Truyen3h.Co

ကျွန်မချစ်သူ မြေခွေးမလေး

Part 4

KimFany059

#unicode

Jiminရဲ့ အပြုံးချိုချိုလေးတွေကို တွေ့တိုင်း Minjeong အတွေးပေါင်းစုံ တွေးနေမိသည်

Jiminက သူမကို နှိပ်စက်တဲ့ မိသားစုတွေဆီက ထွက်ပြေးလာတာလား

Jiminက သူမကို စော်ကားဖို့ ကြိုးစားတဲ့လူကို ရှောင်ပုန်းနေတာလား

ဒါမှမဟုတ် Jiminက ဆေးရုံက ထွက်ပြေးလာတဲ့ စမ်းသပ်ခံ လူနာလား

Jiminက သူမကို ချုပ်ချယ်တဲ့ ရည်းစားဆီကများ ထွက်ပြေးလာတာလား

Minjeong  ကလေးတစ်ယောက်လို ပေါက်ကရတွေ တွေးရင်း အိမ်ပေါ်ထပ်သို့ တက်လာသည်

Minjeong အခန်းထဲရောက်တော့ Jimin တစ်ယောက် နီရဲနေတဲ့ သူမလက်ကို ကိုင်ထားပြီး ထိုင်နေတာကို တွေ့လိုက်ရသည်

"Jimin လက်အပူလောင်ထားတာလား "

Minjeong စိတ်ပူပြီး Jiminဆီ ပြေးသွားကာ Jiminရဲ့ လက်ကို ဆွဲကိုင်ကြည့်လိုက်သည်

"ဟုတ်သားဘဲ အပူလောင်ထားတာ ဘယ်လိုဖြစ်တာလည်း Jiminရယ်...."

"ဟုတ်တယ် ငါ မုန့်ဖုတ်ဗန်းမှားကိုင်မိသွားတာ "

"နာနေမှာပေါ့...."

"နည်းနည်းပါ...."

"ခဏ ရေခဲအုံထားလိုက် ပြီးရင် ငါဆေးလိမ်းပေးမယ် နေ...ဒီမှာ ထိုင်နေ ငါ ရေခဲနဲ့ဆေးသေတ္တာသွားယူအုံးမယ် "

Minjeong ချက်ချင်းဘဲ အိမ်ပေါ်ထပ်က ဆင်းပြေးကာ ရေခဲသေတ္တာက ရေခဲတွေကိုထုတ်ပြီး အဝတ်စထဲထည့်လိုက်သည်

ရေခဲသေတ္တာအပေါ်က ဆေးသေတ္တာကို ယူလိုက်ပြီး Jiminဆီသို့ ပြန်သွားလေသည်

Jimin အပူလောင်ထားတဲ့နေရာကို ရေခဲဝတ်သေချာကပ်ပေးပြီးနောက် ဆေးသေချာလိမ်းပေးနေသည်

"တောင်းပန်ပါတယ် ငါ့အလုပ်ကို ကူလုပ်ပေးရင်း နင်ထိခိုက်ရတာ "

"မဟုတ်တာ ပျော်စရာကောင်းပါတယ်..."

"နောက်ရက်တွေအတွက် နင်ဘာလုပ်ဖို့ စီစဥ်ထားလည်းဆိုတာ ငါမသိပေမယ့်လေ Jimin နင် ဒီမှာဘဲ အလုပ်လုပ်ဖို့ စိတ်ဝင်စားလားဟင်....Yoonaကလည်း ခရီးထွက်နေပြီး Wendyကလည်း မိသားစု ကိစ္စကြောင့် မွေးရပ်မြေပြန်သွားတော့....နင့်အတွက် ငါ လုပ်အားခ လစာပါပေးအုံးမှာ "

"အကယ်၍ ငါသာ နင့်ကိုကူညီပေးမယ်ဆိုရင် ငါ မှတ်ဥာဏ်ပြန်ရတဲ့အထိ နင့်ဆီမှာ နေလို့ရလား "

"ဒါပေါ့ ရတာပေါ့ နင့်အတွက် လစာတောင်ပေးအုံးမှာပါဆို"

"လစာတော့ မယူတော့ပါဘူး ကျေးဇူးတင်ပါတယ် Minjeong "

"ဘာလို့ လစာမယူတာလည်း အလုပ်လုပ်ပေးရတာကို နင့်အတွက် မတရားဘူးလေ Jiminရ "

"Aww နင်က ငါ့ကို ဒီမှာအလကားနေခိုင်းတဲ့ အပြင် အစားအစာတွေပါ ကျွေးနေတာကို လစာမလိုတော့ဘူးလေ Minjeong ရယ်.... "

Jiminရဲ့ စကားကြောင့် Jiminရဲ့ မျက်ဝန်းတွေကို စိုက်ကြည့်လိုက်ရင်း ဆေးလိမ်းပေးကတည်းက Jiminလက်ကို ကိုင်ထားတာ အခုထိ မလွှတ်ရသေးမှန်း Minjeong သတိရသွားပြီး ချက်ချင်း သူမကိုင်ထားမိတဲ့ Jiminရဲ့ လက်ကို လွှတ်လိုက်သည်

"အင်းပါ ဟုတ်ပါပြီ လက်ရော သက်သာလား "

"အင်း နင်ဆေးလိမ်းပေးလိုက်လို့ သက်သာသွားပြီ "

ကလေးတစ်ယောက်လို ခေါင်းညိတ်ပြီး ပြောနေတဲ့ Jiminကို Minjeong ပြုံးပြီး ကြည့်နေမိသည်

ချစ်စရာအကောင်ပေါက်လေးဘဲ.....

