Truyen3h.Co

ကျွန်မချစ်သူ မြေခွေးမလေး

Part 8

KimFany059

#unico
(ဒီအပိုင်းထဲ Jiminရဲ့ POVကို နည်းနည်းလေးပြန်ရေးထားပါတယ်)

မုန့်ဖုတ်သမားလေး Minjeong တစ်ယောက် သူမကို အရက်မူးပြီး နမ်းလိုက်တဲ့အချိန်ကစပြီး Jimin တစ်ယောက် စိတ်ရှုပ်သွားတယ်

Minjeongရဲ့ လွှမ်းမိုးမှုကို Jimin သတိထားမိတယ်

ကောင်လေးတွေက သူမကို လှပလို့နမ်းကြတာလေ

Jiminကလည်း ကောင်လေးတွေကို ဆွဲဆောင်ဖို့နဲ့ ကောင်လေးတွေနဲ့နမ်းရင်း ကိုယ်ခန္ဓာကိုယ်ထဲက ဝိညာဥ်ကို နှုတ်ယူမယ့် အကြောင်းပြချက် နှစ်ခုကြောင့် ကောင်လေးတွေကို နမ်းခွင့်ပေးထားသည်

ဒါပေမယ့် Minjeong ကတော့ အဲ့လိုမဟုတ်ဘူး....

သူမနဲ့ပတ်သက်တဲ့ Minjeongရဲ့ ခံစားချက်တွေကို Jimim ပိုသိချင်လာပြီး မေးချင်လာသည်

လူသားတွေနဲ့ စကားပြောရတာကို Jimin သဘောကျတယ်လေ အထူးသဖြင့် မုန့်ဖုတ်သမားလေး Minjeong ကိုပေါ့

ဒါပေမယ့် Minjeong နဲ့  စကားပြောခွင့်မရခဲ့လိုက်ဘူး.....Minjeongက သူမနဲ့အကွာအဝေးတစ်ခုမှာနေနေခဲ့လို့လေ

ညစာစားတော့လည်း Minjeongက Yoona ချက်ပေးခဲ့တဲ့ ထမင်းဟင်းတွေကို သေချာမစားဘဲ တို့စိတို့စိလုပ်နေသည်

"Minjeong နင် မစားဘူးလား "

"အာ အင်း ဗိုက်သိပ်မဆာလို့ "

Minjeongရဲ့ စကားကြောင့် Jimin အံ့သြသွားတယ် ဘာလို့ဆို Minjeong နေ့လည်တုန်းက ပူတင်းပေါင်မုန့်သေးသေးလေးဘဲ စားထားလို့လေ

"ဗိုက်မဆာလို့ ဟုတ်လား "

"မနေ့ညက ငါသောက်တာများသွားလို့ထင်တယ် နည်းနည်းပင်ပန်းနေတယ် "

Jiminမှာ မနေ့ညက သူမကို ဘာလို့နမ်းခဲ့တာလည်း မေးဖို့လုပ်ပေမယ့် Minjeong က ထရပ်လိုက်သည်

"စားပြီးသွားပြီ ရေချိုးပြီး အိပ်တော့မယ် Jimin. .."

Minjeongပြောပြီး ထွက်သွားတော့ Jimin သက်ပြင်းချလိုက်သည်

ထို့နောက် ပန်းကန်ဆေး ဆိုင်ကို သေချာစစ်ပြီး အိမ်ပေါ်တက်လာတော့ Minjeong အိပ်ပျော်နေတာကို Jimin တွေ့ရသည်

သူမကို ဘာကြောင့် နမ်းတာလည်းလို့ Minjeong ကို Jiminမေးချင်နေပေမယ့် Minjeong ကတော့ Jimin နဲ့ စကားပြောဖို့ကို ရှောင်နေသလိုပင်

Jiminမှာတော့ Minjeongက သူမကို ဘာလို့ရှောင်နေလည်းဆိုတာ တွေးမရပေ

Sunday မနက်ခင်းမှာတော့ Jimin တစ်ယောက် Minjeong ထက် စောနိုးနေသည်

အိပ်ပျော်နေတဲ့ Minjeongကို Jimin စောင်သေချာခြုံပေးပြီး ရေချိုးဖို့ ရေချိုးခန်းဘက်သွားလိုက်သည်

ရေချိုးပြီး ထွက်လာတာတောင် Minjeong က မနိုးသေးလို့ Jimin အံ့သြနေသည်

ပုံမှန်ဆို Minjeong ပြောတဲ့အတိုင်း လိုက်လုပ်ရတဲ့ Jiminအတွက် ယခုတော့ ပထမဆုံးအစောကြီးနိုးနေပြီး ဘာလုပ်ရမှန်းမသိဖြစ်နေသည်

ဒုက္ခဘဲ ဒီလူသား သေသွားရင် ဘယ်လိုလုပ်ရပါ့

Jimin မနက်စာပြင်ဆင်ရင်း Minjeongရဲ့ ခြေသံကို ကြားလို့ Minjeong ဆင်းလာမှန်းသိလိုက်သည်

"နိုးပြီလား ဒီနေ့ အိပ်ရာထနောက်ကျတယ်နော် "

