Truyen3h.Co

အိမ်မက်ထဲက သူ

Part 13

KimFany059

#Unicode

Roseanne's POV

သောကြာနေ့ မနက်မှာတော့ ကျွန်မ အလုပ်ကို ရောက်လာတယ် ဒါပေမယ့် အထဲကိုတော့ မဝင်ဘဲ အပြင်မှာ တစ်ခုခုကို ရပ်စောင့်နေမိသည်

ကျွန်မ ရပ်စောင့်နေတဲ့သူကတော့ Lisaပါ. ....

ကျွန်မ အိမ်မက်တွေရပ်တန့်ဖို့ onlineမှာ ရှာဖွေတော့  New Jerseyက ဆရာဝန်တစ်ယောက်ကို ရှာတွေ့ခဲ့တယ်လေ

Jackက အလုပ်မအားတာရော ပြီးတော့ ကျွန်မရဲ့ ရူးကြောင်ကြောင် အိမ်မက်တွေကို Jackကို မသိစေချင်တာကြောင့် Lisa ကို ကျွန်မ ဖုန်းဆက်ခေါ်ခဲ့တယ်လေ

Lisaကတော့ အိမ်ကိုလာခေါ်မယ် ပြောပေမယ့် ကျွန်မ သစ္စာဖောက်သလိုခံစားရလို့ အလုပ်ကိုဘဲ  လာခေါ်ဖို့ ပြောခဲ့တယ်

တီတီ

နေကာမျက်မှန်တပ်ထားပြီး အလုပ်ရှေ့ ကားလာရပ်တဲ့ Lisaကို မြင်တော့ ကျွန်မ ရင်တွေအရမ်းခုန်လာသည်

"Hey Stranger... "

ကားပြတင်းပေါက်လေးကို မှီပြီးပြောလိုက်တော့ Lisaက မျက်မှန်ချွတ်ပြီး ကျွန်မကို ပြုံးပြသည်

"တို့ကို New jerseyကို လိုက်ပို့ချင်လား "

"လှပတဲ့ အဝတ်အစားဝတ်ထားပြီး လှပလွန်းတဲ့ ကောင်မလေးကို ဘယ်သွားသွား လိုက်ပို့ပေးမယ်..."

"oh ရှင်က ကြောက်စရာကောင်းအောင် ဖြားယောင်းသွေးဆောင်နေတာဘဲ "

"အယ် ကိုယ်က ဖြား​ယောင်းသွေးဆောင်တဲ့နေရာမှာတော်တယ်လေ..."

"တို့ကို ချိုချဥ်လေးတောင် မကျွေးဘူးဘဲ ရုပ်ရှင်ထဲမှာဆို ချိုချဥ်နဲ့ဆွဲဆောင်ကြတာလေ "

ကျွန်မကပြောတော့ Lisaက နှာခေါင်းလေးရှုံ့ကာ ရယ်ပြီး သူမဘောင်းဘီ အိတ်ထဲက ချိုချဥ်ကို ထုတ်ယူလိုက်သည်

"wow တို့ အကြိုက်ဆုံး ချိုချဥ်စုပ်လုံးလေးဘဲ "

"သိနေတယ်လေ ဟဲဟဲ ဒါဆို ခါးပတ်ပတ် Roseanne ကိုယ် စထွက်ပြီ "

Lisa ပြောပြီး ကားစက်နှိုးလိုက်သည်

Dr .Hanရှိရာ New Jersey ကို သွားရာလမ်းတွင်

"အခုလို လုပ်မယ့်အကြောင်း Jackကို ပြောခဲ့လား "

"နင်ရော Annaကို ပြောခဲ့လား..."

"ဟင့်အင်း သူက အိမ်မှာမရှိဘူး "

ဒါဆို Lisaလည်း Annaကို မပြောပြခဲ့ဘူး​ဘဲ

"အလုပ်ကနေ ခွင့်ယူရတဲ့အထိ အရေးမကြီးပါဘူး Lisaရယ် "

"သောကြာနေ့ဆို ကိုယ် လူနာသိပ်မကြည့်ဘူးလေ ဒါကြောင့်မို့ မင်းကို လိုက်ပို့တာ "

"အင်း တို့လည်း အလုပ်ကခွင့်ယူခဲ့တာ Brain tumorဖြစ်နေတဲ့ ဝန်ထမ်းကို သူဌေးက ခွင့်မပေးချင်ဘူးတဲ့လေ "