"Jimin နင် အိပ်နှင့်တော့နော် ငါ လုပ်စရာလေးတွေကျန်သေးလို့ မုန့်သွားလုပ်လိုက်အုံးမယ် "

"ဟင် ညမိုးချုပ်နေပြီကို "

"မိုးတော့ချုပ်ပေမယ့် မနက်ဖြန်အတွက် ကိတ်အော်ဒါရထားလို့ အဲ့တာ  ပြီးအောင်လုပ်မလို့ "

"ငါ ကူညီပေးမယ်လေ "

"ရပါတယ် နင် လက်ထိထားတာ နားနေလိုက်ပါ ငါလည်း နည်းနည်းဘဲ ကျန်တော့တာရယ်...ဒါကြောင့်မို့ အိပ်လိုက်တော့ မနက်ကျ အိပ်ချင်မူးတူးဖြစ်ရင် ဒီက bossက မကြိုက်ဘူးနော် Good night Jimin "

"အင်း Good Night ပါ Minjeong "

Jimin တစ်​ယောက် Minjeong ဆီရောက်နေတာ တစ်ပတ်ကျော်နေပြီလေ

NingNingနဲ့ ရင်းနှီးနေပြီဖြစ်ပေမယ့် Aeriကတော့ အခုထိ Jiminကို အကဲခတ်နေဆဲပင်

"Hello. ..အိပ်ရာထနောက်ကျသွားလို့ ဆောတီးပါ Minjeong ဆိုင်ဖျော်ကော်ဖီမရပေမယ့် စတိုးဆိုင်က ကော်ဖီဗူးဝယ်လာတယ် ရော့ "

NingNing တစ်ယောက် ကော်ဖီဗူးတွေ ထည့်ထားတဲ့ အိတ်ကို Minjeong ဆီ လှမ်းပစ်လိုက်တော့ Jiminက လှစ်ခနဲ လှမ်းဖမ်းလိုက်သည်

"Wow Jimin နင် ဖမ်းလိုက်တာများ နင်ဂျာလား....မိုက်တယ် "

" ဟီးဟီး...."

"Jimin နင် မနေ့က ကော်ဖီမကြိုက်ဘူးဆိုလို့ ငါ ကိုလာပြောင်းဝယ်ခဲ့တယ် "

"ကျေးဇူးပါ NingNing. ...."

နောက်တစ်နေ့မှာတော့ Jiminတစ်ယောက် အလုပ်လုပ်ဖို့ အောက်ဆင်းလာစဥ် အိမ်ပေါ်ထပ်ကို တက်လာတဲ့ Aeriနဲ့တွေ့လေသည်

"Good Morning Aeri "

"Morning Jimin ရော့ နင့်အတွက် "

Jiminလည်း အူကြောင်ကြောင်နဲ့ Aeriပေးတဲ့အထုပ်ကို ယူလိုက်သည်

"မနေ့က ငါနဲ့ Ning စျေးဝယ်ထွက်ကြတာ အဲ့တာ အဝတ်အစားလှလှလေးတွေ့တော့ နင့်ကို သတိရလို့ ဝယ်လာတာ နင့်မှာလည်း အဝတ်အစားသိပ်မရှိဘူး မဟုတ်လား "

"ကျေးဇူးတင်ပါတယ် Aeri "

ယခုဆို Aeriကပါ Jiminကို သံသယဝင်ရာကနေ ခင်တွယ်လာချေပြီ

ကောင်မလေးသုံးယောက်က တကယ် ခင်တွယ်ကြင်နာတတ်ပေမယ့် မိုက်မဲလွန်းသည်....ဂူမီဟိုတစ်ကောင်ကို ဂရုစိုက်ပေးလွန်းတယ် မဟုတ်လား

Karinaတစ်ယောက် Sandwich လုပ်နည်းကို Minjeongဆီက သင်ယူနေသည်

ပေါင်မုန့်နှစ်ချပ်ကြား အစာပလာလေးတွေ အစီအရီထည့်ရတာ Jiminအတွက် အရမ်းစိတ်ကျေနပ်စရာကောင်းလွန်းနေသည်

"Jimin နင်ကတော့ တကယ့်ကို ကောင်လေးတွေကြား နာမည်ကြီးနေတာဘဲ "

မီးဖိုခန်းထဲ အော်ဟစ်ဝင်လာတဲ့ အာပြဲစိန် NingNingရဲ့ စကားကို Jimin နားမလည်ဘဲ အူကြောင်ကြောင်လေး ဖြစ်နေသည်

"ဟင်..."

