Part 10
#unicode
Roseanne's POV
"နင် ဒီမှာရှိနေလို့ ငါ ပျော်လိုက်တာ Lisaရယ် "
ကျွန်မရဲ့ လက်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားတဲ့ Lisaကို ကျွန်မ စိုက်ကြည့်နေမိတယ်
Lisaကတော့ ကျွန်မလက်ကို ကိုင်ထားရင်း ဆေးရုံအခန်းထဲက လူတွေကို အော်ဟစ်နေသည်
"နင့်ကို ပြောချင်နေတဲ့ စကားတွေရှိတယ် အဲ့တာက အဓိပ္ပါယ်မရှိဘူးဆိုပေမယ့် ပြောမှဖြစ်မယ် "
နာကျင်မှုဒဏ်တွေကြားက ကျွန်မ အားယူပြီး ပြောလိုက်သည်
"အဆင်ပြေသွားမှာပါ အချစ်ရဲ့ "
Lisaက အဆင်ပြေသွားမယ်လို့ ပြောနေပေမယ့် သူမမျက်ဝန်းမှာတော့ မျက်ရည်တွေ ဝိုင်းနေတယ်လေ
ပြီးတော့ Lisaက ကျွန်မဆီရောက်လာတဲ့ ကြောက်စရာကောင်းတဲ့ အမှန်တရားကိုလည်း မသိသေးဘူးလေ
နာကျင်မှုတွေက ကျွန်မကို ထပ်ပြီး ရိုက်ခတ်နေပြန်ပြီ
ဆူညံနေတဲ့ပတ်ဝန်းကျင်ကို အာရုံစိုက်ကြည့်ဖို့ ကျွန်မအရမ်းခက်ခဲနေတယ်
"ငါ့အမေက ငါ့အမေက Rule of threeနဲ့ ပတ်သက်ပြီး အားလုံးရှင်းပြလိမ့်မယ်နော် "
"တစ်ခုခုမှားနေပြီ "
Lisaမှာ မော်နီတာကို ကြည့်ရင်း ဝန်ထမ်းတွေကို ထပ်ပြီး အော်ပြန်သည်
"သူ အဆင်ပြေပါတယ် အားလုံးအဆင်ပြေနေတာကို '
ဆရာဝန် တစ်ယောက်က ပြောတော့ Lisaက ငြင်းဆန်နေတယ်
"မဟုတ်ဘူး အားလုံးကို ပြန်စစ်ဆေး စစ်ဆေးစရာမလိုဘူးလို့ ပေါ့တန်တန်မလုပ်နဲ့ တစ်ခုခုမှားနေပါတယ်ဆိုဗျာ "
"Dr.Manoban ခင်ဗျား စိတ်တည်တည်ငြိမ်ငြိမ်ထားပါအုံး ဒါမှမဟုတ်ရင် ဒီကနေ ထွက်သွားပေးဗျာ "
"honey...နင် အဆင်ပြေသွားမှာ သိလား "
lisaက ပြောပေမယ့် ကျွန်မက ကြာကြာမနေရတော့ဘူးဆိုတာ ခံစားမိနေတယ်
ကမ္ဘာကြီးရေ Lisaကို အရာအားလုံးရှင်းပြဖို့ မိနစ်အနည်းငယ်လောက် ထပ်ပေးပေးပါလား
"သွေးဖိအားကျသွားပြီ Levoပေး......"
lisa က အော်ဟစ်နေချိန် အခန်းထဲ အမျိုးသမီးတစ်ယောက် ဝင်လာတာကို ကျွန်မ တွေ့လိုက်ရတယ်
"Roseanne ...."
"မဟုတ်ဘူး.....အဲ့လိုမလုပ်ပါနဲ့ "
ကျွန်မက တောင်းပန်ပေမယ့် အမျိုးသမီးကတော့ ခေါင်းခါပြသည်
"ငါတို့မှာ ရွေးချယ်မှုမရှိဘူးလေ....."
