Part 14
#Unicode
Roseanne's Pov
မော်ဒယ်ဆန်တဲ့ အိမ်ကလေးက လှပေမယ့် ယေဘုယျတော့ ဆန်သည်
Jackကတော့ ခြံဝန်းအကျယ်ကြီးပါတာကိုပါကြည့်ပြီး အိမ်ကိုသဘောနေတယ်
"ကလေးတွေအတွက် ဒီခြံဝန်းအကျယ်ကြီးက အသင့်တော်ဆုံးဘဲ "
Jackကသဘောကျ ပျော်နေပေမယ့် ကျွန်မစိတ်ထဲမှာတော့ သိပ်ပြီး စိတ်တိုင်းမကျပေ
Lisa ပြောတဲ့ စကားကိုဘဲ ခဏခဏတွေးနေမိတယ်
ဘွဲ့ထက် အိမ်ကိုလိုချင်တာလား
လိုချင်လား မလိုချင်လားဆိုတာ ကျွန်မ အခုထိ ဝေခွဲမရသေးပေ
ပွဲစား agent ကတော့ ကျွန်မတို့ကို အိမ်တစ်အိမ်လုံး သေချာလိုက်ပြပေးပြီးနောက် သူ့ရုံးခန်းထဲ စျေးဆွေးနွေးဖို့ ခေါ်လေသည်
"အာ ကျွန်မတို့နှစ်ယောက်ကို အချိန်ခဏပေးပါ "
ကျွန်မစကားကြောင့် Agentက ခေါင်းညိတ်ပြီး ခဏရှောင် ထွက်သွားပေမယ့် Jackကတော့ စိတ်မရှည်တဲ့ အကြည့်နဲ့ ကျွန်မကို ကြည့်နေတယ်
"ကျွန်မတို့ ဆွေးနွေးဖို့လိုတယ်ထင်လို့ "
"ဘာကို ဆွေးနွေးမှာလည်း ခုတောင် depositeတင်မလို့ကို "
Jack စကားကြောင့် ကျွန်မ စိတ်တိုလာတယ်
အိမ်ကိစ္စ ကျွန်မ စိတ်မဝင်စားပါဘူးလို့ ပြောထားဖူးတာကို ကျွန်မရဲ့ စကားနားမထောင်ဘဲ သူဖြစ်ချင်တာ သူလုပ်ချင်တာကို မကြာခင် သူက ကျွန်မ ခင်ပွန်းဖြစ်တော့မယ်ဆိုတဲ့ စကားနဲ့အမြဲ ရအောင်လုပ်တယ်
"Georgetownကို ပြန်သွားဖို့ စဥ်းစားနေတာ "
"ကျောင်းသူအဖြစ်လား "
"ဟုတ်တယ်...ဘွဲ့ရအောင် ကျောင်းပြီးအောင်တက်ဖို့ "
"Roseanne ....Jesus မင်း တကယ်ပြောနေတာလား....မင်း ကျောင်းတက်လို့ မရဘူးလေ ပိုက်ဆံဘယ်လောက်ကုန်မယ်ဆိုတာ တကယ်မသိတာလား"
"သိတာပေါ့ ဖေဖေ ကျွန်မအတွက် ချန်ထားပေးတဲ့ ပိုက်ဆံတွေရှိတာဘဲ ဖေဖေကလည်း အခုလိုလုပ်စေချင်မှာဘဲ "
"မင်း ကိုယ့်ကို စနေတာလား ဟမ် မင်းအဖေသာ ကြားရင် အုတ်ဂူကနေ ထွက်လာတော့မှာဘဲ "
"ကျွန်မထက် ကျွန်မရဲ့ အဖေအကြောင်းကို ရှင်က ပိုသိနေတာလား "
"ဘာတွေဖြစ်နေလည်း မသိတော့ဘူး ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ကတည်းက အိမ်ဝယ်မယ့်အကြောင်း ပြောလာခဲ့တာလေ အခု အိမ်လည်းဝယ်နိုင်တော့မယ့် အချိန်ကျ မင်းက ကျောင်းတက်ချင်တယ်တဲ့လား ဘယ်လို
ဖြစ်တာလည်း Brain tumor ကြောင့်လား "
Jack စကားကြောင့် ကျွန်မရဲ့ သွေးတွေ ပွက်ပွက်ဆူလာတယ် ကျွန်မရဲ့ ရောဂါကို သူက အပြစ်တင်နေတာလား
Jackနဲ့ ကျွန်မစကားများပြီးနောက် Jackကလည်း ပြန်သွားတယ်
ကျွန်မလည်း အိမ်မှာဘဲ ဆက်နေပြီး အိပ်ပစ်လိုက်တယ်
နောက်တစ်ရက်တော့ ဆေးရုံရက်ချိန်းရှိလို့ ကျွန်မ ဆေးရုံကိုသွားလိုက်သည်
"Jack မပါဘူးပေါ့ Roseanne "
"အင်း ဒီမနက်ဘဲ အလုပ်ကိစ္စရှိလို့ ဆိုပြီး မြို့ကနေ ထွက်သွားတယ် "
