Part 6
#unicode
Chaehyun ပြန်သွားပြီးနောက် Minjeong လုံးဝတိတ်ဆိတ်နေတယ်
Minjeong တိတ်ဆိတ်နေတာကို Jimin လုံးဝသဘောမကျဖြစ်နေပေမယ့် ဘာမှမတတ်နိုင်ဘူးလေ
ညစာစားတဲ့အချိန်ရောက်တော့လည်း Minjeong ဟင်းမချက်ထားလို့ ပီဇာဝယ်စားလိုက်ရသည်
ချိစ့်ပီဇာက Jimin အတွက်တော့ Barမှာ ကောင်လေးတွေနဲ့တွေ့ပြီး ဒိတ်တိုင်း စားနေကျ ဖြစ်လို့ အထူးအဆန်းမဟုတ်တော့ပေ
ပီဇာစားရင်းနဲ့လည်း ကျောင်းသားလေးအကြောင်း တွေးမိပြီး Jimin စိတ်အနှောင့်အယှက်ဖြစ်နေရသေးသည်
"Minjeong "
"အင်း "
"အရက်မူးသမား နင့်ကို အနှောင့်အယှက် ပေးတဲ့နေ့ကို မှတ်မိလား "
ရည်းစားဟောင်း ပြန်သွားပြီးကတည်းက တိတ်ဆိတ်နေတဲ့ Minjeongကို Jimin စကားစပြောလေသည်
"အင်း မှတ်မိတယ် ငါ့အတွက် မေ့ဖို့ခက်ခဲတဲ့အကြောင်းဘဲလေ "
"သူ့ကို ဘာလို့ နာအောင် မလုပ်စေချင်တာလည်း "
"ပြောရရင် ငါ လူတွေကို နာကျင်အောင်မလုပ်စေချင်ဘူး ပြီးတော့ ငါ့အတွက်နဲ့ နင့်ကိုလည်း ရဲစခန်းရောက်တာမျိုး မဖြစ်စေချင်ဘူးလေ သူက ငါ့ကိုဘာမှတောင် မလုပ်လိုက်ရပါဘူး အဲ့တုံးက နင့်ပုံစံက သူ့ကိုသတ်မလိုဖြစ်နေတာ "
"ဒါဆို နင်က သူ့ကို မနာကျင်စေချင်ဘူးပေါ့ ဟုတ်လား သူက နင့်ကို နာကျင်အောင်လုပ်ရင်တောင်မှလေ "
"အဲ့လိုတော့... မဟုတ်သေးဘူးလေ နင် သူြလည်ပင်းညှစ်ထားလို့ သူ့မျက်နှာနီရဲနေပြီး ခရမ်းရောင်ဖြစ်သွားတာ မကြည့်နိုင်လို့ပါ "
"သြော် ဒါဆို Chaehyun ဆိုရင်ရော.... "
Jimin မေးခွန်းကြောင့် Minjeong လန့်သွားပြီး ဘာဖြေရမှန်းမသိဖြစ်နေသည်
"NingNingက ပြောတယ် သူက နင့်ကို နာကျင်အောင်လုပ်ခဲ့တယ်တဲ့ သူနာကျင်အောင်ရော မလုပ်ချင်ဘူးလား "
"Jimin ငါ သူ့အကြောင်း တကယ်မပြောချင်ဘူး "
"အင်း ကောင်းပြီလေ ဒါဆိုလည်း မပြောတော့ဘူး "
Jimin ပြောပြီး စားနေရာက ထထွက်သွားသည်
Minjeongကတော့ သက်ပြင်းချရင်း ကျန်ခဲ့သည်
Minjeong အိမ်ပေါ်တက်လာပြီး အခန်းထဲဝင်လာတော့ Jiminက အိပ်ပျော်နေသည်
"Good night Jimin "
Jiminကို နှုတ်ဆက်ပြီး Minjeong စောင်လေးကို သေချာခြုံပေးကာ Minjeong သူမကုတင်ပေါ်သို့ တက်လာသည်
Jimin အိပ်ရာကနိုးပြီးနောက် ရေချိုးလေသည်
ရေချိုးရင်း သူစိမ်းအမျိုးသမီးအနံ့ကိုရလိုက်တော့ ပုဝါကိုပတ်ကာ အောက်ကိုဆင်းလာတော့ အမျိုးသမီးတစ်ယောက်က ဆိုင်ထဲဝင်လာပြီး မီးဖိုခန်းဘက် လျှောက်လာတာကို တွေ့လိုက်ရသည်
"ဘယ်သူလည်း "
"ဘယ်သူလည်း "
Jiminမှာ အမျိုးသမီးကို အရင်မေးလိုက်ပေမယ့် အမျိုးသမီးကလည်း Jiminလိုလိုက်မေးသည်
"ကျွန်မက Jimin. ..."
"တို့က Yoona "
Jimin မီးဖိုခန်းထဲ ကြည့်လိုက်တော့ Minjeongတို့မှာ ထုံးစံအတိုင်း အော်ဟစ်ရင်း မုန့်ဖုတ်နေကြသည်
ဒါဆို ဒီကောင်မလေးက Minjeongတို့အသိများလားလို့ Jimin တွေးလိုက်သည်
"Yoona Unnie ကားသံကြားပါတယ် အောက်မေ့နေတာ Unnie ဖြစ်နေပါလား "
Minjeongမှာ Jiminကို နှိုးဖို့ မီးဖိုခန်းထဲက ထွက်လာစဥ် Yoonaနဲ့ Jimin စကားရပ်ပြောနေတာတွေ့ပြီး Yoonaကို ပြေးဖက်လေသည်
"Mondayကျမှ အလုပ်ပြန်ဆင်းမယ်ထင်နေတာ အခုလာတာလား "
"မဟုတ်ပါဘူး ငါ့ညီမလေးရဲ့ ရေခဲသေတ္တာထဲ စားစရာတွေကျန်သေးလား လာကြည့်တာ "
"အော် ကျန်ပါသေးတယ် Unnieရဲ့ ခရီးကပြန်ရောက်တာကို နားနေတာ မဟုတ် ဟင်...."