"အခု ကောင်လေးတွေက ငါတို့ မုန့်ဆိုင်ကို ဘာလို့ ခဏခဏလာနေလည်းသိလား.... baker အသစ်ကြောင့်တဲ့ ဒီဆိုင်က အသစ်ရောက်လာတဲ့ bakerလေးက အရမ်းချောတယ်ဆိုလို့ လာဝယ်ရင်း ငမ်းနေကြတာ "

"ငါလည်းမသိပါလား "

"နင်က ဒီအလုပ်ဘဲ အာရုံစိုက်နေတော့ ဘယ်သိမှာလည်း  ... ဒီရက်ပိုင်းတော့ ကျောင်းသားတွေကြောင့် Minjeong တော့ အိမ်ဝယ်လို့ရပြီဟေး "

"ကျောင်းသား ဟုတ်လား "

"အင်း ဟုတ်တယ်လေ Jimin. ..ဒီနားမှာ အမျိုးသားကျောင်းရှိတယ် ...."

NingNingရဲ့ စကားကြောင့် Jimin အစာအိမ်လှုပ်ရှားသွားတယ်

အမဲလိုက်ဖို့ အချိန်တန်ပြီလား.......

"Minjeong မနက်ဖြန် ငါ Aeriနဲ့အတူ မုန့်ရောင်းလို့ရလားဟင် "

Jiminရဲ့ စကားကြောင့် Minjeong နှုတ်ခမ်းစူသွားတယ်

"ဘာလည်း ငါနဲ့ မုန့်ဖုတ်ရတာ မပျော်လို့လား "

"မဟုတ်ပါဘူး စျေးဘယ်လိုရောင်းရလည်းဆိုတာ သိချင်လို့ပါ "

"ဟုတ်သားဘဲ သူ့ကိုတစ်ခါလောက် စျေးရောင်းခိုင်းကြည့်ပါလား သူလည်း မရောင်းဖူးတော့...."

"Ok. ...နင့်သဘော "

NingNingကလည်း ဝင်ပြောနေတော့ Minjeongလည်း ခွင့်ပြုလိုက်သည်

"Yesss ငါ့ bossက အကောင်းဆုံး.....  "

Jimin ကလေးတစ်ယောက်လိုခုန်ပေါက်အော်ဟစ်တော့ Minjeong ရယ်လိုက်မိသည်

နောက်တစ်နေ့မှာတော့ Jiminတစ်ယောက် Aeriနဲ့အတူ စျေးရောင်းနေရပြီလေ

ဘယ်လောက်ဖိုး ရောင်းရတယ် ပိုက်ဆံတွေကို Jimin အာရုံမစိုက်နိုင်.... ကျောင်းသားတွေကိုသာ အကဲခတ်နေသည်

နေ့လည်ရောက်တော့ NingNingနဲ့ Aeriက အပြင်ခဏထွက်ကာ coffee သွားဝယ်နေသည်

Jimin ကတော့ Minjeong ဆီကို သွားကာ ခွင့်တောင်းနေသည်

"Minjeong. ..ဧည့်သည်လည်း မရှိတုံး ငါ အပြင်ထွက်ပြီး လမ်းလျှောက်လို့ရလား လေကောင်းလေသန့်ရှူချင်ရုံပါ "

"အင်း ရတာပေါ့ သွားလေ အယ် နေအုံး အပြင်မှာ အေးတယ် ငါ့ဂျာကင်ဝတ်သွား ခဏ.... "

Minjeong ပြောပြီး အိမ်အပေါ်ထပ်သို့ ပြေးတက်သွားတယ်

ခဏကြာတော့ ဂျာကင်တစ်ထည်နဲ့အတူ Minjeong အောက်ပြန်ဆင်းလာသည်

"ရော့ ဒါလေး ဝတ်သွား...."

"ကျေးဇူးဘဲ Minjeong.... aww ဒါနဲ့လေ NingNing ပြောတဲ့ အမျိုးသားကျောင်းက ဘယ်နားမှာလည်း "

Jiminရဲ့ ဇစ်တပ်ရင်း မေးလိုက်တဲ့ စကားကြောင့် Minjeong မျက်မှောင်ကြုတ်သွားတယ်

Jiminကတော့ ဇစ်တပ်နေလို့ မမြင်လိုက်ပေ

"ဘာလုပ်မလို့လည်း ကျောင်းသားတွေနဲ့ အီစီကလီ လုပ်မလို့လား Jimin သူတို့က နင့်ထက်ငယ်တယ်နော်.... "

Minjeongရဲ့ စကားကြောင့် Jimin သူ့ကိုယ်သူပြန်ထိန်းပြီး လိမ်ပြောလိုက်သည်

"အာ မဟုတ်ပါဘူး ဟို...ကျောင်းဆိုလို့ ငါတစ်ခုခု သတိရလာပြီထင်လို့ မေးကြည့်တာ "