ဆေးစစ်ချက်လုပ်ပြီး Lisaရုံးခန်းကိုသွားစဥ် အရေးပေါ်လှေကားတံခါးနား ရပ်နေတဲ့ ဆယ်ကျော်သက်အရွယ် ကလေးမလေးကို တွေ့လိုက်ရသည်
Lisaက လူနာ တစ်ယောက်ဝင်ကြည့်ရမှာမို့ ကျွန်မကို သူ့ရုံးခန်းထဲ အရင်သွားခိုင်းနေတယ်လေ
အဲ့ကောင်မလေးနဲ့ ကျွန်မ အကြည့်ချင်းဆုံတော့ အဲ့ကောင်မလေးကလည်း ကျွန်မကိုဘဲ စိုက်ကြည့်နေတယ်
ကောင်မလေးကို စိုက်ကြည့်ရင်း ရုတ်တရက် တစ်ခုခုကို ကျွန်မ မှတ်မိသွားတယ် သူက ကျွန်မ အိမ်မက်ထဲ ပါခဲ့ဖူးတဲ့ ကောင်မလေးဘဲ
"ငါ ငါနင့်ကိုတွေ့ဖူးတယ် ငါ့အိမ်မက်ထဲမှာ တွေ့ဖူးတယ် "
ကျွန်မရဲ့ ပြောစကားကို ကောင်မလေးလည်း နားလည်ဟန်တူသည်.... ဒါဆို အိမ်မက်အကြောင်းလည်း သူသိတာပေါ့
"အင်း ဒါက တစ်ခါတစ်လေဖြစ်တတ်တယ် "
"ဟင် ဘယ်လိုလည်း နင့်ကိုယ်နင် တစ်ခြားတစ်ယောက်ရဲ့ အိမ်မက်ထဲ ထည့်လိုက်တာလား "
"မဟုတ်ဘူး ငါတို့က... အာ နင်သိမယ်မထင်ဘူး "
"ဘာကို မသိရမှာလည်း "
ကျွန်မမေးတော့ ကောင်မလေးက သူမရဲ့ အညိုရောင်ဖိနပ်ကို ငုံ့ကြည့်နေတယ်
အခုမှ သေချာကြည့်မိတာ အဲ့ကောင်မလေးက ကျောင်းဝတ်စုံဝတ်ထားတာဘဲ
"နင်က အိမ်မက်မက်နေတာ မဟုတ်ဘူး အချိန်ခရီးသွားနေတာ "
ဘယ်လို ဒါဆို ကျွန်မတို့ မယုံကြည်ခဲ့တဲ့ ရူးကြောင်ကြောင်ဆရာဝန် Doctor.Hanရဲ့ စကားက တစ်ကယ်ဖြစ်နေတာလား မှန်နေတာလား
"မဖြစ်နိုင်တာ အချိန်ခရီးသွားတာဆိုရင် ငါသိရမှာပေါ့ "
"ဒါပေါ့ ဥပမာ အိမ်မက်ထဲမှာ နင်တက်တူးထိုးထားတယ်ဆိုရင် အပြင်မှာလည်း Tattooက တကယ်မထိုးထားဘဲရှိနေတာဘဲ "
ရုတ်တရက် ကျွန်မ Hickey ကို သတိရသွားတယ်
"အဲ့လိုမျိုး ဖြစ်ဖူးတယ် "
"Tattoo ထိုးတာလား "
"မဟုတ်ဘူး အဲ့လိုနဲ့ဆင်တူပေါ့ "
ကျွန်မပြောတာကို ကောင်မလေးက ခေါင်းညိတ်ရင်း နားထောင်နေတယ်
ကောင်မလေးပုံစံကြည့်ရတာ ကျွန်မထက် ဆယ့်ငါးနှစ် ငယ်တဲ့ပုံပါဘဲ
"ငါ နင့်ကို တစ်ခုမေးလို့ရလား ဒါကဘယ်လိုဖြစ်လို့ '
ကျွန်မရဲ့စကားမဆုံးခင် ကောင်မလေးက လှေကားအောက်ပြေးဆင်းသွားတယ်
"hey နေပါအုံး "
ကောင်မလေးကို ကျွန်မ ပြေးဖက်လိုက်ပေမယ့် ကောင်မလေးက ရုတ်တရက်ပျောက်သွားပြီး သူမ ကျောင်းဝတ်စုံသာ ကျွန်မရဲ့ လက်ထဲ ကျန်ခဲ့သည်
ကျွန်မ ကျောက်ရုပ်ဖြစ်သွားသလိုဘဲ ကျွန်မရှေ့က နံရံကို ကြည့်ရင်း ....အချိန်ခရီးသွားနိုင်တယ်ဆိုတာ ယုံလာသလိုဘဲ
"Roseanne ဘာဖြစ်တာလည်း "
Lisa ကျွန်မရဲ့ ပခုံးကို လှုပ်ရမ်းကိုင်မှ ကျွန်မ သတိပြန်ဝင်လာတယ်
"ဆယ်ကျော်သက်ကောင်မလေး ငါ့မျက်စိရှေ့မှာ ပျောက်ကွယ်သွားတာကို တွေ့လိုက်ရတယ် Lisa သူခုနက ဒီမှာရှိပြီး ပျောက်သွားတယ် သူ့အဝတ်အစားဘဲ ငါ့လက်ထဲကျန်ခဲ့တယ် "
Lisaလည်း ကျွန်မလက်ထဲက ကျောင်းဝတ်စုံကို ယူကြည့်လိုက်သည်
