Part 11
#unicode
Roseanne's POV
ကျွန်မ အိပ်ရာက နိုးလာတော့ ဆေးရုံကို ရောက်နေတာ သိလိုက်ရတယ်.... ပြီးတော့ Lisaကလည်း ကျွန်မ ကုတင်ဘေးမှာ ထိုင်နေတာ.... ကျွန်မရဲ့လက်ကို ကိုင်ပြီးတော့ပေါ့
ဟုတ်တယ် Lisaက အမြဲ ကျွန်မရဲ့ လက်ကို ကိုင်ထားရမယ့်သူ ဖြစ်ရမှာ
"Hi..."
"hey သတိရလာပြီလား ဘယ်လိုခံစားရသေးလည်း "
"နည်းနည်း မူးတာကလွဲလို့ သက်သာပါတယ်....ဘယ်လိုဖြစ်တာလည်း ဘာဖြစ်ခဲ့တာလည်း "
"နင် အဆင်ပြေလား ဖုန်းဆက်မေးရင်း
ငါတို့ ဖုန်းပြောရင်း နင် ရုံးခန်းမှာ မေ့လဲသွားတာလေ"
သတိလစ်သွားတဲ့အချိန် မက်ခဲ့တဲ့ အိမ်မက်ကို ကျွန်မ သိပ်မမှတ်မိပေမယ့် ကျွန်မကို ပြန်လာဖို့ တောင်းပန်နေတဲ့ Lisaရဲ့ အသံကိုတော့ မှတ်မိနေသည်
"ဒါဆို နင်က ငါ့ကို ...အဲ့ကနေ ခေါ်လာတာလား "
"အင်း ဆေးရုံကတော့ နင့်သတိုးသားလောင်းကို ဖုန်းဆက်ထားတယ် သူဖုန်းမကိုင်ဘူးတဲ့ အဲ့တာ နင်ခေါ်စေချင်တဲ့ တစ်ခြားတစ်ယောက်ယောက်ရှိလား "
"ဟင့်အင်း အမေကလည်း ဒီကိုလာရဖို့ သုံးလေးနာရီမောင်းရလိမ့်မယ် တော်ပါပြီ "
"ငါတို့ထပ်ပြီး ဓာတ်မှန်ရိုက်ရအုံးမယ် Roesanne "
Lisa ရဲ့ စကားက ကျွန်မအတွက် သတင်းဆိုးတစ်ခုလိုပါဘဲ
"ဟင်...."
"tumorက ကြီးလာတယ်"
"ဟင် ဘယ်လိုဖြစ်တာလည်း "
"တကယ်ဆို ကြီးမလာရမယ့်ကိစ္စကို ....ပြီးတော့ အခုလောက်ထိ လျှင်လျှင်မြန်မြန်ကြီးလာမယ်လို့ တစ်ခါမှ မကြုံခဲ့ဖူးတာ "
Lisa ရဲ့ စကားကြောင့် ကျွန်မ ငိုချင်စိတ်ကို ထိန်းထားရသည်
"အဲ့တော့ ငါ ဘယ်လောက်ထိနေရမှာလည်း "
Lisa နဲ့အကြည့်ချင်းမဆုံဘဲ မေးတော့ Lisaက ငါ့မေးစေ့ကို ဆွဲကိုင်တယ်
"အဲ့တာ မသေနိုင်ပါဘူး Tumorဆိုတာ အကြိတ်လိုဘဲ ငါ နင့်ကို အကြိတ်နဲ့ပတ်သက်ပြီး ကျွမ်းကျင်တဲ့ အရမ်းတော်တဲ့ ဆရာဝန်ညွှန်းပေးမယ် "
Lisa က ပြောနေပေမယ့် ကျွန်မက လပိုင်းအတွင်း သေတော့မယ့် Ella, ပြီးတော့ ငါးနှစ်လောက်ထိ အသက်ရှင်နေနိုင်မယ်ပြောခဲ့ပေမယ့် ခြောက်လအတွင်း သေဆုံးခဲ့တဲ့ ကျွန်မရဲ့ အဖေကို မြင်ယောင်လာမိတယ်
