Part 12
#unicode
Roseanne's POV
မနက် ၆နာရီ အခန်းထဲ ဝင်လာတဲ့ သူနာပြုကြောင့် ကျွန်မရော Lisaပါ အိပ်ရာက နိုးလာကြတယ်
Lisaက ဆိုဖာပေါ်မှာ အိပ်ပျော်နေတာလေ
သူ့ကောင်မလေးကို မနေ့ညက ဘာလို့ အိမ်ပြန်မလာတာလည်းဆိုတဲ့အကြောင်း ဘယ်လိုရှင်းပြမလည်းမသိ
"Oh Doctor Manoban ဒီမှာရှိမယ်လို့ မထင်ထားဘူး "
ရုတ်တရက် လက်ထပ်ရတော့မယ် ကျွန်မက ညကြီး တစ်စုံတစ်ယောက်နဲ့အခန်းထဲရှိနေတာဟာ အပြစ်တစ်ခုလို ခံစားလိုက်ရသည်
"Lisaရဲ့ သူငယ်ချင်းဟောင်းပါ "
"ကျောင်းတုန်းက သူငယ်ချင်းလေ "
Lisaကပါ ဝင်ပြောတော့ သူနာပြုလည်း ဘာမှမပြောဘဲ ခေါင်းညိတ်ပြပြီး လှည့်ထွက်သွားတယ်
"နင် ပြဿနာမတက်ဖို့ မျှော်လင့်ပါတယ် Lisa "
" ဘာမှမဖြစ်ပါဘူး အေးဆေးပါ ဒါပေမယ့် Jackက လာတော့မယ် မဟုတ်လား ငါသွားသင့်ပြီ ထင်တယ် "
Lisa ထွက်သွားမှာကို ကျွန်မ စိုးရိမ်ပူပန်မိသည် သူမနဲ့အတူထပ်ရှိနေဖို့ ကျွန်မ လောဘတက်နေမိသည် ဒါပေမယ့် မကြာခင် ကျွန်မက လက်ထပ်ရတော့မယ့်လူ မဟုတ်လား.....အခုလိုဖြစ်နေတာတွေကို ရပ်သင့်နေပြီ ထင်ပါတယ်
"တစ်ညလုံး ရှိနေပေးလို့ ကျေးဇူးတင်ပါတယ် "
"မနေ့ညက နင်ပြောတဲ့ New jersey က ဆရာဝန်ကို တွေ့ချင်ရင် ငါနင်နဲ့ လိုက်ခဲ့မယ်လေ "
"နင် အဲ့လိုလုပ်စရာမလိုပါဘူး Lisa ငါ တစ်ယောက်တည်း သွားလိုက်ပါမယ် "
"ဒီလောက်ထိ ခဏခဏ နင် သတိမေ့လဲနေတာ တစ်ယောက်တည်းသွားလို့ ဘယ်ဖြစ်မှာလည်း ငါနဲ့ မသွားချင်ပါဘူးဆိုရင်လည်း Jackကို ပြောပြီး Jackနဲ့သွားလေ "
Lisa ပြောတာလည်း ဟုတ်သည် ကျွန်မ ခဏခဏမေ့လဲနေတာ တစ်ယောက်တည်းသွားလို့တော့ အဆင်မပြေ
ရည်းစားရှိတဲ့ Lisaကို ခေါ်သွားလို့လည်း မဖြစ်သလို Jackကိုလည်း အိမ်မက်အကျိုးအကြောင်းပြောပြီး လိုက်ပို့ခိုင်းဖို့ကလည်း အဆင်မပြေ.....