"သူ ဘယ်သူလည်းဆိုတာသိလား "
"မသိဘူး အခုလိုပြောရမယ်လို့လည်း မတွေးဖူးဘူး ဒါပေမယ့် Doctor.Hanပြောတဲ့ ရူးကြောင်ကြောင်စကားတွေက တကယ်ဖြစ်နေတာဘဲ "
"သူ ဘယ်ကိုသွားမယ်ဆိုတာ ပြောခဲ့လား Uniformကို စစ်ကြည့်ရအောင် "
Lisaပြောပြီး အဝတ်အစားအိတ်ကပ်တွေကို မွှေနှောက်ရှာကြည့်တော့ ချိုချဥ်တစ်ချို့ရယ် ဒေါ်လာတွေနဲ့အတူ cocnert လက်မှတ်ကိုပါတွေ့လိုက်ရသည်
"Baltimoreမှာ ဒီညလုပ်မယ့် club concert လက်မှတ်ဘဲ အဲ့ဒီကို ငါတို့သွားကြည့်ရအောင် "
"concert လက်မှတ်မရှိတော့တာကို သူမသွားလောက်ဘူးထင်တယ် Lisa "
'နင်သာဆိုရင်ရော နင်ကြိုက်တဲ့ club concert လက်မှတ်ပျောက်ရင် ပြန် မဝယ်ဘဲ ဒီတိုင်းထိုင်နေမှာလား "
Lisaနဲ့အတူ ကျွန်မ clubကို ရောက်လာကြတယ်
clubထဲမှာ ဆေးရုံကတွေ့ခဲ့တဲ့ ကောင်မလေးကို လိုက်ရှာပေမယ့် မတွေ့ပေ
"သူ့ကို ရှာမတွေ့ဘူး "
"ငါတို့ သူ့ကိုစောင့်လို့ရပါတယ် "
"ပြီးသွားပြီထင်တယ် သွားပြီ "
"ရော် Roseanneကလည်း အရှုံးပေးတော့မလို့လား "
Lisaက ကျွန်မရဲ့ပခုံးကို ကိုင်ပြီးအားပေးနေစဥ် ဆေးရုံမှာ တွေ့ခဲ့တဲ့ ကောင်မလေးကို တွေ့လိုက်ရသည်
စကပ်တိုတိုလေးဝတ်ပြီး ကနေတဲ့သူ့ဘေးနား အသက်သုံးဆယ်အမျိုးသားတစ်ချို့က ရစ်သီရစ်သီလုပ်နေကြသည်
"hey ရှင်တို့ သူက အထက်တန်းကျောင်းသူဆိုတာ သိရဲ့လား "
ကျွန်မက ပြောတော့ အရက်ခွက်ကိုင်ထားတဲ့ အမျိုးသားတွေက ကျွန်မကို ဝိုင်းကြည့်ကြသည်
"သူက အသက် ဆယ့်ရှစ်နှစ်ပြည့်ပြီးပြီလို့ပြောတယ် "
"အသက်ဆယ့်လေးနှစ်လောက်ဘဲ ရှိတာကို မသိဘူးလား "
"ဒါဆိုလည်း သူ့အစား မိန်းမလှလေး မင်းနဲ့အရက်အတူတူသောက်မယ်လေ "
အမျိုးသားတစ်ယောက်က ကျွန်မရဲ့ လက်ကို လှမ်းဆွဲတော့ Lisaကရောက်လာပြီး ထိုအမျိုးသားရဲ့ လက်ကို လိမ်ချိုးလိုက်သည်
"နင့်လက်ကို ဖယ်စမ်း "
Lisa အပြုအမူကြောင့် ကျွန်မ အံ့သြသွားတယ်
"သူတစ်ယောက်တည်း ထင်လို့ပါ "
"အခု သူ့ဘေးမှာ ငါရှိတယ်ဆိုတာ သိပြီမဟုတ်လား
နင့်ရဲ့ သောက်လက်ကိုဖယ်စမ်း "
Lisaက ပြောပြီး ကျွန်မရဲ့ လက်ကိုဆွဲတော့ ကျွန်မလည်း ကောင်မလေးကိုလှမ်းဆွဲလိုက်သည်
Barက အခန်းတစ်ခန်းယူပြီး ကျွန်မတို့ သုံးယောက်ထိုင်နေကြသည်
"ကူညီပေးလို့မရလို့ တောင်းပန်ပါတယ် "
"လုပ်ပါ နင့်ကို ဘာမှမကူညီခိုင်းပါဘူး အခုဖြစ်နေတာလေးတွေ ရှင်းပြစေချင်လို့ပါ "
ကျွန်မစကားကြောင့် ကောင်မလေးက သက်ပြင်းချလိုက်သည်
"ကောင်းပြီ ငါသိသလောက်ပြောပြမယ် "
"တစ်ခုခုမှာလိုက်လေ ဆာနေမှာပေါ့ "
Lisa စကားကြောင့် ကောင်မလေးမှာ ဟမ်ဘာဂါနဲ့ cokeတစ်ဗူးမှာလိုက်သည်
"နင့်နာမည်က "
"Lily...."
