aeri တို႔ ေရာက္လာၿပီေလ

"Good morning Minjeong... ပိတ္ရက္မွာ ဘယ္လိုလည္း အဆင္ေျပလား "

Aeri သူမ အိတ္ကို စားပြဲခုံေပၚတင္လိုက္ရင္း Minjeongကို ေမးလိုက္သည္

Minjeongလည္း ပိတ္ရက္ကအေၾကာင္းေတြကို ေသခ်ာေျဖလိုက္သည္

"ေန ေနပါအုံး "

Aeriမွာ Minjeong အေျဖေၾကာင့္ လန့္ၿပီး ေအာ္လိုက္သည္

"နင္က သူစိမ္းကို အိမ္ေပၚေခၚတင္ထားတယ္ ဟုတ္လား "

Aeriက ေမးေတာ့ Minjeong က ေခါင္းညိတ္ျပသည္

"သူက ကြင္းဆက္လူသတ္သမား ဘာညာျဖစ္ေနရင္ ဘယ္လိုလုပ္မလည္း "

Minjeongမွာ သူရဲ႕ အမဝမ္းကြဲ စကားေၾကာင့္ ရယ္လိုက္သည္

"သူက မိန္းကေလးတစ္ေယာက္ပါ Aeriရယ္ ဘယ္လိုလုပ္ လူသတ္သမားျဖစ္မွာလည္း "

"မိန္းကေလးတစ္ေယာက္ကလည္း လူသတ္သမားျဖစ္နိုင္တာဘဲ "

Aeriရဲ႕စကားကို NingNing က ဝင္ေထာက္ခံသည္

"မဟုတ္တာ...သူသာ လူသတ္သမားဆို ဒီႏွစ္ရက္အတြင္း ငါဘာလို႔မေသတာလည္း  "

"သူက နင့္အိမ္မွာ ကပ္ေနခ်င္လို႔ထင္တယ္ "

Aeriကေျပာေတာ့ NingNing က ေခါင္းတညိတ္ညိတ္နဲ႕ နားေထာင္ေနသည္

"နင္ သူ႕ကို ေဆး႐ုံမေခၚသြားဘူးလား ဒါမွမဟုတ္ ရဲစခန္းကို အေၾကာင္းၾကားေပးတာမ်ိဳး မလုပ္ဘူးလား "

"ငါ ေခၚသြားခ်င္တာေပါ့ Ningရယ္ ဒါေပမယ့္ ေဆး႐ုံနဲ႕ ရဲစခန္းအေၾကာင္း ေျပာရင္ သူလက္မခံဘူး.... ရဲနဲ႕ဆရာဝန္ေတြက သူ႕မိသားစုကို ရွာမေပးနိုင္ဘူးလို႔ ေျပာတယ္ ၾကည့္ရတာ သူ႕မိသားစုမွာ တစ္ခုခုျဖစ္ခဲ့ပုံရတယ္ ဒါေၾကာင့္မို႔လို႔ သူ အတိတ္ေမ့ေနတာ "

"သူ အတိတ္ေမ့ေနတာ ေသခ်ာလို႔လား Minjeong "

"ငါ သူ႕ကို စေနေန႕ညက ဆိုင္ျပင္မွာ ေတြ႕ခဲ့တာ Aeri မိုး႐ြာႀကီးထဲ သူ တကယ္ ရႈပ္ေထြးၿပီး လမ္းေပ်ာက္ေနတာ ...."

"ဒါနဲ႕ နင့္အေဖရဲ႕ ေသနတ္ အံဆြဲထဲ ရွိတယ္ မဟုတ္လား အဆင္သင့္ျပင္ၿပီး က်ည္ထည့္ထား တစ္ခုခုဆို သုံးလို႔ရေအာင္ "

"ေနပါအုံး Aeriရ Jimin က ဘာလို႔ ငါ့ကို သတ္ရမွာလည္း.... ငါ့ရဲ႕ မုန့္ဖုတ္တဲ့ လင္ဗန္းကို ခိုးဖို႔လား "

"ဒီတိုင္း သတ္ခ်င္လို႔သတ္တာမ်ိဳးလည္း ရွိနိုင္တာဘဲ '

"သူ ငါ့ကို ကယ္ထားတာ Ning Ningရ "

"ဘယ္လို...."

"မေန႕က အရက္မူးသမားက ဆိုင္ထဲ ဝင္လာၿပီး ငါ့ကို အနိုင္က်င့္ဖို႔လုပ္ေနတာ...."

