Truyen3h.Co

ကျွန်မချစ်သူ မြေခွေးမလေး

Part 7

KimFany059


#unicode

"ဘာ သိတာတစ်လတောင် မကြာသေးတဲ့ နင့်အိမ်မှာကပ်နေတဲ့သူ့ကို နမ်းခဲ့တာ ဟုတ်လား "

NingNingရဲ့ ကျယ်လောင်တဲ့အသံကြောင့် Jimin နိုးသွားမှာဆိုးလို့ Minjeongမှာ NingNing ပါးစပ်ကို လှမ်းပိတ်လိုက်ရသည်

"Minjeongရေ....နင်တကယ်ဘဲ "

Aeriလေသံကတော့ Minjeong ကို စိတ်ပျက်နေတဲ့ပုံပေါ်သည်

Wendyကတော့ အခုထိ အလုပ်ကိုမလာသေးသောကြောင့် ဘာမှ မသိသေးပေ

"ဟုတ်တယ် ငါ မနေ့ညက Jiminကို နမ်းလိုက်မိတယ် "

"ပြီးတော့ ဘာဆက်ဖြစ်လည်း "

"Jiminက hummmဆိုပြီး အသံထွက်လာတယ် "

Minjeongလေးမှာ မနေ့ညက ကိစ္စကို ပြန်တွေးရင်း အမှားလုပ်မိသွားတယ်ဆိုပြီး စိတ်ပူကာ သက်ပြင်းချမိသည်

"ဒါက ဆိုးရွားလွန်းတယ် မဟုတ်လား Aeri. ..Ning "

"သောက်ရူးမ.... အရက်သောက်ပြီး Exအကြောင်း ပြောပြရင်း နမ်းလိုက်တာပေါ့လေ တကယ်ဘဲ "

Minjeong ရဲ့ ခေါင်းကို ခွပ်ခနဲမြည်အောင် NingNingခေါက်ချလိုက်သည် 

"အာ အဲ့လိုတော့လည်း မဟုတ်ဘူး ငါ...ငါ Jiminကို သဘောကျတယ်....ပြီးတော့ Jiminလည်း.....ငါ့ကိုသဘောကျတယ်ထင်တယ် "

Minjeongပြောလိုက်ပေမယ့်လည်း Jimin က သူမကို ပြန်မနမ်းခဲ့တာ ပြန်သတိရလာပြီး ရှက်လာသည်

ဒါပေမယ့် ငါ့ကို ကြည့်တဲ့အကြည့်တွေ ကာကွယ်ပေးခဲ့တာတွေ တစ်ခါတစ်လေ ငါ့လက်ကို လာကိုင်တာတွေက Jimin က ငါ့ကို အီစီကလီလာလုပ်နေတာမျိုးနဲ့ မတူဘူးလား ငါ ကဘဲ တစ်မျိုးထင်ခဲ့တာလား...အထီးကျန်နေလို့ ထင်ယောင်ထင်မှား ဖြစ်နေခဲ့တာလား

"မျက်နှာလှလှလေးကြောင့် ထပ်ပြီး ချစ်မိသွားတာလား Minjeong ...."

"နင်တို့ငါ့ကို blind dateလုပ်ဖို့ လွှတ်တာထက်တော့ ဒါက ပိုကောင်းပါတယ်နော် NingNing "

"ကဲ ဟုတ်ပြီ နင်က Jiminကို ကြိုက်နေတယ်ပေါ့ ဟုတ်လား...."

"အင်း ဟုတ်တယ် Aeri "

"သူဘယ်သူမှန်း ဘယ်ကလာတာမှန်းမသိတဲ့ နင့်အိမ်မှာ ကပ်နေရတဲ့ Jimin သူ့မှာ နင်တစ်ယောက်ဘဲရှိနေတာကို "

"Aeri ပြောတာဟုတ်တယ် Jimin ကို နင်အခွင့်အရေးယူသလိုဖြစ်နေတယ် Minjeong "

Aeriပြောချင်တာကိုသဘောပေါက်ပြီး NingNingက ဝင်ထောက်ခံသည်

"အဲ့လိုတော့ မပြောပါနဲ့ဟာ......"

Minjeong ခေါင်းငုံ့ပြီး တိုးတိုးလေးပြောလိုက်သည်

"ငါ သူ့ကိုပြောလိုက်သင့်လား "

"No မပြောနဲ့ မနေ့ညက ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်နေလိုက် နင်က ဟန်ဆောင်ကျွမ်းပါတယ် Minjeongရ "

"NingNing ပြောသလိုဘဲ ဘာမှမဖြစ်ခဲ့သလို သဘောထားပြီး ဟန်ဆောင်နေလိုက် "

"အင်းပါ နင်တို့ပြောသလိုလုပ်ပါ့မယ် "

"Hangover ဖြစ်တာ သက်သာစေမယ့် ဆေးသောက်အုံး ရော့ "

Aeri သူမအိတ်ထဲက ဆေးကိုထုတ်ပြီး Minjeongကို ပေးလိုက်သည်

ခဏကြာသောအခါ Jiminတစ်ယောက် အိမ်အပေါ်ထပ်ကနေ ဆင်းလာသည်

Jimin ဆင်းလာတာသိလို့ Minjeong တစ်ယောက် ရင်တွေခုန်ပြီး ဘာလုပ်ရမှန်းမသိဖြစ်ကာ မီးပူနေတဲ့ ဒယ်ပြားကိုကောက်ကိုင်လေသည်

"အား.... "

Minjeong အော်သံကြောင့် Aeriတို့မှာ ခေါင်းတခါခါနဲ့ မသိသလိုဘဲနေလိုက်ကြသည်

Jiminက တော့ ဆေးသေတ္တာဘူးကို ယူပြီး Minjeongလက်ကို သေချာကိုင်ကာ ဆေးထည့်ပေးနေသည်

"နာသေးလား "

"မ မနာတော့ဘူး ကျေးဇူးတင်ပါတယ် Jimin. ...."