Jiminမှာ စားပွဲခုံပေါ် ကော်ဖီခွက် တင်ရင်း Minjeong ကို လှမ်းနှုတ်ဆက်လိုက်သည်

"အာ ဟုတ်တယ် မနေ့က ပင်ပန်းလို့ထင်တယ် အကြာကြီး အိပ်ပျော်သွားတယ် ဒါနဲ့ ပိတ်ရက်ကို ဘာလို့ မုန့်ဖုတ်နေတာလည်း "

"နင့်အတွက် မနက်စာလုပ်ပေးချင်လို့လေ "

Jimin ဂုဏ်ယူစွာနဲ့ပြောလိုက်သည်

"ဘာလို့လည်း "

Minjeong မေးတာကို ဘယ်လိုဖြေရမလဲ Jimin တွေးနေသည် သူ့ကြောင့်တော့ Jimin တစ်ယောက် အတွေးလွန်ခဲ့​မိတာတော့ အမှန်ပင်

"နင့်ကြည့်ရတာ စိတ်တိုနေတဲ့ပုံပေါ်လို့... ပြီးတော့ ငါ့ကိုလည်း စကားသိပ်မပြောဘူးလေ Good night တောင်မပြောဘဲ အိပ်သွားတယ် "

"အာ..."

"ကဲပါ မနက်စာအရင်စားအုံး "

"Jimin အရသာရှိတယ် "

"အယ် တကယ်လား "

Minjeongက သူမလက်ရာကို ချီးကျူးလိုက်သောကြောင့် Jimin အရမ်းစိတ်လှုပ်ရှားသွားသည်

"Minjeong နင် ဘာလို့ တစ်နေ့က ငါ့ကို နမ်းခဲ့တာလည်း "

သူမ နှုတ်ခမ်းပေါ်က ခရင်လေး လာဖယ်ပေးတဲ့ Minjeong ကို Jiminရုတ်တရက်မေးလိုက်သည်

Jimin မေးခွန်းကြောင့် Minjeong ဒူးတွေတုန်လာပြီး နှလုံးခုန်မြန်လာတာကိုလည်း Jimin ကြားနေမြင်နေရသည်

"တောင်းပန်ပါတယ် ငါအဲ့လို မလုပ်လိုက်သင့်ဘူး "

Minjeongဆီက အဖြေလိုချင်တဲ့ Jimin တစ်ယောက် တောင်းပန်စကားကြောင့် ခေါင်းခါလိုက်သည်

"ငါ့ကို ဘာလို့ နမ်းခဲ့တာလည်းဆိုတဲ့ ငါ့မေးခွန်းကို နင်မဖြေရသေးဘူးနော်"

"ငါ ငါနင့်ကို သဘောကျလို့....ပြီးတော့ နင်လည်း ငါ့လိုခံစားရမယ်ထင်လို့ "

Minjeong အဖြေကြောင့် Jimin မျက်မှောင်ကြုတ်သွားတယ်

စတွေ့တွေ့ချင်းတုံးက ငါ့ကို သူ သဘောမကျဘူးလား

Minjeongကို Jimin လိုချင်တဲ့အဖြေရအောင် မေးပြီးနောက် Minjeong နဲ့ ပတ်သက်ပြီး သူမခံစားချက်တွေကိုပါ ထုတ်ဖော်ပြောလိုက်မိသည်

အနမ်းပေးမလားထပ်မေးလို့ Minjeong ရှက်သွားတာကိုလည်း Jimin သဘောကျပြီး ခိုးရယ်မိသည်

တနလာ်နေ့ မနက်ခင်းမှာတော့ Jimin တစ်ယောက် ကောင်းမွန်တဲ့ ခံစားချက်နဲ့ အတူ နိုးထလာသည်

စောင်ခေါက်နေရင်း မနေ့က ဟန်မြစ်ဘေး လမ်းအတူလျှောက်ခဲ့တာတွေ မြို့ထဲ နေ့လည်စာသွားစားရင်း လူအုပ်တွေကြား Jiminလက်ကို Minjeong ခပ်တင်းတင်းတွဲထားခဲ့တာတွေကို Jimin ပြန်တွေးမိပြီး ပြုံးလိုက်မိသည်

ထို့အပြင် ဒိုးနပ်စားတုန်းက Jimin နှုတ်ခမ်းနားက ဒိုးနပ်ကို ယူစားသလိုလိုနဲ့ Minjeong တစ်ယောက် Jimin နှုတ်ခမ်းလေးကို အနမ်းပေးခဲ့သေးသည်

ဒါကြောင့်မို့ မြေခွေးမလေးတစ်ယောက် ပြန်တွေးမိတိုင်း ကျေနပ်ပီတိဖြာမိနေလေရဲ့

Jimin ရေချိုးပြီး အောက်ကိုဆင်းလာတော့ Minjeongက သူမကိုလှမ်းခေါ်သည်

"Jimin ဒါလေး လာကြည့် "

"ဘာများလည်း "

"မနေ့က နင်ငါ့ကိုလုပ်ကျွေးခဲ့တဲ့ မုန့်လေး အခု ငါ့ versionနဲ့ ပြန်လုပ်ကြည့်နေတာ "

Minjeong ခက်ရင်းနဲ့ခွံ့ကျွေးတာကို Jimin စားလိုက်သည်

"စားလို့ကောင်းတယ် Minjeong "