"ဘာလို့ အဲ့အလုပ်က ထွက်မလာတာလည်း Roseanne...မင်း ကျောင်းဆက်တက်ပြီး ဗိသုကာလက်ရာဘွဲ့ယူလို့ရတာဘဲကို "

"အခုကို အသက်က ဘယ်လောက်ရှိနေပြီလည်း ပြီးတော့ မာစတာဘွဲ့ယူဖို့ကလည်း အချိန်ပေးကြိုးစားရအုံးမယ်လေ ပြီးတော့ ကျောင်းတက်ဖို့က ပိုက်ဆံတော်တော်ကုန်မှာ Jackကလည်း အိမ်အကြီးကြီးဝယ်နိုင်ဖို့ ပိုက်ဆံစုနေတော့ တို့လည်း ခြွေတာရမှာပေါ့"

"မင်းကလည်း အိမ်အကြီးကြီးမှာ နေချင်တာလည်း မေးပါအုံးမယ် ဒါဆို အိမ်အကြီးကြီးမှာနေချင်လား ဗိသုကာဘွဲ့လိုချင်လား "

မီးဖိုချောင်အကြီးကြီး အိပ်ခန်းအကျယ်ကြီးနဲ့ နေရမယ့် အတွေးက ကျွန်မကို နှလုံးခုန်မြန်စေသလား ဟင့်အင်း ဒါဆို ဘွဲ့ကရော....

"အင်းပါ သေချာစဥ်းစားကြည့်လိုက်ပါမယ် Lisa "

"ဒါက ကိုယ့်ကိစ္စမဟုတ်ဘူးဆိုတာ သိပါတယ် ဒါပေမယ့် မင်းက ကိုယ့်ရဲ့ အကောင်းဆုံးလူနာဆိုတော့ မင်းကို ပျော်စေချင်လို့ပါ "

"အကောင်းဆုံး ဟုတ်လား "

ကျွန်မက ရယ်ပြီး မေးတော့ Lisaက ခေါင်းညိတ်ပြသည်

"ဒါ​ပေါ့ ကိုယ်တို့စတွေ့တုံးက ကိုယ့်လက်ကို ကိုင်ပြီး လက်ထပ်ထားတယ်ဆိုတဲ့အကြောင်း ပြောတဲ့ အကောင်းဆုံးလူနာလေ "

"အင်း အိမ်မက်ထဲမှာတော့ နင်နဲ့ငါက လက်ထပ်တော့မှာနော် အပြင်မှာတော့ နင့်မှာလည်း ရည်းစားရှိပြီး ငါ့မှာလည်း လက်ထပ်ရမယ့်သူရှိနေတာ "

"ဒါပေမယ့် အခုထိ ဘယ်သူမှ လက်မထပ်ရသေးဘူးလေ "

Lisaရဲ့စကားကြောင့် ကျွန်မ စိတ်လှုပ်ရှားလာတယ်

တစ်ဖက်က ကြောက်စိတ်ဝင်လာပြီး တစ်ဖက်က စိတ်လှုပ်ရှားနေတယ်

ဒီကားထဲမှာ Lisaနဲ့အတူ မရှိသင့်ဘူး

ပြီးတော့ Jackနဲ့ လက်ထပ်ပွဲကို ဖျက်ပစ်ရမယ်ဆိုတဲ့ အတွေးတွေ ဝင်မလာသင့်ဘူး

စကားပြောရင်း New Jersey က Dr.Hanရဲ့ အိမ်ကို ရောက်လာကြတယ်

"မင်း လုပ်ချင်တာ သေချာတယ်နော် Roseanne "

"အင်း...."

"hey အားလုံးအဆင်ပြေသွားမှာပါ သိလား "

ကျွန်မရဲ့ လက်ကို ကိုင်ပြီး Lisa အားပေးနေတယ်

Lisaက ကျွန်မအတွက် နေမင်းကြီးလိုဘဲ နွေးထွေးစေတယ်

ပြီးတော့ Lisa ကျွန်မအတွက်နဲ့ ဒီထိလိုက်လာပေးတာကို ကျေးဇူးတင်မိတယ်

ကျွန်မကို Lisa supportပေးနေတာကို သဘောကျတယ်

"ကျေးဇူးတင်ပါတယ် Lisa...."