"သူ့ကုသမှုတွေက ငါ့အပေါ်မထိရောက်ဘူးဆိုရင်ရော "
"အကြိတ်ခွဲစိတ်ပြီး အသက်ရှင်သွားတဲ့လူတွေ အများကြီးပါ "
"ဒါပေမယ့် ငါ့ဟာက ကြီးလာတယ်လေ "
"အတော်ဆုံး အကြိတ်ဆရာဝန်ကို ငါ ဆက်သွယ်ထားပါတယ် သူ ခရီးထွက်နေလို့ Monday ပြန်ရောက်မယ်တဲ့ "
ကျွန်မ စိတ်မထိန်းနိုင်ဘဲ Lisa ရှေ့ ငိုမိသွားတယ်....ရှက်လိုက်တာ
"lisa နင် ဒီမှာနေစရာမလိုပါဘူး နင့်မှာလည်း လုပ်စရာတွေ ရှိနေမှာပေါ့ "
"ဟင့်အင်း နင်ထွက်သွားလို့ ငါ့ကိုမပြောမချင်း ငါ ဒီမှာဘဲ နေမှာ "
ကျွန်မတို့ ခဏတာ တိတ်ဆိတ်သွားတယ်
အမှန်တရားကတော့ ကျွန်မ ဘယ်လောက်ဘဲ Lisaနဲ့ ပတ်သက်ပြီး အိမ်မက်မမက်ချင်ရင်တောင်
ကိုယ့်ကိုကိုယ် သူမအပေါ် ခံစားချက်မရှိဖို့ ဖျောင်းဖျနေပါစေ....ဒီနေရာမှာ ကျွန်မနဲ့အတူ ရှိစေချင်တဲ့လူကတော့ ဒီကမ္ဘာပေါ်မှာ Lisa တစ်ယောက်သာ ဖြစ်သည်
"အိမ်မပြန်ဘူးလား စောင့်နေတဲ့သူ မရှိဘူးလား Lisa "
"အင်း ရှိပါတယ် "
"ဟင် ဒါဆို နင်က အိမ်ထောင်သည်လား "
"မဟုတ်ပါဘူး ငါ့မှာ Anna လို့ခေါ်တဲ့ ရည်းစားတစ်ယောက်ရှိတယ် သူက ဒီမှာ အဆုတ် ဆရာဝန်မလေ တကယ်တော့ ငါ ဒီည ဒီမှာဘဲ နေမယ်လို့ သူ့ကိုပြောထားတယ် "
Lisaမှာ ရည်းစားရှိပြီး သူ့ရည်းစားကလည်း အဆုတ်ဆရာဝန်မှန်းသိရတော့ ကျွန်မရဲ့ နှလုံးသားလေးက တစ်ခုခုဖြစ်သွားသလို ခံစားရသည်
သဝန်တိုမှုတွေရော ကြောက်စိတ်တွေပါ ဖြစ်လာတယ် မတော်တဆ ကျွန်မ သေသွားခဲ့ရင် Lisaက အဲ့မိန်းမနဲ့....အို မတွေးရဲစရာဘဲ
"ငါက အဆင်ပြေပါတယ် နင် သူ့အတွက် အိမ်ပြန်သင့်တယ် "
"ငါ ဒီမှာဘဲ နေချင်တယ် Roseanne"
"wow ငါ့ wedding မှာ နင့်ကို ဖိတ်မယ် Annaကိုပါ ခေါ်ခဲ့ပေါ့ "
"နင် အဲ့လူကို လက်ထပ်ချင်လားတောင် အခုထိ သေချာမသိသေးဘဲနဲ့ "
"ငါ သူ့ကို လက်မထပ်ချင်ဘူးလို့ တစ်ခါမှ မပြောဖူးပါဘူးနော် "
"နင့်အပြုအမူက ပြောသွားတယ်လေ သူ့ဆီ ဖုန်းဆက် မရဘူး ပြောတာတောင် နင် ဘာမှမဖြစ်ဘူး ပြီးတော့ သူ့အကြောင်း နင်ပြောရင် ဆွေမျိုးတွေ ဒါမှမဟုတ် အလုပ်က သူငယ်ချင်းလိုဘဲ "
"Annaနဲ့ ပတ်သက်ရင်တော့ နင်က....."