Jimin ကတော့ လိမ်ပြောလိုက်ပေမယ့် Minjeong ကတော့ တကယ်ထင်သွားပြီး စိတ်ပူသွားသည်

"ဟင်....တကယ်လား.... တစ်ယောက်တည်း သွားလို့ဖြစ်ပါ့မလား ငါလိုက်ခဲ့မယ်လေ "

"နေပါစေ ရတယ် ကျောင်းရှေ့သွားကြည့်ရုံတင် ပြီးတော့ ဆိုင်မှာလည်း လူမရှိတော့ နင် နေခဲ့လိုက်ပါ "

"ဖြစ်လို့လား Jiminရယ်.... "

"ဖြစ်တာပေါ့ ငါ့ကိုစိတ်ချပါ "

Minjeong ညွှန်းပေးတဲ့လမ်းသို့ Jiminတစ်ယောက် ဂျာကင်ထဲ လက်ထည့်ကာ သွားလေသည်

ကျောင်းရှေ့ကိုရောက်တော့ ကျောင်းသားတွေမရှိတော့တာကို တွေ့လိုက်ရသည်

"အာ ကျောင်းဆင်းချိန်ရောက်နေပြီဘဲ...နေပါစေ မနက်ဖြန်မှ ထပ်လာမယ် "

ကျောင်းထဲ လူအရိပ်မမြင်တော့လို့ Jimin စိတ်ပျက်သွားတယ်

"Hi. ..."

သို့သော်လည်း အသံကြားလို့ Jimin လှည့်ကြည့်တော့ ကျောင်းဝတ်စုံဝတ်ထားတဲ့ အရပ်ရှည်ရှည် ပခုံးကျယ်ကျယ်နဲ့ ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရသည်

"Hi ပါ... "

Jimin အပြုံးချိုချိုလေးနဲ့ နှုတ်ဆက်တော့ ကောင်လေးမှာပျော်သွားပြီး

"Noonaက ပေါင်မုန့်ဆိုင်က တစ်ယောက် မဟုတ်လား "

"အိုးး တို့ အဲ့မှာအလုပ်လုပ်မှန်း ဘယ်လိုသိတာလည်း "

"ကျွန်တော်နဲ့ ကျွန်တော့် သူငယ်ချင်း အဲ့ဆိုင်မှာ မုန့်ဝယ်ဖူးတယ် အဲ့ကတစ်ယောက်က အမနဲ့ဆင်လို့ မေးကြည့်တာ "

"တို့ မျက်နှာက မေ့ရလွယ်လို့လား ချာတိတ်ရ "

Jiminက အီစီကလီအသံနဲ့ပြောသောကြောင့် ကောင်လေးမှာ ရင်တွေခုန်လာသည်

" မဟုတ်ပါဘူး Noonaက အရမ်းလှတာကို ဘယ်လိုလုပ် မေ့ရက်မှာလည်း "

ကျောင်းသားလေးကတော့ ရင်တွေခုန်ပြီး စကားတွေထစ်နေပေမယ့်

ဂူမီဟိုကတော့ ကျောင်းသားလေးကို ကြည့်ပြီး အလောင်းကို ကျောင်းမှာပစ်ထားရမလား သူ့အိမ်မှာ ထားရမလား မြစ်ထဲလွှင့်ပစ်ရမလား တွေးနေသည်

Jimin တစ်ယောက် ဆာလောင်မှုကို မထိန်းချုပ်ထားနိုင်တော့ပေ

"ချာတိတ်....တို့နဲ့အတူ တိတ်ဆိတ်တဲ့ နေရာမှာ စကားမပြောချင်ဘူးလား "

"ပြော ပြောချင်တာပေါ့ Noonaက ဘယ်သွားချင်လဲ "

"တို့နှစ်ယောက်ဘဲ ရှိနိုင်မယ့် နေရာ...."

ကောင်လေးရဲ့ မျက်နှာကို ကိုင်ပြီး Jimin ပြုံးကာပြောလိုက်သည်

ငတိကျောင်းသားလေးကတော့ သေဘေးကို မမြင်ဘဲ Jiminကို သာမန်မိန်းကလေးတစ်ယောက်လို့ ထင်ပြီး လူရှင်းမယ့်နေရာကို တွေးနေသည်

#tbc

#zawgyi

Jiminရဲ႕ အၿပဳံးခ်ိဳခ်ိဳေလးေတြကို ေတြ႕တိုင္း Minjeong အေတြးေပါင္းစုံ ေတြးေနမိသည္

Jiminက သူမကို ႏွိပ္စက္တဲ့ မိသားစုေတြဆီက ထြက္ေျပးလာတာလား

Jiminက သူမကို ေစာ္ကားဖို႔ ႀကိဳးစားတဲ့လူကို ေရွာင္ပုန္းေနတာလား

ဒါမွမဟုတ္ Jiminက ေဆး႐ုံက ထြက္ေျပးလာတဲ့ စမ္းသပ္ခံ လူနာလား

Jiminက သူမကို ခ်ဳပ္ခ်ယ္တဲ့ ရည္းစားဆီကမ်ား ထြက္ေျပးလာတာလား

Minjeong  ကေလးတစ္ေယာက္လို ေပါက္ကရေတြ ေတြးရင္း အိမ္ေပၚထပ္သို႔ တက္လာသည္

Minjeong အခန္းထဲေရာက္ေတာ့ Jimin တစ္ေယာက္ နီရဲေနတဲ့ သူမလက္ကို ကိုင္ထားၿပီး ထိုင္ေနတာကို ေတြ႕လိုက္ရသည္