"မင်းနဲ့အတူ ရှိခွင့်ရတာဘဲ ကိုယ် ပျော်ပါတယ် "

Door Bellသံကြောင့် အထဲက ဒေါက်တာ Hanက တံခါးလာဖွင့်ပေးတယ် ဒေါက်တာ Hanကို အလွန်ဆုံးရှိ အသက်ငါးဆယ်လောက် ခန့်မှန်းထားတာ အခုတော့ ဒေါက်တာ Hanက အသက်ခုနှစ်ဆယ်ကျော်လောက်တောင် ရှိရောပေါ့

ကျွန်မတို့ ကိုယ့်ကိုကိုယ် မိတ်ဆက်လိုက်ပေမယ့် သူကတော့ နားထောင်တဲ့ပုံမပေါ်ပါဘူး

"ဝင်ခဲ့ ဝင်ခဲ့ '

ဒေါက်တာ Hanရဲ့ အိမ်ထဲဝင်သွားတော့ ဒေါက်တာ Hanနဲ့အတူ အမျိုးသမီးတစ်ယောက်ပုံနဲ့ ထိုအမျိုးသမီး အသက်နှစ်ဆယ်ကျော်က ပုံလေးတွေချိတ်ဆွဲထားတာကို တွေ့ရသည်

ဒေါက်တာ Hanက ငယ်ငယ်ကတော့ ချောသားဘဲ

"ဒီတော့ မင်းက Roseanne... ဘယ်သူက မင်းရဲ့ သူငယ်ချင်းလည်း "

တွေ့လားပြောသားဘဲ သူ ကျွန်မပြောစကားကို နားမထောင်ပါဘူးဆို

ဒါကြောင့်မို့လို့ Doctor Hanကို ကျွန်မတို့ ပြန်မိတ်ဆက်လိုက်တယ်

"စိတ်ဝင်စားစရာဘဲ စိတ်ဝင်စားစရာတော်တော်ကောင်းတာဘဲ "

ဘောပင်အဖုံးကိုဆွဲကိုက်ပြောတဲ့ ဒေါက်တာ Hanကို Lisa သိပ်မကြည်တဲ့ပုံပင်

"ဒီတော့ ဒေါက်တာရဲ့ ဝက်ဆိုက်ဒ်က ပြောထားသလိုဆို ဒေါက်တာက Princeton အဖွဲ့အစည်းရဲ့ အသင်းဝင်ပေါ့နော် "

Lisaက သံသယဝင်နေတဲ့ပုံဘဲ

"ဖြစ်ခဲ့တာပါ ...အဲ့က ငါ့ကို ဆက်လုပ်ခွင့်မပေးတော့ဘူးလေ "

Dr. Han စကားဆုံးတော့ Lisa လက်တစ်ဖက်က ကျွန်မရဲ့ပေါင်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လာတယ်

ကျွန်မကို အားပေးဖို့လား ထွက်သွားဖို့ အချက်ပြတာလား ဘာဘဲ ဖြစ်ဖြစ် ကျွန်မ အခုထိ ထိုင်ခုံမှာ ရှိနေသေးတယ်

ခရီးအဝေးကနေတောင် လာရတာ အနည်းဆုံး လှည့်မပြန်ဘဲဲ ကြိုးစားကြည့်သင့်တယ် မဟုတ်လား

"ကျွန်မ ပို့လိုက်တဲ့ ပုံတွေကြည့်ပြီးပြီလားရှင့် "

"မင်းစာကိုဖတ်ရုံနဲ့တင် တော်တော်သိနေပါပြီ ပုံကြည့်စရာမလိုပါဘူး..."

Dr.Hanက ပြောပြီး ရီမုကို နှိပ်ကာ projectorကို ဖွင့်လိုက််သည်

"ဒေါက်တာ Manoban...ဒီပုံကြည့်ပြီး brain tumorကလွဲလို့ ခင်ဗျားတွေ့တာလေး ကျုပ်ကိုပြောပြပါအုံး "

"Roseanneရဲ့ ဦးခေါင်းရှေ့ပိုင်းက...."