Lisaမှာ ကျွန်မကို နှုတ်ဆက်ပြီး အခန်းထဲက ထွက်သွားတယ်
ထွက်သွားတဲ့ Lisaကို ကြည့်ရင်း ကျွန်မ သိလိုက်တာ တစ်ခုက Lisaမရှိဘဲ ကျွန်မတစ်ယောက်တည်း ဖြစ်နေမှာကို ကြောက်နေမိတာပါဘဲ
"sorry ပါ အချစ်....ညတုန်းက လေယာဥ်လက်မှတ်မရလိုက်လို့ "
Jack ကျွန်မအခန်းထဲ ရောက်လာပြီး ကျွန်မကို ဖက်ကာ တောင်းပန်စကားပြောလိုက်သည်
"ဒါနဲ့ ဘာဖြစ်တာလည်း မနေ့ညက မင်းဆီ ကိုယ်ဖုန်းဆက်တာ ဖုန်းလည်းမကိုင်ဘူး "
"မနေ့ညကက အိပ်ပျော်နေလို့ "
Jackကို ကျွန်မ လိမ်ပြောလိုက်သည်
"ပြီးတော့ Jack ငါ Brain tumor ဖြစ်နေတာ "
"ဘာ ဘယ်လို "
ကျွန်မ စကားကြောင့် Jack တော်တော်လေးလန့်သွားတယ်
"သူတို့ စတွေ့တုန်းကတော့ သေးသေးလေးဘဲ အခုမှ ကြီးလာတာ "
"သူတို့က Tumorကို ရှာတွေ့ခဲ့တာတောင် မင်းက ကိုယ့်ကိုမပြောဘူးပေါ့လေ ဟုတ်လား...."
"ရှင်ကမှ ကျွန်မကို မမေးတာ "
"မင်းက ပြောပြရမှာလေကွာ ပြောပါအုံး ဆရာဝန်က ဒီ tumorကို အခုမှတွေ့ပြီး မင်းကို ဘာမှမဖြစ်ဘူးဆိုပြီး ဂျင်းထည့်ခဲ့တာလား "
"မဟုတ်ပါဘူး "
ကျွန်မ စပြီး ရှင်းပြဖို့ လုပ်ပေမယ့် Jackက ဆေးရုံဖုန်းကို ကောက်ကိုင်သည်
"ရှင် ဘာလုပ်တာလည်း Jack "
"ဆရာဝန်ပြောင်းပေးဖို့ ပြောမလို့ ဒီဆရာဝန်က ဘာတွေလုပ်နေမှန်းလည်းမသိဘူး "
"မလုပ်နဲ့ Jack ဒါက သူ့အမှား မဟုတ်ဘူး ပြီးတော့ ကျွန်မ တစ်ခြားဆရာဝန်လည်း မလိုချင်ဘူး "
"အဲ့ဆရာဝန်မနဲ့ စတွေ့ကတည်းက ကိုယ်မကောင်းတဲ့ခံစားချက်တွေရနေခဲ့တာ "
Jack စကားပြောရင်း အခန်းရှေ့က သူနာပြု ဖြတ်သွားတာမြင်တော့ လှမ်းခေါ်လိုက်သည်
"ဒီမှာ... ငါ့ဇနီးလောင်းအတွက် ဆရာဝန် အခုချက်ချင်း ပြောင်းပေး "
သူနာပြုကို အခိုင်းအစေတစ်ယောက်လို ပြောဆိုဆက်ဆံနေတဲ့ Jackရဲ့ အပြုအမူကို ကျွန်မ စိတ်ပျက်မိတယ် ပြီးတော့ ပိုစိတ်ပျက်စေမိတဲ့အကြောင်းအရာက ကျွန်မ စကား ကျွန်မအမြင်ကို ဂရုမစိုက်ဘဲ သူ့စကား သူ့အမြင်သာ အရေးကြီးတဲ့ ပုံစံလုပ်နေတာဘဲ
"မဟုတ်ဘူး ကျွန်မတို့ မပြောင်းဘူး "
ဖြစ်ချင်တော့ သူနာပြုဆရာမလေးမှာ မနက်က အခန်းထဲ ဝင်လာတဲ့တစ်ယောက်ဖြစ်နေသည်
အင်း သူနာပြုလေးကတော့ ကျွန်မတို့ကို ကြည့်ပြီး သုံးပွင့်ဆိုင်လို့ ထင်နေတော့မှာဘဲ
"ဟုတ်ကဲ့ Doctor Manobanကို ပြောပေးပါမယ် "
"ပြောစရာမလိုပါဘူး Lisaက ဘာအမှားမှမလုပ်ထားဘူးလေ "
"Lisa အခုတော့ သူကLisaပေါ့ ဟုတ်လား မင်းတို့နှစ်ယောက်က ရုတ်တရက် မိတ်ဆွေဖြစ်သွားမှန်း မသိလိုက်ဘူး "