Minjeong မှာ Yoonaကို စကားပြောရင်း Jiminဘက်ကိုကြည့်ပြီး စကားတွေရပ်သွားသည်
"Jimin အဝတ်အစားသွားဝတ်ချေ....ဘာလို့ ပုဝါသဘတ်ကြီး ပတ်ထားရတာလည်း "
Jiminမှာ မျက်နှာလေးနီရဲနေတဲ့ Minjeongကို ကြည့်ပြီး ရယ်ချင်စိတ်ကို ထိန်းထားရသည်
"Jiminရေ... "
"အင်းပါ သွားလဲပါပြီ...."
Jiminမှာ Minjeong စကားနားထောင်ပြီး အိမ်အပေါ်ထပ်သို့ တက်ကာ အဝတ်အစားသွားဝတ်လိုက်သည်
အဝတ်အစားလဲရင်း Yoonaတို့ပြောတဲ့စကားတွေကို Jimin ကြားနေရတယ်လေ
"ပြောပြပါအုံး အဲ့ကောင်မလေးက ဘယ်သူလည်း "
"ပြောရရင်တော့အရှည်ကြီးဘဲ Unnieရယ် "
"ပုံပြင်အရှည်တွေ နားထောင်ရတာ ကြိုက်တယ် "
"Unnie ခရီးစဥ်ရော အဆင်ပြေရဲ့လား "
"Jiminတဲ့လား ချောတယ်နော် ကောင်မလေးက "
"Unnie. .."
"Oh my god နင့်မျက်နှာရော နားရွက်တွေပါ နီရဲနေပါ့လား အဲ့ကောင်မလေးက ဘယ်သူလည်း "
"အာ လုပ်စရာအလုပ်တွေ ရှိသေးတယ် သွားလုပ်အုံးမယ် "
Minjeongမှာ Yoonaမေးတာကို မဖြေဘဲ မီးဖိုခန်းထဲ ပြန်ဝင်သွားသည်
"နင်မဖြေလည်း နေပေါ့ တစ်ခြားသူတွေကို မေးလိုက်မယ် "
Minjeong မုန့်လုပ်ရင်း မနေ့က သူမexကြောင့် ဖြစ်ပျက်သွားတာတွေ ပြန်တွေးပြီး ရှက်မိနေသည်
"ဆိုတော့ အဲ့ကောင်မလေးက hot boo booပေါ့ "
"Unnieeee Jimin ကို အဲ့လိုမခေါ်ပါနဲ့ "
"ငါ ခရီးထွက်နေတုံး ဘာတွေဖြစ်သွားပါလိမ့် ..."
"အာ..သူကအကူအညီလိုနေလို့ပါ..."
"Minjeong နင့်အမေက ပြောဖူးတယ် နင်က ငယ်ငယ်တုံးက လမ်းဘေးကကြောင်လေးတွေကို အမြဲသနားပြီး အိမ်ခေါ်လာဖူးတယ်တဲ့ အခုလည်း လမ်းဘေးက လူကို အိမ်ပေါ်ခေါ်တင်ထားတယ် "
"Unnieကလည်း Jiminက လမ်းဘေးကမဟုတ်ပါဘူး "
"နင်က အရမ်းကြင်နာတတ်တာဘဲ ဂရုစိုက်အုံး Honeyရဲ့ "
"သူ ဒီမှာရှိနေတာ နှစ်ပတ်ကျော်သွားပါပြီ သူက လူကောင်းတစ်ယောက်ပါဆို "
ထိုစဥ် အိမ်ပေါ်ထပ် တံခါးဖွင့်သံကြားလို့ Jimin ဆင်းလာပြီဆိုတာ သိပြီး Yoonaကို ဆက်မပြောဖို့ နှုတ်ပိတ်လိုက်သည်
Yoonaကတော့ မပြန်သေးဘဲ ပေါင်မုန့်ဆိုင်မှာ ကိုယ့်အိမ်လို သဘောထားပြီးနေနေတဲ့ Jiminကို အကဲခတ်ဖို့ ဆုံးဖြတ်လိုက်သည်
"Morning Jimin "
"ဟုတ် "
"ခုနကအတွက် တောင်းပန်ပါတယ်နော် Minjeongieမှာ သူငယ်ချင်းအသစ်ရှိတယ်မထင်ထားလို့ "
Yoonaရဲ့ အသုံးအနှုန်းကြောင့် Jimin အံ့သြသွားတယ်
"Minjeongie?"
"Aww ဟုတ်တယ် သူ့ကို ငါ ငယ်ငယ်ကတည်းက ထိန်းလာတာလေ ပြောရရင် သူ့အမေထက် Minjeong က ငါနဲ့အတူကြီးပျင်းလာတာ "
"အာ...ဟုတ် Unnie "
Jiminတစ်ယောက် သူမကို ရိုရိုကျိုးကျိူးဆက်ဆံနေတာကြည့်ပြီး Yoona ခေါင်းညိတ်လိုက်သည်
"Ok ငါပြန်တော့မယ် Minjeong Ning Wendy Aeriနဲ့ Jiminရေ ဟူး နှုတ်ဆက်ရတာလည်း မောတာ ဂရုစိုက်ကြအုံး "
"Nae Unnie "
မီးဖိုထဲက အာပြဲစိန်လေးသုံးယောက်အော်သံကြောင့် Jiminတောင် လန့်သွားတယ်
Yoona ပြန်သွားချိန်မှာတော့ Minjeongမှာ မနေ့က Jiminအပေါ် လေသံမာနဲ့ပြောမိတဲ့ ကိစ္စပြန်တွေးပြီး အားနာနေမိသည်
"Morning Jimin "
"Morning Minjeong ဒီနေ့ ဘာလုပ်ရမလည်း "
"Cola ဝယ်ထားတယ် အရင်ဆုံး colaသောက်အုံး လာ "
မနေ့ကလို အေးတိအေးစက်မဟုတ်ဘဲ သူမအပေါ် Minjeong ပြန်နွေးထွေးနေတာကို Jimin သဘောကျနေမိသည်
"Hey girls. ...Aeriက မနေ့က ဧည့်သည်အများကြီးရလိုက်လို့ ငါတို့ကို ညစာလိုက်ကျွေးမယ်တဲ့ "
NingNing စကားကြောင့် Wendyမှာ လက်ခုပ်ထတီးသည်
"Yeah Aeriကွ....."