"Lisa Lisa....."
ကျွန်မ အော်ဟစ်ရင်း ကုတင်ပေါ်က ပြုတ်ကျသွားသည်
သတိရလာတော့ ကျွန်မ ထပ်ပြီး အိမ်မက်မက်နေတာဘဲ ဧည့်ခန်းထဲက Jackရဲ့ ဘောပွဲ ကြည့်သံတွေပါ ကြားနေရတယ်
"ထပ်ပြီး အိမ်မက်မက်နေပြန်ပြီ....."
အလုပ်သွားဖို့ ရေချိုးပြီးနောက် ရေသုတ်နေတုန်း Lisaဆီက ဖုန်းဝင်လာတယ်
ဘာများထပ်ဖြစ်လို့လည်း!
ကျွန်မလည်း စိုးရိမ်စိတ်နဲ့အတူ ဖုန်းကိုင်လိုက်သည်
"hello "
"Roseanne ငါပါ Lisa...ဟို Ellaကို မှတ်မိလား ....သွေးကင်ဆာကြောင့် မကြာခင် သေတော့မယ် ကလေးလေ "
Lisaရဲ့ စကားကြောင့် ကျွန်မတို့ ဓာတ်မှန်ပထမဆုံး ရိုက်တဲ့နေ့က ဆေးရုံကမပြန်ခင် ကလေးမလေးတစ်ယောက် ကျွန်မကို ပြေးဖက်ခဲ့တာလေး မှတ်မိလာသည်
"မှတ်မိတယ် ဘာလို့လည်း "
"ညနေကျ သူ့မွေးနေ့ကျင်းပမှာမို့ ဆေးရုံကို လာခဲ့ပေးလို့ရလား "
မကြာခင်ဆုံးတော့မယ့် ကလေးတစ်ယောက်ရဲ့ မွေးနေ့ကို မလာနိုင်ပါဘူးလို့ ငြင်းဖို့မကောင်းဘူးမဟုတ်လား
"ဟုတ်ကဲ့ လာခဲ့လိုက်ပါမယ် "
အလုပ်ဆင်းတဲ့အခါမှတော့ ကျွန်မ ကိတ်မုန့်ဆိုင်ကနေ ရိုးရှင်းတဲ့ မွေးနေ့ကိတ်လေး ဝယ်ပြီး ဆေးရုံကို သွားလိုက်သည်
Lisaက ဝင်ပေါက်နားမှာ ကျွန်မကို စောင့်နေတယ်
ကျွန်မကိုလည်း တွေ့ရော ပြုံးပြီး ကျွန်မဆီလျှောက်လာတယ်
ကိတ်မုန့်ကို ဖယောင်းတိုင်လေးတွေနဲ့ သေချာအလှဆင်ပြီးနောက် Lisaနဲ့ ကျွန်မ မွေးနေ့ ကိတ်မုန့်လေးကို သေချာကိုင်ပြီး Ellaရဲ့ အခန်းထဲ ဝင်သွားလိုက်သည်
Ellaမှာ မွေးနေ့ကိတ်ကိုမြင်တော့ အရမ်း ပျော်ပြီး မျက်ရည်တွေတောင် ကျလာတယ်
"Roseanne အစ်မ "
Ellaမှာ Roseanneကို ဖက်ပြီး ငိုတော့ မွေးနေ့ဆင်နွှဲပေးမယ့် ဘေးနားက သူနာပြုတွေမှာ မျက်ရည်လေးတွေဝဲလာသည်
Lisa's Pov
ငါ့ရဲ့ လူနာလေးကို ဂရုစိုက်ပေးတဲ့ Roseanneကို အိမ်အထိ လိုက်ပို့ပေးဖို့ ဆုံးဖြတ်လိုက်သည်
Roseanneနဲ့အတူ သူမအိမ်သို့ လမ်းလျှောက်ကြရင်း Roseanneဘက်က ငါ့ကို စကားစပြောလာသည်
"မနေ့ညကလည်း အိမ်မက်ထပ်မက်ပြန်တယ် "
"Honeymoon အကြောင်းလား "
ငါ့စကားကြောင့် Roseanne ရယ်လိုက်တယ်
"ဆန့်ကျင်ဘက်ဘဲ.... ငါတို့က ဆေးရုံမှာတဲ့...."