Jackက တကယ်ဘဲ စိတ်ပျက်စရာကောင်းလိုက်တာ
"ဒီမှာ Jack...Brain tumor ဖြစ်နေတာ ရှင် မဟုတ်ဘူး ကျွန်မ.....ဒီတော့ ကျွန်မရဲ့ ဆရာဝန်ကို ကျွန်မ ကိုယ်တိုင်ရွေးချယ်ခွင့်ရှိတယ် ပြီးတော့ ကျွန်မ ဒီမှာ ရှိနေတာကို သူနာပြုဆရာမကို ရိုင်းစိုင်းတဲ့အပြုအမူမျိုး ထပ်မလုပ်ပါနဲ့ "
ကျွန်မတို့ နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် မျက်မှောင်ကြုတ်ကာ စိုက်ကြည့်နေစဥ် သူနာပြုက သွားပြောထားလို့ထင်ပါရဲ့ Lisaက ရောက်လာသည်
ကျွန်မဘေးနားကို Lisa လာရပ်ပြီး Jackကို ကြည့်လိုက်သည်
"တွေ့ချင်တယ်ဆိုလို့ "
"ဟုတ်တယ် ခင်ဗျား ဘယ်လိုတွေ သောက်သုံးမကျလို့ ကျုပ် ဇနီးလောင်းဆီမှာ brain tumorဖြစ်နေမှန်း မသိရတာလည်း..ဘယ်အချက်တွေများ သတိမထားမိတာလည်း ဟမ် "
"Jack ..."
"သတိမထားမိတာ မရှိပါဘူး ပထမတစ်ခါ ဓာတ်မှန်ရိုက်တုန်းက အဲ့ brain tumor မရှိသေးဘူးလေ "
"အင်း ခင်ဗျားထက် ပိုသတိထားတတ်ပြီး အတွေ့အကြုံရှိတဲ့ ဆရာဝန်လိုချင်တယ် "
"အဲ့လိုဆရာဝန် ပြောင်းချင်တယ်ဆိုရင် Roseanneရဲ့ အထင်အမြင် ဆုံးဖြတ်ချက် ဒါမှမဟုတ် သူ့မိသားစု ဆုံးဖြတ်ချက် လိုပါတယ် တိတိကျကျပြောရရင် ခင်ဗျားက သူ့မိသားစုဝင် မဟုတ်ဘူးလေ "
Lisaက မဲ့ပြုံးပြုံးပြီး Jackကို ခနဲ့လိုက်တာဘဲ
အခြေအနေပိုဆိုးသွားမယ်ထင်နေတာ Jackက ခဏငြိမ်သွားတယ်
"သူ ပြောဖို့ မေ့နေသလားဘဲ သိပ်မကြာခင် ကျုပ်တို့ လက်ထပ်ကြတော့မှာလေ "
"ဟာ ဟုတ်လား ဆောရီးရှင် Roseanne ဆေးရုံကို လေးခါလောက်လာရင် သုံးခါလောက် ရှင့်ကို မတွေ့ဘူးတော့ မေ့သွားလို့ "
ဘုရားရေ... အခြေအနေက ပိုဆိုးလာတော့မယ်
"တော်ပါတော့ စကားတွေထပ်များမလာခင် တော်လိုက်တော့ Jack....ပြီးတော့ လာပေးလို့ ကျေးဇူးတင်ပါတယ် Dr.Manoban "
Lisaမှာ အခန်းထဲကထွက်သွားချင်တဲ့ပုံမပေါ်ပေ
ဒါပေမယ့် ပြဿနာဖြစ်မှာ စိတ်ပူနေတဲ့ ကျွန်မ မျက်နှာကို သတိထားမိပုံပါဘဲ သက်ပြင်းချပြီး အခန်းထဲက ထွက်သွားတယ်
"မင်းက အခု သူ့ကို ကာကွယ်ပေးနေတာပေါ့လေ ဟုတ်လား "
"Dammit ကျွန်မက Brain tumor ဖြစ်နေတာလေ brain tumor ဖြစ်တာသိပြီး ရှင်ဘာလုပ်လည်း အော်တယ် ကျွန်မ ဆရာဝန်ကို ပြဿနာရှာတယ် ထပ်ပြောမယ် brain tumorဖြစ်တာ ကျွန်မ ရှင် မဟုတ်ဘူး "
ကျွန်မ ဒေါသထွက်လာလွန်းလို့ Jackကို လက်ညိုးထိုးပြီး အော်ဟစ်ပစ်လိုက်တယ်
"ကိုယ် တောင်းပန်..."