"ကောင်းသားဘဲ ငါအခုတလော ဟင်းမချက်ချင်ဘူးဖြစ်နေတာ အတော်ဘဲ Jimin နင်ရော "
Minjeongက လှမ်းမေးတော့ Jimin က ခေါင်းညိတ်ပြသည်
"ကောင်းပါတယ် "
ဒီလိုနဲ့ မုန့်ဖုတ်သမားလေးတို့ အုပ်စု ရထားနဲ့ စားသောက်ဆိုင်သို့ ထွက်လာကြသည်
ရထားပေါ်တွင် လူအများကြီးကြောင့် အသံပေါင်းစုံကြားရ အနံ့မျိုးစုံရလို့ Jimin အဆင်မပြေ အီလည်လည်ဖြစ်နေသည်
Minjeongကတော့ Jimin အဆင်မပြေဖြစ်နေတာ သတိထားမိပြီး လူကြောက်နေလို့ထင်ကာ Jimin လက်ကို ကိုင်ထားလိုက်သည်
Jiminမှာ သူမလက်ကိုလာကိုင်တဲ့ Minjeongကြောင့် အံ့သြသွားတယ်
Minjeongကို လှမ်းကြည့်တော့ Minjeong မှာ မသိချင်ယောင်ဆောင်နေသည်
Jiminလည်း Minjeongလက်ကို ခပ်တင်းတင်း ပြန်တွဲထားလိုက်သည်
Minjeongလက်ကို တွဲထားရင်း သူမ သက်တောင့်သက်သာဖြစ်လာသလို Jimin ခံစားလိုက်ရသည်
စားသောက်ဆိုင်တွင် မှာစားကြရင်း Minjeongတို့ အရက်ပါသောက်ကြသေးသည်
Jiminကတော့ မကြိုက်ဘူးဆိုပြီး ငြင်းကာ Minjeong တို့သောက်တာကိုဘဲ ထိုင်ကြည့်နေသည်
လူသားတွေက အရက်သောက်ပြီးရင် ရူးကြောင်ကြောင်အလုပ်တွေကို အရမ်းလုပ်ကြတာဘဲ
Jimin တွေးနေသလိုပင် Minjeong တစ်ယောက် အသောက်လွန်ပြီး မှောက်နေပြီလေ
Aeriတို့က ပြန်လိုက်ပို့ပေးမယ်ပြောပေမယ့် Jiminကတော့ အဆင်ပြေတယ်ပြောပြီး Minjeong ကို တွဲခေါ်လာသည်
"Minjeong လမ်းလျှောက်နိုင်လား "
"အေးဆေးပေါ့ အေ့ လျှောက်....နိုင်..."
Minjeong လမ်းမလျှောက်နိုင်မှန်းသိလို့ Minjeongကို Jimin ကျောပိုးလိုက်သည်
အိမ်ပြန်လမ်းတွင်
"Jimin ဒီနေ့ Aeri ဝယ်ကျွေးတာ စားကောင်းလား "
"အင်း စားကောင်းပါတယ် ဒါပေမယ့့် နင်ချက်ထားတာ ပိုစားကောင်းတယ် "
"လျှောက်ပြောနေတာ "
"ဟော အတည်ပြောတာပါ နင်ချက်ထားတာတွေစားရတာကို ငါပိုသဘောကျတယ် "
"ဒါဆို ငါချက်ကျွေးတဲ့ထဲ ဘယ်ဟင်းကို နင်အကြိုက်ဆုံးလည်း "
"Jokbal ကို ပိုကြိုက်တယ်..."
"တကယ်လား "
Minjeongအသံက ပျော်ပြီး ပျော့ပျောင်းသွားတာအပြင် ရှက်နေတာကိုလည်း Jimin သတိထားမိသည်
"ဒါပေါ့ "
"ဟုတ်ပြီ နောက်ဆိုလည်း ချက်ကျွေးမယ်နော် "
"အင်းပါ ဟုတ်ပါပြီ. Aeri က တော်တော်ချမ်းသာတယ်နော် "
"အင်း ဟုတ်တယ် သူ့မိသားစုက သူဌေးတွေလေ သူက ဓာတ်ပုံဆိုင်ကို အပျော် ဖွင့်ထားတာ.... ပြီးတော့ ငါ့မိသားစုဆုံးသွားတော့ ဒီဆိုင် ဆက်ဖွင့်နိုင်ဖို့ သူက တစ်ဖက်က ကူညီပေးသေးတာ "
"Aeriက နင့်ကို တော်တော်ခင်ရှာတယ်နော်....နင့်အနားက လူတွေက လူကောင်းတွေချည်းပါလား Minjeong ငါကလွဲလို့ပေါ့ "
အိမ်ကို ပြန်ရောက်လို့ Minjeong ကို ကုတင်ပေါ်သို့ Jimin ချပေးလိုက်သည်
"ဒါနဲ့ဆို သုံးကြိမ်ရှိပြီနော် "
"ဘာကိုလည်း Minjeong "
"ငါ့ကို ကယ်တာ ဒါနဲ့ဆို သုံးကြိမ်ရှိပြီလို့ "
"ကယ်တာ "
"ဟုတ်တယ်လေ အရက်မူးသမားဆီကရယ် အခု အရက်မူးနေတာကို သယ်လာပေးတာရယ် ပြီးတော့ Chaehyunဆီက...."
"Chaehyunဆီက ဟုတ်လား....သူက နင့်ကို နာကျင်အောင် မလုပ်ခဲ့ဘူးဆို "
"မဟုတ်ဘူး တကယ်က လုပ်ခဲ့တယ် "
Minjeong အရက်မူးမူးနဲ့ သူမခြေအိတ်တွေကို ချွတ်ရင်းပြောလိုက်သည်
"Chaehyun နဲ့ ငါက အထက်တန်းကျောင်းကတည်းက ချစ်သူဖြစ်လာကြတာ တက္ကသိုလ်ပြီးတဲ့အခါ ငါသူ့ကိုလက်ထပ်ဖို့အထိ တွေးထားခဲ့တာ "
"လက်ထပ်ဖို့အထိ "
"ဟုတ်တယ် ဒါပေမယ့်..... သူ ဖောက်ပြန်သွားတယ် Jiminရယ် "
"ဖောက်ပြန်တယ် ဟုတ်လား ဘယ်လိုလည်း "
"ဖောက်ပြန်တယ်ဆိုတာက နင့်မှာ ချစ်သူရှိရက်နဲ့ တစ်ခြားသူနဲ့နမ်းတာတို့ တွဲနေတာတို့ကို ပြောတာ....."