Roseanne မျက်နှာက အပြုံးက ရုတ်တရက်ပျောက်ကွယ်လာတယ်
"ဘယ်လိုမက်တာလည်း "
"ငါတို့က ဆေးရုံမှာတဲ့ ကြည့်ရတာ ငါက သေတော့မလိုဖြစ်နေတာထင်တယ် မသေချာဘူး အဲ့မှာ အမျိုးသမီးတစ်ယောက် အခန်းထဲဝင်လာတယ် ငါ့ကို သူက နင့်ဆီကနေ အဝေးကို ခေါ်သွားဖို့ကြိုးစားတယ်....ငယ်ငယ်ကတည်းက အဲ့အိမ်မက်ကို မက်လာတာ ခုထိဘဲ "
လူကူးမျဥ်းကျားကို ဖြတ်ကူးဖို့ ငါတို့ စောင့်ရင်း သူမအိမ်မက်ကို မေးခွန်းထုတ်လိုက်သည်
"နင့် ငယ်ဘဝက အိမ်မက်မှာတော့ ငါမပါဘူးထင်တယ် "
"ဟင့်အင်း ပါတယ် Lisa..."
Roseanne စနောက်နေတယ်ထင်လို့ ငါက စနောက်လိုက်ပေမယ့် Roseanneက အတည်ပေါက်ပြောလို့ ငါ အရမ်းအံ့သြသွားတယ်
"မဖြစ်နိုင်တာ "
"ငါ ငယ်ငယ်ကတည်းက Lisaဆိုတဲ့ နင့်နာမည်ကို ငါ့မိဘတွေကို ပြောပြခဲ့တယ် နင်က ငါ့မိန်းမဆိုတာရောပေါ့ "
"အယ် "
"တကယ် လုံးဝကြီး မဖြစ်နိုင်တာ မဟုတ်လား "
Roseanne ခြောက်ကပ်ကပ်နဲ့ ရယ်ပြီး ငါ့ကို မေးလိုက်သည်
"အဲ့လိုပြောပြမိလို့ ငါ စိတ်ကျန်းမာရေး ဆေးရုံကိုတောင် ရောက်ခဲ့ဖူးတယ် "
"ဘာပြောရမှန်းတောင် မသိတော့ဘူး "
"အင်း ငါရောဘဲ တကယ် ဖြစ်နေသလို ခံစားရတယ် ငါသွေးပေါင်ချိန်ကျသွားတုံးကဆို နင်က Levoဆိုလား အဲ့တာကို အော်တောင်းနေခဲ့တာ "
ငါ ဘာမှဆက်မပြောနိုင်ဘဲ သူမကိုဘဲ စိုက်ကြည့်နေမိသည်
Roseanneပြောတဲ့ Levoဆိုတာ ဆေးတစ်မျိုး...ဆရာဝန်မဟုတ်တဲ့သူက ဘယ်လိုသိလာတာလည်း
"ပိုပိုပြီး ထူးဆန်းလာတယ်နော် "
မီးပွိုင့်က မီးနီသွားလို့ မီးမစိမ်းခင် ငါတို့နှစ်ယောက် လမ်းဖြတ်ကူးလိုက်သည်
ဘာလို့ ဒီနေ့ကျမှ လမ်းလျှောက်တာ မြန်နေပါလိမ့် မကြာခင် Roseanneရဲ့ အိမ်ကို ရောက်တော့မှာဘဲ
"ဟိုနားက ငါ့အိမ်ဘဲ Lisa...နင်ရော ဘယ်နားမှာနေတာလည်း "
"ငါလား ဆေးရုံနားမှာဘဲနေတာ နင်တစ်ယောက်တည်း ညကြီး အိမ်ပြန်တာ စိတ်မချလို့ လိုက်ပို့တာ "
ငါ့စကားကြောင့် Roseanne ရှက်သွားပုံပေါ်တယ် မျက်နှာလေးနီလာတယ်
"ellaဆီရောက်လာပေးလို့ ကျေးဇူးတင်ပါတယ်"
"ရပါတယ် ဂရုစိုက် ပြန်နော် "