"ရှင့်မျက်နှာ မမြင်ချင်သေးလို့ ထွက်သွားပေးပါ "
Jackလည်း သက်ပြင်းချပြီး အခန်းထဲက ထွက်သွားတယ်
ဆေးရုံကဆင်းပြီး နှစ်ရက်အကြာမှာတော့ ကျွန်မ brain tumorအကြောင်း ပြောပြဖို့ Jennieတို့ကို ချိန်းလိုက်တယ်
"နေပါအုံး Lisaဆိုတာ နင့်ရဲ့ ထူးဆန်းတဲ့ အိမ်မက်ထဲက ကောင်မလေးနာမည်မဟုတ်လား "
ကျွန်မ စကားကို နားထောင်ပြီး Jennie အံ့သြသွားတယ်
"Landonက နင် တစ်ခါမှမမြင်ဖူးတဲ့ ကောင်မလေးလေ "
"နေကြပါအုံး ဘာတွေလည်း ထူးဆန်းတဲ့ ကောင်မလေး Landon ဘာတွေလည်း "
Jisooမှာ ကျွန်မတို့စကားကို နားမလည်လို့ ဝင်ဖြတ်မေးလိုက်သည်
"Roseanneက အိမ်မက်ထဲ လန်ဒန်ကကောင်မလေးတစ်ယောက်ကို အမြဲမက်လေ့ရှိတယ်တဲ့ အခု အိမ်မက်ထဲက ကောင်မလေးက သူ့ ဆေးရုံက ဆရာဝန်ဖြစ်နေတယ်တဲ့ "
"ဟာ ရုပ်ရှင်တွေထဲကလိုဖြစ်နေတာပေါ့ သူ့နာမည်က Lisa manoban ဟုတ်လား "
Jisoo ပြောပြီး သူ့ဖုန်းကို ဖွင့်ကာ Lisaနာမည်ရိုက်ရှာလေသည်
"oh my god သူက ရေလည်း ကူးသေးတာဘဲ ဟော့လိုက်တာ ရေကူးဝတ်စုံနဲ့ ကြည့်ပါအုံး Roseanne "
"Jisoo သိပ်မကြာခင် ငါက လက်ထပ်ရတော့မယ်ဆိုတာ သတိပေးပါ့ရစေ "
"လာစမ်းပါ ကြည့်ရုံတင်ကို "
Jennieတို့က ပြောပေမယ့် ကျွန်မ မျက်လုံးမှိတ်ထားလိုက်တယ် ဘာလို့ဆို Lisaရဲ့ရေကူးဝတ်စုံနဲ့ ဓာတ်ပုံအားလုံး ကျွန်မ ကြည့်ခဲ့ဖူးတယ်လေ
#tbc
#zawgyi
Roseanne's POV
မနက္ ၆နာရီ အခန္းထဲ ဝင္လာတဲ့ သူနာျပဳေၾကာင့္ ကြၽန္မေရာ Lisaပါ အိပ္ရာက နိုးလာၾကတယ္
Lisaက ဆိုဖာေပၚမွာ အိပ္ေပ်ာ္ေနတာေလ
သူ႕ေကာင္မေလးကို မေန႕ညက ဘာလို႔ အိမ္ျပန္မလာတာလည္းဆိုတဲ့အေၾကာင္း ဘယ္လိုရွင္းျပမလည္းမသိ
"Oh Doctor Manoban ဒီမွာရွိမယ္လို႔ မထင္ထားဘူး "
႐ုတ္တရက္ လက္ထပ္ရေတာ့မယ္ ကြၽန္မက ညႀကီး တစ္စုံတစ္ေယာက္နဲ႕အခန္းထဲရွိေနတာဟာ အျပစ္တစ္ခုလို ခံစားလိုက္ရသည္
"Lisaရဲ႕ သူငယ္ခ်င္းေဟာင္းပါ "
"ေက်ာင္းတုန္းက သူငယ္ခ်င္းေလ "
Lisaကပါ ဝင္ေျပာေတာ့ သူနာျပဳလည္း ဘာမွမေျပာဘဲ ေခါင္းညိတ္ျပၿပီး လွည့္ထြက္သြားတယ္
