Part 5
#unicode
"Wow တို့တွေက basketball ကစားတဲ့အဆောက်အဦးထဲရောက်နေတာလား "
"ဟုတ်တယ် Noona. .. ကျွန်တော်က basketball teamရဲ့ captain လေ....ဒါကြောင့်မို့လို့ သော့က ကျွန်တော့်ဆီမှာ ရှိတယ် "
"Aww ဒါကြောင့် မင်းက နောက်ကျနေတာကိုး "
"ဟုတ်တယ် ကျွန်တော်က လေ့ကျင့်နေလို့ နောက်ကျမှ ကျောင်းပြန်တာ "
"Aww "
Jiminမှာ အဆောက်အဦးထဲ သေချာလှည့်ပတ်ကြည့်နေသည်
"Noona "
"ဟင် "
"ဒီနေရာမှာ ဘယ်သူမှမရှိဘူးနော် လာလည်းမလာနိုင်ဘူးရယ် ဒါဆို ကျွန်တော်တို့ နှစ်ယောက်အတွက် တိတ်ဆိတ်တဲ့နေရာဖြစ်ပြီလား "
ကျောင်းသားရဲ့စကားကြောင့် Jimin လူသားစားဖို့ကို သတိရသွားတယ်
သူမ လူသားမစားရတာ နှစ်အတော်ကြာနေပြီ သူမ လူသားထပ်မစားရရင် သေနိုင်တယ်လေ
ကောင်လေးမှာ Jiminရဲ့ မေးစေ့လေးကိုဆွဲကိုင်ကာ နမ်းဖို့ ကြိုးစားလေသည်
Jimin ထပ်ပြီး သတိရမိတဲ့အရာကတော့ ဒီကောင်လေးက basketball teamရဲ့ Captain ဆိုတဲ့အရာပင်
Captainဆိုတော့ ကျောင်းသားတွေကြားမှာ နာမည်ကြီးတဲ့လူ ..... သတ်လိုက်ရင်.... ဘယ်လိုဖြစ်လာမလည်းဆိုတာ Jimin တွေးမိသွားတယ်
ဒီကျောင်းသားလေးကို ဒီမှာဘဲ သတ်ပြီး ပစ်ထားရမလား သူ့အိမ်ဘက်သွားပစ်ထားရမလား
ဘာနေနေ ဒီကောင်လေးကိုသတ်ပြီး ဝိညာဥ်ကိုစားပစ်ရမယ် မြန်မြန်စားပြီး လက်စသတ်ရမယ် ဒါမှ Minjeongဆီ ပြန်သွားပြီး ကူညီနိုင်မှာ
ကောင်လေးရဲ့ အနမ်းတွေကို Jimin ပြန်တုံ့ပြန်ရင်း လျှာကိုအသုံးပြုကာ ဝမ်းဗိုက်ထဲက နှလုံးကို ဆွဲထုတ်ဖို့ Jimin ကြိုးစားလေသည်
ထိုစဥ် Jimin တစ်ယောက် Minjeongရဲ့ ကိုယ်သင်းရနံ့ကို အနံ့ခံမိသွားတယ်
Minjeong. ...ဟုတ်သား သူမ Minjeongရဲ့ ဂျာကင်ကို ဝတ်လာတာဘဲ ဒါကြောင့်မို့လို့ Minjeong ရဲ့ ကိုယ်သင်းနံ့သင်းသင်းလေး ရနေတာ....