Minjeongမှာ Jiminကို ကျေးဇူးတင်စကားပြောပြီး NingNingတို့ကို လှမ်းကြည့်တော့ NingNingတို့မှာ မသိချင်ယောင်ဆောင်နေကြသည်

Jiminက ငါနဲ့လာ flirt နေတာလား.......

Minjeongတစ်ယောက် တစ်နေကုန်လုံး Jiminကို မျက်နှာချင်းမဆိုင်ဘဲ စကားသိပ်မပြောဘဲ ရှောင်နေမိသည်

ညရောက်တော့ Jiminကို ညစာပြင်ပေးပြီး Minjeong ဆိုင်ထဲကပေါင်မုန့်တွေ ကိတ်မုန့်တွေကို ပြန်စီပြီး အလုပ်ရှုပ်ချင်ယောင်ဆောင်နေသည်

Jiminက မီးဖိုခန်းထဲကထွက်လာတော့ Minjeong မှာ မီးဖိုခန်းထဲဝင်သွားလေသည်

ခဏကြာလို့ Minjeong မီးဖိုခန်းထဲကထွက်လာတော့ အိမ်ရှေ့မှာ ရပ်နေတဲ့ Jiminကို တွေ့လိုက်ရသည်

Minjeong စိတ်ပူပြီး အိမ်ရှေ့ကိုထွက်လာတော့ Jimin လက်ကို ကိုင်ထားတဲ့ ခြောက်နှစ်အရွယ်  ကလေးတစ်ယောက်ကိုတွေ့လိုက်ရသည်

"ဘာဖြစ်တာလည်း Jimin. ..."

"ဒီကလေးလေး လမ်းပျောက်သွားလို့တဲ့ "

Jimin မျက်လုံးထဲ ကလေးအတွက် စိတ်ပူနေတာကို Minjeong တွေ့မြင်လိုက်ရသည်

"ကလေး...နင့်ရဲ့ဖေဖေတို့ရော...."

Minjeong ကမေးတော့ ကလေးမှာခေါင်းခါပြီး Jiminကို ဖက်ငိုသည်

Jiminမှာ ကလေးကိုပွေ့ချီပြီးချော့တော့ Minjeong ကြည့်ရင်း ကလေးကိုတောင်မနာလိုဖြစ်မိလာသည်

Minjeong တစ်ယောက် သူမတို့လမ်းထဲ ကလေးမိဘတွေကို လိုက်ရှာရင်း ကလေးနာမည်ကို အော်ဟစ်ကာရှာနေကြတဲ့ စုံတွဲကို တွေ့လေသည်

စုံတွဲကို Minjeong သွားမေးတော့ သူမတို့ဆိုင်ရှေ့ရောက်နေတဲ့ ကလေးရဲ့မိဘမှန်း သိလိုက်ရသည်

ကလေးမိဘတွေမှာ သူတို့ပေါ့ဆမှုအတွက်တောင်းပန်ပြီး ကလေးကိုစောင့်ရှောက်ပေးလို့ Jiminjeong တို့ကို ကျေးဇူးတင်စကားပြောနေသည်

"Bye bye Unnie "

"Bye "

ကလေးကို လက်ပြနှုတ်ဆက်နေတဲ့ Jiminကို Minjeong စိုက်ကြည့်နေမိသည်

Minjeong စိုက်ကြည့်နေတာကိုလည်း Jimin သတိထားမိသည်

"ဘာလို့ စိုက်ကြည့်နေတာလည်း "

"ဟို... ဘာမှမဟုတ်ပါဘူး ကလေးကို နင် ဂရုစိုက်ပေးတာ ကြည်နူးစရာကောင်းလို့ ...."

"အာ ငါ့နေရာမှာ နင်သာဆိုလည်း ကလေးကို ဂရုစိုက်ပေးမှာဘဲကို ကလေးကို အရင်တွေ့တာ ငါဖြစ်နေလို့ "

Jiminရဲ့ စကားကြောင့် Minjeong ရယ်လိုက်မိသည်

"နင်ပြောသလိုဖြစ်ချင်မှဖြစ်မှာလေ ကလေးတွေကြားမှာ ကလေးတွေနဲ့ဆို ငါက မကောင်းဆိုးဝါးဖြစ်ချင်လည်းဖြစ်နေမှာ "

Minjeongရဲ့ စကားကြောင့် Jiminမှာ Minjeong ရဲ့ မေးစေ့ကို လက်ညိုးလေးနဲ့ထောက်လိုက်သည်

"နင်ကလား....မဖြစ်နိုင်တာ နင်က ငါတွေ့ဖူးသမျှထဲမှာ စိတ်ထားအကောင်းဆုံးမိန်းကလေးဘဲ "

Jiminရဲ့ အပြုအမူကြောင့် Minjeong ရှက်ပြီး မျက်နှာလေးနီရဲလာသည်

ဒါတွေကြောင့်လည်း Jiminကို တစ်နေ့လုံး  သူမရှောင်နေခဲ့တာလေ ....Jiminကြောင့် ဗြောင်းဆန်နေတဲ့ သူမနှလုံးသားလေး ငြိမ်သက်ဖို့ကို Minjeong ဆုတောင်းနေမိသည်