"နင္ ျပႆနာမတက္ဖို႔ ေမွ်ာ္လင့္ပါတယ္ Lisa "
" ဘာမွမျဖစ္ပါဘူး ေအးေဆးပါ ဒါေပမယ့္ Jackက လာေတာ့မယ္ မဟုတ္လား ငါသြားသင့္ၿပီ ထင္တယ္ "
Lisa ထြက္သြားမွာကို ကြၽန္မ စိုးရိမ္ပူပန္မိသည္ သူမနဲ႕အတူထပ္ရွိေနဖို႔ ကြၽန္မ ေလာဘတက္ေနမိသည္ ဒါေပမယ့္ မၾကာခင္ ကြၽန္မက လက္ထပ္ရေတာ့မယ့္လူ မဟုတ္လား.....အခုလိုျဖစ္ေနတာေတြကို ရပ္သင့္ေနၿပီ ထင္ပါတယ္
"တစ္ညလုံး ရွိေနေပးလို႔ ေက်းဇူးတင္ပါတယ္ "
"မေန႕ညက နင္ေျပာတဲ့ New jersey က ဆရာဝန္ကို ေတြ႕ခ်င္ရင္ ငါနင္နဲ႕ လိုက္ခဲ့မယ္ေလ "
"နင္ အဲ့လိုလုပ္စရာမလိုပါဘူး Lisa ငါ တစ္ေယာက္တည္း သြားလိုက္ပါမယ္ "
"ဒီေလာက္ထိ ခဏခဏ နင္ သတိေမ့လဲေနတာ တစ္ေယာက္တည္းသြားလို႔ ဘယ္ျဖစ္မွာလည္း ငါနဲ႕ မသြားခ်င္ပါဘူးဆိုရင္လည္း Jackကို ေျပာၿပီး Jackနဲ႕သြားေလ "
Lisa ေျပာတာလည္း ဟုတ္သည္ ကြၽန္မ ခဏခဏေမ့လဲေနတာ တစ္ေယာက္တည္းသြားလို႔ေတာ့ အဆင္မေျပ
ရည္းစားရွိတဲ့ Lisaကို ေခၚသြားလို႔လည္း မျဖစ္သလို Jackကိုလည္း အိမ္မက္အက်ိဳးအေၾကာင္းေျပာၿပီး လိုက္ပို႔ခိုင္းဖို႔ကလည္း အဆင္မေျပ.....
Lisaမွာ ကြၽန္မကို ႏႈတ္ဆက္ၿပီး အခန္းထဲက ထြက္သြားတယ္
ထြက္သြားတဲ့ Lisaကို ၾကည့္ရင္း ကြၽန္မ သိလိုက္တာ တစ္ခုက Lisaမရွိဘဲ ကြၽန္မတစ္ေယာက္တည္း ျဖစ္ေနမွာကို ေၾကာက္ေနမိတာပါဘဲ
"sorry ပါ အခ်စ္....ညတုန္းက ေလယာဥ္လက္မွတ္မရလိုက္လို႔ "
Jack ကြၽန္မအခန္းထဲ ေရာက္လာၿပီး ကြၽန္မကို ဖက္ကာ ေတာင္းပန္စကားေျပာလိုက္သည္
"ဒါနဲ႕ ဘာျဖစ္တာလည္း မေန႕ညက မင္းဆီ ကိုယ္ဖုန္းဆက္တာ ဖုန္းလည္းမကိုင္ဘူး "
"မေန႕ညကက အိပ္ေပ်ာ္ေနလို႔ "
Jackကို ကြၽန္မ လိမ္ေျပာလိုက္သည္
"ၿပီးေတာ့ Jack ငါ Brain tumor ျဖစ္ေနတာ "
"ဘာ ဘယ္လို "
ကြၽန္မ စကားေၾကာင့္ Jack ေတာ္ေတာ္ေလးလန့္သြားတယ္
"သူတို႔ စေတြ႕တုန္းကေတာ့ ေသးေသးေလးဘဲ အခုမွ ႀကီးလာတာ "
"သူတို႔က Tumorကို ရွာေတြ႕ခဲ့တာေတာင္ မင္းက ကိုယ့္ကိုမေျပာဘူးေပါ့ေလ ဟုတ္လား...."