Minjeongကို အန္တရာယ်ပေးဖို့ ကြိုးစားခဲ့တဲ့ အရက်သမားကို သတ်ဖို့လုပ်တာကိုတောင် Minjeong က တားခဲ့ဖူးတာ ..ဒီကျောင်းသားလေးကို သတ်လိုက်တဲ့အကြောင်း Minjeongသာ သိသွားရင်ဆိုတဲ့ အတွေးတွေပါ ဝင်ရောက်လာသည်
Jiminအတွေးလွန်နေချိန် ကျောင်းသားလေးကတော့ ပိုပြီး သွက်လာသည်
Jiminရဲ့ လက်မောင်းတွေကိုပါ ပွတ်သပ်ပေးနေသည်
Jimin တစ်ယောက် သူမအတွေးကြောင့် ကျောင်းသားလေးကို တွန်းထုတ်လိုက်သည်
ကျောင်းသားလေးကို စားဖို့ကလည်း.... Minjeong က အတွေးထဲထိ ဝင်နှောင့်ယှက်နေလို့ မဖြစ်တော့ပေ
"Noona ဘာဖြစ်လို့လည်း "
"ငါ ဒီမှာ ရှိခဲ့တာကို မေ့ပစ်လိုက် "
ကောင်လေးရဲ့ မျက်လုံးကို Jimin စိုက်ကြည်ပြီး မှတ်ဥာဏ်ဖျောက်ပစ်လိုက်သည်
Jimin မုန့်ဆိုင်ကိုပြန်ရောက်တဲ့အခါမှာတော့ NingNingတို့ ကားကမရှိတော့ပေ
NingNing တို့ ပြန်သွားလောက်ပြီလို့ Jimin တွေးပြီး ဆိုင်ထဲဝင်သွားတယ်
Minjeongကတော့ ငွေတွေရေတွက်ပြီး သိမ်းရင်း Jimin ဝင်လာတာကို တွေ့သွားသည်
"Ji jimin နင်ပြန်လာတယ် "
Jiminမှာ စျေးဝယ်သူတွေမလာတော့ဘူးဆိုတာ သိလို့ အရင်တစ်ခါလို အရက်သမားတွေဝင်လာမှာဆိုးလို့ တံခါးလော့ကိုချလိုက်သည်
"Minjeong နင့်မျက်နှာက ဘာလို့ အရမ်းအံ့သြသွားသလိုဖြစ်နေတာလည်း "
"ငါ ငါလည်းမသိဘူး.....နင်က လေလိုပျောက်သွားပြီး တော်တော်နဲ့ ပြန်မလာတော့ နင်ထွက်သွားပြီထင်နေတာ "
"အယ် မထွက်သွားပါဘူး ငါ ပြန်ရောက်လာတာကို ဒါနဲ့ ညစာဘာချက်ထားလည်း "
Jiminရဲ့ စကားကြောင့် Minjeong ရယ်လိုက်မိသည်
"တကယ် အစားသရဲဘဲဲ ကြက်တောင်ပံကြော်ထားတယ် "
"စားလို့ကောင်းမယ့်ပုံဘဲ "
"အသားကြိုက်တယ်မဟုတ်လား "
Minjeongကမေးတော့ Jiminမှာ ကလေးတစ်ယောက်လို ခေါင်းညိတ်ပြလေသည်
"တကယ့်ကလေးဘဲ...."
နှစ်ပတ်သုံးပတ်အတွင်းမှာ Jiminတစ်ယောက် Minjeongအပေါ် အရမ်းခင်တွယ်မိပြီး Minjeongရဲ့ ထူးဆန်းတဲ့သူငယ်ချင်းနှစ်ယောက်ကိုလည်း ခင်မင်နေပြီလေ....
အစက Jimin တွေးထားတဲ့ အစီအစဥ်က တုံးအတဲ့ကျောင်းသားလေးတွေကို ဖမ်းစားဖို့ပါ ဒါပေမယ့်..... အစီအစဥ်က Jiminကိုယ်တိုင်မလုပ်နိုင်လို့ မစလိုက်ရပေ
"Jimin ...."
"အင်း "
"နင် ရှာနေတာ တွေ့ပြီလား ဟို....ကျောင်းက..."
"ဟင့်အင်း မတွေ့သေးပါဘူး "
"Aww အင်းပါ ဒါဆို ညစာစားတော့မလား ငါ ပြင်လိုက်မယ် "
"အင်း စားမယ်...."
Minjeong ကွတ်ကီးလုပ်နေစဥ် Jiminက မီးဖိုခန်းထဲ ရောက်လာပြီး သူမဆီသို့ လျှောက်လာသည်
ထို့နောက် Minjeong နောက်ကို လာလိုက်ပြီး Minjeong ခါးကို ရုတ်တရက် ဖက်လိုက်လေသည်
"Ji. ..Jimin ဘာလုပ်တာလည်း...."
"Minjeong. ... ငါလေ နင့်ရဲ့ အကြည့်တွေကို သတိထားမိတယ် သိလား "
Jimin ပြောပြီး Minjeongရဲ့ ဝမ်းဗိုက်သားလေးကို လက်နဲ့ပွတ်သပ်လိုက်သည်
"အ အကြည့် ဟုတ်လား နင် ဘာတွေပြောနေတာလည်း Ji. ...Jimin. .."