"ဟုတ်တယ် သူ့ဦးခေါင်းရှေ့ပိုင်းက လူတွေထက် ပိုပြီး သိပ်သည်းဆများနေတယ် "

"ဟင် ကျွန်မက လူမဟုတ်ဘူးလို့ ပြောချင်တာလား "

"အဲ့လို မဟုတ်ဘူးလေ လူတွေထက် နည်းနည်းထူးခြားတဲ့ Time Jumperပေါ့ "

"ရှင်....အချိန်ခရီးသွားလို့ ပြောချင်တာလား ဆရာပြောချင်တာက Roseanneက အချိန်ခရီးသွားနိုင်တယ်ဆိုတာလား "

"အဲ့လိုပေါ့ "

"ကျွန်မက အိမ်မက်မက်ရုံဘဲလေ ဘယ်မှမခုန်မသွားပါဘူး "

"အဲ့တာဆို အိမ်မက်ရဲ့ထူးခြားတာလေး ပြောပြပါအုံး "

"ကျွန်မ လန်ဒန်မှာရှိခဲ့တယ်လို့ အိမ်မက်မက်ခဲ့ပေမယ့် ကျွန်မ passportမှာ လန်ဒန်ကို သွားခဲ့ကြောင်း မတွေ့ရဘူး "

"ပြောရမယ်ဆိုရင် မင်းက ဂျာမနီမှာလည်း ရှိခဲ့တယ် Roseanne "

"ရှင် "

Dr.Han စကားကြောင့် ကျွန်မရော Lisaပါ ရူးတော့မလိုဖြစ်သွားတယ်

"ကျုပ်မိန်းမကလည်း Roseanneလိုဘဲ အချိန်ခရီးသွားနိုင်တယ် တစ်နေ့တော့ အတိတ်မှာ ပြင်စရာရှိတယ်ဆိုပြီး အတိတ်ကို ခုန်ထွက်သွားတာ ခုထိပြန်မလာနိုင်တော့ဘူး...ဒါကြောင့်မို့ Dr.Lisa Manoban ခင်ဗျား မိန်းမကို ဂရုစိုက်ပါ "

"သူက ကျွန်မ မိန်းမ မဟုတ်ပါဘူး "

"ဆရာ့မိန်းမကိစ္စ ကြားရတာ စိတ်မကောင်းပေမယ့် ကျွန်မတို့ကို သွားခွင့်ပြုပါအုံး "

"hey မင်းတို့က ငါ့ကိုမယုံဘူးဘဲ "

ကျွန်မ ဆက်ပြီး ရူးကြောင်ကြောင်စကားတွေနားမထောင်နိုင်တော့လို့ Lisaကို ဆွဲခေါ်ပြီး Dr.Hanဆီက ထွက်လာတယ်

ဘယ်နဲ့ အိမ်မက်လေးမက်ရုံကို အချိန်ခရီးသွားတယ်က ဖြစ်ရသေးသည်

"ဒီလို အရှုပ်ထုပ်ထဲ ဆွဲခေါ်မိလို့ တောင်းပန်ပါတယ် Lisa"

"ရပါတယ် မိန်းမရယ် '

Lisaက စလိုက်တော့ ကျွန်မရယ်လိုက်သည်

"အချိန်က နေ့လည်စာစားချိန်ရောက်ရောပေါ့ အိမ်မပြန်ခင် နေ့လည်စာ ဝင်စားရအောင် '

ကျွန်မ ခေါင်းညိတ်ပြပြီး Lisaနဲ့အတူ စားသောက်ဆိုင်တစ်ဆိုင်ကို ထွက်လာလိုက်သည်

#tbc

*အရင်ကထက် နည်းနည်းရှုပ်လာပါမယ်နော်*

#zawgyi

Roseanne's POV

ေသာၾကာေန႕ မနက္မွာေတာ့ ကြၽန္မ အလုပ္ကို ေရာက္လာတယ္ ဒါေပမယ့္ အထဲကိုေတာ့ မဝင္ဘဲ အျပင္မွာ တစ္ခုခုကို ရပ္ေစာင့္ေနမိသည္

ကြၽန္မ ရပ္ေစာင့္ေနတဲ့သူကေတာ့ Lisaပါ. ....