"ဒါပါ တင်ရောင်းရမယ် "

မုန့်ဖုတ်သမားလေးတို့ မုန့်ဖုတ်ကြရင်း နေ့လည်သို့ရောက်လာသည်

"Jimin Unnie "

"Saebyeok လေး "

တစ်နေ့က Jimin ကယ်ခဲ့တဲ့ လမ်းပျောက်ခဲ့တဲ့ ကလေးလေးနဲ့ သူမမိဘတွေမှာ ကျေးဇူးတင်လို့ ထပ်ပြီး Jiminတို့ဆီ မုန့်လာဝယ်လေသည်

"Unnie လုပ်ထားတဲ့ ပူတင်းပေါင်မုန့်စားမလား "

ချစ်စရာကောင်းပြီး တက်ကြွနေတဲ့ ကလေးမလေးကို Jimin မေးတော့ ကလေးမလေးမှာ ခေါင်းညိတ်ပြသည်

Jimin ကောင်လေးတွေနဲ့ကလွဲလို့ ကလေးတွေနဲ့ အတူ နီးနီးကပ်ကပ်မနေခဲ့ဘူးလေ

အခုတော့ အပြစ်ကင်းပြီး လူကြီးတွေမပါရင် အကူအညီမဲ့တဲ့ ကလေးလေးတွေအကြောင်း Jimin နည်းနည်းသိလာသည်

"သမီး....Unnieကို ဘာပြောဖို့ကျန်သေးလည်း "

"ကျေးဇူးတင်ပါတယ် Jimin Unnie "

ကလေးမလေးမှာ Jiminကို အရိုအသေပေးပြီး ကျေးဇူးတင်စကားပြောလိုက်သည်

Jiminမှာ ကလေးနဲ့မိဘတွေကို ကားပါကင်ထိလိုက်ပို့ပြီး ဆိုင်ထဲ ပြန်ဝင်လာတော့ Minjeongတို့က စျေးရောင်းနေသည်

ထို့ကြောင့် ကောင်တာဘက် လွတ်နေလို့ ကောင်တာဘက် သွားလိုက်တော့ မုန့်ဗန်းကို ကိုင်ကာ သူမဘက်ကို လျှောက်လာတဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့ရသည်

"တို့ကို စားလို့ကောင်းတာလေး ညွှန်းပေးပါလား "

"ဟုတ် ဒီက ဧည့်သည်ယူလာတဲ့ ပဲပေါင်မုန့်လေးက စားလို့ကောင်းပါတယ် "

Jimin မုန့်ဗန်းထဲက ပဲပေါင်မုန့်ကို ညွှန်းပြလိုက်သည်

အမျိူးသမီးမှာ ပဲပေါင်မုန့်ကို စားကြည့်ရင်း Jiminကို စိုက်ကြည့်နေသည်

Jiminကတော့ စစချင်း ဧည့်သည်ဖြစ်နေလို့ အမျိုးသမီးကို ပြုံးပြလိုက်ပေမယ့် အမျိုးသမီးမှာ စားပြီးတာတောင် Jiminကို စိုက်ကြည့်နေသည်

"ဟို ဧည့်သည် ဘာကူညီပေးရအုံးမလည်း "

"အာ....ဟုတ် ကူညီစရာမရှိပါဘူး ဒီတိုင်း ဒီက တစ်ယောက်က အရမ်းလှလို့ ငေးကြည့်နေမိတာ အကြည့်တွေက မသင့်တော်သလိုဖြစ်ပြီး အနေရခက်စေလို့ တောင်းပန်ပါတယ်နော် "

လူသားတွေဆီက သူမဟာ အရမ်းလှတယ်ဆိုတဲ့ ပြောစကားကို Jimin ရိုးအီနေအောင် ကြားနေရဆဲ

"ဟုတ် ကျေးဇူးတင်ပါတယ် "

"ဒီက အခုမှအသစ်ရောက်လာတဲ့သူလား အရင်က ဒီမြို့ထဲမှာ ဒီကတစ်ယောက်လို အရမ်းလှတဲ့မိန်းကလေးမျိုး မတွေ့ဖူးဘူး နာမည်ကဘယ်လိုခေါ်လည်း "

"ဟုတ် ရောက်လာတာ တစ်လမပြည်လသေးပါဘူး နာမည်က Jimin ပါ "

"Oh Jimin. ...ဟုတ်ပြီ မုန့်ကောင်းကောင်းလေး ညွှန်းပေးလို့ ကျေးဇူးနော် ဒီမုန့်တွေဗန်းလိုက် တို့ထပ်ယူမယ် '

"ဟုတ် ကျေးဇူးတင်ပါတယ် '

"နောက်လည်း ထပ်တွေ့ကြရအောင်နော် Jimin see ya "

အမျိုးသမီး​က ထွက်သွားတော့ Jimin တစ်ယောက် Minjeongဆီက စိတ်တိုနေတဲ့ ခံစားချက်မျိုး ရလိုက်သည်

"အယ် သူ ဘာဖြစ်နေတာလည်း "

Jimin ကောင်တာကနေ ထွက်လာပြီး Minjeong ဆီကို သွားလိုက်သည်

"Minjeong ဘာဖြစ်လို့လည်း ဘာလို့ စိတ်ဆိုးနေတာလည်း "

Jiminက ရုတ်တရက် မေးလာသောကြောင့် Minjeong ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်သည်

"ဘာဖြစ်လို့လည်း ဘာမှမဖြစ်ပါဘူး စိတ်ဆိုးစရာမှမရှိတာ "

"တစ်ခုခုဖြစ်နေတာလား..."