ရုတ်တရက်ထွက်ကျမိတဲ့ စကားကြောင့် ကျွန်မ ကိုယ့်ကိုကိုယ် အမြန်ဘရိတ်အုပ်ရလေသည်
ကျွန်မရဲ့ လေသံက သဝန်တိုနေတဲ့ ချစ်သူကောင်မလေးပုံစံ ဖြစ်နေလို့
"မဟုတ်ဘူး ငါ Annaအတွက်သာ တွေးပေးနေရင် နင့်ဘေးနားမှာ ရှိမနေဘူး "
Lisaရဲ့ စကားကြောင့် ရိုလာကိုစတာစီးနေရသလို ခံစားလိုက်ရသည် ဒါပေါ့ Lisa manobanက ကျွန်မအပိုင်လေ
Lisa's POV
ငါ ညဂျူတီကျတဲ့ သူနာပြုတွေကို ဒီည နောက်ကျမှပြန်မယ်လို့ ပြောထားတယ် ပြီးတော့ သံသယမဝင်အောင် Roseanneကလည်း ကောလိပ်က သူငယ်ချင်းဟောင်းဆိုပြီး လိမ်ပြောထားတယ်
Italian placeက စားသောက်စရာတွေ အော်ဒါမှာပြီးနောက် Roseanne ကုတင်ပေါ် စားပွဲခုံလေး ခင်းတင်လိုက်သည် .....
ငါတို့ရဲ့ first dateလို့ ခံစားနေရတယ်
"အဲ့ဝိုင်က ငါ့အကြိုက်ဘဲ "
"ကြိုက်ပေမယ့် မသောက်နဲ့အုံး Roseanne နင်ခုနမှ သတိပြန်ရလာတာကို စပါကတီဘဲစား "
ငါ့ရဲ့စကားကို Roseanne နားထောင်ရှာသည်
စပါကတီကို မြိန်ရေရှက်ရေစားနေသည်
"အမေနဲ့ Jackကို ဘယ်လိုပြောပြရမလည်း ငါတွေးမရဘူး"
"ဟင် Tumorအကြောင်း အခုထိ သူတို့ကို မပြောပြရသေးဘူးလား "
Roseanneက သက်ပြင်းချပြီး သူမပန်းကန်ကိုဘဲဲ ကြည့်နေတယ်
"ငါ့အမေက တော်တော်စိတ်ပူနေမှာ ...Jackကတော့ အားလုံးအဆင်ပြေသွားမှာပါဆိုပြီး ဟန်ဆောင်နေရင်ဟန်ဆောင်နေမှာ "
ဘယ်လိုကောင်ပါလိမ့်... Roseanneသာ ငါ့ချစ်သူဆိုရင် သူ ဆေးရုံက ဆင်းမယ့်အချိန်ထိ ဆေးရုံမှာ ရှိနေပေးမယ်....ပြီးတော့ အလုပ်သွားတာထက် အိမ်မှာဘဲ သေချာအနားယူခိုင်းမယ်
ပြီးတော့ သူမကိုတာဝန်ယူထားတဲ့ ဆရာဝန်နဲ့ဆွေးနွေးမယ် ပြီးတော့ အရမ်းပင်ပန်းတဲ့ အလုပ်ကနေလည်း ရအောင်ထွက်ခိုင်းမယ်.... ဟုတ်တယ်မလား...
"သူတို့ကို ဖုန်းဆက်ခေါ်ပေးရမလား "
"ဟင့်အင်း တော်ပါပြီ အမေက နင့်ကိုတွေ့ရင် လန့်ပြီး သတိလစ်သွားမယ် "
"အယ် ဘာလို့လည်း ငါက ရုပ်ဆိုးလို့လား "
"မဟုတ်တာ နင်က ချောတဲ့ဟာကို "
"ဒါဆို ဘာလို့လည်း "
"ဘာလို့လည်းဆိုတော့ ငါ့ငယ်ဘဝတုန်းက တစ်ချိန်လုံး ပြောခဲ့တဲ့ Lisaဆိုတဲ့နာမည်နဲ့ ဆရာဝန်ဖြစ်တဲ့ နင် Lisaဆိုတာ သိသွားရင် သူ စိတ်လွတ်ပြီး သတိလစ်သွားလိမ့်မယ် "
"အင်းပါ "
"အိမ်မက်ကလည်း ဘယ်အချိန်မှ ရပ်မလည်းမသိဘူး ပြီးတော့..... အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး စိတ်ထဲ အဆင်မပြေတာရှိသေးတယ် "
"ဘာများလည်း Roseanne "
"ငါ ငယ်ငယ်က ဘေးအိမ်မှာ မိသားစုတစ်စုရှိတယ် မိန်းမဖြစ်သူက ခင်ပွန်းဖြစ်သူနဲ့ မနေနိုင်လို့ ကွာရှင်းပြီး အိမ်ပေါ်ကဆင်းမယ်လုပ်တော့ ခင်ပွန်းဖြစ်သူက ဓားနဲ့ထိုးသတ်ပစ်တာ အိပ်နေတဲ့ သမီးလေးကိိုရောဘဲ အဲ့တာကြည့်ပြီး ....ငါ ဘယ်လိုဖြစ်သွားမှန်းမသိဘူး "
"အင်း နင်စိတ်က အဆင်သင့်မဖြစ်သေးဘူးဆို လက်မထပ်သေးတာကောင်းမယ်ထင်တယ် "
"အဆင်သင့်မဖြစ်သေးဘူးဆိုတာရယ် မဟုတ်ပါဘူး Jackကသာ သစ္စာဖောက်ပြီး ထွက်သွားရင် နာကျင်ရမှာ ငါ မဟုတ်လား...."