"သူက ဘာလို့ဖောက်ပြန်ရတာလည်း "
"ကြည့်ရတာ သူ့အတွက် ငါက မလုံလောက်လို့နေမှာပေါ့ မဟုတ်ဘူး ငါသူ့အပေါ်တော်တော်ဆိုးခဲ့တာ အမေဆုံးပြီး အဖေပါဆုံးသွားတော့ ငါ အရာအားလုံးကို စိတ်တိုင်းမကျဘဲ စိတ်တိုနေတာများခဲ့တယ် သူ့ကိုရောပေါ့ သူကြာလာတော့ ငါဆိုးတာတွေကို သီးမခံနိုင်တော့တာနေမယ် အခုဆို သူတစ်ခြားတစ်ယောက်နဲ့တောင် စေ့စပ်ထားရောပေါ့ သူ့လက်မှာ လက်စွပ်တွေ့ခဲ့တယ်...."
Jiminကတော့ ဘာမှမပြောဘဲ Minjeong ရင်ဖွင့်တာကို နားထောင်နေသည်
"ဘာလို့ ငါချစ်တဲ့သူတွေက ငါ့ကိုထားသွားရတာလည်း အမေ...အဖေ ပြီးတော့ Chaehyun အရာအားလုံးက နာကျင်စရာတွေချည်းဘဲ "
Minjeong ဝမ်းနည်းနေတာကို Jiminမကြည့်ရက်ပေ....
"Minjeong နင်အရမ်းမူးနေပြီ အိပ်တော့ "
Minjeongကို အိပ်ရာပေါ်သို့ Jimin လှဲသိပ်လိုက်သည်
"Jimin. ..နင် ဘယ်ကလာတာလည်း "
Jiminရဲ့ လက်ကိုကိုင်ပြီး Minjeong မေးလိုက်သည်
"မမှတ်မိဘူး "
"နင်က ဂြိုလ်သားနဲ့တူတယ် "
"ငါက ဂြိုလ်သားဖြစ်ရင်ဖြစ်နေမှာပေါ့ "
"ဖြစ်နိုင်တယ်နော် နင်က ကောင်းကင်ပေါ်က ပြုတ်ကျလာတဲ့လူလိုဘဲ အရမ်းလှတယ်.... ပြီးတော့ ငါတို့သိတဲ့အရာတွေကို နင်သိပ်မသိဘူး လိုက်မေးတတ်တယ် ပြီးတော့ ထပ်ပြောရရင် နင် အရမ်းလှတယ် "
Minjeongရဲ့ စကားကြောင့် Jimin ပြုံးလိုက်မိသည်
"ငါ့ကိုလှတယ်လို့ နင်ထင်တယ်ပေါ့ "
Minjeong ရဲ့ ဆံပင်လေးကိုဖွဖွလေး ပုတ်ပေးရင်း Jimin စချင်လာလို့ထပ်မေးလိုက်သည်
"ဟုတ်တယ်...ငါမြင်ဖူးသမျှ မိန်းမတွေထဲ နင်အလှဆုံးဘဲ "
"တကယ်လား "
Jiminက ထပ်မေးတော့ Minjeong မှာ Jiminရဲ့ နှုတ်ခမ်းလေးကို စိုက်ကြည့်နေမိသည်
"Jimin ငါ စိတ်မထိန်းနိုင်တော့ဘူး "
"ဘာကိုလည်း Minjeong "
"ငါ နင့်ကို အရမ်းနမ်းချင်နေပြီ Jimin "
Minjeongပြောပြီး အိပ်နေရာကခေါင်းထောင်ကာ Jimin နှုတ်ခမ်းကို နမ်းလိုက်သည်
Minjeongရဲ့ အနမ်းကြောင့် Jimin အံ့သြသွားတယ်
"Ummmm"
"အာ Sorry Jimin ငါအမှားလုပ်မိသွားတယ်..."
Minjeong မှာ Jimin ညည်းသံကြောင့် သတိပြန်ဝင်လာတယ်
"ဟင် "
"ငါက နင်...ထားလိုက်တော့ ငါအရမ်းမူးနေတာဘဲ အိပ်တော့မယ် Good Night Jimin "
Minjeongမှာ ရှက်ပြီး စောင်ကိုခေါင်းမြီးခြုံလိုက်သည်
Jiminကတော့ ကျောက်ရုပ်လို Minjeong နမ်းသွားတဲ့ သူမနှုတ်ခမ်းကိုကိုင်ကြည့်နေမိသည်
သူမ ကောင်လေးတွေအမျိုးသားတွေနဲ့ခဏခဏ နမ်းခဲ့ဖူးပေမယ့် Minjeong အနမ်းလို နွေးထွေးပြီးချိုမြိန်မှုကို မခံစားရဖူးပေ
#tbc
#zawgyi
Chaehyun ျပန္သြားၿပီးေနာက္ Minjeong လုံးဝတိတ္ဆိတ္ေနတယ္
Minjeong တိတ္ဆိတ္ေနတာကို Jimin လုံးဝသေဘာမက်ျဖစ္ေနေပမယ့္ ဘာမွမတတ္နိုင္ဘူးေလ
ညစာစားတဲ့အခ်ိန္ေရာက္ေတာ့လည္း Minjeong ဟင္းမခ်က္ထားလို႔ ပီဇာဝယ္စားလိုက္ရသည္
ခ်ိစ့္ပီဇာက Jimin အတြက္ေတာ့ Barမွာ ေကာင္ေလးေတြနဲ႕ေတြ႕ၿပီး ဒိတ္တိုင္း စားေနက် ျဖစ္လို႔ အထူးအဆန္းမဟုတ္ေတာ့ေပ
ပီဇာစားရင္းနဲ႕လည္း ေက်ာင္းသားေလးအေၾကာင္း ေတြးမိၿပီး Jimin စိတ္အႏွောင့္အယွက္ျဖစ္ေနရေသးသည္
"Minjeong "