ကောင်မလေးမှာ ခဏတွေဝေပြီးမှ ပြောတော့ သေချာတယ် သူ့နာမည်က အမှန်မဟုတ်ဘူး
"အသက်က "
"16နှစ် "
ကောင်မလေးထပ်ပြီး လိမ်ပြောတာ ကျွန်မ သိတယ် ဒါပေမယ့် အဲ့တာက အရေးမကြီးပါဘူး
"နင် ဘယ်မှာလည်းဆိုတာ နင့်မိဘတွေသိလား "
"တစ်ယောက်က သေသွားပြီး တစ်ယောက်ကတော့သိပေမယ့် မတားနိုင်ဘူးရယ် "
"ဒီတော့ နင်တစ်ယောက်တည်း အချိန်ခရီးသွားနေတာလား "
"အဲ့လိုဘဲဆိုကြပါစို့ "
"နင် ဘယ်လိုလုပ်လည်း "
ကျွန်မက မေးတော့ ကောင်မလေးမှာ ရယ်သည်
"နင်လည်း လုပ်တတ်တာဘဲကို ဘာလို့မေးနေတာလည်း ဒီရက်ပိုင်းတောင် တွေ့လိုက်သေးတယ် "
"အဲ့တာက အချိန်ခရီးသွားတာ မဟုတ်ပါဘူး အိမ်မက်မက်တာပါ "
"ဘယ်နေရာကိုသွားမယ်ဆိုတာ ရွေးရင်း လမ်းမှာ ငါ့ကိုတွေ့ခဲ့တာကို အိမ်မက်လို့ထင်နေတာလား "
"ဟယ် မရွေးရပါဘူးနော် "
"ရွေးပါတယ် နင်မမှတ်မိတာပါ "
"အယ် "
"ငါတို့အားလုံးက သွားလို့ရတဲ့ နေရာမှန်သမျှ သွားလို့ရတယ် ပြီးတော့ မှတ်မိပါတယ် ကြည့်ရတာ နင့်ကိုကျ တစ်ယောက်ယောက်က timeline ပြောင်းလိုက်တာဖြစ်မယ် "
အခြေအနေတွေက အရင်ကထက်ပိုရှုပ်နေပါရောလား Lisaကလည်း စိတ်ရှုပ်လို့ ထင်ပါရဲ့ သက်ပြင်းတွေပါချနေတယ်
"ဘယ်သူက ဘာလို့ Roseanne လမ်းကြောင်းကို ပြောင်းပြီး နှောက်ယှက်ချင်နေတာလည်း "
"မသိဘူးလေ ကြည့်ရတာ Roseanne အနာဂတ်မှာ လုပ်မယ့် တစ်ခုခုကို မလုပ်စေချင်တာနေမယ် "
"ဟင် ငါ့ဟာငါတောင် အခွန်ဆောင်ဖို့ မနည်းကြိုးစားနေရတာကို ဘယ်သူက ဘာလုပ်မှာကြောက်နေတာလည်း "
"အဲ့တာတော့ ငါလည်းမသိဘူးလေ ငါသိတာတစ်ခုက နင်တို့ ဂရုစိုက်နေကြပါ တစ်ချို့က Roseanneကို သတ်ဖို့ကြိုးစားနေကြတယ် "
Lily စကားကြောင့် ကျွန်မတို့ လန့်သွားတယ်
"ဘယ်သူတွေလည်း "
"ထပ်ပြောပြခွင့်မရလို့ တောင်းပန်ပါတယ် မနက်ဖြန်တော့ ပြန်လာအုံးမှာမို့လို့ တွေ့ချင်ရင်စောင့်နေပေါ့ "
Lily ပြောပြီး အရှေ့ကနေ ပျောက်သွားတော့ ပထမဆုံးမြင်တွေ့လိုက်ရတဲ့ Lisaမှာ အရမ်းအံ့သြနေသည်
ကျွန်မကတော့ ကျွန်မကို ဘယ်သူတွေက ဘာကြောင့် သတ်ချင်နေရတာလည်းဆိုတာ....သိချင်နေသည်
#tbc
#zawgyi
Roseanne's Pov
ေမာ္ဒယ္ဆန္တဲ့ အိမ္ကေလးက လွေပမယ့္ ေယဘုယ်ေတာ့ ဆန္သည္
Jackကေတာ့ ၿခံဝန္းအက်ယ္ႀကီးပါတာကိုပါၾကည့္ၿပီး အိမ္ကိုသေဘာေနတယ္
"ကေလးေတြအတြက္ ဒီၿခံဝန္းအက်ယ္ႀကီးက အသင့္ေတာ္ဆုံးဘဲ "
Jackကသေဘာက် ေပ်ာ္ေနေပမယ့္ ကြၽန္မစိတ္ထဲမွာေတာ့ သိပ္ၿပီး စိတ္တိုင္းမက်ေပ
Lisa ေျပာတဲ့ စကားကိုဘဲ ခဏခဏေတြးေနမိတယ္