"Jimin လက္အပူေလာင္ထားတာလား "

Minjeong စိတ္ပူၿပီး Jiminဆီ ေျပးသြားကာ Jiminရဲ႕ လက္ကို ဆြဲကိုင္ၾကည့္လိုက္သည္

"ဟုတ္သားဘဲ အပူေလာင္ထားတာ ဘယ္လိုျဖစ္တာလည္း Jiminရယ္...."

"ဟုတ္တယ္ ငါ မုန့္ဖုတ္ဗန္းမွားကိုင္မိသြားတာ "

"နာေနမွာေပါ့...."

"နည္းနည္းပါ...."

"ခဏ ေရခဲအုံထားလိုက္ ၿပီးရင္ ငါေဆးလိမ္းေပးမယ္ ေန...ဒီမွာ ထိုင္ေန ငါ ေရခဲနဲ႕ေဆးေသတၱာသြားယူအုံးမယ္ "

Minjeong ခ်က္ခ်င္းဘဲ အိမ္ေပၚထပ္က ဆင္းေျပးကာ ေရခဲေသတၱာက ေရခဲေတြကိုထုတ္ၿပီး အဝတ္စထဲထည့္လိုက္သည္

ေရခဲေသတၱာအေပၚက ေဆးေသတၱာကို ယူလိုက္ၿပီး Jiminဆီသို႔ ျပန္သြားေလသည္

Jimin အပူေလာင္ထားတဲ့ေနရာကို ေရခဲဝတ္ေသခ်ာကပ္ေပးၿပီးေနာက္ ေဆးေသခ်ာလိမ္းေပးေနသည္

"ေတာင္းပန္ပါတယ္ ငါ့အလုပ္ကို ကူလုပ္ေပးရင္း နင္ထိခိုက္ရတာ "

"မဟုတ္တာ ေပ်ာ္စရာေကာင္းပါတယ္..."

"ေနာက္ရက္ေတြအတြက္ နင္ဘာလုပ္ဖို႔ စီစဥ္ထားလည္းဆိုတာ ငါမသိေပမယ့္ေလ Jimin နင္ ဒီမွာဘဲ အလုပ္လုပ္ဖို႔ စိတ္ဝင္စားလားဟင္....Yoonaကလည္း ခရီးထြက္ေနၿပီး Wendyကလည္း မိသားစု ကိစၥေၾကာင့္ ေမြးရပ္ေျမျပန္သြားေတာ့....နင့္အတြက္ ငါ လုပ္အားခ လစာပါေပးအုံးမွာ "

"အကယ္၍ ငါသာ နင့္ကိုကူညီေပးမယ္ဆိုရင္ ငါ မွတ္ဥာဏ္ျပန္ရတဲ့အထိ နင့္ဆီမွာ ေနလို႔ရလား "

"ဒါေပါ့ ရတာေပါ့ နင့္အတြက္ လစာေတာင္ေပးအုံးမွာပါဆို"

"လစာေတာ့ မယူေတာ့ပါဘူး ေက်းဇူးတင္ပါတယ္ Minjeong "

"ဘာလို႔ လစာမယူတာလည္း အလုပ္လုပ္ေပးရတာကို နင့္အတြက္ မတရားဘူးေလ Jiminရ "

"Aww နင္က ငါ့ကို ဒီမွာအလကားေနခိုင္းတဲ့ အျပင္ အစားအစာေတြပါ ေကြၽးေနတာကို လစာမလိုေတာ့ဘူးေလ Minjeong ရယ္.... "

Jiminရဲ႕ စကားေၾကာင့္ Jiminရဲ႕ မ်က္ဝန္းေတြကို စိုက္ၾကည့္လိုက္ရင္း ေဆးလိမ္းေပးကတည္းက Jiminလက္ကို ကိုင္ထားတာ အခုထိ မလႊတ္ရေသးမွန္း Minjeong သတိရသြားၿပီး ခ်က္ခ်င္း သူမကိုင္ထားမိတဲ့ Jiminရဲ႕ လက္ကို လႊတ္လိုက္သည္

"အင္းပါ ဟုတ္ပါၿပီ လက္ေရာ သက္သာလား "

"အင္း နင္ေဆးလိမ္းေပးလိုက္လို႔ သက္သာသြားၿပီ "

ကေလးတစ္ေယာက္လို ေခါင္းညိတ္ၿပီး ေျပာေနတဲ့ Jiminကို Minjeong ၿပဳံးၿပီး ၾကည့္ေနမိသည္

ခ်စ္စရာအေကာင္ေပါက္ေလးဘဲ.....