"ဘာ နင္ ဘာျဖစ္သြားလည္း Minjeong "

"အဲ့လူႀကီး ငါ့အနား မေရာက္ခင္ Jiminက နင္ဂ်ာလို ေရာက္လာၿပီး သူ႕ကိုခ်လိဳက္တာ "

"နင္ဂ်ာလို ဟုတ္လား "

"ဟုတ္ပါ့ ျမန္တာေျပာမေနနဲ႕ "

Minjeongမွာ Jiminက သူမကို သတ္လိုက္ရမလားလို႔ ေတြးဖူးတာကို မသိဘဲ Jimin ဘက္ကေန အျပည့္အဝကို ကာကြယ္ေပးေနသည္

Minjeong ရွင္းျပခ်က္ေတြေၾကာင့္ တစ္ေယာက္တည္းေနေနတဲ့ တစ္ဝမ္းကြဲ ညီမေလးကို စိတ္ပူေနတဲ့ Aeri စိတ္နည္းနည္း သက္သာရာရသြားတယ္

"ေတာ္ေသးတာေပါ့ နင္ဘာမွမျဖစ္တာ "

Minjeongတို႔ သုံးေယာက္စကားေျပာေနစဥ္ Jiminမွာ အိမ္ေပၚကဆင္းလာၿပီး ေလွကားထစ္ကေန Minjeong တို႔ကို ေခ်ာင္းၾကည့္ေနသည္

ေျခသံေၾကာင့္ လွည့္ၾကည့္ေတာ့ နံရံေနာက္ကေန သူမတို႔ကိုၾကည့္ေနတဲ့ Jimin ကို ေတြ႕လိုက္ရသည္

"Jimin နိုးၿပီလား... sorry ငါတို႔ အသံအရမ္းက်ယ္သြားတယ္ "

Minjeongကေျပာေတာ့ Jiminက ေခါင္ခါျပသည္

Jiminက ဘာလို႔ ဒီေန႕မွ ရွက္ၿပီး နံရံေနာက္မွာ ပုန္းေနတာလည္း

Jiminကို Aeriတို႔နဲ႕ မိတ္ဆက္ေပးဖို႔ Minjeong ေတြးလိုက္သည္

"Jimin သူတို႔က.... "

"Hi ငါက Minjeong ရဲ႕ အထက္တန္းေက်ာင္းကတည္းက အခင္ဆုံး သူငယ္ခ်င္း NingNing. ...သူကေတာ့ Minjeongရဲ႕ အမဝမ္းကြဲ Aeri "

Minjeongကို စိတ္မရွည္လို႔ NingNing မွာ သူမဘာသာသူမ မိတ္ဆက္လိုက္သည္

ထိုအခါမွ Jimin နံရံေနာက္က ထြက္လာၿပီး

"Jiminပါ...."

"ေတြ႕ရတာ ဝမ္းသာ... oh my god. ..Minjeong နင္ ဒီေလာက္ hotတဲ့သူနဲ႕ႏွစ္ေယာက္တည္း "

NingNing ရဲ႕ အာေမဋိတ္သံေၾကာင့္ Minjeong မွာ ၾကည့္လိုက္ေတာ့ Apronကိုသာ ဝတ္ထားတဲ့ Jimin ကို ေတြ႕လိုက္ရသည္

"အယ္ Jimin နင့္ကိုအဝတ္အစား ဝယ္ေပးထားတယ္ေလ ဘာလို႔ အဲ့တာႀကီးကို ေကာက္စြပ္လာတာလည္း "

"ဟို စကားသံေတြၾကားလို႔ နင္မ်ား တစ္ခုခုျဖစ္ေနလားဆိုၿပီး အဝတ္လဲရာက ေတြ႕ရာေကာက္ဝတ္လာတာ '

"တကယ္ဘဲ သြား အေပၚျပန္တက္လဲ....ဟိုႏွစ္ေယာက္ သူ႕ကို မၾကည့္နဲ႕ ေက်ာေပးထား Jimin နင္ကလည္း အိမ္ေပၚကို ေနာက္ျပန္တက္"

"ဟင္ ဘယ္လိုျဖစ္လို႔ ေနာက္ျပန္တက္ရမွာလည္း "

"Minjeongရယ္ နင့္္ေကာင္မေလး ဖင္ကို ငါတို႔ စိတ္မဝင္စားပါဘူး ေက်ာေပးထားမွာမို႔ ဒီတိုင္း တက္လဲခိုင္းလိုက္ပါ ငါတို႔မၾကည့္ဘူးမို႔ စိတ္ခ် နင္သာ ၾကည့္ခ်င္ၾကည့္ ဟုတ္ၿပီလား "

NingNing က တည့္တိုး ေျပာေတာ့ Aeriက ခြီးခနဲရယ္လိုက္သည္

"ဟုတ္တယ္  ....ဖင္ၾကည့္ရတာ ဝါသနာမပါဘူး ဖင္ရိုက္ရတာဘဲ ဝါသနာပါတယ္ "

Aeriမွာ မ်က္ခုံးပင့္ျပၿပီး ေျပာေတာ့ Minjeong မ်က္ေမွာင္ၾကဳတ္သြားတယ္

"ဒီဟာမေတြနဲ႕ေတာ့....."