"အင္း "
"အရက္မူးသမား နင့္ကို အႏွောင့္အယွက္ ေပးတဲ့ေန႕ကို မွတ္မိလား "
ရည္းစားေဟာင္း ျပန္သြားၿပီးကတည္းက တိတ္ဆိတ္ေနတဲ့ Minjeongကို Jimin စကားစေျပာေလသည္
"အင္း မွတ္မိတယ္ ငါ့အတြက္ ေမ့ဖို႔ခက္ခဲတဲ့အေၾကာင္းဘဲေလ "
"သူ႕ကို ဘာလို႔ နာေအာင္ မလုပ္ေစခ်င္တာလည္း "
"ေျပာရရင္ ငါ လူေတြကို နာက်င္ေအာင္မလုပ္ေစခ်င္ဘူး ၿပီးေတာ့ ငါ့အတြက္နဲ႕ နင့္ကိုလည္း ရဲစခန္းေရာက္တာမ်ိဳး မျဖစ္ေစခ်င္ဘူးေလ သူက ငါ့ကိုဘာမွေတာင္ မလုပ္လိုက္ရပါဘူး အဲ့တုံးက နင့္ပုံစံက သူ႕ကိုသတ္မလိုျဖစ္ေနတာ "
"ဒါဆို နင္က သူ႕ကို မနာက်င္ေစခ်င္ဘူးေပါ့ ဟုတ္လား သူက နင့္ကို နာက်င္ေအာင္လုပ္ရင္ေတာင္မွေလ "
"အဲ့လိုေတာ့... မဟုတ္ေသးဘူးေလ နင္ သူြလည်ပင်းညှစ်ထားလို့ သူ႕မ်က္ႏွာနီရဲေနၿပီး ခရမ္းေရာင္ျဖစ္သြားတာ မၾကည့္နိုင္လို႔ပါ "
"ေၾသာ္ ဒါဆို Chaehyun ဆိုရင္ေရာ.... "
Jimin ေမးခြန္းေၾကာင့္ Minjeong လန့္သြားၿပီး ဘာေျဖရမွန္းမသိျဖစ္ေနသည္
"NingNingက ေျပာတယ္ သူက နင့္ကို နာက်င္ေအာင္လုပ္ခဲ့တယ္တဲ့ သူနာက်င္ေအာင္ေရာ မလုပ္ခ်င္ဘူးလား "
"Jimin ငါ သူ႕အေၾကာင္း တကယ္မေျပာခ်င္ဘူး "
"အင္း ေကာင္းၿပီေလ ဒါဆိုလည္း မေျပာေတာ့ဘူး "
Jimin ေျပာၿပီး စားေနရာက ထထြက္သြားသည္
Minjeongကေတာ့ သက္ျပင္းခ်ရင္း က်န္ခဲ့သည္
Minjeong အိမ္ေပၚတက္လာၿပီး အခန္းထဲဝင္လာေတာ့ Jiminက အိပ္ေပ်ာ္ေနသည္
"Good night Jimin "
Jiminကို ႏႈတ္ဆက္ၿပီး Minjeong ေစာင္ေလးကို ေသခ်ာၿခဳံေပးကာ Minjeong သူမကုတင္ေပၚသို႔ တက္လာသည္
Jimin အိပ္ရာကနိုးၿပီးေနာက္ ေရခ်ိဳးေလသည္
ေရခ်ိဳးရင္း သူစိမ္းအမ်ိဳးသမီးအနံ႕ကိုရလိုက္ေတာ့ ပုဝါကိုပတ္ကာ ေအာက္ကိုဆင္းလာေတာ့ အမ်ိဳးသမီးတစ္ေယာက္က ဆိုင္ထဲဝင္လာၿပီး မီးဖိုခန္းဘက္ ေလွ်ာက္လာတာကို ေတြ႕လိုက္ရသည္
"ဘယ္သူလည္း "
"ဘယ္သူလည္း "
Jiminမွာ အမ်ိဳးသမီးကို အရင္ေမးလိုက္ေပမယ့္ အမ်ိဳးသမီးကလည္း Jiminလိုလိုက္ေမးသည္
"ကြၽန္မက Jimin. ..."
"တို႔က Yoona "
Jimin မီးဖိုခန္းထဲ ၾကည့္လိုက္ေတာ့ Minjeongတို႔မွာ ထုံးစံအတိုင္း ေအာ္ဟစ္ရင္း မုန့္ဖုတ္ေနၾကသည္
ဒါဆို ဒီေကာင္မေလးက Minjeongတို႔အသိမ်ားလားလို႔ Jimin ေတြးလိုက္သည္
"Yoona Unnie ကားသံၾကားပါတယ္ ေအာက္ေမ့ေနတာ Unnie ျဖစ္ေနပါလား "
Minjeongမွာ Jiminကို ႏွိုးဖို႔ မီးဖိုခန္းထဲက ထြက္လာစဥ္ Yoonaနဲ႕ Jimin စကားရပ္ေျပာေနတာေတြ႕ၿပီး Yoonaကို ေျပးဖက္ေလသည္
"Mondayက်မွ အလုပ္ျပန္ဆင္းမယ္ထင္ေနတာ အခုလာတာလား "
"မဟုတ္ပါဘူး ငါ့ညီမေလးရဲ႕ ေရခဲေသတၱာထဲ စားစရာေတြက်န္ေသးလား လာၾကည့္တာ "
"ေအာ္ က်န္ပါေသးတယ္ Unnieရဲ႕ ခရီးကျပန္ေရာက္တာကို နားေနတာ မဟုတ္ ဟင္...."
Minjeong မွာ Yoonaကို စကားေျပာရင္း Jiminဘက္ကိုၾကည့္ၿပီး စကားေတြရပ္သြားသည္
"Jimin အဝတ္အစားသြားဝတ္ေခ်....ဘာလို႔ ပုဝါသဘတ္ႀကီး ပတ္ထားရတာလည္း "
Jiminမွာ မ်က္ႏွာေလးနီရဲေနတဲ့ Minjeongကို ၾကည့္ၿပီး ရယ္ခ်င္စိတ္ကို ထိန္းထားရသည္
"Jiminေရ... "
"အင္းပါ သြားလဲပါၿပီ...."