Sunday morningမှာတော့ နေအလင်းရောင်ကြောင့် Minjeong အနှောင့်အယှက် ဖြစ်ပြီး နိုးလာသည်

Minjeong အိပ်ရာကထပြီး အကြောဆန့်နေရင်း Jimin မရှိတာကို သတိထားမိသွားတယ်

Jiminက အမြဲ Minjeong အိပ်ရာနိုးပြီးမှ နိုးတဲ့သူလေ

Jimin တစ်ယောက် ထွက်များပြေးသွားသလားဆိုပြီး Minjeong တွေးမိလို့ မျက်နှာအမြန်သစ်ပြီး အောက်ထပ်ကိုဆင်းလာသည်

မီးဖိုခန်းထဲက အသံတွေကြားမှ Minjeong စိတ်သက်သာရာ ရသွားတယ်

"နိုးပြီလား ဒီနေ့အိပ်ရာထနောက်ကျတယ်နော် "

Jiminမှာ ကော်ဖီခွက်တွေကို စားပွဲခုံပေါ်တင်ရင်း Minjeongကို လှမ်းနှုတ်ဆက်လိုက်သည်

"အာ ဟုတ်တယ်....မနေ့ကပင်ပန်းလို့ထင်တယ် အကြာကြီး အိပ်ပျော်သွားတယ် ဒါနဲ့ ပိတ်ရက်ကို ဘာလို့ မုန့်ဖုတ်နေတာလည်း "

"နင့်အတွက် မနက်စာလုပ်ပေးချင်လို့လေ "

Jiminရဲ့ စကားကြောင့် Minjeongရဲ့ နှလုံးသားလေး ထပ်ပြီး အရည်ပျော်ရပြန်သည်

"ဘာလို့လည်း "

"ဘာလို့လည်းဆိုတော့ နင့်ကြည့်ရတာ စိတ်တိုနေတဲ့ပုံပေါ်လို့ ပြီးတော့ မနေ့က တစ်နေလုံး ငါ့ကိုလည်း စကားသိပ်မပြောဘူး good nightတောင်မနှုတ်ဆက်ဘဲ အိပ်သွားတယ် "

"အာ... "

"ကဲပါ မနက်စာအရင်စားအုံး "

Minjeongလည်း ထိုင်ခုံမှာ ထိုင်လိုက်ပြီး Jimin လုပ်ပေးတဲ့မနက်စာကို စားလိုက်သည်

"Jimin စားလို့အရမ်းကောင်းတယ်..."

"အယ် တကယ်လား "

Minjeongဆီက ချီးကျူးစကားကြားရလို့ Jimin အရမ်းပျော်သွားတယ်

"တကယ်ပေါ့ အရသာရှိတယ် "

Minjeongတစ်ယောက် Jimin ဖျော်ပေးတဲ့ ကော်ဖီသောက်ပြီး ဖြေလိုက်သည်

Aeriတို့ကတော့ Minjeongကို သူစိမ်းတစ်ယောက်နဲ့ အတူနေလို့ စိတ်ပူနေပေမယ့် Jiminနဲ့အတူရှိနေရတာက Minjeongအတွက် စိတ်သက်တောင့်သက်သာဖြစ်စေသည်

Jiminကို Minjeong ခိုးကြည့်ရင်း သူမ မျက်နှာမှာ ခရင်တွေ ပေနေတာကို တွေ့လိုက်ရသည်

"Jimin နင့်မျက်နှာ...နင့်နှုတ်ခမ်းနားမှာ ခရင်တွေ အယ် နေအုံး ငါဖယ်ပေးမယ် "

Minjeong ထိုင်နေရာက ထပြီး Jiminဆီသို့ လျှောက်သွားကာ နှုတ်ခမ်းပေါ်က ခရင်လေးကို ဖယ်ပေးလေသည်

"Minjeong နင်ဘာလို့ တစ်နေ့က ငါ့ကို နမ်းခဲ့တာလည်း "

Jiminရဲ ရုတ်တရက်မေးလိုက်တဲ့ မေးခွန်းကြောင့် Minjeong ဒူးတွေတုန်လာသည်

NingNingတို့က ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ဖို့ပြောပေမယ့် Jiminကမေးတော့ Minjeong အမှန် တိုင်းဖြေချင်လာသည်

"တောင်း တောင်းပန်ပါတယ် ငါအဲ့လိုမလုပ်လိုက်သင့်ဘူး "

"ငါ့ကို ဘာလို့နမ်းခဲ့တာလည်းဆိုတဲ့ ငါ့မေးခွန်းကို နင်အခုထိမဖြေရသေးဘူးနော် "

Jiminရဲ့ အကြည့်တွေနဲ့ အမိန့်ပေးသလို စကားမျိုးကို Minjeong မလွန်ဆန်နိုင်....ခေါင်းငုံ့မိလိုက်သည်

"ငါ...ငါနင့်ကို သဘောကျလို့ ... ပြီးတော့ နင်လည်း ငါ့လိုဘဲ ခံစားရမယ်ထင်လို့ "

"အဲ့မတိုင်ခင်ကတော့ ငါ့ကိုမကြိုက်ဘူးပေါ့...."

Jiminမှာ နှုတ်ခမ်းစူလိုက်ပြီး မေးတော့ Minjeong ဘာဖြေရမှန်းမသိပေ

"ဟင်...."