"ရွင္ကမွ ကြၽန္မကို မေမးတာ "
"မင္းက ေျပာျပရမွာေလကြာ ေျပာပါအုံး ဆရာဝန္က ဒီ tumorကို အခုမွေတြ႕ၿပီး မင္းကို ဘာမွမျဖစ္ဘူးဆိုၿပီး ဂ်င္းထည့္ခဲ့တာလား "
"မဟုတ္ပါဘူး "
ကြၽန္မ စၿပီး ရွင္းျပဖို႔ လုပ္ေပမယ့္ Jackက ေဆး႐ုံဖုန္းကို ေကာက္ကိုင္သည္
"ရွင္ ဘာလုပ္တာလည္း Jack "
"ဆရာဝန္ေျပာင္းေပးဖို႔ ေျပာမလို႔ ဒီဆရာဝန္က ဘာေတြလုပ္ေနမွန္းလည္းမသိဘူး "
"မလုပ္နဲ႕ Jack ဒါက သူ႕အမွား မဟုတ္ဘူး ၿပီးေတာ့ ကြၽန္မ တစ္ျခားဆရာဝန္လည္း မလိုခ်င္ဘူး "
"အဲ့ဆရာဝန္မနဲ႕ စေတြ႕ကတည္းက ကိုယ္မေကာင္းတဲ့ခံစားခ်က္ေတြရေနခဲ့တာ "
Jack စကားေျပာရင္း အခန္းေရွ႕က သူနာျပဳ ျဖတ္သြားတာျမင္ေတာ့ လွမ္းေခၚလိုက္သည္
"ဒီမွာ... ငါ့ဇနီးေလာင္းအတြက္ ဆရာဝန္ အခုခ်က္ခ်င္း ေျပာင္းေပး "
သူနာျပဳကို အခိုင္းအေစတစ္ေယာက္လို ေျပာဆိုဆက္ဆံေနတဲ့ Jackရဲ႕ အျပဳအမူကို ကြၽန္မ စိတ္ပ်က္မိတယ္ ၿပီးေတာ့ ပိုစိတ္ပ်က္ေစမိတဲ့အေၾကာင္းအရာက ကြၽန္မ စကား ကြၽန္မအျမင္ကို ဂ႐ုမစိုက္ဘဲ သူ႕စကား သူ႕အျမင္သာ အေရးႀကီးတဲ့ ပုံစံလုပ္ေနတာဘဲ
"မဟုတ္ဘူး ကြၽန္မတို႔ မေျပာင္းဘူး "
ျဖစ္ခ်င္ေတာ့ သူနာျပဳဆရာမေလးမွာ မနက္က အခန္းထဲ ဝင္လာတဲ့တစ္ေယာက္ျဖစ္ေနသည္
အင္း သူနာျပဳေလးကေတာ့ ကြၽန္မတို႔ကို ၾကည့္ၿပီး သုံးပြင့္ဆိုင္လို႔ ထင္ေနေတာ့မွာဘဲ
"ဟုတ္ကဲ့ Doctor Manobanကို ေျပာေပးပါမယ္ "
"ေျပာစရာမလိုပါဘူး Lisaက ဘာအမွားမွမလုပ္ထားဘူးေလ "
"Lisa အခုေတာ့ သူကLisaေပါ့ ဟုတ္လား မင္းတို႔ႏွစ္ေယာက္က ႐ုတ္တရက္ မိတ္ေဆြျဖစ္သြားမွန္း မသိလိုက္ဘူး "
Jackက တကယ္ဘဲ စိတ္ပ်က္စရာေကာင္းလိုက္တာ
"ဒီမွာ Jack...Brain tumor ျဖစ္ေနတာ ရွင္ မဟုတ္ဘူး ကြၽန္မ.....ဒီေတာ့ ကြၽန္မရဲ႕ ဆရာဝန္ကို ကြၽန္မ ကိုယ္တိုင္ေ႐ြးခ်ယ္ခြင့္ရွိတယ္ ၿပီးေတာ့ ကြၽန္မ ဒီမွာ ရွိေနတာကို သူနာျပဳဆရာမကို ရိုင္းစိုင္းတဲ့အျပဳအမူမ်ိဳး ထပ္မလုပ္ပါနဲ႕ "