Roseanneကို ငါနှုတ်ဆက်ပြီး အိမ်ကို ပြန်လာလိုက်တယ်
အိမ်ကိုပြန်ရောက်တော့ အိမ်ရှေ့မှာ ရပ်စောင့်နေတဲ့ Annaကို မြင်တော့ ငါအပြစ်ရှိသလို ခံစားလိုက်ရတယ်
ချစ်သူကို စောင့်ခိုင်းထားပြီး တစ်ခြားကောင်မလေးကို အိမ်ထိပြန်လိုက်ပို့နေတာ မဟုတ်လား
ငါက Annaကို သစ္စာဖောက်နေတာလား Roseanneအပေါ် သစ္စာဖောက်နေတာလား?
#tbc
#zawgyi
Roseanne's POV
"နင္ ဒီမွာရွိေနလို႔ ငါ ေပ်ာ္လိုက္တာ Lisaရယ္ "
ကြၽန္မရဲ႕ လက္ကို ခပ္တင္းတင္းဆုပ္ကိုင္ထားတဲ့ Lisaကို ကြၽန္မ စိုက္ၾကည့္ေနမိတယ္
Lisaကေတာ့ ကြၽန္မလက္ကို ကိုင္ထားရင္း ေဆး႐ုံအခန္းထဲက လူေတြကို ေအာ္ဟစ္ေနသည္
"နင့္ကို ေျပာခ်င္ေနတဲ့ စကားေတြရွိတယ္ အဲ့တာက အဓိပ္ပါယ်မရှိဘူးဆိုပေမယ့် ေျပာမွျဖစ္မယ္ "
နာက်င္မႈဒဏ္ေတြၾကားက ကြၽန္မ အားယူၿပီး ေျပာလိုက္သည္
"အဆင္ေျပသြားမွာပါ အခ်စ္ရဲ႕ "
Lisaက အဆင္ေျပသြားမယ္လို႔ ေျပာေနေပမယ့္ သူမမ်က္ဝန္းမွာေတာ့ မ်က္ရည္ေတြ ဝိုင္းေနတယ္ေလ
ၿပီးေတာ့ Lisaက ကြၽန္မဆီေရာက္လာတဲ့ ေၾကာက္စရာေကာင္းတဲ့ အမွန္တရားကိုလည္း မသိေသးဘူးေလ
နာက်င္မႈေတြက ကြၽန္မကို ထပ္ၿပီး ရိုက္ခတ္ေနျပန္ၿပီ
ဆူညံေနတဲ့ပတ္ဝန္းက်င္ကို အာ႐ုံစိုက္ၾကည့္ဖို႔ ကြၽန္မအရမ္းခက္ခဲေနတယ္
"ငါ့အေမက ငါ့အေမက Rule of threeနဲ႕ ပတ္သက္ၿပီး အားလုံးရွင္းျပလိမ့္မယ္ေနာ္ "
"တစ္ခုခုမွားေနၿပီ "
Lisaမွာ ေမာ္နီတာကို ၾကည့္ရင္း ဝန္ထမ္းေတြကို ထပ္ၿပီး ေအာ္ျပန္သည္
"သူ အဆင္ေျပပါတယ္ အားလုံးအဆင္ေျပေနတာကို '
ဆရာဝန္ တစ္ေယာက္က ေျပာေတာ့ Lisaက ျငင္းဆန္ေနတယ္
"မဟုတ္ဘူး အားလုံးကို ျပန္စစ္ေဆး စစ္ေဆးစရာမလိုဘူးလို႔ ေပါ့တန္တန္မလုပ္နဲ႕ တစ္ခုခုမွားေနပါတယ္ဆိုဗ်ာ "
"Dr.Manoban ခင္ဗ်ား စိတ္တည္တည္ၿငိမ္ၿငိမ္ထားပါအုံး ဒါမွမဟုတ္ရင္ ဒီကေန ထြက္သြားေပးဗ်ာ "
"honey...နင္ အဆင္ေျပသြားမွာ သိလား "
lisaက ေျပာေပမယ့္ ကြၽန္မက ၾကာၾကာမေနရေတာ့ဘူးဆိုတာ ခံစားမိေနတယ္
ကမၻာႀကီးေရ Lisaကို အရာအားလုံးရွင္းျပဖို႔ မိနစ္အနည္းငယ္ေလာက္ ထပ္ေပးေပးပါလား
"ေသြးဖိအားက်သြားၿပီ Levoေပး......"