Jimin အဝတ္အစားလဲၿပီး ေအာက္ျပန္ဆင္းလာေတာ့ Minjeong က မနက္စာစားဖို႔ လွမ္းေခၚသည္

Jiminကို ေျခဆုံးေခါင္းဆုံး NingNing ၾကည့္ကာ ေလ့လာေနသည္

"သူက ေတာ္ေတာ္လွတယ္ေနာ္ ဒါေၾကာင့္မို႔လို႔ နင္ သူ႕ကို အနားေခၚထားတာကိုးး "

"ပါးစပ္ပိတ္ထား Ning "

NingNingကို Minjeong ရန္လုပ္ၿပီး သူမလက္မွာ ပတ္ထားတဲ့ ေခါင္းစီးႀကိဳးကို Minjeong ခြၽတ္လိုက္သည္

"အစားစားေနတုံး ဆံပင္စည္းထားရတယ္ Jiminရ "

"ဘာလို႔လည္း.... "

"ဒါမွ နင့္ဆံပင္ေတြ အစားထဲမေရာက္မွာေလ "

Jiminရဲ႕ ဆံပင္ကို ေခါင္းစည္းကြင္း နဲ႕ စည္းေပးရင္း Minjeong ေျဖလိုက္သည္

"Minjeongက တကယ့္ကို Lesbian ဘဲ....."

'yah Aeri "

"Chaehyunလို မ်က္ႏွာလွလွေလးေတြကို Minjeong တကယ္ႀကိဳက္တာဘဲ "

"ေတာ္ေတာ့ Ning. ...ငါ့အိမ္မွာ သူ႕အေၾကာင္းမေျပာနဲ႕...."

မနက္စာစားၿပီးေနာက္မွာေတာ့ Aeri က ဆိုင္ေကာင္တာမွာ ထိုင္ေပးၿပီး NingNingနဲ႕ Minjeongကေတာ့ မီးဖိုထဲ မုန့္ဖုတ္ေနသည္

Jiminကေတာ့ Minjeongတို႔ အလုပ္လုပ္ေနတာကို ထိုင္ၾကည့္ေနသည္

"Hey Jimin. ..ပ်င္းေနၿပီလား "

NingNingကေမးေတာ့ Jimin ေခါင္းခါျပသည္

"ဟင့္အင္း မပ်င္းပါဘူး တစ္ခါမွ ဒီလိုမ်ိဳးေတြမျမင္ဖူးလို႔ ၾကည့္ရတာ သေဘာက်တယ္ "

" ဒါဆို မုန့္ဖုတ္ၾကည့္မလား "

"NingNing. ...ထားလိုက္ပါ Jimin နင္ အျပင္ဘာညာ သြားခ်င္ရင္ သြားလို႔ရတယ္ေနာ္ "

"Come On.... ငါတို႔က ဒီေန႕ ဒီမွာ အခ်ိန္ပိုင္းအလုပ္သမားအေနနဲ႕ဝင္လုပ္ေပးေနတာေလ အကူအညီေတြျဖစ္ရေအာင္ နင္ပါဝင္လုပ္လိုက္ Jimin. ..နင္ ကူညီေပးရင္ ကြတ္ကီးလုပ္ေကြၽးမယ္ "

Ningningက စေနာက္ေျပာေပမယ့္ Jimin ကေတာ့ ကြတ္ကီးစားရဖို႔ ခ်က္ခ်င္းထရပ္လိုက္သည္

"ကူေပးမယ္ ဒါေပမယ့္ ငါ ဘယ္လိုလုပ္ရမလည္း မသိဘူး "

"ရတာေပါ့ ငါ သင္ေပးမယ္ "

Jiminလည္း Apron ကို ဝတ္ၿပီး NingNing ဆီသို႔ သြားေလသည္

Minjeongကေတာ့ ႏွာေခါင္းေလးတရႈံ႕ရႈံ႕နဲ႕ NingNing သင္ေပးသမွ် နားေထာင္ၿပီး လိုက္လုပ္ေနတဲ့ Jimin ကို စိုက္ၾကည့္ေနသည္

"Minjeongကေတာ့ တကယ့္ lesbianဘဲ "

Jiminကို စိုက္ၾကည့္ေနတဲ့ Minjeongကို NingNing ၾကည့္ရင္း ေရ႐ြတ္လိုက္သည္

#tbc

Bạn đang đọc truyện trên: Truyen3h.Co