"Minjeong နင် တကယ် တုံးတဲ့ကလေးအကွက်တွေ ရွေ့နေတာဘဲ..."
Jimin ပြောပြီး Minjeongကို သူမဘက်ဆွဲလှည့်လိုက်သည်
"Ji. ..Jimin "
Minjeong ရဲ့ ဘောင်းဘီဇစ်ကို Jimin ဆွဲဖြုတ်လိုက်သည်
"Minjeong. ....."
Jimin sexyကျစွာ Minjeong နာမည်ကို ခေါ်ပြီး သူမရဲ့ လက်ချောင်းလေးတွေဟာ Minjeong ဘောင်းဘီထဲသို့ ဝင်ရောက်လာသည်
"Jimin. ..ah. ..."
"Minjeong!!!!!!!! "
Jiminရဲ့ အော်သံကြောင့် Minjeong လန့်နိုးလာသည်
"နင့် alarm မြည်နေတာကြာပြီ Minjeong "'
Jiminရဲ့ စကားကြောင့် Minjeong နှလုံးပြုတ်ကျသွားသလို ခံစားလိုက်ရသည်
"Ahhh sorry ငါ့ alarmသံကြောင့် နိုးသွားမှာပေါ့ "
Minjeong အိပ်ရာက ထကာ စားပွဲခုံပေါ်က သူမဖုန်းကိုယူပြီး alrm ပိတ်လိုက်သည်
"ကြည့်ရတာ နင် စိတ်လှုပ်ရှားစရာကောင်းတဲ့ အိမ်မက်မက်နေတာထင််တယ်....အရမ်းညည်းတွားနေတာ "
"ငါ ငါကလား "
Jiminရဲ့ စကားကြောင့် Minjeong လန့်ပြီး အော်လိုက်သည်
"အင်း ဟုတ်တယ် "
"ဟို ငါတစ်ခြား ဘာတွေပြောသေးလည်းဟင် "
Minjeongကမေးတော့ Jimin ပခုံးတွန့်ပြီး
"ဘာမှမပြောပါဘူး ငါနှိုးလိုက်လို့ နင်နိုးသွားတယ်လေ '
Jiminရဲ့ စကားကြောင့် Minjeong ရင်ဘတ်ထဲက အလုံးကြီးကျသွားလေသည်
"ဟူး တော်ပါသေးတယ် တကယ်sorryပါ Jiminရယ် ငါ့ကြောင့် နင် နိုးရတာ "
"မဟုတ်တာ မနက်ရောက်နေပြီကို ငါ အောက်ဆင်းနှင့်ပြီနော် Minjeong "
Jimin ပြောပြီး အခန်းထဲက ထွက်သွားသည်
ဟူးးးးးးးး အိမ်မက်ဖြစ်နေလို့ တော်သေးတာပေါ့ Minjeong နင် ဘာတွေဖြစ်နေတာလည်း........... Jiminရှေ့ အရှက်ရအောင်လို့ တကယ်ဘဲ ဘာတွေတွေးနေတာလည်း.......
Minjeong သူ့မျက်နှာကိုသူ ဖွဖွလေးရိုက်ကာ ဆုံးမနေသည်
မုန့်ဖုတ်သမားလေး Minjeong ဒီမနက် မုန့်ဖုတ်ရင်း ကို့ရို့ကားရား ဖြစ်နေတယ်
ဂျုံမှုန့်နဲ့ ကြက်သားမှုန့်တွေ မှားထည့်မိလို့မှားထည့်...
