Truyen3h.Co

အိမ်မက်ထဲက သူ

Part 9

KimFany059

#unicode

Roseanne's POV

ကျွန်မ အဆင်ပြေပါတယ် ကျွန်မ အသက်ရှင်မှာပါ

Lisaကလည်း ကျွန်မကို အကောင်းဆုံးဖြစ်အောင် ကုသပေးမှာ မဟုတ်လား

အမေ့ဆီ ကျွန်မ ဖုန်းခေါ်ဖို့ လုပ်ပေမယ့် ချက်ချင်းဘဲ ခေါ်နေရာက ပြန်ချလိုက်တယ်

အမေက ကျွန်မရဲ့ brain tumor အကြောင်း မသိသေးဘူးလေ ကျွန်မလည်း သူစိတ်ပူမှာဆိုးလို့ မပြောဘဲ နေနေတာ

ပြီးတော့ ဘာကြောင့် အခုလိုဖြစ်ရတယ်ဆိုတဲ့ သူ့ရဲ့ theory တွေကိုလည်း ကျွန်မ နားမထောင်ချင်ဘူးလေ သိတယ်မလား ဖြစ်မှာပေါ့ အလုပ်ဘဲ နင်းကန်လုပ်နေတာကိုးဆိုပြီး သေချာပေါက်အဆူခံရမှာလေ

ကျွန်မ အိမ်ကိုပြန်ရောက်လာတော့ Jackက ရပ်ကွက်ထဲက ကလေးတွေနဲ့ ဘောလုံးကစားနေတယ်

ကျွန်မကို မြင်တော့ Jackက ပြုံးပြပြီး ဘောလုံးကို Erenဆီ ကန်ပေးလိုက်သည်

ပြီးနောက် ကျွန်မရဲ့နောက်ကို လိုက်လာတယ်

"Erenက တကယ်တော်တဲ့ ကလေးဗျာ့ ဘောလုံးယူဆော့တာများ သွက်လက်လျှင်မြန်လို့ "

ကျွန်မတို့ ညစာချက်နေတဲ့တစ်ချိန်လုံး Jackက Erenဆိုတဲ့ ကလေး ဘောလုံးကစားတာ တော်ကြောင်း ပြောနေသည်

ကျွန်မကတော့ Brain tumorက ကျွန်မတို့ရဲ့
ညနေခင်းလေးကို ဖျက်စီးသွားမလား စိတ်ပူနေပေမယ့် Jackကတော့ ဆေးရုံအကြောင်း လုံးဝစကားမဟပေ

"Roseanne ကိုယ်တို့ Manassasဘက်ကို ပြောင်းရအောင်... ကိုယ့် အလုပ်က အဲ့မှာတဲ့ "

"Manassasမှာ မနေချင်ဘူးလို့ ကျွန်မ ပြောဖူးတယ်လေ ပြီးတော့ အဲ့ဒီကနေ အလုပ်ကို သွားရင် နှစ်နာရီတောင်ကြာတယ်..."

"အဲ့မှာလည်း အလုပ်တွေပေါနေတာကို "

မဟုတ်သေးပါဘူး သူ့အလုပ်အတွက်ကြောင့် ကျွန်မကလည်း လက်ရှိအလုပ်ကနေ ထွက်ပြီး သူ့နောက်လိုက်စရာမှမလိုတာ

"ဒီအလုပ်က ကျွန်မကို နှစ်ဆပိုပေးတယ်လေ Jack "

"ဒါပေမယ့် "

"ကျွန်မ ဒီကနေ မပြောင်းနိုင်ဘူး "

jackနဲ့ဆက်မငြင်းချင်တော့လို့ ကျွန်မ အခန်းထဲဝင်လာလိုက်တယ်

အခန်းထဲရောက်တော့ စိတ်ပြေလက်ပျောက် အင်တာနက်သုံးရင်း... Googleက search barမှာ Lisaရဲ့ နာမည်ကို ရှာမိသွားတယ်

Lisaဆိုတဲ့နာမည်နဲ့ အမျိုးသမီး အများကြီး ကျလာပေမယ့် ရေကူးဝတ်စုံနဲ့ Lisaကို မြင်တော့ ကျွန်မရင်ထဲ တစ်မျိုးဖြစ်သွားတယ်

ရွှေတံဆိပ်ပြားကို ကိုင်ထားရင်း သူမသူငယ်ချင်းတွေနဲ့ ရိုက်ထားတဲ့ Lisa videoကို ကျွန်မ နှိပ်ကြည့်လိုက်သည်

"အခုဆိုရင် Paulaကဘဲ ဦးဆောင်နေတာဖြစ်ပါတယ် ဒီပုံစံအတိုင်းဆိုရင် Paluaကဘဲ ရွှေတံဆိပ်ဆုရသွားမလားဆိုတာ "

Paluaက မနိုင်သွားဘဲ ထူးဆန်းတာ တစ်ခုခုဖြစ်လာမယ်ဆိုတာ ကျွန်မသိတယ်..