lisa က ေအာ္ဟစ္ေနခ်ိန္ အခန္းထဲ အမ်ိဳးသမီးတစ္ေယာက္ ဝင္လာတာကို ကြၽန္မ ေတြ႕လိုက္ရတယ္
"Roseanne ...."
"မဟုတ္ဘူး.....အဲ့လိုမလုပ္ပါနဲ႕ "
ကြၽန္မက ေတာင္းပန္ေပမယ့္ အမ်ိဳးသမီးကေတာ့ ေခါင္းခါျပသည္
"ငါတို႔မွာ ေ႐ြးခ်ယ္မႈမရွိဘူးေလ....."
"Lisa Lisa....."
ကြၽန္မ ေအာ္ဟစ္ရင္း ကုတင္ေပၚက ျပဳတ္က်သြားသည္
သတိရလာေတာ့ ကြၽန္မ ထပ္ၿပီး အိမ္မက္မက္ေနတာဘဲ ဧည့္ခန္းထဲက Jackရဲ႕ ေဘာပြဲ ၾကည့္သံေတြပါ ၾကားေနရတယ္
"ထပ္ၿပီး အိမ္မက္မက္ေနျပန္ၿပီ....."
အလုပ္သြားဖို႔ ေရခ်ိဳးၿပီးေနာက္ ေရသုတ္ေနတုန္း Lisaဆီက ဖုန္းဝင္လာတယ္
ဘာမ်ားထပ္ျဖစ္လို႔လည္း!
ကြၽန္မလည္း စိုးရိမ္စိတ္နဲ႕အတူ ဖုန္းကိုင္လိုက္သည္
"hello "
"Roseanne ငါပါ Lisa...ဟို Ellaကို မွတ္မိလား ....ေသြးကင္ဆာေၾကာင့္ မၾကာခင္ ေသေတာ့မယ္ ကေလးေလ "
Lisaရဲ႕ စကားေၾကာင့္ ကြၽန္မတို႔ ဓာတ္မွန္ပထမဆုံး ရိုက္တဲ့ေန႕က ေဆး႐ုံကမျပန္ခင္ ကေလးမေလးတစ္ေယာက္ ကြၽန္မကို ေျပးဖက္ခဲ့တာေလး မွတ္မိလာသည္
"မွတ္မိတယ္ ဘာလို႔လည္း "
"ညေနက် သူ႕ေမြးေန႕က်င္းပမွာမို႔ ေဆး႐ုံကို လာခဲ့ေပးလို႔ရလား "
မၾကာခင္ဆုံးေတာ့မယ့္ ကေလးတစ္ေယာက္ရဲ႕ ေမြးေန႕ကို မလာနိုင္ပါဘူးလို႔ ျငင္းဖို႔မေကာင္းဘူးမဟုတ္လား
"ဟုတ္ကဲ့ လာခဲ့လိုက္ပါမယ္ "
အလုပ္ဆင္းတဲ့အခါမွေတာ့ ကြၽန္မ ကိတ္မုန့္ဆိုင္ကေန ရိုးရွင္းတဲ့ ေမြးေန႕ကိတ္ေလး ဝယ္ၿပီး ေဆး႐ုံကို သြားလိုက္သည္
Lisaက ဝင္ေပါက္နားမွာ ကြၽန္မကို ေစာင့္ေနတယ္