လက်ထဲက ဇွန်းက ပြုတ်ကျလိုက်
ဘာမှမရှိတဲ့ ကြမ်းပြင်မှာ ခလုတ်တိုက်လဲလိုက်နဲ့
Jimin တစ်ယောက် ကို့ရို့ကားရား ဖြစ်နေတဲ့ Minjeongကို ရပ်ကြည့်နေသည်
"Ahhh ငါ ဘာဖြစ်နေတာလည်း Minjeong. ..Jiminက ရိပ်မိတော့မှာဘဲ သေချာထိန်းစမ်း "
Minjeong သူမကိုယ်သူမ သတိပေးလိုက်သည်
Minjeongကို ကြည့်ရင်း ကျောင်းသားလေးကို ဘာလို့မသတ်ဘဲ လွှတ်ပေးလိုက်တာလည်းလို့ Jimin သူမကိုယ်သူမ မေးကြည့်နေမိသည်
တံခါးဖွင့်သံကြားလို့ Aeriနဲ့NingNing ရောက်လာမှန်း Jimin သိလိုက်သည်
သို့သော် သူစိမ်းတစ်ယောက် ကိုယ်ရနံ့ရသောကြောင့် Aeri တို့နဲ့အတူ သူစိမ်းတစ်ယောက်ပါလာတယ်ဆိုတာ Jimin သတိထားမိလိုက်သည်
"Good Morning!!! '
ကောင်မလေးတစ်ယောက်ရဲ့ အသံကြောင့် Minjeong လုပ်လက်စအလုပ်ကို ရပ်ကာ မီးဖိုခန်းထဲက ထွက်ပြေးသွားတယ်
"Unnie. ..."
Minjeong အော်ဟစ်ရင်း ကောင်မလေးကို ပြေးဖက်လိုက်သည်
"Minjeongလေး "
"ပြန်လာပြီပေါ့ Unnieရဲ့ မိသားစုရော အဆင်ပြေရဲ့လား "
"အားလုံး ပြေပါ့ရှင်..."
Minjeongကို ဖက်ထားရင်း မီးဖိုခန်းအပေါက်ကနေ သူမတို့ကို ရပ်ကြည့်နေတဲ့ Jiminကို ကောင်မလေးမှာ သတိထားမိသွားသည်
"ဟိတ် မင်းက Jimin ဖြစ်ရမယ်... "
ကောင်မလေးက သူမရဲ့ နာမည်ကို သိသောကြောင့် Jimin အံ့သြသွားတယ်
"ဟင်...ကျွန်မရဲ့ နာမည်ကို...ကျွန်မကို သိတယ်လား...."
"သိတာပေါ့ NingNingက ငါ့ကို လာကြိုတဲ့ လမ်းတစ်လျှောက်လုံး နင့်အကြောင်းပြောလာတာ အယ် ဟိုနှစ်ယောက် ကော်ဖီသွားဝယ်တယ်ထင်တယ် '
ကောင်မလေးမှာ NingNingတို့ရှိမယ်ထင်ပြီး ပြောသော်လည်း သူမနဲ့အတူ အထဲလိုက်လာတဲ့ NingNingတို့မှာ မရှိတော့ပေ
"ထားပါတော့ '
ကောင်မလေးမှာ Minjeongကို ဖက်ထားရာမှ ရပ်ပြီး Jiminဆီ လျှောက်သွားသည်
"Baker familyက ကြိုဆိုပါတယ် Jimin. ...ငါက Wendy ပါ တွေ့ရတာဝမ်းသာပါတယ် "
Jiminကို ဆွဲဖက်လိုက်ပြီး ကောင်မလေးမှာ သူမကိုယ်သူမ မိတ်ဆက်လိုက်သည်
"အင်းးး ဒီကောင်မလေးကလည်း တစ်ခြားသူတွေလို ကြင်နာတတ်တာဘဲ "
Wendyကို ပြန်ဖက်ရင်း Jimin စိတ်ထဲကနေ တွေးလိုက်သည်
ရက်အတော်ကြာတဲ့နောက်မှာတော့ Wendyကို Jimin သဘောကျမိသွားတယ်
Wendyက သွက်လက်ဖြတ်လတ်ပြီး ကြင်နာတတ်တဲ့အပြင် Jiminကိုလည်း ချီးကျူးပေးသေးသည်
"Jimin နင်က အတော်ဆုံးဘဲ Minjeong ငတုံး ဘာလို့ သူ့ကို နောက်ကျမှ ရှာတွေ့တာလည်း Jiminက ကောင်လေးတွေထက်တောင် အလုပ်ကြိုးစားသေးတယ် "
"အေးပါကွာ... Jimin နင့်အတွက် apron အသစ်ဝယ်လာတယ်... "
"ဘာလို့လည်း "
"နင့် Apornက ငါသုံးဖူးတဲ့ အဟောင်းကြီးလေ ဒါကြောင့်မို့ အသစ်ဝယ်လာတာ....."