"ငါ့ကို မနမ်းခင်က သဘောကျတယ်လို့ ငါ့ကိုကြိုက်တယ်လို့ မခံစားမိဘူးလားလို့ "

Minjeong မှာ ဖွင့်ပြောလိုက်လို့ ရှက်နေရမယ့်အစား Jiminရဲ့ ထူးဆန်းတဲ့ဂြိုလ်သားမေးခွန်းတွေကြောင့် ရယ်ချင်လာသည်

"Jimin. ..အမှန်တိုင်းပြောရရင် နင့်ကို စတွေ့ကတည်းက ရင်ခုန်မိပြီးသဘောကျခဲ့တာ တစ်ရက်ပြီးတစ်ရက် နင့်ကို ချစ်တဲ့အချစ်တွေက ပိုပိုတိုးလာခဲ့တယ်သိလား....ပြီးတော့ နင်က smartကျတယ် ဆွဲဆောင်မှုရှိတယ် ချောတယ်လှတယ် နွေးထွေးတယ် ပြီးတော့ ငါ့ကိုလည်း လူကောင်းတစ်ယောက်ဖြစ်စေတယ် ဒါကြောင့်မို့ သဘောကျတယ် "

Jiminမှာ Minjeongရဲ့ ချစ်စရာကောင်းတဲ့ဖွင့်ပြောမှုကြောင့် သဘောကျနေသည်

"ဒီတော့ နင်မြင်ဖူးသမျှ မိန်းကလေးတွေထဲမှာ ငါကအချောဆုံးပေါ့ ဟုတ်လား  "

Jiminရဲ့ စကားကြောင့် Minjeong တစ်ယောက်ရှက်ပြီး ထူပူသွားသည်

အရက်သောက်ပြီး စကားတွေပြောနေမိခဲ့တဲ့ သူမကိုယ်သူမပိတ်သာရိုက်ပစ်ချင်မိသည်

"နင် ငါ့ကို ထပ်နမ်းချင်လား Minjeong "

Jiminက သူမနမ်းတာကို ပြန်မနမ်းခဲ့သူမဟုတ်လား အခုကျ Jiminက သူမကို လာအီနေတာလား

"Ji. ..Jimin. ..."

"Minjeong နင်က တကယ် ငါ့အပေါ်အရမ်းကောင်းတယ်....."

Jiminပြောပြီး Minjeong ဆီသို့ လျှောက်လာသည်

"ပြီးတော့ နင်က ငါ့ကိုလုံခြုံစေသလိုခံစားရစေတယ် "

Jimin ပြောပြီး Minjeongကို ဆောင့်ဆွဲလိုက်သည်

"ငါ့ကိုဆာလောင်အောင်လည်းမထားဘူး...နင်က တကယ် စိတ်ဝင်စားစရာကောင်းတာဘဲ "

"နင် နင်ပြောချင်တာက နင်လည်း ငါ့ကို သဘောကျတယ်ပေါ့ "

Minjeongကမေးတော့ Jimin ခေါင်းညိတ်ပြသည်

"အင်း ဟုတ်တယ် ငါနင့်ကို သဘောကျတယ် Minjeong ငါ့ကို ထပ်ပြီး နမ်းချင်လား "

Minjeong ရဲ့ မေးစေ့ကိုကိုင်ပြီး Jimin မေးလိုက်တော့ Minjeong တစ်ယောက် စိတ်လှုပ်ရှားလွန်းလို့ ရင်တွေအရမ်းခုန်လာသည်

"ဟို.... "

Aeriတို့ ပြောသလို သူမကိုအားကိုးနေတဲ့ Jiminအပေါ်အခွင့်အရေးယူသလို ဖြစ်မှာကိုလည်း Minjeong မဖြစ်စေချင်....

"Jimin ငါတို့ ဟန်မြစ်ဘက် လမ်းလျှောက်ထွက်ရအောင် အဲ့ဘက်မှာ စားသောက်ဆိုင်ကောင်းကောင်းရှိတယ် "

Jiminကို အစားနဲ့ချက်ချင်း စကားစလွှဲလိုက်သည်

"ဘာစားသောက်ဆိုင်လည်း "

"အစုံဘဲ သွားရအောင်....အဝတ်လဲလိုက် ငါစောင့်နေမယ် "

Jiminကို အိမ်ပေါ်ထပ်သို့ Minjeong သွားခိုင်းလိုက်ပြီး စိတ်လှုပ်ရှားနေတာ တည်ငြိမ်ဖို့ ရေကို ကြိုးစားသောက်နေရသည်

Gosh Jiminကလည်း ငါ့ကို သဘောကျတယ်တဲ့

#tbc

#zawgyi

"ဘာ သိတာတစ္လေတာင္ မၾကာေသးတဲ့ နင့္အိမ္မွာကပ္ေနတဲ့သူ႕ကို နမ္းခဲ့တာ ဟုတ္လား "

NingNingရဲ႕ က်ယ္ေလာင္တဲ့အသံေၾကာင့္ Jimin နိုးသြားမွာဆိုးလို႔ Minjeongမွာ NingNing ပါးစပ္ကို လွမ္းပိတ္လိုက္ရသည္

"Minjeongေရ....နင္တကယ္ဘဲ "

Aeriေလသံကေတာ့ Minjeong ကို စိတ္ပ်က္ေနတဲ့ပုံေပၚသည္

Wendyကေတာ့ အခုထိ အလုပ္ကိုမလာေသးေသာေၾကာင့္ ဘာမွ မသိေသးေပ

"ဟုတ္တယ္ ငါ မေန႕ညက Jiminကို နမ္းလိုက္မိတယ္ "