ကြၽန္မကိုလည္း ေတြ႕ေရာ ၿပဳံးၿပီး ကြၽန္မဆီေလွ်ာက္လာတယ္
ကိတ္မုန့္ကို ဖေယာင္းတိုင္ေလးေတြနဲ႕ ေသခ်ာအလွဆင္ၿပီးေနာက္ Lisaနဲ႕ ကြၽန္မ ေမြးေန႕ ကိတ္မုန့္ေလးကို ေသခ်ာကိုင္ၿပီး Ellaရဲ႕ အခန္းထဲ ဝင္သြားလိုက္သည္
Ellaမွာ ေမြးေန႕ကိတ္ကိုျမင္ေတာ့ အရမ္း ေပ်ာ္ၿပီး မ်က္ရည္ေတြေတာင္ က်လာတယ္
"Roseanne အစ္မ "
Ellaမွာ Roseanneကို ဖက္ၿပီး ငိုေတာ့ ေမြးေန႕ဆင္ႏႊဲေပးမယ့္ ေဘးနားက သူနာျပဳေတြမွာ မ်က္ရည္ေလးေတြဝဲလာသည္
Lisa's Pov
ငါ့ရဲ႕ လူနာေလးကို ဂ႐ုစိုက္ေပးတဲ့ Roseanneကို အိမ္အထိ လိုက္ပို႔ေပးဖို႔ ဆုံးျဖတ္လိုက္သည္
Roseanneနဲ႕အတူ သူမအိမ္သို႔ လမ္းေလွ်ာက္ၾကရင္း Roseanneဘက္က ငါ့ကို စကားစေျပာလာသည္
"မေန႕ညကလည္း အိမ္မက္ထပ္မက္ျပန္တယ္ "
"Honeymoon အေၾကာင္းလား "
ငါ့စကားေၾကာင့္ Roseanne ရယ္လိုက္တယ္
"ဆန့္က်င္ဘက္ဘဲ.... ငါတို႔က ေဆး႐ုံမွာတဲ့...."
Roseanne မ်က္ႏွာက အၿပဳံးက ႐ုတ္တရက္ေပ်ာက္ကြယ္လာတယ္
"ဘယ္လိုမက္တာလည္း "
"ငါတို႔က ေဆး႐ုံမွာတဲ့ ၾကည့္ရတာ ငါက ေသေတာ့မလိုျဖစ္ေနတာထင္တယ္ မေသခ်ာဘူး အဲ့မွာ အမ်ိဳးသမီးတစ္ေယာက္ အခန္းထဲဝင္လာတယ္ ငါ့ကို သူက နင့္ဆီကေန အေဝးကို ေခၚသြားဖို႔ႀကိဳးစားတယ္....ငယ္ငယ္ကတည္းက အဲ့အိမ္မက္ကို မက္လာတာ ခုထိဘဲ "
လူကူးမ်ဥ္းက်ားကို ျဖတ္ကူးဖို႔ ငါတို႔ ေစာင့္ရင္း သူမအိမ္မက္ကို ေမးခြန္းထုတ္လိုက္သည္
"နင့္ ငယ္ဘဝက အိမ္မက္မွာေတာ့ ငါမပါဘူးထင္တယ္ "
"ဟင့္အင္း ပါတယ္ Lisa..."