"အာ ကျေးဇူးတင်ပါတယ် Minjeong "
"ရပါတယ် အပြာလေးနဲ့ နင်လှတယ်သိလား Jimin "
Jiminကို လှကြောင်း ပြောနေတဲ့ Minjeongကို Wendyတို့ သုံးယောက် ရပ်ကြည့်နေမိသည်
နေ့လည်စာစားပြီးနောက်မှတော့ Aeri တစ်ယောက် သူမ Apornကို ချွတ်ပြီး ပိုက်ဆံအိတ်ကို ကောက်ယူနေတာကို Jimin တွေ့လိုက်ရသည်
"Aeri ဘယ်သွားမလိုလည်း "
"ငါ့အလုပ်ဆီသွားမလို့လေ Jimin "
"ဟင် နင့်မှာ တစ်ခြား အလုပ်ရှိတာလား "
"ဒါပေါ့ ငါက ဓာတ်ပုံဆရာလေ...bookingအခြေအနေကြည့်ပြီး Minjeongကို လာကူညီပေးတာ ရှေ့ရက်က Wendyတို့ကလည်းမရှိတော့ Minjeong တစ်ယောက်တည်း အဆင်မပြေမှာဆိုးလို့ ငါအလုပ်ပိတ်ပြီး သူ့ကိုလာကူတာ အခုတော့ Wendyရော နင်ရော ရှိတော့ ငါအလုပ်ပြန်လုပ်ပြီလေ...."
"အလုပ်နှစ်ခုလုပ်ရတာ မပင်ပန်းဘူးလား "
"မပင်ပန်းပါဘူး Jiminရ....ဧည့်သည်နဲ့ချိန်းထားလို့ ငါသွားတော့မယ်နော် အပူမလောင်စေနဲ့အုံး ဂရုစိုက် Jimin "
Jiminကို မှာစရာရှိတာမှာပြီး Aeri ထွက်သွားလေသည်
Aeri မရှိတော့ Minjeong တစ်ယောက် အရှေ့ကို ရောက်လာသည်
NingNing တို့ကတော့ အထဲမှာဘဲ မုန့်ဆက်လုပ်နေသည်
"ကြိုဆိုပါတယ် "
တံခါးဖွင့်သံနဲ့အတူ Minjeong အသံကြောင့် ဈေးဝယ်သူလာမှန်း Jimin သိလိုက်သည်
ထို့အပြင် ဈေးဝယ်သူဟာလည်း မိန်းကလေးဖြစ်ကြောင်း ကိုယ်သင်းရနံ့ကနေ Jimin သိလိုက်သည်
သို့သော်လည်း Jiminတစ်ယောက် Minjeongဆီကေန ချွေးတွေထွက်လာပြီး သက်တောင့်သက်သာ မဖြစ်နေတာကို Jimin သတိထားမိသည်
"နင် နင် ဒီကိုဘာလာလုပ်တာလည်း "
Minjeongရဲ့ စကားတွေထစ်အနေတာကိုလည်း Jimin သတိထားမိနေသည်
"ဟို ငါ့အမနဲ့ခဲအိုက ခရီးသွားမလို့လေ အဲ့တာ မသွားခင် ဒီဆိုင်က ကိတ်နဲ့ပေါင်မုန့်တွေက စားကောင်းတယ် ဝယ်ပေးပါဆိုလို့ လာဝယ်တာ ဟို ပူတင်းပေါင်မုန့်ဆိုလား နင်တို့ဆီ instockရှိလား.... "
ကောင်မလေး မေးတဲ့ မေးခွန်းကို ဖြေဖို့ Minjeong တစ်ယောက် ဘာလို့အရမ်းအချိန်ယူနေသလည်းဆိုတာ Jimin ကြည့်ရင်း အံ့သြနေသည်
"အမ်. ရှိမယ်ထင်တယ် နင် ဘယ်နှခုလိုချင်လည်း "
"အထုပ်နှစ်ဆယ်လောက်ပေါ့ "
"Jiminရေ.....အထဲမှာ ပူတင်းပေါင်မုန့်တွေ ရှိသေးလား ကြည့်ပေးပါအုံး "
"အင်း...Wendy Unnie ပူတင်းပေါင်မုန့်တွေ ကျန်သေးလားဟင်.."