ကြၽန္မ အိမ္မက္ေတြရပ္တန႔္ဖို႔ onlineမွာ ရွာေဖြေတာ့  New Jerseyက ဆရာဝန္တစ္ေယာက္ကို ရွာေတြ႕ခဲ့တယ္ေလ

Jackက အလုပ္မအားတာေရာ ၿပီးေတာ့ ကြၽန္မရဲ႕ ႐ူးေၾကာင္ေၾကာင္ အိမ္မက္ေတြကို Jackကို မသိေစခ်င္တာေၾကာင့္ Lisa ကို ကြၽန္မ ဖုန္းဆက္ေခၚခဲ့တယ္ေလ

Lisaကေတာ့ အိမ္ကိုလာေခၚမယ္ ေျပာေပမယ့္ ကြၽန္မ သစၥာေဖာက္သလိုခံစားရလို႔ အလုပ္ကိုဘဲ  လာေခၚဖို႔ ေျပာခဲ့တယ္

တီတီ

ေနကာမ်က္မွန္တပ္ထားၿပီး အလုပ္ေရွ႕ ကားလာရပ္တဲ့ Lisaကို ျမင္ေတာ့ ကြၽန္မ ရင္ေတြအရမ္းခုန္လာသည္

"Hey Stranger... "

ကားျပတင္းေပါက္ေလးကို မွီၿပီးေျပာလိုက္ေတာ့ Lisaက မ်က္မွန္ခြၽတ္ၿပီး ကြၽန္မကို ၿပဳံးျပသည္

"တို႔ကို New jerseyကို လိုက္ပို႔ခ်င္လား "

"လွပတဲ့ အဝတ္အစားဝတ္ထားၿပီး လွပလြန္းတဲ့ ေကာင္မေလးကို ဘယ္သြားသြား လိုက္ပို႔ေပးမယ္..."

"oh ရွင္က ေၾကာက္စရာေကာင္းေအာင္ ျဖားေယာင္းေသြးေဆာင္ေနတာဘဲ "

"အယ္ ကိုယ္က ျဖားေယာင္းေသြးေဆာင္တဲ့ေနရာမွာေတာ္တယ္ေလ..."

"တို႔ကို ခ်ိဳခ်ဥ္ေလးေတာင္ မေကြၽးဘူးဘဲ ႐ုပ္ရွင္ထဲမွာဆို ခ်ိဳခ်ဥ္နဲ႕ဆြဲေဆာင္ၾကတာေလ "

ကြၽန္မကေျပာေတာ့ Lisaက ႏွာေခါင္းေလးရႈံ႕ကာ ရယ္ၿပီး သူမေဘာင္းဘီ အိတ္ထဲက ခ်ိဳခ်ဥ္ကို ထုတ္ယူလိုက္သည္

"wow တို႔ အႀကိဳက္ဆုံး ခ်ိဳခ်ဥ္စုပ္လုံးေလးဘဲ "

"သိေနတယ္ေလ ဟဲဟဲ ဒါဆို ခါးပတ္ပတ္ Roseanne ကိုယ္ စထြက္ၿပီ "

Lisa ေျပာၿပီး ကားစက္ႏွိုးလိုက္သည္

Dr .Hanရွိရာ New Jersey ကို သြားရာလမ္းတြင္

"အခုလို လုပ္မယ့္အေၾကာင္း Jackကို ေျပာခဲ့လား "

"နင္ေရာ Annaကို ေျပာခဲ့လား..."

"ဟင့္အင္း သူက အိမ္မွာမရွိဘူး "

ဒါဆို Lisaလည္း Annaကို မေျပာျပခဲ့ဘူးဘဲ

"အလုပ္ကေန ခြင့္ယူရတဲ့အထိ အေရးမႀကီးပါဘူး Lisaရယ္ "

"ေသာၾကာေန႕ဆို ကိုယ္ လူနာသိပ္မၾကည့္ဘူးေလ ဒါေၾကာင့္မို႔ မင္းကို လိုက္ပို႔တာ "

"အင္း တို႔လည္း အလုပ္ကခြင့္ယူခဲ့တာ Brain tumorျဖစ္ေနတဲ့ ဝန္ထမ္းကို သူေဌးက ခြင့္မေပးခ်င္ဘူးတဲ့ေလ "

"ဘာလို႔ အဲ့အလုပ္က ထြက္မလာတာလည္း Roseanne...မင္း ေက်ာင္းဆက္တက္ၿပီး ဗိသုကာလက္ရာဘြဲ႕ယူလို႔ရတာဘဲကို "