ကြၽန္မတို႔ ႏွစ္ေယာက္ တစ္ေယာက္ကိုတစ္ေယာက္ မ်က္ေမွာင္ၾကဳတ္ကာ စိုက္ၾကည့္ေနစဥ္ သူနာျပဳက သြားေျပာထားလို႔ထင္ပါရဲ႕ Lisaက ေရာက္လာသည္
ကြၽန္မေဘးနားကို Lisa လာရပ္ၿပီး Jackကို ၾကည့္လိုက္သည္
"ေတြ႕ခ်င္တယ္ဆိုလို႔ "
"ဟုတ္တယ္ ခင္ဗ်ား ဘယ္လိုေတြ ေသာက္သုံးမက်လိဳ႕ က်ဳပ္ ဇနီးေလာင္းဆီမွာ brain tumorျဖစ္ေနမွန္း မသိရတာလည္း..ဘယ္အခ်က္ေတြမ်ား သတိမထားမိတာလည္း ဟမ္ "
"Jack ..."
"သတိမထားမိတာ မရွိပါဘူး ပထမတစ္ခါ ဓာတ္မွန္ရိုက္တုန္းက အဲ့ brain tumor မရွိေသးဘူးေလ "
"အင္း ခင္ဗ်ားထက္ ပိုသတိထားတတ္ၿပီး အေတြ႕အႀကဳံရွိတဲ့ ဆရာဝန္လိုခ်င္တယ္ "
"အဲ့လိုဆရာဝန္ ေျပာင္းခ်င္တယ္ဆိုရင္ Roseanneရဲ႕ အထင္အျမင္ ဆုံးျဖတ္ခ်က္ ဒါမွမဟုတ္ သူ႕မိသားစု ဆုံးျဖတ္ခ်က္ လိုပါတယ္ တိတိက်က်ေျပာရရင္ ခင္ဗ်ားက သူ႕မိသားစုဝင္ မဟုတ္ဘူးေလ "
Lisaက မဲ့ၿပဳံးၿပဳံးၿပီး Jackကို ခနဲ႕လိုက္တာဘဲ
အေျခအေနပိုဆိုးသြားမယ္ထင္ေနတာ Jackက ခဏၿငိမ္သြားတယ္
"သူ ေျပာဖို႔ ေမ့ေနသလားဘဲ သိပ္မၾကာခင္ က်ဳပ္တို႔ လက္ထပ္ၾကေတာ့မွာေလ "
"ဟာ ဟုတ္လား ေဆာရီးရွင္ Roseanne ေဆး႐ုံကို ေလးခါေလာက္လာရင္ သုံးခါေလာက္ ရွင့္ကို မေတြ႕ဘူးေတာ့ ေမ့သြားလို႔ "
ဘုရားေရ... အေျခအေနက ပိုဆိုးလာေတာ့မယ္
"ေတာ္ပါေတာ့ စကားေတြထပ္မ်ားမလာခင္ ေတာ္လိုက္ေတာ့ Jack....ၿပီးေတာ့ လာေပးလို႔ ေက်းဇူးတင္ပါတယ္ Dr.Manoban "
Lisaမွာ အခန္းထဲကထြက္သြားခ်င္တဲ့ပုံမေပၚေပ
ဒါေပမယ့္ ျပႆနာျဖစ္မွာ စိတ္ပူေနတဲ့ ကြၽန္မ မ်က္ႏွာကို သတိထားမိပုံပါဘဲ သက္ျပင္းခ်ၿပီး အခန္းထဲက ထြက္သြားတယ္
"မင္းက အခု သူ႕ကို ကာကြယ္ေပးေနတာေပါ့ေလ ဟုတ္လား "
"Dammit ကြၽန္မက Brain tumor ျဖစ္ေနတာေလ brain tumor ျဖစ္တာသိၿပီး ရွင္ဘာလုပ္လည္း ေအာ္တယ္ ကြၽန္မ ဆရာဝန္ကို ျပႆနာရွာတယ္ ထပ္ေျပာမယ္ brain tumorျဖစ္တာ ကြၽန္မ ရွင္ မဟုတ္ဘူး "
ကြၽန္မ ေဒါသထြက္လာလြန္းလို႔ Jackကို လက္ညိုးထိုးၿပီး ေအာ္ဟစ္ပစ္လိုက္တယ္
"ကိုယ္ ေတာင္းပန္..."