"ခုနတင် ဖုတ်ထားတာရှိတယ် ပူနေတုံးမို့ သတိထားကိုင်အုံး Jiminလေး "
"ဟုတ် Unnie "
Jimin ပူတင်းပေါင်မုန့်ဗန်းယူပြီး Minjeongဆီ မသွားခင် Minjeongရဲ့ အခြေအနေကို NingNingကို ပြောပြဖို့ ဆုံးဖြတ်လိုက်တယ်
"Ning. .."
"အင်း ပြော Jimin "
"Minjeong ကြည့်ရတာ တစ်မျိုးဖြစ်နေသလိုဘဲ "
"ဘာဖြစ်လို့လည်း "
"ကောင်မလေးတစ်ယောက် ဈေးလာဝယ်တာကို ချွေးတွေရွှဲပြီး စကားပါထစ်..."
Jimin စကားမဆုံးသေး NingNing တစ်ခုခုကိုသတိရပြီး လုပ်လက်စအလုပ်ကို ထားကာ မီးဖိုခန်းထဲကထွက်လာသည်
"What the fuck နင် ဘယ်လိုစိတ်မျိုးနဲ့ ဒီကိုလာရဲတာလည်း "
ဈေးဝယ်သူကောင်မလေးကို မြင်မြင်ချင်း NingNing ဒေါသထွက်ပြီး ကျိန်ဆဲမိလေသည်
"NingNing.... "
ကျိန်ဆဲနေတဲ့ NingNingကို Minjeong လှမ်းတားပြီး Jiminကေတာ့ နွေးထွေးပြီး အမြဲ ပြုံးနေတတ်တဲ့ NingNingက ယခု စိတ်ဆိုးကျိန်ဆဲနေတာ မြင်ပြီး ဘာလုပ်ရမှန်းမသိဖြစ်နေသည်
"ပူတင်းပေါင်မုန့်ရပါပြီ "
Jimin ပေါင်မုန့်ဗန်းကို သယ်လာပြီး NingNingတို့ကြားဝင်ရပ်လိုက်သည်
"ဟဲ့ ငါမေးနေတာဖြေလေ အသေကောင်လိုရပ်မနေနဲ့ "
ကောင်မလေးမှာ NingNingကို ဘာမှပြန်မပြောသောကြောင့် NingNingမှာ ပိုပြီး ဒေါသထွက်ရသည်
"Ning. ..သူက ဈေးဝယ်တဲ့သူလေ...မီးဖိုခန်းထဲ ပြန်သွားလိုက်ပါဟာ"
"Minjeong. .."
"ကျေးဇူးပြုပြီး ငါ့စကားနားထောင်ပေးပါ "
NingNingမှာ သက်ပြင်းချပြီး မီးဖိုခန်းထဲ ဝင်သွားပေမယ့် Jiminကတော့ စကားမပြောဘဲ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေတဲ့ အရူးနှစ်ယောက်ကြား ဘာလုပ်ရမလဲ တွေးနေမိသည်
Casher ပိုင်းမကျွမ်းပေမယ့် Minjeong က ဘာမှမပြောနိုင်သောကြောင့် Jiminလည်း ငွေရှင်းကောင်တာဘက်သွားလိုက်သည်
"Minjeong နင် ပိုလှလာတယ်...."
ရုတ်တရက် ကောင်မလေးက ပြောလိုက်တဲ့စကားကြောင့် Minjeong နှလုံးခုန်မြန်လာတာကို Jimin သတိထားမိသည်
"Chaehyun. ..."
Chaeyunvငွေရှင်းဖို့ ကောင်တာပေါ်လက်တင်လိုက်တော့ Chaehyun လက်သန်းကြွယ်မှာ လက်စွပ်လေးစွပ်ထားတာကို Minjeong တွေ့လိုက်သည်
"Chaehyun နင် နင်..."
"ငွေသားနဲ့ရှင်းမှာလား ကတ်နဲ့ရှင်းမှာလား "
Minjeong တို့ကြားထဲ Jimin ဝင်နှောင့်ယှက်လိုက်သည်
"ကတ်နဲ့...."
Chaehyunပြောပြီး သူမ Credit cardကို ပေးလိုက်သည်
"Minjeong. ..နင့်မှာ အချိန်ရရင် ငါနဲ့...."