"အခုထိ ပြိုင်ပွဲကမပြီးသေးပါဘူး Lisaက လျှင်မြန်တဲ့နှုန်းနဲ့အတူ palua ကို မှီလာ ဟော ကျော်သွားပါပြီ ခင်ဗျာ "

ကျွန်မ ပြောပါတယ် ထူးဆန်းတာ ဖြစ်လာပါမယ်ဆို Lisa နိုင်သွားတာဘဲ.... ကျွန်မသိနေတယ်လေ ဘာလို့ဆို ကျွန်မ အဲ့ဒီပြိုင်ပွဲမှာ ရှိခဲ့လို့ဘဲ

မဟုတ်သေးပါဘူး ထပ်ပြီး ထင်ယောင်ထင်မှားတွေ ဖြစ်နေပြန်တာလား ကျွန်မလည်း laptopကို ပိတ်ပြီး Lisaပေးတဲ့ ဆေးကို သောက်ကာ အိပ်ပစ်လိုက်သည်

Lisa's Pov

ရေကူးနေရင်းတောင် Roseanneက ငါ့အတွေးထဲ ဝင်လာပြန်သည်

မဟုတ်သေးပါဘူး မနက်အစောကြီးရှိသေးတယ် သူ့ဆီဖုန်းဆက်ဖို့ မသင့်တော်ပါဘူးလေ

နေ့လည်စာစားပြီးနောက်မှာတော့ ငါ့ရုံးခန်းထဲ ဝင်လာရင်း Roseanne ဆီ ဖုန်းခေါ်မိလိုက်သည်

ဆယ်ကျော်သက်ကလေးတွေလို ကောင်မလေးတစ်ယောက်ဆီ ဖုန်းခေါ်ရတာ ဘာလို့ စိတ်အရမ်းလှုပ်ရှားမိနေမှန်းမသိပေ

"အခုပြောနေတာ Lisa....Lisa Manobanပါ "

"အသံကြားတာနဲ့ သိပါတယ်ရှင့် "

"ဟို ဒီတိုင်း နေကောင်းအဆင်ပြေလား စစ်ဆေးကြည့်ချင်လို့ ငါပေးတဲ့ ဆေးတွေမှာ ဘေးထွက်ဆိုးကျိုးရှိလား သိချင်လို့ "

"ဘေးထွက်ဆိုးကျိုးတော့ မရှိပါဘူး ဒါပေမယ့် အလုပ်မဖြစ်ဘူးထင်တယ် "

"ဘာလို့လည်း အိမ်မက်တွေထပ်မက်လို့လား "

"ဟုတ်တယ် အခု Landonက အရာတွေအပြင် ကောလိပ်တွေ ငယ်ဘဝတွေပါ မက်လာတာ ဥပမာ နင်ငယ်ငယ်က နေခဲ့တဲ့ အိမ်လေးမှာ Bambamနဲ့ နင်ရန်ဖြစ်ခဲ့တာတွေ "

"ဘာ.....Bambamကို နင် ဘယ်လိုသိတာလည်း "

"အိမ်မက်ကနေသိလာတာ"

bambamအကြောင်းကို Annaကလွဲလို့ ဘယ်သူ့ကိုမှ ငါမပြောပြခဲ့ဖူးဘူးလေ

"ခုန နည်းနည်းလေသံကျယ်သွားလို့ sorry ဘာလို့ဆို ငါ ငါလန့်သွားလို့ ဘာလို့ဆို ငါ့မိဘတွေက သူ့အကြောင်း သိပ်မပြောတော့ဘူးလေ အထူးသဖြင့် ငါ့ရှေ့မှာပေါ့ "

"ဘာဖြစ်လို့လည်း"

"ဘာလို့လည်းဆိုတော့ အထက်တန်းကျောင်းမှာ သူဆုံးသွားလို့လေ "

"အာ မရည်ရွယ်ပါဘူး အားနာလိုက်တာ "