ဘြဲ႕ထက္ အိမ္ကိုလိုခ်င္တာလား
လိုခ်င္လား မလိုခ်င္လားဆိုတာ ကြၽန္မ အခုထိ ေဝခြဲမရေသးေပ
ပြဲစား agent ကေတာ့ ကြၽန္မတို႔ကို အိမ္တစ္အိမ္လုံး ေသခ်ာလိုက္ျပေပးၿပီးေနာက္ သူ႕႐ုံးခန္းထဲ ေစ်းေဆြးႏြေးဖို႔ ေခၚေလသည္
"အာ ကြၽန္မတို႔ႏွစ္ေယာက္ကို အခ်ိန္ခဏေပးပါ "
ကြၽန္မစကားေၾကာင့္ Agentက ေခါင္းညိတ္ၿပီး ခဏေရွာင္ ထြက္သြားေပမယ့္ Jackကေတာ့ စိတ္မရွည္တဲ့ အၾကည့္နဲ႕ ကြၽန္မကို ၾကည့္ေနတယ္
"ကြၽန္မတို႔ ေဆြးႏြေးဖို႔လိုတယ္ထင္လို႔ "
"ဘာကို ေဆြးႏြေးမွာလည္း ခုေတာင္ depositeတင္မလို႔ကို "
Jack စကားေၾကာင့္ ကြၽန္မ စိတ္တိုလာတယ္
အိမ္ကိစၥ ကြၽန္မ စိတ္မဝင္စားပါဘူးလို႔ ေျပာထားဖူးတာကို ကြၽန္မရဲ႕ စကားနားမေထာင္ဘဲ သူျဖစ္ခ်င္တာ သူလုပ္ခ်င္တာကို မၾကာခင္ သူက ကြၽန္မ ခင္ပြန္းျဖစ္ေတာ့မယ္ဆိုတဲ့ စကားနဲ႕အၿမဲ ရေအာင္လုပ္တယ္
"Georgetownကို ျပန္သြားဖို႔ စဥ္းစားေနတာ "
"ေက်ာင္းသူအျဖစ္လား "
"ဟုတ္တယ္...ဘြဲ႕ရေအာင္ ေက်ာင္းၿပီးေအာင္တက္ဖို႔ "
"Roseanne ....Jesus မင္း တကယ္ေျပာေနတာလား....မင္း ေက်ာင္းတက္လို႔ မရဘူးေလ ပိုက္ဆံဘယ္ေလာက္ကုန္မယ္ဆိုတာ တကယ္မသိတာလား"
"သိတာေပါ့ ေဖေဖ ကြၽန္မအတြက္ ခ်န္ထားေပးတဲ့ ပိုက္ဆံေတြရွိတာဘဲ ေဖေဖကလည္း အခုလိုလုပ္ေစခ်င္မွာဘဲ "
"မင္း ကိုယ့္ကို စေနတာလား ဟမ္ မင္းအေဖသာ ၾကားရင္ အုတ္ဂူကေန ထြက္လာေတာ့မွာဘဲ "
"ကြၽန္မထက္ ကြၽန္မရဲ႕ အေဖအေၾကာင္းကို ရွင္က ပိုသိေနတာလား "
"ဘာေတြျဖစ္ေနလည္း မသိေတာ့ဘူး ဒါေပမယ့္ လြန္ခဲ့တဲ့ ႏွစ္ကတည္းက အိမ္ဝယ္မယ့္အေၾကာင္း ေျပာလာခဲ့တာေလ အခု အိမ္လည္းဝယ္နိုင္ေတာ့မယ့္ အခ်ိန္က် မင္းက ေက်ာင္းတက္ခ်င္တယ္တဲ့လား ဘယ္လို
ျဖစ္တာလည္း Brain tumor ေၾကာင့္လား "
Jack စကားေၾကာင့္ ကြၽန္မရဲ႕ ေသြးေတြ ပြက္ပြက္ဆူလာတယ္ ကြၽန္မရဲ႕ ေရာဂါကို သူက အျပစ္တင္ေနတာလား
Jackနဲ႕ ကြၽန္မစကားမ်ားၿပီးေနာက္ Jackကလည္း ျပန္သြားတယ္
ကြၽန္မလည္း အိမ္မွာဘဲ ဆက္ေနၿပီး အိပ္ပစ္လိုက္တယ္
ေနာက္တစ္ရက္ေတာ့ ေဆး႐ုံရက္ခ်ိန္းရွိလို႔ ကြၽန္မ ေဆး႐ုံကိုသြားလိုက္သည္
"Jack မပါဘူးေပါ့ Roseanne "
"အင္း ဒီမနက္ဘဲ အလုပ္ကိစၥရွိလို႔ ဆိုၿပီး ၿမိဳ႕ကေန ထြက္သြားတယ္ "
ေဆးစစ္ခ်က္လုပ္ၿပီး Lisa႐ုံးခန္းကိုသြားစဥ္ အေရးေပၚေလွကားတံခါးနား ရပ္ေနတဲ့ ဆယ္ေက်ာ္သက္အ႐ြယ္ ကေလးမေလးကို ေတြ႕လိုက္ရသည္
Lisaက လူနာ တစ္ေယာက္ဝင္ၾကည့္ရမွာမို႔ ကြၽန္မကို သူ႕႐ုံးခန္းထဲ အရင္သြားခိုင္းေနတယ္ေလ