"အခုကို အသက္က ဘယ္ေလာက္ရွိေနၿပီလည္း ၿပီးေတာ့ မာစတာဘြဲ႕ယူဖို႔ကလည္း အခ်ိန္ေပးႀကိဳးစားရအုံးမယ္ေလ ၿပီးေတာ့ ေက်ာင္းတက္ဖို႔က ပိုက္ဆံေတာ္ေတာ္ကုန္မွာ Jackကလည္း အိမ္အႀကီးႀကီးဝယ္နိုင္ဖို႔ ပိုက္ဆံစုေနေတာ့ တို႔လည္း ေႁခြတာရမွာေပါ့"

"မင္းကလည္း အိမ္အႀကီးႀကီးမွာ ေနခ်င္တာလည္း ေမးပါအုံးမယ္ ဒါဆို အိမ္အႀကီးႀကီးမွာေနခ်င္လား ဗိသုကာဘြဲ႕လိုခ်င္လား "

မီးဖိုေခ်ာင္အႀကီးႀကီး အိပ္ခန္းအက်ယ္ႀကီးနဲ႕ ေနရမယ့္ အေတြးက ကြၽန္မကို ႏွလုံးခုန္ျမန္ေစသလား ဟင့္အင္း ဒါဆို ဘြဲ႕ကေရာ....

"အင္းပါ ေသခ်ာစဥ္းစားၾကည့္လိုက္ပါမယ္ Lisa "

"ဒါက ကိုယ့္ကိစၥမဟုတ္ဘူးဆိုတာ သိပါတယ္ ဒါေပမယ့္ မင္းက ကိုယ့္ရဲ႕ အေကာင္းဆုံးလူနာဆိုေတာ့ မင္းကို ေပ်ာ္ေစခ်င္လို႔ပါ "

"အေကာင္းဆုံး ဟုတ္လား "

ကြၽန္မက ရယ္ၿပီး ေမးေတာ့ Lisaက ေခါင္းညိတ္ျပသည္

"ဒါေပါ့ ကိုယ္တို႔စေတြ႕တုံးက ကိုယ့္လက္ကို ကိုင္ၿပီး လက္ထပ္ထားတယ္ဆိုတဲ့အေၾကာင္း ေျပာတဲ့ အေကာင္းဆုံးလူနာေလ "

"အင္း အိမ္မက္ထဲမွာေတာ့ နင္နဲ႕ငါက လက္ထပ္ေတာ့မွာေနာ္ အျပင္မွာေတာ့ နင့္မွာလည္း ရည္းစားရွိၿပီး ငါ့မွာလည္း လက္ထပ္ရမယ့္သူရွိေနတာ "

"ဒါေပမယ့္ အခုထိ ဘယ္သူမွ လက္မထပ္ရေသးဘူးေလ "

Lisaရဲ႕စကားေၾကာင့္ ကြၽန္မ စိတ္လႈပ္ရွားလာတယ္

တစ္ဖက္က ေၾကာက္စိတ္ဝင္လာၿပီး တစ္ဖက္က စိတ္လႈပ္ရွားေနတယ္

ဒီကားထဲမွာ Lisaနဲ႕အတူ မရွိသင့္ဘူး

ၿပီးေတာ့ Jackနဲ႕ လက္ထပ္ပြဲကို ဖ်က္ပစ္ရမယ္ဆိုတဲ့ အေတြးေတြ ဝင္မလာသင့္ဘူး

စကားေျပာရင္း New Jersey က Dr.Hanရဲ႕ အိမ္ကို ေရာက္လာၾကတယ္

"မင္း လုပ္ခ်င္တာ ေသခ်ာတယ္ေနာ္ Roseanne "

"အင္း...."

"hey အားလုံးအဆင္ေျပသြားမွာပါ သိလား "

ကြၽန္မရဲ႕ လက္ကို ကိုင္ၿပီး Lisa အားေပးေနတယ္

Lisaက ကြၽန္မအတြက္ ေနမင္းႀကီးလိုဘဲ ႏြေးေထြးေစတယ္

ၿပီးေတာ့ Lisa ကြၽန္မအတြက္နဲ႕ ဒီထိလိုက္လာေပးတာကို ေက်းဇူးတင္မိတယ္

ကြၽန္မကို Lisa supportေပးေနတာကို သေဘာက်တယ္

"ေက်းဇူးတင္ပါတယ္ Lisa...."