Jiminမွာ Minjeong စကားနားေထာင္ၿပီး အိမ္အေပၚထပ္သို႔ တက္ကာ အဝတ္အစားသြားဝတ္လိုက္သည္
အဝတ္အစားလဲရင္း Yoonaတို႔ေျပာတဲ့စကားေတြကို Jimin ၾကားေနရတယ္ေလ
"ေျပာျပပါအုံး အဲ့ေကာင္မေလးက ဘယ္သူလည္း "
"ေျပာရရင္ေတာ့အရွည္ႀကီးဘဲ Unnieရယ္ "
"ပုံျပင္အရွည္ေတြ နားေထာင္ရတာ ႀကိဳက္တယ္ "
"Unnie ခရီးစဥ္ေရာ အဆင္ေျပရဲ႕လား "
"Jiminတဲ့လား ေခ်ာတယ္ေနာ္ ေကာင္မေလးက "
"Unnie. .."
"Oh my god နင့္မ်က္ႏွာေရာ နား႐ြက္ေတြပါ နီရဲေနပါ့လား အဲ့ေကာင္မေလးက ဘယ္သူလည္း "
"အာ လုပ္စရာအလုပ္ေတြ ရွိေသးတယ္ သြားလုပ္အုံးမယ္ "
Minjeongမွာ Yoonaေမးတာကို မေျဖဘဲ မီးဖိုခန္းထဲ ျပန္ဝင္သြားသည္
"နင္မေျဖလည္း ေနေပါ့ တစ္ျခားသူေတြကို ေမးလိုက္မယ္ "
Minjeong မုန့္လုပ္ရင္း မေန႕က သူမexေၾကာင့္ ျဖစ္ပ်က္သြားတာေတြ ျပန္ေတြးၿပီး ရွက္မိေနသည္
"ဆိုေတာ့ အဲ့ေကာင္မေလးက hot boo booေပါ့ "
"Unnieeee Jimin ကို အဲ့လိုမေခၚပါနဲ႕ "
"ငါ ခရီးထြက္ေနတုံး ဘာေတြျဖစ္သြားပါလိမ့္ ..."
"အာ..သူကအကူအညီလိုေနလို႔ပါ..."
"Minjeong နင့္အေမက ေျပာဖူးတယ္ နင္က ငယ္ငယ္တုံးက လမ္းေဘးကေၾကာင္ေလးေတြကို အၿမဲသနားၿပီး အိမ္ေခၚလာဖူးတယ္တဲ့ အခုလည္း လမ္းေဘးက လူကို အိမ္ေပၚေခၚတင္ထားတယ္ "
"Unnieကလည္း Jiminက လမ္းေဘးကမဟုတ္ပါဘူး "
"နင္က အရမ္းၾကင္နာတတ္တာဘဲ ဂ႐ုစိုက္အုံး Honeyရဲ႕ "
"သူ ဒီမွာရွိေနတာ ႏွစ္ပတ္ေက်ာ္သြားပါၿပီ သူက လူေကာင္းတစ္ေယာက္ပါဆို "
ထိုစဥ္ အိမ္ေပၚထပ္ တံခါးဖြင့္သံၾကားလို႔ Jimin ဆင္းလာၿပီဆိုတာ သိၿပီး Yoonaကို ဆက္မေျပာဖို႔ ႏႈတ္ပိတ္လိုက္သည္
Yoonaကေတာ့ မျပန္ေသးဘဲ ေပါင္မုန့္ဆိုင္မွာ ကိုယ့္အိမ္လို သေဘာထားၿပီးေနေနတဲ့ Jiminကို အကဲခတ္ဖို႔ ဆုံးျဖတ္လိုက္သည္
"Morning Jimin "
"ဟုတ္ "
"ခုနကအတြက္ ေတာင္းပန္ပါတယ္ေနာ္ Minjeongieမွာ သူငယ္ခ်င္းအသစ္ရွိတယ္မထင္ထားလို႔ "
Yoonaရဲ႕ အသုံးအႏႈန္းေၾကာင့္ Jimin အံ့ၾသသြားတယ္
"Minjeongie?"
"Aww ဟုတ္တယ္ သူ႕ကို ငါ ငယ္ငယ္ကတည္းက ထိန္းလာတာေလ ေျပာရရင္ သူ႕အေမထက္ Minjeong က ငါနဲ႕အတူႀကီးပ်င္းလာတာ "
"အာ...ဟုတ္ Unnie "
Jiminတစ္ေယာက္ သူမကို ရိုရိုက်ိဳးက်ိဴးဆက္ဆံေနတာၾကည့္ၿပီး Yoona ေခါင္းညိတ္လိုက္သည္
"Ok ငါျပန္ေတာ့မယ္ Minjeong Ning Wendy Aeriနဲ႕ Jiminေရ ဟူး ႏႈတ္ဆက္ရတာလည္း ေမာတာ ဂ႐ုစိုက္ၾကအုံး "
"Nae Unnie "
မီးဖိုထဲက အာၿပဲစိန္ေလးသုံးေယာက္ေအာ္သံေၾကာင့္ Jiminေတာင္ လန့္သြားတယ္
Yoona ျပန္သြားခ်ိန္မွာေတာ့ Minjeongမွာ မေန႕က Jiminအေပၚ ေလသံမာနဲ႕ေျပာမိတဲ့ ကိစၥျပန္ေတြးၿပီး အားနာေနမိသည္
"Morning Jimin "
"Morning Minjeong ဒီေန႕ ဘာလုပ္ရမလည္း "
"Cola ဝယ္ထားတယ္ အရင္ဆုံး colaေသာက္အုံး လာ "
မေန႕ကလို ေအးတိေအးစက္မဟုတ္ဘဲ သူမအေပၚ Minjeong ျပန္ႏြေးေထြးေနတာကို Jimin သေဘာက်ေနမိသည္
"Hey girls. ...Aeriက မေန႕က ဧည့္သည္အမ်ားႀကီးရလိုက္လို႔ ငါတို႔ကို ညစာလိုက္ေကြၽးမယ္တဲ့ "
NingNing စကားေၾကာင့္ Wendyမွာ လက္ခုပ္ထတီးသည္
"Yeah Aeriကြ....."