အဲ့ေကာင္မေလးနဲ႕ ကြၽန္မ အၾကည့္ခ်င္းဆုံေတာ့ အဲ့ေကာင္မေလးကလည္း ကြၽန္မကိုဘဲ စိုက္ၾကည့္ေနတယ္
ေကာင္မေလးကို စိုက္ၾကည့္ရင္း ႐ုတ္တရက္ တစ္ခုခုကို ကြၽန္မ မွတ္မိသြားတယ္ သူက ကြၽန္မ အိမ္မက္ထဲ ပါခဲ့ဖူးတဲ့ ေကာင္မေလးဘဲ
"ငါ ငါနင့္ကိုေတြ႕ဖူးတယ္ ငါ့အိမ္မက္ထဲမွာ ေတြ႕ဖူးတယ္ "
ကြၽန္မရဲ႕ ေျပာစကားကို ေကာင္မေလးလည္း နားလည္ဟန္တူသည္.... ဒါဆို အိမ္မက္အေၾကာင္းလည္း သူသိတာေပါ့
"အင္း ဒါဆို တစ္ခါတစ္ေလျဖစ္တတ္တယ္ "
"ဟင္ ဘယ္လိုလည္း နင့္ကိုယ္နင္ တစ္ျခားတစ္ေယာက္ရဲ႕ အိမ္မက္ထဲ ထည့္လိုက္တာလား "
"မဟုတ္ဘူး ငါတို႔က... အာ နင္သိမယ္မထင္ဘူး "
"ဘာကို မသိရမွာလည္း "
ကြၽန္မေမးေတာ့ ေကာင္မေလးက သူမရဲ႕ အညိုေရာင္ဖိနပ္ကို ငုံ႕ၾကည့္ေနတယ္
အခုမွ ေသခ်ာၾကည့္မိတာ အဲ့ေကာင္မေလးက ေက်ာင္းဝတ္စုံဝတ္ထားတာဘဲ
"နင္က အိမ္မက္မက္ေနတာ မဟုတ္ဘူး အခ်ိန္ခရီးသြားေနတာ "
ဘယ္လို ဒါဆို ကြၽန္မတို႔ မယုံၾကည္ခဲ့တဲ့ ႐ူးေၾကာင္ေၾကာင္ဆရာဝန္ Doctor.Hanရဲ႕ စကားက တစ္ကယ္ျဖစ္ေနတာလား မွန္ေနတာလား
"မျဖစ္နိုင္တာ အခ်ိန္ခရီးသြားတာဆိုရင္ ငါသိရမွာေပါ့ "
"ဒါေပါ့ ဥပမာ အိမ္မက္ထဲမွာ နင္တက္တူးထိုးထားတယ္ဆိုရင္ အျပင္မွာလည္း Tattooက တကယ္မထိုးထားဘဲရွိေနတာဘဲ "
႐ုတ္တရက္ ကြၽန္မ Hickey ကို သတိရသြားတယ္
"အဲ့လိုမ်ိဳး ျဖစ္ဖူးတယ္ "
"Tattoo ထိုးတာလား "
"မဟုတ္ဘူး အဲ့လိုနဲ႕ဆင္တူေပါ့ "
ကြၽန္မေျပာတာကို ေကာင္မေလးက ေခါင္းညိတ္ရင္း နားေထာင္ေနတယ္
ေကာင္မေလးပုံစံၾကည့္ရတာ ကြၽန္မထက္ ဆယ့္ငါးႏွစ္ ငယ္တဲ့ပုံပါဘဲ
"ငါ နင့္ကို တစ္ခုေမးလို႔ရလား ဒါကဘယ္လိုျဖစ္လို႔ '
ကြၽန္မရဲ႕စကားမဆုံးခင္ ေကာင္မေလးက ေလွကားေအာက္ေျပးဆင္းသြားတယ္
"hey ေနပါအုံး "
ေကာင္မေလးကို ကြၽန္မ ေျပးဖက္လိုက္ေပမယ့္ ေကာင္မေလးက ႐ုတ္တရက္ေပ်ာက္သြားၿပီး သူမ ေက်ာင္းဝတ္စုံသာ ကြၽန္မရဲ႕ လက္ထဲ က်န္ခဲ့သည္
ကြၽန္မ ေက်ာက္႐ုပ္ျဖစ္သြားသလိုဘဲ ကြၽန္မေရွ႕က နံရံကို ၾကည့္ရင္း ....အခ်ိန္ခရီးသြားနိုင္တယ္ဆိုတာ ယုံလာသလိုဘဲ
"Roseanne ဘာျဖစ္တာလည္း "
Lisa ကြၽန္မရဲ႕ ပခုံးကို လႈပ္ရမ္းကိုင္မွ ကြၽန္မ သတိျပန္ဝင္လာတယ္
"ဆယ္ေက်ာ္သက္ေကာင္မေလး ငါ့မ်က္စိေရွ႕မွာ ေပ်ာက္ကြယ္သြားတာကို ေတြ႕လိုက္ရတယ္ Lisa သူခုနက ဒီမွာရွိၿပီး ေပ်ာက္သြားတယ္ သူ႕အဝတ္အစားဘဲ ငါ့လက္ထဲက်န္ခဲ့တယ္ "
Lisaလည္း ကြၽန္မလက္ထဲက ေက်ာင္းဝတ္စုံကို ယူၾကည့္လိုက္သည္
"သူ ဘယ္သူလည္းဆိုတာသိလား "
"မသိဘူး အခုလိုေျပာရမယ္လို႔လည္း မေတြးဖူးဘူး ဒါေပမယ့္ Doctor.Hanေျပာတဲ့ ႐ူးေၾကာင္ေၾကာင္စကားေတြက တကယ္ျဖစ္ေနတာဘဲ "