"ၿပီးေတာ့ ဘာဆက္ျဖစ္လည္း "

"Jiminက hummmဆိုၿပီး အသံထြက္လာတယ္ "

Minjeongေလးမွာ မေန႕ညက ကိစၥကို ျပန္ေတြးရင္း အမွားလုပ္မိသြားတယ္ဆိုၿပီး စိတ္ပူကာ သက္ျပင္းခ်မိသည္

"ဒါက ဆိုး႐ြားလြန္းတယ္ မဟုတ္လား Aeri. ..Ning "

"ေသာက္႐ူးမ.... အရက္ေသာက္ၿပီး Exအေၾကာင္း ေျပာျပရင္း နမ္းလိုက္တာေပါ့ေလ တကယ္ဘဲ "

Minjeong ရဲ႕ ေခါင္းကို ခြပ္ခနဲျမည္ေအာင္ NingNingေခါက္ခ်လိဳက္သည္ 

"အာ အဲ့လိုေတာ့လည္း မဟုတ္ဘူး ငါ...ငါ Jiminကို သေဘာက်တယ္....ၿပီးေတာ့ Jiminလည္း.....ငါ့ကိုသေဘာက်တယ္ထင္တယ္ "

Minjeongေျပာလိုက္ေပမယ့္လည္း Jimin က သူမကို ျပန္မနမ္းခဲ့တာ ျပန္သတိရလာၿပီး ရွက္လာသည္

ဒါေပမယ့္ ငါ့ကို ၾကည့္တဲ့အၾကည့္ေတြ ကာကြယ္ေပးခဲ့တာေတြ တစ္ခါတစ္ေလ ငါ့လက္ကို လာကိုင္တာေတြက Jimin က ငါ့ကို အီစီကလီလာလုပ္ေနတာမ်ိဳးနဲ႕ မတူဘူးလား ငါ ကဘဲ တစ္မ်ိဳးထင္ခဲ့တာလား...အထီးက်န္ေနလို႔ ထင္ေယာင္ထင္မွား ျဖစ္ေနခဲ့တာလား

"မ်က္ႏွာလွလွေလးေၾကာင့္ ထပ္ၿပီး ခ်စ္မိသြားတာလား Minjeong ...."

"နင္တို႔ငါ့ကို blind dateလုပ္ဖို႔ လႊတ္တာထက္ေတာ့ ဒါက ပိုေကာင္းပါတယ္ေနာ္ NingNing "

"ကဲ ဟုတ္ၿပီ နင္က Jiminကို ႀကိဳက္ေနတယ္ေပါ့ ဟုတ္လား...."

"အင္း ဟုတ္တယ္ Aeri "

"သူဘယ္သူမွန္း ဘယ္ကလာတာမွန္းမသိတဲ့ နင့္အိမ္မွာ ကပ္ေနရတဲ့ Jimin သူ႕မွာ နင္တစ္ေယာက္ဘဲရွိေနတာကို "

"Aeri ေျပာတာဟုတ္တယ္ Jimin ကို နင္အခြင့္အေရးယူသလိုျဖစ္ေနတယ္ Minjeong "

Aeriေျပာခ်င္တာကိုသေဘာေပါက္ၿပီး NingNingက ဝင္ေထာက္ခံသည္

"အဲ့လိုေတာ့ မေျပာပါနဲ႕ဟာ......"

Minjeong ေခါင္းငုံ႕ၿပီး တိုးတိုးေလးေျပာလိုက္သည္

"ငါ သူ႕ကိုေျပာလိုက္သင့္လား "

"No မေျပာနဲ႕ မေန႕ညက ဘာမွမျဖစ္ခဲ့သလို ဟန္ေဆာင္ေနလိုက္ နင္က ဟန္ေဆာင္ကြၽမ္းပါတယ္ Minjeongရ "

"NingNing ေျပာသလိုဘဲ ဘာမွမျဖစ္ခဲ့သလို သေဘာထားၿပီး ဟန္ေဆာင္ေနလိုက္ "

"အင္းပါ နင္တို႔ေျပာသလိုလုပ္ပါ့မယ္ "

"Hangover ျဖစ္တာ သက္သာေစမယ့္ ေဆးေသာက္အုံး ေရာ့ "

Aeri သူမအိတ္ထဲက ေဆးကိုထုတ္ၿပီး Minjeongကို ေပးလိုက္သည္

ခဏၾကာေသာအခါ Jiminတစ္ေယာက္ အိမ္အေပၚထပ္ကေန ဆင္းလာသည္

Jimin ဆင္းလာတာသိလို႔ Minjeong တစ္ေယာက္ ရင္ေတြခုန္ၿပီး ဘာလုပ္ရမွန္းမသိျဖစ္ကာ မီးပူေနတဲ့ ဒယ္ျပားကိုေကာက္ကိုင္ေလသည္

"အား.... "

Minjeong ေအာ္သံေၾကာင့္ Aeriတို႔မွာ ေခါင္းတခါခါနဲ႕ မသိသလိုဘဲေနလိုက္ၾကသည္

Jiminက ေတာ့ ေဆးေသတၱာဘူးကို ယူၿပီး Minjeongလက္ကို ေသခ်ာကိုင္ကာ ေဆးထည့္ေပးေနသည္

"နာေသးလား "

"မ မနာေတာ့ဘူး ေက်းဇူးတင္ပါတယ္ Jimin. ...."