"မင္းနဲ႕အတူ ရွိခြင့္ရတာဘဲ ကိုယ္ ေပ်ာ္ပါတယ္ "

Door Bellသံေၾကာင့္ အထဲက ေဒါက္တာ Hanက တံခါးလာဖြင့္ေပးတယ္ ေဒါက္တာ Hanကို အလြန္ဆုံးရွိ အသက္ငါးဆယ္ေလာက္ ခန့္မွန္းထားတာ အခုေတာ့ ေဒါက္တာ Hanက အသက္ခုႏွစ္ဆယ္ေက်ာ္ေလာက္ေတာင္ ရွိေရာေပါ့

ကြၽန္မတို႔ ကိုယ့္ကိုကိုယ္ မိတ္ဆက္လိုက္ေပမယ့္ သူကေတာ့ နားေထာင္တဲ့ပုံမေပၚပါဘူး

"ဝင္ခဲ့ ဝင္ခဲ့ '

ေဒါက္တာ Hanရဲ႕ အိမ္ထဲဝင္သြားေတာ့ ေဒါက္တာ Hanနဲ႕အတူ အမ်ိဳးသမီးတစ္ေယာက္ပုံနဲ႕ ထိုအမ်ိဳးသမီး အသက္ႏွစ္ဆယ္ေက်ာ္က ပုံေလးေတြခ်ိတ္ဆြဲထားတာကို ေတြ႕ရသည္

ေဒါက္တာ Hanက ငယ္ငယ္ကေတာ့ ေခ်ာသားဘဲ

"ဒီေတာ့ မင္းက Roseanne... ဘယ္သူက မင္းရဲ႕ သူငယ္ခ်င္းလည္း "

ေတြ႕လားေျပာသားဘဲ သူ ကြၽန္မေျပာစကားကို နားမေထာင္ပါဘူးဆို

ဒါေၾကာင့္မို႔လို႔ Doctor Hanကို ကြၽန္မတို႔ ျပန္မိတ္ဆက္လိုက္တယ္

"စိတ္ဝင္စားစရာဘဲ စိတ္ဝင္စားစရာေတာ္ေတာ္ေကာင္းတာဘဲ "

ေဘာပင္အဖုံးကိုဆြဲကိုက္ေျပာတဲ့ ေဒါက္တာ Hanကို Lisa သိပ္မၾကည္တဲ့ပုံပင္

"ဒီေတာ့ ေဒါက္တာရဲ႕ ဝက္ဆိုက္ဒ္က ေျပာထားသလိုဆို ေဒါက္တာက Princeton အဖြဲ႕အစည္းရဲ႕ အသင္းဝင္ေပါ့ေနာ္ "

Lisaက သံသယဝင္ေနတဲ့ပုံဘဲ

"ျဖစ္ခဲ့တာပါ ...အဲ့က ငါ့ကို ဆက္လုပ္ခြင့္မေပးေတာ့ဘူးေလ "

Dr. Han စကားဆုံးေတာ့ Lisa လက္တစ္ဖက္က ကြၽန္မရဲ႕ေပါင္ကို တင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္လာတယ္

ကြၽန္မကို အားေပးဖို႔လား ထြက္သြားဖို႔ အခ်က္ျပတာလား ဘာဘဲ ျဖစ္ျဖစ္ ကြၽန္မ အခုထိ ထိုင္ခုံမွာ ရွိေနေသးတယ္

ခရီးအေဝးကေနေတာင္ လာရတာ အနည္းဆုံး လွည့္မျပန္ဘဲဲ ႀကိဳးစားၾကည့္သင့္တယ္ မဟုတ္လား

"ကြၽန္မ ပို႔လိုက္တဲ့ ပုံေတြၾကည့္ၿပီးၿပီလားရွင့္ "

"မင္းစာကိုဖတ္႐ုံနဲ႕တင္ ေတာ္ေတာ္သိေနပါၿပီ ပုံၾကည့္စရာမလိုပါဘူး..."

Dr.Hanက ေျပာၿပီး ရီမုကို ႏွိပ္ကာ projectorကို ဖြင့္လိုက္္သည္

"ေဒါက္တာ Manoban...ဒီပုံၾကည့္ၿပီး brain tumorကလြဲလို႔ ခင္ဗ်ားေတြ႕တာေလး က်ဳပ္ကိုေျပာျပပါအုံး "

"Roseanneရဲ႕ ဦးေခါင္းေရွ႕ပိုင္းက...."