"ရွင့္မ်က္ႏွာ မျမင္ခ်င္ေသးလို႔ ထြက္သြားေပးပါ "
Jackလည္း သက္ျပင္းခ်ၿပီး အခန္းထဲက ထြက္သြားတယ္
ေဆး႐ုံကဆင္းၿပီး ႏွစ္ရက္အၾကာမွာေတာ့ ကြၽန္မ brain tumorအေၾကာင္း ေျပာျပဖို႔ Jennieတို႔ကို ခ်ိန္းလိုက္တယ္
"ေနပါအုံး Lisaဆိုတာ နင့္ရဲ႕ ထူးဆန္းတဲ့ အိမ္မက္ထဲက ေကာင္မေလးနာမည္မဟုတ္လား "
ကြၽန္မ စကားကို နားေထာင္ၿပီး Jennie အံ့ၾသသြားတယ္
"Landonက နင္ တစ္ခါမွမျမင္ဖူးတဲ့ ေကာင္မေလးေလ "
"ေနၾကပါအုံး ဘာေတြလည္း ထူးဆန္းတဲ့ ေကာင္မေလး Landon ဘာေတြလည္း "
Jisooမွာ ကြၽန္မတို႔စကားကို နားမလည္လို႔ ဝင္ျဖတ္ေမးလိုက္သည္
"Roseanneက အိမ္မက္ထဲ လန္ဒန္ကေကာင္မေလးတစ္ေယာက္ကို အၿမဲမက္ေလ့ရွိတယ္တဲ့ အခု အိမ္မက္ထဲက ေကာင္မေလးက သူ႕ ေဆး႐ုံက ဆရာဝန္ျဖစ္ေနတယ္တဲ့ "
"ဟာ ႐ုပ္ရွင္ေတြထဲကလိုျဖစ္ေနတာေပါ့ သူ႕နာမည္က Lisa manoban ဟုတ္လား "
Jisoo ေျပာၿပီး သူ႕ဖုန္းကို ဖြင့္ကာ Lisaနာမည္ရိုက္ရွာေလသည္
"oh my god သူက ေရလည္း ကူးေသးတာဘဲ ေဟာ့လိုက္တာ ေရကူးဝတ္စုံနဲ႕ ၾကည့္ပါအုံး Roseanne "
"Jisoo သိပ္မၾကာခင္ ငါက လက္ထပ္ရေတာ့မယ္ဆိုတာ သတိေပးပါ့ရေစ "
"လာစမ္းပါ ၾကည့္႐ုံတင္ကို "
Jennieတို႔က ေျပာေပမယ့္ ကြၽန္မ မ်က္လုံးမွိတ္ထားလိုက္တယ္ ဘာလို႔ဆို Lisaရဲ႕ေရကူးဝတ္စုံနဲ႕ ဓာတ္ပုံအားလုံး ကြၽန္မ ၾကည့္ခဲ့ဖူးတယ္ေလ
#tbc
Bạn đang đọc truyện trên: Truyen3h.Co