"သူ ဘယ္ကိုသြားမယ္ဆိုတာ ေျပာခဲ့လား Uniformကို စစ္ၾကည့္ရေအာင္ "
Lisaေျပာၿပီး အဝတ္အစားအိတ္ကပ္ေတြကို ေမႊႏွောက္ရွာၾကည့္ေတာ့ ခ်ိဳခ်ဥ္တစ္ခ်ိဳ႕ရယ္ ေဒၚလာေတြနဲ႕အတူ cocnert လက္မွတ္ကိုပါေတြ႕လိုက္ရသည္
"Baltimoreမွာ ဒီညလုပ္မယ့္ club concert လက္မွတ္ဘဲ အဲ့ဒီကို ငါတို႔သြားၾကည့္ရေအာင္ "
"concert လက္မွတ္မရွိေတာ့တာကို သူမသြားေလာက္ဘူးထင္တယ္ Lisa "
'နင္သာဆိုရင္ေရာ နင္ႀကိဳက္တဲ့ club concert လက္မွတ္ေပ်ာက္ရင္ ျပန္ မဝယ္ဘဲ ဒီတိုင္းထိုင္ေနမွာလား "
Lisaနဲ႕အတူ ကြၽန္မ clubကို ေရာက္လာၾကတယ္
clubထဲမွာ ေဆး႐ုံကေတြ႕ခဲ့တဲ့ ေကာင္မေလးကို လိုက္ရွာေပမယ့္ မေတြ႕ေပ
"သူ႕ကို ရွာမေတြ႕ဘူး "
"ငါတို႔ သူ႕ကိုေစာင့္လို႔ရပါတယ္ "
"ၿပီးသြားၿပီထင္တယ္ သြားၿပီ "
"ေရာ္ Roseanneကလည္း အရႈံးေပးေတာ့မလို႔လား "
Lisaက ကြၽန္မရဲ႕ပခုံးကို ကိုင္ၿပီးအားေပးေနစဥ္ ေဆး႐ုံမွာ ေတြ႕ခဲ့တဲ့ ေကာင္မေလးကို ေတြ႕လိုက္ရသည္
စကပ္တိုတိုေလးဝတ္ၿပီး ကေနတဲ့သူ႕ေဘးနား အသက္သုံးဆယ္အမ်ိဳးသားတစ္ခ်ိဳ႕က ရစ္သီရစ္သီလုပ္ေနၾကသည္
"hey ရွင္တို႔ သူက အထက္တန္းေက်ာင္းသူဆိုတာ သိရဲ႕လား "
ကြၽန္မက ေျပာေတာ့ အရက္ခြက္ကိုင္ထားတဲ့ အမ်ိဳးသားေတြက ကြၽန္မကို ဝိုင္းၾကည့္ၾကသည္
"သူက အသက္ ဆယ့္ရွစ္ႏွစ္ျပည့္ၿပီးၿပီလို႔ေျပာတယ္ "
"အသက္ဆယ့္ေလးႏွစ္ေလာက္ဘဲ ရွိတာကို မသိဘူးလား "
"ဒါဆိုလည္း သူ႕အစား မိန္းမလွေလး မင္းနဲ႕အရက္အတူတူေသာက္မယ္ေလ "
အမ်ိဳးသားတစ္ေယာက္က ကြၽန္မရဲ႕ လက္ကို လွမ္းဆြဲေတာ့ Lisaကေရာက္လာၿပီး ထိုအမ်ိဳးသားရဲ႕ လက္ကို လိမ္ခ်ိဳးလိုက္သည္
"နင့္လက္ကို ဖယ္စမ္း "
Lisa အျပဳအမူေၾကာင့္ ကြၽန္မ အံ့ၾသသြားတယ္
"သူတစ္ေယာက္တည္း ထင္လို႔ပါ "
"အခု သူ႕ေဘးမွာ ငါရွိတယ္ဆိုတာ သိၿပီမဟုတ္လား
နင့္ရဲ႕ ေသာက္လက္ကိုဖယ္စမ္း "
Lisaက ေျပာၿပီး ကြၽန္မရဲ႕ လက္ကိုဆြဲေတာ့ ကြၽန္မလည္း ေကာင္မေလးကိုလွမ္းဆြဲလိုက္သည္
Barက အခန္းတစ္ခန္းယူၿပီး ကြၽန္မတို႔ သုံးေယာက္ထိုင္ေနၾကသည္
"ကူညီေပးလို႔မရလို႔ ေတာင္းပန္ပါတယ္ "
"လုပ္ပါ နင့္ကို ဘာမွမကူညီခိုင္းပါဘူး အခုျဖစ္ေနတာေလးေတြ ရွင္းျပေစခ်င္လို႔ပါ "
ကြၽန္မစကားေၾကာင့္ ေကာင္မေလးက သက္ျပင္းခ်လိဳက္သည္
"ေကာင္းၿပီ ငါသိသေလာက္ေျပာျပမယ္ "
"တစ္ခုခုမွာလိုက္ေလ ဆာေနမွာေပါ့ "
Lisa စကားေၾကာင့္ ေကာင္မေလးမွာ ဟမ္ဘာဂါနဲ႕ cokeတစ္ဗူးမွာလိုက္သည္
"နင့္နာမည္က "
"Lily...."