ငါကရော ငါ့ကို နင်မမြင်ဘူးလား
"ထားလိုက်တော့ Jackအကြောင်း ပြောတာရပ်ပြီး စပါကတီ မအေးခင် စားလိုက်အုံး"
Roseanneကို ပြောပြီး ငါ ဝိုင်ကို ဖောက်သောက်လိုက်သည်
Jackနဲ့ပတ်သက်ပြီး ငါ ဘာလို့ အရမ်းမနာလိုမိနေတာလည်း
#tbc
#zawgyi
Roseanne's POV
ကြၽန္မ အိပ္ရာက နိုးလာေတာ့ ေဆး႐ုံကို ေရာက္ေနတာ သိလိုက္ရတယ္.... ၿပီးေတာ့ Lisaကလည္း ကြၽန္မ ကုတင္ေဘးမွာ ထိုင္ေနတာ.... ကြၽန္မရဲ႕လက္ကို ကိုင္ၿပီးေတာ့ေပါ့
ဟုတ္တယ္ Lisaက အၿမဲ ကြၽန္မရဲ႕ လက္ကို ကိုင္ထားရမယ့္သူ ျဖစ္ရမွာ
"Hi..."
"hey သတိရလာၿပီလား ဘယ္လိုခံစားရေသးလည္း "
"နည္းနည္း မူးတာကလြဲလို႔ သက္သာပါတယ္....ဘယ္လိုျဖစ္တာလည္း ဘာျဖစ္ခဲ့တာလည္း "
"နင္ အဆင္ေျပလား ဖုန္းဆက္ေမးရင္း
ငါတို႔ ဖုန္းေျပာရင္း နင္ ႐ုံးခန္းမွာ ေမ့လဲသြားတာေလ"
သတိလစ္သြားတဲ့အခ်ိန္ မက္ခဲ့တဲ့ အိမ္မက္ကို ကြၽန္မ သိပ္မမွတ္မိေပမယ့္ ကြၽန္မကို ျပန္လာဖို႔ ေတာင္းပန္ေနတဲ့ Lisaရဲ႕ အသံကိုေတာ့ မွတ္မိေနသည္
"ဒါဆို နင္က ငါ့ကို ...အဲ့ကေန ေခၚလာတာလား "
"အင္း ေဆး႐ုံကေတာ့ နင့္သတိုးသားေလာင္းကို ဖုန္းဆက္ထားတယ္ သူဖုန္းမကိုင္ဘူးတဲ့ အဲ့တာ နင္ေခၚေစခ်င္တဲ့ တစ္ျခားတစ္ေယာက္ေယာက္ရွိလား "
"ဟင့္အင္း အေမကလည္း ဒီကိုလာရဖို႔ သုံးေလးနာရီေမာင္းရလိမ့္မယ္ ေတာ္ပါၿပီ "
"ငါတို႔ထပ္ၿပီး ဓာတ္မွန္ရိုက္ရအုံးမယ္ Roesanne "
Lisa ရဲ႕ စကားက ကြၽန္မအတြက္ သတင္းဆိုးတစ္ခုလိုပါဘဲ
"ဟင္...."