Minjeong နားရွက်တွေနီရဲလာပြီး Jimin အကြည့်တွေကိုလည်း Minjeong ရှောင်ဖယ်နေသည်

"မဖြစ်ပါဘူးဆို "

"ဘာလည်း ခုနဧည့်သည်စကားကြောင့်လား "

"ဘုရားရေ Jiminက တကယ်ဘဲ ငါ့စိတ်ကို ဖတ်နိုင်နေတာလား....နင်က စိတ်ဖတ်နိင်တဲ့သူလား. "

"သူက ဘာပြောလို့ နင်က စိတ်ဆိုးရတာလည်း.."

"အာ အဲ့တာက ရှက်စရာကြီး ငါမပြောပြချင်ဘူး "

"ပြီးရော နေပေါ့မပြောနဲ့ "

Jimin စိတ်ဆိုးချင်ယောင်ဆောင်ပြီး နှုတ်ခမ်းစူကာ လှည့်ထွက်မယ်လုပ်တော့ Minjeong မှာ Jimin လက်ကိုလှမ်းဆွဲသည်

"နေပါအုံး...."

Jiminလက်ကို Minjeong လှမ်းဆွဲပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်တော့ NingNing တို့က သူမတို့ကို စိုက်ကြည့်နေသည်

ထို့ကြောင့် Minjeong တစ်ယောက် Jiminလက်ကို ဆွဲပြီး အိမ်ပေါ်ထပ်သို့ ခေါ်လာသည်

အခန်းထဲရောက်တော့ Jiminရဲ့ လက်ကို Minjeong လွှတ်ပေးလိုက်သည်

"ငါ ငါ နင့်ကို သဝန်တိုနေတာ သိလား Jimin "

"ဟင် ဘာလို့လည်း "

"နင့်ကို ငါကြိုက်နေတာသိတယ်မလား....အင်း တစ်ခြားသူတွေက နင့်ကိုကြိုက်တာ သဘောမကျလို့ "

"ငါ့ကို လူတွေကြိုက်တာ မဖြစ်စေချင်ဘူးပေါ့ "

Jimin ရဲ့ စကားကြောင့် Minjeong သက်ပြင်းချလိုက်သည်

"အဲ့လိုတော့ မဟုတ်ပါဘူး ဒါပေမယ့်.... လူတွေက နင့်ကိုကြည့်ပြီး... နမ်းချင်စိတ်တွေဖြစ်လာမှာဟ "

"Aww Minjeongရယ် မဖြစ်နိုင်​ပါဘူးဟ "

"မဟုတ်ဘူး ဖြစ်နိုင်တယ် ငါ့ကိုဘဲ ကြည့်လေ...."

"နင် ဘာလို့ အရမ်းစိတ်ပူနေတာလည်း..."

Jiminကမေးတော့ Minjeongက ခေါင်းငုံ့သွားတယ်

Jimin ရုတ်တရက် Minjeongပြောပြတဲ့ သူမရည်းစားဟောင်းက သစ္စာဖောက်ခဲ့တဲ့အကြောင်း သတိရသွားတယ်

ဒါကြောင့်မို့ Minjeongက အခုလို ဖြစ်နေရတာကိုး

"တကယ် အရူးမလေးဘဲ Minjeong. ....လာပါအုံး....စိတ်ချပါ Minjeong တို့​ မင်းကလွဲပြီး ဘယ်သူ့ကိုမှ သဘောမကျသလို ဘယ်သူနမ်းတာမှလည်းမခံသလို ဘယ်သူ့ကိုမှလည်း မနမ်းပါဘူး...တို့စိတ်ထဲမှာ Minjeong တစ်ယောက်ဘဲရှိတယ် သိလား...... "

စိတ်ပူစိုးရိမ်နေတဲ့ Minjeongကို Jimin ရင်ခွင်ထဲ ဆွဲထည့်ဖက်ပြီး ပြောတော့ Minjeong ပြုံးမိသွားတယ်

#tbc

#zawgyi

(ဒီအပိုင္းထဲ Jiminရဲ႕ POVကို နည္းနည္းေလးျပန္ေရးထားပါတယ္)

မုန့္ဖုတ္သမားေလး Minjeong တစ္ေယာက္ သူမကို အရက္မူးၿပီး နမ္းလိုက္တဲ့အခ်ိန္ကစၿပီး Jimin တစ္ေယာက္ စိတ္ရႈပ္သြားတယ္

Minjeongရဲ႕ လႊမ္းမိုးမႈကို Jimin သတိထားမိတယ္

ေကာင္ေလးေတြက သူမကို လွပလို႔နမ္းၾကတာေလ

Jiminကလည္း ေကာင္ေလးေတြကို ဆြဲေဆာင္ဖို႔နဲ႕ ေကာင္ေလးေတြနဲ႕နမ္းရင္း ကိုယ္ခႏၶာကိုယ္ထဲက ဝိညာဥ္ကို ႏႈတ္ယူမယ့္ အေၾကာင္းျပခ်က္ ႏွစ္ခုေၾကာင့္ ေကာင္ေလးေတြကို နမ္းခြင့္ေပးထားသည္

ဒါေပမယ့္ Minjeong ကေတာ့ အဲ့လိုမဟုတ္ဘူး....