"ဟင့်အင်း နေပါစေ နင့်အတွက်ဆို မအားသလို စကားလည်း မပြောချင်ဘူး "
Minjeongက Chaeyun စကားဆုံးသည်ထိမစောင့်ဘဲ ငြင်းလိုက်သည်
"ရှင် ထွက်သွားသင့်ပြီထင်တယ် "
Jiminရဲ့ စကားကြောင့် Chaehyunမှာ မျက်မှောင်ကြုတ်သွားတယ်
"Oh ရှင့်ကိစ္စမဟုတ်ပါဘူး ရှင်နဲ့ဆိုင်လို့လား"
ကောင်မလေးက ပြန်တိုက်ခိုက်သောကြောင့် Jimin ဒေါသထွက်သွားပြီး မျက်လုံးတွေပါ နီရဲလာတယ်
မိန်းကလေးတွေအသားမစားဖူးဘူး ဒါပထမဆုံးစားရမယ်ထင်တယ်........
Jimin မှာ တွေးနေစဥ် Minjeong မှာ လက်သီးဆုပ်ထားရင်း
"Chaehyun စျေးဝယ်ပြီးရင် ပြန်တော့ "
"အင်းပါ Minjeong. ..နောက်လည်း "
"လာဝယ်စရာမလိုဘူး Chaehyun သွားတော့ "
Chaehyun ထွက်သွားတဲ့အခါ Minjeongမှာ Jimin ဘက်လှည့်လာသည်
Jiminမှာ သူမရဲ့ နီရဲနေတဲ့မျက်လုံးကို Minjeong မတွေ့အောင် အမြန်မျက်လုံးမှိတ်ပြီး ပြောင်းလိုက်သည်
"နင် ငါ့အတွက် ဒါမျိုးလုပ်စရာမလိုပါဘူး "
"နင်က သူ့ကိုထွက်သွားစေချင်တာမလား Minjeong "
"အင်း အဲ့တာတော့ ဟုတ်ပါတယ် "
"သူက ဘယ်သူလည်း "
"ငါ့ရည်းစားဟောင်းလေ...."
"အော် နင် တကယ်အဆင်ပြေရဲ့လား "
"ပြေပါတယ် "
Minjeongက အဆင်ပြေတယ်ပြောပေမယ့် သူမတကယ် အဆင်မပြေဘူးဆိုတာ Jimin သတိထားမိသည်
#tbc
#zawgyi
"Aww "
"Noona "
"ဟင် "
"Noona ဘာဖြစ်လို့လည်း "
"Ji jimin နင်ပြန်လာတယ် "
Jiminမှာ ဈေးဝယ်သူတွေမလာတော့ဘူးဆိုတာ သိလို့ အရင်တစ်ခါလို အရက်သမားတွေဝင်လာမှာဆိုးလို့ တံခါးလော့ကိုချလိုက်သည်
"တကယ် အစားသရဲဘဲ ကြက်တောင်ပံကြော်ထားတယ် "
"တကယ့်ကလေးဘဲ...."
"Jimin ...."
"အင်း "
"အင်း စားမယ်...."
"Ji. ..Jimin ဘာလုပ်တာလည်း...."
"Ji. ..Jimin "
"Minjeong. ....."
"Jimin. ..ah. ..."
"Minjeong!!!!!!!! "
"ကြည့်ရတာ နင် စိတ်လှုပ်ရှားစရာကောင်းတဲ့ အိမ်မက်မက်နေတာထင်တယ်....အရမ်းညည်းတွားနေတာ "
"ငါ ငါကလား "
"အင်း ဟုတ်တယ် "
"Good Morning!!! '
"Unnie. ..."
"Minjeongလေး "
"အားလုံး ပြေပါ့ရှင်..."
"ထားပါတော့ '
"ဘာလို့လည်း "
"Aeri ဘယ်သွားမလိုလည်း "
"ကြိုဆိုပါတယ် "
"ဟုတ် Unnie "
"Ning. .."
"အင်း ပြော Jimin "
"ဘာဖြစ်လို့လည်း "
"NingNing.... "
"Minjeong. .."
"Chaehyun. ..."
"Chaehyun နင် နင်..."
"ကတ်နဲ့...."
"Chaehyun ဈေးဝယ်ပြီးရင် ပြန်တော့ "
"သူက ဘယ်သူလည်း "
"ငါ့ရည်းစားဟောင်းလေ...."
"ပြေပါတယ် "
#tbc
Bạn đang đọc truyện trên: Truyen3h.Co