"ရပါတယ် နင့်ဘက်က အမှားလုပ်တာမှမဟုတ်တာ အိမ်မက်လေးပြောပြတာကို နင်ကဘာလို့တောင်းပန်ရမှာလည်း "

ငါ အဆင်မပြေဖြစ်သွားတာကို Roseanne ရိပ်မိတဲ့ပုံဘဲ စကားလမ်းကြောင်း လွှဲသွားတယ်

"ဒီတော့ အခုဆေးတွေက အလုပ်မဖြစ်တော့ တစ်ခြားဆေးတွေ ထပ်ပေးမှာလားဟင် "

"ဟင် အင်း ငါခဏပြန်ကြည့်လိုက်အုံးမယ် ပြီးရင် နင့်ဆီဆက်သွယ်မယ်လေနော် "

"အင်းပါ ဒါဆို ငါအလုပ်များနေလို့ ဒါဘဲလေနော်ကျေးဇူးတင်ပါတယ် Lisa "

သူက ငါ့ကို ကျေးဇူးတင်စကားပြောပြီး ဖုန်းချသွားပေမယ့် ငါကတော့ ဖုန်းလေးကိုင်ပြီး အချစ်နာကျနေတဲ့ ကောင်မလေးလိုကျန်ရစ်ခဲ့သည်

အင်း ဘာတွေဆက်ဖြစ်မှာလည်း ငါမသိတော့ဘူး ငါ့စိတ်ထဲ Annaမရှိတော့ဘဲ အချိန်တိုင်း Roseanneအကြောင်းဘဲ တွေးနေမိတာ ဒါက ဒါက မဖြစ်သင့်ဘူးဆိုတာ ငါသိပါတယ် ဒါပေမယ့်......

#Tbc

#zawgyi

Roseanne's POV

ကြၽန္မ အဆင္ေျပပါတယ္ ကြၽန္မ အသက္ရွင္မွာပါ

Lisaကလည္း ကြၽန္မကို အေကာင္းဆုံးျဖစ္ေအာင္ ကုသေပးမွာ မဟုတ္လား

အေမ့ဆီ ကြၽန္မ ဖုန္းေခၚဖို႔ လုပ္ေပမယ့္ ခ်က္ခ်င္းဘဲ ေခၚေနရာက ျပန္ခ်လိဳက္တယ္

အေမက ကြၽန္မရဲ႕ brain tumor အေၾကာင္း မသိေသးဘူးေလ ကြၽန္မလည္း သူစိတ္ပူမွာဆိုးလို႔ မေျပာဘဲ ေနေနတာ

ၿပီးေတာ့ ဘာေၾကာင့္ အခုလိုျဖစ္ရတယ္ဆိုတဲ့ သူ႕ရဲ႕ theory ေတြကိုလည္း ကြၽန္မ နားမေထာင္ခ်င္ဘူးေလ သိတယ္မလား ျဖစ္မွာေပါ့ အလုပ္ဘဲ နင္းကန္လုပ္ေနတာကိုးဆိုၿပီး ေသခ်ာေပါက္အဆူခံရမွာေလ

ကြၽန္မ အိမ္ကိုျပန္ေရာက္လာေတာ့ Jackက ရပ္ကြက္ထဲက ကေလးေတြနဲ႕ ေဘာလုံးကစားေနတယ္

ကြၽန္မကို ျမင္ေတာ့ Jackက ၿပဳံးျပၿပီး ေဘာလုံးကို Erenဆီ ကန္ေပးလိုက္သည္

ၿပီးေနာက္ ကြၽန္မရဲ႕ေနာက္ကို လိုက္လာတယ္

"Erenက တကယ္ေတာ္တဲ့ ကေလးဗ်ာ့ ေဘာလုံးယူေဆာ့တာမ်ား သြက္လက္လွ်င္ျမန္လို႔ "

ကြၽန္မတို႔ ညစာခ်က္ေနတဲ့တစ္ခ်ိန္လုံး Jackက Erenဆိုတဲ့ ကေလး ေဘာလုံးကစားတာ ေတာ္ေၾကာင္း ေျပာေနသည္

ကြၽန္မကေတာ့ Brain tumorက ကြၽန္မတို႔ရဲ႕
ညေနခင္းေလးကို ဖ်က္စီးသြားမလား စိတ္ပူေနေပမယ့္ Jackကေတာ့ ေဆး႐ုံအေၾကာင္း လုံးဝစကားမဟေပ

"Roseanne ကိုယ္တို႔ Manassasဘက္ကို ေျပာင္းရေအာင္... ကိုယ့္ အလုပ္က အဲ့မွာတဲ့ "

"Manassasမွာ မေနခ်င္ဘူးလို႔ ကြၽန္မ ေျပာဖူးတယ္ေလ ၿပီးေတာ့ အဲ့ဒီကေန အလုပ္ကို သြားရင္ ႏွစ္နာရီေတာင္ၾကာတယ္..."