Minjeongမွာ Jiminကို ေက်းဇူးတင္စကားေျပာၿပီး NingNingတို႔ကို လွမ္းၾကည့္ေတာ့ NingNingတို႔မွာ မသိခ်င္ေယာင္ေဆာင္ေနၾကသည္

Jiminက ငါနဲ႕လာ flirt ေနတာလား.......

Minjeongတစ္ေယာက္ တစ္ေနကုန္လုံး Jiminကို မ်က္ႏွာခ်င္းမဆိုင္ဘဲ စကားသိပ္မေျပာဘဲ ေရွာင္ေနမိသည္

ညေရာက္ေတာ့ Jiminကို ညစာျပင္ေပးၿပီး Minjeong ဆိုင္ထဲကေပါင္မုန့္ေတြ ကိတ္မုန့္ေတြကို ျပန္စီၿပီး အလုပ္ရႈပ္ခ်င္ေယာင္ေဆာင္ေနသည္

Jiminက မီးဖိုခန္းထဲကထြက္လာေတာ့ Minjeong မွာ မီးဖိုခန္းထဲဝင္သြားေလသည္

ခဏၾကာလို႔ Minjeong မီးဖိုခန္းထဲကထြက္လာေတာ့ အိမ္ေရွ႕မွာ ရပ္ေနတဲ့ Jiminကို ေတြ႕လိုက္ရသည္

Minjeong စိတ္ပူၿပီး အိမ္ေရွ႕ကိုထြက္လာေတာ့ Jimin လက္ကို ကိုင္ထားတဲ့ ေျခာက္ႏွစ္အ႐ြယ္  ကေလးတစ္ေယာက္ကိုေတြ႕လိုက္ရသည္

"ဘာျဖစ္တာလည္း Jimin. ..."

"ဒီကေလးေလး လမ္းေပ်ာက္သြားလို႔တဲ့ "

Jimin မ်က္လုံးထဲ ကေလးအတြက္ စိတ္ပူေနတာကို Minjeong ေတြ႕ျမင္လိုက္ရသည္

"ကေလး...နင့္ရဲ႕ေဖေဖတို႔ေရာ...."

Minjeong ကေမးေတာ့ ကေလးမွာေခါင္းခါၿပီး Jiminကို ဖက္ငိုသည္

Jiminမွာ ကေလးကိုေပြ႕ခ်ီၿပီးေခ်ာ့ေတာ့ Minjeong ၾကည့္ရင္း ကေလးကိုေတာင္မနာလိုျဖစ္မိလာသည္

Minjeong တစ္ေယာက္ သူမတို႔လမ္းထဲ ကေလးမိဘေတြကို လိုက္ရွာရင္း ကေလးနာမည္ကို ေအာ္ဟစ္ကာရွာေနၾကတဲ့ စုံတြဲကို ေတြ႕ေလသည္

စုံတြဲကို Minjeong သြားေမးေတာ့ သူမတို႔ဆိုင္ေရွ႕ေရာက္ေနတဲ့ ကေလးရဲ႕မိဘမွန္း သိလိုက္ရသည္

ကေလးမိဘေတြမွာ သူတို႔ေပါ့ဆမႈအတြက္ေတာင္းပန္ၿပီး ကေလးကိုေစာင့္ေရွာက္ေပးလို႔ Jiminjeong တို႔ကို ေက်းဇူးတင္စကားေျပာေနသည္

"Bye bye Unnie "

"Bye "

ကေလးကို လက္ျပႏႈတ္ဆက္ေနတဲ့ Jiminကို Minjeong စိုက္ၾကည့္ေနမိသည္

Minjeong စိုက္ၾကည့္ေနတာကိုလည္း Jimin သတိထားမိသည္

"ဘာလို႔ စိုက္ၾကည့္ေနတာလည္း "

"ဟို... ဘာမွမဟုတ္ပါဘူး ကေလးကို နင္ ဂ႐ုစိုက္ေပးတာ ၾကည္ႏူးစရာေကာင္းလို႔ ...."

"အာ ငါ့ေနရာမွာ နင္သာဆိုလည္း ကေလးကို ဂ႐ုစိုက္ေပးမွာဘဲကို ကေလးကို အရင္ေတြ႕တာ ငါျဖစ္ေနလို႔ "

Jiminရဲ႕ စကားေၾကာင့္ Minjeong ရယ္လိုက္မိသည္

"နင္ေျပာသလိုျဖစ္ခ်င္မွျဖစ္မွာေလ ကေလးေတြၾကားမွာ ကေလးေတြနဲ႕ဆို ငါက မေကာင္းဆိုးဝါးျဖစ္ခ်င္လည္းျဖစ္ေနမွာ "

Minjeongရဲ႕ စကားေၾကာင့္ Jiminမွာ Minjeong ရဲ႕ ေမးေစ့ကို လက္ညိုးေလးနဲ႕ေထာက္လိုက္သည္

"နင္ကလား....မျဖစ္နိုင္တာ နင္က ငါေတြ႕ဖူးသမွ်ထဲမွာ စိတ္ထားအေကာင္းဆုံးမိန္းကေလးဘဲ "

Jiminရဲ႕ အျပဳအမူေၾကာင့္ Minjeong ရွက္ၿပီး မ်က္ႏွာေလးနီရဲလာသည္

ဒါေတြေၾကာင့္လည္း Jiminကို တစ္ေန႕လုံး  သူမေရွာင္ေနခဲ့တာေလ ....Jiminေၾကာင့္ ေျဗာင္းဆန္ေနတဲ့ သူမႏွလုံးသားေလး ၿငိမ္သက္ဖို႔ကို Minjeong ဆုေတာင္းေနမိသည္