သူမနဲ႕ပတ္သက္တဲ့ Minjeongရဲ႕ ခံစားခ်က္ေတြကို Jimim ပိုသိခ်င္လာၿပီး ေမးခ်င္လာသည္

လူသားေတြနဲ႕ စကားေျပာရတာကို Jimin သေဘာက်တယ္ေလ အထူးသျဖင့္ မုန့္ဖုတ္သမားေလး Minjeong ကိုေပါ့

ဒါေပမယ့္ Minjeong နဲ႕  စကားေျပာခြင့္မရခဲ့လိုက္ဘူး.....Minjeongက သူမနဲ႕အကြာအေဝးတစ္ခုမွာေနေနခဲ့လို႔ေလ

ညစာစားေတာ့လည္း Minjeongက Yoona ခ်က္ေပးခဲ့တဲ့ ထမင္းဟင္းေတြကို ေသခ်ာမစားဘဲ တို႔စိတို႔စိလုပ္ေနသည္

"Minjeong နင္ မစားဘူးလား "

"အာ အင္း ဗိုက္သိပ္မဆာလို႔ "

Minjeongရဲ႕ စကားေၾကာင့္ Jimin အံ့ၾသသြားတယ္ ဘာလို႔ဆို Minjeong ေန႕လည္တုန္းက ပူတင္းေပါင္မုန့္ေသးေသးေလးဘဲ စားထားလို႔ေလ

"ဗိုက္မဆာလို႔ ဟုတ္လား "

"မေန႕ညက ငါေသာက္တာမ်ားသြားလို႔ထင္တယ္ နည္းနည္းပင္ပန္းေနတယ္ "

Jiminမွာ မေန႕ညက သူမကို ဘာလို႔နမ္းခဲ့တာလည္း ေမးဖို႔လုပ္ေပမယ့္ Minjeong က ထရပ္လိုက္သည္

"စားၿပီးသြားၿပီ ေရခ်ိဳးၿပီး အိပ္ေတာ့မယ္ Jimin. .."

Minjeongေျပာၿပီး ထြက္သြားေတာ့ Jimin သက္ျပင္းခ်လိဳက္သည္

ထို႔ေနာက္ ပန္းကန္ေဆး ဆိုင္ကို ေသခ်ာစစ္ၿပီး အိမ္ေပၚတက္လာေတာ့ Minjeong အိပ္ေပ်ာ္ေနတာကို Jimin ေတြ႕ရသည္

သူမကို ဘာေၾကာင့္ နမ္းတာလည္းလို႔ Minjeong ကို Jiminေမးခ်င္ေနေပမယ့္ Minjeong ကေတာ့ Jimin နဲ႕ စကားေျပာဖို႔ကို ေရွာင္ေနသလိုပင္

Jiminမွာေတာ့ Minjeongက သူမကို ဘာလို႔ေရွာင္ေနလည္းဆိုတာ ေတြးမရေပ

Sunday မနက္ခင္းမွာေတာ့ Jimin တစ္ေယာက္ Minjeong ထက္ ေစာနိုးေနသည္

အိပ္ေပ်ာ္ေနတဲ့ Minjeongကို Jimin ေစာင္ေသခ်ာၿခဳံေပးၿပီး ေရခ်ိဳးဖို႔ ေရခ်ိဳးခန္းဘက္သြားလိုက္သည္

ေရခ်ိဳးၿပီး ထြက္လာတာေတာင္ Minjeong က မနိုးေသးလို႔ Jimin အံ့ၾသေနသည္

ပုံမွန္ဆို Minjeong ေျပာတဲ့အတိုင္း လိုက္လုပ္ရတဲ့ Jiminအတြက္ ယခုေတာ့ ပထမဆုံးအေစာႀကီးနိုးေနၿပီး ဘာလုပ္ရမွန္းမသိျဖစ္ေနသည္

ဒုကၡဘဲ ဒီလူသား ေသသြားရင္ ဘယ္လိုလုပ္ရပါ့

Jimin မနက္စာျပင္ဆင္ရင္း Minjeongရဲ႕ ေျခသံကို ၾကားလို႔ Minjeong ဆင္းလာမွန္းသိလိုက္သည္

"နိုးၿပီလား ဒီေန႕ အိပ္ရာထေနာက္က်တယ္ေနာ္ "

Jiminမွာ စားပြဲခုံေပၚ ေကာ္ဖီခြက္ တင္ရင္း Minjeong ကို လွမ္းႏႈတ္ဆက္လိုက္သည္

"အာ ဟုတ္တယ္ မေန႕က ပင္ပန္းလို႔ထင္တယ္ အၾကာႀကီး အိပ္ေပ်ာ္သြားတယ္ ဒါနဲ႕ ပိတ္ရက္ကို ဘာလို႔ မုန့္ဖုတ္ေနတာလည္း "

"နင့္အတြက္ မနက္စာလုပ္ေပးခ်င္လို႔ေလ "

Jimin ဂုဏ္ယူစြာနဲ႕ေျပာလိုက္သည္

"ဘာလို႔လည္း "

Minjeong ေမးတာကို ဘယ္လိုေျဖရမလဲ Jimin ေတြးေနသည္ သူ႕ေၾကာင့္ေတာ့ Jimin တစ္ေယာက္ အေတြးလြန္ခဲ့မိတာေတာ့ အမွန္ပင္

"နင့္ၾကည့္ရတာ စိတ္တိုေနတဲ့ပုံေပၚလို႔... ၿပီးေတာ့ ငါ့ကိုလည္း စကားသိပ္မေျပာဘူးေလ Good night ေတာင္မေျပာဘဲ အိပ္သြားတယ္ "

"အာ..."