"ေကာင္းသားဘဲ ငါအခုတေလာ ဟင္းမခ်က္ခ်င္ဘူးျဖစ္ေနတာ အေတာ္ဘဲ Jimin နင္ေရာ "
Minjeongက လွမ္းေမးေတာ့ Jimin က ေခါင္းညိတ္ျပသည္
"ေကာင္းပါတယ္ "
ဒီလိုနဲ႕ မုန့္ဖုတ္သမားေလးတို႔ အုပ္စု ရထားနဲ႕ စားေသာက္ဆိုင္သို႔ ထြက္လာၾကသည္
ရထားေပၚတြင္ လူအမ်ားႀကီးေၾကာင့္ အသံေပါင္းစုံၾကားရ အနံ႕မ်ိဳးစုံရလို႔ Jimin အဆင္မေျပ အီလည္လည္ျဖစ္ေနသည္
Minjeongကေတာ့ Jimin အဆင္မေျပျဖစ္ေနတာ သတိထားမိၿပီး လူေၾကာက္ေနလို႔ထင္ကာ Jimin လက္ကို ကိုင္ထားလိုက္သည္
Jiminမွာ သူမလက္ကိုလာကိုင္တဲ့ Minjeongေၾကာင့္ အံ့ၾသသြားတယ္
Minjeongကို လွမ္းၾကည့္ေတာ့ Minjeong မွာ မသိခ်င္ေယာင္ေဆာင္ေနသည္
Jiminလည္း Minjeongလက္ကို ခပ္တင္းတင္း ျပန္တြဲထားလိုက္သည္
Minjeongလက္ကို တြဲထားရင္း သူမ သက္ေတာင့္သက္သာျဖစ္လာသလို Jimin ခံစားလိုက္ရသည္
စားေသာက္ဆိုင္တြင္ မွာစားၾကရင္း Minjeongတို႔ အရက္ပါေသာက္ၾကေသးသည္
Jiminကေတာ့ မႀကိဳက္ဘူးဆိုၿပီး ျငင္းကာ Minjeong တို႔ေသာက္တာကိုဘဲ ထိုင္ၾကည့္ေနသည္
လူသားေတြက အရက္ေသာက္ၿပီးရင္ ႐ူးေၾကာင္ေၾကာင္အလုပ္ေတြကို အရမ္းလုပ္ၾကတာဘဲ
Jimin ေတြးေနသလိုပင္ Minjeong တစ္ေယာက္ အေသာက္လြန္ၿပီး ေမွာက္ေနၿပီေလ
Aeriတို႔က ျပန္လိုက္ပို႔ေပးမယ္ေျပာေပမယ့္ Jiminကေတာ့ အဆင္ေျပတယ္ေျပာၿပီး Minjeong ကို တြဲေခၚလာသည္
"Minjeong လမ္းေလွ်ာက္နိုင္လား "
"ေအးေဆးေပါ့ ေအ့ ေလွ်ာက္....နိုင္..."
Minjeong လမ္းမေလွ်ာက္နိုင္မွန္းသိလို႔ Minjeongကို Jimin ေက်ာပိုးလိုက္သည္
အိမ္ျပန္လမ္းတြင္
"Jimin ဒီေန႕ Aeri ဝယ္ေကြၽးတာ စားေကာင္းလား "
"အင္း စားေကာင္းပါတယ္ ဒါေပမယ့့္ နင္ခ်က္ထားတာ ပိုစားေကာင္းတယ္ "
"ေလွ်ာက္ေျပာေနတာ "
"ေဟာ အတည္ေျပာတာပါ နင္ခ်က္ထားတာေတြစားရတာကို ငါပိုသေဘာက်တယ္ "
"ဒါဆို ငါခ်က္ေကြၽးတဲ့ထဲ ဘယ္ဟင္းကို နင္အႀကိဳက္ဆုံးလည္း "
"Jokbal ကို ပိုႀကိဳက္တယ္..."
"တကယ္လား "
Minjeongအသံက ေပ်ာ္ၿပီး ေပ်ာ့ေပ်ာင္းသြားတာအျပင္ ရွက္ေနတာကိုလည္း Jimin သတိထားမိသည္
"ဒါေပါ့ "
"ဟုတ္ၿပီ ေနာက္ဆိုလည္း ခ်က္ေကြၽးမယ္ေနာ္ "
"အင္းပါ ဟုတ္ပါၿပီ. Aeri က ေတာ္ေတာ္ခ်မ္းသာတယ္ေနာ္ "
"အင္း ဟုတ္တယ္ သူ႕မိသားစုက သူေဌးေတြေလ သူက ဓာတ္ပုံဆိုင္ကို အေပ်ာ္ ဖြင့္ထားတာ.... ၿပီးေတာ့ ငါ့မိသားစုဆုံးသြားေတာ့ ဒီဆိုင္ ဆက္ဖြင့္နိုင္ဖို႔ သူက တစ္ဖက္က ကူညီေပးေသးတာ "
"Aeriက နင့္ကို ေတာ္ေတာ္ခင္ရွာတယ္ေနာ္....နင့္အနားက လူေတြက လူေကာင္းေတြခ်ည္းပါလား Minjeong ငါကလြဲလို႔ေပါ့ "
အိမ္ကို ျပန္ေရာက္လို႔ Minjeong ကို ကုတင္ေပၚသို႔ Jimin ခ်ေပးလိုက္သည္
"ဒါနဲ႕ဆို သုံးႀကိမ္ရွိၿပီေနာ္ "
"ဘာကိုလည္း Minjeong "
"ငါ့ကို ကယ္တာ ဒါနဲ႕ဆို သုံးႀကိမ္ရွိၿပီလို႔ "
"ကယ္တာ "
"ဟုတ္တယ္ေလ အရက္မူးသမားဆီကရယ္ အခု အရက္မူးေနတာကို သယ္လာေပးတာရယ္ ၿပီးေတာ့ Chaehyunဆီက...."