Sunday morningမွာေတာ့ ေနအလင္းေရာင္ေၾကာင့္ Minjeong အႏွောင့္အယွက္ ျဖစ္ၿပီး နိုးလာသည္

Minjeong အိပ္ရာကထၿပီး အေၾကာဆန့္ေနရင္း Jimin မရွိတာကို သတိထားမိသြားတယ္

Jiminက အၿမဲ Minjeong အိပ္ရာနိုးၿပီးမွ နိုးတဲ့သူေလ

Jimin တစ္ေယာက္ ထြက္မ်ားေျပးသြားသလားဆိုၿပီး Minjeong ေတြးမိလို႔ မ်က္ႏွာအျမန္သစ္ၿပီး ေအာက္ထပ္ကိုဆင္းလာသည္

မီးဖိုခန္းထဲက အသံေတြၾကားမွ Minjeong စိတ္သက္သာရာ ရသြားတယ္

"နိုးၿပီလား ဒီေန႕အိပ္ရာထေနာက္က်တယ္ေနာ္ "

Jiminမွာ ေကာ္ဖီခြက္ေတြကို စားပြဲခုံေပၚတင္ရင္း Minjeongကို လွမ္းႏႈတ္ဆက္လိုက္သည္

"အာ ဟုတ္တယ္....မေန႕ကပင္ပန္းလို႔ထင္တယ္ အၾကာႀကီး အိပ္ေပ်ာ္သြားတယ္ ဒါနဲ႕ ပိတ္ရက္ကို ဘာလို႔ မုန့္ဖုတ္ေနတာလည္း "

"နင့္အတြက္ မနက္စာလုပ္ေပးခ်င္လို႔ေလ "

Jiminရဲ႕ စကားေၾကာင့္ Minjeongရဲ႕ ႏွလုံးသားေလး ထပ္ၿပီး အရည္ေပ်ာ္ရျပန္သည္

"ဘာလို႔လည္း "

"ဘာလို႔လည္းဆိုေတာ့ နင့္ၾကည့္ရတာ စိတ္တိုေနတဲ့ပုံေပၚလို႔ ၿပီးေတာ့ မေန႕က တစ္ေနလုံး ငါ့ကိုလည္း စကားသိပ္မေျပာဘူး good nightေတာင္မႏႈတ္ဆက္ဘဲ အိပ္သြားတယ္ "

"အာ... "

"ကဲပါ မနက္စာအရင္စားအုံး "

Minjeongလည္း ထိုင္ခုံမွာ ထိုင္လိုက္ၿပီး Jimin လုပ္ေပးတဲ့မနက္စာကို စားလိုက္သည္

"Jimin စားလို႔အရမ္းေကာင္းတယ္..."

"အယ္ တကယ္လား "

Minjeongဆီက ခ်ီးက်ဴးစကားၾကားရလို႔ Jimin အရမ္းေပ်ာ္သြားတယ္

"တကယ္ေပါ့ အရသာရွိတယ္ "

Minjeongတစ္ေယာက္ Jimin ေဖ်ာ္ေပးတဲ့ ေကာ္ဖီေသာက္ၿပီး ေျဖလိုက္သည္

Aeriတို႔ကေတာ့ Minjeongကို သူစိမ္းတစ္ေယာက္နဲ႕ အတူေနလို႔ စိတ္ပူေနေပမယ့္ Jiminနဲ႕အတူရွိေနရတာက Minjeongအတြက္ စိတ္သက္ေတာင့္သက္သာျဖစ္ေစသည္

Jiminကို Minjeong ခိုးၾကည့္ရင္း သူမ မ်က္ႏွာမွာ ခရင္ေတြ ေပေနတာကို ေတြ႕လိုက္ရသည္

"Jimin နင့္မ်က္ႏွာ...နင့္ႏႈတ္ခမ္းနားမွာ ခရင္ေတြ အယ္ ေနအုံး ငါဖယ္ေပးမယ္ "

Minjeong ထိုင္ေနရာက ထၿပီး Jiminဆီသို႔ ေလွ်ာက္သြားကာ ႏႈတ္ခမ္းေပၚက ခရင္ေလးကို ဖယ္ေပးေလသည္

"Minjeong နင္ဘာလို႔ တစ္ေန႕က ငါ့ကို နမ္းခဲ့တာလည္း "

Jiminရဲ ႐ုတ္တရက္ေမးလိုက္တဲ့ ေမးခြန္းေၾကာင့္ Minjeong ဒူးေတြတုန္လာသည္

NingNingတို႔က ဘာမွမျဖစ္ခဲ့သလို ဟန္ေဆာင္ဖို႔ေျပာေပမယ့္ Jiminကေမးေတာ့ Minjeong အမွန္ တိုင္းေျဖခ်င္လာသည္

"ေတာင္း ေတာင္းပန္ပါတယ္ ငါအဲ့လိုမလုပ္လိုက္သင့္ဘူး "

"ငါ့ကို ဘာလို႔နမ္းခဲ့တာလည္းဆိုတဲ့ ငါ့ေမးခြန္းကို နင္အခုထိမေျဖရေသးဘူးေနာ္ "

Jiminရဲ႕ အၾကည့္ေတြနဲ႕ အမိန့္ေပးသလို စကားမ်ိဳးကို Minjeong မလြန္ဆန္နိုင္....ေခါင္းငုံ႕မိလိုက္သည္

"ငါ...ငါနင့္ကို သေဘာက်လိဳ႕ ... ၿပီးေတာ့ နင္လည္း ငါ့လိုဘဲ ခံစားရမယ္ထင္လို႔ "

"အဲ့မတိုင္ခင္ကေတာ့ ငါ့ကိုမႀကိဳက္ဘူးေပါ့...."