"ကဲပါ မနက္စာအရင္စားအုံး "

"Jimin အရသာရွိတယ္ "

"အယ္ တကယ္လား "

Minjeongက သူမလက္ရာကို ခ်ီးက်ဴးလိုက္ေသာေၾကာင့္ Jimin အရမ္းစိတ္လႈပ္ရွားသြားသည္

"Minjeong နင္ ဘာလို႔ တစ္ေန႕က ငါ့ကို နမ္းခဲ့တာလည္း "

သူမ ႏႈတ္ခမ္းေပၚက ခရင္ေလး လာဖယ္ေပးတဲ့ Minjeong ကို Jimin႐ုတ္တရက္ေမးလိုက္သည္

Jimin ေမးခြန္းေၾကာင့္ Minjeong ဒူးေတြတုန္လာၿပီး ႏွလုံးခုန္ျမန္လာတာကိုလည္း Jimin ၾကားေနျမင္ေနရသည္

"ေတာင္းပန္ပါတယ္ ငါအဲ့လို မလုပ္လိုက္သင့္ဘူး "

Minjeongဆီက အေျဖလိုခ်င္တဲ့ Jimin တစ္ေယာက္ ေတာင္းပန္စကားေၾကာင့္ ေခါင္းခါလိုက္သည္

"ငါ့ကို ဘာလို႔ နမ္းခဲ့တာလည္းဆိုတဲ့ ငါ့ေမးခြန္းကို နင္မေျဖရေသးဘူးေနာ္"

"ငါ ငါနင့္ကို သေဘာက်လိဳ႕....ၿပီးေတာ့ နင္လည္း ငါ့လိုခံစားရမယ္ထင္လို႔ "

Minjeong အေျဖေၾကာင့္ Jimin မ်က္ေမွာင္ၾကဳတ္သြားတယ္

စေတြ႕ေတြ႕ခ်င္းတုံးက ငါ့ကို သူ သေဘာမက်ဘဴးလား

Minjeongကို Jimin လိုခ်င္တဲ့အေျဖရေအာင္ ေမးၿပီးေနာက္ Minjeong နဲ႕ ပတ္သက္ၿပီး သူမခံစားခ်က္ေတြကိုပါ ထုတ္ေဖာ္ေျပာလိုက္မိသည္

အနမ္းေပးမလားထပ္ေမးလို႔ Minjeong ရွက္သြားတာကိုလည္း Jimin သေဘာက်ၿပီး ခိုးရယ္မိသည္

တနလာ္ေန႕ မနက္ခင္းမွာေတာ့ Jimin တစ္ေယာက္ ေကာင္းမြန္တဲ့ ခံစားခ်က္နဲ႕ အတူ နိုးထလာသည္

ေစာင္ေခါက္ေနရင္း မေန႕က ဟန္ျမစ္ေဘး လမ္းအတူေလွ်ာက္ခဲ့တာေတြ ၿမိဳ႕ထဲ ေန႕လည္စာသြားစားရင္း လူအုပ္ေတြၾကား Jiminလက္ကို Minjeong ခပ္တင္းတင္းတြဲထားခဲ့တာေတြကို Jimin ျပန္ေတြးမိၿပီး ၿပဳံးလိုက္မိသည္

ထို႔အျပင္ ဒိုးနပ္စားတုန္းက Jimin ႏႈတ္ခမ္းနားက ဒိုးနပ္ကို ယူစားသလိုလိုနဲ႕ Minjeong တစ္ေယာက္ Jimin ႏႈတ္ခမ္းေလးကို အနမ္းေပးခဲ့ေသးသည္

ဒါေၾကာင့္မို႔ ေျမေခြးမေလးတစ္ေယာက္ ျပန္ေတြးမိတိုင္း ေက်နပ္ပီတိျဖာမိေနေလရဲ႕

Jimin ေရခ်ိဳးၿပီး ေအာက္ကိုဆင္းလာေတာ့ Minjeongက သူမကိုလွမ္းေခၚသည္

"Jimin ဒါေလး လာၾကည့္ "

"ဘာမ်ားလည္း "

"မေန႕က နင္ငါ့ကိုလုပ္ေကြၽးခဲ့တဲ့ မုန့္ေလး အခု ငါ့ versionနဲ႕ ျပန္လုပ္ၾကည့္ေနတာ "

Minjeong ခက္ရင္းနဲ႕ခြံ႕ေကြၽးတာကို Jimin စားလိုက္သည္

"စားလို႔ေကာင္းတယ္ Minjeong "

"ဒါပါ တင္ေရာင္းရမယ္ "