"ဟုတ္တယ္ သူ႕ဦးေခါင္းေရွ႕ပိုင္းက လူေတြထက္ ပိုၿပီး သိပ္သည္းဆမ်ားေနတယ္ "

"ဟင္ ကြၽန္မက လူမဟုတ္ဘူးလို႔ ေျပာခ်င္တာလား "

"အဲ့လို မဟုတ္ဘူးေလ လူေတြထက္ နည္းနည္းထူးျခားတဲ့ Time Jumperေပါ့ "

"ရွင္....အခ်ိန္ခရီးသြားလို႔ ေျပာခ်င္တာလား ဆရာေျပာခ်င္တာက Roseanneက အခ်ိန္ခရီးသြားနိုင္တယ္ဆိုတာလား "

"အဲ့လိုေပါ့ "

"ကြၽန္မက အိမ္မက္မက္႐ုံဘဲေလ ဘယ္မွမခုန္မသြားပါဘူး "

"အဲ့တာဆို အိမ္မက္ရဲ႕ထူးျခားတာေလး ေျပာျပပါအုံး "

"ကြၽန္မ လန္ဒန္မွာရွိခဲ့တယ္လို႔ အိမ္မက္မက္ခဲ့ေပမယ့္ ကြၽန္မ passportမွာ လန္ဒန္ကို သြားခဲ့ေၾကာင္း မေတြ႕ရဘူး "

"ေျပာရမယ္ဆိုရင္ မင္းက ဂ်ာမနီမွာလည္း ရွိခဲ့တယ္ Roseanne "

"ရွင္ "

Dr.Han စကားေၾကာင့္ ကြၽန္မေရာ Lisaပါ ႐ူးေတာ့မလိုျဖစ္သြားတယ္

"က်ဳပ္မိန္းမကလည္း Roseanneလိုဘဲ အခ်ိန္ခရီးသြားနိုင္တယ္ တစ္ေန႕ေတာ့ အတိတ္မွာ ျပင္စရာရွိတယ္ဆိုၿပီး အတိတ္ကို ခုန္ထြက္သြားတာ ခုထိျပန္မလာနိုင္ေတာ့ဘူး...ဒါေၾကာင့္မို႔ Dr.Lisa Manoban ခင္ဗ်ား မိန္းမကို ဂ႐ုစိုက္ပါ "

"သူက ကြၽန္မ မိန္းမ မဟုတ္ပါဘူး "

"ဆရာ့မိန္းမကိစၥ ၾကားရတာ စိတ္မေကာင္းေပမယ့္ ကြၽန္မတို႔ကို သြားခြင့္ျပဳပါအုံး "

"hey မင္းတို႔က ငါ့ကိုမယုံဘူးဘဲ "

ကြၽန္မ ဆက္ၿပီး ႐ူးေၾကာင္ေၾကာင္စကားေတြနားမေထာင္နိုင္ေတာ့လို႔ Lisaကို ဆြဲေခၚၿပီး Dr.Hanဆီက ထြက္လာတယ္

ဘယ္နဲ႕ အိမ္မက္ေလးမက္႐ုံကို အခ်ိန္ခရီးသြားတယ္က ျဖစ္ရေသးသည္

"ဒီလို အရႈပ္ထုပ္ထဲ ဆြဲေခၚမိလို႔ ေတာင္းပန္ပါတယ္ Lisa"

"ရပါတယ္ မိန္းမရယ္ '

Lisaက စလိုက္ေတာ့ ကြၽန္မရယ္လိုက္သည္

"အခ်ိန္က ေန႕လည္စာစားခ်ိန္ေရာက္ေရာေပါ့ အိမ္မျပန္ခင္ ေန႕လည္စာ ဝင္စားရေအာင္ '

ကြၽန္မ ေခါင္းညိတ္ျပၿပီး Lisaနဲ႕အတူ စားေသာက္ဆိုင္တစ္ဆိုင္ကို ထြက္လာလိုက္သည္

#tbc

*အရင္ကထက္ နည္းနည္းရႈပ္လာပါမယ္ေနာ္*

Bạn đang đọc truyện trên: Truyen3h.Co