"Chaehyunဆီက ဟုတ္လား....သူက နင့္ကို နာက်င္ေအာင္ မလုပ္ခဲ့ဘူးဆို "
"မဟုတ္ဘူး တကယ္က လုပ္ခဲ့တယ္ "
Minjeong အရက္မူးမူးနဲ႕ သူမေျခအိတ္ေတြကို ခြၽတ္ရင္းေျပာလိုက္သည္
"Chaehyun နဲ႕ ငါက အထက္တန္းေက်ာင္းကတည္းက ခ်စ္သူျဖစ္လာၾကတာ တကၠသိုလ္ၿပီးတဲ့အခါ ငါသူ႕ကိုလက္ထပ္ဖို႔အထိ ေတြးထားခဲ့တာ "
"လက္ထပ္ဖို႔အထိ "
"ဟုတ္တယ္ ဒါေပမယ့္..... သူ ေဖာက္ျပန္သြားတယ္ Jiminရယ္ "
"ေဖာက္ျပန္တယ္ ဟုတ္လား ဘယ္လိုလည္း "
"ေဖာက္ျပန္တယ္ဆိုတာက နင့္မွာ ခ်စ္သူရွိရက္နဲ႕ တစ္ျခားသူနဲ႕နမ္းတာတို႔ တြဲေနတာတို႔ကို ေျပာတာ....."
"သူက ဘာလို႔ေဖာက္ျပန္ရတာလည္း "
"ၾကည့္ရတာ သူ႕အတြက္ ငါက မလုံေလာက္လို႔ေနမွာေပါ့ မဟုတ္ဘူး ငါသူ႕အေပၚေတာ္ေတာ္ဆိုးခဲ့တာ အေမဆုံးၿပီး အေဖပါဆုံးသြားေတာ့ ငါ အရာအားလုံးကို စိတ္တိုင္းမက်ဘဲ စိတ္တိုေနတာမ်ားခဲ့တယ္ သူ႕ကိုေရာေပါ့ သူၾကာလာေတာ့ ငါဆိုးတာေတြကို သီးမခံနိုင္ေတာ့တာေနမယ္ အခုဆို သူတစ္ျခားတစ္ေယာက္နဲ႕ေတာင္ ေစ့စပ္ထားေရာေပါ့ သူ႕လက္မွာ လက္စြပ္ေတြ႕ခဲ့တယ္...."
Jiminကေတာ့ ဘာမွမေျပာဘဲ Minjeong ရင္ဖြင့္တာကို နားေထာင္ေနသည္
"ဘာလို႔ ငါခ်စ္တဲ့သူေတြက ငါ့ကိုထားသြားရတာလည္း အေမ...အေဖ ၿပီးေတာ့ Chaehyun အရာအားလုံးက နာက်င္စရာေတြခ်ည္းဘဲ "
Minjeong ဝမ္းနည္းေနတာကို Jiminမၾကည့္ရက္ေပ....
"Minjeong နင္အရမ္းမူးေနၿပီ အိပ္ေတာ့ "
Minjeongကို အိပ္ရာေပၚသို႔ Jimin လွဲသိပ္လိုက္သည္
"Jimin. ..နင္ ဘယ္ကလာတာလည္း "
Jiminရဲ႕ လက္ကိုကိုင္ၿပီး Minjeong ေမးလိုက္သည္
"မမွတ္မိဘူး "
"နင္က ၿဂိဳလ္သားနဲ႕တူတယ္ "
"ငါက ၿဂိဳလ္သားျဖစ္ရင္ျဖစ္ေနမွာေပါ့ "
"ျဖစ္နိုင္တယ္ေနာ္ နင္က ေကာင္းကင္ေပၚက ျပဳတ္က်လာတဲ့လူလိုဘဲ အရမ္းလွတယ္.... ၿပီးေတာ့ ငါတို႔သိတဲ့အရာေတြကို နင္သိပ္မသိဘူး လိုက္ေမးတတ္တယ္ ၿပီးေတာ့ ထပ္ေျပာရရင္ နင္ အရမ္းလွတယ္ "
Minjeongရဲ႕ စကားေၾကာင့္ Jimin ၿပဳံးလိုက္မိသည္
"ငါ့ကိုလွတယ္လို႔ နင္ထင္တယ္ေပါ့ "
Minjeong ရဲ႕ ဆံပင္ေလးကိုဖြဖြေလး ပုတ္ေပးရင္း Jimin စခ်င္လာလို႔ထပ္ေမးလိုက္သည္
"ဟုတ္တယ္...ငါျမင္ဖူးသမွ် မိန္းမေတြထဲ နင္အလွဆုံးဘဲ "
"တကယ္လား "
Jiminက ထပ္ေမးေတာ့ Minjeong မွာ Jiminရဲ႕ ႏႈတ္ခမ္းေလးကို စိုက္ၾကည့္ေနမိသည္
"Jimin ငါ စိတ္မထိန္းနိုင္ေတာ့ဘူး "
"ဘာကိုလည္း Minjeong "
"ငါ နင့္ကို အရမ္းနမ္းခ်င္ေနၿပီ Jimin "
Minjeongေျပာၿပီး အိပ္ေနရာကေခါင္းေထာင္ကာ Jimin ႏႈတ္ခမ္းကို နမ္းလိုက္သည္
Minjeongရဲ႕ အနမ္းေၾကာင့္ Jimin အံ့ၾသသြားတယ္
"Ummmm"
"အာ Sorry Jimin ငါအမွားလုပ္မိသြားတယ္..."
Minjeong မွာ Jimin ညည္းသံေၾကာင့္ သတိျပန္ဝင္လာတယ္
"ဟင္ "
"ငါက နင္...ထားလိုက္ေတာ့ ငါအရမ္းမူးေနတာဘဲ အိပ္ေတာ့မယ္ Good Night Jimin "
Minjeongမွာ ရွက္ၿပီး ေစာင္ကိုေခါင္းၿမီးၿခဳံလိုက္သည္
Jiminကေတာ့ ေက်ာက္႐ုပ္လို Minjeong နမ္းသြားတဲ့ သူမႏႈတ္ခမ္းကိုကိုင္ၾကည့္ေနမိသည္
သူမ ေကာင္ေလးေတြအမ်ိဳးသားေတြနဲ႕ခဏခဏ နမ္းခဲ့ဖူးေပမယ့္ Minjeong အနမ္းလို ႏြေးေထြးၿပီးခ်ိဳၿမိန္မႈကို မခံစားရဖူးေပ
#tbc
Bạn đang đọc truyện trên: Truyen3h.Co