"Jimin နင္ အိပ္ႏွင့္ေတာ့ေနာ္ ငါ လုပ္စရာေလးေတြက်န္ေသးလို႔ မုန့္သြားလုပ္လိုက္အုံးမယ္ "

"ဟင္ ညမိုးခ်ဳပ္ေနၿပီကို "

"မိုးေတာ့ခ်ဳပ္ေပမယ့္ မနက္ျဖန္အတြက္ ကိတ္ေအာ္ဒါရထားလို႔ အဲ့တာ  ၿပီးေအာင္လုပ္မလို႔ "

"ငါ ကူညီေပးမယ္ေလ "

"ရပါတယ္ နင္ လက္ထိထားတာ နားေနလိုက္ပါ ငါလည္း နည္းနည္းဘဲ က်န္ေတာ့တာရယ္...ဒါေၾကာင့္မို႔ အိပ္လိုက္ေတာ့ မနက္က် အိပ္ခ်င္မူးတူးျဖစ္ရင္ ဒီက bossက မႀကိဳက္ဘူးေနာ္ Good night Jimin "

"အင္း Good Night ပါ Minjeong "

Jimin တစ္ေယာက္ Minjeong ဆီေရာက္ေနတာ တစ္ပတ္ေက်ာ္ေနၿပီေလ

NingNingနဲ႕ ရင္းႏွီးေနၿပီျဖစ္ေပမယ့္ Aeriကေတာ့ အခုထိ Jiminကို အကဲခတ္ေနဆဲပင္

"Hello. ..အိပ္ရာထေနာက္က်သြားလို႔ ေဆာတီးပါ Minjeong ဆိုင္ေဖ်ာ္ေကာ္ဖီမရေပမယ့္ စတိုးဆိုင္က ေကာ္ဖီဗူးဝယ္လာတယ္ ေရာ့ "

NingNing တစ္ေယာက္ ေကာ္ဖီဗူးေတြ ထည့္ထားတဲ့ အိတ္ကို Minjeong ဆီ လွမ္းပစ္လိုက္ေတာ့ Jiminက လွစ္ခနဲ လွမ္းဖမ္းလိုက္သည္

"Wow Jimin နင္ ဖမ္းလိုက္တာမ်ား နင္ဂ်ာလား....မိုက္တယ္ "

" ဟီးဟီး...."

"Jimin နင္ မေန႕က ေကာ္ဖီမႀကိဳက္ဘူးဆိုလို႔ ငါ ကိုလာေျပာင္းဝယ္ခဲ့တယ္ "

"ေက်းဇူးပါ NingNing. ...."

ေနာက္တစ္ေန႕မွာေတာ့ Jiminတစ္ေယာက္ အလုပ္လုပ္ဖို႔ ေအာက္ဆင္းလာစဥ္ အိမ္ေပၚထပ္ကို တက္လာတဲ့ Aeriနဲ႕ေတြ႕ေလသည္

"Good Morning Aeri "

"Morning Jimin ေရာ့ နင့္အတြက္ "

Jiminလည္း အူေၾကာင္ေၾကာင္နဲ႕ Aeriေပးတဲ့အထုပ္ကို ယူလိုက္သည္

"မေန႕က ငါနဲ႕ Ning ေစ်းဝယ္ထြက္ၾကတာ အဲ့တာ အဝတ္အစားလွလွေလးေတြ႕ေတာ့ နင့္ကို သတိရလို႔ ဝယ္လာတာ နင့္မွာလည္း အဝတ္အစားသိပ္မရွိဘူး မဟုတ္လား "

"ေက်းဇူးတင္ပါတယ္ Aeri "

ယခုဆို Aeriကပါ Jiminကို သံသယဝင္ရာကေန ခင္တြယ္လာေခ်ၿပီ

ေကာင္မေလးသုံးေယာက္က တကယ္ ခင္တြယ္ၾကင္နာတတ္ေပမယ့္ မိုက္မဲလြန္းသည္....ဂူမီဟိုတစ္ေကာင္ကို ဂ႐ုစိုက္ေပးလြန္းတယ္ မဟုတ္လား

Karinaတစ္ေယာက္ Sandwich လုပ္နည္းကို Minjeongဆီက သင္ယူေနသည္

ေပါင္မုန့္ႏွစ္ခ်ပ္ၾကား အစာပလာေလးေတြ အစီအရီထည့္ရတာ Jiminအတြက္ အရမ္းစိတ္ေက်နပ္စရာေကာင္းလြန္းေနသည္

"Jimin နင္ကေတာ့ တကယ့္ကို ေကာင္ေလးေတြၾကား နာမည္ႀကီးေနတာဘဲ "

မီးဖိုခန္းထဲ ေအာ္ဟစ္ဝင္လာတဲ့ အာၿပဲစိန္ NingNingရဲ႕ စကားကို Jimin နားမလည္ဘဲ အူေၾကာင္ေၾကာင္ေလး ျဖစ္ေနသည္

"ဟင္..."