"tumorက ႀကီးလာတယ္"
"ဟင္ ဘယ္လိုျဖစ္တာလည္း "
"တကယ္ဆို ႀကီးမလာရမယ့္ကိစၥကို ....ၿပီးေတာ့ အခုေလာက္ထိ လွ်င္လွ်င္ျမန္ျမန္ႀကီးလာမယ္လို႔ တစ္ခါမွ မႀကဳံခဲ့ဖူးတာ "
Lisa ရဲ႕ စကားေၾကာင့္ ကြၽန္မ ငိုခ်င္စိတ္ကို ထိန္းထားရသည္
"အဲ့ေတာ့ ငါ ဘယ္ေလာက္ထိေနရမွာလည္း "
Lisa နဲ႕အၾကည့္ခ်င္းမဆုံဘဲ ေမးေတာ့ Lisaက ငါ့ေမးေစ့ကို ဆြဲကိုင္တယ္
"အဲ့တာ မေသနိုင္ပါဘူး Tumorဆိုတာ အႀကိတ္လိုဘဲ ငါ နင့္ကို အႀကိတ္နဲ႕ပတ္သက္ၿပီး ကြၽမ္းက်င္တဲ့ အရမ္းေတာ္တဲ့ ဆရာဝန္ၫႊန္းေပးမယ္ "
Lisa က ေျပာေနေပမယ့္ ကြၽန္မက လပိုင္းအတြင္း ေသေတာ့မယ့္ Ella, ၿပီးေတာ့ ငါးႏွစ္ေလာက္ထိ အသက္ရွင္ေနနိုင္မယ္ေျပာခဲ့ေပမယ့္ ေျခာက္လအတြင္း ေသဆုံးခဲ့တဲ့ ကြၽန္မရဲ႕ အေဖကို ျမင္ေယာင္လာမိတယ္
"သူ႕ကုသမႈေတြက ငါ့အေပၚမထိေရာက္ဘူးဆိုရင္ေရာ "
"အႀကိတ္ခြဲစိတ္ၿပီး အသက္ရွင္သြားတဲ့လူေတြ အမ်ားႀကီးပါ "
"ဒါေပမယ့္ ငါ့ဟာက ႀကီးလာတယ္ေလ "
"အေတာ္ဆုံး အႀကိတ္ဆရာဝန္ကို ငါ ဆက္သြယ္ထားပါတယ္ သူ ခရီးထြက္ေနလို႔ Monday ျပန္ေရာက္မယ္တဲ့ "
ကြၽန္မ စိတ္မထိန္းနိုင္ဘဲ Lisa ေရွ႕ ငိုမိသြားတယ္....ရွက္လိုက္တာ
"lisa နင္ ဒီမွာေနစရာမလိုပါဘူး နင့္မွာလည္း လုပ္စရာေတြ ရွိေနမွာေပါ့ "
"ဟင့္အင္း နင္ထြက္သြားလို႔ ငါ့ကိုမေျပာမခ်င္း ငါ ဒီမွာဘဲ ေနမွာ "
ကြၽန္မတို႔ ခဏတာ တိတ္ဆိတ္သြားတယ္
အမွန္တရားကေတာ့ ကြၽန္မ ဘယ္ေလာက္ဘဲ Lisaနဲ႕ ပတ္သက္ၿပီး အိမ္မက္မမက္ခ်င္ရင္ေတာင္
ကိုယ့္ကိုကိုယ္ သူမအေပၚ ခံစားခ်က္မရွိဖို႔ ေဖ်ာင္းဖ်ေနပါေစ....ဒီေနရာမွာ ကြၽန္မနဲ႕အတူ ရွိေစခ်င္တဲ့လူကေတာ့ ဒီကမၻာေပၚမွာ Lisa တစ္ေယာက္သာ ျဖစ္သည္
"အိမ္မျပန္ဘူးလား ေစာင့္ေနတဲ့သူ မရွိဘူးလား Lisa "
"အင္း ရွိပါတယ္ "
"ဟင္ ဒါဆို နင္က အိမ္ေထာင္သည္လား "