မုန့္ဖုတ္သမားေလးတို႔ မုန့္ဖုတ္ၾကရင္း ေန႕လည္သို႔ေရာက္လာသည္

"Jimin Unnie "

"Saebyeok ေလး "

တစ္ေန႕က Jimin ကယ္ခဲ့တဲ့ လမ္းေပ်ာက္ခဲ့တဲ့ ကေလးေလးနဲ႕ သူမမိဘေတြမွာ ေက်းဇူးတင္လို႔ ထပ္ၿပီး Jiminတို႔ဆီ မုန့္လာဝယ္ေလသည္

"Unnie လုပ္ထားတဲ့ ပူတင္းေပါင္မုန့္စားမလား "

ခ်စ္စရာေကာင္းၿပီး တက္ႂကြေနတဲ့ ကေလးမေလးကို Jimin ေမးေတာ့ ကေလးမေလးမွာ ေခါင္းညိတ္ျပသည္

Jimin ေကာင္ေလးေတြနဲ႕ကလြဲလို႔ ကေလးေတြနဲ႕ အတူ နီးနီးကပ္ကပ္မေနခဲ့ဘူးေလ

အခုေတာ့ အျပစ္ကင္းၿပီး လူႀကီးေတြမပါရင္ အကူအညီမဲ့တဲ့ ကေလးေလးေတြအေၾကာင္း Jimin နည္းနည္းသိလာသည္

"သမီး....Unnieကို ဘာေျပာဖို႔က်န္ေသးလည္း "

"ေက်းဇူးတင္ပါတယ္ Jimin Unnie "

ကေလးမေလးမွာ Jiminကို အရိုအေသေပးၿပီး ေက်းဇူးတင္စကားေျပာလိုက္သည္

Jiminမွာ ကေလးနဲ႕မိဘေတြကို ကားပါကင္ထိလိုက္ပို႔ၿပီး ဆိုင္ထဲ ျပန္ဝင္လာေတာ့ Minjeongတို႔က ေစ်းေရာင္းေနသည္

ထို႔ေၾကာင့္ ေကာင္တာဘက္ လြတ္ေနလို႔ ေကာင္တာဘက္ သြားလိုက္ေတာ့ မုန့္ဗန္းကို ကိုင္ကာ သူမဘက္ကို ေလွ်ာက္လာတဲ့ အမ်ိဳးသမီးတစ္ေယာက္ကို ေတြ႕ရသည္

"တို႔ကို စားလို႔ေကာင္းတာေလး ၫႊန္းေပးပါလား "

"ဟုတ္ ဒီက ဧည့္သည္ယူလာတဲ့ ပဲေပါင္မုန့္ေလးက စားလို႔ေကာင္းပါတယ္ "

Jimin မုန့္ဗန္းထဲက ပဲေပါင္မုန့္ကို ၫႊန္းျပလိုက္သည္

အမ်ိဴးသမီးမွာ ပဲေပါင္မုန့္ကို စားၾကည့္ရင္း Jiminကို စိုက္ၾကည့္ေနသည္

Jiminကေတာ့ စစခ်င္း ဧည့္သည္ျဖစ္ေနလို႔ အမ်ိဳးသမီးကို ၿပဳံးျပလိုက္ေပမယ့္ အမ်ိဳးသမီးမွာ စားၿပီးတာေတာင္ Jiminကို စိုက္ၾကည့္ေနသည္

"ဟို ဧည့္သည္ ဘာကူညီေပးရအုံးမလည္း "

"အာ....ဟုတ္ ကူညီစရာမရွိပါဘူး ဒီတိုင္း ဒီက တစ္ေယာက္က အရမ္းလွလို႔ ေငးၾကည့္ေနမိတာ အၾကည့္ေတြက မသင့္ေတာ္သလိုျဖစ္ၿပီး အေနရခက္ေစလို႔ ေတာင္းပန္ပါတယ္ေနာ္ "

လူသားေတြဆီက သူမဟာ အရမ္းလွတယ္ဆိုတဲ့ ေျပာစကားကို Jimin ရိုးအီေနေအာင္ ၾကားေနရဆဲ

"ဟုတ္ ေက်းဇူးတင္ပါတယ္ "

"ဒီက အခုမွအသစ္ေရာက္လာတဲ့သူလား အရင္က ဒီၿမိဳ႕ထဲမွာ ဒီကတစ္ေယာက္လို အရမ္းလွတဲ့မိန္းကေလးမ်ိဳး မေတြ႕ဖူးဘူး နာမည္ကဘယ္လိုေခၚလည္း "

"ဟုတ္ ေရာက္လာတာ တစ္လမျပည္လေသးပါဘူး နာမည္က Jimin ပါ "

"Oh Jimin. ...ဟုတ္ၿပီ မုန့္ေကာင္းေကာင္းေလး ၫႊန္းေပးလို႔ ေက်းဇူးေနာ္ ဒီမုန့္ေတြဗန္းလိုက္ တို႔ထပ္ယူမယ္ '

"ဟုတ္ ေက်းဇူးတင္ပါတယ္ '

"ေနာက္လည္း ထပ္ေတြ႕ၾကရေအာင္ေနာ္ Jimin see ya "