"အခု ေကာင္ေလးေတြက ငါတို႔ မုန့္ဆိုင္ကို ဘာလို႔ ခဏခဏလာေနလည္းသိလား.... baker အသစ္ေၾကာင့္တဲ့ ဒီဆိုင္က အသစ္ေရာက္လာတဲ့ bakerေလးက အရမ္းေခ်ာတယ္ဆိုလို႔ လာဝယ္ရင္း ငမ္းေနၾကတာ "

"ငါလည္းမသိပါလား "

"နင္က ဒီအလုပ္ဘဲ အာ႐ုံစိုက္ေနေတာ့ ဘယ္သိမွာလည္း  ... ဒီရက္ပိုင္းေတာ့ ေက်ာင္းသားေတြေၾကာင့္ Minjeong ေတာ့ အိမ္ဝယ္လို႔ရၿပီေဟး "

"ေက်ာင္းသား ဟုတ္လား "

"အင္း ဟုတ္တယ္ေလ Jimin. ..ဒီနားမွာ အမ်ိဳးသားေက်ာင္းရွိတယ္ ...."

NingNingရဲ႕ စကားေၾကာင့္ Jimin အစာအိမ္လႈပ္ရွားသြားတယ္

အမဲလိုက္ဖို႔ အခ်ိန္တန္ၿပီလား.......

"Minjeong မနက္ျဖန္ ငါ Aeriနဲ႕အတူ မုန့္ေရာင္းလို႔ရလားဟင္ "

Jiminရဲ႕ စကားေၾကာင့္ Minjeong ႏႈတ္ခမ္းစူသြားတယ္

"ဘာလည္း ငါနဲ႕ မုန့္ဖုတ္ရတာ မေပ်ာ္လို႔လား "

"မဟုတ္ပါဘူး ေစ်းဘယ္လိုေရာင္းရလည္းဆိုတာ သိခ်င္လို႔ပါ "

"ဟုတ္သားဘဲ သူ႕ကိုတစ္ခါေလာက္ ေစ်းေရာင္းခိုင္းၾကည့္ပါလား သူလည္း မေရာင္းဖူးေတာ့...."

"Ok. ...နင့္သေဘာ "

NingNingကလည္း ဝင္ေျပာေနေတာ့ Minjeongလည္း ခြင့္ျပဳလိုက္သည္

"Yesss ငါ့ bossက အေကာင္းဆုံး.....  "

Jimin ကေလးတစ္ေယာက္လိုခုန္ေပါက္ေအာ္ဟစ္ေတာ့ Minjeong ရယ္လိုက္မိသည္

ေနာက္တစ္ေန႕မွာေတာ့ Jiminတစ္ေယာက္ Aeriနဲ႕အတူ ေစ်းေရာင္းေနရၿပီေလ

ဘယ္ေလာက္ဖိုး ေရာင္းရတယ္ ပိုက္ဆံေတြကို Jimin အာ႐ုံမစိုက္နိုင္.... ေက်ာင္းသားေတြကိုသာ အကဲခတ္ေနသည္

ေန႕လည္ေရာက္ေတာ့ NingNingနဲ႕ Aeriက အျပင္ခဏထြက္ကာ coffee သြားဝယ္ေနသည္

Jimin ကေတာ့ Minjeong ဆီကို သြားကာ ခြင့္ေတာင္းေနသည္

"Minjeong. ..ဧည့္သည္လည္း မရွိတုံး ငါ အျပင္ထြက္ၿပီး လမ္းေလွ်ာက္လို႔ရလား ေလေကာင္းေလသန့္ရႉခ်င္႐ုံပါ "

"အင္း ရတာေပါ့ သြားေလ အယ္ ေနအုံး အျပင္မွာ ေအးတယ္ ငါ့ဂ်ာကင္ဝတ္သြား ခဏ.... "

Minjeong ေျပာၿပီး အိမ္အေပၚထပ္သို႔ ေျပးတက္သြားတယ္

ခဏၾကာေတာ့ ဂ်ာကင္တစ္ထည္နဲ႕အတူ Minjeong ေအာက္ျပန္ဆင္းလာသည္

"ေရာ့ ဒါေလး ဝတ္သြား...."

"ေက်းဇူးဘဲ Minjeong.... aww ဒါနဲ႕ေလ NingNing ေျပာတဲ့ အမ်ိဳးသားေက်ာင္းက ဘယ္နားမွာလည္း "

Jiminရဲ႕ ဇစ္တပ္ရင္း ေမးလိုက္တဲ့ စကားေၾကာင့္ Minjeong မ်က္ေမွာင္ၾကဳတ္သြားတယ္

Jiminကေတာ့ ဇစ္တပ္ေနလို႔ မျမင္လိုက္ေပ

"ဘာလုပ္မလို႔လည္း ေက်ာင္းသားေတြနဲ႕ အီစီကလီ လုပ္မလို႔လား Jimin သူတို႔က နင့္ထက္ငယ္တယ္ေနာ္.... "

Minjeongရဲ႕ စကားေၾကာင့္ Jimin သူ႕ကိုယ္သူျပန္ထိန္းၿပီး လိမ္ေျပာလိုက္သည္

"အာ မဟုတ္ပါဘူး ဟို...ေက်ာင္းဆိုလို႔ ငါတစ္ခုခု သတိရလာၿပီထင္လို႔ ေမးၾကည့္တာ "