"မဟုတ္ပါဘူး ငါ့မွာ Anna လို႔ေခၚတဲ့ ရည္းစားတစ္ေယာက္ရွိတယ္ သူက ဒီမွာ အဆုတ္ ဆရာဝန္မေလ တကယ္ေတာ့ ငါ ဒီည ဒီမွာဘဲ ေနမယ္လို႔ သူ႕ကိုေျပာထားတယ္ "
Lisaမွာ ရည္းစားရွိၿပီး သူ႕ရည္းစားကလည္း အဆုတ္ဆရာဝန္မွန္းသိရေတာ့ ကြၽန္မရဲ႕ ႏွလုံးသားေလးက တစ္ခုခုျဖစ္သြားသလို ခံစားရသည္
သဝန္တိုမႈေတြေရာ ေၾကာက္စိတ္ေတြပါ ျဖစ္လာတယ္ မေတာ္တဆ ကြၽန္မ ေသသြားခဲ့ရင္ Lisaက အဲ့မိန္းမနဲ႕....အို မေတြးရဲစရာဘဲ
"ငါက အဆင္ေျပပါတယ္ နင္ သူ႕အတြက္ အိမ္ျပန္သင့္တယ္ "
"ငါ ဒီမွာဘဲ ေနခ်င္တယ္ Roseanne"
"wow ငါ့ wedding မွာ နင့္ကို ဖိတ္မယ္ Annaကိုပါ ေခၚခဲ့ေပါ့ "
"နင္ အဲ့လူကို လက္ထပ္ခ်င္လားေတာင္ အခုထိ ေသခ်ာမသိေသးဘဲနဲ႕ "
"ငါ သူ႕ကို လက္မထပ္ခ်င္ဘူးလို႔ တစ္ခါမွ မေျပာဖူးပါဘူးေနာ္ "
"နင့္အျပဳအမူက ေျပာသြားတယ္ေလ သူ႕ဆီ ဖုန္းဆက္ မရဘူး ေျပာတာေတာင္ နင္ ဘာမွမျဖစ္ဘူး ၿပီးေတာ့ သူ႕အေၾကာင္း နင္ေျပာရင္ ေဆြမ်ိဳးေတြ ဒါမွမဟုတ္ အလုပ္က သူငယ္ခ်င္းလိုဘဲ "
"Annaနဲ႕ ပတ္သက္ရင္ေတာ့ နင္က....."
႐ုတ္တရက္ထြက္က်မိတဲ့ စကားေၾကာင့္ ကြၽန္မ ကိုယ့္ကိုကိုယ္ အျမန္ဘရိတ္အုပ္ရေလသည္
ကြၽန္မရဲ႕ ေလသံက သဝန္တိုေနတဲ့ ခ်စ္သူေကာင္မေလးပုံစံ ျဖစ္ေနလို႔
"မဟုတ္ဘူး ငါ Annaအတြက္သာ ေတြးေပးေနရင္ နင့္ေဘးနားမွာ ရွိမေနဘူး "
Lisaရဲ႕ စကားေၾကာင့္ ရိုလာကိုစတာစီးေနရသလို ခံစားလိုက္ရသည္ ဒါေပါ့ Lisa manobanက ကြၽန္မအပိုင္ေလ
Lisa's POV
ငါ ညဂ်ဴတီက်တဲ့ သူနာျပဳေတြကို ဒီည ေနာက္က်မွျပန္မယ္လို႔ ေျပာထားတယ္ ၿပီးေတာ့ သံသယမဝင္ေအာင္ Roseanneကလည္း ေကာလိပ္က သူငယ္ခ်င္းေဟာင္းဆိုၿပီး လိမ္ေျပာထားတယ္
Italian placeက စားေသာက္စရာေတြ ေအာ္ဒါမွာၿပီးေနာက္ Roseanne ကုတင္ေပၚ စားပြဲခုံေလး ခင္းတင္လိုက္သည္ .....