အမ်ိဳးသမီးက ထြက္သြားေတာ့ Jimin တစ္ေယာက္ Minjeongဆီက စိတ္တိုေနတဲ့ ခံစားခ်က္မ်ိဳး ရလိုက္သည္

"အယ္ သူ ဘာျဖစ္ေနတာလည္း "

Jimin ေကာင္တာကေန ထြက္လာၿပီး Minjeong ဆီကို သြားလိုက္သည္

"Minjeong ဘာျဖစ္လို႔လည္း ဘာလို႔ စိတ္ဆိုးေနတာလည္း "

Jiminက ႐ုတ္တရက္ ေမးလာေသာေၾကာင့္ Minjeong ဘာမွမျဖစ္သလို ဟန္ေဆာင္လိုက္သည္

"ဘာျဖစ္လို႔လည္း ဘာမွမျဖစ္ပါဘူး စိတ္ဆိုးစရာမွမရွိတာ "

"တစ္ခုခုျဖစ္ေနတာလား..."

Minjeong နား႐ြက္ေတြနီရဲလာၿပီး Jimin အၾကည့္ေတြကိုလည္း Minjeong ေရွာင္ဖယ္ေနသည္

"မျဖစ္ပါဘူးဆို "

"ဘာလည္း ခုနဧည့္သည္စကားေၾကာင့္လား "

"ဘုရားေရ Jiminက တကယ္ဘဲ ငါ့စိတ္ကို ဖတ္နိုင္ေနတာလား....နင္က စိတ္ဖတ္နိင္တဲ့သူလား. "

"သူက ဘာေျပာလို႔ နင္က စိတ္ဆိုးရတာလည္း.."

"အာ အဲ့တာက ရွက္စရာႀကီး ငါမေျပာျပခ်င္ဘူး "

"ၿပီးေရာ ေနေပါ့မေျပာနဲ႕ "

Jimin စိတ္ဆိုးခ်င္ေယာင္ေဆာင္ၿပီး ႏႈတ္ခမ္းစူကာ လွည့္ထြက္မယ္လုပ္ေတာ့ Minjeong မွာ Jimin လက္ကိုလွမ္းဆြဲသည္

"ေနပါအုံး...."

Jiminလက္ကို Minjeong လွမ္းဆြဲၿပီး ေဘးပတ္ဝန္းက်င္ကို ၾကည့္ေတာ့ NingNing တို႔က သူမတို႔ကို စိုက္ၾကည့္ေနသည္

ထို႔ေၾကာင့္ Minjeong တစ္ေယာက္ Jiminလက္ကို ဆြဲၿပီး အိမ္ေပၚထပ္သို႔ ေခၚလာသည္

အခန္းထဲေရာက္ေတာ့ Jiminရဲ႕ လက္ကို Minjeong လႊတ္ေပးလိုက္သည္

"ငါ ငါ နင့္ကို သဝန္တိုေနတာ သိလား Jimin "

"ဟင္ ဘာလို႔လည္း "

"နင့္ကို ငါႀကိဳက္ေနတာသိတယ္မလား....အင္း တစ္ျခားသူေတြက နင့္ကိုႀကိဳက္တာ သေဘာမက်လိဳ႕ "

"ငါ့ကို လူေတြႀကိဳက္တာ မျဖစ္ေစခ်င္ဘူးေပါ့ "

Jimin ရဲ႕ စကားေၾကာင့္ Minjeong သက္ျပင္းခ်လိဳက္သည္

"အဲ့လိုေတာ့ မဟုတ္ပါဘူး ဒါေပမယ့္.... လူေတြက နင့္ကိုၾကည့္ၿပီး... နမ္းခ်င္စိတ္ေတြျဖစ္လာမွာဟ "

"Aww Minjeongရယ္ မျဖစ္နိုင္ပါဘူးဟ "

"မဟုတ္ဘူး ျဖစ္နိုင္တယ္ ငါ့ကိုဘဲ ၾကည့္ေလ...."

"နင္ ဘာလို႔ အရမ္းစိတ္ပူေနတာလည္း..."

Jiminကေမးေတာ့ Minjeongက ေခါင္းငုံ႕သြားတယ္

Jimin ႐ုတ္တရက္ Minjeongေျပာျပတဲ့ သူမရည္းစားေဟာင္းက သစၥာေဖာက္ခဲ့တဲ့အေၾကာင္း သတိရသြားတယ္

ဒါေၾကာင့္မို႔ Minjeongက အခုလို ျဖစ္ေနရတာကိုး

"တကယ္ အ႐ူးမေလးဘဲ Minjeong. ....လာပါအုံး....စိတ္ခ်ပါ Minjeong တို႔ မင္းကလြဲၿပီး ဘယ္သူ႕ကိုမွ သေဘာမက်သလို ဘယ္သူနမ္းတာမွလည္းမခံသလို ဘယ္သူ႕ကိုမွလည္း မနမ္းပါဘူး...တို႔စိတ္ထဲမွာ Minjeong တစ္ေယာက္ဘဲရွိတယ္ သိလား...... "

စိတ္ပူစိုးရိမ္ေနတဲ့ Minjeongကို Jimin ရင္ခြင္ထဲ ဆြဲထည့္ဖက္ၿပီး ေျပာေတာ့ Minjeong ၿပဳံးမိသြားတယ္

#tbc

Bạn đang đọc truyện trên: Truyen3h.Co