Roseanne စေနာက္ေနတယ္ထင္လို႔ ငါက စေနာက္လိုက္ေပမယ့္ Roseanneက အတည္ေပါက္ေျပာလို႔ ငါ အရမ္းအံ့ၾသသြားတယ္
"မျဖစ္နိုင္တာ "
"ငါ ငယ္ငယ္ကတည္းက Lisaဆိုတဲ့ နင့္နာမည္ကို ငါ့မိဘေတြကို ေျပာျပခဲ့တယ္ နင္က ငါ့မိန္းမဆိုတာေရာေပါ့ "
"အယ္ "
"တကယ္ လုံးဝႀကီး မျဖစ္နိုင္တာ မဟုတ္လား "
Roseanne ေျခာက္ကပ္ကပ္နဲ႕ ရယ္ၿပီး ငါ့ကို ေမးလိုက္သည္
"အဲ့လိုေျပာျပမိလို႔ ငါ စိတ္က်န္းမာေရး ေဆး႐ုံကိုေတာင္ ေရာက္ခဲ့ဖူးတယ္ "
"ဘာေျပာရမွန္းေတာင္ မသိေတာ့ဘူး "
"အင္း ငါေရာဘဲ တကယ္ ျဖစ္ေနသလို ခံစားရတယ္ ငါေသြးေပါင္ခ်ိန္က်သြားတုံးကဆို နင္က Levoဆိုလား အဲ့တာကို ေအာ္ေတာင္းေနခဲ့တာ "
ငါ ဘာမွဆက္မေျပာနိုင္ဘဲ သူမကိုဘဲ စိုက္ၾကည့္ေနမိသည္
Roseanneေျပာတဲ့ Levoဆိုတာ ေဆးတစ္မ်ိဳး...ဆရာဝန္မဟုတ္တဲ့သူက ဘယ္လိုသိလာတာလည္း
"ပိုပိုၿပီး ထူးဆန္းလာတယ္ေနာ္ "
မီးပြိုင့္က မီးနီသြားလို႔ မီးမစိမ္းခင္ ငါတို႔ႏွစ္ေယာက္ လမ္းျဖတ္ကူးလိုက္သည္
ဘာလို႔ ဒီေန႕က်မွ လမ္းေလွ်ာက္တာ ျမန္ေနပါလိမ့္ မၾကာခင္ Roseanneရဲ႕ အိမ္ကို ေရာက္ေတာ့မွာဘဲ
"ဟိုနားက ငါ့အိမ္ဘဲ Lisa...နင္ေရာ ဘယ္နားမွာေနတာလည္း "
"ငါလား ေဆး႐ုံနားမွာဘဲေနတာ နင္တစ္ေယာက္တည္း ညႀကီး အိမ္ျပန္တာ စိတ္မခ်လိဳ႕ လိုက္ပို႔တာ "
ငါ့စကားေၾကာင့္ Roseanne ရွက္သြားပုံေပၚတယ္ မ်က္ႏွာေလးနီလာတယ္
"ellaဆီေရာက္လာေပးလို႔ ေက်းဇူးတင္ပါတယ္"
"ရပါတယ္ ဂ႐ုစိုက္ ျပန္ေနာ္ "
Roseanneကို ငါႏႈတ္ဆက္ၿပီး အိမ္ကို ျပန္လာလိုက္တယ္
အိမ္ကိုျပန္ေရာက္ေတာ့ အိမ္ေရွ႕မွာ ရပ္ေစာင့္ေနတဲ့ Annaကို ျမင္ေတာ့ ငါအျပစ္ရွိသလို ခံစားလိုက္ရတယ္
ခ်စ္သူကို ေစာင့္ခိုင္းထားၿပီး တစ္ျခားေကာင္မေလးကို အိမ္ထိျပန္လိုက္ပို႔ေနတာ မဟုတ္လား
ငါက Annaကို သစၥာေဖာက္ေနတာလား Roseanneအေပၚ သစၥာေဖာက္ေနတာလား?
#tbc
Bạn đang đọc truyện trên: Truyen3h.Co