ငါတို႔ရဲ႕ first dateလို႔ ခံစားေနရတယ္
"အဲ့ဝိုင္က ငါ့အႀကိဳက္ဘဲ "
"ႀကိဳက္ေပမယ့္ မေသာက္နဲ႕အုံး Roseanne နင္ခုနမွ သတိျပန္ရလာတာကို စပါကတီဘဲစား "
ငါ့ရဲ႕စကားကို Roseanne နားေထာင္ရွာသည္
စပါကတီကို ၿမိန္ေရရွက္ေရစားေနသည္
"အေမနဲ႕ Jackကို ဘယ္လိုေျပာျပရမလည္း ငါေတြးမရဘူး"
"ဟင္ Tumorအေၾကာင္း အခုထိ သူတို႔ကို မေျပာျပရေသးဘူးလား "
Roseanneက သက္ျပင္းခ်ၿပီး သူမပန္းကန္ကိုဘဲဲ ၾကည့္ေနတယ္
"ငါ့အေမက ေတာ္ေတာ္စိတ္ပူေနမွာ ...Jackကေတာ့ အားလုံးအဆင္ေျပသြားမွာပါဆိုၿပီး ဟန္ေဆာင္ေနရင္ဟန္ေဆာင္ေနမွာ "
ဘယ္လိုေကာင္ပါလိမ့္... Roseanneသာ ငါ့ခ်စ္သူဆိုရင္ သူ ေဆး႐ုံက ဆင္းမယ့္အခ်ိန္ထိ ေဆး႐ုံမွာ ရွိေနေပးမယ္....ၿပီးေတာ့ အလုပ္သြားတာထက္ အိမ္မွာဘဲ ေသခ်ာအနားယူခိုင္းမယ္
ၿပီးေတာ့ သူမကိုတာဝန္ယူထားတဲ့ ဆရာဝန္နဲ႕ေဆြးႏြေးမယ္ ၿပီးေတာ့ အရမ္းပင္ပန္းတဲ့ အလုပ္ကေနလည္း ရေအာင္ထြက္ခိုင္းမယ္.... ဟုတ္တယ္မလား...
"သူတို႔ကို ဖုန္းဆက္ေခၚေပးရမလား "
"ဟင့္အင္း ေတာ္ပါၿပီ အေမက နင့္ကိုေတြ႕ရင္ လန့္ၿပီး သတိလစ္သြားမယ္ "
"အယ္ ဘာလို႔လည္း ငါက ႐ုပ္ဆိုးလို႔လား "
"မဟုတ္တာ နင္က ေခ်ာတဲ့ဟာကို "
"ဒါဆို ဘာလို႔လည္း "
"ဘာလို႔လည္းဆိုေတာ့ ငါ့ငယ္ဘဝတုန္းက တစ္ခ်ိန္လုံး ေျပာခဲ့တဲ့ Lisaဆိုတဲ့နာမည္နဲ႕ ဆရာဝန္ျဖစ္တဲ့ နင္ Lisaဆိုတာ သိသြားရင္ သူ စိတ္လြတ္ၿပီး သတိလစ္သြားလိမ့္မယ္ "
"အင္းပါ "
"အိမ္မက္ကလည္း ဘယ္အခ်ိန္မွ ရပ္မလည္းမသိဘူး ၿပီးေတာ့..... အိမ္ေထာင္ေရးနဲ႕ ပတ္သက္ၿပီး စိတ္ထဲ အဆင္မေျပတာရွိေသးတယ္ "
"ဘာမ်ားလည္း Roseanne "
"ငါ ငယ္ငယ္က ေဘးအိမ္မွာ မိသားစုတစ္စုရွိတယ္ မိန္းမျဖစ္သူက ခင္ပြန္းျဖစ္သူနဲ႕ မေနနိုင္လို႔ ကြာရွင္းၿပီး အိမ္ေပၚကဆင္းမယ္လုပ္ေတာ့ ခင္ပြန္းျဖစ္သူက ဓားနဲ႕ထိုးသတ္ပစ္တာ အိပ္ေနတဲ့ သမီးေလးကိိုေရာဘဲ အဲ့တာၾကည့္ၿပီး ....ငါ ဘယ္လိုျဖစ္သြားမွန္းမသိဘူး "
"အင္း နင္စိတ္က အဆင္သင့္မျဖစ္ေသးဘူးဆို လက္မထပ္ေသးတာေကာင္းမယ္ထင္တယ္ "
"အဆင္သင့္မျဖစ္ေသးဘူးဆိုတာရယ္ မဟုတ္ပါဘူး Jackကသာ သစၥာေဖာက္ၿပီး ထြက္သြားရင္ နာက်င္ရမွာ ငါ မဟုတ္လား...."
ငါကေရာ ငါ့ကို နင္မျမင္ဘူးလား
"ထားလိုက္ေတာ့ Jackအေၾကာင္း ေျပာတာရပ္ၿပီး စပါကတီ မေအးခင္ စားလိုက္အုံး"
Roseanneကို ေျပာၿပီး ငါ ဝိုင္ကို ေဖာက္ေသာက္လိုက္သည္
Jackနဲ႕ပတ္သက္ၿပီး ငါ ဘာလို႔ အရမ္းမနာလိုမိေနတာလည္း
#tbc
Bạn đang đọc truyện trên: Truyen3h.Co