Jimin ကေတာ့ လိမ္ေျပာလိုက္ေပမယ့္ Minjeong ကေတာ့ တကယ္ထင္သြားၿပီး စိတ္ပူသြားသည္

"ဟင္....တကယ္လား.... တစ္ေယာက္တည္း သြားလို႔ျဖစ္ပါ့မလား ငါလိုက္ခဲ့မယ္ေလ "

"ေနပါေစ ရတယ္ ေက်ာင္းေရွ႕သြားၾကည့္႐ုံတင္ ၿပီးေတာ့ ဆိုင္မွာလည္း လူမရွိေတာ့ နင္ ေနခဲ့လိုက္ပါ "

"ျဖစ္လို႔လား Jiminရယ္.... "

"ျဖစ္တာေပါ့ ငါ့ကိုစိတ္ခ်ပါ "

Minjeong ၫႊန္းေပးတဲ့လမ္းသို႔ Jiminတစ္ေယာက္ ဂ်ာကင္ထဲ လက္ထည့္ကာ သြားေလသည္

ေက်ာင္းေရွ႕ကိုေရာက္ေတာ့ ေက်ာင္းသားေတြမရွိေတာ့တာကို ေတြ႕လိုက္ရသည္

"အာ ေက်ာင္းဆင္းခ်ိန္ေရာက္ေနၿပီဘဲ...ေနပါေစ မနက္ျဖန္မွ ထပ္လာမယ္ "

ေက်ာင္းထဲ လူအရိပ္မျမင္ေတာ့လို႔ Jimin စိတ္ပ်က္သြားတယ္

"Hi. ..."

သို႔ေသာ္လည္း အသံၾကားလို႔ Jimin လွည့္ၾကည့္ေတာ့ ေက်ာင္းဝတ္စုံဝတ္ထားတဲ့ အရပ္ရွည္ရွည္ ပခုံးက်ယ္က်ယ္နဲ႕ ေကာင္ေလးတစ္ေယာက္ကို ေတြ႕လိုက္ရသည္

"Hi ပါ... "

Jimin အၿပဳံးခ်ိဳခ်ိဳေလးနဲ႕ ႏႈတ္ဆက္ေတာ့ ေကာင္ေလးမွာေပ်ာ္သြားၿပီး

"Noonaက ေပါင္မုန့္ဆိုင္က တစ္ေယာက္ မဟုတ္လား "

"အိုးး တို႔ အဲ့မွာအလုပ္လုပ္မွန္း ဘယ္လိုသိတာလည္း "

"ကြၽန္ေတာ္နဲ႕ ကြၽန္ေတာ့္ သူငယ္ခ်င္း အဲ့ဆိုင္မွာ မုန့္ဝယ္ဖူးတယ္ အဲ့ကတစ္ေယာက္က အမနဲ႕ဆင္လို႔ ေမးၾကည့္တာ "

"တို႔ မ်က္ႏွာက ေမ့ရလြယ္လို႔လား ခ်ာတိတ္ရ "

Jiminက အီစီကလီအသံနဲ႕ေျပာေသာေၾကာင့္ ေကာင္ေလးမွာ ရင္ေတြခုန္လာသည္

" မဟုတ္ပါဘူး Noonaက အရမ္းလွတာကို ဘယ္လိုလုပ္ ေမ့ရက္မွာလည္း "

ေက်ာင္းသားေလးကေတာ့ ရင္ေတြခုန္ၿပီး စကားေတြထစ္ေနေပမယ့္

ဂူမီဟိုကေတာ့ ေက်ာင္းသားေလးကို ၾကည့္ၿပီး အေလာင္းကို ေက်ာင္းမွာပစ္ထားရမလား သူ႕အိမ္မွာ ထားရမလား ျမစ္ထဲလႊင့္ပစ္ရမလား ေတြးေနသည္

Jimin တစ္ေယာက္ ဆာေလာင္မႈကို မထိန္းခ်ဳပ္ထားနိုင္ေတာ့ေပ

"ခ်ာတိတ္....တို႔နဲ႕အတူ တိတ္ဆိတ္တဲ့ ေနရာမွာ စကားမေျပာခ်င္ဘူးလား "

"ေျပာ ေျပာခ်င္တာေပါ့ Noonaက ဘယ္သြားခ်င္လဲ "

"တို႔ႏွစ္ေယာက္ဘဲ ရွိနိုင္မယ့္ ေနရာ...."

ေကာင္ေလးရဲ႕ မ်က္ႏွာကို ကိုင္ၿပီး Jimin ၿပဳံးကာေျပာလိုက္သည္

ငတိေက်ာင္းသားေလးကေတာ့ ေသေဘးကို မျမင္ဘဲ Jiminကို သာမန္မိန္းကေလးတစ္ေယာက္လို႔ ထင္ၿပီး လူရွင္းမယ့္ေနရာကို ေတြးေနသည္

#tbc

Bạn đang đọc truyện trên: Truyen3h.Co