"အဲ့မွာလည္း အလုပ္ေတြေပါေနတာကို "

မဟုတ္ေသးပါဘူး သူ႕အလုပ္အတြက္ေၾကာင့္ ကြၽန္မကလည္း လက္ရွိအလုပ္ကေန ထြက္ၿပီး သူ႕ေနာက္လိုက္စရာမွမလိုတာ

"ဒီအလုပ္က ကြၽန္မကို ႏွစ္ဆပိုေပးတယ္ေလ Jack "

"ဒါေပမယ့္ "

"ကြၽန္မ ဒီကေန မေျပာင္းနိုင္ဘူး "

jackနဲ႕ဆက္မျငင္းခ်င္ေတာ့လို႔ ကြၽန္မ အခန္းထဲဝင္လာလိုက္တယ္

အခန္းထဲေရာက္ေတာ့ စိတ္ေျပလက္ေပ်ာက္ အင္တာနက္သုံးရင္း... Googleက search barမွာ Lisaရဲ႕ နာမည္ကို ရွာမိသြားတယ္

Lisaဆိုတဲ့နာမည္နဲ႕ အမ်ိဳးသမီး အမ်ားႀကီး က်လာေပမယ့္ ေရကူးဝတ္စုံနဲ႕ Lisaကို ျမင္ေတာ့ ကြၽန္မရင္ထဲ တစ္မ်ိဳးျဖစ္သြားတယ္

ေ႐ႊတံဆိပ္ျပားကို ကိုင္ထားရင္း သူမသူငယ္ခ်င္းေတြနဲ႕ ရိုက္ထားတဲ့ Lisa videoကို ကြၽန္မ ႏွိပ္ၾကည့္လိုက္သည္

"အခုဆိုရင္ Paulaကဘဲ ဦးေဆာင္ေနတာျဖစ္ပါတယ္ ဒီပုံစံအတိုင္းဆိုရင္ Paluaကဘဲ ေ႐ႊတံဆိပ္ဆုရသြားမလားဆိုတာ "

Paluaက မနိုင္သြားဘဲ ထူးဆန္းတာ တစ္ခုခုျဖစ္လာမယ္ဆိုတာ ကြၽန္မသိတယ္..

"အခုထိ ၿပိဳင္ပြဲကမၿပီးေသးပါဘူး Lisaက လွ်င္ျမန္တဲ့ႏႈန္းနဲ႕အတူ palua ကို မွီလာ ေဟာ ေက်ာ္သြားပါၿပီ ခင္ဗ်ာ "

ကြၽန္မ ေျပာပါတယ္ ထူးဆန္းတာ ျဖစ္လာပါမယ္ဆို Lisa နိုင္သြားတာဘဲ.... ကြၽန္မသိေနတယ္ေလ ဘာလို႔ဆို ကြၽန္မ အဲ့ဒီၿပိဳင္ပြဲမွာ ရွိခဲ့လို႔ဘဲ

မဟုတ္ေသးပါဘူး ထပ္ၿပီး ထင္ေယာင္ထင္မွားေတြ ျဖစ္ေနျပန္တာလား ကြၽန္မလည္း laptopကို ပိတ္ၿပီး Lisaေပးတဲ့ ေဆးကို ေသာက္ကာ အိပ္ပစ္လိုက္သည္

Lisa's Pov

ေရကူးေနရင္းေတာင္ Roseanneက ငါ့အေတြးထဲ ဝင္လာျပန္သည္

မဟုတ္ေသးပါဘူး မနက္အေစာႀကီးရွိေသးတယ္ သူ႕ဆီဖုန္းဆက္ဖို႔ မသင့္ေတာ္ပါဘူးေလ

ေန႕လည္စာစားၿပီးေနာက္မွာေတာ့ ငါ့႐ုံးခန္းထဲ ဝင္လာရင္း Roseanne ဆီ ဖုန္းေခၚမိလိုက္သည္