Jiminမွာ ႏႈတ္ခမ္းစူလိုက္ၿပီး ေမးေတာ့ Minjeong ဘာေျဖရမွန္းမသိေပ

"ဟင္...."

"ငါ့ကို မနမ္းခင္က သေဘာက်တယ္လို႔ ငါ့ကိုႀကိဳက္တယ္လို႔ မခံစားမိဘူးလားလို႔ "

Minjeong မွာ ဖြင့္ေျပာလိုက္လို႔ ရွက္ေနရမယ့္အစား Jiminရဲ႕ ထူးဆန္းတဲ့ၿဂိဳလ္သားေမးခြန္းေတြေၾကာင့္ ရယ္ခ်င္လာသည္

"Jimin. ..အမွန္တိုင္းေျပာရရင္ နင့္ကို စေတြ႕ကတည္းက ရင္ခုန္မိၿပီးသေဘာက်ခဲ့တာ တစ္ရက္ၿပီးတစ္ရက္ နင့္ကို ခ်စ္တဲ့အခ်စ္ေတြက ပိုပိုတိုးလာခဲ့တယ္သိလား....ၿပီးေတာ့ နင္က smartက်တယ္ ဆြဲေဆာင္မႈရွိတယ္ ေခ်ာတယ္လွတယ္ ႏြေးေထြးတယ္ ၿပီးေတာ့ ငါ့ကိုလည္း လူေကာင္းတစ္ေယာက္ျဖစ္ေစတယ္ ဒါေၾကာင့္မို႔ သေဘာက်တယ္ "

Jiminမွာ Minjeongရဲ႕ ခ်စ္စရာေကာင္းတဲ့ဖြင့္ေျပာမႈေၾကာင့္ သေဘာက်ေနသည္

"ဒီေတာ့ နင္ျမင္ဖူးသမွ် မိန္းကေလးေတြထဲမွာ ငါကအေခ်ာဆုံးေပါ့ ဟုတ္လား  "

Jiminရဲ႕ စကားေၾကာင့္ Minjeong တစ္ေယာက္ရွက္ၿပီး ထူပူသြားသည္

အရက္ေသာက္ၿပီး စကားေတြေျပာေနမိခဲ့တဲ့ သူမကိုယ္သူမပိတ္သာရိုက္ပစ္ခ်င္မိသည္

"နင္ ငါ့ကို ထပ္နမ္းခ်င္လား Minjeong "

Jiminက သူမနမ္းတာကို ျပန္မနမ္းခဲ့သူမဟုတ္လား အခုက် Jiminက သူမကို လာအီေနတာလား

"Ji. ..Jimin. ..."

"Minjeong နင္က တကယ္ ငါ့အေပၚအရမ္းေကာင္းတယ္....."

Jiminေျပာၿပီး Minjeong ဆီသို႔ ေလွ်ာက္လာသည္

"ၿပီးေတာ့ နင္က ငါ့ကိုလုံၿခဳံေစသလိုခံစားရေစတယ္ "

Jimin ေျပာၿပီး Minjeongကို ေဆာင့္ဆြဲလိုက္သည္

"ငါ့ကိုဆာေလာင္ေအာင္လည္းမထားဘူး...နင္က တကယ္ စိတ္ဝင္စားစရာေကာင္းတာဘဲ "

"နင္ နင္ေျပာခ်င္တာက နင္လည္း ငါ့ကို သေဘာက်တယ္ေပါ့ "

Minjeongကေမးေတာ့ Jimin ေခါင္းညိတ္ျပသည္

"အင္း ဟုတ္တယ္ ငါနင့္ကို သေဘာက်တယ္ Minjeong ငါ့ကို ထပ္ၿပီး နမ္းခ်င္လား "

Minjeong ရဲ႕ ေမးေစ့ကိုကိုင္ၿပီး Jimin ေမးလိုက္ေတာ့ Minjeong တစ္ေယာက္ စိတ္လႈပ္ရွားလြန္းလို႔ ရင္ေတြအရမ္းခုန္လာသည္

"ဟို.... "

Aeriတို႔ ေျပာသလို သူမကိုအားကိုးေနတဲ့ Jiminအေပၚအခြင့္အေရးယူသလို ျဖစ္မွာကိုလည္း Minjeong မျဖစ္ေစခ်င္....

"Jimin ငါတို႔ ဟန္ျမစ္ဘက္ လမ္းေလွ်ာက္ထြက္ရေအာင္ အဲ့ဘက္မွာ စားေသာက္ဆိုင္ေကာင္းေကာင္းရွိတယ္ "

Jiminကို အစားနဲ႕ခ်က္ခ်င္း စကားစလႊဲလိုက္သည္

"ဘာစားေသာက္ဆိုင္လည္း "

"အစုံဘဲ သြားရေအာင္....အဝတ္လဲလိုက္ ငါေစာင့္ေနမယ္ "

Jiminကို အိမ္ေပၚထပ္သို႔ Minjeong သြားခိုင္းလိုက္ၿပီး စိတ္လႈပ္ရွားေနတာ တည္ၿငိမ္ဖို႔ ေရကို ႀကိဳးစားေသာက္ေနရသည္

Gosh Jiminကလည္း ငါ့ကို သေဘာက်တယ္တဲ့

#tbc

Bạn đang đọc truyện trên: Truyen3h.Co