ေကာင္မေလးမွာ ခဏေတြေဝၿပီးမွ ေျပာေတာ့ ေသခ်ာတယ္ သူ႕နာမည္က အမွန္မဟုတ္ဘူး
"အသက္က "
"16ႏွစ္ "
ေကာင္မေလးထပ္ၿပီး လိမ္ေျပာတာ ကြၽန္မ သိတယ္ ဒါေပမယ့္ အဲ့တာက အေရးမႀကီးပါဘူး
"နင္ ဘယ္မွာလည္းဆိုတာ နင့္မိဘေတြသိလား "
"တစ္ေယာက္က ေသသြားၿပီး တစ္ေယာက္ကေတာ့သိေပမယ့္ မတားနိုင္ဘူးရယ္ "
"ဒီေတာ့ နင္တစ္ေယာက္တည္း အခ်ိန္ခရီးသြားေနတာလား "
"အဲ့လိုဘဲဆိုၾကပါစို႔ "
"နင္ ဘယ္လိုလုပ္လည္း "
ကြၽန္မက ေမးေတာ့ ေကာင္မေလးမွာ ရယ္သည္
"နင္လည္း လုပ္တတ္တာဘဲကို ဘာလို႔ေမးေနတာလည္း ဒီရက္ပိုင္းေတာင္ ေတြ႕လိုက္ေသးတယ္ "
"အဲ့တာက အခ်ိန္ခရီးသြားတာ မဟုတ္ပါဘူး အိမ္မက္မက္တာပါ "
"ဘယ္ေနရာကိုသြားမယ္ဆိုတာ ေ႐ြးရင္း လမ္းမွာ ငါ့ကိုေတြ႕ခဲ့တာကို အိမ္မက္လို႔ထင္ေနတာလား "
"ဟယ္ မေ႐ြးရပါဘူးေနာ္ "
"ေ႐ြးပါတယ္ နင္မမွတ္မိတာပါ "
"အယ္ "
"ငါတို႔အားလုံးက သြားလို႔ရတဲ့ ေနရာမွန္သမွ် သြားလို႔ရတယ္ ၿပီးေတာ့ မွတ္မိပါတယ္ ၾကည့္ရတာ နင့္ကိုက် တစ္ေယာက္ေယာက္က timeline ေျပာင္းလိုက္တာျဖစ္မယ္ "
အေျခအေနေတြက အရင္ကထက္ပိုရႈပ္ေနပါေရာလား Lisaကလည္း စိတ္ရႈပ္လို႔ ထင္ပါရဲ႕ သက္ျပင္းေတြပါခ်ေနတယ္
"ဘယ္သူက ဘာလို႔ Roseanne လမ္းေၾကာင္းကို ေျပာင္းၿပီး ႏွောက္ယွက္ခ်င္ေနတာလည္း "
"မသိဘူးေလ ၾကည့္ရတာ Roseanne အနာဂတ္မွာ လုပ္မယ့္ တစ္ခုခုကို မလုပ္ေစခ်င္တာေနမယ္ "
"ဟင္ ငါ့ဟာငါေတာင္ အခြန္ေဆာင္ဖို႔ မနည္းႀကိဳးစားေနရတာကို ဘယ္သူက ဘာလုပ္မွာေၾကာက္ေနတာလည္း "
"အဲ့တာေတာ့ ငါလည္းမသိဘူးေလ ငါသိတာတစ္ခုက နင္တို႔ ဂ႐ုစိုက္ေနၾကမွာ တစ္ခ်ိဳ႕က Roseanneကို သတ္ဖို႔ႀကိဳးစားေနၾကတယ္ "
Lily စကားေၾကာင့္ ကြၽန္မတို႔ လန့္သြားတယ္
"ဘယ္သူေတြလည္း "
"ထပ္ေျပာျပခြင့္မရလို႔ ေတာင္းပန္ပါတယ္ မနက္ျဖန္ေတာ့ ျပန္လာအုံးမွာမို႔လို႔ ေတြ႕ခ်င္ရင္ေစာင့္ေနေပါ့ "
Lily ေျပာၿပီး အေရွ႕ကေန ေပ်ာက္သြားေတာ့ ပထမဆုံးျမင္ေတြ႕လိုက္ရတဲ့ Lisaမွာ အရမ္းအံ့ၾသေနသည္
ကြၽန္မကေတာ့ ကြၽန္မကို ဘယ္သူေတြက ဘာေၾကာင့္ သတ္ခ်င္ေနရတာလည္းဆိုတာ....သိခ်င္ေနသည္
#tbc
Bạn đang đọc truyện trên: Truyen3h.Co