ဆယ္ေက်ာ္သက္ကေလးေတြလို ေကာင္မေလးတစ္ေယာက္ဆီ ဖုန္းေခၚရတာ ဘာလို႔ စိတ္အရမ္းလႈပ္ရွားမိေနမွန္းမသိေပ

"အခုေျပာေနတာ Lisa....Lisa Manobanပါ "

"အသံၾကားတာနဲ႕ သိပါတယ္ရွင့္ "

"ဟို ဒီတိုင္း ေနေကာင္းအဆင္ေျပလား စစ္ေဆးၾကည့္ခ်င္လို႔ ငါေပးတဲ့ ေဆးေတြမွာ ေဘးထြက္ဆိုးက်ိဳးရွိလား သိခ်င္လို႔ "

"ေဘးထြက္ဆိုးက်ိဳးေတာ့ မရွိပါဘူး ဒါေပမယ့္ အလုပ္မျဖစ္ဘူးထင္တယ္ "

"ဘာလို႔လည္း အိမ္မက္ေတြထပ္မက္လို႔လား "

"ဟုတ္တယ္ အခု Landonက အရာေတြအျပင္ ေကာလိပ္ေတြ ငယ္ဘဝေတြပါ မက္လာတာ ဥပမာ နင္ငယ္ငယ္က ေနခဲ့တဲ့ အိမ္ေလးမွာ Bambamနဲ႕ နင္ရန္ျဖစ္ခဲ့တာေတြ "

"ဘာ.....Bambamကို နင္ ဘယ္လိုသိတာလည္း "

"အိမ္မက္ကေနသိလာတာ"

bambamအေၾကာင္းကို Annaကလြဲလို႔ ဘယ္သူ႕ကိုမွ ငါမေျပာျပခဲ့ဖူးဘူးေလ

"ခုန နည္းနည္းေလသံက်ယ္သြားလို႔ sorry ဘာလို႔ဆို ငါ ငါလန့္သြားလို႔ ဘာလို႔ဆို ငါ့မိဘေတြက သူ႕အေၾကာင္း သိပ္မေျပာေတာ့ဘူးေလ အထူးသျဖင့္ ငါ့ေရွ႕မွာေပါ့ "

"ဘာျဖစ္လို႔လည္း"

"ဘာလို႔လည္းဆိုေတာ့ အထက္တန္းေက်ာင္းမွာ သူဆုံးသြားလို႔ေလ "

"အာ မရည္႐ြယ္ပါဘူး အားနာလိုက္တာ "

"ရပါတယ္ နင့္ဘက္က အမွားလုပ္တာမွမဟုတ္တာ အိမ္မက္ေလးေျပာျပတာကို နင္ကဘာလို႔ေတာင္းပန္ရမွာလည္း "

ငါ အဆင္မေျပျဖစ္သြားတာကို Roseanne ရိပ္မိတဲ့ပုံဘဲ စကားလမ္းေၾကာင္း လႊဲသြားတယ္

"ဒီေတာ့ အခုေဆးေတြက အလုပ္မျဖစ္ေတာ့ တစ္ျခားေဆးေတြ ထပ္ေပးမွာလားဟင္ "

"ဟင္ အင္း ငါခဏျပန္ၾကည့္လိုက္အုံးမယ္ ၿပီးရင္ နင့္ဆီဆက္သြယ္မယ္ေလေနာ္ "

"အင္းပါ ဒါဆို ငါအလုပ္မ်ားေနလို႔ ဒါဘဲေလေနာ္ေက်းဇူးတင္ပါတယ္ Lisa "

သူက ငါ့ကို ေက်းဇူးတင္စကားေျပာၿပီး ဖုန္းခ်သြားေပမယ့္ ငါကေတာ့ ဖုန္းေလးကိုင္ၿပီး အခ်စ္နာက်ေနတဲ့ ေကာင္မေလးလိုက်န္ရစ္ခဲ့သည္

အင္း ဘာေတြဆက္ျဖစ္မွာလည္း ငါမသိေတာ့ဘူး ငါ့စိတ္ထဲ Annaမရွိေတာ့ဘဲ အခ်ိန္တိုင္း Roseanneအေၾကာင္းဘဲ ေတြးေနမိတာ ဒါက ဒါက မျဖစ္သင့္ဘူးဆိုတာ ငါသိပါတယ္ ဒါေပမယ့္......

#Tbc

Bạn đang đọc truyện trên: Truyen3h.Co